← Chapters

အခန်း (၁၇၅-၁၇၇)

Vol. 12 Ch. 175-177

အခန်း (၁၇၅-၁၇၇)

Vol. 12 Ch. 175-177

175 01

အပိုင်း (175)

ကိုလိုစီယမ်။

ခမ်းနားထည်ဝါသော ရုံးခန်းအတွင်းတွင် အသားမည်းမည်းနှင့် လူတချို့က ဆိုဖာပေါ် သက်သောင့်သက်သာ ထိုင်နေကြသည်။

သူတို့၏အရှေ့တွင် ရွှေအိုရောင်ဆံပင်နှင့် မိန်းကလေးတစ်ယောက်က ဒူးထောက်နေသည်။

“ဟွန့်”

စီမွန်က မီးခိုးငွေ့တန်းတစ်ခုကို လွှတ်ထုတ်လိုက်ပြီး အရှေ့မှ လူတိုင်းကို သုန်မှုန်သော မျက်နှာနှင့် ကြည့်ကာပြောသည်။

“မော်ဂန်က သေသွားပြီ။ မင်းတို့ သိလား”

“တရုတ်”

“ဟွန့် မော်ဂန် သေဆုံးမှုသတင်းကိုတောင် သူတို့က ရယ်စရာကောင်းတဲ့ပုံစံမျိုးနဲ့ ပြန်ပို့ရဲတယ်လို့ မထင်ထားဘူး။ တအား ရယ်ရတယ်”

“ဒါက ငါတို့ရဲ့ ဆီမဟာမိတ်ကို ရန်စလိုက်တာပဲ”

“မင်းတို့အားလုံး ထွက်သွားတော့”

စီမွန်က အေးစက်စွာ ဆူပူလိုက်ပြီး အရှေ့မှ ရွှေရောင်ဆံပင်နှင့်မိန်းမကို ဘေးသို့ တွန်းဖယ်လိုက်သည်။

ထို့နောက်သူက ဆိုဖာပေါ်မှ တဖြည်းဖြည်းချင်း ထသည်။ သူက ရွှေသီးသန့်ဖြင့် လုပ်ထားသော စားပွဲနားသို့ လျှောက်သွားလိုက်သည်။

ထို့နောက် စားပွဲပေါ်သို့ ဓာတ်ပုံတစ်ချပ်ကို ပစ်တင်လိုက်ပြီး လူတိုင်းကို တစ်ချက်ကြည့်သည်။

“ငါတို့ရထားတဲ့ တိရိစ္ဆာန်မျိုးရိုးဗီဇတွေက ကုန်ဆုံးတော့မယ်။ မော်ဂန်က ငါတို့ရဲ့ ကိုလိုစီယမ်အတွက်ကြောင့် သေသွားခဲ့ရတာပဲ။ ဒါပေမဲ့ အသစ်ပေါ်လာတဲ့ တိရိစ္ဆာန်မျိုးရိုးဗီဇကိုတော့ မအောင်မြင်ခဲ့ဘူး”

“အခု”

“ဒီသောက်ကျိုးနည်းတရုတ်တွေက ပတ်ထရိုလီယမ်မဟာမိတ်ကို လာရဲကတည်းက ငါတို့က အသက်ရှင်ခွင့် ပြုလို့မရဘူး”

“ဒီလူတွေအားလုံးကိုဖမ်းပြီး မကောင်းဆိုးဝါးစာ ကျွေးလိုက်”

“ဘယ်သူမှ မလွတ်စေနဲ့။ ဘယ်လို တန်ကြေးပေးရပေးရ ငါတို့ တရုတ်တွေကို ရရမယ်။ တရုတ်ပြည်ကို သွားရမယ်။ ဒီတိရိစ္ဆာန်မျိုးရိုးဗီဇတွေကို အရယူရမယ်။ ဒီလိုနဲ့ ငါတို့က ပိုပြီးကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးတွေကို ရနိုင်လိမ့်မယ်”

“စီမွန်”

ထိုအချိန်တွင် အောက်ဘက်တွင် ထိုင်နေသော လူတစ်ယောက်က တုံ့ဆိုင်းစွာပြောသည်။

“ဟော်တယ်က အဲဒီတရုတ်လူငယ်က ပျောက်နေတယ်။ ငါတို့ အချိန်ကြာကြာရှာခဲ့ပေမဲ့ မတွေ့ဘူး”

“ဒါက”

“လျစ်လျူရှုလိုက်”

စီမွန်က လက်ကို အထင်သေးသလိုရမ်းရင်း လှောင်ကာပြောသည်။

“ဒီလူတွေကို ကိုင်တွယ်တဲ့အခါ တရုတ်တွေက အလျင်လက်ဦးမှုယူပြီး ငါတို့ကို ဆက်သွယ်လာလိမ့်မယ်”

“ကောင်းပြီ သွားလုပ်ရအောင် “

လူတိုင်းက ထရပ်လိုက်ပြီး အပြင်သို့ ထွက်သွားသည်။

လူတိုင်း ထွက်သွားပြီးမှသာ စီမွန်က စာချုပ်တစ်ခုကို ထုတ်သည်။ ထို့နောက် သဘောတူညီချက်ကို ကြည့်လိုက်ပြီး လှောင်လိုက်သည်။

“ဟမ့်”

“ပိုကြီးတဲ့ မကောင်းဆိုးဝါးတစ်ကောင် သားဖောက်ပြီးတဲ့အခါ ငါမင်းတို့တရုတ်နဲ့ လာပျော်ပါဦးမယ်”

“ပြေး”

ဆုပိုင်က ကြီးမားသော အရိုးခြောက်ကြီးတစ်ခုပေါ်တွင် ရပ်လျက် လည်တိုင်နီမတတ် အော်သည်။

ဘုန်း။

ဘုန်း။

ဘုန်း။

မြေကမ္ဘာက တသိမ့်သိမ့်တုန်သွားသည်။ ကြီးမားသော မီးတောင်ကျောက်သားများက အပေါ်မှ ပြုတ်ကျလာသည်။

ဖုန်း။

ဝေါင်း။

175 02

ထိုချော်ရည်တုံးကြီးက အဝေးရှိ ဒိုင်နိုဆောတစ်ကောင်ကို မြေပြင်ပေါ်သို့ ခပ်ကြမ်းကြမ်း ဖိချလိုက်ကြောင်း မြင်လိုက်ရသဖြင့် တံတွေး မြိုချလိုက်သည်။

ဆုပိုင်က ခပ်မြန်မြန် တံတွေးမြိုချလိုက်ပြီး ကြောက်လန့်တကြား လှည့်ကြည့်သည်။

မြက်ခင်းလွင်ပြင်၏ တခြားတစ်ဖက်ခြမ်းတွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် နီရဲနေသည့် ချော်ရည်များက အရပ်မျက်နှာအနှံ့ ရေကြီးသလိုမျိုး ရူးသွပ်စွာ လှိမ့်ဝင်လာပြီ ဖြစ်သည်။

