အခန်း (၃၄၃-၃၄၅)
Vol. 23 Ch. 343-345
အခန်း ၃၄၃
“နောင်တစ်ချိန်ကျရင် မင်းသိလာလိမ့်မယ်။”
ဘူးက အပင်ပန်းခံပြီးရှင်းပြမနေတော့ဘဲ အတွေ့အကြုံများဖြင့် သူ့ကိုယ်တိုင် ဖြည်းဖြည်းချင်း ခံစားရန် ခွင့်ပြုပေးလိုက်သည်။
နောက်ပိုင်းအချိန်များတွင် ဘူးသည် သူတို့အား အခြေခံလိုအပ်ချက်အချို့ကို စတင်ရှင်းပြခဲ့သည်။
အချို့လိုအပ်ချက်များကို အဘယ်ကြောင့်တောင်းဆိုရသည်ကို နားမလည်သော်လည်း လိုက်နာရန်ရမည်သာဖြစ်သည်။
“ဒါပဲ။ ပိုပြီးအသေးစိတ်ကျတဲ့ လိုအပ်ချက်တွေအတွက်ကတော့ ဆရာကြီးအန်းယွဲ့က မင်းတို့ကို လာပြီးရှင်းပြပေးလိမ့်မယ်။”
ဘူးက နိဂုံးချုပ်လိုက်၏။
“အရင်ဆု မင်းတို့မျိုးနွယ်စုကို ဝန်းရံထားတဲ့ တံတိုင်းတစ်ခု အရင်ဆောက်ထားသင့်တယ်။ ဒါမှ သားရိုင်းတိရစ္ဆာန်တွေ ဝင်ရောက်တိုက်ခိုက်မှုကို ကာကွယ်နိုင်လိမ့်မယ်။”
“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်။”
ဖူရှီက လက်အုပ်ချီကာ ပြောလိုက်သည်။
“ရပါတယ်။ စကားမစပ် မင်းဆရာကြီးတစ်ယောက်လောက် သွားရှာဖို့ ငါအကြံပေးချင်တယ်။ မင်းတို့အတွက် တံတိုင်းတစ်ခုကို ပိုပြီးမြန်မြန် တည်ဆောက်နိုင်မယ့် လွယ်ကူအဆင်ပြေတဲ့ ကိရိယာတချို့ကို ငှားရမ်းလို့ရနိုင်လောက်တယ်။”
ဘူးက ပြောလိုက်၏။ ဖူရှီ ခေါင်းညိမ့်လိုက်သည်။
“ကောင်းပြီ ငါသွားလိုက်မယ်။”
ဘူးသည် ရှောင်းယီကို အဘယ်ကြောင့် ဤမျှစိတ်ရင်းမှန်ဖြင့် လိုက်နာနေရသည်ကို မသိသော်လည်း ဖူရှီက ထပ်မမေးရဲတော့ပေ။
ဘူး ထွက်ခွာသွားပြီးနောက် ရှီမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်က မေးလိုက်သည်။
“မှော်ဆရာ ကျွန်တော်တို့ အခုဘာလုပ်သင့်လဲ။”
“နောက်ထပ်ဘာလုပ်ရမှာလဲ။ မင်းက အိမ်တစ်လုံးစီကို အရင်ခွဲဝေပေးပါ။ ငါက အရှင့်ဆီသွားလိုက်မယ်။”
ဖူရှီက ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့”
မျိုးနွယ်စုခေါင်းဆောင်က တုံ့ပြန်လိုက်သည်။ ထို့နောက် ဖူရှီသည် ဘူးပြောပြခဲ့သည့် လမ်းကြောင်းအတိုင်း ရှောင်းယီ၏ဗီလာသို့ ချက်ချင်းပင် လျှောက်သွားခဲ့လိုက်သည်။
မကြာမီ သူသည် တံတိုင်းနားသို့ ရောက်ရှိလာခဲ့သည်။ သတ္တုရောင်တောက်နေသော မြင့်မားသည့် တံတိုင်းကြီးကို ကြည့်ရှုရင်း ဖူရှီ ခဏတာ တုန်လှုပ်သွားခဲ့သည်။
“ရပ်စမ်း! မင်းက ဘယ်သူလဲ”
တံတိုင်းကို စောင့်ကြည့်နေသော ဒေသခံတစ်ဦးက ဖူရှီကိုမြင်သောအခါ ချက်ချင်းပင် မေးမြန်းလိုက်သည်။
“ကျွန်တော်က ဖူရှီပါ၊ အရှင့်ကို အရိုအသေပေးဖို့လာခဲ့တာပါ။”
ဖူရှီက ချက်ချင်းပင် ပြန်ဖြေလိုက်၏။
ထိုလူသည် ဝေါ်ကီတော်ကီကို ထုတ်ယူကာ ရှောင်းယီထံ အစီရင်ခံလိုက်သည်။
“သူ့ကို ဝင်ခွင့်ပေးပြီး လမ်းပြပေးဖို့ လူတစ်ယောက်လွှတ်လိုက်ပါ။”
ရှောင်းယီက ဝေါ်ကီတော်ကီမှတစ်ဆင့် ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့”
မြောက်ဘက်တံခါးကို ဖွင့်လိုက်ပြီးနောက် ဒေသခံတစ်ဦးသည် ဖူရှီနှင့်နှင့်အတူ ဝင်သွားခဲ့သည်။ အတွင်းရှိ အဆောက်အအုံအားလုံးက သူ့အတွက် အလွန်ဆန်းသစ်နေခဲ့သည်။
‘ဒီအပြင်လူတွေမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်။ အထက်တန်းလွှားတွေက သူတို့ကို တိုက်ခိုက်ဖို့ ငါတို့ကို ခိုင်းတာ အံ့သြစရာမရှိဘူး။’
ဖူရှီ စိတ်ထဲမှ ညည်ညူလိုက်မိသည်။
မကြာမီ ဖူရှီ ဗီလာရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ဝင်လာခဲ့။”
ရှောင်းယီ တတိယထပ်မှနေ၍ သူတို့ကို မြင်ခဲ့ပြီးဖြစ်သည်။
လမ်းပြအဖြစ် လိုက်ပါလာသော ဒေသခံက “ဝင်သွားလိုက်ပါ” ဟု ပြောပြီးနောက် ချက်ချင်းပင် ပြန်လှည့်ထွက်သွားခဲ့သည်။ ဖူရှီ တစ်ယောက်တည်းသာ အိမ်ကြီးထဲကို ဝင်သွားခဲ့လိုက်သည်။
ဗီလာ၏ ဧည့်ခန်းထဲသို့ရောက်သောအခါ နေရာတိုင်းတွင် သူမမြင်ဖူးသောအရာများရှိနေကြောင်း သူနားလည်သွားခဲ့သည်။
ထိုစဉ် ရှောင်ယီက အပေါ်ထပ်မှဆင်းလာပြီး “ထိုင်ပါ” ဟု ပြောလိုက်၏။ ရှောင်းယီသည် သားရေဆိုဖာပေါ်တွင် ထိုင်လိုက်သည်ကိုမြင်သောအခါ သူသည်လည်း ဘေးတွင် ဝင်ထိုင်လိုက်သည်။
“တစ်ခုခုဖြစ်ခဲ့တာလား။”
ရှောင်းယီက မေးလိုက်၏။
“အရှင် ကျွန်ုပ်တို့မျိုးနွယ်စုမှာ လူဦးရေအရမ်းများပြားပြီး ရှိပြီးသား ကျောက်တုံးအိမ် သုံးဆယ်က ကျွန်တော်တို့ရဲ့လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပါဘူး။”
ထူရှီက ပြောလိုက်သည်။ ရှောင်းယီ ခေါင်းညိမ့်လိုက်၏။
