နတ်ဘုရားစွမ်းရည်၏ အင်အားကို ထုတ်ပြခြင်း
Vol. 84 Ch. 834
နဂါးမျိုးဆက်၏ အကြီးဆုံးသားတော်နှစ်ပါးစလုံးသည် တောင်ပိုင်းဟုန်၏ ကြောက်မက်ဖွယ်အခြေအနေကိုအမှန်တကယ်သိမြင်ခဲ့ကြပြီး၊ သေချာပေါက်ရှုံးနိမ့်တော့မည်ဆိုသည်ကို ခိုင်မာစွာ ယုံကြည်ထားသော်လည်း၊ သူတို့နှစ်ယောက် ဤနေရာတွင်သေဆုံးသွားမည်ဟုတော့ မထင်မှတ်ထားပေ။
၎င်းမှာ ထက်ရှသောအစွယ်များကို ယာယီ ဖုန်းကွယ်လိုက်ခြင်းမျှသာ ဖြစ်ပြီး၊ အထိတ်တလန့် ထွက်ပြေးရမည့်အချိန်သို့ မရောက်သေးချေ။
ထိုသို့မဟုတ်ပါက၊ ၎င်းတို့သည် ဖုံးကွယ်ခြင်းနည်းစနစ်ကို အသုံးမပြုဘဲ ထွက်လာခဲ့မည်မဟုတ်သလို၊ ပန်ရှန်းဂိုဏ်းမှ မြေကမ္ဘာနယ်ပယ် ကျင့်ကြံသူနှစ်ဦးကိုလည်း ၎င်းတို့ရှိနေကြောင်း သိရှိခွင့်ပြုထားမည် မဟုတ်ပေ။
အပူတပြင်းထွက်ပြေးနေရသော ရန်သူကို အနီးကပ်ထပ်ကြပ်မကွာလိုက်လံဖမ်းဆီးခြင်းက ၎င်းတို့ကို ကျဉ်းထဲကြပ်ထဲသို့တွန်းပို့ရာရောက်ပြီး၊ ထိုအရာကကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်ရစေနိုင်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ရတနာပန်ပွင့်ဂိုဏ်းချုပ်မှာ ထပ်မံ၍လန့်ဖျပ်သွားပြီး၊ သူမ၏ နားကိုပင် သံသယဝင်လာခဲ့၏။
နန်ယန်... ဂိုဏ်းချုပ်။
အစောပိုင်းက အံ့ဩတုန်လှုပ်ဖွယ်ကောင်းလှသော ဝင်ရောက်နှောင့်ယှက်မှုမှာ ထိုလူငယ်လေး၏ လက်ချက်လော။
နောက်တစ်ခဏတွင်၊ ရှင်းလင်းကြည်လင်နေသော မိုးပြာကောင်းကင်ယံအလယ်၌၊ ရုတ်တရက် နက်မှောင်နေသောတိမ်တိုက်များ ကျယ်ပြန့်လာပြီး၊ ကောင်းကင်အမိုးခုံးတစ်လျှောက်ဖြန့်ကျက်သွားကာ ကောင်းကင်တစ်ပြင်လုံးကို လျင်မြန်စွာအမှောင်ထုထဲသို့ ကျဆင်းသွားစေသည်။
ထိုတိမ်တိုက်များ၏ အဆုံးတွင်၊ ရှည်လျားသောအရပ်အမောင်းပုံရိပ်တစ်ခုသည် ရှေ့သို့လှမ်းတက်လာပြီး၊နဂါးနတ်ဆိုး နှစ်ကောင်၏ အရှေ့တွင် တိတ်ဆိတ်စွာရပ်တန့်နေကာ၊ အနောက်ပိုင်းဟုန်သို့ သွားမည့် ၎င်းတို့၏ လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်၏။
"..."
