အခန်း (၃၄၀-၃၄၂)
Vol. 23 Ch. 340-342
အခန်း ၃၄၀
ဒူခန်း၏ပါရမီဖွင့်ဆိုချက်ကို ကြည့်ရှုရင်း ရှောင်းယီ နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေးသွားခဲ့သည်။
၁၆ ဆဆိုတာ ဘယ်လိုအယူအဆမျိုးလဲ။
တူညီသည့်အစားအစာကို စားသုံးသောအခါ သာမန်လူများ၏ စုပ်ယူပြီး ပြောင်းလဲနိုင်သည့်စွမ်းအင်မှာ ၁ ဖြစ်ပြီး သူ့အတွက်မှာမူ ၁၆ ဖြစ်ပေသည်။
တူညီသည့်အဆင့်မြင့်အစားအစာများကို စားသုံးသောအခါ အခြားသူတစ်ယောက်သည် ခန္ဓာကိုယ်တိုးတက်ရန် တစ်လလောက်ကြာမြင့်မည်ဖြစ်သော်လည်း သူကတော့ နှစ်ရက်အတွင်း အဆင့်မြှင့်တင်နိုင်၏။
ဒူခန်းက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြန်ပြောလိုက်၏။
“လယ်သမားကြီးတွေရဲ့ အကူအညီနဲ့ ဝိုင်ချက်တဲ့နေရာမှာ အခြားပြဿနာတွေ သိပ်မရှိတော့ပါဘူး။”
ရှောင်းယီက ခေါင်းညိမ့်ကာ ပြောလိုင်သည်။
“ဒီကမ္ဘာရဲ့အချိန်စက်ဝန်းက ငါတို့အရင်ကမ္ဘာနဲ့ ကွဲပြားနိုင်တယ်။ မင်း အရင်ဆုံး အသေးစားစမ်းသပ်ကြည့်တာ အကောင်းဆုံးပဲ။ ဒီမှာ ကစော်ဖောက်တဲ့အချိန်က အတော်လေး တိုနိုင်တယ်။”
“ဦးလေးယွမ်ကိုယ်တိုင်ကလည်း ဒီအကြောင်း ကျွန်တော့်ကို သတိပေးထားပြီးသားပါ။ ကျွန်တော်လည်း စမ်းသပ်နေပါပြီ။”
“ကောင်းပြီ၊ ဝိုင်ချက်တာကို မင်းကိုအပ်ထားလိုက်မယ်။ အနာဂတ်မှာ အခြားအသက်ရှင်ကျန်ရစ်သူတွေ ငါတို့ရဲ့ ဆိပ်ကမ်းကို လာကြဖို့ ရွေးချယ်ကြလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ဝိုင်က အရောင်းရဆုံးပစ္စည်းဖြစ်လိမ့်မယ်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ကျွန်တော် ဘီယာကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ချက်လိုက်ပါ့မယ်။”
ဒူခန်းက ပြန်ပြောလိုက်သည်။ ရှောင်းယီက သူ့ကို ဘီယာမှိုများ ထောက်ပံ့ပေးပြီးသားဖြစ်၏။ ထိုအရာဖြင့် ဘီယာချက်လုပ်နိုင်သည်မှာ သေချာသော်လည်း ကစော်ဖောက်ချိန်ကို စူးစမ်းရဦးမည်ဖြစ်သည်။
“အင်း...အရင်ဆုံး ကြိုးစားကြရမှာပေါ့။”
ရှောင်းယီက ပြန်ပြောလိုက်သည်။ ဒူခန်းထွက်သွားပြီးနောက် ရှောင်းယီလည်း အပြင်ထွက်လာခဲ့သည်။ မနေ့က လက်မှတ်ထိုးဝင်ခြင်းမှ သတ္တုရိုင်း အရည်ကျိုစက်နှစ်လုံး ရခဲ့သော်လည်း သူ့ကျွန်းတွင် သတ္တုရိုင်းများ ထုတ်လုပ်ထားသလားဆိုသည်ကို သူမသိပေ။
ဤကိစ္စမှာ အတော်လေး ပညာရှင်ဆန်ပေသည်။ ရှောင်းယီသညါယ် မြေပြင်အခြေအနေကို အခြေခံပြီး အကြမ်းဖျင်းသာ ကောက်ချက်ချနိုင်ပြီး စနစ်၏ အကြံပြုချက်ကို အသုံးပြုကာသာ အတည်ပြုနိုင်ပေသည်။ သတ္တုရိုင်းများကိုသာ အမှန်တကယ်ရှာဖွေတွေ့ရှိခဲ့ပါက သတ္တုထုတ်လုပ်မှု ပြတ်တောက်တော့မည်မဟုတ်ပေ။
သူဗီလာထဲမှ ထွက်လာသည်နှင့် ခြံထဲတွင်လဲလျောင်းနေသော ဝမ်ချိုင်က သူ့နောက်သို့ လိုက်လာခဲ့သည်။
“တောထဲ အတူတူလမ်းလျှောက်ထွက်ကြရအောင်။ ပစ္စည်းကောင်းတဲ့တွေရှိလား ကြည့်ကြတာပေါ့။”
ရှောင်းယီက လမ်းလျှောက်ရင်း ပြောလိုက်သည်။
“ဝု! ဝု!”
ဝမ်ချိုင်က နှစ်ခါဟောင်ကာ တုံ့ပြန်လိုက်သည်။ ထို့နောက် ရှောင်းယီသည် တံတိုင်း၏ အနောက်ဘက်တံခါးမှထွက်ကာ နောက်ဖေးတောင်ဘက်သို့ ဦးတည်လာခဲ့သည်။
“သတ္တုရိုင်းတွေ ပြန်လည်မွမ်းမံထားရင် တောင်နားမှာပဲရှိသင့်တယ်။”
ရှောင်းယီ ထိုသို့တွေးမိလိုက်သည်။
ဝမ်ချိုင်နှင့်အတူ တစ်နေကုန် တောင်နားက တောအုပ်ထဲတွင် လှည့်ပတ်နေခဲ့၏။ ထိုကြားထဲတွင် စနစ်၏အကြံပြုချက်များကို အဆက်မပြတ်သုံးနေသော်လည်း သတ္တုရိုင်းတစ်ခုကိုမှ မတွေ့ရှိရသေးပေ။
“ဖြည့်ပေးမထားပုံပဲ။”
ရှောင်းယီက ညည်းညူလိုက်သည်။
“ရှောင်းယီ ကျွန်းရဲ့မြောက်ဘက် ကီလိုမီတာ ၁၀ အကွာမှာ ငါတို့ဆီကို ဦးတည်လာနေတဲ့ သင်္ဘောကြီး သုံးစီးကို တွေ့တယ်။”
ကျန်းယွင်ထျန်း၏ အသံက ဝေါ်ကီတော်ကီမှ ထွက်ပေါ်လာခဲ့သည်။
“ကောင်းပြီ ငါအခုချက်ချင်းသွားကြည့်လိုက်မယ်။”
ရှောင်းယီ ပြန်ပြောလိုက်၏။
ထို့နောက် သူသည် တောအုပ်ကို တိုက်ရိုက်ဖြတ်ကျောက်၍ ကျွန်း၏မြောက်ဘက်သို့ ရောက်လာခဲ့သည်။ ကျန်းယွင်ထျန်းသည် ထိုနေရာတွင် စောင့်ဆိုင်းနေပြီး သူ၏ဘေးနှစ်ဖက်စလုံးတွင် ဒေသခံအုပ်စုနှစ်စု ရပ်နေကြသည်။
တစ်ခုက နက်မျိုးနွယ်စု၏ အစောင့်အကြပ်အဖွဲ့ဖြစ်ပြီး နောက်တစ်ခုက ရှောင်းယီ ရတနာရှာဖွေရင်း ဖမ်းမိခဲ့သည့် အဖွဲ့ဖြစ်သည်။ ရှောင်းယီက သူတို့ကို ဝက်ဝံမျိုးနွယ်စုဟု အမည်ပေးထားခဲ့သည်။
