အခန်း (၁၆၉-၁၇၁)
Vol. 12 Ch. 169-171
169 01
အပိုင်း (169)
ဒိုင်း။
ဒိုင်း။
ဘုန်း ဘုန်း ဘုန်း။
အကျဥ်းသားများကို လိုက်ပါပို့ဆောင်သည့် အစိမ်းရောင်ယာဥ်ကြီးများက ချင်းလင်တောင်တက်လမ်းတွင် မောင်းနှင်နေသည်။ ထိုနေရာ၏ လမ်းက ကြမ်းသည်။
“မင်းတို့ ဒီလိုလုပ်တဲ့အတွက် အပြစ်ပေးခံရလိမ့်မယ်”
မော်ဂန်က ပြတင်းပေါက်နားတွင် ထိုင်ထားရသည်။ သူက ခေါင်းခန်းတွင် ထိုင်နေသည့် ရွှယ်နင်ကို အေးစက်စွာ ကြည့်ရင်း လှောင်ကာပြောသည်။
“မင်းတို့မှာ ငါ့ကို သေမိန့် ပေးပိုင်ခွင့်မရှိဘူး”
“နောက်ပြီး ဒါက တိရိစ္ဆာန်တစ်ကောင် သာသာပဲ။ ငါတို့အဖွဲ့အစည်းက ကောင်တွေက ဒီထက်ပိုပြီး ကြမ်းတမ်းတယ်”
“နောက်ပြီး အဲဒီကောင်က သေတာလည်း မဟုတ်ဘူး”
“ဒီdpတွေကို အခြေခံကြည့်ရရင် မင်းတို့ ငါ့ကို သေမိန့် ပေးပိုင်ခွင့် မရှိဘူး။ ဒီတော့ ငါပြန်သွားမဲ့အချိန်ကို စောင့်စမ်းပါ။ ဟန့် အဲဒီအခါမှ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံတစ်ခုလုံးက နောင်တ ရရမယ်”
“ဟားဟားဟား”
မော်ဂန်က တုံ့ပြန်တိုင်းတွင် သူ၏စိတ်က အများကြီး တည်ငြိမ်သွားသည်။ သူ့တွင် ထိတ်လန့်မှု မရှိတော့ချေ။ ပတ်ထရိုလီယမ်မဟာမိတ်က သူ့ကို သေချာပေါက် ကာကွယ် ပေးလိမ့်မည်။
တစ်ကမ္ဘာလုံး၏ ဆီ reserve တစ်ဝက်ကျော်ကျော်ခန့်ကို ထိန်းချုပ်နေသည့်အလျောက် တရုတ်ကပင် သူတို့ကို မျက်နှာသာ ပေးရန် လိုအပ်သည်။ သို့သော်...။
တိုင်းပြည်တွေ အများကြီးက ပါဝင်ဖိအားပေးခဲ့ရင်တော့....။
တရုတ်က သူ့ကို ဒီနေရာမှာ ကွပ်မျက်ရဲမယ်လို့ မယုံကြည်ဘူး။
မဖြစ်နိုင်တာ။
သူ၏နောက်ဘက်တွင်လည်း အကျိုးအမြတ်ပေါင်း များစွာ ရှိသည်။ သူ သေသွားသည်နှင့် တရုတ်နှင့် တိုက်ရိုက် ပတ်သက် နေပေလိမ့်မည်။ ထို့နောက်.....။
“ဟူး”
“သူ့ရဲ့စောက်ပါးစပ်ကို ပိတ်စမ်းပါ။ တအား ဆူတယ်”
ရွှယ်နင်က သုန်မှုန်သော မျက်နှာနှင့် လှည့်ကြည့်လိုက်ပြီး ခပ်ကြမ်းကြမ်း ဆူပူသည်။
ဒါက ဘာကို ဆိုလိုမှန်း မသိပေမဲ့လည်း ဒါပေမဲ့....။
ဟာလီက ဆေးရုံဆင်းသွားပြီ ဖြစ်ကြောင်း ဒဏ်ရာက မပြင်းထန်ကြောင်း သိခဲ့ရသည်။ တခြားစကားဖြင့် ဆိုရသော် အရှေ့မှ အကောင်က အများဆုံးမှ တရုတ်နိုင်ငံတွင် အကျဥ်းသာကျနိုင်သည်။ သူ၏အသက်က အန္တရာယ်မရှိနိုင်ပေ။ သို့သော်... ။
ထိုနေ့က ဖြစ်ရပ်နှင့် ပတ်သက်ပြီး သူမက ဒါရိုက်တာလီရှင်း၏ ဖုန်းနှင့် ရိုက်ထားသည့် ဗီဒီယိုကို ကြည့်ခဲ့ရသည်။
တိရိစ္ဆာန်ရုံရှိ ဝန်ထမ်းကသာ သူ့ကို မတားခဲ့လျှင် ထိုလူမည်းက ဟာလီကို ရိုက်သတ်လောက်သည်။
ပို၍ဆိုးသည်မှာ သူတို့က သေနတ်ပင် ထုတ်ကြသေးသည်။ လုံခြုံရေးရုံးတော်မှ လူများကသာ အရောက် နောက်ကျမည်ဆိုလျှင် ထိုလူများက ပြင်းပြင်းထန်ထန် ထိခိုက်အောင် မလုပ်လောက်သော်လည်း ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရှိ တိရိစ္ဆာန်ပေါင်းများစွာက သေနိုင်သည်။
ထိုအကြောင်းအရာကို တွေးမိသော ရွှယ်နင်က အံကိုကြိတ်မိသည်။
ငါသာ အမိန့် နာခံနေရတာ မဟုတ်ရင် ဒီကောင်ကို ခိုးသတ် လိုက်တယ်။
တအား မုန်းဖို့ကောင်းတာပဲ။
169 02
ဟာလီကြောင့်သာ မဟုတ်ရင် အရင်တစ်ခေါက် စီမံကိန်းမှာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ဘယ်လောက်တောင် သေသွားလိုက်မလဲ။
လူတိုင်းတွင် ခံစားချက် ရှိသည်။ နန်တုရှိ Jdရဲအရာရှိ ပေါင်းများစွာကလည်း ထိုကိစ္စနှင့် ပတ်သက်ပြီး အလွန် ဒေါသထွက်နေရသည်။
ထိုအရာသာ မကသေးပေ။
လီရှင်းအပါအဝင် လူတိုင်းက ဆုပိုင်၏ အပြုမူကို စိုးရိမ်နေကြရသည်။ ထိုကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ဘဲ ဆုပိုင်ကို စိတ်ပျက်စေမိလျှင် တိရိစ္ဆာန်များကို ပြည်ပသို့ အရွှေ့ ခံရနိုင်သည်။ ထို့နောက်....။
သူတို့၏ ရဲခွေးများကို မရရှိနိုင်လောက်တော့ချေ။
သွယ်ဝိုက်သော နည်းအားဖြင့် နှစ်တိုင်းလိုလို ရဲသားပေါင်းများစွာ သေဆုံး ရပေလိမ့်မည်။
“နင်သာ ဒီဝတ်စုံတွေ ဝတ်ထားတာကြောင့် မဟုတ်ရင် ငါနင့်ကို ဒီနေရာမှာတင် အသေ သတ်လိုက်ချင်တယ်”
ရွှယ်နင်က မော်ဂန်ကို နီရဲသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး အံကိုကြိတ်ကာ ပြောသည်။
“အွန်း...”
