← Chapters

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

172 01

အပိုင်း (172) ဒါကဘာလဲ

ဖုန်း။

မြေပြင်ပေါ်သို့ ခပ်ကြမ်းကြမ်း ပြုတ်ကျပြီးနောက် ဆုပိုင်က သတိ အပြည့်ကပ်ထားသော မျက်နှာထားမျိုးဖြင့် ခုန်ထလိုက်သည်။ သူက သစ်ပင်တစ်ပင်၏ အနောက်တွင် ခပ်မြန်မြန် ပုန်းလိုက်သည်။

ဒီတစ်ကြိမ်တာဝန်က ထရန်နိုဆောရပ်စ် အပိုင်းအစ တာဝန်ဖြစ်ပြီး ယခင်အတိတ်နှင့် မတူချေ။ ဒါက ဆုပိုင်ယူဖူးသော တာဝန်များအတွင်းတွင် အန္တရာယ် အများဆုံးလည်း ဖြစ်နေသေးသည်။

မည်ဆို့ပင်ဆိုစေ ထရန်နိုဆောရပ်စ်များသည် တခြားသော သတ္တဝါများနှင့် မတူနိုင်ချေ။ မည်သည့်သတ္တဝါကမှ သူ့ကို မယှဥ်နိုင်ချေ။ သူ၏ ပြိုင်ဘက်လည်း မဖြစ်နိုင်ပေ။ ဂရုသာမထားမိလျှင် ဒီနေရာတွင်ပင် သေသွားနိုင်သည်။

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်းရှူလိုက်ပြီး အဝေးသို့ တစ်ချက် ကြည့်သည်။

ပန်ဒါကြီး သားဖောက်ခြင်းတာဝန်ကို ပြီးမြောက်အောင်မြင်ပြီးနောက် အံ့အားသင့်မှု အမှတ်အများကြီး ရခဲ့သည်။ သို့သော် ထရန်နိုဆောရပ်စ်အပိုင်းအစကို လဲလှယ်ရန် မလုံလောက်ခဲ့ချေ။ သို့သော်....။

ဟာလီ၏ ဒဏ်ရာနှင့် အွန်လိုင်းမှ အမြင်များကြောင့် ဆုပိုင်က နေ့တစ်ဝက်တည်းနှင့် လုံလောက်သော အံ့အားသင့်မှု အမှတ်များကို ရရှိခဲ့သည်။

“ငါ မွန်းလို့ သေတော့မယ်။ ဒါရိုက်တာဆုပိုင် ငါ့ကို မြန်မြန်လေး ထုတ်ပေးပါဦး”

ငှက်တောက ကျောပိုးအိတ်ထဲမှ ခေါင်းထွက်လာရင်း သတိအပြည့်ကပ်ကာပြောသည်။

သူက ကျောပိုးအိတ်ထဲမှထွက်ပြီး သူ၏ကျဥ်းမြောင်းသော မျက်လုံးများနှင့် အဝေးကို ကြည့်သည်။

“ဟစ်”

သူ၏တစ်ကိုယ်လုံးက တုန်ယင်သွားရသည်။

သူက ပါးစပ်အဟောင်းသားနှင့် အဝေးရှိ ကောင်းကင်ကို လှုပ်ခါစေမတတ်ကြီးမားသည့် ပုံရိပ်ကြီးကို ကြည့်လိုက်သည်။ သူက လေအေးများကို ရှူရှိုက်လိုက်မိပြီး အမွေးများအတွင်းသို့ ခေါင်းကို ငုပ်ရှိုးလိုက်မိသည်။

ကြောက်ဖို့ကောင်းလိုက်တာ။

ဆင်ကတင် ကြီးပြီ မှတ်နေတာ။ အရှေ့က အကောင်နဲ့ယှဥ်ရင် ကွာခြားချက်က တော်တော်ကြီးသေးတာပဲ။

ဆုပိုင်ကလည်း တိတ်တဆိတ် နောက်ဆုတ်သည်။ သူက သစ်ပင်ကိုမှီထားလိုက်ပြီး ပြင်းပြင်းထန်ထန် အသက်ရှူသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ ရေတပ်မိတ်ဆွေများကလည်း ဆုပိုင်၏ တိုက်ရိုက် ထုတ်လွှင့်မှုအခန်းကို ရှာတွေ့လိုက်သည့် အချိန်တွင် အံ့သြသွားကြသည်။ လူတိုင်းကလည်း ဒါရိုက်တာဆုပိုင် တစ်ခုခု ဖြစ်သွားမည့် အရေးကို ကြောက်နေကြခြင်းဖြစ်သည်။

သို့သော် ဆုပိုင်ကို ကြည့်လိုက်သောအခါ သူ၏လက်ကို တင်းတင်း ဆုပ်ကိုင်ထားကြောင်း မြင်လိုက်ရသည်။

အဆင် ပြေလောက်မှာပါ။

ဒါပေမဲ့....။

အဝေးရှိ သတ္တဝါကိုမူ အားလုံးက ရှင်းရှင်းလင်းလင်း မြင်လိုက်ကြသည်။ ထိုအချိန်တွင် လူတစ်ဝက်ကျော်ကျော်ခန့်က ကုလားထိုင်များပေါ်မှ ပြုတ်ကျသွားကြသည်။

[ဘုရားရေ ဒါ ဒီဖင်က အက်သွားပြီ ထင်ပါတယ်။ ဒါရိုက်တာဆုပိုင် ဒီတစ်ကြိမ် ဘာကြီးကို တိုက်ရိုက် ထုတ်လွှင့်လိုက်တာလဲ]

[မပြော မပြောနဲ့နော်။ ဒါက တကယ်ပဲ တိရိစ္ဆာန်လား။ မြေကမ္ဘာခေတ်မှာ ဒီလောက်ကြီးတဲ့ တိရိစ္ဆာန် တည်ရှိတာလား]

[အပေါ်ထပ်က တစ်ယောက် စာ…စာရိုက်နေတာ တုန်…တုန်ယင်နေတာလား။ ငါ့ကို ကြည့်စမ်းပါ။ ငါ ငါ မတုန်ဘူး]

[ငါကတော့ ကီးဘုတ်ရှေ့မှာ ဒူးထောက်နေပြီ။ ငါ တကယ်ကို ထပ်ပြီး ဒူးထောက်နေတာပါ။ ဒါက ဘာကောင်လဲ။ မီတာတစ်ဆယ်ကျော် မြင့်မားနေမှာကိုတောင် ကြောက်မိသေးတယ်။ သူ့ရဲ့ ခြေကန်ချက်တစ်ချက်နဲ့ ငါ ကြေမွ သွားလောက်တယ်မဟုတ်လား]

[သန်တာကို မပြောနဲ့ဦး။ သူနှာချေလိုက်ရင်တောင် ငါ ဆစ်ဘားရီးယားထိ လွင့်သွားလောက်တယ်]

[ဒါရိုက်တာဆုပိုင်ရေ။ ဒါက နည်းနည်းလေး ထူးဆန်းနေတယ် မဟုတ်လား။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရဲ့နာမည်က ထရန်နိုဆောရက်ရပ်လို့ ပြောင်းထားတယ်။ ဒါက နဂါးလိုသတ္တဝါလား]

