← Chapters

ရောက်လာမှတော့၊ ထွက်သွားဖို့ မစဉ်းစားနဲ့တော့

Vol. 84 Ch. 837

ရောက်လာမှတော့၊ ထွက်သွားဖို့ မစဉ်းစားနဲ့တော့

Vol. 84 Ch. 837

ဤသည်ကို မြင်လိုက်ရသောအခါ၊ ဟွမ်ဝမ်ဖာ၏ မျက်ခွံများ မထိန်းချုပ်စွာဖြင့်လှုပ်ခါသွားလေသည်။

ဂိုဏ်းချုပ်ရှန်း၏ ခွန်အားသည် သူတို့နောက်ဆုံး တွေ့ဆုံခဲ့ပြီးနောက်ပိုင်း စိတ်ကူးမယဉ်နိုင်လောက်အောင် အလွန်းအမင်းတိုးတက်ခဲ့သည်မှာ ထင်ရှား၏။

သူသည် ငယ်ရွယ်‌သေးသော်လည်း၊ဟုန်ကျယ် ဒေသတစ်ခုလုံးက မော့ကြည့်ရမည့်ကြောက်မက်ဖွယ်ကောင်းသောတည်ရှိမှုတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

သူ၏ ကိုယ်ပိုင် ခွန်အားဖြင့်၊ ကောင်းကင်ဘုံနယ်ပယ် အလယ်အလတ်အဆင့်နဂါးနတ်ဆိုး နှစ်ကောင်ကို အတင်းအကျပ်ဖိနှိပ်ခဲ့ပြီး၊ ခုခံလိုစိတ်မရှိဘဲထွက်ပြေးစေရန် ဖိအားပေးနိုင်ခဲ့၏။

သို့သော် ခယ်မိသားစု အိမ်ရှေ့မင်းသား၏ စကားများကလည်း အမှန်ပင်။

အကယ်၍ ဂိုဏ်းချုပ်ရှန်းသာ သူ၏ ဒေါသကို တည်ငြိမ်အောင်ထိန်းချုပ်ထားနိုင်ပြီး ဤနတ်ဘုရားစွမ်းရည်ကို အပြည့်အဝထိန်းချုပ်နိုင်ပါက၊ တစ်ယောက်ယောက်ကိုတော့ အတင်းအကျပ်ဖမ်းဆီးထားရန်မှာ ပြဿနာရှိမည်မဟုတ်ပေ။

သို့သော် သူသာ အလွန်အမင်းလောဘတက်သွားပါက၊ မည်သူ့ကိုမျှ ဖမ်းမထားနိုင်သည့်အပြင် မရဏကမ္ဘာ၏ အသာစီးရမှုကိုပါ ဆုံးရှုံးရနိုင်ပြီး သူ၏ အသက်ကိုပင် အန္တရာယ်ဖြစ်စေနိုင်သည်။

သို့တိုင်၊သူသာ တစ်ကောင်ကို လွှတ်ပေးလိုက်မည်ဆိုလျှင်၊တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးသည် ဒေါသထွက်နေသော နဂါးဘုရင်နှစ်ပါးနှင့် ရင်ဆိုင်ရနိုင်၏။

နှစ်ကောင်စလုံးကို သတ်ပစ်ရမည်။ သို့မဟုတ် ဤနေရာတွင် အဆုံးသတ်သင့်လေသည်။

သူတို့၏ အသက်များကို ချမ်းသာပေးထားသရွေ့၊ လွတ်မြှောက်ဖို့ကိုင်တွယ်ရန် လမ်းစရှိနေသေးသည်။

မည်သို့ပင်ဖြစ်စေ၊ချီကျောက်ယီက နန်းတော်သို့သာပြန်ချင်ခဲ့ပြီး၊အနည်းဆုံးတော့ အပေါ်ယံအားဖြင့် သားတော်ခုနစ်ပါးကိုရန်စခဲ့ခြင်း မရှိပေ။

