အခန်း (၁၆၅၁-၁၆၅၃)
Vol. 111 Ch. 1651-1653
အခန်း (၁၆၅၁)
ဘယ်သူမှ မသွားချင်ကြ
လျှို့ဝှက်လဝန်းနန်းတော်။
အစည်းအဝေးခန်းမ။
ယခု ခန်းမ စင်မြင့်အထက် ပလ္လင်ပေါ်၌ ထိုင်နေသူက လျှို့ဝှက်လဝန်းနန်းတော်ကို ယာယီစီမံနေသည့် ယဲ့ချူယောင် မဟုတ်ပေ။ ယွမ်ယုတိကိုယ်တိုင် ဖြစ်၏။
အပြာရောင် ဝတ်စုံရှည်ကို ဆင်မြန်းထားသည့် ယွမ်ယုတိသည် ဖန်သားဖြင့် ပြုလုပ်ထားသော ပလ္လင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေရင်း လတ်တလော ဖြစ်ပျက်သမျှ အကြောင်းအရာများအား အစီရင်ခံမှုကို နားထောင်နေ၏။
အစက နှစ်ပေါင်း ရာချီ၍ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်ရန် ယွမ်ယုတိ စဉ်းစားခဲ့သော်လည်း ထျန်းရန် နတ်ဘုရား နယ်မြေအတွင်း ပြောင်းလဲမှုများကို အာရုံခံမိပြီးနောက် သူမ၏ တံခါးပိတ်ကျင့်စဉ်ကို စောစောစီးစီး အဆုံးသတ်လိုက်ရသည်။ နတ်ဘုရင် တစ်ပါးဖြစ်သည့် သူမသည်လည်း မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ပြန်လည် နိုးထလာသည်ကို ရှင်းလင်းစွာ ခံစားမိ၏။
ထို့ကြောင့် ထျန်းရန် နတ်ဘုရား နယ်မြေသည် မကြာမီ ကစဉ့်ကလျား ဖြစ်လာတော့မည်ကို သူမ သိသော်လည်း အစပိုင်းတွင် သိပ်ဂရုမစိုက်ခဲ့ပေ။
ထိုကဲ့သို့ ကစဉ့်ကလျား ဖြစ်ရန်မှာလည်း အချိန်ယူရဦးမည် မဟုတ်ပါလား။
သို့သော် ခမ်းနားသော ကောင်းကင်ခန်းမက သူမထံသို့ နတ်အမိန့်စာ တစ်စောင် ပေးပို့လာခဲ့သည်။ တောင်ဘက်နယ်မြေရှိ နတ်ဘုရင်များအားလုံးကို ခမ်းနားသော ကောင်းကင်ခန်းမက စောင့်ကြည့်နေ၏။
သူမ လျှို့ဝှက်လဝန်းနန်းတော်ကို စတင် တည်ထောင်စဉ်ကလည်း ခမ်းနားသော ကောင်းကင်ခန်းမ၏ ခွင့်ပြုချက်ဖြင့်သာ တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူမထံတွင် ခမ်းနားသော ကောင်းကင်ခန်းမမှ ထုတ်ပေးထားသည့် သက်သေခံ တံဆိပ်ပြား တစ်ခုလည်း ရှိ၏။
တောင်ဘက်နယ်မြေအတွင်း ထူးခြားမှု တစ်ခုခု ဖြစ်ပွားပါကဤတံဆိပ်ပြားမှတစ်ဆင့် ခမ်းနားသော ကောင်းကင်ခန်းမက နတ်အမိန့်စာများကို တိုက်ရိုက် ပေးပို့နိုင်သည်။
ယခု ခမ်းနားသော ကောင်းကင်ခန်းမက နတ်အမိန့်စာ ထုတ်ပြန်လိုက်သဖြင့် သူမ၏ တံခါးပိတ် ကျင့်စဉ်စခန်းကို အချိန်မတိုင်မီ ရပ်နားခဲ့ရခြင်း ဖြစ်၏။ တံခါးပိတ် ကျင့်စဉ်မှ ထွက်လာပြီးနောက် နတ်ဂိုဏ်း အစည်းအဝေး တစ်ခုကို သူမ ခေါ်ယူလိုက်သည်။ ထျန်းရန် နတ်ဘုရား နယ်မြေအတွင်း လတ်တလော ဖြစ်ပျက်နေသည်များကို ယဲ့ချူယောင်နှင့် အခြားသူများက သူမအား အစီရင်ခံကြ၏။
ချန်းလုအပေါ် သွေးလင်းယုန်ခန်းမ၏ လုပ်ဆောင်ချက်များကို ကြားလျှင် ယွမ်ယုတိ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ သူမ၏ ကိုယ်ပေါ်မှလည်း အေးစက်သော အငွေ့အသက်များ တိုးထွက်လာ၏။
သို့သော် ချန်းလု၏ ဘေးကင်းရေးအတွက် သူမ သိပ်စိုးရိမ်မနေပေ။
သူသည် ကြီးမားသော ကံကြမ္မာရှင် တစ်ဦး မဟုတ်ပါလား။
ဤကဲ့သို့ အသေးအဖွဲ အကျပ်အတည်းက သူ့အတွက် ဘာမှမဟုတ်ချေ။
လွန်ခဲ့သည့် နှစ်များအတွင်းက အဖြစ်အပျက်များကို အစီရင်ခံပြီးနောက် ယဲ့ချူယောင်က ယွမ်ယုတိကို
“ဆရာ... အခု သွေးလင်းယုန်ခန်းမက ကျွန်မတို့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာမို့ မောင်လေးချန်းကို လေ့ကျင့်တာ ရပ်ခိုင်းပြီး လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်ခေါ်သင့်တယ် မဟုတ်လား။”
ခဏခန့် ယွမ်ယုတိ အတွေးထဲ နစ်မြောသွားပြီးနောက်
“ကောင်းပြီ... ခဏနေရင် သူ့ကို ငါတိုင်ပဲ ပြန်ခေါ်လိုက်မယ်။”
