← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁) အထီးကျန်ခြင်း၊ အားနည်းခြင်းနှင့် သနားစရာကောင်းခြင်း

လော့ချင်းယွီ ထွက်သွားပြီးနောက် ချန်လော့သည် အချိန်မဖြုန်းတော့ပေ။ သူသည် ဝိညာဉ်ကျောက်တုံး ၁၀၀ ကို အသုံးပြု၍ တစ်ရက်စာ အဆ ၁၀၀ တိုးပွားစေသော အာနိသင်ကို အသက်သွင်းလိုက်ပြီး စတင် ကျင့်ကြံတော့၏။

ချန်လော့တွင် ကာလတိုအတွင်း ချင်းယန်တောင်ထွတ်မှ ထွက်ခွာရန် အစီအစဉ် မရှိချေ။

သူ တတ်နိုင်သည်မှာ ဘာမျှမရှိပေ။ ယန်ချင်းချွမ်သည် သူ့အား လက်စားချေရန် လူများကို ရှာဖွေထားပြီး ဖြစ်လောက်၏။

ချန်လော့သည် သေချာ စဉ်းစားခဲ့သော်လည်း ဂိုဏ်းအတွင်း၌ ယန်ချင်းချွမ်၏ သူ့အား သတ်ရန် တာဝန်ပေးအပ်မှုကို လက်ခံမည့်သူ များများစားစား ရှိမည် မဟုတ်ဟု သူ ခံစားမိသည်။

ဘာပဲပြောပြော ရွှေအမြုတေအဆင့်နှင့် အထက်ရှိသူများက သူ့လို ဘာမဟုတ်တဲ့ အခြေခံတည်ဆောက်ခြင်း လေးတစ်ယောက်ကို ဂရုစိုက်မှာမှမဟုတ်တာ။

ဒါပေမဲ့ သိထားရမှာက ချန်လော့ဟာ အခြေခံတည်ဆောက်ခြင်း တတိယအဆင့်တွင်သာ ရှိသေးသော်လည်း အခြေခံတည်ဆောက်ခြင်အထွတ်အထိပ်နှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ဤသို့သော ခွန်အားဖြင့် လူအများစုကို ဟန့်တားရန် လုံလောက်၏။ အနည်းဆုံး ဂိုဏ်းသား ၈၀ ရာခိုင်နှုန်းခန့်က သူ့အနီးသို့ ချဉ်းကပ်ရဲမည် မဟုတ်ပေ။

နောက်ပီး သူ့နောက်မှာ လော့ချင်းယွီ လည်းရှိနေတာပဲ။နယ်ပယ်သူအဆင့်ထဲက ဂိုဏ်သားများက ချန်လော့ကို အနိုင်ယူတာဖစ်ဖစ်၊ သတ်ဖြတ်တာဖစ်ဖစ် သူမအနေဖြင့် ဝင်ရောက်စွတ်ဖက်မည် မဟုတ်ကြောင်း ပြောထားသော်လည်း

မည်သူက သူမစကားကို တည်ပါမယ်လို့ အတည်ယူပီး စမ်းရဲချင်ပါ့မလဲ….

ပီးတော့ဂိုဏ်းချုပ် ကိုယ်တိုင်တောင် လော့ချင်းယွီကို မထိန်းချုပ်နိုင်တာ၊အကယ်၍ သူမက ချန်လော့ကို ကာကွယ်ဖို့ဆုံးဖြတ်ထားရင် ဘယ်သူက ရင်ဆိုင်ရဲမှာမလို့လဲ။

ဒါကြောင့်မို့ ဒီလို နောက်ခံမျိုးရှိနေမှတော့ ယန်ချင်းချွမ်၏ တာဝန်ပေးအပ်မှုကို ဂိုဏ်းသား ၉၉ ရာခိုင်နှုန်းနီးပါးက လက်ခံကြမည် မဟုတ်ပေ။

“ဒါပေမဲ့လည်း ငါ့အနေနဲ့ အဆိုးဆုံးအခြေအနေ အတွက်ကြိုတင်ပြင်ထားရမယ်၊

ယန်ချင်းချွမ်ရဲ့ တာဝန်ဆုလာဒ်တေက သူ့ရဲ့မျက်နှာသာပေးတာလိုချင်တဲ့သူတေနဲ့ ဒီဘဝမှာ အဆင့်တတ်လှမ်းဖို့ မဖြစ်နိုင်တဲ့သူတေနဲ့ လောဘကြီးတဲ့ ….သူအချို့ကိုတော့ ဆွဲဆောင်နိုင်မှာပဲ၊ အနည်းဆုံးတော့ အယ့်လိုလူတေက အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ် ရှိမှာပဲ သူတို့ကတော့ …..

လော့ချင်းယွီရဲ့ အကြီးအကဲဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ဂရုမစိုက်လောက်တော့ဘူး ….မဟုတ်ရင်လည်း သူတို့အတွက်က ဆုံးရှုံစရာမှမရှိတာ သူတို့လို သက်တမ်းကုန်ခမ်းနီးလူတေကတော့ လော့ချင်းယွီရဲ့ လက်စားချေမှာကို ကြောက်နေစရာမှမလိုတာ။…”

အင်းး ဒါကြောင့် ဂိုဏ်သားတော်တော်များများက လက်မခံတာနဲ့ လက်ခံမယ့်မရှိဘူးလို့ တွေးထားလို့မှမရတာ

လူများများစားစား ရှိမည် မဟုတ်သော်လည်း သူတို့ တစ်ယောက်ချင်းစီက စွန့်စားရန် ဆုံးဖြတ်ချက်ဖြင့် လာကြမည် ဖြစ်၏။

"ငါ့ရဲ့ စွမ်းရည်တွေကို မြှင့်တင်ဖို့ လိုတယ်..."

