← Chapters

"တန်ခိုးစွမ်းအားမဲ့" အင်းသင်္ကေတ

Vol. 11 Ch. 1003

"တန်ခိုးစွမ်းအားမဲ့" အင်းသင်္ကေတ

Vol. 11 Ch. 1003

လီချင်းဆွေ အန္တရယ်ကျရောက်ပြီ ဖြစ်လေသည်။

သူမက ရွှဲ့ဟယ်၏ အရှိန်အဟုန်ပြင်းထန်သည့် ရန်လိုမှုကို ရင်ဆိုင်လိုက်ရပြီ ဖြစ်သည်။

အခြားဘက်တွင်လည်း ဆန်းလျန်ကလည်း လီချင်းဆွေအတွက် "နတ်ဘုရားပြန်လည်မွေးဖွားခြင်း" ဂါထာကို အဆက်မပြတ်ရွတ်ဆိုပြနေလေသည်။

ဂါထာက သိပ်ပြီး ရှည်လျားခြင်း မရှိပေ။

စုစုပေါင်း စာလုံး (၈၁)လုံးသာ ပါဝင်ပြီး (၁၀)စက္ကန့်မျှ ရွတ်ဖတ်လိုက်သည့်အခါ ပြီးဆုံးသွားလေသည်။

လီချင်းဆွေကလည်း ဆန်းလျန် ရွတ်ပြသည်ကို ချက်ချင်းပင် မှတ်မိသွားလေသည်။

လီချင်းဆွေ၏ အရည်အချင်းကတော့ လောကတွင် ပြိုင်စံရှား ဖြစ်လေ၏။

ယွမ်ချင်းသည် ထိုက်ဝေ့ထိုင်ခန်းမတောင်တွင် ကျမ်းစာများကို တပည့်များဖတ်သင့်သည့်ကျမ်းစာနှင့် မဖတ်သင့်သည့် ကျမ်းစာဟူ၍ ကန့်သတ်ထားလေသည်။

အကြောင်းမှာ အချို့တန်ခိုးစွမ်းအားများသည် သာမန်အဆင့်ကျင့်ကြံသူများ အသုံးပြုရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

သို့သော်… နတ်ဘုရားပြန်လည်မွေးဖွားခြင်းဂါထာကတော့ ထိုသို့ မဟုတ်ပေ။

ထိုဂါထာမှ ဆန်းလျန် တီထွင်ထားသည့်ဂါထာဖြစ်ပြီး နတ်ဘုရားများ လူပြန်ဝင်စားနိုင်ရန်အတွက် စိတ်ဝိညာဉ်၏ သဲလွန်စတစ်ခုကို လမ်းပြပေးခြင်း ဖြစ်လေသည်။

ထိုက်စန့်တာအိုဆရာသခင်က လောကကြီးတစ်ခုလုံးကို သမိုင်းမတိုင်မီအချိန်ကကဲ့သို့ သေးငယ်သော အမှုံငယ်များအဖြစ် ပြောင်းလဲပစ်နိုင်စွမ်းရှိလေသည်။

ဆန်းလျန်က ထိုအယူအဆအတိုင်း ချဉ်းကပ်ပြီး နတ်ဘုရားပြန်လည်မွေးဖွားခြင်းဂါထာကို တီထွင်ထားခြင်း ဖြစ်သည်။

လီချင်းဆွေက ဆန်းလျန်ရွတ်ပြသည့်ဂါထာကို ချက်ချင်းပင် မှတ်သားထားလိုက်ပြီး…

"မင်း အခု ရွှဲ့ဟယ်နဲ့ တွေ့ရပြီပဲ ၊ မင်း လူပြန်ဝင်စားချင်တယ်ဆိုရင် ရပြီလေ…"

လီချင်းဆွေက ရွှဲ့ဟယ်ကို ထိုကိစ္စနှင့်ပတ်သက်ပြီး မပြောလိုသော်လည်း တောင်စောင့်နတ်မိမယ်၏ ဆန္ဒကို ဖြည့်ဆည်းပေးချင်မိသည်။

တောင်စောင့်နတ်မိမယ်က…

"ဟုတ်တယ်…"