ထိုကိုယ်ရံတော်တပ်ဖွဲ့များအားလုံး၏ လက်ထဲတွင် ဒူးလေးများ ကိုင်ဆောင်ထားကြပြီး ကျောပြင်တွင် အားကောင်းသောလေးများကို လွယ်ထားကာ ခါးတွင် လောက်လေးခွများကို ချိတ်ဆွဲထား၏။
“သူတို့က အသက်ရှင်ကျန်ရစ်သူလား၊ ဒေသခံတွေလားဆိုတာ မင်းသေချာသိလား။”
ရှောင်းယီက မေးလိုက်သည်။
“ဒေသခံတွေပဲ”
ကျန်းယွင်ထျန်းက ပြန်ဖြေသည်။
“ပြီးတော့ အကြီးစားသင်္ဘောကြီးတွေနဲ့ ရောက်လာတာ။”
ထိုအခါ ရှောင်းယီ မျက်မှောင်ကြုံ့လိုက်မိ၏။ သူက ပြောလိုက်သည်။
“ငါတို့ကျွန်းမှာ မွန်စတားတစ်ကောင် ပိုလာလို့ ငါတို့ကို တိုက်ခိုက်တဲ့ ဒေသခံတွေရဲ့အဆင့်က မြင့်လာတာလား။”
“ဘုရားပဲ သိလိမ့်မယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“သူတို့အားလုံး ဒူးလေးကြီးတွေနဲ့ လောက်လွှဲစင်တွေကို သုံးတတ်ပြီလား။”
ရှောင်းယီက မေးလိုက်သည်။
“ငါသိထားတာက ဒုံးပျံနဲ့ မီးလုံးတွေရှိရင် ပိုပြီး ကောင်းကောင်းကာကွယ်နိုင်လိမ့်မယ်”
ကျန်းယွင်ထျန်းက ပြော၏။ ရှောင်းယီက ခါးသက်စွာ ပြုံးပြီး ပြောလိုက်သည်။
“ငါ့ဆီမှာ ယမ်းမှုန့်ဖော်မြူလာရှိပေမယ့် ကုန်ကြမ်းတွေ မရှိသေးဘူး။ ထုတ်လုပ်ဖို့ဆိုရင် အချိန်အနည်းငယ်လောက် ကြာဦးမယ်။”
“ဒါဆို ဒီနေ့ကတော့ ခက်ခဲတဲ့တိုက်ပွဲတစ်ခု ဖြစ်လာတော့မှာပဲ”
“စိတ်မပူပါနဲ့။ မင်းရဲ့စစ်သားတွေကိုပဲ မင်းလေ့ကျင့်ပေးလိုက်ပါ။ မဖြစ်နိုင်တော့ဘူးဆိုရင် ချင်းလုံကို လုပ်ခိုင်းလိုက်မယ်။”
ရှောင်းယီက ပြုံးကာပြောလိုက်သည်။
ကျန်းယွင်ထျန်းက တစ်ခဏတိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။
“ဟုတ်သားပဲ...ငါမေ့သွားတယ်။ ချင်လုံသာ ဒီမှာရှိနေရင် ပြဿနာမရှိတော့ဘူး။”
ရှောင်းယီ ရတနာရှာဖွေရာမှ ပြန်လာစဉ် သင်္ဘောကြီးတစ်စီးနှင့် တွေ့ဆုံခဲ့ပြီး သင်္ဘောပေါ်ရှိ မှော်ဆရာနှင့်လည်း တိုက်ပွဲဝင်ခဲ့ဖူးသည်။
သင်္ဘောကြီးပေါ်တွင် မှော်ဆရာရှိနေလျှင်ပင် သူ၏အဆင့်က A အဆင့်သာရှိသောကြောင့် ချင်းလုံအတွက် ထိုကဲ့သို့သင်္ဘောများကို ဖြေရှင်းရန်မှာ သိပ်အခက်အခဲမရှိပေ။
သူ စကားပြောနေစဉ်မှာပင် ထိုသင်္ဘောကြီးများက ပို၍နီးကပ်လာခဲ့သည်။
“တိုက်!”
ကျန်းယွင်ထျန်းက အော်ဟစ်လိုက်၏။
ထို့နောက် ဒူးလေးကြီးများနှင့် လောက်လွှဲကြီးများသည်လည်း ချက်ချင်းပင် စတင်အလုပ်လုပ်ကြတော့သည်။
နှစ်ဆင့်သုံးဆင့်ခန့် တိုက်ခိုက်ပြီးနောက် ရှောင်းယီက ပြဿနာတစ်ခုကို ရှာတွေ့သွားခဲ့သည်။
ဒူးလေးကြီးများသည် သင်္ဘောကိုယ်ထည်ကို အခြေခံအားဖြင့် မဖျက်ဆီးနိုင်ဘဲ ကုန်းပေါ်ရှိ လူများကိုသာ ပစ်ခတ်နိုင်ခဲ့သည်။ လောက်လွှဲကြီးများကသာ ပျက်စီးမှုအနည်းငယ်ကို ဖြစ်စေနိုင်ခဲ့၏။ သို့သော်လည်း သေစေနိုင်သည်အထိတော့ မဟုတ်ပေ။
ထိုဒေသခံများသည် သင်္ဘောကြီးများ၏ ကိုယ်ထည်မာကျောခိုင်ခံ့မှုကို နောက်တစ်ကြိမ် မြှင့်တင်ထားခဲ့သည်။
သင်္ဘောကြီးသုံးစီးသည် ဆက်လက်နီးကပ်လာနေပြီး ကုန်းပေါ်သို့ မျက်နှာမူကာ လေးများကိုင်ဆောင်ထားသော ဒေသခံများ ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။
“သတိထား!”
ရှောက်းယီက အော်ဟစ်လိုက်၏။
ဒေသခံများသည် ချက်ချင်းပင် ဘေးရှိ ကျောက်ဆောင်များနောက်သို့ ဝင်ပုန်းလိုက်ကြသည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် သူတို့သည် အရင်ကတည်းက ထိုကဲ့သို့လေ့ကျင့်မှုများကို ခံယူထားပြီး ကျန်းယွင်ထျန်း၏လေ့ကျင့်မှုမှ ရလဒ်ကောင်းများ ရရှိထားသည်ကို မြင်နိုင်ပေသည်။
ဒင်း! ဒင်း! ဒင်း! ဒင်း!
သင်္ဘောမှ ပစ်လွှတ်လိုက်သော မြှားများသည် ကျောက်ဆောင်များကို ထိမှန်သွားပြီး အတောမသတ်နိုင်သည့်အသံများ ထွက်ပေါ်လာခဲ့သည်။
“ပြန်တိုက်!”
ကျန်းယွင်ချန်းက အော်ဟစ်လိုက်၏။
“သူတို့ကို ကုန်းပေါ်တက်ခွင့် မပေးနဲ့!”
“ဟုတ်ကဲ့”
လူတိုင်းက တုံ့ပြန်လိုက်ကြသည်။
ထို့နောက် သူတို့သည် ကျောက်ဆောင်များကြားရှိ အက်ကွဲကြောင်းများမှတစ်ဆင့် စတင်ပစ်ခတ်တော့လေသည်။
သင်္ဘောကြီးသည် ၎င်းတို့ကိုထိန်းချုပ်ရန်မှာ ခက်ခဲသွားပြီး မတတ်သာတော့ဘဲ ကမ်းစပ်မှ လေး၊ငါးမီတာခန့်တွင် ရပ်နားလိုက်ရသည်။
ငြိမ်းချမ်းစွာ ရပ်နားခဲ့လျှင် ဖြည်းဖြည်းချင်း ကြိုးစားကြည့်နိုင်သော်လည်း ယခုအခါ နှစ်ဖက်စလုံး စစ်မက်ဖြစ်ပွားနေကြခြင်းဖြစ်ပေသည်။
ကမ်းခြေနှင့် မနီးမဝေးတွင် ရပ်နားပြီးနောက် သင်္ဘောပေါ်ရှိ ဒေသခံများက ကမ်းစပ်သို့ စတင်ခုန်ချလာခဲ့ကြသည်။
“ပစ်!”