ချန်းလုတွင် နက်ရှိုင်းသော ကံစွမ်းအား ရှိသော်လည်း ခေတ်အဆက်ဆက်တွင် ကြီးမားသော ကံကြမ္မာရှင်များလည်း ပျက်စီးခဲ့ကြဖူးသည်သာ ဖြစ်၏။ ယခု ထျန်းရန် နတ်ဘုရား နယ်မြေအတွင်း ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး နတ်ဆိုးဧကရာဇ်ပင် ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ချန်းလု၏ ကံနှင့်ပင် ရှောင်လွှဲ၍ မရနိုင်သော အန္တရာယ်များ မည်သည့်အချိန်တွင် ပေါ်လာမည်ကို မည်သူမှ မသိနိုင်ပေ။
ထို့ကြောင့် သူ ပြန်လာခြင်းကသာ အကောင်းဆုံး ဖြစ်လိမ့်မည်။
ထိုအခိုက်အတန့်တွင် ယွမ်ယုတိက ဆက်လက်၍
“ခမ်းနားသော ကောင်းကင်ခန်းမက ထုတ်ပြန်ထားတဲ့ နတ်အမိန့်စာအရ နတ်ဆိုးဧကရာဇ်ကို နှိမ်နင်းဖို့အတွက် ငါတို့ဆီက နတ်ဘုရင်ခံ တစ်ပါးကို ခမ်းနားသော ကောင်းကင်ခန်းမဆီ လွှတ်ပေးရမယ်။”
ခမ်းနားသော ကောင်းကင်ခန်းမသည် တောင်ဘက်နယ်မြေရှိ အင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်ပြီး အမြဲတစေ ဗိုလ်ကျလွှမ်းမိုးလေ့ ရှိသည်။ တောင်ဘက်နယ်မြေရှိ အင်အားစုများက မလိုလားသည်ကို သိသော်လည်း ၎င်းတို့က နတ်အမိန့်စာကို အတင်းအကျပ် ထုတ်ပြန်ခဲ့၏။
မည်သည့်အဖွဲ့အစည်းမဆို ခမ်းနားသော ကောင်းကင်ခန်းမ၏ အမိန့်ကို မနာခံပါက ၎င်းတို့ကို တောင်ဘက်နယ်မြေမှ နှင်ထုတ်ရန် နည်းလမ်းပေါင်းစုံလည်း ခမ်းနားသော ကောင်းကင်ခန်းမ၌ ရှိနေသည်။
ယွမ်ယုတိက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ
“ဘယ်သူ ကိုယ့်သဘောနဲ့ကိုယ် သွားချင်လဲ။”
ယွမ်ယုတိ၏ စကားအဆုံးတွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သည့်အသံမှ မထွက်ပေါ်လာတော့ချေ။ မည်သူမှ မသွားချင်ကြကြောင်း ထင်ရှားလှ၏။
အကယ်၍ နတ်ဆိုးဧကရာဇ် တကယ် ပြန်ရောက်လာခြင်း ဖြစ်ပါက နတ်ဘုရင်ခံ တစ်ပါးပင်လျှင် ဒုက္ခရောက်သွားရန် သေချာသလောက် ရှိသည်။
ထို့ပြင် ထိုနတ်ဆိုးဧကရာဇ် ဆိုသူသည် နတ်ဧကရာဇ် အဆင့်ရှိသည်ဟု ကျော်ကြားသူ ဖြစ်၏။ ကစဉ့်ကလျား ပင်လယ်မှ ပြန်လာချိန်တွင် စွမ်းအားများ ကျဆင်းသွားနိုင်သော်လည်း ဆင်ပိန်သည် ကျွဲထက်တော့ ကြီးသည် ဟူသော စကားအတိုင်း ကျန်ရှိနေသော အစွမ်းဖြင့်ပင် နတ်ဘုရင်ခံ တစ်ပါးကို သတ်ရန်က သူမအတွက် အလွန် လွယ်ကူပေလိမ့်မည်။
စစ်ပွဲအတွင်း သူမနှင့် တိုက်ရိုက် မတွေ့ဆုံနိုင်ဟု ဆိုသော်လည်း မည်သူက အတပ်ပြောနိုင်မည်နည်း။ နတ်ဆိုးဧကရာဇ်နှင့် စစ်ခင်းရာတွင် ပါဝင်မိသည်နှင့် သူမနှင့် ဆုံတွေ့ကာ အသက်ဆုံးရှုံးရနိုင်ခြေ ရှိသည်။
မည်သူမှ မသွားလိုကြသည်ကို မြင်လျှင် ယွမ်ယုတိက တည်ငြိမ်စွာဖြင့်
“ဘယ်သူမှ ကိုယ့်သဘောနဲ့ကိုယ် မသွားချင်ဘူးဆိုရင်တော့ ဒီကိစ္စကို ခဏ ဆိုင်းငံ့ထားကြတာပေါ့။ ခမ်းနားသော ကောင်းကင်ခန်းမက သံတမန် လွှတ်လိုက်တဲ့ အချိန်ကျမှပဲ ဘယ်သူ့ကို လွှတ်မလဲဆိုတာ ဆုံးဖြတ်ကြမယ်။”
ယွမ်ယုတိသည်လည်း နတ်ဆိုးဧကရာဇ်အား တိုက်ခိုက်ရန် သူမ၏ လူများကို မလွှတ်ချင်ပေ။ ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးအား တိုက်ခိုက်ရန် ထျန်းရန် နတ်ဘုရား နယ်မြေရှိ အထက်တန်းလွှာ အင်အားစုများ စုစည်းနေကြသော်လည်း ထိုအရာက သေတွင်းထဲ ခုန်ဆင်းနေခြင်း ဟုသာ သူမ ထင်မြင်မိ၏။
နတ်ဆိုးဧကရာဇ်၏ အစွမ်းများ အပြည့်အဝ မရရှိသေးသဖြင့် ထျန်းရန် နတ်ဘုရား နယ်မြေရှိ ထိပ်တန်း အင်အားစုများ စုပေါင်း၍ သူမကို နှိမ်နင်းနိုင်ကောင်း နှိမ်နင်းနိုင်ပေလိမ့်မည်။ သို့သော် ၎င်းအတွက် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ရမည်မှာတော့ အမှန်ပင်။
ယွမ်ယုတိက
“ဒီနေ့အတွက်တော့ ဒီလောက်ပဲ”
ယွမ်ယုတိ၏ စကားကို ကြားလျှင် ခန်းမအတွင်းရှိ အကြီးအကဲများ အားလုံး သူမကို ဂါရဝပြုကာ ခန်းမထဲမှ ထွက်ခွာသွားကြ၏။ သူတို့အားလုံး ထွက်သွားပြီးနောက် လုချန်း၏ တည်နေရာကို သိနိုင်ရန် ကျောက်စိမ်းပြား တစ်ခုကို ယွမ်ယုတိ ထုတ်လိုက်ပြီး လှုပ်ရှားလိုက်သည်။
