အခန်း (၁၆၆-၁၆၈)
Vol. 12 Ch. 166-168
166 01
အပိုင်း (166)
“မင်းဘာလုပ်တာလဲ”
လောင်ကျိုးက သူ၏အရှေ့ရှိ လူမည်းကြီး၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်ပြီး ခပ်ကြမ်းကြမ်း ဆူပူသည်။ သူက ဟာလီ၏ဘက်သို့ အပြေးသွားပြီး ခေါင်းကိုငုံ့ကာ ဒဏ်ရာများကို စစ်ကြည့်လိုက်သည်။
တိရိစ္ဆာန်ရုံသို့ ဝင်ရောက်လာပြီးနောက် ကောင်းယဲ့ပြောသော စကားကိုကြားဖူးသည်။ ဟာလီက သေနတ်ကြောင့် ဒဏ်ရာရရှိခဲ့ဖူးပြီး ကျန်းမားရေမကောင်းချေ။ မကြာခဏဆိုသလို နာကျင်စွာ ကိုက်ခဲမှုကြောင့် ညည်းနေတတ်သည်။
ထို့ကြောင့် နေရောင်ထွက်လာသည်နှင့် သူက ရုံးခန်း၏ တံခါးအရှေ့တွင်သာ ပျင်းရိစွာ လှဲနေတတ်လေသည်။
ကောင်းကင်ပြာတိရိစ္ဆာန်ရုံအတွင်းရှိ တိရိစ္ဆာန်တိုင်းကလည်း ဟာလီ၏ အခြေအနေကိုသိသည်။ ပျားရည်ခွေးတူဝက်တူကပင် ဟာလီကိုရန်မစချေ။
သူက တိရိစ္ဆာန်ရုံဝင်းထဲတွင် နေနေသော်လည်း စိတ်ထားကောင်းပြီး ကြင်နာတတ်သည့် ထွားကြိုင်းသည့် သတ္တဝါကြီးတစ်ကောင်ဖြစ်သည်။
“မကောင်းတော့ဘူး”
“နံရိုးတောင် ကျိုးသွားလောက်တယ်”
လောင်ကျိုးက ဟာလီ၏ရင်ဘတ်ကို ထိကြည့်လိုက်ပြီး စိုးရိမ်တကြီးပြောသည်။
ဖုန်း။
ရုတ်တရက် တစ်စုံတရာကျိုးသွားသောအသံက ထွက်လာသည်။
လောင်ကျိုးက ရှောင်ရှားတော့မည့်အချိန်တွင် သူ၏ခေါင်းနောက်ဘက်ပိုင်းက နာကျင်သွားးရပြီး ဦးခေါင်းခွံကပင် ထုံထိုင်းသွားရသည်။
သူက လက်ဆန့်ထုတ်ပြီး ထိတွေ့ကြည့်လိုက်သောအခါ သူ၏ခေါင်းနောက်ဘက်တွင် ကြီးမားသော ဒဏ်ရာကြီးနှင့်အတူ သွေးများထွက်နေကြောင်း သိလိုက်သည်။
သူက အံကိုကြိတ်လိုက်ပြီး မြေပြင်ပေါ်မှ ထရပ်သည်။ ထို့နောက် သူ၏အရှေ့မှ လူမည်းကောင်ကြီးကို စိုက်ကြည့်လိုက်သည်။
“အား သွေးထွက်နေပြီ၊ အခုချက်ချင်း လုံခြုံရေးရုံးတော်ကို အကြောင်းကြားကြစမ်းပါ၊ ဒီလူတွေက ဘာတွေလဲ၊ ဘာလို့ဒီလောက်ထိ မုန်းဖို့ကောင်းတာလဲ”
“ဝူးဝူး ဦးလေးကျိုးက ခေါင်းကွဲသွားပြီထင်တယ်၊ မားရေ သမီးတအားကြောက်တယ်”
“အားလုံးပဲ မကြောက်ကြနဲ့၊ မြန်မြန်လေး မြန်မြန်လေး ကူညီပြီးတော့ ဒီလူတွေကို ဝိုင်းပြီးထိန်းချုပ်ပေးကြစမ်းပါ၊ တအားမုန်းဖို့ကောင်းတာပဲ၊ တိရိစ္ဆာန်တွေက ဘယ်လိုများ ရန်စလိုက်လို့လဲ၊ ဘယ်လိုကြောင့်များ လာပြီး လူရိုက်နေတာလဲ၊ ငါတို့ရဲ့မြို့ကိုလာပြီး အနိုင်ကျင့်လို့ရမယ်ထင်နေတာလား”
“ဟုတ်တယ် ဟုတ်တယ်၊ အတူသွားရအောင်၊ ငါတို့အတူပေါင်းမယ်ဆိုရင် တိရိစ္ဆာန်ရုံထဲက သတ္တဝါတွေကို ကာကွယ်နိုင်ရမယ်၊ ငါတို့မှ သူတို့ကိုမကာကွယ်ရင် ဘယ်သူကများ ကာကွယ်ကြမှာလဲ”
“သွားသွားသွား ဒီလူတွေအားလုံးကိုဖမ်း”
အဝေးရှိ မိဘများက အခြေအနေကိုမြင်ပြီး အပြေးလာကြသည်။
“ဟာလီ ဟာလီ ဘယ်လိုဖြစ်တာလဲ”
ထို့နောက် ဟာလီ၏ ညည်းနေသော ပုံစံနှင့် လောင်ကျိုး၏ ခေါင်းကွဲသွားသော ပုံစံကို မြင်လိုက်ရသည်။ ထို့အပြင် အနက်ရောင်ချိန်းကြိုးကြီးကိုကိုင်ထားသော လူမည်းကောင်ကြီးကိုလည်း မြင်လိုက်ရသဖြင့် အားလုံးကအော်ဟစ်ကြသည်။
“သူတို့ကို မလာစေနဲ့”
မော်ဂန်က တစ်ချက် လှောင်လိုက်ပြီး ဘေးဘက်ရှိ သက်တော်စောင့်ကိုပြောသည်။
ရုတ်တရက် suitများကို ဝတ်ဆင်ထားသည့် သန်သန်မာမာနှင့် လူမည်းများက ကျောဘက်သို့ လက်ပို့လျက် လူတိုင်း၏အရှေ့သို့သွားပြီး တားသည်။
ဖုန်း။
“သေစမ်း ငါတို့ကို ဝင်ခွင့်ပေးစမ်းပါ”
သက်တော်စောင့် ဆယ်ယောက်ကျော်က ထိုလူများကို တားထားသည်။ သူတို့၏အရပ်က နှစ်မီတာနီးပါးဖြစ်ပြီး သန်မာသော ခန္ဓာကိုယ်တည်ဆောက်ပုံကိုလည်း ပိုင်ဆိုင်ထားကြလေသည်။ ထို့ကြောင့် မည်သည့်မိဘများက ကြိုးစားစေကာမူ ရှေ့တိုး၍လည်းမရချေ။
“ဒါက အနိုင်ကျင့်တာပဲ”
“နိုင်ငံခြားသားတစ်အုပ်က တရုတ်ပြည်မှာ လာပြီးမောက်မာနေတာ”
လောင်ကျိုးက အံကိုကြိတ်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူသည်။ သူ၏မျက်လုံးက နီရဲနေသည်။ သူက ဒေါသတကြီးအော်သည်။
သူ၏အရှိန်အဝါတစ်ခုလုံးက ပြောင်းလဲသွားသည်။ သူက လျှပ်စီးကဲ့သို့ အမြန်နှုန်းနှင့် အပြေးဝင်သွားသည်။
ဖုန်း။
သူက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ခပ်ကြမ်းကြမ်းထိုးလိုက်သည်။
ခရက်။
“အား ရှစ်”
အရိုးကျိုးသံနှင့်အတူ သံကြိုးကိုင်ထားသည့် သန်မာသော လူမည်းက အော်ဟစ်လိုက်ရသည်။ သူ၏လက်မောင်းက ကို့ယို့ကားယား ပုံစံမျိုးဖြင့် ကွေ့ကောက်လျက် ပြုတ်ကျသွားသည်။
“ဆရာမော်ဂန်”
“ဒီလူက တိုက်ပွဲနယ်မြေကို ရောက်ဖူးလောက်တယ်၊ ငါတို့တွေ.....”