"ရည်မှန်းချက် အသေးလေး တစ်ခု ချမှတ်မယ်... ပထမဆုံး အခြေခံတည်ဆောက်ခြင်း ပဉ္စမအဆင့်ကို ရောက်အောင် ကျင့်ကြံမယ်..."

ထိုသို့ ပြောပြီးနောက် သူသည် မျက်လုံးများကို မှိတ်ကာ စတင် ကျင့်ကြံလိုက်သည်။

…

ဓားတောင်ထွတ်ရှိ ယန်ချင်းချွမ်၏ အခန်းအတွင်း။

အတွင်းဂိုဏ်းသား ဝတ်စုံများ ဝတ်ဆင်ထားသော လူခုနစ်ယောက်သည် အခန်းထဲတွင် စက်ဝိုင်းပုံစံ ရပ်နေကြသည်။

ယန်ချင်းချွမ်သည် သူတို့၏ အလယ်တွင် ရပ်နေ၏။

"ငါ အခု ပြောသွားတာကို မင်းတို့ အားလုံး နားလည်ကြရဲ့လား..."

ယန်ချင်းချွမ်က သူတို့အားလုံးကို မေးလိုက်သည်။

ထိုလူတစ်စုသည် ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေ၏။

ဤသည်မှာ ချန်လော့ကို သတ်ရန်ပင်။

သေချာသည်မှာ သူတို့သည် ချန်လော့နှင့် မည့်သည့်ရန်ငြိုးမှ မရှိပေ။ အပြန်အလှန်ဆက်ဆံရေး မရှိသလောက်ဟုပင် ပြောလို့ရသည်။

ချန်လော့ကို သတ်ရခြင်းမှာ ယန်ချင်းချွမ်ကြောင့်သာ ဖြစ်ပေသည်။

ထို့အပြင် ဤကဲ့သို့သော သဘောတူညီချက်မျိုးက လုံးဝ လုပ်ဆောင်သင့်သည်ဟု သူတို့ကိုယ်တိုင်လည်း ခံစားမိသည်။

ယန်ချင်းချွမ်သည် ယခုလောလောဆယ် တိုက်ရိုက်တပည့် တစ်ယောက်သာ ဖြစ်သော်လည်း သူ၏ ကျင့်ကြံမှု အဆင့်က ရွှေအမြုတေအဆင့် ခုနစ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ယန်ချင်းချွမ်သည် နတ်ဝိညာဉ်အဆင့်သို့ ထိုးဖောက် ဝင်ရောက်နိုင်ရန် အချိန်သာလိုအပ်ကြောင်း ဓားတောင်ထွတ်အကြီးအကဲက ခိုင်မာစွာ ပြောထားသည်။

ယန်ချင်းချွမ်သည် နတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သူသည် ဂိုဏ်းတွင် မြင့်မားသော ရာထူးတစ်ခုကို ရယူနိုင်မည် ဖြစ်၏။

ဂိုဏ်းတွင် ကျောထောက်နောက်ခံအဖြစ် နတ်ဝိညာဉ်အဆင့်ရှိ အစွမ်းထက်သော ပုဂ္ဂိုလ် တစ်ဦး ရှိနေခြင်းက သူတို့အတွက် ကြီးမားသော အကူအညီ တစ်ခု ဖြစ်ပေလိမ့်မည်။

ချန်လော့၏ နောက်တွင်ရှိသော လော့ချင်းယွီကို သူတို့ကြောက်ရွံ့ကြသော်လည်း လော့ချင်းယွီသည် သူတို့ကို ဘာမှလုပ်လိမ့်မည် မဟုတ်ဟု လောင်းကြေးထပ်ရန် ရွေးချယ်ခဲ့သည်။

အကယ်၍ သူတို့သာ လောင်းကြေး ရှုံးနိမ့်သွားပါက အကျိုးဆက်များသည် ဆိုးရွားနိုင်ပြီး ၊ သူတို့၏အသက်ကိုပင် ဆုံးရှုံးသွားနိုင်သည်။

သို့သော် သူတို့သည် ဤလောင်းကြေးတွင် အနိုင်ရခဲ့မည်ဆိုပါက ၊ အနာဂတ်တွင် သူတို့၏ ကျောထောက်နောက်ခံအဖြစ် နတ်ဝိညာဉ်အဆင့်ရှိ အစွမ်းထက်သော ပုဂ္ဂိုလ် တစ်ဦး ရှိလာလိမ့်မည်။

ကြီးမားသော အကျိုးအမြတ်များက ကြီးမားသော အန္တရာယ်များနှင့်အတူ မလွဲမသွေ ရောက်ရှိလာတတ်၏။

သူတို့ အားလုံး ထိုအရာကို နားလည်ကြသည်။

"ငါတို့ အဲဒီကောင်ကို သတ်နိုင်သရွေ့ သူ့ကို အသက်ရှင်ဖို့ အခွင့်အရေး တစ်စက်လေးတောင် မပေးသင့်ဘူး..."

