← Chapters

ဆရာကတော်

Vol. 001 Ch. 81

ဆရာကတော်

Vol. 001 Ch. 81

အခန်းထဲတွင်ကား ရီဖူရှင်းက ဟွာဂျီယူ၏နောက်မှ မျက်လုံးများ အရောင် တောက်လျက် နောက်မှ လိုက်လာသည်။

“တော်တော် ကောင်းတဲ့ နေရာပဲ...” အခန်းအား လှည့်လည်ကြည့်၍ ဟွာဂျီယူက မှတ်ချက်ချသည်။

“ဟုတ်တယ်... အနားယူဖို့အတွက် အကောင်းဆုံးပဲ...” ရီဖူရှင်းက ခေါင်းညိတ်၍ ပြောသည်။

ဟွာဂျီယူက အိပ်ရာသို့ လျှောက်သွားကာ သူမ၏အပြင်ဝတ်အား ချွတ်လိုက်လျှင် သူမ၏ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းများ ပေါ်လာသည်။ ထို့နောက် သူမက ရီဖူရှင်းဘက်သို့ လှည့်ကြည့်ကာ ပြုံးလျက် မေးလိုက်သည်... “ငါ ကြည့်ကောင်းလား...”

ရီဖူရှင်း မျက်လုံး ပြူးသွားသည်။ သူ တစ်စုံတစ်ခု မူမှန်သည်ကို ခံစားနေရသည်။ သူက ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်... “အရမ်း ကောင်းတယ်...”

“ဒါဆို ငါအနားယူမယ်... နင်က ဆက်ကြည့်နေ...” ဟွာဂျီယူက မချိုမချဉ် ပြုံးလိုက်သည်။ သူမက သူမ၏ဖိနပ်လေးများအား ချွတ်လိုက်ပြီး အိပ်ရာတွင် လဲလျောင်းလိုက်သည်။ သူမက ရီဖူရှင်းအား ကြည့်ကာ ခစ်ခနဲ ရယ်လိုက်ပြန်သည်။

“ဒါက ငါ့အိပ်ရာလေ... ငါလည်း အိပ်လို့ရတယ်မလား...” ရီဖူရှင်းက သူ၏ရှေ့မှ လှပသော မိန်းကလေးအား ကြည့်လိုက်သည်။ သူမက သူ့အား အဘယ်ကြောင့် သည်မျှ စနောက် နိုင်ရသနည်း။

“နင် စမ်းကြည့်လေ...” ဟွာဂျီယူက ပြောလိုက်သည်။ သူမက ပြုံးနေဆဲပင် သို့သော် ရီဖူရှင်း၏ပုံစံမှာ သနားစဖွယ် ကောင်းလှသည်... “မြေခွေးမ... နင်လုပ်နေတာတွေ မှားတယ်နော်...”

ဟွာဂျီယူက အိပ်ရာတွင်ပင် လက်များအား ဆန့်တန်းလျက် အပျင်းဆန့်လိုက်လျှင် သူမ၏ခန္ဓာကိုယ် အလှအပများ ပိုမို ပေါ်လွင်စေ၏။ သူမ၏လှုပ်ရှားမှုတိုင်းက ရီဖူရှင်းအတွက် မချိမဆံ့ ခံစားရစေသည်။

“ငါအိပ်တော့မယ်...” သူမက ထိုသို့ပြောလျက် ရီဖူရှင်းထံမှ အကြည့်လွှဲကာ စောင်အား သူမ၏ကိုယ်ပေါ်သို့ ဆွဲတင်လိုက်သည်။ သည်တစ်ကြိမ်ကား ရီဖူရှင်းအတွက် ကြည့်စရာ ဘာမှ မကျန်တော့ပေ။ စောင်၏အောက်မှ အနည်းငယ်သော သူမ၏ခန္ဓာပုံသဏ္ဌာန်အား တွေးတော ခန့်မှန်းရုံမျှ သူ တတ်နိုင်တော့သည်။

ရီဖူရှင်းက ရယ်ရမည်လော။ ငိုရမည်လော မသိတော့ပေ။ သူမကား သည်နှိပ်စက်မှုများ အတွက် တစ်နေ့ ပြန်ပေးဆပ်ရပေမည်။

ခြေလှမ်းဖွဖွဖြင့် ရီဖူရှင်းက သူမရှိနေရာ အိပ်ရာသို့ အသာအယာ လျှောက်သွားလိုက်ကာ ကြမ်းပြင်တွင် ထိုင်လိုက်သည်။ ထို့နောက် ညင်သာစွာ ပြောလိုက်သည်... “မြေခွေးမ... ငါနဲ့ ဒီမှာအတူတူ အိပ်ရင် နင် ပိုပြီးနွေးလိမ့်မယ်...”