ရှန်းယီသည် တိတ်ဆိတ်စွာရှိနေသော်လည်း၊ ထိုအရာကပင် ချီကျောက်ယီ၏ မျက်ခွံများကို အနည်းငယ်တုန်ယင်သွားစေရန် လုံလောက်နေခဲ့သည်။
ထိုအရာမှာ ကြောက်ရွံ့မှုကြောင့် မဟုတ်ဘဲ၊ ပြင်းထန်လှသော စိတ်ပျက်မှုနှင့် ဒေါသတို့ကြောင့်ပင်။
အနောက်ပိုင်း နဂါးနန်းတော်၏ တရားဝင်အကြီးဆုံးသားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး၊ အိမ်ရှေ့မင်းသားဟူသော ဘွဲ့ကို မခံယူထားသော်လည်း၊သူ့ကို တွေ့ဆုံသူတိုင်းသည် နဂါးသခင် ဟု ခေါ်ဝေါ်ကြရ၏။
သို့သော် ယခုအခါ၊နန်းတော်သို့ ပြန်မည့် လမ်းခရီးတွင်၊ သူသည် ဤကဲ့သို့ပင်ဗြောင်ကျကျကြားဖြတ်ဟန့်တားခံခဲ့ရပြီး၊တစ်ဖက်လူ၏ အမူအရာကလည်း သူ့ကိုနှင့် သူ၏အဖော်ကို ဤနေရာတွင်ပင် သတ်ဖြတ်ရန်ရည်ရွယ်နေကြောင်းကိုပင် အရိပ်အမြွက် ပြသနေလေ၏။
လူငယ်လေးထံမှ စိုက်ကြည့်လာသောတည်ငြိမ်သည့် အကြည့်သည်၊ အမဲလိုက်ပွဲတစ်ခုတွင် တန်ဖိုးမရှိသောသတ္တဝါတစ်ကောင်အား သတ်ဖြတ်ရန်အတင်းအကျပ်ဖိချထားသော မုဆိုးတစ်ဦး၏ အကြည့်နှင့် တူနေလေသည်။
ဂျူနီယာလေးတစ်ယောက်က ဒီလို မောက်မာမှုမျိုး လာထုတ်ပြနေတယ်ပေါ့။
"မင်း ဒီကိုတစ်ယောက်တည်း လာတာဆိုတော့၊ သေချာပေါက်သေတဲ့အထိ တိုက်ခိုက်ဖို့ လာတာတော့ မဖြစ်နိုင်ဘူး။မင်း တစ်ခုခု ပြောချင်လို့လား။"
ခယ် မိသားစုအိမ်ရှေ့မင်းသားသည် တစ်ဖက်လူနံဘေးတွင် ယဲ့ကျိုး နှင့် ကျိကျင့်ရှီးတို့ မပါဝင်လာကြောင်းကိုသတိပြုမိသွားပြီး နောက်ဆုံးတွင် တည်ငြိမ်သွားကာ၊ ပတ်ဝန်းကျင်ကို သေချာစွာ ကြည့်ရှုရန်ခေါင်းကို အနည်းငယ်မော့လိုက်၏။
နန်ယန်ဂိုဏ်းချုပ်အပေါ် သူ၏ နားလည်ထားမှုအရ၊တစ်ဖက်လူသည် စိတ်လိုက်မာန်ပါလုပ်တတ်သူ၊အသေခံမည့်သူမျိုးမဟုတ်ဘဲ လွတ်မြောက်နိုင်မည်ဟု အပြည့်အဝယုံကြည်မှုရှိမှသာ လုပ်ရှားမည့်သူဖြစ်သည်။
ထို့ကြောင့်၊ခယ် မိသားစု အိမ်ရှေ့မင်းသားသည်လည်း သူ၏ သတ်ဖြတ်လိုသောအငွေ့အသက်များကို သိမ်းဆည်းလိုက်၏။
သူ၏ လက်ရှိ အခြေအနေအရ၊သူသည် မည်သူနှင့်မဆို စကားပြောဆိုနိုင်ပြီး၊တောင်ပိုင်းဟုန် သားတော်ခုနစ်ပါး၏ ဂိုဏ်းချုပ်နှင့်ပင် စကားပြောဆိုခွင့်ရှိပေသည်။
သို့သော်လည်း၊ နောက်တစ်ခဏတွင်၊အိမ်ရှေ့မင်းသား၏ အမူအရာသည် ရုတ်တရက်အေးခဲသွားပြီး၊ သူ၏ မျက်လုံးများထဲရှိ အေးစက်သောအကြည့်များသည် လျှံကျလာမတတ်ဖြစ်သွား၏။