တောင်စောင့်နတ်မိမယ်၏ စကားသံထွက်ပေါ်လာ၏။

သူမ မည်သည့်အချိန်က စကားပြန်ပြောနိုင်နေလဲ မသိပေ။ ကြည့်ရသည်မှာ လီချင်းဆွေ စကားပြောလိုက်သည်နှင့် ရွှဲ့ဟယ်ပြုလုပ်ထားသည့် အတားအဆီးက ပျက်စီးသွားဟန် ရှိလေသည်။

ဤသည်မှာ လီချင်းဆွေနှင့် ရွှဲ့ဟယ် စိတ်ပိုင်းဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုပင် ဖြစ်သည်။

တောင်စောင့်နတ်မိမယ် စကားပြောပြီးသည်နှင့် ရွှဲ့ဟယ်ကို ရင်မဆိုင်ရဲ ဖြစ်သွားရလေသည်။

ရွှဲ့ဟယ်က ခေါင်းကိုလှည့်လိုက်ပြီး နတ်ရုပ်တုကြီးကို ကြည့်လိုက်လေသည်။

အတန်ကြာတိတ်ဆိတ်နေပြီးမှ တိုးလျသည့် လေသံဖြင့်…

"လူတိုင်းက နတ်ဘုရားဖြစ်ချင်ကြတယ်လို့ ကျုပ် ထင်ခဲ့တာ ၊ ဒါပေမဲ့ အသက်ရှည်ရှည်နေရလို့လည်း အသက်ရှင်ရတာ မပျော်ရွှင်တဲ့သူတွေ လောကမှာ ရှိကြတာပဲကိုး ၊ အမေက လူပြန်ဝင်စားချင်တယ်ဆိုရင် ကျုပ် မတားပါဘူး ၊ အမေ့ဆန္ဒကို ကျုပ် မဆန့်ကျင်ပါဘူး…"

ထိုအခါမှ တောင်စောင့်နတ်မိမယ်က စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"ဒါဖြင့် နောက်ကျရင် သားက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်…"

ရွှဲ့ဟယ်က ခေါင်းတစ်ချက်ညိတ်ပြလိုက်လေသည်။

လီချင်းဆွေက…

"ဒါဖြင့် ကျွန်မ စ ပြီနော်…"

တောင်စောင့်နတ်မိမယ် ပြန်မဖြေခင်မှာပင် လီချင်ေးဆွက ထူးဆန်းသည့် ဂါထာကို စတင် ရွတ်ဖတ်လိုက်လေသည်။

သူမ၏ အသံက ထူးဆန်းပြီး သာမန်လူတစ်ယောက် ပြုလုပ်နိုင်သည့် အသံမျိုး မဟုတ်ပေ။

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး၏ တန်ခိုးစွမ်းအားများမှာ မယုံနိုင်စရာအဆင့်သို့ ချက်ချင်းမြင့်တက်သွားပြီး သူမသည် ဂါထာကို ရှင်းရှင်းလင်းလင်း ရွတ်ဖတ်နေလေသည်။

လီချင်းဆွေ ဂါထာရွတ်ဖတ်နေစဉ်မှာပင် တောင်စောင့်နတ်မိမယ်၏ ဝိညာဉ်သည် ရုပ်တုအတွင်းမှ လွင့်မျောထွက်ခွာလာလေ၏။

သူမသည် နူးညံ့သိမ်မွေ့ဟန်ရှိသည့် သာမန်အမျိုးသမီးတစ်ယောက် ဖြစ်ဟန်တူလေသည်။ သူမက ကြည်လင်သည့်အကြည့်ဖြင့် ရွှဲ့ဟယ်ကို ကြည့်လိုက်လေသည်။

ထို့နောက်… ရေသံများထွက်ပေါ်လာပြီး လေထဲတွင် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာသည်။ ထိုအပေါက်ထဲသို့ တောင်စောင့်နတ်မိမယ်၏ ဝိညာဉ်က ဝင်ရောက်သွားလေသည်။

ထို့နောက် အပေါက်က ပြန်ပိတ်သွားပြီး ရေသံများလည်း ပျောက်ကွယ်သွားလေတော့သည်။

လီချင်းဆွေ ပြုလုပ်သည့်အလုပ် ပြီးဆုံးသွားသည်နှင့် ရွှဲ့ဟယ်က သိမ်မွေ့သည့်လေသံဖြင့်…