ဟွာဂျီယူ ပြန်မပြောပေ။

“ဒီနေ့ ငါ စွမ်းအင်တွေ သုံးတာ များသွားတယ်... ငါလည်း အိပ်ရာထဲ လဲချင်တယ်... ကြမ်းပြင်က အရမ်း အေးစက်လွန်းတယ်... ငါအိပ်ရာထဲ ဘာလို့ မလဲရတာလဲ...” ရီဖူရှင်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ သို့သော် သူမ ပြန်မပြောပေ။

“မစိုးရိမ်နဲ့... ငါနင့်ကို မထိပါဘူး... ငါ နင့်ဘေးမှာပဲ လဲလျောင်းနေမယ်...” သူက ဆက်ပြောသည်။

“ကောင်းပြီ... နင်က ပြန်မဖြေဘူး ဆိုမှတော့ သဘောတူတယ်ပဲ မှတ်လိုက်မယ်...” ရီဖူရှင်းက ပြောလိုက်သည်။

ရီဖူရှင်းက သူတစ်ယောက်တည်း ဆက်ပြောနေသည်။ သူက ကြမ်းပြင်မှ ထ၍ အိပ်ရာတွင် ထိုင်လိုက်သည်။ ဟွာဂျီယူက သူ့အား တားရန် မည်သို့မှ လှုပ်ရှားမှု မရှိသေးပေ။ နောက်ဆုံးတွင် သူက ဟွာဂျီယူ၏ဘေးတွင် အောင်မြင်စွာ ထိုင်နိုင်ခဲ့လေပြီ... “အရမ်း သက်သောင့်သက်သာ ရှိတာပဲ...” သူပြောလိုက်သည်။

အတန်ကြာလျှင် သူက ထပ်ပြောလိုက်ပြန်သည်။ သူမမျက်လုံးများက အရောင်များ တောက်လာသည်... “ဝိုး... ဒီကိုယ်နံ့လေး... မြေခွေးမ... နင့်ဆီက အရမ်းမွှေးတာပဲ...”

“သေစမ်း... အရမ်းအေးတာပဲ... စောင်ခြုံလိုက်ရရင် အရမ်း ကောင်းမှာပဲ...” ရီဖူရှင်းကား မိမိကိုယ်ကို ပြောနေဆဲပင်။ သူတို့နှစ်ယောက်လုံးမှာ ယခု စောင်တစ်ထည်တည်း အောက်ကို ရောက်နေပြီဖြစ်သည်။

အခုကား ဟွာဂျီယူက ရီဖူရှင်းကို ကျောပေးထားဆဲ ဖြစ်သည်။ သူမကား ရှက်သွေးများကြောင့် မျက်နှာများ နီရဲနေပြီ။ သူမ၏လှပသော မျက်လုံးများက မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် ဖြစ်နေသည်။ သူ၏ခန္ဓာမှ အနွေးဓာတ်များအား သူမ ခံစားရနေသည်။

“စောင်အောက်မှာတောင် ဘာလို့ အေးနေရသေးတာလဲ ...မြေခွေးမ... ငါနင့်ကို ဖက်ထားသင့်တယ်...” သူက ပြောလိုက်သည်။ ဟွာဂျီယူက သူမ၏ပခုံးများအား အသာအယာ လာရောက် ရစ်ပတ်သော သူ၏လက်များအား ခံစားလိုက်ရသည်။ သူက သူမ၏ဘေးတွင်သာ လဲလျောင်းကာ သူမအား လုံးဝမထိဟု မပြောခဲ့ဘူးလား။ သူက အေးသည်တဲ့လား...။ ဟွာဂျီယူ စိတ်ထဲမှ အလိုမကျစွာ တွေးလိုက်သည်။

