← Chapters

အပြစ်တင်ခံလိုက်ရပြန်တဲ့ လန်ကျားအထွတ်အမြတ်မြေ

Vol. 32 Ch. 333

အပြစ်တင်ခံလိုက်ရပြန်တဲ့ လန်ကျားအထွတ်အမြတ်မြေ

Vol. 32 Ch. 333

သေနတ်ရပြီးနောက် ချီကျန်း လန်ကျားအထွတ်အမြတ်မြေဆီ တိုက်ရိုက်ပြန်လာခဲ့ပြီး လမ်းတစ်လျှောက်လုံးတွင်လည်း ကြောက်လန့်နေခဲ့၏။

သူ့ကိုတစ်ယောက်ယောက်မြင်သွားသောကြောင့် အဇူရာတိမ်ဂိုဏ်းက သူ့ကိုလိုက်ဖမ်းဖို့ ပညာရှင်တစ်ယောက်ယောက်လွှတ်လိုက်မှာကို သူကြောက်ရွံ့နေခဲ့မိသည်။

ကံကောင်းစွာဖြင့် သူလန်ကျားအထွတ်အမြတ်မြေသို့့ အောင်မြင်စွာ ရောက်ရှိသွားခဲ့၏။ ထိုနေရာရောက်မှသာ သူစိတ်အေးသွားခဲ့သည်။ ဤနေရာက သူ့မွေးရပ်မြေ မဟုတ်ပါလော။

သူလန်ကျားအထွတ်အမြတ်မြေဆီရောက်သည်နှင့် ပင်မခန်းမဆီ ချက်ချင်းပြန်သွားခဲ့၏။ ခန်းမထဲတွင် ထိပ်တန်းအကြီးအကဲများအားလုံး ထူးဆန်းသော အမူအရာဖြင့် သူ့လက်ထဲက သေနတ်ကို ကြည့်ရှုနေခဲ့သည်။

အချို့ကတော့ စိတ်လှုပ်ရှားနေခဲ့ကြ၏။ နောက်ဆုံးတော့ အဇူရာတိမ်ဂိုဏ်း၏ လျှို့ဝှက်လက်နက် သူတို့ဆီ ရောက်ရှိလာခဲ့ချေပြီ။

သူတို့သာ သေနတ်များကို အမြောက်အများထုတ်လုပ်ပြီး သူတို့ တပည့်များတွင် တပ်ဆင်ပေးလိုက်လျှင် အဇူရာတိမ်ဂိုဏ်း တုန်လှုပ်သွားပေလိမ့်မည်။

သို့သော် သူတော်စင်သခင်သံသယတော့ ရှိနေသေးသည်။

ဤသေနတ်က တကယ့် အစစ်ပေလော။ ကျန်းယန်က ထိုမျှအရေးကြီးသော အရာကို တကယ်ကြီး အမြင်လျှမ်း၍ ဆုံးရှုံးလိုက်ရခြင်းပေလော။

သေချာတွေးပြီးနောက် ကျန်းယန် ထိုအရာကို မသိလိုက်ဘူးဟုသာ သူကောက်ချက်ချလိုက်မိသည်။ နောက်ဆုံးတွင် ထိုအရာက သူတို့အဇူရာတိမ်ဂိုဏ်းထဲ ထည့်ထားသော သူလျှို၏စွမ်းဆောင်ချက်ပင် မဟုတ်ပါလော။

အထူးသဖြင့် လုံး၀နီးနီးသုံးမရတော့လောက်အောင် ပျက်ဆီးနေသော သေနတ်ကိုမြင်လိုက်ရသောအခါ သူတော်စင်သခင် သံသယဆက်မရှိတော့ပေ။

“အမြန်လုပ် ငါတို့လက်နက်သန့်စင်သူတွေကို အမြန်လေ့လာခိုင်းပြီး ဒါမျိုးသေနတ်တွေ အများကြီး ထုတ်လုပ်ခိုင်းလိုက်” သူအမိန့်ပေးလိုက်၏။

“ပြီးတော့ တပည့် ၅သောင်းထပ်ခန့်လိုက် အားလုံးပေါင်း ၁သိန်းပြည့်အောင် ခန့်”

လန်ကျားအထွတ်အမြတ်မြေတွင် လူတစ်သိန်းပါသော စစ်တပ်ကြီး ရှိလာပေတော့မည်။

ဤသို့ဖြင့် ဂိုဏ်းတစ်ခုလုံးက ဘာစွမ်းအားမှမရှိလုနီးနီးဖြစ်သော သေနတ်များကို အရင်းအမြစ်များစွာသုံးပြီး ထုတ်လုပ်လေတော့သည်။

ထိုစဉ် လေ့ကျင့်ပေးသူများကလည်း လူတစ်သိန်းကို ဂိုဏ်းထဲစုပြုံခေါ်သွင်းလာကာ အပြင်းအထန် လေ့ကျင့်ပေးနေခဲ့၏။

တစ်ချိန်က သာယာအေးချမ်းခဲ့သော လန်ကျားအထွတ်အမြတ်မြေက သေနတ်ဂယက်ကြောင့် ဖရိုဖရဲဖြစ်သွားခဲ့လေသည်။

