အခန်း (၁၇၈-၁၈၀)
Vol. 12 Ch. 178-180
အပိုင်း (178) တိုက်ခိုက်မယ်ဟုတ်လား။ တွေးတောင်မတွေးနဲ့
“ဟူး”
ဆုပိုင်က ပါးစပ်ထဲမှ ပင်လယ်ရေများကို မှုတ်ထုတ်လိုက်ပြီး အသက်ပြင်းပြင်းရှူသည်။ သူက ဒိုင်နိုဆော၏ သဲလွန်စကို စရှာသည်။
ဝေါင်း။
ထိုအခိုက်အတန့်တွင် ကြီးမားသော ခေါင်းကြီးတစ်ခေါင်းက သူ့ကိုအပေါ်သို့ တွန်းတင်လိုက်သည်။ ထို့နောက် အောက်ဘက်မှ အော်သံထွက်လာသည်။
“ငါ ငါလန့်လို့သေတော့မယ်။ တော်ပါသေးတယ်”
ဆုပိုင်က ကြောက်လန့်မှုအပြည့်နှင့် အော်ဟစ်လိုက်သည်။ သူက သူ၏အရှေ့တွင် ရှိနေသည့် အလောင်းများကိုကြည့်ပြီး ရင်ဘတ်ကို ပွတ်လိုက်မိသည်။
ထိတ်လန့်သည်းဖို ဆန်လိုက်တာ။
သူ ကျောက်သားနားကိုထိဖို့ နည်းနည်းလေးပဲ ဝေးတာ။
ထို့နောက် ထရန်နိုဆောရပ်ကလည်း သူ၏လက်မောင်းအတွင်းရှိ ဒိုင်နိုဆောဥကို အလွှတ်ပေးလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့်..
“ဟင်”
ရုတ်တရက် ဆုပိုင်၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ သူက ငုံ့ကြည့်လိုက်သောအခါ သူ၏အောက်ဘက်ရှိ ထရန်နိုဆောရပ်၏ မျက်နှာက ပျက်ယွင်းနေသည်။ သူက ခပ်တိုးတိုးပြောလိုက်သည်။
“ဒါက...”
ဝေါင်း။
ထရန်နိုဆောရပ်က လည်တိုင်ကို လှုပ်ရှားပြီး ဆုပိုင်ကို ဘေးဘက်သို့ လွှင့်ပစ်လိုက်သည်။
မြေပြင်ပေါ်သို့ ခပ်ကြမ်းကြမ်း ပြုတ်ကျပြီးနောက် သူက မထနိုင်သေးခင် ကြီးမားသော ခေါင်းကြီးက အောက်ကိုငုံ့လာပြီး သူ့ကို ငုံ့ကြည့်သည်။ သူ၏ပါးစပ်တွင်လည်း ကြီးမားသော အစွယ်ကြီးများက ထင်ရှားလာသည်။
“ဟစ်”
ဆုပိုင်၏ နှုတ်ခမ်းထောင့်စွန်းများက တွန့်သွားသည်။ သူက ခပ်တင်းတင်းပြောသည်။
“ငါအခုပဲ ဥကိုသွားရှာပေးမယ် ။ မစိုးရိမ်နဲ့”
“ငှက်တော သွားရှာ”
သို့ဖြင့် သူက ပင်လယ်ထဲသို့ ခုန်ဆင်းသွားသည်။ ထိုအခိုက်အတန့်တွင် ပင်လယ်ရေအောက်ခြေသို့ ဆက်လက်ပြီး ကူးခတ်သွားလေသည်။
“အား”
လေပြေက တိုက်ခတ်သွားသောအခါ ချောက်ကမ်းပါးပေါ်မှ ချော်ရည်အစက်များက စီးကျလာလေသည်။ လေထဲရှိ ငှက်တောက ထရန်နိုဆောရပ်ကိုကြည့်ပြီး အံကိုကြိတ်လိုက်သည်။
သွားပြီ။
ဒီကောင်ကြီးက ဒါရိုက်တာဆုပိုင်နဲ့ အဆင်ပြေသွားပြီ။
ဆိုလိုတာက ...။
ဒီကောင်က ကောင်းကင်ပြာတိရိစ္ဆာန်ရုံကို လာတော့မှာ။
ဒီလိုဆိုရင်။
သူဘယ်လိုလုပ်ရမလဲ။
လျက်ရမှာလား။
အကြောင်းအရာကို စဥ်းစားဆင်ခြင်ပြီးနောက် ငှက်တောက ချက်ချင်းဝိုင်းပတ်ကာ ပျံသန်းပြီး ထရန်နိုဆောရပ်၏ ခေါင်းထိပ်သို့ နားလိုက်သည်။ သူက သတိထားကာပြောသည်။
“ကောင်းပြီလေ တကယ်တော့ နားလည်မှုလွဲတာပါ။ ဘယ်လိုလဲ ငါမင်းအတွက် နောက်ထပ်သီချင်းတစ်ပုဒ်ဆိုပြရမလား”
ထရန်နိုဆောရပ်က ဒေါသထွက်ဟန်မပြကြောင်း မြင်သောအခါ ငှက်တောကလည်း စိတ်သက်သာရာရသွားသည်။ ဒီကောင် ဒေါသမထွက်သမျှ အဆင်ပြေပါတယ်။
ဒါပဲ။
“ဒိုင်နိုဆောဥက ဘာမှမဖြစ်ပါဘူး။ မစိုးရိမ်နဲ့”
“ဒိုင်နိုဆောအဖေက ဘယ်မှာလဲ။ မင်းက ကလေးတစ်ယောက်တည်းကို စောင့်ရှောက်ဖို့ ခက်ခဲတယ်မဟုတ်လား”
“တကယ်တော့ တစ်ယောက်တည်းကလည်း ကောင်းပါတယ်။ ဟုတ်သားပဲ။ ငါဆိုရင်လည်း တစ်ယောက်တည်းပဲလေ။ လူကြီးမင်းဖူကာဒါကလွဲရင်...”
