ကျန်းချန်းရှန်၏ အရေးအသားများ
Vol. 32 Ch. 328
အဇူရာတိမ်မြို့တွင် ကျန်းကျစ်ချိုး နာကျင်မှုရောပျော်ရွှင်မှုရောကို တစ်ပြိုင်တည်း ခံစားနေခဲ့ရ၏။
မြို့ထဲတွင် စွမ်းအားကြီး ကျင့်ကြံသူများ အခုလောက်မြန်မြန်တိုးပွားလာလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။
ကျန်းယန်၏ လမ်းညွှန်ချက်အရ စာရင်းဇယားများပြုလုပ်ထားသောကြောင့် မြို့ထဲတွင် တစ်နေ့ကို ကျင့်ကြံသူ ၁၀၀ကျော်လောက် တိုးပွားလာနေသည်ကို သူသိရှိနေခဲ့သည်။
ထိုပမာဏက နည်းသည်ဟုထင်ရသော်လည်း ထိုကျင့်ကြံသူများက ရွှေအမြုတေအဆင့်များ ဝိညာဉ်အခြေတည်အဆင့်များနှင့် နတ်ဝိညာဉ်အဆင့်များ ဖြစ်နေသောကြောင့် ကြောက်စရာကောင်းလွန်းလှ၏။
ထိုသူများသည် ချမ်းသာကြွယ်၀ခြင်းကို ကိုယ်စားပြုကြသူများလည်း ဖြစ်ကြသည်။
ထို့ကြောင့် အဇူရာတိမ်မြို့၏ နေ့စဉ်၀င်ငွေကလည်း တိုးတက်လာခဲ့၏။
သို့သော် တိုးတက်လာမှုနှင့်အတူ ပြဿနာများလည်း ပေါ်ပေါက်လာခဲ့ပြန်သည်။
ပထမပြဿနာမှာ မြို့ထဲရှိ ဧည့်ဂေဟာများတွင် လူမဆံ့တော့ခြင်း ဖြစ်၏။ အဇူရာတိမ်ဧည့်ဂေဟာ၏ စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀ တန်အခန်းများပင် နေ့တိုင်း လူပြည့်နေခဲ့၏။
ရွေးချယ်စရာမရှိတော့သောကြောင့် ကျန်းကျစ်ချိုး ချက်ချင်းဆိုသလို ဆောက်လုပ်ရေးအဖွဲ့ကိုခေါ်ပြီး မြို့ကို တိုးချဲ့ခိုင်းလိုက်ရသည်။
မဟုတ်လျှင် အသစ်ရောက်ရှိလာသော ဧည့်သည်များအတွက် နေစရာရှိတော့မည် မဟုတ်ပေ။
ထို့အပြင် စစ်ရေးပြပွဲကျင်းပဖို့က ရက် ၄၀လောက်လိုနေသေးသောကြောင့် လူများက ထပ်ရောက်လာနိုင်သေးဧ။။်
ဤသို့ဖြင့် ကျန်းကျစ်ချိုး အလုပ်ရှုပ်နေခဲ့သည်။
ထိုစဉ် တိမ်တောင်အင်ပါယာရှိ ၀တ်စုံပြာအဖွဲ့ထဲတွင် ကျန်းကျစ်ချိုးတစ်ယောက် ဉာဉ့်နက်ချိန်ထိ စာရေးနေခဲ့ဧ။။်
ထိုစဉ် ချောင်ယင်သူ့အခန်းထဲ ၀င်လာခဲ့ပြီး စိတ်၀င်တစား မေးလိုက်သည်။
“စီနီယာအစ်ကိုကျန်း အခုချိန်ထိ ဘာတွေ လုပ်နေတာလဲ”
ကျန်းချန်းရှန် ပြုံးလိုက်ကာ
“စာအုပ်တစ်အုပ် ရေးနေတာပါ”
“စာအုပ်တစ်အုပ်လား” ချောင်ယင် အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်၏။
