← Chapters

ဆုံကြပြီဆိုတော့ မင်းအဆုံးသတ်ဖို့ ဖြစ်လာခဲ့ပြီ

Vol. 11 Ch. 1009

ဆုံကြပြီဆိုတော့ မင်းအဆုံးသတ်ဖို့ ဖြစ်လာခဲ့ပြီ

Vol. 11 Ch. 1009

ယွမ်ချင်း စဉ်းစားနေစဉ်မှာပင် ဆန်းလျန်က လီချင်းဆွေကို စကားပြောလိုက်လေသည်။

ချင်းဆွေ၏ ကြည်လင်သည့်မျက်ဝန်းများက ဆန်းလျန်ကိုစိုက်ကြည့်နေပြီး ဆန်းလျန်ပြောသည်များကို အလေးအနက်နားထောင်နေလေသည်။

ဆန်းလျန်က လေသံအေးအေးဖြင့်....

"ခဏလောက်စောင့်လိုက် ၊ မင်း မိုးကောင်းကင်နဲ့လူသားတစ်သားတည်းကျတဲ့ တန်ခိုးစွမ်းအားကို မင်း မြင်တွေ့ရလိမ့်မယ်…"

ဆန်းလျန်က စကားဆုံးသွားသည်နှင့် မိုးကောင်းကင်နှင့်လူသား တစ်သားတည်းကျသည့် တန်ခိုးစွမ်းအားအကြောင်းကို လီချင်းဆွေကို အသေးစိတ်ရှင်းပြနေသည်။

လီချင်းဆွေက ဆန်းလျန် ရှင်းပြနေသည့် စကားလုံးများနှင့် ရည်ရွယ်ချက်များအားလုံးကို အလွယ်တကူ နားလည်နိုင်လေသည်။

သူမ၏ အတိတ်ဘဝပါရမီကြောင့် အလွန်မှ ဉာဏ်ရည်ထက်မြက်သူတစ်ယောက် ဖြစ်လေသည်။

ယွမ်ချင်းက ရွှဲ့ဟယ်ကိုတွေ့လိုက်သည်နှင့် ဘုန်းတော်ကြီးများနှင့်တိုက်ပွဲကို အမြန်အဆုံသတ်ပြီး ရွှဲ့ဟယ်နှင့် ဆက်လက်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

ယွမ်ချင်း၏ ခန္ဓာကိုယ်မှ သွေးများ ပွက်ပွက်ဆူလာပြီး မကြာမီတွင် သူ၏ သွေးများဖြင့် ဖွဲ့စည်းထားသည့် သွေးနီရောင်ကြာပန်းတစ်ပွင့် ကောင်းကင်ထက်တွင် ထွက်ပေါ်လာလေသည်။

သွေးနီရောင်ကြာပန်းမှာ အလွန်ထူးခြားပြီး မည်သည့်ကြာပန်းနှင့်မှ မတူညီသည့် အလှတရားနှင့် ပြည့်စုံလျှက် ရှိသည်။

ဘုန်းတော်ကြီး (၄)ပါးမှာ ကြာပန်းထဲသို့ လျှင်မြန်စွာ စုပ်ယူခြင်းခံလိုက်ရပြီး တစ်ချိန်တည်းပင် သူတို့မျက်နှာများက မီးခိုးရောင်အဖြစ် ပြောင်းလဲသွားကြသည်။

သွေးနီရောင်ကြာပန်းအောက်တွင် သူတို့ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် ကျင့်ကြံမှုများအားလုံးသည် ရေတံခွန်မှ ရေများစီးဆင်းသည့်အလား စီးဆင်းပျောက်ကွယ်သွားကြတော့သည်။

အထူးသဖြင့် ဓမ္မလမ်းပြဆရာတော်ဖြစ်လေသည်။

သူသည် လေထဲတွင် ယိမ်းယိုင်နေသည့် ဖယောင်းတိုင်ငယ်အလား အချိန်မရွေးပျောက်ပျက်သွားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေလေသည်။

ယွမ်ချင်း ထုတ်ဖော်လိုက်သည့် သွေးနီရောင်ကြာပန်းတန်ခိုးစွမ်းအားမှာ လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာက သွေးနီရောင်ပင်လယ်ထဲတွင် ပွင့်လန်းခဲ့သည့် သွေးနီရောင်ကြာပန်းကို တုပပြီး ပြုလုပ်ထားခြင်း ဖြစ်လေသည်။

