← Chapters

ပွဲကြည့်စင်တွင် ချွေးအေးများရွှဲသွားစေခဲ့သော နေ့

Vol. 32 Ch. 336

ပွဲကြည့်စင်တွင် ချွေးအေးများရွှဲသွားစေခဲ့သော နေ့

Vol. 32 Ch. 336

ပွဲကြည့်စင်ပေါ်ရှိ လူတိုင်း နှစ်ခုခွဲထားသော မျက်နှာပြင်ကို စောင့်ကြည့်နေခဲ့ကြသည်။

ပစ်မှတ်၁၏ ၂မိုင်ပတ်လည်အတွင်း လီအာကို ဘယ်နေရာမှာမှ မမြင်ရပေ။

ကျန်းယန်စကားအရ လီအာသည် နှစ်မိုင်အပြင်ဘက်ရှိ တစ်နေရာတွင် ရှိနေခဲ့ခြင်း ဖြစ်၏။

အချို့ဂိုဏ်းကြီးများသည် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်တွင် ကျန်းယန်သုံးခဲ့သည့် မိုင်ပေါင်းများစွာ အဝေးမှ သတ်ဖြတ်နိုင်သော လက်နက်အကြောင်း သိရှိနေပြီး ဖြစ်သည်။

ထိုအရာက ဤလက်နက်သာ ဖြစ်ရပေမည်။

ခလွမ်….

ထက်ရှသော အသံတစ်သံနှင့်အတူ အဆင့် ၉ ချပ်၀တ်၏ခေါင်းပိုင်းက ကျည်ဆန်တစ်လုံးကြောင့် ပေါက်ကွဲထွက်သွားခဲ့၏။

ခလွမ်….

နောက်ထပ် ကျည်ဆန်တစ်ခုထွက်ပေါ်လာခဲ့ပြီး ဒုတိယချပ်၀တ်၏ ရင်ဘတ်က ပွင့်ထွက်သွားခဲ့သည်။

ရုတ်ချည်းဆိုသလို များစွာသော ရွှေအမြုတေအဆင့်များ ဝိညာဉ်အခြေတည်အဆင့်များနှင့် သာမန်လူများ ချွေးအေးများ ရွှဲသွားခဲ့၏။

အကယ်၍ ထိုချပ်၀တ်ထဲတွင် သူတို့သာ ရှိနေခဲ့လျှင် သူတို့သေဆုံးသွားမှာ သေချာပေသည်။

အဆင့် ၉ မှော်ချပ်၀တ်ကတောင် မခံနိုင်လျှင် သူတို့ခန္ဓာကိုယ်က အဘယ်သို့ တောင့်ခံနိုင်ပါမည်နည်း။

ပိုဆိုးသည်မှာ ထိုမျှဝေးလွန်းသော အကွာအဝေးမှလာသော ကျည်ကို ရှောင်ဖို့က မဖြစ်နိုင်ပေ။

ဘယ်သူကမှ အချိန်ပြည့် သူတို့ကိုယ်ပေါ်တွင် အကာအကွယ်အလွှာများ တင်ထားနိုင်ကြမည် မဟုတ်ပေ။

ထိုအခိုက်တွင် ကျန်းတောက် ကျင်းရှန်နှင့်အခြားသူများ သူတို့လူများစွာ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲတွင် ဘယ်လို သေသွားရသလဲ သိသွားခဲ့ကြ၏။

ထိုအရာကြီးက ဆိုးယုတ်လွန်းလှသည်။

ကျင့်ကြံခြင်းကမ္ဘာတွင် လူတိုင်းက တိုက်ရိုက်သာတိုက်ခိုက်ကြခြင်းဖြစ်ပြီး တိုက်ရိုက်တ်ုိကခိုက်ပြ္ီး ရှုံးနိမ့်သွားလျှင်တောင် လက်ခံနိုင်ကြ၏။

ထို့ကြောင့် အမှောင်ထဲမှ တိတ်တဆိတ် ထွက်ပေါ်လာသော ကျည်ဆံမျိုးကတော့ သူတို့အတွက် ဆိုးယုတ်လွန်းလှသည်။

လူတိုင်း ကြက်သီးထသွားခဲ့ကြ၏။

နတ်ဝိညာဉ်အဆင့်များနှင့် တာအိုပေါင်းစည်းခြင်းအဆင့်များပင် မလွယ်ကူသလို ခံစားလိုက်ကြရသည်။

သတိအနည်းငယ်လွတ်သွားသည်နှင့် ထိုကျည်ဆန်က သူတို့အသက်ကို နှုတ်ယူသွားနိုင်မှန်း သူတို့သိ၏။