မော်ဂန်၏အနားရပ်နေသော သက်တော်စောင့်က ရင်ဘတ်နားသို့ လက်ကပ်လျက် သုန်မှုန်သော မျက်နှာနှင့်ပြောသည်။
“သူ့ကိုတိုက်ရိုက်ကိုင်တွယ်လိုက်ရင် ဘယ်လိုလဲ”
“မလုပ်နဲ့”
မော်ဂန်က ရယ်သည်။ သူက လက်ကိုတစ်ချက်ရမ်းလိုက်ပြီး တိရိစ္ဆာန်ရုံတစ်ခုလုံးကို တစ်ချက်ကြည့်ကာ ခေါင်းအသာညိတ်သည်။
“ဒါက တရုတ်ပြည်၊ ဒီနေရာမှာလည်း တခြားနေရာတွေနဲ့မတူတဲ့ စည်းမျဥ်းတွေရှိတယ်၊ ဒီတိုင်း သင်ခန်းစာပဲပေးလိုက်”
“မမေ့နဲ့ ငါတို့က ဒီတစ်ကြိမ် တာဝန်နဲ့ တရုတ်ကိုလာတာ၊ အကျည်းတန်တဲ့ကိစ္စတွေ လုပ်လို့မရဘူး”
“နောက်ပြီး ဒီနေရာမှာ ရှိနေတဲ့တိရိစ္ဆာန်တွေက တော်တော်လေးကောင်းတယ်၊ ငါတို့ဖန်တီးထားတဲ့ တိရိစ္ဆာန်တွေလောက် မကြမ်းတမ်းဘူးဆိုပေမဲ့လည်း သူတို့က...”
“မူး...”
“ကွက်ကွက်”
“ဘန်း”
သူ၏စကားက အဆုံးမသတ်လိုက်ချေ။
166 02
အဝေးရှိမြေပြင်က တသိမ့်သိမ့် တုန်ပြီး အော်သံများက ထွက်ပေါ်လာသည်။ ဒေါသတကြီးဖြစ်နေသော တိရိစ္ဆာန်တစ်အုပ်က ရောက်လာသည်။ မော်ဂန်က မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်မိသွားသည်။
ထိုအခါ အလွန်ကြီးမားသော အကောင်ကြီးများက သူတို့ရှိရာသို့ ရူးသွပ်စွာပြေးလာနေကြောင်း မြင်လိုက်ရသည်။
“ဖာ့ခ်”
“အစ်ကိုဟာလီကို ဘယ်ကောင်က ရန်စတာလဲကွ”
“လာစမ်းပါ”
ငှက်တောက ထိုအဖွဲ့ ခေါင်းဆောင်၏အထက်တွင် ပျံသန်းလျက်ရပ်နေပြီး တောင်ပံကို ဖြန့်ကားကာအော်သည်။
သန်မာသော လူမည်းတစ်ယောက်က လှုပ်ရှားလိုက်သည်နှင့် ငှက်တောဟာ တစ်စုံတရာက မှားယွင်းနေကြောင်း သိလိုက်သဖြင့် တိရိစ္ဆာန်ရုံထဲသို့ အပြေးသွားပြီး တပ်ကူသွားခေါ်ခြင်းဖြစ်သည်။
သူက တိရိစ္ဆာန်တိုင်းကို အကြောင်းကြားပြီးနောက် အပြေးလာကြခြင်းဖြစ်သည်။
“သွား”
မော်ဂန်၏မျက်နှာက ပြောင်းလဲသွားသည်။ ထိုတိရိစ္ဆာန်များက ဒေါသထွက်နေကြောင်း မြင်နိုင်၏။ သူကနောက်သို့တစ်ချက်လှည့်ပြီး တိရိစ္ဆာန်ရုံ၏ ဝင်ပေါက်သို့ ပြန်ပြေးသည်။
“ဒီကောင့်ကိုတားစမ်း”
“ဒီကောင်တွေကိုမပြေးစေနဲ့”
“ဟုတ်တယ် ဟုတ်တယ်၊ သူတို့က တအားမောက်မာနေတာ၊ ကောင်းကင်ပြာတိရိစ္ဆာန်ရုံထဲကိုလာပြီး ရာဇဝတ်မှု ကျူးလွန်ရဲသေးတယ်”
ထိုလူများက တံခါးမှ မထွက်နိုင်သေးခင် နဂိုက ဈေးရောင်းနေသော အပြင်ဘက်က လူတစ်အုပ်က တံခါးဝတွင် စုရုံးလျက် ပိတ်ကပ်ထားကြောင်း မြင်လိုက်ရသည်။ ထိုဆိုင်ရှင်သူဌေးများအားလုံးက လက်ထဲတွင် အမျိုးမျိုးသော လက်နက်များကိုကိုင်လျက် တံခါးကို ပိတ်ထားကြသည်။
ဖုန်း။
လူအိုကြီးတစ်ယောက်က သစ်သားဇွန်းတစ်ချောင်းကိုယူပြီး မော်ဂန်၏ခေါင်းကို လှမ်းပစ်ကာ ခပ်ကြမ်းကြမ်းအော်သည်။
“တိရိစ္ဆာန်တစ်အုပ် ဒီချစ်စရာကောင်းတဲ့အကောင်လေးတွေက ငါတို့အတွက် ဘယ်လောက်တောင် အရေးပါလဲမသိဘူးလား၊ ဟင် အား”
“မင်းဟာလီကိုသိလား၊ သူက နန်တုက လူတွေ ဘယ်လောက်ကို ကယ်ထားသလဲဆိုတာကို နားလည်လား”
“မင်းတို့သားရဲကောင်တွေကို သတ်ရမှာ”
“ဟင် သောက်ကျိုးနည်း သေစမ်း”
မော်ဂန်က သူ၏ခေါင်းကိုအုပ်ထားပြီး ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ သူက သက်တောင်စောင့်တစ်အုပ်၏ နောက်တွင် ဝင်ပုန်းလိုက်သည်။
“ဟစ်...ဟစ်”
လူအုပ်ထဲမှ ရွှေမြွေကြီးက လှိမ့်လျက်ထွက်လာပြီး လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ခုန်လိုက်ကာ သက်တော်စောင့်တစ်ယောက်၏ကိုယ်ပေါ်သို့ လိမ့်တက်လိုက်သည်။
“အား”
မြွေက ခန္ဓာကိုယ်ကို အသာလှုပ်ရှားလိုက်ရုံနှင့် သူကပ်တွယ်ထားသော လူကိုယ်ပေါ်ရှိ အရိုးတိုင်းက ဆွဲဆန့်ခံလိုက်ရသည်။
ခရက်။
သက်တော်စောင့်၏ လက်မောင်းရိုးက အရင်ကျိုးသွားသည်။ ထို့နောက်သူက ငယ်သံပါအောင် အော်ဟစ်သည်။
ကွက်ကွက်။
ခေါင်းပြားတကောက အခွင့်အရေးကို သိလိုက်သည်နှင့် အပြေးလာပြီး သက်တော်စောင့်တစ်ယောက်၏ လက်ကောက်ဝတ်ကို ကိုက်သည်။