“ငါ ကျောက်တုံးအိမ်အလုံး ၂၀၀ ထပ်ဆောက်ပေးမယ်။ ဒါနဲ့မှ မလုံလောက်ဘူးဆိုရင်တော့ သစ်သားအိမ်တွေနဲ့ အစားထိုးပေးမယ်။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အရှင်။ ဒါ့အပြင် ဘူးက အရှင့်ဆီက လွယ်ကူအဆင်ပြေတဲ့ကိရိယာတချို့ကို ငှားရမ်းလို့ရတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ တံတိုင်းကို မြန်မြန်ဆန်ဆန် တည်ဆောက်ချင်ပါတယ်။”
“ပြဿနာမရှိပါဘူး။ ငါ အစ်ကိုကျန်းကို ပြောပြီး မင်းကိုပေးဖို့နဲ့ ဘယ်လိုသုံးရမယ်ဆိုတာကို သင်ပေးခိုင်းလိုက်မယ်။”
ရှောင်းယီက ပြန်ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် အရှင်။ နောက်ဆုံးပြဿနာတစ်ခုရှိပါသေးတယ်။ အဲဒါက အစားအစာပါ။ ကျွန်တော်တို့ခရီးထွက်လာတဲ့အခါတုန်းက အစားအစာ အများကြီးမယူလာခဲ့မိဘူး။ ကျွန်တော်တို့လူတွေ တစ်ရက်စာစားဖို့ပဲ လုံလောက်ပါတယ်။”
ဖူရှီက ရှက်ကိုးရှက်ကန်းနှင့် ပြောလိုက်သည်။
မူလက ရှောင်းယီ၏ကျွန်းကို တိုက်ခိုက်ရန် အများဆုံးတစ်ရက်သာကြာမည်ဟု ထင်ခဲ့သော်လည်း လုံးဝရှုံးနိမ့်ပြီး ပြန်လည်တိုက်ခိုက်နိုင်စွမ်းပင်မရှိကြောင်းကိုမူ သူမမျှော်လင့်ထားခဲ့ပေ။
“စားနပ်ရိက္ခာနဲ့ပတ်သက်ပြီးတော့ စိတ်ပူစရာမလိုပါဘူး။ ငါတို့ကျွန်းမှာ အစားအစာမချို့တဲ့ဘူး။ မင်းတို့ကို ရက်အနည်းငယ်လောက်တော့ ကျွေးမွေးထားနိုင်ပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ မင်းတို့ကိုယ်တိုင်ပဲ အားကိုးရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“နားလည်ပါပြီ။ ကျွန်တော်တို့သည် တောထဲမှာရှိတံ တိရစ္ဆာန်တွေကို အမဲလိုက်လို့ရနိုင်မလား။”
ဖူရှီက မေးလိုက်သည်။
ရှောင်းယီသည် ယခင်က သားရဲဘုရင်နှင့် အလွန်ရင်းနှီးသည်ကို မြင်တွေ့ခဲ့ရသဖြင့် တောထဲရှိ တိရစ္ဆာန်များကို အမဲလိုက်ခွင့်မပြုနိုင်မှာကို စိုးရိမ်နေမိသည်။
ရှောင်းယီက ပြုံးလိုက်၏။
“စိတ်မပူပါနဲ့။ တောထဲမှာ သားရဲဘုရင်၊ တပိုင်၊ ပဏ္ဍိတငယ်လေးနဲ့ ရွှေလင်းယုန်နှစ်ကောင်ပဲရှိတယ်။ သူတို့ကိုတော့ မထိနဲ့။ အခြားတိရစ္ဆာန်တွေကို မင်းတို့အမဲလိုက်နိုင်တယ်။ ဒါပေမယ့် အဆင့်မြင့်တဲ့ဟာတွေအများကြီးရှိတာကိုတော့ သတိထားပါ။ သူတို့ရဲ့ပါးစပ်ထဲကို ဝင်မသွားစေနဲ့။”
ရှောင်းယီ၏စကားကို ကြားရသောအခါ ဖူရှီ လုံးဝကြောင်အသွားခဲ့သည်။ တောထဲတွင် ရှောင်းယီ၏ အိမ်မွေးတိရစ္ဆာန်များ အများကြီးရှိနေခြင်းပေလော။
“ညနေစာစားတဲ့အချိန်ကျရင် မင်း ဒီကိုလာစားရမယ်။ သူတို့နဲ့ မိတ်ဆက်ပေးမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့”
ဖူရှီက အလျင်အမြန် တုံ့ပြန်လိုက်၏။
ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် ဘက်စုံသုံးကိရိယာသေတ္တာကို သယ်ဆောင်ကာ လျှောက်လာခဲ့သည်။
“နောက်ထပ်ဘာမှမရှိတော့ဘူးဆိုရင် အစ်ကိုကျန်းနဲ့ လိုက်သွားလို့ရပြီ”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့”
ဖူရှီက ထိုင်နေရာမှထရပ်ကာ ကျန်းယွင်ထျန်းနှင့်အအတူ မြောက်ဘက်သို့ လိုက်သွားခဲ့သည်။
ရှီမျိုးနွယ်စု၏ နေရပ်သို့ရောက်သောအခါ ကျန်းယွင်ထျန်းက ဘက်စုံသုံးကိရိယာသေတ္တာကို ဖွင့်လိုက်သည်။
ဖူရှီနှင့် သူ့လူများသည် မမြင်ဖူးသည့် ကိရိယာများကို ကြည့်ရှုကာ ၎င်းတို့ကို အဘယ်အသုံးပြုရန်မှန်းမသိခဲ့ကြပေ။
ကျန်းယွင်ထျန်းသည် လျှပ်စစ်လွှ၊ လျှပ်စစ်လွန်စသည်ဖြင့် တစ်ခုပြီးတစ်ခု စတင်ရှင်းပြခဲ့သည်။
ကျန်းယွင်ထျန်းက စက္ကန့်ပိုင်းအတွင်း သစ်ပင်တစ်ပင်ကို ခုတ်လှဲလိုက်သည်ကို မြင်သောအခါ ဖူရှီတို့အဖွဲ့ရှိလူများအားလုံး ကြက်သေသေသွားခဲ့ကြသည်။
“မှော်ဆရာ အဲ့ဒါက ဘာလဲ။ ဘာလို့ဒီလောက်တောင် စွမ်းအားကြီးတာရလဲ။”
“ဒီပစ္စည်းနဲ့သာဆိုရင် အနီးအနားက သစ်ပင်တွေကို တစ်ရက်အတွင်း ခုတ်လှဲနိုင်မယ်ထင်တယ်။”
“ဒီဟာရဲ့အသံက တကယ်ကို ကြောက်စရာကောင်းတယ်။”
ကျန်းယွင်ထျန်းက တစ်ကြိမ်ပြသပြီးနောက် ဘေးကင်းရေးကို ဂရုစိုက်ရန် သတိပေးလိုက်သည်။
ဤဘက်စုံသုံးကိရိယာသေတ္တာတွင် ကာကွယ်ရေးအတိုင်းအတာများ ပါရှိသော်လည်း အန္တရာယ်ကို လုံးဝမဖယ်ရှားနိုင်ပေ။ သတိထား၍ အသုံးပြုရန် လိုအပ်ပေသည်။
“ဟုတ်ကဲ့”
ဖူရှီက ပြန်ပြောလိုက်သည်။
“ကောင်းပြီ။ ဒါတွေကို မင်းတို့ဆီ ငါအပ်ထားခဲ့မယ်။ သုံးပြီးရင် ပြန်ပေးရမယ်။ သတိထားပါ။ သစ်သားတွေကို တတ်နိုင်သမျှ နည်းနည်းလေးဘဲ ခုတ်။”
ကျန်းယွင်ထျန်းက သူပြောစရာရှိသည်များကို ပြောဆိုပြီးနောက် သူနှင့်အတူပါလာသော ယွမ်ရှီကိုခေါ်၍ ထွက်ခွာသွားခဲ့သည်။
