နတ်ဘုရားမြို့တော်နှင့် နတ်ဆိုးနိုင်ငံ
Vol. 115 Ch. 1719
ခက်ထန်သော အော်သံတစ်သံ ပဲ့တင်ထပ်လာသည်။
ယန်ထျန်းရှင်း ဒေါသထွက်လွန်း၍ မျက်နှာတစ်ပြင်လုံး နီရဲနေ၏။ တစ်ဖက်လူသည် သူ မြင်ဖူးသမျှထဲ၌ အမောက်မာဆုံးနှင့် ထင်ရာစိုင်းတတ်သော ဂျူနီယာတစ်ယောက်ပင်။
ယဲ့ဖန်က လှောင်ပြုံးပြုံးလိုက်ပြီးမှ ပြန်ပြောလိုက်သည်။
“ခင်ဗျားက တခြားသူတွေကို ခင်ဗျားလူကို ထိဖို့ခွင့်မပြုသလိုပဲ၊ ကျုပ်လည်း အခြားသူတွေကို ကျုပ်တပည့်ကို သတ်ခွင့် မပေးနိုင်ဘူး”
“ကျုပ်တပည့်ကို သတ်ရဲတဲ့သူတိုင်း သေရမယ်”
*ခင်ဗျားက သူ့ကို သတ်ချင်ပင်မယ့် ကျုပ်က သူ့ကို ကာကွယ်ချင်တယ်၊ ခင်ဗျားက အဲ့မိန်းမကို ကာကွယ် ချင်ပင်မယ့် ကျုပ်က အဲ့မိန်းမကို သတ်ချင်တယ်*
*ခင်ဗျား ကျုပ်ကို စိတ်မကြည်အောင်လုပ်ရင် ကျုပ် ခင်ဗျားကို တစ်စစီ လုပ်ပစ်မယ်*
ဤသည်မှာ ယဲ့ဖန်၏ ပြုမူနေကျအကျင့်ပင်။ အရာအားလုံးကို လူတစ်ယောက်၏ စိတ်ဆန္ဒအတိုင်း ဆောင်ရွက်နိုင်သလို လောကကြီးကလည်း ၎င်း ဖြစ်စေချင်သလို လုပ်နိုင်ပေသည်။
“ကောင်းပြီ၊ ငါ ဒီနေ့မှ မင်းကို မသတ်နိုင်ရင် ငါ့ကိုယ်ငါ ယန်ထျန်းရှင်းလို့ မခေါ်တော့ဘူး”
ယန်ထျန်းရှင်း၏ မျက်လုံးများက ကျွတ်ကျမတတ် ပြူးကျယ်နေကာ အလွန် ဒေါသူပုန် ထနေသည်။
“ဝုန်း”
ကောင်းကင်တာအို စွမ်းအင် စုဝေးဖွဲ့စည်းသံ ထွက်ပေါ်လာပြီး နေအလင်းရောင်ကဲ့သို့ စူးရှသော ရွှေရောင် အလင်းတန်းက ပတ်ဝန်းကျင်အနှံ့ တောက်ပလာသည်။
ယန်ထျန်းရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောက်တောက်နေပြီး မျက်စိကျိန်းလောက်သည့် ရွှေရောင် အလင်းတန်းများ ဖြာထွက်နေကာ အရာအားလုံးကို ထိုးဖောက်နိုင်သည်ဟု ထင်မှတ်ရသည်။
ထိုစဉ် သူ့အနောက်တွင် ရွှေရောင်နတ်မုဒ်ဝတစ်ချပ် ရုတ်တရက် ပေါ်လာပြီး ရွှေရောင်မြူခိုးများ ပျံ့လွင့်လာကာ တာအိုစွမ်းအင်တစ်ခု ဆင်းသက်လာသည်ဟု ထင်မှတ်ရသည်။
သူတော်စင် စွမ်းအင်လှိုင်းသည်လည်း ထွက်ပေါ်လာပြီး ကောင်းကင်တာအိုနှင့် ချိတ်ဆက်သွားပုံ ပေါ်ကာ မသိလျင် ထောင်ချီသော နတ်ဘုရားများနှင့် အင်မော်တယ်များ ဆင်းသက်လာသည်ဟုပင် ထင်မှတ်ရသည်။
“နတ်ဘုရားမြို့တော်”