[အများကြီး စိုးရိမ်မနေနဲ့။ အရှေ့ကအကောင်က မြက်စားနေတာကို မမြင်ဘူးလား။ မြက်စားပြီး ဒီလောက်ထိ ကြီးနိုင်တာလား။ တော်တော်လေး ချဲ့ကားလွန်းရာ ရောက်တာပဲ]

172 02

[ဒါရိုက်တာဆုပိုင် အဆင်ပြေတာကို မြင်ရတော့ ဝမ်းသာမိပါတယ်။ ဒါပေမဲ့ ငါ စာကြည့်တိုက်ထဲမှာ အကြာကြီး ရှာနေတာတောင် ဒီကောင်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို မတွေ့ရဘူး]

.......။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်းရှိ ခက်ထန်၊ ကြမ်းတမ်းနေသော သတ္တဝါကြီးကို ကြည့်ရင်း လူတိုင်းက မျက်လုံးပြူးကျယ်ကာ အံ့အား သင့်နေကြသည်။ အထူးသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ နာမည်ကို မြင်ရချိန်တွင် ဖြစ်သည်။ လူတိုင်း၏ စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ပေါ်လာသည်။

သူ၏အရှေ့ရှိ ထိုအရွယ်အစား မျှရှိသော သတ္တဝါကြီးက လူတိုင်း၏ နားလည်နိုင်စွမ်းအားကို ကျော်လွန်နေကြောင်း သိထားရမည် ဖြစ်သည်။ စာပေအတွင်းတွင်ပင် ထိုကဲ့သို့သော ကြီးမားသည့် သတ္တဝါမျိုး မရှိချေ။

ဒါရိုက်တာဆုပိုင်က ဒီတစ်ကြိမ်မှာ ဒီလောက်ကြီးတဲ့ အကောင်ကြီးကို ကယ်ဆယ် တော့မှာလား။

ဖြစ်နိုင်တာက....။

ဟာလီရဲ့ ဒဏ်ရာကြောင့်လား။

ထိုအခိုက်အတန့်တွင် လူတိုင်းက တွက်ချက်နေကြသည်။

“ဟူး”

ဆုပိုင်က ဘေးဘီကို တစ်ချက်ကြည့်လိုက်သည်။ အနီးနားတွင် မည်သည့်သတ္တဝါမှ မရှိကြောင်း မြင်ရသဖြင့် တဖြည်းဖြည်းချင်း နောက်ဘက်မှ ထွက်ရပ်လိုက်သည်။

သူက ယခင်တစ်ခေါက်မှ ရထားသည့် skillများကို ကြည့်သည်။ အပင်စား သတ္တဝါများ၏ ခြိမ်းခြောက်မှုကို သဘာဝအလျောက် လျော့ကျစေနိုင်သော စွမ်းရည်ကလည်း ပါသည်။ ထို့နောက် သူက သတ္တိကို စုစည်းလိုက်ပြီး တစ်လှမ်းချင်းစီ လျှောက်သွားလိုက်သည်။

ဒီတစ်ကြိမ်တွင် ငှက်တောက ကျောပိုးအိတ်ထဲ အလိုအလျောက်ဝင်သွားပြီး ကျုံ့ကာတုန်ယင်နေသည်။

ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ ဖန်သားပြင်ကို ကြည့်ပြီး လေးနက်သော လေသံနှင့် ရှင်းပြသည်။

“ရိုးရိုးသားသားပြောရရင် တင်ဆက်သူ ကိုယ်တိုင်လည်း ဒီသတ္တဝါအကြောင်းကို အများကြီး မသိဘူး။ ပိုဆိုးတာက ဒီလိုသတ္တဝါမျိုးအကြောင်း မှတ်တမ်းတင်ထားတဲ့ ဖိုင်တွေမရှိဘူးဆိုတဲ့ အကြောင်းပြချက်က ဘာလို့လဲဆိုတော့.....”

“အားလုံးပဲ တစ်ချက် ကြည့်ကြည့်ကြပါ။ ပတ်ဝန်းကျင်ရှုခင်းက လက်ရှိသဘာဝ ဝန်းကျင်နဲ့ အလွန် ခြားနားနေတာကို သတိထားမိကြလား”

“ဒီလောက်ကြီးတဲ့ သတ္တဝါကြီးက အရင်ခေတ်ကဆိုရင် ဒိုင်နိုဆောလို့ခေါ်ကြတယ်”

“ငါစိုးရိမ်တာက အခုကနေ နှစ်သန်းရာ ဒါမှမဟုတ် ဒီ့ထက်ပိုကြာနိုင်တဲ့ အခိုက်အတန့်လောက်မှာပဲ သူတို့က ရှိခဲ့လောက်တယ်။ ဒါကြောင့် မှတ်တမ်းတွေထဲမှာ မရှိတော့တာက ပုံမှန်ပါပဲ”

“တင်ဆက်သူ မှတ်မိတာ မှန်မယ်ဆိုရင် ငါ့ရဲ့အရှေ့ကအကောင်က အပင်စား ဒိုင်နိုဆောတစ်မျိုးပဲ။ သူ့ကို အာလာမိုဆောရပ်စ်လို့ခေါ်တယ်”

“သူက တအား ကြီးပေမဲ့လည်း အာလာမိုဆောရပ်စ်ရဲ့ စိတ်နေသဘောထားတွေကတော့ ထင်သလောက် မကြမ်းတမ်းဘူး။ တခြားသတ္တဝါတွေကို တိုက်ခိုက်ခဲတယ်”

“ဒါပေမဲ့ ဒီလောက်အများကြီး ပြောပြီးသွားတဲ့နောက်မှာ တင်ဆက်သူက တအားကို စိတ်လှုပ်ရှားလာတယ်။ အခုပဲ တစ်ချက်သွားကြည့်ရအောင်”

ထိုသို့ ပြောပြီးနောက် ဆုပိုင်က နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လိုက်ပြီး သူ၏အရှေ့ရှိ အာလာမိုဆောရပ်စ်ဆီ လျှောက်သွားသည်။ သူက စိတ်မလှုပ်ရှားဟု ပြောလျှင် လိမ်ရာရောက်ပေလိမ့်မည်။

ဆုပိုင်ကလည်း မြေကမ္ဘာခေတ်တွင်ပင် ထိုမျှကြီးမားသော သတ္တဝါကြီးကို မမြင်ဖူးချေ။ အရာအားလုံးက ဆွဲဆောင်မှု ပြင်းထန်နေသည်။

“ဟူး”

သူက အသက်ပြင်းပြင်း ရှူလိုက်သည်။ ဆုပိုင်က တိုင်လေးတိုင်လို ခြေချောင်းလေးချောင်း ပိုင်ဆိုင်ထားသည့် ထိုအကောင်နား တဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး လည်ဆံကိုမော့ကာ တစ်ချက်ကြည့်သည်။

အာလာမိုဆောရပ်စ်သည် အနည်းဆုံး ဆယ်မီတာခန့်မြင့်နိုင်သည်။ လည်ပင်းရှည်ပြီး အမြီးလည်းရှည်သည်။ အားလုံးပေါင်းလိုက်သော် မီတာ ၃၀ ကျော်နိုင်သည်။