“သေစမ်း ဒါက ဘာလဲ”
“မဟုတ်ဘူး”
သက်တော်စောင့်က ဒေါသတကြီးအော်ဟစ်လိုက်ပြီး သူ၏လက်ကောက်ဝတ်ကို ကိုက်ထားသောအကောင်ကို ခါပစ်ရန်ကြံစည်လိုက်သည်။
သို့သော် ရုတ်တရက် နှလုံးကွဲမတတ် နာကျင်လွန်းသည့် ခံစားချက်ကို ရလိုက်သည်။ သူက အံကိုကြိတ်လိုက်ပြီး ပျားရည်ခွေးတူဝက်တူ၏ခေါင်းကို လက်သီးဖြင့် ခပ်ကြမ်းကြမ်းထိုးကာ လွင့်ထွက်သွားစေလိုက်သည်။
“မဟုတ်ဘူး”
166 03
သို့သော်....။
သူ့ဆီ လက်ဝါးတစ်ချက်ရောက်လာသည်။
ဟစ်။
လူတိုင်းကလည်း သူတို့၏အရှေ့မှ ခက်ထန်ကြမ်းတမ်းလွန်းသည့် တိရိစ္ဆာန်တစ်အုပ်ကို ကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်မိကြသည်။
တိရိစ္ဆာန်ရုံထဲက တိရိစ္ဆာန်တွေက ဒေါသထွက်ပြီး တိုက်ခိုက်တဲ့အခါ ဒီလောက်ထိ ကြောက်စရာကောင်းမယ်လို့ မထင်ထားဘူး။ ဒါပေမဲ့....။
လူတိုင်းကလည်း လဲကျနေသော သက်တော်စောင့်များကို စာနာသနားမှုကင်းမဲ့စွာ စိုက်ကြည့်နေကြသည်။ သူတို့က အနည်းငယ်ပင် စိတ်အေးသွားသေးသည်။
သို့သော် သူတို့က ဟာလီ့ကို ပြန်ကြည့်လိုက်ပြီး စိုးရိမ်စိတ်ဝင်လာပြန်သည်။
“မောက်မာလိုက်တာ”
ရုတ်တရက် နိုင်ငံခြားသားပေါင်းများစွာက အပြေးပြန်လာလေပြီး သက်တော်စောင့်တစ်ယောက်က သူ၏ပစ္စတိုကို ထုတ်လျက် ကောင်းကင်သို့ ချိန်ရွယ်ကာ ပစ်သည်။ ထို့နောက် ရှေ့မှ လူတစ်အုပ်ကို ချိန်လျက် ခပ်ကြမ်းကြမ်းအော်သည်။
“နောက်ဆုတ်ကြစမ်း”
“ငါတို့က ပတ်ထရိုလီယမ် မဟာမိတ်အဖွဲ့ကပဲ၊ မင်းတို့ရှေ့တစ်လှမ်းတက်ရဲရင် ငါတို့ကလည်း မင်းတို့ကို သေတဲ့အထိ ပစ်ခွင့်ရှိတယ်”
“ထွီ”
ရုတ်တရက် တိရိစ္ဆာန်ရုံဝင်ပေါက်ဘက်မှ အော်သံတစ်သံထွက်လာသည်။
လုံခြုံရေးဌာနမှ ဒါရိုက်တာလျိုက စက်သေနတ်နှင့်အတူ အပြေးလာသည်။ သူနှင့်အတူ လုံခြုံရေးအရာရှိပေါင်းများစွာလည်း ပါသည်။ သူက ထိုမြင်ကွင်းသို့ ရောက်လာပြီးနောက် မြေပြင်တွင် လဲနေသည့် ဟာလီကို မြင်လိုက်ရသည်။ သူ၏ပါးစပ်မှ သွေးများပင် အန်ချင်သွားသည်။ သူက မျက်လုံးပြူးသွားသည်။
“လာစမ်း”
“ဒီကောင်တွေ အားလုံးကိုဖမ်း”
“ငါတို့က နိုင်ငံခြားဧည့်သည်တွေ၊ မင်းတို့မှာ ဖမ်းပိုင်ခွင့်မရှိ....”
“ဟွန့် ဘာလုပ်ရမလဲဆိုတာကို ငါသိပါတယ်”
ဒါရိုက်တာလျိုက ခပ်ကြမ်းကြမ်း အော်ဟစ်လိုက်ပြီး သူ၏သေနတ်ဖင်ဖြင့် ခပ်ကြမ်းကြမ်း ဖိရိုက်လိုက်ကာ အရှေ့မှ မောက်မာနေသည့် သက်တော်စောင့်ကို သတိလစ်သွားစေသည်။ ထို့နောက် ခပ်ကြမ်းကြမ်းအော်သည်။
“အရှိန်မြှင့်စမ်း၊ ဒီကောင်တွေအားလုံးကို ဖမ်း၊ ငါဒီကောင်တွေကို သတ်ခွင့်ရှိတယ်မဟုတ်လား”
“ဘယ်သူက ခုခံရဲလဲ”
“ခုခံတဲ့ကောင်တွေကို နေရာမှာတင်ပစ်သတ်လိုက်၊ တစ်ခုခုဖြစ်လာရင် ငါတာဝန်ယူတယ်”
+++++
167 01
အပိုင်း (167)
“လောင်ကျိုး ငါတို့ ဘယ်လိုလုပ်ကြမလဲ”
ကောင်းယဲ့က ရှုပ်ပွနေသော ရုံးခန်း၏ တံခါးဝတွင် ရပ်လျက် သွေးများ ပေကျံနေသည့် ဟာလီကို ကြည့်သည်။
“ဒါရိုက်တာ ဆုပိုင်က ဒီနေရာမှာမှ မရှိသေးတာ။ ငါတို့ ဒီတိုင်းထိုင်ပြီး အသေခံနေလို့မရဘူး”
လောင်ကျိုးက မျက်လုံးများကို မှေးကျဥ်းသွားပြီး လေးနက်သော လေသံဖြင့်ပြောသည်။
“မင်းလည်း ဒီတစ်ဖွဲ့ရဲ့ ပုံစံတွေကို မြင်လိုက်တာပဲ။ သူတို့က ယုံကြည်မှု အပြည့်နဲ့ လာတာဆိုတော့ ဟန်ချန်း လုံခြုံရေးရုံးတော်က သူတို့ကို ဘာမှမလုပ်နိုင်လောက်ဘူး။ ငါတောင်မှ သူတို့ကို မဖိနှိပ်နိုင်ဘူး”
သူသည် စစ်တပ်ထဲတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ ထို့ကြောင့် တစ်လောကလုံးတွင် ထိုသို့လုပ်နိုင်သော လူတချို့သာ ရှိကြောင်း နားလည်ထားသည်။ ထိုလူများက ဥပဒေကို ချိုးဖောက်နေကြောင်း သိသော်လည်း ဘာမှလုပ်၍ မရသော အခြေအနေမျိုးလည်း ရှိတတ်သည်။
“ဒါဆိုရင်...”