စွေ့ဟွာ ထအော်လိုက်ပြီးနောက် ဘုန်းခနဲ မြေကြီးပေါ် လဲကျသွားကာ ချက်ချင်း မျက်နှာ ပြာနှမ်းလာသည်။ သူမမျက်နှာတွင် အလွန် မချိတင်ကဲ ဖြစ်နေဟန် ပေါ်နေသည်။
သူမက ဤသို့ အဆက်မပြတ် ရေရွတ်နေ၏။
“သွားပြီ၊ သွားပြီ”
“ဒါ နတ်ဘုရားမြို့တော်လား”
မုတ်ဆိတ်မွေးနှင့်လူ အံ့ဩသွားသည်။ ယန်ထျန်းရှင်းသည် အစောပိုင်းနှစ်များက လျှို့ဝှက်နေရာတစ်ခုမှ ပျောက်ဆုံးနေသော နတ်ဘုရားမြို့တော်ကို ရှာတွေ့ခဲ့သည်ဟူသည့် ကောလာဟလများ ရှိခဲ့သည်။ မြို့တော်တွင်းမှ နတ်ဘုရားများက အစအနမတွေ့အောင် ပျောက်ကွယ်နေခဲ့ပြီး သွေးအိုင်များနှင့် နတ်ဘုရား အသုံးအဆောင် ပစ္စည်းများသာ ကျန်ရစ်ခဲ့သည်။
ထို့နောက် ယန်ထျန်းရှင်းသည် လျှို့ဝှက်နယ်မြေမှ နတ်ဘုရားမြို့တော်ကို အပြင်သို့ ထုတ်လာပြီး များစွာသော မှော်စွမ်းအင်များဖြင့် သန့်စင်ခဲ့သည်။
၎င်းကို အသုံးချ၍ ရန်သူများကို သတ်ခဲ့ပြီး မြို့တော်ထဲမှ နတ်ဘုရား အသုံးအဆောင်များက မကုန်ခမ်းနိုင်အောင် ရှိပြီး လောကထဲမှ အရာအားလုံးကို ထိုးဖောက်နိုင်ကာ ပြိုင်ဘက်ကင်းပေသည်။
ဤရွှေရောင် နတ်ဘုရားမုဒ်ဝက ထိုနတ်ဘုရားမြို့တော်နှင့် ဆက်သွယ်ထားပြီး မုဒ်ဝ၏ နောက်ကွယ်၌ ကြွယ်ဝသော နတ်ဘုရားစွမ်းအင်များ ပါဝင်သည့် သန့်စင်သော နယ်မြေတစ်ခု ရှိသည်။
“ကျွီ”
ထိုစဉ် ရွှေရောင် နတ်တံခါး ပွင့်လာပြီး အက်ကြောင်းရာလေး တစ်ခု ပေါ်လာကာ အထဲမှ ထည်ဝါသော အငွေ့အသက်က အပြင်သို့ ပျံ့နှံ့လာသည်။
ထည်ဝါကြီးမြတ်သော အငွေ့အသက်များက ဆက်လက် ပျံ့နှံ့လျက်ရှိပြီး ထိုအငွေ့အသက်က ကောင်းကင်ဘုံ၏ ဖိအားသဖွယ် မွန်းကျပ်ဖွယ် ကောင်းလှကာ ခုခံရန် မဖြစ်နိုင််ေချ။
ဤသည်မှာ ရေခဲတောင်တစ်ခု၏ ထိပ်ဖျားမှလောက်သာ ရှိသေးသည်။
“မင်းရဲ့ မူလကိုယ်က ဒီမှာ မရှိတာ နှမျောစရာပဲ၊ မဟုတ်ရင် ငါ မင်းကို သေချာပေါက် သတ်နိုင်မှာ”
ယန်ထျန်းရှင်းက အံကြိတ်၍ မုန်းတီးစိတ်တို့ ပြည့်နေသည့် အကြည့်များဖြင့် ပြောသည်။ ထို့နောက် သူ ရုတ်တရက် အော်ဟစ်ကာ ယဲ့ဖန်အား လက်ညှိုးထိုးလေသည်။
“ဝုန်း”
သူ့အနောက်မှနေ၍ လေပြင်းတစ်ချက်က အဆက်မပြတ် ပျံ့လွင့်တိုက်ခိုက်လာကာ ပြင်းထန်သော နတ်ဘုရား စွမ်းအင်တစ်ခုက အရူးအမူး ပျံ့နှံ့လာ၏။
