← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉) သိပ်ပြီး ဖော်ရွေမှု မရှိဘူး

"ကောင်းပြီ... ငါတို့ သူ့ကို မဖမ်းတော့ဘူး... ဒါပေမဲ့ ပြစ်ဒဏ် တစ်ခုခုတော့ ပေးရမယ်..."

ယွီထျန်းစီ၏ စကားများကို အလျှော့ပေးခြင်းဟု မှတ်ယူနိုင်သည်။

လော့ချင်းယွီသည် သူ့ကို ကာကွယ်ပေးထားသဖြင့် ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့်ပင် ချန်လော့ကို အတင်းအကျပ် ဖမ်းဆီး၍ သွေးထောင်ထဲတွင် အကျဉ်းချထားရန် မဖြစ်နိုင်ပေ။

သူ့ကို ဖမ်းဆီးလျှင်တောင် လောချင်းယွီသည် ပြန်လည် ဆွဲထုတ်သွားနိုင်သေး၏။

အကယ်၍ ဘိုးဘေးများက လောချင်းယွီကို တားဆီးရန် ဝင်ရောက် စွတ်ဖက်မှတာဖစ်နိုင်လိမ့်မည်၊... သို့သော် ဘိုးဘေးများက လောချင်းယွီကို စောင့်ကြည့်ရန်အတွက်နဲ့ သူတို့၏ တံခါးပိတ်ကျင့်ကြံမှုကိုရပ်တန့်ရမှာလား….

“ဟူးးး…..”

ထို့ကြောင့် ယွီထျန်းစီ အနေဖြင့် လောချင်းယွီသည် အခြေအနေအရပ်ရပ်ကို ဦးစားပေးမည်ဟု မျှော်လင့်၍ ယခု အလျှော့ပေးရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

လောချင်းယွီသည် ယွီထျန်းစီကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။

သူမက ယွီထျန်းစီကို ချန်လော့အား သွေးထောင်သို့ မပို့စေရန် တားဆီးခဲ့ခြင်းမှာ ချန်လော့သည် ပျင်းရိနေပြီး သေချာ မကျင့်ကြံမည့် အခွင့်အရေး မရရှိစေရန် အတွက်သာ ဖြစ်သည်။

အခြား ပြစ်ဒဏ်များက ချန်လော့၏ အသက်အန္တရာယ်ကို မထိခိုက်သရွေ့ သူမ ဂရုမစိုက်ပေ။

ထို့အပြင် ပြစ်ဒဏ်များလည်း သေချာပေါက် ချမှတ်ရမည် ဖြစ်၏။

မဟုတ်ပါက ချန်လော့သည် ဂိုဏ်းအတွင်းရှိ လူများကို "ရိုက်နှက်ခြင်း" က တကယ်ကို ဆိုးရွားသော သက်ရောက်မှု ရှိပေလိမ့်မည်။

သူက ဤအစဉ်အလာကို စတင်ခဲ့ပြီး အပြစ်ပေး မခံရသေးဘူး... အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ…

"ပြစ်ဒဏ်က ဘာဖြစ်သင့်လဲ..."

လောချင်းယွီသည် ယွီထျန်းစီကို မေးလိုက်၏။

ယွီထျန်းစီ တစ်ခဏမျှ စဉ်းစားလိုက်ပြီး လောချင်းယွီကို အခါအားလျော်စွာ ကြည့်ကာ လောချင်းယွီကို မစော်ကားဘဲ လူအများကို ကျေနပ်စေမည့် ပြစ်ဒဏ်မျိုး မည်သို့ ပေးရမည်ကို တွက်ဆနေပုံ ရသည်။

အတန်ကြာအောင် စဉ်းစားပြီးနောက် ယွီထျန်းစီသည် ဖြည်းညင်းစွာ စကားစလာ၏။

"သူ့ရဲ့ လစာ နှစ်အနည်းငယ်စာလောက် ဖြတ်လိုက်ရင် ဘယ်လိုလဲ..."

"ကောင်းပြီ... လောလောဆယ် အနှစ် ၂၀ စာ ဖြတ်လိုက်တာပေါ့..."

လောချင်းယွီသည် ပြတ်ပြတ်သားသား ပြောလိုက်သည်။

ဘေးတွင် ရပ်နေသော ယွီထျန်းစီမှာ အံ့အားသင့်သွား၏။

နှစ် ၂၀စာ ပြစ်ဒဏ် ဖြတ်တောက်မှာလား... မင်း တကယ်ကို အဲဒီလို လုပ်နိုင်တာပဲ…

သို့သော်လည်း ပြောခဲ့သူမှာ လောချင်းယွီ ဖြစ်နေသဖြင့် ယွီထျန်းစီက သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ... ဒါဆို အနှစ် ၂၀ စာ ချန်လော့ရမယ့် လစာ ဖြတ်လိုက်ကြတာပေါ့..."

