← Chapters

ကြောက်ရွံ့မှု

Vol. 11 Ch. 1008

ကြောက်ရွံ့မှု

Vol. 11 Ch. 1008

လီချင်းဆွေက လေထဲတွင် ပေါ့ပါးစွာ လွင့်မျောနေလေသည်။

သူမကို ကြည့်ရသည်မှာ လွင့်မျောနေသည့် ကျောက်တုံးငယ်တစ်တုံးအလား ထင်မှတ်ရသည်။

ဟွမ်ချွမ်ကျီ လီချင်းဆွေကိုကြည့်နေရင်း သိချင်စိတ်ကို ထိန်းမရတော့ဘဲ မေးခွန်းထုတ်လိုက်မိသည်။

"မင်းရဲ့ ဇာစ်မြစ်ကဘာလဲ…"

ဟွမ်ချွမ်ကျီက မေးခွန်းထုတ်လိုက်ခြင်းဖြစ်ပြီး သူ့မျက်ဝန်းများထဲတွင် အေးစက်သည့်အငွေ့အသက်များဖြင့် ပြည့်နက်နေလေသည်။

ထို့နောက် ဟွမ်ချွမ်ကျီက လက်ငါးချောင်းဖြင့် လီချင်းဆွေကို ကုတ်ဆွဲလိုက်လေသည်။ သူ၏လက်ချောင်းများမှ မီးခိုးကဲ့သို့ အခိုးအငွေ့များ ထွက်ပေါ်နေလေ၏။

သို့သော်… လီချင်းဆွေက သူ၏ တိုက်ခိုက်မှုမှ လှစ်ခနဲနေအောင် ရှောင်တိမ်းသွားလေသည်။ လီချင်းဆွေကို ဖမ်းရသည်မှာ ရေပြင်ထက်မှ လရိပ်ကို ဖမ်းရသည်နှင့်ဆင်တူလွန်းလှသည်။

ဟွမ်ချွမ်ကျီသည် အချိန်ကြာမြင့်စွာ ကျင့်ကြံခဲ့သူတစ်ယောက်ဖြစ်လေသည်။ သို့သော်… ဤသို့သောအခြေအနေမျိုးကို သူ့ဘဝတွင် ပထမဆုံး ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

သူက မယုံကြည်နိုင်စွမ်ဖြင့် လီချင်းဆွေကို ကြည့်နေမိလေသည်။

သို့သော်… သူ၏ နက်ရှိုင်းသည့် တန်ခိုးစွမ်းအားဖြင့်ပင် လီချင်းဆွေကို အဘယ့်ကြောင့် ဖမ်းဆီးရန် မတတ်နိုင်ခဲ့ပါသနည်း။ ထို့ပြင် လီချင်းဆွေအသုံးပြုသည့် တန်ခိုးစွမ်းအားမှာ မည်သည့်တန်ခိုးစွမ်းအားဖြစ်သည်ကိုလည်း သူ ခန့်မှန်းမရနိုင်ခဲ့ပေ။

လီချင်းဆွေကတော့ အံ့သြခြင်းအလျဉ်းမရှိဘဲ ဟွမ်ချွမ်ကျီကို စူးစိုက်ကြည့်နေလေသည်။

လီချင်းဆွေက သူ့ကို စိုက်ကြည့်နေသည့်အတွက် ဟွမ်ချွမ်ကျီ သည်းမခံနိုင်ဖြစ်လာတော့သည်။

"မင်း ဘာလို့ ကြည့်နေတာလဲ…"

ဟွမ်ချွမ်ကျီက မျက်နှာထားတည်တည်ဖြင့် မေးလိုက်လေသည်။

သူ့စိတ်ထဲတွင် လီချင်းဆွေကို အနည်းငယ်ကြောက်ရွံ့လာမိပြီး နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။

လီချင်းဆွေက…

"ငါ ဒီနေ့ မင်းကိုအနိုင်မတိုက်ခိုက်နိုင်သေးဘူး ၊ ဒါပေမဲ့ နောက်ပိုင်း ငါ မင်းကို အနိုင်ယူနိုင်မယ့်တစ်နေ့ကျ မင်းရဲ့ ဒီနေ့လုပ်ရပ်အတွက် ပြန်ပေးဆပ်ရမယ်…"

