← Chapters

လှိုင်းများရိုက်ခတ်ခြင်း

Vol. 10 Ch. 997

လှိုင်းများရိုက်ခတ်ခြင်း

Vol. 10 Ch. 997

မိန်းကလေးငယ်လေး၏ ဇစ်မြစ်က ထူးခြားသည့်အတွက် စန်းရှောင်ကျီက သူမကို တောင်ပေါ်မှ နှင်မထုတ်ချင်ပေ။

ထို့ပြင် သူမ မည်သည့်နေရာက ရောက်လာမှန်း မသိသည့်အတွက် မည်သည့်နေရာသို့ ပြန်ပို့ရမည်ကိုလည်း စန်းရှောင်ကျီ မသိရှိပေ။

"အဟွတ်… အဟွတ်…"

မိန်းကလေးငယ်လေးက ရုတ်တရက် ချောင်းများဆိုးလာလေသည်။

စန်းရှောင်ကျီက သူမ၏ ပန်းရောင်သွေးလွှမ်းနေသည့် မျက်နှာသေးသေးလေးကို တစ်ချက်ကြည့်လိုက်သည်။ မိန်းကလေးငယ်လေး၏ နှုတ်ခမ်းများကလည်း ပုံမှန်မဟုတ်စွာ ဖြူဖျော့လို့နေ၏။

စန်းရှောင်ကျီက ဆေးပညာနားလည်သူတစ်ယောက် မဟုတ်ပေ။ သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားလေရာ ကြည့်လိုက်သည်နှင့် မိန်းကလေးငယ်လေး နေမကောင်းဖြစ်နေပြီကို ချက်ချင်းသိရှိလိုက်သည်။

သူက တစ်ချက်တုံ့ဆိုင်းနေပြီးမှ ဖန်ပုလင်းလေးတစ်ခုကို ထုတ်ယူလိုက်လေသည်။ ဖန်ပုလင်းလေးထဲတွင် အဖြူတစ်ဝက် ၊ အနီတစ်ဝက်အရောင်ရှိသည့် ဆေးလုံးတစ်လုံး ရှိနေလေ၏။

စန်းရှောင်ကျီက ဆေးပုလင်းကို ကလေးမလေးထံသို့ သေသေချာချာ လှမ်းပေးလိုက်ပြီး…

"သောက်လိုက်… ၊ ဒါသောက်လိုက်ရင် ချောင်းမဆိုးတော့ဘူး…"

ထိုဆေးက မည်မျှအဖိုးတန်သည်ကို မိန်းကလေးငယ်လေးကတော့ သိရှိခြင်း မရှိပေ။

သူမ ခေါင်းညိတ်လိုက်ပြီး ဖန်ပုလင်းလေးကို ယူလိုက်လေသည်။ ထို့နောက် ဖန်ပုလင်းအဖုံးကို ဖွင့်လိုက်၏။

ဖန်ပုလင်းလေးအတွင်းမှ မွှေးပျံ့သည့်အငွေ့အသက်များထွက်ပေါ်လာပြီး အခိုးအငွေ့များက မြွေတစ်ကောင်အသွင် ပြောင်းလဲသွားလေသည်။

စန်းရှောင်ကျီမှာ ဆေးကို နှမျောလွန်းသဖြင့် ခေါင်းကို တစ်ဖက်သို့ လှည့်ထားလိုက်မိသည်။

ထိုဆေးမှာ မြွေပုံသဏ္ဍန်ရှိသည့် နှစ်တစ်ထောင်လင်ဇီးမှိုဖြင့် ဖော်စပ်ထားသည့် ရှားပါးဆေးဖြစ်လေသည်။ တစ်ကြိမ်ဖိုထိုးလျှင် (၉)လုံးသာ ရရှိနိုင်သောဆေးလုံး ဖြစ်လေ၏။

ဆေးစွမ်းက သိမ်မွေ့သည့်အတွက် သာမန်လူသားများစားသုံးလျှင် ချက်ချင်း အစွမ်းမပြတတ်ပေ။ သို့သော်… ဖျားနာခြင်းကိုတော့ ချက်ချင်းပျောက်ကင်းစေမည် ဖြစ်လေသည်။