သွေးနီရောင်ကြာပန်းအစစ်သည်ကား အလွန်မှ တန်ဖိုးဖြတ်မရနိုင်သည့် ရတနာပစ္စည်းတစ်ခု ဖြစ်လေသည်။

ထို့ကြောင့် သွေးနီရောင်ကြာပန်းကို တုပထားသည့် ယွမ်ချင်း၏ သွေးနီရောင်ကြာပန်း တန်ခိုးစွမ်းအားက ဘုန်းတော်ကြီး (၄)ပါး၏ တန်ခိုးစွမ်းအားများကို ပျက်စီးစေခြင်းဖြစ်သည်။

ယွဲ့ကွမ်းဆရာတော်က ဗုဒ္ဓ၏ ဓာတ်တော်မွေတော်ကို မြင့်မားစွာ ကိုင်ဆောင်ထားလေသည်။

ဗုဒ္ဓဓာတ်တော်မွေတော်မှ အလင်းတန်းများထွက်ပေါ်လာပြီး အခြားသောဆရာတော် (၃)ပါးကို ကာကွယ်ပေးထားလေသည်။

သို့သော်… ထိုသို့ ကာကွယ်ပေးထားနိုင်စွမ်းသည် နေရောင်အောက်မှ ပူဖောင်းပမာသာဖြစ်သည်။ ခဏမျှသာ တာရှည်ခံပေလိမ့်မည်။

ယွမ်ချင်းက ဗုဒ္ဓဓာတ်တော်ကို စိုက်ကြည့်နေပြီး ဘုန်းတော်ကြီးများရှိရာသို့ လေထဲမှ လမ်းလျှောက်လာလေသည်။

ထို့နောက်… သူ့လက်ထဲတွင် ယွမ်တုဓားပေါ်လာပြီး ယွမ်တုဓားမှ ဓားခြိမ်းသံကြီးက ကြောက်ခမန်းလိလိ ထွက်ပေါ်လျှက်ရှိသည်။

ဓားခြိမ်းသံကြီးက မိုးနှင့်မြေ တစ်လောကလုံးကို လွှမ်းမိုးသွားလေတော့သည်။

ထို့နောက် ယွမ်ချင်းက ယွမ်တုဓားကို တစ်ချက်ဝှေ့ရမ်းလိုက်လေရာ လေထဲတွင် အဖြူရောင်ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာလေသည်။

အဖြူရောင်ဓားဝိညာဉ်က လေထုထဲတွင် ဖြတ်သန်းသွားပြီး အလင်းရောင်တောက်ပနေသည့် ဗုဒ္ဓဓာတ်တော်မွေတော်ကို ဖြတ်သန်းသွားပြီး ကျယ်လောင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာလေသည်။

အသံနက်ကြီးသည် လောကတစ်ခွင်သာမက စကြာဝဠာနှင့် နဂါးငွေ့တန်းတစ်လျှောက် ပျံ့နှံ့သွားသည့်အလား ထင်မှတ်ရသည်။

ယွမ်တုဓားနှင့် ခုတ်ပိုင်းခံလိုက်ရသည်နှင့် ဗုဒ္ဓဓာတ်တော်မွေတော် တစ်စစီ ပျက်စီးသွားခဲ့လေသည်။ အပိုင်းအစများသည် လေထဲတွင် လွင့်မျောလျှက် ရှိကြပြီး စကြာဝဠာထဲသို့ ပျံ့နှ့ဝင်ရောက်သွားလေတော့သည်။

ယွမ်ချင်းက ဗုဒ္ဓဓာတ်တော်မွေတော်ကို ဖျက်စီးပစ်လိမ့်မည်ဟု ယွဲ့ကွမ်းဆရာတော် လုံး၀ ထင်မထားမိပေ။

သူ၏ တည်ငြိမ်သည့် ဇင်ဗုဒ္ဓဘာသာနှလုံးသား တစ်ချက်လှုပ်ရှားသွားပြီး စိတ်အာရုံပျံ့လွင့်သွားကာ အခြေအနေများကို စဉ်းစားသုံးသပ်နိုင်ခြင်း မရှိတော့ပေ။

