← Chapters

ရှေ့ ဆက်သွား ခြင်း

Vol. 66 Ch. 699

ရှေ့ ဆက်သွား ခြင်း

Vol. 66 Ch. 699

တားမြစ်နယ်မြေအတွင်း

ပုံရိပ်ခုနစ်ခုက တားမြစ်နယ်မြေအတွင်း၌ ဖြည်းညှင်းစွာ ရှေ့ဆက်နေကြသည်။

သူတို့ ဦးတည်နေသည့် လားရာမှာ တားမြစ်နယ်မြေ၏ အပြင်ဘက်ပင် ဖြစ်သည်။

လူအုပ်စုက အလွန်အမင်း မြန်မြန်ဆန်ဆန် မသွားကြပေ။ သူတို့၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ပါးလွှာသော အကာအကွယ် အလွှာတစ်ခု ရှိနေပြီး ပြင်ပမှ အနှံ့အပြား ရောက်ရှိနေသော ဖျက်ဆီးခြင်း စွမ်းအားများနှင့် အပျက်သဘောဆောင်သော စွမ်းအားများကို တားဆီးပေးထားသည်။

ဤကဲ့သို့သော အခွင့်အရေးကို သူတို့ လုံးဝ လက်လွတ်မခံနိုင်ကြပေ။ ထို့ကြောင့် လမ်းတစ်လျှောက်ရှိ သဘာဝမျက်ရည် များကို ဂရုတစိုက် ရှာဖွေနေကြလေသည်။

သိပ်မကြာခင်မှာပင် သူတို့က တားမြစ်နယ်မြေ၏ အစပ်သို့ ချဉ်းကပ်လာခဲ့ကြသည်။

သူတို့ကိုယ်ပေါ်တွင် အကာအကွယ်များ ရှိနေသေးသော်လည်း ဤနေရာတွင် အချိန်အကြာကြီး နေရန်တော့ မဝံ့ရဲကြပေ။ အကယ်၍ အကာအကွယ်သာ ရုတ်တရက် ပျောက်ကွယ်သွားပါက လူတိုင်းက သူတို့၏ လောဘအတွက် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရပေလိမ့်မည်။

သို့သော် ထိုအချိန်တွင် ရှေ့ဆုံးမှ အမျိုးသမီးတစ်ဦးက ရုတ်တရက် ရပ်တန့်လိုက်လေသည်။

"အကြီးအကဲကျွင်းယာ... ကျွန်မတို့ ဒီနေရာမှာပဲ သဘာဝမျက်ရည်တွေကို ဆက်ရှာကြမှာလား"

အကြီးအကဲဝူက မေးလိုက်သည်။

တာအိုအရှင်ကျွင်းယာက သူ့ကို ပြန်မဖြေဘဲ ဘေးရှိ ရဲ့မင်နတ်မိမယ်ထံသို့ လှည့်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် အေးစက်မှုများ ပြည့်နှက်နေသည်။

"ရဲ့မင် နတ်မိမယ်"

"အခု ကျွန်မတို့ နင့်ရဲ့ သခင်လေးထန်အနားကို ချဉ်းကပ်လာခဲ့တဲ့ တကယ့် ရည်ရွယ်ချက်အစစ်အမှန်အကြောင်းကို စကားပြောလို့ ရပြီလို့ ထင်ပါတယ်"

သူမက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

ရဲ့မင်နတ်မိမယ်က အနည်းငယ် မှင်သက်သွားပြီး ပြော၏။ "နင် ဘာကို ဆိုလိုတာလဲဆိုတာ ငါ နားမလည်ဘူး"

ကျွင်းယာက နှာခေါင်းရှုံ့လိုက်ပြီး "သခင်လေးထန်က နင့်ကို ယုံကြည်နေပေမဲ့ နင်က တမင်တကာ သူ့အနားကို ချဉ်းကပ်လာတာဆိုတာ ငါ မသိဘူးလို့ မထင်နဲ့"

"တားမြစ်နယ်မြေထဲ မဝင်ခင်က နင့်ကို လိုက်သတ်နေတဲ့ သားရဲကို ငါ မြင်လိုက်တယ်"

"အကယ်၍ တစ်စုံတစ်ယောက်က တမင်တကာ သွားပြီး အနှောင့်အယှက် မပေးဘူးဆိုရင် အဲဒီသားရဲက အကြောင်းမဲ့ သောင်းကျန်းနေမှာ မဟုတ်ဘူး"