တန်ခိုးစွမ်းအားမြင့်မားသည့် ဟွမ်ချွမ်ကျီးပင်လျှင် ထိုသို့ ကြီးကြီးကျယ်ကျယ်စကားမျိုး ပြောလေ့မရှိပေ။

အခြားသူသာဆိုလျှင်… ဟွမ်ချွမ်ချီ ပေါ့ပေါ့လေးသဘောထားလိုက်မည် ဖြစ်သည်။ သို့သော်…  သူ့ရှေ့မှ ချောမောလှပပြီး သန့်စင်သည့် ကလေးမလေးကတော့ ပေါ့ပေါ့လေး သဘောထား၍ မရပေ။

သူမ၏ တည်ငြိမ်သည့် မျက်ဝန်းများကိုကြည့်ပြီး ဟွမ်ချွမ်ကျီ အကြောင်းမရှိဘဲ ကြောက်ရွံ့လာမိလေသည်။

ထိုအချိန်မှာပင် လီချင်းဆွေက သူမ၏ခေါင်းကို ရုတ်တရက် လှည့်လိုက်ပြီး တစ်နေရာသို့ ကြည့်လိုက်သည်။ ဟွမ်ချွမ်ကျီက သူမကို အရေးစိုက်နေသူ ဖြစ်လေရာ သူမ ကြည့်သည့်နေရာသို့ လိုက်ကြည့်လိုက်လေသည်။

ထိုနေရာက … မိုင် (၃၀)ခန့်ကွာဝေးသည့် နေရာတစ်နေရာဖြစ်ပြီး ရေတံခွန်တစ်ခု ရှိနေလေသည်။

ရေတံခွန်အောက်တွင် ဓားတစ်လက်နှင့်သဏ္ဍန်တူသည့် လူတစ်ယောက် ကိုယ်ဟန်မတ်မတ်ဖြင့် ရပ်နေလေ၏။ ထိုသူ၏ဦးခေါင်းတွင် ဆံပင်မရှိသလို မျက်ခုံးမွှေးများလည်း မရှိပေ။

ထိုသူမှာ သွေးနီရောင်ပင်လယ်မှ ကျင့်ကြံသူ "ရွှဲ့ဟယ်" ပင် ဖြစ်လေသည်။

ရွှဲ့ဟယ်က ခေါင်းတစ်ချက်ညိတ်ပြလိုက်သည့်အခါ ဟွမ်ချွမ်ကျီ၏ နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားလေသည်။  ဟွမ်ချွမ်ကျီ  ရွှဲ့ဟယ်ကို ကောင်းကောင်းသိရှိသူဖြစ်လေသည်။

သို့သော်… ယခု ရွှဲ့ဟယ်ခေါင်းညိတ်ပြလိုက်သူက ဟွမ်ချွမ်ကျီကို မဟုတ်ပေ။ သူ့ဘေးမှ မိန်းကလေးငယ်လေး လီချင်းဆွေကို ခေါင်းညိတ်ပြလိုက်ခြင်း ဖြစ်၏။

ရွှဲ့ဟယ်နှင့် မိန်းကလေးငယ်လေးမှာ အချင်းချင်း သိနေကြလေသည်လားဟု ဟွမ်ချွမ်ကျီ တွေးလိုက်မိသည်။ ဟွမ်ချွမ်ကျီ၏ စိတ်ထဲတွင် သံသယများဝင်လာတော့သည်။

ထိုအချိန်မှာပင်… ရွှဲ့ဟယ်က ဟွမ်ချွမ်ကျီကို ဆင့်ခေါ်လိုက်လေရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဟွမ်ချွမ်ကျီ ရေတံခွန်အောက်သို့ ရောက်ရှိသွားလေတော့သည်။

ဟွမ်ချွမ်ကျီက လေးလေးစားစားဖြင့် ရွှဲ့ဟယ်ကို ဦးညွှတ်ဂါရဝပြုလိုက်ပြီး…

"သခင်…"

