← Chapters

ဇင်ဗုဒ္ဓဘာသာ၏တန်ခိုးစွမ်းအား

Vol. 11 Ch. 1004

ဇင်ဗုဒ္ဓဘာသာ၏တန်ခိုးစွမ်းအား

Vol. 11 Ch. 1004

ယွမ်ချင်းကလည်း ငြင်းပယ်ခြင်းမရှိပေ။

သူက ပြုံးလိုက်ရင်း….

"ဒါဖြင့်လည်း အနှောက်အယှက်ပေးမိပါပြီ…"

ကျီခဲ့ဆရာတော်က တုန်တုန်ယင်ယင်ဖြင့်…

"ဒါက ကျုပ်ဘုန်းကြီးလုပ်သင့်တဲ့အလုပ်ပါ…"

ယွမ်ချင်းက နူးညံ့သိမ်မွေ့စွာပြုံးပြီး ဘာမှပြောမပြောတော့ပေ။

သူက ကျီခဲ့ဆရာတော်နောက်မှ ခပ်ဖြည်းဖြည်းပင်လိုက်သွားပြီး ကျင်းကွမ်းဝတ်ကျောင်းတော်အဝင်တံခါးဝသို့ ရောက်ရှိလာလေသည်။

ရှည်လျားသည့် စြင်္ကန်လမ်းကြီးကို ဖြတ်ကျော်လာပြီးနောက် တောင်အနောက်ဘက်သို့ ရောက်ရှိလာကြလေ၏။

ထိုခဏမှာပင် ကောင်းကင်ထက်တွင် တိမ်တိုက်များ ပျံ့နှံ့ထွက်ပေါ်လာလေသည်။

ထိုတိမ်တိုက်များထက်တွင် အဖြူရောင်ကျောက်သားအလား ခန့်ထည်လှသည့် ဆရာတော်တစ်ပါး မတ်တတ်ရပ်နေလေသည်။

ထိုဆရာတော်မှာ ယွဲ့ကွမ်းဆရာတော်ပင် ဖြစ်လေသည်။

သူ၏ အသားအရေက ကြည်လင်လျှက်ရှိပြီး သူ၏နက်ရှိုင်းသည့်မျက်ဝန်းများက အသိဉာဏ်ပညာများဖြင့် ပြည့်နက်လျှက် ရှိသည်။

သူ၏ တန်ခိုးစွမ်းအားမှာ အလွန်မြင့်မားသောအဆင့်သို့ရောက်နေသည်မှာ သံသယဝင်စရာ မရှိပေ။

တာအိုကျောင်းတော်များမှ ကျင်းကွမ်းဝတ်ကျောင်းတော်သို့ ပထမဆုံးရောက်ရှိလာသူမှာ ယွမ်ချင်းတစ်ယောက်သာ ရှိလေသည်။

သို့သော်… ထိုအချက်က ယွဲ့ကွမ်းဆရာတော်၏ ဇင်ဗုဒ္ဓဘာသာစိတ်ထားကို တစ်စက်ပင် အနှောက်အယှက် မဖြစ်စေခဲ့ပေ။

ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများသည် ယခုလက်ရှိအချိန်တွင် ယွဲ့ကွမ်းဆရာတော်ကို တွေ့မြင်ကြမည်ဆိုပါက ယွဲ့ကွမ်းဆရာတော်၏ အစွမ်းကို သူတို့ လျှော့တွက်မိကြပြီဖြစ်ကြောင်း နားလည်ကြပေလိမ့်မည်။

ယွဲ့ကွမ်းဆရာတော်က နှုတ်ခမ်းများကို အသာလှုပ်ကာ စကားပြောလိုက်လေသည်။

ထိုအခါ ကျီခဲ့ဆရာတော်က ယွမ်ချင်းကို ဦးညွှတ်အရိုအသေပြုလိုက်ပြီး လျှင်မြန်စွာ ထွက်ခွာသွားလေတော့သည်။