လုချန်းကို သူမ ပေးထားသည့် အသက်ကယ် ကျောက်စိမ်းလိပ်တွင် တည်နေရာ ရှာဖွေခြင်းနှင့် ပုံရိပ်လွှင့်ခြင်း နည်းဗျူဟာ ပုံစံတို့ ပါဝင်သည်။ သတ်မှတ်ထားသော ကျောက်စိမ်းပြားကို အသုံးပြု၍ လှုပ်ရှားလိုက်ပါက အကွာအဝေး တစ်ခုအတွင်း၌ လုချန်း၏ တည်နေရာကို ရှာဖွေနိုင်ရုံသာမက သူ့ရှေ့တွင် ပုံရိပ်ယောင် တစ်ခုကိုပါ ဖန်တီးနိုင်သည်။
ကျောက်စိမ်းပြားကို လှုပ်ရှားလိုက်ပြီးနောက် လုချန်း၏ ပင်မကိုယ် ရှိနေသော အခန်းထဲ၌ သူမ၏ ပုံရိပ်ယောင် ပေါ်လာခဲ့၏။ ထိုအခိုက်အတန့်တွင် လုချန်းသည် ရှောင်ရွှီရင်၏ ခါးကို ဖက်ကာ စနောက်နေ၏။
မျက်စိရှေ့မှ မဖွယ်မရာ မြင်ကွင်းကို မြင်လျှင် ယွမ်ယုတိ၏ မျက်နှာ ချက်ချင်းဆိုသလို မည်းမှောင်သွားသည်။ ထို့နောက် သူမ၏ ကိုယ်ပေါ်မှ ဖိအားများ တိုးထွက်လာပြီး လုချန်းကို ရှောင်ရွှီရင် ပေါ်သို့ တွန်းချလိုက်၏။
ရှောင်ရွှီရင်လည်း မအောင့်နိုင်ပဲ အသံထွက်၍ အော်ဟစ်လိုက်မိသည်။ ထိုအသံကို ကြားလျှင် ယွမ်ယုတိ၏ မျက်နှာ ပို၍ပင် တင်းမာသွား၏။
ယွမ်ယုတိ၏ နတ်အာရုံ ပုံရိပ်ယောင် ပေါ်လာသည်ကို မြင်လျှင် လုချန်း ခဏ မှင်တက်သွားသည်။ ဤကိစ္စကို သူ လုံးဝ မေ့လျော့နေခဲ့ခြင်း ဖြစ်၏။
ယွမ်ယုတိ ပေးထားသော အသက်ကယ် ကျောက်စိမ်းလိပ်သည် သူ့ကို အကာအကွယ် ပေးနိုင်ရုံသာမက သူမ၏ နတ်အာရုံ ပုံရိပ်ယောင်ကိုလည်း သူ့ရှေ့သို့ ချက်ချင်း ရောက်ရှိစေနိုင်သည် မဟုတ်ပါလား။
ဖိအားများကို အံတုရင်း လုချန်းက ယွမ်ယုတိ၏ အေးစက်သော မျက်နှာကို လှည့်ကြည့်ကာ
“ဆ... ဆရာ... ဘာလို့ ဒီကို ရောက်နေတာလဲ”
ယွမ်ယုတိက လုချန်းကို အေးစက်စွာဖြင့်
“မင်းလေ့ကျင့်နေတယ် ဆိုတာက ဒီလိုပုံစံမျိုးပေါ့လေ။”
ယွမ်ယုတိ၏ စကားကြောင့် ရှောင်ရွှီရင် အလွန် တုန်လှုပ်သွားပြီး လုချန်းကို တင်းတင်းကျပ်ကျပ် ဖက်ထားမိ၏။ သို့သော် ထိုကဲ့သို့ အခြေအနေမျိုးတွင်ပင် သူမ၏ စွမ်းအားအားလုံးကို အသုံးပြု၍ ယွမ်ယုတိ၏ ဖိအားကို အံတုကာ
“နန်းတော်သခင်... ဒါတွေအားလုံးက ကျွန်မ မောင်လေးချန်းကို မြူဆွယ်ခဲ့လို့ ဖြစ်တာပါ။ သူ့မှာ ဘာအပြစ်မှ မရှိပါဘူး။ ကျေးဇူးပြုပြီး သူ့ကို အပြစ်မပေးပါနဲ့။”
ထိုအရာကို ကြားလျှင် ယွမ်ယုတိ၏ မျက်ခုံး များ အနည်းငယ် တွန့်သွား၏။ လျှို့ဝှက်လဝန်းနန်းတော်ကို တည်ထောင်ပြီးကတည်းက လုချန်းမှလွဲ၍ အမျိုးသား တပည့် တစ်ဦးမှ လက်မခံခဲ့သော်လည်း နန်းတော်တွင် အဖော်ရှာခြင်းကို မည်သည့်အခါကမှ တားမြစ်ထားခြင်း မရှိခဲ့ပေ။
အကယ်၍ ရှောင်ရွှီရင်က တကယ် ဦးဆောင်ခဲ့ခြင်း ဖြစ်ပါက နန်းတော်သခင် တစ်ဦးအနေနှင့် သူမကို ဘာမှပြောစရာ မရှိပေ။
သို့သော် အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ချန်းလုနှင့် ရှောင်ရွှီရင်တို့၏ မဖွယ်မရာ အပြုအမူကို မြင်ရခြင်းက သူမ၏ နှမဖြစ်သူအား အလိုအလျောက် သတိရမိစေသည်။ အခြားသူများကို သူမ ဂရုမစိုက်သော်လည်း သူမ၏ တပည့်ဖြစ်သူကိုတော့ လုချန်းကဲ့သို့ ဖြစ်သွားခွင့်ပေးမည် မဟုတ်ချေ။
ယွမ်ယုတိက လုချန်းကို အေးစက်စွာ စိုက်ကြည့်ကာ
“ယောက်ျားတစ်ယောက် ဖြစ်ပြီးတော့ မင်းရဲ့အပြစ်ကို မိန်းမတစ်ယောက်က တာဝန်ယူပေးတာကို ကြည့်နေတော့မလို့လား။”
ထိုအခါ လုချန်းက အံကို ကြိတ်ကာ
“ကျုပ်နဲ့ စီနီယာအစ်မ ရှောင်တို့က တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးကြတာပါ။ ဒါက ဘာအပြစ်ရှိလို့လဲ။”
လုချန်းက သူမကို ပြန်၍ ဆင်ခြေပေးနေသည်ကို မြင်လျှင် ယွမ်ယုတိ ပို၍ ဒေါသထွက်လာကာ သူမ ထုတ်လွှတ်လိုက်သည့် ဖိအားများလည်း ပို၍ ပြင်းထန်လာ၏။ လုချန်းက ဆက်လက်၍
“ကျုပ်မှာ... အပြစ်မရှိပါဘူး။ ဆရာ ခွင့်ပြုပေးဖို့ပဲ တောင်းဆိုပါတယ်”
လုချန်း၏ နောင်တမရသော အမူအရာကို မြင်ရသဖြင့် ယွမ်ယုတိ ပို၍ပင် ဒေါသထွက်သွားသော်လည်း လုချန်းကို ကိုယ်ထိလက်ရောက် အပြစ်ပေးခြင်း မပြုပဲ
