← Chapters

အခန်း (၃၃၁-၃၃၃)

Vol. 23 Ch. 331-333

အခန်း (၃၃၁-၃၃၃)

Vol. 23 Ch. 331-333

အခန်း ၃၃၁

“ကန့်သတ်ချက်ကိုရောက်နေပြီထင်တယ်။”

ရှောင်းယီ အတော်ကြာသည်အထိ လေလံဆွဲသူမရှိတော့သည်ကို မြင်လိုက်ရပြီးနောက် သူ့ကိုယ်သူပြောလိုက်သည်။

လေလံပြီးဆုံးရန် နောက်ဆုံးမိနစ်သို့ ရောက်လာ၏။

နောက်ဆုံးဆယ်စက္ကန့်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် လေလံဆွဲခြင်းကို စတင်ခဲ့သည်။

“ခုနှစ်သောင်း။”

“ခုနှစ်သောင်းငါးထောင်။”

“တစ်သိန်း။”

လေလံဆွဲချိန် ပြည့်သွားပြီ။

နောက်ဆုံး၌ စက္က္ကူစက်ထုတ်လုပ်မှုပုံကြမ်းကို မူဟမ်းမတ်ဟူသော အိုင်ဒီအမည်ရှိသူတစ်ဦးက ရယူသွားခဲ့သည်။

“ငါတို့ ဒီကမ္ဘာသစ်ကိုရောက်လာပြီ။ သူတို့က ဓာတ်ဆီတောင် ရှာတွေ့နိုင်သေးတယ်လား။ အတော်ချမ်းသာတဲ့သူတွေပဲ။”

ရှောင်းယီ ညည်းညူခြင်းမပြုဘဲမနေနိုင်ခဲ့ပေ။

“နှစ်ဆရိတ်သိမ်းခြင်းကိုအသက်သွင်းလိုက်ပါပြီ။ ရရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၂၀၀,၀၀၀။”

“စက္က္ကူစက်က နာမည်ကြီးလာပြီ။ အခုဆက်ပြီးတော့ အစားအစာတွေကိုထည့်ရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

C အဆင့် တိရစ္ဆာန်အသားကို တင်လိုက်၏။ ဂရုထဲတွင် ၃,၀၀၀ အုပ်စု၊ ဈေးကွက်တွင် ၂,၀၀၀ အုပ်စုရှိသည်။

B အဆင့် တိရစ္ဆာန်အသား၊ ဂရုထဲတွင် ၆,၀၀၀ အုပ်စု၊ ဈေးကွက်တွင် ၄,၀၀၀ အုပ်စု။

A အဆင့် တိရစ္ဆာန်အသား၊ ဂရုထဲတွင် ၁,၂၀၀ အုပ်စု၊ ဈေးကွက်တွင် ၈၀၀ အုပ်စု။

နောက်ဆုံးအကြိမ် တောအုပ်ထဲတွင် သားရဲအဓိကရုဏ်းဖြစ်ခဲ့စဉ်က အဓိကတိုက်ခိုက်ရေးအင်အားမှာ B အဆင့် သားရဲများဖြစ်ပြီး ရှောင်းယီတို့က B အဆင့်သားရဲများကို အများဆုံး သတ်ပစ်ခဲ့သည်။

တင်ထားသောတိရစ္ဆာန်အသားများ ချက်ချင်းရောင်းကုန်သွားခဲ့ပြီး နှစ်ဆရိတ်သိမ်းခြင်းကို ထပ်မံအသက်သွင်းကာ အုတ်မြစ်ကျောက် ၃၄,၀၀၀ ရရှိခဲ့သည်။

ရှောင်းယီ သားရဲနှင့် တိရစ္ဆာန်အသားများကို ဆက်လက်ရောင်းချလိုက်သည်။

C အဆင့် သားရဲ (တိရစ္ဆာန်) အသား၊ ဂရုထဲတွင် ၃၀,၀၀၀ အုပ်စု၊ ဈေးကွက်တွင် ၂၀,၀၀၀ အုပ်စု။

B အဆင့် သားရဲ (တိရစ္ဆာန်) အသား၊ ဂရုထဲတွင် ၃,၀၀၀ အုပ်စု၊ ဈေးကွက်တွင် ၂,၀၀၀ အုပ်စု။

A အဆင့် သားရဲ (တိရစ္ဆာန်) အသား၊ ဂရုထဲတွင် ၂၀၀,၀၀၀ အုပ်စု၊ ဈေးကွက်တွင် ၁၀၀,၀၀၀ အုပ်စု။

S အဆင့် သားရဲ (တိရစ္ဆာန်) အသား၊ ဂရုထဲတွင် ၄၀၀,၀၀၀ အုပ်စု၊ ဈေးကွက်တွင် ၂၀၀,၀၀၀ အုပ်စု။

အဆင့်မြင့်သားရဲနှင့် တိရစ္ဆာန်များနှင့် နှိုင်းယှဉ်ပါက ခက်ခဲသောကြောင့် ငါးခု၊ ခြောက်ခုလောက်သာ အုပ်စုခွဲနိုင်၏။

“နှစ်ဆရိတ်သိမ်းခြင်းကိုအသက်သွင်းလိုက်ပါပြီ။ အုတ်မြစ်ကျောက် ၁.၉၁ သန်းကို ရယူလိုက်ပါ။”

“လူတိုင်းက တကယ်ကို ချမ်းသာလာပြီပဲ”

ရှောင်းယှ ရေရွတ်လိုက်မိသည်။ ဤကဲ့သို့ အလွန်များပြားသောအရာများကို ထုတ်ယူလိုက်ပြီးနောက်မှာပင် အားလုံးနီးပါး စက္ကန့်ပိုင်းအတွင်း ဖျက်ဆီးခံခဲ့ရသည်။

စဉ်းစားပြီးနောက် ရှောင်းယီ နောက်ထပ် စာတစ်စောင်တင်လိုက်သည်။

“အသားက ဒီမှာတင် ပြီးပါပြီ။ နောက်ထပ်ပစ္စည်းတွေ ရောင်းပါတော့မယ်။”

“သူဌေးမှာ စက္ကူစက်ထုတ်လုပ်မှုပုံကြမ်း ရှိသေးတာလား။”

“မဖြစ်နိုင်ဘူး။ အဲဒါက တစ်ခါတရံတွေ့နိုင်တယ်ဆိုပေမယ့် ရှာလို့မနိုင်တဲ့ပစ္စည်းတစ်ခုပဲ။ အရင်တုန်းက ငါတို့နိုင်ငံက အဲ့ဟာကိုတီထွင်ခဲ့တာ။”

“ဒါဆို ဘာဖြစ်နိုင်မလဲ။”

“[သစ်သားအိမ်] ၁”

ရှောင်းယီ အုပ်စုထဲတွင် တစ်စုံတစ်ခုကို တင်လိုက်ပြီးနောက် ဆုဝမ်က အများသုံးချန်နယ်သို့ တစ်ချိန်တည်းတွင် ဘာသာပြန်ဆိုခဲ့သည်။

“သစ်သားအိမ်တစ်ချို့ရောင်းမယ်။ ဈေးနှုန်းက ၅၀ ယွမ်(အုတ်မြစ်ကျောက်)။ အရင်လာတဲ့သူ အရင်ရမယ်။”

ရှောင်းယီက ထပ်ပြောလိုက်သည်။

“သေစမ်း! သစ်သားအိမ်အုပ်စုတစ်ခုနဲ့တင် အဆင်ပြေနေပြီ။”

“အုပ်စုတစ်စုမှာ ဘယ်နှစ်ခုပါလဲ။”

