အခန်း (၃၃၄-၃၃၆)
Vol. 23 Ch. 334-336
အခန်း ၃၃၄
ရှောင်းယီ၏စကားကို ကြားသောအခါ ရှောင်ရှန်း ရွှစ်ခနဲ ခုန်ထွက်သွားခဲ့သည်။
အခြားအရာများမှာ သိပ်အရေးမကြီးသောမလည်း SS အဆင့် ရေသန့်ကိုမူ လုံးဝမရှိမဖြစ်လိုအပ်ပေသည်။
ရှောင်ရှန်းစလုပ်ရပ်ကိုမြင်သောအခါ ရှောင်းယီ ပြုံးလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားလိုက်၏။
ဂရုထဲတွင် ရှောင်းယီတို့အဖွဲ့ ဒီတစ်ခါ အဆင့်မြင့်အစားအစာများ ရောင်းချခြင်းမှ အကျိုးအမြတ်မည်မျှရမလဲဆိုတာနှင့်ပတ်သက်၍ ဆွေးနွေးနေကြတုန်းပင်။
“ငါတို့ဂရုနဲ့ ဈေးကွက်ရဲ့ စာရင်းဇယားတွေအရ ယီရန်ပင်းတို့အဖွဲ့က အနည်းဆုံး အုတ်မြစ်ကျောက်နှစ်သန်းလောက် ရသွားပြီ!”
“သူတို့ကို တကယ်ကို အားကျမိတယ်။ သူဌေးကြီးအဖွဲ့ကလူတွေအားလုံးလည်း အတူတူပဲဖြစ်မှာပဲနော်။”
“ဖြစ်နိုင်တယ်။ ဒီလိုမှမဟုတ်ရင် အဆင့်မြင့်သတ္တဝါတွေကို ဒီလောက်အများကြီး ဘယ်လိုစုနိုင်မှာလဲ။”
“ဒါဆို သူဌေးကြီးက ဒီနေ့ ကျွန်းကို စတုရန်းမီတာ နှစ်သန်းကျော်အထိ ချဲ့ထွင်နိုင်သွားပြီ!”
“ငါက အစကတည်းက မစ္စတာယီရန်ပင်းနဲ့ နယ်မြေအတူတူပဲ။ အရင်က ကုန်သွယ်မှုနှစ်ခုအရ သူ့ကျွန်းဧရိယာက စတုရန်းမီတာ ၈၀၀၀၀ လောက်ရှိမယ်။ ဒီနေ့ဟာကိုပါထည့်တွက်ရင် ၂.၂ သန်းလောက်ရှိမှာပဲ!”
ပြောရရင် စိတ်ဝင်စားသူများ အများကြီးရှိပေသည်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ရှောင်းယီသည် ရသမျှကိုနှစ်ဆပွားနိုင်ကြောင်း သူတို့ ဘယ်တော့မှ ထင်မိကြမည်မဟုတ်ပေ။
“အေးကွာ... ကွာဟမှုတွေက ပိုပိုကြီးလာနေပြီ။ အင်အားကြီးအဖွဲ့အစည်းတွေကလွဲရင် တခြားရှင်ကျန်သူတွေအတွက် ယီရန်ပင်းကို မီအောင်လိုက်ဖို့ အခွင့်အရေးမရှိတော့ဘူး။”
“မင်းက သူဌေးကြီးကို မီအောင်လိုက်ချင်သေးတယ်လား။ ငါကတော့ အဲ့ဒီလိုမဖြစ်နိုင်တဲ့စိတ်မျိုးကို ရှင်းထုတ်ပြီးတာကြာပြီ။ အသက်ရှင်ကျန်ရစ်နိုင်ရင်ပဲ ပြီးတာပဲ။”
“ငါလည်း အသက်ရှင်ကျန်ရစ်နိုင်ရင် တော်ပါပြီ။ ငါက ကမ္ဘာကြီးကိုပြောင်းလဲနိုင်တဲ့လူမျိုးမဟုတ်ဘူးဆိုတာ သိတယ်။ ဘေးကနေ အစ်ကိုကြီး 666 လို့အော်ပြီး အားပေးရုံပဲလုပ်တော့မယ်။”
“အားလုံးပဲ... ဈေးကွက်ကို အမြန်သွားကြည့်ကြ! သစ်သားအိမ်တွေ ပြန်ရောင်းနေတယ်!”
“ဟုတ်တယ် ဟုတ်တယ်... အားကောင်းတဲ့လေးတွေ၊ လက်ပစ်ဒူးလေးတွေနဲ့ အခြားလက်နက်တွေရောင်းနေတဲ့သူတွေရှိတယ်!”
ထိုအချိန်တွင် ထိုစာတိုနှစ်ခုက ရှောင်းယီ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ရှောင်းယီ ချက်ချင်းပင် ဈေးကွက်စာမျက်နှာသို့ ပြောင်းလိုက်၏။ သစ်သားအိမ်ကို ဂျက်ဟုခေါ်သည့်သူတစ်ယောက်က တင်ထားခြင်းဖြစ်ပြီး ဈေးက အုတ်မြစ်ကျောက် ၅၆ ခုဖြစ်၏။ ထိုဈေးက ရှောင်းယီ၏ အရင်ဈေးထက် အုတ်မြစ်ကျောက် ၆ ခုပို၍ဈေးကြီးပေသည်။
လက်ပစ်ဒူးလေး (Cအဆင့်) ကို ဂရင်းဟုခေါ်သည့်သူတစ်ယောက်က တင်ထားပြီး အုတ်မြစ်ကျောက် ၁၀ ခုဖြင့် ရောင်းထားသည်။
အားကောင်းသောလေး (Cအဆင့်) ကို နူဟာယလို့ခေါ်တဲ့သည့်တစ်ယောက်က တင်ထားပြီး အုတ်မြစ်ကျောက် ၁၀ ခုဖြင့် ရောင်းထား၏။
ထိုလူများ၏ အိုင်ဒီများကို ကြည့်ရင် ရှားလူမျိုးများ မဟုတ်ပုံပင်။
သူ၏သစ်သားအိမ်ရောင်းဝယ်ရေးတွက် ဂျက်သည် ဘုံဘာသာစကားနှင့် မှတ်စုတစ်ခုရေးထား၏။ ဝယ်ယူသူက သစ်သားအိမ်အတွက်လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ထောက်ပံ့ပေးမည်ဆိုရင် ဈေးက အုတ်မြစ်ကျောက် ၅၅ ဖြင့် ရမည်ဖြစ်သည်။
ထိုမှတ်စုကိုမြင်သောအခါ လူတိုင်း ပြန်ပြီး ဆွေးနွေးကြတော့သည်။
“ဒါဘာကိုဆိုလိုတာလဲ။ ကိုယ်တိုင်ကုန်ကြမ်းပစ္စည်းတွေထောက်ပံ့ပြီး သစ်သားအိမ်ဆောက်လို့ရတယ်ဆိုတာလား။”
“သစ်သားအိမ်ပုံစံကွက်ဆိုတာမျိုးလည်း ရှိသေးတာလား။ ဒါက အရမ်းကြောက်စရာကောင်းသွားပြီ!”
“သူဌေးကြီးကလည်း အရင်က သစ်သားအိမ်တစ်ထောင်ရောင်းဖူးတယ်မလား ဒါကလည်း ပုံစံကွက်တစ်ခုပဲဟုတ်?”
ရှောင်းယီ ထိုအရာကိုမြင်သောအခါ ရိုးရိုးရှင်ရှင်းပင် ပြောလိုက်သည်။
“ဟုတ်တယ် တကယ်ကို ပုံစံကွက်တစ်ခုပဲ။ ရတနာရှာတဲ့ခရီးစဉ်တစ်ခုမှာ ရခဲ့တာ!”