ထိုအချိန်မှာပင်… စကြာဝဠာထဲတွင် ရှည်လျားသော မြစ်ကြီးတစ်စင်း ထွက်ပေါ်လာလေသည်။ ထိုမြစ်မှာ ကံကြမ္မာမြစ် ဖြစ်လေ၏။

ထို့နောက်… လေပြင်းများတိုက်ခတ်လာပြီး မြစ်ရေများထဲမှ တာအိုဆရာတစ်ပါး ထွက်ပေါ်လာလေသည်။ မြင်ကွင်းက ထူးဆန်းလှပြီး အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

မြစ်ရေအတွင်းမှ ထွက်ပေါ်လာသည့် တာအိုဆရာမှာ အသက် (၂၀)မျှသာ ရှိသေးသည့် ငယ်ရွယ်သည့် တာအိုဆရာတစ်ယောက် ဖြစ်လေသည်။

သူ၏ မျက်နှာပုံစံက ထူးခြားပြီး မျက်ဝန်းများက အနီရောင်သမ်းနေကာ ဝတ်ရုံက လေထဲတွင် လွင့်ပျံလျှက် ရှိသည်။

ထိုတာအိုဆရာသည် အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြား တစ်လှည့်စီ ပြောင်းလဲနေသည့်အလား ဖြစ်လေသည်။ သူ၏ ဆံနွယ်များသည် လေထဲတွင် ပျံ့လွင့်နေပြီး ပေပေါင်း (၃၀၀၀)မက ရှည်လျားသည့်အလား ထင်မှတ်ရသည်။

ထိုတာအိုဆရာ၏ ရှေ့တွင် မိုင်ပေါင်းများစွာ ရှည်လျားသည့် မြစ်များ ၊ ပေပေါင်းများစွာ မြင့်မားသည့် တောင်တန်းများအားလုံးသည် သဲမှု့အလား သေးနုတ်သိမ်ငယ်သွားမည် ဖြစ်လေသည်။

ထိုတာအိုဆရာ၏ လမ်းစဉ်သည် မိုးနှင့်မြေ ၊ လောကတစ်ခွင်နှင့်သက်ရှိသတ္တဝါများကြားတွင် မည်သူနှင့်မှ တူညီခြင်း မရှိပေ။ သူ့ကို မြင်တွေ့ရသည်နှင့် တာအိုကို မြင်တွေ့ရသည့်အလား ခံစားရမည် ဖြစ်လေသည်။

ဆန်းလျန်သည် တာအိုဆရာသခင်ကြီးတစ်ပါး မဖြစ်သေးသည့်တိုင် သူက သုံးလောကနှင့် သတ္တဝါများအားလုံးကို တစ်ချက်ကြည့်ရုံဖြင့် လွယ်ကူစွာ သိမြင်နိုင်လေသည်။

သတ္တဝါများအားလုံးကလည်း သူ့ကိုတွေ့မြင်သည်နှင့် တာအိုကို တွေ့မြင်သည့်အလား ခံစားရမည်ဖြစ်သည်။

နောက်ဆုံးတော့ ဆန်းလျန်သည် ဗုဒ္ဓ၏တန်ခိုးစွမ်းအာဖြင့် သမိုင်းထဲတွင် ပိတ်မိနေခြင်းမှ လွတ်မြောက်လာခဲ့ပြီ ဖြစ်လေတော့သည်။

ယွမ်ချင်းက ဗုဒ္ဓ၏ဓာတ်တော်မွေတော်ကို ဖျက်စီးပစ်လိုက်သည့်အချိန်တွင် ဆန်းလျန်က လီချင်းဆွေကို ကြားခံအဖြစ် အသုံးပြုကာ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

ဆန်းလျန်ကို သမိုင်းထဲတွင် ပိတ်လှောင်ထားသည့် ဗုဒ္ဓ၏ တန်ခိုးစွမ်းအားမှ လွတ်မြောက်ရန်အတွက် ဗုဒ္ဓ၏ ဓာတ်တော်မွေတော်ကို အသုံးချခဲ့ခြင်း ဖြစ်လေသည်။

လွတ်မြောက်လာခဲ့သည့်အတွက် ယခုတော့ ဆန်းလျန် လီချင်းဆွေနှင့် ခွဲခွာရတော့မည် ဖြစ်သည်။