“ဘာလို့ အများကြီးမေးနေတာလဲ။ မင်းဝယ်နိုင်လား။ သူဌေးက အစကတည်းက ဆန်းကြယ်နေပြီသား။ ဒါပဲ။”

“လုပ်ပြန်ပြီ...ငါ အခြားပစ္စည်းတွေဝယ်ဖို့ အုတ်မြစ်ကျောက်တွေစုဖို့သွားနေတာ။ ဒါပေမယ့် ဒါကငါ့ကိုပိုက်ဆံသုံးဖို့ဖိအားပေးနေတယ်။”

“ငါယီး... စားစရာတွေဝယ်ဖို့ ငါ့ရဲ့အုတ်မြစ်ကျောက်တွေအကုန်လုံး သုံးပြီးသွားပြီ။ ငါ့ကို တစ်ယောက်ယောက်လောက် အတိုးနဲ့ချေးပေးကြပါလား။ နှစ်ဆပြန်ဆပ်ပါ့မယ်။”

“ဟားဟား...ခုနတုန်းက ကိုယ့်ကိုယ်ကိုနှေးတယ်ဆိုပြီး နာကျည်းနေတာ။ အခုတော့ပျော်နေပြီ။ ငါအိမ်ပိုင်ရှင်တစ်ယောက်ဖြစ်တော့မယ်ကွ။”

လက်ရှိအချိန်တွင် ကမ္ဘာပေါ်ရှိလူဦးရေ၏ ၉၀% ကျော်သည် အိမ်များမပိုင်ဆိုင်သေးဘဲ တဲများတွင်သာ နေထိုင်နေရဆဲဖြစ်ပြီး မိမိကိုယ်တိုင်ဆောက်လုပ်ထားသော သစ်သားတဲများတွင်ပင် နေထိုင်နေကြရသည်။

ဟုတ်ပါသည်။ ၁၀% အောက်လူများသည်တော့ အိမ်အမျိုးမျိုးကို ပိုင်ဆိုင်ထားကြ၏။

ရှောင်းယီ ရတာနယ်မြေတွင် ဓားပြတိုက်ထားခဲ့သော သစ်သားအိမ်ပုံစံကွက်ကို အကောင်းဆုံးအသုံးချနေခဲ့သည်။

သစ်သားအိမ်တစ်ရာကို အရင်တင်လိုက်မယ်။

ရှောင်းယီ သူ၏စာရင်းကိုကြည့်လိုက်သည်။ ရှိပြီးသားအရင်းအမြစ်များမှာ သစ်သားအိမ် အလုံးတစ်ထောင်သာ ပြုလုပ်နိုင်ပြီး နောက်ထပ် ၉၀၀ ပြုလုပ်နိုင်ကာ တင်ထားနိုင်ပေသည်။

ထို့နောက် တစ်ချိန်တည်းမှာပင် သစ်သားအိမ်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။

“နှစ်ဆရိတ်သိမ်းခြင်းကိုအသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၁၀၀,၀၀၀။”

“နောက်တစ်ခုကတော့ အဆင့်မြင့်စိုက်ပျိုးရေးနဲ့ မွေးမြူရေးထွက်ကုန်တွေပါ။ စိတ်ဝင်စားရင် ကိုယ့်ဟာကိုယ် ဓာတ်ပုံရိုက်ထားကြပါ။”

ရှောင်းယီက ပြောလိုက်သည်။

ပထမဦးစွာ A အဆင့်ကြက် ဥ ၂၀,၀၀၀ ရှိသည်။ ကြက်ဥတစ်လုံးကို ၅၀ ဂရမ်ခန့်ရှိ၏။ လဲလှယ်ရလွယ်ကူစေရန် ကြက်ဥတစ်လုံးလျှင် အုတ်မြစ်ကျောက်တစ်ခုဖြင့် လဲလှယ်နိုင်သည်။

စုစုပေါင်း ၂၀,၀၀၀ ကိုတင်လိုက်၏။

ထိုကြက်ဥများအားလုံးကို ရွေးချယ်ထားပြီး အားလုံးသည် မျိုးအောင်ခြင်းမရှိသော ဥများဖြစ်သည်။

“သူဌေးမှာ မွေးမြူရေးခြံရှိရမယ်။”

“သူဌေးကို အရမ်းအားကျတာပဲ။ သူဌေးရဲ့ညီလေးဖြစ်ချင်တယ်။”

“ပုဂ္ဂိုလ်ကြီးတွေက ဒီပစ္စည်းတွေကို ဘယ်ကရလဲဆိုတာ ငါတကယ်မသိတော့ဘူး။”

“A အဆင့် ကြက်၊ ဘဲနဲ့ ငန်းတွေ ရှာတွေ့နိုင်မယ်ဆိုရင် ကောင်းမှာပဲ။”

“ဘာတွေ လေလာလည်နေတာလဲ။ မင်းမှာ ရှိရင်တောင် ဘာကျွေးမလဲ?။ မင်းမှာ A အဆင့် အစာရှိလို့လား။”

“ကောင်းပြီ ဒါကလည်း အမှန်ဖြစ်ပုံရတယ်။ ကြက်ရှိရင်တောင် အစာမကျွေးနိုင်ဘူး။”

မွေးမြူရေးသည်လည်း နည်းပညာလိုအပ်သော အလုပ်တစ်ခုဖြစ်သည်။ အထင်ရှားဆုံး ဥပမာမှာ ရှောင်းယီနှင့် လက်ရှိစာချုပ်ချုပ်ထားသော ဒူခန်းဖြစ်သည်။

သူ့တွင် လွန်ခဲ့သည့်တစ်ပတ်က B အဆင့် ဘဲသုံးကောင်ရှိခဲ့သော်လည်း ဒီအချိန်ထိ ဥတစ်လုံးတည်းသာ ဥခဲ့သည်။

ဤနေရာရှိ တိရစ္ဆာန်များနှင့် အပင်များအတွက် သံသရာတစ်ပတ်သည် ယခင်ကမ္ဘာနှင့်နှိုင်းယှဉ်လျှင် ၇ လနှင့် ညီမျှသည်ကို သင်သိထားရပေမည်။

“ရုတ်တရက် ငါနားလည်သွားပြီ။ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို နားလည်တဲ့လူတွေက အရမ်းအရေးကြီးတယ်။ ကျွမ်းကျင်တဲ့သူတွေရှိရင် ပေါင်းစည်းကြဖို့ တောင်းဆိုပါတယ်။”

“တူညီတဲ့တောင်းဆိုမှု။”

“ဥတွေကိုအရင်ဖြုတ်ကြရအောင် ပြီး တခြားဟာတွေပြောကြတာပေါ့။”

“ကုန်သွားပြီဟ။”

ရှောင်းယီ သူရရှိထားသော အုတ်မြစ်ကျောက် ၄၀,၀၀၀ ကိုကြည့်ပြီး B အဆင့်အာလူးများကို ဆက်တင်လိုက်သည်။

နောက်ဆုံးအကြိမ် B အဆင့် အာလူးရပြီးနောက် ယွမ်နွန်က သည် သူ၏စိုက်ပျိုးမှုကို ချဲ့ထွင်နေခဲ့သည်။

အခြား B အဆင့် သီးနှံများမရှိခြင်းအပြင် ခြံဝင်းနှစ်ခုရှိ B အဆင့် မြေဧက ၈ ဧကကို အာလူးစိုက်ပျိုးရန် အသုံးပြုထားခဲ့သည်။

လက်ရှိတွင် အာလူး ၁၆ တန်ရှိပြီး ရှောင်းယီသည် အာလူး ၁၅ တန်ကို တင်ထားကာ စုစုပေါင်း ၁၀၀,၀၀၀ စုံရှိသည်။