သဘာဝအတိုင်းပင် ယွမ်ရှိယီသည်လည်း ကျန်းယွင်ထျန်း၏စကားများကို ဘာသာပြန်ပြီးနောက် ထွက်ခွာသွားခဲ့သည်။
ဖူရှီသည် ကိရိယာသေတ္တာထဲရှိ ကိရိယာများကို ကြည့်ရှုကာ စဉ်းစားနေခဲ့သည်။
“မှော်ဆရာ အခုလုပ်ကြတော့မလား။”
မျိုးနွယ်စုခေါင်းဆောင်က မေးလိုက်၏။ ဖူရှီက ခေါင်းညိမ့်ပြလိုက်သည်။
“မြန်မြန်လုပ်လိုက်။ ဒါ့အပြင် ငါက ဒီနေ့ကစပြီး မှော်ဆရာမဟုတ်တော့ဘူး။ မင်းတို့အားလုံး ငါ့ကို ခေါင်းဆောင်လို့ ခေါ်လို့ရတယ်။ တာ့ မင်းကဒုတိယခေါင်းဆောင်ပဲ။ ငါမရှိရင် သူတို့ကို မင်းက ဦးဆောင်ရမယ်။”
မျိုးနွယ်စုခေါင်းဆောင်တာ့က ခဏကြာအောင် တိတ်ဆိတ်သွားပြီးနောက် “ဟုတ်ကဲ့” ဟု တုံ့ပြန်လိုက်၏။
တာ့သည် ထိုအကြောင်းကို ဒေသခံများအားလုံးထံသို့ ပြန်ပြောလိုက်ပြီးနောက် လူတိုင်း ထိတ်လန့်သွားခဲ့ကြသည်။
“ဘာလို့ နောက်ထပ် မှော်ဆရာမလုပ်တော့တာလဲ။”
“နက်မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဘူးက အရင်က ဒီမှာ မှော်ဆရာရာထူး မရှိဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား။”
“မှော်ဆရာမရှိရင် ငါတို့ဘဝတွေက အရင်လိုပြန်ဖြစ်သွားတော့မှာလား။”
“မဖြစ်နိုင်ဘူး၊ ဒီမှာရှိတဲ့ ဆရာကြီးကြီးတွေက အရမ်းအစွမ်းထက်ပုံရတယ်။”
ရှီမျိုးနွယ်စုက သစ်ပင်များကို ခုတ်လှဲကာ ခြံစည်းရိုးတည်ဆောက်နေစဉ် ရှောင်းယီသည် ဈေးကွက်တွင် သာမန်ရေချိုငါးအသားများကို အသုံးပြု၍ ကျောက်တုံးအိမ်ဆောက်လုပ်ရန် ပစ္စည်းကိရိယာများစွာကို လဲလှယ်ခဲ့သည်။
အားလုံးသည် အခြေခံပစ္စည်းများဖြစ်သောကြောင့် စုဆောင်းရမခက်ပေ။ ထို့အပြင် ရှောင်းယီ၏စျေးနှုန်းသည် ပုံမှန်ထက် ၁၀% ပိုမိုလျှော့ချထားသောကြောင့် လုံလောက်သောပစ္စည်းများကို အလျင်အမြန်ပင် စုဆောင်းနိုင်ခဲ့သည်။
ထို့နောက် ကျောက်တုံးအိမ်အလုံး ၂၀၀ ကို ချက်ချင်းတည်ဆောက်ပြီး ရှီမျိုးနွယ်စုရှိရာ ကျွန်း၏မြောက်ဘက်တွင် တိုက်ရိုက်နေရာချလိုက်သည်။
ကျောက်တုံးအိမ်တစ်လုံးသည် ၄၀ စတုရန်းမီတာရှိပြီး ၂၃၀ သည် ၉၂၀၀ စတုရန်းမီတာဖြစ်သည်။ နေရာလွတ်များနှင့် မျိုးနွယ်စု၏ သွားလာလှုပ်ရှားမှုများအတွက် နေရာများကို ထည့်သွင်းလိုက်လျှင် သူတို့အတွက် စတုရန်းမီတာ ၂၀၀၀၀ ခန့် နေရာလွတ်ချန်ထားရန် လိုအပ်ပေသည်။
ရှောင်းယီ၏ကျွန်းသည် စတုရန်းမီတာ ၇.၂ သန်းကျော်သို့ ချဲ့ထွင်ပြီးဖြစ်သောကြောင့်သာ ကံကောင်းခဲ့ပေသည်။ အကယ်၍ ယခင်ကဧရိယာအကျယ်အဝန်းအတိုင်းသာ ရှိနေသေးပါက ရှောင်းယီသည် သူတို့မျိုးနွယ်စုကို ဤကဲ့သို့ နေရာအများကြီးယူရန် ခွင့်ပြုပေးနိုင်မည်မဟုတ်ပေ။
အခန်း ၃၄၄
လူသားများ၏ လှုပ်ရှားသွားလာမှုများအတွက် များပြားလှသောနေရာလွတ်များသည် တောအုပ်ဧရိယာကို မလွဲမသွေသက်ရောက်မှုရှိမည်ဖြစ်သည်။ တောအုပ်ဧရိယာသည် ပစ္စည်းအမျိုးမျိုး၏ ပြန်လည်ဖြည့်တင်းမှု၊ ရှောင်းယီ၏ဖွံ့ဖြိုးတိုးတက်မှုနှင့်ဆက်စပ်နေသောကြောင့် ဤကိစ္စကိုအချိန်ဆွဲ၍မရပေ။
ရှောင်းယီသည် ရှီမျိုးနွယ်စု၏နယ်မြေတွင် တည်ဆောက်ထားသော ကျောက်တုံးအိမ်များ နေရာချထားလိုက်သည်။
အနီးအနားတွင် သစ်ခုတ်နေသော ဖူရှီတို့အဖွဲ့သည် ရုတ်တရက် ကျောက်တုံးအိမ်များပေါ်ပေါက်လာသည်ကို ချက်ချင်းပင် သတိထားမိသွားခဲ့ကြ၏။
ထိုအိမ်များမှာ အစောပိုင်းက ကျောက်တုံးအိမ်များနှင့် အတူတူပင်ဖြစ်သည်။
ဒေသခံများအားလုံးသည် ရုတ်တရက် ပေါ်ပေါက်လာသောကျောက်အိမ်များရှေ့တွင် ဒူးထောက်လိုက်ကြသည်။
“နတ်ဘုရားက တန်ခိုးပြပြီး ဒီလိုအိမ်တွေကိုပေးခဲ့တာပဲ!”
“နတ်ဘုရားကို ကျေးဇူးတင်ပါတယ်!။”
“နတ်ဘုရားက ကျွန်တော်တို့ကို မစွန့်လွှတ်သေးဘူး!”
ဖူရှီက ရုတ်တရက်ပေါ်ပေါက်လာသော အိမ်များကိုကြည့်လိုက်သည်။ သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အထွေထွေလုပ်ဆောင်ချက်ကို သိရှိထားသောကြောင့် အထူးအံ့အားသင့်သွားခဲ့ခြင်းမရှိပေ။
သို့သော် ဤအိမ်များသည် ရှောင်းယီမှ သူတို့အတွက်ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း အသံအကျယ်ကြီးဖြင့် ရှင်းပြခဲ့ခြင်းမရှိပေ။
ယခင်က အညံ့ခံခဲ့ခြင်းသည် အင်အားကြောင့်ကြောက်ရွံ့ခြင်းသာဖြစ်ပြီး သူမသေချင်သောကြောင့်ဖြစ်၏။
ဒါအကုန်ပဲ။
“ကောင်းပြီ။ လူတိုင်းပဲ သစ်ပင်ခုတ်ဖို့မြန်မြန်သွားကြတော့။ မိုးမချုပ်ခင် ရိုးရှင်းတဲ့သစ်သားခြံစည်းရိုးတစ်ခုဆောက်နိုင်ရင် အကောင်းဆုံးပဲ!”
ဖူရှီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့!”