ကျန်းယွင်ထျန်းက အော်လိုက်၏။
သူ၏အဖွဲ့နှစ်ဖွဲ့သည် ထိုလူများ ဆင်းသက်လာသောနေရာကို လှည့်ပတ်ကာ ပစ်ခတ်ကြတော့သည်။
ခုန်ချလာသော ဒေသခံများသည် ဒိုင်းများကိုင်ဆောင်ထားကြသော်လည်း လေထဲတွင် ပျော့ကွက်အချို့ ရှိနေဆဲပင်။
ထိုအားနည်းချက်အနည်းငယ်သည် သေစေနိုင်ရန် လုံလောက်ပေသည်။
ရှောင်းယီ သင်္ဘောမှ ခုန်ချလာသော ဒေသခံများကို ကြည့်ရှုပြီး အကြမ်းဖျင်း တွက်ချက်ကာ ပြောလိုက်သည်။
“ဒီလူဦးရေက နှစ်ရာလောက်ရှိတာပဲ။”
“ပြန်ဆုတ်!”
ကျန်းယွင်ထျန်းက ပြတ်ပြတ်သားသားပင် အော်ဟစ်လိုက်၏။
ဒေသခံကိုယ်ရံတော်တပ်ဖွဲ့များသည် နောက်ပင်တစ်ချက်လှည့်ကြည့်မနေဘဲ ချက်ချင်းပင် အနောက်ဘက်ရှိ တောအုပ်ထဲသို့ ဆုတ်ခွာသွားကြသည်။
နှစ်ရက်သာ လေ့ကျင့်သင်ကြားပေးခဲ့သော်လည်း ဤဒေသခံများသည် အခြေခံအမိန့်များကို အလွန်ကောင်းမွန်စွာလိုက်နာနိုင်နေပြီဖြစ်သည်။
ဤကမ္ဘာရှိ ဒေသခံများသည် စစ်ရေးနည်းဗျူဟာများကို မသိကြပေ။ ကျန်းယွင်ထျန်းက သူ၏လူများနှင့်အတူ ဆုတ်ခွာသွားသည်ကိုမြင်သောအခါ သူတို့သည် ချက်ချင်းပင် ပြေးလာကြတော့သည်။
ထို့အပြင် ကျန်းယွင်ထျန်း၏ဘက်တွင် လူဦးရေ လေးဆယ်ခန့်သာရှိသဖြင့် သူတို့သည် ပို၍ပင် ယုံကြည်မှုရှိလာပြီး ပြေးဝင်လာကြလေသည်။
လူလေးဆယ်နှင့် လူနှစ်ရာကျော်မှာ ဘယ်လိုကြည့်ကြည့် သူတို့ကသာ အသာရနေပြီဖြစ်သည်။
“သူတို့ကို ငါတို့ထောင်ချောက်ဆီ ခေါ်သွား!”
ကျန်းယွင်ထျန်းက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့”
လူတိုင်းက တုံ့ပြန်လိုက်ကြပြီး အနောက်ဘက်သို့ ပြေးသွားကြတော့သည်။ ထိုလှုပ်ရှားမှာကိုမြင်သောအခါ ရှောင်းယီ ပြုံးလိုက်မိ၏။
“မင်းက ထောင်ချောက်တွေကိုတောင် ကြိုပြီးတူးထားသေးတာလား။”
“ဒါကလည်း လေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။”
ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။ ရှောင်းယီက သူ့ကို လက်မထောင်ပြလိုက်၏။
ဝှစ်ရှ်! ဝှစ်ရှ်!
နောက်မှလိုက်နေသော ဒေသခံများက ချက်ချင်းပင် ပစ်ခတ်လိုက်ကြ၏။
ရှောင်းယီသည် ကျန်းယွင်ထျန်းနှင့် အဖွဲ့သားများသည် S ပုံစံအတိုင်း ရွေ့လျားကာ တောအုပ်ထဲသို့ ဝင်ချည် ထွက်ချည် ပြေးလွှားနေကြပြီး သစ်ပင်များပေါ်ကို မြှားများ တစ်ချက်ပြီးတစ်ချက် ပစ်နေကြသည်ကို တွေ့လိုက်ရလေသည်။
ရှောင်းယီ ခေါင်းညိမ့်ကာ စိတ်ထဲမှ ပြောလိုက်မိ၏။
“အစ်ကိုကျန်းက ဒီလူတွေကို ကောင်းကောင်းလေ့ကျင့်ပေးထားပုံပဲ။”
ထိုအကြောင်းကို စဉ်းစားရင်းဖြင့် ရှောင်းယီသည် သစ်ပင်တစ်ပင်ပေါ်သို့ ခုန်တက်လိုက်ပြီး ထူထဲသော အရွက်များကြားတွင် ပုန်းနေလိုက်သည်။
ကျန်းယွင်ထျန်းနှင့် သူ၏အဖွဲ့သားများသည် သူတို့ချထားသော ထောင်ချောက်ဆီသို့ အလျင်အမြန် ဆုတ်ခွာသွားပြီး ချက်ချင်းပင် လူစုခွဲကာ ပုန်းအောင်းလိုက်ကြတော့သည်။
အခန်း ၃၄၁
တစ်ဖက်တွင် ဒေသခံများသည်လည်း နောက်ကနေ လိုက်ဖမ်းနေခဲ့ကြသည်။
ထိုစဉ် ရုတ်တရက် သူတို့၏ခြေထောက်များအောက်ရှိ နေရာသညါ လွတ်ထွက်သွားပြီး လူငါးယောက် တွင်းနက်ကြီးထဲသို့ ပြုတ်ကျသွား၏။
ဆွစ်!
“အား!”
တွင်းထဲမှ အော်ဟစ်ငိုကြွေးသံများ ထွက်လာခဲ့သည်။
အနောက်မှ လိုက်လာနေသော ဒေသခံများသည် သူတို့ရောက်နေသောနေရာတွင် ချက်ချင်းပင် ရပ်တန့်လိုက်ကြပြီး ပတ်ပတ်လည်ကို သတိထားကာ ကြည့်နေကြ၏။
တွင်းနက်ထဲရှိ ဒေသခံများ၏ ခန္ဓာကိုယ်များသည်မူ ဝါးဆူးချွန်များဖြင့် ထိုးဖောက်ခြင်း ခံထားရလေသည်။
သူတို့သည် ချက်ချင်းမသေနိုင်သေးဘဲ ထိုထဲတွင် အော်ဟစ်ညည်းညူနေကြဆဲပင်။
အနောက်မှ လိုက်လာနေသော ဒေသခံများသည်လည်း သူတို့၏ အော်ဟစ ငိုကြွေးသံများကို ကြားလိုက်ရပြီး ကြောက်လန့်တကြား အော်ဟစ်လိုင်ကြသည်။
“လူအချို့ကို စီစဉ်ပြီး သူတို့ကို ဆွဲတင်လိုက်!”
လူတစ်ဦးက အော်ပြောသည်။
ဒေသခံအချို့သည် ချက်ချင်းပင် အဖွဲ့ထဲမှခွဲထွက်ကာ တွင်းအနားတွင် လဲလျောင်းလိုက်ပြီး သူတို့ကို ဆွဲတင်ရန် ကြိုးစားလိုက်ကြသည်။
ဝှစ်ရှ်! ဝှစ်ရှ်!
ထိုစဥ် တောအုပ်ထဲမှ ဝါးမြားများစွာ ပျံသန်းထွက်ပေါ်လာခဲ့သည်။
ထိုဝါးမြားများသည် တွင်းနားတွင် လဲလျောင်းနေသော ဒေသခံများ၏ဦးခေါင်းများကို ချက်ချင်းပင် ထိုးဖောက်ပစ်လိုက်ပြီး တစ်ချက်တည်း သေဆုံးသွားခဲ့ကြလေသည်။
“ကာကွယ်မှုကို အာရုံစိုက်ပြီး လူတွေကို ကယ်တင်ကြ!”
ဒေသခံတစ်ဦးက အော်ဟစ်လိုက်၏။
“မင်းတို့ကောင်တွေ အဲ့ဒီလမ်းကြောင်းအတိုင်း သွားပြီး သူတို့ကို ရှာကြစမ်း!”