“ဟီး”

ဂျွတ်။

ဂျွတ်။

ဂျွတ်။

ကြောက်မက်ဖွယ်ကောင်းသော ဝါးစားသံက ထွက်ပေါ်နေသည်။ ဆုပိုင်က ခပ်မတ်မတ်ရပ်ပြီး နေသည့်တိုင်အောင် တစ်ဖက်အကောင်၏ ဝမ်းဗိုက်နားသို့ပင် မရောက်ပေ။

ဆုပိုင်က ထိုအကောင်၏ ဝမ်းဗိုက်နားကို ကျော်ဖြတ်လိုက်ပြီး ခြေချောင်းများအကြားတွင် လျှောက်သွားသည်။ သူက တစ်လှမ်းချင်းစီ လျှောက်သွားသည်။ ထိုအာလာမိုဆောရပ်စ်ကမူ ခေါင်းကိုသာ ငုံ့ပြီး မြက်ကိုသာ စားနေသည်။

“ဘုရားရေ”

ငှက်တောက ကျောပိုးအိတ်ထဲမှ ခေါင်းထွက်ကာကြည့်ပြီး သက်ပြင်းချမိသည်။

172 03

ခေါင်းမာမှုနဲ့ ယှဥ်ရင်တော့ ဒါရိုက်တာဆုပိုင်ကို မမီနိုင်သေးဘူး။

ဒီလောက်ကြီးတဲ့ အကောင်ကြီးအနားကိုတောင် ကပ်သွားရဲတယ်။

အန္တရာယ် မရှိကြောင်း မြင်ရသောအခါ ဘေးဘက်မှ ဖြတ်သွားလျှင်လည်း အန္တရာယ် မရှိကြောင်း နားလည်သွားသဖြင့် ငှက်တောက အနည်းငယ် ခေါင်းမာသွားသည်။

သူက ကျောပိုးအိတ်ထဲမှ တဖြည်းဖြည်းချင်း ထွက်ပြီး တောင်ပံကို ဖြန့်ကားလိုက်ကာ ဆုပိုင်၏ ပခုံးပေါ် တိုက်ရိုက် နားသည်။ သူသည်လည်း သိပ်မဝေးသော နေရာရှိ မြက်နုများကို ဝါးစားနေသော အာလာမိုဆောရပ်စ်ကို ကြည့်နေသည်။

“အသံမထွက်နဲ့။ ငါ ပြောတာကြားလား”

ဆုပိုင်က တစ်ချက်အော်လိုက်ပြီး အရှေ့ရှိ အာလာမိုဆောရပ်စ်အနားသို့ ကပ်သွားသည်။

အာလာမိုဆောရပ်စ်က ခပ်ပြင်းပြင်း နှာမှုတ်လိုက်ကြောင်းကို မြင်လိုက်ရသည်။

“ဂလု”

ဆုပိုင်ကလည်း တံတွေး မြိုချလိုက်သည်။ သူက လက်ဖဝါးကို ဆန့်တန်းလျက် တစ်ဖက်အကောင်၏ ခေါင်းကိုပုတ်သည်။

“မကြောက်ပါနဲ့”

“ငါက ထိခိုက်အောင်မလုပ်ပါဘူး”

သူက တိရိစ္ဆာန်ဘာသာစကားfunctionကိုသုံးပြီး နှစ်သိမ့်ပေးလိုက်သည်။

အရှေ့ရှိ အာလာမိုဆောရပ်စ်တွင် မျက်ဝန်းကြီးတစ်စုံ ရှိသည်။ သူက သိချင်စိတ် ပြင်းပြစွာဖြင့် သူတစ်ခါမှ မမြင်ဖူးသော သတ္တဝါကို ကြည့်သည်။

“ဟားဟား မဟုတ်”

“ဝေါင်း”

ရုတ်တရက် အဝေးမှ ကျယ်လောင်လွန်းသောအသံက ထွက်ပေါ်လာသည်။

“ဟေး”

ထိုအသံကို ကြားသောအခါ သူ၏အရှေ့ရှိ အာလာမိုဆောရပ်စ်၏ ခန္ဓာကိုယ်ကြီးက ခပ်မြန်မြန် ချာခနဲလှည့်ပြီး လည်ပင်းကို မြှောက်လျက် ကျယ်လောင်စွာ အော်လေသည်။

ဘုန်း။

မြေကမ္ဘာကွဲအက်သွားသလိုမျိုး တုန်ခါသွားပြီးနောက် သူက အဝေးသို့ ထွက်ပြေးသွားလေသည်။

ဆုပိုင်က တစ်ချက် လှည့်ကြည့်လိုက်သည်။ ထိုဘက်ခြမ်းသို့ အပြေးလာသော သေးငယ်သည့် ဒိုင်နိုဆောများကို မြင်လိုက်ရသည်။ သူ၏တစ်ကိုယ်လုံးက တုန်ယင်သွားသည်။

သူက ချက်ချင်းလိုလို လက်ကို ခါယမ်းလိုက်ပြီး အာလာမိုဆောရပ်စ်၏ ဝမ်းဗိုက်အောက်သို့ အပြေးဝင်ကာ ခြေထောက်တစ်ချောင်းကို ခပ်တင်းတင်း ဖက်လိုက်သည်။

******

173 01

အပိုင်း (173) အစ်ကိုကြီး ငါသီချင်းဆိုပေးရမလား

ဘုန်း ဘုန်း ဘုန်း။

ဆုပိုင်က မြေကမ္ဘာပေါ်တွင် ရှိနေခြင်းမဟုတ်ဘဲ ရေစီးသန်သော မြစ်ပြင်တစ်ခုကို ကျော်ဖြတ်နေရသလို ခံစားလိုက်ရသည်။ သူ၏နားတွင် ကျယ်လောင်သော ပေါက်ကွဲသံများက ထွက်ပေါ်နေသေး၏။

အဟကြားမှတစ်ဆင့် နောက်သို့ လှည့်ကြည့်ပြီးနောက် ဆုပိုင်က သူ၏လက်မောင်းအတွင်းရှိ ထူထပ်သိပ်သည်းသော ခြေသလုံးကြီးကို ခပ်ကြမ်းကြမ်း ပြန်ဖက်လိုက်သည်။

အာလာမိုဆောရပ်စ်ရှိရင် သေချာပေါက် ဒိုင်နိုဆောတွေလည်း ရှိမယ်ဆိုတာကို သိထားသင့်တာ။

မည်သည့်အတွက်ကြောင့် ဒိုင်နိုဆောများက ဒီကာလအတွင်း ပျောက်ကွယ်နေကြောင်း ရှင်းပြချက် မရှိချေ။ တချို့ကမူ ဥက္ကာပျံကြွေကျခြင်းကြောင့်ဟု ဆိုကြသည်။ တချို့ကလည်း ကျောက်ခေတ်ကြောင့်ဟု ဆိုကြသည်။ မည်သို့ပင်ဆိုစေ ခြားနားသော ထင်မြင်ချက်များက ရှိတတ်သည်။