အရင်က စကားပြောခဲ့စဉ်က ထန်ထျန်းနှင့် ရဲ့မင်နတ်မိမယ်တို့ ဆုံတွေ့ခဲ့ပုံ ဖြစ်စဉ်ကို သူမ သိရှိထားပြီး ဖြစ်သည်။

"ကဲ ပြောလေ... နင် သခင်လေးထန်အနားကို ဘာအတွက် ချဉ်းကပ်ခဲ့တာလဲ"

ကျွင်းယာက ပြင်းထန်စွာ မေးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူမထံမှ သတ်ဖြတ်လိုသော အော်ရာများ ထွက်ပေါ်လာပြီး ရဲ့မင်နတ်မိမယ်၏ ဆုတ်ခွာမည့် လမ်းကြောင်းကို အပြီးတိုင် ပိတ်ဆို့လိုက်လေသည်။

သို့သော် ဤအခြေအနေတွင် ရဲ့မင်နတ်မိမယ်က အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိဘဲ ပို၍ပင် အေးဆေးတည်ငြိမ်သွားလေသည်။

"နင့်ရဲ့ အကဲခတ်နိုင်စွမ်းက အရင်အတိုင်းပဲ အားကောင်းနေတုန်းပဲလို့ ပြောရမှာပဲ"

"စေ့စပ်သေချာတာက နင့်ရဲ့ ထုံးစံပဲကိုး"

"မှန်ပါတယ်... ငါက ထန်ထျန်းအနားကို တမင်တကာ ချဉ်းကပ်ခဲ့တာပါ"

"ငါ့ရဲ့ ရည်ရွယ်ချက်ကိုလည်း နင် မြင်ပြီးသားပဲ၊ အဲဒါက ငါ့ရဲ့ ကုချင်းကို သူ့ဆီ အပ် ဖို့ပဲလေ"

ရဲ့မင်နတ်မိမယ်က ပြောလိုက်သည်။

ကျွင်းယာက မျက်မှောင်ကြုတ်လိုက်ကာ "ဘာဖြစ်လို့လဲ"

"အဲဒီ ကုချင်းမှာ ဘာထူးခြားချက် ရှိလို့လဲ"

ရဲ့မင်နတ်မိမယ်က အသာအယာ ပြုံးလိုက်ပြီး "ဒါကိုတော့ ငါ နင့်ကို ပြောပြလို့ မရဘူး"

"ငါ ပြောပြရင်တောင် နင် နားလည်မှာ မဟုတ်ဘူး"

ကျွင်းယာ၏ မျက်နှာမှာ မည်းမှောင် သွားလေသည်။

ထို့နောက် သူမက သူမ၏ စစ်တူကို တိုက်ရိုက် ထုတ်ယူလိုက်တော့သည်။

"ဒါဆိုရင်လည်း နင် ဒီကနေ ထွက်သွားဖို့ မလိုတော့ဘူး"

"သခင်လေးထန်က နောက်မှ အပြစ်တင်မယ်ဆိုရင်တောင် အဲဒီ လျှို့ဝှက်ချက် ပေါက်ကြားမသွားအောင် နင့်ကို ဒီမှာပဲ အပြီးတိုင် ထားရစ်ခဲ့မယ်"

သူမက ရဲ့မင်နတ်မိမယ်ကို စကားဆက်ပြောခွင့် မပေးတော့ဘဲ စစ်တူကို လွှဲယမ်းလိုက်ရာ အဆုံးမရှိသော မိုးကြိုး တန်းများက ရဲ့မင်နတ်မိမယ်ကို ဝါးမြိုသွားလေသည်။

သို့သော် မထင်မှတ်ထားသော အရာမှာ သူမ၏ တိုက်ကွက်က မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ခြင်းပင်။

ကြမ်းတမ်းသော လျှပ်စီးများမှာ ရဲ့မင်နတ်မိမယ်၏ ခန္ဓာကိုယ်ကို ဟင်းလင်းပြင်တစ်ခုကို ဖြတ်သန်းသွားသကဲ့သို့ ထိုးဖောက်သွားကြသည်။

ရဲ့မင်နတ်မိမယ်၏ ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း မှိန်ဖျလာပြီး လွင့်မျောနေသည့် အငွေ့အသက်ကဲ့သို့ ဖြစ်လာလေသည်။