တိုင်ခတ်နေသည့် လေပြေ ၊ အဖြူရောင်တိမ်တိုက်များသာလျှင် ယွမ်ချင်းနှင့် ယွဲ့ကွမ်းဆရာတော်နံဘေးတွင် ကျန်ရစ်ခဲ့ကြလေသည်။

ယွမ်ချင်းက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ကျုပ်လာမယ်ဆိုတာ ဆရာတော် ဘယ်လိုလုပ် ကြိုသိနေတာလဲ…"

ယွမ်ချင်း၏အကြည့်ကို ယွဲ့ကွမ်းဆရာတော်က လွှဲဖယ်ခြင်း မရှိပေ။

ထိပ်တန်းအဆင့် နတ်ဘုရားကျောင်းတော်ကြီးမှ ထိပ်တန်းနတ်ဘုရားတစ်ပါးကို တွေ့လိုက်ရသည့်တိုင် သူ့ပုံစံက အေးဆေးတည်ငြိမ်လျှက် ရှိလေသည်။

ထို့နောက်… ယွဲ့ကွမ်းဆရာတော်၏အသံက လေပြေနှင့်အတူ လွင့်မျောပြီး ယွမ်ချင်း၏နားတွင်းသို့ ဝင်ရောက်လာလေသည်။

"ယွမ်ချင်းနတ်ဘုရား ၊ အခု ဘယ်သူမှ မရှိတော့ဘူး ၊ ပထမမျိုးဆက်ရဲ့ ကျော်ကြားမှုကို ဆက်ထိန်းထားဖို့ ကျုပ်တို့ တိုက်ခိုက်လို့ရပါပြီ…"

ယွမ်ချင်းက အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့်…

"ဆရာတော် ကျုပ်ကို အထင်လွဲနေပြီ…"

ယွဲ့ကွမ်းဆရာတော်က…

"ယွမ်ချင်းနတ်ဘုရားက ဗုဒ္ဓဓာတ်တော်မွေတော်ကိုယူဖို့ ရောက်လာတာ မဟုတ်ဘူးလား…"

ယွမ်ချင်းက ခေါင်းအသာညိတ်လိုက်ရင်း…

"ဟုတ်ပါတယ် ၊ ဆရာတော်အဆင်ပြေရင်ပေါ့လေ…"

ယွဲ့ကွမ်းဆရာတော်က…

"တာအိုဝါဒနဲ့ ဗုဒ္ဓဘာသာဟာ မတူညီပါဘူး ၊ ပြီးတော့ ယွမ်ချင်းနတ်ဘုရားက လောကပထမ ထိပ်တန်းနတ်ဘုရားတစ်ပါးပဲ မဟုတ်လား ၊ ဒီတော့ ဘာကြောင့် ဗုဒ္ဓဓာတ်တော်မွေတော်ကို လိုချင်ရတာလဲ … ၊ ဒီလိုသာဆိုရင် လူသားတွေရော မိုးကောင်းကင်ရော နစ်နာရလိမ့်မယ်…"

ယွမ်ချင်းက…

"ကျုပ်မှာ လုပ်စရာလေးတစ်ခုရှိလို့ပါ ၊ ကျေးဇူးပြုပြီး ဆရာတော် ကူညီပေးပါလား…"

ယွဲ့ကွမ်းဆရာတော်က…

"ဗုဒ္ဓဓာတ်တော်မွေတော်တွေက အဖိုးတန်ပေမယ့် အဲဒီအရာတွေက ကျင်းကွမ်းဝတ်ကျောင်းတော်က ပိုင်ဆိုင်တာ မဟုတ်ပါဘူး ၊ ယွမ်ချင်းနတ်ဘုရားသာ ဗုဒ္ဓဓာတ်တော်မွေတော်တွေကို ယူသွားမယ်ဆိုရင် ဗုဒ္ဓဘာသာနဲ့ တာအိုဝါဒကြားက ဘက်ညီအောင်ထိန်းထားတဲ့အရာ ပျက်စီးသွားလိမ့်မယ် ၊ အမှန်တရားများစွာဟာ အမှားဖြစ်သွားလိမ့်မယ်…"