မော်ဂန်က ပြန်ငြင်းလိုသည်။ သို့သော် ရုတ်တရက် ဘေးဘက်ရှိ စစ်သားများ၏ လက်များနှင့်အတူ သူ၏ပါးစပ်က ခပ်ကြမ်းကြမ်း အပိတ်ခံရသည်။
ဂျိန်း။
ရုတ်တရက် offroadယာဥ်ကြီးက အရှေ့ဘက်ရှိ မတ်စောက်သော ဆင်ခြေလျှောကို ခပ်မြန်မြန်ကျော်ဖြတ်ကာ ထိုးဆင်းလိုက်ရသည်။ ထိုနောက် ရွှယ်နင်က တစ်ချက်ကြည့်လိုက်သည်။
တောင်ကုန်းဘေးဘက်တွင် တောက်ပသည့် အလင်းက ထိန်လာသည်။
“ဒါက ဘာတောလဲ။ ဘာလို့ မှန်ရှိနေတာလဲ”
ရွှယ်နင်က ရေရွတ်မိသေးသည်။
ယာဥ်က ထောင့်နားသို့ ကွေ့လိုက်သည့် အခိုက်အတန့်တွင် ယခုလေးတင် မြင်လိုက်ရသည့် အလင်းပြန်နေသော နေရာနှင့် မျက်နှာချင်းဆိုင်ဖြစ်သွားသည်။
ဒိုင်း။
ကျယ်လောင်သော အသံက ထွက်ပေါ်လာသည်။ လူတိုင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။
တစ်နှစ်ပတ်လုံး ရှေ့တန်းတွင် လှုပ်ရှားနေသည့် Jdရဲတိုင်းက ထိုအသံနှင့် အလွန်ရင်းနှီးသည်။ ဒါက စနိုက်ပါရိုင်ဖယ်၏ အသံဖြစ်သည်။ ထိုအတွေးက လူတိုင်း၏ စိတ်တွင် ဟိန်းထွက်လာသည်။
ခရက်။
တစ်ဖက်ခြမ်းရှိ ကားပြတင်းပေါက်က ချက်ချင်းလိုလို ပေါက်ကွဲသွားသည်။
“မြန်မြန်”
“ဒီကောင်ကို ကယ်ဖို့လာတဲ့လူတွေဖြစ်လိမ့်မယ်။ ပုန်းဖို့နေရာရှာကြ။ ငါချက်ချင်း....”
ဒရိုင်ဘာက သူ၏ စတီယာတိုင်ကို ခပ်မြန်မြန် လှည့်ကွေ့လိုက်ပြီး ကားကို မတ်စောင်သည့် ဆင်ခြေလျှောတောက်လျှောက် အမြန်ဆင်းနိုင်ရန် ကြိုးစားသည်။
ရွှယ်နင်က သူမ၏ ပစ္စတိုကို ထုတ်သည်။ သူမ၏လက်က ကားတံခါးကိုဖွင့်ပြီး အပြင်သို့ ထွက်လိုက်တော့မည့်အချိန်တွင် ကြောင်သွားသည်။
အကြောင်းမူကား ကားနောက်တန်းတွင် ထိုင်နေခဲ့သော မော်ဂန်က မျက်လုံးအပြူးသားနှင့် ခေါင်းမော့လာသည်။ သူ၏နဖူးတွင် လက်သည်းခွံအရွယ်အစားခန့်ရှိမည့် သွေးအပေါက်ရာကြီးထဲမှ သွေးများစိမ့်ထွက်နေသည်။
“ခေါင်းဆောင် မင်းဒီနေရာကိုလာပြီး ဒီကောင့်ကို သေတဲ့အထိ ပစ်သတ်လို့လား။ ဖြစ်နိုင်တာက....”
“ပေါက်ကရမပြောနဲ့”
“ဒါက”
လူတိုင်းက သူမကို စိတ်ရှုပ်ထွေးစွာကြည့်သည်။
“ကွဲသွားတဲ့ ဖန်သားတွေကိုယူပြီး နင်တို့ရဲ့ ကိုယ်ပေါ်မှာ ဒဏ်ရာတွေရှိအောင် နည်းနည်းခြစ်လိုက်စမ်းပါ။ ငါအခုပဲ အထက်ကို သတင်းပို့လိုက်မယ်”
အလားတူပင် ရွှယ်နင်ကလည်း ကွဲနေသော ဖန်သားစိတ်တစ်ခုကို ကောက်ယူလိုက်ပြီး အံကိုကြိတ်လျက် သူမ၏ကိုယ်ပေါ်တွင် ဖြတ်ရှရာများရှိအောင် ခြစ်လိုက်သည်။ ထို့နောက် ဖုန်းကိုထုတ်ပြီး လီရှင်း၏ နံပါတ်ကို ခေါ်လိုက်သည်။
169 03
ဖုန်းဝင်ခါစသာ ရှိသေးသည်။ တစ်ဖက်လူ၏ စကားကိုမစောင့်ဘဲ ရွှယ်နင်က အဆုပ်များကွဲမတတ် အော်ပြောလိုက်သည်။
“ဒါရိုက်တာ သတင်းပို့ ချင်းလင် တောင်တက်လမ်းမှာ မော်ဂန်ကို ကယ်ဆယ်ဖို့လာတဲ့ ဂိုဏ်းစတားတစ်အုပ်နဲ့ တွေ့ရတယ်”
“နောက်ပြီး နှစ်ဖက်ကြားမှာ ပြင်းထန်တဲ့ သေနတ်ပစ်ပွဲ ဖြစ်ပွားပြီး မော်ဂန်က အသတ်ခံလိုက်ရတယ်”
“ငါတို့ဘက်က လူတွေကလည်း ဒဏ်ရာရသွားတယ်။ ကျေးဇူးပြုပြီး အကူအညီ တောင်းခံပါတယ်”
တစ်ဖက် အစည်းအဝေးခန်းထဲတွင် ထိုင်နေသော လီရှင်းက ဖုန်းကိုကိုင်ထားရင်း ကြောင်သွားသည်။
မော်ဂန်သေသွားပြီ ဟုတ်လား။ သူ့ရဲ့ ဂိုဏ်းစတားတွေက လာပြီး ကယ်တယ် ဟုတ်လား။ နောက်ပြီး အကူအညီ တောင်းခံတယ်။
တစ်ခဏခန့်ကြာပြီးနောက် သူ၏စိတ်အတွင်း ပုံရိပ်သုံးခုက ဖြတ်ပြေးသွားသည်။
သို့ရာတွင် လီရှင်းက ချက်ချင်းထရပ်လိုက်ပြီး ဖုန်းထဲသို့ ပြန်အော်ပြောလိုက်သည်။
“အခုချက်ချင်း အကူအညီပေးဖို့အတွက် ဟယ်လီကော်ပတာ လွှတ်ပေးလိုက်မယ်။ အဲဒီ သောက်ကျိုးနည်း အရူးလို ရာဇဝတ်သားတွေကို ဖမ်းစမ်းပါ”
“နောက်ပြီး မော်ဂန်အတွက်ကတော့...”