ဝေါင်း။
သူ၏စကားက မဆုံးသေးခင် အောက်ဘက်မှ အော်သံက ထွက်လာသည်။ ထို့နောက် ပြင်းထန်သည့် အားတစ်ရပ်က သူ့ကိုရိုက်မိသွားသည်။ ငှက်တောက ခပ်မြန်မြန် ထွက်ပြေးရလေသည်။
ပလုံ။
သူသည်လည်း ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။
သူက အတောင်ကိုတဖျတ်ဖျတ်ခါပြီး ပင်လယ်ထဲမှ ကုန်းတက်လာပြီး ကမ်းစပ်တွင်နားသည်။ သူက ကိုယ်ပေါ်ရှိ ရေများကို ခါထုတ်သည်။
သူတကယ်ကို မတတ်နိုင်ဘူး။
မျောက်ဝံစားသိမ်းငှက်လောက်တောင် မကောင်းဘူး။
သူက စိတ်ထဲတွင် ဒေါသတကြီးတွေးသည်။ ထို့နောက် ပင်လယ်ဘက်သို့ကြည့်သည်။
ဖုန်း။
ရုတ်တရက် ကြီးမားသော ဥကြီးတစ်လုံးက ပင်လယ်ထဲမှ မြှင့်တင်ခံရသည်။ ဒါရိုက်တာ ဆုပိုင်က ထိတ်လန့်တကြားအော်သည်။
“မြန်မြန်”
“ပြေး”
ဝေါင်း။
ရုတ်တရက် ပင်လယ်ရေက အမည်းရင့်ရောင် ပြောင်းသွားပြီး မီတာတစ်ဆယ်ကျော်ကျယ်သော ကြီးမားသည့် ပါးစပ်ကြီးက ပွင့်ထွက်လာကာ အဝေးရှိ အပင်စားသတ္တဝါကောင်ကြီး၏ အလောင်းကို ဝါးမြိုသွားသည်။ ကြီးမားသော အားလှိုင်းများက ဆုပိုင်ကို ကမ်းပေါ်သို့ ပင့်တင်ပေးလိုက်သလို ဖြစ်သွားသည်။
“ဟူး”
“ခြောက်ခြားဖို့ကောင်းလိုက်တာ”
ဆုပိုင်က ဝေးသထက်ဝေးသွားသော သတ္တဝါကြီးကိုကြည့်ပြီး ကြောက်လန့်နေသေးသည်။
မမျှော်လင့်ထားဘဲ ပင်လယ်ထဲမှာတောင် မိုဆာဆောရပ်လိုအကောင်မျိုးကို တွေ့ရတယ်။
သို့သော် ကံကောင်းသည်မှာ ထိုကောင်က သူ့ကို အကောင်သေးသည်ဆိုပြီး အလေးအနက်မထားချေ။ သို့မဟုတ်လျှင် တစ်ကိုက်တည်းနှင့် ဝင်သွားလောက်သည်။
[ငါပဲ ခေါင်းမူးနေလို့လား။ ဘာလို့ ပင်လယ်ထဲမှာ ဘာကြီးပေါ်လာတာလဲ။ အာလာမိုဆောရပ်ကိုတောင် တစ်လုပ်တည်းနဲ့ မြိုသွားတယ်]
[သောက်ကျိုးနည်း အတိတ်က မြေကမ္ဘာမှာ ဘယ်လိုမကောင်းဆိုးဝါးတွေရှိနေတာလဲ။ ဒါက ချဲ့ကားလွန်းတာပဲ]
[သဘာဝက တအားမှော်ဆန်တယ်။ ငါအချိန်အတန်ကြာ ရှာပြီးတဲ့နောက်မှာ သဲလွန်စတချို့ တွေ့လာပြီ။ ဒိုင်နိုဆောတွေက တကယ်တည်ရှိခဲ့တယ်။ ဒါပေမဲ့ သူတို့အမှန်တကယ် ရှင်သန်နေထိုင်တဲ့ဝန်းကျင်နဲ့ ခေတ်တွေကတော့ လျှို့ဝှက်ဆန်းကြယ်နေတုန်းပဲ]
[@စာကြည့်တိုက်မှူး မင်းရဲ့စာကြည့်တိုက်မှာ အချက်အလက်တွေ နည်းလွန်းနေတာမဟုတ်လား။ ဒီအချက်အလက်လောက်ပဲလား]
[အခုတော့ အန္တရာယ်မရှိလောက်တော့ပါဘူး။ အရင်ဆုံး ဥကလည်း ရပြီ။ ထရန်နိုဆောရပ်ကလည်း ဒါရိုက်တာဆုပိုင်ကို မသတ်ချင်တော့ဘူးလေ]
[ငါတိုက်ရိုက်ထုတ်လွှင့်မှုအများကြီး ကြည့်ပြီးတဲ့နောက်မှာ တိရိစ္ဆာန်တွေအများကြီးကို တွေ့ပြီးပြီ။ မင်းသာအလျင်လက်ဦးမှုယူပြီး ကူညီပေးမယ်ဆိုရင် သူတို့က သေချာပေါက် မှတ်ထားပေးလိမ့်မယ်]
[တိုက်ရိုက်ထုတ်လွှင့်မှုက အဆုံးသတ်တော့မှာလား]
........။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းရှိ ပရိသတ်များကလည်း အသက်တိုသော မိုဆာဆောရပ်ကြောင့် မှင်တက်သွားကြသည်။ သူက အာလာမိုဆောရပ်ကိုပင် တစ်လုပ်တည်းနှင့် ဝါးမြိုလိုက်နိုင်သည်။ ထိုအကောင်ကြီးက အလွန်ကြီးမားလွန်းနေသည်။ သို့ရာတွင် ဒါရိုက်တာဆုပိုင်ကို တွေ့လိုက်သောအခါ လူတိုင်းက တပြိုင်တည်းလိုလို သက်ပြင်းချမိကြသည်။
ထိုအချိန်တွင် မြေကမ္ဘာခေတ်က အလွန်အန္တရာယ်များကြောင်း သိလိုက်ကြပြီဖြစ်သည်။ မည်သို့သော သတ္တဝါမဆိုလူအသက်ကို ခြိမ်းခြောက်နိုင်သည်။ သူတို့တွင် ခုခံနိုင်စွမ်းရည်ပင် မရှိလောက်ချေ။
“သွားရအောင် “
ဆုပိုင်က ဒိုင်နိုဆောဥလေးကိုကိုင်ပြီးထရန်နိုဆောရပ်၏ အရှေ့သို့သွားသည်။ ထို့နောက် နောက်သို့လှည့်ပြီး ခပ်တိုးတိုးပြောသည်။
“ဒီနေရာက ဖျက်ဆီးခံလိုက်ရပြီ။ မင်းငါ့ရဲ့နောက်ကိုလိုက်မှ ငါတို့တွေ ဒီဒိုင်နိုဆောဥကို အတူ ပျိုးထောင်ပေးလို့ရလိမ့်မယ်။ အဲဒီလိုမှမဟုတ်ရင်”
ထရန်နိုဆောရပ်က မျက်လုံးကိုမှေးကျဥ်းလိုက်ပြီး ချောက်ကမ်းပါးထိပ်သို့ လှမ်းကြည့်သည်။