ကျင့်ကြံသူများအတွက်တော့ ဤဆေးကို စားသုံးမိလျှင် ဆေးစွမ်းက ခန္ဓာကိုယ်ထဲတွင် တည်ရှိနေပြီး ဖြည်းဖြည်းချင်း အကျိုးသက်ရောက်မှုရှိလာမည် ဖြစ်လေသည်။

စန်းရှောင်ကျီက အခြားဆေးဝါးများကို မိန်းကလေးငယ်လေးကို ပေးမည်ဆိုလျှင် ကလေးမလေးအနေဖြင့် ဆေးဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် သူက အခြားဆေးများကို မပေးဘဲ ထိရောက်မှုသိမ်မွေ့သည့် ယခုဆေးကို ပေးလိုက်ခြင်းဖြစ်လေ၏။

သို့သော်… ကလေးမလေးကို ဆေးပေးလိုက်သည့်အချိန်တွင် သူမက မသိစိတ်ဖြင့် အလိုအလျှောက် ပေးလိုက်မိခြင်း ဖြစ်လေသည်။ တစ်ချက်လေးပင် စဉ်းစားသမှု ပြုခဲ့ခြင်းမရှိခဲ့ပေ။

အမှန်ဆိုလျှင်  သူ့အနေဖြင့် ထိုမျှအဖိုးတန်သည့်ဆေးကို အခြားသူတစ်ယောက်ကိုပေးတော့မည်ဆိုလျှင် တစ်ခဏမျှတော့ စဉ်းစားရန်လိုအပ်သည် မဟုတ်ပါလား။

ယခုတော့… ကလေးမလေးကိုသာ တောင်အောက်သို့ ပြန်ပို့လိုက်မည်လျှင် သူပေးလိုက်သည့်ဆေးမှာ အလဟသ ဆုံးရှုံးမှု ဖြစ်သွားပေလိမ့်မည်။

အမှန်တော့ စန်းရှောင်ကျီအနေဖြင့် ထိုအဖိုးတန်ဆေးကို မပေးဘဲ မိန်းကလေးငယ်လေး ဖျားနာနေမကောင်းသည်ကို ကုသပေးနိုင်သည့် နည်းလမ်းများစွာ ရှိလေသည်။

မိန်းကေလးငယ်လေးကတော့ ထူးဆန်းသည့်ဆေးလုံးကို တွေ့မြင်ရသည့်တိုင် အံ့အားသင့်ဟန် တစ်စက်မှမပြဘဲ ပုလင်းထဲမှ ဆေးလုံးကိုထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်လေတော့၏။

ဆေးလုံးက ကလေးမလေး၏ ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး ခန္ဓာကိုယ်ထဲသို့ နွေးထွေးစွာ စီးဆင်းဝင်ရောက် သွားလေသည်။ သူမ အစောပိုင်းက ခံစားနေရသည့် ဖျားနာနေမကောင်းဖြစ်နေခြင်းများ ချက်ချင်း ယူပစ်သလိုပျောက်သွားလေတော့သည်။

ရေနွေးနွေးလေးသောက်လိုက်ရသည့်အလား သူမ သက်သောင့်သက်သာခံစားလိုက်ရလေသည်။ ထို့နောက် တဖြည်းဖြည်း ငိုက်မြည်းလာပြီး မြင်ကွင်းတစ်ခုလုံး ေ၀ဝါးလာလေသည်။

သူမပုံစံကိုကြည့်ပြီး စန်းရှောင်ကျီက မေးလိုက်သည်။

"မင်း ဘယ်လိုနေသေးလဲ…"

မိန်းကလေးငယ်လေးက စကားလုံး (၃)လုံဖြင့် အဖြေပြန်ပေးလိုက်၏။

"အိပ် ချင် တယ် …"

ထို့နောက် မိန်းကလေးငယ်၏ အနက်ရောင်မျက်ဝန်းများ မှေးမှိတ်သွားပြီး အိပ်ပျော်သွားလေတော့သည်။