လူအတော်များများက အဇူရာတိမ်ဂိုဏ်းကို အခုချက်ချင်းဖျက်ဆီးပစ်သင့်သည်ဟုပင် ခံစားလိုက်ကြရသည်။

အဘယ်ကြောင့်ဆိုသော် ထိုဂိုဏ်း‌ေကြာင့် သူတို့မလွယ်ကူသလို ခံစားလိုက်ရသောကြောင့် ဖြစ်၏။

ကျန်းယန်အသံက မျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

“အစောင့်တွေကို ရှင်းပြီးပြီ ပစ်မှတ် ၁ကို ဝိုင်းကြ

အဖွဲ့ ၁ ၃ ပစ်အားနဲ့ ဖိ

အဖွဲ့ ၄ ၆ ရှေ့ကတက်

ပစ်!”

ချက်ချင်းဆိုသလို မရေတွက်နိုင်သော ကျည်များ မိုးရွာသလို ကျလာခဲ့၏။

ပစ်မှတ်များကို ထိသွားသည်နှင့် ဂိုဏ်းအကာအကွယ်၀င်္ကပါက ချက်ချင်း အသက်၀င်လာခဲ့သည်။

ကြည့်ရှုသူများ နားလည်သွားခဲ့၏။ ထိုပစ်ချက်များက ၀င်္ကပါထွက်ပေါ်လာအောင် မျှားလိုက်ခြင်းသာ ဖြစ်သည်။

“အဖွဲ့ ၇ နဲ့ ၈ အမြှောက်မိုးရွာချ” ကျန်းယန် အမိန့်ပေးလိုက်ပြန်၏။

ထို့နောက် လျှက်တပြတ်ဆိုသလို မိုးကြိုး ရေခဲ နှင့် မီး များက ထွက်ပေါ်လာခဲ့လေသည်။

နိယာမစွမ်းအားများဖြင့် ဖန်တီးထားသော စွမ်းအားများက အကာအကွယ်အလွှာကို ရိုက်ခတ်သွားခဲ့ကြ၏။

အသက်ငါးရှိုက်စာ အတွင်းတွင် အကာအကွယ်အလွှာပေါ်သို့ အမြှောက်မိုး ၃ ကြိမ်ရွာချသွားခဲ့ပြီး နောက်ဆုံးတွင် အကာအကွယ်အလွှာက ပျက်ဆီးသွားခဲ့သည်။

ထို့နောက် နောက်နှစ်ကြိမ် အမြှောက်မိုးရွာခဲ့ပြီး ပစ်မှတ် ၁ က လုံး၀ ပျက်ဆီးသွားခဲ့၏။

ပစ်မှတ် ၁ ဖျက်ဆီးခံလိုက်ရချေပြီ။

လူအုပ်ကြီး ပင့်သက်ရှိုက်လိုက်မိသည်။

ထိပ်တန်းဂိုဏ်းတစ်ခုက အခုလို ပျက်ဆီးသွားခဲ့ရခြင်းပေလော။

ဒါပေါ့ လူသားများ ထိန်းချုပ်သော၀င်္ကပါဆိုလျှင်တော့ ပိုပြီး အချိန်ကြာကြာ ခံလောက်၏။

သို့သော် ထိုစွမ်းအားကြီးကို အကြာကြီးတော့ ထိန်းထားနိုင်လောက်မည် မဟုတ်ပေ။

ကျန်းယန်အသံထွက်ပေါ်လာခဲ့ပြန်သည်။

“ထွက်ပြေးသွားတဲ့ အထွတ်အထိပ်အဆင့် နတ်ဝိညာဉ်အဆင့်တစ်ယောက်ကို ခြေရာခံမိတယ် သုတ်သင်”

သူအဆင့်ငါး မှော်လက်နက်တစ်ခုကို ၀င်္ကပါထဲသို့ ပစ်လွှတ်လိုက်၏။

လူတိုင်း ကြောင်အသွားခဲ့သည်။

မျှော်လင့်မထားတဲ့ အခြေအနေတစ်ခုလား!

ကျန်းချန်းရှန်နှင့်အခြားသူများပင် အံ့အားသင့်သွားခဲ့သည်။ သူတို့အစီအစဉ်ထဲတွင် ထိုအရာ ပါမနေပေ။

သို့သော်လည်း သူတို့လျင်မြန်စွာ တုန့်ပြန်နိုင်ခဲ့ကြ၏။

အားလုံးက သေနတ်များကိုမြှောက်ကာ ပစ်လိုက်ကြလေသည်။

တစ်ချက်….