လူတိုင်းက စိတ်လှုပ်ရှားနေပြီး သူတို့တွင် စွမ်းအားကြီးစစ်တပ်တစ်ခု ရှိလာတော့မည်ဟု ယုံကြည်နေခဲ့ကြ၏။

တစ်ချိန်တည်းမှာပင် အဇူရာတိမ်ဂိုဏ်း၏ အားလပ်ရက်က ကုန်ဆုံးသွားခဲ့သည်။ သောင်းချီသော တပည့်များက လေ့ကျင့်ရေးကွင်းဆီ ပြန်လည်၀င်ရောက်လာခဲ့ကြ၏။

ကျန်းယန်၏ အစီအစဉ်အတိုင်းပင် သူတို့သည် လေ့ကျင့်ရေးကွင်းထဲတွင် အပြင်းအထန်လေ့ကျင့်နေပြီး အဇူရာတိမ်ဂိုဏ်း အဓွန့်ရှည်ကြာတည်ပါစေ ဟုအားမာန်တက်ကြွစွာ အော်ဟစ်နေခဲ့ကြသည်။

သေနတ်ကိုင်ဂိုဏ်းသား ၂၀၀၀၀ကလည်း ၀င်္ကပါများဖွဲ့ကာ သူတို့စွမ်းဆောင်ရည်များကို ပြသနေခဲ့၏။

ကွင်းပြင်အပြင်ဘက်ရှိ တောင်များပေါ်တွင် မိစ္ဆာသုံးကောင်လေ့ကျင့်ရေးကွင်းကို ကြည့်ရှုနေခဲ့သည်။

“သူတို့ စစ်ရေး၀င်္ကပါက မင်းသင်ပေးထားတာတဲ့ မတူသလိုပဲနော်” ဂူဟွမ် ဂူဒူအာကိုပြောလိုက်၏။

ဂူဒူအာ သက်ပြင်းချလိုက်သည်။

“သူက ငါသင်ပေးထားတဲ့ သေနင်္ဂဗျူဟာကို နားလည်မှုလွဲသွားမယ်လို့ ဘယ်ထင်ခဲ့မိမှာလဲ”

သူကျန်းယန်ကို စစ်ရေးဗျူဟာမျိုးစုံ သင်ပေးခဲ့သော်လည်း ရလဒ်က သူမျှော်လင့်ထားသလောက် ဖြစ်မလာခဲ့ပေ။

အဇူရာတိမ်ဂိုဏ်း၏တပ်လှုပ်ရှားမှုကြီးက အခြားသူများကို အလွယ်တကူ သတိထားမိသွားစေနိုင်ခဲ့သည်။

သူတို့အော်ဟစ်သံများက မိုင်ပေါင်းများစွာအထိ ပျံ့လွင့်နေခဲ့၏။

အချို့ စိတ်၀င်စားသူများဆို အနီးနားသို့ပင် တိတ်တဆိတ်ရောက်ရှိလာတတ်ကြသည်။

ထို့နောက်တွင်တော့ ထိုသူများ ပျောက်ကွယ်သွားကြရ၏။

ဂိုဏ်းသားများစွာ လေ့ကျင့်ရေးကွင်းနားတွင် ပျောက်သွားရသောကြောင့် နောက်ပိုင်းတွင် ဘယ်ဂိုဏ်းကမှ အနားမသွားရဲကြတော့ပေ။

စစ်ရေးပြပွဲကျင်းပရန် ရက် ၂၀သာလိုချိန်တွင် အဇူရာတိမ်မြို့ထဲ၌ ဧည့်သည်များနှင့် ပြည့်နှက်နေခဲ့ချေပြီ။

လေးစားမှုကို ပြသသည့်အနေဖြင့် အဇူရာတိမ်ဂိုဏ်းက ပြပွဲကို တက်ရောက်ရန် စာရင်းလာရောက်ပေးသွင်းသူများကို ပိုင်ယွင်ကျိ ကိုယ်တိုင်ထွက်၍ ဧည့်ခံတာ၀န်ယူစေခဲ့၏။

စာရင်းထဲတွင် ၀မ်လင်းဂိုဏ်း ရှို့ယိဘုရားကျောင်းနှင့် ပင်လယ်ကောင်းကင်မျှော်စင်တို့မှ လူများကို မြင်သောအခါ သူတို့စိတ်‌သက်သာရာရသွားခဲ့ကြသည်။ ထို့နောက်တွင်တော့ အခြားဂိုဏ်းကြီးများမှ လူများလည်း စာရင်းထဲတွင် ပါ၀င်လာခဲ့ကြ၏။

စာရင်းသွင်းပြီးနောက် ကွေ့ယွမ်ဘုရားကျောင်းမှ ကျင်းရှန် စိတ်၀င်တစား မေးလိုက်လေသည်။

“လန်ကျားအထွတ်အမြတ်မြေ မရောက်သေးဘူးလား”