"ချင်တိဧကရာဇ်က လူပြန်ဝင်စားခြင်းလမ်းစဉ်ကို ပြီးပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့ပြီးပြီ ၊ ဒီတော့ ဒီ လူပြန်ဝင်စားခြင်းလမ်းစဉ် (၆)ခုရဲ့ကိစ္စမှာ ကျုပ်ကတော့ ဝင်မပါလိုတော့ပါဘူး ၊ ပြီးတော့ ကျုပ်အမေကို လူပြန်ဝင်စားနိုင်အောင်လုပ်ပေးလို့ မင်းကို ကျုပ် ဒီနေ့ မတိုက်ခိုက်တော့ဘူး…"

လီချင်းဆွေက…

"ကျွန်မမှာလည်း သိပ်အစွမ်းရှိလှတယ် မဟုတ်ပါဘူး ၊ ပြီးတော့ ရှင့်အမေကို အခုလိုကူညီတာကလည်း ရှင်နဲ့ မဆိုင်ပါဘူး ၊ ကျွန်မ ကူညီချင်လို့ ကူညီတာပါ…"

ရွှဲ့ဟယ်က…

"တကယ်တော့ ကျုပ် မင်းကို အကြွေးတင်သွားပါပြီ ၊ ဒီတော့ မင်းနဲ့ အခု မတိုက်ခိုက်တော့ဘူး ၊ မင်းကို အခွင့်အရေးတစ်ခုပေးမယ် ၊ (၃)ရက်အတွင်း ကျုပ် ရှာမတွေ့နိုင်တဲ့နေရာတစ်ခုရှာပြီး ပုန်းအောင်းနေပါ…"

လီချင်းဆွေက မျက်ခုံးကိုပင့်လိုက်ပြီး ရွှဲ့ဟယ်ကို တည်တည်ငြိမ်ငြိမ်ပင် ကြည့်လိုက်လေသည်။

"ကျွန်မက ဘာကိစ္စပုန်းနေရမှာလဲ…"

ရွှဲ့ဟယ်က သူ၏ သွားဖြူဖြူများထွက်ပေါ်လာသည်အထိ ပြုံးရယ်လိုက်လေသည်။

ထိုအပြုံးကိုမြင်ရသူမှာ ကျောရိုးထဲအထိ အေးစိမ့်သွားစေနိုင်လေသည်။

တောင်ပေါ်ဝတ်ကျောင်းတော်သည် ချက်ချင်းပင် အသူရာချောက်မှ စန်းလော်ခန်းမအဖြစ် ပြောင်းလဲသွားလေသည်။ အလွန်မှ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပေ၏။

ရွှဲ့ဟယ်က အေးဆေးသည့် လေသံဖြင့်…

"ဘာလို့လဲဆိုတော့ အဖေဖြစ်သူရဲ့အကြွေးကို သမီးဖြစ်သူက ပေးဆပ်ရမှာမို့လို့ပဲ…"

လီချင်းဆွေက…

"ကျွန်မမှာ အဖေမရှိဘူး…"

ရွှဲ့ဟယ်က ပြုံးလိုက်ပြီး ခန္ဓာကိုယ်ကိုတစ်ချက်လှုပ်ခါလိုက်လေရာ လေနှင့်နှင်းများအတွင်းသို့ လွင့်မျောပျောက်ကွယ်သွားလေတော့သည်။

အပြင်ဘက်တွင် ရွှဲ့ဟယ်၏ အသံက ပျံ့လွင့်ထွက်ပေါ်လာလေသည်။

"မင်း (၃)ရက် အချိန်ရမယ်…"

ရွှဲ့ဟယ် လိမ်ပြောနေခြင်းမဟုတ်ကြောင်း လူတိုင်းသိနိုင်လေသည်။

သို့သော်… လီချင်းဆွေကလည်း မည်သူမှ ထင်မထားလောက်အောင် တည်ငြိမ်လွန်းနေသည်။

သူမက သူမရှေ့တွင်ဖိုထားသည့်မီးပုံကို ငေးစိုက်ကြည့်နေရင်း…

"ကျွန်မ ဘာဆက်လုပ်ရမလဲ…"

သူမ ဆန်းလျန်ကို မေးလိုက်ခြင်း ဖြစ်လေသည်။

ဆန်းလျန်ကပြုံးလိုက်ရင်း…

"ကျုပ်အထင်တော့ မင်း သူ့ကို ဒီလောက်လည်း အရေးမစိုက်လှပါဘူး…"