ဂရုထဲတွင် ၆၀,၀၀၀ အုပ်စု၊ ဈေးကွက်တွင် ၄၀,၀၀၀ အုပ်စုရှိ၏။

“နှစ်ဆရိတ်သိမ်းခြင်းကိုအသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၂၀၀,၀၀၀။”

A-အဆင့် ပန်းသီး ၅၀၀ ကီလိုဂရမ်ကို အုတ်မြစ်ကျောက်တစ်ခုလျှင် ၅၀ ဂရမ်ဖြင့် လဲလှယ်လိုက်သည်။

စုစုပေါင်း ၁၀,၀၀၀ စုံ။

နောက်ဆုံးတွင် S အဆင့်ပြောင်းဖူးနှင့် ကန်စွန်းဥနှစ်မျိုးရှိသေး၏။ S အဆင့် မြေကွက်များနှင့် အခြား S-အဆင့် သီးနှံများ၏ နေရာယူမှုကို ထည့်သွင်းစဉ်းစားပြီးနောက် ရှောင်းယီသည် ဤတစ်ကြိမ်တွင် ၃၆၀ ကီလိုဂရမ်စီသာ ထုတ်ယူခဲ့သည်။

တစ်စုံကို ၃၆ ဂရမ်နှင့် စုစုပေါင်း ၂၀,၀၀၀ စုံကို အချိုးအစားအတိုင်း ဂရုထဲနှင့် ဈေးကွက်တွင် တင်လိုက်၏။

“နှစ်ဆရိတ်သိမ်းခြင်းကိုအသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်း - အုတ်မြစ်ကျောက် ၆၀,၀၀၀။”

“ပြင်ဆင်ထားတဲ့ အဆင့်မြင့်အစားအစာအားလုံးကို အခု ရောင်းချပြီးသွားပါပြီ။ နောက်ဆုံးမှာ နောက်ထပ်ပစ္စည်းတစ်ခုရှိပါသေးတယ်။ စိတ်ဝင်စားရင် ဈေးကွက်ကိုသွားပြီး ဓာတ်ပုံယူလိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ဒါက ပြီးသွားပြီလား။ ငါက ဒီ့ထက်ကောင်းတဲ့အရာတစ်ခုခုကို စောင့်နေတာလေ။”

“S အဆင့် အစားအစာတောင် ပေါ်လာပြီကို မင်းကဘာထပ်လိုချင်သေးလို့လဲ။ SS အဆင့် အစားအစာလား။”

“အဆင့်မြင့်အစားအစာတွေအများကြီးနဲ့ ယီရန်ပင်းရဲ့အဖွဲ့ကဘယ်လောက်တောင် အစွမ်းထက်မလဲဆိုတာ ငါစိတ်ကူးကြည့်လို့တောင်မရနိုင်ဘူး။”

“ငါအရမ်းသိချင်မိတယ်၊ မစ္စတာယီရန်ပင်းရဲ့ နောက်ဆုံးပစ္စည်းကဘာလဲ။”

“ဈေးကွက်မှာစောင့်နေလိုက်။ သူဌေးက ငါတို့ကို ဘယ်တုန်းကမှ စိတ်ပျက်အောင်မလုပ်ခဲ့ဖူးဘူး။”

သူ၏စာရင်းရှိ အရင်းအမြစ်များကိုကြည့်ပြီးနောက် ရှောင်းယီသည် ကျောက်တုံးအိမ် အလုံး ၁၀၀ ဆောက်ကာ အားလုံးကို ဈေးကွက်၌ တင်လိုက်သည်။

စျေးနှုန်းမှာ ယူနစ်တစ်ခုလျှင် အုတ်မြစ်ကျောက် ၅၀၀ ဖြစ်သည်။

“ချီး ငါဘာမြင်လိုက်တာလဲ။ ကျောက်တုံးအိမ်လား။”

“သူဌေးက ခုနကသစ်သားအိမ်တစ်ထောင်ရောင်းပြီးသွားပြီကို အခုကျောက်တုံးအိမ်တစ်ရာ ထပ်ဆောက်နေတယ်။ သူဌေးက ရတာနာတွေအများကြီး ရှာတွေ့ခဲ့တာလား။”

“သေချာတယ်။ မနေ့တစ်နေ့က ရတနာတွေကို အမဲလိုက်ထားတာပဲဖြစ်ရမယ်။”

“သေစမ်း ရတနာနယ်မြေမှာ ဘယ်လိုအန္တရာယ်တွေပဲရှိရှိ၊း ရတနာမြေပုံရတာနဲ့ ငါသွားတူးမယ်။ ငါ့ကို ဘယ်သူမှမတားနိုင်ဘူး။”

“ဟုတ်တယ်...အန္တရာယ်ထဲကနေပဲ ချမ်းသာကြွယ်ဝမှုရနိုင်တယ်။ ဘယ်သူကမှ မင်းကိုဘယ်လိုလုပ်ရမယ်ဆိုတာ မပြောနိုင်ဘူး။”

အခန်း ၃၃၂

အုပ်စုထဲရှိ ဆွေးနွေးမှုကိုကြည့်ပြီး ရှောင်းယီ ခေါင်းခါကာ သူ့ကိုယ်သူပြောလိုက်သည်။

“လူတွေဟာ စည်းစိမ်ဥစ္စာကြောင့် သေကြတယ်။ ငှက်တွေဟာ အစားအစာကြောင့် သေကြတယ်။ ခွန်အားမရှိရင် ရတနာအမဲလိုက်တာက သွားအသေခံတာနဲ့ အတူတူပဲ။”

ရှောင်းယီသည် ဂရုထဲတွင် သူတို့အား သတိပေးပြီးဖြစ်သည်။ အကယ်၍ သူတို့သည် ထိုသို့လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပါက သူတို့ကို သွားခွင့်ပြုလိုက်ရုံပင်။

ကျောက်တုံးအိမ်တစ်ရာကို မြန်မြန်ဆန်ဆန်ပင် ရောင်းပြီးသွားခဲ့သည်။

ရှောင်းယီ အနည်းငယ်တော့ အံ့အားသင့်သွားခဲ့သည်။ ယခင်က အစားအစာ လက်ဝယ်လဲလှယ်မှုများစွာပြုလုပ်ပြီးနောက် လူတိုင်းသည် သူတို့လက်ထဲရှိ အုတ်မြစ်ကျောက်များကို အများအပြားသုံးစွဲခဲ့ရမည်မှာ သေချာပါသည်။

ကျောက်တုံးအိမ်တစ်လုံးအတွက် အုတ်မြစ်ကျောက် ၅၀၀ သည် အသက်ရှင်ကျန်ရစ်သူများ ဝယ်ယူနိုင်သည့်အရာမဟုတ်တော့ပေ။

ရှောင်းယီ ငွေကြေးလဲလှယ်မှုအချက်အလက်များကို ကြည့်ရှုပြီး နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ ကြီးမားသောအင်အားစုများမှ စက္ကန့်ပိုင်းအတွင်း ပစ်ချခံခဲ့ရခြင်းဖြစ်၏။

စက္ကူစက်ကို လေလံတင်စဉ်က အားလုံးက ထောင်သောင်းချီ၍ ဈေးခေါ်ခဲ့ကြသည်။ ကျောက်တုံးအိမ်အလုံး ၁၀၀ သည် စုစုပေါင်း အုတ်မြစ်ကျောက် ၅၀၀၀၀ သာရှိသောကြောင့် သူတို့အတွက် ပြဿနာမရှိပေ။

ကြီးမားသည့်ဩဇာလွှမ်းမိုးမှုဖြင့် ဝယ်ယူပြီး ပြန်ရောက်လျှင် အင်အားစုများအတွင်း၌ ဆုကြေးငွေအဖြစ် ရောင်းချမည်မှာ သေချာပေသည်။

“နှစ်ဆရိတ်သိမ်းခြင်းကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၁၀၀,၀၀၀!”

