← Chapters

လုံခြုံရေးအိမ်မှ ကြိုဆိုပါတယ်

Vol. 5 Ch. 57

လုံခြုံရေးအိမ်မှ ကြိုဆိုပါတယ်

Vol. 5 Ch. 57

ကျောက်ဟောင်သည် သတင်း ရရှိချိန်တွင် စိတ်လှုပ်ရှား သွားသော်လည်း အရေးကြီးဆုံး အချက်မှာ ရဲ့ရှင်းချန် အသက်ရှင်လျက် ဘေးကင်း နေသေးသည်အား သူ သိလိုက်ရခြင်းပင် ဖြစ်ပေသည်။ သူသည် ရဲ့ရှင်းချန်ထံသို့ နှုတ်ဆက်စကား အနည်းငယ် ပို့ခဲ့သော်လည်း ရဲ့ရှင်းချန်မှ ပြန်စာ မပို့ခဲ့ချေ။ သူသည် ရဲ့ရှင်းချန်၏ ညွှန်ကြားချက်များကိုသာ လိုက်နာနိုင်ကာ ကျန်းရီ၏ နေရာသို့ သွားရန် အတွက် သူနှင့် ပုံမှန် ရင်းနှီးသော လုံခြုံရေး အစောင့် အနည်းငယ်ကိုသာ ခေါ်သွားနိုင်ခဲ့လေသည်။

လင်းစစ်ကျားသည် ပြတင်းပေါက်မှ ခက်ခဲစွာ တွယ်တက်လာခဲ့သည်။ သူမသည် မွန်းလွဲပိုင်း တစ်ပိုင်းလုံး ထိုလူများအား ကြိုးတုပ်ကာ ဆွဲခေါ်နေခဲ့ရခြင်း ဖြစ်သည်။ သူမသည် နှစ်ရက်တိုင်တိုင် ထမင်းတစ်စေ့မျှ မစားရသေးသဖြင့် သတိလစ်လုမတတ် မောပန်းနွမ်းနယ်ကာ အင်အားကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သူမသည် အချိန်မဆွဲဝံ့သဖြင့် ထူထဲလှသည့် နှင်းထုအား ဖြတ်နင်းလျှက် ရဲ့ရှင်းချန်၏ အိမ်ရှိရာ ဆီသို့ အပြေးအလွှား သွားခဲ့လေသည်။ လမ်းခရီးမှာ မရှည်လျားသော်လည်း ဖွေးဖွေး လှုပ်ကာ ထူထပ်လှသည့် နှင်းများပေါ်တွင် လမ်းလျှောက်ရခြင်း ဖြစ်သဖြင့် မလွယ်ကူသည့်အပြင် ခရီးမတွင်လှချေ။ ထိုတိုတောင်းလှသော လမ်းခရီးအား သွားရန် အတွက် နာရီဝက်ခန့် ကြာမြင့်ခဲ့လေသည်။

လင်းစစ်ကျားသည် ရဲ့ရှင်းချန်၏ အိမ်နားသို့ ရောက်သည်နှင့် အချက်ပေးသံ မြည်လာခဲ့သည်။ ဆိုဖာပေါ်တွင် အိပ်ချင်ယောင် ဆောင်နေသည့် ရဲ့ရှင်းချန်သည် ချက်ချင်းပင် မျက်လုံးများ ပွင့်လာခဲ့လေသည်။

"သူ ရောက်လာပြီပဲ"

ရဲ့ရှင်းချန်သည် တံခါးအား ရမ်းကားစွာ မဖွင့်ခဲ့ချေ။ လင်းစစ်ကျား၏ နောက်သို့ မည်သူမျှ လိုက်မလာကြောင်း သေချာစေရန် အတွက် အိမ်တစ်ဝိုက်ရှိ စောင့်ကြည့်ရေး ကင်မရာများအား အရင်ကြည့်ရှု စစ်ဆေးပြီးမှသာ လင်းစစ်ကျား၏ ဖုန်းခေါ်ဆိုမှုအား ဖြေကြားရန် အတွက် ဖုန်းအား ကောက်ကိုင် လိုက်တော့သည်။