“မင်းတို့ကောင်တွေ မစိုးရိမ်နဲ့။ သူ့ရဲ့အလောင်းကို အခုချက်ချင်း ပြန်သယ်လာခဲ့ကြ။ ဒီအလောင်းကို ဒီပလိုမတ်တစ်ဌာနကို ပို့ပေးရမယ်။ အဲဒီနောက် အခြေအနေကိုလည်း အမှန်အတိုင်း တင်ပြရမယ်”
“မင်းတို့ ဒဏ်ရာရသွားကြသေးလား”
“ဘာ… တစ်ယောက်က သေနတ်ဒဏ်ရာ ဆယ်ချက် ရသွားတယ်။ နောက်ပြီး နောက်တစ်ယောက်က ခြေထောက် ကျိုးသွားသေးတယ် ဟုတ်လား။ အခုချက်ချင်း ဆေးဌာနကို အကြောင်းကြားကြစမ်း။ ငါတို့ ဆေးရုံကို ချက်ချင်း လူတွေ ပို့ရမယ်”
“ကောင်းပြီ။ ကောင်းပြီ ဒါပဲ ဒါပဲ”
ထိုသို့ပြောပြီးနောက် သူက ဖုန်းကို တိုက်ရိုက် ချလိုက်သည်။
ထို့နောက် သူ၏အရှေ့မှ နန်ကုန်းယွမ်ကို ကြည့်ပြီး ရယ်လိုက်သည်။
“မော်ဂန် သေသွားပြီ”
“မော်ဂန်ကို လာကယ်ဆယ်တဲ့ သူတို့ဘက်က လူတွေနဲ့ ငါတို့ရဲ့Jdရဲတွေနဲ့ တိုက်ပွဲ ဖြစ်သွားတယ်။ ငါတို့က ရွပ်ရွပ်ချွံချွံနဲ့ ခုခံကာကွယ်ပေးခဲ့ရင်း ဆုံးရှုံးမှု တအား ကြီးမားသွားတယ်။ မော်ဂန်တောင်မှ ဒီလို ဝရုန်းသုန်းကား ဖြစ်နေတဲ့တို က်ပွဲအတွင်းမှာ လွတ်မြောက်ဖို့ ကြိုးစားပြီး ရုန်းကန် ထွက်ပြေးရင်းနဲ့ တစ်ဖက်က ကျည်ဆန်တွေကြောင့် သေသွားတယ်”
“အား”
နန်ကုန်းယွမ်က သက်ပြင်းချပြီး လီရှင်းကို ကြည့်ကာ ခေါင်းအသာခါသည်။
“ဒီကိစ္စကိုလည်း ဆုပိုင်ကို ပြောရမယ်။ ငါလည်း မင်းနဲ့အတူလိုက်ခဲ့ပြီး အထက်ကို တင်ပြပေးမယ်”
“တိရိစ္ဆာန်တွေကို ကယ်ဆယ်တဲ့ကိစ္စက ငါတို့ အတွက် တအား အရေးကြီးတယ်။ ဒါကြောင့် ဘယ်လို တန်ကြေးကို ပေးရပေးရ ဆုပိုင်နဲ့ ကောင်းကင်ပြာတိရိစ္ဆာန်ရုံကတော့ အမှားအယွင်း ရှိလို့မရဘူး”
“နားလည်ပါပြီ”
လီရှင်းကလည်း သဘောတူသည်။ ထို့နောက် ခေါင်းညိတ်၏။
တခြားတစ်ဖက်ခြမ်းတွင် ရွှယ်နင်က ဖုန်းချပြီးနောက် အသင်းဖော်များ၏ ထူးဆန်းသော မျက်နှာထားများကို မြင်လိုက်ရသည်။
ယခုလေးတင် ဖုန်းတစ်ဖက်မှ လီရှင်း၏ အသံကလည်း အလွန်ကျယ်သည်။ လူတိုင်းကလည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
“မင်းတို့ ကြားလိုက်လား”
“ငါတို့က တခြားတစ်ဖက်နဲ့ ပြင်းထန်ကြမ်းတမ်းတဲ့ သေနတ်ပစ်ပွဲကို ရင်ဆိုင်လိုက်ရတယ်။ ငါတို့ဘက်က ပြင်းပြင်းထန်ထန် ဆုံးရှုံးမှုတွေရှိတယ်။ မော်ဂန်က ထွက်ပြေးဖို့ ကြိုးစားရင်းနဲ့ တစ်ဖက်က ရောက်လာတဲ့ကျည်ဆန်ကြောင့် သေသွားတာ”
“နောက်ပြီး ကျည်ကာ အင်္ကျီဝတ်ထားတဲ့ သူတွေထဲက တစ်ယောက်လောက် မြန်မြန်ချွတ်ပြီး အဲဒီ ကျည်ကာဝတ်စုံကို သေနတ်ဆယ်ချက်လောက် ပစ်ထည့်လိုက်။ ပြီးတော့မှ ပြန်ဝတ်”
“အင်း ရှောင်းလျို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကားမတော်တဆမှုမှာ ခြေထောက်ကျိုးသွားတဲ့ ဆွေမျိုးတစ်ယောက် ရှိတယ် မဟုတ်လား။ မြန်မြန် သူ့ကို ဆက်သွယ်ပြီး ဆေးရုံ ပို့လိုက်စမ်းပါ”
ထိုအခါမှသာ လူတိုင်းက နားလည်သွားသည်။ ထို့နောက် အားလုံးက ရယ်ကြ၏။
ကျည်ကာဝတ်စုံဝတ်ထားသော လူက တစ်ဖက်ခြမ်းသို့ လျှောက်ပြီး သူ၏အင်္ကျီကို ချွတ်လျက် တစ်ဖက်မှ အသင်းဖော်ကိုပေးသည်။
“သောက်ကျိုးနည်း အရမ်းပျက်စီးသွားအောင် မလုပ်နဲ့နော်”
******
170 01
အပိုင်း (170)
လူတိုင်းက လှုပ်ရှားကြသည်။
[အံ့သြစရာပဲ ကောင်းကင်ပြာတိရိစ္ဆာန်ရုံထဲကိုတောင် ဂိုဏ်းစတားတွေက ပေါ်တင်ဝင်ပြီး ရာဇဝတ်မှုတွေ ကျုးလွန်သွားသေးတယ်]
မော်ဂန်တို့အဖွဲ့နှင့်အတူ လုံခြုံရေးရုံးတော်မှ လူများက ထွက်သွားခဲ့ပြီးနောက် ထိုpostတစ်ခုက အင်တာနက်ပေါ်တွင် ပေါ်လာသည်။
အမည်မသိရသော ဖိုရမ်က အရင်ဆုံး တင်လာခဲ့သည်။ အောက်ဘက်တွင်လည်းလည်း မိုဘိုင်းဖုန်းဖြင့် ရိုက်ထားသည့် vdက ပါသည်။
ရှင်းလင်းစွာပင် လူမည်းတစ်ယောက်က ဟာလီကို တိုက်ခိုက်ခဲ့ပုံ။ ထို့နောက် တိရိစ္ဆာန်ရုံဝန်ထမ်းကို ဒဏ်ရာရအောင် လုပ်ခဲ့ပုံများ ပါဝင်လေသည်။
နောက်ဆုံးတွင် သူက လူအုပ်ကိုပင် ခြိမ်းခြောက်ပြီး လူအရှေ့တွင်ပင် သေနတ်ကို ပစ်ခတ်ပြခဲ့သေးသည်။ ထိုvd ထွက်လာသည်နှင့် အင်တာနက်တစ်ခုလုံးတွင် ဝရုန်းသုန်းကား ဖြစ်သွားသည်။
လူတိုင်းက vdကို သိချင်စိတ်ပြင်းပြစွာနှင့် ဝင်ကြည့်ကြပြီး ဆက်တိုက်ဆိုသလို shareကြသည်။
[သောက်ကျိုးနည်း မောက်မာလိုက်တာ။ ဒါက ဘယ်က ကောင်လဲ။ ကောင်းကင်ပြာတိရိစ္ဆာန်ရုံထဲက တိရိစ္ဆာန်တွေကိုတောင် လာပြီး တိုက်ခိုက်ရဲသေးတယ် ဟုတ်လား။ ဒီကောင်တွေက သားရဲကောင်တွေပဲ။ ငါ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံကို ရောက်ဖူးတယ်။ နောက်ပြီး ဒီတိရိစ္ဆာန်တွေက တအား ကြင်နာတတ်တာ။ ဘယ်လောက်တောင် စိတ်ရှုပ်ဖို့ ကောင်းလိုက်သလဲ]
[အား ငါ ပေါက်ကွဲတော့မယ်။ ငါ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် ဟာလီရဲ့ကလေးလေးကို စ နောက်နေခဲ့သေးတယ်]