မီးခိုးငွေ့များက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံမတတ် ဖြစ်လာသည်။ မမျှော်လင့်ထားစွာပင် သူက မြစ်သို့ရောက်သည့် အချိန်တွင်ပင် အဝေးရှိ မီးတောင်က ပေါက်သွားသည်။ ထို့အပြင် ပို၍ ဆိုးရွားသည်မှာ....။

မီးတောင်ပေါက်ကွဲမှုက မြေကမ္ဘာတစ်ခုလုံးကို တသိမ့်သိမ့် တုန်စေပြီး မြေငလျင် လှုပ်စေသည်။

ထိုအခိုက်အတန််တွင် အမျိုးမျိုးသော ဒိုင်နိုဆောများက ကြောက်လန့်တကြား ထွက်ပြေးကြသည်။ အားလုံးက တောအတွင်းမှ ပြေးထွက်ကြသည်။ သို့ရာတွင်....။

သေးငယ်သော အကောင်နှင့် အပြေးမြန်သော ဒိုင်နိုဆောများက လွတ်မြောက်သွားခဲ့သည်။ ကျန်သော နှေးသည့် ဒိုင်နိုဆောများဖြစ်သည့် အာလာမိုဆောရပ်တို့လိုအကောင်များကမူ ချော်ရည်များအတွင်း ဝါးမြိုခံရသည်။

ယခုအချိန်ထိ ဆုပိုင်က ထရန်နိုဆောရက်ရပ်များကို မတွေ့ရသေးချေ။ ထိုအခြေအနေက သူ့ကို စိုးရိမ်စေသည်။

ဒီတာဝန် ကျရှုံးသွားသည်နှင့် ကလဲ့စားချေမှုကို ထည့်ပြောရန်ပင် မလိုအပ်တော့ချေ။

“ဒါရိုက်တာဆုပိုင် မြန်မြန်လေး ပြေးပါတော့”

ငှက်တောကလည်း လေထဲမှ ကျလာသော အရာများကို ဆက်တိုက်ရှောင်ရှားနေရင်း ဆုပိုင်ကို အော်ရသည်။

“မင်း အခုမပြေးရင် နောက်ကျသွားလိမ့်မယ်”

ဆုပိုင်က အံကိုကြိတ်လိုက်ပြီး လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်သည်။ သူက ကျောပိုးအိတ်ကို ကောက်မလိုက်ပြီး တော၏ တခြားတစ်ဖက်ခြမ်းသို့ စပြေးသည်။

လမ်းတောက်လျှောက်တွင် အမျိုးမျိုးသော ဒိုင်နိုဆောရပ်များကို တွေ့ရသည်။

သို့သော် အခြေအနေက အရေးကြီးနေသောကြောင့် မည်သည့်ဒိုင်နိုဆောကမှ ဆုပိုင်ကို တားချိန်မရှိချေ။ သူတို့အားလုံးကလည်း အသက်ဘေးမှ လွတ်အောင် ပြေးနေရသည်။

ဝေါင်း။

အဝေးရှိ ဒိုင်နိုဆောတစ်ကောင်က မြေပြင်တွင် ခလုတ်တိုက်သွားပြီး ပြန်ထတော့မည့် အချိန်တွင်။

ဖူး။

ကြီးမားသော ခြေထောက်ကြီးတစ်ဖက်က သူ၏ကိုယ်ပေါ် တိုက်ရိုက်ဖိချေသွားပြီး တိမ်ဆိုင်များကဲ့သို့ သွေးမြူများကို လိမ့်တက်လာစေသည်။

ဆုပိုင်၏ မျက်နှာထားက ပြောင်းလဲသွားပြီး စတင်ကာ တစ်ဖက်ခြမ်းသို့ ကွေ့ပြေးသည်။

အကောင်တွေက များလွန်းလို့ သူ့ကိုနင်းချေသွားလောက်တယ်။

ထိုအရာသာ မကသေးပေ။ အလွန်မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ပြေးနေသော ဒိုင်နိုဆောများကလည်း မိုးထိုးနေသော သစ်ပင်များကလွဲပြီး ကြီးမားလွန်းသော အကောင်ကြီးများကို မရှောင်နိုင်ချေ။ သူတို့ကလည်း အချင်းချင်း ဝင်တိုးမိကြသည်။

ဆုပိုင်၏ အရွယ်အစားနှင့်ဆိုလျှင် သူသာ လဲကျသွားသည်နှင့် ပြန်ထ နိုင်တော့မည်မဟုတ်ချေ။

ဘုန်း။

ရုတ်တရက် ဆုပိုင်က သူ၏အရှေ့မှ ခပ်ကြမ်းကြမ်းပြေးနေသော ဒိုင်နိုဆောများက ရုတ်တရက် ရပ်တန့်သွားကြောင်း မြင်လိုက်သဖြင့် သူသည်လည်း ကြောင်အသွားသည်။ မြေပြင်ကပင် တသိမ့်သိမ့်တုန်လာသည်။

ထို့နောက် သစ်ပင်၏အနောက်ဘက်မှ အလွန်ကြီးမားပြီး ကြောက်မက်ဖွယ် ကောင်းသော ခေါင်းကြီးတစ်ခေါင်းက ထွက်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော မျက်လုံးများက အရှေ့ရှိ ဒိုင်နိုဆောများကို အကဲခတ်သည်။ သူက လည်တိုင်ကို မော့လျက် အော်သည်။

175 03

ဟစ်။

“နောက်ဆုံးတော့ ရှာတွေ့ပြီ”

အရှေ့တွင် ပေါ်လာသောအကောင်က ထရန်နိုဆောရက်ရပ်ဖြစ်သည်။ သူက အရွယ်ရောက်ပြီးသော ထရန်နိုဆောရက်ရပ် ဖြစ်သည်။

သူ၏ကိုယ်ထည်က ၇မီတာနီးပါး မြင့်သည်။ ကြောက်မက်ဖွယ် ကောင်းသော ပါးစပ်ကြီးကို ဖြဲထားသည်။ အရှေ့ရှိ ဒိုင်နိုဆောတိုင်းက တိတ်ဆိတ်သွားကြသည်။

ထိုအကောင်သည် အစာကွင်းဆက် ထိပ်ဆုံးတွင် ရှိသည့် ထရန်နိုဆောရက်ရပ် ဖြစ်သည်။

ဒိုင်နိုဆောတိုင်းနီးပါးက သူ့ကို မယှဥ်နိုင်ချေ။

သို့ရာတွင် ဆုပိုင်ကို ပဟေဋိဖြစ်စေသည်မှာ....။

ဘာလို့ ဒီလိုအခြေအနေမျိုးမှာ ထွက်မပြေးဘဲ ဒိုင်နိုဆောတွေကို တားထားတာလဲ။

နှစ်ဖက်လုံးက အချင်းချင်း ထိပ်တိုက်ရင်ဆိုင်တော့မည့်အချိန်တွင် ၅မီတာခန့်မြင့်သည့် ဒိုင်နိုဆောတစ်ကောင်က ခပ်ကြမ်းကြမ်း အော်လိုက်သည်။ သူက အဝေးရှိ တလိမ့်လိမ့် စီးလာသော ချော်ရည်များကို တစ်ချက်ကြည့်လိုက်ပြီး ထရန်နိုဆောရက်ရပ်ထံ အကြောက်အလန့်မဲ့စွာ ပျံသန်းသွားသည်။