“မြေခွေးမ... မင်းက ဘာလို့ တုန်ယင်နေတာလဲ... မင်းက အရမ်း အေးနေလို့များလား... ဒါဆိုငါက ပိုပြီး တင်းတင်း ဖက်ထားသင့်တာပေါ့...” ရီဖူရှင်းက ပြောလိုက်သည်။ သူမအား တင်းကျပ်စွာ ဖက်လိုက်လျှင် သူနှင့် ပိုမိုနီးကပ်သွားသည်ကို ခံစားလိုက်ရသည်။ သူမ၏မျက်နှာနီရဲနေရာမှ နားရွက်။ ထို့နောက် လည်ပင်းတို့အထိ နီရဲလာသည်။ သူမကား အလွန်ရှက်နေ၏။

“ငါ့ကို အနိုင်မစားနဲ့တော့...” သူမက ညင်သာစွာ ပြောလိုက်သည်။

ဟွာဂျီယူ၏ အသံလေးက ရီဖူရှင်း၏နားထဲသို့ ဝင်လာလျှင် သူပြုံးလိုက်သည်။ သူက မိန်းကလေးအား တင်းကျပ်စွာ ဖက်ထားလိုက်သည်။ သူမ၏ဆံနွယ်ပင်များက သူ၏နှာခေါင်းများကို လာရောက် ထိတွေ့နေကြသည်။ သူက မျက်လုံးများအား မှိတ်လိုက်ပြီး ထို အခိုက်အတန့်လေးအား ခံစားလိုက်သည်။ အတန်ကြာမှ သူက တိုးညင်းစွာ ပြောလိုက်သည်... “ငါနင့်ကို အနိုင်စားဖို့ အင်အားမှမရှိတာ... ငါနင့်ကို လက်ထပ်တဲ့အချိန်အထိ စောင့်နေ...”

“ကောင်းပြီ... ငါနင့်ကို စောင့်နေမယ်...” အသာအယာ ခေါင်းညိတ်လျက် ဟွာဂျီယူက ပြန်ပြောလိုက်သည်။ သူမ၏တုန်ယင်နေသော ခန္ဓာလေးမှာ ငြိမ်သက်သွားကာ သူမ၏မျက်နှာတွင် လှပသော အပြုံးလေးတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ရင်ခွင်ထဲတွင် သူမ ဘေးကင်းသလို ခံစားရသည်။

မြေခွေးမ... ငါနင့်ကို ဖြစ်အောင် လက်ထပ်မယ်... ရီဖူရှင်းက သူမ၏ နွေးထွေးသော ခန္ဓာလေးအား ဖက်ကာ မိမိဘာသာ တွေးနေသည်။

သူတို့ ချစ်သူနှစ်ဦးက ထိုသာယာသော အချိန်လေးကို ခံစားနေကြချိန်တွင် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ အဖြစ်အပျက်များမှာ ကျောင်းတော်အတွင်း လျင်မြန်စွာ ပျံ့နှံ့နေသည်။ တစ်ခဏ အတွင်းမှာပင် ကျောင်းတော်ရှိ လူတိုင်းက သည်အဖြစ်အပျက်များအား သိနေကြလေပြီ။

ရီဖူရှင်း... ကု့ချင်းမိစ္ဆာ၏တပည့်ကား အနုပညာ သူတော်စင်၏တပည့် ကျောက်မူအား တိုက်ခိုက် အနိုင်ယူခဲ့သည်။ ထို့နောက် သူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်အား အရှက်ခွဲကာ ယူချင်းနှင့် ပူးပေါင်းပြီး ရတနာကြယ် ကျောင်းဆောင်မှ ကြယ်ရှစ်ပွင့် ကောင်းကင်အဆင့် တန်ခိုးရှင် နှစ်ယောက်အား အနိုင်ယူလိုက်သည်။ ထို့နောက် ဒွန်ဟိုင်ကျောင်းတော်၏ အလှဧကရီလေးမှာ သူ၏ချစ်သူဖြစ်ကြောင်း ကြေညာခဲ့သည်။ သူတို့အတွဲက သူတို့၏ပတ်သက်မှုကို လက်ချင်းတွဲ၍ လူအများအား ဖွင့်ဟခဲ့သည်။

ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ ကြယ်ရှစ်ပွင့်အဆင့် ပါရမီရှင် မူယွန်ချန်က မနာလိုဖြစ်ကာ ဟွာဂျီယူအား စော်ကားခဲ့သည်။ ထို့ကြောင့်ပင် ရီဖူရှင်းက မူယွန်ချန်အား အသေသတ်ပွဲ စိန်ခေါ်ခဲ့သည်။ နောက်ဆုံးတွင် မူယွန်ချန် ရှုံးနိမ့်ခဲ့ကာ ဝန်ကြီးချုပ် အမိန့်ပြားအား အသုံးပြုလျက် ကြယ်စင်ဧကရာဇ် ကျောင်းဆောင် လက်ထောက် ကျောင်းအုပ်၏ ရှေ့တွင်ပင် ရီဖူရှင်းက မူယွန်ချန်အား သတ်ဖြတ်ခဲ့သည်။

ကျောင်းဆောင်ခုနစ်ခုလုံးမှ တိုက်ပွဲအား မကြည့်လိုက်ရသော သူများအားလုံး ထိတ်လန့်ကြရသည်။ လူတိုင်းက မယုံကြည်နိုင်ကြပေ။ သူတို့က ရီဖူရှင်းသည်မျှ ထက်မြက်မည်ဟု လုံးဝ မထင်မိခဲ့ကြပေ။ နောက်နှစ် အနည်းငယ်ကြာလျှင် သူကား အလွန် ထက်မြက်သော ကု့ချင်းမိစ္ဆာထက်ပင်လျှင် သူကား ပိုမို ကြောက်မက်ဖွယ် ကောင်းလာမည် ဖြစ်သည်။

***

ညအမှောင်ကို ရောက်နေပြီ ဖြစ်သည်။ ရီဖူရှင်း၏အခန်းကား တိတ်ဆိတ်နေသည်။

အိပ်ပျော်နေရင်းနှင့်ပင် ဟွာဂျီယူက မသိလိုက်စဉ်တွင် ရီဖူရှင်းနှင့် မျက်နှာချင်းဆိုင်ဘက်ကို လှည့်ထားမိလေပြီ။ သူမ၏နူးညံ့သော ခန္ဓာက သူ၏လက်မောင်းများထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။ ထိုအချိန်တွင် ဟွာဂျီယူက မျက်လုံးဖွင့်လိုက်သည်။ သူမက ရီဖူရှင်းအား ကြည့်လျက် ပြောလိုက်သည်... “နင် မထသေးဘူးလား...”

“ဟင့်အင်း... မနက်ဖြန် မနက်အထိ အိပ်ဖို့ ငါတွေးထားတယ်...” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။

“နင်က တစ်နေ့ခင်းလုံး အိပ်ထားပြီ... ဒါကြောင့် နင်က ညဘက်မှာ တန်ခိုးကျင့်ဖို့တော့ လိုတယ်...” ဟွာဂျီယူက ပြောလိုက်သည်။ သူမက စောင်အား ဖယ်လျက် အိပ်ရာမှ ထလိုက်သည်။ သူမ၏ဆံနွယ်များမှာ ပြန့်ကျဲကာ ပွနေသည်။ သို့သော် ဤသည်ကပင် သူမအား တစ်မျိုးတစ်ဖုံ လှနေစေသည်။ သူမကား လှပလွန်းရကား ကြည့်မိသူတိုင်း စိတ်လှုပ်ရှားရသည်။

“မြေခွေးမ... ငါမင်းကို စားလိုက်ရမလား...” ရီဖူရှင်းက ပြောလိုက်သည်။ ဟွာဂျီယူ မျက်လုံးပြူးသွားပြီး ပြန်မေးလိုက်သည်... “နင် စမ်းကြည့်လေ...”