ယွမ်ချင်းက…

"ကျုပ်က ဗုဒ္ဓဘာသာကို အန္တရယ်ပြုမယ်လို့ ဆရာတော် ဘာလို့ ထင်ရတာလဲ…"

ယွဲ့ကွမ်းဆရာတော်က…

"ဘာလို့လဲဆိုတော့ ယွမ်ချင်းနတ်ဘုရားက တာအိုဆရာသခင်ထိုက်ယီရဲ့ ပညာအမွေကို ဆက်ခံခဲ့တယ် မဟုတ်လား ၊ တာအိုဆရာသခင်ထိုက်ယီ ဟောကြားခဲ့တဲ့တရားတွေကို ပလ္လင်ခြေရင်းမှာထိုင်ပြီး နာကြားခဲ့ဖူးတယ်မဟုတ်လား ၊ ပြီးတော့ ယွမ်ချင်းနတ်ဘုရားဟာ အတိတ်တစ်ချိန်တုန်းက သွေးနီရောင်ပင်လယ်ထဲက သွေးနီရောင်ကျင့်ကြံသူရွှဲ့ဟယ်ရဲ့ ယွမ်တုဓား လူပြန်ဝင်စားတဲ့သူ မဟုတ်ဘူးလား…"

ယွဲ့ကွမ်းဆရာတော်၏ စကားများကို ကြားသည့်အခါ အတိတ်မှ အကြောင်းအရာများသည် ယွမ်ချင်း၏စိတ်ထဲတွင် တဖြည်းဖြည်းပြန်ပေါ်လာလေသည်။

သူမေ့လျော့နေခဲ့သည့် အတိတ်အကြောင်းအရာများဖြစ်လေသည်။

ဓားခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး ယွမ်ချင်း ကောင်းကင်ထက်သို့ ပျံတက်သွားလေသည်။

ထို့နောက်… ကောင်းကင်ထက်တွင် သွေးနီရောင်အက်ကွဲကြောင်းကြီးတစ်ခု ထင်ဟပ်လာပြီး ထူထပ်သည့် သွေးနီရောင်တိမ်တိုက်များက (၉)ရက် (၉)ညတိတိ ဖုံးလွှမ်းနေခဲ့လေသည်။

သန့်စင်သည့် ဗုဒ္ဓဘာသာနယ်မြေသည် သွေးရောင်လွှမ်းလျှက် ရှိလေတော့သည်။

ယွမ်ချင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး ယွဲ့ကွမ်းဆရာတော်ကို ကြည့်လိုက်လေသည်။

"အခုအချိန်ထိ ကျုပ်က ကျုပ်ဆီမှာ ရှိနေခဲ့တာကို မသိခဲ့ဘူးပဲ…"

"ကျုပ်က ကျုပ်ဆီမှာ ရှိနေခဲ့သည်" ဆိုသည်မှာ ယွမ်တုဓား လူပြန်ဝင်စားသော သူ့ထံတွင် ယွမ်တုဓား ရှိနေခဲ့ခြင်းကို ဆိုလိုလေ၏။

ထို့နောက် ယွမ်ချင်းက တည်ငြိမ်စွာ ထွက်ပေါ်လာလေသည်။

"ကဲ… ဆရာတော် (၃)ပါးလည်း ပုန်းကွယ်မနေဘဲ ထွက်ခဲ့ကြပါ…"

ယွဲ့ကွမ်းဆရာတော်၏ အနောက်ဘက်ရှိ တိမ်ပင်လယ်ကြီးထဲတွင် ရောင်ခြည်တန်း (၃)ခု ထွက်ပေါ်လာလေသည်။

ထိုရောင်ခြည်တန်း (၃)ခုမှာ ဗုဒ္ဓဘာသာကျောင်းတော်ကြီး (၈)ခုမှ ဆရာတော် (၃)ပါး ဖြစ်သည့် ဓမ္မလမ်းပြဆရာတော် ၊ ကျိရွှမ်ဆရာတော်နှင့် ယိရှင်ဆရာတော်တို့ ဖြစ်ကြလေသည်။