ရှည်လျားသည့် ကံကြမ္မာမြစ်က အဆက်မပြတ်စီးဆင်းနေပြီး အဆုံးသတ်သည် ဆန်းလျန်ရှေ့မှောက်တွင် ဖြစ်လေသည်။

ကံကြမ္မာမြစ်ရေမှ လှိုင်းများသည် မရေမတွက်နိုင်သည့် နောင်မျိုးဆက်များအထိ သက်ရောက်မှုရှိမည်ဖြစ်ပြီး အတိတ်သမိုင်းကြောင်းတစ်ခုလုံးတွင် မရေမတွက်နိုင်သည့် ပြောင်းလဲမှုများကို ဖြစ်ပေါ်စေပေလိမ့်မည်။

ဆန်းလျန်ပြောင်းလဲခဲ့သည့် အတိတ်များကို အခြားတာအိုဆရာသခင်ကြီးများကလည်း ဝင်ရောက်စွက်ဖက်ပြီး သမိုင်းကို မူလအတိုင်း ထိန်းသိမ်းနိုင်ရန် ကြိုးစားကြပေလိမ့်ဦးမည်။

ဆန်းလျန် ရုတ်တရက် ထွက်ပေါ်လာခြင်းက လူပေါင်းများစွာကို အံ့အားသင့်တုန်လှုပ်သွားစေလေသည်။

သို့သော်… တုန်လှုပ်သွားသည့် ခံစားချက်များကို ပထမဆုံး ထိန်းချုပ်လိုက်နိုင်သူမှာ ရွှဲ့ဟယ် ဖြစ်လေ၏။

ရွှဲ့ဟယ်က ဆန်းလျန်၏ မျက်ဝန်းများမှတစ်ဆင့် ဆန်းလျန်၏ တာအိုစိတ်ထားကို သိမြင်ရန် ကြိုးစားခဲ့သည်။ သို့သော် သိမြင်နိုင်ခဲ့ခြင်း အလျဉ်းမရှိပေ။

သို့သော်… သူက ထိပ်တန်းအဆင့် ကျင့်ကြံသူတစ်ယောက် လူပြန်ဝင်စားခြင်း ဖြစ်လေရာ ဆန်းလျန်၏ ရှေ့မှောက်တွင်ပင် တည်ငြိမ်မှုကို ထိန်းထားနိုင်လေသည်။

သူ၏ မျက်ဝန်းများကတော့ စိတ်ရှုတ်ထွေးနေဟန်ဖြစ်ပြီး ပြောပြရန်ခက်ခဲသည့် ခံစားချက်များနှင့် ပြည့်နက်လျှက် ရှိသည်။

သူ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည်မှာ သူ့ရှေ့မှ တာအိုဆရာကဲ့သို့ တစ်နေ့တွင် ဖြစ်လာရန် ရည်မှန်းချက်ထားခဲ့လေသည်။ ထိုတာအိုဆရာသည် သူ၏ ရည်မှန်းချက်ကို ပြသနေသည့်အလား ထင်မှတ်ရသည်။

ဆန်းလျန်သည် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လုနီးပါဖြစ်နေပြီဆိုသည့်အချက်ကို ရွှဲ့ဟယ်၏ ကျင့်ကြံခြင်းအဆင့်ဖြင့် သိရှိနိုင်ခြင်း မရှိပေ။

သူက ဆန်းလျန်ကို တာအိုဆရာသခင်ကြီးတစ်ပါးဟု ထင်မှတ်လိုက်မိလေသည်။

ရွှဲ့ဟယ်က…

"ချင်းရွှမ်တောင်ပေါ်ကို ထူးဆန်းသည့် ထိပ်တန်းအဆင့် ပုဂ္ဂိုလ်တစ်ယောက် ရောက်လာပြီး တာအိုဆရာသခင်ထိုက်ယီနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းကြားခဲ့တယ် ၊ ဟွမ်ချွမ်ကျီက အဲဒီလူက တာအိုဆရာသခင်ကြီးတစ်ပါးလို့ ပြောခဲ့တယ် ၊ ဒါပေမဲ့ ကျုပ်က မယုံခဲ့ပါဘူး ၊ ဒါပေမဲ့ အခုတော့ လောကမှာ နဝမမြောက်တာအိုဆရာသခင်ကြီး ထွက်ပေါ်လာပြီဆိုတာ ကျုပ် ယုံကြည်ရတော့မှာပဲ…"