ဟု နှုတ်ဆက်လိုက်၏။

ရွှဲ့ဟယ်က ဟွမ်ချွမ်ကျီကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။ ထို့နောက် သူက ယွမ်ချင်းနှင့် ဘုန်းတော်ကြီးများ တိုက်ခိုက်နေသည့် တိုက်ပွဲကို တစ်ချက်လှမ်းကြည့်လိုက်ပြန်သည်။

ရွှဲ့ဟယ်က…

"မင်း ငရဲလမ်းကျင့်စဉ် နဝမအဆင့်ကို မအောင်မြင်သေးဘဲ ယွမ်ချင်းကို သွားပြီး ရန်မစနဲ့…"

ဟွမ်ချွမ်ကျီက…

"သူက တန်ခိုးစွမ်းအားမြင့်မားတာ မှန်ပေမယ့် အဲဒီ ဘုန်းကြီး (၄)ပါးနဲ့ တိုက်ခိုက်ပြီးရင်တော့ အားကုန်သွားမှာပဲ ၊ အဲဒီအချိန်ကျ တပည့် အဲဒီသစ္စာဖောက်ကို နှိမ်နင်းပစ်မယ်…"

ရွှဲ့ဟယ်က မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင်း…

"မင်းက ငါ့စကားကို မယုံတာလား…"

ဟွမ်ချွမ်ကျီက…

"တပည့် မလုပ်ရဲပါဘူး…"

ရွှဲ့ဟယ်က ဟွမ်ချွမ်ကျီကို အချိန်အကြာကြီး စိုက်ကြည့်နေလေသည်။

ပြီးမှ သက်ပြင်းတစ်ချက် ချလိုက်ရင်း…

"ကျုပ် လူပြန်ဝင်စားပြီးတဲ့နောက်ပိုင်း မင်းတစ်ယောက်ပဲ ကျုပ်ဘက်မှာ ရပ်တည်ပေးတဲ့သူ ရှိတယ် ၊ ဒီတော့ ကျုပ် အခု မင်းကို ပြန်ပေးဆပ်ချင်တယ် ၊ ဒါကြောင့် အသူရာကျမ်းစာကို မင်းကို ပေးလိုက်မယ် ၊ နောက်ဆို မင်း ကျုပ်ကို သခင်လို့ ခေါ်စရာ မလိုတော့ဘူး…"

ဟွမ်ချွမ်ကျီရင်ထဲတွင် ဗလောင်ဆူသွားလေသည်။

အမှန်တော့ ဟွမ်ချွမ်ကျီက ငရဲလမ်းဓား လူပြန်ဝင်စားသူ ဖြစ်လေသည်။

သို့သော်… သူ၏ ဝိညာဉ်စွမ်းအားက ပြီးပြည့်စုံခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူက ယွမ်ချင်းနှင့် ဗီဇဆင်တူသည့်တိုင် ပြီးပြည့်စုံခဲ့သူမဟုတ်သည့်အတွက် သိမ်ငယ်ခြင်းကို ခံစားခဲ့ရသည်။

ထို့ပြင် သူက သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ပြင်းထန်ပြီး သွေးစွန်းလိုသည့်ဆန္ဒရှိသူ ဖြစ်သည်။

ငရဲလမ်းဓား၏ မူလပိုင်ရှင်ဖြစ်သည့်  သွေးနီရောင်ကျင့်ကြံသူရွှဲ့ဟယ်ကတော့ အလွန်လေးစားစရာကောင်းသည့် ပုဂ္ဂိုလ်ဖြစ်သည်။

နှစ်ပေါင်းများစွာအတွင်း… ဟွမ်ချွမ်ကျီသည် ရွှဲ့ဟယ်နှင့် အကြိမ်ရေ အနည်းငယ်သာ တွေ့ဆုံခဲ့ဖူးလေသည်။

ဟွမ်ချွမ်ကျီက သူ့ကိုယ်သူ ရွှဲ့ဟယ်၏ သစ္စာရှိနောက်လိုက်အဖြစ် အမြဲတမ်း သတ်မှတ်ခဲ့ပြီး ရွှဲ့ဟယ်ကို ကူညီခဲ့သည်။