ထိုဆရာတော် (၃)ပါးသည် တစ်ပါးနှင့်တစ်ပါး တန်ခိုးစွမ်းအား တူညီခြင်း မရှိကြပေ။

တစ်ယောက်ချင်းယှဉ်မည်ဆိုလျှင် ထိုဆရာတော် (၃)ပါးသည်ယွမ်ချင်းကိုမည်သူမှ ယှဉ်နိုင်ကြမည် မဟုတ်ပေ။

သို့သော်… ထိုဆရာတော် (၃)ပါးနှင့် ယွဲ့ကွမ်းဆရာတော် ပူးပေါင်းလိုက်မည်ဆိုလျှင်တော့ ယွမ်ချင်းအနေဖြင့် တိုက်ခိုက်ရ ခက်သွားပေလိမ့်မည်။

ထိုဆရာတော် (၃)ပါးသည် ဗုဒ္ဓဘာသာကျောင်းတော်ကြီး (၈)ခုမှ ဆရာတော် (၈)ပါးတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံး ဆရာတော် (၃)ပါး ဖြစ်လေသည်။

ဆရာတော် (၃)ပါးနှင့် ယွဲ့ကွမ်းဆရာတော် ၊ စုစုပေါင်း ဆရာတော် (၄)ပါးတွင် ဓမ္မလမ်းပြဆရာတော်က သက်တော်အကြီးဆုံး ဖြစ်လေ၏။ ထို့ပြင် သူက ကျိရွှမ်ဆရာတော် ၊ ယိရှင်ဆရာတော်နှင့် ယွဲ့ကွမ်းဆရာတော်တို့ထက်လည်း ဝါကြီးလေသည်။

သူက ဗုဒ္ဓဘာသာကျင့်စဉ်တစ်ခုဖြစ်သည့် "မဟာမုဒြာ" တန်ခိုးစွမ်းအားကို ကျင့်ကြံထားသူ ဖြစ်သည်။

သူက အသက် (၁၆)နှစ်အရွယ်ကတည်းက တရားအလင်းရခဲ့ပြီး တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက် ဖြစ်ခဲ့လေသည်။

အသက် (၂၀) မပြည့်ခင်မှာပင် တာအိုနတ်ဘုရားများစွာကို အနိုင်ယူနိုင်ခဲ့သည်။ ယခုတော့ သူ၏ တန်ခိုးစွမ်းအား မည်မျှမြင့်မားနေသည်ကို မည်သူမှ မသိရှိနိုင်ကြပေ။

ကောလဟလများအရဆိုလျှင် မဟာမုဒြာကျင့်စဉ်သည် ဗုဒ္ဓနှင့်တစ်သားတည်းကျသည့်အဆင့်အထိ ကျင့်ကြံရသည်ဟု ပြောကြလေသည်။

မဟာမုဒြာကျင့်စဉ် နောက်ဆုံးအဆင့်ကို အောင်မြင်သွားလျှင် ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားကို ကျင့်ကြံနိုင်မည် ဖြစ်သည်။

ဓမ္မလမ်းပြဆရာတော်က စတင်စကားပြောလိုက်လေသည်။

"ယွမ်ချင်းနတ်ဘုရား ၊ မင်းရဲ့ ခန္ဓာကိုယ်က မိုးကောင်းကင်အစစ်ဆေးခံရတော့မယ် ၊ ဘေးအန္တရယ် ရင်ဆိုင်ရတော့မယ် ၊ မင်းအနေနဲ့ တောင်ပေါ်ပြန်ပြီး တံခါးပိတ်ကျင့်ကြံမှုပြုတာ သင့်တော်လိမ့်မယ် ၊ လူ့လောကမှာ လျှောက်သွားနေတာက မင်းအတွက် သိပ်ကိုအန္တရယ်ရှိနိုင်တယ်…"