"ကျွန်မ ကျွန်မ တံခါးဝမှာ ရောက်နေပါပြီ"

ဤသည်မှာ ဒုတိယထပ်မှ တံခါး ဖြစ်ပေသည်။ ယခင်တွင် တူးဖော်ထားသည့် လမ်းကြောင်းအား အသစ်ကျဆင်းလာသော နှင်းများမှ ပြန်လည်၍ ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။ ရဲ့ရှင်းချန်အိမ်၏ ဒုတိယထပ် တံခါးအား ပိတ်ဆို့နေသော နှင်းအချို့ ရှိသော်လည်း မများလှချေ။

"ကောင်းပြီ ဝင်လာခဲ့"

တံခါးမှာ သော့ခတ်မထားသည့် အတွက် လင်းစစ်ကျားသည် တုန်ယင်နေသော လက်များဖြင့် တံခါးအား ဆွဲဖွင့်လိုက်လေသည်။ အချိန် အတော်ကြာအောင် မခံစားခဲ့ရသည့် အပူလှိုင်း တစ်ခုသည် သူမ၏ မျက်နှာအား ရိုက်ခတ်သွားခဲ့သည်။ တစ်ခဏချင်းမှာပင် လင်းစစ်ကျားသည် အလွန် ဝမ်းသာ ပျော်ရွှင် သွားခဲ့သည့် အတွက် ငိုချလုမတတ် ဖြစ်သွားခဲ့ရသည်။

အပြင်ဘက်မှ လေနှင့် နှင်းများသည် နွေးထွေးမှုအား လွင့်စင်သွားစေမည်ကိုလည်း သူမကြောက်ရွံ့သဖြင့် အလျင်စလို လှည့်၍ တံခါးအား ပိတ်လိုက်လေသည်။ သူမ လှည့်ကာ အိမ်ထဲသို့ ဝင်ချင်သော်လည်း အေးစက်သော အရာတစ်ခုသည် သူမ၏ နဖူးအား ဖိကပ်လာခဲ့သည်။

"အဝတ်အစားတွေ ချွတ်လိုက်"

ရဲ့ရှင်းချန်သည် လင်းစစ်ကျား၏ ရှေ့တွင် ရပ်လျှက် သူမအား ငုံ့ကြည့်နေခဲ့သည်။ သူတို့နှစ်ဦးမှာ လက်တစ်ကမ်း အကွာတွင်သာ ရှိလေသည်။ သူသည် ကျည်ဆန် ထည့်ထားသည့် ပစ္စတို တစ်လက်အား ကိုင်လျှက် လင်းစစ်ကျား၏ နဖူးအား ချိန်ရွှယ်ထားခဲ့သည်။ အကယ်၍ သူမသည် သူ၏ ညွှန်ကြားချက်များအား နားမထောင်ပါမူ သူမအား ပစ်သတ်လိုက်ရန် အတွက် သူ စိတ်ရှိလိမ့်မည် မဟုတ်ချေ။

လင်းစစ်ကျားသည် ပထမတွင် အံ့အားသင့် သွားသော်လည်း စက္ကန့် အနည်းငယ် အကြာတွင် ပုံမှန်အတိုင်း ပြန်လည်၍ တုံ့ပြန်နိုင်ခဲ့ပေသည်။ သူမ၏ မျက်နှာပေါ်တွင် ခါးသီးလှသည့် အပြုံးတစ်ခုဖြင့် သူမ၏ အိတ်ကပ်ထဲမှ အိတ်တစ်လုံးအား ထုတ်ကာ ရဲ့ရှင်းချန်အား ကမ်းပေးလိုက်တော့သည်။

"ရှင် တကယ် သတိကြီးတာပဲ"