ကလစ်။

သို့သော် ထိုအခိုက်အတန့်တွင်ပင် ခပ်ကြမ်းကြမ်း ကိုက်ခဲသံက ထွက်ပေါ်လာသည်။

ဖုန်း။

ဂျွတ် ဂျွတ် ဂျွတ်။

ထိုဒိုင်နိုဆော၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပစ်ချခံရသည်။ ထရန်နိုဆောရက်ရပ်ကမူ ထိုအကောင်၏ခေါင်းကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ကိုက်ခဲလိုက်ပြီ ဖြစ်သည်။

ဝေါင်း။

“ထွက်သွား”

သူက လည်တိုင်ကို မော့ပြီးအော်သည်။

ဆုပိုင်ကလည်း ထိုစကားကို နားလည်လိုက်သည်။ ဒိုင်နိုဆောများအားလုံးကလည်း ထိုကောင်ကို မယှဥ်နိုင်ကြောင်းသိသဖြင့် နောက်သို့လှည့်ကာ အဝေးသို့ ပြေးရသည်။

သတ္တဝါပေါင်းများစွာက တစ်ကောင်ပြီးတစ်ကောင် ထွက်သွားကြောင်း မြင်နေရသည့် အခိုက်အတန့်တွင် ဆုပိုင်က သစ်ပင်၏အနောက်တွင် ပုန်းနေလိုက်သည်။ သူက အသက်ကို ပြင်းပြင်း ရှူနေရသည်။

[သေစမ်း။ တင်ဆက်သူရဲ့ ဒီတစ်ကြိမ်တာဝန်က ဒီကောင်လို့တော့ မပြောနဲ့နော်]

[ရယ်ရတယ်။ တအား ရယ်ရတယ်တာပဲ။ ဒီကောင်ကို ကြည့်ရုံနဲ့တင် ငါ သေးပေါက် ချင်တာကို မထိန်းထားနိုင်တော့ဘူး]

[တအား ကြောက်ဖို့ ကောင်းတာပဲ။ တိုက်ရိုက်ထုတ်လွှင့်မှုကင်မရာက ဒီကောင်ကို လှည့်လိုက်တဲ့အချိန်မှာ မင်းတို့ မြင်လိုက်လား။ သူ့ရဲ့မျက်လုံးထဲက ကြောက်စရာကောင်းတဲ့ အကြည့်ကြီးလေ။ ဒါက သတ်ဖြတ်ခြင်းစက်လိုပဲ]

[ဒီကောင်သာ ကောင်းကင်ပြာတိရိစ္ဆာန်ရုံမှာ ရှိရင် တအားအန္တရာယ်များတယ်လို့ မထင်ဘူးလား]

[မစိုးရိမ်ကြပါနဲ့။ တင်ဆက်သူပြောတာ မကြားဘူးလား။ ဒီလိုတိရိစ္ဆာန်မျိုးက လွန်ခဲ့တဲ့နှစ်သန်းတစ်ရာလောက်ကတည်းက မျိုးတုန်းပျောက်ကွယ်သွားခဲ့တာ။ တင်ဆက်သူရဲ့နောက်မှာ နတ်ဘုရားရှိနေရင်တောင်မှ ဒီကောင်ကို မကယ်နိုင်လောက်ပါဘူး]

[မြန်မြန်ပြေးပါတော့။ တင်ဆက်သူ ဘာလုပ်နေတာလဲ။ နောက်မှာ ချော်ရည်က ပေါက်တော့မယ်လေ]

[ငါတော့ တင်ဆက်သူရဲ့ ဒီလိုအခြေအနေကိုမြင်ရတာ စိုးရိမ်လွန်းလို့ သေတော့မယ်။ ကျေးဇူးပြုပြီး ပြေးပါတော့]

.......။

ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းရှိ ကောမန့်များကို ကြည့်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူပြီး ထွက်မပြေးသည့် ထရန်နိုဆောရက်ရပ်ကို ကြည့်သည်။

သူက အံကိုကြိတ်လိုက်သည်။

သူ ဘာလုပ်ရမလဲ။

အနောက်မှာလိုက်လာတဲ့ချော်ရည်။ အရှေ့မှာတော့ ထွက်မပြေးချင်တဲ့ ထရန်နိုဆောရက်ရပ်။

******

176 01

အပိုင်း (176)

ဝေါင်း။

အဝေးမှ အော်သံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေသည်။ ဆုပိုင်က သစ်ပင်အနောက်မှ တဖြည်းဖြည်းချင်းထွက်ပြီး မြေပြင်တွင် လှဲချလိုက်ကာ ထရန်နိုဆောရက်ရပ်ထံ ဂရုတစိုက် သွားလိုက်သည်။

အခု စမ်းကြည့်ရုံပဲ တတ်နိုင်တော့မယ်။

“ရူးနေပြီ ရူးနေပြီ”

သစ်ပင်ပေါ်ရှိ ငှက်တောကမူ တဖြည်းဖြည်းချင်း ရွှေ့လျားနေသည့် ဆုပိုင်ကိုကြည့်ပြီး မျက်လုံးပြူးကျယ်လိုက်သည်။

တအားပျင်းဖို့ ကောင်းတာပဲ။

ဒါက သေလမ်းရှာနေတာမဟုတ်လား။

နောက်ဘက်မှာ ချော်ရည်က မီလာတော့မယ်။

နောက်ပြီး....။

အရှေ့ကအကောင်ကြီးကို ကြည့်ပါဦး။ ဒါရိုက်တာဆုပိုင်က သူ့သွားကြားတောင် ညပ်ပါ့မလား။

ငှက်တောက စိုးရိမ်နေသည့်အချိန်တွင် ဆုပိုင်က ထရန်နိုဆောရက်ရပ်နှင့် အနီးဆုံးသစ်ပင်ပေါ်သို့ တက်လိုက်နိုင်ပြီဖြစ်သည်။

“အကြောင်းပြချက်တော့ ရှိမှာပဲ။ မဟုတ်ရင် ဘာလို့ ထရန်နိုဆောရက်ရပ်က ထွက်မပြေးရမှာလဲ”

ဆုပိုင်က တစ်ချက်ညည်းညူလိုက်သည်။ သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများက တောင့်တင်းနေသည်။ သူက ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်းစပြီး လှုပ်ရှားပြန်သည်။

အရှေ့ဘက်ရှိ ပေါင်းပင်များအကြားမှတစ်ဆင့် သိပ်မဝေးသောနေရာတွင် ရှိနေသော ၃၀စင်တီမီတာခန့်ရှည်သော ဒိုင်နိုဆောဥကြီးကို မြင်လိုက်ရသည်။