“ငါတကယ် လုပ်တော့မှာနော်...” ရီဖူရှင်းက ပြောလိုက်သည်။ သူက ဟွာဂျီယူ၏ လက်ကလေးအား သွားဆွဲလိုက်သည်။

သေးသွယ်သော ခြေထောက်လေး တစ်ဖက် ရိပ်ခနဲ ရီဖူရှင်း မြင်လိုက်ကာ အိပ်ရာပေါ်မှ လွင့်စဉ်သွားတော့သည်။

“နင့်ရဲ့ယောက်ျားကို သတ်မလို့ လုပ်နေတာလား...” အခန်းထဲမှ စိတ်ပျက်လက်ပျက် အော်သံတစ်သံ ထွက်လာတော့သည်။

ရီဖူရှင်းက မြေပြင်တွင် ပြန်ထိုင်လိုက်ပြီး သူမအား ဝမ်းနည်းစွာ ကြည့်လိုက်သည်။ ဟွာဂျီယူက အိပ်ရာမှ ထကာ တစ်ခစ်ခစ် ရယ်မောနေသည်။ သူမအား ကြည့်ရသည်မှာ ရီဖူရှင်းအား ကန်လိုက်ရသည်ကို ဂုဏ်ယူနေဟန်တူသည်။

“ရီဖူရှင်း...” အပြင်ဘက်မှ ခေါ်သံတစ်သံ ထွက်လာသည်။ သူမကား ယိချိန်ချန်ဖြစ်သည်။ ဤကဲ့သို့အချိန်တွင် လာနှောင့်ယှက်သော သူမအား ရီဖူရှင်း အနည်းငယ် ဒေါသထွက်သွားသည်။

“ငါအိပ်နေတယ်...” သူ ပြန်ပြောလိုက်သည်။

“ရီဖူရှင်း... အပြင်ကို မြန်မြန် ထွက်လာခဲ့...” သူမက အပြင်မှ ထပ်မံ အော်ဟစ်လိုက်သည်။ ရီဖူရှင်းက စိတ်မပါစွာဖြင့် ထရပ်လိုက်သည်။ သည်မိန်းကလေးကား တကယ့် အနှောင့်အယှက်ပင်။

“ဟွာဂျီယူ... နင်ဒီမှာလား...” နောက်ထပ် မိန်းမ အသံတစ်သံ အပြင်ဘက်မှ ဝင်လာသည်။ ဟွာဂျီယူ အေးစက်သွားသည်။ ထို့နောက် အလွန်အမင်း စိုးရိမ်သော ပုံစံဖြစ်လာသည်။ သူမက ရီဖူရှင်းအား တစ်ချက် ကြည့်လိုက်ပြီး သူမ၏ဆံပင်များအား သေသေသပ်သပ် ဖြစ်အောင် လုပ်ကာ အပြင်ဝတ်ရုံရှည်အား ဝတ်လိုက်သည်။

“ဘယ်သူလဲ...” ရီဖူရှင်းက ဟွာဂျီယူအား တိုးတိုးလေး မေးလိုက်သည်။

“အမေ...” ဟွာဂျီယူက တိုးညင်းစွာ ပြန်ဖြေလိုက်သည်။

ရီဖူရှင်းက သူမ၏အဖြေကို ကြားလျက် ထိတ်လန့်ကာ ထိုနေရာတွင်ပင် ကျောက်ရုပ် ဖြစ်သွားသည်။

အခြေအနေ မကောင်းတော့ကြောင်း ရီဖူရှင်း ရိပ်မိလိုက်သည်။

ခဏအကြာ သူတို့နှစ်ယောက် အခန်းထဲမှ ထွက်လာကြသည်။ အပြင်ဘက်တွင် သူတို့က လူအနည်းငယ်အား တွေ့ကြရပြီး ကျောင်းအုပ်ယိချန်မှာလည်း ထိုနေရာတွင် ရှိသည်။ သူက တခြားလူများနှင့် သိပ်မဝေးသော နေရာတွင် ရပ်နေသည်။

ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ရှေ့တွင် ရပ်နေသည်ကား လှပသော မိန်းမတစ်ယောက် ဖြစ်သည်။ သူမက အသက် သုံးဆယ်ဝန်းကျင်ခန့် ရှိမည်ထင်ရကာ သူမ၏ခန္ဓာမှ သိမ်မွေ့နူးညံ့သော ကိုယ်ရောင်ကိုယ်ဝါများ ခံစားနေရသည်။ ရီဖူရှင်းက သူမအား မြင်သည်နှင့် မည်သူဖြစ်သည်ကို အရိပ်ကျလိုက်သည်။ ဟွာဂျီယူက သည်မျှ ချောမောလှပသည်မှာ မထူးဆန်းတော့ပေ။ သူ၏ရှေ့မှ မိန်းမမှာ ငယ်ရွယ်စဉ်က အလွန်လှခဲ့ရပေမည်။ သူမ၏အလှနှင့် ဟွာဖန်းလူ၏ ကြည့်ကောင်းသော ရုပ်ရည် ပေါင်းစပ်လိုက်သောအခါ သူတို့၏သမီးမှာ လူတိုင်း၏ အသည်းနှလုံးကို ကိုင်လှုပ်နိုင်သော အလှနတ်သမီးလေး ဖြစ်လာသည်။

ယနေ့အထိ ရီဖူရှင်းက ဟွာဖန်းလူကဲ့သို့ ခန့်ညားချောမောသော ယောက်ျား သူကိုယ်တိုင်မှ လွဲ၍ နောက်တစ်ယောက် လုံးဝမတွေ့ဖူးသေးပေ။

“အမေ...” ဟွာဂျီယူက ညင်သာစွာ ခေါ်လိုက်သည်။ ရီဖူရှင်းက ယိချိန်ချန်အား တစ်ချက် ကြည့်လိုက်သည်။ သူမက သူ့အား အဘယ်ကြောင့် အစောကြီးကတည်းက သတိမပေးခဲ့ရသနည်း။

“ဆရာကတော်...” ရီဖူရှင်းက သူ၏ရှေ့မှ လှပသော မိန်းမအား နှုတ်ဆက်လိုက်သည်။

နန်ဒူဝန်ယမ်က သူမသမီး၏ အနည်းငယ် ရှုပ်ပွနေသော ဆံပင်များအား ကြည့်လိုက်ကာ ရီဖူရှင်းအား ပြန်ကြည့်လိုက်သည်။ သူမ၏မျက်လုံးများက လှုပ်ရှားမှု ကင်းမဲ့နေရာ သူမ မည်ကဲ့သို့ တွေးနေသည်ကို ခန့်မှန်းရန် ခက်ခဲလှသည်။ ရီဖူရှင်းအတွက်မူကား သေမိန့်ကျနေသကဲ့သို့ ခံစားနေရသည်။

သူ့ဆရာ၏ဇနီး... မြေခွေးမ၏အမေ...။ သူမည်မျှ မောက်မာ ဝင့်ကြွားသည့်တိုင် သူကား သူမ၏ရှေ့တွင် ခေါင်းမဖော်ရဲပေ။

“ချိန်ချန်... သွားမယ်...” ယိချန်က သူ၏သမီးအား ခေါ်လိုက်သည်။ ယိချိန်ချန်နှင့် ယူချင်းတို့ နှစ်ယောက်လုံးက ခေါင်းညိတ်ကာ ယိချန်နှင့် ထိုနေရာမှ ထွက်သွားကြသည်။ ထိုနေရာတွင် ရပ်လျက် ကျန်နေခဲ့သော သူများမှာကား ရီဖူရှင်း။ ဟွာဂျီယူနှင့် နန်ဒူဝန်ယမ်နှင့် သူမ၏အစ်ကို နန်ဒူဝန်ရှန်းတို့ပင် ဖြစ်ကြသည်။

“နင့်ဆရာ ဘယ်လိုနေလဲ...” နန်ဒူဝန်ယန်က ရုတ်တရက် သူမ၏ပါးစပ်ကို ဟကာ ရီဖူရှင်းအား မေးခွန်းမေးလိုက်သည်။ သူမက အခန်းထဲတွင် ရီဖူရှင်းတို့ ဘာဖြစ်ခဲ့သည်ကို မေးမည့်အစား ဟွာဖန်းလူနှင့် ပတ်သက်၍ မေးလိုက်သည်။ သူမ၏အသံကား ဖျော့တော့ကာ သက်သောင့်သက်သာပင်။