ယန်ချင်းချွမ်သည် အလေးအနက် ပြောလိုက်၏။

လော့ချင်းယွီသည် သူမ ဝင်ရောက် စွက်ဖက်မည် မဟုတ်ဟု ပြောခဲ့သော်လည်း ယန်ချင်းချွမ်အနေဖြင့် ထိုစကားကို မယုံကြည်ပေ။

လော့ချင်းယွီသည် ဂိုဏ်းတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး တပည့် တစ်ယောက်ကိုမျှ လက်မခံခဲ့ဖူးချေ ။ ထို့အပြင် ချင်းယန်တောင်ထွတ်သည် သူမ၏ အမြဲ ပိုင်ဆိုင်မှုသာ ဖြစ်ပေသည် ။

သို့သော် ယခုတွင်မူ ၊ သူမသည် ချန်လော့ကို သူမ၏ တိုက်ရိုက်တပည့် အဖြစ် ရုတ်တရက် လက်ခံခဲ့သည်။

လောချင်းယွီသည် ချန်လော့ကို ဘာကြောင့် လက်ခံခဲ့သည်ကို ယန်ချင်းချွမ် အနေဖြင့် မသိသော်လည်း သေချာသည့် အချက် တစ်ချက်တော့ ရှိသည်။

၎င်းမှာ လော့ချင်းယွီသည် ချန်လော့၏ အမူအကျင့်အချို့ကို တန်ဖိုးထားခြင်း ဖြစ်နိုင်သည်။

လော့ချင်းယွီသည် သူမ၏တပည့်ဖြစ်သော ချန်လော့တစ်ယောက် ဤအတိုင်း သေဆုံးသွားမည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

“ ငါတို့ ချန်လော့ကို သတ်ချင်တယ် ဆိုရင် သူ့ကို အသက်ရှင်ဖို့ ဘယ်လို အခွင့်အရေးမျိုးမှ လုံးဝ ပေးလို့ မဖြစ်ဘူး…”

“သူ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်ရမယ်... မဟုတ်ရင် လော့ချင်းယွီက သူ့ကို ကယ်တင်သွားနိုင်တယ်…”

…

ညကောင်းကင်ယံအောက်တွင် ငြိမ်သက်နေဟန်ရှိသော ချန်ရှင်းဂိုဏ်း အတွင်း၌ ရေစီးကြောင်းများ လှိုင်းထန်နေ၏။

လူတိုင်းတိတ်ဆိတ်နေကြပြီး မည်သူကမျှ တိတ်ဆိတ်မှုကို မဖြိုခွဲရဲကြပေ။

ထိုစဉ် ချင်းယန်တောင်ထွတ် အောက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။

"ချန်လော့..."

"ခွေးကောင်..."

"ငါ့ရဲ့ သိုလှောင်အိတ်ကို ပြန်ပေး..."

ပိုင်ဇီချိုးသည် ချင်းယန်တောင်ထွတ် အောက်ခြေတွင် ရပ်၍ ကျယ်လောင်စွာ အော်ဟစ်နေသည်။

သူ၏ သိုလှောင်အိတ်ကို ချန်လော့ ခိုးယူသွားကတည်းက ချန်လော့သည် ရွံရှာစရာ ကောင်းသည်ဟု သူ ခံစားခဲ့ရ၏။

ဂိုဏ်းသို့ ပြန်ရောက်လာသည်နှင့် ၊ သူသည် ချန်လော့ထံမှ မိမိ၏ သိုလှောင်အိတ်ကို မည်သည့်နည်းလမ်းမဆို သုံး၍ ပြန်ယူရန် စီစဉ်ထားခဲ့သည်။

သို့သော် ချန်လော့နှင့် ယန်ချင်းချွမ်တို့ ထိပ်တိုက် ရင်ဆိုင်နေကြသည်ကို မြင်လိုက်ရသဖြင့် နောက်ဆုတ်ခဲ့ရကာ အနားသို့ မသွားရဲခဲ့ပေ။

ထို့နောက် လော့ချင်းယွီသည် ချန်လော့နှင့်အတူ ထွက်ခွာသွားခဲ့သောကြောင့် သူ့အနေဖြင့် စောင့်ကြည့်ရုံကလွဲ၍ ဘာမှမတတ်နိုင်ခဲ့ချေ။

နောက်ဆုံးတွင် သူ့အိမ်သို့သာ ပြန်လာခဲ့ရသည်။

သို့သော် ကုတင်ပေါ်တွင် လှဲနေရင်း တစ်ညပြီးတစ်ည သူ လုံးဝ အိပ်မပျော်နိုင်ခဲ့ပေ။

သူ့ မျက်လုံးများကို မှိတ်လိုက်သည့် အချိန်တိုင်း ၊ သူ၏သိုလှောင်အိတ်ကို ကိုင်ထားပြီး လှောင်ပြုံးပြုံးနေသည့် ချန်လော့ကိုသာ မြင်နေရသည်။

ဆိုရိုးစကားအတိုင်း ၊ ဤအတိုင်းထားလေ ၊ အရောင့်တတ်လာလေလေ ဖြစ်ပေတော့မည်။

ထိုသိုလှောင်အိတ်ထဲတွင် စမ်းသပ်လေ့ကျင့်ရေးကွင်း၌ တစ်လတာ အတွင်း သူ ရှာဖွေရရှိခဲ့သော ပစ္စည်းများ အားလုံး ပါဝင်သည်။

ချန်လော့သည် ၎င်းတို့အားလုံးကို တစ်ကြိမ်တည်းဖြင့် ယူဆောင်သွားခဲ့ပြီး သူ့တွင် ဘာမှ မကျန်တော့ချေ။