ယီထျန်းဂရုထဲမှ အုတ်မြစ်ကျောက်စုစုပေါင်း ၁,၁၃၉,၂၀၀ ရရှိခဲ့ပြီး ဈေးကွက်မှ အုတ်မြစ်ကျောက် ၉၅၁,၃၀၀ ရရှိခဲ့သည်။

စက္ကူစက်ထုတ်လုပ်မှုပုံစံ လေလံပွဲနှင့် သစ်သားနှင့်ကျောက်တုံးအိမ်များ ရောင်းချခြင်းအားလုံးကို အများသုံးချန်နယ်တွင် ရောင်းချခဲ့သည်။

ထိုနှစ်ခုပေါင်းမှ အုတ်မြစ်ကျောက်စုစုပေါင်း ၂,၀၉၀,၅၀၀ ရရှိခဲ့ပြီး နှစ်ဆပွားလိုက်သောအခါ စုစုပေါင်း ၄,၁၈၁,၀၀၀ ဖြစ်သည်။

ရှောင်းယီ၏ လက်ရှိကျွန်းဧရိယာမှာ ၁၅၈,၀၀၀ စတုရန်းမီတာဖြစ်သည်။

ကျွန်းကို ချဲ့ထွင်ရန် အုတ်မြစ်ကျောက်အားလုံးကို အသုံးပြုလိုက်၏။

ယခုအခါ ချင်းလုံ၊ ခွန်းယွီ၊ တပိုင်နှင့် သားရဲဘုရင် တို့သည် ပင်လယ်နှင့် သစ်တောများရှိ အန္တရာယ်များကို အမြဲစောင့်ကြည့်နေသောကြောင့် ရှောင်းယီ အလွန်အမင်း စိုးရိမ်စရာမလိုတော့ပေ။

ရှောင်းယီ၏ကျွန်းဧရိယာသည် စက္ကန့်ပိုင်းအတွင်း ၄,၃၃၉,၀၀၀ စတုရန်းမီတာသို့ ချဲ့ထွင်လိုက်ပြီး ယခင်ထက် ၂၅ ဆကြီးမားလာခဲ့သည်။

ခဏစဉ်းစားပြီးနောက် ရှောင်းယီသည် အရှေ့တောင်၊ အနောက်မြောက်နှင့် အနောက်မြောက်လေးမျက်နှာရှိ ပင်လယ်နှင့်နီးသော ကွင်းပြင်တွင် ကျောက်တုံးအိမ်များကို စတင်ဆောက်လုပ်လိုက်၏။

ကျွန်း၏ပတ်ဝန်းကျင်ကို ရင်းနှီးအောင်လုပ်နေသော ဒူခန်းသည် ရုတ်တရက် ကမ်းရိုးတန်းမှာ အဝေးသို့ ဆက်လက်ပြန့်ကားသွားသည်ကို တွေ့လိုက်ရလေသည်။

“ဘာတွေဖြစ်နေတာလဲ။ သူဌေးက အုတ်မြစ်ကျောက်ဘယ်နှစ်ခုတောင် ရှာတွေ့ခဲ့တာလဲ။”

ဒူခန်း၏မျက်လုံးများပြူးကျယ်သွားပြီး အလန့်တကြားပြောလိုက်မိသည်။

ကျန်းယွမ်ထျန်းသည်လည်း ဆိပ်ကမ်းမှ ပြန်ပြေးလာခဲ့သည်။ ဒူခန်းကို ထိုနေရာတွင် ကြောင်အစွာရပ်နေသည်ကို မြင်သောအခါ သူက ချက်ချင်းပင် အော်လိုက်၏။

“မင်း ဘာလို့ ငေးငိုင်နေတာလဲ။ ပြန်သွားပြီး တစ်ချက်လောက်ကြည့်လိုက်။ ဒါက တစ်ခါတည်းနဲ့ ကျယ်ပြန့်လာတာ။ ပြန်သွားပြီး အခြေအနေအတိအကျကို နားလည်အောင်လုပ်။”

“ဟုတ်ကဲ့! ဟုတ်ကဲ့!”

ဒူခန်းသည် ကျန်းယွင်ထျန်းနောက်သို့ မြန်မြန်လိုက်သွားပြီး ဗီလာသို့ ရောက်လာခဲ့သည်။

တံတိုင်းအတွင်းရှိလူများမှာမူ သဘာဝအတိုင်း ဘာမှမခံစားရပေ။

ကျန်းယွင်ထျန်းတို့နှစ်ယောက် စိတ်လှုပ်ရှားစွာပြေးဝင်လာသည်ကိုမြင်သော အန်းရန်က မေးလိုက်သည်။

“ဘာဖြစ်လာတာလဲ။”

“ငါတို့ကျွန်းက အရမ်းကြီးလာတယ်။ ရှောင်းယီဆီပြန်သွားပြီး စီစဉ်ဖို့လိုသေးလားဆိုတာ မေးမလို့။”

ကျန်းယွင်ထျန်းက ပြန်ဖြေသည်။

“ကြီးလာလို့လား”

အန်းရန်က မေးလိုက်သည်။

ထိုစဉ် ဧည့်ခန်းတွင်ရှိနေသော ဆုဝမ်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှ ထရပ်ကာ ပြောလိုက်သည်။

“စတုရန်းမီတာ နှစ်သန်းကနေ သုံးသန်းလောက်အထိ ရောက်နိုင်တယ်။”

သူမ ဘာသာပြန်နေစဉ် စုစုပေါင်းအုတ်မြစ်ကျောက်မည်မျှရရှိသည်ကို မတွက်ချက်ရသေးပေ။ ထို့ကြောင့် သူမအနေဖြင့် အကြမ်းဖျင်းခန့်မှန်းချက်များသာ ပြုလုပ်နိုင်သည်။

“အဲ့လောက်တောင် များတာလား”

အန်းရန်က အံ့အားသင့်စွာပြောလိုက်သည်။

“အချိန်ရတဲ့သူတိုင်း ပြန်လာကြဦး။ ငါတို့ စကားပြောကြရအောင်!”

ထိုအချိန်တွင် ရှောင်းယီ၏အသံက ဝေါ်ကီတော်ကီမှ ထွက်ပေါ်လာခဲ့သည်။

“ရပြီ”

လူတိုင်းက တုံ့ပြန်လိုက်ကြ၏။

ရှောင်းယီ ဝေါ်ကီတော်ကီကို ပြန်ချထားလိုက်ပြီး ပြင်ပရှိ လသာဆောင်သို့လမ်းလျှောက်သွားကာ သူ၏ကျွန်းကိုကြည့်လိုက်သည်။

“ကျွန်းငယ်- ဧရိယာ ၄.၃၃၉ သန်း စတုရန်းမီတာ”

“ဒီလောက်ကြီးနေတာကိုတောင်မှ ကျွန်းငယ်ပဲရှိသေးတာလား။”

ရှောင်းယီ ခဏတာ ကြောင်အသွားပြီး တီးတိုးရေရွတ်လိုက်သည်။

သို့သော် အနည်းငယ်စားပြီးနောက် ၎င်းသည် အထူးကြီးမားသည်မဟုတ်ဟု ထင်ရ၏။ ယင်းသည် ဘေးနှစ်ဘက်အလျား ၂၀၀၀ မီတာရှိသော စတုရန်းတစ်ခုသာဖြစ်သည်။