"တာအိုအရှင်ကျွင်းယာ... နင်က တကယ်ကို လက်အောက်ငယ်သားကောင်း တစ်ယောက်ပဲ"

"ဒါပေမဲ့ ထန်ထျန်းက နင်ထင်ထားတာထက် ပိုပြီး ထူးခြားတယ်၊ နင်ရဲ့ ခွန်အားလေးနဲ့တော့ သူ့ကို အကာအကွယ် ပေးနိုင်မှာ မဟုတ်ဘူး၊ အားအကုန်ခံမနေပါနဲ့တော့"

"တကယ်တော့ ငါတို့တွေ တစ်ချိန်က ဆုံခဲ့ဖူးတယ်၊ ဒါပေမဲ့ နင် မေ့သွားခဲ့တာပဲ"

"ဒါမှမဟုတ် အမေ့ခံလိုက်ရတာလို့ ပြောရမလားပဲ"

"ဒါပေမဲ့ ငါတို့ နောက်ပိုင်းမှာ ပြန်ဆုံကြဦးမှာပါလို့ ငါ ထင်တယ်"

"အဲဒီအချိန်ကျရင်တော့ နင် အရာရာကို နားလည်သွားလိမ့်မယ်"

ပြောနေစဉ်မှာပင် ရဲ့မင်နတ်မိမယ်၏ ခန္ဓာကိုယ်မှာ ဆက်လက် မှိန်ဖျသွားပြီး နောက်ဆုံးတွင် မီးခိုးငွေ့တစ်ခုကဲ့သို့ သူတို့ရှေ့မှ လုံးဝ ပျောက်ကွယ်သွားတော့သည်။

"ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ"

"သူမက ဘယ်လို လွတ်သွားတာလဲ"

အကြီးအကဲဝူက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ကျွင်းယာက သူမ၏ စစ်တူကို ပြန်သိမ်းလိုက်ကာ အေးဆေးစွာ ပြောလိုက်သည်။ "သူမက ထွက်ပြေးသွားတာ မဟုတ်ဘူး"

"သူမရဲ့ ခွန်အားကလည်း ကျိကျွင်းအဆင့်ပဲ"

အကြီးအကဲဝူမှာ နေရာတွင်ပင် မှင်သက်သွားတော့သည်။ "အာ"

"ဒါဆို... သခင်လေးထန်ဘက်ကရော ဘယ်လိုလုပ်မလဲ"

"ဒီမိန်းမက မရိုးမသား ရည်ရွယ်ချက်ရှိနေတာ၊ သခင်လေးထန်ဘက်မှာ အန္တရာယ် ရှိနိုင်တယ်"

ကျွင်းယာက ပြန်မဖြေဘဲ သူမ၏ စစ်တူကို သိမ်းကာ လှည့်ကြည့်လိုက်သည်။

သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ မရှိတော့ဘဲ ရုတ်တရက် နက်နဲသော အပြုံးတစ်ခု ပေါ်လာလေသည်။

"သူမက ကျိကျွင်းဆိုတာကို ငါ့ကို ဘယ်သူ ပြောပြခဲ့တယ်လို့ နင် ထင်လို့လဲ"

အကြီးအကဲဝူ ထပ်မံ မှင်သက်သွားပြန်သည်။

ကျွင်းယာက သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံး နေရာသို့ လှည့်ကြည့်လိုက်သည်။

"ရဲ့မင်နတ်မိမယ် ပြောတာ မှန်တယ်၊ သခင်လေးထန်က ငါတို့ ထင်ထားတာထက် ပိုပြီး ထူးခြားသလို ပိုပြီးတော့လည်း ခွန်အားကြီးတယ်"

"သူက ရဲ့မင်နတ်မိမယ်ရဲ့ တကယ့်ခွန်အားကို အစကတည်းက သိထားသလို သူမမှာ ရည်ရွယ်ချက် ရှိနေတယ်ဆိုတာကိုလည်း သိပြီးသားပဲ"

"ခုနက ငါ သူမကို အမှန်အတိုင်း ပြောအောင် ဖိအားပေးခဲ့တာလည်း သခင်လေးထန် ခိုင်းလို့ လုပ်ခဲ့တာ"