ယခုတော့ ရွှဲ့ဟယ်က ရုတ်တရက် သူနှင့်အဆက်အသွယ် ဖြတ်တောက်ရန် ရောက်လာခဲ့ပြီ ဖြစ်သည်။ ထို့ပြင် အသူရာကျမ်းစာကိုလည်း သူ့ကိုပေးမည်ဟုဆိုလေရာ ဟွမ်ချွမ်ကျီမျာ ရုတ်တရက် ဘာလုပ်လို့ ဘာကိုင်ရမည် မသိဘဲ သတိလက်လွတ် ဖြစ်သွားခဲ့လေသည်။

ထို့ကြောင့်… သူ့လက်ထဲသို့ အဖြူရောင်စာအုပ်တစ်အုပ် ရောက်လာသည်ကိုပင် အရေးမစိုက်နိုင်တော့ပေ။

ရွှဲ့ဟယ်က…

"အရင်ဘဝတုန်းက မင်းက ဓားတစ်လက်ပဲ ၊ ကျုပ်ဘေးနားမှာပဲ နေလည်း ဘာမှ မဖြစ်ဘူး ၊ အခုတော့ မင်းက လူသားတစ်ယောက်ဖြစ်နေပြီ ၊ ဒီတော့ ကျင့်စဉ်လမ်းကို ကိုယ့်လမ်းကိုယ် လျှောက်ရလိမ့်မယ် ၊ အသူရာကျမ်းစာက မင်းကို ကူညီပေးနိုင်တယ် ၊ ဒီကျမ်းစာကို သေသေချာချာ လေ့လာပါ…"

ရွှဲ့ဟယ်၏ အသံက သိပ်ပြီး ကျယ်လောင်ခြင်းမရှိသော်လည်း ဟွမ်ချွမ်ကျီ သတိပြန်ဝင်လာလေသည်။

ဟွမ်ချွမ်ကျီက…

"ကျုပ်က သခင့်နောက်ပဲ လိုက်ချင်တာပါ…"

ရွှဲ့ဟယ်က ပြုံးလိုက်ရင်း…

"မလိုတော့ဘူး…"

ဟု ပြောလိုက်သည်။

ဟွမ်ချွမ်ကျီက ထပ်ပြီး စကားပြောချင်သေးသော်လည်း ရွှဲ့ဟယ်၏ မျက်ဝန်းများအတွင်းမှ ဆုံးဖြတ်ချက်ခိုင်မာမှုများကို တွေ့မြင်လိုက်ရသည့်အခါ မည်သည့်စကားမှ မဆိုဖြစ်တော့ပေ။

ရွှဲ့ဟယ်က အဘယ့်ကြောင့် သူ့အပေါ် သဘောထားပြောင်းသွားသည်လဲ ဟွမ်ချွမ်ကျီ သိရှိခြင်း မရှိပေ။

အမှန်တော့ သူက ရွှဲ့ဟယ်ကို လေးစားရသည့် အကြောင်းရင်းတစ်ခုမှာ ယခင်ဘဝက သူ၏ သခင် ဖြစ်သောကြောင့်လည်း ဖြစ်သည်။

ဤသည်မှာ ငရဲလမ်းဓားလူပြန်ဝင်စားပြီးနောက် ပြီးပြည့်စုံခြင်းမရှိသည့် ဝိညာဉ်စွမ်းအားကြောင့် အစွဲအလန်းရှိနေခြင်းလည်း ဖြစ်ဟန်တူသည်။

ယွမ်ချင်းကတော့ ဟွမ်ချွမ်ကျီထက် ပိုမိုပြီးပြည့်စုံစွာဖြင့် လူပြန်ဝင်စားနိုင်ခဲ့သူ ဖြစ်သည်။

ထို့ပြင် သူက တာအိုဆရာသခင်ထိုက်ယီ၏ တာအိုတရားများကိုလည်း ဟွမ်ချွမ်ကျီထက်စောစီးစွာ နာကြားခဲ့ရသူ ဖြစ်သည်။