သို့သော် မှန်ကန်နေသော တစ်ချက်ကမူ ဒိုင်နိုဆောများက ဒီကာလအတောတွင်း အမှန်တကယ် မျိုးတုန်းပျောက်ကွယ်သွားကြသည်။

ဒိုင်နိုဆောရပ်ရပ်စ်များကဲ့သို့ ဒီတာဝန်အပိုင်းအစအတွင်း အမှန်တကယ် ကယ်ဆယ်ရမည့် သတ္တဝါမျိုးကပင် သဘာဝ၏ စိတ်ဆန္ဒကို မဖယ်ရှားနိုင်၍ ပျောက်ကွယ်သွားရသည်။

ဝေါင်း။

ရုတ်တရက် သေးငယ်သော သတ္တဝါကြီးတစ်အုပ်က ခပ်မြန်မြန် ဖြတ်သန်းသွားသည်။ ဆုပိုင်က ခန္ဓာကိုယ်ကို ကျုံ့လိုက်သည်။

ထိုသေးငယ်သော ဒိုင်နိုဆောက ကြီးမားသော အာလာမိုဆောရပ်စ်ကိုတော့ဖြင့် အမဲမလိုက်လောက်ချေ။

သို့သော် စား၍မရသောကြောင့် မဟုတ်လေဘဲ အာလာမိုဆောရပ်စ်၏ ခန္ဓာကိုယ်က ကြီးမားလွန်းသည်။ သူက သယ်သွား၍ မရချေ။ ထို့အပြင် သူကိုယ်တိုင်လည်း စား၍ မကုန်နိုင်ချေ။ ထို့ကြောင့် ပို၍ကြီးမားသည့် အသားစား ဒိုင်နိုဆောများကသာ စိတ်ဝင်စားလောက််သည်။

အတိုချုပ်ဆိုရသော် အကျိုးကျေးဇူးက ဆုံးရှုံးမှုထက် ပို၍အလေးသာရပေမည်။

ဝေါင်း။

ရုတ်တရက် သူ၏နားအတွင်း နောက်ထပ်အော်သံတစ်သံကို ကြားလိုက်ရသည်။ ဆုပိုင်က ဘေးဘက်သို့ လှမ်းကြည့်လိုက်သည်။

ဟစ်။

သူက အသက်ပြင်းပြင်း ရှူလိုက်မိသည်။

သိပ်သည်းအားကိုပင် ကျော်လွန်အောင် ဖြတ်ပြေးနိုင်သည့် ဒိုင်နိုဆောများကို မြင်လိုက်ရသည်။ ထိုထဲမှတစ်ကောင်က အရှိန်နှုန်းကို နှေးချလိုက်ပြီး သူ၏မျက်လုံးကြီးများနှင့် ဆုပိုင်ကို သိချင်စိတ်ပြင်းပြစွာ ကြည့်လာသည်။ အထူးသဖြင့် ဆုပိုင်၏ ပခုံးပေါ်ရှိ ငှက်တောသို့ဖြစ်သည်။

“ဘုရားရေ”

ငှက်တောက ထိတ်လန့်တကြားအော်သည်။ သူက တောင်ပံကို ချက်ချင်းဖြန့်လိုက်ပြီး ပျံထွက်သွားရန် ကြံစည်သည်။

ဖူး။

ထိုအခိုက်အတန့်တွင် ပြေးနေသော အာလာမိုဆောရပ်စ်ကလည်း ရပ်တန့်လိုက်သည်။

“ဒါရိုက်တာ ဒါရိုက်တာ ငါ့ကိုကယ်ပါ။ ငါ့ကိုကယ်ပါ”

ငှက်တောက သူ၏ခေါင်းနားသို့ တဖြည်းဖြည်းချင်း ချဥ်းကပ်လာသည့် သတ္တဝါကို ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ရှိ အမွေးများက ပေါက်ကွဲမတတ် ဖြစ်သွားပြီး ကျယ်လောင်စွာ အော်ငိုလေသည်။

“မလှုပ်နဲ့ ငါက တအားသေးပါတယ်။ မင်း စားလို့ မရပါဘူးနော်”

ဆုပိုင်က တုံဆိုင်းသွားပြီး နှစ်သိမ့်ပေးလိုက်သည်။

အရှေ့ရှိ အကောင်ကြီးက နှာတစ်ချက်မှုတ်သည်။ သူက ပါးစပ်ကြီးကို ဖြဲလိုက်ပြီး ခက်ထန်ကြမ်းတမ်းလွန်းသော တြိဂံပုံ ထက်ရှသည့် သွားနှစ််တန်းကို ဖော်ပြသည်။ ထို့နောက် အရှေ့ရှိ ငှက်တောထံ ခေါင်းကို တိုက်ရိုက် ဖိချလိုက်သည်။

အညိုရောင်မျက်ဝန်းတစ်စုံက ငှက်တောကို စိုက်ကြည့်လေသည်။

“ဝူး”

“အစ်ကိုကြီး ငါက တအားသေးပါတယ်။ အရသာလည်း မရှိပါဘူး”

ငှက်တောက သူ၏ခြေထောက်လေးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားရင်း ခေါင်းကိုမော့ကာ သတိအပြည့်ထားရင်း ပြောသည်။

“ငါ သီချင်းဆိုပြရင် ဘယ်လိုလဲ”

“ချိုင့်ဝှမ်းလေး...ချိုင့်ဝှမ်းလေးက ပန်းပွင့်လေးတွေပါတဲ့ ဝတ်စုံလေးကို ဝတ်ထားတယ်...နွေဦးချိန်တိုင်းလိုလို ဒီနေရာကို လာတတ်တာ...ငါ ယန်ကျစ်ကို ဘာလို့လာလည်သလဲလို့မေးတော့...”

“ဝူး”

“ငါ သည်းမခံနိုင်တော့ဘူး”

ထိုသို့ပြောပြီးနောက် ငှက်တောက အော်သည်။ တောင်ပံကို ခပ်မြန်မြန်ဖြန့်ကားလိုက်ပြီး ဆုပိုင်၏နောက်မှ ပျံသန်းထွက်သွားသည်။ ထို့နောက် အာလာမိုဆောရပ်စ်၏ ခေါင်းပေါ်သို့ တက်နားလိုက်ကာ နှာမှုတ်သည်။

“ဟေ့ကောင်တွေ မင်းမှာ စွမ်းရည်ရှိရင် ဒီပေါ်ကို တက်လာစမ်းပါ”

“အာ”

ဆုပိုင်က သူ့ကို ခေါင်းလှည့် ကြည့်လာသည့် အကောင်ကို ကြည့်လိုက်ပြီး တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ သူက တိရိစ္ဆာန်ဘာသာစကားfunctionကို သုံးလိုက်သည်။

“အား တကယ်တော့ ငါကလည်း မင်းကို ထိခိုက်အောင် မလုပ်ပါဘူး အား”

ဝေါင်း။

ထိုအခိုက်အတန့်တွင် အရှေ့ဘက်မှ အော်သံထွက်ပေါ်လာသည်။ ထိုအော်သံကို ကြားသောအခါ အရှေ့ရှိ ထိုသတ္တဝါက ဆုပိုင်ကို ခက်ထန်ကြမ်းတမ်းစွာ တစ်ချက်ကြည့်ပြီး နောက်လှည့်ကာ ပြေးလေသည်။