မြက်ခင်းပေါ်ရှိ ဒိုင်နိုဆော ၉၀%လောက်က မီးတောင်ပေါက်ကွဲမှုကြောင့် သေသွားပြီးလောက်လေပြီ။ ထို့ကြောင့် မြက်ခင်းလွင်ပြင်ဒေသက သေဆုံးသွားသော ကွင်းပြင်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။
ဝေါင်း။
“ကောင်းပြီလေ”
အချိန်အတန်ကြာတွေးတောပြီးနောက် ထရန်နိုဆောရပ်က မျက်မှောင်ကြုတ်ကာ အော်လိုက်သည်။
“တင် ဂုဏ်ယူပါတယ်။ hostက ထရန်နိုဆောရပ်အပိုင်းအစတာဝန်ကို အောင်မြင်သွားပါပြီ”
“တင် ဂုဏ်ယူပါတယ်။ hostက ထရန်နိုဆောရပ်ကို ကယ်တင်လိုက်နိုင်ပြီဖြစ်လို့ အင်အား၅မှတ် အပိုရရှိပါတယ်”
“စနစ်က ပြန်လည်ပို့ဆောင်ပေးတော့မှာဖြစ်လို့ တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်နားလိုက်ပါ့မယ်။ တိုက်ရိုက်ထုတ်လွှင့်မှုက ရရှိတဲ့ အံ့အားသင့်မှုအမှတ်ကတော့ ၁.၃သန်းပါ”
.....။
မြင်ကွင်းက ချက်ချင်းပြောင်းလဲသွားသည်။ ဆုပိုင်က နူးညံ့သော သဲမြေပေါ်မှ ကုန်းထလိုက်ပြီး အဝေးရှိ အိုအေစစ်မြို့ကို ကြည့်လိုက်သည်။
ဝေါင်း။
အနောက်ဘက်မှ အော်သံက ထွက်လာသည်။ ဆုပိုင်က ရယ်လိုက်မိသည်။
ကိုလိုစီယမ်။
ဒီတစ်ကြိမ်တော့ ပျော်စရာကောင်းတော့မှာပဲ။
“ဒါရိုက်တာဆုပိုင် ငါတို့ ဒီလိုပဲ ပြန်မှာလား”
ငှက်တောက ထရန်နိုဆောရပ်၏ ထိပ်ပေါ်တွင်နားလျက် ဆုပိုင်ကိုလှမ်းအော်သည်။
“သေချာပေါက်မဟုတ်ဘူးပေါ့”
ဆုပိုင်က ဒေါသတကြီးအော်သည်။ သူက ဖုန်းကိုထုတ်ပြီး တက္ကစီဒရိုင်ဘာကို လှမ်းခေါ်လိုက်သည်။
“ဟေး မိတ်ဆွေ မင်းငါ့ကို ကူညီပေးမှာလား”
“မင်းဆီမှာ သတ္ထုကုန်တင်ကားရှိလား”
ဆုပိုင်က ထရန်နိုဆောရပ်ကို ကြည့်သည်။ ထိုကောင်က ၇မီတာနီးပါး မြင့်သည်။ ထို့ကြောင့် ခပ်တိုးတိုးပြောလိုက်သည်။
“၇မီတာနီးပါးမြင့်တာမျိုး...အင်း ပိုမြင့်လေ ပိုကောင်းလေပေါ့”
“ရှိတာပေါ့။ ဒါက ဘယ်နေရာလဲဆိုတာကို မမေ့နဲ့ဦး။ ကိုလိုစီယမ်လေ။ ကြီးမားတဲ့ မကောင်းဆိုးဝါးကြီးတွေမှ အများကြီးပဲ။ သေချာပေါက် သူတို့ကိုရှာ...ဒါပေမဲ့ မင်းကဘာလို့..”
“မင်းရောက်ရင်သိလိမ့်မယ်။ ငါကအခု ဆီမဟာမိတ်ရဲ့ မြောက်ပိုင်းမှာ”
ထိုသို့ပြောပြီးနောက် ဆုပိုင်က ဖုန်းကို တိုက်ရိုက်ပင်ချလိုက်သည်။
ထရန်နိုဆောရပ်ကို ပြန်သယ်သွားဖို့အတွက် အလုံပိတ်သတ္ထုကားတော့ လိုအပ်တယ်။ အဲဒီလိုမှမဟုတ်ရင်....။
ထရန်နိုဆောရပ်၏ ပုံစံနှင့်တင် လူအများစုက သူ့ကိုပွဲအတွင်းတွင် ဝင်ပါခွင့် ပေးလိမ့်မည်မဟုတ်ချေ။ ပို၍ဆိုးသည်မှာ...။
သူ၏လက်ရှိစွမ်းရည်မျိုးကြောင့် ထရန်နိုဆောရပ်ကို အစာမကျွေးနိုင်သေးချေ။ ကိုလိုစီယမ်ရှိ မကောင်းဆိုးဝါးများက ဒီပြဿနာကို ဖြေရှင်းပေးနိုင်သည်။
“မင်းငါ့ကို ကူညီပြီး တိုက်ခိုက်ပေးနိုင်မလား”
ဆုပိုင်က ထရန်နိုဆောရပ်ကိုကြည့်ပြီး ပြုံးရယ်ကာပြောသည်။
ဝေါင်း။
ထရန်နိုဆောရပ်က အထင်သေးသလို နှုတ်ခမ်းကို မဲ့လိုက်သည်။
တိုက်ခိုက်တယ်ဟုတ်လား။
အနိုင်ယူတာမယူတာထက် သူက တိုက်ရိုက်ပဲ သတ်ပစ်တတ်တယ်။
+++
အပိုင်း (179) ငါတို့ ဒုတိယမြောက် စိန်ခေါ်သူကို ဖိတ်ခေါ်ပါတယ်
ဘုန်း။
မီတာတစ်ဆယ်ကျော်ရှည်သည့် ကြီးမားသော ကုန်တင်ကားကြီးက အဝေးမှ အရှိန်နှုန်းမြှင့်ကာ အပြေးလာလေသည်။
အားလီက ပါးစပ်ထဲတွင် စီးကရက်ကို ကိုက်ထားသည်။ သူက ကားတံခါးကို ဖွင့်ကာ အပြင်သို့ ကျော့ရှင်းစွာ ခုန်ထွက်လိုက်ပြီး ဆုပိုင်ကို ကြည့်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာ လက်ကိုရမ်းပြသည်။
“ဟေးမိတ်ဆွေ”
“ကားက ဘယ်လိုလဲ။ လုံလောက်အောင်ကြီးပြီး လုံလောက်အောင်ခိုင်မာတယ်မဟုတ်လား”
“ဒါက အရင်တစ်ခေါက်က ကိုလိုစီယမ်က မဟာမကောင်းဆိုးဝါးကြီးတစ်ကောင်ကို ဖန်တီးလိုက်နိုင်တယ်လေ။ အဲဒီ့အတွက် အထူးတလည် တည်ဆောက်ထားတာ။ ဒါပေမဲ့ ဖွံ့ဖြိုးမှုက ကျရှုံးသွားတော့ ကားကလည်း အသုံးမဝင်ဖြစ်သွားတာပေါ့”
“ဒါပေမဲ့ ငါတို့က ကြိုတင်သဘောတူညီထားတယ်နော်။ ဈေးကမနိမ့်ဘူး။ ဒါပေမဲ့ မင်းက တအားချဲ့ကားတာပဲ။ ဘယ်လိုအရာမျိုးမို့လို့ ဒီလောက်ကုန်တင်ကားကြီးကိုလို...”