ထိုကဲ့သို့သော ရတနာများမှာ တစ်ခုတည်းမဟုတ်ပေ။ တခြားနေရာများတွင်လည်း ရတနာများ ရှိမည်ဖြစ်၏။ သို့သော် ရရှိလာတဲ့ပစ္စည်းများမှာ ဆင်တူနေပေလိမ့်မည်။
“အိုးမိုင်!... သူဌေးကြီး ကျွန်တော့်ကို ညှိနှိုင်းခွင့်ပေးပါ။ နောက်ပိုင်းမှာ အုတ်မြစ်ကျောက်တွေလုံလောက်အောင်စုမိရင် ကျွန်တော်က ကုန်ကြမ်းပစ္စည်းတွေထောက်ပံ့ပေးမယ်ဆိုရင် ကျွန်တော့်အတွက် သစ်သားအိမ်ဆောက်ပေးလို့ရနိုင်မလား!”
“ကျွန်မလည်း အဲ့လိုပါပဲ!”
“မင်းတို့ကောင်တွေက တော်တော်ကို စိတ်ဝင်စားမှုမရှိတာပဲ။ ကျောက်တုံးအိမ်ဆောက်မယ်ဆိုရင် တစ်ဆင့်ပဲလုပ်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ဘဲ သစ်သားအိမ်ဝယ်လိုက်ရင် နောက်တစ်ခါပြန်လဲလို့ရမှာလား။”
ထိုလူသတိပေးပြီးနောက် လူတိုင်း ချက်ချင်းသတိဝင်သွားကြ၏။ ခုနကပဲ ရှောင်းယီက ကျောက်တုံးအိမ်တစ်ရာကျော် တင်ထားခဲ့ပေသည်။
“သူဌေးကြီး ကျောက်တုံးအိမ်ကရော ပုံစံကွက်ပဲလား။”
“ဒါပေါ့ ဒီလိုမှမဟုတ်ရင် ထုတ်လုပ်မှုပုံကြမ်းတွေကို ဒီလောက်အများကြီး ဘယ်ကရမှာလဲ!။”
ရှောင်းယီက ပြန်ဖြေ၏။
“အားး... သူဌေးကြီးက တကယ်ကို အံ့ဖွယ်တစ်ပါးပဲ။ အရင်ကပြောသလိုပဲ ကျွန်တော် အုတ်မြစ်ကျောက်တွေစုပြီး ကုန်ကြမ်းပစ္စည်းတွေထောက်ပံ့ပေစမယ်ဆိုရင် ကျောက်တုံအိမ်ဆောက်ပေးလို့ရနိုင်မလား။”
“ရတယ်။ ငါတို့ဂရုဝင်တွေက လိုအပ်တဲ့ အုတ်မြစ်ကျောက်တွေမှာ ၁၀% လျှော့ဈေးရမယ်။ ကုန်ကြမ်းပစ္စည်းတွေထောက်ပံ့မယ်ဆိုရင် ငါဆောက်ပေးနိုင်ပါတယ်!”
ရှောင်းယီ ပြန်ဖြေလိုက်သည်။
သူ့ကို အုတ်မြစ်ကျောက်များ ရေရှည်ထောက်ပံ့နိုင်မည့်စီးပွားရေးကို ရှောင်းယီ ဘယ်တော့မှ ငြင်းမှာမဟုတ်ပေ။
“အစ်ကိုကြီး... ကျွန်တော်အရင်ကပြောခဲ့တယ်မလား။ ကျွန်တော် ဈေးကွက်မှာ သစ်သားအိမ်ကို ဖမ်းဆုပ်မိသွားပြီ။ ဘယ်လောက်တောင် ဆုံးရှုံးလိုက်သလဲ!”
တစ်စုံတစ်ယောက်က ငိုကြွေးလိုက်၏။
“ဟားဟား... ကြည့်ရတာ လက်မြန်တာကလည်း သိပ်မကောင်းဘူးထင်တယ်နော်!”
“လက်မြန်တာကလည်း အကျိုးရှိတာတွေရှိပါတယ်။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို အားရကျေနပ်နေလို့ရသေးတယ်။”
“လက်နက်တွေကရော။ သူဌေးကြီးမှာလည်း လက်နက်ပုံစံကွက်တွေရှိလား။”
တစ်ယောက်က မေးလိုက်သည်။
ဈေးကွက်တွက် လက်နက်ရောင်းနေသူများက ကုန်ကြမ်းပစ္စည်းများထောက်ပံ့ပါက ကူညီပြုလုပ်ပေးနိုင်သည်ဟု ပြောမထားကြပေ။ သို့သော် ထိုကဲ့သို့အားကောင်းသည့်လက်နက်အမျိုးအစားကို ယေဘုယျအားဖြင့် ကိုယ်တိုင်သုံးဖို့သာ သိမ်းထားတတ်ကြပေလိမ့်မည်။
အခြားတစ်ဖက်က ရောင်းနေသည်ဆိုခြင်းမှာ ထိုလူဆီတွင် ပိုကောင်းတာတစ်ခုခုရှိခြင်း (သို့မဟုတ်) ထိုပစ္စည်းများကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်ခြင်စရှိသည်ဆိုသည့်သဘောပင်ဖြစ်၏။
“အင်း ငါ့မှာလည်း လက်ပစ်လေးနဲ့ အားကောင်းသောလေးအတွက် ပုံစံကွက်ရှိတယ်။ သူတို့ကိုလည်း ရတနာရှာတုန်းက တွေ့ခဲ့တာပဲ!”
ရှောင်းယီ ထိုပစ္စည်းများသည် အုတ်မြစ်ကျောက်နှင့်လဲလှယ်ရန် မထိုက်တန်ဟု ထင်ခဲ့သည်။ ထို့ကြောင့် အစကတည်းက စင်ပေါ်မတင်ခဲ့ပေ။
သို့သော်လည်း ကုန်သွယ်ရေးကဏ္ဍတွင် ထိုလူများသည် ဤကဲ့သို့ဈေးကြီးကြီးနှင့်ရောင်းချနေကြောင်း တွေ့လိုက်ရပြီး တချို့လူများကလည်း အမှနိတကယ်ဝယ်နေကြသည်။
“ကြည့်ရတာ လူတိုင်းရဲ့လက်နက်လိုအပ်ချက်ကို ငါ လျှော့တွက်မိသွားတယ်။”
ရှောင်းယီ ရေရွတ်လိုက်မိ၏။
“အား... ရတနာမြေပုံဆိုတာ တကယ်ကိုကောင်းတဲ့အရာပဲ။ နောက်တစ်ခါရရင် ဘယ်လောက်အန္တရာယ်များများ စမ်းကြည့်ရမယ်!”
“ငါရောပဲ ရတနာမြေပုံကို ဖွင့်ဖို့ စမ်းကြည့်ရမယ်!”
“သူဌေးကြီး ဒီမှာ လက်နက်တချို့ရောင်းပေးပါလား။ ကျွန်တော်တို့ လက်နက်တွေ လိုအပ်နေပါတယ်။”
“ကျွန်တော်တို့လည်း အတူတူပဲ လက်နက်လိုချင်ပါတယ်!”
ဂရုထဲတွင် အများသုံးလက်နက်များရှိသော်လည်း အန္တရာယ်ကျရောက်လာသည့်အခါ အများသုံးလက်နက်များကို ငှားရမ်းရသည့်အခြေအနေမျိုးက မကြာခဏဖြစ်တတ်ပေသည်။
ထို့အပြင် ဂရုထဲရှိ လေးအနည်းငယ်က ပေါင်လွမ်ကိုယ်တိုင်လုပ်သော လေးများဖြစ်၏။ သူ့တွင် ပစ္စည်းကိရိယာများမရှိသောကြောင့် သူလုပ်ထားသည့် လေးများမှာ အနည်းငယ်ကြမ်းတမ်းပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုပြီး ထုတ်လုပ်ထားသည့့် လေးများထက် သဘာဝအတိုင်း နိမ့်ကျပေသည်။
ရှောင်းယီ ခဏလောက်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ဂရုထဲမှာရှိတဲ့ ငါတို့အားလုံးဟာ ရှားနိုင်ငံက ညီအစ်ကိုတွေပဲ။ မင်းတို့အတွက် လက်နက်တွေ အရေးတကြီးလိုအပ်နေတယ်ဆိုမှတော့ တစ်ခါ ဈေးပေါပေါနဲ့ ရောင်းကြည့်ရအောင်!”