စန်းရှောင်ကျီသာ တန်ခိုးစွမ်းအားသုံးပြီး လေကို ပင့်ပေးမထားခဲ့လျှင် မိန်းကလေးငယ်သည့် မြေပြင်ထက်သို့ ဝုန်းခနဲ လဲကျသွားမည် ဖြစ်လေသည်။

(၃)ရက်နှင့် (၃)ညတိတိ အိပ်ပျော်သွားပြီးနောက် မိန်းကလေးငယ်လေး အိပ်ယာမှနိုးလာလေသည်။

ထိုက်ယီတောင်ထိပ်တွင် လမင်းက ထိန်ထိန်သာနေပြီး လေပြေက လှည့်ပတ်တိုက်ခိုက်လျှက် ရှိလေသည်။

သူမ မျက်လုံးဖွင့်ဖွင့်ချင်း မြင်တွေ့လိုက်ရသူက ဆန်းလျန် ဖြစ်လေသည်။ ထို့ကြောင့် သူမက ဆန်းလျန်ကို စကားပြောရန် ဟန်ပြင်လိုက်သည်။

ဆန်းလျန်က…

"မင်း ငါ့ကိုစကားပြောချင်တယ်ဆိုရင် စိတ်ထဲကပဲ ပြောလိုက် ၊ ငါ ကြားရတယ်…"

မိန်းကလေးငယ်လေးက စိတ်ရှုတ်ထွေးသွားဟန်ရှိသော်လည်း ခေါင်းညိတ်ပြလိုက်လေ၏။

သူမသည် တစ်ခုသော စမ်းချောင်းလေးနံဘေးရှိ ကြာပန်းပွင့်ကြီးတစ်ပွင့်ထက်တွင် အိပ်ပျော်နေခြင်း ဖြစ်လေသည်။ ကြာပန်းပွင့်ကြီးကို လေပွေတစ်ခုက အောက်မှပင့်ထားပေးသည့်အတွက် မြေပြင်နှင့် ထိတွေ့ခြင်း မရှိပေ။

လေထဲတွင် ပျံသန်းနေသည့် ကျောက်ဆောင်ကြီးတစ်ခုက သူမအထက်မှ အမိုးသဖွယ်အုပ်မိုးပေးထားသည်။

သူမက…

"ကျွန်မကို ဆေးတိုက်တဲ့ ဟို ဦးလေးကြီးရော…"

"ဟိုမှာ…"

ဆန်းလျန်က တစ်နေရာသို့ လက်ညှိုးညွှန်ပြရင်း ပြောလိုက်သည်။

မိန်းကလေးငယ်လေးက ဆန်းလျန် လက်ညှိုးညွှန်ပြရာသို့ ကြည့်လိုက်ရာ ကြီးမားသည့်သစ်ပင်ကြီးတစ်ပင်အောက်တွင် တရားထိုင်နေသည့် စန်းရှောင်ကျီကို တွေ့လိုက်ရလေသည်။

မိန်းကလေးငယ်က…

"ကျွန်မ ရှင်ပြောတဲ့အတိုင်း တောင်ပေါ်တော့ တက်လာခဲ့ပြီ ၊ ဘာဆက်လုပ်ရမလဲ…"

ဆန်းလျန်က…

"အခြေအနေကြည့်ပြီး မီးစင်ကြည့်ကကြတာပေါ့…"

"အင်း…"

"မင်း နိုးလာပြီလား…"

ရုတ်တရက်… စန်းရှောင်ကျီ၏ အသံက မိန်းကလေးငယ်လေး၏ နားထဲသို့ လွင့်မျောလာလေသည်။

မိန်းကလေးငယ်လေးက ခေါင်းလှည့်ကြည့်လိုက်လေရာ သူမကိုကြည့်နေသည့် စန်းရှောင်ကျီ၏ မျက်ဝန်းများနှင့် ရင်ဆိုင်လိုက်ရလေသည်။