လူတိုင်းကတုံ့ပြန်လိုက်ကြ၏။
ကျောက်တုံးအိမ်များစွာပေါ်ပေါက်လာသည်ကို မြင်လိုက်ရသောအခါ လူတိုင်း စိတ်လှုပ်ရှားသွားကြပြီး ပိုမိုအားတက်လာခဲ့ကြသည်။
ယခင်က ကျောက်တုံးအိမ် အလုံးသုံးဆယ်သာရှိခဲ့ပြီး သူတို့အနားယူရန် မလုံလောက်ပေ။ ယခုမူ ကျောက်တုံးအိမ်များစွာရှိနေပြီဖြစ်ရာ သူတို့တစ်ဦးစီအတွက်နေထိုင်ရန်အိမ်ရှိသည်ဟုပင် ဆိုနိုင်ပေသည်။
ဤကျောက်တုံးအိမ်သည် သူတို့ယခင်ကနေထိုင်ခဲ့သော သစ်သားအိမ်များထက် များစွာသာလွန်ပေသည်။
“တာ့ လူအနည်းငယ်ခေါ်ပြီး ငါတို့ရဲ့စားနပ်ရိက္ခာတွေကို လှေပေါ်ကနေ သွားသယ်လာခဲ့!”
ဖူရှီက အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့!”
တာ့က လူအနည်းငယ်ခေါ်ပြီး ကမ်းခြေဆီသို့ သွားလိုက်သည်။
လူဦးရေများပြားလာပြီး အင်အားပိုမိုကောင်းမွန်လာသောကြောင့် ရှီမျိုးနွယ်စုသည် ၁.၅ မီတာခန့်မြင့်သော ခြံစည်းရိုးတစ်ခုဆောက်လုပ်ပြီး ကျောက်တုံးအိမ်အားလုံးကို ဝန်းရံထားနိုင်ခဲ့သည်။
ခြံစည်းရိုးကိုကြည့်လိုက်သောအခါ လူတိုင်း အနည်းငယ်စိတ်သက်သာရာရသွားခဲ့ကြသည်။
“တာ့ သူတို့ကို သူတို့ဘာသာစားခွင့်ပေးလိုက်။ ပြီးရင်မင်း ငါနဲ့အတူ အရှင့်ဆီသွားရမယ်!”
ဖူရှီက ပြောလိုက်သည်။
“ဟုတ်ကဲ့!”
ဖူရှီသည် တာ့ကိုခေါ်ပြီး ရှောင်းယီ၏ဗီလာဆီသို့ ဦးတည်လာခဲ့သည်။
ဖူရှီတို့ ဗီလာသို့ရောက်လာသောအခါ အခြားလူများအားလုံးလည်း ရောက်ရှိပြီးနေပြီဖြစ်သည်။
လင်းထိန်လင်းနေသောဗီလာကို ကြည့်ရင်း ဖူရှီနှင့်တာ့တို့ လုံးဝကြက်သေသေသွားခဲ့ကြသည်။
“ဒီပစ္စည်းကို မီးသီးလို့ခေါ်တယ်။ လျှပ်စစ်ဓာတ်အားသုံးပြီး အလင်းထုတ်လွှတ်တယ်။”
ကျောက်စရစ်ခဲက သူတို့ဘေးမှ အသံခပ်နိမ့်နိမ့်ဖြင့် ရှင်းပြလိုက်သည်။
“မင်း အခုနားမလည်သေးဘူးဆိုပေမယ့် နောက်ပိုင်းမှာတဖြည်းဖြည်း နားလည်လာလိမ့်မယ်။”
ဖူရှီက ခေါင်းညိမ့်ပြလိုက်သည်။
“ထိုင်ပါ!”
ရှောင်းယီက ပြောလိုက်သည်။ ဖူရှီနှင့် တာ့တို့သည်လည်း စားပွဲဝိုင်းတွင် အတူတကွ ဝင်ထိုင်လိုက်ကြသည်။
စားပွဲပေါ်တွင် အစားအစာများဖြင့် ဖုံးအုပ်ထားပြီး ထိုအစားအစာများမှ ပျံ့လွင့်လာသော မွှေးရနံ့များသည် သူတို့နှစ်ဦးစလုံး၏နှာခေါင်းထဲသို့ စိမ့်ဝင်သွားခဲ့သည်။
“ဂလု!”
တာ့သည် တံတွေမျိုချဘဲ မနေနိုင်ခဲ့ပေ။ တစ်ချိန်တည်းမှာပင် သူ၏ဝမ်းဗိုက်ထဲမှ သံစုံတီးဝိုင်းမှား မြည်လာခဲ့လေသည်။ သူသည် နေ့လယ်ပိုင်းတစ်ခုလုံး အလုပ်လုပ်ခဲ့ရပြီး အစားစားချိန်မရခဲ့ပေ။
ဖူရှီက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး စိတ်ထဲတွက်လည်း အနည်းငယ်စိုးရိမ်သွားခဲ့သည်။
“လူတစ်ယောက် ဆာလောင်လာတဲ့အခါ ဒါကသဘာဝအရ တုံ့ပြန်မှုပါပဲ။ သူ့ကိုအပြစ်မတင်ပါနဲ့!”
ရှောင်းယီက ပြောလိုက်သည်။
“သဘောထားကြီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်!”
ဖူရှီက ပြောလိုက်၏။
“ဒါဆိုရင် ငါ အခုပဲ မိတ်ဆက်ပေးလိုက်မယ်။ မိတ်ဆက်ပြီးတာနဲ့ ချက်ချင်းစားကြတာပေါ့!”
ရှောင်းယီက ပြောလိုက်သည်။
“ပထမဆုံးအနေနဲ့ မင်းတို့အပြင်လူလို့ခေါ်တဲ့ ငါက ဒီကျွန်းရဲ့ပိုင်ရှင်ပဲ။ လူတိုင်းမှာ ထင်မြင်ချက်ဘယ်လောက်ပဲရှိနေပါစေ ငါတစ်ခုခုဆုံးဖြတ်လိုက်ရင် ဘယ်သူမှ ဘာမှပြောနိုင်တော့မှာမဟုတ်ဘူး။”
“ဟုတ်ပါတယ်!”
လူတိုင်းက တုံ့ပြန်လိုက်ကြသည်။
“ဒါကတော့ ယွမ်နွန်ပဲ။ သူက လယ်သမားကြီးတစ်ယောက်ပါ။ သူကစိုက်ပျိုးရေးနဲ့ မွေးမြူရေးမှာ ကျွမ်းကျင်တယ်။ နက်မျိုးနွယ်စုရဲ့ မိတ်ဆွေတွေဆီကနေ ရှန်းနွန်လို့ ဂုဏ်ပြုခြင်းခံထားရတဲ့သူပေါ့။ နောက်ပိုင်းမှာ စိုက်ပျိုးရေးနဲ့မွေးမြူရေးအကြောင်းတွေကို သူက မင်းတို့ကို သင်ပေးလိမ့်မယ်။”
ရှောင်းယီက ယွမ်နွန်ကို ညွှန်ပြကာ ပြောလိုက်သည်။
“ဒါက...”
ရှောင်းယီသည် အန်းယွဲ့နှင့် အခြားသူများကို တစ်ဦးစီမိတ်ဆက်ပေးခဲ့ပြီး ဖူရှီကလည်း တစ်ဦးချင်းစီကို နှုတ်ဆက်ခဲ့သည်။
“နောက်တစ်ခုကတော့ ငါတို့ကျွန်းရဲ့ အစောင့်အရှောက်သားရဲ ဝမ်ချိုင်ပဲ။ ဝမ်ချိုင် ဝင်လာပြီး မျက်နှာပြလိုက်ပါဦး။”
ရှောင်းယီက အပြင်ဘက်ကိုအော်ပြောလိုက်၏။
“ဝုတ်! ဝုတ်!”