“ဆရာက ကု့ချင်းဥယျာဉ်မှာ ကောင်းကောင်း နေနေပါတယ်... သူက ဆရာကတော်ကို သတိရနေပါတယ်...” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“သူ့မှာ ဂရုစိုက်ပေးမည့်သူ တန်လန်ရှိနေတာပဲ... ဟုတ်တာပေါ့... သူက ကောင်းကောင်း နေတာပဲ...” နန်ဒူဝန်ယမ်က ပြောလိုက်သည်။ သူမ၏အသံကား တည်ငြိမ်လွန်းလှသည်။ ရီဖူရှင်းက သူ၏နဖူးမှ ချွေးစေးများ ထွက်လာသည်ဟုပင် ခံစားမိသည်။ မိန်းမများ မနာလိုအူတိုလျှင် သည်လိုပင် ဖြစ်မည်ဟု ရီဖူရှင်း တွေးမိသည်။

“ပထမက ဆရာက အဲဒီမှာ နေဖို့ စိတ်ကူးမရှိခဲ့ပါဘူး... ဒါပေမဲ့ အခုဆရာက ကိုယ့်ဘာသာ လှုပ်ရှားသွားလာဖို့ ခက်ခဲနေတော့ သူ့ကို တစ်ယောက်ယောက်က ဂရုစိုက်ပေးဖို့ လိုနေတယ်... ပြီးတော့ တန်အဒေါ်က အတင်းအကြပ် ပြောနေတော့ သူမရဲ့ ကမ်းလှမ်းချက်ကို ဆရာက ရွေးချယ်စရာ မရှိဘဲ လက်ခံခဲ့ရတယ်... ပထမဆုံး ကျွန်တော်တို့ ဒွန်ဟိုင်မြို့တော်ကို ရောက်ခဲ့တော့ ဆရာက နန်ဒူနန်းတော်သို့ ကျွန်တော့်ကို ခေါ်သွားပြီး ပြောတယ်... သူက နန်းတော်ကို လက်ညှိုးထိုးပြပြီးတော့ အဲဒီနေရာမှာ ဆရာကတော်ရှိတယ်တဲ့... သူက အထဲကိုဝင်ပြီးတော့ ဆရာကတော်ကို တွေ့ချင်တယ်...” ရီဖူရှင်းက ရှင်းပြလိုက်သည်။ နန်ဒူဝန်ယမ်က ရီဖူရှင်းအား အတန်ကြာ စိုက်ကြည့်လိုက်လျှင် သူ၏မျက်လုံးများထဲတွင် လိမ်နေသော လက္ခဏာများ မတွေ့ရသဖြင့် ယုံကြည်သွားဟန် တူသည်။

ထို့နောက် ရီဖူရှင်းက သူမ၏မျက်လုံးများ နူးညံ့လာသည်ကို သတိထားမိလိုက်သည်။

နန်ဒူဝန်ယမ်က ဟွာဂျီယူအား ကြည့်လိုက်ကာ မေးလိုက်သည်... “နင် သူ့ကို ကြိုက်တာလား...”

“အင်း...” ဟွာဂျီယူက ခေါင်းညိတ်လိုက်သည်။

“ငယ်ငယ်တုန်းက နင့်အဖေနဲ့ ငါနဲ့လည်း ဒီလိုပဲ... ဒါပေမဲ့ အဆုံးသတ်က ဘယ်လိုဖြစ်သွားလဲ နင်သိမှာပါ... အနာဂတ်မှာ တစ်ခုခု ဖြစ်လာခဲ့ရင် နင် နောင်တရမှာလား...” နန်ဒူဝန်ယမ်က သူမ၏သမီးအား မေးလိုက်သည်။

မိန်းမပျိုက သူမ၏ခေါင်းအား ခါလိုက်သည်။

“အရူးမလေး...” နန်ဒူဝန်ယမ်၏အသံက နူးညံ့ကာ ညင်သာလှသည်။ သူမက သက်ပြင်းချလျက် ရီဖူရှင်းဘက်သို့ လှည့်လိုက်သည်... “နင်က ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နဲ့ စိန်ခေါ်မှုကို အသုံးချပြီး ဟွာဂျီယူနဲ့ ပတ်သက်မှုကို ဖွင့်ဟခဲ့တယ်... မင်းက နန်ဒူမိသားစု သိအောင် တမင် လုပ်ခဲ့တာလား...”