တစ်ချက်တည်းဖြင့် မှော်လက်နက်က စုတ်ပြတ်သွားခဲ့၏။

အားလုံးပြီးသွားမှာ အဇူရာတိမ်ဂိုဏ်းတပည့်များ သေနတ်များကိုချကာ ပုံမှန်အတိုင်း ပြန်ရပ်လိုက်ကြသည်။

ကျန်းယန် စိတ်ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်၏။

“ကောင်းတယ် တာ၀န်ပြီးဆုံးပြီ စစ်ရေးပြကွင်းကနေ ဆုတ်ခွာကြ

အားလုံး သင်္ဘောပျံတွေပေါ် တက်ပြီး ကွင်းပြင်ဆီ ဆုတ်ခွာကြ”

နောက်လက်နက်က စွမ်းအားကြီးလွန်းသောကြောင့် သူထိုတပည့်များကို ကွင်းထဲထား၍ မဖြစ်ပေ။

တပည့် ၂သောင်းကျော်သည် သင်္ဘောပျံများပေါ်တက်ကာ ဆုတ်ခွာသွားခဲ့ကြ၏။

ပွဲကြည့်စင်ပေါ်ရှိ နတ်ဝိညာဉ်အဆင့်များ ချွေးအေးများ ထွက်လာခဲ့ကြပြန်သည်။

ထိုအရာက သူတို့သာ အဇူရာတိမ်ဂိုဏ်းတပည့်များနှင့် ရင်ဆိုင်ရပါက ချက်ချင်းထွက်ပြေးရမည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။

အကယ်၍ သူတို့သာ အခုလိုဝိုင်းခံလိူက်ရလျှင် သေဆုံးသွားရမည်မှာ သေချာ၏။

ထို့ကြောင့် သူတို့အတွက် တစ်ခုတည်းသော ရွေးစရာက ထွက်ပြေးရန်သာ ဖြစ်သည်။

လူပေါင်းများစွာက ဆုတ်ခွာလာသော အဇူရာတိမ်ဂိုဏ်းတပည့်များကို ကြည့်နေရင်း ဘယ်တုန်းက ထိုဂိုဏ်းက အခုလောက်စွမ်းအားကြီးသွားသလဲ ေတွးနေခဲ့ကြ၏။

ကွင်းပြင်ထဲတွင် ဘယ်သူမှ မရှိတော့သည်နှင့် ကျန်းယန် နောက်လက်နက်တစ်ခုရှေ့တွင်ရပ်ကာ လေးလေးနက်နက်ပြောလိုက်သည်။

“နောက်တစ်ခုကတော့ အဇူရာတိမ်ဂိုဏ်းရဲ့ အကြီးအကဲ လင်းယွင်ကျိ ပြသမယ့် ပစ်မှတ် ၂ ကိုတိုက်ခိုက်မယ့် ကောင်းကင်အခြေပြုလက်နက် ကြယ်ကြွေ ၂ ပဲ ဖြစ်ပါတယ်

ဆရာဦးလေးလင်းယွင်ကျိက လက်ရှိ နတ်ဝိညာဉ်အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းရှိသူပါ

သူပစ်မှတ် ၂ကို ဖျက်ဆီးနိုင်မှာလား

ကြည့်လိုက်ကြပါစို့”

ပြောပြီးသည်နှင့် လင်းယွင်ကျိ လက်နက်ရှေ့တွင် ပေါ်လာခဲ့၏။

သူလေးလေးနက်နက်ပြောလိုက်သည်။

“မင်းလည်းထွက်သွားသင့်တယ်”

အကာအကွယ်ရတနာများရှိလျှင်တောင် ကျန်းယန်လည်း ဤလက်နက်ကြောင့် အန္တရာယ်ရှိသွားနိုင်၏။

ကျန်းယန် ခေါင်းငြိမ့်ပြကာ နောက်ဆုတ်သွားခဲ့သည်။

လင်းယွင်ကျိ သံချောင်းကြီးရှေ့တွင် ရပ်နေခဲ့၏။

ထိုသံချောင်း၏အလေးချိန်က ဂျင်တစ်သန်း ဖြစ်သည်။

သူ့အဆင့်နှင့်ဆိုလျှင်တောင် ထိုအရာကိုမဖို့ အားကုန်သုံးရန် လို၏။

အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောင် လင်းယွင်ကျိ သံချောင်းကြီးကိုမလိုက်ကာ ကောင်းကင်ပေါ် ပျံတက်သွားခဲ့လေသည်။

ပိုပိုမြင့်လာခဲ့ပြီး မကြာခင်တွင် သူသည် ကျန်း ၃၀၀၀ မြင့်သော နေရာသို့ ရောက်ရှိသွားခဲ့၏။