အနှစ် ၂၀ စာ လစာ ဆိုသည်မှာ အတော်လေး များပြားလှ၏။

ချန်လော့၏ လက်ရှိ တိုက်ရိုက်တပည့် အဆင့်အတန်း အရ သူက တစ်လလျှင် ဝိညာဉ်ကျောက်တုံး ၅၀ နှင့် ဆေးလုံး ၅ လုံး ရရှိသည်။

ဒါက တစ်နှစ်ကို ဝိညာဉ်ကျောက်တုံး ၆၀၀ နဲ့ ဆေးလုံး ၆၀ လေ…

အနှစ် ၂၀ ဆိုတော့... ဝိညာဉ်ကျောက်တုံး ၁၂၀၀၀ တောင် ရှိတာပဲ…

"အခု ပြစ်ဒဏ် ဆုံးဖြတ်ပြီးပြီ ဆိုတော့ ငါ ပြန်တော့မယ်..."

ထိုသို့ ပြောပြီးနောက် လောချင်းယွီ လှည့်ထွက်သွားရန် ပြင်လိုက်၏။

သို့သော် သူမ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် အသက် သုံးဆယ် သို့မဟုတ် လေးဆယ် ဝန်းကျင် အရွယ်ရှိ လူလတ်ပိုင်း တစ်ဦး သူမ၏ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူမှာ ဓားတောင်ထွတ်၏ အကြီးအကဲ ယွီချုံယန်မှလွဲ၍ အခြားသူ မဟုတ်ပေ။

"ဘာလဲ... ဒီပြစ်ဒဏ်ကို မင်း သဘောမကျဘူးလား..."

လောချင်းယွီသည် အကြီးအကဲ ယွီချုံယန်ကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်၏။

အကြီးအကဲ ယွီချုံယန်သည် ရယ်မောလိုက်သည်။

"ငါက ပြစ်ဒဏ်ကို ဂရုမစိုက်ပါဘူး... မဟုတ်ရင် အစကတည်းက ငါ သဘောတူခဲ့မှာပေါ့..."

ယွီချုံဟန်၏ စကားကိုကြားသောအခါ လောချင်းယွီ အံ့အားသင့်သွား၏။

"ရှင် သဘောတူရင် ကျွန်မ ရိုက်မယ်ဆိုတာ သိလို့ တမင် သဘောမတူတာလို့ ထင်နေတာ..."

အကြီးအကဲ ယွီချုံယန်၏ အပြုံးက ချက်ချင်း တောင့်တင်းသွားပြီး တစ်ခဏမျှ ဘာပြောရမှန်း မသိတော့ချေ။

နောက်ဆုံးတွင် သူ တတ်နိုင်သမျှမှာ အကူအညီမဲ့စွာဖြင့် ခပ်ခါးခါး ရယ်မောလိုက်ခြင်းသာ ဖြစ်သည်။

"ဒါဆို ရှင် ဘာလုပ်ချင်လို့လဲ..."

လောချင်းယွီသည် အကြီးအကဲ ယွီချုံယန်ကို ကြည့်လိုက်၏။

သို့သော် တစ်ဖက်လူကို မြင်လိုက်သည့် အခိုက်အတန့်မှာပင် လောချင်းယွီသည် ထိုသူ သူမထံသို့ ဘာကြောင့် လာရသလဲ ဆိုသည်ကို အကြမ်းဖျင်း နားလည်ထားပြီး ဖြစ်သည်။

သူတို့ နှစ်ယောက်က အပြန်အလှန် ဆက်ဆံမှု များများစားစား မရှိသဖြင့် ဤအချိန်တွင် သူမထံ လာရသည့် အကြောင်းရင်းမှာ ချန်လော့နှင့် ယန်ချင်းချွမ်တို့၏ ကိစ္စကြောင့်သာ ဖြစ်ပေလိမ့်မည်။

အကြီးအကဲ ယွီချုံယန်သည် စကားများများ မပြောတော့ဘဲ ပွင့်ပွင့်လင်းလင်း မေးလိုက်၏။

"အဲဒီတုန်းက ချင်းချွမ်ကို အဲဒီကိစ္စတွေ ပြောခဲ့ပြီး ဂိုဏ်းသားတွေကို ရှာခိုင်းခဲ့တာက မင်းရဲ့ တပည့်ကို လေ့ကျင့်ပေးဖို့ အတွက်ပဲ မဟုတ်လား..."

"ဟုတ်တယ်... ပြဿနာ ရှိလို့လား..."

လောချင်းယွီသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်၏။

"မင်းရဲ့ တပည့် တစ်ခုခု ဖြစ်သွားရင် ချင်းချွမ်ကို သူ့အသက်နဲ့ ရင်းပြီး ပြန်ဆပ်ခိုင်းမှာ မဟုတ်ဘူးမလား..."

ယွီချုံဟန်၏စကားကို ကြားသောအခါ လောချင်းယွီ ပြုံးလိုက်မိသည်။

"သူက စည်းမျဉ်းတွေကို လိုက်နာနေသရွေ့... သူ ကိုယ်တိုင် မလှုပ်ရှားသလို ရွှေမြုတေအဆင့် က ကျင့်ကြံသူတွေဆီကလည်း အကူအညီ မတောင်းဘူး ဆိုရင် ငါ သူ့ကို မထိပါဘူး..."