ကောင်းယဲ့က စိုးရိမ်တကြီးကြည့်သည်။
“အရင်ဆုံး ဆေးရုံကို သွားပြီး ဟာလီရဲ့ အခြေအနေကို စစ်ကြည့်ရအောင်။ ဘာပဲဖြစ်ဖြစ် ဟာလီ တစ်ခုခုဖြစ်သွားရင် ဒါရိုက်တာဆုပိုင်က ရူးသွားလိမ့်မယ်”
“ကောင်းပြီ”
လောင်ကျိုး၏ မျက်လုံးများကလည်း မှေးကျဥ်းသွားသည်။ သူက လက်ကို ဆန့်ထုတ်လိုက်ပြီး ခေါင်းနားဘက်မှ ဒဏ်ရာကို တစ်ချက်ကြည့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်သည်။
အဲဒီလိုမှ အဆင်မပြေရင်လည်း....။
သူ ဒီလူတွေ အားလုံးကို တကယ်ကို ဖယ်ရှားပစ်ရမယ်။
ဒါရိုက်တာဆုပိုင်က ဒီနေရာမှာ မရှိဘူး။ တိရိစ္ဆာန်ရုံထဲမှာ ဒီလိုကိစ္စကြီး ဖြစ်သွားတဲ့အခါ။ ဟာလီက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတဲ့အခါ သူ ဒါရိုက်တာဆုပိုင်ကို ဘယ်လိုများ မျက်နှာချင်း ဆိုင်ရတော့မှာလဲ။
“ဒါရိုက်တာဆုပိုင် ပြန်လာပြီ”
ရုတ်တရက် တိရိစ္ဆာန်ရုံဝင်ပေါက်မှ ငှက်တောက အော်သည်။
လောင်ကျိုးက ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး တံခါးဝထံ လျှောက်သွားသည်။
ဒါကို ဖုံးကွယ်ထားလို့တော့ မရဘူး။ လူအများကြီး ရှိနေတာ။ နောက်ပြီး ဟာလီကလည်း ဒဏ်ရာရသွားတယ်။
ဒါရိုက်တာဆုပိုင် ကျေးဇူးပြုပြီး အလျင်စလို လာမလုပ်မိပါစေနဲ့။
လောင်ကျိုးက စိတ်ထဲတွင် ဆုံးဖြတ်ချက် ချထားသည်။ သူက ဝင်ပေါက်သို့ အပြေးသွားသည်။
“လောင်ပိုင်ရဲ့စီးပွားရေးက ဘယ်လိုလဲ”
ဆုပိုင်က ရှေ့ဆုံးမှ လျှောက်နေသည်။ နောက်ဘက်မှ တပိုင်က ဝမ်းနည်းသော ပုံစံမျိုးဖြင့် လိုက်လာသည်။ သူ၏ ခပ်ပြည့်ပြည့်မျက်နှာတွင် မပျော်ရွှင်မှုက အထင်းသား ဖြစ်နေသည်။
ပျော်နိုင်ပါ့မလား။
သူ တစ်ရက်လေးပဲ ပူပူနွေးနွေး နေရသေးတယ်။ ဟုတ်ပြီလား။ ဒါရိုက်တာဆုပိုင်က အတင်းလာပြီး ဆွဲခွာပစ်တယ်။
ပထမဦးဆုံးအကြိမ် ချစ်မိသွားတဲ့ ပန်ဒါတစ်ယောက်ရဲ့ ခံစားချက်ကို ထည့်မတွက်တာပဲ။
အား။
သူက အရှေ့ဘက်မှ ဒါရိုက်တာဆုပိုင်၏ ပုံစံကိုမော့ကြည့်လိုက်ပြီး စိတ်ထဲတွင် ကျိန်ဆဲနေသည်။
“ဒါရိုက်တာဆုပိုင်”
တံခါးဝမှ ဆိုင်ရှင်များက ဆုပိုင်ကို ရင်းနှီးသော အပြုံးမျိုးဖြင့် ပြုံးပြကြသည်။ သို့သော် ရှက်ရွံ့စွာဖြင့် ခေါင်းပြန်ငုံ့မိကြပြန်သည်။
167 02
တိရိစ္ဆာန်ရုံ အပြင်ဘက်မှာ လူတွေ ဒီလောက် များတာ။ ဒါပေမဲ့ ဒီဂိုဏ်းသားတစ်အုပ်ကိုတောင် သူတို့က မသိခဲ့ကြဘူး။ ဒါက သူတို့ဒါရိုက်တာဆုပိုင်ကို ဘယ်လိုများ မျက်နှာချင်းဆိုင်ရတော့မှာလဲ။
ပို၍ဆိုးသည်မှာ ဟာလီက အလွန်ကြင်နာတတ်သော စွပ်ဖားလှည်း ဆွဲခွေး ဖြစ်သည်။ သို့သော် ထိုလူတစ်အုပ်ကြောင့် ဒဏ်ရာရသွားခဲ့၏။ ထိုအခြေအနေက သူတို့ကို အလွန်အမင်း မသက်မသာဖြစ်စေသည်။
“ဟင်”
ထိုတစ်ဖွဲ့၏ တုံ့ဆိုင်းနေသော ပုံစံများကို မြင်လိုက်သောအခါ ဆုပိုင်၏ နှလုံးသားက အနည်းငယ် ခုန်လှုပ်သွားသည်။
ဘာတွေဖြစ်နေတာလဲ။
တစ်ခုခု ဖြစ်လို့လား။
ထို့နောက် သူက တိရိစ္ဆာန်ရုံကို မော့ကြည့်သည်။ ယခုက နေ့လယ်ပိုင်းအချိန်ပင်။ ယေဘူယျကျကျ ပြောရလျှင် တိရိစ္ဆာန်ရုံက လူပြည့်နေတတ်သည်။ သို့သော် တစ်ချက် ကြည့်လိုက်ရုံဖြင့် လူရှင်းနေသည်။
ဆုပိုင်၏မျက်နှာက မည်းမှောင်သွားသည်။
သူက လူတိုင်းကို တောင်းပန်သလိုပြောပြီး အတွင်းသို့ အလျင်အမြန်ဝင်သည်။
ထိုအခါ လောင်ကျိုးနှင့် တွေ့လိုက်သည်။ ဆုပိုင်က ခပ်မြန်မြန် မေးသည်။
“ဘာဖြစ်တာလဲ ဘာလို့ လူတစ်ယောက်မှ မရှိတာလဲ”
“ဒါက..”