ဟစ်။

ဆုပိုင်က နောက်ဆုံးတွင် ထရန်နိုဆောရက်ရပ်က မည်သည့်အတွက်ကြောင့် ထွက်မပြေးကြောင်း နားလည်သွားသည်။ သူက ဒိုင်နိုဆောဥကို ကာကွယ်နေခြင်း ဖြစ်သည်။ သို့သော်...။

သူသောက်ကျိုးနည်း ဘယ်လိုလုပ်ရမှာလဲ။

ဒီထရန်နိုဆောရက်ရပ်က ထွက်မသွားဘူးဆိုရင် ဘယ်လိုများ ကယ်ရမှာလဲ။

ထိုအကြောင်းအရာကို တွေးမိသော ဆုပိုက်က ခေါင်းကိုမော့ပြီး သစ်ပင်ပေါ်ရှိ ငှက်တောကို ရမ်းပြလိုက်သည်။

“အာ”

ငှက်တောကလည်း ဆုပိုင်ကို မြင်လိုက်ပြီးနောက်တွင် တုန်ယင်သွားလေသည်။

သူ့ကို လှမ်းခေါ်တယ်ဆိုရင် ကောင်းတဲ့ကိစ္စတော့ မဖြစ်နိုင်ဘူး။

သို့သော် အခု အများကြီး မတွေးနိုင်တော့ချေ။ သူက သစ်ပင်ပေါ်မှ ပျံသန်းဆင်းသွားလိုက်ပြီး ဆုပိုင်၏အရှေ့တွင် ဆင်းသက်လိုက်သည်။ ငှက်တောက သတိအပြည့် ကပ်လျက် မေးလိုက်သည်။

“ဆုပိုင် ဒါရိုက်တာ ဘာလုပ်ချင်တာလဲ။ မြန်မြန်ပြေးရအောင်”

“ရှူး အသံမထွက်နဲ့။ ငါပြောတာကို နားထောင်။ ငါမင်းကို တာဝန်တစ်ခုပေးမယ်”

ဆုပိုင်က ငှက်တောကို ခပ်မြန်မြန်လှမ်းဆွဲပြီး အသံကိုတိုးကာပြောသည်။

“မင်း အဲဒီက ဥကို မြင်လား”

ငှက်တောက တစ်ချက်လှမ်းကြည့်ပြီး ခေါင်းညိတ်သည်။

“မြင်တယ်လေ”

“ကောင်းပြီ။ ဒါဆိုရင် ငါမင်းကို အရေးကြီးတဲ့ သင်ခန်းစာတစ်ခု ပေးမယ်။ မင်း အဲဒီကောင်ကို သွားပြီး အနှောင့်အယှက်ပေးလိုက်။ ငါ ဥသွားခိုးမယ်”

ငှက်တော၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက ထရန်နိုဆောရက်ရပ်ကို ကြောက်လန့်စွာ ကြည့်သည်။

ငါတို့ရဲ့ ခန္ဓာကိုယ်ချင်းကို ယှဥ်ကြည့်စမ်းပါ။

ငါက ဒီကောင်ကြီးရဲ့ ပါးစပ်ထဲ ဝင်ထားရင်တောင် သွားကြားထဲမှာပဲ ညပ်နေလောက်တယ် ဟုတ်ပြီလား။

“မလုပ်ဘူး မလုပ်ဘူး မလုပ်ဘူး”

နောက်နေတာလား။

ဟာသလား။

ဖုန်း။

ဆုပိုင်က ထိုကောင်၏ခေါင်းကို တစ်ချက်လှမ်းဆွဲလိုက်ပြီး ခပ်တိုးတိုး ပြောသည်။

“ငါမင်းကို မင်းပြန်ရောက်သွားတဲ့အခါ tvတစ်လုံးဝယ်ပေးမယ်ဆိုရင် ဘယ်လိုလဲ”

“မင်း ကြိုက်တာ ကြည့်လို့ရတယ်။ ငါ မင်းအတွက် ညသန်းခေါင်အထိ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ချန်နယ်တွေတောင် တပ်ထားပေးဦးမယ်။ လူကြီးမင်း ဖူကာဒါလည်း ပါစေရမယ်။ နောက်ပြီး ဆရာအီကိုရော....”

“ဒါတွေအပြင် မင်းက ဒီလောက်သေးငယ်တဲ့ အရွယ်အစားလေးနဲ့ ပျံသန်းနိုင်သေးတာ မဟုတ်လား။ မင်းကသာ ဒီကောင်လေးကို မျှားသွားပေးနိုင်မယ်ဆိုရင် ဘယ်လိုလဲ”

“အလုပ် မဖြစ်ရင်လည်း ငါ ပြန်သွားတဲ့အခါ မင်းကို မျောက်ဝံစား သိမ်းငှက်ကြီးဆီကို ပေးပြီး မွေးခိုင်းရမှာပဲ”

176 02

“ဟစ်”

ငှက်တောက အသက်ပြင်းပြင်းရှူပြီး အတွေးနက်သွားသည်။

အချိန်အတန်ကြာပြီးနောက်တွင် ငှက်တောက ခေါင်းကိုခါပြီး လေသံကို တိုးကာ ပြောသည်။

“မလုပ်ဘူး”

“မင်းဆရာယွီရာကိုတော့ ထည့်ပေးရင်လုပ်မယ်”

“ကောင်းပြီလေ”

ဆုပိုင်က ခေါင်းမြန်မြန်ညိတ်သည်။ သူက ငှက်တော၏ နဖူးကိုအသာတို့၏။

“အခု မင်းရဲ့တာဝန်ဖြစ်သွားပြီ။ သွား”

“ဟူး”

ငှက်တောက လည်ပင်းလေးကိုခါပြီး အသက်ပြင်းပြင်း ရှူထုတ်သည်။ ထို့နောက် ထရန်နိုဆောရက်ရပ်၏ ခေါင်းကိုကြည့်လိုက်ကာ ခပ်ကြမ်းကြမ်း ခေါင်းညိတ်လိုက်ပြီး တောင်ပံကိုဖြန့်လျက် လေထဲသို့ ပျံတက်သွားသည်။

ဘုန်း။

သူက ထရန်နိုဆောရက်ရပ်၏ နှာခေါင်းရှေ့တည့်တည့်သို့ ပျံသန်းသွားသည်။ သူက ကြည့်နေလိုက်သည့်အချိန်တွင် ထရန်နိုဆောရက်ရပ်က ခေါင်းကို ငုံ့လာကြောင်း မြင်လိုက်ရသည်။

ဘန်း ဘန်း ဘန်း။

ထို့နောက် သူက ထရန်နိုဆောရက်ရပ်၏ နှာခေါင်းကို ဆက်တိုက် ထိုးဆိတ်သည်။

အား တအားမာတာပဲ။

တုံ့ပြန်မှုလည်း မရှိဘူး။

သူက ခေါင်းကိုလှည့်ကာ ဖင်ကိုဆက်တိုက်ခါပြီး ချီးပေါက်လိုက်သည်။ ထို့နောက် ထရန်နိုဆောရက်ရပ်၏ မျက်လုံးကို ပြန်ကြည့်ပြန်သည်။