ဒိုင်းများကိုင်ဆောင်ထားသည့် ဒေသခံအချို့က ဝါးမြှားများ ပျံသန်းလာသည့် ဦးတည်ချက်ကို ချက်ချင်းပင် ပိတ်ဆို့လိုက်ကာ သူတို့လူများကို ဆက်လက်ကယ်ဆယ်ရန်အတွက် ဒေသခွအချို့ ထွက်လာခဲ့ကြသည်။
အဖွဲ့ထဲရှိ လူအယောက်နှစ်ဆယ်ကိုလည်း ဝါးမြှားများပျံသန်းလာသည့် ဦးတည်ရာသို့ စေလွှတ်လိုက်၏။
ကျန်းယွင်ထျန်းတို့အဖွဲ့သည် ကယ်ဆယ်ရေးဆင်းရန်ရောက်လာသူများကို သတ်ပစ်ပြီးနောက် ချက်ချင်းပင် သူတို့၏နေရာများကို ရွှေ့ပြောင်းလိုက်ကြသည်။
ဝှစ်ရှ်! ဝှစ်ရှ်!
ထို့နောက် အခြားဦးတည်ချက်မှ ဝါးမြှား တစ်ဒါဇင်ခန့် ပစ်လွှတ်ကာ ကယ်ဆယ်နေသော ဒေသခံများကို ထပ်မံသတ်ပစ်လိုက်သည်။
“အားလုံး သတိထားကြ! ဒီမှာလည်း ရှိတယ်! ကာကွယ်ရေးကို အာရုံစိုက်!”
ဒေသခံများသည် ချက်ချင်းပင် စက်ဝိုင်းပုံဖွဲ့စည်းလိုက်ပြီး တွင်းနက်ကြီးကို ဝိုင်းရံလိုက်ကြ၏။
စေလွှတ်လိုက်သော လူအယောက်နှစ်ဆယ်အုပ်စုကိုမူ ကျန်းယွင်ထျန်းက သူတစ်ယောက်တည်းဖြင့် အကုန်လုံးကို သတ်ပစ်လိုက်ပြီဖြစ်သည်။
ဒေသခံများသည် တွင်းထဲမှ လူများကို ကယ်ဆယ်ပြီးနောက် ချက်ချင်းပင် ကမ်းခြေဘက်သို့ ဆုတ်ခွာသွားကြတော့လေသည်။
တောအုပ်ထဲတွင် ထောင်ချောက်ဘယ်နှစ်ခုရှိမှန်း သူတို့မသိကြပေ။ သူ၏မိတ်ဆွေများ ထိုကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေသည်ကို ဆက်ကြည့်ချင်စိတ်လည်း မရှိကြတော့ပေ။
ဒေသခံများ ဆုတ်ခွာသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းတို့အဖွဲ့သည် သူတို့နောက်မှလိုက်သွားပြီး ချေမှုန်းရန် စတင်လိုက်ကြသည်။
ကျန်းယွင်ထျန်းတို့အဖွဲ့သည် B-အဆင့် ဝါးမြှားများနှင့် C-အဆင့် ဒူးလေးကြီးများကို အသုံးပြုထားပြီး သူတို့၏ ပစ္စည်းကိရိယာများသည် တိုက်ခိုက်ရန် ရောက်ရှိလာသော ဒေသခံများ၏ ပစ္စည်းကိရိယာများထက် လုံးဝသာလွန်နေခဲ့သည်။
ဤသို့ဖြင့် သူတို့သည် တိုက်ခိုက်ရင်းဖြင့် ဆုတ်ခွာသွားခဲ့ကြ၏။ ဒေသခံများ ကမ်းခြေသို့ ဆုတ်ခွာသောအခါ တိုက်ခိုက်လာသော လူအယောက် ၂၀၀ ကျော်အနက် ၆၀ ကျော်ကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
သင်္ဘောပေါ်တွင် ရပ်နေသော မှော်ဆရာသည် သူတို့၏ ရှက်ဖွယ်ရာ ဆုတ်ခွာမှုကို မြင်သောအခါ ချက်ချင်းပင် အော်ဟစ်ကာ မေးခွန်းထုတ်တော့သည်။
“ဘာတွေဖြစ်နေတာလဲ”
“သူတို့က တောအုပ်ထဲမှာ ထောင်ချောက်တွေ ချထားတယ်။”
ဦးဆောင်ပြီး ဆင်းလာသူက ပြန်ဖြေလိုက်သည်။
“ဟမ့်! အမှိုက်တစ်စုပဲ၊ မင်းတို့လူအများကြီးက သူတို့ရဲ့လူလေး ၄၀ ကျော်နဲ့ တားဆီးခံလိုက်ရတယ်။”
မှော်ဆရာက အော်ငေါက်လိုက်၏။
“သုံးဖွဲ့ခွဲပြီး ကျွန်းကို လမ်းကြောင်းသုံးသွယ်က ဝင်ပြီး တိုက်ခိုက်ကြ!”
“ဟုတ်ကဲ့”
ခေါင်းဆောင်က တုံ့ပြန်လိုက်သည်။
ဒေသခံများသည် လူ ၅၀ ခန့်ပါဝင်သော အဖွဲ့သုံးဖွဲ့အဖြစ် အလျင်အမြန်ခွဲထုတ်ကာ မတူညီသော လမ်းကြောင်းသုံးသွယ်မှ ဝင်ရောက်တိုက်ခိုက်ကြတော့သည်။
ဤတစ်ကြိမ်တွင် သူတို့သည် ကျန်းယွင်ထျန်းတို့အဖွဲ့နှင့် ထိပ်တိုက်,တိုက်ခိုက်ခြင်း မပြုတော့ဘဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ တိုက်ရိုက်သွားလိုက်ကြသည်။
မှော်ဆရာသည် ရှောင်းယီ၏ အရေအတွက်အားနည်းချက်ကို အခွင့်ကောင်းယူထားခဲ့သည်။
သူသည် စွမ်းအားကြီးပြီး အဖွဲ့တစ်ဖွဲ့လုံးကို ဖျက်ဆီးပစ်လိုက်နိုင်လျှင်တောင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ခြင်းအား ထိခိုက်စေ၍မရပေ။
ဤအတွေးဖြင့် မှော်ဆရာသည်လည်း သင်္ဘောမှ ခုန်ဆင်းကာ ကျွန်းဆီသို့ ဦးတည်နေသော အဖွဲ့တစ်ဖွဲ့နောက်သို့ လိုက်သွားခဲ့သည်။
“မှော်ဆရာအဖွဲ့ကို ငါကိုင်တွယ်လိုက်မယ်။ ပထမအဖွဲ့ကို မင်းကိုင်တွယ်လိုက်။ ကျန်တဲ့အဖွဲ့ကိုတော့ သူတို့ကို လေ့ကျင့်ခွင့်ပေးလိုက်ပါ။”
ရှောင်းယီက ဝေါ်ကီတော်ကီမှတစ်ဆင့် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်ပြီး ရှောင်းယီ၏ အမိန့်ကို ဆက်လက်ဖြန့်ဝေလိုက်သည်။
ရှောင်းယီ၏ကျွန်းသို့ အကြာသေးမီကမှ ရောက်ရှိလာသော ဒေသခံများသည် သူတို့၏စကားမျာကို နားမလည်နိုင်သော်လည်း ဘူးနှင့် သူ၏အဖွဲ့သားများက ဘာသာပြန်ဆိုပေးသဖြင့် ပြောဆိုဆက်သွယ်ရေးတွင် ပြဿနာမရှိခဲ့ပေ။
ကျန်းယွင်ထျန်းက အမိန့်ထုတ်ပြန်ပြီးနောက် ဒေသခံအဖွဲ့တစ်ဖွဲ့၏ ရွေ့လျားနေသော ဦးတည်ချက်ကို ချက်ချင်းပင်ရွေးချယ်ကာ နောက်မှလိုက်သွားခဲ့သည်။
ရှောင်းယီသည်လည်း အနည်းငယ်ခုန်ကျော်ပျံလွှားပြီး မှော်ဆရာတို့အဖွဲ့ရှေ့သို့ရောက်ရှိလာခဲ့သည်။ သူလှုပ်ရှားရန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ကျားတစ်ကောင်ခုန်ထွက်လာပြီး ထိုအဖွဲ့ကို တားဆီးလိုက်လေသည်။
ထိုကျားမှာ သတ္တဝါများကို အုပ်စိုးသော သားရဲဘုရင်ပင်ဖြစ်ပေသည်။
“ဝေါင်း!”