“ငါ ဒီတစ်လလုံး စမ်းသပ်လေ့ကျင့်ရေးကွင်းမှာ အချိန်ဖြုန်းခဲ့ရသလိုပဲ…”

ထိုအရာကို တွေးလိုက်မိလိုက်တိုင်း ၊ သူ ဆက်၍ ငြိမ်မနေနိုင်တော့ပေ။ ဒါကြောင့်လည်း ပိုင်ဇီချိုး ရုတ်တရက် ချင်းယန်တောင်ထွတ် အောက်ခြေသို့ ညတွင်းချင်း ရောက်လာခဲ့တာဖစ်၏။

သို့သော် သူသည် လော့ချင်းယွီကို ကြောက်သောကြောင့် တောင်ပေါ်သို့ မတက်ရဲသဖြင့် တောင်အောက်ခြေတွင် ရပ်၍ ချန်လော့ကို အဝေးမှသာ ကျိန်ဆဲနေရုံသာ တတ်နိုင်သည်။

ထိုအချိန်၌ ချန်လော့သည် သူ့ အခန်းထဲတွင် ရှိနေပြီး ၊ တစ်စုံတစ်ခုကို ဝိုးတဝါး ကြားလိုက်ရသည်။

သူသည် ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အပြင်သို့ လှမ်းကြည့်လိုက်သည်။

"အခုရက်ပိုင်း အိပ်ရေး မဝလို့ ဖြစ်မယ်..."

ပြတင်းပေါက် အပြင်ဘက်တွင် မည်သူ့ကိုမျှ မတွေ့ရသဖြင့် ချန်လော့သည် ပြန်ထိုင်လိုက်၏။

စမ်းသပ်လေ့ကျင်းရေးကွင်းမှ သူယူဆောင်လာသော ပစ္စည်းအမျိုးမျိုးကို သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်သည်။

သို့သော်လည်း ၎င်းတို့အနက် အချို့ပစ္စည်းများကို ချန်လော့ မလိုအပ်ပေ။

ချန်လော့သည် အသုံးမလိုတော့သော ပစ္စည်းများကို ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်ရောင်းချရန် အမျိုးအစားခွဲခြားလိုက်သည်။

မိနစ်အနည်းငယ် အတွင်းမှာပင် ချန်လော့သည် ပစ္စည်းအများစုကို ခွဲခြားပြီး ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စမ်းသပ်လေ့ကျင့်ရေးကွင်းမှ ရရှိထားသော ပစ္စည်းများထဲမှ မည်သည့်ပစ္စည်းက အသုံးဝင်သည် မဝင်သည်ကို သူ သေချာ သိသည်။

ထို့နောက် သူသည် သိုလှောင်အိတ် တစ်လုံးကို ထုတ်ယူလိုက်သည်။

သို့သော် ထိုသိုလှောင်အိတ်သည် သူ့ပစ္စည်း မဟုတ်ချေ။

ဤသည်မှာ ပိုင်ဇီချိုးထံမှ လုယူလာခဲ့သော အထုပ်သာ ဖြစ်သည်။

"ဒီကောင် စမ်းသပ်လေ့ကျင့်ရေးကွင်းကနေ တစ်ခုခု ရလာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ..."

ထိုသို့ ပြောရင်း ချန်လော့သည် သိုလှောင်အိတ်ကို ဖွင့်လိုက်ပြီး အတွင်းရှိ အရာအားလုံးကို သွန်ချလိုက်၏။

သို့သော် သိုလှောင်အိတ်ထဲရှိ အရာများ ထွက်လာချိန်တွင် ချန်လော့မှာ လုံးဝ ဆွံ့အသွားသည်။

ချန်လော့၏ ရှေ့တွင် မတူညီသော သိုလှောင်အိတ် ခုနစ်လုံး သို့မဟုတ် ရှစ်လုံးခန့် ရှိနေသည်။

ထို့အပြင် ထိုသိုလှောင်အိတ် အားလုံးနီးပါးသည် သွေးများ စွန်းထင်းနေပြီး သွေးကွက်များက သိပ်မဟောင်းသေးဘဲ တစ်ပတ် သို့မဟုတ် နှစ်ပတ်ခန့်သာ ရှိသေးပုံ ရသည်။

ထိုအချိန်၌ ချန်လော့သည် ကျောက်စိမ်းရောင် သစ်ပင်အောက်တွင် သူ တွေ့ခဲ့ရသော အလောင်းများကို ရုတ်တရက် သတိရသွား၏။

ထိုအချိန်က အလောင်းများပေါ်ရှိ သိုလှောင်အိတ်များမှာ ယူဆောင်သွားခြင်း ခံခဲ့ရသဖြင့် ချန်လော့မှာ ဘာတစ်ခုမှ မရရှိခဲ့ပေ။

ယခု ထိုသိုလှောင်အိတ်များကို မည်သူ ခိုးယူသွားကြောင်း သူ သဘောပေါက်လိုက်သည်။

"ဒီကောင် ပိုင်ဇီချိုး သေဖို့ ကောင်းတယ်... စီနီယာတွေရဲ့ သိုလှောင်အိတ်ကိုတောင် ခိုးသေးတယ်..."