အကယ်၍ သူသာ အနောက်ပိုင်းဟုန်အနီးတွင် သေဆုံးသွားပါက၊ အနောက်ပိုင်း နဂါးဘုရင်က တောင်ပိုင်းဟုန်ကိုလက်စားချေမည်ကို မည်သူကမျှတားဆီးရန် အကြောင်းပြချက်ရှိမည်မဟုတ်ပေ။

"ဒါက မဖြစ်နိုင်ဘူး၊ငါတို့ အသုံးမကျတာကိုပဲ အပြစ်တင်လို့ရမှာ။"

ဤသို့ တွေးမိရင်း၊ ဟွမ်ဝမ်ဖာသည် မကျေနပ်မှုဖြင့် သူ၏ သွားများကို တင်းတင်းစေ့လိုက်သည်။ သူတို့၏ ခွန်အားများဖြင့်၊ ကောင်းကင်ဘုံနယ်ပယ် ကျွမ်းကျင်သူများ၏ တိုက်ပွဲတွင် မည်သို့မှ ပါဝင်နိုင်မည် မဟုတ်ပေ။

သူတို့၏ အသက်ကို စတေးပြီး တိုက်ခိုက်မည်ဆိုလျှင်ပင်၊ ခယ်မိသားစု အိမ်ရှေ့မင်းသားကို ခဏလေးပင်ထိန်းထားနိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင်..

ခယ်မိသားစု အိမ်ရှေ့မင်းသား၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်လိုက်ရချိန်တွင်၊ ရှန်းယီသည် သူ၏ လက်ကို ထပ်မံမြှောက်လိုက်ပြီး မရဏကမ္ဘာတစ်ခုလုံးသည် မြေပြင်ပေါ်တွင် ရူးသွပ်စွာလူးလွန့်နေသော ကျောက်စိမ်းဦးချို ငွေရောင်နဂါးအပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်၏။

"ဝုန်း"

ချီကျောက်ယီသည် ထိခိုက်ဒဏ်ရာရမှုမရှိပုံပေါ်သော်လည်း၊သူ၏ စိတ်ထဲတွင် အပ်ပေါင်းထောင်ချီ ထိုးစိုက်ခံရသကဲ့သို့ဖြစ်နေပြီး သူ၏ ဝိညာဉ်ကို ဆွဲဖြတ်နေသကဲ့သို့ပင်။

ကျောက်စိမ်းဦးချိုသည် ထက်ရှသည့် မရေမတွက်နိုင်သောအလင်းတန်းများအဖြစ် ပေါက်ကွဲထွက်လာပြီး၊ အင်အားကုန်ရုန်းကန်ကာ ဖရိုဖရဲဖြစ်သွားစေသော်လည်း၊ နောက်ဆုံးတွင် ဒေါသကို ပေါက်ကွဲလိုက်ခြင်းမှလွဲ၍ မည်သည့်အကျိုးသက်ရောက်မှုမျှမရှိခဲ့ပေ။

ကျောက်စိမ်းဦးချို ငွေရောင်နဂါးသည် ရူးသွပ်သွားပြီဖြစ်ကြောင်းကြည့်ရှုနေသူများအတွက် အလွန်သိသာစေသည်။

"တစ်ကောင်ကို ဖမ်းထားဖို့ စီစဉ်နေတုန်းပဲလား။"

ချန်ရှောင်ယွမ်သည် ညင်သာစွာသက်ပြင်းချလိုက်၏။

တစ်ဖက်လူမှာ လျှင်မြန်စွာဆုံးဖြတ်ချက်ချရန် လုံလောက်သောပြတ်သားမှုရှိသော်လည်း၊ ထိုအရာက ကောင်းမွန်သောအရာတစ်ခုဖြစ်ပုံမပေါ်ပေ။

သို့သော် သူသည် ဤဂိုဏ်းချုပ်ရှန်းနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသဖြင့်၊ အကြံဉာဏ်ပေးရန် သူ့အတွက် မလွယ်ကူလှပေ။