ဖူး။

အသံထွက်လာပြီးနောက် ငှက်တော၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ သူက အလျင်စလို ပျံသန်းသွားသည်။

ဒါက အလုပ်မဖြစ်ရင်လည်း သူ မတတ်နိုင်တော့ဘူး။

သူအခုတလော နည်းနည်းပဲစားတာပါ။ ခေါင်းတောင်မူးလာသလိုပဲ။

ဝေါင်း။

သေချာပေါက်ပင် နောက်ဘက်မှ အော်သံကို ကြားရသည်။ ငှက်တောက ရှေ့သို့ ပျံတက်သွားသည်။

ခရက်။

ထရန်နိုဆောရက်ရပ်၏ အမြီးကြီးက လေကိုပင် ဖျက်ဆီးနိုင်သည့် အသံမျိုးကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ဘေးဘက်ရှိ သစ်ပင်ကြီး အလယ်တည့်တည့်ကို ပိုင်းဖြတ်လိုက်သည်။ လေပြင်းက ငှက်တောကို သယ်ဆောင်လျက် သစ်ပင်ကြီးကို ရိုက်မိသွားစေသည်။

ဘန်း။

သူက မြေပြင်မှ ကုန်းထရန် ကြိုးစားသည်။ ရုတ်တရက် သူ၏အရှေ့တွင် ကြီးမားလွန်းသော နဖူးကြီးတစ်ခု ပေါ်လာသည်။ ရင်ဘတ်ပေါ်ရှိ သေးငယ်သော လက်သည်းလေးနှစ်ခုက အချင်းချင်း ကျုံ့သွားသည်။

“ဟားဟား”

ငှက်တောက ရယ်လိုက်သည်။ သူက မြေပြင်မှ ချက်ချင်းကုန်းထလိုက်ပြီး သူ၏ကိုယ်ပေါ်ရှိ ပေါင်းပင်များကို ခါသည်။

ဘုန်း။

သူက မြေပြင်ပေါ်သို့ ချက်ချင်းလိုလို ပစ်သွင်းလိုက်လျက် ကျယ်လောင်စွာအော်သည်။

“ဆရာ ငါဆရာ့အတွက် သီချင်းတစ်ပုဒ်ဆိုပြမယ်လေ”

“ချိုင့်ဝှမ်းလေးက...”

“ပြေးတော့”

ရုတ်တရက် အဝေးမှ ကျယ်လောင်သည့် အော်သံက ထွက်ပေါ်လာသည်။ ထို့နောက် ငှက်တောက ဘေးလက်သို့ လှိမ်းပြီး အဝေးသို့ အလျင်အမြန် ပျံသည်။

“ငါဆိုပြတဲ့ သီချင်းကို မကြိုက်ဘူးလား။ ကောင်းလား”

ဝေါင်း။

ထရန်နိုဆောရက်ရပ်က ခေါင်းကိုလှည့်ကာ တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ကောင်းကင်ပေါ်သို့ အော်သည်။

တစ်ယောက်ယောက်က သူ့ရဲ့ဥတွေကို ခိုးသွားတယ်။

သူ၏အမြီးကို ခပ်ကြမ်းကြမ်း ရမ်းခါလိုက်ပြီး အနီးနားရှိ သစ်ပင်တိုင်းကို လွင့်ထွက်သွားစေလိုက်သည်။ ထို့နောက် ခပ်မြန်မြန်ခုန်ပြီး ဆုပိုင်၏အနောက်သို့ အော်ကာလိုက်သည်။

176 03

[ငါ့ကို တစ်ချက်လောက် ဖြတ်ရိုက်ပေးစမ်းပါ။ ငါအမြင်များ မှားသွားတာလား။ ဒါရိုက်တာဆုပိုင် ဘာလုပ်ချင်နေတာလဲ။ သူက သေလမ်းရှာနေသလိုပဲ]

[ငါ့ရဲ့ ဦးခေါင်းခွံတွေတောင် ကျိန်းစက်နေပြီ]

[မဟုတ်ဘူးလို့ ဘယ်သူပြောလဲ။ ဘာကို ကြံစည်နေတာလဲ။ ချော်ရည်တွေက နောက်က လာနေပြီ။ ဒါက အတုအယောင်ဆိုရင်တောင်မှ ဒါရိုက်တာဆုပိုင်က ဒီလောက်အထိ မိုက်ရူးရဲမဆန်သင့်ဘူး ဟုတ်ပြီလား]

[မကောင်းတော့ဘူး။ ဒီကောင်ကြီးက ထရန်နိုဆောရက်ရပ်မဟုတ်လား။ သူက တစ်ခါခုန်လိုက်တိုင်း ဆယ်မီတာကျော်သွားတယ်]

[မြန်မြန်လေး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ကြပါဦး။ ဒါရိုက်တာဆုပိုင်က အကြောင်းပြချက် မရှိဘဲနဲ့တော့ ဒီလိုမလုပ်လောက်ပါဘူး။ တွေးကြည့်စမ်းပါ။ ဒီဒိုင်နိုဆောရက်ရပ်က သူ့ရဲ့ဥကို လက်လျှော့မှာ မဟုတ်ဘူး။ ဒါကြောင့် သူ အဲဒီနေရာက မထွက်သွားခဲ့တာ။ ဒါရိုက်တာဆုပိုင်က သူ့ကို ကယ်ဖို့ ကြိုးစားနေတာလေ အား]

[ဖာ့ခ် အပေါ်ကလူ ပြောတဲ့အတိုင်း ဟုတ်လောက်တယ်။ ငါ နားလည်သွားပြီ]

[လာစမ်းပါ ငါမင်းကို ရွှေနဲ့ငွေ လက်မှတ်တွေပေးပါ့မယ်]

.........။

ဆုပိုင် တုန်ယင်စွာနှင့် မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ သူက နောက်သို့ လှည့်ကြည်လိုက်သောအခါ ဆက်တိုက် ပြေးလာနေသည့် ထရန်နိုဆောရက်ရပ်ကို တွေ့ရသည်။ သူက ဥလေးကို လက်မောင်းထဲတွင် ခပ်တင်းတင်းဖက်လိုက်ပြီး နောက်လှည့် မကြည့်ဘဲ ဆက်ပြေးသည်။

ဒိုင်နိုဆောဥတွေက တအားလေးတယ်။

ဆုပိုင်၏ ခွန်အားအရှိန်နှုန်းကသာ မမြှင့်ထားခဲ့လျှင် သူ့အနေဖြင့် ထွက်ပြေးနိုင်လိမ့်မည်မဟုတ်ပေ။

“သောက်ကျိုးနည်း ငါက မင်းကို ကယ်ဖို့ ကြိုးစားနေတာဟ”

ဆုပိုင်က လှည့်အော်သည်။

ထို့နောက် ထရန်နိုဆောရက်ရပ်က နီးသထက်နီးလာကြောင်း တွေ့ရသည်။ သူ၏တစ်ကိုယ်လုံးက တုန်ယင်သွားပြီး ငှက်တောကို လှမ်းအော်သည်။

“မြန်မြန် တားလိုက်ဦး”

“ဆရာပေါ်တော....”