ယွမ်ချင်း၏ လက်ထဲတွင် ယွမ်တုဓားကို ဆုပ်ကိုင်ထားလေသည်။

သူက အေးဆေးသည့်လေသံဖြင့်…

"ဓမ္မလမ်းပြဆရာတော်… လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀)လောက်က ဆရာတော်ကို ကျီမော့တောင်ထိပ်မှာ တစ်ခါ တွေ့ခဲ့ဖူးတယ် ၊ အဲဒီအချိန်တုန်းက ကျီမော့တောင်ထိပ်က တောတောင်ရေမြေ သဘာဝတရားတွေက သိပ်ကို လှပတယ် ၊ ဒါပေမဲ့ ဆရာတော်က ပတ်ဝန်းကျင်ရဲ့အလှတရားကို တစ်ချက်မခံစားဘဲ မျက်လွှာကိုသာချပြီး လမ်းလျှောက်နေခဲ့တယ် ၊ အဲဒီကတည်းက ဆရာတော်ဟာ အတော်လေး သမာဓိတည်ပြီး တန်ခိုးစွမ်းအားတွေ နက်ရှိုင်းနေပြီဆိုတာ ကျုပ်သိခဲ့ပါတယ် ၊ ဆရာတော်ရဲ့ စိတ်ဟာ သိပ်ကို တည်ငြိမ်လွန်းခဲ့ပါတယ်…"

ယွမ်ချင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး စကားဆက်ပြောလိုက်လေသည်။

"အဲဒီအချိန်ကတည်းက ကျုပ် ဆရာတော်နဲ့ တရားဆွေးနွေးခဲ့ရမှာ…"

ယွမ်ချင်း၏ စကားကြောင့် ဓမ္မလမ်းပြဆရာတော်၏ မျက်နှာအမူအရာပြောင်းလဲသွားခြင်း မရှိပေ။

"အဲဒီအချိန်ကသာ ယွမ်ချင်းနတ်ဘုရား ကျုပ်နဲ့ တရားဆွေးနွေးခဲ့မယ်ဆိုရင် ဒီနေ့ ဒီလိုရင်ဆိုင်ရတဲ့အဖြစ်မျိုး ရှိလာမှာတောင် မဟုတ်ဘူး…"

ဓမ္မလမ်းပြဆရာတော်၏ စကားသံဆုံးသွားသည်နှင့် သူ့ဘေးတွင်ရပ်နေသည့် ကျိရွှမ်ဆရာတော်က အံ့သြတုန်လှုပ်သွားလေသည်။

ဓမ္မလမ်းပြဆရာတော်က ငယ်စဉ်က စွန့်စားခန်းများစွာ ပြုလုပ်ခဲ့သူ တစ်ယောက်ဖြစ်ကြောင်း သူတို့ သိရှိထားလေသည်။

တောတောင်ရေမြေတစ်ခွင် ခရီးလှည့်လည်ရင်း ထိန်းချုပ်ရန်ခက်ခဲသည့် ထူးဆန်းသော သဘာဝလွန်စွမ်းအားတစ်ခုကို ရရှိခဲ့လေသည်။

ထို့ကြောင့်… နောက်ပိုုင်း ကျောင်းတော်သို့ ပြန်လာပြီး ထိုတန်ခိုးစွမ်းအားကို ထိန်းချုပ်နိုင်ရန်အတွက် တရားထိုင်ခြင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။

ဓမ္မလမ်းပြဆရာတော်က ထူးဆန်းသည့် သဘာဝလွန်စွမ်းအားများနှင့် ဇင်ဗုဒ္ဓဘာသာစိတ်တည်ငြိမ်မှုများကို ပေါင်းစပ်ကျင့်ကြံနိုင်ခဲ့လေသည်။

ယခု ဓမ္မလမ်းပြဆရာတော်ပြောလိုက်သည့် စကားအရဆိုလျှင် ကျီမော့တောင်တွင်သာ ယွမ်ချင်းနှင့် တရားဆွေးနွေး တိုက်ခိုက်ခြင်းပြုခဲ့မည်ဆိုပါက ယခုအချိန်တွင် လူပြန်ဝင်စားနေရပြီ ဖြစ်သည့်အတွက် ယွမ်ချင်းနှင့် လာရောက်ရင်ဆိုင်နိုင်ခြင်း ရှိတော့မည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။