မကြာမီ လူတိုင်း ရှောင်းယီ၏ဗီလာသို့ပြန်ရောက်လာကြပြီး ဧည့်ခန်းရှိဆိုဖာပေါ်တွင် ပုံမှန်အတိုင်း ထိုင်လိုက်ကြသည်။

ဒူခန်းသည် မနေ့က အခြားဗီလာတစ်ခုတွင်အနားယူနေစဉ် ဤဇိမ်ခံဗီလာနှင့် ၎င်း၏အတွင်းပိုင်းအလှဆင်မှုများကိုမြင်သောအခါ သူအိပ်မက်မက်နေသည်ဟုပင် ထင်ခဲ့မိသည်။

တစ်ချိန်တည်းမှာပင် ရှောင်းယီ၏စာချုပ်ချုက်ဆိုသူဖြစ်ရခြင်းအတွက် အလွန်ဂုဏ်ယူဝင့်ကြွားစွာ ခံစားလိုက်ရ၏။

အသက်ရှင်ကျန်ရစ်သူအများစုမှာ ကျောက်တုံးအိမ်တွေသာရှိပေမယ့် ငါက ဗီလာထဲမှာ နေနေရပြီကွ!

ထိုစဉ် ရှောင်းယီ တတိယထပ်မှဆင်းလာခဲ့ပြီး လူတိုင်းရောက်ရှိပြီးဖြစ်ကြောင်း မြင်သောအခါ စကားစလိုက်သည်။

“ကျွန်းအပြင်ဘက်မှာရှိခဲ့တဲ့ လူတွေက ငါတို့ကျွန်း ထပ်မံချဲ့ထွင်ပြီးပြီဆိုတာကို မြင်ခဲ့ပြီးပြီလို့ ငါထင်တယ်။ လက်ရှိဧရိယာက ၄.၃၃၉ သန်း စတုရန်းမီတာပဲ။”

လူတိုင်းသည် ထိုဧရိယာအကြောင်း ကြားသောအခါ ကြက်သေသေသွားခဲ့ကြသည်။

“ငါတို့ကျွန်းတွေမှာ အရင်က ၁၆၀၀၀၀ တောင် မရှိခဲ့ဘူးထင်တယ် ဟုတ်တယ်မလား။”

ယွမ်နွန်က ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိမ့်ပြကာ ပြောလိုက်၏။

“ဒီတစ်ခ့ ငါတို့စုဆောင်းထားတဲ့ အဆင့်မြင့်အစားအစာတွေအားလုံးနီးပါးကို ထုတ်ပစ်လိုက်တယ်။ ဒီလိုရလဒ်မျိုးရတာက အံ့သြစရာမရှိပါဘူး။”

ဒူခန်း တံတွေးမျိုချမလိုက်ပြီး သူ့ကိုယ်သူတွေးမိလိုက်သည်။

‘အုတ်မြစ်ကျောက်လေးသန်းကျော်ရဖို့ ဘယ်လောက်တောင်မြင့်တဲ့အစားအစာတွေလိုအပ်မလဲ။ သူက ကမ္ဘာပေါ်မှာရှိတယ် အုတ်မြစ်ကျောက်အားလုံးကိုစုဆောင်းထားတယ်လို့တောင် ခံစားရတယ်။’

ဟုတ်ပါသည်။ ထိုအရာမှာ ဒူခန်း၏ကိုယ်ပိုင်အတွေးသက်သက်သာဖြစ်သော်လည်း ယခင်ကခန့်မှန်းချက်အရ ယီထျန်းဂရုထဲတွင် လူ ၂.၆ သန်းရှိပြီး ရှောင်းယီသည် ဂရုထဲကနေ ၁.၁၄ သန်းအောက်သာ ရရှိခဲ့သည်။

သို့သော်လည်း နှစ်ဆရိတ်သိမ်းလိုက်သည့်အခါ နှစ်သန်းကျော်ရရှိလာခဲ့ခြင်းဖြစ်၏။

ဆုဝမ်က သတိပေးလိုက်သည်။

“တကယ်တော့ ငါတို့မှာ S အဆင့် အစားအစာနည်းနည်းကျန်သေးတယ်။”

“ကိုယ်တိုင်စားဖို့ အချို့တော့ ချန်ထားရဦးမယ်လေ။”

ရှောင်းယီက ပြန်ဖြေသည်။

ရှောင်းယီသည် သားရဲနှင့် တိရစ္ဆာန်များအပါအဝင် အသားအချို့ကိုလည်း ချန်ထားခဲ့သည်။

ဆုဝမ်က လျှာထုတ်လိုက်ပြီး နောက်ထပ်မပြောတော့ပေ။

“အခု ကျွန်းဧရိယာက ကြီးလာပြီဆိုတော့ ငါတို့အစီအစဉ်ပြန်ဆွဲရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“အသစ်ထပ်ဖြည့်ထားတဲ့ ဧရိယာအများစုက ကျွန်းအသစ်ပြန်လည်မွမ်းမံဖို့အတွက် သဘာဝအတိုင်းချန်ထားခဲ့မယ်။ ကျွန်တော်က အရှေ့တောင်၊ အနောက်မြောက်နဲ့ အရပ်လေးမျက်နှာမှာ ကျောက်တုံးအိမ် ၂၅ လုံးစီဆောက်ပြီး စဉ်းစားထားတာက ဒေသခံတွေကို အဲ့ဒီနေရာလေးခုကို ပြောင်းခိုင်းဖို့ပဲ။”

“ခဏလေး! လမ်းကြောင်းတစ်ခုကို ကျောက်တုံးအိမ် ၂၅ လုံးလား။ ဒါတို လမ်းကြောင်းလေးခုဆိုရင် အလုံး ၁၀၀ မဟုတ်ဘူးလား။”

အန်းယွဲ့က ရှောင်းယီကို အံ့အားသင့်စွာကြည့်ရင်း မေးလိုက်သည်။

“ဒီလောက်များတဲ့ ထုတ်လုပ်မှုပုံစံတွေကို ဘယ်ကရခဲ့တာလဲ။”

“ကျွန်တော့်မှာ ကျောက်တုံးအိမ်ပုံစံကွက်ရှိတယ်။”

ရှောင်းယီက ပြုံးရင်းပြန်ဖြေလိုက်သည်။

ဘာသာပြန်နေသည့် ဆုဝမ်ပါအပါအဝင် လူတိုင်း လန့်သွားခဲ့ကြသည်။

ရှောင်းယီတွင် ကျောက်တုံးအိမ်ဆောက်လုပ်ရေးပုံစံများစွာရရှိထားသည်ဟု သူမအမြဲထင်မှတ်ထားခဲ့သော်လည်း ကျောက်တုံးအိမ်ပုံစံကွက်ရှိမည်ဟုတော့ သူမမျှော်လင့်ထားခဲ့ခြင်းမရှိပေ။

“ဆိုလိုတာက ငါတို့က ကျောက်တုံးအိမ်တွေကို ကြိုက်သလောက်ဆောက်လို့ရတယ်လို့ ဆိုလိုတဲ့သဘောလား။”

ယွမ်နွန်က ပြောလိုက်သည်။

“အဓိကအချက်က အရင်းအမြစ်တွေ အလုံအလောက် ရှိရဲ့လားဆိုတာပဲ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်၏။

“ခုနက နင်ကျောက်တုံးအိမ်တွေအများကြီး ရောင်းလိုက်တာမဆန်းတော့ဘူး။”