ပိုင်ယွင်ကျိ ပြုံးလိုက်ကာ

“သူတို့ မရောက်သေးပါဘူး ဒါပေမယ့် သူတို့လာဖို့လည်း မလိုပါဘူး”

သူမလေသံက အတော်လေး သဘာ၀ကျကာ စစ်မှန်နေခဲ့သည်။

ကျင်းရှန် မျက်မှောင်ကြုံ့လိုက်ကာ စိတ်ရှုပ်ထွေးသွားခဲ့၏။ ထို့နောက် သူနားလည်သွားခဲ့လေသည်။ လန်ကျားအထွတ်အမြတ်မြေသည် အဇူရာတိမ်ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ထားသောကြောင့် စစ်ရေးပြပွဲကို လာကြည့်ဖို့ မလိုတော့သည့် ပုံပင်။

သူအသက်ပြင်းပြင်းတစ်ချက်ရှူကာ ထွက်ခွာသွားခဲ့၏။

လူပေါင်းများစွာလည်း သူ့လိုပင် သံသယဖြစ်နေခဲ့ကြသည်။ အဘယ်ကြောင့် လူတိုင်းရောက်နေချိန်တွင် လန်ကျားအထွတ်အမြတ်မြေက ရောက်မလာရပါသနည်း။

အချို့က အမျိုးမျိုးတွေးနေသော်လည်း ဂိုဏ်းကြီးများကတော့ လန်ကျားအထွတ်အမြတ်မြေနှင့်အဇူရာတိမ်ဂိုဏ်း မဟာမိတ်ဖွဲ့ထားသည်ဟုသာ တစ်ထစ်ချ ယုံကြည်နေခဲ့ကြ၏။

လူတိုင်းကတော့ အခြေအနေကို စောင့်ကြည့်နေကြဆဲသာ။

နောက်‌ဆုံးရက်အထိ လန်ကျားအထွတ်အမြတ်မြေ ပေါ်မလာခဲ့ပေ။

“သူတို့တကယ်ကြီး မလာတော့တာဘဲ” ကျင်းရှန် ပြောလိုက်သည်။

ကျန်းတောက် လန်ကျားအထွတ်အမြတ်မြေဘက်သို့ကြည့်ကာ အေးစက်စက်ပြောလိုက်၏။

“သူတို့က လျော်ကြေးအနည်းဆုံးပဲပေးထားရတာ အဲ့တာကြောင့် အဇူရာတိမ်ဂိုဏ်းကို ကျေးဇူးတင်နေနိုင်တယ် ငါတို့သူတို့ကိုသတိထားဆက်ဆံရမယ်”

“လန်ကျားအထွတ်အမြတ်မြေနဲ့ ဘာလျှို့ဝှက်ချက်မှ မျှဝေလို့ မဖြစ်ဘူး”

“သူတို့နဲ့ ဘာအဖိုးတန် ပစ္စည်း ဆေးရွက်မှ ကုန်မသွယ်နဲ့”

ထိုစဉ် လန်ကျားအထွတ်အမြတ်မြေကတော့ သေနတ်ကိုသာ သုတေသနလုပ်နေကြပြီး သူတို့အကြဉ်ခံလိုက်ရခြင်းကို မသိခဲ့ကြပေ။

ထိုအခိုက်တွင် အခြားဂိုဏ်းကြီးများက လန်ကျားအထွတ်အမြတ်မြေကို မုန်းပင် မုန်းလာခဲ့ကြသည်။

သူတို့မျက်လုံးထဲတွင် လန်ကျားအထွတ်အမြတ်မြေက သစ္စာဖောက်တစ်ယောက်ပင် ဖြစ်လာခဲ့၏။

ကလန်……

အဇူရာတိမ်မြို့ထဲတွင် အသံကျယ်ကြီးတစ်သံထွက်ပေါ်လာခဲ့လေသည်။

ထို့အသံနောက်မှ လင်းယွင်ကျိအသံ လိုက်လာခဲ့၏။

“လေ့လာသူများအားလုံး အဇူရာတိမ်ဧည့်ဂေဟာမှာ စုဝေးပေးကြပါ အားလုံးကို ပွဲကြည့်စင်ဆီ ခေါ်သွားပေးပါ့မယ် ကျေးဇူးပြုပြီး လေ့ကျင့်ရေးကွင်းထဲကို မ၀င်ကြပါနဲ့ နတ်အာရုံနဲ့လည်း မကြည့်ကြပါနဲ့ လေ့ကျင့်ရေးကွင်းကို မိစ္ဆာပညာရှင် ၅ယောက်က စောင့်ရှောက်နေတာကြောင့် အထင်လွဲစရာတွေ ဖြစ်သွားမှာ စိုးလို့ပါ”

လူတိုင်း တုန်လှုပ်သွားခဲ့ကြသည်။

မိစ္ဆာများသည် လေ့ကျင့်ရေးကွင်းကို စောင့်ရှောက်နေခဲ့ကြခြင်းဆိုသည်မှာ အဇူရာတိမ်ဂိုဏ်းက စွမ်းအားကုန်ထုတ်ထားခြင်းဟု ဆိုလိုနေခြင်း မဟုတ်ပါလော။

All Chapters