[ငါအခုပဲ အားလုံးကို စည်းလုံးမှုအပြည့်နဲ့ လှုပ်ရှားဖို့ ပြောချင်တယ်။ ဒါရိုက်တာဆုပိုင်က သူ့ရဲ့ခံစားချက်ကို ထုတ်ပြသေးတာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့ရဲ့နောက်က လူတစ်အုပ်ကတော့ အင်အား ကြီးမားလွန်းတာ သေချာတယ်။ ငါတို့ကလည်း ဒါရိုက်တာဆုပိုင်နဲ့ ကောင်းကင်ပြာတိရိစ္ဆာန်ရုံကို ထောက်ပံ့ ကူညီပေးရမယ်]
[ဟုတ်တယ်။ ဟုတ်တယ်။ ငါ သိပ်မကြာခင်ကမှ လန်မင်ကြွက်ပေါက်လေးကို ရထားတာ။ ငါ့ရဲ့ ကလေးလေးနဲ့အတူတူ ဒီကောင်လေးကို မထိခိုက်အောင် ကာကွယ်ပေးမယ်လို့ စဥ်းစားထားတာ ]
[အဆုံးထိ တိုက်ခိုက်ရမယ်။ ဒီကောင်တွေက မောက်မာလွန်းတာပါ။ ငါတို့က တရုတ်မှာလေ။ ရှေးခေတ်အချိန်ကနေ အခုအချိန်ထိ ဘယ်မျိုးနွယ်ခြားတွေက ဒီနေရာကိုလာပြီး ရမ်းကားရဲလို့လဲ]
[ငါ့ကိုလည်း ထည့်တွက်]
[ငါကတော့ ဒီလူတွေနဲ့ သေတဲ့အထိ တိုက်ခိုက်လိုက်ချင်ပြီ]
[ဝူးဝူးဝူး နင်တို့တွေ… နင်တို့တွေ ဟာလီက သွယ်ဝိုက်တဲ့ နည်းနဲ့ ငါတို့ရဲ့ နန်တုက လူတွေ အများကြီးကို ကယ်တင်ခဲ့တာကို မေ့သွားကြပြီလား။ ငါ နန်တုက လူတွေအားလုံးကို ထောက်ပံ့ပြီး အခုပဲ repost ပြန်တင်လိုက်မယ်။ ငါတို့အားလုံး အတူ တိုက်ခိုက်ကြတာပေါ့]
.......။
အင်တာနက်၏ အင်အားက ကြောက်စရာ ကောင်းသည်။ နေ့တစ်ဝက်ပင် မကြာသေးခင် ကောင်းကင်ပြာတိရိစ္ဆာန်ရုံတွင် ဖြစ်သွားသော ပုံပြင်က ကျယ်ပြန့်စွာ ပျံ့နှံ့သွားသည်။ ပို၍ပင် ပြင်းထန်လာသည်။
အွန်လ်ိုင်းတွင်သာ မဟုတ်ချေ။ အမျိုးမျိုးသော တိုက်ရိုက်ထုတ်လွှင့်မှု ပလတ်ဖောင်းများတွင်လည်း vdအတိုများ ပေါ်လာသည်။ ထိုသတင်းကို ထပ်ခါတလဲလဲ တင်ပြနေရသည်။
ထိုအခိုက်အတန့်တွင် မကြာခဏ အွန်လိုင်းတက်လေ့ရှိသော လူဖြူပင်ဖြစ်စေ လူမည်းပင်ဖြစ်စေ ထိုအကြောင်းအရာကို သိကြမည်ဖြစ်သည်။ လူတိုင်းတွင် တူညီသော ရည်ရွယ်ချက်သာ ရှိနေ၏။ ဒါက တိရိစ္ဆာန်များကို ထိခိုက်အောင် လုပ်သွားသော သူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန်ဖြစ်သည်။
လူတိုင်းကလည်း တက်တက်ကြွကြွ ပါဝင်ကြသည်။
ချင်တု၏ တုန်းယွဲ့ကလည်း ဆေးရုံသို့လာပြီး ဟာလီကိုကြည့်ရှုသည်။
ဆေးရုံခန်း၏ တံခါးဝတွင် ရပ်နေရင်း သူမက ခေါင်းကိုမော့ကာ ဟာလီကို တစ်ချက်ကြည့်သည်။ ဟာလီ၏ တစ်ကိုယ်လုံးတွင် ပတ်တီးများက ဖွေးနေသည်။ သူက မျက်လွှာလေး စင်းကျနေပြီး နာကျင်နေပုံ ရလေသည်။ တုန်းယွဲ့က တံခါးကိုပင် မဖွင့်နိုင်တော့ချေ။
ထို့နောက် အသက်ပြင်းပြင်း တစ်ချက်ရှူပြီး ခေါင်းကို လှည့်လျက် ကင်မရာကိုသာ ကြည့်လိုက်ကာ အေးစက် တင်းမာသော မျက်နှာနှင့် တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟယ်လို အားလုံးပဲ။ ဒါကတော့ အချစ်နဲ့ဘဝချန်နယ်က တုန်းယွဲ့ပါ”
“ဒီနေ့ ငါတို့က ဟာလီရှိတဲ့ ဆေးရုံခန်းရှေ့ကို ရောက်နေတာပါ။ အားလုံးလည်း ကောင်းကင်ပြာတိရိစ္ဆာန်ရုံမှာ ဖြစ်သွားတဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်ကို ကြားပြီး ကြမယ်လို့ ယူဆတယ်။ လူအများစုကလည်း အဖွဲ့ထဲကို ပူးပေါင်းပြီး ဒီမျိုးနွယ်ခြားရာဇဝတ်သားတွေကို ဖိနှိပ်ချင်ကြမယ်လို့ ယုံကြည်တယ်”
“ဒီမှာ ငါတို့တွေ ဒါရိုက်တာဆုပိုင်ကို မတွေ့ရသေးဘူး။ ဟာလီတစ်ယောက်တည်း ဆေးရုံခုတင်ပေါ်မှာ လှဲနေတယ်”
“ငါအခုပဲ ဆရာဝန်ကို သွားမေးလိုက်မယ်”
“ဟာလီက နံရိုးနှစ်ချောင်း ကျိုးသွားတယ်။ တစ်ချောင်းက ကိုယ်တွင်းအင်္ဂါကိုတောင် ထိုးစိုက်လုနီးပါး ဖြစ်သွားတယ်”
“ဟူး”
တုန်းယွဲ့က မျက်လုံးကိုမှိတ်ပြီး ခံစားချက်များကို ထိန်းညှိသည်။ ထို့နောက် ထပ်ပြောသည်။
“ငါတို့က အချစ်နဲ့ဘဝ ချန်နယ်ကပါ။ ဒါကြောင့် အမှန်တရားကို ပြောရဲသလို အစစ်အမှန် အခြေအနေကိုပဲ တင်ပြရဲတယ်”
“အားလုံး သိထားတဲ့ အတိုင်းပဲ။ ငါတို့ရဲ့ ပရိုဂရမ်က ကောင်းကင်ပြာတိရိစ္ဆာန်ရုံကို အကြိမ်အများကြီး သွားခဲ့ဖူးတယ်။ သွားတဲ့ အချိန်တိုင်းမှာလည်း ကောင်းကင်ပြာတိရိစ္ဆာန်ရုံက တိရိစ္ဆာန်တွေက ဆိုးဆိုးရွားရွားကို ကျန်းမာရေး မကောင်းတဲ့ လူနာတွေကို ကယ်တင် ပေးခဲ့တာကို သိကြတယ်မဟုတ်လား”
“နောက်ပြီး ဒီတုန်းယွဲ့ကိုယ်တိုင်ကလည်း ဒီနေ့မှ သိလိုက်ရတာက ဟာလီက ဒီတိရိစ္ဆာန်တွေ ထက်တောင်ပိုပြီး အကျိုးပြုထားတယ်ဆိုတာပဲ”
“ဟာလီက နန်တု Jdဌာနကို ကူညီပြီး ဆေးကုန်သွယ်ရေးသမားတွေကို နှစ်ကြိမ်တောင် ဖိနှိပ်ခဲ့ဖူးတယ်။ ပထမဦးဆုံးတစ်ကြိမ်မှာ အသက်၆နှစ်အရွယ် ကလေးကိုတောင် ကယ်တင်ပေးခဲ့တယ်။ နောက်တစ်ခေါက်က သူ့ရဲ့ဝမ်းဗိုက်မှာ သေနတ်ဒဏ်ရာ ရရှိသွားခဲ့တယ်”
“ပိုပြီး ရင်နာဖို့ကောင်းတာက ဟာလီရဲ့ဒဏ်ရာက ဝမ်းဗိုက်မှာ ထပ်ဖြစ်တယ်။ တူညီတဲ့နေရာမှာ အမာရွတ်တစ်ခု ထပ်ရသွားတာပဲ”
“ဒီလူတွေ ဘာလို့ အကျိုးအကြောင်း နားမလည်လဲ ဆိုတာကို နားမလည်တော့ဘူး။ သူတို့က ဟာလီကို တိုက်ခိုက်တယ်။ နောက်ပြီး vdထဲမှာ မြင်လိုက်ကြတယ် မဟုတ်လား။ သူ့ကို အသေရိုက်သတ်ချင်နေတာ သိသာနေတာပဲ။ ဟာလီရဲ့ကိုယ်ပေါ်က ဒဏ်ရာတွေက TF တွေနဲ့ တိုက်ခိုက်ရင်း ရထားခဲ့တာ။ ဒါက ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ဒါကတော့...”