ယခုတော့ ထိုအဖြစ်အပျက်များဖြစ်ပျက်ခဲ့သည်မှာ နှစ်ပေါင်း (၅၀၀)တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။

ဓမ္မလမ်းပြဆရာတော်သည်လည်း ယခင်ကထက်ဆာလျှင် များစွာတိုးတက်လာခဲ့ပြီ ဖြစ်သည်။

သို့သော်… ယွမ်ချင်း၏ တန်ခိုးစွမ်းအားများကလည်း ကြောက်ခမန်းလိလိပင် ဖြစ်လေသည်။ ယွမ်ချင်း၏ လက်ထဲသို့သာ ဗုဒ္ဓဓာတ်တော်မွေတော် ရောက်ရှိသွားပါက အကျိုးဆက်သည် တွေးရဲစရာမရှိပေ။

ထို့ကြောင့်ပင်… ဓမ္မလမ်းပြဆရာတော်က ဗုဒ္ဓဓာတ်တော်မွေတော်ကို ကာကွယ်ရန်အတွက် ယွဲ့ကွမ်းဆရာတော်ကို ကူညီပေးရန် ရောက်ရှိလာခြင်း ဖြစ်လေသည်။

ယွမ်ချင်းက…

"ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး (၈)ခုက ကိုယ်ပိုင်ကျင့်စဉ်တွေရှိကြပေမယ့် ကိုယ်ပိုင်ထင်မြင်ချက်တွေကိုလည်း ဆုပ်ကိုင်ထားကြတယ် မဟုတ်လား ၊ ဒါပေမဲ့ ဆရာတော်ရဲ့ ကျင့်စဉ်ကတော့ တီထွင်ဖန်ဆင်းနိုင်စွမ်း အပြည့်ရှိတယ် ၊ ဆရာတော်က တောတောင်ရေမြေအနှံ့ခြေဆန့်ပြီး ဗုဒ္ဓတရားတော်ရဲ့ အနှစ်သာရကို နောက်မဆုတ်တမ်း ရှာဖွေခဲ့တယ် ၊ ဒီအချက်ကို ကြည့်မယ်ဆိုရင် ကျုပ်ရဲ့ နတ်ဘုရားကျောင်းတော်ကတောင် ဒီလိုအရည်အချင်းမျိုးတွေ မရှိပါဘူး ၊ အဲဒီအချိန်တုန်းက ဆရာတော်နဲ့ကျုပ် တရားမဆွေးနွေးခဲ့တာ အဲဒီအချက်ကြောင့်ပါပဲ…"

ယွမ်ချင်း၏ စကားက ဝေဖန်ခြင်းထက် ချီးကျူးခြင်းနှင့် ဆင်တူနေလေသည်။

သို့ရာတွင်… ဓမ္မလမ်းပြဆရာတော်က ယွမ်ချင်းထက် ဝါရင့်သည့် ကျင့်ကြံသူဖြစ်သည့်တိုင် ယွမ်ချင်းမှာ တာအိုဆရာသခင်ထိုက်ယီ၏ တရားကို နာကြားခဲ့ရသည်က တစ်ကြောင်း ၊ မရဏဓားတစ်လက် လူပြန်ဝင်စားခြင်းဖြစ်သည်ကတစ်ကြောင်းကြောင့် ဓမ္မလမ်းပြဆရာတော်ထက် တန်ခိုးစွမ်းအား မြင့်မားသူ ဖြစ်လေသည်။

ယွမ်ချင်းသည် မျိုးဆက်တစ်ဆက်တွင် အမြင့်ဆုံးဟု သတ်မှတ်နိုင်သည်။

ဓမ္မလမ်းပြဆရာတော်က…

"ယွမ်ချင်းနတ်ဘုရားက တကယ်အမြင်ကျယ်တာပဲကိုး…"