သားရဲဘုရင်က ထိုအဖွဲ့ကိုကြည့်ကာ ဟိန်းဟောက်လိုက်၏။
သားရဲဘုရင်ကိုတွေ့သောအခါ မှော်ဆရာ မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
“ဒီလိုမျိုးရိုင်းစိုင်းကြမ်းတမ်းတဲ့ သတ္တဝါမျိုးနဲ့ ရင်ဆိုင်ရတာ တကယ်ကို ကံဆိုးတာပဲ။”
သားရဲဘုရင်သည် သူတို့နှင့် စကားပြောရန် စိတ်ကူးမရှိဘဲ ချက်ချင်းပင် ဒေသခံများဆီသို့ တစ်ဟုန်ထိုး ပြေးဝင်တိုက်လိုက်တော့လေသည်။
ဒေသခံများသည် ချက်ချင်းပင် သူတို့ရှေ့ရှိ မြေနေရာလွတ်ဆီသို့ မြှားများဖြင့် ပစ်ခတ်လိုက်ကြသည်။
သားရဲဘုရင်သည် ချက်ချင်းပင် ဘေးတစ်ဖက်ရှိ မြက်ခင်းပြင်သို့ ရှောင်ထွက်လိုက်ပြီး ဘေးမှခုန်ထွက်လာကာ လူတစ်ဦး၏ လည်ပင်းကို ကိုက်ဖြတ်ပြီး ထိုသူ့ကို မြက်ခင်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။
မှော်ဆရာ လန့်ဖျန့်သွားခဲ့သည်။ သူသည် လူအားလုံး၏ အလယ်တွင် ရှိနေခြင်းကြောင့်သာ ကံကောင်းသွားခဲ့ခြင်းဖြစ်သည်။ အကယ်၍ သာရဲဘုရင်သည် ခုနကက သူ့ကိုသာ ပစ်မှတ်ထားခဲ့ပါက လွတ်မြောက်နိုင်ချေ မရှိပေ။
သားရဲဘုရင်၏ ရွေ့လျားမှုများမှာ အလွန်လျင်မြန်လှပေသည်။
‘ဒီမှာ ဒီလောက်စွမ်းအားကြီးတဲ့ သားရဲတွေ ဘယ်လိုရှိနေနိုင်တာလဲ။’
မှော်ဆရာ စိတ်ထဲတွင် တွေးလိုက်မိသည်။
ရှောင်းယီသည် လှုပ်ရှားရန် အလျင်မလိုဘဲ အနီးအနားရှိ သစ်ကိုင်းပေါ်တွင်ထိုင်ကာ သားရဲဘုရင်နှင့် ဒေသခံများကြားတွင် ဖြစ်ပွားနေသော တိုက်ပွဲကို ကြည့်ရှုနေခဲ့သည်။
“အား!”
ထိုစဉ် နယ်နိမိတ်စွန်းတွင်ရှိနေသော ဒေသခံတစ်ဦးသည်လည်း ကြောက်လန့်တကြားအော်ဟစ်ပြီး ချုံပုတ်ထဲသို့ဆွဲငင်သွားခြင်းခံလိုက်ရကာ အသံထွက်မလာတော့ပေ။
“ဒါက လုံးဝအလုပ်ဖြစ်မှာမဟုတ်ဘူး။”
မှော်ဆရာက အော်ဟစ်လိုက်၏။
“အားလုံးပဲ ကျွန်းဆီကို ပြေးဝင်ကြ!”
ဤနေရာတွင် ဆက်နေနေလျှင် သေရမည်ဖြစ်ပြီး ထွက်ပြေးလျှင်မူ အသက်ရှင်နိုင်သေးသည်။ ဒေသခံများသည် ကျွန်းဆီသို့ အသည်းအသန် ထွက်ပြေးကြတော့သည်။
သို့သော်လည်း သူတို့လို သာမန်လူသားများသည် A-အဆင့်သားရဲဘုရင်၏ ပြိုင်ဘက်များ မည်သို့ဖြစ်နိုင်မည်နည်း။
သားရဲဘုရင်သည် သူတို့နောက်မှလိုက်ဖမ်းပြီး ဒေသခံအဖွဲ့ကို စားသုံးနေဆဲဖြစ်သည်။
ရုတ်တရက် မှော်ဆရာက အော်ဟစ်လိုက်သည်။
“နောက်ပြန်လှည့်ပြီး သတ်ပစ်လိုက်!”
ထိုအချိန်တွင်ပင် မှော်ဆရာသည် ထပ်မံ၍ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာသော သားရဲဘုရင်အား စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်စေမှု (mental shock) ကို အသုံးပြုလိုက်သည်။
သားရဲဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံး ယာယီရပ်တန့်သွားပြီး ပတ်ပတ်လည်ရှိ ဒေသခံများက ချက်ချင်းပင် သားရဲဘုရင်အား ဒူးလေးများ၊ မြှားများ၊ သံလှံများဖြင့် တိုက်ခိုက်လိုက်ကြသည်။
ထိုအခါ ရှောင်းယီသည် ခြေဖျားကို ပေါ့ပါးစွာဖိထောက်ကာ သားရဲဘုရင်၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏ရွှမ်းယွမ်ဓားသည် လေထဲငန်းတစ်ကောင်ကဲ့သို့ ကခုန်ကာ ကာကွယ်ပေးလိုက်သည်။
ဒင်း! ဒင်း! ဒင်း!
မြှားအားလုံးနှင့် သံလှံများအားလုံးသည် ရှောင်းယီ၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရလေသည်။
“သားရဲတွေကို ကူညီနေတဲ့ လူတွေတောင် အမှန်တကယ် ရှိနေသေးတယ်။”
မှော်ဆရာ လုံးဝနားမလည်နိုင်ခဲ့ပေ။ လူနှင့် သားရဲများက ဆန့်ကျင်ဘက်တွက် ရှိနေသင့်ပေသည်။
သို့သော် ယခုအချိန်သည် ဤကိစ္စကို နက်နက်နဲနဲလေ့လာရန် အချိန်မဟုတ်တော့ပေ။
“ဆက်တိုက်!”
မှော်ဆရာက အော်ဟစ်လိုက်၏။
ရှောင်းယီက သူ့နောက်ရှိ သားရဲဘုရင်ကို လှည့်ကြည့်လိုက်သည်။ ၎င်းသည် စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်စေသည့် တိုက်ခိုက်မှုမှ နိုးထလာဦးမည့်ပုံမရပေ။ ထို့ကြောင့် သူသည် သားရဲဘုရင်၏ ဘေးမှ ခွဲထွက်မသွားနိုင်ဘဲ သူ၏ဘေးတွင်သာနေ၍ ကာကွယ်ပေးနိုင်သည်။
ဒင်း! ဒင်း! ဒင်း!
ရှောင်းယီသည် နောက်ထပ် မြှားလှိုင်းတစ်ခုကို ကာကွယ်ပေးပြီးနောက် သူ့နောက်ရှိ သားရဲဘုရင်၏ အော်ရာက ရုတ်တရက် ပြင်းထန်လာခဲ့သည်။
“ဝေါင်း!”
သားရဲဘုရင်က မိုးကောင်းကင်ဘက်သို့ ဦးမော့ကာ ဟိန်းဟောက်လိုက်သည်။ တောအုပ်ထဲရှိ တိရစ္ဆာန်များသည် ထိုဟိန်းသံကို ကြားလိုက်ရသည်နှင့် ခန္ဓာကိုယ်များ တုန်ရီသွားခဲ့ကြသည်။
ရှောင်းယီ ဝမ်းသာပျော်ရွှင်သွားခဲ့သည်။
“နောက်ဆုံးတော့ မင်းက S-အဆင့်ကို ရောက်သွားပြီပေါ့။”
ဤတိုက်ပွဲနှင့် မှော်ဆရာ၏ စိတ်ဝိဉာည်တိုက်ခိုက်မှုများပြီးနောက် သားရဲဘုရင်သည် နောက်ဆုံးတွင် ချုပ်နှောင်မှုများကို ချိုးဖျက်ကာ S-အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
“ဝေါင်း!”