"မင်းရဲ့ တပည့် အသတ်ခံရရင်ရော..."

"ဒါက သူ သူများလောက် မတော်လို့ပဲ... ပြောစရာ ဘာမှ မရှိတော့ဘူး..."

"တကယ်လား..."

အကြီးအကဲ ယွီချုံယန်သည် လောချင်းယွီ၏ အဖြေကို အနည်းငယ် မယုံကြည်သည့်ပုံဖြင့် မေးလိုက်၏။

လောချင်းယွီသည် သူ့ကို တစ်ချက် ကြည့်လိုက်သည်။

"ငါက ဘာလို့ လိမ်ပြောနေရမှာလဲ..."

"ပြီးတော့ အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ် ခုနစ်ယောက်က သူ့အသက်ကို ယူဖို့ လုံးဝ မလုံလောက်ပါဘူး..."

ထိုစကားများကို ကြားပြီးနောက် အကြီးအကဲ ယွီချုံယန်က ညင်သာစွာ ပြုံးလိုက်၏။

"ကောင်းပြီလေ... အဲဒီလို ဖြစ်ဖို့ မျှော်လင့်ပါတယ်..."

ထိုသို့ ပြောပြီးနောက် သူ ထွက်သွားသည်။

လောချင်းယွီသည် အကြီးအကဲ ယွီချုံယန် ထွက်သွားသော ပုံရိပ်ကို ကြည့်လိုက်ပြီးနောက် မလှမ်းမကမ်းရှိ ဆေးတောင်ထွတ်ဆီသို့ လှမ်းကြည့်လိုက်၏။

တစ်ခဏမျှ စဉ်းစားပြီးနောက် သူမက သက်ပြင်းရှည်ကြီး ချလိုက်သည်။

"မင်းအတွက် ငါ ကြွားထားပြီးပြီဆိုတော့ မင်း လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်..."

…

ဆေးတောင်ထွတ်၊ ကျမ်းစာကြည့်တိုက် တွင်

ချန်လော့၏ အရေးကြီးသော တာဝန်ပေးအပ်မှုကို ခံထားရသော ဂိုဏ်းသားက ကျမ်းစာကြည့်တိုက် အရှေ့သို့ လျှောက်သွားရာ အဝင်ဝတွင် စောင့်ကြပ်နေသော ဂိုဏ်းသား အချို့ကို မြင်တွေ့လိုက်ရပြီး တုံ့ဆိုင်းစွာဖြင့် အနီးသို့ တိုးသွား၏။

"ကျမ်းစာကြည့်တိုက်ကို စာအုပ် လာယူတာလား... အမိန့်စာ ပါလား..."

အစောင့် ဂိုဏ်းသားက မေးလိုက်၏။

ကျမ်းစာကြည့်တိုက်သို့ ဝင်ရောက်ရန် အမိန့်စာ လိုအပ်ပြီး မဟုတ်ပါက ဝင်ရောက်၍ မရနိုင်ပေ။

အတွင်းဂိုဏ်းသားနှင့် အထက် အဆင့်ရှိသူများ အတွက်မူ အကြီးအကဲက သူတို့ကို ကျမ်းစာကြည့်တိုက်သို့ လွတ်လပ်စွာ ဝင်ထွက်ခွင့် ပြုသည့် အမိန့်စာ တစ်ခု ပေးအပ်မည် ဖြစ်သည်။

သေချာတာကတော့ သူတို့ ပိုင်ဆိုင်ထားသော အမိန့်စာများက ကျမ်းစာကြည့်တိုက်၏ ပထမထပ်သို့ ဝင်ရောက်ရန်သာ လုံလောက်ပြီး ဒုတိယထပ်နှင့် တတိယထပ် အတွက်မူ ပိုမို မြင့်မားသော အဆင့်ရှိ အမိန့်စာများ လိုအပ်၏။

"အမိန့်စာ မပါပါဘူး..."

ထိုဂိုဏ်းသားက ပြန်ဖြေလိုက်သည်။

၎င်းကို ကြားသောအခါ အစောင့် ဂိုဏ်းသားက ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် အံ့အားသင့်သွားပုံ ရ၏။

"အမိန့်စာ မပါဘဲ ကျမ်းစာကြည့်တိုက်မှာ ဘာလုပ်မလို့လဲ... ပြဿနာ လာရှာတာလား..."

"ဒီကနေ ထွက်သွားစမ်း... ဒီနားမှာ လာမရှုပ်နဲ့..."