လောင်ကျိုးကလည်း ဆွံ့အနေသည်။ သူက စကားပြောတော့မည့်အချိန်တွင်
“ဒါရိုက်တာဆုပိုင် မကောင်းတော့ဘူး။ ဟာလီက အရိုက်ခံရပြီး ဆေးရုံတင်ထားရတယ်”
ထိုအချိန်တွင် ငှက်တောက အထက်မှ အပြေးအလွှားလာပြီး ဆုပိုင်၏ ပခုံးပေါ်နားသည်။ ထို့နောက် အဖြစ်အပျက်များ အားလုံးကို ပြောပြသည်။
“ဟင်”
“ငါသိပြီ”
သို့ရာတွင် ထိုစကားကိုကြားပြီးနောက် ဒါရိုက်တာဆုပိုင်၏ မျက်နှာထားက အလွန်တည်ငြိမ် သွားသည်။ ဒေါသထွက်ဟန်ပင် မပြချေ။ ထိုအခြေအနေက လောင်ကျိုးကို ပို၍စိုးရိမ်စေသည်။
ဒေါသ ထွက်သွားသောအခါ လူတချို့က စိတ် လွတ်သွားတတ်သည်။ သို့သော် တချို့သော လူများက ဆက်ပြုံးပြီး စကားပြောနေနိုင်သေးလျှင် ပို၍ပင် ကြောက်စရာ ကောင်းသည်။ သူတို့က တိုက်ခိုက်ရန် ကြံစည်ထားခြင်း ဖြစ်နိုင်၏။
“ဒါရိုက်တာဆုပိုင် ဒီကိစ္စကို ငါနဲ့ လွှဲထားပါ။ ငါ တာဝန်ယူဖြေရှင်းပါ့မယ်။ ဒီကောင်တွေ တရုတ်ပြည်ကနေ အသက်ရှင်လျက် မထွက်သွားနိုင်စေရဘူး”
လောင်ကျိုးက တွေးတောပြီးနောက် စိတ် ဆုံးဖြတ်လိုက်သည်။ သူက နီရဲသော မျက်လုံးများဖြင့် အော်သည်။
“တိရိစ္ဆာန်ရုံထဲက တိရိစ္ဆာန်တွေကို ကောင်းကောင်းစောင့်ရှောက်ဖို့ မင်း အပ်ထားခဲ့တာကို ငါက ယုံကြည်မှုနဲ့ ထိုက်တန်အောင် မလုပ်နိုင်ခဲ့တဲ့အတွက် ရှက်မိပါတယ်”
“ဒါ မင်းနဲ့ မဆိုင်ပါဘူး။ အရင်ဆုံး ငါတို့ ဆေးရုံကို သွားပြီး ဟာလီကို ကြည့်ရအောင်”
ဆုပိုင်က လက်တစ်ချက် ရမ်းလိုက်ပြီး တိရိစ္ဆာန်ရုံထဲမှ ထွက်သွားသည်။
“ဘာမှ ဆက်မဖြစ်တော့ဘူးလား”
ငှက်တောကလည်း ဆုပိုင်၏ ကျောပြင်ကို ကြည့်ပြီး ခပ်တိုးတိုး ရေရွတ်သည်။
ဒါရိုက်တာဆုပိုင်က အတိတ်မှာ ဒေါသထွက်ခဲ့ဖူးပြီး သူတို့ကို သင်ခန်းစာ ပေးဖူးပေမဲ့လည်း ဒီအခြေအနေက ထူးခြားနေသလိုပဲ။
ဒါရိုက်တာဆုပိုင်၏ တုံ့ပြန်မှုက အလွန်အမင်း တည်ငြိမ်နေသည်။ ဒါက ကြောက်စရာ ကောင်းသည်။
“ဘာမှတော့ မဖြစ်လောက်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါလောင်ကျိုးက ဒါရိုက်တာဆုပိုင်ကို တစ်ခုခုဖြစ်ခွင့် ပြုမှာမဟုတ်ဘူး”
လောင်ကျိုးက အံကြိတ်လိုက်သည်။ သူက နောက်လှည့်ပြီး အဆောင်ထဲသို့ ဝင်သွားသည်။
.....။
ဖုန်း။
167 03
“မဟုတ်ဘူး”
တိရိစ္ဆာန် ကာကွယ် စောင့်ရှောက်ရေးဌာနအတွင်းတွင် နန်ကုန်းယွမ်က လက်ထဲမှ မှတ်တမ်းများကို ကြည့်ပြီး စားပွဲပေါ်သို့ ခပ်ကြမ်းကြမ်း ပစ်ချလိုက်ကာ စိတ်လှုပ်ရှားစွာ အော်သည်။
“ဒါက ဘာလဲ”
“အား”
“သောက်ကျိုးနည်း ဒီနိုင်ငံခြားရေးရာ ကိစ္စတွေကို ဆောင်ရွက်တဲ့အဖွဲ့မှာ ဝက်တစ်အုပ် ရှိနေတာလား။ ဘယ်လိုကြောင့်များ ဒီလိုကိစ္စမျိုးမှာ ဝင်ပါတဲ့ကောင်ကို ဘာမှလုပ်လို့မရတာလဲ”
“နောက်ပြီး ဒီအရူးတွေအားလုံးက သက်တော်စောင့်တွေကိုပဲ အပြစ်ခံဖို့ ချန်ထားခဲ့တယ် ဟုတ်လား”
ထိုသို့ပြောပြီးနောက် နန်ကုန်းယွမ်က ကုလားထိုင်ပေါ်မှ ရုတ်တရက် ထလိုက်သည်။ သူ၏မျက်နှာက သုန်မှုန်နေသည်။ သူက အေးစက်စွာ ပြောသည်။
“ဒီကောင်မှာ ဘယ်လို နောက်ခံရှိရှိ ငါ ဂရုမစိုက်ဘူး။ သူက တိရိစ္ဆာန်ရုံထဲကို လာပြီး တိရိစ္ဆာန်တွေကို ပေါ်တင် ဒုက္ခပေးသွားတာ။ ဒီလိုကောင်မျိုးကိုမှ ပြင်းပြင်းထန်ထန် အပြစ်မပေးရင် အနာဂတ်မှာ တိရိစ္ဆာန်တွေကို ဘယ်လိုများ ကာကွယ်ရမှာလဲ”
“သွား နန်တု Jdဌာနကို အကြောင်းကြားလိုက်။ ဟာလီကို ဒဏ်ရာရအောင် လုပ်ထားတဲ့သူက တိုင်းပြည်ကနေ ထွက်သွားတော့မယ်။ နောက်ပြီး သူတို့တွေ ဟာလီကို ချီးမြှင့်ထားတဲ့ ဆုတံဆိပ်က ပလတ်စတစ်နဲ့ လုပ်ထားတာ မဟုတ်ရင် သောက်ကျိုးနည်း အဲဒီလေယာဥ်ကို ပစ်ချစမ်းပါလို့ ပြောစမ်းပါ”
ဖုန်း။
“နန်ကုန်း မင်း ဘာပြောလိုက်တာလဲ”