“မင်းတို့ နှစ်ယောက်လုံး အခုချက်ချင်း လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်လာခဲ့ကြ”
ဟု အေးစက်စွာ အမိန့်ပေးလိုက်၏။
စကားအဆုံးတွင် ယွမ်ယုတိ၏ နတ်အာရုံ ပုံရိပ်ယောင် ပျောက်ကွယ်သွားတော့သည်။ ဖိအားများ ကွယ်ပျောက်သွားသဖြင့် သူတို့နှစ်ဦး စိတ်အေးသွား၏။ ရှောင်ရွှီရင် သူမ၏ အနောက်က လုချန်းကို လှည့်ကြည့်ကာ
“မောင်လေး... အခု ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ”
…………
အခန်း (၁၆၅၂ )
လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်ရခြင်း
ရှောင်ရွှီရင်က
“ကျွန်မတို့... တောင်ပိုင်းနယ်မြေကနေ ထွက်သွားရင်ရော ဘယ်လိုလဲ။”
ယွမ်ယုတိနှင့် လုချန်းကြားတွင် ရန်ငြိုးများရှိနေပြီး လက်ရှိတွင် လုချန်း၏ ဇစ်မြစ်ကိုလည်း ထုတ်ဖော်ခြင်း မခံရသေးသဖြင့် ဤအခွင့်အရေးကို အသုံးချကာ လျှို့ဝှက်လဝန်းနန်းတော်မှ သူတို့ ထွက်ခွာသွားသင့်၏။
သူတို့နှစ်ဦးကြား ပတ်သက်မှုကိုသာ သိသွားပြီဖြစ်၍ ယခုတစ်ကြိမ် လျှို့ဝှက်လဝန်းနန်းတော်သို့ လုချန်း ပြန်ရောက်လျှင် မည်သို့သော အပြစ်ဒဏ်မျိုးနှင့် ရင်ဆိုင်ရမည်ကို မည်သူမှ မသိနိုင်ပေ။
အမှန်စင်စစ် လုချန်းအနေနှင့် လျှို့ဝှက်လဝန်းနန်းတော်၌ ဆက်နေရန် မလိုအပ်ချေ။ ထျန်းရန် နတ်ဘုရား နယ်မြေသည် အမှန်တကယ် ကျယ်ပြောလှ၏။ သူတို့ သွားလိုရာအရပ်သို့ သွားနိုင်သည်။
လုချန်းက
“မဟုတ်ဘူး... ကျုပ် လျှို့ဝှက်လဝန်းနန်းတော်မှာပဲ ဆက်နေဦးမယ်။ လုပ်စရာလေးတွေ ကျန်သေးလို့ပါ။”
လုချန်း၏ စကားကို ကြားလျှင် ရှောင်ရွှီရင်လည်း ထပ်မံ၍ ဖျောင်းဖျခြင်း မပြုတော့ပေ။
သူမက သက်ပြင်းတစ်ချက်ချလိုက်ရင်း
“ကောင်းပါပြီ”
စိုးရိမ်စိတ် မပြယ်သေးသည့် ရှောင်ရွှီရင်ကို လုချန်းက ပြုံးပြလိုက်၏။ လုချန်းက
“ခင်ဗျား အရမ်း စိတ်မပူပါနဲ့။ ကျုပ်အကြောင်းတွေ တကယ် ပေါ်သွားပြီး ဆရာမက ကျုပ်ကို သတ်ချင်ရင်တောင် သတ်နိုင်မှာ မဟုတ်ပါဘူး။”
“ကျုပ်အတွက်ကတော့ ဒါက ရုပ်ခန္ဓာတစ်ခုသက်သက်ပဲလေ။”
ထိုအရာကို ကြားလျှင် ရှောင်ရွှီရင်က
“ဒါကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူက ရှင့်ရဲ့ နတ်အာရုံကို တိုက်ခိုက်ရင်ရော။”
နတ်များသည် ရုပ်ခန္ဓာ ပျက်စီးသွားလျှင်လည်း နတ်အာရုံ မပျက်စီးပါက သေဆုံးမည် မဟုတ်ပေ။
သို့သော် နတ်များ၏ တိုက်ခိုက်မှုများသည် နတ်အာရုံကိုပါ ပစ်မှတ်ထားနိုင်စမြဲ ဖြစ်၏။ ရုပ်ခန္ဓာသည် နတ်အာရုံအတွက် အကောင်းဆုံးသော ဒိုင်းကာလက်နက်တစ်ခု ဖြစ်သည်။ ရုပ်ခန္ဓာ ပျက်စီးသွားသည်နှင့် နတ်၏ နတ်အာရုံသည် အလွန်တရာ အားနည်းသွားပြီး အစွမ်းထက်သူများ၏ ချေမှုန်းခြင်းကို အလွယ်တကူ ခံရနိုင်ခြေရှိ၏။
ရှောင်ရွှီရင်၏ ချောမွတ်သည့် ပါးပြင်ကို လုချန်း ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။ သူမ၏ မျက်နှာကို ကြည့်ရင်း လုချန်းက
“ကျုပ်ရဲ့ ရုပ်ခန္ဓာ ပျက်စီးသွားတာနဲ့ နတ်အာရုံက တခြားခန္ဓာကိုယ်ဆီကို ချက်ချင်း ကူးပြောင်းသွားမှာပါ။”
ဖန်တီးခြင်း လမ်းစဉ်ကို လျှောက်လှမ်းပြီး ရုပ်သေးခန္ဓာကိုယ်များကို ဖန်တီးခဲ့ချိန်မှစ၍ သူတွင် ပင်မကိုယ်နှင့် ကိုယ်ပွားကြား ကွာခြားမှု မရှိတော့ကြောင်း လုချန်း သိခဲ့ရ၏။ သူ၏ နတ်အာရုံကလည်း သီးသန့် ခန္ဓာကိုယ်တစ်ခုတည်းတွင် ကိန်းအောင်းနေခြင်း မရှိတော့ချေ။
အခြားသော ကိုယ်ပွားများကို ဖန်တီးသည့်အခါတွင် သူ၏ နတ်အာရုံသည် ကွဲထွက်နေသည့် အခြေအနေသို့ ရောက်ရှိသွားပြီး မည်သည့်နေရာတွင် ကိန်းအောင်းနေသည်ကိုပင် မသိနိုင်တော့ပေ။
ခန္ဓာကိုယ်တစ်ခု ပျက်စီးသွားပါက သူ၏ နတ်အာရုံသည် အခြားခန္ဓာကိုယ်တစ်ခု၌ ချက်ချင်း ပေါ်လာမည် ဖြစ်သဖြင့် သူ၏ ကိုယ်ပွားတစ်ခုခု အသက်ရှင်နေပါက သူ မည်သည့်အခါမှ သေဆုံးမည် မဟုတ်ချေ။