ဆက်ပျံတက်၍ မရတော့ပေ။

ထို့နောက် စိတ်ဝိညာဉ်စွမ်းအားမျိုးကို သံချောင်းကြီးထဲ လောင်းထည့်လိုက်ပြီး ပစ်မှတ် ၂ ဆီပစ်ချဖို့ ပြင်လိုက်သည်။

သို့သော် သူကဗ္ဗည်းများကို အသက်သွင်းလိုက်သည်နှင့် သံချောင်းကြီးက သူ့လက်ထဲမှ လွတ်ကျကာ မြေပြင်ပေါ် ပြုတ်ကျသွားခဲ့၏။

“မင်းရူးနေလား” လင်းယွင်ကျိ အော်ပြောလိုက်သည်။

“မင်းဒီသံချောင်းထဲ မြေဆွဲအား အဆ ၁၀၀ နဲ့ အရှိန် ၁၀ဆ ပေါင်းထားတာလား စီနီယာအစ်ကိုကြီး ၀င်္ကပါကို အခု ဖွင့်လိုက်တော့”

ချင်းယွင်ကျိ အမူအရာပင် ဖြူဖျော့သွားခဲ့၏။

ဂျင်တစ်သန်းလေးသော သံချောင်းကြီးကို မြေဆွဲအား အဆ ၁၀၀ပေါင်းလိုက်လျှင် ဂျင် သန်း၁၀၀ လေးသွားပေလိမ့်မည်။

ထိုမျှအမြင့်မှ ကျလာသော ဂျင်သန်း၁၀၀လေးသည့် သံချောင်းကြီးကို ဘယ်သူက တောင့်ခံနိုင်ပါမည်နည်။

သံချောင်းကြီးက ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့သည်။

လေထုပွတ်အားကြောင့် သံချောင်းကြီးက လောင်ကျွမ်းလာခဲ့ပြီး သူ့အလျင်ကလည်း ပိုပြီး ကြောက်စရာကောင်းလာခဲ့၏။

ပရိတ်သတ်များ ထိုမီးချောင်းကြီး ကျဆင်းလာပုံကို မြင်တွေ့နေခဲ့ရသည်။

မျက်နှာပြင်ပေါ်တွင် မီးအလင်းရောင်တစ်ချက် လက်သွားခဲ့၏။

အကာအကွယ်၀င်္ကပါပင် မတုန့်ပြန်နိုင်သေးခင်တွင် ထိုသံချောင်းကြီးက ၀င်္ကပါကို ဖောက်ထွင်းသွားခဲ့လေသည်။

ထို့နောက် ၀င်္ကပါက ပေါက်ကွဲသွားခဲ့၏။

တောင်ကြီးလည်း ကြေမွသွားခဲ့ရသည်။

ကြောက်မက်ဖွယ် တော်လဲသံကြီးက မြေအောက်ထဲမှ ထွက်ပေါ်လာခဲ့၏။

ပွဲကြည့်စင်ပင် ပြင်းထန်စွာ လှုပ်ခါသွားခဲ့သည်။

သံချောင်းကျရောက်ရာ တောင်ကြီးတစ်ခုလုံးနှင့် မိုင်ပေါင်းများစွာ ပတ်လည်အတွင်းရှိ နယ်မြေတစ်ခုလုံးက ဖုန်အဖြစ် ပြောင်းလဲသွားခဲ့၏။

ပစ်မှတ် ၂ သည် လုံး၀ ဖျက်ဆီးခံလိုက်ရချေပြီ။

ကျန်း၁၀၀ပတ်ပတ်လည် နယ်မြေတစ်ခုလုံးက မြေပြန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။

မြေပြင်မှ ထွက်ပေါ်လာသော တော်လဲသံကြီးမှာမူ အဇူရာတိမ်၀င်္ကပါနှင့် သံချောင်းကြီးထိပ်တိုက်တွေ့ရာမှ ထွက်ပေါ်လာသော အသံကြီးဖြစ်၏။

လူတိုင်း နားလည်သွားခဲ့ကြချေပြီ။

ထိုလက်နက်ကြီးသည် တောင်ကြီးတစ်ခုလုံးကို ချေမွှသွားခဲ့ပြီး နောက်ဆုံးတွင် မြေအောက်အဇူရာတိမ်၀င်္ကပါနှင့် တွေ့‌သွားသောအခါမှသာ ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။

လူတိုင်းကိုယ်မှ ချွေးအေးများက မိုးရွာသလို စီးကျလာခဲ့ကြ၏။

ပထမအဆင့်ဂိုဏ်းကြီးတစ်ဂိုဏ်းက လက်နက်တစ်ခုတည်းဖြင့် ဖျက်ဆီးခံခဲ့ရခြင်း ပေလော။

All Chapters