ဆုပိုင်က သူ့ကိုလျစ်လျူရှုပြီး ကားကိုပတ်ပတ်လည်ကြည့်သည်။ ပုံစံက သူ၏လိုအပ်ချက်နှင့် ကိုက်ညီသည်။ အကာအရံတစ်ခုလုံးကို ငွေဖြူရောင်သတ္ထုသားဖြင့် လုပ်ထားသည်။ တချို့သော အပေါက်များကလွဲပြီး ကျန်သောနေရာတိုင်းကို ပိတ်လှောင်ထားလေသည်။
အပြင်မှလူတိုင်းကသာ အနီးကပ်လာခဲ့ခြင်းမဟုတ်လျှင် အတွင်းရှိအရာကို မြင်ရရန် ခက်ခဲသည်။
ကိုလိုစီယမ်က လူတွေက အပြင်လူတွေ ချောင်းမကြည့်နိုင်အောင် အထူးတလည် ပုံစံဆွဲထားတာဖြစ်မယ်။
“ဟုတ်တယ် အရွယ်အစားကတော့ လုံလောက်တယ်။ ဒါပေမဲ့ အမြင့်ကတော့ နည်းနည်းလေး..”
“ဒါပေမဲ့ အဆင်ပြေပါတယ်”
ဆုပိုင်က ခေါင်းအသာညိတ်သည်။
“အိုး”
“မင်းက လေယာဥ်တင်မလို့လား”
အားလီက မနေနိုင်ဘဲ ရေရွတ်ကာ ဆုပိုင်ကိုကြည့်သည်။
တရုတ်တွေက ဟန်ဆောင်ကောင်းတာပဲလား။
အဝါရောင်ဆံပင်နဲ့ အကောင်တွေထက်တောင် ကြွားတာတော်နေသေးတယ်။
“ပစ္စည်းက ဘယ်မှာလဲ။ မင်းတကယ်လို့ ပေါ်တာလိုအပ်တယ်ဆိုရင် ငါ့မှာအပိုရှိတယ်။ ဒါပေမဲ့ အပိုကြေးတော့ ကုန်မှာပဲ”
ယခုအချိန်ထိ အားလီကလည်း ရှေ့မှလူက သူ့ကိုလှည့်စားနေသည်ဟု ထင်နေသည်။ ဒီမှာမကောင်းဆိုးဝါးမှ မရှိတာ။ ဒါမှမဟုတ် လိုအပ်ချက်တစ်ခုခု ရှိနေတာများလား”
“လာတော့”
ဆုပိုင်က အဝေးသို့ လှမ်းအော်လိုက်သည်။
“ဟားဟား မင်းက ကိုယ်ပိုင်အလုပ်သမားတွေကိုတောင် ခေါ်လာတာလား”
အားလီက အထင်တသေး ပြုံးလိုက်ပြီး ခေါင်းကိုတစ်ချက်ငုံ့လျက် အင်္ကျီလက်ကို လိပ်တင်လိုက်သည်။ မည်သို့ပင်ဆိုစေ ဒါက ကာစတမ်မာဖြစ်သည်။ ထို့ကြောင့် အကောင်းဆုံးသော ဝန်ဆောင်မှုကို ပေးရပေမည်။
ဘုန်း ဘုန်း ဘုန်း။
ရုတ်တရက် မြေပြင်က တသိမ့်သိမ့်တုန်သွားသည်။ အားလီက ကားကိုခပ်မြန်မြန်ကိုင်၍ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းလိုက်ရသည်။ ထို့နောက် အဝေးသို့ ကြောက်လန့်တကြား လှမ်းကြည့်သည်။
“ငလျင်လှုပ်တာလား။ ဘုရားရေ မြန်မြန်ထွက်သွားရအောင်။ ဒီနေရာက..”
“ဒီနေရာ ဒီနေရာ ဒီနေရာက တုန်နေတာလား”
သူက မော့ကြည့်လိုက်သည့် အခိုက်အတန့်တွင် သူ့ကိုပင် အုပ်မိုးထားသည့် ကြီးမားသည့် အရိပ်ကြီးက အနားသို့ရောက်နေကြောင်း မြင်လိုက်ရသည်။ အားလီက ကား၏ဘေးနားတွင် ပေါ်လာသော အကောင်ကြီးကိုကြည့်ပြီး နေရာတွင်ပင် တောင့်ခဲသွားသည်။
“သေချာပေါက်ကို....”
သူက ဘေးဘက်သို့ တစ်ချက်လှည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တုန်နေသည်။ သူက ငိုသည်ထက်ပင် ကြည့်ရဆိုးသော အပြုံးမျိုးဖြင့် ဆုပိုင်ကိုကြည့်သည်။
“ဒါက မင်း ကိုလိုစီယမ်မှာ ဝင်ပါမလို့လား”
သို့ရာတွင် ထိုမျှကြီးမားပြီး ကြောက်စရာကောင်းသော မကောင်းဆိုးဝါးမျိုးကို မမြင်ဖူးသေးချေ။ ကိုလိုစီယမ်တွင်ရှိသည့် အကြီးမားဆုံး အကောင်ကပင် အရှေ့မှအကောင်၏ တစ်ဝက်စာလောက်ပင်မကြီးပေ။
သို့သော်....။
နောက်ပြီး ဒီမကောင်းဆိုးဝါးတွေက တအားကြမ်းတမ်းတာမဟုတ်လား။ ဒီတိုင်းသွားရင် အဆင်ပြေပါ့မလား။
“ဟုတ်တယ်”
“မြန်မြန်လေးမောင်းတော့။ လုပ်မှာ ။ မင်းကားထဲဝင်”
ဆုပိုင်က အားလီကို ရှေ့ခန်းသို့ တွန်းပို့လိုက်ပြီး ထရန်နိုဆောရပ်ကို လှမ်းအော်သည်။
ဝေါင်း။
ဖုန်း။
ထရန်နိုဆောရပ်က ခေါင်းကိုမော့ပြီး အော်သည်။ ထို့နောက် ကားထဲသို့ ခုန်ဝင်၏။
ဂျိန်း။
ကုန်တင်ကား၏ အင်ဂျင်က ကျယ်လောင်သော အသံနှင့်အတူ မြို့ထံသို့ အရှိန်နှုန်မြှင့်ကာ သွားသည်။
လမ်းတောက်လျှောက်တွင် အားလီက ကားမောင်းရင်း ထိတ်လန့်တုန်ယင်နေရသည်။ သူကခေါင်းကိုလှည့်ပြီး ဆုပိုင်ကိုကြည့်သည်။
တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်တဲ့ အရှေ့တိုင်းသားပဲ။ တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်တယ်။
ဒီအရွယ်အစားလောက်ရှိတဲ့ မကောင်းဆိုးဝါးကြီးကိုတောင် စကားတစ်ခွန်းမဆိုဘဲ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ထားနိုင်တယ်။
ခပ်ပြတ်ပြတ်ပြောရရင် ဒီကားထဲကအကောင်က ကိုလိုစီယမ်တစ်ခုလုံးကို အပြောင်ရှင်းလို့ရတယ်။
“အား ဆရာ ငါအားလီမှာ အဆက်အသွယ်တွေ အများကြီးရှိပါတယ်။ မင်းလက်ထောက်များ လိုမလား။ ဘာပဲဖြစ်ဖြစ် ကိုလိုစီယမ်မှာလည်း လုပ်ရမဲ့ကိစ္စတွေ အများကြီး ရှိတာကိုး။ မင်း ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းစရာမလိုအောင် ငါက ကူညီပေးနိုင်တယ်လေ။ ဘယ်လိုလဲ”
“ငါက အားလီဟာထွန်တက္ကသိုလ်ရဲ့ စီမံခန့်ခွဲမှုမေဂျာမှာ မာစတာဒီဂရီ ရထားတာပါ။ နောက်ပြီး ငါက ဘယ်မှာ...”