သားရဲဘုရင်က ရှောင်းယီ၏ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ ရှောင်းယီက ပြုံးကာ ပြန်ပြော၏။
“ကောင်းပြီ သူအားလုံးကို မင်းကို အပ်လိုက်ပြီ။ အညံ့ခံနဲ့သူတွေကို မသတ်နဲ့။ ခုခံတဲ့သူတွေကို အကုန်လုံးသတ်လို့ရတယ်။”
သာစရဲဘုရင်၏ တလိပ်လိပ်တက်လာနေသည့် အရှိန်အဝါ ကို ခံစားလိုက်ရသောအခါ မှော်ဆရာ၏မျက်နှာတစ်ပြင်လုံး အရောင်ပြောင်းသွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ထပ်မံသိမ်းပိုက်လိုစိတ် လုံးဝမရှိတော့ဘဲ ကမ်းခြေဆီသို့ နောက်မကြည့်ဘဲ ပြန်လှည့်ပြေးတော့သည်။
ထိုကဲ့သို့ရိုင်းစိုင်းကြမ်းတမ်းသည့် သားရဲနှင့်ဆိုလျှင် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ကို သိမ်းယူနိုင်ခဲ့လျှင် ပြန်လည်ယူဆောင်သွားနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ထို့အပြင် ဤသတ္တဝါသည် ထိုအပြင်လူများနှင့် ဘက်တူနေပုံရသဖြင့် တိုက်ခိုက်ရန်ပင် မဖြစ်နိုင်တော့ပေ။
“ဝေါင်း!”
သားရဲဘုရင်သည် လေကဲ့သို့ လျင်မြန်သောအလျင်ဖြင့် မှော်ဆရာကို နောက်မှလိုက်ကာ ဖမ်းဆီးတော့လေသည်။
မှော်ဆရာသည် နောက်ပြန်လှည့်ကြည့်လိုက်ပြီး ဓားဖြင့် ထိုးနှက်လိုက်သော်လည်း သားရဲဘုရင်က သူ့ကို လက်ဝါးဖြင့် ပြန်လည်ရိုက်နှက်လိုက်၏။
ဂျွတ်
ကလစ်
မှော်ဆရာလက်ထဲရှိဓားသည် သားရဲဘုရင်၏ ခြေသည်းလက်သည်းကြောင့် တိုက်ရိုက်ကျိုးသွားခဲ့သည်။
“ဒါ မဖြစ်နိုင်ဘူး။”
မှော်ဆရာ ထိတ်လန့်လွန်းသောကြောင့် သတိလစ်မတတ်ပင် ဖြစ်သွားခဲ့သည်။
သို့သော် သားရဲဘုရင်သည် လုံးဝတုန့်ဆိုင်းမနေဘဲ ရှေ့သို့ခုန်အုပ်ကာ မှော်ဆရာကို သူ၏ခြေသည်းအောက်တွင် နင်းချေထားလိုက်သည်။
“အသက်ချမ်းသာပေးပါ။ ငါ့ကိုမသတ်ပါနဲ့။ ငါအညံ့ ခံပါတယ်။”
မှော်ဆရာက ချက်ချင်းပင် အော်ဟစ်လိုက်တော့လေသည်။
အခန်း ၃၄၂
သားရဲဘုရင်သည် မှော်ဆရာ၏ ဦးခေါင်းကို ကိုက်ဖြတ်ရန် ကြိုးစားနေစဉ် ရုတ်တရက် ရပ်တန့်သွားကာ ရှောင်းယီဘက်သို့ လှည့်ကြည့်လိုက်သည်။
အခြားဒေသခံများသည်လည်း မိမိတို့ကိုးကွယ်သော နတ်ဘုရားကဲ့သို့ထင်ရှားသည့် မှော်ဆရာကျရှုံးသည်ကို မြင်တွေ့ရပြီး ခုခံရန်မဝံ့ရဲတော့ဘဲ သူတို့၏လက်နက်များကို မြေပြင်ပေါ်ပစ်ချကာ အညံ့ခံလိုက်ကြတော့သည်။
“ကျွန်တော်တို့ကို မသတ်ပါနဲ့။ ကျွန်တော်တို့ အညံ့ခံပါတယ်!။”
ရှောင်းယီက ဒေသခံများကို ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့အားလုံး ကမ်းခြေဘက်ကို ပြန်သွားကြ!”
ရှောင်းယီ၏စကားကို နားလည်နိုင်သောကြောင့် ဒေသခံများ အလွန်အံ့အားသင့်သွားခဲ့ကြသည်။
“မြန်မြန်လုပ်!”
ရှောင်းယီက ထပ်မံကြိမ်းမောင်းလိုက်သောအခါ ထိုဒေသခံများသည် ကမ်းခြေဘက်သို့ စတင်ရွေ့လျားလိုက်ကြသည်။
ကျန်းယွင်ထျန်း၏ဘက်မှာမူ ပို၍ရိုးရှင်းပေသည်။ ရုပ်ပိုင်းဆိုင်ရာသာမန်အဆင့်သာရှိသည့် ဒေသခံများနှင့် ရင်ဆိုင်ရာတွင် လူအနည်းစုမှလွဲ၍ အားလုံးကို အလျင်အမြန် သတ်ပစ်နိုင်ခဲ့သည်။
ကျန်ရှိနေသေးသော ဒေသခံအယောက်နှစ်ဆယ်တို့မှာမူ ထပ်မံ၍ခုခံရန် မဝံ့ရဲတော့ဘဲ ချက်ချင်းပင် ဒူးထောက်ကာ တောင်းပန်လိုက်ကြသည်။
ဝေါ်ကီတော်ကီဖြင့် ရှောင်းယီကို ဆက်သွယ်ပြီးနောက် ကျန်းယွင်ထျန်းသည်လည်း ထိုလူနှစ်ဆယ်ကို ကမ်းခြေဘက်သို့ မောင်းထုတ်လိုက်သည်။
“ကျန်တဲ့အဖွဲ့တွေကို သွားကြည့်လိုက်ဦး။ သူတို့ကို ပိုပြီးလေ့ကျင့်ပေးလိုက်ပါ။ သူတို့မသေသေးသ၍ ကယ်လို့ရတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“နားလည်ပြီ”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။
နာနာရှိနေသည်နှင့်အမျှ ချက်ချင်းမသေသရွေ့ ကုသနိုင်သောကြောင့် ကိုယ်ရံတော်တပ်ဖွဲ့များကို တိုက်ပွဲအတွင်း ပို၍လေ့ကျင့်ပေးနိုင်သည်။
ကျန်းယွင်ထျန်း ထွက်ခွာသွားပြီးနောက် ရှောင်းယီက မှော်ဆရာကို ကြည့်ကာ မေးလိုက်သည်။
“မင်းတို့မျိုးနွယ်စုရဲ့အခြေအနေကို ပြောစမ်း!”
“အရှင်၊ ကျွန်တော်မျိုးနွယ်စုရဲ့အမည်က ရှီပါ။ နတ်ဘုရား၏ အလိုတော်ကို လက်ခံပြီးနောက် အရှင့်ကို နှောင့်ယှက်ဖို့ ဒီကိုရောက်လာခဲ့ကြတာပါ။”
မှော်ဆရာက ပြန်ဖြေလိုက်သည်။
“မင်းတို့မျိုးနွယ်စုအခြေအနေကို အရင်ဆုံးပြောစမ်းပါ!”