ဆုဝမ်က ပြောလိုက်ပြီး ရုတ်တရက် သူမတစ်ခုခုကို စဉ်းစားမိသွားပြီး မေးလိုက်သည်။

“နင့်မှာ သစ်သားအိမ်ပုံစံကွက်ပါ ရှိတယ်မလား။”

“ဘင်ဂို! အဖြေမှန်ပါတယ်။ ဒါပေမယ့် ဆုချီးမြှင့်ခြင်း မရှိပါဘူး။”

ရှောင်းယီက ပြန်ဖြေ၏။

လူတိုင်းအံ့အားသင့်သွားခဲ့သည်။

“ထောက်ပံ့ရေးသေတ္တာထဲကနေ အိမ်ပုံစံကွက်နှစ်ခုကို ဘယ်လိုရနိုင်မှာလဲ။ ဖြစ်နိုင်ခြေက အရမ်းနည်းတယ်။”

ကျန်းယွင်ထျန်း အကူညီမဲ့စွာ ပြောလိုက်၏။။ရှောင်းယီက ပြုံးရင်း ပြန်ဖြေလိုက်သည်။

“သစ်သားအိမ်ပုံစံကွက်ကို ရတနာနယ်‌မြေကနေ ရခဲ့တာ။”

“မဆန်းတော့ပါဘူး”

ကျန်းယွင်ထျန်း ရုတ်တရက်နားလည်သဘောပေါက်သွားသည်။

“အနာဂတ်မှာ ရတနာမြေပုံတွေရှိရင် ငါထပ်သွားရမယ်။”

“မင်း ထပ်သွားလို့ရတယ်။ ဒါပေမယ့် မင်းရဲ့စွမ်းအားကိုလည်း ဆက်ပြီးမြှင့်တင်ရမယ်။ မဟုတ်ရင် စားစရာပဲ သွားယူနေရမယ်။”

ရှောင်းယီက ပြောလိုက်၏။ ကျန်းယွင်ထျန်း ခေါင်းညိမ့်လိုက်သည်။

ဤတစ်ကြိမ်တွေ့ရသည့် ရတနာနယ်မြေက C အဆင့်ဖြစ်သင့်၏။ နောက်ဆုံး အစောင့်အရှောက်သားရဲများ အားလုံးက B အဆင့်ဖြစ်၏။

A အဆင့် သို့မဟုတ် S အဆင့် ဆိုရင်ကော။

နောက်ဆုံး အစောင့်အရှောက်သားရဲ၏အဆင့်ကို မြင်ယောင်ကြည့်နိုင်သည်။

ရှောင်းယီက ဆက်ပြောသည်။

“ကျွန်းချဲ့ထွင်မှုအပြင် ငါ မင်းတို့ကို ဝိုင်လုပ်တတ်တဲ့ ဒူခန်းဆိုတဲ့ ပါတနာအသစ်တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်။”

အခန်း ၃၃၃

ဒူခန်းသည် ရှောင်းယီ သူ့ကိုဖော်ပြနေသည်ကို မြင်သောအခါ ချက်ချင်းပင် ထရပ်လိုက်ပြီး လူတိုင်းကို ပြောလိုက်သည်။

“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော့်နာမည် ဒူခန်းပါ။ ကျေးဇူးပြုပြီးဂရုစိုက်ပေးပါဦး။”

“မင်းသာ ဝိုင်ကောင်းကောင်းလုပ်တတ်ရင် ငါဂရုစိုက်ပေးမယ်။”

ကျန်းယွင်ထျန်းက ပြုံးရင်းပြောလိုက်သည်။

“သဘာဝက ဘက်တီးရီးယားမျိုးကွဲတွေကို ရွေးချယ်ရတာက ရှုပ်ထွေးတဲ့ပရောဂျက်တစ်ခုဖြစ်ပဲ။ ဒီနေရာမှာ စက်ကိရိယာမရှိတော့ ပိုပြီးခက်ခဲတယ်။”

ဒူခန်းက မျက်မှောင်ကြုံ့ပြီး ရှုံ့မဲ့ကာ ပြောလိုက်၏။ ရှုံ့မဲ့နေသော ဒူခန်းကိုကြည့်ကာ ရှောင်းယီက ပြုံးကာပြောလိုက်သည်။

“အစ်ကိုကျန်း သူ့ကိုခြောက်လှန့်နေတာရပ်လိုက်ပါတော့။ ဒီကလေးက ငိုချမိတော့မယ်။”

“ဟားဟား!! ငါက ဟာသလုပ်နေတာပါကွာ! ဖြည်းဖြည်းချင်း အချိန်ယူပါ။ ငါအလျင်မလိုပါဘူး။ ဝိုင်ကိုသိပ်ပြီး မလိုအပ်ပေမယ့် လယ်သမားနဲ့ အခြားသူတွေကို ကျေနပ်စေချင်ရင်တော့ ဝိုင်ကောင်းကောင်းလိုတယ်။”

ကျန်းယွင်ထျန်းက ပြုံးရင်းပြော၏။

ယွမ်နွန်က ပြုံးကာ ခေါင်းခါလိုက်သည်။

“ရှောင်ရှန်းတို့ လုပ်တဲ့ သစ်သီးဝိုင်ကလည်း အတော်လေးကောင်းတယ်လို့ ငါထင်တယ်။ ငါလည်း အလျင်မလိုပါဘူး။”

“ပဏ္ဍိတငယ်လေးရဲ့ သစ်သီးဝိုင်လား။”

ဒူခန်းက ယွမ်နွန်၏စကားလုံးများရှိ အဓိကစကားလုံးများကို ဖမ်းယူကာ မေးလိုက်၏။

“တစ်ယောက်ယောက်က သစ်သီးဝိုင်လုပ်ပြီးသွားပြီလား။”

ပတ်ဝန်းကျင်ကလူတွေရယ်မောကြတယ်။

“ပဏ္ဍိတငယ်လေးက မျောက်တစ်ကောင်ပါ”

အန်းယွဲ့က ရှုပ်ထွေးနေသော ဒူခန်းကိုကြည့်ကာ ရှင်းပြလိုက်သည်။

“မျောက်လား။ မျောက်ကလည်း သစ်သီးဝိုင်လုပ်နိုင်တာပဲလား။”

ဒူခန်းက ယုံကြည်ရခက်နေဟန်ဖြင့် ကြည့်လိုက်သည်။

ထိုအချိန်တွင် ရှောင်ရှန်းက အပြင်မှခုန်ဝင်လာပြီး ဒူခန်းရှေ့တွင်ရပ်ကာ အော်ဟစ်လိုက်သည်။

ဒူခန်းက အလွန် မခံမရပ်နိုင်ဖြစ်နေသော ရှောင်ရှန်းကိုကြည့်ကာ ရှုပ်ထွေးစွာ ဆက်မေးလိုက်၏။

“ဒါကခင်ဗျားတို့ ကျွန်တော့်ကိုပြောတဲ့ ပဏ္ဍိတငယ်လေးလား ဟုတ်လား!”