"အဲ့လိုဆိုမှတော့ သူ့ရဲ့ သိုလှောင်အိတ်ကို အခု ငါ ပြန်ယူလိုက်မယ်... ကောင်းကင်ဘုံ ကိုယ်စား ဆောင်ရွက်ပေးတယ်လို့ သတ်မှတ်လို့ ရတာပေါ့..."

ထိုသို့ ပြောရင်းနှင့် ချန်လော့သည် အခြား သိုလှောင်အိတ်များကို တုံ့ဆိုင်းခြင်းမရှိ ဖွင့်ကြည့်လိုက်သည်။

…

"ဟတ်ချိုး..."

ချင်းယန်တောင်ထွတ် အောက်ခြေတွင် အဝတ်အစား တစ်ထပ်တည်းသာ ဝတ်ဆင်ထားသော ပိုင်ဇီချိုးသည် နှာချေလိုက်သည်။

အေးစက်သော လေပြင်း တစ်ချက် တိုက်ခတ်သွားပြီး သူ့ကို တုန်ယင်သွားစေ၏။

သူသည် လရောင်အောက်၌ စိတ်ပျက်လက်ပျက်ဖြင့် တစ်ယောက်တည်း ရပ်နေလေ၏။

အခန်း (၈၂) ညစ်ညမ်းသွားသော စိတ်နှလုံး

သုံးရက် ကြာပြီးနောက်

ချင်းယန်တောင်ထွတ်ပေါ်တွင် ချန်လော့သည် သူ့မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သို့သော် သူ၏ မျက်နှာအမူအရာမှာ စိတ်ပျက်လက်ပျက်ဖြစ်နေပုံရသည်။

"သုံးရက်တောင် ရှိပြီ... အဆင့်တစ်ဆင့်တောင် မတက်လာသေးဘူး..."

"ကျစ်... ဒီအမှိုက် ပါရမီက တကယ်ကို ဒုက္ခပေးတာပဲ..."

ချန်လော့တစ်‌ယောက် ညည်းတွားလိုက်သည်။

သူသည် အဆ ၁၀၀ တိုးပွားစေသော အာနိသင်ဖြင့် သုံးရက် သုံးည ဆက်တိုက် ကျင့်ကြံနေခဲ့ခြင်း ဖြစ်၏။

“ငါ ကျင့်ကြံလာတာ ရက် ၃၀၀ ကျော်ပြီ... တစ်နှစ်နီးပါး ရှိနေပြီ…”

ရလဒ်အနေဖြင့် ၊ သူ၏ ကျင့်ကြံမှု အဆင့်သည် တစ်ဆင့်မျှ တက်မလာခဲ့ဘဲ အခြေခံတည်ဆောက်ခြင်း တတိယအဆင့်တွင်သာ ရှိနေဆဲ ဖြစ်သည်။

"ငါ့မှာသာ ထိပ်တန်း ကျင့်ကြံခြင်း ပါရမီ ရှိခဲ့ရင် ကောင်းမှာပဲ..."

"စနစ် အရဆိုရင် သုံးရက်မှာ ရွှေမြုတေအဆင့်... ငါးရက်မှာ နတ်ဝိညာဉ်အဆင့်... ဆယ်ရက်မှာ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်... ပြီးတော့ တစ်နှစ်မှာ ကောင်းကင်ဘုံ တက်လှမ်းခြင်း အဆင့်ကို ရောက်နိုင်တယ်..."

ထိုအရာကို တွေးလိုက်မိသည်နှင့် ချန်လော့ တစ်ယောက် ပြုံးမိလိုက်သည်။

"ချန်လော့..."

ချန်လော့၏ စိတ်ကူးချိုချိုလေးကို တံခါးအပြင်ဘက်မှ ရင်းနှီးနေသောအသံက ဖျက်ဆီးပစ်လိုက်သည်။

"ကျောက်မန်လား..."

ချန်လော့သည် ထိုအသံကို မှတ်မိသွားသည်။

"သူမ ဘယ်လိုလုပ် ဒီအပေါ် ရောက်လာတာလဲ..."

ချန်လော့ တံခါးဖွင့်ရန် ပြင်လိုက်သော်လည်း တံခါးဝသို့ ရောက်သည်နှင့် သူ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး သတိကြီးစွာ ပြုမှုလိုက်သည်။

"ယန်ချင်းချွမ်က ငါ့ကို သတ်ဖို့ ကျောက်မန်ကိုများ ငှားလိုက်တာလား..."

ထိုအရာကို တွေးမိလိုက်ချိန်တွင် ချန်လော့ တစ်ယောက် မျက်မှောင်ကြုတ်လိုက်၏။

ကျောက်မန်နှင့် သူ၏ ဆက်ဆံရေး အရ ၊ သူသေကိုယ်သေတိုက်ပွဲမဟုတ်ဘဲနားလည်မှုလွဲတာတော့ဖြစ်မည်မှာ သေချာသည်။

အတန်ကြာအောင် စဉ်းစားပြီးနောက် ချန်လော့ နောက်တစ်လှမ်း ဆုတ်လိုက်၏။

သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ မှော်ဝင်္ကပါ တစ်ခုက သူ၏ ခြေထောက်အောက်တွင် စတင် စုစည်းလာသည်။

မကြာမီမှာပင် သွေးသတ်ကွင်း ဝင်္ကပါ တစ်ခု ဖြစ်တည်လာ၏။

မြေပြင်ပေါ်ရှိ သွေးသတ်ကွင်း ဝင်္ကပါကို ကြည့်ရင်း သူ ခင်းကျင်းထားသော ဝင်္ကပါကို အတော်လေး ကျေနပ်နေပုံ ရကာ ပြုံးပျော်ရွှင်နေ၏။

တံခါးဖွင့်ရန် ပြင်လိုက်စဉ် တံခါးဝသို့ ရောက်သောအခါ သူ ထပ်မံ ရပ်တန့်သွားပြန်သည်။

"ခဏနေဦး... တကယ်လို့ သူမက တခြား ထိပ်တန်း သိုင်းသမားတွေကို ခေါ်လာရင် ဘယ်လိုလုပ်မလဲ..."