“ဒီတစ်ကြိမ်ကတော့ ဘယ်လိုများ ထည့်တွက်ရမှာလဲ။ ဒါက ဒီဒဏ်ရာကို မြင်တဲ့အချိန်တိုင်း ငါတို့လူသားတွေ အရှက်ရမဲ့ အခြေအနေမျိုးပဲ။ ငါတို့လည်း အလားတူ ခံစားရတယ်မဟုတ်လား”
“ဒီတိရိစ္ဆာန်တွေက သူတို့ရဲ့ ခံစားချက်ကို မဖော်ပြတတ်ပေမဲ့လည်း သူတို့ရဲ့ဉာဏ်ရည်က ငါတို့လောက်အထိ မမြင့်လောက်ပေမဲ့လည်း သူတို့ကို အေးအေးစက်စက် ဆက်ဆံလို့မှ မရတာ။ တိရိစ္ဆာန်တွေကို ကာကွယ်တာက ဆောင်ပုဒ်သီးသန့်တင်မဟုတ်ဘဲ ငါတို့ကိုယ်တိုင် တက်တက်ကြွကြွ လှုပ်ရှားရမဲ့ အခြေအနေမျိုးလည်းဖြစ်တယ်”
“ငါတို့ရဲ့ ပရိုဂရမ်အသင်းက ဒီမတော်တဆမှုမှာ အပြစ်သားတွေအားလုံးကို ထိုက်တန်တဲ့အပြစ် အပေးမခံရမချင်း ဆက်လက်ပြီး ရီပို့လုပ်သွားမှာပါ”
.........။
တုန်းယွဲ့၏ ပရိုဂရမ်အသင်းက ခိုင်ခိုင်မာမာ ကြုံးဝါးရုံသာ မကသေးဘဲ လူသတ်သမားများအတွက် ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်ကြောင်း ပြောဆိုလေသည်။
စိတ်ကျရောဂါမှ သက်သာလာသော ကလေးများ၏ မိသားစုဝင်များကို အင်တာဗျူးတားသော vdများ၊ လည်ပတ်ပုံစနစ်များ၊ သက်ရောက်မှု ရှိလာသော အခြေအနေများအားလုံးက ကောင်းကင်ပြာတိရိစ္ဆာန်ရုံကို ထောက်ခံရန် ပို၍ ခိုင်မာလာစေသည်။
ALS လူနာများအဖွဲ့အစည်း....။
ခံတွင်းပျက် ပြုစုစောင့်ရှောက်ရေးစင်တာ...။
DPက ဖျက်ဆီးခံခဲ့ရသည့် နန်တုရှိ မိသားစုဝင်များ....။
ချင်တုရှိ လမ်းဘေးဈေးဆိုင်များ...။
ဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ရာ ငါးမန်းပလတ်ဖောင်း... စသဖြင့် အဖွဲ့အစည်းတိုင်းက အကြိတ်အနယ် ထောက်ပံ့ပေးကြသည်။
ပြောရမည်ဆိုလျှင် ကောင်းကင်ပြာတိရိစ္ဆာန်ရုံနှင့် အဆက်အသွယ်ရှိဖူးသော လူတိုင်းက စတင်ကာ တုံ့ပြန်လာကြသည်။ ထိုမတော်တဆမှု တစ်ခုလုံးက တရုတ်နိုင်ငံ တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပြီး နိုင်ငံခြားသို့ပါ ရောက်ရှိသွားသည်။
ဖုန်း။
ကျိုတို အစည်းအဝေး စင်တာ။
ယုံလုံက စားပွဲကို ဖြန်းခနဲရိုက်ပြီး သူ၏အရှေ့ရှိ ဒီပလိုမတ်တစ်ဌာနခေါင်းဆောင်ကို သွေးနီရောင်သန်းနေသော မျက်လုံးများဖြင့် ကြည့်သည်။ သူက စကားကို တစ်လုံးချင်းစီ ပြောသည်။
“မင်း ဒီနေ့သတင်းကို ဖတ်ပြီးပြီလား”
“ဒီလူတွေ ဘယ်လို ကြွေးကြော်နေကြလဲ မြင်လား”
“နောက်ပြီး အဲဒီနေ့က vdကို ကြည့်ပြီးပြီလား”
“အား”
“ပြောစမ်းပါ။ မင်းဘယ်လိုကြောင့်များ ခွင့်ပြုချက်မရှိဘဲ သူ့ကို ပြန်ထွက်သွားနိုင်အောင် လုပ်ပေးလိုက်တာလဲ”
“ရုံးတော်ကိုတောင် ဒီလူကို ခေါ်သွား ခိုင်းလိုက်သေးတယ်”
“ကျွန်တော် ကျွန်တော်...”