အခြားသူများက မတွေ့မြင်ရဘဲ သူမတစ်ယောက်သာ တွေ့မြင်နိုင်သည့် ဆန်းလျန်ကို လီချင်းဆွေက အမြင်ကပ်သည့် အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်လေသည်။

လီချင်းဆွေက…

"ကျွန်မက ငတုံးမှ မဟုတ်တာ…"

ဆန်းလျန်က…

"သဘာဝလမ်းစဉ်အတိုင်းပဲဆက်လုပ်ပေါ့ ၊ သူ့ကို ယှဉ်ပြိုင်ဖို့အတွက် တန်ခိုးစွမ်းအားကျင့်ကြံမယ်ဆိုရင် နည်းနည်းတော့ အချိန်ယူရလိမ့်မယ် ၊ (၃)ရက်နဲ့တော့ အချိန်လုံလောက်မှာ မဟုတ်ဘူး ၊ ကျုပ်သာ လူ့လောကကိစ္စတွေမှာ ဝင်ပါလို့ရမယ်ဆိုရင် ကျုပ် ဒီကံကြမ္မာကို ပြောင်းလဲပစ်လိုက်လို့ရတယ် ၊ ဒါပေမဲ့ အခုတော့ ကျုပ်လည်း ဘာမှ လုပ်မပေးနိုင်ဘူး…"

လီချင်းဆွေ၏ မျက်နှာလေးက ချက်ချင်းပင် မကျေမနပ်ဖြစ်သွားဟန်ဖြင့်…

"ပေါက်ကရတွေပြောနေတာ တော်စမ်းပါ…"

ဟု ပြောလိုက်လေသည်။

ဆန်းလျန်က…

"ကောင်းပြီလေ ၊ မင်းတန်ခိုးစွမ်းအားကို မြန်မြန် မကျင့်ကြံနိုင်သေးဘူးဆိုပေမယ့် တခြားနည်းလမ်းတွေလည်း ရှိပါတယ် ၊ မင်းလည်းထိုက်ဝေ့ထိုင်ခန်းမဆောင်က ကျမ်းစာတွေအားလုံး ဖတ်ထားတာပဲ မဟုတ်လား ၊ မင်း "တန်ခိုးစွမ်းအားမဲ့" ဆိုတဲ့ အသုံးအနှုန်းကို ဖတ်ဖူးတယ်မလား…"

လီချင်းဆွေက ခေါင်းညိတ်လိုက်ရင်း…

"မိုးနဲ့မြေမှာ ရွှမ်ဟွမ်စေတီတော်ဆိုတာ ရှိတယ်လို့ ကြားဖူးတယ် ၊ အဲဒါက ထိပ်တန်းအဆင့် ရတနာတစ်ပါးပဲ ၊ အဲဒီစေတီတော်မှာ ထိပ်တန်းတန်ခိုးစွမ်းအားတစ်ခုဖြစ်တဲ့ "တန်ခိုးစွမ်းအားမဲ့" စွမ်းရည်ရှိတယ်လို့ ကြားဖူးတယ် ၊ အဲဒီ စေတီတော်ကိုသာရရင် လောကမှာ ဘယ်တန်ခိုးစွမ်းအားကိုမှ ကြောက်စရာ မလိုတော့ဘူး ၊ ဘယ်တန်ခိုးစွမ်းအားမှလည်း အဲဒီစေတီတော်အပေါ်မှ မသက်ရောက်နိုင်ကြဘူး ၊ ဘာလဲ… အဲဒီ ရွှမ်ဟွမ်စေတီတော် ဘယ်မှာရှိလဲဆိုတာ မင်းသိလို့လား…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ရွှမ်ဟွမ်စေတီတော် ဘယ်မှလဲဆိုတာ သိပေမယ့် အဲဒါက ထိပ်တန်းအဆင့် ရတနာပစ္စည်းတစ်ခုလေ ၊ အဲဒီပစ္စည်းကို သွားယူဖို့တော့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒါပေမဲ့ 'တန်ခိုးစွမ်းအားမဲ့' နှစ်တစ်သောင်းအင်းသင်္ကေတကို မင်းအတွက် သင်ပေးမယ် ၊ အဲဒါ သိပ်မခက်ပါဘူး…"