အစောင့်၏ ဖော်ရွေမှု မရှိသော အမူအရာကို မြင်သောအခါ ထိုဂိုဏ်းသားမှာ နောက်လှည့်သွားရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။ သို့သော် ခြေလှမ်း အနည်းငယ်မျှ မလှမ်းရသေးမီမှာပင် ချန်လော့၏ ရက်စက်သော အပြုံးက သူ၏ စိတ်ထဲတွင် အလိုအလျောက် ပေါ်လာ၏။

ချန်လော့သည် သူ့ကို လူဝက် တစ်ကောင်အဖြစ် ပြောင်းလဲပစ်မည်လား ဆိုသည်ကို သူ မသိသော်လည်း ၎င်းက သူ ဘာမျှ မလုပ်ဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။

တကယ်လို့ သူက ငါ့လက်ချောင်း တစ်ချောင်း ဒါမှမဟုတ် နှစ်ချောင်းလောက်ကို ဖြတ်လိုက်ရင် ဘယ်လိုလုပ်မလဲ... ဒါဆို အခုကစပြီး ငါ ဆေးဖော်စပ်ဖို့ အဆင်မပြေ ဖြစ်တော့မှာပေါ့…

ထိုအရာကို တွေးမိသောအခါ ထိုဂိုဏ်းသားက နောက်လှည့်၍ အစောင့်၏ အနီးသို့ သွားလိုက်၏။

သူ ပြန်လာသည်ကို မြင်သောအခါ အစောင့်က မျက်မှောင်ကြုတ်လိုက်သည်။

"မင်းကို ထွက်သွားလို့ ငါ မပြောဘူးလား... ဘာလို့ ပြန်လာတာလဲ..."

ထိုဂိုဏ်းသားက ထွက်မသွားဘဲ တစ်ခဏမျှ စဉ်းစားပြီးနောက် ပြန်ပြောလိုက်၏။

"ငါ့မှာ အမိန့်စာ မရှိပေမဲ့ စီနီယာ အစ်ကိုကြီး တစ်ယောက် အတွက် စာအုပ် လာယူတာ..."

"ပြီးတော့ အကြီးအကဲကို သူ ပြောပြီးပြီလို့ အစ်ကိုကြီးက ပြောတယ်... ဒါပေမဲ့ ဒီနေ့ အကြီးအကဲ မရှိဘူးလေ..."

သို့သော် သူ ပြောသည်များကို ကြားပြီးနောက်တွင်ပင် အစောင့်က သူ့ကို အထင်သေးနေဆဲ ဖြစ်၏။

"စီနီယာ အစ်ကိုကြီး ဟုတ်လား... ဘယ်က စီနီယာ အစ်ကိုကြီးလဲ... ကောင်းကင်ဘုံ ဘုရင် ကိုယ်တိုင် လာရင်တောင် အမိန့်စာ လိုတယ်ကွ..."

"ငါ မင်းကို ပြောပြမယ်... ကျမ်းစာကြည့်တိုက် က အစောင့်တွေ ဖြစ်တဲ့ ငါတို့က အမိန့်ကိုပဲ နာခံတာ... ပုဂ္ဂိုလ်ရေး ဆက်ဆံရေးကို နာခံတာ မဟုတ်ဘူး..."

"စီနီယာ အစ်ကိုကြီးတွေကို လက်မခံတော့ဘူး... တိုက်ရိုက်တပည့် တစ်ယောက် လာရင်တောင် ငါ့ကို အမိန့်စာ ပေးရမှာပဲ..."

"အမိန့်စာ မရှိရင် ရွှေမြုတေအဆင့် ဒါမှမဟုတ် နတ်ဝိညာဉ်အဆင့် လာရင်တောင် ဝင်သွားလို့ မရဘူး..."

အစောင့်၏ အလျှော့မပေးသော သဘောထားကို မြင်သောအခါ ထိုဂိုဏ်းသားက သက်ပြင်းချလိုက်၏။

"ကောင်းပြီလေ... ဒါဆို အစ်ကိုကြီး ချန်လော့ ကို ကိုယ်တိုင် လာခိုင်းလိုက်မယ်..."

ထိုသို့ ပြောပြီးနောက် သူ လှည့်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် ထိုအမည်ကို ကြားလိုက်ရသောအခါ အစောင့်၏ ယခင်က မောက်မာနေသော အရှိန်အဝါက ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု တစ်ခု အစားထိုး ဝင်ရောက်လာ၏။

သူက ထွက်ခွာရန် ပြင်နေသော ထိုဂိုဏ်းသားကို ကမန်းကတန်း လှမ်းခေါ်လိုက်သည်။

"ခဏနေဦး... မင်း အခုလေးတင် ဘာပြောလိုက်တာလဲ... ဒီကို ဘယ်သူ့ကို ခေါ်လိုက်မှာလဲ..."

အကင်းပါးသော ထိုသူက နောက်လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်နေသော အမူအရာတစ်ခု ပေါ်နေ၏။

“အစ်ကိုကြီး ချန်လော့ လေ... ဘာဖြစ်လို့လဲ…”

"ငါတို့ ဆေးတောင်ထွတ်က အတွင်းဂိုဏ်းသားလား..."

"မဟုတ်ဘူး... ချင်းယန်တောင်ထွတ်က... အကြီးအကဲ လောချင်းယွီရဲ့ တပည့်လေ..."