ဘန်း။

“ဘယ်ဆရာမှ အသုံးမဝင်ဘူး။ အသက်ဘေးနဲ့ ထွက်ပြေးနေရတာ”

ငှက်တောက ဆုပိုင်၏ ဘေးဘက်သို့ ပျံလာပြီး ဒေါသတကြီး အော်သည်။ သူက တောင်ပံကို တဖျတ်ဖျတ်ခတ်ပြီး ဆက်ပြေးသည်။

ဘုန်း။

ခရက်။

ခရက်။

ထိုအခိုက်အတန့်တွင် အဝေးမှ လှိမ့်တက်လာသော ချော်ရည်များက တောအတွင်းသို့ ရေကြီးသလို ဝင်ရောက်လာသည်။ ထိုသို့ဖြင့် သစ်ပင်များ လဲကျသံကို ကြားရသည်။

ဆုပိုင်က နောက်သို့လှည့်ကြည့်ပြီး အံကိုကြိတ်လိုက်သည်။

၈၀kgနီးပါးရှိသော ဒိုင်နိုဆောဥကို သယ်ပြေးနေရင်တော့ ထင်သလောက်မြန်မှာ မဟုတ်ဘူး။

ဖုန်း။

သူက ဒိုင်နိုဆောဥကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ရှေ့သို့ ကန်လိုက်သည်။ သူ၏ အရှိန်နှုန်းက ရုတ်တရက် မြင့်တက်သွားသည်။ သူကလည်း ဆက်တိုက် ခပ်ကြမ်းကြမ်း ပြေးလေသည်။

******

အပိုင်း (177) ထရန်နိုဆောရက်ရပ်နဲ့အတူ ပင်လယ်ထဲကို ခုန်ချမယ်

ဝေါင်း။

နောက်ဘက်မှ အော်သံက ထွက်ပေါ်လာပြန်သည်။

ဆုပိုင်က ဒိုင်နိုဆောဥကို ထပ်ကာကန်သည်။ မြေပြင်ပေါ်တွင် လိမ့်သွားစေလိုက်သည်။

ခရက်။

ခက်ထန်ကြမ်းတမ်းသော သွားအတန်းလိုက်က အံကြိတ်ပြီး ခပ်ကြမ်းကြမ်း ကိုက်ချလိုက်သောအခါ ညှီစို့စို့အနံ့များ ထွက်နေသည့် သွားရည်များက ထရန်နိုဆောရက်ရပ်၏ ပါးစပ်အတွင်းမှ စီးကျလာသည်။

ဘန်း။

ဆုပိုင်က သူ၏ မျက်နှာပေါ် ကျလာသည့် သွားရည်များကိုသုတ်ပြီး ဆက်လှိမ့်သည်။

ဘုန်း။

ကြီးမားသည့် ခြေထောက်ကြီးတစ်ဖက်က နဂိုသူရှိနေသောနေရာသို့ ဆင်းကျလာပြီး မြေပြင်ကို တသိမ့်သိမ့်တုန်သွားစေသည်။

ဆုပိုင်က ခပ်မြန်မြန်ထပြီး အလျင်အမြန် ထွက်ပြေးရပြန်သည်။

တော်တော်ဝေးကွာသော နေရာအထိ ပြေးပြီးနောက် ဆုပိုင်က ထရန်နိုဆောရက်ရပ်ကို ရင်ဆိုင်မည့် နည်းလမ်းကို သိသွားသည်။ ထို့နောက်....။

ထရန်နိုဆောရက်ရပ်၏ လှုပ်ရှားမှုများက အလွန်မြန်ဆန်သော်လည်း ခန္ဓာကိုယ်က ကြီးလွန်းသည်။ ဆုပိုင်၏ လက်ရှိအရှိန်နှုန်းက အနီးကပ် ရှောင်ရှားမှုများတွင် ရင်ဆိုင်နိုင်စွမ်းအား ရှိနေခဲ့သည်။

“ဒါက လူလား”

ငှက်တောက လေထဲတွင် မှင်တက်စွာ ရပ်နေသည်။ သူက တိုက်ကွက် တစ်ကွက်ပြီးတစ်ကွက်အောက်မှ လွတ်မြောက်နေသည့် ဆုပိုင်ကို အံ့အားတကြီး ကြည့်သည်။ အကြိမ်တိုင်းလိုလို အကွာအဝေးက စင်တီမီတာအနည်းငယ်သာ ရှိလေသည်။ ထိုအခြေအနေက သူ့ကို အံ့သြစေသည်။ သိသာစွာပင် ပုံမှန်ဆုပိုင်က ထိုမျှအထိ မဖျတ်လတ်ပေ။

ဝေါင်း။

အား သေပြီ သေပြီ။

ထရန်နိုဆောရက်ရပ်၏ မျက်လုံးများက သွေးနီရောင် သန်းသွားပြီး ကျိန်းတက်လာသည်။ သူက ဒေါသတကြီး အော်ဟစ်သည်။

အရှေ့ကကောင်က ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက် ကပ်ကပ်ပြီး လွတ်သွားတာပဲ။

ထို့နောက် မြေပြင်တွင် လိမ့်နေသော ကြီးမားသည့် ဒိုင်နိုဆောဥကြီးကို မြင်လိုက်သောအခါ ထရန်နိုဆောရက်ရပ်က စိတ်ဓာတ် ကျသွားသည်။

အထဲမှာ သူ့ကလေးလေး ရှိတယ်။ သူက ကြားရက်တွေမှာဆိုရင် အသိုက်မှာပဲ ငြိမ်းငြိမ်းချမ်းချမ်းလေး နေရတာ။ ဒီတစ်ကြိမ်မှာတော့ ဒီကောင့်ကြောင့် ကန်ခံနေရတယ်။

ဖုန်း။

ဆုပိုင်က ဒိုင်နိုဆောဥကို တစ်ဖန် ထပ်ကန်လိုက်ပြန်သည်။ ထို့နောက် အသက်ပြင်းပြင်း ရှူသည်။

ကံကောင်းသည်မှာ ဒါက ဒိုင်နိုဆောဥ ဖြစ်နေသည်။ အပေါ်ယံအခွံက ကျောက်သားတမျှ မာကြောသည်။ ထို့ကြောင့် ကွဲသွားမည့်အခြေအနေကို စိုးရိမ်ရန် မလိုအပ်ချေ။ သို့မဟုတ်လျှင်..။

ဂျိန်း။

နောက်ဘက်မှ မီးတောင်၏ ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ အသံက နီးသထက်နီး လာ၏။ အချိန်အတန်ကြာ ပြေးလွှားသွားပြီးနောက် သူတို့က တော၏ အစွန်းနားသို့ ရောက်သွားသည်။