“ကြောက်ဖို့ ကောင်းလိုက်တာ”

ဆုပိုင်က အာလာမိုဆောရပ်စ်၏ ခြေသလုံးကို ဖက်ထားသော လက်ကို လွှတ်လိုက်ပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားလေသည်။ သူက အသက်ပြင်းပြင်း ရှူရသည်။

ထို့နောက် တစ်ဖက်ခြမ်းမှ ထလိုက်ပြီး သူ၏အရှေ့ရှိ ကျယ်ပြောသော မြက်ခင်းလွင်ပြင်ဒေသကို ကြည့်လိုက်ကာ သက်ပြင်းရှည်ကြီးကို ချသည်။

ဒီနေရာက ထိတ်လန့်သည်းဖိုဆန်လွန်းတယ်။

အခုလေးတင် ဖြတ်သွားခဲ့သော သေးငယ်သည့် အကောင်ငယ်လေးများကပင် သူ့ခန္ဓာကိုယ်နီးပါး ကြီးမားနေပြီ ဖြစ်သည်။

“ဒါရိုက်တာဆုပိုင် ဘာလို့ ငါတို့ လှဲချလို့ရမဲ့ နေရာတစ်ခု မရှာတာလဲ”

ငှက်တောက ခပ်မြန်မြန် ပြန်ဆင်းလာပြီး ဆုပိုင်၏ ပခုံးပေါ် နားသည်။ သူက ကြောက်လန့်မှု အပြည့်နှင့် ပြောသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသည့် ရေတပ်မိတ်ဆွေများ အားလုံးကလည်း တုန်ယင်နေကြသည်။ ငါက ကြီးမားတဲ့ ဒိုင်နိုဆောတွေကတင် ကြောက်စရာကောင်းပြီလို့ ထင်တာ။ မမျှော်လင့်ထားဘဲ ဒီလောက် အကောင်သေးလေးကလည်း ကြောက်စရာ ကောင်းတာပဲ။

[ငါ့ရဲ့ လက်ဖဝါးတွေတောင် ချွေးတွေ အပြည့်ပဲ။ ငါ ငါအဲဒီကောင်တွေ ခုန်ပြီး ဒါရိုက်တာဆုပိုင်ကို ကိုက်မှာကို စိုးရိမ်နေတာ]

[ဟုတ်တယ်။ ဟုတ်တယ်။ သူ့ရဲ့ သွားနှစ်တန်းကို မြင်လိုက်လား။ တစ်ချက်အကိုက်ခံရတာနဲ့ အသက်ရှင်မယ်လို့ထင်လား]

[ဒီနေရာက တအားကြောက်ဖို့ ကောင်းတာပဲ။ ဒါရိုက်တာဆုပိုင် ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို အောင်မြင်နိုင်ပါ့မလား]

[တာဝန်ကို မစိုးရိမ်နဲ့ဦး။ ငှက်တော ပြောတာမှန်တယ်။ နေရာတစ်ခုရှာပြီး လှဲအိပ်သင့်တယ်]

[Hahaha ငှက်တောက အခု ချိုင့်ဝှမ်းလေးဆိုတဲ့ သီချင်းကို ဆိုလိုက်တာလား။ တအားရယ်ရတာပဲ။ ထူးခြားတဲ့ အဓိပ္ပါယ်များ ရှိလား]

[ငှက်တော...ထူးခြားတဲ့ အဓိပ္ပါယ်မရှိဘူး။ ဘာလို့လဲဆိုတော့ ဒီကောင်က အရူးလေ]

[မြန်မြန် မြန်မြန်။ နေရာတစ်ခု ရှာပြီး ပုန်းပါတော့]

.........။

ဆုပိုင်က ကောမန့်များကို တစ်ချက်ဖတ်ပြီး မြက်ခင်းလွင်ပြင်ဒေသတစ်ခုလုံးအနှံ့ လိုက်ကြည့်သည်။ ဒီဝန်းကျင်တွင် ထရန်နိုဆောရက်ရပ်များ၏ သဲလွန်စကို မတွေ့ရချေ။

အခုလေးတင် တွေ့လိုက်ရသော သိပ်သည်းဆ အရှိန်နှုန်းမြှင့်ကာ ထွက်ပြေးပျံသန်းနိုင်သည့် အကောင်ကြီးကလည်း ပျောက်ကွယ်သွားသည်။ သူ၏အရှေ့ရှိ အာလာမိုဆောရပ်စ်ကလည်း ခပ်အေးအေးလှဲပြီး မြက်ပြန်စားနေပြီ ဖြစ်သည်။

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ သူက မျက်လုံးများကို မှေးကျဥ်းလိုက်သည်။

တခြားစကားဖြင့် ဆိုရသော် ယခုအချိန်ထိ စနစ်၏ အပိုင်းအစတာဝန်မှ အဓိကဇာတ်ကောင်ဖြစ်သည့် ထရန်နိုဆောရက်ရပ်ကို မမြင်ရသေးချေ။

သို့ရာတွင်...။

ဆုပိုင်၏ ဒီတစ်ကြိမ်တာဝန်က ခက်ထန်ကြမ်းတမ်းသော သတ္တဝါနှင့် တိုက်ခိုက်ရန် မဟုတ်ချေ။ ထရန်နိုဆောရက်ရပ်များသည် အစာကွင်းဆက်၏ ထိပ်ဆုံးတွင် တည်ရှိပြီး ပြိုင်ဘက်ကင်းသည်။

အသက်ကို စတေးလိုပြီး ပင်လယ်ပြင်ထဲသို့သာ ခုန်မချလျှင် သဘာဝရန်သူမရှိချေ။

ထို့နောက် ဖြစ်နိုင်ချေတစ်ခုကမူ သဘာဝကပ်ဘေးကြောင့် ပျောက်ကွယ်သွားခြင်း ဖြစ်လောက်သည်။

“သွားရအောင် ထရန်နိုဆောရက်ရပ်ရဲ့ သဲလွန်စကို အရင်ရှာကြမယ်”

ဆုပိုင်က တစ်ချက် ညည်းညူ လိုက်သည်။ သူက အဝေးရှိ တဖြည်းဖြည်းချင်း မြုပ်ကွယ်သောနေသော နေမင်းကိုကြည့်လိုက်ပြီး နောက်သို့ တစ်ဖက် ပြန်လှည့်ကာ တောထဲသို့ ပြေးသည်။

အချိန်က မှောင်တော့မည် ဖြစ်သည်။ လုံခြုံသော နေရာတစ်ခုကို ရှာပြီး အနားယူရပေမည်။

ထိုအချိန်တွင် သူက ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်ရမည်ဖြစ်သည်။ သူက ပတ်ထရိုလီယမ်မဟာမိတ်တွင် ကောင်းကောင်း လှုပ်ရှားရဦးပေမည်။

အချိန်အတန်ကြာ ထွက်ခွာသွားပြီးနောက် ဆုပိုင်က မူလတောတစ်နေရာသို့ ရောက်ရှိသွားသည်။ သူက တစ်ချက် ကြည့်လိုက်သည်။