"သူ ခန့်မှန်းခဲ့တာ မှန်တယ်၊ ငါတို့နဲ့အတူ လိုက်လာတဲ့ ရဲ့မင်နတ်မိမယ်က ကိုယ်ပွားတစ်ခု ဖြစ်နေခဲ့တယ်"

"ဒါမှမဟုတ် ကိုယ်ပွားလို့တောင် ခေါ်လို့မရဘဲ ပုံရိပ်ယောင်တစ်ခုပဲ"

အကြီးအကဲဝူမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်၊ သူက ဖြစ်ပျက်နေသော အပြောင်းအလဲများကို အမီလိုက်နိုင်စွမ်း မရှိတော့ပေ။

"ဒါဆို... ကျွန်တော်တို့ သခင်လေးထန်အတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့"

ကျွင်းယာက ခေါင်းငြိမ့်ပြသည်။

"အဲဒီလို အဆင့်မှာရှိတဲ့ တည်ရှိမှုတွေကြားထဲမှာ ငါတို့ ဝင်ပါလို့ မရတော့ဘူး"

"စိတ်ပူနေလည်း အပိုပဲ၊ အခုတော့ ငါတို့ လုပ်စရာရှိတာကိုပဲ အာရုံစိုက်ပြီး လုပ်ကြရအောင်"

"သခင်လေးထန် ပြောတာကတော့ ဒီအကာအကွယ်က ငါတို့ လင်းယွင်တောင်တန်းကနေ ထွက်သွားတဲ့အထိ ရှိနေလိမ့်မယ်တဲ့၊ ငါတို့ တားမြစ်နယ်မြေထဲမှာ သဘာဝမျက်ရည်တွေကို ဆက်ရှာလို့ ရတယ်"

"ဒါပေမဲ့ အစပ်နားမှာပဲ နေလို့ ရမယ်၊ အတွင်းဘက်ကို ပိုတိုးသွားလေ ခန့်မှန်းလို့မရတဲ့ အန္တရာယ်တွေ ပိုများလေပဲ"

အကြီးအကဲဝူက ထုံထိုင်းထိုင်းဖြင့် "အော်" ဟု ပြန်ထူးလိုက်သည်။

ထို့နောက် သူက ထပ် မေးလိုက်ပြန်သည်။ "ဒါနဲ့ သူမ နောက်ဆုံး ပြောသွားတဲ့ စကားက ဘာကို ဆိုလိုတာလဲ"

"အရှင်တို့ အရင်က ဆုံဖူးပေမဲ့ မေ့နေခဲ့တာ ဆိုတာလေ"

ကျွင်းယာက ခေါင်းကို အသာခါယမ်းလိုက်ရင်း "မသိဘူး"

"ဒါပေမဲ့ ဂရုမစိုက်ပါနဲ့တော့"

"သိသင့်တဲ့ အချိန်ကျရင် သိလာလိမ့်မယ်၊ မသိသင့်တဲ့ အရာဆိုရင်တော့ ငါ ထာဝရ မသိဘဲ နေချင်တယ်"

"ကဲ... နင်တို့ ဒီမှာပဲ သဘာဝမျက်ရည်တွေကို ဆက်ရှာနေကြ၊ ငါကတော့ ငါတို့နဲ့ လူစုကွဲသွားတဲ့ တခြားသူတွေကို သွားရှာလိုက်ဦးမယ်"

"မင်ယောင်ကျိကျွင်းဆိုတဲ့ ကောင်စုတ်က ငါတို့လူတွေကို လူစုကွဲအောင် လုပ်လိုက်တာ၊ အထိအခိုက် အကျအဆုံးတွေ အများကြီး ရှိနိုင်တယ်"

"မှတ်ထား... သတိထားပြီး လုပ်ကြ၊ တားမြစ်နယ်မြေထဲကို နက်နက်ရှိုင်းရှိုင်း မဝင်ကြနဲ့"

ပြောပြီးသည်နှင့် သူမက တားမြစ်နယ်မြေအတွင်းမှ ထွက်သွားတော့သည်။ အကြီးအကဲဝူနှင့် လူအုပ်စုမှာမူ တားမြစ်နယ်မြေအတွင်း၌ပင် အခွင့်အလမ်းများကို ဆက်လက် ရှာဖွေရန် ကျန်ရစ်ခဲ့ကြလေသည်။

.....