ရှန်းယီသည် သူ၏ လက်များကိုချထားလျက် မတ်တတ်ရပ်နေပြီး၊သူ၏ အကြည့်က နဂါးနတ်ဆိုး နှစ်ကောင်ပေါ်သို့ ဝေ့ဝဲသွားကာ၊ နောက်ဆုံးတွင် သူက တိုးညှင်းစွာပြောလိုက်သည်၊
"ဘယ်သူ အရင် လာချင်လဲ။"
အံ့ဩတုန်လှုပ်နေသော နဂါးမျိုးဆက်အကြီးသားများ မည်သည့်အရာမှ ပြန်မတုံ့ပြန်နိုင်မှီတွင် သူက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်၏။
"ကိစ္စမရှိပါဘူး၊အတူတူပဲ တက်လာခဲ့ကြလိုက်။"
ရှင်းလင်းပြတ်သားလှသော သူ၏ လေသံနှင့်အတူ တည်ငြိမ်နေသော အမူအရာတို့ပေါင်းစပ်သွားခြင်းက၊အကြောင်းပြချက် တစ်ခုခုကြောင့် ဤနေရာတွင်ရှိနေသူအားလုံးကို လှောင်ပြောင်သရော်မှု အငွေ့အသက်များပြည့်နှက်နေသည်ဟု ခံစားရစေသည်။
ဟွမ်ဝမ်ဖာသည် ပါးစပ်ဟသွားပြီး၊ ဂိုဏ်းချုပ်ရှန်းမှာ သူစိမ်းတစ်ယောက်ဖြစ်သွားသကဲ့သို့ အနည်းငယ် ခံစားလိုက်ရ၏။
သူ တောင်ပိုင်းဟုန်မှာ ရှိနေရင် ဒီလိုပဲပြုမူတာလား။ အဲဒီတုန်းက၊ အနောက်ပိုင်းဟုန်မှာရှိတုန်းက ဒီလူငယ် ဂိုဏ်းချုပ်လေးက အရမ်း စိတ်လိုက်မာန်ပါလုပ်လွန်းတယ်လို့ သူ ထင်ခဲ့မိသေးတာ၊အမှန်တော့ အဲဒါက သူ့ကိုယ်သူတမင်တကာထိန်းချုပ်ထားခဲ့ရတဲ့ရလဒ်ဆိုတာကို သူ နည်းနည်းလေးမှမသိခဲ့ဘူး။
"ဒါက။"
ရတနာပန်းပွင့်ဂိုဏ်းချုပ်သည်လည်း နန်ယန် ရတနာမြေသို့ ပြန်သွားရမည့် ကိစ္စကိုမေ့လျော့သွားပြီး၊ မိုးကုတ်စက်ဝိုင်းကိုသာ ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိလေသည်။
အကြောင်းပြချက် တစ်ခုခုကြောင့်၊ ဤလူငယ်လေးအပေါ်တွင် အခြားတစ်ယောက်၏ အရိပ်အယောင်ကို သူမရုတ်တရက်မြင်တွေ့လိုက်ရသည်။ တန်းတူ ဖိနှိပ်၍မရနိုင်သော၊အထက်စီးဆန်ပြီး ဂရုမစိုက်သည့်ဟန်ရှိနေသူ တစ်ဦးဖြစ်သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ ရွှမ်ချင်း သည် ဟုန်ကျယ်၏ မောက်မာသောပါရမီရှင်များကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး၊ ဂိုဏ်းချုပ်ရှန်း ရင်ဆိုင်နေရသည်မှာမူ... ဟုန်ကျယ်၏ အခြေတကျဖြစ်နေသော ကောင်းကင်ဘုံနယ်ပယ်မှ မျိုးဆက်ဟောင်း ကျွမ်းကျင်သူများကို ဖြစ်နေခြင်းပင်။
သူတို့နှစ်ဦးကြားရှိကွာဟချက်မှာ အိုင်နှင့် ပင်လယ် ကွာခြားသကဲ့သို့ ကြီးမားကျယ်ပြန့်လှပေသည်။
ကြည့်ရှုနေသူများပင် ထိုသို့တုံ့ပြန်ခဲ့ကြမည်ဆိုလျှင်၊ဤစကားများကို တိုက်ရိုက် ရင်ဆိုင်လိုက်ရသော နဂါးမျိုးဆက်နှစ်ကောင်ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပေ။