ရွှေရောင်ဓား၊ ရွှေရောင်လှံ၊ ရွှေခေါင်းလောင်း။
ကြောက်စရာကောင်းသော သတ္တဝါများက လက်နက်များ တစ်ခုပြီး တစ်ခု ကိုင်ဆွဲ၍ ထွက်လာပုံက ထိတ်လန့်စရာ ကောင်းလှသည်။
လူသတ်လိုသည့် အငွေ့အသက်က ကောင်းကင်ယံအထိ တိုးတက်လာပြီး လူအများအား ခိုက်ခိုက်တုန် လာစေသည်။
နတ်ဘုရား မုဒ်ဝမှ နတ်ဘုရား လက်နက်များစွာ ထွက်လာကြပြီး ၎င်းတို့ မည်မျှ သန်မာသလဲက မတွေးဝံ့စရာပင်။ လက်ရှိတွင် မဟာနတ္ထိ ရှေးဧကရာဇ်တောင်မှ အနည်းငယ် စိုးရိမ်လာမိသည်။
“နတ်ဘုရားမြို့တော်လား”
ယဲ့ဖန် လှောင်ရယ်လိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ ထိုစဉ် ကောင်းကင်ယံကို တုန်ခါစေလောက်သည့် လေပြင်းတစ်ချက် တိုက်ခတ်လာ၏။
ထို့နောက်တွင်မူ ယဲ့ဖန်၏ အနောက်၌ ကြီးမားထည်ဝါသော အနက်ရောင် တံခါးတစ်ချပ်က မိုးထိုးမတတ် ပေါ်လာသည်။
ကြမ်းကြုတ်၍ နတ်ဆိုးဆန်သော အငွေ့အသက်များ ရှိနေသည်။ ထွက်ပေါ်လာသော အငွေ့အသက်တစ်ခုကပင် လူအများကို ရူးသွားစေလောက်သည်။
အလွန်အမင်း ကြောက်စရာကောင်းလှသည်။ မသိလျင် ငရဲခန်း ရောက်လာသလိုပင်။
ဤမြင်ကွင်းက လူတိုင်းကို မှင်တက်သွားစေသည်။ ဤရှေးကျ၍ အေးစက်သော အငွေ့အသက်က လူအများကို အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်စေ၏။
ထိုသို့သောအချိန်၌ အားလုံးက ကြီးမားသော အနက်ရောင် တံခါးကြီးကို စိုးရိမ်တုန်လှုပ်စွာ ကြည့်နေကြပြီး ကိုယ့်ကိုယ်ကိုယ် စိတ်တည်ငြိမ်အောင် မလုပ်နိုင် ဖြစ်နေလေသည်။
အထဲ၌ အလွန်အမင်း ကြောက်စရာကောင်းသော တစ်စုံတစ်ရာ ရှိနေပြီး ၎င်းက တံခါးကို ချိုးဖျက်တော့မည်ဟုပင် ထင်မှတ်မှားရသည်။
ခက်ထန်ကြမ်းကြုတ်သော ထိုအရှိန်အဝါက ဖြည်းဖြည်းချင်း စိမ့်ထွက်လာနေ၏။
အထဲမှ အလွန် ကြောက်မက်ဖွယ်ကောင်းသော အသံတစ်သံ ထွက်နေပြီး ၎င်းအသံက သန်းချီသော တစ္ဆေများ ပြိုင်တူ အော်ဟစ်နေသည့် အသံနှင့် ဆင်တူပြီး အလွန် နာကျင်၍ ဝမ်းနည်းပူဆွေးနေပုံ ရသည်။
“ဒါက ... ငရဲပဲ”
မုတ်ဆိတ်မွေးနှင့်လူ မှင်တက်ကာ မယုံနိုင် ဖြစ်နေ၏။