စန်းရှောင်ကျီသည် မိုးကြိုးတန်ခိုးစွမ်းအားကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သူ ဖြစ်လေရာ သူ၏ မျက်ဝန်းများက အမြဲတမ်း မိုးကြိုးလျှပ်စီးများအလား ထက်ရှတောက်ပနေလေ့ရှိသည်။

ထို့ကြာင့် တောင်ပေါ်မှ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသည့် တပည့်ငယ်များသည် သူ၏မျက်ဝန်းများကို ရင်ဆိုင်ဝံ့ခြင်း မရှိကြဘဲ အလွန်ကြောက်ရွံ့ကြလေသည်။

သို့သော်… မိန်းကလေးငယ်လေးကတော့ စန်းရှောင်ကျီ၏ မျက်ဝန်းများကို ကြောက်ရွံ့ဟန် မရှိပေ။ စန်းရှောင်ကျီကိုကြည့်နေသည့် သူမ၏မျက်ဝန်းများက တည်ငြိမ်လျှက် ရှိသည်။

ထိုမိန်းကလေးငယ်လေးမှာ ကျောက်သားကဲ့သို့ မာကျောသည့်စိတ်ထားရှိသည်ကို စန်းရှောင်ကျီ ခန့်မှန်းမိပြီးသား ဖြစ်သည်။ သို့သော်… ယခု သူ၏အကြည့်ကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်လိုက်သည်ကို တွေ့မြင်လိုက်ရသည့်အခါ စိတ်မလှုပ်ရှားဘဲ မနေဝံ့တော့ပေ။

သူမသာ ကျင့်စဉ်လမ်းသို့ လိုက်မည်ဆိုလျှင် မည်သည့်အခက်အခဲကိုမှ ရင်ဆိုင်ရခြင်းမရှိဘဲ အောင်မြင်သူတစ်ယောက် ဖြစ်လာနိုင်သည်။

ယွမ်ကျိုးနယ်တွင် ချင်းရွှမ်နတ်တံခါး စတင်တည်ထောင်သည့်အချိန်ကတည်းက ချင်းရွှမ်နတ်တံခါးသို့ ဝင်ရောက်မည့် တပည့်များအတွက် လိုက်နာရန် ဆောင်ပုဒ်တစ်ခုရှိလေသည်။

"လူတစ်ယောက်သည် ကျင့်ကြံသူတစ်ယောက်ဖြစ်လိုပါက စိတ်နှလုံးကိုအရင်ပြင်ဆင်ရမည်…"

ဟူ၍ ဖြစ်လေ၏။

ထို့ကြောင့် ချင်းရွှမ်နတ်တံခါးမှ တပည့်များမှာ တာအိုစိတ်ထား အပြည့်အဝထားရှိရန် အရင်ဆုံး ကြိုးစားကျင့်ကြံကြရသည်။

နောက်ပိုင်းကာလများတွင် ထိုက်ဝေ့ထိုင်ခန်းမဆောင်၌ ကျမ်းစာများစွာ ရှိလာသော်လည်း ထိုခေတ်အခါကတော့ တာအိုကျမ်းစာ အနည်းငယ်သာရှိသည့် ကာလဖြစ်လေသည်။

ထိုက်ဝေ့ထိုင်မှကျမ်းစာအားလုံး၏ အနှစ်သာရကို သိရှိသွားမည်ဆိုလျှင် ဂါထာမန္တန်နှင့် တန်ခိုးစွမ်းအားများကို လွယ်လွယ်ကူကူပင် ကျင့်ကြံနိုင်မည်ဟု ယွမ်ချင်းကတော့ တပည့်များကို သင်ပြပေးလေ့ရှိသည်။

နက်ရှိုင်းသည့်တာအိုမူဝါဒများကို နားမလည်ပါက ဂါထာမန္တန်နှင့် တန်ခိုးစွမ်းအားပညာကို လေ့ကျင့်နေသည့်တိုင် အရင်းအမြစ်မရှိသည့် ရေအလား နောက်ဆုံးတွင် ခြောက်သွေ့သွားရပေလိမ့်မည်။