ထို့ကြောင့် ယခု လုချန်းသည် မူလအစစွမ်းအားကို အသုံးပြု၍ ခန္ဓာကိုယ်များ ပိုဖန်တီးရန် ကြိုးစားနေခြင်း ဖြစ်၏။ သို့သော် ထျန်းရန် နတ်ဘုရား နယ်မြေရှိ နိယာမ စွမ်းအားများ၏ ကန့်သတ်မှုကြောင့် ခန္ဓာကိုယ်များ ထပ်မံဖန်တီးရန် မလွယ်ကူလှပေ။ အထူးသဖြင့် ပင်မကိုယ်နှင့် အဆင့်တူညီသည့် ခန္ဓာကိုယ်မျိုးကို ဖန်တီးရန်က ပို၍ ခဲယဉ်းသည်။
လုချန်း၏ စကားကို ကြားရလျှင် ရှောင်ရွှီရင် စိတ်ထဲများစွာ သက်သာရာ ရသွားသည်။
လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်ရမည့် ယွမ်ယုတိ၏ အမိန့်ကို လုချန်း နာခံရန် ပြင်ဆင်ထားသော်လည်း နောက်ထပ် ခြောက်လခန့်အထိ သူ ခရီးစမထွက်ခဲ့ပေ။ ထိုခြောက်လအတွင်း ပင်မကိုယ်နှင့် အဆင့်တူသည့် အခြားခန္ဓာကိုယ်တစ်ခုကို ဖန်တီးနိုင်ရန် သူ အားထုတ်နေခဲ့၏။
ထျန်းရန် နတ်ဘုရား နယ်မြေရှိ နိယာမ စွမ်းအားများ၏ တားဆီးမှုကြောင့် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သူ မအောင်မြင်နိုင် ဖြစ်နေခဲ့သည်။ အောင်မြင်ရန် နီးစပ်သည့် အခိုက်အတန့်တိုင်းတွင် သူ၏ မူလအစစွမ်းအားသည် ရုတ်တရက် ထိန်းချုပ်မရ ဖြစ်သွားပြီး သူ ဖန်တီးနေသည့် ခန္ဓာကိုယ်လည်း နောက်ဆုံးတွင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားရစမြဲ ဖြစ်သည်။
…….
နံနက်ခင်း အချိန်။
အိပ်ဆောင်တံခါးဝတွင် လုချန်း ရပ်နေ၏။ ပြတင်းပေါက်အပြင်ဘက်၌ ကျဆင်းနေသည့် နှင်းများကို ကြည့်ရင်း ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ကို သူ၏ ရင်ခွင်ထဲတွင် ထွေးပွေ့ထားသည်။
ထိုအခိုက်အတန့်တွင် ရှောင်ရွှီရင်က
“ဒီတစ်ခါ ပြန်သွားရင် စီနီယာ ယဲ့ ကို ဘယ်လို ရှင်းပြရမလဲ မသိတော့ဘူး”
လုချန်းကို စောင့်ကြည့်ရန် သူမနှင့် ကောက်ရှီယွမ်တို့ကို ယဲ့ချူယောင်က လွှတ်လိုက်ခြင်း ဖြစ်၏။ သို့သော် စောင့်ကြည့်ရင်းမှပင် လုချန်းနှင့် အတူအိပ်မိကာ သူ၏ မိန်းမများ ဖြစ်သွားခဲ့ကြသည်။
ကောက်ရှီယွမ်ဆိုလျှင် လုချန်း၏ ရင်သွေးကိုပင် လွယ်ထားရပြီ။
ဤအကြောင်းကိုသာ ယဲ့ချူယောင် သိသွားပါက သူတို့ကို ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်းလိမ့်မည်။
လုချန်းက ပြုံးလိုက်ရင်း
“ရှင်းပြစရာလား... ရှင်းပြစရာ ဘာမှမရှိပါဘူး။ ခင်ဗျားတို့ နှစ်ယောက်လုံးမှာလည်း အဖော်မရှိကြဘူးလေ။ ဒါက နှစ်ဦးသဘောတူ ဖြစ်ခဲ့ကြတာပဲ။”
“စီနီယာ ယဲ့ က ဘယ်လောက်ပဲ အာဏာပြပြ ခင်ဗျားတို့ အဖော်ရှာတာကိုတော့ သူ တားဆီးနိုင်မှာ မဟုတ်ပါဘူး။”
ကောက်ရှီယွမ်က
“ဒါပေမဲ့ အဲ့ဒီလိုဆိုရင် စီနီယာ ယဲ့ က ရှင့်ရဲ့ သရုပ်မှန်ကို ပိုပြီး သံသယဝင်လာနိုင်တယ်”
လုချန်းက
“ရပါတယ်... သူ သံသယဝင်ချင်သလောက် ဝင်ပါစေ... ခိုင်လုံတဲ့ အထောက်အထား မရှိပါက ကျုပ်ကို သူ ဘာမှ လုပ်လို့မရပါဘူး။ အထောက်အထား မရှိပဲနဲ့ ကျုပ်ကို သူ အရေးယူရဲမယ်လို့ ကျုပ်မယုံဘူး”
တကယ်တမ်းတော့ သူသည်လည်း ယွမ်ယုတိ၏ တပည့်ရင်း တစ်ဦး ဖြစ်၏။ အထောက်အထား တစ်စုံတစ်ရာ မရှိပဲနှင့် သူ့ကို သတ်ရန် ကြိုးစားခြင်းက ဂိုဏ်းတူတပည့်အချင်းချင်း လုပ်ကြံခြင်းပင် ဖြစ်ပေလိမ့်မည်။
ထိုစဉ် ကောက်ရှီယွမ်၏ ဝမ်းဗိုက်ကို လုချန်း တစ်ချက် ကြည့်လိုက်၏။ ကောက်ရှီယွမ် ကိုယ်ဝန်ဆောင်ထားသည်မှာ ကြာပြီ ဖြစ်သော်လည်း သူမ၏ ဝမ်းဗိုက်၌ ဖောင်းကြွလာသည့် လက္ခဏာ တစ်စုံတစ်ရာ မရှိသေးပေ။
နတ်များ၏ သဘာဝက ထိုသို့ပင် ဖြစ်၏။ ကိုယ်ဝန်ရရန် ခဲယဉ်းလှသလို ကိုယ်ဝန်ရှိခဲ့လျှင်ပင် ရင်သွေးကို ဖွားမြင်ရန် နှစ်ပေါင်းများစွာ ကြာမြင့်တတ်သည်။
ကောက်ရှီယွမ်၏ ဝမ်းဗိုက်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ရင်း လုချန်းက