ယန်ထျန်းရှင်းက နတ်ဘုရားမြို့တော်ကို ဆင့်ခေါ်လိုက်သော်လည်း သူ့အရှေ့မှလူက ငရဲကို ဆင့်ခေါ်ခဲ့သည်။
နတ်ဘုရားမြို့တော်နှင့် ငရဲ။
မယုံနိုင်စရာ ကောင်းလှပါတကား။
“ဒါ ဘယ်လိုနည်းလမ်းလဲ”
ထိုသို့သောအချိန်တွင် ယန်ထျန်းရှင်းတောင်မှ ကြောက်လန့်၍ တုန်ယင်နေကာ မျက်နှာ အမူအရာက အလွန် ကြောက်ရွံ့ဟန် ပေါ်နေသည်။
“မင်းမှာ နတ်ဘုရားမြို့တော် ရှိသလို ငါ့မှာလည်း နတ်ဆိုးနိုင်ငံ ရှိတယ်၊ ချကြတာပေါ့”
ယဲ့ဖန် ကြွေးကြော်လိုက်ပြီးနောက် သူ့အနောက်မှ ငရဲတံခါးက ရုတ်တရက် ပွင့်လာသည်။ အထဲမှ ကြမ်းကြုတ်သော တစ္ဆေများနှင့် နတ်ဆိုးများက ဝုန်းခနဲ ပြေးထွက်လာလေသည်။
သန့်စင်ခြင်းနှင့် ကြမ်းကြုတ်ခြင်း။
နတ်ဘုရားများနှင့် နတ်ဆိုးများ။
ဤဆန့်ကျင်ဘက် သဘာဝအင်အားနှစ်ခုက အပြင်းအထန် ထိပ်တိုက်တွေ့နေလေပြီ။
လက်ရှိတွင် အားလုံး ထိတ်လန့်နေကြသည်။ ဤသို့သော စွမ်းအင်က အလွန် ကြောက်စရာ ကောင်းလှပြီး လောကထ၌ ရှားလှသည်။
မိုးမြေတုန်ခါလာပြီး လေဟာနယ် တစ်စစီ အက်ကွဲလာ၏။
တစ္ဆေများအားလုံး ထွက်လာပြီးနောက် ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရား လက်နက်များထံ ပြေးတက်သွားကြသည်။
“ဝုန်း ဝုန်း ဝုန်း”
ကောင်းကင်ယံသည် စုတ်ပြတ်နေသော လိုက်ကာစတစ်ခုနှင့် တူလာပြီး ချက်ချင်း အပေါက်များနှင့် ပြည့်လာကာ ထိုစွမ်းအင်ကို တောင့်မခံနိုင် ဖြစ်လာသည်။
မြင့်မြတ်သော နတ်ဘုရားများနှင့် ဆိုးယုတ်သော နတ်ဆိုးများ တွေ့ဆုံလေပြီ။
ကမ္ဘာပျက်လောက်သည့် ကပ်ဘေးတစ်ခု ဆိုက်ရောက်လာ၏။
“ဝုန်း တုန်း ဝုန်း”
ကြမ်းကြုတ်သော တစ္ဆေများ၏ ချင်းနင်းတိုက်ခိုက်မှုအောက်၌ နတ်ဘုရား လက်နက်များ ချက်ချင်း ပေါက်ကွဲ ကုန်သည်။
ယန်ထျန်းရှင်း ပျာယာခတ်သွားသည်။
*ဒီလောက် မှော်လက်နက်တွေ အများကြီး ပြိုင်တူ ထုတ်သုံးတာတောင် အဲ့ကောင်ကို ငါ မသတ်နိုင်ဘူးလား*
“မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ ဒါ နတ်ဘုရားမြို့တော်ရဲ့ စွမ်းအားလေ၊ ဒါ နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေရဲ့ စွမ်းအားကို စုစည်းထားတာ၊ ပြိုင်ဘက်ကင်းတယ်၊ မင်းက ဘယ်လို တားလိုက်တာလဲ”