တစ်ခဏမျှ စဉ်းစားပြီးနောက် ချန်လော့သည်အခန်းထဲရှိ အခြားနေရာများတွင် နောက်ထပ် ဝင်္ကပါ အချို့ကို ထပ်မံ ခင်းကျင်းလိုက်သည်။

အခန်းထဲတွင် ပြည့်နှက်နေသော သွေးသတ်ကွင်း ဝင်္ကပါများကို ကြည့်ရင်း ချန်လော့ ပြုံးလိုက်၏။

"တကယ်လို့ သူမက အခု လူဆယ်ယောက် ခေါ်လာရင်တောင် အနည်းဆုံးတော့ ငါ ထွက်ပြေးဖို့ အခွင့်အရေး ရှိသေးတယ်..."

ထိုသို့ ပြောပြီးနောက် သူသည် တံခါးဆီသို့ လျှောက်သွားပြီး ဖွင့်လိုက်သည်။

တံခါးအပြင်ဘက်တွင် တံခါးဖွင့်ရန် ကြာနေသော ချန်လော့ကြောင့် ကျောက်မန် မျက်မှောင်ကြုတ်လိုက်၏။

"တံခါးဖွင့်ဖို့ ဘာလို့ အဲဒီလောက် အချိန်ကြာနေရတာလဲ..."

ချန်လော့က ကျောက်မန်၏ ဘယ်ညာကို အရင်ဆုံး တစ်ချက် ကြည့်လိုက်ပြီး မည်သူမျှ မရှိကြောင်း တွေ့ရသောအခါမှ သူ ပြုံး၍ ကျောက်မန်ကို ကြည့်လိုက်သည်။

"လက်မှုပညာ အလုပ်လေး နည်းနည်း လုပ်နေလို့ပါ..."

သူက နဖူးမှ ချွေးများကို သုတ်ရင်း ပြောလိုက်၏။

"လက်မှုပညာ..."

ကျောက်မန် အံ့အားသင့်သွားပြီး ချန်လော့၏ ဆိုလိုရင်းကို နားမလည်ပုံ ရသည်။

သို့သော်လည်း ချန်လော့သည် ရှင်းပြမနေဘဲ ကျောက်မန်ကို အထဲသို့ ဝင်ခွင့်ပြုလိုက်၏။

"ငါ့ဆီက ဘာလိုချင်လို့လဲ..."

ချန်လော့က ပြုံး၍ မေးလိုက်သော်လည်း ကျောက်မန်နှင့် ဝေးဝေးမှာသာ နေလိုက်သည်။

ချန်လော့ကိုကြည့်ရသည်မှာ အရင်နေ့တွေနှင့်မတူဘူးဟု ကျောက်မန်ခံစားနေရ၏။

သို့သော်လည်း သူမ သိပ်မတွေးတော့ဘဲ သိုလှောင်အိတ် တစ်လုံးကို ထုတ်ယူကာ ချန်လော့ကို ကမ်းပေးလိုက်သည်။

"နင့်ရဲ့ ဝိညာဉ်ကျောက်တုံးလေ... ဘာလဲ... မလိုချင်တော့ဘူးလား..."

နောက်ဆုံးတွင် ချန်လော့ သတိရသွား၏။

ကျောက်မန်က သူ့ကို ဝိညာဉ်ကျောက်တုံး ၁၇၀၀ အကြွေးပေးရန်ရှိသေးသည်။

ချန်လော့သည် သူ၏မသင်္ကာမှုများကိုလျှော့ချလိုက်ပြီး သိုလှောက်အိတ်ကိုလှမ်းယူလိုက်သည်။

ထို့နောက် သိုလှောင်အိတ်ထဲတွင် လက်တလုံးခြား လုပ်ထားမည်ကို မစိုးရိမ်တော့ဘဲ ဖွင့်လိုက်သည်။

အိတ်ထဲတွင် ပြည့်နှက်နေသော ဝိညာဉ်ကျောက်တုံးများကို ကြည့်ရင်း ချန်လော့ ပြုံးလိုက်၏။

သို့သော် နတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရှုလိုက်ရာ အတွင်း၌ ဝိညာဉ်ကျောက်တုံး ၁၉၀၀ တောင် ရှိကြောင်း တွေ့လိုက်ရသည်။

၁၉၀၀ ဆိုသည်မှာ သူမ အကြွေးတင်နေသော ၁၇၀၀ ထက် ၂၀၀ ပိုများနေသဖြင့် ချန်လော့ ပျော်ရွှင်သင့်၏။

သို့သော် သူ မျက်မှောင်ကြုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ပိုနေသော ဝိညာဉ်ကျောက်တုံး ၂၀၀ မှာ ကျောက်မန်ထံမှ လက်ဆောင် မဟုတ်ဘဲ သားရဲများကို ရောင်းချခြင်းမှ ရရှိသော ငွေများ ဖြစ်ကြောင်း ချန်လော့ သိနေသောကြောင့် ဖြစ်၏။

ပြဿနာမှာ မီးတောက်ဝါးမြိုသားရဲ ခုနစ်ကောင် ကျန်သေးသည်ကို ချန်လော့ မှတ်မိနေခြင်းပင်။ သားရဲ တစ်ကောင်လျှင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၁၀၀ နှုန်းဖြင့် ဆိုလျှင် သူ့တွင် ဝိညာဉ်ကျောက်တုံး ၂၄၀၀ ရှိသင့်၏။

“ဒါပေမဲ့ အခု ငါ့မှာ ၁၉၀၀ ပဲ ရှိတယ်... ၅၀၀ တောင် လျော့နေတယ်…”

"မီးတောက်ဝါးမြိုသားရဲတွေ မရောင်းရလို့လား..."