“ဘာအကြောင်းလဲ”
ကျန်းချန်းရှန် စီနီယာအစ်ကိုကြီး၏ အဆိုအမိန့်များ ကိုထုတ်လိုက်ပြီး ပြောလိုက်သည်။
“ငါစီနီယာအစ်ကိုကြီးရဲ့ စကားလုံးတွေကို လေ့လာနေတာ ငါလေ့လာလေလေ အထဲက ပိုနက်နဲတဲ့အဓိပ္ပာယ်တွေကို မြင်လာရလေလေပဲ
အဲ့တာကြောင့် ငါစီနီယာအစ်ကိုကြီးရဲ့ အဆိုအမိန့်တွေကို အခြေခံ ငါ့အမြင်တွေကိုထည့်ပေါင်းပြီး စာအုပ်တစ်အုပ်ရေးဖို့ စီစဉ်နေတာ”
ချောင်ယင် စိတ်၀င်စားသွားခဲ့ကာ
“ညီမလေး ကြည့်လို့ရလား”
“ငါအခုမှ စရေးတာ” ကျန်းချန်းရှန် ပြောလိုက်ပြီး စာရွက်အနည်းငယ်ကို သူမဆီ ကမ်းပေးလိုက်၏။
ဖတ်ပြီးနောက် ချောင်ယင် တုန်လှုပ်သွားခဲ့သည်။ သူမ သူ့ကိုလေးလေးနက်နက်ကြည့်လိုက်ပြီး ပြောလိုက်၏။
“စီနီယာအစ်ကိုကျန်း ညီမလေးသေချာပေါက် ပြောနိုင်တယ် အစ်ကိုက စီနီယာအစ်ကိုကြီးရဲ့ စကားတွေကို အနက်ရှိုင်းဆုံး နားလည်တဲ့သူပဲ
အစ်ကို့ရဲ့ အရေးအသားကလည်း အရမ်းကောင်းတယ် အစ်ကိုရေးပြီးသွားရင် ညီမလေးကို ပြရမယ်နော်”
“ပြဿနာမရှိဘူး” ကျန်းချန်းရှန် ပြောလိုက်ပြီး စာပြန်ရေးနေတော့သည်။
“အစ်ကို့မှာ ဒီလိုစာရေးတဲ့ပါရမီမျိုး ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး” ချောင်ယင် ပြုံး၍ ပြောလိုက်၏။
“ငါက ပညာရှိအသိုင်းအဝိုင်းက လာခဲ့လို့ ဖြစ်နိုင်တယ်” ကျန်းချန်းရှန် ပြန်ပြောလိုက်သည်။
“တကယ်ကြီးလား ဘယ်မိသားစုကလဲ” ချောင်ယင် မေးလိုက်၏။
“တိမ်တောင်အင်ပါယာမှာတော့ ကျန်းမိသားစုဆိုတဲ့နာမည်နဲ့ စာပေမှာနာမည်ကြီးတဲ့ မိသားစုမျိုး မရှိပါဘူး အစ်ကိုက ယွင်ထန့်အင်ပါယာကလား”
ကျန်းချန်းရှန် တခဏတွေးလိုက်ပြီးနောက်
“အစကတော့ ငါလည်း အဲ့လိုထင်ခဲ့တာ ဒါပေမယ့်အခုတော့ ကြည့်ရတာ အဲ့လိုလည်းမဟုတ်လောက်ပြန်ဘူး ငါထင်တာသာမှန်ရင် ငါက လန်ကျားကုန်းမြေတိုက်ကြီးက ဖြစ်နိုင်တယ်”
မကျင့်ကြံခင်ကတော့ သူသည် ကမ္ဘာကြီးအကြောင်း ကောင်းကောင်းနားမလည်ခဲ့ပေ။ သို့သော် သူ့ခွန်အားတိုးတက်လာသည်နှင့်အမျှ သူအသိပညာကလည်း တိုးတက်လာခဲ့သည်။ ထို့နောက် သူသာမန်မဟုတ်သော အရာများကို သတိပြုမိလာခဲ့၏။