သူ ကြောက်လန့်နေသည်။ ထို့အပြင် သွေးပျက်သထက် သွေးပျက်လာ၏။
*ဒီလူက မကောင်းဆိုးဝါးပဲ*
“မင်းအနောက်က နတ်ဘုရားမြို့တော်ကို ဘယ်သူ ရှင်းခဲ့လဲ သိလား”
ယဲ့ဖန်က အပြုံးနှင့် မေးလိုက်သည်။
ယန်ထျန်းရှင်း ပင့်သက်ရှိုက်သွားပြီး ယဲ့ဖန်အား ကြောက်လန့်တကြား ကြည့်လိုက်ပြီးမှ ခေါင်းခါလေသည်။
“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး”
*ဒီလူက နတ်ဘုရားမြို့တော်ကို သူ သုတ်သင်လိုက်တာလို့ တကယ်ကြီး ပြောချင်နေတာလား*
*ဟာသပဲ*
*ဒါ လိမ်နေတာပဲ ဖြစ်မယ်*
*နတ်ဘုရားမြို့တော်ကို သုတ်သင်ဖို့ဆိုတာ ငါတောင် မလုပ်နိုင်ဘူး*
“ဒါဆို ငါ မင်းကို သက်သေပြရတာပေါ့”
ယဲ့ဖန် ပြုံးလိုက်ပြီးနောက် ကြမ်းကြုတ်သော အနက်ရောင် ချီမျှင်စုများက ပို၍ သိပ်သည်းပြင်းထန်လာကာ ရွှေရောင် နတ်မုဒ်ဝထံ တိုက်ခတ်လာသည်။
၎င်းက ရွှေရောင် လက်နက်များအားလုံးကို တစ်စစီ ချေဖျက်သွားလေသည်။
“ဂျွတ်”
အက်သံ ထွက်ပေါ်လာပြီးနောက် ရွှေရောင် နတ်တံခါးမုဒ်ဝတွင် ကြောက်မက်ဖွယ် အက်ကြောင်းတစ်ခု ပေါ်လာပြီး မုဒ်ဝတစ်ခုလုံးသို့ ပျံ့လွင့်သွားသည်။
ဤမြင်ကွင်းက လူတိုင်းကို ကြက်သီးထသွားစေသည်။
*ချိုးဖျက်တာပါလား*
*နတ်ဘုရားမြို့တော်ရဲ့ မုဒ်ဝက တကယ် ဖျက်ဆီးခံနေရပြီ*
ယန်ထျန်းရှင်း ကြက်သီးမွေးညင်း ထလာသည်။ လက်ရှိတွင် သူ ထိတ်လန့်ရုံသာမက ကြောက်သလိုပါ ခံစားလာရသည်။
*ဒီကောင်က ကြောက်ဖို့ကောင်းတယ်*
*အင်မော်တယ် ဧကရာဇ်အဆင့်ပဲ ရှိသေးတာက မယုံနိုင်စရာပဲ*
*ဒါတောင် ကိုယ်ပွားခန္ဓာကိုယ်ပဲ ရှိသေးတယ်*
“မင်းက ဘယ်သူလဲ”
ယန်ထျန်းရှင်း ခေါင်းမွေးထောင်လာသည်။ ဤသို့သော မကောင်းဆိုးဝါးက ကိုးပြည်နယ်၌ ရှိနေသည်က တွေးရခက်လှသည်။
သူ့ခွန်အားက ကြောက်စရာ ကောင်းလွန်းလှပြီး လူငယ်များထဲတွင် ပြိုင်ဘက်ကင်းနေကာ ကောင်းကင်ဘုံ ကိုးလွှာကိုပင် ယှဉ်နိုင်လောက်သည်။
*ဧကန္တ ဒီကောင်လေးက ကောင်းကင်ဘုံက လာတာများလား*
ထိုအခိုက်တွင် မုတ်ဆိတ်မွေးနှင့်လူ မျက်နှာပြာနှမ်းနေ၏။
*ယန်ထျန်းရှင်းကတောင် ဒီကောင့်ကို မယှဉ်နိုင်ဘူးလား*
*ဒါဆို ငါ သေရတော့မှာပေါ့*
မုတ်ဆိတ်မွေးနှင့်လူ အော်ငိုချင်စိတ် ပေါက်လာပြီး ယန်စုန့်ချင်၏ ဘိုးဘေး ရှစ်ဆက်လောက်ကို စိတ်ထဲမှ ကျိန်ဆဲနေ၏။