အစောင့်၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ရုတ်တရက် ထွက်လာပြီး သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။

သူ၏ အခုလေးတင်က အပြုအမူက သိပ်ပြီး ဖော်ရွေမှု မရှိဘူးဆိုတာကို သူ ရုတ်တရက် သဘောပေါက်သွားသည်။

အခန်း (၉၀) ကိုက်ညီမှု

"ညီအစ်ကို... ငါက အရည်အချင်း မရှိလို့ပါ... ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့..."

"ဒီလို လုပ်ကြတာပေါ့... မင်းနဲ့အတူ ငါ ဝင်ခဲ့မယ်... အိမ်မှာလိုပဲ သဘောထားပြီး မင်း လိုချင်တဲ့ စာအုပ် ယူလို့ ရပါတယ်..."

“အစ်ကိုကြီး ချန်လော့က အရမ်း အလုပ်များပြီး နေ့တိုင်း လုပ်စရာတွေ အများကြီး ရှိနေတာ... သူ့ကို ကိုယ်တိုင် လာဖို့ ဒုက္ခမပေးပါနဲ့တော့…”

အစောင့်က ထိုဂိုဏ်းသားကို ဆွဲကိုင်၍ ကျမ်းစာကြည့်တိုက် အတွင်းသို့ ဆွဲခေါ်သွား၏။

ထိုဂိုဏ်းသားမှာ ၁၈၀ ဒီဂရီ ရုတ်တရက် ပြောင်းလဲသွားသော အပြုအမူကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။

သို့သော်လည်း ချန်လော့၏ အမည်ကို ကြားလိုက်ရသောကြောင့် အစောင့်၏ အပြုအမူ ပြောင်းလဲသွားခြင်း ဖြစ်ကြောင်း သူ ချက်ချင်း သဘောပေါက်သွား၏။

ချန်လော့ ဆိုတဲ့ နာမည်က တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလား…

သို့သော် သေချာ ပြန်စဉ်းစားကြည့်မည် ဆိုပါက ၎င်းက အတော်လေး ထိရောက်ပုံ ရသည်။

ယခုအချိန်တွင် ဂိုဏ်း တစ်ခုလုံး၌ တိုက်ရိုက်တပည့်များနှင့် အတွင်းဂိုဏ်းသားများမှလွဲ၍ ချန်လော့ကို မကြောက်ဘူးဟု မည်သူက ပြောရဲမည်နည်း။

အစောင့်က အလွန် ဂရုစိုက်၏။ သူ လိုချင်သော စာအုပ်ကို မိနစ်အနည်းငယ် အတွင်းမှာပင် ရှာတွေ့သွားသည်။

မူလက ချန်လော့၏ အဆိုအရ ထိုဂိုဏ်းသားက နှစ်အုပ်သာ လိုအပ်ပြီး တစ်အုပ်က ပါရမီနဲ့ ပတ်သက်တဲ့ စာအုပ် ဖြစ်ပြီး နောက်တစ်အုပ်က ဒုတိယအဆင့် ဝင်္ကပါ မန္တာန်နဲ့ ပတ်သက်တဲ့ စာအုပ် ဖြစ်၏။

ထို့နောက် အစောင့်က ကျင့်ကြံခြင်း ပါရမီ မြှင့်တင်ခြင်း၊ ကျင့်ကြံခြင်း ပါရမီ ဆိုတာ ဘာလဲ၊ နှင့် ကျင့်ကြံခြင်း ပါရမီရဲ့ သမိုင်းကြောင်း အပါအဝင် ကျင့်ကြံခြင်းနှင့် ပါရမီ သက်ဆိုင်သော စာအုပ် သုံးအုပ်ကို ရှာဖွေပေးခဲ့သည်။

ဒုတိယအဆင့် ဝင်္ကပါ မန္တာန်နှင့် ပတ်သက်သည့် စာအုပ် ငါးအုပ်ကိုပင် သူ ရှာတွေ့ခဲ့သေး၏။

စာအုပ်အချို့ကို ကျမ်းစာကြည့်တိုက်၏ ဒုတိယထပ်မှပင် ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

"ညီအစ်ကို... ဒီစာအုပ်တွေ လုံလောက်လား ကြည့်ပါဦး... မလုံလောက်ရင် ငါ သွားယူပေးမယ်..."

ထိုဂိုဏ်းသားက သူ၏ လက်ထဲရှိ စာအုပ် ခုနစ်အုပ်ကို ကြည့်ပြီး ကမန်းကတန်း ခေါင်းညိတ်လိုက်၏။

"ဒါဆို လုံလောက်ပါပြီ... မလုံလောက်ရင် နောက်မှ ပြန်လာခဲ့ပါ့မယ်..."

သူ၏စကားကိုကြားသော အစောင့်က ပြုံးလိုက်သည်။

"ကောင်းပြီ... မလုံလောက်ရင် ထပ်ယူလို့ ရပါတယ်..."