ရုတ်တရက် တံခါးဝမှ တွန်းဖွင့်ခံရပြီး တက်တက်ကြွကြွ ရှိသည့် စစ်သည်တော် တစ်အုပ်က ဝင်လာသည်။
လီရှင်းက နန်ကုန်းယွမ်ကို ကြည့်လိုက်သည်။ ထို့နောက် အနီးဆုံးခုံတွင် ဝင်ထိုင်လိုက်သည်။
“မင်းအတွက် ကိစ္စနှစ်ရပ် ရှိတယ်”
“ပထမဆုံးအနေနဲ့ ငါတို့က ဟာလီကို ဒဏ်ရာရအောင် လုပ်ထားတဲ့လူကို တရုတ်ပြည်ကနေ ထွက်သွားခွင့် ပြုမှာမဟုတ်ဘူး”
“ဒုတိယအချက်အနေနဲ့ ဒါရိုက်တာဆုပိုင်ကလည်း ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး မင်းနဲ့ ဆွေးနွေးဖို့ လိုအပ်တယ်။ နောက်ပြီး ငါတို့ရဲ့ jdဌာနကလည်း ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို ကျေနပ်တဲ့ ဖြေရှင်းချက်ကို သေချာပေါက်ပေးမှာပါ”
ထိုသို့ ပြောပြီးနောက် လီရှင်းက ခေါင်း ငုံ့လိုက်သည်။ သူက အသံကို တိုးကာပြောသည်။
“ဒါရိုက်တာဆုပိုင်ကို မိုက်ရူးရဲမဆန်စေနဲ့။ မင်းသေချာပေါက် သူ့ကိုဖျောင်းဖျနိုင်ရမယ်”
ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရှိ တိရိစ္ဆာန်များ၏ တိုက်ခိုက်စွမ်းအားကို နန်ကုန်းယွမ်တို့က မသိလောက်သော်လည်း လီရှင်းကမူ ကောင်းကောင်း နားလည်သည်။ ဟာလီ၏ မတော်တဆမှုကို ဥပမာအဖြစ် သိနိုင်သည်။ တိရိစ္ဆာန်ရုံထဲတွင် မဟုတ်ဘဲ တောရိုင်းနယ်မြေတွင်သာဆိုလျှင် သက်တော်စောင့် သုံးယောက်ကပင် ဟာလီကို မယှဥ်နိုင်လောက်ချေ။
လီရှင်း၏ စကားကို ကြားပြီးနောက် နန်ကုန်းယွမ်က အသိ ပြန်ဝင်သွားသည်။ သူက လေးနက်သော မျက်နှာနှင့် ခေါင်းကို ခပ်မြန်မြန် ညိတ်သည်။
ရိုးသားစွာပြောရသော် သူက ဟာလီကို ဒဏ်ရာရအောင် လုပ်ခဲ့သည့် လူများ၏ အသက်ကို ဂရုမစိုက်ချေ။ ဆုပိုင်ကသာ မလိုလားအပ်သော ပြဿနာများအတွင်း မရောက်သွားရန် မျှော်လင့်မိသည်။
တိရိစ္ဆာန်များကို ကယ်တင်နေဆဲ ကာလ ဖြစ်သည်။ ပြည်ပမှ လာသည့် စည်းမဲ့ကမ်းမဲ့ ဒုစရိုက်သားတစ်အုပ်ကိုသာ သွားရောက် ရန်စလိုက်လျှင် ထိုလူများက ယင်းကို ပြဿနာရှာရန်အတွက် တရုတ်ပြည်သို့ မလာလောက်သော်လည်း ချောင်းမြောင်း လုပ်ကြံနိုင်သေးသည်။
“ဒီလူက လေယာဥ်ပေါ်တက်ပြီး ပြည်ပကို ထွက်သွားတော့မှာ။ မင်းသူ့ကို ဘယ်လို တားမှာလဲ”
ရုတ်တရက် နန်ကုန်းယွမ်က အကြံကို တွေးမိသွားပြီး ခပ်မြန်မြန် မေးသည်။
“ဟားဟား”
လီရှင်းက လှောင်သည်။ သူက မျက်လုံးကို ကျဥ်းမြောင်းလိုက်ပြီး သုန်မှုန်သော လေသံနှင့် ပြောသည်။
“မစိုးရိမ်ပါနဲ့။ သူ ထွက်မသွားနိုင်ပါဘူး”
“ငါ လူလွှတ်ပြီး လေယာဥ်ကို တားထားပြီးသား။ ပြောရရင် ငါသူ့ရဲ့အိတ်ထဲကို dp 10kg လောက် ထိုးထည့်ထားတယ်။ ဒီလိုအခြေအနေမျိုးနဲ့ ငါ သူ့ကို မထိန်းထားနိုင်ဘူးလို့ မယုံဘူး”
******
168 01
အပိုင်း (168)
“ဆရာမော်ဂန် မြန်မြန်သွားရအောင်”
“ငါတို့ အထူးလေယာဥ်ကို စီးပြီး ဒီနေရာကနေ ခပ်မြန်မြန် ထွက်သွားရမယ်”
“ခေါင်းဆောင်ရဲ့အမိန့်အရ ဒီဌာနကို ခဏတော့ လှည့်စား ထားနိုင်ပေမဲ့လည်း ငါတို့ကို အကြာကြီး ကာကွယ်ထားနိုင်မှာမဟုတ်ဘူး”
ရွှေအိုရောင်ဆံပင်နှင့် သက်တော်စောင့်က နောက်မှ ကပ်လိုက်လာသည်။ မော်ဂန်က ဘေးဘီကို သတိအပြည့်ကပ်ကာ လေသံတိုးတိုးဖြင့် ပြောသည်။
“ငါတို့ ထိခိုက်အောင် လုပ်ခဲ့တဲ့ တိရိစ္ဆာန်က တရုတ်နိုင်ငံမှာ ကြယ်ငါးပွင့် ဆုတံဆိပ်ရထားတဲ့ တိရိစ္ဆာန်လို့ ဘယ်သူ ထင်ထားမှာလဲ။ စစ်တပ်ကသာ ဝင်ပါလာရင် ငါတို့ ဒုက္ခ ရောက်လိမ့်မယ်”
“ဟုတ်တယ်”
မော်ဂန်၏မျက်နှာက သုန်မှုန်နေသည်။ သူက ခေါင်းညိတ်လိုက်ပြီး သူ၏လက်မကို သူ၏ စိန်လက်စွပ်ကြီးပေါ်သို့ ဆက်တိုက် ပွတ်နေသည်။
ဒါက ရိုးရိုးရှင်းရှင်း တိရိစ္ဆာန်ရုံလေးပဲလို့ ထင်ထားတာလေ။
ပို၍ ဆိုးသည်မှာ...။