အထူးသဖြင့် ယန်ထျန်းရှင်းပင်။ သူ ယန်ထျန်းရှင်းကို စိတ်ထဲမှ အခါနှစ်ဆယ်မက အမှိုက်ကောင်ဟု ဆဲဆိုနေမိသည်။
သူတော်စင်အဆင့် ဖြစ်သော်လည်း အင်မော်တယ် ဧကရာဇ်အဆင့်၏ ကိုယ်ပွားကိုပင် ရင်မဆိုင်နိုင်သဖြင့် အသုံးမကျလွန်းသည် မဟုတ်ပါတကား။
“နာမည်မရှိဘူး၊ ဂိုဏ်းလည်း မရှိဘူး၊ သာမန် ကျင့်ကြံသူ တစ်ယောက်ပဲ၊ ဒါပေမဲ့ မင်းကိုတော့ သတ်နိုင်တယ်”
ယဲ့ဖန် အေးစက်စွာ ပြော၍ ယန်ထျန်းရှင်းအား စိုက်ကြည့်နေသည်။
*ဘယ်ကမှ မဟုတ်ဘူးလား*
ယန်ထျန်းရှင်း၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ ယဲ့ဖန်က ကောင်းကင်ဘုံ ကိုးလွှာမှ မဟုတ်သရွေ့ အရာအားလုံး အဆင်ပြေပါသည်။
ထို့နောက် သူ့မျက်နှာက ခက်ထန်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မျိုးမစစ်လေး ဒီကိစ္စက ဒီလောက်နဲ့ ပြီးမသွားဘူး၊ ငါ့ကိုစောင့်နေ၊ င့ါခန္ဓာကိုယ်အစစ် ထွက်လာရင် မင်းကို ငါ သေတာထက် ဆိုးအောင် လုပ်ပစ်မယ်”
ထိုသို့ပြောပြီး ယန်ထျန်းရှင်းက ဖျတ်ခနဲ လှုပ်ရှားလိုက်သည်။ တစ်ခဏအတွင်း သူ မီတာထောင်ချီသော အဝေးသို့ ရောက်သွားလေသည်။
လက်ရှိတွင် သူ ယဲ့ဖန်ကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိသလို ကိုယ်ပွားပင် ဤနေရာ၌ ဆုံးရှုံးရ လောက်သည်။
အကယ်၍ ကိုယ်ပွားက ရှုံးနိမ့်သွားလျင် မူလကိုယ်ကလည်း ဒဏ်ရာ အပြင်းအထန် ခံစားရပေမည်။ အမြတ်ထက် အရှုံးက ပိုများနေ၏။
“ထွက်ပြေးမလို့လား၊ ခင်ဗျား ထွက်ပြေးနိုင်လို့လား”
ယဲ့ဖန် အေးစက်စွာ ပျက်ရယ်ပြုလိုက်ပြီးနောက် လျှပ်စီးသဖွယ် ပြေးတက်သွားကာ ယန်ထျန်းရှင်းထံသို့ ချက်ချင်း ရောက်သွားလေသည်။ သူ၏ လူသတ်ချင်စိတ်က ပွက်ပွက်ဆူနေသည်။
“အရူး ငါ ထွက်သွားချင်ရင် မင်း တားနိုင်မယ် ထင်လို့လား”
ယန်ထျန်းရှင်းက ခနဲ့လေသည်။ မည်သို့ပင် ဆိုစေကာမူ သူက သူတော်စင်အဆင့်ဖြစ်သည်။ သူသာ ထွက်သွားချင်ပါက ယဲ့ဖန် သူ့ကို ဘာလုပ်နိုင်ပါမည်နည်း။
“စမ်းကြည့်လိုက်လေ”
ယဲ့ဖန်က ယန်ထျန်းရှင်း၏ ဦးခေါင်းကို ထိုးနှက်လိုက်သည်။ ထိုလက်သီးချက်က ပြင်းထန်ပြီး ကောင်းကင် တာအိုကိုပင် ပျက်စီးစေလောက်သည်။