ထို့နောက်… ရွှဲ့ဟယ်က ခါးသက်စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"မိုးကောင်းကင်က ကျုပ်ကိုတော့ မျက်နှာသာ မပေးဘူးပဲ…"

ရွှဲ့ဟယ် သက်ပြင်းချရသည့်အကြောင်းရင်းကို ဆန်းလျန်က ကောင်းကောင်း နားလည်လေသည်။

ရွှဲ့ဟယ်သည် လောကတစ်ခွင်ရှိ များပြားလှစွာသော ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်သူတစ်ယောက် ဖြစ်သည်။ လောကရှိ ကျင့်ကြံသူများထဲတွင် ရွှဲ့ဟယ်၏ ခြေဖျားကိုမှီသူသည်ပင် အနည်းငယ်သာ ရှိသည်။

သို့သော်... စိတ်မကောင်းစရာမှာ ယနေ့  ရွှဲ့ဟယ်၏ ဘဝအဆုံးသတ်ရပေတော့မည်။

သွေးနီရောင်ပင်လယ်မှ ကျင့်ကြံသူ ရွှဲ့ဟယ်…။

စကြာဝဠာဖြစ်တည်ကာစအချိန်ကတည်းက မွေးဖွားလာခဲ့သည့် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်…။

ဆန်းလျန်က…

"ကျုပ် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာဖို့ စောင့်နေတာ ၊ ဒါပေမဲ့ ဒါက မိုးကောင်းကင်ရဲ့ မျက်နှာသာပေးတာနဲ့ ဘာမှ မဆိုင်ဘူး…"

ရွှဲ့ဟယ်က ဆန်းလျန်ကို နက်ရှိုင်းသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး…

"အမှန်ပါပဲ…"

ဟု ပြောလိုက်သည်။

ဆန်းလျန်က…

"တကယ်တော့ ဒီအချိန်က မင်းနဲ့ကျုပ် ဆုံတွေ့ရမယ့်အချိန် မဟုတ်ဘူး ၊ ဒါပေမဲ့ ဆုံကြပြီဆိုတော့ မင်းအဆုံးသတ်ဖို့ ဖြစ်လာခဲ့ပြီ…"

ဆန်းလျန်၏ စကားကြောင့် ရွှဲ့ဟယ် အံ့သြဟန် မပြပေ။

သူ၏အကြည့်က ဆန်းလျန်၏ ပခုံးထက်ဆီသို့ ကျရောက်သွားသည်။ ဆန်းလျန်၏ ပခုံးထက်တွင် မိန်းကလေးငယ်လေးတစ်ယောက် အေးအေးလူလူ ထိုင်နေလေသည်။

သူမသည်ကား လီချင်းဆွေ ဖြစ်လေ၏။

သူမ ဆန်းလျန်၏ ပခုံးထက်တွင် ထိုင်ရသည်ကို သဘောကျနေသည်။ ဆန်းလျန်၏ ပခုံးများက တည်ငြိမ်ပြီး သူမကို အလွန်သက်သောင့်သက်သာ ဖြစ်စေသည်။

ထို့နောက်… သူမက ဆန်းလျန်၏ ပခုံးထက်တွင် ထိုင်နေရင်းမှ မျက်လုံးများကိုပင့်ကာ ရွှဲ့ဟယ်ကို လှမ်းကြည့်လိုက်လေသည်။

ရွှဲ့ဟယ်က…

"ကျုပ်ဆိုတဲ့သူက ဗုဒ္ဓနဲ့ရင်ဆိုင်ရရင်တောင် အရှုံးပေးမယ့်သူ မဟုတ်ဘူး ၊ ဒီတော့ မင်း တိုက်ခိုက်မယ်ဆိုရင် စတင်တိုက်ခိုက်ပါ…"

ဆန်းလျန် ဤလောကတွင် အဘယ့်ကြောင့် ကိုယ်ထင်ပြရသနည်းဆိုသည့် မေးခွန်းမျိုးကို ရွှဲ့ဟယ် မမေးမြန်းခဲ့ပေ။ အကြောင်းမှာ… ထိုသို့သော မေးခွန်းမျိုးက အပိုဖြစ်သောကြောင့်ပင်ဖြစ်သည်။