အားလီက ရင်ဘတ်ကိုပုတ်ပြီး ယုံကြည်မှုရှိစွာဖြင့် သူ၏အတွေ့အကြုံများကို ပြောသည်။
“ကောင်းပြီ”
ဆုပိုင်က သူ့ကိုတစ်ချက်ကြည့်ပြီး ပြုံးရယ်ကာ ခေါင်းညိတ်လိုက်သည်။
ပြောရလျှင် သူ့အနေဖြင့် လက်ထောက်မလိုချေ။ သို့သော် ထွက်ပြေးရန်ကိစ္စက ဒုက္ခများနိုင်လေသည်။ အလုပ်မဖြစ်လျှင်လည်း တိုင်းပြည်ကို ဆက်သွယ်ရုံသာ ရှိလေသည်။
......။
ကိုလိုစီယမ်။
“အိုး အိုးအိုးအိုး”
“ငါလာပြီ ငါလာပြီ။ ငါထပ်နိုင်ပြန်ပြီ။ ငါသုံးရက်ဆက်တိုက် နိုင်နေတာ”
“သေစမ်း အမှိုက်ကောင်ပဲ။ တစ်ချက်လေးတောင် မခံနိုင်ဘူး အမှိုက်”
လူတစ်အုပ်က အဆုပ်များကွဲမတတ် အော်ဟစ်နေကြသည်။
“အဟမ်း”
အနိုင်ရသော မကောင်းဆိုးဝါးကို သော့ခတ်ပြီးနောက် တင်ဆက်သူက နှာခေါင်းကို တစ်ချက်ခပ်ပြင်းပြင်း ရှူသွင်းလိုက်ရင်း တဖြည်းဖြည်းချင်း လျှောက်လာသည်။
“ဟိုင်း”
“အခု ကြေးခွံနက်က ဘယ်လိုလဲ”
သူက လူတိုင်းကိုကြည့်ကာ အော်သည်။ အော်သံများကို နားထောင်ပြီးနောက် ထိုတင်ဆက်သူက လက်ကိုတစ်ချက်တီးလိုက်ကာ လူအုပ်ကို ငြိမ်သက်သွားစေလိုက်သည်။
“ဒီနေ့ကတော့ အထူးနည်းလမ်းရှိတယ်”
“ဒီမှာ ငါတို့ရဲ့ မြင့်မြတ်တဲ့ တရုတ်လူမျိုးတွေကို ဖိတ်ခေါ်လိုက်ရအောင်”
ထိုသို့ပြောပြီးနောက် ဘေးဘက်ခြမ်းရှိ နံရံပေါ်မှတံခါးက တဖြည်းဖြည်းချင်း ပွင့်သွားသည်။ ဆံပင်အနက်နှင့် အဝါရောင်အသားအရေရှိသော တရုတ်လူမျိုးများက ထွက်လာသည်။ သူတို့အားလုံးက သတ္ထုလှောင်အိမ်အတွင်းတွင် အပိတ်ခံထားရပြီး အားလုံးက သွေးများစိုရွှဲနေကြသည်။
“ဒီနေ့ အဆုံးသတ်မှာ အနိုင်ရတဲ့ မကောင်းဆိုးဝါးက တရုတ်လူမျိုးတွေကို ရရှိမှာပါပဲ”
“ဟေး”
“မကောင်းဆိုးဝါးတွေက ဒီအသက်ရှင်လျက်ရှိနေတဲ့ လူသားတွေကို ဆွဲဖြဲကိုက်စားတာကို ကိုယ်ပိုင်မျက်လုံးနဲ့ မြင်တွေ့ရမှာပဲ”
တင်ဆက်သူက ရွှယ်နင်တို့ကို ကြည့်သည်။ ထို့နောက် စိတ်လှုပ်ရှားမှုအပြည့်နှင့် အသားကုန်အော်ဟစ်သော လူတစ်အုပ်ကို ပြန်ကြည့်သည်။
“အားအားအား သတ်သတ်သတ်”
“အားလုံးကို အရှင်လတ်လတ်သတ်စမ်းပါ”
“အားဟားဟားဟား ငါကြိုက်တယ်။ ကောင်မလေးတစ်ယောက်တောင် ပါသေးတယ်။ တဖြည်းဖြည်းချင်း စားရမယ်”
အလားတူစွာပင် ထိုအသံများကို ကြားပြီးနောက် လူအုပ်ထဲမှ လူတချို့က လှမ်းပြောကြသေးသည်။ သူတို့က အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
“ခေါင်းဆောင်”
“ဟူး”
ရွှယ်နင်က လှောင်အိမ်ထဲတွင် ရပ်နေသည်။ သူမက အပြင်ဘက်မှ အရူးတစ်အုပ်ကိုကြည့်သည်။ နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လိုက်ပြီးနောက် အသင်းဖော်များကိုကြည့်ကာ လေသံတိုးတိုးနှင့်မေးသည်။
“နင်တို့ နောင်တရလား”
“မရပါဘူး”
“ဟုတ်တယ် နောင်တရစရာ အကြောင်းကိုမရှိဘူး။ ငါတို့က တရုတ်နိုင်ငံရဲ့ ဂုဏ်ယူရတဲ့Jdရဲတွေ။ ငါတို့သစ္စာဆိုပြီးချ်န်ကတည်းက တိုင်းပြည်အပိုင်ဖြစ်သွားပြီ”
“ဟုတ်တယ် တိုက်ပွဲမှာသေမယ်။ ဘယ်တော့မှ အညံ့မခံဘူး”
လူတစ်အုပ်က ချက်ချင်းဆိုသလို တိုင်တည်လိုက်ကြသည်။ သူတို့အားလုံးက စိတ်လှုပ်ရှားနေကြသည်။
လူတိုင်းက အပြင်ဘက်ရှိ သွေးမြင်ကွင်းကို ကြည့်နေကြသော်လည်း ခက်ထန်ကြမ်းတမ်းသည့် မကောင်းဆိုးဝါးများလည်း ရှိနေသေးသည့်တိုင်အောင် သူတို့၏ ခန္ဓာကိုယ်က တုန်ယင်နေသည့်တိုင်အောင် သူတို့၏ မျက်ဝန်းထဲတွင် ကြောက်လန့်မှုက မရှိနေပေ။
“ကောင်းပြီ”
ရွှယ်နင်ကလည်း ခေါင်းကို ခပ်ကြမ်းကြမ်းညိတ်သည်။
သတင်းကို ပြန်ပို့ပြီးလေပြီ။ သို့သော် ဒါရိုက်တာဆုပိုင်ကို မတွေ့သေးပေ။