“ထျန်းရန် နတ်ဘုရား နယ်မြေက မကြာခင် ကစဉ့်ကလျား ဖြစ်တော့မယ်။ ဘယ်နေရာမှလည်း မလုံခြုံတော့ဘူး။ တကယ်လို့ လျှို့ဝှက်လဝန်းနန်းတော်ကတောင် မလုံခြုံတော့ဘူးဆိုရင် ကျုပ် ခင်ဗျားတို့ကို ခေါ်ပြီး ထွက်သွားပါ့မယ်။”
ကောက်ရှီယွမ်၏ ဝမ်းဗိုက်ထဲတွင် ရင်သွေးရှိနေသဖြင့် သူတို့၏ ဘေးကင်းလုံခြုံမှုက လုချန်း၏ ပထမဦးစားပေးဖြစ်၏။
ထိုသို့ ပြောရင်း အမျိုးသမီးနှစ်ဦးကို ပွေ့ဖက်ကာ ကုတင်ပေါ်တွင် လုချန်း ထိုင်လိုက်သည်။ ထို့နောက် ရုပ်သေးခန္ဓာကိုယ်တစ်ခုကို ဖန်တီးရန် သူ ထပ်မံ ကြိုးစားလိုက်ပြန်၏။
သူ၏ ရှေ့တွင် မူလအစစွမ်းအားများ စုစည်းလာသည်နှင့်အမျှ အဖြူရောင် အလင်းလုံးကြီးသည် ခန္ဓာကိုယ်သစ်တစ်ခုအဖြစ်သို့ စဉ်ဆက်မပြတ် ပုံဖော်နေ၏။ သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်ဘုံ လမ်းစဉ်၏ ကန့်သတ်မှုကို လုချန်း ခံစားလိုက်ရပြန်သည်။
ထျန်းရန် နတ်ဘုရား နယ်မြေရှိ နိယာမ စွမ်းအားများသည် သူ့အပေါ်တွင် ကြီးမားသော ဖိအားများ သက်ရောက်စေခဲ့၏။ ဤခန္ဓာကိုယ်ကို ဆက်လက် ဖန်တီးနေခြင်းအား မရပ်တန့်ပါက ဤကမ္ဘာလောကကြီးမှ သူ့ကို နှင်ထုတ်တော့မည့်အတိုင်းပင်။
သို့သော်လည်း လုချန်း လက်မလျှော့ခဲ့ပေ။ မူလအစစွမ်းအားကို ဆက်လက် လှုံ့ဆော်လိုက်ပြီး ထျန်းရန် နတ်ဘုရား နယ်မြေရှိ နိယာမ စွမ်းအားများကို အံတုကာ ခန္ဓာကိုယ်ကို ဆက်ပုံဖော်ခဲ့၏။
လုချန်း၏ မျက်နှာပေါ်မှ ချွေးအေးများကို မြင်လျှင် အမျိုးသမီးနှစ်ဦးလည်း များစွာ စိုးရိမ်ပူပန်သွားကြ၏။ သို့သော်လည်း သူတို့အနေနှင့် မည်သို့မှ ကူညီနိုင်စွမ်း မရှိသဖြင့် ကြည့်ရုံသာ ကြည့်နေနိုင်ကြတော့သည်။
ထိုစဉ် သူ့ အပေါ် သက်ရောက်နေသည့် နိယာမ စွမ်းအားများ၏ ဖိအား ရုတ်တရက် လျော့ပါးသွားသည်ကို လုချန်း ခံစားလိုက်ရ၏။ သူ ဘာမှမလုပ်နိုင်ခင်မှာပင် ရှေ့မှ အဖြူရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး သူ၏ ပင်မကိုယ်နှင့် အဆင့်တူသည့် ခန္ဓာကိုယ်တစ်ခု အခန်းထဲ၌ ပေါ်လာခဲ့၏။
သူ၏ ပင်မကိုယ်နှင့် အဆင့်အတန်းတူသည့် အခြားခန္ဓာကိုယ်တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်သည်ကို မြင်လျှင် လုချန်း ပြုံးလိုက်မိ၏။
နောက်ဆုံးတော့ အောင်မြင်ခဲ့ပြီဖြစ်၏။
ဤကိုယ်ပွားကို အသုံးပြု၍ အခြားနေရာများသို့ သွားကာ နဝမကောင်းကင်တက္ကသိုလ်အကြောင်း သတင်းများ စုံစမ်းရန်နှင့် ရွှမ်ချင်းယွမ်၏ စွမ်းအား ဘယ်လောက်အထိ ပြန်ကောင်းလာသည်ကို သိရန် လုချန်း ရည်ရွယ်ထား၏။
ခန္ဓာကိုယ်အသစ်ကို အဝတ်အစားများ ဝတ်ဆင်ပေးပြီးနောက် အမျိုးသမီးနှစ်ဦးကို လုချန်းက
“ကဲ... အခု လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်ဖို့ ပြင်ကြရအောင်။”
ကောက်ရှီယွမ်က သူမရှေ့ရှိ ခန္ဓာကိုယ်ကို သေချာစွာ ကြည့်လိုက်ရင်း
“ရှင်... ဒီကိုယ်ပွားကို ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ။”
လုချန်းက
“အလယ်ပိုင်းနယ်မြေကို သွားပြီး နတ်ဆိုးဧကရာဇ်အကြောင်း သတင်းတွေ စုံစမ်းဖို့ စိတ်ကူးထားတယ်။”
ကောက်ရှီယွမ်က
“ဒါဆိုရင်လည်း ပြီးတာပါပဲ”
ကောက်ရှီယွမ် ထပ်မမေးတော့ပေ။ ထို့နောက် သူတို့ သုံးဦးစလုံး နတ်လှေပေါ်သို့ တက်ကာ လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်ခဲ့ကြ၏။
ထိုအချိန်တွင်။
လျှို့ဝှက်လဝန်းနန်းတော်။
အစည်းအဝေး ခန်းမ။
ဖန်သားရေခဲပလ္လင်ပေါ်တွင် ယွမ်ယုတိ ထိုင်နေ၏။ သူမ၏ မျက်နှာသည် ညှိုးမှိန်နေပြီး တစ်ကိုယ်လုံးမှလည်း အေးစက်သည့် အငွေ့အသက်များကို ထုတ်လွှတ်နေသဖြင့် သူမ၏ စိတ်အခြေအနေ မကောင်းမှန်း ထင်ရှားသည်။
ထိုစဉ် အစည်းအဝေး ခန်းမထဲသို့ ယဲ့ချူယောင် ဝင်လာပြီးနောက် ယွမ်ယုတိကို ကြည့်ကာ