"မင်း တစ်ယောက်တည်း လာတာ အကောင်းဆုံးပဲ... အစ်ကိုကြီးချန် လာစရာ မလိုပါဘူး... ခရီးဝေးကြီး လာရတာ သူ့အတွက် အရမ်း ဒုက္ခများပါတယ်..."

အစောင့်၏ စကားများကို ကြားသောအခါ ထိုဂိုဏ်းသား၏ မျက်နှာပေါ်တွင် အကူအညီမဲ့သော အပြုံးတစ်ခု ပေါ်လာ၏။

ထိုအစောင့်က ချန်လော့နှင့် မဆုံတွေ့စေရန် တကယ်ကို အစွမ်းကုန် ကြိုးစားနေခြင်းပင်။

ပြင်ဆင်ထားသော စာအုပ်များကို ကိုင်ဆောင်လျက် ထိုဂိုဏ်းသား ထွက်ခွာသွား၏။

အစောင့်က သူ ထွက်သွားသည်ကို ကြည့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။

"နောက်ဆုံးတော့ သူ သွားပြီပဲ..."

"သူ့ကို ဒီမှာ ထားလိုက်တာ ကောင်းတယ်... မဟုတ်ရင် မိစ္ဆာကောင် ချန်လော့သာ ကိုယ်တိုင် ရောက်လာရင် ငါ့ကို လူဝက် တစ်ကောင်အဖြစ် ပြောင်းလဲပစ်တော့မှာ..."

"မဖြစ်ဘူး... ဒီမှာ ဆက်နေတာက အရမ်း အန္တရာယ်များတယ်... ငါ့အစား တာဝန်လဲဖို့ တစ်ယောက်ယောက်ကို ရှာရမယ်..."

ထိုသို့ ပြောပြီးနောက် အစောင့်က ကမန်းကတန်း ထွက်သွားတော့၏။

…

မကြာမီမှာပင် ချန်လော့၏ ကောင်းမှုကြောင့် ထိုဂိုဏ်းသား ပင်မခန်းမသို့ ပြန်ရောက်လာသည်။

ထိုအချိန်၌ ချန်လော့သည် ပင်မခန်းမ၏ အလယ်တွင် ခြေချိတ်ထိုင်လျက် သစ်သီး တစ်လုံးကို စားနေ၏။

ဤသည်က ယွီယန်ဇီ၏ ထိုင်ခုံ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ဂိုဏ်းသားများက အနီးသို့ပင် မချဉ်းကပ်ရဲကြသလို ထိုနေရာတွင် ထိုင်ရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

ချန်လော့ တစ်ယောက်တည်းသာ ထိုနေရာတွင် ထိုင်ရဲသော သတ္တိ ရှိ၏။

အခြား ဂိုဏ်းသားများက သိထားကြသော်လည်း မည်သည့် သတိပေးချက်မျှ မပေးခဲ့ကြပေ။

အကြီးအကဲ ပြန်လာပြီး ချန်လော့ကို ပညာပေးမည်ကို သူတို့ စောင့်ချင်နေခြင်း မဟုတ်ဘဲ အကယ်၍ သွားပြီး သတိပေးလိုက်ပါက ချန်လော့သည် စိတ်ဆိုးသွားပြီး သူတို့ အားလုံးကို သုတ်သင်ပစ်လိုက်မည်ကို စိုးရိမ်နေကြသောကြောင့် ဖြစ်၏။

ထို့ကြောင့် "နောင်တရတာထက် ဘေးကင်းတာက ပိုကောင်းတယ်" ဟူသော သဘောထားကို လက်ခံကျင့်သုံးကာ သူတို့က မမြင်ယောင်သာ ဟန်ဆောင်နေလိုက်ကြသည်။

ချန်လော့၏ ထိုင်ခုံကို ကြည့်လိုက်သောအခါ ထိုဂိုဏ်းသားက သူ၏ ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားသည်ကို ခံစားလိုက်ရသော်လည်း ဘေးရှိ ဒူးတုန်နေသော ဂိုဏ်းသားကို တစ်ချက် ကြည့်ပြီးနောက် သူကလည်း ဘာမျှ မပြောဘဲနေလိုက်သည်။

"အစ်ကိုကြီး ချန်လော့... ဒါတွေက အစ်ကိုကြီး ယူခိုင်းထားတဲ့ စာအုပ်တွေပါ..."