ထို့ကြောင့် ယွမ်ချင်းက ယွမ်တုမရဏဓားကဲ့သို့ အစွဲအလန်းကျန်ရှိမနေဘဲ အတိတ်ကိုပင် မေ့ပျောက်နေခဲ့ခြင်း ဖြစ်သည်။ ယခု တိုက်ပွဲသို့ ရောက်တော့မှ ကျင့်ကြံခြင်းအဆင့်တက်ရောက်နိုင်ပြီး သူ့ဘဝကို ပြန်လည် အမှတ်ရသွားခြင်း ဖြစ်လေသည်။

ထို့ပြင်… ယွမ်ချင်းသည် နှစ်ပေါင်းများစွာ သူ၏ သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ဖယ်ရှားပစ်ရန် နည်းလမ်းရှာဖွေနေခဲ့သည်။

ယခုမူကား ယွမ်ချင်းသည်အခြားအစွန်းသို့ရောက်သွားပြီဖြစ်သည်။

ယွမ်ချင်းမှာ တာအိုတရားတစ်ဆင့်မြင့်တက်လာလေ မိစ္ဆာစွမ်းအားကလည်း တစ်ဆင့်မြင့်တက်လာလေဆိုသည့် အနေအထားသို့ ရောက်နေခြင်း ဖြစ်သည်။

ထို့ကြောင့် တာအိုတရားကို နားလည်သွားသည့်အခါ မိစ္ဆာစွမ်းအားများကလည်း သူ့ကို လုံး၀ ဖုံးလွှမ်းသွားလေသည်။

ယွမ်ချင်း၏ မိစ္ဆာလမ်းစဉ်သည် တာအိုနှလုံးသားအောက်တွင် တဖြည်းဖြည်း ကြီးထွားလာလေသည်။

ထို့ကြောင့် သူ၏ မိစ္ဆာလမ်းစဉ်သည် ရွှဲ့ဟယ်၏လမ်းစဉ်မှ အလွန်ခြားနားသွားပြီ ဖြစ်သည်။

သူက အကြင်နာတရားကင်းမဲ့သည့်အဆင့်သို့ နီးကပ်နေပြီဖြစ်ပြီး "လောကကြီးသည် ဘာမှမဟုတ်ပေ ၊ အရာအားလုံးက အနတ္တ" ဆိုသည့် အဆင့်နှင့် နီးစပ်နေပြီ ဖြစ်လေသည်။

သို့သော်… မဖြစ်မနေရှိရမည့် ခြားနားချက်များလည်း ရှိနေသေးသည်ကတော့ အမှန်ပင် ဖြစ်၏။

မိစ္ဆာစွမ်းအားများပြည့်ဝနေသည့် ယွမ်ချင်းနှင့် ရင်ဆိုင်ရသည့်အတွက် ဘုန်းတော်ကြီး (၄)ပါးမှာ အတော်လေး ရုန်းကန်လှုပ်ရှားနေကြရလေသည်။

ယွမ်ချင်း၏ တိုက်ခိုက်မှုက ဟာကွက်လုံး၀ မရှိဘဲ ဘုန်းတော်ကြီး (၄)ပါး၏ တိုက်ခိုက်မှုကြားတွင် အသာလေးပင် ရှင်သန်နိုင်ခဲ့သည်။

ဓမ္မလမ်းပြဆရာတော်မှာ မိုးနတ်မင်း၏ နှလုံးကာကွယ်ဆေးလုံးကို သောက်သုံးပြီး လျှို့ဝှက်ကျင့်စဉ်ကို ထုတ်ဖော်ထားသည့်တိုင် အခြေအနေက ပိုမိုဆိုးရွားလာခဲ့လေသည်။

ကျိရွှမ်ဆရာတော်သည်လည်း ဒဏ်ရာအပြင်းအထန်ရသွားပြီး တန်ခိုးစွမ်းအား ရာနှုန်းပြည့်မသုံးနိုင်တော့ဘဲ (၆၀) ရာခိုင်နှုန်းသာ အသုံးပြုနိုင်တော့သည်။