နောက်ပိုင်းလူများအတွက် ကျင့်စဉ်လမ်းဆိုသည်က ခက်ခဲခြင်း သိပ်မရှိပေ။ စန်းရှောင်ကျီတို့မျိုးဆက်မှ ကျင့်ကြံသူများသာ အနည်းငယ် ခက်ခဲကြရခြင်း ဖြစ်သည်။

အကြောင်းမှာ သူတို့အတွက် ရှေးဆရာများချန်ထားခဲ့သည့် ကျင့်စဉ်များ ရှားပါးပြီး ကိုယ်တိုင်လမ်းသစ်ဖောက်ကာ ကျင့်စဉ်လမ်းကို လျှောက်လှမ်းကြရသောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် စန်းရှောင်ကျီတို့မျိုးဆက်တွင် အစပိုင်းအောင်မြင်သူများရှိခဲ့ကြသော်လည်း အချိန်ကြာသည်နှင့်အမျှ သေခြင်းရှင်ခြင်းကို မကျော်လွှားနိုုင်ဘဲ ကြွေလွင့်ခဲ့ကြသည့် ကျင့်ကြံသူ များစွာ ရှိလေသည်။

စန်းရှောင်ကျီကတော့ အစပိုင်းတွင် ထူးချွန်သူတစ်ယောက် မဟုတ်ပေ။ သူက အခြားတန်ခိုးစွမ်းအားများကို စိတ်မဝင်စားဘဲ မိုးကြိုးတန်ခိုးစွမ်းအားတစ်ခုတည်းကိုသာ တစိုက်မတ်မတ် ကျင့်ကြံခဲ့သူ ဖြစ်လေသည်။

နောက်ပိုင်းတွင်တော့ ဇွဲရှိရှိဖြင့် တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုကြောင့် စန်းရှောင်ကျီက ထိပ်တန်းအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။

ထိုသို့အောင်မြင်မှုရရှိရန် နှစ်ပေါင်း (၁၀၀) မက ကြိုးစားခဲ့ရလေသည်။ ထို့နောက်တွင်တော့ ကံကောင်းစွာဖြင့် ဟိုင်သန်းအဆင့်တက်ရောက်နိုင်ခဲ့ပြီး အခြားကျင့်ကြံသူများထက် သာလွန်သူတစ်ယောက် ဖြစ်လာခဲ့သည်။

အောင်မြင်မှုရလာသည့်အခါ သူ၏ ဆုံးဖြတ်ချက်များကလည်း ပိုမိုခိုင်မာလာခဲ့လေသည်။

ထို့ပြင်… ကျင့်ကြံခြင်းအောင်မြင်ရန်အတွက် သဘာဝတရား၏ အရေးပါပုံကို စန်းရှောင်ကျီက ကောင်းကောင်းနားလည်သူ ဖြစ်လေသည်။

သူက မိန်းကလေးငယ်လေးကို တပည့်အဖြစ်မွေးရန် ဂိုဏ်းချုပ်ယွမ်ချင်းကို မရရအောင် ခွင့်တောင်းမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

အကြောင်းမှာ မိန်းကလေးငယ်လေးသည် ဝမ့်ရှင်းလမ်းသို့ ဖြတ်ကျော်လာခဲ့သော အစဉ်အဆက် တပည့်များအားလုံးထက် သာလွန်သည့် အရည်အချင်းရှိကြောင်း ရိပ်မိထားသောကြောင့် ဖြစ်သည်။

အထူးသဖြင့် သူမ၏ မျက်ဝန်းများက အလွန်ထူးခြားလေသည်။

မည်သည့်တပည့်မှ စန်းရှောင်ကျီ၏ အကြည့်ကို ထိုမိန်းကလေးငယ်ကဲ့သို့ တည်ငြိမ်စွာ ပြန်ကြည့်ရဲသူ တစ်ယောက်မှ မရှိခဲ့ပေ။

ထို့ကြောင့် မိန်းကလေးငယ်နှင့်ပတ်သက်ပြီး သူတွေးထင်ထားသည့်အချက်များမှာ မမှားယွင်းနိုင်ကြောင်း စန်းရှောင်ကျီ တွေးလိုက်မိသည်။