မူကျစ်ပင်းက သူ၏အရှေ့ရှိ ဒေါသထွက်နေသည့် ရုံလုံကို ကြည့်ပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်သွားသည်။ သူက အချိန်အတန် ကြာသည့်တိုင်အောင် တုန်ယင်နေပြီး စကားမဆိုနိုင်တော့ချေ။
ယခုမှသာ သူထိုနေ့က မည်မျှရူးကြောင်း သိလိုက်သည်။
ဒီကိစ္စက ထိုမျှအထိ ကြီးမည်ဟုလည်း ထင်မထားမိချေ။ ထို့အပြင်....။
အင်တာနက်ပေါ်ရှိ အများအမြင်ကြောင့် ဖြစ်လာသော မုန်တိုင်းကြီးကို မြင်သောအခါ ဌာနတိုင်း၏ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ပြီး သူတို့ကို ဖိနှိပ်မှုများ၊ တရုတ်နိုင်ငံရှိ အမြင့်ဆုံး အစည်းအဝေးခန်းအတွင်း ထိုင်နိုင်သောလူများ၏ တုံ့ပြန်မှုများက သူ့ကို တုန်ယင်စေသည်။ မူကျစ်ပင်း ကိုယ်တိုင်ကလည်း သူ အဆုံးသတ်ပြီ ဖြစ်ကြောင်း သိလိုက်သည်။
အကျိုးအမြတ် အနည်းငယ်အတွက်နှင့် သူက ဒီနေရာကို စွန့်ပစ်မိသွားသည်။
“အချိန်ဆွဲမနေစမ်းနဲ့။ ဒီမတော်တဆမှုတစ်ခုလုံးကို ဖြေရှင်းပြီးမှ ငါမင်းရဲ့ပြဿနာကို ကိုင်တွယ်မယ်”
ရုံလုံက သူ့ကို ရွံရှာသလို တစ်ချက်ကြည့်လိုက်ပြီး နောက်ဘက်မှ ရဲသားများကို လက်အမူအယာပြလျက် ထိုကောင်ကို ဆွဲချသွားစေလိုက်သည်။
ထို့နောက် တခြားသောသူများကို ကြည့်လျက်ပြောသည်။
“မင်းတို့တွေ ဒီတစ်ကြိမ်မှာ ငါတို့က အများအမြင်ကို ဘာလို့ မထိန်းချုပ် ခဲ့သလဲဆိုတာကို နားလည်ကြလား”
“ဘာလို့လဲဆိုတော့ တရုတ်တင်မဟုတ်ဘဲ ဇီဝဗေဒ နယ်ပယ်တစ်ခုလုံးကို လေ့လာနေတဲ့ တစ်ကမ္ဘာလုံးက လူတိုင်းကို သိစေချင်လို့ပဲ”
“ငါတို့ တရုတ်နိုင်ငံက တိရိစ္ဆာန်တွေကို ကာကွယ်ချင်တဲ့ စိတ်စကားသံတွေ၊ ဆုံးဖြတ်ချက် ပြတ်သားမှုတွေကို ကြည့်ခိုင်းရမယ်”
“မော်ဂန်ရဲ့ သေဆုံးမှုသတင်းကို ငါ ပတ်ထရိုလီယမ်မဟာမိတ်အဖွဲ့က လူတွေကို အကြောင်းကြားထားပြီးသား။ တရုတ်နိုင်ငံက သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး တရားခံကို ရှာဖွေပေးမယ်လို့ ပြောထားတယ်”
“နောက်ပြီး အဲဒီစနိုက်ပါ”
“နန်တုဌာနကို အကြောင်းကြားလိုက်။ သူတို့နဲ့ သဘောတူညီမှု လျှို့ဝှက်စာချုပ်ကို ချုပ်ဆိုကြ။ ဘယ်လိုအကြောင်းအရာနဲ့မှ မော်ဂန်ကို သတ်သွားတဲ့လူရဲ့အကြောင်းကို ထုတ်ပြောခွင့် မရှိဘူး။ အဲဒီအကြောင်းအရာကို ပြောပိုင်ခွင့် မရှိဘူး။ မော်ဂန်ကို လာကယ်တဲ့ လူတွေနဲ့ Jdဘက်က တိုက်ခိုက်ရင်း မော်ဂန်က သေသွားတာလို့ပဲ သိရမယ်။ နားလည်လား”
“နောက်ပြီး တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး စည်းမျဥ်းကိုလည်း ဂရုတစိုက် ထုတ်ပြန် ကြေညာကြစမ်း”
“နောက်ပြီး ဒါရိုက်တာဆုပိုင်နဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရသေးဘူးလား”
“မဟုတ်သေးပါဘူး။ ကောင်းကင်ပြာတိရိစ္ဆာန်ရုံရဲ့ နေရာတိုင်းကိုလည်း ရှာပြီးပါပြီ။ ဒါပေမဲ့ ဒါရိုက်တာဆုပိုင်က ပျောက်နေတယ်။ ငါ စိုးရိမ်တာက”
အောက်ဘက်တွင် ထိုင်နေသော လီရှင်းက စိုးရိမ်မှုအပြည့်နှင့် ပြောသည်။
“ထပ်ရှာ။ နောက်ပြီး ပတ်ထရိုလီယမ်မဟာမိတ်ကိုလည်း လူလွှတ်လိုက်ဦး။ ငါဒီတစ်ခါ သူ့ရဲ့တိရိစ္ဆာန်တွေကိုခေါ်ပြီး ကလဲ့စားချေမှာကို စိုးရိမ်ရတယ်”
ရုံလုံက လက်ကိုရမ်းပြီး အေးစက်သောမျက်နှာနှင့်ပြောသည်။
“ငါ့မှာ တောင်းဆိုစရာ တစ်ခုပဲ ရှိတယ်။ ဘယ်လိုနည်းနဲ့မဆို ဒါရိုက်တာဆုပိုင်ကို ဘာမှမဖြစ်စေနဲ့။ ဘယ်လိုတန်ကြေး သုံးရသုံးရ သူ့ကို သေချာပေါက်ကာကွယ်ရမယ် နားလည်လား”
******
171 01
အပိုင်း (171) ငါက လာကြည့်ရုံတင်မဟုတ်ဘူး
ပြည်တွင်း သတင်းစာရှင်းလင်းပွဲကို ကျင်းပနေသည့်အချိန်တွင် ဆုပိုင်က ပတ်ထရိုလီယမ်မဟာမိတ်ရှိရာ တိုင်းပြည်သို့သွားသည့် လေယာဥ်ပေါ်သို့ ရောက်နေပြီ ဖြစ်သည်။
ဘွန်း ဘွန်း ဘွန်း။
လေယာဥ်၏ စက်သံက ပိတ်သွားကြောင်း ကြားလိုက်သည်နှင့် လေယာဥ်က တဖြည်းဖြည်းချင်း ရပ်တန့်သွားပြီဖြစ်သည်။ ဆုပိုင်က ထိုင်ခုံမှ ထလိုက်ပြီး လူအုပ်၏နောက်သို့ လိုက်ကာ အောက်သို့ ဆင်းသက်သည်။
ပတ်ထရိုလီယမ်မဟာမိတ်သည် ဆီကိုထိန်းချုပ်သော ကြွယ်ဝသည့် လူချမ်းသာတစ်ဖွဲ့က အင်အားသုံးကာ တည်ဆောက်ထားသော တိုင်းပြည်ကြီး တစ်ပြည်ကြီးသာသာ သာဖြစ်သည်။
ထို့နောက်...။
ထိုနေရာသည် အဆုံးအစ မဲ့လောက်အောင် ကျယ်ပြောသည့် ကန္တာရအိုအေစစ်ကြီး ရှိရာတွင် တည်ရှိလေသည်။ တိရိစ္ဆာန်များ မျိုးတုန်းပျောက်ကွယ် သွားပြီးနောက် လူသားများက အလုံးအရင်းဖြင့် လျော့ကျလာခဲ့သည်။ အင်အားစု ပေါင်းများစွာက သူတို့၏ ဝှက်ဖဲများကို စတင် အသုံးပြုလာကြသည်။