အိတ်ထဲတွင် ရဲ့ရှင်းချန်မှ ဗီဒီယိုကောလ် မှတစ်ဆင့် လင်းစစ်ကျားအား ထုပ်ပိုးခိုင်းထားသည့် လက်နက်မျိုးစုံ ပါဝင်လေသည်။ လင်းစစ်ကျားသည် တံခါးဝတွင် ရပ်လျှက် သူမ၏ အဝတ်အစားများအား တစ်ထည်ချင်းစီ စတင်၍ ချွတ်လိုက်လေသည်။ သူမတွင် ပါးလွှာသော အင်္ကျီတစ်ထည်နှင့် ဘောင်းဘီတစ်ထည်သာ ကျန်သည့်တိုင်အောင်ပင် ဖြစ်သည်။

"ဟမ် ဆက်ချွတ်လေ"

ရဲ့ရှင်းချန်သည် အမှန်တကယ်ပင် သတိကြီးလှပေသည်။ မည်သို့ပင် ဆိုစေကာမူ လင်းစစ်ကျားသည် သူနှင့် ဖုန်းပြောဆိုမှုအား အချိန်အတန်ကြာ ချထားခဲ့ခြင်း ဖြစ်သည်။ ဤအချိန်အတွင်း သူမသည် လက်နက် တစ်ခုခုအား ဖုံးကွယ် ထားမည်လား ဆိုသည်အား မည်သူမျှ အတိအကျ မပြောနိုင်ချေ။ လင်းစစ်ကျား မည်မျှပင် ကြင်နာတတ် စေကာမူ ၎င်းသည် ရဲ့ရှင်းချန်အတွက် သူမအား ခြွင်းချက်မရှိ ယုံကြည်ရန် အကြောင်းပြချက် မဟုတ်ချေ။

လင်းစစ်ကျားသည် စက္ကန့် အနည်းငယ်ခန့် တွေဝေ နေခဲ့သော်လည်း နောက်ဆုံးတွင် သူမသည် အံကြိတ်ကာ အောက်ခံ အဝတ်အစားများသာ ကျန်သည်အထိ ချွတ်ချလိုက်တော့သည်။ သူမ၏ မျက်လုံးများမှာ ရှက်ရွံ့နေဟ် ပေါ်နေခဲ့ကာ မျက်နှာမှာလည်း သွေးကဲ့သို့ နီရဲနေခဲ့သည်။

"ဒါ ဒါလောက်ဆို ရပြီမလား ကျွန်မဆီမှာ ဘယ်လက်နက်မှ ဖွက်ထားစရာ နေရာမရှိတော့ဘူး"

လင်းစစ်ကျားသည် ပါးနပ်ကာ ဉာဏ်ကောင်းလှသည့် လူ တစ်ဦး ဖြစ်သဖြင့် ရဲ့ရှင်းချန်သည် သူမအား ရင်ထဲမှ အသိအမှတ် ပြုမိနေခဲ့သည်။

"တောင်းပန်ပါတယ် ကမ္ဘာပျက်ကပ်ကြီးမှာ ငါတို့ သတိထားရမယ်လေ မင်္ဂလာပါ ဒေါက်တာလင်း အဖွဲ့ထဲကနေ ကြိုဆိုပါတယ်"

ရဲ့ရှင်းချန်သည် ပစ္စတိုအား သူ၏ ခါးတွင် ပြန်သိမ်းလိုက်ပြီးနောက် လင်းစစ်ကျားအား ဖက်လိုက်လေသည်။ ထင်ထားသည့် အတိုင်းပင် လင်းစစ်ကျား၏ ကိုယ်လုံး ကိုယ်ပေါက်မှာ အလွန်လှပကာ သူမ၏ ရုပ်ရည်မှာလည်း ချန်းရူအာထက် မနိမ့်ကျချေ။ သူမ အစာ ဝဝလင်လင် မစားရသည့် အပြင် နွေးထွေးသည့် အဝတ်အစားများ မရှိချိန်တွင်ပင် သူမ၏ နီရဲနေသည့် မျက်နှာတွင် နုပျိုမှု အရိပ်အယောင်လေးများ ရှိနေဆဲပင် ဖြစ်သည်။