ထိုသို့ဖြင့်… အချိန်တဖြည်းဖြည်းကြာလာခဲ့ပြီး ဝမ့်ရှင်းလမ်းကို ဖြတ်ကျော်လာသူ စုစုပေါင်း (၂၅)ယောက် ရှိလာလေသည်။ ထို (၂၅)ယောက်ထဲမှ (၁၀)ယောက်ကို စီစစ်ရွေးခြယ်ပြီး ချင်းရွှမ်နတ်တံခါး၏ တပည့်အဖြစ် စန်းရှောင်ကျီက လက်ခံခဲ့သည်။

တပည့်သစ်ရွေးခြယ်သည့်ကိစ္စများပြီးစီးသွားသည်နှင့် စန်းရှောင်ကျီက မိန်းကလေးငယ်လေးနှင့် အခြားတပည့် (၉)ယောက်ကိုခေါ်ကာ စိတ်အားထက်သန်စွာဖြင့် ထိုက်ယီတောင်ထိပ်သို့ ထွက်ခွာလာခဲ့လေတော့သည်။

ချင်းရွှမ်နတ်တံခါးဖွင့်လှစ်ပြီး တပည့်သစ်ရွေးခြယ်ခြင်းသည် အရေးကြီးကိစ္စတစ်ခု ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် ယွမ်ချင်းက စန်းရှောင်ကျီလုပ်သမျှကို တစ်ခုမှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိပေ။

စန်းရှောင်ကျီ ဤကိစ္စကို ကောင်းကောင်း ကိုင်တွယ်နိုင်မည်ဟု ယွမ်ချင်း ယုံကြည်ထားလေသည်။

သို့သော်… စန်းရှောင်ကျီ ထိုက်ယီတောင်ထိပ်သို့ ရောက်မလာခင်အချိန်မှာပင် အလွန်အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့လေသည်။

ယွမ်ချင်းက စိတ်ထဲတွင် ထူးဆန်းသည့် ခံစားချက်တစ်ခုကိုခံစားနေရလေသည်။

ထို့ကြောင့် သူ တာအိုတရားဟောကြားသည်ကို နံဘေးတွင်နားထောင်နေသည့် တုန့်ရွှမ်ကျီကို မေးမြန်းကြည့်မိသည်။

တုန့်ရွှမ်ကျီမှာ ချင်းရွှမ်နတ်တံခါး၏ ဆရာသခင်တစ်ပါးဖြစ်လေသည်။ ယွမ်ချင်းပြီးလျှင် ဒုတိယအဆင့်လိုက်သူတစ်ယောက်လည်း ဖြစ်လေ၏။

တုန့်ရွှမ်ကျီသည် ဘဝတစ်ခုလုံး ကြိုးစားကျင့်ကြံခဲ့သူတစ်ယောက်ဖြစ်ပြီး တန်ခိုးစွမ်းအားလည်း မြင့်မားသူတစ်ယောက် ဖြစ်သည်။

ထို့ပြင် တုန့်ရွှမ်ကျီက အံ့သြစရာတန်ခိုးစွမ်းအားတစ်ခုဖြစ်သည့် ကျီဝေးမှော်စွမ်းအားကိုလည်း တီထွင်နိုင်ခဲ့လေသည်။

ယနေ့ခေတ်သည် ကျင့်ကြံသူများအတွက် ကျင့်စဉ်များ အဆင်သင့်မရှိသည့်အတွက် ကျင့်ကြံသူများအနေဖြင့် ကိုယ့်လမ်းကိုယ်ဖောက်ကာ ကျင့်စဉ်များကို ကိုယ်တိုင်ဖော်ထုတ်တီထွင်ရသည့် ခေတ်ဖြစ်လေသည်။

ထိုသို့ ကျင့်စဉ်များတီထွင်နိုင်သည့် ကျင့်ကြံသူများသည် ကျင့်ကြံသူလောကတွင် ထိပ်တန်းအဆင့်ဟု ဆိုနိုင်လေသည်။