ချန်လော့သည် စမ်းသပ်သည့် သဘောဖြင့် မေးလိုက်သည်။

သို့သော် ကျောက်မန်က ခေါင်းယမ်းပြလိုက်၏။

"အကုန် ရောင်းရတယ်..."

"ဒါဆို ဝိညာဉ်ကျောက်တုံး ၂၄၀၀ ဖြစ်ရမှာ မဟုတ်ဘူးလား..."

ချန်လော့၏ မေးခွန်းနှင့် ရင်ဆိုင်ရသောအခါ ကျောက်မန်၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာ၏။

ချန်လော့၏ မေးခွန်းကို သူမကြားချင်နေပုံပင်။

"ရှင် သူတို့အတွက် ဝိညာဉ်ကျောက်တုံးတွေ မကုန်ဘူးလို့ထင်နေတာလား.... ကျွန်မက ရှင့်အတွက် ကူရောင်းပေးရင် ဝန်ဆောင်မှုအတွက်ပိုက်ဆံ မ ယူရဘူးလား..."

"ဒါကြောင့် အကြမ်းဖျင်း တွက်ပြီး ၅၀၀ ပဲ ယူလိုက်မယ်... အဲဒါ တောင်လျှော့ထားပေးတာနော်..."

ချန်လော့သည် ကျောက်မန်ကို သူ၏မျက်လုံးများကျွတ်ထွက်မတတ် အံ့သြစွာကြည့်လိုက်မိသည်။

"မင်း စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၇၀၀ ဖိုး ရောင်းရတာလေ... ပြီးတော့ ကော်မရှင်ခ ၅၀၀ ယူတယ်ပေါ့..."

ချန်လော့ အော်လိုက်သည်။

"ငါ့တစ်သက်နဲ့တစ်ကိုယ် ဒီလောက် ဂုတ်သွေးစုပ်တဲ့လူမျိုး တစ်ခါမှ မမြင်ဖူးဘူး..."

သို့သော် ကျောက်မန်သည် ဂုဏ်ယူဝင့်ကြွားစွာပြုံးနေသည်။

"လူကြီးလူငယ် မရွေး ရိုးသား မျှတတဲ့ အရောင်းအဝယ်ပါပဲ..."

ချန်လော့မှာ မူးမေ့လုမတတ် ဖြစ်သွားသည်။

သို့သော် သေချာ ပြန်စဥ်းစားကြည့်လိုက်ရာ တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို သူ သတိထားမိလိုက်သည်။

“ဒီလုပ်ရပ်က... ကျောက်မန် လုပ်မယ့်ပုံစံမျိုး မဟုတ်ဘူး”…

သူ ကျောက်မန်ကို သိတာ သိပ်မကြာသေးသော်လည်း ကျောက်မန်၏ အလုပ်လုပ်ပုံ စတိုင်ကို အတော်လေး ရင်းနှီးနေပြီ ဖြစ်သည်။

“၇၀၀ ဖိုး ရောင်းရတာကို ၅၀၀ ယူတယ် ဆိုတာက သူမ ဘယ်လိုမှ စဉ်းစားမိနိုင်မယ့် ကိစ္စ မဟုတ်ဘူး…”

ဤနောက်ကွယ်တွင် ကြိုးကိုင်သူ တစ်ယောက် သေချာပေါက် ရှိနေမည်ကို ချန်လော့သိလိုက်သည်။

"မင်းကို ဘယ်သူ သင်ပေးလိုက်တာလဲ..."

ချန်လော့သည် ကျောက်မန်ကို ကြည့်၍ တည့်တိုး မေးလိုက်သည်။

ချန်လော့သည် ထိုမျှ မြန်မြန် ရိပ်မိသွားမည်ဟု မထင်ထားသဖြင့် ကျောက်မန် တစ်ခဏမျှ ဆွံ့အသွား ရ၏။

"ဘယ်သူမှ မသင်ပေးပါဘူး..."

ကျောက်မန်က ခေါင်းမာစွာ ပြန်ဖြေလိုက်သည်။

ချန်လော့ ဘာမှ မပြောဘဲ ကျောက်မန်ကို စူးစိုက် ကြည့်နေ၏။

"ဒါက ကျွန်မဘာသာ စဉ်းစားမိတာ... ပြီးတော့ ဒါက တော်တော် ယုတ္တိရှိတယ်လို့လည်း ထင်တယ်..."

ချန်လော့ : …..

"၅၀၀ ဆိုတာ တကယ်တော့ မများပါဘူး..."

ချန်လော့:……

"ကောင်းပြီ... ဆရာသင်ပေးတာ..."