“ဆရာမ... မောင်လေးကို ပြန်ခေါ်ဖို့ စိတ်မကူးသေးဘူးလား။ အခုတလော သွေးလင်းယုန်ခန်းမက မိစ္ဆာနတ်တွေရဲ့ လှုပ်ရှားမှုတွေက ပိုပြီး စိပ်လာတယ်။ မောင်လေး အပြင်မှာ ရှိနေတာကို သူတို့သာ သိသွားရင် ဧကန်မုချ ပစ်မှတ်ထားကြလိမ့်မယ်။”
ယဲ့ချူယောင် ထိုသို့ပြောလိုက်သော်လည်း ယွမ်ယုတိကတော့ အေးစက်သော မျက်နှာထားဖြင့် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏။
လွန်ခဲ့သည့် ခြောက်လခန့်ကတည်းက လုချန်းကို ပြန်လာရန် သူမ အမိန့်ပေးခဲ့ပြီး ဖြစ်၏။ နှင်းခဲမြို့သည် လျှို့ဝှက်လဝန်းနန်းတော်နှင့် အတန်ငယ် ဝေးကွာသော်လည်း ပြန်လာရန်အတွက် ခြောက်လခန့်အထိ အချိန်မကြာသင့်ပေ။
ခြေကျင်ခရီး မဟုတ်ပဲ နတ်လှေဖြင့် သွားနေခြင်း မဟုတ်ပါလား။
နတ်လှေ၏ သွားနှုန်းနှင့်ဆိုလျှင် လဝက်ခန့်အတွင်း လျှို့ဝှက်လဝန်းနန်းတော်သို့ ရောက်ရှိသင့်နေပြီ ဖြစ်သည်။
ချန်းလုတစ်ယောက် နှင်းခဲမြို့တွင် အပျော်ကြူးနေသဖြင့် သူ ဘယ်သူ့တပည့် ဆိုတာကိုတောင် မေ့လျော့နေပြီဟု သူမ သံသယဝင်နေ၏။
ယဲ့ချူယောင်ကလည်း လုချန်းကို အမြန်ဆုံး ပြန်လာစေချင်နေ၏။ အကြောင်းမှာ တစ်ခုခု မှားယွင်းနေကြောင်း သူမ အာရုံရနေခြင်းကြောင့်ပင်။
ကောက်ရှီယွမ်က သူမထံသို့ လုချန်း၏ သတင်းများ မပို့တာ ကြာပြီ ဖြစ်၏။ အသံလွှင့်ကျောက်စိမ်းကို အသုံးပြု၍ ဆက်သွယ်ရန် ကြိုးစားသော်လည်း ကောက်ရှီယွမ်က တုံ့ပြန်ခြင်း မပြုပေ။
………….
အခန်း (၁၆၅၃ )
ချန်းဘုရင်ပင် မယှဉ်နိုင်သော ပါရမီရှင်
ကောက်ရှီယွမ်နှင့် သူမအကြား တိတ်တဆိတ် ဆက်သွယ်နေမှုကို လုချန်း သိသွားပြီး ကောက်ရှီယွမ်ကို နှုတ်ပိတ်လိုက်လေသလားဟုပင် ယဲ့ချူယောင် သံသယနည်းနည်းဝင်နေ၏။
ထိုအခိုက်အတန့်တွင် ယွမ်ယုတိ က အေးစက်သော မျက်နှာထားဖြင့်
“လွန်ခဲ့တဲ့ နှစ်ဝက်ကတည်းက သူ့ကို ပြန်လာဖို့ ငါ ပြောပြီးသားပဲ။ အခု လမ်းမှာပဲ ရှိနေတုန်း ဖြစ်ရမယ်။”
ထိုအရာကို ကြားလျှင် ယဲ့ချူယောင် အံ့အားသင့်သွား၏။
လွန်ခဲ့သည့် နှစ်ဝက်ကတည်းကလား။
နှင်းခဲမြို့နှင့် လျှို့ဝှက်လဝန်းနန်းတော်က ထိုမျှအထိ မဝေးလှပေ။
ချန်းလုတို့ အဘယ်ကြောင့် ခြောက်လကြာသည်အထိ ပြန်မရောက်သေးသနည်း။
ယဲ့ချူယောင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ
“မိစ္ဆာနတ်တွေက သူတို့ကို့ ခြေရာခံ မိသွားပြီး ဖမ်းဆီးသွားတာများလား။”
“စီနီယာညီမလေး ကောက် မောင်လေး ချန်းနဲ့အတူ လျှို့ဝှက်လဝန်းနန်းတော်ကနေ မထွက်ခွာခင်မှာ ကျွန်မ သူ့ကို အသံလွှင့်ကျောက်စိမ်းတစ်ခု ပေးခဲ့ပါတယ်။ အရင်ကဆိုရင် တစ်ခုခုဖြစ်တာနဲ့ စီနီယာညီမလေး ကောက် က ကျွန်မကို ချက်ချင်း အကြောင်းကြားတတ်တာပါ။”
“ဒါပေမဲ့ အခုတော့ စီနီယာညီမလေး ကောက် က အသံလွှင့်ကျောက်စိမ်းကို သုံးပြီး ကျွန်မကို ဆက်သွယ်တာမျိုး မရှိတော့ဘူး။ ကျွန်မဘက်က ဆက်သွယ်ကြည့်ရင်လည်း သူက တုံ့ပြန်ဘူး။ ဒါကြောင့် မောင်လေး ချန်း တို့ တစ်ခုခု အန္တရာယ်တွေ့နေပြီလားလို့ ကျွန်မ သံသယဖြစ်မိတာပါ။”
ထိုအရာကို ကြားလျှင် ယွမ်ယုတိ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
ထိုသို့ ဖြစ်နိုင်ခြေရှိသည်ဟု သူမလည်း တွေးမိသည်။
မကြာသေးမီက လျှို့ဝှက်လဝန်းနန်းတော် အုပ်ချုပ်သည့် နယ်မြေအတွင်း မိစ္ဆာနတ် အမြောက်အမြား ပေါ်ပေါက်လာခဲ့သည်။ ထိုမိစ္ဆာနတ်များသည် လျှို့ဝှက်လဝန်းနန်းတော်မှ နတ်များနှင့် တွေ့ဆုံတိုင်း တိုက်ခိုက်ခြင်းမပြုပဲ တိုက်ရိုက် ထွက်ပြေးတတ်ကြ၏။
လျှို့ဝှက်လဝန်းနန်းတော်မှ အစွမ်းထက်သူများနှင့် တွေ့၍ မလွတ်နိုင်တော့ပါက ဝိညာဉ်ရှာဖွေခြင်း ခံရမည့် အခြေအနေအထိ အရောက်မခံပဲ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်တတ်ကြသဖြင့် ယခုအချိန်အထိ သွေးလင်းယုန်ခန်းမ၏ ရည်ရွယ်ချက်ကို လျှို့ဝှက်လဝန်းနန်းတော်ဘက်က မသိရသေးပေ။