စကြာဝဠာ၏အနှစ်သာရကို ဆန်းလျန်ထက်ပိုပြီသိရှိသူ တစ်ယောက်မှ မရှိပေ။ မိုးနှင့်မြေမှ စည်းမျဉ်းဥပဒေသများအားလုံးသည် ဆန်းလျန်၏ မျက်ဝန်းထဲတွင်တော့ အရာအားလုံး ရှင်းလင်းလွယ်ကူလျှက် ရှိသည်။

ရွှမ်ဟွမ်စေတီတော်သည် မိုးနှင့်မြေမှ ရွှမ်ဟွမ်တန်ခိုးစွမ်အားအပေါ်တွင်မှီတည်ထားပြီး တာအိုကာရံညီသည့် စွမ်းရည်လည်း ရှိလေသည်။

ထို့ကြောင့် ရွှမ်ဟွမ်စေတီတော်နှင့် ရင်ဆိုင်ရလျှင် မည်သည့်တန်ခိုးစွမ်းအားမှ အသုံးပြုနိုင်ခြင်း ၊ သက်ရောက်နိုင်ခြင်း မရှိတော့ပေ။

ဆန်းလျန်၏ လွတ်လပ်ပေါ့ပါးမှုသည် မိုးနှင့်မြေတွင် နက်ရှိုင်းသည့် ရွှမ်ဟွမ်တန်ခိုးစွမ်းအား၏ သဘောသဘာဝကိုပင် နားလည်နိုင်စွမ်းရှိလေသည်။

ဆန်းလျန်က…

"ဘယ်အရာမဆို အားစိုက်ထုတ်နေရင် ပင်ပန်းတာပဲ ၊ ဒီတော့ ဘာမဆို လွတ်လွတ်လပ်လပ်လျှောက်လှမ်းဖို့လိုတယ်…"

ထို့နောက် ဆန်းလျန်က 'တန်ခိုးစွမ်းအားမဲ့' နှစ်တစ်သောင်းအင်းသင်္ကေတကို လီချင်းဆွေကို သင်ပြပေးလိုက်လေသည်။

ထိုအင်းသင်္ကေတပြုလုပ်ရန်အတွက် အခြားမည်သည့်အရာမှ မလိုပေ။ လီချင်းဆွေ၏ ဝိညာဉ်စွမ်းအားသာလျှင် လိုအပ်လေသည်။

ကမ္ဘာတစ်ဖက်စွန်းတွင် လိပ်ပြာငယ်တစ်ကောင်တောင်ပံခတ်လိုက်ခြင်းက အခြားကမ္ဘာတစ်ဖက်စွန်းတွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်စေသကဲ့သို့ ဆန်းလျန်ပြုလုပ်သမျှအရာတိုင်းတွင် အမှန်တရားတစ်ခု ရှိလေသည်။

လီချင်းဆွေက ဆန်းလျန်သင်ပြပေးသည့် အင်းသင်္ကေတကို ရေးဆွဲလိုက်ပြီး သူမကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။

သူမက အင်းသင်္ကေတကို စမ်းသပ်မကြည့်ပေ။ သူမက ဆန်းလျန်၏စကားကို ရာနှုန်းပြည့်ယုံကြည်လေသည်။

သူမ ဆန်းလျန်ကို အဘယ့်ကြောင့် ယုံကြည်ရပါသနည်း။ ထိုအချက်က အရမ်းကို ရိုးရှင်းလေသည်။

ဆန်းလျန်၏ စကားကိုနားထောင်ပြီး သူမက ချင်းရွှမ်တောင်ပေါ်သို့ တက်လာခြင်း ဖြစ်လေရာ သူမအတွက် ဆန်းလျန်ကို မယုံကြည်စရာ အကြောင်း မရှိပေ။

နောက်တစ်နေ့ နံနက်စောစောတွင်တော့ … နှင်းများကျဆင်းခြင်း မရှိတော့သလို လေလည်း သိပ်မထန်တော့ပေ။

လီချင်းဆွေ ဝတ်ကျောင်းတော်တံခါးမှ သာယာလျှက်ရှိသည့် လောကကြီးဆီသို့ လမ်းလျှောက်ထွက်ခွာလာခဲ့သည်။

သစ်ကိုင်းသစ်ခက်များအပေါ်တွင် တွဲလဲခိုနေသည့် ကြည်လင်အေးစက်သည့် ဆီးနှင်းများကို သူမ ငေးမောကြည့်ရင်း စိတ်ထဲတွင် လန်းဆန်းလာလေသည်။

လီချင်းဆွေ၏ စိတ်ထဲတွင် ပျော်ရွှင်နေပြီး သူမသည် လှပသည့် ရှုခင်းများကို ငေးမောကြည့်ရှုလျှက် ရှိလေတော့သည်။

…………..