ယွဲ့ကွမ်းဆရာတော်၏ လက်ထဲတွင် ကိုင်ထားသည့် ဗုဒ္ဓဓာတ်တော်မွေတော်ကြောင့်သာ ယခု အချိန်ထိ တောင့်ခံနိုင်နေခြင်း ဖြစ်သည်။

မဟုတ်ပါက ဘုန်းတော်ကြီး (၄)ပါး တိုက်ပွဲတွင် စောစီးစွာပင် ရှုံးနိမ့်သွားမည် ဖြစ်လေသည်။

ယခုတော့ ယွဲ့ကွမ်းဆရာတော်က ဗုဒ္ဓဓာတ်တော်၏ အမြင့်မားဆုံး တန်ခိုးစွမ်းအားကို အသုံးပြုကာ တစ်ဖွဲ့လုံးကို ကာကွယ်ပေးထားလေသည်။

ဗုဒ္ဓဘာသာကျောင်းတော်ကြီး (၈)ခုမှ ဆရာတော် (၈)ပါးတွင် ယိရှင်ဆရာတော်သည် ဓမ္မလမ်းပြဆရာတော်လောက် တန်ခိုးစွမ်းအား မြင့်မားခြင်းမရှိသလို ကျိရွှမ်ဆရာတော်လောက်လည်း အသိဉာဏ်ပညာ နက်ရှိုင်းခြင်း မရှိပေ။

သို့သော်… သူက ရဲရင့်သူတစ်ယောက်ဖြစ်ပြီး ရွှေခန္ဓာကျင့်စဉ်ကိုလည်း ကျင့်ကြံနေသူ ဖြစ်လေသည်။

သူက သူ့လက်ထဲမှ ရွှေတောင်ဝှေးကို တစ်ချက်ဝှေ့ရမ်းလိုက်ပြီး ယွမ်ချင်းကို ထပ်မံတိုက်ခိုက်လိုက်လေသည်။ သို့သော်… ယွမ်ချင်းက ယိရှင်ဆရာတော်၏ တောင်ဝှေးကို အသာလေး ချိုးဖျက်ပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင်… အခြားဆရာတော် (၃)ယောက်က ယွမ်ချင်းကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်လိုက်ကြလေသည်။

တိုက်ပွဲက ပြင်းထန်လွန်းလှသည်။

တစ်နေ့တာလုံး တိုက်ခိုက်ပြီးသည့်နောက် ကောင်းကင်ထက်တွင် ကြယ်စင်များထွန်းလင်းသည့် ညအချိန်သို့ ရောက်ရှိလာပြီ ဖြစ်လေသည်။

ကောင်းကင်ထက်တွင် နဂါးငွေ့တန်းကတောက်ပနေပြီး နဂါးငွေ့တန်း၏ အစနှင့် အဆုံးကို မည်သူမှ သိရှိနိုင်ခြင်း မရှိပေ။

ယွမ်ချင်းနှင့် ဘုန်းတော်ကြီး (၄)ပါး၏ တိုက်ခိုက်မှုက ပြင်းထန်သည်ထက် ပြင်းထန်လာပြီး မိုးကောင်းကင် (၉)ထပ်အထိတိုင် တန်ခိုးစွမ်းအားများ ပျံ့နှံ့လျှက် ရှိလေသည်။

တိုက်ခိုက်မှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးရှိလေထုမှာ တဝှီးဝှီဖြင့် လေပြင်းများ ပြင်းထန်လျှက် ရှိလေတော့သည်။

ဘုန်းတော်ကြီး (၄)ပါး၏ ဇင်ဗုဒ္ဓဘာသာစိတ်ထားများက ခိုင်မာကြသည်။

သို့သော်… သူတို့၏ ဝတ်ရုံများကတော့ ဓားဖြင့်ခုတ်ဖြတ်ခံထားရသည့်အလား အနားစများ ဖွာလန်ကျဲနေကြပြီ ဖြစ်လေသည်။ အသရေမြင့်မားလှသော ဘုန်းတော်ကြီးများ၏ ဝတ်ရုံများမှာ စုတ်ပြတ်လျှက် ရှိကြပေပြီ။