ဝမ်ချိုင်က တုံ့ပြန်ပြီး ပြေးဝင်လာခဲ့သည်။
တကယ်တမ်းတွင် ဝမ်ချိုင်တို့အဖွဲ့သည် ခုနက ဗီလာခြံဝင်းထဲတွင် စားသောက်နေခဲ့ကြခြင်းဖြစ်ပေသည်။ ခြံဝင်းထဲတွင် မီးအလင်းရောင်မရှိပေ။ ထို့အပြင် ဖူရှီတို့သည် ဗီလာတံခါးဝသို့ ရောက်သည့်နှင့် ဗီလာထဲကအလင်းတရောင်များ၏ဆွဲဆောင်မှုကို ခံလိုက်ရသောကြောင့် သူတို့ကိုသတိမထားမိခဲ့ကြပေ။
ဝမ်ချိုင်က သူ၏အမြီးကိုလှုပ်ယမ်းရင်း ရှောင်းယီနားသို့ရောက်လာပြီး ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်သည်။
“ဒါက ဝမ်ချိုင်ပဲ။ တရုတ်ကျေးလက်ခွေးတစ်ကောင်ပေါ့။ သူက အစကတည်းကငါနောက်ကို လိုက်ခဲ့တာ။”
ရှောင်းယီက ဝမ်ချိုင်၏ခေါင်းကို ပွတ်သပ်ရင်းပြောလိုက်သည်။
“ဝက်ဝံ!”
တာ့က ကြောက်လန့်တကြားအော်ဟစ်ပြီး ထရပ်ကာ ထွက်ပြေးမိမလိုပင် ဖြစ်သွား၏။ ဖူရှီက သူ့ကို ချက်ချင်းဖိချထားခဲ့ရသည်။
“ဒါက တပိုင်တဲ့။ ပိုလာဝက်ဝံဖြူတစ်ကောင်ပေါ့။”
ရှောင်းယီက မိတ်ဆက်ပေးလိုက်သည်။
“သားရဲဘုရင် သူ့ကိုတော့ မင်းသိပါတယ်။”
“ဝေါင်း!”
သားရဲဘုရင်က ဖူရှီကိုကြည့်က ဟိန်းဟောက်လိုက်သည်။
ဖူရှီ၏ ဂန္ဓာမာပန်းလေးပင် အနည်းငယ်တင်းမာသွားခဲ့သည်။
“ကောင်းပြီ မင်းတို့ အပြင်ပြန်သွားပြီး ဆက်စားကြတော့!”
ရှောင်းယီက သူတို့သုံးယောက်နှင့် ထမင်းစားခန်းတစ်ခုလုံး ပြည့်လုနီးပါးဖြစ်နေသည် တွေ့လိုက်ရသောကြောင့် ပြောလိုက်သည်။
ဝမ်ချိုင်တို့ ထွက်သွားပြီးနောက် အပြင်ဘက်မှ ငှက်ကြီးနှစ်ကောင် ပျံသန်းဝင်ရောက်လာခဲ့သည်။
“ဒါက ခွန်းယွီ၊ ဒါက ဟွားဖုန့် ရွှေလင်းယုန်နှစ်ကောင်ပေါ့။”
ရှောင်းယီက ဆက်ပြောလိုက်သည်။ ဖူရှီမှာမူ ချွေးစေးများနှင့် ပြည့်နှက်နေပြီဖြစ်သည်။
ထိုသားရဲငါးကောင်သည် သူ့ကို ဖိအားများစွာပေးခဲ့သည်။ သားရဲဘုရင်သည် သူတို့ထဲတွင် အဆင့်အနိမ့်ဆုံးဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။
ရှောင်းယီသည် တပိုင် သို့မဟုတ်ရွှေလင်းယုန်များကို တာဝန်ပေးပြီး သူတို့ကိုတိုက်ခိုက်ခိုင်းခဲ့ပါက သူတို့သည် ပို၍ပင် မြန်ဆန်စွာ ရှုံးနိမ့်သွားနိုင်ပေသည်။
ဤအချိန်တွင် ဖူရှီတွင် ခုခံရန်အတွေးများ လုံးဝမရှိတော့ပေ။ သူသည် ခိုင်မာမှုရှိ၊မရှိဟူသော မေးခွန်းမျိုးမဟုတ်တော့ဘဲ သူ့ကို လုံးဝဖျက်ဆီးလိုက်ခြင်းပင်ဖြစ်သည်။
ဖူရှီသည် ရှောင်းယီ မိတ်ဆက်ပြီးပြီဟု ထင်နေချိန်တွင် ရှောင်ယီက ထပ်ပြောပြန်လိုက်သည်။
“Qinglong လည်းရှိသေးတယ်။ ငါသူ့ကိုပြောထားပေမယ့် သူလာမလားတော့ မသိဘူး။”
ရှောင်းယီက အပြင်ဘက်ကိုကြည့်ပြီး အော်ခေါ်လိုက်သည်။
“ချင်းလုံ?”
ဟူး!
ငါးညှီနံ့များရောယှက်နေသည့် လေထုတစ်ခုနှင့်အတူ ဗီလာအပြင်ဘက်မှ ဧရာမနဂါးခေါင်းကြီးတစ်ခု တိုးဝင်လာခဲ့သည်။
ဖူရှီနှင့် တာ့တို့သည် အပြင်ဘက်ခုံများတွင် ထိုင်နေကြခြင်းဖြစ်ပြီး နောက်လှည့်ကာကြည့်လိုက်ကြပြီးနောက် နဂါးခေါင်းကြီးကိုမြင်လိုက်ရသောအခါ လုံးဝထိန့်လန့်ကြောင်အ,သွားကြတော့သည်။
“ဒါက ချင်းလုံပဲ။ ငါက အခြေခံအားဖြင့် ကမ်းခြေဘက်ကိုမလာဖြစ်ဘူး။ ဒီနေ့တော့ မင်း ငါ့ကိုမျက်နှာသာပေးလိုက်တာပဲ!”
ရှောင်းယီက ပြုံးရယ်ကာ ပြောလိုက်သည်။ ထို့နောက် ချင်းလုံအတွက် SS အဆင့်ရေသန့် ၅၀၀ မီလီကို ခွက်တစ်လုံးထဲသို့ လောင်းထည့်ပေးလိုက်၏။ ချင်းလုံက ထိုခွက်ကို ကောက်ယူပြီးထွက်ခွာသွားခဲ့သည်။
ယွမ်ရှီက ဘေးမှ တစ်ရှူးစက္ကူတစ်ခုယူလိုက်ပြီး ဖူရှီနှင့် တာ့ကိုပေးပြီး “သုတ်လိုက်ဦး” ဟု ပြောလိုက်သည်။
ဖူရှီနှင့် တာ့တို့သည် ချွေးများဖြင့် စိုရွှဲနေကြပြီဖြစ်သည်။ ဖူရှီသည် သူ၏တုန်ယင်နေသောလက်ဖြင့် တစ်ရှူးစက္ကူကို ယူလိုက်ပြီး ဆက်တိုက်ထွက်နေသောချွေးများကို သုတ်လိုက်သည်။
ဒီဧရာမသားရဲကြီးသာ သူတို့ရဲ့သင်္ဘောကို ပင်လယ်ကြမ်းပြင်ကနေ တိုက်ခိုက်ခဲ့မယ်ဆိုရင်...
ဖူရှီ ဆက်တွေးဝံ့ခြင်းမရှိတော့ပေ။
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ကောင်းပြီ။ မိတ်ဆက်တာက ဒီမှာပြီးသွားပြီ။ မင်းတို့ဒေသခံတွေကတော့ ကိုယ်တိုင်ပဲ မိတ်ဆက်လိုက်ကြပါ။!”
ထိုအခါ ယွမ်ရှီက ပြောလိုက်သည်။
“ငါက နက်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်အယဟောင်း ယွမ်ရှီ။ အခုတော့ အရှင့်ရှောင်းယီရဲ့အစေခံပေါ့!”
ထို့နောက် ဘူးက ဖူရှီကိုခေါင်းညိမ့်ပြပြီး ပြောလိုက်သည်။
“ငါက နက်မျိုးနွယ်စုရဲ့ခေါင်းဆောင် ဘူးပါ။”
“ငါက ဝက်ဝံမျိုးနွယ်စုရဲ့ခေါင်းဆောင် လီပါ။”
နောက်ထပ်ဒေသခံတစ်ယောက်က ကိုယ့်ကိုယ်ကိုမိတ်ဆက်လိုက်သည်။
“ကိုယ့်ကိုယ်ကိုလည်း မိတ်ဆက်လိုက်ပါဦး!”