ဒီနေရာတွင် ရှိသော သစ်ပင်အမျိုးအစားများကို သူက မမြင်ဖူးချေ။ ထိုသစ်ပင်များအားလုံးက မိုးထိုးနေကြသည်။ သူက ဂရုတစိုက် တစ်လှမ်းချင်းစီ လှမ်းကာ ဝင်သွားသည်။

ဆုပိုင်က သူ၏အရှေ့ရှိ မြက်ပင်များကို ဘေးသို့တွန်းဖယ်လိုက်ပြီး အတွင်းသို့ ဝင်သွားသည်။ ထိုမြက်များက သူ၏ခါးအထိ ရောက်နေသည်။ သူက တော၏ နက်သထက်နက်သော အပိုင်းတွင် ရှိသည်။

ဝေါင်း။

အဝေးရှိ မြက်ခင်းပြင်လွင်ပြင်ဒေသမှ သားရဲများ၏ အော်သံက ဆက်တိုက် ထွက်ပေါ်လာနေသည်။ ဆုပိုင်က နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်သောအခါ နေက ဝင်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

အနားယူဖို့ နေရာတစ်ခုကို မြန်မြန်ရှာရမယ်။

ခါးလောက် ထူတုတ်သော သစ်ပင်တစ်ပင်အောက်သို့ ရောက်ရှိပြီးနောက် ဆုပိုင်က အပေါ်သို့ တစ်ချက်မော့ကြည့်လိုက်ပြီး ခေါင်းအသာ ညိတ်သည်။

ဖုန်း။

ဆုပိုင်က ကျောပိုးအိတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ဒီလိုဆိုရင်တော့ တက်လို့ရမှာပါ။

ဒိုင်နိုဆောများ ရှိသော နေရာမျိုးတွင် သစ်ပင်ပေါ်တွင် အိပ်ခြင်းက လုံခြုံသည်။ ပို၍ဆိုးသည်မှာ ဒီသစ်ပင်များက လုံလောက်အောင် ထူသည်။ ဂရုသာ ထားမည်ဆိုလျှင် ပြုတ်ကျမည့် အခြေအနေကို စိုးရိမ်ရန် မလိုအပ်ချေ။

“ဒါကို သယ်လာခဲ့”

သူက ငှက်တောကို အော်ဟစ်လိုက်သည်။ ဆုပိုင်က သစ်ပင်ကြီးကို ဖက်ရင်း အပေါ်သို့ တစ်လှမ်းချင်းစီ တက်သည်။

“ဂါး”

“သေစမ်း ဒီလောက်လေးတဲ့အိတ်ကို ငါက သယ်နိုင်မလား”

ငှက်တောက ကျောပိုးအိတ်အရှေ့တွင်ရပ်ရင်း အပေါ်သို့တက်သွားသော ဆုပိုင်ကိုကြည့်သည်။ ထို့နောက် အဆုပ်များကွဲမတတ် အော်လေသည်။

******

174 01

အပိုင်း (174) ကိုလိုစီယမ်

“ဟူး”

ဆုပိုင်က ကျောပိုးအိတ်ကို ခေါင်းအုံးအဖြစ်သုံးပြီး သစ်ပင်ပင်စည်ပေါ်တွင် လှဲနေသည်။ သူက မျက်လုံးကို မှိတ်ထားလိုက်ပြီး တောတွင်းမှ လှုပ်ရှားမှုအသံများကိုသာ ဂရုစိုက် နားထောင် နေလိုက်သည်။

ဒီနေရာတွင် အန္တရာယ်အများဆုံး နေရာဆိုလျှင် ရေရှိသောနေရာဟု ဆိုရပေလိမ့်မည်။

အသားစားဒိုင်နိုဆောရပ်များပင်ဖြစ်စေ အပင်စား ဒိုင်နိုဆောရပ်များပင်ဖြစ်စေ ရေအရင်းမြစ်နှင့် ခွဲခြား၍မရချေ။ ထို့နောက်...။

ထရန်နိုဆောရက်ရပ်ကို ရှာတွေ့ချင်လျှင်လည်း ရေအရင်းအမြစ် ရှိသောနေရာသို့ သွားကြည့်ရပေမည်။

ထရန်နိုဆောရက်ရပ်တွေရဲ့ ခြေရာတွေ ဒါမှမဟုတ် မစင်တွေလောက်ကိုတော့ တွေ့ရမှာပါ။

ထိုအကြောင်းအရာကို တွေးမိပြီးနောက် ဆုပိုင်က ငှက်တောကိုဖက်ပြီး အိပ်မောကျသွားလေသည်။

ဖုန်း။

ဘုန်း။

ရုတ်တရက် အဝေးမှ ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ ကောင်းကင်တစ်ခုလုံးကို ခပ်ကြမ်းကြမ်း လှုပ်နှိုးလိုက်လေသည်။ မြေပြင်ကပင် ခပ်ကြမ်းကြမ်း တုန်ခါသွားသည်။

ဆုပိုင်ကလည်း သတိအပြည့်ကပ်ကာ ထထိုင်လိုက်ပြီး မျက်မှောင်ကြုတ်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။

အဝေးမှ မီးအလင်းများကိုလည်း မြင်နိုင်သည်။

“ဘာတွေဖြစ်နေတာလဲ”

သူက တစ်ချက်ညည်းညူလိုက်ပြီး အချိန်ကို ကြည့်သည်။ အချိန်က မနက်လေးနာရီသာဖြစ်သည်။ သိပ်မကြာခင် အရုဏ်တက်တော့မည်ဖြစ်သည်။

“ဟူး”

“မင်းတစ်ချက်ပျံပြီး အခြေအနေ သွားကြည့်လိုက်လေ။ ငါမင်းကို စောင့်နေမယ်။ အရေးအကြီးဆုံးကိစ္စက ရေအရင်းမြစ်ကို ရှာဖို့ပဲ နားလည်လား”

ဆုပိုင်က ငှက်တောကို ကောက်ယူလိုက်ပြီး လည်ပင်းကို အသာဆိတ်လျက် အေးစက်စွာ ပြောသည်။

“အမြန်ဆုံးပျံသွား”

“ဟမ့်”

“ငါသိပါတယ်။ ငါသိပါတယ်။ တအားစိတ်ရှုပ်ဖို့ကောင်းတာပဲ”

ငှက်တောက ခေါင်းကို ဒေါသတကြီး ညိတ်လိုက်ပြီး တောင်ပံကို တဖျတ်ဖျတ်ခါလျက် စတင်ကာ ပျံသန်းသွားသည်။

ပျောက်ကွယ်သွားသော ငှက်တောကိုကြည့်ပြီး ဆုပိုင်က အဝေးရှိ မီးတောက်ကို ပြန်ကြည့်ပြန်သည်။ သူက နှာခေါင်းကိုရှုံ့ကာ အနံ့ခံကြည့်သည်။

အတွင်းတွင် အသားလောင်ကျွမ်းသည့်ရနံ့က ပါလာသည်။

တောင်ထိပ်တွင် မီးပွားများ ရှိနေရာမှ ဖျော့တော့သော မီးလုံးများက ထင်ရှားလာသည်။

“ငါ နားလည်သွားပြီ”