ရွှယ်နင်ကလည်း ဒါရိုက်တာဆုပိုင်ကို ထိုလူအုပ်က ထိန်းချုပ်လိုက်ပြီဟု ထင်နေသည်။
“ငါတို့ အမြန်ဆုံး လှုပ်ရှားမှုယူနိုင်ဖို့ မျှော်လင့်တယ်”
“ငါတို့သေရလည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကောင်းကင်ပြာတိရိစ္ဆာန်ရုံကတော့ တစ်ခုခုဖြစ်လို့မရဘူး”
သူမက ကျိန်ဆိုသည်။ ရွှယ်နင်က တိုက်ခိုက်နေသော သားရဲများကို အေးစက်စွာ ကြည့်လိုက်သည်။
ထိုအချိန်တွင် တင်ဆက်သူက လက်မောင်းကို ကားလိုက်ပြီး မိုက်ခရိုဖုန်း၏အသံကိုမြှင့်ကာ အော်သည်။
“ဒီနေ့ရဲ့ ဒုတိယမြောက် စိန်ခေါ်သူကတော့ “
“ထရန်နိုဆောရပ်”
+++++
အပိုင်း (180) ပေါ်လာပြီ
တင်ဆက်သူ၏ အော်သံနှင့်အတူ ။
ဝေါင်း။
ရှည်လျားသော အညိုရောင်အမွေးများက တစ်ကိုယ်လုံးအနှံ့ လွှမ်းခြုံထားပြီး ဖွတ်ကြီးတစ်ကောင်လို ကြီးမားသည့် ခေါင်းနှစ်လုံးနှင့် သံချိန်းကြိုးများ အဆွဲခံထားရသည့် အကောင်တစ်ကောင်က ထွက်လာသည်။ သူက ကောင်းကင်ကိုမော့ကြည့်ပြီး အော်သည်။
သူ၏ ခပ်ကျယ်ကျယ်ဟထားသော ပါးစပ်ကြီးတွင် သွေးစီးကြောင်းများက စီးကျနေသည်။ သူက လူအုပ်ဘက်သို့ လှည့်ကြည့်ကာ အော်လိုက်သည်။
“ဒီနေ့ရဲ့ အစောင့်ကတော့ မျက်နှာနှစ်ဖက် မိစ္စာပိုးကောင်ပါပဲ”
“ဟုတ်တယ် ဟုတ်တယ်။ ကြောက်စရာကောင်းတဲ့အကောင်ကြီးပဲ”
“သူ့မှာ ပါးစပ်ကြီးနှစ်ခုရှိတာဆိုရင် ရန်သူက ခုခံနိုင်မှာမဟုတ်ဘူး”
“နောက်ပြီး မျက်နှာနှစ်ဖက် မိစ္စာပိုးကောင်က ကြောက်စရာကောင်းတဲ့ အရေပြားကို ပိုင်ဆိုင်ထားတာ။ သတ္ထုလောက်တောင် မာကြောမှုမရှိတဲ့ မကောင်းဆိုးဝါးတွေက သူ့ရဲ့အသားကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူး”
တင်ဆက်သူက စိတ်လှုပ်ရှားစွာအော်သည်။ ထို့နောက် သူက လက်ကိုဆန့်ထုတ်လိုက်ပြီး မျက်နှာချင်းဆိုင်တွင် ရှိသော ကျောက်တုံးတံခါးကြီးကို ရမ်းပြလိုက်ကာပြောသည်။
“ဒီနေ့ရဲ့ စိန်ခေါ်သူကတော့ သံမဏိလောက်အထိ ခံနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျေးဇူးပြုပြီး”
ဂျိန်း။
ခပ်ထူထူ ကျောက်တုံးတံခါးက ပွင့်သွားသည်။ လူတိုင်းက အသက်ရှူအောင့်ထားကြပြီး ခေါင်းကိုမြှောက်ကာ ထွက်လာမည့်အကောင်ကို ကြည့်လိုက်ကြသည်။ သို့သော် ချက်ချင်းလိုလိုပင် အားလုံးက မျက်လုံးပြူးသွားသည်။
ကြီးမားသော သတ္ထုကားကြီးက တဖြည်းဖြည်းချင်း တိုးဝင်လာသည်။ ထိုကားကြီးက သားရဲတိုက်ခိုက်သည့် စင်မြင့်အလယ်သို့ ရောက်လာသည်။ လူတိုင်းကလည်း ထိုကားကြီးကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။
တစ်ခါမှ မမြင်ဖူးဘူး။
ဘာလို့ ချိန်းကြိုးလည်းမရှိတာလဲ။
“ဟားဟား ဒီမကောင်းဆိုးဝါးရဲ့ ပိုင်ရှင်ရဲ့တောင်းဆိုမှုအရ သတ္ထုကားနဲ့ပဲ သယ်ဆောင်လာရတာလေ။ အခုကတော့ ဒီထရန်နိုဆောရပ်ဆိုတဲ့အကောင်ကို ဖော်ထုတ်ရမဲ့အချိန်ပါပဲ”
“စတော့”
အလုပ်ဝတ်စုံဝတ်ထားသည့် သန်သန်မာမာနှင့်လူများက ကား၏အနောက်ဘက်သို့ တစ်လှမ်းချင်းစီလျှောက်သွားသည်။
“စ”
လူအုပ်ထဲမှ ဆုပိုင်က လှောင်လိုက်သည်။
အခုကတော့ ကြွားဝါရမဲ့အချိန်ပဲ။
နောက်ပြီး။
ဝေါင်း။
အတွင်းမှ ကျယ်လောင်သော အသံကြီးက ပေါ်ထွက်လာသည်။ ဝန်ထမ်းများအားလုံးက ကြောင်သွားကြသည်။
ဖုန်း။
ချက်ချင်းဆိုသလိုပင် အရှေ့ဘက်မှ ငွေဖြူရောင်လှောင်အိမ်ကြီးက ပေါက်သွားသည်။
ဖုန်း ဖုန်း ဖုန်း။
ကွဲကြေသံများက ဆက်တိုက်ထွက်ပေါ်လာသည်။ လူတိုင်းက အသက်ရှူအောင့်ပြီး ပုံပျက်ပန်းပျက်ဖြစ်သွားသော ကားကြီးကို ကြည့်ကြသည်။