လက်ရှိတွင်… ဆန်းလျန်က လီချင်းဆွေဘက်မှ ရပ်တည်ပေးလိုသည်မှာ ထင်ရှားနေလေသည်။

လီချင်းဆွေရင်ဆိုင်ရမည့် မိုးကောင်းကင်အစစ်ဆေးခံရခြင်း အန္တရယ်သည် ရွှဲ့ဟယ် ဖြစ်လေသည်။

မူလသမိုင်းကြောင်းတွင်တော့ လီချင်းဆွေသည် မိုးကောင်းကင်အစစ်ဆေးခံရခြင်းကို ရှောင်ရှားရန်အတွက် အကြိမ်ပေါင်းများစွာ လူပြန်ဝင်စားခဲ့သည်ဟု ဆိုကြသည်။

သို့သော်… ယခု ဆန်းလျန် လောကတွင်ထွက်ပေါ်လာသည့်အတွက် လီချင်းဆွေရင်ဆိုင်ရမည့် ပြဿနာများကို ဆန်းလျန်က သူ့လက်ဖြင့် ဖြေရှင်းပေးမည် ဖြစ်သည်။

သူ၏ လုပ်ရပ်က နောက်ဆက်တွဲ သမိုင်းကြောင်းကို သက်ရောက်သည်ဖြစ်စေ ၊ မသက်ရောက်သည် ဖြစ်စေ ဆန်းလျန် အရေးမစိုက်ပေ။

အတိတ်သမိုင်းကြောင်းကို မူလအတိုင်း ပြန်ပြောင်းပစ်ချင်သည်ဆိုလျှင်လည်း တာအိုဆရာသခင်ကြီးများက ပြန်လည်ပြောင်းလဲကြပေလိမ့်မည်။

သို့သော်… ဆန်းလျန်က ထိုတာအိုဆရာသခင်ကြီး (၈)ပါးကိုလည်း အရေးမစိုက်ပေ။

ထို့ပြင် လီချင်းဆွေက တာအိုဆရာသခင်ထိုက်ယီနှင့် ထူးထူးခြားခြား ပတ်သက်ဆက်နွယ်သူ ဖြစ်လေသည်။

ဆန်းလျန်သည်လည်း တာအိုဆရာသခင်ထိုက်ယီနှင့် ဗုဒ္ဓကို တိုက်ခိုက်ခဲ့ပြီးနောက် ပြောင်းလဲမှုအသစ်တစ်ခုကို တွေ့ကြုံခံစားခဲ့ရပြီး အရာအားလုံးကို လိုက်လျောညီထွေ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

လောကမှ ကိစ္စရပ်အတော်များများသည် ကြိုတင် ရေးဆွဲပြဌာန်းထားသည့်ကိစ္စများ ဖြစ်ကောင်းဖြစ်ပေမည်။ သို့သော်… ထိုအရာများအားလုံးကို တာအိုဆရာသခင်ကြီးများကလည်း ပြောင်းလဲပစ်နိုင်စွမ်းရှိသလို ဆန်းလျန်ကလည်း ပြောင်းလဲပစ်နိုင်စွမ်း ရှိလေသည်။

လောကတွင် မည်သူမှ သူတို့ထက် ကြီးမြတ်သူဟူ၍ မရှိပေ။ ကံကြမ္မာကို စေစားရန်မှာ သူတို့အတွက် မခက်ခဲလှပေ။

ဆန်းလျန်သည် သက်ရှိတစ်ယောက်အနေဖြင့် သူ၏ အတိတ်ကို ဖြတ်တောက်ပစ်ခဲ့ဖူးလေသည်။

သို့သော်… ထိုသို့ အတိတ်ကို ဖြတ်တောက်လိုက်ခြင်းက အသစ်သော တည်ရှိမှုများကို ဖြစ်ပေါ်စေပြီး လောကမှ သတ္တဝါများ နားမလည်နိုင်သည့်ကိစ္စကို ဆန်းလျန် ပြုလုပ်ခဲ့ခြင်းပင် ဖြစ်လေတော့သည်။

***

All Chapters