ချီကျောက်ယီ၏ နဂါးခန္ဓာကိုယ်သည် ကောင်းကင်ယံတွင် ဖြည်းညှင်းစွာလှည့်ပတ်နေသော်လည်း၊ ၎င်း တိတ်တဆိတ်ဆန့်ထုတ်လိုက်သော ရှေ့လက်သည်းများနှင့် ၎င်း၏ နဖူးပေါ်ရှိ ပိုမိုတောက်ပလာသောကျောက်စိမ်းချိုတို့က၊ တောင်ပိုင်းဟုန်မှ ထွက်ခွာမည့်အကြံအစည်ကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ၎င်း၏ ခဏတာဆုံးဖြတ်ချက်အားလုံးကို ဖော်ပြနေလေသည်။
အနည်းဆုံးတော့ မထွက်ခွာမီတွင်၊ ၎င်း၏ နှလုံးသားထဲ၌ကြီးထွားလာနေသော သတ်ဖြတ်လိုသည့်ဆန္ဒကို အမြစ်ပြတ်ချေမှုန်းပစ်ရန် လိုအပ်နေလေ၏။
ခယ်မိသားစု အိမ်ရှေ့မင်းသားသည် ၎င်းမှာ ထောင်ချောက်တစ်ခု မဟုတ်ကြောင်း အတည်ပြုရန်ပတ်ဝန်းကျင်ကိုနောက်တစ်ကြိမ် သေချာစွာ စစ်ဆေးလိုက်ပြီးနောက်၊ ရှန်းယီထံသို့ အကြည့်ကို ပြန်ပြောင်းလိုက်ကာ၊ စိတ်လှုပ်ရှားမှု အရိပ်အယောင်အနည်းငယ်ဖြင့် ပြောလိုက်သည်။
"ဒါက နန်ယန်ဂိုဏ်းရဲ့ အစဉ်အလာပဲဖြစ်မယ်။"
"မင်းတို့က မဟာမိတ်ဂိုဏ်းတွေကို အမြဲ မျှော်လင့်ချက်ပေးပြီးတော့၊ပြီးမှ ကိုယ့်လက်နဲ့ကိုယ် ပြန်ဖျက်ဆီးပစ်တာပဲ။"
စကားလုံးများ ထွက်ပေါ်သွားသည်နှင့်အမျှ၊ အဝါရောင်အဆိပ်နဂါး၏ ကိုယ်ပေါ်ရှိ ဆူးချွန်များသည် ရုတ်တရက်ပေါက်ကွဲထွက်လာခဲ့ပြီး၊ ကြမ်းတမ်းသောအရိုးများက ၎င်း၏အသားကို ထိုးဖောက်ထွက်လာသကဲ့သို့၊၎င်း၏ တုတ်ခိုင်သော နဂါးလက်မောင်းများတွင် ပြင်းထန်သောအဆိပ်များ ပေါက်ကွဲထွက်လာကာ ရှေ့ပုံရိပ်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
"..."
ကြောက်မက်ဖွယ်ကောင်းသော ဧရာမအရိပ်ကြီး ချဉ်းကပ်လာသည်ကို ကြည့်ရင်း၊ နောက်ဆုံးတွင် ရှန်းယီသည် သက်ပြင်းတစ်ချက်ချလိုက်နိုင်သည်။
နန်ယန် ရတနာမြေမှ ခယ်ရှစ်စန်းကို လှမ်းခေါ်ရန် အချိန်လုံလောက်မှု မရှိသည့်အပြင်၊ ဤနေရာသည် အနောက်ပိုင်းဟုန်နှင့် အလွန်နီးကပ်လွန်းနေလေ၏။
အကယ်၍ သူက မကြာသေးမီကမှ သေဆုံးသွားသော အေးစိမ့်တောင် ဘိုးဘေးကို လွှတ်ပေးလိုက်ပါက၊သတင်းပေါက်ကြားသွားနိုင်ပြီး အခြားသူများ၏ သံသယကို နှိုးဆွသလို ဖြစ်သွားနိုင်သည်။
သူသည် အစစ်အမှန် နတ်ဘုရားစွမ်းရည်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ပြီး ကောင်းကင်ဘုံနယ်ပယ်သို့ လှမ်းတက်လာခဲ့ပြီဖြစ်သော်လည်း၊ သူသည် ကောင်းကင်ဘုံနယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိနေသေး၏။