ရှောင်းယီက ဖူရှီကိုကြည့်ကာ ပြောလိုက်၏။
ဖူရှီက သူမျက်နှာပေါ်ရှိချွေးများကို နောက်တစ်ခါထပ်သုတ်လိုက်ပြီး ပြောလိုက်သည်။
“ငါက ရှီမျိုးနွယ်စုရဲ့ခေါင်းဆောင် ဖူရှီပါ။ ဒါက ဒုခေါင်းဆောင် တာ့ပါ။”
ရှောင်းယီက ခေါင်းညိမ့်လိုက်၏။
“မှန်တယ်၊ ကိုယ်တိုင်အတွက် လက်ထောက်တစမယောက်လောက်တော့ ခန့်ထားရမယ်။ ကောင်းပြီ နောက်ပိုင်းမှာ လူတိုင်းပဲ ဒီကျွန်းကိုအတူတကွစီမံပေးမယ်လို့ မျှော်လင့်ပါတယ်။ ခွက်တွေမြှောက်ပြီး အတူတူသောက်ကြရအောင်။”
ဖူရှီတို့သည် အရက်သောက်သည့် စည်းမျဉ်းများကို မသိသော်လည်း ယွမ်ရှိတို့၏အပြုအမူများကိုကြည့်ပြီး လိုက်လုပ်နိုင်ခဲ့ပေသည်။
လူတိုင်း သူတို့၏ခွက်များကို ကောက်ယူပြီး တစ်ကျိုက်တည်း မော့သောက်ချလိုက်ကြသည်။
ရှောင်းယီက သောက်ပြီးနောက် သူ၏ပါးစပ်ကို ပွတ်သပ်ကာ ပြောလိုက်၏။
“ဒီအသီးဝိုင်ကတောင် သောက်စရာနဲ့ပိုတူသေးတယ်။ တကယ်ကို စိတ်မကောင်းစရာပဲ။”
“အစ်ကိုယီ ခဏလေးပဲစောင့်။”
ထိုသို့ပြောပြီးနောက် ဒူခန်းက ချက်ချင်းပင် ထရပ်ပြီး ပြေးထွက်သွားခဲ့သည်။ ခဏကြာတွင် သူသည် ပုလင်းတစ်လုံးကိုင်ကာ အပြေးပြန်ရောက်လာခဲ့လေသည်။
ဒူခန်းကိုင်ထားသည့်ပုလင်းကိုကြည့်ရင်း ရှောင်းယီ၏မျက်လုံးများ တောက်ပသွားခဲ့တော့လေသည်။
အခန်း ၃၄၅
“ပြီးသွားပြီလား။”
ရှောင်းယီက ဒူခန်းလက်ထဲကပုလင်းကိုကြည့်ရင်း အံ့အားသင့်စွာမေးလိုက်သည်။
ဒူခန်းက ယုံကြည်မှုအပြည့်နှင့် ပြောလိုက်၏။
“ဒါပေါ့၊ အရင်က မင်းက ဒီမှာအချိန်က အရင်ကလိုမဟုတ်ဘူးလို့ ပြောဖူးတယ်။ ဒါပေမယ့် အဲ့အချိန်တုန်းက ငါမယုံသေးဘူး။ အခုတော့လုံးဝယုံသွားပြီ။”
ဒူခန်းက လူတိုင်းကို သောက်စရာများ လောင်းထည့်ပေးရင်း ရှင်းပြလိုက်သည်။
ဘီယာထုတ်လုပ်မှုသည် မုယောစပါးကို အညှောင့်ဖောက်ခြင်းနှင့် စတင်ခြင်းဖြစ်သည်။ မုယောစပါးကနေ အညှောင့်ထွက်လာရန်မှာ ၁၀ ရက်ခန့်ကြာပေသည်။ ထို့နောက် ဆေးသကြားနှင့် ဂျယ်လတင်ဖြစ်အောင်လုပ်ရသည်။ ဤလုပ်ငန်းစဉ်သည် အတန်အသင့်မြန်ဆန်ပေသည်။
ပြီးလျှင် ကစော်ဖောက်ခြင်းက တစ်ပတ်ခန့် ကြာပေသည်။ ကစော်ဖောက်ပြီးလျှင် တဆေးများကိုပြန်ရှာပြီး နောက်ဆုံးကစော်ပြန်ဖောက်ရသည်။ နောက်ဆုံးကစော်ဖောက်ချိန်သည် တစ်ပတ်မှ သုံးပတ်ခန့်ကြာပေသည်။ နောက်ဆုံးတွင် စစ်ထုတ်ပြီး ထုတ်ပိုးရပေလိမ့်မည်။
တနည်းအားဖြင့် ဤလုပ်ငန်းစဉ်အတွက် အတိုဆုံးအချိန်ကာလမှာ ၂၄ ရက်ဖြစ်ပေသည်။
တစ်ရက်ကို တစ်လနှုန်းနှင့်တွက်လျှင် ဘီယာထုတ်လုပ်မှုကို တစ်ရက်အတွင်းမှာပင် ပြီးအောင်လုပ်နိုင်ပေသည်။
ရှောင်းယီက သူ့ခွက်ထဲရှိ အမြုပ်အလွှာပါးပါးလေးဖြင့် ဖုံးအုပ်ထားသော နောက်ကျိကျိလိမ္မော်ရောင်အရည်များကိုကြည့်ရင်း ပျော်ရွှင်စွာဖြင့် အရသာခံကာ နည်းနည်းချင်းစီ စုပ်သောက်လိုက်သည်။
“ဘီယာ (C အဆင့်) - ကုန်ကြမ်းအဖြစ် A အဆင့်ဂျုံကို အသုံပြုထားသော်လည်း အသုံးပြုထားတဲ့ တဆေးနှင့်ရေက သာမန်အဆင့်ဖြစ်တဲ့အတွက် အဆင့်ကျသွားပါတယ်။”
“မဆိုးဘူး!”
ရှောင်းယီက ဝမ်းသာအားရ ပြောလိုက်၏။ ကျန်သည့်သူများသည်လည်း သဘာဝအတိုင်း နည်းနည်းချင်းစီ စုပ်သောက်လိုက်ကြသည်။ ယွမ်နွန်တို့အဖွဲ့သည်လည်း ပျော်ရွှင်မှုကို ခံစားနေကြရပုံပင်။ သူတို့အားလုံးသည် ဘီယာကို တစ်နည်းနည်းနှင့် သောက်ဖူးကြသည်ချည်းပင်။
“ဒါက အရင်ကသောက်ဖူးတဲ့ဘီယာထက်ပိုကောင်းသလိုပဲ။”
ဆုဝမ်က မသေချာဟန်ဖြင့် ပြောလိုက်သည်။ ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်၏။
“သေချာတာပေါ့၊ ဒါက Cအဆင့်ဘီယာပဲ။”
ရှောင်းယီ၏စကားကိုကြားသောအခါ ဒူခန်း ကြောင်အသွားခဲ့သည်။ ဘီယာတွင်အဆင့်ရှိနေသောကြောင့်မဟုတ်ဘဲ ဤဘီယာ၏အဆင့်က အရမ်းနိမ့်နေသောကြောင့်ပင်။
သူသုံးထားသည့်ကုန်ကြမ်းက A အဆင့်ဂျုံဖြစ်ကြောင်း သိထားရပေမည်။
“ဘီယာရဲ့အဆင့်က ဘာလို့ ဒီလောက်ထိကျသွားသွားတာလဲ!”