ယွမ်ချင်းက သူခံစားနေရသည့် ခံစားချက်ကို တုန့်ရွှမ်ကျီကို ပြောပြခဲ့ပြီး အနာဂတ်ကို ခန့်မှန်းကြည့်စေခဲ့သည်။

သို့သော်… ထိုသို့ လုပ်ခိုင်းမိသည့်အတွက် ယွမ်ချင်း နောင်တရသွားမိလေသည်။ အကြောင်းမှာ တုန့်ရွှမ်ကျီက သူရင်ဆိုင်ရမည့် အစစ်ဆေးခံရမှုကို ကြိုတင်သိမြင်သွားခဲ့လေသည်။

တုန့်ရွှမ်ကျီ၏ တန်ခိုးစွမ်းအားက ယွမ်ချင်းထက် အတော်လေး နိမ့်ကျလေသည်။ သို့သော်… သူက ဝိညာဉ်စွမ်းအားကောင်းသူတစ်ယောက်ဖြစ်ပြီး နတ်ဘုရားတစ်ပါးဖြစ်ရန်ပင် နီးကပ်နေပြီ ဖြစ်လေသည်။

သူက ဂိုဏ်းချုပ်ယွမ်ချင်းရင်ဆိုင်ရမည့် မိုးကောင်းကင်အစစ်ဆေးခံရခြင်းကို တွက်ချက်ကြည့်လိုက်သည့်အခါ အလွန်ပင် အံ့အားသင့်သွားရလေသည်။

ယွမ်ချင်း မိုးကောင်းကင်အစစ်ဆေးခံရမည့်ကိစ္စသာ ပေါက်ကြားသွားပါက ချင်းရွှမ်နတ်တံခါးမှ ဂိုဏ်းသားများအားလုံး အတော်လေး တုန်လှုပ်သွားကြပေလိမ့်မည်။

ထို့ကြောင့် ယွမ်ချင်းက အခြားသူများကို ထုတ်ဖော်ပြောဆိုခြင်း မပြုတော့ရန် ဆုံးဖြတ်လိုက်သည်။

စန်းရှောင်ကျီ ချင်းရွှမ်ခန်းမဆောင်အတွင်းသို့ ဝင်လာလေသည်။ စန်းရှောင်ကျီနှင့်အတူ ရွေးခြယ်ခံထားရသည့် တပည့် (၁၀)ယောက်လည်း ပါလာလေ၏။

ဆန်းလျန်သည်လည်း မိန်းကလေးငယ်လေးနှင့်အတူ ချင်းရွှမ်ခန်းမဆောင်အတွင်းသို့ လိုက်လာခဲ့လေသည်။

ယွမ်ချင်းကို တွေ့လိုက်ရသည့်အခါ ဆန်းလျန် အနည်းငယ် အံ့အားသင့်သွားလေသည်။ ယခုရက်များအတွင်းတွင် လီချင်းဆွေကို အာရုံစိုက်နေရသည့်အတွက် ထိုက်ယီတောင်ထိပ်မှ ကိစ္စရပ်များကို ဆန်းလျန် အရေးမစိုက်ခဲ့မိပေ။

ယခု သူ ယွမ်ချင်းကို ကြည့်လိုက်သည့်အခါ ယွမ်ချင်း၏ မျက်ခုံးနှစ်ခုကြားတွင် မရဏအလင်းတန်းတစ်ခုကို တွေ့မြင်လိုက်ရလေသည်။

ဆန်းလျန် အနည်းငယ် အံ့အားသင့်သွားလေသည်။

အဘယ်ကြောင့်ဆိုသော်… ယခုအချိန်အတွင်းတွင် ယွမ်ချင်းအနေဖြင့် မိုးကောင်းကင်အစစ်ဆေးခံရခြင်းကို ရင်ဆိုင်ရန် မဖြစ်သင့်သေးသည့် အခြေအနေဖြစ်နေသည် မဟုတ်ပါလား။

***

All Chapters