ရဲ့ရှင်းချန်သည် လင်းစစ်ကျားအား သူမ ခုလေးတင် ချွတ်ထားသည့် အဝတ်အစားများအား ကောက်ယူကာ ပြန်လည်၍ ဝတ်ခိုင်း လိုက်လေတော့သည်။ ထို့နောက် သူသည် သူမ၏ လက်အား ဆွဲကာ အိမ်ထဲသို့ ဝင်သွားခဲ့သည်။ သူမ ခေါင်းလှည့် လိုက်ချိန်တွင် ရဲ့ရှင်းချန်သည် အခွင့်အရေးယူကာ လက်နက်အိတ်အား နေရာလွတ်ထဲသို့ ထည့်လိုက်လေသည်။

"အရင် ရေသွားချိုးလိုက် ရေချိုးခန်းက ဟိုဘက်မှာ"

ရဲ့ရှင်းချန်သည် ရေချိုးခန်းရှိရာသို့ လက်ညှိုး ထိုးပြလိုက်လေသည်။ လင်းစစ်ကျား ရှက်ရွံ့နေသည့် မျက်နှာထားဖြင့် ဝင်သွား ပြီးနောက် ရဲ့ရှင်းချန်သည် နေရာလွတ်ထဲမှ အရွယ်အစား ပိုသေးငယ်သော ညအိပ်ဝတ်စုံတစ်စုံအား ရွေးထုတ်ကာ ရေချိုးခန်း အပြင်ဘက်ရှိ ထိုင်ခုံပေါ်တွင် တင်ထားပေး လိုက်လေသည်။

"အဝတ်အသန့်တွေ ရေချိုးခန်းတံခါးဝမှာ ရှိတယ်နော် ပြီးရင် ဝတ်လိုက်အုန်း"

လင်းစစ်ကျားသည် ရေပန်းအောက်တွင် ရပ်နေစဉ် အိပ်မက် မက်နေသကဲ့သို့ ခံစားနေရဆဲပင် ဖြစ်သည်။ နှင်းမုန်တိုင်းသည် အိပ်မက် တစ်ခုနှင့် တူပြီး သူမသည် အသက် ရှင်သန်ရန် အတွက် သူစိမ်း ယောက်ျား တစ်ယောက်၏ အိမ်တွင် နေထိုင်နေရလေသည်။

ရေပန်းခေါင်းမှ ရေပူများ ပန်းထွက်လာပြီးနောက် လင်းစစ်ကျား၏ မျက်ရည်များနှင့် ရောယှက်သွားတော့သည်။ သူမသည် လဝက်ကျော်ကြာ ရေမချိုးရသေးချေ။

လင်းစစ်ကျားသည် သူမ၏ ဆံပင်များအား အလျင်စလို လျှော်ပြီးနောက် ရေချိုးလိုက်လေသည်။ မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် သူမ၏ ကိုယ်ပိုင်အိမ် မဟုတ်ချေ။ ယခုအချိန်တွင် ရေသည် မည်မျှ တန်ဖိုးရှိကြောင်း ရေပူဆိုလျှင် ပို၍ပင် တန်ဖိုး ရှိကြောင်းကိုလည်း သူမ သိထားပေသည်။

ရဲ့ရှင်းချန်သည် လင်းစစ်ကျားကို လုံးဝ အလျင်မလို စေချင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၌ သိုလှောင်ထားသည့် ရေပမာဏ အမြောက်အမြား ရှိသောကြောင့် ဖြစ်ပေသည်။ ထို့အပြင် ရေချိုးရန် အသုံးပြုသော ရေသည် အိမ်အား ပြုပြင်မွမ်းမံစဉ်တွင် အမိုးပေါ်တွင် တပ်ဆင် ထားသော ရေစုကန်ထဲမှ ရေခဲနှင့် နှင်းများအား ကျိုချက်ထားသည့် ရေသာ ဖြစ်ပေသည်။ လင်းစစ်ကျား ထိုနေရာတွင် မည်မျှကြာအောင် ရေချိုးနေစေကာမူ သူ၏ နေရာလွတ်ထဲတွင် သိုလှောင်ထားသော ရေများအား ဖြုန်းတီးပစ်နိုင်လိမ့်မည် မဟုတ်ပေ။

သူ၏ ဖုန်းအား ကြည့်လိုက်ရာ ကျောက်ဟောင်နှင့် အခြားသူများ ကျန်းရီ၏ အိမ်သို့ ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်ရလေသည်။ ကျောက်ဟောင်သည် ကျန်းရီအိမ်၏ ဓာတ်ပုံကိုပင် ရိုက်ပို့ပေး ထားသေးသည်။

"ကောင်းပြီ ယူနိုင်သလောက် ယူခဲ့လိုက် အဲဒါတွေက ကျန်းရီ ကျွန်တော်ဆီက လုသွားတာတွေပဲ"

ကျောက်ဟောင်သည် ရိုးသားသူ တစ်ဦး ဖြစ်ကြောင်း ရဲ့ရှင်းချန် သိလေသည်။ အကယ်၍ ဤအရာများ အားလုံးမှာ ကျန်းရီ၏ ကိုယ်ပိုင် သိုလှောင်ထားမှုများ ဖြစ်ကြောင်း သူ့အား ပြောပြလိုက်ပါက ကျောက်ဟောင်သည် ယူဆောင်လာရန် ဆန္ဒရှိလိမ့်မည် မဟုတ်ချေ။

"ဟူး အစ်ကိုကျောက် ပိုမယူနိုင်ရင်လည်း အခုလောလောဆယ် ဒီအတိုင်းပဲ ထားခဲ့လိုက် နောက်မှ ကျွန်တော် ပြန်လာယူဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်"

ကျောက်ဟောင်သည် အကြိမ်ပေါင်းများစွာ အသွားအပြန် လုပ်ခဲ့လေသည်။ တစ်ဖက်တွင် သူသည် ဆူညံသံများ ထွက်ကာ အိမ်နီးချင်းများအား သတိထားမိစေမည်အားလည်း ကြောက်ရွံ့နေခဲ့သည်။ အခြားတစ်ဖက်တွင် ရဲ့ရှင်းချန်အား ပစ္စည်းများ ပိုမို၍ ပြန်လည် ရယူရာတွင် ကူညီပေးချင်မိသည်။

လင်းစစ်ကျားသည် ရေချိုးပြီးသွားခဲ့ပြီ ဖြစ်ရာ သူမ၏ တစ်ကိုယ်လုံးမှာ ပန်းရောင်သန်းနေခဲ့လေသည်။ သူမသည် ရေချိုးခန်းတံခါးဝတွင် စိုးရိမ်ပူပန်သည့် မျက်နှာထားဖြင့် ရပ်နေလေသည်။

"သန့်ရှင်းရေး လုပ်ပြီးပြီလား လာလေ ဒီကိုလာခဲ့"

ရဲ့ရှင်းချန်သည် သူ၏ လက်ထဲတွင် သေနတ်အား ထပ်မံ၍ ကိုင်ဆောင်ထားလေသည်။ ဤတစ်ကြိမ်တွင် ၎င်းသည် ကျန်းရီထံမှ သူယူလာသည့် သေနတ် ဖြစ်ပေသည်။ ယခုလေးတွင်ပင် သူ စစ်ဆေးခဲ့သည် ဖြစ်ရာ ၎င်း သေနတ်ထဲတွင် ကျည်ဆန် ခုနစ်တောင့် ကျန်ရှိနေသေးသည်။