အနောက်ဘက်ဒေသ…

အနောက်ဘက်ဒေသတွင် လူသူတိတ်ဆိတ်သည့် အပြာရောင်တောင်တန်းများ တည်ရှိလေသည်။

တောင်တစ်တောင်၏ တောင်တက်လမ်း ကျောက်တုံးလှေကားထစ်များအတိုင်း လူတစ်ယောက် အေးဆေးစွာ လမ်းလျှောက်တက်လာလေ၏။

သူ့ကိုကြည့်ရသည်မှာ လွတ်လပ်ပေါ့ပါးနေပြီး နတ်ဘုရားတစ်ပါး ဖြဟ်ဟန်ရှိလေသည်။

ဘုန်းတော်ကြီးတစ်ပါးက လှေကားထစ်များကို တံမြက်စည်းတစ်ချောင်းဖြင့် လှဲကျင်းနေသည်ကို တွေ့သည့်အခါ ထိုသူက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ဤနေရာသည် ကျင်းကွမ်းဝတ်ကျောင်းတော်တည်ရှိရာနေရာဖြစ်လေသည်။ ကျင်းကွမ်းဝတ်ကျောင်းတော်ဆိုသည်က အနောက်ဘက်ဒေသတွင်အလွန်မှ နာမည်ကျော်ကြားသည့် ဝတ်ကျောင်းတော်တစ်ခု ဖြစ်သည်။

တံမြက်စည်းလှဲကျင်းနေသောဆရာတော်မှာ ကျင်းကွမ်းဝတ်ကျောင်းတော်၏ တံခါးစောင့်ဆရာတော် ကျီခဲ့ဆရာတော် ဖြစ်လေ၏။

တံခါးစောင့်ဆရာတော်ဆိုသော်လည်း ကျီခဲ့ဆရာတော်သည် ဗုဒ္ဓဘာသာကျင့်ထုံးများကို နားလည်ပြီး တန်ခိုးစွမ်းအား မြင့်မားသည့် ဆရာတော်တစ်ပါးဖြစ်လေသည်။

သို့သော်… တောင်ပေါ်သို့တက်လာသူကို ကြည့်လိုက်သည့်အခါ ထိုသူ၏ တန်ခိုးစွမ်းအား အလွန်နက်ရှိုင်းလှကြောင်း ကျီခဲ့ဆရာတော် ခန့်မှန်းလိုက်မိသည်။

ကျီခဲ့ဆရာတော် တံမြက်စည်းလှည်းခြင်းကို ရပ်တန့်ပြီး ထိုသူကို ကြည့်လိုက်စဉ်မှာပင် ထိုသူက ကျီခဲ့ဆရာတော်နှင့် (၂)ပေအကွာသို့ မြေကိုကျုံ့လိုက်သည့်အလား ချက်ချင်းရောက်ရှိလာသည်။

ထိုသူက ကျီခဲ့ဆရာတော်ကို အရိုအသေပေးလိုက်ပြီး…

"ယွဲ့ကွမ်းဆရာတော်ကို သတင်းပို့ပေးပါ ၊ ချင်းရွှမ်နတ်တံခါးက ယွမ်ချင်း လာရောက်လည်ပတ်ပါတယ်လို့ ၊ အခုချက်ချင်းပဲ ဆရာတော်နဲ့ တွေ့ချင်ပါတယ်…"

စကားကိုကြားသည်နှင့် ကျီခဲ့ဆရာတော် စိတ်လှုပ်ရှားသွားလေသည်။

"ယွမ်ချင်း" ဆိုသည့်အမည်ကိုကြားသည်နှင့် သူ၏နဖူးထက်တွင် ချွေးသီးချွေးပေါက်များ ကျလာတော့သည်။

သူတို့က အနောက်ဘက်ဒေသတွင် နေထိုင်ကြသော်လည်း ချင်းရွှမ်နတ်တံခါး၏ ကျော်ကြားမှုနှင့် ဂုဏ်အသရေကို ကြားဖူးနေသည်မှာ ကြာလှပြီ ဖြစ်သည်။