"တော်ပါပြီ။"

ချီကျောက်ယီကို သတ်ဖြတ်လိုက်ခြင်းက အရာအားလုံးကို အဆင်ပြေသွားစေမည့်အကျိုးကျေးဇူးမရှိဘဲ ပိုမိုပြင်းထန်သောတန်ပြန်တိုက်ခိုက်မှုကိုသာ ဖြစ်စေနိုင်သည်ဟု ချန်ရှောင်ယွမ် ခံစားမိသော်လည်း၊သူသည် တောင်ပိုင်းဟုန်ကို ကူညီနေသောအပြင်လူတစ်ဦးသာဖြစ်သဖြင့်၊ အစီအစဉ်အတိုင်းလိုက်နာခြင်းက ပိုကောင်းပေသည်။

"..."

ရတနာပန်းပွင့်ဂိုဏ်းချုပ်သည် မျက်မှောင်ကြုတ်ကာ ကောင်းကင်ထက်သို့မော့ကြည့်လိုက်၏။ ရွှမ်ချင်းထံမှ ဂိုဏ်းချုပ်ရှန်းအကြောင်း သူမကြားဖူးသမျှအပေါ်အခြေခံရလျှင်၊ သူသည် ရဲတင်းဟန်ရှိသော်လည်းတကယ်တမ်းတွင် သာမန်လူများထက် များစွာ ပိုမိုသေချာစေ့စပ်ပြီး အခြေအနေများကိုဘယ်သောအခါမျှ ထိန်းချုပ်မှုမဲ့သွားစေမည် မဟုတ်ပေ။

"စိတ်ကြိုက်ဆက်လုပ်စမ်းပါ ဂိုဏ်းချုပ်ရှန်း၊"

ချီကျောက်ယီ၏ အော်ဟစ်သံများကို ကြားနေရသော ခယ်မိသားစု အိမ်ရှေ့မင်းသားက ပြောလိုက်သည်။ သို့သော် သူက ယမျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး၊သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။

သူက ထိုးဖောက်ထွက်နိုင်မည်ကိုယုံကြည်မှု ရှိနေကြောင်း ထင်ရှားပေသည်။

ဂျွတ် ဂျွတ်

နောက်တစ်ခဏတွင်၊အချိန်ကြာမြင့်စွာ စုဆောင်းထားသောနတ်ဆိုးစွမ်းအားများသည် ချက်ချင်း ပေါက်ကွဲထွက်လာပြီး၊ကောင်းကင်ယံရှိ သဏ္ဍာန်မဲ့နေသော ဖိနှိပ်ခြင်းစွမ်းအင်များကို ရိုက်ချိုးလိုက်ကာ၊ ခယ်မိသားစု အိမ်ရှေ့မင်းသားသည် နောက်ဆုံးတွင် သူ၏မျက်လုံးများကို ဖွင့်လိုက်၏။

သူ၏ မျက်နှာအမူအရာမှာ မှန်းဆ၍မရနိုင်ပေ။

"ဒီခယ် အရင်သွားနှင့်တော့မယ်။"

သူ စကားပြောဆိုပြီးသည်နှင့်၊ နောက်လှည့်မကြည့်ဘဲ ရှေ့သို့လှမ်းတက်သွားခဲ့၏။

ပန်ရှန်းဂိုဏ်းနှင့် ရတနာပန်းပွင့်ဂိုဏ်းမှ ဂိုဏ်းချုပ် သုံးဦး၏ စိုးရိမ်တကြီး စောင့်ကြည့်မှုအောက်တွင်၊ ကောင်းကင်ဘုံ ရာဇပလ္လင်အထက်ရှိ ပုံရိပ်သည် ကျောက်စိမ်းဦးချို ငွေရောင်နဂါးထံမှ သူ၏ အကြည့်ကို ဖြည်းညှင်းစွာရုပ်သိမ်းလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း၊ ရှန်းယီသည် မိုးပြာရောင်ကောင်းကင်ယံထဲသို့ ထပ်မံပေါင်းစည်းသွားလေ၏။