သူတို့၏ အဖွဲ့အစည်းက အနောက်တိုင်း တိုင်းပြည် ပေါင်းများစွာနှင့် ပူးပေါင်းထားသည်။ ထို့ကြောင့် ထိပ်တန်းအဆင့် သုတေသန အဖွဲ့အစည်းကြီး ဖြစ်သည့် UAကော်ပိုရေးရှင်းကပင် သူတို့ကို ဒီလိုမဆက်ဆံဖူးပေ။
“ဟွန့် ငါတို့ ပြန်သွားပြီးတဲ့နောက်မှာ လူလွှတ်ဖို့ နည်းလမ်းရှာရမယ်။ နောက်ပြီး တိရိစ္ဆာန်ရုံထဲက တိရိစ္ဆာန်တွေ အားလုံးကို သတ်ရမယ်”
မော်ဂန်က အထူးဘုန်းတင်းချန်နယ်မှ တစ်ဆင့် အရှေ့သို့ ဆက်လျှောက်သွားသည်။
သူက အကြည်ကာထားသော လမ်းကြောင်းမှ တစ်ဆင့် ယာဥ်ငယ်လေးပေါ်သို့ ခပ်မြန်မြန် တက်ပြီး အဝေးရှိ လေယာဥ်ပျံလေးထံသို့ ခပ်မြန်မြန် သွားသည်။
“မြန်မြန်”
“ဒီကောင်တွေကို တားဖို့ နောက်မှာ လူတွေလည်း ချန်ထားခဲ့လိုက်။ ငါတို့ အရင်သွားရအောင်”
“အထက်က ဒီပလိုမတ်တစ်ဌာနနဲ့ ဆက်ဆံရေးကောင်းလို့ အထူးဝင်ထွက်ခွင့် လမ်းကြောင်းကို ရထားတယ်”
သက်တော်စောင့်က လေယာဥ်အောက်ဘက်တွင် ရပ်နေသည်။ မော်ဂန်ကိုသာ လေယာဥ်ပေါ်သို့ တက်သွား စေလိုက်သည်။
“ဟူး”
မော်ဂန်က စိတ်အေးသွားသလို သက်ပြင်းချပြီး private chat၏ သက်သောင့်သက်သာ ရှိသော ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
ဝေဝါးနေသော အကြည့်များနှင့်သူက သောက်စရာများနှင့်အတူ ထွက်လာသည့် private လေယာဥ်မယ်ကို တစ်ချက်ကြည့်လိုက်သည်။
“ဒီကိုလာ”
သူက ထိုလေယာဥ်မယ်ကို လက်တစ်ချက်ရမ်းလျက် အေးစက်သော လေသံနှင့် ပြောသည်။
“ဒူးထောက်”
သူ၏ရှေ့တွင် ဒူးထောက်နေသည့် လေယာဥ်မယ်၏ နွေးထွေးကာ ချောမွေ့သည့် ဝန်ဆောင်မှုကို ခံစားနေရင်း မော်ဂန်က စီးကရက်ကို ကောက်ယူလိုက်ကာ တဖြည်းဖြည်းချင်း စုပ်သောက်သည်။
ထိုအခိုက်အတန့်မှသာ သူ၏ဝိညာဉ်က ပြန်ရောက်လာသလို ခံစားလိုက်ရသည်။
“သောက်ကျိုးနည်း တရုတ်တွေ”
သူက အော်သည်။
သူက လေယာဥ်မယ်၏ခေါင်းကို လက်နှစ်ဖက်လုံးဖြင့် ဖိချလိုက်သည်။ သူ၏နဖူးမှ သွေးကြောများက ထောင်တက်လာသည်။ သူက ခပ်တိုးတိုး အော်သည်။
“ဘာလို့ မထွက်သေးတာလဲ”
အချိန်အတန်ကြာ ထိုင်ပြီးနောက် လေယာဥ်က မထွက်သေးသဖြင့် မော်ဂန်က အေးစက်စွာ မေးလိုက်သည်။
168 02
ဖုန်း။
ထိုအခိုက်အတန့်တွင် လေယာဥ်၏ ရှေ့တံခါးက ခပ်ကြမ်းကြမ်း ဆောင့်ဖွင့်ခံရပြီး ငယ်ရွယ်သော ရဲအရာရှိတစ်ယောက်က ဝင်လာသည်။ နောက်ဘက်တွင် စစ်သားပေါင်းများစွာ ပါလာသည်။
“စိတ်မရှိပါနဲ့ လူကြီးမင်းမော်ဂန် ရှင် ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး”
ရွှယ်နင်က လေယာဥ်အတွင်းရှိ ထူးဆန်းသော ရနံ့ကို ရပြီး မျက်မှောင် ကြုတ်လိုက်သည်။ ထို့နောက် အရှေ့မှ အမျိုးသားကို ကြည့်ပြီး အေးစက်စွာ ပြောသည်။
“ငါတို့က တရုတ်နိုင်ငံ Jdဌာနကပဲ။ အခု နင်နဲ့ နင့်ရဲ့သက်တော်စောင့်တွေကို ငါတို့နဲ့အတူ ပြန်လိုက်ပြီး စုံစမ်း စစ်ဆေးမှုခံယူဖို့ မျှော်လင့်တယ်”
“ဘာလို့လဲ”
“ငါတို့မှာ ဒီပလိုမတ်တစ်ဌာနက ပေးထားတဲ့ အထူး ဝင်ထွက်ခွင့် ရှိတယ်။ မင်းက ငါ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုကို ကန့်သတ်နေတာပဲ။ ငါ သင့်တော်တဲ့ အကြောင်းပြချက်ကို လိုချင်တယ်”
ဖုန်း။
ရွှယ်နင်က နောက်ဘက်မှ စစ်သား၏အိတ်ကို အောက်ဘက်သို့ ပစ်ချလိုက်သည်။ ထို့နောက် နောက်ပြောင်သလို ပြောသည်။
“ဒီဖြေရှင်းချက် လုံလောက်လား”
မော်ဂန်က အရှေ့မှ အိတ်ကိုယူပြီး ဖွင့်ကြည့်လိုက်သောအခါ အတွင်းတွင် အဖြူရောင်အမှုန့်များကို တွေ့ရသည်။ မော်ဂန်က မျက်လုံးပြူးသွား၏။ သူက ထိုအရာကို စိုက်ကြည့်ပြီး ခပ်မြန်မြန် အော်သည်။
“ဒါက စွပ်စွဲတာပဲ။ ဒီdpက ငါတို့ဟာ မဟုတ်ဘူး”
“ငါ ဒီပလိုမတ်တစ်ဌာနက အရာရှိတွေနဲ့ ညှိနှိုင်းဖို့ လိုအပ်တယ်။ မင်းတို့မှာ ငါတို့ကို ဖမ်းပိုင်ခွင့် မရှိ....”
“လာစမ်း..”