ရှောင်းယီက လက်နက်များ ဈေးပေါပေါနှင့်ရောင်းမည်ဟုပြောသည်ကို ကြားလိုက်ရသောအခါ လူတိုင်းစိတ်လှုပ်ရှားသွားကြသည်။
ဈေးပေါပေါနှင့့် လက်နက်များ ဝယ်လို့ရမယ်ဆိုလျှင် ဘယ်သူကများ စိတ်မလှုပ်ရှားဘဲ နေကြပါမည်နည်း။
“ငါ နောက်တစ်ခါ ဈေးကွက်ထဲက ဘာပစ္စည်းမှ ထပ်မဝယ်တော့ဘူး။ ငါ လက်ပစခလေးတစ်ခု ဖမ်းဆုပ်ပြီးရုံရှိသေးတယ် သူဌေးကြီးက ချက်ချင်းပဲ လက်နက်တွေကိာ ဈေးပေါပေါနဲ့ရောင်းတော့မယ်။ ဘယ်လောက်တောင် ဆုံးရှုံးလိုက်သလဲ။”
“ဟုတ်တယ်... ငါဆိုရင် သန်းတစ်ရာလောက် ဆုံးရှုံးသွားသလိုတောင် ခံစားနေရတယ်။”
“ဟားဟား... မင်းရဲ့ကျောက်ကပ်က အဆီအနှစ်တွေ ဆုံသန်းတစ်ရာလောက် ဆုံးရှုံးနေတာလား။ လျှော့သောက်ဦး!”
“သူဌေးကြီး ဘာကို ဈေးပေါပေါနဲ့ရောင်းမှာလဲဆိုတာ ပြောပါဦး။”
“အိုင်ဒီတစ်ခုစီက လက်နက်ပက်ကေ့တစ်ခုကို တစ်ကြိမ်ပဲ ဝယ်ယူနိုင်တယ်။ ပစ္စည်းတွေပိုလိုအပ်ရင် သီးသန့်ဝယ်ယူရမယ်။”
“လက်နက်ပက်ကေ့- လေး (Cအဆင့်) ၅၊ လက်ပစ်လေး Cအဆင့်) ၁၊ အားကောင်းသောလ (Cအဆင့်) ၁၊ လောက်လွှဲ (Cအဆင့်) ၂။”
ထိုလက်နက်ပက်ကေ့ကို မြင်လိုက်ကြသောအခါ ဂရုသည် ထပ်မံ၍ စိတ်လှုပ်ရှားသွားလေတော့သည်။
“ငါဘာတွေမြင်နေရတာလဲ။ C အဆင့် လက်နက်ပက်ကေ့တွေ အပြုံလိုက်ပါလား။”
“ဒီလောက်လွှဲဆိုတာက ဘာလဲ။”
“ကျွမ်းကျင်မှုလိုအပ်တဲ့ ရှေးခေတ်အဝေးပစ်လက်နက်တစ်မျိုးပဲ။ ဒါပေမယ့် အဲ့ဒီမှာ အသုံးပြုရမယ့် ကျည်ဆန်တွေကို မြေကြီးပေါ်က ကျောက်တွေမှာ အလွယ်တကူရှာတွေ့နိုင်တယ်။ ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်ရင် သူ့ရဲ့စွမ်းအားကို လျှော့တွက်လို့မရဘူး။”
“သူဌေးကြီး ဒီလောက်များတဲ့ပစ္စည်းတွေအတွက် အုတ်မြစ်ကျောက်ဘယ်လောက်လိုအပ်မှာလဲ။”
“ဒီလိုဆိုရင် အနည်းဆုံး အုတ်မြစ်ကျောက် ၃၀ လောက်တော့လိုမှာပဲမလား။”
“ဒါဆို ကျွန်တော်တို့ မတတ်နိုင်တော့ဘူးလေ!”
လူတိုင်းက ငိုကြွေးကြတော့သည်။
“ဒီကမ္ဘာပေါ်မှာ အရမ်းနာကျင်ရတာကဘာလဲ။ ဒါက မျက်နှာစိရှေ့မှာ ဇိမ်ခံ C အဆင့်လက်နက်ပက်ကေ့ပဲရှိနေတာတောင် သူ့ကိုလဲလှယ်ဖို့အတွက် အုတ်မြစ်ကျောက်မရှိတာပဲ။”
“ဘုရားသခင်ကသာ ငါကို နောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်ဆိုရင် ငါ အသား၊ အိမ်၊ သီးနှံတွေကိုငြင်းပယ်ပြီး ဒီလက်နက်ပက်ကေ့ကိုပဲ အနိုင်ရအောင်လုပ်မယ်။”
အခန်း ၃၃၅
“ငါ့လည်း အရင်က အပေါ်ထပ်ကလူ ပြောသလိုပဲလုပ်ခဲ့တာ! ကာရံတောင်ကိုက်သေးတယ်...ဟားဟား!!! ဒါပေမယ့် ငါတော့မကြောက်ဘူး။ ငါ့မှာ အုတ်မြစ်ကျောက်တွေအများကြီးရှိသေးတယ်။”
“ငါ့မှာလည်း အနည်းငယ်ရှိပါတယ်။ ဒါပေမယ့် သိပ်မနီးစပ်လောက်ဘူး!”
“သေရော... တစ်ယောက်လောက် ကျွန်တော့်ကို အုတ်မြစ်ကျောက် ၁၂ ခုလောက် ချေးပေးပါ။ တစ်ပတ်အတွင်း ၂၀ ပြန်ပေးပါ့မယ်။”
ရှောင်းယီသ လူတိုင်းပြောနေသည့် စကားပြောများကိုကြည့်ရင်း ပြောလိုက်၏။
“ဒီလက်နက်ပက်ကေ့က အုတ်မြစ်ကျောက် ၁၀ ခုပါ!”
ထိုစာတိုကိုပို့လိုက်ပြီးနောက် ဂရုတစ်ခုလုံး ငါးစက္ကန့်ခန့် ဆိတ်ကျသွား၏။
“အားးးး... သူဌေးကြီး ခင်ဗျားက ကျွန်တော့်ရဲ့အိုင်ဒေါပဲ။ ဒီလိုပစ္စည်းမျိုးအတွက် အုတ်မြစ်ကျောက် ၁၀ ခုပဲလိုတာလား။”
“သူရဲကောင်းကြီးက နိုင်ငံနဲ့လူမျိုးကိုဂရုစိုက်တယ်! သူဌေးကြီးက တကယ့်သူရဲကောင်းကြီးပဲ။ ငါ့ရဲ့ခွဲခြားစိတ်ဖြာမှုက လုံးဝပြည့်စုံသွားပြီ!”
“ယီရန်ပင်း ကျွန်တော် ခင်ဗျားကို ချစ်တယ်။ ခင်ဗျားနဲ့အတူအိပ်ချင်တယ်! လက်ခံပေးပါ။!”
“ထွက်သွားစမ်း! ငါတို့ ယီရန်ပင်းရဲ့လိင် ဦးတည်ချက်က ပုံမှန်ပဲ။ ငါ သူ့ကို မျောက်တစ်ကောင်ပေးမယ်!”