"ဟမ့်"

ခယ်မိသားစု အိမ်ရှေ့မင်းသားက တစ်စုံတစ်ခုကို မျှော်လင့်ထားပြီးဖြစ်ပုံရပြီး၊သူ၏ သွေးရောင်တောက်နေသောမျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွား၏။

သူသည် သူ၏ ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုများကို ချက်ချင်း စတင်အာရုံခံလိုက်သည်။

အထူးသဖြင့် ဤကဲ့သို့ သေရေးရှင်ရေးတိုက်ပွဲမျိုးတွင်၊ ကောင်းကင်ဘုံနယ်ပယ် အလယ်အလတ်အဆင့် နဂါးနတ်ဆိုး တစ်ကောင်နှင့် ကိုက်ညီသော ထက်မြက်မှုဖြင့်၊လေထုထဲရှိ ခဲယဉ်းစွာအာရုံခံနိုင်သောအတက်အကျများကို သူ ချက်ချင်းဆိုသလို ထောက်လှမ်းမိသွားသည်။

တိုးညှင်းသော ဟိန်းဟောက်သံနှင့်အတူ၊ ခယ်မိသားစု အိမ်ရှေ့မင်းသားသည် သူ၏ ခေါင်းကို ရုတ်တရက်လှည့်လိုက်ပြီး၊ သူ၏ ထက်ရှသောလက်သည်းများက ဟင်းလင်းပြင်ထဲရှိတစ်ခုခုကို ကြားဖြတ်ဟန့်တားရန် ဆန့်ထွက်သွား၏။

ထိုကဲ့သို့ လျင်မြန်ချောမွေ့စွာတုံ့ပြန်လိုက်နိုင်သော်လည်း၊ သူ၏ မျက်လုံးများထဲတွင်မူ ထိတ်လန့်မှုများ တလက်လက်တောက်ပသွားခဲ့သည်။

သူ၏ နတ်ဝိညာဉ်ခံစားခဲ့ရသော ထိခိုက်ပျက်စီးမှုမှာ အထူးတလည်ပြင်းထန်ခြင်းမရှိသော်လည်း၊ ဤကဲ့သို့ အဆင့်မြင့်တိုက်ပွဲမျိုးတွင် အနည်းငယ် နိမ့်ကျမှုက မိုင်ပေါင်းများစွာလွဲချော်သွားစေသကဲ့သို့ပင် ဆိုးရွားလှပေသည်။

သူက အရင်ဆုံး အနံ့ခံမိသည်၊ ထို့နောက် မြင်တွေ့လိုက်၏။ ထို့နောက် မဆိုင်းမတွပင်မစဉ်းစားဘဲ လှုပ်ရှားဆောင်ရွက်လိုက်၏။

ဤသေရေးရှင်ရေးတိုက်ပွဲများမှ အလွန်အကဲဆတ်နေသောအသိစိတ်များ အားလုံးပင်။ သို့သော် ၎င်းက နှေးကွေးလွန်းနေဆဲဖြစ်သေး၏။

ခယ်မိသားစု အိမ်ရှေ့မင်းသား လက်မြှောက်နိုင်ခြင်းမရှိမီမှာပင်၊ အနက်‌ရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုသည် သူ၏ မြင်ကွင်းထဲသို့ ပျံသန်းဝင်ရောက်လာပြီး၊ထိုသူ၏ ရှည်လျားသော ညာဖက်ခြေထောက်က သူ၏ပခုံးပေါ်သို့ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်စွာရိုက်ချလိုက်လေသည်။