ရှောင်းယီက ခေါင်းညိတ်ကာ ရှောင်ရှန်း၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ရှောင်ရှန်း ချက်ချင်းပင် ခံစားမှုအပြည့်ဖြင့် သူ၏မျက်လုံးများကို မှိတ်လိုက်၏။

“မျက်လုံးကန်းတဲ့ကြောင်နဲ့ သေနေတဲ့ကြွက်တွေ့သမျိုးလိုပေါ့။ ဒါပေမယ့် သူတို့ချက်တဲ့သစ်သီးဝိုင်က တကယ်ကောင်းတယ်။”

ရှောင်းယီက ပြောလိုက်သည်။

ရှောင်းယီက သူတို့သည် အခွင့်ကောင်းယူ၍ ပြုလုပ်ထားသော အသီးဝိုင်များဖြစ်ကြောင်း ပြောသည်ကိုကြားသိရသောအခါ ရှောင်ရှန်းသည် ချက်ချင်းပင် မပျော်မရွှင်ဖြစ်သွားပြီး ခါးထောက်ကာ ရှောင်းယီကို အော်ဟစ်လိုက်သည်။

“ကောင်းပြီ...ကောင်းပြီး မင်းတို့က အရမ်းအံ့သြစရာကောင်းပါတယ်။ မင်းတို့မရှိရင် ငါတို့ အခုထိဘာမှသောက်လို့ရမှာမဟုတ်ပါဘူး။”

ရှောင်းယီက မတတ်သာဘဲပြောလိုက်ရလေသည်။

ထို့နောက်တွင်မှ ရှောင်ရှန်းက လက်လျှော့ပြီး နောက်ကျောဘက်မှ ခွက်အလွတ်တစ်လုံးကိုထုတ်ကာ ရှောင်းယီရှေ့တွင် မြှောက်ထားလိုက်သည်။

“မင်းဘာမှမလုပ်ဘဲ ရတနာသုံးခုခန်းမကို သွားမှာမဟုတ်ဘူးဆိုတာ ငါသိတယ်။”

ရှောင်းယီက ထိုခွက်ကိုယူပြီး SS အဆင့် ရေသန့်ကိုဖြည့်ပေးလိုက်သည်။

ရှောင်ရှန်းက ၎င်းကိုယူလိုက်ပြီးနောက် တစ်ကျိုက်တည်းမော့သောက်ပြီး သက်တောင့်သက်သာဖြင့် ဆိုဖာပေါ်တွင်လဲလျောင်းကာ ဒူခန်းကိုဘေးဖယ်ထားလိုက်သည်။

“ဒီမျောက်လေးက အ‌တော်လေးဒေါသကြီးတယ်။”

ရှောင်းယီက ပြုံးရင်းပြောလိုက်၏။

ဒူခန်းသည် ကလေးကဲ့သို့ ဖြစ်နေသော မျောက်ကိုကြည့်ကာ ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

“သူတို့သာ သစ်သီးဝိုင်ကိုပြုလုပ်နိုင်ပြီဆိုရင် ကျွန်တော်တို့ကို သူတို့သစ်သီးဝိုင်ချက်သည့်နေရာကို ခေါ်သွားမယ်ဆိုရင် ဘက်တီးရီးယားတွေရနိုင်တယ်။ အဲ့လိုဆိုရင် ကျွန်တော့်ရဲ့မျိုးကွဲစစ်ထုတ်ရတဲ့အချိန်ကိုလည်း သိသိသာသာလျှော့ချပေးနိုင်တယ်။”

ရှောင်းယီက ခေါင်းညိမ့်လိုက်သည်။

“ပြဿနာမရှိပါဘူး။ သူအနားယူပြီးတာနဲ့ သူကို မင်းကိုအဲဒီကိုခေါ်သွားဖို့ ခွင့်ပြုခိုင်းလိုက်မယ်။ ဒါပေမယ့် ဒီမှာလည်း ဘက်တီးရီးယားမျိုးကွဲတစ်ခုရှိတယ်။ ဒီအကြောင်းမပြောခင်မှာ အရင်ဆုံးကြည့်လိုက်ဦး။”

ထို့နောက် ရှောင်းယီ ရေခဲသေတ္တာဆီသွားပြီး ယခင်က ရခဲ့သော ဘီယာမှိုကိုယူကာ ပြောလိုက်သည်။

“ဒီမှာ ဘီယာမှို ၁၀ ယူနစ်ရှိတယ်။”

ဒူခန်းသည် ရှောင်းယီ ပေးလာသည့်ပစ္စည်းကို အံ့အားသင့်စွာကြည့်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဒီနည်းနဲ့ဆို ဒီမှာ ဂျုံရှိရင် ကျွန်တော် ဘီယာချက်တာကို အခုချက်ချင်းစတင်နိုင်တယ်။”

“ဒါဆို ဒီကိစ္စကို မင်းဆီအပ်လိုက်မယ်။ ငါက အရက်ပြင်းထက်စာရင် ဘီယာကို ပိုကြိုက်တယ်။”

ရှောင်းယီက ပြုံးကာ ပြောလိုက်၏။

“စိတ်မပူပါနဲ့။ ဒါပေမယ့် ကျွန်တော် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုသုံးပြီး ကဇော်ဖောက်ဖို့ ခွက်တွေလုပ်ဖို့လိုတယ်။”

ဒူခန်းက ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး။ ဒါကမင်းရဲ့အဓိကကျွမ်းကျင်မှုပဲ။ ငါမင်းကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ ထုတ်လုပ်ဖို့ ခွင့်ပြုပေးမယ်။ ဝိုင်ချက်တာကလွဲရင် တခြားပစ္စည်းတွေထုတ်လုပ်ဖို့ ငါ့ဆီမှာတင်ပြရမယ်။”

ရှောင်းယီက ပြောသည်။

“ဟုတ်ကဲ့”

ဒူခန်း တုံ့ပြန်လိုက်ပြီး စိတ်လှုပ်ရှားမှာကြောင့် ဘီယာမှိုကိုကိုင်ထားသော သူ၏လက်များမှာပင် တုန်ယင်နေခဲ့သည်။

“ဒီ‌ဒေသခံအသစ်တွေကို ဘူးနဲ့အခြားသူတွေကို ကာလတစ်ခုကြာအောင် လေ့လာခိုင်းလိုက်ပါ။ ဒေသခံအားလုံးရဲ့ ဘဝနဲ့အပြုအမူဆိုင်ရာ စည်းမျဉ်းတွေအပါအဝင်ပဲ။ ဦးလေးအန်း ဒီဟာကို ဦးလေးကနောက်ကြောင်းလိုက်ပေးဖို့ တာဝန်ရှိတယ်။”

ရှောင်းယီက ပြော၏။

“ပြဿနာမရှိပါဘူး”

အန်းယွဲ့က တုံ့ပြန်လိုက်သည်။

“ဒေသခံအစောင့်တွေအတွက် လေ့ကျင့်ရေးကို အခုချက်ချင်း စာရင်းသွင်းရမယ်။”

ရှောင်းယီက ဆက်ပြောသည်။

“ဒါကို အစ်ကိုကျန်းလက်ထဲ လုံးဝအပ်ထားခဲ့မယ်။”

“ပြဿနာမရှိပါဘူး”

ကျန်းယွင်ထျန်းက ပြန်ဖြေ၏။ သို့သော် သူက ချက်ချင်း ပြန်မေးလိုက်သည်။

“ခုနက မင်းပြောတာက ဒေသခံတွေကို မင်းဆောက်ထားတဲ့ ကျောက်တုံးအိမ်အသစ်ထဲမှာ ထားမယ်ဆိုရင် ဒီဒေသခံတွေ သစ်တောထဲမဝင်နိုင်အောင် နံရံတချို့ဆောက်ဖို့လိုမလား။ တိရစ္ဆာန်တိုက်ခိုက်မှုအတွက်ပေါ့။”

တပိုင်၊ သားရဲဘုရင်၊ ခွန်းယွီနှင့် အခြားသူများသည် ထိုဒေသခံမျိုးနွယ်စုများကို အမြဲစောင့်မကြည့်နိုင်ပေ။