“ဟုတ်ကဲ့! ကျွန်တော်တို့မျိုးနွယ်စုမှာ စုစုပေါင်းလူ ၁၂၉၈ ယောက်ရှိပါတယ်။ ဒီတစ်ကြိမ်မှာ လူ ၄၃၆ ယောက် လာခဲ့ပါတယ်။ ကျွန်တော်တို့လက်ထဲက လက်နက်တွေနဲ့ ပင်လယ်ထဲက သင်္ဘောတွေကို နတိဘုရားက ပေးခဲ့တာပါ။”
မှော်ဆရာက ဆို၏။ ထိုစကားကို ကားသောအခါ ရှောင်းယီက ခေါင်းညိမ့်ကာ တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။
“သေချာတာပေါ့! အထက်တန်းလွှာတွေက တကယ်ကို ဒေသခံတွေကို ဦးစားပေးဆက်ဆံနေတာပဲ။”
သူတို့လို အသက်ရှင်ကျန်ရစ်သူများသည် မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေရန် ထောက်ပံ့ပို့ဆောင်ရေး သေတ္တာများကို ဖွင့်ရန် လိုအပ်သော်လည်း ဒေသခံများမှာမူ အထက်မှ ဆုချီးမြှင့်လာမည့် ဆုလာဘ်များကို စောင့်ဆိုင်းနေရုံဖြင့် လုံလောက်ပေသည်။
ရှောင်းယီက မှော်ဆရာကို စိုက်ကြည့်လိုက်၏။
“မင်းရဲ့လူတွေကို ခေါ်ပြီး ငါ့ကို အညံ့ခံ။ ဒါမှမဟုတ် ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်။ ကိုယ့်ဘာသာကိုယ် ရွေး!”
ထိုအခါ မှော်ဆရာက ချက်ချင်းပင် ဒူးထောက်ကာ အော်ဟစ်လိုက်လေသည်။
“ကျွန်တော် လက်နက်ချပါတယ်! ကျွန်တော့်ကို မသတ်ပါနဲ့!။”
သူသည် ရှေ့တွင်ရှိသောလူကို အနိုင်ယူနိုင်ခြေရှိ၊မရှိ မေ့ထားလိုက်ဦး။ ဘေးဘက်တွင် အေးစက်စွာကြည့်နေသော ကျားကြီးတစ်ကောင်တည်းကပင် သူတို့မျိုးနွယ်စုတစ်ခုလုံးကို ဖျက်ဆီးနိုင်ပေသည်။
ပို၍အရေးကြီးသည်မှာ ဤအစွမ်းထက်သော ကျားကြီးသည် ယခုအခါ ရှောင်းယီ၏နံဘေးတွင် လိမ္မာသည့်ကြောင်လေးတစ်ကောင်ကဲ့သို့ ယဉ်ကျေးစွာ လဲလျောင်းနေပေသည်။
“ငါ့နောက်ကို လိုက်ခဲ့။ ခုခံတွန်းလှန်တာမျိုးတွေက အဓိပ္ပာယ်မရှိဘူး။”
ရှောင်းယီက ပြောလိုက်သည်။
ရှောင်းယီသည် မှော်ဆရာကို ဆိပ်ကမ်းသို့ ခေါ်ဆောင်သွားပြီး ဆိပ်ကမ်းရှိ သင်္ဘောပေါ်ရှိ လက်အောက်ခံကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်တွင် စာချုပ်ချုပ်ဆိုရန် စာချုပ်ကတ်ကို အသုံးပြုလိုက်သည်။
သင်္ဘောပေါ်တွင် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ရှိသည်ကို မြင်သောအခါ မှော်ဆရာ အနည်းငယ် နောင်တရသွားခဲ့သည်။ အကယ်၍ သူသာ ဤအကြောင်းကိုသိခဲ့ပါက ကမ်းပေါ်သို့တက်ရန်ပင် မလိုအပ်ဘဲ ဆိပ်ကမ်းသို့ တိုက်ရိုက်သွားကာ သင်္ဘောကို သိမ်းယူနိုင်ခဲ့မည်ဖြစ်သည်။
သိမ်းယူပြီး ထွက်ပြေးလိုက်လျှင် ဤအသက်ရှင်ကျန်သူရစ်များသည် မိမိတို့ကို ဖမ်းဆီးနိုင်ခြေမရှိပေ။ ဆိပ်ကမ်းရှိ အကောင်းဆုံးသင်္ဘောမှာ သူတို့ကဲ့သို့ပင် သင်္ဘောကြီးတစ်စီးသာဖြစ်သည်။
ဤအခိုက်အတန့်တွင် အပျော်စီးရွက်သင်္ဘောကို ငှားရမ်းထားသောကြောင့် မှော်ဆရာကို ၎င်းကို မမြင်ခဲ့ရပေ။
“မခုခံနဲ့”
ရှောင်းယီက ထပ်မံအော်ငေါက်လိုက်သည်။
မှော်ဆရာသည် ချက်ချင်းငြိမ်သက်သွားပြီး အနီနက်ရောင်သံကြိုးများသည် သူ၏အသိစိတ်ပင်လယ်အား လွှမ်းခြုံသွားခြင်းကို ခွင့်ပြုပေးခဲ့သည်။
စာချုပ်ပြီးဆုံးသွားသောအခါ ရှောင်းယီက ထပ်မေးလိုက်သည်။
“မင်းနာမည်ဘယ်လိုခေါ်လဲ”
“ဖူရှီပါ”
မှော်ဆရာက ပြန်ဖြေသည်။
ထိုအခါ ရှောင်းယီ၏နှုတ်ခမ်းထောင့်စွန်းများ တွန့်လိမ်သွားပြီး အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်၏။
“မင်းနာမည်က ဖူရှီလား။”
ဖူရှီက ခေါင်းညိမ့်လိုက်သည်။
“ဟုတ်ကဲ့ ဒီနာမည်က တစ်ခုခု မှားနေလို့လား။”
ရှောင်းယီက ခေါင်းခါလိုက်သည်။
“ဘာမှမဖြစ်ပါဘူး၊ ပြန်လိုက်ကြရအောင်။”
ရှောင်းယီနှင့် ဖူရှီတို့သည် ကမ်းခြေသို့ ပြန်လည်လျှောက်လာကြပြီးနောက် ဝေါ်ကီတော်ကီဖြင့် ထိုနေရာရှိ တိုက်ပွဲကို ရပ်တန့်ရန် အမိန့်ပေးလိုင်သည်။
ထိုအချိန်တွင် ရှီမျိုးနွယ်စုအဖွဲ့သည် အလွန်အမင်း ထိခိုက်ဒဏ်ရာရနေကြပြီဖြစ်သည်။ ရှောင်းယီသာ အချိန်မီရပ်တန့်ခဲ့ခြင်းမရှိပါက နောက်ထပ်ငါးမိနစ်အတွင်း သူတို့အားလုံး ပျက်စီးသွားနိုင်ပေသည်။
ကျန်းယွင်ထျန်း၏ လေ့ကျင့်မှုနှင့် ညွှန်ကြားမှုတို့ဖြင့် ဤဖရိုဖရဲဖြစ်နေသော စစ်သည်များနှင့် တိုက်ခိုက်ရန် စိန်ခေါ်မှုမရှိသလောက်ပင်ဖြစ်သည်။
ဖူရှီ၏ အမိန့်ကို ကြားရသောအခါ ဒေသခံများသည် ချက်ချင်းပင် ရပ်တန့်သွာကြပြီး လက်နက်ချကာ ကမ်းခြေဘက်သို့ ခေါ်ဆောင်သွားခြင်းခံလိုက်ကြရသည်။
ရှောင်းယီက လူအားလုံးကို ကြည့်ကာ မေးလိုက်သည်။
“အခုကစပြီး မင်းတို့အားလုံး ဒီကျွန်းပေါ်မှာ နေရမယ်။ ဒီကျွန်းကို ကောင်းကောင်းကာကွယ်ရမယ်။ နားလည်လား!”