ဆုပိုင်က အံကြိတ်လိုက်ပြီး တိုက်ကွက်များကို ငုံ့ကိုင်းကာရှောင်လျက် တစ်ဖန် ထပ်ခုန်လိုက်ပြန်သည်။

“အရှေ့မှာ အရှေ့မှာ။ သေစမ်း”

ရုတ်တရက် အပေါ်ရှိငှက်တောက စိတ်လှုပ်ရှားစွာ အော်သည်။

“ဒါရိုက်တာဆုပိုင် မြန်မြန်ရပ်ဦး။ အရှေ့မှာ ချောက်ကမ်းပါး”

“ချောက်ကမ်းပါး ဟုတ်လား”

ဆုပိုင်က မှင်တက်သွားသည်။

သူသည်လည်း တစ်စုံတစ်ရာက ဆိုးရွားကြောင်း သိလိုက်သည်။ သူက ခပ်မြန်မြန် အရှိန်ကို မြှင့်လိုက်ပြီး ဒိုင်နိုဆောဥနောက်မှ ပြေးလိုက်သည်။

[အားအားအား အရှေ့မှာ ချောက်ကမ်းပါးတဲ့။ ဆယ်မီတာကျော်တောင် မြင့်နေသေးတယ်။ ခုန် ခုန်ချနိုင်ပါ့မလား]

[သွားပြီသွားပြီ။ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်မှုတွေ အားလုံးက အလကားဖြစ်သွားပြီ။ ထရန်နိုဆောရက်ရပ်ကသာ သူ့ရဲ့ဒိုင်နိုဆောဥက ပြုတ်ကျသွားတာကို မြင်ရင် အင်အားအကုန်သုံးပြီး တိုက်ခိုက်တော့မှာပဲ]

[မြန်မြန် မြန်မြန် ။ ချော်ရည်တွေကလည်း လိုက်လာတယ်]

[ငါ မကြည့်ရဲတော့ဘူး။ အရှေ့မှာ ချောက်ကမ်းပါး။ နောက်ပြီး အဲဒီမှာ ထရန်နိုဆောရက်ရပ်ရှိနေသေးတယ်။ အနောက်မှာ ချော်တွေလည်း ရှိနေတယ်။ ဒါရိုက်တာဆုပိုင်ကတော့ သေတော့မှာပဲ ]

[ကြိုးစားထား]

[အောက်ဘက်မှာ ပင်လယ်ရေတွေ ရှိတာကို မြင်ရတယ်။ သိပ်သာမမြင့်ဘူးဆိုရင်တော့ ရှင်သန်နိုင်ဖို့ အခွင့်အရေး ရှိပါသေးတယ်။ ဒါပေမဲ့ တအားမြင့်နေရင်တော့ ငါမတွေးရဲတော့ဘူး]

[တကယ်ကိုပါပဲ။ ကင်မရာက ဘယ်မှာလဲ။ ချောက်ကမ်းပါးအောက်မှာ ပင်လယ်ရေတွေ ရှိမရှိ မြန်မြန်ကြည့်လိုက်ကြစမ်း]

.......။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းရှိ ရေတပ်မိတ်ဆွေများက ကင်မရာနောက်သို့လိုက်ပြီး ဆုပိုက်က လမ်းတောက်လျှောက် ခြောက်ခြားဖွယ် ကောင်းလောက်အောင် ထွက်ပြေးနေသော မြင်ကွင်းများကို ကြည့်နေကြသည်။ သူတို့၏နှလုံးသားကလည်း စိတ်လှုပ်ရှားမှုများနှင့်အတူ လှုပ်ခါနေခဲ့သည်။ ဒါက ထိတ်လန့်သဲဖို ဆန်လွန်းသည်။

ဆုပိုင်က ရှောင်ရှားလိုက်သည့် အချိန်တိုင်းလိုလို လူတိုင်းက တအံ့တသြ အော်မိကြသည်။

ထိုမျှ အရေးတကြီးဖြစ်နေသော အခိုက်အတန့်မျိုးတွင်ပင် အလွန်မြင့်မားလွန်းသော စိတ်ပိုင်းဆိုင်ရာအရည်အသွေးနှင့် တည်ငြိမ်စွာ ရှောင်ရှားနိုင်သည့်လူမျိုး ရှိမည်ဟု မထင်ထားကြပေ။ ထိုမျှသာ မဟုတ်သေးချေ။ အရှေ့မှ ဒိုင်နိုဆောဥကိုလည်း ဆက်တိုက် တွန်းနေရသေးသည်။

ခက်ခဲမှုက ပိုပြီး မြင့်သွားတယ်။

လူတိုင်း၏ နှလုံးသားက ခပ်ကျစ်ကျစ် ဆုပ်ကိုင်ထားခြင်း ခံရသလို ဖြစ်လာသည်။ လူအများစုက မျက်လုံးကို မှိတ်ထားကြသည်။ သူတို့က ရက်စက်သော မြင်ကွင်းကို ဆက်မကြည့် လိုကြတော့ချေ။

“ဟူး”

ဖုန်း။

ဆုပိုင်က ချက်ချင်း လှမ်းခုန်လိုက်ပြီး ဒိုင်နိုဆောဥကို တားသည်။

ထိုအခိုက်အတန့်တွင် အရှိန်၏ လွှမ်းမိုးမှုကြောင့် ဖြစ်လောက်သည်။ ဆုပိုင်ကလည်း ရှေ့သို့ ယိုင်ကျသွားပြီး ချောက်ကမ်းပါးပေါ် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

“အား”

ဆုပိုင်က အော်ဟစ်လိုက်ပြီး မြေပြင်ကို လက်နှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်း ကိုင်ထားသည်။ သွေးများက ချက်ချင်းလိုလို ပန်းထွက်လာသည်။

သူ၏ခန္ဓာကိုယ်က နောက်ဆုံးတွင် ရပ်တန့်သွားသည်။ သူက အရှေ့ဘက်မှ ကျသွားသော ကျောက်စရစ်ခဲများကို ကြည့်လိုက်ပြီး အံကို တင်းတင်း ကြိတ်လိုက်သည်။

ဝေါင်း။

ထရန်နိုဆောရက်ရပ်ကလည်း ချက်ချင်းခုန်ပြီး ဆုပိုင်ရှိရာသို့ တိုက်ရိုက်လာသည်။ ထို့နောက်သူ့ကို သုန်မှုန်သော မျက်နှာဖြင့် ကြည့်သည်။ သူက နောက်ဘက်မှ လိုက်လာသော ချော်ရည်များကို ဂရုမစိုက်ပေ။ သူက ခေါင်းကို နောက်ပြန်လှည့်ပြီး အော်သည်။

“ငါ့ကို ကလေးပြန်ပေး”

“ချော်ရည်တွေ လာတော့မယ်။ မင်း သေလိမ့်မယ်”

ဆုပိုင်က သူ့ကိုကြည့်ပြီး ချောက်ကမ်းပါးအစွန်းနားတွင် ထရပ်လိုက်သည်။ သံသယဝင်ရန်မလိုလောက်အောင် အောက်ဘက်တွင် ပင်လယ်နေများ ရှိနေသည်။ သို့သော်....။