ယွမ်ချင်း၏ တာအိုဝတ်ရုံကတော့ လေထဲတွင်လွင့်နေလေသည်။ သူ၏ ဝတ်ရုံမှာလည်း အနည်းငယ် စုတ်ပြဲနေသော်လည်း ဘုန်းတော်ကြီးများ၏ ဝတ်ရုံလောက်တော့ ဆိုးဝါးခြင်းမရှိပေ။

ယွမ်ချင်းက တိုက်ခိုက်နေရင်းမှ စကားပြောလိုက်သည်။

"ဆရာတော် (၃)ပါးနဲ့ ယွဲ့ကွမ်းဆရာတော် ၊ ရှုံးပြီဆိုတာ ဝန်မခံသေးဘူးလား…"

ယွမ်ချင်း စကားပြောလိုက်သည့်အသံထဲတွင် အသက်ဓာတ်စွမ်းအားများဖြင့် ပြည့်ဝလျှက်ရှိသည်။

သူ၏အသံမှာလည်း ကောင်းကင်ဘုံမှ ထွက်ပေါ်လာသည့် လေပြေအလားဖြစ်လေသည်။

ယွမ်ချင်းကို ဘုန်းတော်ကြီး (၄) ပါး အလွန်လေးစားသွားမိကြလေသည်။

ဓမ္မလမ်းပြဆရာတော်နှင့် အခြားဘုန်းတော်ကြီးများက ယွမ်ချင်း၏ စကားကို တုံ့ပြန်ပြောဆိုခြင်း မရှိကြပေ။ သူတို့က ယွမ်ချင်း၏ တိုက်ခိုက်မှုကို အသဲအသန် ကာကွယ်နေရသည့်အတွက် စကားပြန်ပြောရန် အချိန်မရှိကြသောကြောင့် ဖြစ်သည်။

ယခုအချိန်တွင် သူတို့က အရှုံးကိုဝန်ခံဦးတော့ ယွမ်ချင်းက တိုက်ခိုက်မှုကို ရပ်တန့်မည် မဟုတ်ပေ။

ဆရာရာတော် (၄)ပါးလုံးက လုံး၀ စိတ်မလှုပ်ရှားဘဲ စိတ်ဓာတ်ခိုင်မာသော်လည်း သူတို့တွင် နိုင်ချေ မရှိတော့ပေ။

အမှန်ဆိုလျှင်… ဤဗုဒ္ဓဘာသာနတ်ဘုရား (၄)ပါးလုံးသည် တာအိုနတ်ဘုရားများစွာထက် ကျင့်ကြံခြင်းအဆင့်ရော တန်ခိုးစွမ်းအားပါ သာလွန်သူများ ဖြစ်ကြလေသည်။

ယခုတော့… ဘုန်းတော်ကြီးများကို အနိုင်ရသွားသည့်တိုင် ယွမ်ချင်း ပျော်ရွှင်ခြင်း မဖြစ်မိပေ။ သူ စိတ်များ ရှုတ်ထွေးနေခဲ့လေသည်။

အကြောင်းမှာ… လီချင်းဆွေကိုသာမက ရွှဲ့ဟယ်ကိုပါ တွေ့မြင်လိုက်ရသောကြောင့် ဖြစ်လေသည်။

ယွမ်ချင်းက ဘုန်းတော်ကြီး (၄)ပါးနှင့် တိုက်ခိုက်ပြီး ကျင့်ကြံခြင်းအဆင့်တက်သွားသည့်တိုင် ရွှဲ့ဟယ်ကတော့ သူ့ထက် များစွာသာလွန်သူတစ်ယောက် ဖြစ်ကြောင်း သိရှိထားသည်။

ရွှဲ့ဟယ်နှင့် ရင်ဆိုင်ရမည့်အကြောင်းကို စဉ်းစားလိုက်မိသည့်အခါ ယွမ်ချင်းသည် ယွဲ့ကွမ်းဆရာတော်၏ လက်ထဲမှ ဗုဒ္ဓဓာတ်တော်မွေတော်ကိုပင် စိတ်မရောက်နိုင်တော့ပေ။

***

All Chapters