သို့သော် သွေးလင်းယုန်ခန်းမ၏ ရည်ရွယ်ချက် မည်သို့ပင်ဖြစ်စေ သူတို့၏ လူများ လျှို့ဝှက်လဝန်းနန်းတော် နယ်မြေအတွင်းသို့ ခိုးဝင်လာခြင်းက မကောင်းသော ရည်ရွယ်ချက်ဖြင့် တစ်ခုခုကို ကြံစည်နေတာ ဧကန်မုချ ဖြစ်၏။
သွေးလင်းယုန်ခန်းမမှ ထိုမိစ္ဆာနတ်များက ချန်းလုကို ပစ်မှတ်ထားနေကြခြင်းလား။
ထိုသို့ ဖြစ်နိုင်ခြေရှိသည်ဟု တွေးမိသည်နှင့် ယွမ်ယုတိလည်း မဆိုင်းမတွပဲ မျက်လုံးများကို ပိတ်လိုက်ကာ လုချန်း ရှိရာသို့ သူမ၏ နတ်အာရုံကို စေလွှတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် နတ်လှေပေါ်ရှိ အခန်းတစ်ခန်းအတွင်း၌ ရှောင်ရွှီရင်သည် လုချန်းနှင့်အတူ လဲလျောင်းနေ၏။
ယွမ်ယုတိ၏ နတ်အာရုံ ထိုအခန်းထဲသို့ ရောက်ရှိလာသော်လည်း ရှောင်ရွှီရင် သတိမထားမိပဲ ဆက်လက် လှုပ်ရှားနေဆဲပင်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ယွမ်ယုတိ၏ မျက်နှာမှာ ချက်ချင်း ညိုမည်းသွား၏။ လုချန်းကို သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်များ ဖမ်းဆီးသွားလေသလားဟု သူမ စိုးရိမ်နေခဲ့သော်လည်း ဤလူမိုက်ကတော့ ဤကဲ့သို့ ပြုမူနေခြင်းဖြစ်သည်။
သူမ၏ စိုးရိမ်မှုများက အလကားပင်။
ယွမ်ယုတိ၏ ဖိအားပေးသော အငွေ့အသက်များ အလိုအလျောက် ထွက်ပေါ်လာခဲ့၏။ ထိုဖိအားကို ခံစားလိုက်ရသောအခါမှ ရှောင်ရွှီရင် ရုတ်တရက် သတိဝင်လာပြီး ယွမ်ယုတိကို လှည့်ကြည့်လိုက်သည်။
ယွမ်ယုတိ၏ နတ်အာရုံ ရောက်ရှိလာပြန်သည်ကို မြင်သောအခါ ရှောင်ရွှီရင်လည်း အလိုအလျောက်ပင် အမြန် ထချင်သွားသော်လည်း သူမ၏ ခါးကို လုချန်းက ဖက်ထားသဖြင့် ထ၍မရ ဖြစ်နေ၏။
ထို့ပြင် လုချန်းသည် ယွမ်ယုတိ ရှိနေခြင်းကို အရေးမထားပဲ ပို၍ပင် တက်ကြွနေသေးသည်။
ခဏခန့် ကြာပြီးနောက် လေပူတစ်ချက်ကို လုချန်း မှုတ်ထုတ်လိုက်ရင်း
“ဆရာ...”
ဤမြင်ကွင်းကို ကိုယ်တိုင်မြင်လိုက်ရသော ယွမ်ယုတိ၏ မျက်နှာ လုံးဝ ညိုမည်းသွားပြီး သူမ၏ အငွေ့အသက်များ ပေါက်ကွဲထွက်လာကာ လုချန်းနှင့် ရှောင်ရွှီရင် အပါအဝင် တစ်ခန်းလုံးကို ချက်ချင်းပင် အေးခဲသွားစေ တော့၏။
သူမ ရောက်ရှိလာသည်ကို မြင်သော်လည်း ဤသစ္စာဖောက် တပည့်က ရပ်တန့်ခြင်း မပြုသည့်အပြင် ထိုကိစ္စကို ပြုမူနေစဉ်အတွင်းမှာပင် သူမကို လှမ်းခေါ်နေသေးသည်။
ဒါက ဘာအဓိပ္ပာယ်နည်း။
ဤသစ္စာဖောက် တပည့်က ရှောင်ရွှီရင်ကို သူမဟု ထင်မှတ်နေခြင်းလား။
ထိုသို့ တွေးမိသည်နှင့် ယွမ်ယုတိ၏ စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာ၏။
ယွမ်ယုတိ က အေးစက်စွာဖြင့်
“မင်းက ငါ့ရဲ့ တပည့်ရင်း ဖြစ်နေရုံနဲ့ ငါ့ရှေ့မှာ ဒီလောက်အထိ အတင့်ရဲရဲ လုပ်လို့ရမယ်လို့ ထင်နေတာလား။”
လုချန်းနှင့် ရှောင်ရွှီရင်တို့သည် အေးခဲနေသဖြင့် စကားမပြောနိုင်ကြပေ။ ထို့နောက် ယွမ်ယုတိက လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ သူတို့ကို ဝိုင်းထားသည့် ရေခဲများ ချက်ချင်း ကွဲကြေသွား၏။
အမှန်စင်စစ် လုချန်းနှင့် ရှောင်ရွှီရင်တို့သည် နတ်များ ဖြစ်ကြသဖြင့် နတ်အငွေ့အသက်များက သူတို့ကို အကာအကွယ် ပေးထားသည်။ အဝတ်အစား မရှိသော်လည်း ဤမျှ ရေခဲရိုက်ရုံလောက်နှင့်တော့ သူတို့ အအေးဒဏ် ခံရမည် မဟုတ်ပေ။
သို့သော် ယွမ်ယုတိထံမှ ထွက်ပေါ်လာသည့် ဖိအားက အလွန် ကြီးမားလှသဖြင့် သူမ တကယ် စိတ်ဆိုးနေကြောင်း ထင်ရှားလှ၏။
လုချန်းနှင့် ရှောင်ရွှီရင်တို့ ပုဂ္ဂိုလ်ရေးအရ ပတ်သက်နေကြခြင်းအား သူမ မြင်ရသည့်တိုင်အောင် ဤမျှဒေါသထွက်မည် မဟုတ်ပေ။ ယခင်တစ်ခေါက် နှင်းခဲမြို့သို့ သူမ၏ နတ်အာရုံ ရောက်ရှိစဉ်ကတည်းက သူတို့အကြောင်းကို သိထားပြီး ဖြစ်သည်။
အလွန်ဆုံး လုချန်းသည် ကာမဂုဏ်၌
နစ်မျော နေသူတစ်ဦးