← Chapters

အခန်း (၆၈)

Vol. 5 Ch. 68

အခန်း (၆၈)

Vol. 5 Ch. 68

ကျန့်ဟွာချမ်းသည် ကျန်ရှိသော အလုပ်သမားများမား ခေါ်ဆောင်၍ လုပ်ငန်းခွင်သို့ ပြန်လာချိန်တွင် နောက်ထပ် အလုပ်သမား နှစ်ဦးမှာ မီးခိုးများ အလွန်အမင်း ရှူမိထားသဖြင့် လုပ်ငန်းခွင်သို့ ရောက်သည်နှင့် သတိလစ်သွားခဲ့ကာ တစ်ခါတည်း အသက်ပျောက် သွားလေတော့သည်။

ဤခရီးစဉ်တွင် သူသည် အလုပ်သမား ကိုးဦးအထိ ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ ကျန့်ဟွာချမ်းသည် စားပွဲအား ဗုန်းကနဲ လဲအောင် ရိုက်ချလိုက်ပြီးနောက် ခဲနေသော မုန့်ပြားအား တစ်ကိုက် ကိုက်လိုက်လေသည်။

"တောက် ဒါ ဘာကြီးလဲကွာ။ အဲဒီကောင်က ငါ့ညီအစ်ကိုတွေကို တကယ် သတ်ပစ်ရဲတယ်”

သူတို့၏ တစ်သက်တွင် ဤမျှ ကြီးမားသော ဆုံးရှုံးမှုမျိုး တစ်ခါမှ မကြုံခဲ့ဖူးချေ။ နှင်းကြီးမကျမီတွင် ဖြစ်စေ ကျပြီးနောက်ပိုင်းမှာ ဖြစ်စေ ဤသို့ မဖြစ်ဖူးခဲ့ချေ။

ယခင် အချိန်များမှဆိုလျှင် သူတို့သည် ဖက်တီးဝမ်၏ ဗုံးများအား အားကိုးလျှက် ရပ်ကွက်ထဲရှိ နေထိုင်သူများ၏ ရိက္ခာများအား လုယက်ခဲ့ကြသည်။ ဤအရပ်သည် လူချမ်းသာများ နေထိုင်ရာ ဖြစ်သဖြင့် လူတိုင်း၏ အိမ်တွင် ပစ္စည်းများ အလျှံပယ် ရှိနေတတ်သည်။ သူတို့သည် ရသမျှ ပစ္စည်းများအား လုယက်ပြီးနောက် ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ တဲကုပ်ကြီးထဲတွင် စုပုံထားခဲ့ကြလေသည်။

"လက်ချည်းဗလာနဲ့ ပြန်လာရတာ ဒါ ပထမဆုံးပဲ။ မရဘူး မနက်ဖြန် ငါတို့ နောက်တစ်ခေါက် ထပ်သွားမယ်"

ရဲရှင်းချန်၏ ဗီဒီယိုများအပြင် ကျန့်ဟွာချမ်းသည် အခြားသူများ ရိုက်ထားသော ဓာတ်ပုံများကိုလည်း မြင်တွေ့ခဲ့ရသည်။ ထိုဓာတ်ပုံများသည် အိမ်ရှင်များ ကျန်းရီ၏ အိမ်အား လုယက်ပြီးနောက် ရိုက်ကူးထားကြခြင်း ဖြစ်သည်။

"ဒါတော့ ရူးစရာပဲ အဲဒီစောက်အိမ်က ဘာနဲ့ ဆောက်ထားလဲ မသိဘူး ဖက်တီးဝမ်ရဲ့ ဗုံးတောင် အလုပ်မလုပ်ဘဲ သူပါ အဲဒီမှာ သေသွားခဲ့ရတယ်လို့"

ဤလူအုပ်စုထဲတွင် ဖက်တီးဝမ် တစ်ယောက်သာ ဗုံးလုပ်တတ်သူ ဖြစ်သည်။ ဖက်တီးဝမ် သေဆုံးသွားပြီ ဖြစ်ရာ သူတို့အတွက် ပစ္စည်းလုရန်မှာ ခက်ခဲသွားချေပြီ။

"အဲဒီကောင်အိမ်ကို လုလို့မရရင် မနက်ဖြန် သူ့အိမ်နီးချင်းတွေဆီ သွားလုမယ် သူတို့ရပ်ကွက်က အိမ်တိုင်း ဒီလောက် ခိုင်ခံ့နေမယ်လို့ ငါ မယုံဘူး"

ထိုညတွင် တစ်ရပ်ကွက်လုံးတွင် ရဲရှင်းချန် တစ်ယောက်သာ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ကာ ကျန်လူများမှာမူ မျက်စိပင် မမှိတ်ရဲကြချေ။ နားနားနေနေ အနားယူပြီးနောက် ကျန့်ဟွာချမ်းသည် လူတစ်စုအား ခေါ်ဆောင်၍ ရောက်ရှိလာ ပြန်တော့သည်။

ဤတစ်ကြိမ်တွင်မူ သူတို့သည် နှင်းထဲတွင် ကျင်းတူး မနေတော့ဘဲ အဓိကဝင်ပေါက်မှ တဆင့် ဗြောင်ကျကျ လမ်းလျှောက် ဝင်လာကြတော့သည်။

ရှေ့တွင် သစ်သားပြားများအား ခင်းထားကြသည်။ ကျန့်ဟွာချမ်းသည် နှင်းများပေါ်တွင် မြဲမြံစေရန် ထိုအပြားများအား နင်းသွားပြီးနောက် နောက်တွင် ကျန်ခဲ့သော သစ်သားပြားအား ပြန်ယူ၍ ရှေ့တွင် ဆက်ခင်းကာ ဆက်လျှောက် သွားခြင်း ဖြစ်သည်။

မနက်ခင်းမှာတင် ကျန့်ဟွာချမ်းနှင့် အဖွဲ့သည် အိမ်ထောင်စု သုံးစု၏ ရိက္ခာများအား လုယက်ပြီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူတို့တွင် ဗုံးမရှိသော်ငြားလည်း ပုဆိန်များနှင့် ထုရိုက်စရာ တူကြီးများ ရှိနေဆဲ ဖြစ်သည်။ သံတံခါး အသေးစားလေးများအား ဖျက်ဆီးရန် အတွက်မူ ထိုအရာများမှာ လုံလောက်သည်ထက်ပင် ပိုနေပါသည်။

"တောက် မနက်စောစောစီးစီး ငါ့အိမ်ကို လူတွေလာလုနေကြပြီ ဘုရားရေ... ကယ်တော်မူကြပါဦး ငါတို့စားစရာတွေ အကုန်ပါသွားပြီ ငါတို့ ဘယ်လို အသက် ဆက်ရတော့မှာလဲ"

"ကယ်ကြပါဦး အဲဒါ ဘယ်သူတွေလဲ မနေ့ညက လူအုပ်စုပဲလား သူတို့ကို မောင်းထုတ်လိုက်ပြီ ဆိုတာ မဟုတ်ဘူးလား အိမ်တွေ အများကြီး ရှိနေတာကို ငါမှ ဘာလို့ ဒီလောက် ကံဆိုးရတာလဲ"

"ဘုရားရေ သူတို့ မင်းတို့ဆီကတောင် လုသွားကြပြီလား ဒါဆို ငါလည်း တံခါးတွေ ပြတင်းပေါက်တွေ အမြန်ပိတ်ထားမှ ဖြစ်တော့မယ်"

ရဲရှင်းချန်သည် အဖွဲ့ထဲရှိ ငိုကြွေး မြည်တမ်းသံများအား ဖတ်ရင်း သွားပွတ်တံကို ပါးစပ်တွင် ငုံထားဆဲ ဖြစ်လေသည်။ သူသည် စောင့်ဆိုင်းနေဆဲပင် ဖြစ်သည်။ ထိုလူများမှ သူ့အား ဦးဆောင်ပေးရန် အသနားခံလာမည့် အချိန်ကို စောင့်နေခြင်း ဖြစ်သည်။

နောက်ထပ် နှစ်ရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ကျန့်ဟွာချမ်းနှင့် အဖွဲ့သည် သုံးရက်ဆက်တိုက် ရောက်လာခဲ့ကြသည်။ သူတို့သည် မိသားစု အချို့အား သတ်ဖြတ်ခဲ့ကြပြီးဖြစ်ကာ အိမ်ထောင်စု ဆယ်စုကျော်၏ ရိက္ခာများကို လုယက်သွားခဲ့ကြလေပြီ။

"ကယ်ကြပါဦး သူတို့က ဘာလို့ နေ့တိုင်း လာနေကြတာလဲ လူတွေ တအား ထိတ်လန့်နေကြပြီ"

"လူလည်း သတ်သွားကြတယ် ထင်တယ် ဦးလေးခန်းရဲ့ အိမ်ထဲကနေ သူတို့ ထွက်လာတာကို အပေါ်ထပ်ကနေ ငါမြင်လိုက်ရတယ်"

"သူတို့ သတ်ပစ်လိုက်တာ သတ်ပစ်လိုက်တာ လူတွေအများကြီး သေကုန်ပြီ ထင်တယ်"

"ဘုရားရေ ငါတို့မှာ အေးအေးဆေးဆေး နေရတာ နှစ်ရက်ပဲ ရှိသေးတယ် အခုတော့ ဓားပြအုပ်စုက ပြန်ရောက် လာပြန်ပြီ"

ဤအချိန်တွင် တစ်စုံတစ်ယောက်မှ ရဲရှင်းချန်အား နောက်ဆုံးတွင် သတိရ သွားလေတော့သည်။

"အစ်ကို ရှင်းချန် ဘယ်မှာလဲ အစ်ကို ရှင်းချန်တို့ မိသားစုရော ဘယ်လိုနေလဲ"

"ဟုတ်သားပဲ ရှင်းချန်က သူတို့ကို မောင်းထုတ် လိုက်ပြီလို့ ပြောခဲ့တယ် မဟုတ်လား ဘာလို့ ပြန်ရောက် လာကြတာလဲ"

"အဲဒီလူတွေကို ရဲရှင်းချန်က တမင် ငါတို့ဆီ ခေါ်လာတာများလား ငါတို့ကို သတ်ခိုင်းဖို့လေ"

"မင်း ဘယ်လို စကားပြောလိုက်တာလဲ ငါတို့ စားစရာတွေက ညီလေးရဲ့ ပေးခဲ့တာတွေလေ"

"ရဲရှင်းချန်နဲ့ ဘာဆိုင်လို့လဲ ဒီပစ္စည်းတွေကို ငါတို့ ကိုယ်တိုင် တိုက်ယူခဲ့ကြတာ မဟုတ်ဘူးလား သူက ဘာမှ အပင်ပန်းခံခဲ့တာ မဟုတ်ဘူး သူကပဲ အဲဒီလူတွေကို ရှာပြီး ငါတို့ဆီက စားစရာတွေ ပြန်လုခိုင်းနေတာ ဖြစ်မှာ"

အဖွဲ့ထဲတွင် သူ့နာမည်အား ထပ်ခါတလဲလဲ ဖော်ပြနေကြသည်ကို မြင်သောအခါ ရဲရှင်းချန်မှ နှုတ်ခမ်းအား တင်းတင်းမ စေ့လိုက်မိသည်။ ထိုအချိန်တွင် ကျောက်ဟောက်မှ နောက်ထပ် ကိုယ်ပိုင်မက်ဆေ့ခ်ျ တစ်ခု ပို့လာပြန်လေသည်။

"ညီလေးရဲ့ ဒီရက်ပိုင်း မင်း ပိုပြီး သတိထားဦးနော် အဲဒီ အစ်ကိုချန်ဇီ ဆိုတဲ့လူက ကျန်းရီတို့ထက် ပိုပြီး ကိုင်တွယ် ရခက်မယ့်ပုံပဲ အစ်ကို့ အကူအညီ လိုသလား"

"ဟုတ်ကဲ့ အစ်ကိုကျောက် ကျွန်တော် အစ်ကို့ကို အကူအညီတောင်းစရာ တစ်ခုရှိတယ်"

ရဲရှင်းချန်၏ လုပ်ရပ်များကြောင့် လူတိုင်းသည် သူ့အပေါ် မကျေမနပ် ဖြစ်နေကြပြီ ဖြစ်သည်။ သူကိုယ်တိုင် ထွက်ပြီး လူစုဆောင်းကာ ပြင်ပရန်အား တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ချေ။ မည်သို့ပင်ဆိုစေ လူတိုင်းသည် သူ၏ ပစ္စည်းများအား မျက်စိကျနေကြပြီ ဖြစ်ကာ မည်သူကမျှ သူ့အား မယုံကြည် ကြသောကြောင့် ဖြစ်လေသည်။

သူကိုယ်တိုင် ထွက်လာရန် အဆင်မပြေသောကြောင့် သူယုံကြည်ရသော တစ်စုံတစ်ဦးကိုသာ ရှေ့တင်ရပေမည်။ တိုက်ဆိုင်စွာပင် ကျောက်ဟောက်၏ ပုံရိပ်မှာ အစဉ်သဖြင့် ကောင်းမွန်နေခဲ့ခြင်း ဖြစ်သည်။

"ညီလေးရဲ့ ပြောသာပြောပါ အစ်ကို ကူညီနိုင်သမျှ အကုန် ကူညီပေးမယ်"

"အစ်ကို မြင်တဲ့အတိုင်းပဲ အခုဆို အပြင်ကလူတွေ ကျူးကျော်လာပြီ တစ်ယောက်တည်း တိုက်ခိုက်နေရုံနဲ့တော့ လူအုပ်စုလိုက် ကျူးကျော်တာကို တားဆီးဖို့ မလွယ်ဘူး အဲဒီတော့ ကျွန်တော်တို့ အားလုံး အင်အားချင်း စုပေါင်းပြီး ဘာလို့ အတူတူ မတိုက်ခိုက်ကြတာလဲ"

"ဒါပေမယ့် အစ်ကိုကျောက် သိတဲ့အတိုင်း ဘယ်သူကမျှ ကျွန်တော့်ကို မယုံကြဘူးဗျာ ကျွန်တော့် စကားကိုလည်း နားမထောင်ကြဘူး ဒါကြောင့် ကျွန်တော့်ရဲ့ အစီအစဉ်ကို အကောင်အထည် ဖော်ပေးမယ့်သူ တစ်ယောက် ကျွန်တော် လိုအပ်နေတယ်"

ကျောက်ဟောက်သည် လူအ တစ်ဦး မဟုတ်ပေ။ ရဲရှင်းချန်၏ စကား နောက်ကွယ်မှ အဓိပ္ပာယ်အား သူ သဘာဝကျကျပင် နားလည် လိုက်လေသည်။

"အစ်ကို နားလည်ပြီ ညီလေးရဲ့ မင်းက အစ်ကို့ကို အပေါ်ယံ ရှေ့ထွက် ခေါင်းဆောင်အဖြစ် ထားချင်တာ မဟုတ်လား ပြင်ပ ရန်သူတွေကို ရင်ဆိုင်ဖို့ လူအားလုံးကို စုစည်းပေးမယ့်သူပေါ့"

"ဟုတ်ပါတယ် ကျွန်တော် အစ်ကို့ကို ယုံကြည်ပါတယ် အစ်ကိုကျောက်"

အဖွဲ့လိုက် စကားပြောခန်းထဲတွင် လူအချို့မှ ရဲရှင်းချန်အား စတင် ဆဲဆိုနေကြပြီ ဖြစ်သည်။ ရဲရှင်းချန်သည် သူ၏တံခါးအား လာရောက် ထုနှက်ခဲ့ကြသည့် အတွက် လက်စားချေရန် ထိုလူများအား တမင် ခေါ်လာခဲ့ခြင်း ဖြစ်သည်ဟု သူတို့အားလုံး ထင်နေကြခြင်း ဖြစ်သည်။

"ငါတို့ ဘာလုပ်ကြမလဲ အိမ်မှာပဲ ထိုင်ပြီး အသေခံ နေကြတော့မှာလား"

"ဒီနှင်းတွေကျတာ ဘယ်တော့မှ ရပ်မှာလဲ ရပ်မှာတောင် မဟုတ်တော့ဘူးလား မသိဘူး ကောင်းကင်ကြီးက ငါတို့ကို ထွက်ပေါက် မပေးတော့ဘူး"

ဤအချိန်တွင် ကျောက်ဟောက်မှ ရှေ့သို့ ထွက်လာခဲ့သည်။

"အားလုံးပဲ မထိတ်လန့်ကြပါနဲ့ ဘေးက ဆောက်လုပ်ရေး လုပ်ငန်းခွင်က လူတွေကို ကျွန်တော် သိပါတယ် သူတို့ တစ်အဖွဲ့လုံးမှာ လူ ၂၀ ကနေ ၃၀ လောက်ပဲ ရှိတာပါ အခုဆို လူ ၂၀ လောက်ပဲ ကျန်တော့တယ် ကျွန်တော်တို့သာ ရန်သူကို စုစုစည်းစည်းနဲ့ ပြန်တိုက်ခိုက်မယ်ဆိုရင် သူတို့ ကျွန်တော်တို့ကို ဘာမှ မလုပ်နိုင်ပါဘူး"

အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သော ကျောက်ဟောက် ပေါ်လာခြင်းသည် လူတိုင်း၏ မျှော်လင့်ချက်အား ချက်ချင်းပင် တောက်လောင် သွားစေခဲ့သည်။

"ဦးလေးကျောက် ဦးလေး မသေသေးဘူးလား တော်သေးတာပေါ့"

"ဟုတ်တယ် ဟုတ်တယ် ဦးလေး စကားပြောတာ မတွေ့ရတာ ကြာပြီဆိုတော့ သေပြီလို့တောင် ထင်နေတာ"

"အစ်ကိုကျောက် အဆင်ပြေရဲ့လား? ကျွန်တော်တို့ အားလုံး အစ်ကို့ကို သတိရနေတာ"

"ဟုတ်တယ် အစ်ကိုကျောက် ဘာလုပ်ရမလဲဆိုတာသာ ပြောပါ ကျွန်တော်တို့ အစ်ကို့စကား နားထောင်ပါ့မယ်"

"ဦးလေးကျောက် ပြောပါ ကျွန်တော်တို့ ဦးလေးကို သေချာပေါက် ထောက်ခံပါ့မယ်"

ရဲရှင်းချန်သည် အမှန်တကယ်ပင် လူမမှားခဲ့ချေ။ ပြီးခဲ့သည့် အကြိမ်တွင် ကျောက်ဟောက်အား အဖွဲ့ထဲမှ နှင်ထုတ်ခဲ့ကြသော်လည်း သူတို့၏ မျက်လုံးထဲတွင် ကျောက်ဟောက်သည် အမှန်တကယ်ပင် ရိုးသားကာ အားကိုးထိုက်သော သူ တစ်ဦး ဖြစ်သည်။

ထို့အပြင် သူသည် စစ်သားဟောင်း တစ်ယောက် ဖြစ်သည့်အပြင် တိုက်ရည် ခိုက်ရည်လည်း အလွန်ကောင်းမွန် လှပေသည်။ ကျောက်ဟောက်သည် လူတိုင်း၏ ပြန်စာများအား ကြည့်ရင်းဖြင့် ပြုံးလိုက်မိသည်။ သူသည် နောက်ဆုံးတွင် ညီလေးရဲ့အား ကူညီပေးနိုင်မည့် အခွင့်အရေး ရခဲ့လေပြီ ဖြစ်သည်။

"အခု ကျွန်တော်တို့ လိုအပ်နေတာက အားလုံး စည်းစည်းလုံးလုံး ရှိဖို့ပါပဲ ရန်သူကို အတူတူ တွန်းလှန်ကြရအောင်ပါ ကျွန်တော်လည်း လူတိုင်းကို အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်"

All Chapters