လင်းစစ်ကျားတွင် ရဲ့ရှင်းချန်အား ခြိမ်းခြောက်နိုင်သည့် အရာ မရှိတော့သော်လည်း ရဲ့ရှင်းချန်သည် စိုးရိမ်နေဆဲပင် ဖြစ်သည်။ လင်းစစ်ကျားသည် သူ ညွှန်ပြသည့် ဦးတည်ရာသို့ လျှောက်သွားလိုက်ကာ ရဲ့ရှင်းချန်နှင့် နှစ်မီတာအကွာရှိ ဆိုဖာပေါ်တွင် လိမ္မာစွာ ထိုင်လိုက်တော့သည်။ သူမသည် ခြေထောက်များအား စုထားပြီးနောက် သတိထားသည့် မျက်နှာ အမူအရာအား ပြသနေခဲ့သည်။

"မင်းမှာ ငါ့အတွက် တန်ဖိုးတစ်ခုခု ရှိလို့ ဒီမှာနေခွင့်ပြုတာဆိုတာ မင်းသိသင့်တယ်"

"ဒါပေမယ့် ဒါက ငါ့အိမ်ဆိုတာကို မင်းမှတ်ထားရမယ် မင်းကို ဒီမှာ နေခွင့်ပြုတာက ငါ့ဘက်က ပေးနိုင်တဲ့ ကြင်နာမှု တစ်ခုပဲ ဒါကြောင့် ကျေးဇူးကန်းဖို့ မကြိုးစားနဲ့ မင်းကို ငါ ဒီမှာနေခွင့်ပြုနိုင်သလို မင်းကို နှင်ထုတ်လို့လည်း ရတယ် အဲ့ဒါကို သိထား ပြီးတော့ မင်း မဆင်မခြင်လုပ်ရင် မင်းကို သေနတ်နဲ့ ပစ်သတ်လို့လည်း ရတယ်"

လင်းစစ်ကျား၏ နှလုံးသားမှာ တစ်ချက်ခုန်သွားခဲ့ကာ သူမသည် ကျိုးနွံစွာ ပြန်ဖြေလိုက်လေသည်။

"ကျွန်မ သိပါတယ်"

အကယ်၍ ဤအရာသည် အရောင်းအဝယ် တစ်ခုမျှသာ ဖြစ်လျှင်တောင် သူမသည် အကျိုးခံစားခွင့်များ ပိုမိုရရှိမည်အား လင်းစစ်ကျား အမှန်တကယ် သိရှိနားလည်ပေသည်။ ရဲ့ရှင်းချန်သည် သူမအား ဤအိမ်တွင် နေထိုင် ခွင့်ပြုခြင်းဖြင့် သူမအား ကြီးမားလှသည့် ကျေးဇူးပြုခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ ရဲ့ရှင်းချန်သည် အပေါ်ထပ်သို့ လက်ညှိုး ထိုးပြလိုက်လေသည်။

"ခဏနေရင် မင်းကို မင်းအခန်းဆီ ခေါ်သွားပေးမယ် ဒါပေမယ့် ငါ အရင် ပြောထားရမှာက ငါ့အိမ်က အခန်းတိုင်းမှာ စောင့်ကြည့်ကင်မရာတွေ ရှိတယ် တံခါးတိုင်းကို အထူးပစ္စည်းတွေနဲ့ လုပ်ထားပြီး သော့တွေကလည်း ငါ့ဆီမှာပဲ ရှိတယ်"

ရဲ့ရှင်းချန်သည် သူ၏ အိတ်ကပ်ထဲမှ သော့တွဲတစ်တွဲအား ထုတ်ကာ လင်းစစ်ကျားရှေ့တွင် ယမ်းပြလိုက်လေသည်။

"ငါ့ခွင့်ပြုချက်ရမှ မင်း အခန်းထဲက ထွက်လို့ရမယ် အခန်းထဲမှာ သီးသန့် ရေချိုးခန်း ရှိတယ် မင်း စားသောက်ချိန် ရောက်ရင် နေ့တိုင်း တံခါးဖွင့်ပေးမယ်"

"မင်း သဘောမတူရင်"

ရဲ့ရှင်းချန်သည် တံခါးရှိရာသို့ လက်ညှိုး ထိုးပြလိုက်လေသည်။

"မင်း အခု ထွက်သွားလို့ရပါသေးတယ်"

All Chapters