ရှောင်းယီ ဂရုအတွင်းရှိ တုံ့ပြန်မှုများကိုကြည့်နေခဲ့ပြီး လုံးဝမအံ့သြခဲ့ပေ။ ဈေးက တကယ်ကို အရမ်းပေါသော်လည်း ရှောင်းယီက ဂရုအတွင်းရှိ ဝယ်ယူနိုင်စွမ်းကို ထည့်သွင်းစဉ်းစားထားခဲ့သည်။
ယခင်က ဂရုထဲတွင်ရှိသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါင်း ၁၂၀၀၀၀ ခုတွင် အုတ်မြစ်ကျောက် ၂.၆ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားခဲ့သည်။။ ယခင် ကုန်သွယ်မှုတွေတွင် ၁.၂ သန်းအောက်သာ ရှိခဲ့ပြီး အနည်းဆုံး ၁.၄ သန်း ကျန်ရှိနေသေး၏။ တကယ်တမ်းတွင် လူတိုင်းသည် ညီမျှချင်မှ ညီမျှပေလိမ့်မည်။ သို့သော်လည်း ရှောင်းယီက ၎င်းကို မစဉ်းစားတော့ပေ။
ပက်ကေ့တစ်ခုကို အုတ်မြစ်ကျောက် ၁၀ ခု။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင် တစ်ခုစီတိုင်းက အားလုံးကို ဝယ်ယူမည်ဆိုလျှင် အုတ်မြစ်ကျောက် ၁.၂ သန်းရမည်ဖြစ်သည်။ ဂရုထဲက အုတ်မြစ်ကျောက်အားလုံးကို လုံးဝညှစ်ထုတ်နိုင်ပေသည်။
တစ်ချိန်တည်းမှာပင် ရှားနိုင်ငံတစ်ခုလုံး၏ကာကွယ်ရေးကို တိုးမြှင့်ပြီး လူတိုင်းပိုမိုကောင်းမွန်စွာရှင်သန်နိုင်မည်ဖြစ်သည်။ ထိုလူများမှာ အုတ်မြစ်ကျောက်များကို ရေရှည်ထောက်ပံ့ပေးမည့်သူများ ဖြစ်ပေသည်။
ထို့ကြောင့် သူတို့ပို၍ကြာကြာရှင်သန်နိုင်လေ ကိုယ့်အတွက်ပိုကောင်းလေပင်။
ထို့အပြင် ထိုသို့လုပ်ဆောင်ခြင်းသည် အသက်ရှင်ကျန်ရစ်သူများ၏မျက်လုံးထဲတွင် မြင့်မြတ်သည့်ပုံရိပ်တစ်ခုကိုလည်း ဖန်တီးပေးနိုင်ပေသည်။ အနာဂတ်တွင် ပစ္စည်းများရောင်းဝယ်သည့်အခါ လူတိုင်းက သင့်ကို အရင်စဉ်းစားကြမည်ဖြစ်၏။
ထိုအချိန်တွင် ရှောင်းယီသည် ဈေးကွက်ထဲတွင် ထိုလက်နက်များအတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများကို စတင်စုဆောင်းဖို့လိုက်သည်။
ထိုကုန်ကြမ်းပစ္စည်းများကို ထောက်ပံ့ပစ္စည်းသေတ္တာများကိုဖွင့်ခြင်းဖြင့် ရရှိနိုင်ပေသည်။ ရှောင်းယီသည် အသားအများကြီးသုံးပြီး ကုန်သွယ်လိုက်၏။ လူအတော်များများက လဲလှယ်ရန် ဆက်ရွေးချယ်နေကြဆဲပင်။
ယနေ့၏နှစ်ဆအခြေအနေနှင့်အတူ တစ်ခုကနေ နှစ်ခုဖြစ်သွားပေလိမ့်မည်။
မကြာခင်မှာပင် ရှောင်းယီ ထိုလက်နက်များ ပြုလုပ်ရန်အတွက် လုံလောက်သည့်ကုန်ကြမ်းပစ္စည်းများကို ကုန်သွယ်ရာမှ ပြန်လည်ရရှိခဲ့၏။
ဂရုထဲရှိလူဦးရေအရ ရှောင်းယီသည် လက်နက်ပက်ကေ့အရေအတွက်အတိုင်း တိုက်ရိုက်ထုတ်လုပ်လိုက်သည်။ တချို့ကိုရောင်းမရနိုင်သော်လည်း အချိန်ရသည့်အခါ ဈေးကွင်တွင် တင်ထား၍ရပေသည်။
ရွှမ်းယွမ်ဝူဝေ့နှင့် တိလင်းထျန်းရှားတို့ ထိုသတင်းကို ရရှိပြီးနောက် သူတို့နှင့်ပေါင်းစည်းတော့မည့် လက်အောက်ငယ်သားများကို ချက်ချင်းပင် ဆက်သွယ်ခဲ့ကြသည်။
ပေါင်းစည်းခြင်းမပြုမီ ထိုလူများသည် ရှောင်းယီဆီက လက်နက်များကို ဝယ်ယူရန် အခွင့်အရေးရှိပေသေးသည်။ သို့သော်လည်း ပေါင်းစည်းပြီးသွားလျှင် သူတို့တွင် အခွင့်အရေးမရှိတော့ပေ။
ပေါင်းစည်းပြီးနောက် ထိုလူများ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်အဖြစ် လက်ခံရမည်မှာ သေချာပေသည်။ ရှောင်းယီ၏ ယီထျန်းဂရုတွင် လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို ဝင်ခွင့်မပြုဟုဆိုသည့် သတ်မှတ်ချက်တစ်ခုရှိပေသည်။
ရွှမ်းယွမ်ဝူဝေ့နှင့် တိလင်းထျန်းရှားတို့၏ အဓိကကျွန်းအထိမ်းအမှတ်ကျောက်တိုင်များမှာ ရှောင်းယီ၏ အနက်ရောင်စာရင်းထဲတွင် ရှိနေခြင်းဖြစ်၏။ ဒထို့ကြောင့် လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို အသုံးပြုပြီး ယီထျန်းဂရုထဲသို့ မဝင်နိုင်ပေ။
လွန်ခဲ့သည့်နှစ်ရက်က ချင်ချင်းလုံ တိလင်းထျန်းရှားကိုပေးခဲ့သည့် အကြံအစည်ထဲတွင်လည်း တိလင်းထျန်းရှားကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လက်အောက်ခံအဖြစ်မလက်ခံရန်နှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပိုင်ရှင်နှင့်သာ စာချုပ်ချုပ်ဆိုရန် အဆိုပြုထားခဲ့သည်။
ပြီးနောက် ထိုလူကို ယီထျန်းဂရုထဲမှ အဆင့်မြင့်အစားအစာများ ဝယ်ယူရန် ကူညီခိုင်းနိုင်မည်ဖြစ်၏။
“မင်းတို့တစ်ယောက်ချင်းစီက လက်နက်ပင်ကေ့တစ်စုစီ ဝယ်ရမယ်။ အုတ်မြစ်ကျောက်တွေကို ငါထောက်ပံ့ပေးမယ်!”
ရွှမ်းယွမ်ဝူဝေ့နှင့် တိလင်းထျန်းရှားတို့က တူညီသည့်အမိန့်ကို ထုတ်ပြန်ခဲ့ကြသည်။
“ဟုတ်ကဲ့!”