“နားလည်ပါပြီ။”
ဒေသခံများက ချက်ချင်းပင် တုံ့ပြန်လိုက်ကြသည်။
ဤနေရာရှိ ဒေသခံများတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ တိုက်ခိုက်ချင်စိတ်မရှိကြတော့ပေ။ ဖူရှီမှလွဲ၍ သူတို့အားလုံးသည် ကောင်းမွန်စွာ အသက်ရှင်နေထိုင်လိုကြသည်။
ဟုတ်ပါသည်။ ဖူရှီသည်လည်း အထက်မှ အမိန့်ကို လက်ခံခဲ့ပြီး ပိုမိုကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်ရန်အတွက်သာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပေသည်။
“အစ်ကိုကျန်း သူတို့ကို မြောက်ဘက်မှာရှိတဲ့ ကျောက်တုံးအိမ်တွေဆီကို ခေါ်သွားလိုက်ပါ။ ဒါက မင်းတို့ရဲ့အိမ်အသစ်ပဲ။ ဘူး မင်းက ဘာသာပြန်ပေးလိုက်!”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းနှင့် ဘူးတို့က တုံ့ပြန်ခဲ့ကြသည်။
“ဖူရှီ ဦးတည်ချက်ကျောက်တုံးရဲ့ စွမ်းအင်ကို အားအပြည့်သွင်းဖို့ အချိန်ဘယ်လောက်ကြာမလဲ။”
ရှောင်းယီက မေးလိုက်သည်။
ဖူရှီ ခဏတိတ်ဆိတ်သွားခဲ့သည်။ ရှောင်းယီက ဦးတည်ချက်ကျောက်တုံးအကြောင်း သိနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
“ခုနစ်ရက်လောက်တော့ ကြာလိမ့်မယ်။”
ဖူရှီက ပြန်ဖြေ၏။
“ငါမင်းကို ၁၅ ရက်အချိန်ပေးမယ်။ ရှီမျိုးနွယ်စုထဲက လူတိုင်းကို ပြန်ခေါ်လာခဲ့။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့”
ဤနေရာတွင် ခုနစ်ရက်ကြာအောင် အားသွင်းပြီး ခုနစ်ရက်ပြန်သွားရန်မှာ လုံလောက်သင့်ပေသည်။ ကြားထဲတွင် တစ်ရက်ပင် ချန်ထားနိုင်သေးသည်။
“ကောင်းပြီ မင်းလည်း အဲဒီကိုသွားလို့ရပြီ”
ရှောင်းယီက ထိုသို့ပြောပြီးနောက် ပြန်ထွက်သွားခဲ့သည်။
ကျန်းယွင်ထျန်းက သူတို့ကို မြောက်ဘက်ရှိ ကျောက်တုံးအိမ်အစုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ဒေသခံများသည် သပ်ရပ်စွာ တည်ဆောက်ထားသော ကျောက်တုံးအိမ်များကို အံ့အားသင့်စွာ ကြည့်ရှုနေခဲ့ကြသည်။
“ဒါတွေက မင်းတို့အတွက် မလုံလောက်သေးဘူးဆိုရင် နောက်ထပ်တည်ဆောက်ဖို့ ရှောင်းယီကို အစီရင်ခံဖို့ လိုအပ်လိမ့်မယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။ ဘူးက ဘေးမှ ဘာသာပြန်ပေးနေသည်။
“ဟုတ်ကဲ့”
ဖူရှီက ခေါင်းညိမ့်ကာ ပြောလိုက်သည်။
“ဒီမှာရှိတဲ့ စည်းမျဉ်းတွေကို လူတစ်ယောက်က သင်ပေးလိမ့်မယ်။ မင်းတို့ရဲ့ အရင်ကနေထိုင်မှုပုံစံနဲ့ မတူတာတွေရှိတယ်။ အဲ့ဒါတွေကို မင်းတို့ပြောင်းလဲရမယ်။”
ကျန်းယွင်ထျန်းက ဆက်ပြောသည်။
“ကျန်တာတွေကိုတော့ ဖြည်းဖြည်းချင်းအချိန်ယူပါ။ ဘူး...မင်းက အခြေခံအကြောင်းအရာတချို့ကို အရင်သင်ပေးထားလို့ရတယ်။”
“ဟုတ်ကဲ့”
ဘူးက တုံ့ပြန်လိုက်သည်။
ကျန်းယွင်ထျန်း စကားပြောပြီးသွားသောအခါ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။ ထိုအခါ ဖူရှီက ဘူးကို ကြည့်ကာ မေးလိုက်သည်။
“မင်းလည်း မှော်ဆရာပဲလား။”
ဘူးက ခေါင်းခါလိုက်သည်။
“ငါတို့မျိုးနွယ်စုရဲ့ မှော်ဆရာက ခေါင်းမာပြီး အရှင့်ရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရတယ်။”
ဖူရှီ မှင်တက်သွားပြီး တစ်ချိန်တည်းမှာပင် သူ အချိန်မီ တောင်းပန်ခဲ့သည်ကိုပင် ဝမ်းသာမိသွားခဲ့သည်။
“ဒီမှာ မှော်ဆရာဆိုတာ မရှိတော့ဘူး။ မင်းကိုယ်မင်း မှော်ဆရာလို့ မတွေးနဲ့တော့။ မင်းက ဒီမှာ ခေါင်းဆောင်တစ်ယောက်သက်သက်ပဲ။ ဒေသခံအများစုရဲ့ အလိုဆန္ဒကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။”
ဘူးက သတိပေးလိုက်သည်။
“ဒါက ဘာကိုဆိုလိုတာလဲ”
ဖူရှီက နည်းနည်းရှုပ်ထွေးသွားခဲ့သည်။
“ရိုးရိုးရှင်းရှင်းနားလည်အောင်ပြောရရင် ဒီမှာ ဘယ်သူ့အသက်ကိုမှ မင်းမထိန်းချုပ်နိုင်တော့ဘူး။ မင်းကိုယ်မင်းပဲ ထိန်းချုပ်နိုင်တယ်။ သူတို့အားလုံးက လွတ်လပ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေပဲ။ ကျွန်းကိုမသစ္စာဖောက်သ၍ ဘယ်သူကမှ သူတို့ရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်လို့မရနိုင်ဘူး။ ဒါကလည်း မှော်ဆရာတွေနဲ့မသက်ဆိုင်ဘူး။ စကားလုံးတွေနဲ့ပဲ သက်ဆိုင်တယ်။”
ဘူးက ရှင်းပြလိုက်သည်။
“ဒါပေါ့! အရှင့်အမိန့်က ငါတို့ရဲ့ အမြင့်ဆုံးရာဇသံပဲ။”
ထိုစကားကို ကြားရသောအခါ ဖူရှိသည် အလွန်ကြီးမားသော ဆုံးရှုံးမှုတစ်ခုကို ခံစားရသည်။ မူလက သူသည် ရှီမျိုးနွယ်စု၏ အုပ်စိုးသူဖြစ်သော်လည်း ယခုအခါ သူ့တွင် ဘာမျှမကျန်တော့ပေ။
စိတ်ပျက်အားငယ်နေသော ဖူရှီကို ကြည့်ကာ ဘူးက ထပ်ပြောလိုက်သည်။
“အခုအချိန်မှာ မင်း မကျေမနပ်ဖြစ်နေသေးတယ်ဆိုရင်တောင် မကြာခင်မှာ မင်းရဲ့ရွေးချယ်မှုက အရမ်းမှန်ကန်တယ်ဆိုတာကို မင်းသိလာလိမ့်မယ်။”
“မင်းလည်း အရှင်နဲ့ စာချုပ်ချုပ်ဆိုထားတာလား။”
ထူရှီက ဆလသံတိုးတိုးနှင့် မေးလိုက်သည်။ ဘူးက ပြုံးကာ ပြန်ဖြေလိုက်သည်။
“လူတိုင်းက အရှင်နဲ့ စာချုပ်ချုပ်ဆိုခွင့် မရှိဘူး။ မင်းသိလား...ငါတို့ထဲက လူတွေအများကြီးက ဆရာကြီးတွေနဲ့ စာချုပ်ချုပ်ဆိုချင်ကြပေမယ့် အခွင့်အရေးမရှိကြဘူး။”
“ဟင်”
ဖူရှီ ပို၍ အံ့အားသင့်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးသည် မိမိကံကြမ္မာကို အခြားသူတစ်ဦး၏ လက်ထဲသို့ အပြည့်အဝအပ်နှင်းလိုက်ခြင်းဖြစ်သည့် အခြားသူတစ်ဦးနှင့် စာချုပ်ချုပ်ဆိုရန် အဘယ်ကြောင့် ဆန္ဒရှိသည်ကို သူနားမလည်နိုင်ခဲ့ပေ။