ယွမ်ချင်းက တောက်ပစွာ တစ်ချက်ပြုံးလိုက်ပြီး လက်တစ်ချက် ဝှေ့ရမ်းလိုက်လေသည်။

ထိုအခါ… သွေးနီရောင်တိမ်တိုက်များ ပျံ့ကျဲသွားပြီး ကောင်းကင်ထက်မှ သွေးမိုးများ ရွာသွန်းလာလေသည်။ သွေးမိုးများသည် ဆရာတော် (၄)ပါး၏ ရောင်ခြည်တန်းများအတွင်းသို့ပင် ထိုးဖောက်ဝင်ရောက်လာလေသည်။

ယွမ်ချင်းက…

"ကျုပ်ကတော့ ဗုဒ္ဓရဲ့ ဓာတ်တော်မွေတော်ကို အရယူရမှာပါပဲ…"

…………..

လီချင်းဆွေက အနောက်ဘက်ကောင်းကင်သို့ လှမ်းကြည့်လိုက်လေသည်။

အဝေးဆီမှ ကောင်းကင်တစ်ခုလုံး သွေးနီရောင်လွှမ်းနေသည်ကို သူမ တွေ့လိုက်ရလေသည်။

နေဝင်ဆည်းဆာချိန်အလား ပုဇွန်ဆီရောင်သမ်းနေခြင်းမျိုးလည်းမဟုတ်ဘဲ မြင်ကွင်းက အနီရောင်တောက်ပပြီး ထူးဆန်းသည့် မြင်ကွင်းတစ်ခု ဖြစ်လေသည်။

သူမက သိချင်စိတ်ဖြစ်လာမိပြီး ဆန်းလျန်ကို မေးကြည့်လိုက်လေသည်။

"အဲဒါ ဘာဖြစ်နေတာလဲ…"

ဆန်းလျန်က…

"ယွမ်ချင်း တိုက်ခိုက်နေတာလေ ၊ ဘယ်သူတွေနဲ့ တိုက်နေတာလဲ မသိဘူး…"

လီချင်းဆွေက…

"ဟုတ်လား…"

ဆန်းလျန်က…

"မင်း သူ့အတွက် စိတ်မပူဘူးလား ၊ ဘာပဲ ဖြစ်ဖြစ် တောင်ပေါ်မှာတုန်းက သူက မင်းအပေါ် ကောင်းခဲ့တဲ့သူပဲလေ…"

လီချင်းဆွေက…

"တိုက်ပွဲမှာ သူ မရှုံးဘူးဆိုတာ ကျွန်မ ယုံကြည်တယ်…"

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"မင်း သူ့အပေါ် ဒီလောက်ယုံကြည်လွန်းတာ ၊ သူသာသိရင် အတော်ပျော်သွားနိုင်တယ်…"

လီချင်းဆွေက…

"အဲဒီ တိုက်ပွဲဖြစ်နေတဲ့နေရာက ကျွန်မတို့နဲ့ ဘယ်လောက်ဝေးလဲ… ၊ အခုသွားရင် မှီနိုင်သေးလား…"

ဆန်းလျန်က…

"မင်း သူ့ကိုု စိတ်မပူဘူးဆိုမှတော့ ဘာသွားလုပ်မလို့လဲ…"

လီချင်းဆွေက ဆန်းလျန်ကို လှမ်းကြည့်လိုက်ရင်း…

"မသွားရလည်း ဘာမှ မဖြစ်ပါဘူး…"

ဆန်းလျန်က…

"အဲဒီကိုသွားဖို့ နည်းလမ်းတော့ သိပ်မရှိဘူး ၊ ဒါပေမဲ့ မင်း တောင်ပေါ်ဝတ်ကျောင်းတော်ကိုပြန်သွားမယ်ဆိုရင် အဲဒီကို ခဏလေးနဲ့ ရောက်သွားနိုင်မယ့်နည်းလမ်းတစ်ခု ကျုပ်ပြောပြလို့ရတယ်…"

***

All Chapters