အမိန့်ကိုလက်ခံရရှိသူအားလုံးက တုံ့ပြန်လိုက်ကြ၏။
ထိုလူများသည် ရွှမ်းယွမ်ဝူဝေ့နှင့် တိလင်းထျန်းရှားတို့နှင်ြ ပေါင်းစည်းရန် ပြင်ဆင်နေခဲ့ပြီး သူတို့၏သစ္စာရှိမှုကို ပြသရန်အတွက် မကြာသေးခင်ကရခဲ့သည့် အုတ်မြစ်ကျောက်အားလုံးကို သူတို့လက်ထဲသို့ ထည့်ပေးထားခဲ့လေသည်။
ထို့ကြောင့် ရွှမ်းယွမ်ဝူဝေ့နှင့် တိလင်းထျန်းရှားတို့သည် တစ်ဖက်လူက အုတ်မြစ်ကျောက်များကိုယူပြီး ထွက်ပြေးသွားမည်ကိုမစိုးရိမ်ပေ။
အားလုံးကိုပေါင်းလိုက်လျှင် အုတ်မြစ်ကျောက် ၁၀ ခုသာဖြစ်ပြီး မကြာခင်က သူတို့လက်ထဲထည့်ပေးခဲ့သော ပမာဏထက်များနိုင်ပါမည်လော။ အဖြကတော့ no ပင်။
လက်နက်ဝယ်ယူမည့်သူများကို အုတ်မြစ်ကျောက်များ ပေးအပ်ပြီးနောက် ရွှမ်းယွမ်ဝူဝေ့က မျက်မှောင်ကြုံ့ကာ တွေးနေမိသည်။
“ဦးလေးချန်း ရတနာနယ်မြေမှာတွေ့တဲ့လူက ယီရန်ပင်းပဲဖြစ်ရမယ်။ ရတနာနယ်မြေက အန္တရာယ်ရှိပေမယ့် ရိတ်သိမ်းမှုနဲ့ တိုက်ရိုက်အချိုးကျတယ်ဆိုတာထင်ရှားတယ်။ ဦးလေးချန်း ပြန်လာရင် ကောင်းကောင်းအစီအစဉ်ဆွဲရမယ်။ အနည်းဆုံးတော့ အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး အဖွဲ့ဝင်တွေရဲ့ကိုယ်ခန္ဓာကြံ့ခိုင်မှုကို တိုးတက်အောင်အာရုံစိုက်ရမယ်။”
သူဝယ်ယူထားသည့် အဆင့်မြင့်အစားအစာအများကြီးကိုကြည့်ရင်း ရွှမ်းယွမ်ဝူဝေ့က ထိုကဲ့သို့အဖွဲ့တစ်ဖွဲ့ကို အလျင်အမြန် ဆွဲတောင့်ထားနိုင်မည်ဟု ယုံကြည်ပေသည်။
တိလင်းထျန်းရှားသည်လည်း ဝမ်ပန်းတနည်း ညည်းညူနေမိ၏။
“ငါဘာလို့ ရတနာမြေပုံမရခဲ့ရတာလဲ။ အနာဂတ်မှာ ဈေးကွက်မှာ ရတနာမြေပုံပေါ်လာခဲ့ရင် အဲ့ဒါကိုဝယ်ဖို့ ငွေအများကြီးသုံးရတော့မယ့်ပုံပဲ။!”
သို့သော်လည်း အနာဂတ်ဈေးကွက်တွင် ရတနာမြေပုံအား ရှာရခက်မည်ည်ဆိုသည်ကိုလည်း သိခဲ့ထားသည်။
ယီရန်ပင်းက ရတနာနေရာကနေ ပုံစံကွက်တွေ အများကြီးရခဲ့တာ ဘယ်သူက မနာလိုဘဲနေနိုင်မှာလဲ။
ကိုယ်ပိုင်ရတနာမြေပုံကိုရရှိပြီးလျှင် ဘယ်လောက်အန္တရာယ်များများ စမ်းကြည့်ရမည်ဖြစ်သည်။ ဒီလိုမှမဟုတ်လျှင် မနာလိုသာဖြစ်နေရပေလိမ့်မည်။
ယီထျန်းဂရုထဲက တချို့လူများက သူတို့မိတ်ဆွေမှားဆီက ချေးငှားနေခဲ့ကြသည်။
ဈေးမကြီးဘဲ အုတ်မြစ်ကျောက် ၁၀ ခုသာလိုအပ်ခြင်းဖြစ်သောကြောင့် မိတ်ဆွေရင်းဖြစ်သည့်သူတိုင်းက ချေးငှားကြမည်ဖြစ်၏။
ရှောင်းယီ ဈေးကွက်ပေါ်မတင်ခဲ့သော လက်နက်ပက်ကေ့ ၁၂၄၃၉၈ ခုထဲက ၂၃၄၆ ခုသာ ကျန်ရှိတော့ပေသည်။
အသက်ရှင်ကျန်ရစ်သူတချို့တွင် ထို့ထက်ပိုမိုကောင်းမွန်သည့်လက်နက်များရှိနေခြင်း သို့မဟုတ် ရှောင်းယီ၏ လက်နက်ပက်ကေ့ကို အမှန်တကယ်မဝယ်ချင်ခြင်းလည်း ဖြစ်နိုင်ပေသည်။ ထိုအရာကိာ မရှိမဖြစ်လိုအပ်နေခြင်းဖြစ်သည်ဟုလည်း သူမထင်ပေ။ သို့သော်လည်း ရှောင်းယီက လုံးဝမဂရုစိုက်ပေ။
“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ- အုတ်မြစ်ကျောက် ၂၄၄၁၀၄၀ ။”
ထိုအုတ်မြစ်ကျောက်များဖြင့် တိုက်ရိုက်ချဲ့ထွင်လိုက်ပြီးနောက် ရှောင်းယီကျွန်း၏ဧရိယာမှာ ၆.၇၈၀၀၄ သန်း စတုရန်းမီတာအထိ ရောက်သွားခဲ့လေသည်။
ထိုအချိန်တွင် မျောက်အုပ်ကြီးတစ်ခုသည် တောအုပ်ထဲရှိ အသီးအနှံများကို တံတိုင်းအတွင်းထဲသို့ သယ်ဆောင်လာနေကြ၏။
ရှောင်းယီသည်လည်း အပြင်ကအသံများကို ကြားလိုက်ရပြီး လသာဆောင်ပေါ်သွားကာ ကြည့်လိုက်ပြီး ပြုံးရင်းပြောလိုက်သည်။
“ဒီရှောင်ရှန်းက အရမ်းကိုမှ အကွက်ရွှေ့မြန်လွန်း နေတာမဟုတ်ဘူးလား။”
ရှောင်ရှန်းသည် နံရံပေါ်က ဖောင်းကြွနေသည့်နေရာကိုကိုင်ပြီး အလွယ်တကူပင် လသာဆောင်ပေါ်သို့ ခုန်တက်လာပြီး ရှောင်းယီကို အော်ပြောလိုက်၏။
“ဘယ်လိုလဲ...ငါကောင်းကောင်းလုပ်ခဲ့တယ်မလား?”
ရှောင်းရှန်းက ကိုယ့်ကိုယ်ကိုချီးမွမ်းရန် ရောက်လာသည်ကိုမြင်သောအခါ ရှောင်းယီက လက်မထောင်ပြလိုက်သည်။
“တကယ်ကို ကောင်းကောင်းလုပ်ခဲ့တာပဲ။ ညနေကျရင် ဆုချမယ်!”
“ဘယ်အလှလေးက မင်းကို လှန်ပစ်လိုက်တာလဲ။”
ကျန်းယွင်ထျန်း၏အသံက ရှောင်းယီ၏ နောက်ကျောဘက်ကနေ ထွက်လာ၏။
ရှောင်းယီက မျက်လုံးများကို လှိမ့်လိုက်ပြီး ပြန်ဖြေလိုင်သည်။
“မင်းက တကယ်ကိုရူးနှမ်းနေတာပဲ။ ရှောင်ရှန်းက တောထဲက အသီးအနှံတွေကို ငါဆီသယ်ပေးလာတယ်လေ။ အဲ့တော့ ဆုချီးမြှင့်ရမှာပေါ့။”
ကျန်းယွင်ထျန်းက ပြုံးလိုက်၏။
“မင်းပြောတဲ့စကားကိုက တစ်ခုခုမှားနေတာ။ ငါမှားတာ မဟုတ်ဘူး။ ဦးလေးအန်းတို့၊ လယ်သမားတို့ကို မေးကြည့်ပါဦး။ ညနေကျရင် ဆုချီးမြှင့်မယ်ဆိုတဲ့စကားက သူတို့ကိုရော မှားယွင်းစေမှာလားလို့။”
“ကျစ်!... မင်း ငါ့ဆီက ဘာလိုချင်လို့လဲ။”
ရှောင်းယီက နောက်ဆုံး၌ စကားအကြောင်းအရာကို ပြောင်းလဲလိုက်သည်။
“ဂရုထဲမှာ မင်းလက်နက်ရောင်းနေတာတွေ့လို့ လာကြည့်တာ။ လေ့ကျင့်ရေးဆင်းနေတဲ့ ဒေသခံတွေအတွက် တစ်သုတ်လောက်လုပ်ပေးလို့ရမလား!”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“နောက်ဆုံးအနေနဲ့ ငါတို့ကျွန်းပေါ်က ကာကွယ်ရေးအဖွဲ့လို့ သတ်မှတ်လို့ရတယ်မလား!”