တိုင်းပြည်သာ မကသေးပေ။ ကြွယ်ဝသော ရှေးဟောင်းမိသားစုများကလည်း ပါဝင်သည်။ ဆီမဟာမိတ်သည် နိုင်ငံတိုင်း၏ အင်အားစုများက ပူးပေါင်းကာ တည်ဆောက် ထားခြင်းဖြစ်ပြီး နောက်ဆုံး အတည်ပြုပြီးသွားသည့် နေ့ရက် ရောက်မှသာ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပိုက်ဆံအတွက်ကမူ ထိုနေရာကို ကျော်ကြားသည့် ကြေးစားစစ်သား အဖွဲ့အစည်းတစ်ခုက ထိန်းသိမ်း ပေးထားလေသည်။ ပို၍ဆိုးသည်မှာ ထိုနေရာတွင် ဥပဒေအများကြီး မချမှတ်ထားချေ။
မကောင်းသော နည်းလမ်းဖြင့် ကြွယ်ဝသောလူများက သူတို့၏ အသက်ဘေးမှ လွတ်မြောက်ရန်အတွက် ဒီနေရာသို့ လာရောက်ကာ နေထိုင်ကြသည်။ မည်သို့ပင်ဆိုစေ ဒီနေရာတွင် ပိုက်ဆံရှိသမျှ ဘာမဆို ရနိုင်လေသည်။
အဆင့်အတန်းသာ မကသေးဘဲ လုံလောက်အောင်သာ ကြွယ်ဝမည်ဆိုလျှင် ဒီကန္တာရပြင်တစ်ခုလုံးတွင် ကိုယ်ပိုင်တိုင်းပြည်ကိုပင် တည်ထောင်နိုင်သေးသည်။
သို့သော် ထိုတိုင်းပြည်က ကိုယ်တိုင်အတွက်သာ ဖြစ်နိုင်ပြီး အပြင်ဘက်ရှိ အစစ်အမှန် အင်အားစုကြီးများက အသိအမှတ် ပြုလိမ့်မည်မဟုတ်ချေ။
ဒီနေရာက မည်သည့်ဥပဒေမှ မရှိသော နေရာဖြစ်ပြီး ပိုက်ဆံကိုသာ ဂရုစိုက်သည်။ အရေးကြီးသော အချက်ကမူ အမျိုးမျိုးသော စိတ်လှုပ်ရှားစရာကောင်းသည့် ဖြစ်ရပ်များကို ကြုံတွေ့ခံစားနိုင်လေသည်။
ဆုပိုင်က လေဆိပ်ထဲမှ ထွက်လိုက်သည့်အချိန်တွင် ကြီးမားသည့် ကြော်ငြာဓာတ်ပုံများကို မြင်လိုက်ရသည်။
“သွေးကို ခံစားချင်လား။ ဒါဆိုရင် မကောင်းဆိုးဝါး ကိုလိုစီယမ်ကနေ ကြိုဆိုပါတယ်”
“အလန်းဆုံး ပုံစံကို လိုချင်လား။ လာ ဒီသခင်မလေးရဲ့ နွေးထွေးမှုကို ခံစားကြည့်”
“စိတ်လှုပ်ရှားတဲ့ အတွေ့အကြုံကို လိုချင်လား။ အစစ်အမှန် သတ်ဖြတ်ခြင်း တိုက်ပွဲနယ်မြေ ရှိတယ်”
“ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ချင်လား။ စမ်းကြည့်ချင်လား”
.....။
ထိုသို့ဖြင့် လေဆိပ်အရှေ့ရှိ ကြီးမားလှသော ဆိုင်းဘုတ်ကြီးများတွင် အမျိုးမျိုးသော သွေးလန့်သည့် ကြော်ငြာများကို မြင်နိုင်သည်။ ထိုအချက်ကတင် ဒီနေရာဟာ မည်မျှဝရုန်းသုန်းကား ဖြစ်နေကြောင်း မြင်နိုင်သည်။
“ဟူး”
ဆုပိုင်က အသက်ပြင်းပြင်း ရှူပြီး ကျောပိုးအိတ်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူက လေဆိပ်ထဲမှ တစ်လှမ်းချင်းစီ ထွက်သည်။
လုံခြုံရေးရုံးတော်ထံမှ သိရှိရပြီးနောက် ဟာလီကို လာရောက် ဒုက္ခပေးသွားသော လူများသည် ဆီမဟာမိတ် ကိုလိုစီယမ်၏ ရှယ်ယာရှင်ထဲမှ တစ်ယောက်ဖြစ်ကြောင်းကို သိခဲ့ရသည်။
ထို့နောက် ဆုပိုင်ကလည်း ထိုလူများ ကောင်းကင်ပြာတိရိစ္ဆာန်ရုံသို့လာသည့် ရည်ရွယ်ချက်ကို သိလိုက်သည်။ သူတို့က အကျိုးအမြတ် ရရန်အလို့ငှာ မကောင်းဆိုးဝါးများအဖြစ် ပြောင်းလဲနိုင်မည့် တိုက်ခိုက်နိုင်စွမ်းအား မြင့်သော သတ္တဝါများကို လိုချင်နေခြင်း ဖြစ်လောက်သည်။
သို့ရာတွင် ထိုတစ်အုပ်ကလည်း တရုတ်နိုင်ငံ၏ တိရိစ္ဆာန်အပေါ်ထားသော စိတ်ဆန္ဒက တခြားသော တိုင်းပြည်များနှင့် ခြားနားနေမည်ဟု မထင်ထားလောက်ပေ။
“ဟေး”
“တရုတ်လား”
171 02
ထိုအချိန်တွင် တက္ကစီယာဥ်မောင်းတစ်ယောက်က ဆုပိုင်၏ဘေးနားတွင် ရပ်တန့်လာပြီး ခေါင်းလေးကို ဆန့်ထုတ် လိုက်သည်။ ထိုလူက အညိုရောင် ဆံပင်နှင့်လူ ဖြစ်သည်။ သူက အာရှသား ဖြစ်လောက်သည်။
“မင်းဒီကို ပထမဦးဆုံးအကြိမ်လာတာလား။ ဘယ်ကို သွားချင်တာလဲ။ ကားထဲဝင်”
“အားလီက မင်းကို ဝန်ဆောင်မှုပေးမှာပါ”
ဆုပိုင်က ထိုလူကို တစ်ချက်ကြည့်ပြီး နောက်ခုံတွင် ဝင်ထိုင်သည်။
ကားထဲတွင် အဆင့်မြင့်သော နည်းပညာက ပြည့်နှက်နေသည်။ ဒရိုင်ဘာအတွက် စတီယာဘီးပင် မပါချေ။
“ညီလေး နေရာတစ်ခု ပြောလေ။ ဒါမှ ငါက စမောင်းလို့ရမှာ”
အားလီက ဘေးဘက်မှ ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်ကာ သာမန်ကာလျှံကာ ဖြစ်သလို ပြောသည်။
“ကိုလိုစီယမ်နဲ့ အနီးဆုံး ဟော်တယ်ကိုပဲသွား”
“အိုး ကိုလိုစီယမ်လား”
အားလီက အနောက်ဘက်မှ မရင့်ကျက်သေးသော လူငယ်လေးကိုကြည့်ပြီး အံ့သြသွားသည်။
“ဒါဆိုလည်း ကိုလိုစီယမ်ဟော်တယ်ကိုပဲ သွားရအောင်။ သူတို့က ဆက်စပ်နေတာလေ။ ဒါပေမဲ့ မင်း ကိုလိုစီယမ်ထဲကို ဝင်ပြီး လောင်းကစား လုပ်ချင်တာဆိုရင်တော့ မင်းကို ထောက်ခံပေးဖို့ လူလိုလိမ့်မယ်။ အဲဒီနေရာက သာမန်လူတွေ ဝင်လို့ရတာ မဟုတ်ဘူး”
သုန့်(တိရိစ္ဆာန်စားကျက်မြေ)။
အားလီက သူ၏အရှေ့မှ ဇယားတစ်ခုကို ပေါ်ထွက်လာစေရန် တစ်ချက်နာမည် ခေါ်လိုက်သည်။ ထို့နောက် ကားက စတင်ပြီး တဖြည်းဖြည်း ရွေ့သွားသည်။ မည်သူကမှ မောင်းနှင်ရန် မလိုအပ်ပေ။
“ညီလေး မင်းက ကိုလိုစီယမ်ကို သွားမှာဆိုတော့ ထောက်ခံချက် လက်မှတ်တွေ လိုအပ်တယ်။ တကယ်လို့ မင်း လိုအပ်တယ်ဆိုရင် ငါ့ကို ဆက်သွယ်လိုက်။ ဈေးကတော့ ပေါပါတယ်။ မျှတစေရမယ်”
လမ်း တောက်လျှောက်တွင် အားလီအမည် ရသောလူက အရှေ့သို့ပင် မကြည့်ပေ။ သူက နောက်သို့လှည့်ပြီး ဆုပိုင်နှင့် တောက်လျှောက် စကားပြောနေသည်။