ချောင်ယင်ကတော့ အများကြီး တွေးမနေဘဲ အံ့အားသင့်နေဟန်ဖြင့် ပြန်ပြောခဲ့သည်။
“အစ်ကိုက ဂိုဏ်းထဲ၀င်ဖို့ ကုန်းမြေတိုက်ကြီးကိုတောင် ဖြတ်ကျော်လာခဲ့တာလား တကယ်အံ့ဩစရာပဲ”
ကျန်းချန်းရှန် ဆက်မပြောတော့ဘဲ စကားလွှဲလိုက်၏။
“နင်ကရော ဘာကိစ္စရှိလို့ ရောက်လာတာလဲ”
“အို့ အစ်ကို့စာအုပ်ကိုဖတ်ပြီး လာရင်းကိစ္စကိုမေ့သွားတော့မလို့” ချောင်ယင် ခေါင်းကိုကုတ်လိုက်ကာ
“အစ်ကိုကြီး စီစဉ်တဲ့ စစ်ရေးပြပွဲရောက်ဖို့ ရက် ၄၀ပဲလိုတော့တယ်လေ
အစ်ကိုကြီး အစီအစဉ်အရ ညီမလေးတို့ အဲ့ဒီနေရာမှာ ရှိနေရမှာ ပြီးတော့ ဝာာ၀န်တွေလည်း ရှိသေးတယ် စစ်ရေးပြပွဲမတိုင်ခင် ပြန်ခဲ့ဖို့ အစ်ကိုကြီးက ပြောထားတာ
အဲ့တာကြောင့် ညီမလေးလာခဲ့တာ ညီမလေးတို့ ပြန်ဖို့ ပြင်ဆင်သင့်ပြီလား”
ကျန်းချန်းရှန် စုတ်တံကိုချလိုက်ပြီး တခဏရပ်လိုက်ပြီးနောက် မေးလိုက်၏။
“ငါတို့ တပည့်အသစ်ဘယ်နှစ်ယောက်လောက် ခန့်ပြီးပြီလဲ”
“၃၇၀၀ ပါ” ချောင်ယင် ပြန်ဖြေလိုက်သည်။
“သူတို့ကို လေ့ကျင့်မပေးရသေးဘူး ပြီးတော့ အဓိက အလုပ်ကြီးသုံးခုလည်းမပြီးသေးဘူး သူတို့ကို ပြန်ခေါ်သွားဖို့တော့ မကောင်းလောက်သေးဘူး”
ကျန်းချန်းရှန် ခေါင်းညိတ်ပြလိုက်၏။
“ငါစိတ်ပူတာအဲ့တာပဲ သူတို့က စည်းကမ်းလည်းသိပ်မကောင်းသေးဘူး ဂိုဏ်းအပေါ်လည်း နားလည်မှု သိပ်မရှိသေးဘူး တကယ်လို့ တစ်ခုခုမှားသွားရင် ငါတို့ လှောင်ရယ်ခံရလိမ့်မယ်
ဒီလိုလုပ်ရအောင် ငါတို့လူထဲက လူ၃၀၀၀ကို ဒီမှာထားခဲ့ပြီး သူတို့ကို လေ့ကျင့်ရင်း တပည့်သစ်တွေ ဆက်ခန့်အပ်ထားခိုင်းလိုက်မယ်
သေနတ်ရှိတဲ့သူတွေကတော့ ငါတို့နဲ့ အတူပြန်ပြီး စစ်ရေးပြပွဲမှာ ပါ၀င်ရမယ်”
ချောင်ယင် ခါးသက်စွာ ပြုံးလိုက်ကာ
“ဒီမှာနေခဲ့ရတဲ့သူတွေကတော့ ပျော်မှာ မဟုတ်ဘူး”
“နင်ကိုင်တွယ်နိုင်ပါတယ်” ကျန်းချန်းရှန် ပြောလိုက်သည်။
“သူတို့ကို လူတိုင်းမှာ မတူညီတဲ့ တာ၀န်တွေရှိတယ်လို့ ပြောလိုက်
စစ်ရေးပြပွဲမှာ ပါ၀င်ခွင့်ရတာ ဂုဏ်ယူစရာပဲ ဒါပေမယ့် ငါတို့လူသစ်တွေကို လေ့ကျင့်ပေးရတယ်ဆိုတာကလည်း ဂိုဏ်းအတွက် အရေးကြီးတဲ့တာ၀န်ကိုထမ်းဆောင်ပေးတာပဲ