တားမြစ်နယ်မြေ အတွင်းဘက်၌

ကြောင်လေးက ထန်ထျန်း၏ ပခုံးပေါ်တွင် ထိုင်နေရင်း ရှေ့မှ ပျက်စီးနေသော မြင်ကွင်းကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။

"ဟေး... ဒီမှာ ဘာတွေ ဖြစ်ကုန်တာလဲ"

"မင်း သားရဲတစ်ကောင်နဲ့ တိုးခဲ့လို့လား"

ထန်ထျန်းက ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး၊ ငါ ကျိကျွင်းတစ်ယောက်နဲ့ တိုးခဲ့တာ"

"ပြီးတော့ သူ့ကို သတ်လိုက်တယ်"

ကြောင်လေး၏ မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွားတော့သည်။

"အာ"

"သောက် ... မင်းက ဝူရှန့်ကျိကျွင်း အဆင့်ကို အခုလေးတင် တက်လှမ်းထားတာ မဟုတ်လား၊ ကျိကျွင်းတစ်ယောက်ကို သတ်လိုက်တယ် ဟုတ်လား"

"အဲဒီကောင်တွေက သတ်ရတာ အဲလောက် မလွယ်ဘူး မဟုတ်လား"

ထန်ထျန်းက ပြောလိုက်သည်။ "မလွယ်ဘူး၊ ဒါပေမဲ့ သူက အရမ်း မာနထောင်လွှားလွန်းသွားတယ်"

"ငါ့ရဲ့ ခွန်အားကို အထင်သေးခဲ့ရုံတင်မကဘဲ သူ့ကိုယ်သူ သေစေနိုင်တဲ့ အားနည်းချက်တစ်ခုကိုလည်း ဖန်တီးမိခဲ့တယ်"

"ရလဒ်ကတော့ တာအိုအရှင် တစ်ယောက်ရဲ့ လှည့်ကွက်ထဲမှာ သူ ပိတ်မိသွားပြီး ထွက်ပြေးဖို့တောင် မတတ်နိုင်တော့တာပဲ"

ကြောင်လေး မှင်သက်သွားကာ "ဒါဆိုရင်တော့ ဒီကောင် တကယ် ကံဆိုးတာပဲ၊ ကျိကျွင်းတစ်ယောက်က တာအိုအရှင် တစ်ယောက်ရဲ့ လှည့်စားတာကို ခံလိုက်ရတယ်လို့ ငါ ပထမဆုံးအကြိမ် ကြားဖူးတာပဲ"

"ဒါပေမဲ့ မာနကြီးတာက ကျိကျွင်းတွေရဲ့ ရောဂါပဲ၊ သူတို့က သူတို့ကိုယ်သူတို့ အမြဲတမ်း အနိုင်မရနိုင်တဲ့ နေရာမှာ ရှိနေတယ်လို့ ထင်နေကြတာ၊ ဘာကိုမှ မကြောက်ကြဘူး"

"တကယ်တော့ ဒီကမ္ဘာမှာ စိတ်ကူးထဲတောင် ထည့်လို့မရတဲ့ အင်အားကြီးတဲ့ စွမ်းအားတွေ အများကြီး ရှိနေသေးတယ်"

ထန်ထျန်းက ခေါင်းငြိမ့်လိုက်သည်။ ၎င်းမှာ အမှန်တကယ်ပင် ထူးဆန်းသော အချက်တစ်ခုပင် ဖြစ်သည်။

ကျိကျွင်းများ သေဆုံးခြင်းမှာ မထူးဆန်းသော်လည်း ကျိကျွင်းတိုင်းလိုလိုမှာ ဤကဲ့သို့သော အကျင့်တစ်ခု ရှိနေကြပြီး သူတို့က ထိုကဲ့သို့ ကံကြမ္မာမျိုးနှင့် မကြုံနိုင်ဟု ထင်မှတ်ထားကြလေသည်။

ဖြစ်နိုင်သည်မှာ သူတို့ တစ်ဦးချင်းစီက အသက်ရှင်ခဲ့သည့် သက်တမ်းမှာ အလွန်ပင် ရှည်ကြာလွန်းသောကြောင့် ဖြစ်ပေလိမ့်မည်။

"သူ့အကြောင်း ထားလိုက်ပါတော့၊ နောက်ထပ် ငါတို့ ဘယ်ကို သွားကြမလဲ"

ထန်ထျန်းက မေးလိုက်သည်။

All Chapters