တစ်ခါတရံ တောရိုင်းတိရစ္ဆာန်တစ်ကောင် ဒေသခံနယ်မြေထဲသို့ လှည့်လည်သွားလာရင်း ရောက်လာနိုင်ပေသည်။

“ဒီကိစ္စကို သူတို့ကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးလိုက်ပါ။ သူတို့အတွက် အိမ်တွေကို ငါပြင်ဆင်ပေးထားတယ်။ ကျန်တာတွေကိုတော့ သူတို့ကိုယ်တိုင်လုပ်ခွင့်ပေးရမယ်။ မျိုးနွယ်စုတစ်ခုစီမှာ ဝေါ်ကီတော်ကီတစ်လုံးစီထားပေးလိုက်ပြီး တကယ်လို့ သူတို့မတွန်းလှန်နိုင်တဲ့အန္တရာယ်မျိုးနဲ့ကြုံလာခဲ့ရင် သူတို့ကို အကူအညီတောင်းခွင့်ပေးရမယ်။”

“ကောင်းပြီ ငါနားလည်ပြီ!”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်၏။

“လောလောဆယ်မှာ ဒေသခံနှစ်မျိုးပဲရှိတာဆိုတော့ ဘယ်လိုဖြန့်ကျက်မှာလဲ”

အန်းယွဲ့ကမေးလိုက်သည်။

ရှောင်းယီ အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဦးလေးက တိကျတဲ့နေရာကို သတ်မှတ်‌ပေးပြီးမှ တစ်သူတို့ကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးလိုက်ပါ။ သူတို့က နေရာတစ်ခုတည်းကိုရွေးချယ်ရင် ဒုက္ခရောက်လိမ့်မယ်။”

“ကောင်းပြီ”

အန်းယွဲ့ကပြန်ဖြေသည်။

“နက်မျိုးနွယ်စုကို တောင်ဘက်မှာထားလိုက်ပါ။ နောက်ပြီး ဒေသခံအသစ်တွေကိုတော့ အရှေ့ဘက်မှာထားလိုက်။”

အများသုံးအိမ်သာသည် လက်ရှိအချိန်တွင် အရှေ့တောင်ဘက်တွင်တည်ရှိသည်။ ဤစီစဉ်မှုသည် ၎င်းတို့၏ကိုယ်ရေးကိုယ်တာသန့်ရှင်းရေးအတွက်လည်း အထောက်အကူဖြစ်စေမည်ဖြစ်သည်။

“အန်တီလီ ချည်ငင်တာနဲ့ ရက်ကန်းရက်တာကို လိုက်နိုင်သေးရဲ့လား”

ရှောင်းယီက မေးလိုက်သည်။

“ငါတို့ ငါတို့လူနည်းနည်းလောက်ကို ပေးတာက အဆင်ပြေတယ်ဆိုပေမယ့် ဒေသခံတွေကိုတော့ မပေးနိုင်သေးဘူး။”

လီယန်က ပြန်ဖြေလိုက်သည်။

“ဒီရတနာဖွေရေးခရီးမှာ ကျွန်တော်မှာ ချည်ငင်စက်နဲ့ ရက်ကန်းစက်ပုံစံကွက် ရခဲ့တယ်။ ထုတ်လုပ်မှုအရွယ်အစားကို ဘယ်အချိန်မဆို ချဲ့ထွင်နိုင်တယ်။ အမျိုးသမီးဒေသခံအနည်းငယ်ကို ရွေးချယ်ပြီး ကူညီခိုင်းလို့ရတယ်။”

ရှောင်းယီက ပြောသည်။

ရှောင်းယီဟစကားကိုကြားသောအခါ လီယန်၏မျက်လုံးများ တောက်ပသွား၏။

“အရမ်းကောင်းတယ်။”

“ဘာလို့ အမျိုးသမီးဒေသခံတွေကိုပဲရွေးရတာလဲ။ အမျိုးသားတွေကလည်း မဆိုးပါဘူး။”

အန်းယွဲ့က ပြောလိုက်သည်။

“အမျိုးသားတွေက ညံ့တယ်လို့ ငါမပြောပါဘူး။ အမျိုးသားတွေက အမျိုးသမီးတွေမလုပ်နိုင်တဲ့အလုပ်တချို့ကိုလုပ်ဖို့လိုတယ်လေ။”

လီယန်က သူ့ကိုကြည့်ပြီး မျက်စောင်းထိုးကာ ပြောလိုက်၏။

“အဝတ်အစားအကြောင်းပြောရရင် အဝတ်အစားအပိုတွေရှိသေးလား”

ရှောင်းယီက မေးလိုက်သည်။

“ဒါပေါ့ ငါတို့ အထည် နှစ်ဆယ်၊သုံးဆယ်လောက်အထိ လုပ်ထားသေးတယ်။”

လီယန်က ပြန်ဖြေသည်။

“ဒူခန်းကို အဝတ်နှစ်စုံအရင်ပေးလိုက်ပါ။ ကျန်တဲ့ ၂၅ စုံကို ကျွန်တော့်ကိုပေးပါ။ ဈေးကွက်ရဲ့တုံ့ပြန်မှုကို ကျွန်တော်ကြည့်ချင်တယ်။”

ရှောင်းယီက ပြောလိုက်၏။

“ကျွန်မ အခုချက်ချင်း သွားယူလိုက်မယ်။”

လုပင်းအာက ချက်ချင်းပင် ထရပ်ပြီး သစ်သားစက်ရုံဆီ ထွက်သွားလိုက်သည်။

“ဦးလေးယွမ် ဒေသခံအားလုံးကို မင်းပတ်ပတ်လည်မှာ စုစေမနေနဲ့။ ခေါင်းဆောင်နိုင်တဲ့လူတစ်ချို့ရှာပြီး သူတို့ကိုပြောင်းလွယ်ပြင်လွယ်အောင် သင်ပေးလိုက်ပါ။ ကျန်တဲ့သူတွေကို သူတို့လူတွေကိုယ်တိုင် ပြန်သင်ခိုင်းလိုက်။ နားမလည်တာရှိမှာသာ ဦးလေးဆီလာခိုင်းလိုက်လို့ရတယ်။”

“ကောင်းပြီ”

ယွမ်နွန်က ခေါင်းညိတ်ကာ ပြောလိုက်၏။

“တခြား ဘာပြဿနာမှမရှိတော့ဘူးဆိုရင် လူတိုင်းပြန်သွားပြီး အလုပ်ဆက်လုပ်နိုင်ပါပြီ။”

ရှောင်းယီက ပြောလိုက်သည်။ ထို့နောက် လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြ၏။

ရှောင်းယီက ဆိုဖာပေါ်တွင် လဲလျောင်းနေသေးသော ပဏ္ဍိတငယ်လေးကိုကြည့်ကာ ပြောလိုက်သည်။

“ပဏ္ဍိတငယ်လေး မင်းရဲ့မျောက်တွေကို သစ်တောထဲက သစ်သီးတွေ ကူပြီးကောက်ခိုင်းလိုက်။”

“ကျီကျီ? (အဲ့ဟာတွေကို ဘာအတွက်လိုအပ်တာလဲ)။ ကျိကျိ! (အဲ့ဟာတွေက အဆင့်နိမ့်တယ်။ စားရတာအကျိုးမရှိဘူး)”

ရှောင်ရှန်းက ပြန်ဖြေ၏။

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ညစာမစားခင် ငါ့ဆီပြန်လာခဲ့ယ မဟုတ်ရင် SS အဆင့်ရေသန့်ကို ဒီနေ့ကစပြီး ထက်ဝက်လျှော့မယ်။”

ရှောင်းယီက “ခြိမ်းခြောက်” လိုက်သည်။

All Chapters