မတူညီသော မန္တန်ပညာရပ်အမျိုးမျိုး၏ အကူအညီဖြင့်၊ ရှန်းယီသည် နှစ်ကောင်စလုံးကိုတစ်ပြိုင်နက်တည်းရင်ဆိုင်ရန်ယုံကြည်မှု ရှိသော်လည်း၊ နဂါးနတ်ဆိုး နှစ်ကောင်စလုံးအား တောင်ပိုင်းဟုန်တွင် အဆုံးသတ်ရန်အတွက်တော့ အနည်းငယ် ခက်ခဲနိုင်ပေသည်။
ထို့ကြောင့်၊သူသည် အကြီးဆုံးနဂါးမျိုးဆက်နှစ်ကောင်ကို အစွမ်းကုန်ထွက်ပြေးမည့် အကြံအစည်ကို အရင်ဆုံးစွန့်လွှတ်သွားအောင်လုပ်ရမည်။
ယခု ကြည့်ရသည်မှာ၊ရလဒ်က အတော်လေး ကျေနပ်စရာ ကောင်းနေပုံရနေလေပြီဖြစ်၏။
ထိုအတွေးနှင့်အတူ၊ ရှန်းယီသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။ နောက်တစ်ခဏတွင်၊ သူ၏ လက်ချောင်းများကို ရုတ်တရက်ဆုပ်ကိုင်လိုက်ပြီး၊ထူထပ်သော နက်မှောင်သည့်တိမ်တိုက်များဖြင့် ဖုံးကွယ်ထားသောကောင်းကင်အမိုးခုံးကို တွန့်လိမ်လိုက်စေသည်။
သူ၏ အင်္ကျီလက်စများဝဲပျံသွားပြီး၊ တောင်တစ်လုံးပြိုကျလာသကဲ့သို့ လက်သီးတစ်ချက်ပစ်သွင်းလိုက်၏။
ဘုန်း
ဤလက်သီး၏ အရှေ့တွင်၊ ပြင်းထန်သောအဆိပ်မြူခိုးများဖုံးလွှမ်းနေသည့် ဧရာမနဂါးလက်သည်းကြီးကို အကြမ်းပတမ်းပင်ကွဲထွက်သွားစေသည်။
ခယ်မိသားစု အိမ်ရှေ့မင်းသားသည် သူ၏ လက်သည်းအောက်မှ ကြီးမားလှသောအင်အားကြီး တိုးဝင်လာသည်ကိုခံစားလိုက်ရပြီး၊သူ၏မျက်နှာ အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
မိုးမြေတစ်ခုလုံးက သူ့ကို ဖိအားပေးနေသကဲ့သို့ ခံစားလိုက်ရပြီး၊တစ်ချိန်က သူအလွန်ဂုဏ်ယူခဲ့ရသောလှိုင်းထန်နေသည့် နတ်ဆိုးစွမ်းအားများသည် ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊သူသည် နဂါးလက်သည်းကို လက်မဝက်လောက်ပင် ထပ်မံဖိချနိုင်ခြင်းမရှိတော့ပေ။
ဤအရာတင်မကပေ... သူကိုယ်တိုင်ပင် လွင့်စဉ်သွားတော့မလို ဖြစ်သွားခဲ့သေး၏။
ရှန်းယီကသာ ယခုလိုခွန်အားမျိုးကိုပိုင်ဆိုင်ထားမည်ဆိုလျှင်၊ ထိုစဉ်က သူ၏ညီတော်ကို ဖြေရှင်းသည့်နေရာတွင် အဘယ်ကြောင့် ထိုကဲ့သို့အပိုနည်းလမ်းများကို အသုံးပြုခဲ့ရသနည်း။
ခယ်မိသားစု အိမ်ရှေ့မင်းသား တစ်ခုခုမှားယွင်းနေပြီဟု သတိပြုမိလိုက်သည့် အခိုက်အတန့်တွင်၊
ရှန်းယီ၏ အကြည့်သည် အခြားတစ်ဖက်သို့ ရွှေ့သွားပြီး၊ထို့နောက် သူ၏အခြားလက်တစ်ဖက်ကို မြှောက်လိုက်ကာ၊လက်ချောင်းများကို အသာအယာဆုပ်ကိုင်လိုက်လေသည်။