ကမ်းစပ်နားတွင် ကျောက်သားများလည်း ရှိနေသေးသည်။ ဒီနေရာမှ ခုန်ချလျှင် ကျောက်သားကို ထိမှန်နိုင်သေးသည်။ ထိုအချိန်တွင်......။

အောက်ဘက်တွင် အလောင်းများကလည်း ပုံနေသေးသည်။ ဒိုင်နိုဆောများကလည်း အလားတူ ခုန်ချခဲ့ကြပုံပေါ်၏။

သို့သော် ထိုမျှ ပမာဏအများကြီး ခုန်ချခဲ့ကြသော်လည်း သူတို့၏ အရွယ်အစားကြောင့် အပင်စားဒိုင်နိုဆောများက ပင်လယ်ရေအောက်ခြေသို့ မြုပ်သွားကြသည်။

ဝေါင်း။

“ငါ့ကို ပေး”

ထရန်နိုဆောရက်ရပ်က မျက်လုံးကို ပြူးပြီး တစ်လှမ်းချင်းစီကပ်လာသည်။

အရှေ့ရှိ သတ္တဝါက သူနှင့် ဆက်သွယ်နိုင်သည်။ ထရန်နိုဆောရက်ရပ်လည်း သူက ဒိုင်နိုဆောဥကို ပြုတ်မကျအောင် တားလိုက်သည့် မြင်ကွင်းကို မြင်ခဲ့ရသဖြင့် ချက်ချင်း မတိုက်ခိုက်တော့ပေ။

“ငါ့ရဲ့နောက်ကို လိုက်ခဲ့”

ဆုပိုင်က နီရဲနေသော မျက်လုံးများဖြင့် အော်လိုက်သည်။ သူက ဒိုင်နိုဆောဥကို ကိုင်ထားပြီး ထရန်နိုဆောရက်ရပ်ထံ လှမ်းအော်သည်။ ထို့နောက် နောက်သို့လှည့်ကာ တုံ့ဆိုင်းမနေဘဲ ခုန်လိုက်သည်။

ဝေါင်း။

ထရန်နိုဆောရက်ရပ်ကလည်း အော်ဟစ်လိုက်ပြီး ဆုပိုင်၏နောက်မှလိုက်ကာ ခုန်ထွက်လာသည်။

ဂျိန်း။

“ဘုရားရေ”

ထိုနှစ်ကောင်က ခုန်ချသွားသောအခါ ငှက်တောက နောက်မှ လိုက်လာသည့် ချော်ရည်များကို ကြည့်ပြီး ထူးဆန်းသလို အော်မိသည်။ ထို့နောက် နောက်မှ ခပ်မြန်မြန် ပျံသန်းကာ ထိုးဆင်းသွားလိုက်သည်။

......။

ဆီမဟာမိတ်။

“ခေါင်းဆောင် တစ်ခုခုတော့ မမှန်ဘူး။ တစ်ယောက်ယောက် ငါတို့နောက်ကို လိုက်လာတယ်”

ရွှယ်နင်တို့အားလုံး ကိုလိုစီယမ်မှ ထွက်လာသည့် အခိုက်အတန့်တွင် တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သိလိုက်သည်။ တစ်လမ်းလုံးတွင် လူရှင်းနေသည်။ သူတို့၏အနောက်တွင်လည်း အနက်ရောင်suitများနှင့် နိုင်ငံခြားသားတစ်အုပ်က အပြေးအလွှား လိုက်လာသည်။

“တိုက်ခိုက်ဖို့ အသင့်ပြင်ထား”

ရွှယ်နင်က အော်ဟစ်လိုက်ပြီး အနောက်ဘက်မှ ပစ္စတိုကိုထုတ်သည်။

“သတိထား”

ဝုန်း။

ရုတ်တရက် အနောက်ဘက်မှ ရူးသွပ်နေသလို အော်သံကြီးကို ကြားလိုက်ရသည်။

တရုတ်စစ်သားများက မလှုပ်ရှားရသေးခင် လက်နက်အပြည့်အဝတပ်ဆင်ထားသည့် ကားဆယ်စီးကျော်ခန့်က ကိုလိုစီယမ်သို့ သွားသည့် ဝင်ပေါက်ကို ပိတ်ထားသည်။

ထို့နောက် စက်သေနတ်ကလည်း အေးစက်သော လေထုကို လွှတ်ထုတ်လျက် လူတိုင်းကို ချိန်ရွယ်ထားသည်။

“ဟူး”

ရွှယ်နင်က အသက်ပြင်းပြင်း ရှူသည်။ သူမက သူမ၏ လက်မောင်းနားတွင် ချည်ထားသည့် ဆက်သွယ်ရေးစက်ကို ဖိနှိပ်လိုက်ပြီး သတင်းပို့လိုက်သည်။

“ဟားဟားဟား”

“တရုတ်တွေ လက်နက်ကို ချ။ အဲဒီလိုမှ မဟုတ်ရင်တော့ ဘယ်သူမှ မကျန်စေရဘူးလို့ အာမခံပေးနိုင်တယ်”

ရွှေအိုရောင်ဆံပင်နှင့် လူငယ်တစ်ယောက်က ယာဥ်ပေါ်မှ ဆင်းလာသည်။ သူက အရှေ့မှ ဒေါသထွက်နေသော တရုတ်လူမျိုးများကို ကြည့်ကာ အော်ရယ်သည်။

“မြန်မြန်လေး သူတို့ကို ဖမ်းလိုက်ကြစမ်း”

“မော်ဂန်က အရူးကောင်ပဲ။ ဒီလိုလူမျိုးတွေလက်ထဲမှာတောင် သေသွားရတယ်လို့”

ရုတ်တရက် အရပ်မျက်နှာအနှံ့ မရေမတွက်နိုင်သော ကြေးစားစစ်သားပေါင်းများစွာက ပေါ်ထွက်လာပြီး သူတို့၏ လက်ထဲတွင်လည်း စက်သေနတ်များကို ကိုင်ထားကြသည်။ အားလုံးက တစ်လှမ်းချင်းစီတိုးလာသည်။

“ခေါင်းဆောင် တိုက်ခိုက်ရအောင်”

“ဟုတ်တယ် သူတို့နဲ့တိုက်ခိုက်မယ်”

“တိတ်စမ်း”

ရွှယ်နင်က အော်လိုက်သည်။ သူမက လေးနက်သော လေသံနှင့်ပြောသည်။

“တိုင်းပြည်ကို သတင်းပို့ပြီးသား။ နင်တို့ရဲ့ လက်နက်တွေကိုသာ ချပြီး အညံ့ခံထားလိုက်”

“အားလုံးပဲ ငါတို့တွေ သေရမယ်ဆိုရင်တောင်မှ ဒါရိုက်တာ ဆုပိုင်နဲ့ ပတ်သက်တဲ့ ကိစ္စကို ပေါက်ကြားစေလို့ မရဘူး”

All Chapters