ဒူခန်းက မယုံနိုင်ဖြစ်နေခဲ့သည်။ ရှောင်းယီက ရှင်းပြလိုက်၏။
“တဆေးနဲ့ရေရဲ့အဆင့်တွေက အရမ်းနိမ့်နေလို့ပဲ။ အဲ့ဒါကြောင့် စုစုပေါင်းအဆင့်က ကျသွားခဲ့တာ။”
ဒူခန်း ရုတ်တရက် သောပေါက်သွားပြီး ဆက်ပြောလိုက်သည်။
“ခင်ဗျားတို့အခုသောက်နေတဲ့ဘီယာက တကယ်တော့အပြည့်အစုံတဲ့ ဘီယာမဟုတ်သေးဘူး။ အမြှုပ်တွေတိုးဖို့၊ ဗြစ်ရည်(wort)ကို သန့်စင်ဖို့၊ အရသာနဲ့ပိုးမွှားကင်းစင်အောင်လုပ်ပေးတဲ့ ပါဝင်ပစ္စည်းတစ်ခု ကျန်နေသေးတယ်။”
“အဲ့ဒါကြောင့် ဒီဘီယာမှာအမြှုပ်မတွေ့ရတာကိုး။ ဒါက နည်းနည်းနောက်ကျိကျိဖြစ်နေသေးတယ်။”
ရှောင်းယီက အံ့အားသင့်သွားကာ မေးလိုက်သည်။
“ပါဝင်ပစ္စည်းတွေကဘာတွေလဲ။ ငါရှာကြည့်ပေးမယ်။”
“ဟော့စ် (Hops)!”
ဒူခန်းက ပြန်ဖြေလိုက်သည်။
“ရှေးခေတ်တုန်းကတော့ အဲ့ဒါကို ဟော့စ်လို့ခေါ်တယ်။ နှစ်ရှည်ခံ ဆေးဖက်ဝင်အပင်တွေပဲ။ ငါတို့ ဘိုးဘေးတွေက ဆေးအဖြစ်သုံးခဲ့တယ်။ အဲ့ဒါက အစာချေစနစ်ကောင်းစေတယ်၊ ချွဲကျစေတယ်၊ ချောင်းဆိုးပျောက်စေတယ်၊ တီဘီရောဂါကာကွယ်တယ်၊ စိတ်ငြိမ်စေတယ်၊ ဆီးရွှင်စေတယ်။”
“ကြည့်ရတာ ဘီယာကို ဝါးအရက်လို့လည်းခေါ်လို့ရသားပဲ!။”
ရှောင်းယီက ထိုစကားကိုကြားပြီး ပြုံးရယ်ကာ ပြောလိုက်သည်။
လူတိုင်း ခေါင်းညိမ့်လိုက်ကြ၏။
ကျောက်စရစ်ခဲတို့လူငါးယောက်သည်လည်း ဘီယာစမ်းသောက်ကြည့်လိုက်ပြီး သူတို့၏မျက်နှာများမှာ အနည်းငယ် ရုပ်ဆိုးသွားကြသည်။
“အရှင် ဒီဟာက ဘာလို့ဒီလောက်တောင် အရသာဆိုးရတာလဲ။”
ယွမ်ရှီက ရှုံ့မဲ့နေသောမျက်နှာဖြင့် ပြောလိုက်သည်။
ဖူရှီက ယွမ်ရှီကိုကြည့်ရင်း ထိတ်လန့်သွား၏။
ဒီဟာက အရသာဆိုးတယ်လို့ ဘာလို့တိုက်ရိုက်ပြောရတာလဲ!
အရှင်က ဒေါသထွက်ပြီး သူ့ကိုသတ်မှာမကြောက်ဘူးလား။
သို့သော်လည်း ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
“ဒါက အရမ်းကောင်းတဲ့ပစ္စည်းပဲ။ ဒါကို ဘီယာလို့ခေါ်တယ်။ အလွန်အကျွံမသောက်ရင် လူ့ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးတွေရှိတယ်။ နောက်ပိုင်းမှာ မင်း သူ့ကိုချစ်မိသွားလိမ့်မယ်!။”
ယွမ်ရှီတို့လူငါးယောက်၏ နှုတ်ခမ်းထောင့်များ အနည်းငယ်တုန်ယင်သွားပြီး အားလုံးတစ်စိတ်တည်းတွေးမိလိုက်ကြသည်။
‘ဒီဟာကိုတော့ ငါသေချာပေါက်ချစ်မိမှာမဟုတ်ဘူး!’
သူတို့၏မျက်နှာအမူအရာများကိုကြည့်ရင်း ရှောင်းယီက သူတို့ဘာတွေးနေမှန်းသိသော်လည်း ကိစ္စတော့မရှိပေ။
စစ်မှန်တဲ့အမွှေးရနံ့ ဥပဒေသအောက်ကနေ ဘယ်သူက လွတ်မြောက်နိုင်မှာလဲ။
“လူတိုင်းပဲ စားကြရအောင်!”
ရှောင်းယီက ပြောလိုက်သည်။
လူတိုင်း တစ်ယောက်ပြီးတစ်ယောက် သူတို့၏တူများကို ကောက်ကိုင်ကာ စားသောင်လိုက်ကြသည်။
ကျောက်စရစ်ခွတို့မှာမူ တူကို အသုံးပြုရာ၌ သိပ်မကျွမ်းကျင်သေးပေ။ ထို့ကြောင့် သူတို့အတွက် ဇွန်း၊ခက်ရင်းများ ပြင်ဆင်ပေးထားခဲ့သည်။
ဖူရှဌ အသားတစ်တုံးကိုခက်ရင်းနှင့်ထိုးပြီး ပါးစပ်ထဲထည့်လိုက်၏။ နှစ်ခါလောက်ဝါးပြီးနောက် သူ၏ လှုပ်ရှားမှုအားလုံး ရပ်တန့်သွားခဲ့သည်။
အရမ်းကောင်းတယ်!
ထိုအရာမှာ ပထမဆုံးခံစားချက်ပင်။
ဝါးပြီးနောက် မျိုချလိုက်သောအခါ သူ၏ဗိုက်ထဲမှ အပူလှိုင်းတစ်ခု ထိုးထွက်လာခဲ့သည်။
“ဒါက အဆင့်မြင့်အစားအစာပဲ!”
ဖူရှီသည် ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်ကနေတစ်ဆင့် ထိုအကြောင်း အများကြီးသင်ယူထားခဲ့ပေသည်။
ယွမ်ရှီက ဖူရှီ၏လှုပ်ရှားမှုတွေကိုကြည့်ပြီး ပြုံးကာပြောလိုက်သည်။
“အံ့ဩမနေနဲ့ အရှင့်ရဲ့စာချုပ်ချုပ်ထားသူတစ်ယောက်အနေနဲ့ ငါတို့က ဒီဟာတွေကို မကြာခဏစားခွင့်ရတယ်။”
“မကြာခဏ? ဒီအဆင့်မြင့်အစားအစာတွေကို ရဖို့ဆိုတာ မလွယ်ဘူးမဟုတ်လား။”
ဖူရှီက ပြောလိုက်သည်။
“အခြားသူတွေအတွက်တော့ သေချာပေါက်မလွယ်ကူဘူး။ ဒါပေမယ့် အရှင့်အတွက်တော့ အရမ်းလွယ်ကူတယ်!။”
ယွမ်ရှီက ပြန်ဖြေလိုက်သည်။
“သားရဲဘုရင်က သူဖမ်းထားတဲ့ အမဲလိုက်သားကောင်တွေကို နေ့တိုင်းပို့ပေးတယ်။”
ဖူရှီက ခေါင်းညိမ့်လိုက်သည်။
သားရဲဘုရင်က သူ့ကိုဖမ်းချင်တယ်ဆိုရင် တကယ်ကိုရိုးရှင်းတယ်။
သို့သော်လည်း ရှောက်းယီသည် အမှန်တကယ် ဤကဲ့သို့ အဆင့်မြင့်အစားအစာများအား သူတို့ကိုပေးမည်ဟု မျှော်လင့်မထားမိခဲ့ပေ။
“ငါ့ကျွန်းပေါ်မှာ တခြားအတွေးတွေ မရှိဘဲ ကျွန်းပေါ်မှာ အေးအေးချမ်းချမ်းနဲ့ ဖွံ့ဖြိုးအောင်လုပ်နိုင်သ၍ ငါက အကောင်းဆုံးအခြေအနေတွေနဲ့ ထောက်ပံ့ပေးမယ်!”