174 02

“သေစမ်း”

ဆုပိုင်က မှင်တက်သွားရာမှ ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားပြီး ကျိန်ဆဲ လိုက်မိသည်။

မီးတောင်ပေါက်တာပဲ။

ဟုတ်တယ် မီးတောင်ပေါက်တာ။

စာပေထဲတွင်လည်း မှတ်တမ်းတင်မှုများ ရှိခဲ့သည်။ မြောက်မြားလှစွာသော သုတေသနပညာရှင်ပေါင်း များစွာကလည်း အမျိုးမျိုးသော အခြေအနေများကို တွက်ချက်ခဲ့ဖူး၏။ ကုန်းမြေ၏ မျက်နှာသွင်ပြင်အနေအထား ရွေ့လျားသွားသည်နှင့် အလုံးအရင်းဖြင့် မီးတောင်ပေါက်မှုများ ဖြစ်ပေါ်လာနိုင်သည်။ ထိုအခြေအနေကလည်း ဒိုင်နိုဆောများကို ပျောက်ကွယ်သွားစေခဲ့သည်။

သို့ရာတွင်....တကယ်လို့ မီးတောင်ပေါက်ရင် သူ ဘာလုပ်ရမှာလဲ။

မီးတောင်က မြက်ခင်းလွင်ပြင်ဒေသတစ်ခုလုံးကို လွှမ်းခြုံသွားမှာလေ။ နောက်ပြီး ပြေးစရာလည်းမရှိဘူး။

မီးတောင်ချော်ရည်ကျောက်သားများက ကောင်းကင်မှ ပြုတ်ကျလာနိုင်သည်။ ဒါဆိုရင်......။

ဆုပိုင်က စိတ်ရှုပ်ထွေးသွားသည်။ သူက အခြေအနေကို ခပ်မြန်မြန် တွေးတောကြည့်သည်။

ဒီတာဝန်က စနစ်တွင် ပေါ်လာကတည်းက မီးတောင်ကို ရှောင်ရှားနိုင်မည့်နေရာ ရှိပေလိမ့်မည်။ သို့ရာတွင် ပထမဦးဆုံး လုပ်ရမည့် အရာကမူ ထရန်နိုဆောရက်ရပ်များကို ရှာဖွေရန် ဖြစ်သည်။

ဒီတာဝန် ကျရှုံးသွားသည်နှင့် သူက ကိုလိုစီယမ်တစ်ခုလုံးကို ဖျက်ဆီးနိုင်တော့မည် မဟုတ်ပေ။

သူက တိတ်တဆိတ် စောင့်ဆိုင်း နေသည်။ နောက်ဆုံးတွင် ငှက်တောက ပြန်လာသည်။

“ဒါရိုက်တာဆုပိုင် အဲဒီမှာ မြစ်ရှိတယ်။ နောက်ပြီး ဂလု”

ငှက်တောက ဘေးဘက်သို့ အလျင်စလို ခုန်ဆင်းလာရင်း ကြောက်လန့်တကြား ပြောသည်။

“အဲဒီနေရာက တအားကြောက်ဖို့ ကောင်းတာပဲ။ အလောင်းတွေ အပြည့်ပဲ။ သစ်ပင်လောက်ကြီးတဲ့ အလောင်းတွေအပြည့်ပဲ”

“ငါတို့ ဘာလို့ နေရာမပြောင်းတာလဲ”

“မဟုတ်ဘူး ငါတို့ အဲဒီကိုသွားပြီး ခပ်မြန်မြန်ထွက်သွားရမယ်”

ထိုအချိန်တွင် ကောင်းကင်က တောက်ပ လာသည်။ ဆုပိုင်က ထူထဲသော မီးခိုးများ လွှတ်ထုတ်နေသည့် မီးတောင်ကို တစ်ချက်ကြည့်လိုက်သည်။ သူက စိုးရိမ်နေသလို သူ၏နှလုံးသားကလည်း စိုးရိမ်မှုများ ပြည့်နှက်နေသည်။

သူက အခြေအနေကို တစ်ချက် ကြည့်လိုက်သည်။ မီးတောင်က အချိန်အတန် ကြာအောင် ပေါက်ဦးမည်မဟုတ်ချေ။

ဖြစ်နိုင်တာက မနက်ဖြန်ဆိုရင်တော့ ထပ်ပေါက်လောက်တယ်။ ဒါပေမဲ့ ဒီနေ့တော့ အချိန်ရပါသေးတယ်။

........။

ဆီမဟာမိတ်...။

ရွှယ်နင်က လူတစ်ဖွဲ့နှင့်အတူ တဖြည်းဖြည်းချင်း ကိုလိုဆီယမ်ထဲသို့ ဝင်သွားသည်။ ကြိုတင်ထောက်ခံမှု ရရှိထားသောကြောင့် ကိုလိုဆီယမ်သို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့သည်။

ဝိုး။

သူ ဝင်ရောက်လာသည့် အခိုက်အတန့်၌ နားအတွင်းတွင် အော်သံများကို ကြားလိုက်ရသည်။

“သေတဲ့အထိလုပ်စမ်း လာစမ်းပါ”

“အား အား အား သတ်လိုက်။ ကိုက်သတ်လိုက်”

“ငါ့ပိုက်ဆံ သေစမ်း။ အရှုံးသမားကောင်”

ပတ်ဝန်းကျင်ကို တချက်ကြည့်လိုက်သောအခါ ကိုလိုဆီယမ်တစ်ခုလုံးတွင် ရှေ့ခေတ် ရိုမန်ကိုလိုဆီယမ်များကဲ့သို့ ဖြစ်နေကြောင်း မြင်လိုက်ရသည်။ ပွဲကြည့်စင်က အဝိုင်းပုံစံမျိုးနှင့် ဖြစ်ပြီး အလယ်တွင် စင်မြင့်ကြီး ရှိသည်။ ထိုပေါ်တွင် ကြီးမားသည့် သတ္တဝါကြီးနှစ်ကောင်က တိုက်ခိုက်နေ၏။ ထိုအချိန်တွင် နီရဲရဲ မျက်နှာနှင့် စိတ်လှုပ်ရှားနေသော လူတစ်အုပ်က ဆက်တိုက်အော်ဟစ်နေကြသည်။

174 03

လူတိုင်းက သူတို့၏နေရာကို ရှာဖွေကြပြီးနောက် စင်ကို အာရုံပြန်စိုက်လိုက်ကြသည်။

ထိုအချိန်တွင် အကောင်းဆုံးတိုက်ခိုက်နိုင်သည့် သားရဲကောင်က ရှူရာကွင်း ရထားသလိုမျိုး ဖြစ်နေသည်။ သူ၏တစ်ကိုယ်လုံးတွင် သွေးများ စိုရွှဲနေသလို ပတ်ဝန်းကျင်တွင်လည်း အသားစများ သွေးများက ပြန့်ကျဲ နေသေးသည်။

ကြောက်မက်ဖွယ် ခမ်းနားသော ပုံစံနှင့် မကောင်းဆိုးဝါးကြီးတစ်ကောင်က မြေပြင်ပေါ်တွင် လှုပ်ရှားမှုမဲ့ကာ လဲကျနေပြီ ဖြစ်သည်။