ဘုန်း

လူငယ်လေး၏ လှုပ်ရှားမှုနှင့်အတူ မိုးမြေတစ်ခုလုံး လှိုင်းထန်သွားလေသည်။

ရှန်းယွဲ့ကျန်းချင်ထျန်း၏ စွမ်းအားမြှင့်တင်မှုအောက်တွင်၊ ခယ်မိသားစု အိမ်ရှေ့မင်းသား၏ တောင့်တင်းခိုင်မာသောခန္ဓာကိုယ်ကြီးသည် ပစ်ပေါက်ခံလိုက်ရသော ကျောက်ခဲတစ်လုံးကဲ့သို့ ချက်ချင်း လွင့်စင်သွားပြီး၊ ရေမျက်နှာပြင်ပေါ်တွင် လှိုင်းလုံးကြီးများဖြစ်ပေါ်လညသည်အထိ ရိုက်ခတ်သွားစေသည်။

သူ၏ ပခုံးရိုးတွင်ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး၊ မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်၏။

ဒီကျိန်စာသင့်ကောင်က၊ မရဏကမ္ဘာရဲ့ အသာစီးရမှုကိုစွန့်လွှတ်ပြီး နဂါးမျိုးနွယ်ဝင်ဖြစ်တဲ့ သူ့ဆီကို တိုက်ရိုက်ချဉ်းကပ်လာတယ်ပေါ့။

"..."

ရှန်းယီသည် လေထဲတွင်ဝဲပျံနေပြီး၊ သူ၏ လက်ဝါးထဲတွင် တိတ်တဆိတ်ထွက်ပေါ်လာသော ရွှေရောင် သင်္ကေတဆန်းကြယ်ဓားရှည်ကို လက်ချောင်းများလျော့တိလျော့ရဲစွာဖြင့် ဆုပ်ကိုင်ထားလေ၏။

သူသည် အောက်ဘက်မှ သူ့ကို စူးရဲစွာကြည့်နေသောပုံရိပ်ဆီသို့ အကြည့်ကို အနည်းငယ်နှိမ့်ချလိုက်ရာ၊ နက်မှောင်နေသောမျက်ဝန်းအိမ်များထဲတွင် သွေးရောင်အလင်းတန်းဖျော့ဖျော့လေး တလက်လက် တောက်ပနေလေသည်။

ကပ်ဘေးတစ်သောင်းသွေးနတ်ဘုရားနည်းစနစ်၏ အထောက်အပံ့အောက်တွင်၊ သူ၏ အနည်းငယ် အက်ကွဲနေသော အသံသည်ဖြည်းညှင်းစွာပျံ့နှံ့သွားခဲ့၏။

"မင်းကို ဘယ်သူက ထွက်သွားလို့ရတယ် ပြောလို့လဲ။"

ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်က သူ၏ နယ်ပယ်ကို မမီနိုင်တော့သည့်နောက်ပိုင်းတွင်၊ ရှန်းယီသည် အဆင့်တူနတ်ဆိုးများနှင့် အနီးကပ် တိုက်ခိုက်မှုမျိုးကို ရှားရှားပါးပါးသာပြုလုပ်လေ့ရှိတော့သည်။

မည်သို့ပင်ဆိုစေ၊ တာအိုလက်နက် ငါးခုထဲတွင်၊ ဝူကျွင်း၏ ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းမှတဆင့် သွန်းလုပ်ထားသော နက်မှောင်သောဆန်းကြယ်ချပ်ဝတ်တန်ဆာသည် အမှန်တကယ် အားနည်းချက်တစ်ခု ဖြစ်လာခဲ့၏။

ရှန်းယွဲ့ကျန်းချင်ထျန်းက သူ၏ တိုက်ခိုက်ရေးဆိုင်ရာ အားနည်းချက်များကို အစားထိုးပေးနိုင်သော်လည်း၊ သူ၏ ကာကွယ်ရေးစွမ်းရည်မှာ အလွန်အားနည်းနေသဖြင့် အန္တရာယ်များကို သိသိသာသာတိုးပွားလာစေခဲ့သည်။

All Chapters