ရှောင်းယီက ခေါင်းညိမ့်လိုက်၏။
“အင်း တကယ်ကိုလိုအပ်တယ်။ ဘယ်လက်နက်က ပိုကောင်းမယ်လို့ မင်းထင်လဲ။”
“ကလေးတွေပဲ ရွေးချယ်မှုလုပ်တာ။ ငါက အားလုံးလိုချင်တာ။ ဒီလက်နက်တွေရှိပြီးသားဆိုတော့ သူတို့ကို အကုန်လုံး ကျွမ်းကျင်အောင်သာ လုပ်ခိုင်းလိုက်စမ်းပါ!”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“အင်း ကောင်းပြီ...ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာ တစ်ခါတည်းလုပ်သွားလိုက်လေ။”
ရှောင်းယီက ပြောလိုက်၏။
“ဒါနဲ့ စကားမစပ် ဒေသခံတချို့ကိုခေါ်ပြီး အနောက်ဘက်က ရေချိုမြစ်ထဲမှာ ငါးမျှားကြရအောင်။ နှစ်ဆအကျိုးသက်ရောက်မှုကို မဖြုန်းတီးသင့်ဘူး။”
“ကောင်းပြီ!”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။
“ဒီဒီ!!!... မစ္စတာချူက သင်နဲ့စကားပြောချင်တယ်လို့ တောင်းဆိုထားပါတယ်။ ဆက်သွယ်ပါမည်လား။”
ရှောင်းယီသည် ချူရှန်း သူ့ဆီရောက်လာမည်ကို အရင်ကတည်းက ခန့်မှန်းထားပြီးသားဖြစ်၏။ ထို့ကြောင့် ပြုံးကာ ဆက်သွယ်လိုက်လေသည်။
အခန်း ၃၃၆
“သူဌေး ခင်ဗျားက တကယ့်ကို အံ့ဖွယ်တစ်ပါးပဲ။ ဒီလိုမျိုး ကောင်းမွန်တဲ့လက်နက်ပုံစံကွက်တွေကိုတောင် ရနိုင်တယ်။”
ချူရှန်းက ချဉ်းကပ်လာပြီး ချီးကျူးပြောဆိုလိုက်သည်။ ရှောင်းယီ သူ့ကိုကြည့်ကာ ပြုံးရင်းပြန်ဖြေလိုက်၏။
“ကောင်းပြီ၊ အဓိကအချက်တွေကိုပဲ ပြောကြရအောင်!”
“ဟေ့! ကျွန်တော်ဘာလိုချင်တာကို သူဌေးမသိဘူးလား?”
ချူရှန်းက ပျော်ရွှင်မြူးထူးနေသောအပြုံးဖြင့် ပြန်ဖြေလိုက်သည်။ ရှောင်းယီကသည် သူဘာလိုချင်သလဲဆိုသည်ကို သိနေသော်လည်း မေးလိုက်ဆဲဖြစ်၏။
“ငါက မင်းရဲ့ဗိုက်ထဲက သံကောင်မဟုတ်ဘူး။ မင်းဘာလိုချင်လဲဆိုတာကို ငါဘယ်လိုသိမှာလဲ။”
ထိုအခါ ချူရှန်း ရွေးချယ်စရာမရှိတော့ဘဲ ပြောလိုက်ရတော့သည်။
“သူဌေး တကယ်တော့ ကျွန်တော် လက်နက်တွေအတွက် ရောက်လာတာပဲ! ကျွန်တော်တို့ရဲ့ရေတပ်မှာ လူအများကြီးရှိတယ်။ ပက်ကေ့တစ်ခုပဲဝယ်လို့ရတာက မလုံလောက်ဘူး။”
“မင်းတို့ ဘယ်လောက်လိုအပ်လဲ။”
ရှောင်းယီက မေးလိုက်၏။
“အားကောင်းသောလေး၊ လက်ပစ်ဒူးလေးနဲ့ လောက်လွှဲ တစ်မျိုးကို ၁၀ ခုစီ!”
ချုရှန်းက ပြန်ဖြေသည်။ ရှောင်းယီ ခဏလောက်စဉ်းစားပြီးနောက် ပြောလိုက်၏။
“ကောင်းပြီ စုစုပေါင်း အုတ်မြစ်ကျောက် ၈၀။”
ချူရှန်းက လုံးဝတုန့်ဆိုင်းမနေဘဲ တိုက်ရိုက်ပင် လဲလှယ်မှုကို စတင်လိုက်သည်။
“[အုတ်မြစ်ကျောက်] ၈၀ - လဲလှယ်မှုမရှိ။”
ရှောင်းယီ လဲလှယ်မှုကို သဘောတူလိုက်ပြီး တစ်ချိန်တည်းမှာပင် သူလိုချင်သည့်လက်နက်များကို ပို့ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် သူဌေး!”
ချူရှန်းက ပြော၏။
“နောက်ပိုင်းမှာ ဒီလိုမျိုး အဆင့်မြင့်လက်နက်တွေရှိရင် ကျွန်တော်တို့အတွက် နည်းနည်းလောက်ချန်ထားပေးဖို့ မမေ့ပါနဲ့!။”
“စိတ်မပူပါနဲ့!”
ရှောင်းယီက ပြန်ဖြေလိုက်ပြီးနောက် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။ ထို့နောက် သူသည် ကျန်းယွင်ထျန်းနှင့် တိုင်းရင်းသားအနည်းငယ်ကို ခေါ်ပြီး မြောက်ဘက်တံတိုင်းဆီသို့ သွားလိုက်၏။ မြောက်ဘက်တံခါးမကြီးနှင့် မနီးမဝေးတွင် မီတာ ၂၀ နီးပါးကျယ်သည့် မြစ်ကြီးတစ်စင်းရှိပေသည်။
“ဒါက ပိုကျယ်သွားသလိုပဲ။”
ရှောင်းယီက ပြောလိုက်သည်။
“အရင်လို ရေလက်ကြားနှစ်ဖက်ကနေ ပိုက်ကွန်ဆွဲလို့မရလောက်တော့ဘူး။ လွတ်လွတ်လပ်လပ်ပဲ ပိုက်ကွန်ချကြရအောင်။”
ကျန်းယွင်ထျန်းနှင့် ဒေသခံများက ရေချိုမြစ်ထဲတွင် ပိုက်ကွန်များကို စတင်ပစ်ချလိုက်ချိန်တွင် ရှောင်းယီက အလိုအလျောက်ငါးဖမ်းပိုက်ကို ယူဆောင်လာခဲ့သည်။
လက်ရှိတွင် ပင်လယ်ငါးအရင်းအမြစ်များကို အနားပေးထားပြီး ပြန်လည်အားဖြည့်ရန် လိုအပ်နေပြီဖြစ်သည်။ ရေချိုငါးအရင်းအမြစ်များကို ဖမ်းဆီးရန်အတွက် အကောင်းဆုံးအချိန်ပင်ဖြစ်၏။
ငါးဖမ်းလမ်းကြောင်းကို ကျပန်းသတ်မှတ်ပြီးနောက် အလိုအလျောက်ငါးဖမ်းပိုက်က စတင်အလုပ်လုပ်တော့သည်။
ရှောင်းယီအဖွဲ့သည် ညနေ ၈ နာရီအထိ ကြိုးစားအလုပ်လုပ်ခဲ့ပြီးနောက်ဆုံးတွင် ကြမ်းတမ်းစွာပင် ငါးဖမ်းခဲ့ကြသည်။
“ရရှိသောပစ္စည်းများ- ရေချိုငါး...၊ နှစ်ဆရိတ်သိမ်းမှုကိုအသက်သွင်းလိုက်ပါပြီ၊ ရရှိသောပစ္စည်းများ - ရေချိုငါး (B အဆင့်) ၂၁၉၆ ကီလိုဂရမါ၊ ရေချိုငါး (C အဆင့်) ၃၄၉၀၀ ကီလိုဂရမ်၊ ရေချိုငါး...”