ထို့ပြင် ချင်းရွှမ်နတ်တံခါးကိုတည်ထောင်ခဲ့သည့် ယွမ်ချင်းဆိုသူ မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည်ကိုလည်း သိရှိပြီးသား ဖြစ်လေသည်။

အနောက်ဘက်ဒေသတွင် ကျင်းကွမ်းဝတ်ကျောင်းတော်က နာမည်ဂုဏ်သတင်းကျော်ကြားသော်လည်း အဓိကနတ်ဘုရားကျောင်းတော်ကြီး (၄)ခု၏ ခေါင်းဆောင်ကျောင်းတော်တစ်ခုဖြစ်သော ချင်းရွှမ်နတ်တံခါးနှင့်ယှဉ်လျှင် မပြောပလောက်ပေ။

ယခုတော့ ထိုမျှ ကျော်ကြားလှသည့် ယွမ်ချင်းသည် ကျင်းကွမ်းဝတ်ကျောင်းတော်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ပြီ ဖြစ်လေသည်။

ဤသတင်းသာ ပျံ့နှံ့သွားလျှင် အနောက်ဘက်ဒေသတစ်ခွင်လုံးတုန်လှုပ်သွားမည် ဖြစ်သည်။

ကျီခဲ့ဆရာတော်က ကျင်းကွမ်းဝတ်ကျောင်းတော်မှ တပည့်တစ်ယောက်ဖြစ်သော်လည်း တစ်ခါမှ ယွမ်ချင်းကဲ့သို့ ကြီးမြတ်သူများနှင့် မတွေ့ဆုံခဲ့ဖူးပေ။

အတန်ကြာသည်အထိ ကျီခဲ့ဆရာတော်သည် ပါးစပ်အဟောင်းသားဖြင့် ကြက်သေသေနေခဲ့လေသည်။

သို့သော်… ရုတ်တရက် သူ့လက်ထဲတွင်ကိုင်ထားသည့် တံမြက်စည်း လေနှင့်အတူပါသွားပြီး လွင့်ထွက်သွားလေသည်။

သူ ချက်ချင်းသတိပြန်ဝင်လာပြီး ယွမ်ချင်းကို ပြာပြာသလဲဖြင့် စကားပြောလိုက်သည်။

"ယွမ်ချင်းနတ်ဘုရား ခဏလောက်စောင့်ပါ ၊ ကျုပ်ဘုန်းကြီး အခုပဲ ဆရာတော်ကို သွားပြီးအကြောင်းကြားလိုက်ပါ့မယ်…"

သူက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီးနောက် ကျောင်းတော်အတွင်းသို့ ဝင်ရန် ဟန်ပြင်လိုက်သည်။ သို့သော်… တစ်ခုခုမှားယွင်းနေသည်ကို သဘောပေါက်လိုက်ပြီး နောက်သို့ အသာပြန်လှည့်လိုက်သည်။

"ယွမ်ချင်းနတ်ဘုရား… ကျုပ်နဲ့တစ်ခါတည်းအထဲကို လိုက်ခဲ့ပါလား…"

ယွမ်ချင်းသည် ထိပ်တန်းအဆင့် နတ်ဘုရားကျောင်းတော်ကြီးတစ်ခုမှ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လေသည်။

အကယ်၍ ယွမ်ချင်းကဲ့သို့ ပုဂ္ဂိုလ်မျိုးကို ကျောင်းတော်အပြင်ဘက်တွင် ရပ်စောင့်စေခဲ့သည့်သတင်းသာ ပျံ့နှံ့သွားခဲ့လျှင် အကျိုးဆက်က ကြောက်မက်ဖွယ်ရာ ကောင်းပေလိမ့်မည်။

တာအိုဝါဒနှင့် ဗုဒ္ဓဘာသာပင် ပြဿနာတက်သွားနိုင်လေ၏။

ယွမ်ချင်းက စိတ်ထဲမထားသော်လည်း လောကတစ်ခွင်လုံးရှိ တာအိုကျင့်ကြံသူများကတော့ ငြိမ်နေကြမည် မဟုတ်ပေ။

သူတို့အားလုံးက ဗုဒ္ဓဘာသာသည် မာန်မာနထောင်လွှားလွန်းပြီး တာအိုဝါဒကို နှိမ့်ချဆက်ဆံသည်ဟု ထင်သွားကြပေလိမ့်မည်။

***

All Chapters