“မလိုဘူး။ ငါက သားရဲတိုက်ပွဲကို လာကြည့်တာမဟုတ်ဘူး”
ဆုပိုင်က ခေါင်းကို အသာခါသည်။
ဒီတစ်ကြိမ်လာတာက ကြည့်ရုံတင် မဟုတ်ဘူး။ သူ ဒီလူတွေကို အံ့အားသင့်စရာကြီး ပေးချင်လို့။
“အိုး သားရဲတိုက်ပွဲကို လာကြည့်တာ မဟုတ်ဘူး ဆိုတော့ ဖြစ်နိုင်တာက”
သူက ဆုပိုင်ကို လေးလေးနက်နက်ထား ကြည့်ပြီး မျက်နှာအမူအယာက အနည်းငယ် ပုံမှန် မဟုတ်သလို ဖြစ်သွားသည်။
ဆုပိုင်က မျက်မှောင် ကြုတ်လိုက်သည်။ ထိုလူ၏ မျက်နှာထားကိုလည်း သူ နားမလည်နိုင်ပေ။
“ဘုရားရေ”
“ငါ့ကို သတ်နေတာပဲ”
ရုတ်တရက် ကျောပိုးအိတ်ထဲမှ အသံတစ်သံ ထွက်လာသည်။ ထို့နောက် ငှက်တောက ဇစ်အဟကြားမှ ခုန်ထွက်လာသည်။ သူက ခေါင်းကို ဆက်တိုက်ခါနေ၏။
“ဒါက ဘယ်မှာလဲ ဒါရိုက်တာဆုပိုင်”
သူက ပြတင်းပေါက် အပြင်ဘက်သို့ သိချင်စိတ် ပြင်းပြစွာဖြင့် တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ငှက်တောက တောင်ပံကို တဖျပ်ဖျပ် ခတ်လေပြီး ယာဥ်မောင်း၏ ဘေးနားခုံတွင် ဝင်ထိုင်လိုက်လေသည်။
“အူး”
“ဒါက ဘယ်လိုတောင် မြင့်တဲ့ နည်းပညာလဲ။ ကိုယ်တိုင် မောင်းဖို့တောင် မလိုဘူးလား”
အားလီကလည်း သူ၏အရှေ့မှ အသက်ဝင်နေသော အကောင်လေးကို သေချာစိုက်ကြည့်ပြီး မနာလို ဖြစ်သွားသည်။
“ဒါက အဆင့်မြင့် ဉာဏ်ရည်မြင့် သတ္တဝါလေး မဟုတ်လား”
“ဒီလိုမျိုး လွတ်လွတ်လပ်လပ်နဲ့ ပြောဆိုဆက်သွယ်နိုင်တဲ့ စွမ်းရည်လည်း ရှိတာပဲလား”
“ငါ့ကို ရောင်းစမ်းပါ”
ငှက်တောက ထိုလူကို တစ်ချက်ကြည့်ပြီး မောက်မာ ထောင်လွှားစွာ ပြောသည်။
171 03
“ရမ်းကားလိုက်တာ။ ငါ့ကို ပိုက်ဆံနဲ့ တိုင်းတာလို့ရမလား”
“ခင်ဗျား စတီယာဘီးမပါဘဲ ကားကို ဘယ်လို ထိန်းချုပ်လဲဆိုတာသာ ပြောစမ်းပါ”
“ဟားဟား မင်း ဒီခလုတ်ကို မြင်လား။ ဒီခလုတ်လေးကို ဖိလိုက်ရုံပဲ။ နောက်တော့ တည်နေရာကို ပြောလိုက်လို့ရတယ်”
သူက ထိုအချက်ကို ပြောပြီးနောက် အားလီက ရုတ်တရက် ဂုဏ်ယူစွာ ပြုံးသည်။ သူက လက်ကို ဆန့်တန်းလျက် ကား၏ ထိန်းချုပ်မှုဇယားကို ဖွင့်လိုက်သည်။
“အိုး”
ငှက်တောက တွေးတွေးဆဆ ခေါင်းညိတ်လိုက်သည်။ တောင်ပံကို တစ်ချက်ဖြန့်ပြီး ပျံသန်းကြည့်သည်။ ထို့နောက် ထိုခလုတ်ကို တစ်ချက်နှိပ်လိုက်သည်။
“ကောင်းကင်ဘုံကို သွား”
သူက အဆုပ်များ ကွဲထွက်မတတ် အော်လေသည်။
ဝုန်း။
ထို့နောက် ပုံမှန်မဟုတ်သော အသံက တက္ကစီတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။ ထို့နောက် အရှေ့မှကားများကို တိုက်လုနီးပါး ဖြစ်သွားလေသည်။
“ဘုရားရေ”
အားလီ၏ မျက်နှာက ပျက်ယွင်းသွားသည်။ သူကလည်း အလန့်တကြား အော်ရသည်။
သူက ခလုတ်တစ်ခုကို တက်ဖိလိုက်မှသာ အရှေ့ရှိ ဖန်သားပြင်က ပျောက်ကွယ်သွားသည်။ စတီယာဘီးကလည်း ရုတ်တရက် ပေါ်လာ၏။ နောက်ဆုံးတွင် သူက တက္ကစီကို ပြန်လည် ထိန်းချုပ်လိုက်သည်။ ထိန်းချုပ်နိုင်ပြီးနောက်မှသာ နဖူးမှချွေးများကို သုတ်လိုက်သည်။
“ညီငယ်ရေ ကျေးဇူးပြုပြီး ဒီကောင်လေးကို မြန်မြန်လေး သိမ်းလိုက်ပါ။ အန္တရာယ် များလွန်းတယ်”
“ဟွန့်”
ငှက်တောက ဆုပိုင်ကို တစ်ချက်ကြည့်ပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ထို့နောက် ကျောပိုးအိတ်ထဲ ပြန်ဝင်သွားသည်။
အခုတလော ဒါရိုက်တာဆုပိုင်က စိတ်အခြေအနေ မကောင်းဘူး။ သူ ဒီနေရာကို လာဖို့ ငါ့ကို ခေါ်လာတယ်ဆိုကတည်းက တစ်ခုခုတော့ လုပ်ရလိမ့်မယ်။ ဒါကြောင့် သူ့ကို ရန်မစတာ အကောင်းဆုံးပဲ။
သိပ်မကြာခင် တက္ကစီက ကိုလိုစီယမ်နှင့်တူသော တစ်နေရာတွင် ရပ်တန့်သွားသည်။ အဆောက်အအုံကြီးတစ်ခုလုံးက မြင့်မားစွာ ခမ်းနားထည်ဝါလွန်းလေသည်။
ဆုပိုင်က ပိုက်ဆံပေးပြီးနောက် အခန်းတစ်ခန်းကို ဖွင့်လိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ ပိုစတာကို ကောက်ယူပြီး စားပွဲထိုးများ၏ နောက်မှလိုက်ကာ အပေါ်ထပ်သို့တက်သည်။
“တိုက်ပွဲမှာ ဝင်ပါဖို့အတွက် စက်ရုပ်တိရိစ္ဆာန်တွေ စက်ရုပ်မဟုတ်တဲ့ တိရိစ္ဆာန်တွေ အားလုံးကို ကြိုဆိုပါတယ်”
“သေတာ၊ ရှင်တာက အရေးမပါဘူး”
“အမြင့်ဆုံးဆုကြေးကတော့ တစ်ဘီလီယံပဲ”
မျက်နှာသစ်ပြီးနောက် ဆုပိုင်က ကျောပိုးအိတ်ကို လက်မောင်းထဲတွင် တဖြည်းဖြည်းချင်း ပွေ့ပိုက်လိုက်ပြီး ကိုလိုစီယမ်နှင့် ပတ်သက်သမျှ အချက်အလက်များအားလုံးကို ငုံ့ဖတ်ကာ နှာခေါင်းရှုံ့လိုက်သည်။
“စနစ် အပိုင်းအ စတာဝန်ကို စတော့”
“တင် host ဒီတာဝန်က တအားကို အန္တရာယ်များပါတယ်။ ကျေးဇူးပြုပြီး သတိထားပေးပါ”
“တင် ထရန်နိုဆောရပ်စ် အပိုင်းအစတာဝန်က တရားဝင် အောင်မြင်စွာ စတင်ပါပြီ”
“စနစ်က စတင်ပြီး အချိန်ကို ရေတွက်ပါတော့မယ်”
“၁၀ ၉ ၈....”