ရှောင်းယီသည် သာမန်ရေချိုငါးများကို လုံးဝမကြည့်တော့ဘဲ ဘေးဖယ်ထားပြီး သာမန်အရင်းအမြစ်တချို့နှင့် လဲလှယ်လိုက်သည်။
ယခုအချိန်တွင် ထိုရေချိုငါးများကို ကိုင်တွယ်ရန် အချိန်မရှိပေ။ ရှောင်းယီ အနည်းငယ်စဉ်းစားပြီးနောက် ယူနစ်များနှင့်ရောင်းချရန် ဆုံးဖြတ်လိုက်၏။
ငါးတစ်ကောင်ကို အကြေးခွံ၊ အူနဲ့တခြားအရာတွေဖယ်ရှားပြီးရင် သူ့အလေးချိန်၏ ၇၀% လောက်သာ ကျန်ရှိပေသည်။
ငွေရင်းဆုံးရှုံးတာမဆုံးရှုံးတာ ဂရုမစိုက်တော့ဘူး။ ၇၀% နဲ့ပဲ ဈေးကွက်တင်လိုက်တော့မယ်။
ရှောက်းယီက ဂရုထဲတွင် အရင်ဆုံး ပြောလိုက်သည်။
“မင်္ဂလာပါ ညီအစ်ကိုတို့၊ ငါတို့အဖွဲ့က အဆင့်မြင့်အစားအစာပွဲတော် ထပ်ပြီးကျင်းပပါတော့မယ်။ ဒီတစ်ခါ အစားအစာအားလုံးကို ဈေးကွက်မှာတင်မယ်။ ဂရုထဲမှာလိုအပ်ရင် ဈေးကွက်ကိုသွားဝယ်ကြပါ!”
အဘယ်ကြောင့်ဆိုသော ဂရုထဲကယရှိ အုတ်မြစ်ကျောက်များသည် အခြေခံအားဖြင့် ရှောင်းယီ၏ ညှစ်ထုတ်ခြင်းကိုခံထားရပြီးသားမို့ လက်ကျန်များရှိနေလျှင်ပင် သိပ်များလောက်တော့မည်မဟုတ်ပေ။
ထို့ကြောင့် ဂရုထဲတွင် မတင်တော့ဘဲ ဈေးကွက်တွင်သာ အားလုံးကို တင်ခဲ့လိုက်၏။
“ဒီတစ်ခါပြန်လာတာက အဓိကအားဖြင့် ရေချိုငါးနဲ့ တောအသီးအနှံတချို့ပါ။ ရေချိုငါးတွေကို မကိုင်တွယ်ရသေးတဲ့အတွက် တစ်ကောင်လုံးပဲ ရောင်းလို့ရမယ်။ စားလို့ရတဲ့အပိုင်းရဲ့အလေးချိန်က တစ်ကောင်လုံးရဲ့ ၇၀% နဲ့တွက်ပါမယ်။ ဥပမာ- C အဆင့် ငါးရန့်တစ်ကောင်က ၁ ကီလိုဂရမ် ရှိတယ်။ ဒါက C အဆင့် ရေချိုငါးအသား ၇၀၀ ဂရမ် နဲ့ညီပါမယ်။ အရင်ဈေးနဲ့အညီ အုတ်မြစ်ကျောက် ၃.၅ ခုနဲ့လဲလှယ်ဖို့လိုအပ်ပါတယ်။ ဒါကိုစင်းလုံးချောအနေနဲ့ အုတ်မြစ်ကျောက် ၄ ခုဖြစ်သွားပါမယ်။”
ရှင်းပြပြီးနောက် ရှောင်းယီက အဆင့်သတ်မှတ်ထားသည့် ရေချိုငါးနှင့် တောအသီးအနှံများအားလုံးကို တိုက်ရိုက် ဈေးကွက်ပေါ်တင်လိုက်တော့လေသည်။
ယီထျန်းဂရုက ထပ်ပြီးစည်ကားသွားပြန်သည်။
“သူဌေးရဲ့ဂိုဒေါင်က စကြဝဠာတိမ်တိုက်လိုပဲထင်ရတယ်! ပစ္စည်းတွေအားလုံးထုတ်ပြီးပြီလို့ထင်ရင် ထပ်ပြီး ဒီလိုပစ္စည်းတွေထုတ်လာပြန်ရော!”
“အစ်ကိုကြီးက သဲထိပ်ရင်ဖိုဇာတ်လမ်းတွေကို ရည်ရွယ်ချက်ရှိရှိ ကပြနေတာပဲ။ ကျွန်တော်တို့လက်ထဲမှာ အုတ်မြစ်ကျောက်တွေကုန်သွားပြီ။ ဒီလိုဟာမျိုးနဲ့ ဆွဲဆောင်ဖို့ ထပ်လာသေးတယ်။”
“ရေချိုငါး! ငါပင်လယ်ငါးစားရတာ မကြိုက်ဘူး။ ရေချိုငါးရှိနေတာကို ဘာလို့မပြောရတာလဲ အား!”
“ကြည့်နေလိုက်! ငါလက်ထဲမှာ အုတ်မြစ်ကျောက်တွေရှိသေးတယ် နှစ်ကောင်လဲမယ်ကွာ!”
ဂရုထဲက လူအများစုသည် ညည်းညူတမ်းတနေကြသော်လည်း အများချန်နယ်မှာမူ ဝမ်းသာစရာအငွေ့အသက်များဖြင့် ပြည့်နှက်နေလေသည်။
အရင်က ရှောင်းယီသည် ဈေးကွက်တွက် ၄၀% သာတင်ခဲ့ခြင်းဖြစ်ပြီး ထိုပမာဏမှာ ကမ္ဘာတစ်ဝှမ်းကလူများအတွက် မလုံလောက်ပေ။
ယခု နောက်ထပ်တစ်သုတ် ထုတ်လုပ်လိုက်သောအခါ ကမ္ဘာတစ်ဝှမ်းရှိလူအများ ဝမ်းသာသွားခဲ့ကြသည်။
ရှောင်းယီ စင်ပေါ်တင်လိုက်သည်နှင့် အရာအားလုံးချက်ချင်းပင် ပြုတ်ကျသွားခဲ့၏။
“နှစ်ဆရိတ်သိမ်းမှုကိုအသက်သွင်းလိုက်ပါပြီ၊ ရရှိသောပစ္စည်းများ- အုတ်မြစ်ကျောက် ၄၁၉၉၆၀။”
ထို့နောက် ကျွန်းကို ဆက်လက်တိုးချဲ့လိုက်ပြီး ကျွန်းဧရိယာကို ၇.၂ သန်း စတုရန်းမီတာသို့ ရောက်ရှိသွားစေခဲ့သည်။
“ကြည့်ရတာ နည်းနည်းကြမ်းတမ်းနေပြီ။ ခြေလှမ်းကြီးကြီးလှမ်းရင် ဥကိုဆွဲထုတ်မိဖို့ လွယ်ကူသွားလိမ့်မယ်။”
ရှောင်းယီက ကြီးထွားလာသည့်ကျွန်းကိုကြည့်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
“နောက်တစ်ခုက တည်ငြိမ်ဖို့လိုတယ်။ ကျွန်းပေါ်က အခြေခံအဆောက်အအုံတွေကို ဖွံ့ဖြိုးအောင်လုပ်ဖို့လည်း လိုသေးတယ်။ ပြီးတော့လူတွေ....ဒီလိုမျိုးကြီးမားတဲ့နေရာတစ်ခုအတွက်ဆိုရင် လက်ရှိလူဦးရေက အရမ်းနည်းနေသေးတယ်။!”