“ဆရာကတော်... ကျွန်တော့်မှာ တခြား ရွေးချယ်စရာ မရှိပါဘူး... ကျွန်တော်က ဝန်မခံရင်တောင် နန်ဒူမိသားစုက ခန့်မှန်းမိပြီးသား ဖြစ်မှာပါ...” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။

“မင်းက မင်းဆရာထက်တောင် မာနကြီးသေးတယ်...” နန်ဒူဝန်ယမ်က ပြောလိုက်သည်... “ ငါက ဂျီယူကို အိမ်ကို ပြန်ခေါ်သွားတော့မယ်...”

“အမေ...” ဟွာဂျီယူက သူမ၏အမေကို ကြည့်လိုက်သည်။

နန်ဒူဝန်ယမ်က သူမအား လျစ်လျူရှုထားကာ ရီဖူရှင်းအား ဆက်ကြည့်နေသည်... “မနက်ဖြန်... ငါတို့ရဲ့နန်းတော်ကို လာခဲ့...”

ထိုစကားများအား ကြားပြီး ထိတ်လန့်ကာ ရီဖူရှင်း အေးစက်သွားသည်။ လျင်မြန်စွာ သူက ပြုံးလိုက်ပြီး... “ကျေးဇူးပါ... ဆရာကတော်...”

ဟွာဂျီယူ အံ့အားသင့်သွားသည်။ ကြည့်ရသည်မှာ သူမ၏အမေက သူမတို့၏ပတ်သက်မှုကို ငြင်းပယ်လိုပုံ မရပေ။

“ဟေး... ကောင်လေး... မင်းက အတော် အရည်အချင်း ရှိတာပဲ...” နန်ဒူဝန်ရှန်းက ရုတ်တရက် ပြောလိုက်သည်။ သူက ရီဖူရှင်းတို့ရပ်နေရာ အနီးသို့ ပြုံးလျက် လျှောက်လာသည်။

“စီနီယာ... လျိုနန်းတော်မှာတုန်းက ကျွန်တော့်ကို သတိပေးတာ စီနီယာ ထင်တယ်...” ရီဖူရှင်းက မေးလိုက်သည်။ ကြယ်စင်ဧကရာဇ် ကျောင်းဆောင် လက်ထောက်ကျောင်းအုပ်၏ သရုပ်မှန်ကို မြင်ခဲ့ရပြီးနောက် သူ့အား အမှန်တကယ် သတိပေးခဲ့သောသူမှာ မည်သူဖြစ်မည်ကို ရီဖူရှင်း အမြဲတမ်း သိချင်ခဲ့သည်။ ယခု နန်ဒူဝန်ရှန်း၏ ဖော်ရွေသော ပုံစံကို မြင်လျှင် ဖြစ်နိုင်ဖွယ်လူကို သူသိလိုက်သည်။

“ဘာလို့လဲ... မင်းက နန်ဒူမိသားစုဝင်တွေ အကုန်လုံးကို ရန်ရှာထားတာလား... ငါက ဟွာဂျီယူရဲ့ ဦးလေးအရင်းပဲ...” နန်ဒူဝန်ရှန်းက ရီဖူရှင်းအား စိုက်ကြည့်လျက် ပြောလိုက်သည်။

“အိုး...” ရီဖူရှင်းက လျင်မြန်စွာ ပြုံးလိုက်ကာ ခေါင်းညိတ်လိုက်သည်... ထို့နောက် သူက ကျယ်လောင်စွာ ပြောလိုက်သည်... “ဦးရီးတော်ကို နှုတ်ဆက်ပါတယ်...”

“အရှက်မရှိတာ...” နန်ဒူဝန်ရှန်းက ဟာသနှော၍ ငေါက်ငမ်းလိုက်သည်။ ထို့နောက် နန်ဒူမောင်နှမက ဟွာဂျီယူကို ခေါ်ကာ ထိုနေရာမှ ထွက်ခွာသွားကြသည်။

သူတို့ ထွက်ခွာသွားခါနီးတွင် ဟွာဂျီယူက ရီဖူရှင်းအား တစ်ခေါက် ပြန်ကြည့်ခဲ့သေးသည်။ သူမက သူ့အား ထားမသွားလိုပေ။

**

All Chapters