ရှောင်းယီက လက်ထဲရှိတူကိုချကာ ပြောလိုက်၏။
ဖူရှီက လေးလေးနက်နက် ခေါင်းညိမ့်လိုက်သည်။ ဤအချိန်တွင် သူသည် ရှောင်းယီထံတွင် အမှန်တကယ်အညံ့ခံလိုက်ပြီဖြစ်သည်။
ရှောင်းယီကို တိုက်ခိုက်ရန်အတွက် နတ်ဘုရား၏ ညွှန်ကြားချက်များကို လိုက်နာခဲ့ခြင်းမှာလည်း ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက်ပင်ဖြစ်ပေသည်။ စစ်မတိုက်ရဘဲနှင့် ဤကဲ့သို့ ကောင်းမွန်သည်ြ ဖွံ့ဖြိုးတိုးတက်မှုကို ရနိုင်သည်ဆိုလျှင် စစ်ကို အဘယ်ကြောင့် လိုအပ်ပါမည်နည်း။
နောက်တစ်လှမ်းဆုတ်ပြီး ဤကျွန်းကို သိမ်းပိုက်နိုင်ခဲ့လျှင်ပင် သူတို့သည်လည်း အသက်ရှင်ကျန်ရစ်နိုင်မည် မဟုတ်ပေ။ ဤနေရာရှိသားရဲများ၏ အဆင့်မှာ အရမ်းမြင့်မားပြီး သူတို့ထဲရှိ တစ်ကောင်ကတည်းကပင် သင့်ကိုနင်းချေဖျက်ဆီးနိုင်ပေသည်။
ယခု ရှောင်းယီနှင့် စာချုပ်ချုပ်လိုက်ရခြင်းကြောင့် အခြားလူများ၏ တုံ့ပြန်မှုများအရ ဤစာချုပ်သည် အလွန်ချောင်လည်ပြီး ကန့်သတ်ချက်များမှာ လုံးဝမရှိသလောက်ပင်။
ဤကဲ့သို့ ကောင်းမွန်သည့် အခြေအနေမျသာရှိလျှင် သာမန်လူများက သေချာပေါက်ရွေးချယ်မှုတစ်ခုလုပ်မည်ဖြစ်သည်။
ဖူရှီက ဝိုင်ခွက်ကို ကောက်ယူပြီး ထရပ်လိုက်၏။ ဒုခေါင်းဆောင်ကလည်း သူ့ဘေးတွင် ထရပ်လိုက်သည်။
“အရှင် ကျွန်တော်ဖူရှီက ရှီမျိုးနွယ်စုကို ကိုယ်စားပြုပြီး သစ္စာခံမှုကို ဖော်ပြပါတယ်။ ဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ပါဘူး!။”
ဖူရှီက ပြောလိုက်၏။
“ကောင်းပြီ!”
ရှောင်းယီ ဝိုင်ခွက်ကို ကောက်ယူကာ မြှောက်ပြလိုက်ပြီး ပြောလိုက်သည်။
ထို့နောက် အားလုံး သောက်လိုက်ကြ၏။
ဖူရှီနှင့် တာ့တို့သည် ရှောင်းယီ၏ အမူအရာကို အတုယူပြီး တစ်ကျိုက်တည်း မော့သောက်ချလိုက်သည်။
“ထိုင်ပြီး စားကြပါ။ ဒီတစ်ခါ မင်းတို့ရဲ့တိုက်ခိုက်ရေးသမားအားလုံးကို ခေါ်လာခဲ့တာလား။”
ရှောင်းယီက မေးလိုက်သည်။ ဖူရှီက ခေါင်းညိမ့်ပြီး ပြန်ဖြေ၏။
“သူတို့က တကယ်ကို တိုက်ခိုက်ရေးသမားတွေပါပဲ။”
“မင်းရဲ့ဖွံ့ဖြိုးတိုးတက်မှုကို မနှောင့်နှေးစေဖို့ ရှိပြီးသားဝန်ထမ်းတချို့ကိုရွေးပြီး ငါတို့ဘာသာစကားကို သင်ယူခိုင်းလိုက်ပါ။ ပြီူရင် လယ်သမားတွေဆီကနေ စိုက်ပျိုးရေးအသိပညာတွေကို သင်ယူသင့်တယ်။!”
ရှောင်းယီက အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။
“ကျွန်တော် အရှင့်ရဲ့အမိန့်ကို နာခံပါ့မယ်!”
ဖူရှီက ပြန်ဖြေလိုက်သည်။ ထိုအခါ ဘေးတစ်ဖက်တွင်ရှိနေသော ဘူးက ပြောလိုက်၏။
“ဒီကိစ္စကိုအချိန်ဆွဲလို့မရဘူး။ ရှန်းနွန် သင်ကြားပေးတဲ့အသိပညာတွေသင်ယူပြီးရင် ငါတို့ရဲ့ အစားအစာပြဿနာအတွက် စိုးရိမ်စရာမလိုတော့ဘူး။”
“အစားအစာအတွက် စိုးရိမ်စရာမလိုတော့ဘူးလား။”
ဖူရှီက ဤစကားများမှာ အနည်းငယ်ချဲ့ကားထားသည်ဟု ခံစားလိုက်ရသည်။
ဆောင်းရာသီရောက်လာလျှင် အရာအားလုံးညှိုးနွှမသွားပြီး တိရစ္ဆာန်များမှာ မည်သည့်နေရာတွင် ပုန်းခိုသွားသည်ကိုပင် သိကြတော့မဟုတ်ပေ။
အစားအစာအတွက် ဘာလို့မစိုးရိမ်ရမှာလဲ။
ဘူးက ပြုံးကာ ပြောလိုက်သည်။
“စိုက်ပျိုးရေးဆိုတာ ရာသီဥတုသင့်တော်တဲ့အချိန်မှာ လယ်ယာစိုက်ပျိုးခြင်းကနေတစ်ဆင့် အစားအစာပိုမိုရရှိအောင်ကူညီပေးနိုင်တယ်။ ပြီးတော့ ဒီအစားအဈာတွက ရှည်လျားတဲ့ဆောင်းရာသီကို ကျော်ဖြတ်ရာမှာ ကူညီပေးနိုင်တယ်!။”
ထိုစကားလုံးများသည် ဖူရှီအတွက် အလွန်စိမ်းနေသေးပေသည်။ ထို့ကြောင့် ဘူးက ဆက်ပြောလိုက်၏။
“အရှင်တို့ရဲ့ဘာသာစကားသင်ယူပြီးသွားရင် မင်းနားလည်သွားလိမ့်မယ်!။”
ဖူရှီက ခေါင်းညိမ့်လိုက်သည်။
လူတိုင်း ညစာစားပြီးနောက် ပြန်သွားခဲ့ကြသည်။
ဖူရှီသည်လည်း သူ့မျိုးနွယ်စုဆီပြန်သွားပြီး လူအားလုံးကိုခေါ်ကာ စုရုံးစေလိုက်သည်။ ထို့နောက် သူတို့ကို ဝေ့ကြည့်ပြီး မေးခွန်းတစ်ခု မေးလိုက်၏။
“လူတိုင်းပဲ ဒီကျောက်တုံးအိမ်တွေကို ဘယ်သူပေးတာလဲဆိုတာ သိကြလား။”
“သေချာပေါက် နတ်ဘုရားက ပေးတာပဲပေါ့။ ဒီလိုမဟုတ်ရင် ဘာလို့ ရုတ်တရက်ကြီး ပေါ်လာရမှာလဲ။”
တစ်စုံတစ်ယောက်က သူ၏မေးခွန်းကို ပြန်ဖြေလိုက်လေသည်။