ထိုသို့ ပြောရင်း ထိုဂိုဏ်းသားက ချက်ချင်း ခါးကို ညွှတ်ကာ စာအုပ်ကို မြှောက်ကိုင်၍ ချန်လော့ကို ကမ်းပေးလိုက်၏။

ချန်လော့မှာ သူ မြင်လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အသွားသည်။

ထိုအချိန်၌ သူက ဘုရင်တစ်ပါးလို မြင့်မားသော ပလ္လင်ပေါ်တွင် ထိုင်နေ၏။

အောက်ရှိ ဂိုဏ်းသားများက သူ့ကို လက်ဆောင်များ ဆက်သနေသည့် နှိမ့်ချသော ဝန်ကြီးများနှင့် တူနေသည်။

ဤမြင်ကွင်းက အနည်းငယ် ထူးဆန်းနေပြီး သူ့ကို ပဒေသရာဇ် ခေတ်က ဘုရင် တစ်ပါးကဲ့သို့ ထင်ရစေ၏။

သို့သော် ချန်လော့သည် စကားများများ မပြောပေ။ သူက အပေါ်ဆုံးရှိ စာအုပ်ကို တစ်ချက် ကြည့်လိုက်ပြီး သူ လိုချင်သော စာအုပ် ဖြစ်ကြောင်း အတည်ပြုပြီးနောက် သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် သူက သိုလှောင်အိတ်ထဲမှ နောက်ထပ် သိုလှောင်အိတ် တစ်လုံးကို ထုတ်ယူလိုက်၏။

ထိုသိုလှောင်အိတ်ကို ပိုင်ဇီချိုး၏ သိုလှောင်အိတ်ထဲမှ ချန်လော့ ထုတ်ယူခဲ့ခြင်း ဖြစ်သည်။

ချန်လော့သည် သူ လိုအပ်သည့် အရာအားလုံးကို ယူဆောင်ပြီး ဖြစ်၏... ဤနေရာတွင် ကျန်ရှိနေသည်များမှာ ချန်လော့ အသုံးမဝင်ဟု ယူဆသော အရာများ ဖြစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် လက်သီးသိုင်းများ သို့မဟုတ် တန်ဖိုးမရှိသော ဒုတိယအဆင့် ဆေးလုံးများ ကဲ့သို့သော အရာများ ဖြစ်၏။

ချန်လော့သည် သေချာ မကြည့်ခဲ့သော်လည်း မလိုအပ်သောကြောင့် သိုလှောင်အိတ်ထဲမှ တစ်ခါမျှ ထုတ်မယူခဲ့ပေ။

ထို့ကြောင့် သိုလှောင်အိတ်ကို အနှီဂိုဏ်းသား၏ လက်ထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်၏။

ဂိုဏ်းသားလေးခင်ဗျာ တစ်ခဏမျှ တန့်သွားပြီး သူ၏ လက်ထဲရှိ သိုလှောင်အိတ်ကို ကြည့်ကာ သူ၏ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်တစ်ခု ပေါ်နေသည်။

"ဒါ မင်းအတွက်ပဲ..."

ချန်လော့သည် တစ်ခုခု ပြောလိုက်ပြီး ထိုဂိုဏ်းသားကို ပြန်ပေးရန် အခွင့်အရေး မပေးဘဲ ထိုင်ခုံမှ မတ်တတ်ရပ်ကာ အနောက်ဘက် ခန်းမဆီသို့ လျှောက်သွား၏။

ထိုဂိုဏ်းသားမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ပြုံး၍ ချန်လော့ကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးချန်..."

ချန်လော့ ပင်မခန်းမမှ ထွက်သွားပြီးနောက် ဂိုဏ်းသားများက သူ့အနီးသို့ စုရုံးလာကြ၏။

"ချန်လော့က မင်းကို ကျေးဇူးတင်တဲ့ အနေနဲ့ ဘာပေးသွားတာလဲ..."

"အပြင်ထုတ်ပြီး ကြည့်ရအောင်... အထင်မသေးပါနဲ့..."

"ပြတ်နေတဲ့ ခြေလက်တွေ ဘာတွေတော့ မဟုတ်လောက်ပါဘူး..."

တစ်စုံတစ်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည့် စကားတစ်ခုက လူတိုင်းကို ချက်ချင်း ထိတ်လန့်သွားစေ၏။

"အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့... အစ်ကိုကြီးချန်မှာ ဒီလို ဖောက်ပြန်တဲ့ ဟာသဉာဏ်မျိုး မရှိလောက်ပါဘူး..."

ထိုဂိုဏ်းသားက ပြောရင်း သိုလှောင်အိတ်ကို လှန်ကြည့်လိုက်ရာ ၎င်းပေါ်ရှိ သွေးကွက်များကို မြင်သောအခါ သူ မတန့်သွားဘဲ မနေနိုင်ခဲ့ပေ။

"တကယ်ပဲ ပြတ်နေတဲ့ ခြေလက်တွေ ဖြစ်နေမလား..."