ငါတို့တွေ ငါတို့ပန်းတိုင်ကို မေ့ပစ်လို့ မဖြစ်ဘူး ငါတို့ပန်းတိုင်က ငါးနှစ်အတွင်း တပည့် ၁၀၀၀၀ ပြည့်အောင် ခန့်အပ်နိုင်ဖို့ပဲ
ဒီတစ်ခေါက် ငါတို့၀တ်စုံပြာအဖွဲ့က အခြားအဖွဲ့တွေထက်အရင် ပြီးစေရမယ်”
“ဟုတ်ကဲ့ပါ” ချောင်ယင် ခေါင်းညိတ်ပြလိုက်ကာ လိုအပ်သည်များကို စီစဉ်ဖို့ ထွက်သွားခဲ့၏။
ကျန်းချန်းရှန်လည်း စုတ်တံကို ကိုင်ကာ ဆက်ရေးလေတော့သည်။
အဇူရာတိမ်ဂိုဏ်း မြောက်ပိုင်းသို့ စစ်ထူမင်ယွဲ့ရောက်ရှိနေသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်နေခဲ့ချေပြီ။
မိုးပြာလကုန်သွယ်သမဂ္ဂတည်ထောင်ပြီးနောက် သူတို့၏ ဂုဏ်သတင်းကြောင့် စီးပွားရေးက အတော်လေး အဆင်ပြေနေခဲ့၏။
အဆင့်နိမ့်တပည့်များသည် အဇူရာတိမ်မြို့အထိမလာနိုင်သောကြောင့် လိုအပ်သည်များကို နီးစပ်ရာ မိုးပြာလကုန်သွယ်သမဂ္ဂဆိုင်ခွဲများတွင်သာ ၀ယ်ကြရသည်။
ခြံ၀န်းတစ်ခုထဲတွင် စစ်ထူမင်ယွဲ့ လျန့်ယိနှင့် စကားပြောနေခဲ့၏။
“ငါမနက်ဖြန် ဂိုဏ်းကိုပြန်တော့မယ်” စစ်ထူမင်ယွဲ့ပြောလိုက်သည်။
“ဒီနေရာမှာ မဟာမိတ်တွေလည်းရှိနေပြီဆိုတော့ အဆင်ပြေလောက်ပါပြီ စစ်ရေးပြပွဲကနီးလာပြီဆိုဝောာ့ လိုတာတွေကူညီရအောင် ငါပြန်ဖို့ လိုတယ် နင်ရော မပြန်ဘူးလား”
လျန့်ယိ ပြုံးလိုက်၏။
“ညီမေလးတို့လည်း ပြန်တော့မှာ စီနီယာအစ်မလည်း ပြန်မှာဆိုတော့ အတူတူပြန်ကြမယ်လေ”
“နင်တို့အားလုံး ပြန်မှာလား” စစ်ထူမင်ယွဲ့ မေးလိုက်သည်။
“ဟုတ်ကဲ့ အားလုံးပဲ” လျန့်ယိ ခေါင်းညိတ်ပြလိုက်၏။
“ဒီနေရာမှာ လူနည်းနည်းလောက် ထားခဲ့လို့လည်း ဘာမှအသုံး၀င်မှာ မဟုတ်ဘူး
ပြီးတော့ အသစ်ခန့်အပ်ထားတဲ့သူအများစုကလည်း ကျင့်ကြံသူတွေဖြစ်နေပြီ သူတို့ကို စစ်ရေးပြပွဲဆီေခါ်သွားတာက သူတို့ ယုံကြည်မှုကို တိုးသွားစေလိမ့်မယ်”
“ကောင်းပြီလေ အားလုံးကိုစုလိုက် ငါတို့အတူတူပြန်ကြတာပေါ့” စစ်ထူမင်ယွဲ့ ခေါင်းညိတ်ပြလိုက်သည်။
တကယ်တော့ သူတို့တင်မဟုတ်ဘဲ မဟာမိတ်ဂိုဏ်းများကလည်း သူတို့ကိုယ်စားလှယ်များကို အဇူရာတိမ်မြို့ဆီ လွှတ်လိုက်ကြ၏။
အဇူရာတိမ်ဂိုဏ်း၏ လက်အောက်ခံဂိုဏ်းများဖြစ်သော သူတို့က ထိုကဲ့သို့သော ပွဲကြီးမျိုးကို အဘယ်သို့ လက်လွှတ်ခံ၍ ဖြစ်ပါမည်နည်း။