ရတနာရှာဖွေးရေးခရီးမှာ ခေါ်ဆောင်လာခဲ့သော ဒေသခံ ၃၀ ကျော်အပါအဝင် ရှောင်းယီ၏ကျွန်းတွင် လူ ၁၂၀ ကျော်သာ ရှိပေသည်။
အသက်ရှင်ကျန်ရစ်သူများနှင့်ယှဉ်လျှင် ရှောင်းယီသည် သူ့ကျွန်းပေါ်တွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် ဒေသခံများနှင့် စာချုပ်ချုပ်ရသည်ကိုသာ ပိုကြိုက်၏။
ဒေသခံများက အဖြူရောင်စာရွက်ဖြူကဲ့သို့ ဖြူစင်ပြီး မည်သို့ပင်လေ့ကျင့်သင်ကြားပေးစေကာမူ သင်ကြား၍ရပေသည်။
သို့သော် အသက်ရှင်ကျန်ရစ်သူများသည်မူ အားလုံးသည် ကိုးနှစ်တာပညာရေးကို ဖြတ်သန်းခဲ့ကြရပြီး အတွေးအခေါ်နှင့် ပညာတတ်များဖြစ်ကာ လုံးဝထိန်းချုပ်ရခက်ခဲ၏။
ထို့အပြင် လက်ရှိ သူ့လက်ထဲတွင်ရှိသော စာချုပ်ကတ်များအားလုံးမှာ သာမန်အဆင့်သာဖြစ်ပြီး ရှောင်းယီသည် စာချုပ်ပျက်ပြယ်သွားစေမည့် အခြေအနေတချို့ရောက်ရှိမည်ဟု အမြဲခံစားနေခဲ့ရသည်။ ထို့ကြောင့် သူ၏ကျွန်းပေါ်ကို အသက်ရှင်ကျန်ရစ်သူများအား အများကြီးခေါ်မထားချင်ပေ။
ရှောင်းယီ ခေါင်းခါလိုက်ပြီး ယီထျန်းဂရုထဲတွင်သာ စကားဆက်ပြောလိုက်၏။
“နောက်ဆုံးတစ်ခုရှိသေးတယ်။ ဂရုထဲမှာအရင်တင်ပေးမယ်။ မလိုချင်တော့ရင် အကုန်လုံး ဈေးကွက်မှာတင်မယ်။”
“အား... သူဌေးမှာ စကားပြောစရာရှိရင် တစ်ခါတည်းဆက်ပြောလို့မရဘူးလား။”
“သူဌေးမှာ ပစ္စည်းကောင်းတချို့ရှိတယ်။ သူက ရတနာမြေပုံတစ်ခုထက်ပိုရခဲ့တယ်လို့တောင် တကယ်ပဲ သံသယဝင်မိတယ်!။”
“မြန်မြန် တစ်ချက်လောက်ကြည့်ရအောင် ထုတ်ပြပါတော့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်လက်ထဲမှာ အုတ်မြစ်ကျောက်မရှိတော့ဘူး။ အရင်ဆုံး အရှုံးပေးထားလိုက်တော့မယ်။!”
ရှောင်းယီက လုပင်းအာပို့ပေးလိုက်သည့် အင်္ကျီနှင်ြ ဘောင်းဘီများကို တင်လိုက်၏။
“[ဖျင်ကြမ်း အင်္ကျီ] ၁၀၊ [ဖျင်ကြမ်း ဘောင်းဘီ] ၁၀၊ [ကော်တွန်အင်္ကျီ] ၁၅၊ [ကော်တွန်ဘောင်းဘီ] ၁၅။ စုစုပေါင်း အင်္ကျီနဲ့ဘောင်းဘီ ၂၅ စုံရှိတယ်။ ငါတို့ဂရုထဲမှာ တစ်စုံကို အုတ်မြစ်ကျောက် ၂၀၊ ဈေးကွက်မှာ တစ်စုံကို အုတ်မြစ်ကျောက် ၃၀ ပဲ။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“ငါတကယ်ငိုချင်သွားပြီ။ သူဌေးက အင်္ကျီတွေရောင်းမယ်မှန်းသိရင် အစားအစာတွေ ဘာလို့ချင်ပါဦးမလဲ။ ငါက စားရမဲ့ သောက်ရမဲ့ပုံစံနဲ့ တူနေလို့လား။ ငါ့မှာ အဝတ်တစ်ပိုင်းပဲရှိတော့တယ်။!”
“ဟုတ်တယ်။ ငါ့အင်္ကျီတွေတိုရင် အနံ့ဆိုးတောင် ထွက်နေပြီ။ စုတ်ပြဲနေတယ်။ လျှော်ဖို့ နည်းလမ်းမရှိဘူး။”
“သူဌေး ဒါတွေကိုကျွန်တော့်ကိုပေးပါ!”
တစ်ယောက်က ရုတ်တရက်ပြောလိုက်၏။
“အိုင်ဒီတစ်ခုကို တစ်စုံပဲဝယ်လို့ရမယ်။ စင်ပေါ်တင်ထားပြီးပြီ။ ဓာတ်ပုံတွေကို ကိုယ်တိုင်ယူပါ!”
ဤတစ်ကြိမ်တွင် ရေအတိမ်အနက်ကို အနည်းငယ်စမ်းကြည့်ရုံသာဖြစ်သည်။ လီယန်က ချည်ငင်စက်နှင့်ရက်ကန်းစက် အရွယ်အစားချဲ့ထွင်ပြီး ဒေသခံများအား ချည်ငင်ခြင်းနဲ့ ရက်ကန်းရက်ခြင်းအတတ်ပညာများကို သင်ကြားသည့်အခါ အင်္ကျီများကို သေချာပေါက် အဆက်မပြတ်ထုတ်လုပ်မည်ဖြစ်သည်။
ထို အင်္ကျီ၂၅ စုံကိုလည်း ချက်ချင်းပင် ဝယ်ယူသွားခဲ့ကြသည်။ နှစ်ဆအပိုဆုအတွက် ရှောင်းယီ အုတ်မြစ်ကျောက် ၁၀၀၀ ရခဲ့ပေသည်။
ရှောင်းယီက ထရပ်ကာ အကြောဆန့်လိုက်ပြီး လဲလှယ်မှုကိုစစ်ဆေးရန် အောက်ထပ်သို့ ဆင်းသွားလိုက်၏။ သူ အခုထိ ညစာတောင်မစားရသေးပေ။ အောက်ထပ်ရောက်သောအခါ လူတိုင်းက သူ့ကိုစောင့်နေကြပြီဖြစ်သည်။
“စားကြရအောင်!”
ရှောင်းယီက သူ၏လက်ဝါးကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ အန်းရန်တို့သည်လည်း ချက်ချင်းပင် အုပ်ထားသော အစားအစာအားလုံးကို ဖွင့်လိုက်တော့၏။
ဘေးတစ်ဖက်တွင် ဒူခန်းသည် အခုလေးတင် လဲထားသောအင်္ကျီကို အင်္ကျီတစ်ခါမှ မဝတ်ဖူးသကဲ့သို့ ပွတ်သပ်နေဆဲပင်။
“ဆက်မပွတ်နဲ့တော့။ ခဏနေရင် ပွတ်လွန်းလို့ စုတ်ပြဲသွားဦးမယ်!”
ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်၏။
ထိုအခါ ဒူခန်းက ရှက်ကိုးရှက်ကန်းဖြင့် ပန်းကန်နှင့်တူကို ကောက်ယူပြီး ပင့်သက်ရှိုက်လိုက်သည်။
“အင်္ကျီအသစ်တွေ မဝတ်ရတာကြာပြီ။”
ကျန်းယွင်ထျန်း၏ စနောက်လိုက်သည့်စကားကိုကြားသောအခါ ရှောင်းယီက ဒူခန်းကိုကြည့်လိုက်မိ၏။ ထိုသို့ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများ ကျွတ်ထွက်လုနီးပါးပင် ဖြစ်သွားခဲ့လေသည်။