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လူတိုင်းက သူတို့၏ ကြောက်ရွံ့မှုကို ဖိနှိပ်၍ သိုလှောင်အိတ်ကို ဖွင့်လိုက်ကြ၏။

သိုလှောင်အိတ်ထဲရှိ အရာများ ထွက်လာသောအခါ လူတိုင်း အနည်းငယ် စိတ်ပျက်သွားကြသည်။

သိုင်းကွက် နှစ်ခု၊ ဝိညာဉ်အဆင့် အလယ်အလတ် ဓားရှည် တစ်လက်နှင့် ဆေးလုံး အချို့ ဖြစ်၏။

ထိုအရာများက အမှန်တကယ်တော့ အတော်လေး ကောင်းမွန်ပါသည်။ သူ မလိုအပ်လျှင်တောင် အားလုံးကို ရောင်းချခြင်းဖြင့် ဝိညာဉ်ကျောက်တုံး ၂၀၀ သို့မဟုတ် ၃၀၀ ခန့် အမြတ်အစွန်း အနည်းငယ် ရရှိနိုင်သေး၏။

သူတို့၏ အတွင်းဂိုဏ်းသားများက တစ်လလျှင် ဝိညာဉ်ကျောက်တုံး ၁၀ တုံးသာ ရရှိပြီး ဂိုဏ်းတာဝန် အချို့ကို လုပ်ဆောင်ခြင်းဖြင့် တစ်လလျှင် အများဆုံး ဝိညာဉ်ကျောက်တုံး ၂၀ သို့မဟုတ် ၃၀ ခန့်သာ ရရှိနိုင်သည်။

ချန်လော့ ပေးခဲ့သော လက်ဆောင်များက သူတို့၏ တစ်နှစ်စာ ဝိညာဉ်ကျောက်တုံး ဝင်ငွေနှင့် အကြမ်းဖျင်း ညီမျှပြီး အတော်လေး ရက်ရောလှ၏။

သို့သော်လည်း လူအချို့၏ မျက်နှာပေါ်တွင် စိတ်ပျက်သည့် အရိပ်အယောင်များ ပေါ်နေဆဲ ဖြစ်သည်။

ဝိညာဉ်ကျောက်တုံး ၂၀၀ သို့မဟုတ် ၃၀၀ တန်ဖိုးရှိသည့် အရာများထက် သူတို့ မြင်တွေ့ချင်သည့်အရာက ပြတ်တောက်နေသော ခြေလက်များ ဖြစ်ပုံရ၏။

…

သူ၏ အခန်းသို့ ပြန်ရောက်သောအခါ ချန်လော့သည် သိုလှောင်အိတ်ထဲမှ စာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်သည်။ မျက်နှာဖုံးပေါ်တွင် "ကျင့်ကြံခြင်း ပါရမီ ဆိုတာ ဘာလဲ" ဟူသော စာလုံးများကို ထင်ရှားစွာ ပြသထား၏။

စာအုပ်က သိပ်မထူဘဲ စာမျက်နှာ ရာဂဏန်း နှစ်ရာခန့်သာ ရှိသည်။ ချန်လော့သည် ၎င်းကို အလွန် မြန်ဆန်စွာ ဖတ်ရှုလိုက်၏။ တစ်ချက်ကြည့်ရုံဖြင့် စာကြောင်း ဆယ်ကြောင်းကို ဖတ်နိုင်သူပင်လျှင် သူလောက် မြန်ဆန်မည် မဟုတ်ပေ။ သို့သော်လည်း သူက ၎င်းကို အလွန် ရှင်းလင်းစွာ ဖတ်ရှုခဲ့ပြီး စကားလုံးတိုင်းကို မှတ်မိနေခဲ့သည်။

ဆယ်မိနစ်ပင် မပြည့်မီ အချိန်အတွင်း ချန်လော့သည် စာအုပ် တစ်အုပ်လုံးကို ဖတ်ရှုပြီးစီးသွား၏။

ယခုအခါ ချန်လော့သည် ဤကျင့်ကြံခြင်း ဆိုသည်ကို စိတ်ဝင်စားနေသည်။ ပါရမီနှင့် ပတ်သက်၍ အခြေခံ နားလည်မှု တစ်ခုကိုလည်း သူ ရရှိခဲ့၏။

ရိုးရိုးရှင်းရှင်း ပြောရလျှင် ကျင့်ကြံခြင်း ပါရမီ ဆိုသည်မှာ ကောင်းကင်ဘုံရှိ သတ္တဝါ တစ်ဦးက ဤလောကမှ ဝိညာဉ်စွမ်းအင်ကို ဆွဲယူသည့် အမြန်နှုန်း ဖြစ်သည်။

"သူက ဝတ္ထုတွေထဲက ဝိညာဉ်အမြစ် လိုမျိုး အရာဝတ္ထု တစ်ခုတည်း မဟုတ်ဘဲ တစ်ခုလုံး... တိတိကျကျ ပြောရရင် မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ် တစ်ခုလုံးပဲ..."

"ခန္ဓာကိုယ်က လောကကြီးဆီကနေ ဝိညာဉ်စွမ်းအင်ကို စုပ်ယူတဲ့ စက်ယန္တရား တစ်ခုလိုပဲ..."

"ပါရမီ လို့ ခေါ်တာက အမှန်တကယ်တော့ ခန္ဓာကိုယ်က ဝိညာဉ်စွမ်းအင်ကို လက်ခံတဲ့ အမြန်နှုန်းပဲ... တစ်နည်းအားဖြင့် ပြောရရင် ဒီလောကနဲ့ မင်းရဲ့ ကိုက်ညီမှုပေါ့..."

All Chapters