လူအများကို အနည်းငယ်ထိတ်လန့်စေသည်မှာ မကောင်းဆိုးဝါးအလောင်း၏ ဘေးတွင် ရပ်နေသော သတ္တဝါကြီးက သုံးမီတာခန့် မြင့်လေသည်။ ခေါင်းကြီးတစ်ခုလုံးက တြိဂံပုံသဏ္ဍာန်မျိုးနှင့်ဖြစ်ပြီး ကြောက်စရာကောင်းသည့် အမာရွတ်များကလည်း ရှိနေသေးသည်။

ဝေါင်း။

ထိုမကောင်းဆိုးဝါးက အော်လိုက်သည်။ သူ၏ ခေါင်းတစ်ခုလုံးက ရုတ်တရက် အလယ်မှ ကွဲထွက်သွားလေပြီး သွားကြီးနှစ်ခေါင်းက ထက်ရှစွာပေါ်ထွက်လာသည်။

ကလစ်။

သူက အောက်သို့ ခပ်ကြမ်းကြမ်း ကိုက်ဖဲ့လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူက အောက်ဘက်တွင် လဲကျနေသည့် မကောင်းဆိုးဝါးကြီး၏ ခေါင်းတစ်ခုလုံးကို ဆုတ်ဖြဲပစ်လိုက်ပြီး ဝါးစားသည်။

“အိုး အိုး အိုး အိုး ကြေးခွံနက်က ပြိုင်ဘက်ကင်းတယ်။ ကြေးခွံနက်”

“ဟားဟားဟား ငါသိတယ်။ ငါကြေးခွံနက်ကို ဆယ်သန်းနဲ့ ဝယ်ထားတာလေ။ ဟားဟားဟား ဘယ်တော့မှ စိတ်မပျက်စေရဘူး”

“ထွက် တစ်ပွဲတိုက်ခိုက်တာနဲ့ သူက သားရဲဘုရင်ဖြစ်သွားပြီ။ ကြေးခွံနက်”

ရွှယ်နင်က သွေးလွှမ်းနေသော မြင်ကွင်းကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

ပတ်ထရိုလီယမ်မဟာမိတ်သို့ ညတွင်းချင်း အပြေးလာရန် အမိန့်ကြောင့် ရောက်ရှိလာခဲ့ရသည်။ သူတို့၏ အဓိက ရည်ရွယ်ချက်က ဒါရိုက်တာဆုပိုင်ကို ရှာရန် ဖြစ်သည်။

ဆုပိုင်က လေဆိပ်သို့သွားသော မှတ်တမ်းများ ရှိနေသော်လည်း ဟော်တယ်တွင်နေသော မှတ်တမ်းများ ရှိနေသည့်တိုင်အောင် ဒါရိုက်တာဆုပိုင် လူကိုယ်တိုင်ကိုမူ ရှာမတွေ့ချေ။ အနည်းဆုံး သူတို့က ကံကောင်းမှုကို စမ်းသပ်ပြီး ကိုလိုဆီယမ်ထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် လူတိုင်းက ထပ်ခါတလဲလဲ စစ်ကြည့်ခဲ့သည့်တိုင်အောင် ဆုပိုင်ကို မတွေ့ရပေ။

“ပရိသတ်တို့ ကိုလိုဆီယမ်ကနေ ကြိုဆိုပါတယ်”

“ဒါက အဆာပြေစာပဲ”

“ငါတို့ရဲ့ ကြေးခွံနက်အတွက် အားပေးရအောင်။ အရင်အတိုင်းပဲ ကြေးခွံနက်ဆီကို အရသာရှိတဲ့ စားစရာတွေကိုပဲ ကျွေးတဲ့အတွက် လူကြီးမင်းဟာမန်ကို ကျေးဇူးတင်ပါတယ်”

သပ်သပ်ရပ်ရပ် ဆံပင်ဖြီးသင်ထားပြီး သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က တဖြည်းဖြည်းချင်း တက်လာသည်။ သူက မြေပြင်ရှိ အသားတုံးများကို ရှောင်ရှားပြီး လူတိုင်းကို ပြုံးရယ်ကာ ဂါရဝပြုသည်။

ထို့နောက် တင်ဆက်သူက လက်ခုပ်တီးသည်။

ရုတ်တရက် ကိုလိုဆီယမ်၏ ဘေးလက်ခြမ်းရှိ ကျောက်တုံးတံခါးက တွန်းဖွင့်ခံရပြီး အလုပ်ဝတ်စုံနှင့် လူတချို့က တက်လာကြသည်။ သူတို့က သတ္ထုလှည်းတစ်ခုကို တွန်းလာသည်။

ဝေါင်း။

သတ္ထုလှည့်ရောက်လာသည်နှင့် ဘေးဘက်တွင် ကြီးမားသည့် သံမဏိချိန်းကြိုးကြီးဖြင့် အချည်ခံထားရသော သတ္တဝါကြီးက ခပ်ကြမ်းကြမ်း ဟိန်းဟောက်သည်။ သူက စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။ သူ၏ တြိဂံပုံခေါင်းကြီးက မာန်ဖီလာလေပြီး ပါးစပ်ကြီးကိုဖြဲသည်။

ဖုန်း ဖုန်း ဖုန်း။

သတ္ထုလှည်းအတွင်းမှ ပစ္စည်းပေါင်းများစွာက ထွက်ပေါ်လာသည်။ လူတိုင်းကလည်း ထိုမြင်ကွင်းကို အေးစက်စွာ ကြည့်နေကြသည်။ သို့သော် သူတို့၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများကို မြင်နိုင်သည်။

“သေစမ်း”

ရွှယ်နင်က အံကိုကြိတ်လိုက်သည်။ သူမ၏မျက်နှာက ဖြူဖျော့သွားသည်။

174 04

ဒီသောက်ကျိုးနည်း သားရဲကောင်တွေက ဒီမကောင်းဆိုးဝါးကို လူအလောင်းတွေ ကျွေးနေတာပဲ။

အခြေအနေကို ခန့်မှန်းခြင်းအားဖြင့် သိပ်မကြာခင်က သေသွားသော လူသားဖြစ်ကြောင်း သိနိုင်သည်။

“ခေါင်းဆောင် ဘာလို့ ငါတို့”

တရုတ်နိုင်ငံရှိ စစ်သားများကလည်း ဒီအခြေအနေကို မြင်သောအခါ သည်းမခံနိုင်ဘဲ တုန်ယင်သွားလေသည်။ သူတို့ ဒီလိုမြင်ကွင်းကို မမြင်ဖူးဘူး။

မကောင်းဆိုးဝါးတွေကို လူသားကျွေးတယ်ဆိုတာက တော်တော်လေးကို...။

လူများကို ပို၍ကျောစိမ့်တက်စေသည်မှာ ကြည့်နေကြသော လူအုပ်ကလည်း ကျင့်သားရနေပုံပေါ်သည်။ ရွှယ်နင်က ထိုလူများ၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားနေသော မြင်ကွင်းများကို မြင်နိုင်သည်။

သောက်ကျိုးနည်း ဒီနေရာက ဘယ်နေရာလဲ။

All Chapters