နောက်ဆုံးတွင် ကျောက်မန်သည် ချန်လော့၏ အကြည့်ကို အရှုံးပေးလိုက်ပြီး သူမ၏ ဆရာ့ကို သစ္စာဖောက်လိုက်တော့၏။

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့တစ်ယောက် ချက်ချင်းကျိန်ဆဲတော့သည်။

"ကျစ်... အဆိပ်တောင်ထွတ်က အဲဒီ အဘိုးကြီး... အကြိမ် တစ်ထောင်လောက် သေဖို့ ကောင်းတယ်..."

အော်ဟစ်ပြီးနောက် သူသည် ကျောက်မန်ကို ကြည့်၍ ပြောလိုက်၏။

"ကျန်တဲ့ ဝိညာဉ်ကျောက်တုံး ၅၀၀ ကို ပြန်ပေးစမ်း..."

ချန်လော့သည် သူ၏ ဝိညာဉ်ကျောက်တုံးကို ဘာပဲဖြစ်ဖြစ် ပြန်ရအောင် ယူမည်ဟူသော ဆုံးဖြတ်ချက်ဖြင့် ကျောက်မန်၏ ရှေ့သို့ လက်ဖြန့်ပေးလိုက်၏။

သို့သော် ကျောက်မန်သည် ပခုံးတွန့်ပြလိုက်သည်။

"မပေးနိုင်ပါဘူး..."

"၅၀၀ ပြန်မပေးဘူးလား..."

ကျောက်မန်သည် ချန်လော့၏ လက်ထဲရှိ သိုလှောင်အိတ်ကို လက်ညှိုးထိုးပြလိုက်၏။

"အဲဒီထဲမှာလေ..."

“ဒါဆို မင်းက ငါ့ပိုက်ဆံနဲ့ ငါ့ကို အကြွေးပြန်ဆပ်တာပေါ့လေ…”

"မင်း... မင်း ငါ့ကို ၅၀၀ အကြွေးတင်သွားပြီ..."

"စာချုပ်စာတမ်းမှ မရှိတာ... ဘာအကြွေးမှ မတင်ပါဘူး..."

ချန်လော့မှာ ဆွံ့အသွားပြီး ဘာပြောရမှန်း မသိတော့ချေ။

ကျောက်မန်သည် ပြုံးပြီးရင်းပြုံးနေ၏။

"ဆရာ ပြောသလိုပဲ... ရှင်နဲ့ အတူရှိနေရင် အရှက်မရှိဖို့ လိုတယ်..."

"အရှက်မရှိလေ ပိုကောင်းလေပဲ... ဒါမှ ရှင့်ဆီကနေ အလိမ်မခံရမှာ..."

"ကောင်းပြီ... ဘာပဲဖြစ်ဖြစ် ဝိညာဉ်ကျောက်တုံးတွေ ပြန်ဆပ်ပြီးပြီ ဆိုတော့ ကျွန်မ သွားတော့မယ်..."

ထိုသို့ ပြောပြီးနောက် ကျောက်မန်က သီချင်းသံလေး ညည်းကာ ထွက်ခွာသွား၏။

ချန်လော့သည် ထွက်သွားသော ကျောက်မန်ကို ကြည့်နေရင်း သဘောမကျဟန်ဖြစ်နေ၏။

"အဆိပ်တောင်ထွတ်က အဘိုးကြီး... ဒီအကြွေးကို ကျုပ် မှတ်ထားမယ်..."

ချန်လော့သည် ထိုသို့ ပြောရင်း၊ ဝိညာဉ်ကျောက်တုံး ၅၀၀ ကို အဆိပ်တောင်ထွတ် အကြီးအကဲ၏ စာရင်းထဲ ပေါင်းထည့်လိုက်၏။

သို့သော် ယနေ့ သူ ဆုံးရှုံးခဲ့ရသည်မှာ ဝိညာဉ်ကျောက်တုံး ၅၀၀ သာမက ရိုးသားသော လူတစ်ယောက်လည်း ဖြစ်သည်။

အနာဂတ်တွင် ကျောက်မန်ကို ပြန်လည် ယုံကြည်ရန် ခက်ခဲလိမ့်မည်ဟု သူ သိလိုက်၏။

ဘာလို့လဲဆိုတော့ အဲဒီ ဖြူစင်တဲ့ နှလုံးသားက သူမရဲ့ ဆရာကြောင့် ညစ်ညမ်းသွားပြီလေ…

သို့သော် ချန်လော့ မသိခဲ့သည်မှာ ထိုမီးတောက်ဝါးမြိုသားရဲများကို တစ်ကောင်လျှင် ဝိညာဉ်ကျောက်တုံး ၁၀၀ ဖြင့် ရောင်းခဲ့ခြင်း မဟုတ်ဘဲ ၂၀၀ ဖြင့် ရောင်းခဲ့ခြင်း ဖြစ်သည်။

သားရဲ ခုနစ်ကောင် ဖြစ်၍ စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၁၄၀၀ ဖြစ်၏။

ဝိညာဉ်ကျောက်တုံး ၁၉၀၀ ထဲတွင် ၅၀၀ သာ ကျောက်မန်ထံမှ ဖြစ်ပြီး ကျန်သည်များမှာ မီးတောက်ဝါးမြိုသားရဲများကို ရောင်းချခြင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် ၊ယနေ့ကစားပွဲတွင် ချန်လော့တစ်ယောက် အရှုံးကြီးရှုံးခဲ့လေသည်။

All Chapters