ထိုအခိုက်အတန့်တွင် ကိုလိုစီယမ်တစ်ခုလုံးက တိတ်ကျသွားသည်။
အထဲရှိ အကောင်ကြီးက ထိုကားကြီးကို ဖျက်စီးနေသော အသံဟာ လူတိုင်း၏ နှလုံးသားကို ခပ်ကြမ်းကြမ်း ထိုးဖောက်နေပြီး လူတိုင်းကို အံ့အားသင့်စေသည်။ ဒါက.....။
ဗြိ။
ရုတ်တရက် သတ္ထုကားက ဆုတ်ဖြဲခံလိုက်ရသည်။
ဝေါင်း။
ကြီးမားသော သတ္ထုကားကြီး၏ တစ်ဖက်ခြမ်းက ပွင့်ထွက်သွားပြီး သွေးညှီနံ့က ပန်းထွက်လာသည်။
ဝန်ထမ်းတစ်ယောက်က အလျင်စလို နောက်သို့ ဆုတ်လိုက်ရသည်။ သူက မျက်လုံးကို ပြန်ဖွင့်လိုက်သည့် အခိုက်အတန့်တွင် အရှေ့မှ သတ္တဝါကြီးကိုမြင်ပြီး မျက်လုံးက မှေးကျဥ်းသွားသည်။
“ဒါက”
“အား”
ဝန်ထမ်းများက တုံပြန်နိုင်သည့်အချိန်တွင် မြေပြင်ပေါ်တွင်လှိမ့်ကာ တွားသွားလျက် အဝေးသို့ ထွက်ပြေးကြသည်။
“ဖူး”
ဖုန်း။
ထရန်နိုဆောရပ်ကလည်း သံကို ခပ်ကြမ်းကြမ်း ခါရမ်းလိုက်ပြီး သတ္ထုသားများအားလုံးကို ဆုတ်ဖြဲပစ်လိုက်သည်။ ထို့နောက် နှာကို တစ်ချက်မှုတ်လျက် တဖြည်းဖြည်းချင်း ကြီးမားသော ကိုယ်ထည်ကြီးကို ထုတ်ဖော်ပြသလာလေသည်။ သူက ခေါင်းကို မြင့်အောင်မော့ထားရင်း စင်ပေါ်ရှိ လူအုပ်ကို တစ်ချက်ကြည့်သည်။ သိပ်မကြာခင် သူ၏အကြည့်က အဝေးရှိ ဖွတ်ထံရောက်သွားသည်။
ဝေါင်း။
“ဒါကဘာလဲ”
သူက အော်သည်။
သူက နဂါးအမြီးကို တစ်ချက်ရမ်းလိုက်ပြီးနောက် နောက်ဘက်ရှိ ကားကို လွင့်ထွက်သွားစေလိုက်သည်။
ကြီးမားသော ကိုယ်ထည်ကြီးက လေထဲတွင် တစ်ချက်ခုန်လိုက်သည်။ တစ်ချက်ခုန်လိုက်ရုံနှင့် ချက်ချင်းဆိုသလို ဆယ်မီတာအကွာသို့ ရောက်သွားသည်။
သူက ပြန်လည်ဆင်းသက်လိုက်သည့် အခိုက်အတန့်တွင် ကိုလိုစီယမ်တစ်ခုလုံးက ငလျင်လှုပ်သလို တုန်ခါသွားလေသည်။ ကျယ်လောင်ပြင်းထန်သည့် အသံများကပင် ထွက်ပေါ်လာလေ၏။
ခရက်။
သူက သူ၏ အောက်ခြေတွင် တုန်ယင်နေသော အရုပ်ဆိုးအကျည်းတန်သည့်အကောင်ကို ငုံ့ကြည့်လိုက်ပြီး ထရန်နိုဆောရပ်၏ အေးစက်သော မျက်လုံးများက မှေးကျဥ်းသွားသည်။
သူ၏ သွေးလွှမ်းသော ပါးစပ်က ကျယ်လောင်စွာ ပွင့်သွားပြီးနောက် ခပ်မြန်မြန် ကိုက်ချလိုက်လေသည်။ သူ၏ ကိုက်ချသည့် အရှိန်နှုန်းက လျှပ်စီးကဲ့သို့ မြန်ဆန်လွန်းနေသည်။
သူက ခေါင်းကို ပြန်မော့ပြီး အရုပ်ဆိုးသော ဖွတ်ကို ခါပစ်လိုက်သည်။
သွေးများက လေထဲတွင် ပြန့်ကျဲသွားလေသည်။
ဖုန်း။
ခေါင်းမဲ့သွားသော ဖွတ်က မြေပြင်ပေါ်သ်ို့ ပြုတ်ကျသွားသည်။ အပိုင်းအစများကလည်း လူအုပ်ထံ လိမ့်သွားသေးသည်။
ဂျွတ် ဂျွတ် ဂျွတ်။
လူတိုင်းက အံ့အားတကြီး အသက်ရှူနေကြသည့်အချိန်တွင် ထရန်နိုဆောရပ်က ဖွတ်၏ခေါင်းကို အသာဝါးစားနေသည်။ သူ၏လည်ဇလုပ်က လှုပ်သွားသည်။
ဝူး။
ချက်ချင်းဆိုသလိုပင် ကိုလိုစီယမ်တစ်ခုလုံးက ဆူပွက်သွားသည်။
လူတိုင်းက ရှက်ရွံ့သွားကြပြီး ထိုင်ခုံပေါ်မှ ခုန်ထကာ အင်အားအပြည့်ဖြင့် အားပေးကြသည်။
“အားအား ထရန်နိုဆောရပ် ထရန်နိုဆောရပ်”
“နတ်ဘုရားပဲ။ ဒီလောက်အင်အားကြီးမားတဲ့ သတ္တဝါကြီး ထရန်နိုဆောရပ်”
“ငါ ဆယ်သန်းနဲ့လောင်းမယ်။ မဟုတ်ဘူး သန်းငါးဆယ်”
“ပြိုင်ဘက်ကင်းပဲ”
တခြားအကောင်တွေမှာ တိုက်ခိုက်နိုင်တဲ့ စွမ်းရည်တောင်မရှိဘူး။
ထရန်နိုဆောရပ်က ထွက်လာသည့် အခိုက်အတန့်တွင် မျက်နှာနှစ်ဖက်နှင့် မကောင်းဆိုးဝါးဖွတ်က မြေပြင်တွင်လှဲပြီး တဇတ်ဇတ် တုန်ယင်နေခဲ့သည်။ ထရန်နိုဆောရပ်က သူ၏ရှေ့သို့ ရောက်လာသည့်တိုင်အောင် သူက ခေါင်းမမော့နိုင်ခဲ့ချေ။ ဒါက ကြီးမားသည့် ခြားနားမှုကြီးဖြစ်သည်။
ကောင်းကင်နဲ့မြေပြင်လို ခြားနားတာပဲ။ ပြိုင်ဘက်ကင်းတဲ့ပုံစံနဲ့ အလဲထိုးလိုက်တာ။
“ဟူး”
ထိန်းချုပ်ခန်းထဲမှ စီမွန်၏မျက်လုံးများက ကျဥ်းမြောင်းသွားသည်။ သူက အသက်ပြင်းပြင်းရှူပြီး ထိုအကောင်ကြီးကို ကြည့်သည်။
ချဲ့ကားတာမျိုး မရှိရင်တောင်မှ ဒီကိုလိုစီယမ်တစ်ခုလုံးမှာရှိတဲ့ မကောင်းဆိုးဝါးတွေက ဒီကောင်ကြီးကို မယှဥ်နိုင်လောက်ဘူး။ ၇မီတာနီးပါးတောင် မြင့်နေတာ။
စီမွန်ကလည်း မာကြောလွန်းသော အသားအရေများကို ထိုးဖောက်ရန် ခက်ခဲမည်ဟု ခံစားမိနေသည်။ အထူးသဖြင့် ထိုကောင်၏ မျက်လုံးများဖြစ်သည်။ အထင်သေးမှုအပြည့် ပါဝင်နေသည်။
“လာလာလာ ဒီကောင်ရဲ့ပိုင်ရှင်က ဘယ်သူလဲ ရှာကြစမ်း”
“ငါတို့ ဒီကောင်ရဲ့ မျိုးရိုးဗီဇတွေကို ရမှဖြစ်မယ်။ ဘယ်လိုနည်းနဲ့မဆို ရရမယ်”
“တကယ်လို့ လိုအပ်မယ်ဆိုရင်”
စီမွန်က ဘေးဘက်ရှိ လူများကိုကြည့်ပြီး ဟန်အမူအယာ လုပ်ပြလိုက်သည်။
ကိုလိုစီယမ်မှာသာ ဒီလိုကြောက်စရာကောင်းတဲ့အကောင်မျိုးရှိနေရင် နှစ်တိုင်းလိုလိုရတဲ့ အကျိုးအမြတ်တွေက အများကြီး မြင့်တက်သွားလိမ့်မယ်။
ဟစ်။
ရွှယ်နင်က စင်ပေါ်တွင် လမ်းလျှောက်နေသည့် ထရန်နိုဆောရပ်ကိုကြည့်ပြီး အသက်ပြင်းပြင်းရှူသည်။
ယခုအခြေအနေအရ ကျန်သောမကောင်းဆိုးဝါးများက ထိုအကောင်ကိုမယှဥ်နိုင်လောက်ချေ။
“ငါတို့တွေ အဆုံးမှာတော့ ဒီကောင်ကြီးရဲ့ ပါးစပ်ထဲမှာ သေရမှာလား”
သူမက ခပ်တိုးတိုးရေရွတ်သည်။
ရွှယ်နင်၏ ခန္ဓာကိုယ်ကလည်း တုန်ယင်သွားသည်။
ဝေါင်း။
ထရန်နိုဆောရပ်က ခေါင်းကိုငုံ့ပြီး အရှေ့မှ သတ္ထုလှောင်အိမ်ကိုကြည့်ကာ နှာခေါင်းတစ်ချက်ရှုံ့ကာ အနံ့ရှူသည်။
ဖုန်း။
သူက ပါးစပ်ကိုဟပြီး သတ္ထုတိုင်ကြီးကို ကိုက်ဝါးလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ပွတ်တိုက်သံက ထွက်ပေါ်လာသည်။ အလွန်မြန်ဆန်သည့် အရှိန်နှုန်းနှင့်အတူ သတ္ထုတိုင်ကြီးက ပုံပျက်ပန်းပျက်ဖြစ်သွားသည်။
ဖုန်း။
သူက လည်တိုင်ကို တစ်ချက်မြှောက်ပြီး သတ္ထုတိုင်ကြီးကို အဝေးသို့ လွှင့်ပစ်လိုက်သည်။ ထိုသို့ဖြင့် မြေပြင်တွင်ရှိသည့် လူသားများကိုကြည့်ကာ ပါးစပ်ကို တဖြည်းဖြည်းချင်းချိန်သည်။
“ခေါင်းဆောင် နောက်ဆုတ် နောက်ဆုတ်”
စစ်သားများက ထိတ်လန့်နေကြပြီး တဖြည်းဖြည်းချင်း နောက်သို့ ဆုတ်ကြသည်။
“သူတို့ကိုစား”
“အပိုင်းပိုင်းအစစဖြစ်အောင် ကိုက်စားပစ်လိုက်စမ်းပါ ထရန်နိုဆောရပ်”
“ဟားဟားဟား သွေးသံရဲရဲ မြင်ကွင်းက ငါ့ရဲ့သွေးတွေကို ဆူပွက်စေတယ်”
အရှေ့မှ မြင်ကွင်းကိုကြည့်ပြီး လူတစ်အုပ်က ကျယ်လောင်စွာ အော်ဟစ်နေကြသည်။ သူတို့က လေထဲသို့ လက်များကိုရမ်းလျက် အားပေးနေကြသည်။
“မလိုဘူး”
“ငါတို့ရဲ့တာဝန်ကို သတိရ”
ရွှယ်နင်က စိတ်ငြိမ်သွားသည်။ သူမက ခပ်မတ်မတ်ရပ်ပြီး အရှေ့မှ ထရန်နိုဆောရပ်ကိုကြည့်ကာ မျက်လုံးကိုမှိတ်လိုက်သည်။
ဒါရိုက်တာဆုပိုင်။
စိတ်မကောင်းပါဘူး ငါတို့နင့်ကို မကယ်ဆယ်နိုင်တော့ဘူး။
“ဟားဟားဟား နဂါးအမေကြီးရေ မင်းကတအားကြမ်းတမ်းတာပဲ။ လူတွေကိုမခြောက်ပါနဲ့။ ကောင်မလေးကို ကြည့်ဦး ငိုနေပြီ”
ရုတ်တရက် ရင်းနှီးကျွမ်းဝင်သော ရယ်သံက ထွက်ပေါ်လာသည်။ ရွှယ်နင်က မျက်လုံးပြန်ဖွင့်လိုက်သည်။
ထိုအခါ ရောင်စုံအမွေးနှင့် ငှက်တောက ထရန်နိုဆောရပ်၏ ခေါင်းပေါ်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။ ထိုငှက်က သူတို့ကိုလှောင်သလိုကြည့်နေသည်။
“ဒါက...”
ဒါက ငှက်တောပဲ။
ဆိုတော့ ဒီထရန်နိုဆောရပ်က ဒါရိုက်တာဆုပိုင်ရဲ့ သားရဲလား။
******