“ဖြန်း”
ရွှယ်နင်က မော်ဂန်၏ မျက်နှာကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်ရင်း လှောင်သည်။
“ဟာလီက ငါတို့ရဲ့ jdရဲတွေအတွက် ဘယ်လို အရေးပါသလဲဆိုတာကို နင် မသိလောက်ဘူး။ ဒါပေမဲ့ နင်သိထားသင့်တာ တစ်ခုတော့ ရှိတယ်”
“ဒီdp 10kg ကြောင့် ဘယ်တိုင်းပြည်မှာမဆို ဆယ်ချက်ထက်မနည်း ပစ်ခွင့်ရှိထားပြီးသား”
“နောက်ပြီး ငါ နင့်ကို တစ်ခုတော့ လျှို့ဝှက်ပြီး ပြောရဦးမယ်။ တကယ်တော့ ဒီdpကို ငါတို့ ယူလာတာ”
“ဒီတော့ နင် အသေခံဖို့ စောင့်နေလိုက်တော့ သားရဲကောင်”
“ခေါ်သွားတော့”
ထိုသို့ အေးစက်စွာပြောပြီးနောက် နောက်ဘက်မှ စစ်သည်တစ်အုပ်က မော်ဂန်ကို ခပ်ကြမ်းကြမ်း ဆွဲဆောင့်လျက် private chatပေါ်မှ ဆင်းသွားသည်။
“မဟုတ်ဘူး”
“ငါက ပတ်ထရိုလီယမ် မဟာမိတ်ကနော်။ မင်းတို့ သေချင်နေကြလား”
မော်ဂန်က ထိုရဲမေ၏ စကားကို ပြန်လည် ကြားယောင်ပြီး တုန်ယင်သွားသည်။
သွားပြီ။
ဒီတစ်အုပ်က သူ့ကို သေခိုင်းတော့မှာ။
......။
လူတိုင်းက မော်ဂန်ကို ဖမ်းဆီးပြီးသွားသည့် အချိန်တွင် ချင်တုရှိ privateအိမ်တစ်လုံးတွင်...။
အခန်းတစ်ခန်းလုံးရှိ အလင်းများက မည်းမှောင်နေသည်။ မည်သည့်မီးကိုမှ မဖွင့်ထားချေ။ ထိုအရာအပြင် အခန်းထဲရှိ မည်သည့်လူသားကမှ အသံမထုတ်ကြချေ။
“မင်း တွေးပြီးပြီလား”
“အင်း”
168 03
“ဒါက ကိစ္စလေး မဟုတ်ဘူးနော်။ ဒီကိစ္စအကြောင်း ပေါ်သွားတာနဲ့ ရှောင်ရုန့် ဘာဖြစ်သွားမယ်ထင်လဲ”
ထိုစကားကို ကြားပြီးနောက် တစ်ဖက်မှလူက တုန်ယင်သွားသည်။ ထို့နောက် အသက်ပြင်းပြင်း ရှူသည်။
“ရှောင်ရုန့်ကို ဂရုစိုက်ဖို့ လူရှိပါတယ်။ နောက်ပြီး ဒီတစ်ကြိမ် အဖြစ်အပျက်ကို ဘယ်သူမှ မသိစေရဘူး”
တစ်ဖက်ရှိလူက စကားပြောပြီးနောက် စားပွဲပေါ်တွင် တင်ထားသည့် ရှည်ထားသော စတုရန်းပုံ သေတ္တာကြီးကို ကောက်ယူလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ ထွက်သွားသည်။
“နောက်ပြီး အကွာအဝေးက မီတာ၂ ထောင်ပဲ။ မင်း ဒါကို မထိတာ ကြာပြီဆိုတော့ အလုပ်မဖြစ်ရင် ငါမင်းနဲ့ လိုက်ခဲ့ပေးလို့ရတယ်”
“မလိုဘူး”
ထိုသို့ပြောပြီးနောက် ထိုလူက နောက်လှည့်မကြည့်ဘဲ ထွက်သွားသည်။
“အား”
သက်ပြင်းရှည်ကြီးကို ချပြီးနောက် အတွင်းတွင် စီးကရက် မီးအလင်းရောင်က ပေါ်ထွက်လာသည်။
စီးကရက် မီးအရောင်မှတစ်ဆင့် အမာရွတ်များ ပြည့်နှက်နေသည့် မျက်နှာနှင့် လူတစ်ယောက်က ပေါ်လာသည်။ သူက တံခါးသို့ စိုးရိမ်တကြီး ကြည့်သည်။
“မင်းသာ ငါတို့ နောက်ကို လိုက်ပြီး ကြည်းစစ်သား ဆက်လုပ်မယ်ဆိုရင် ကောင်းမှာပဲ။ ဒါပေမဲ့...ရပါတယ်။ ငါ့မှာလည်း ကလေးတွေ ရှိသေးတယ်။ နောက်ပြီး ငါက သူဌေးကောင်း တစ်ယောက် ဖြစ်နေတုန်းပဲ”
“ဟူး”
သူက မီးခိုးများကို အကွင်းလိုက်သည်။ အမာရွတ်နှင့်လူက စီးကရက်ဖင်ဆီခံကို စားပွဲပေါ်သို့ ဖိချလိုက်ရင်း အပြင်သို့ ထွက်လိုက်သည်။
ထိုလူထွက်သွားပြီး သိပ်မကြာခင် တစ်အိမ်လုံးက မီးလောင်သွားသည်။
“ဆုပိုင် ငါ....”
ဒါရိုက်တာလျိုက ဆေးရုံခန်းအတွင်းတွင် ရပ်နေရင်း အရှေ့ဘက်မှ ဟာလီ၏ ဒဏ်ရာများကို ကုသနေသော ဆုပိုင်ကို ကြည့်သည်။ သူက တုံ့ဆိုင်းနေသည်။
“ဒီလူတွေရဲ့ နောက်ခံက မရိုးရှင်းဘူး။ နောက်ပြီး....”
“သက်တော်စောင့်တွေက သေရမှာကိုမကြောက်ဘဲ အပြစ် ခံယူချင်ကြတယ်။ ဒါကြောင့် ငါတို့ရဲ့ လုံခြုံရေးရုံးတော်ကလည်း....”
“ငါ သိတယ်။ အဆင်ပြေတယ်”
ဆုပိုင်က အရှေ့မှ ဒဏ်ရာများကိုသာ ကျွမ်းကျင်စွာဖြင့် ချုပ်ပေးနေသည်။ သူက ဟာလီ၏ နဖူးကိုထိကာ ပြုံးရယ်ကာပြောသည်။
“နာသေးလား”
“နောက်တစ်ကြိမ်မှာ ကြင်နာ ပေးစရာမလိုဘူး။ မင်းက တိရိစ္ဆာန်ရုံထဲက လူတွေကို ထိခိုက်အောင် မလုပ်ရပေမဲ့လည်း လူဆိုးနဲ့တွေ့ရင်တော့ ခုခံဖို့ သင်ယူထားရမယ်။ နားလည်လား”
“ဝုတ်”
“အိုး”
ဟာလီက သူ၏ရင်ဘတ်မှ ပတ်တီးများကို ကြည့်သည်။ သူက အဖြူရောင်ပတ်တီးကြီးကို ဝတ်ထားရသည်။ ထို့ကြောင့် မျက်မှောင်ကြုတ်ကာ ဟောင်သည်။
ဆုပိုင်က ထိုကောင်၏ အမွေးများကို တစ်ချက်သပ်လျက် အနီးနားရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် အရှေ့ဘက်မှ ဒါရိုက်တာလျိုကို မျက်တောင် မခတ်ဘဲ စိုက်ကြည့်လိုက်သည်။
“ဆုပိုင်”
“သူတို့က ဘယ်သူတွေလဲ။ ငါ တိကျတဲ့ အကြောင်းပြချက် လိုချင်တယ်”
ဆုပိုင်က ခွေးလေး၏ လက်သည်းလေးကို တစ်ဖန် ပြန်ချလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
ဟာလီ၏ ဒီတစ်ကြိမ်ဒဏ်ရာများက မသေးငယ်ချေ။ နံရိုးနှစ်ချောင်း ကျိုးသွားသည်။ သူ၏ အတွင်းအင်္ဂါများကိုပင် ထိုးစိုက်လုနီးပါး ဖြစ်သွားသေးသည်။
ဆုပိုင်ကလည်း ဟာလီသာ သေသွားခဲ့လျှင်ဆိုသော အကြောင်းအရာကို မတွေးဝံ့ပေ။
ဒါဆိုရင် အစပိုင်းကတည်းက သူ့ကိုအပ်နှံခဲ့တဲ့ ရုမိသားစုကို သူ ဘယ်လို မျက်နှာပြရမှာလဲ။ သူက ဒီယုံကြည်မှုနဲ့ ထိုက်တန်ပါ့မလား။
နောက်ပြီး ဟာလီက အသက်ကြီးနေပြီ။ အရင်တစ်ခေါက် သေနတ်ဒဏ်ရာကလည်း သက်ရောက်မှု ရှိနေတုန်းပဲ။ ဒီတစ်ကြိမ်က....။
“ငါ မိုက်ရူးရဲဆန်ပြီးမလုပ်ပါဘူး။ မစိုးရိမ်နဲ့”
“ဒီတိုင်း အခြေအနေမှန်ကိုသာ ပြောစမ်းပါ”