ထိုလက်သီးချက်က လေကိုခွင်း၍ ဒေါသတကြီး ကျရောက်လာ၏။
ယန်ထျန်းရှင်း၏ မျက်လုံးများ ပြူးကျယ်လာသည်။ ဤလက်သီးချက်၌ ကြီးမားသော စွမ်းအင် ပါဝင်နေမှန်း ခံစားမိနေသည်။
*ချီးပဲ*
ယန်ထျန်းရှင်း အံကြိတ်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီးနောက် ပြန်လည်ထိုးနှက်လိုက်သည်။
ထိုအခိုက်တွင် လက်သီးချင်း ထိုးနှက်မိသွားပြီး ပြင်းထန်သော စွမ်းအင်လှိုင်းများ ပျံ့လွင့်ကာ ကြီးမားသော တောင်နှစ်လုံးပင် ပျက်စီးသွားရသည်။
ထို့နောက် သွေးပျက်ဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်လာလေသည်။ ရုတ်တရက် လေဟာနယ် ပေါက်ကွဲသွားပုံ ရသည်။
ယန်ထျန်းရှင်း၏ လက်သီးက ပျက်စီးသွားပြီး တစ်ကိုယ်လုံး အဝေးသို့ လွင့်ပြယ်သွားသည်။
သူတော်စင်အဆင့်၏ ကိုယ်ပွားခန္ဓာကိုယ်က တကယ် ရှုံးနိမ့်သွားလေပြီ။
လက်ရှိတွင် စွေ့ဟွာတောင်မှ အံ့ဩနေသည်။ ယန်ထျန်းရှင်း လာလျင် သူမတို့ သေရလိမ့်မည်ဟု ထင်ထားခဲ့ သော်လည်း မထင်မှတ်ဘဲ အခြေအနေများက ဤသို့ ဖြစ်လာ၏။
*ငါ့အရှေ့ကလူက ယန်ထျန်းရှင်းရဲ့ ကိုယ်ပွားကို တကယ် အနိုင်ယူခဲ့တာလား*
*အံ့ဩဖို့ကောင်းလိုက်တာ*
သူမ အမြင်မှားလေသလားဟု ထင်မိပြီး မျက်လုံးကိုပင် ပွတ်၍ ပြန်ကြည့်မိသည်။
“ယီးပဲ ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ”
ယန်ထျန်းရှင်း အော်ဟစ်လိုက်မိသည်။ ကိုယ်ပွားချင်း ယှဉ်ရာ၌ သူက ထိုကောင်လေးကို တကယ် ရှုံးသွားသည် တဲ့လား။
*ဟာသပဲ*
ထိပ်တိုက် ရင်ဆိုင်ရာ၌ သူက ပြိုင်ဘက်ကို ရှုံးသွားသည်တဲ့လား။
*ယီးပဲ၊ သူ့ခန္ဓာကိုယ်က ဘာနဲ့ လုပ်ထားတာလဲ*
“ငါ မယုံဘူးကွ”
ထိုအခိုက်တွင် ယန်ထျန်းရှင်း ရူးမတတ် ဖြစ်နေပြီး ယဲ့ဖန်ကို အဆက်မပြတ် ထိုးနှက်လေသည်။
“ဝုန်း”
ကြောက်စရာကောင်းသော ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။
လက်ရှိတွင် ယန်ထျန်းရှင်း၏ မျက်နှာက နီရဲနေပြီး နားရွက်များ နီနေကာ မျက်လုံးများက ပေါက်မတတ် ဖြစ်နေသည်။ သူ၏ နာမည်ဂုဏ်သတင်းကို ပြန်အဖက်ဆယ်၍ ယဲ့ဖန်အား သတ်ပစ်ချင်နေလေသည်။
သို့သော် ထိုသို့သောအချိန်၌ ....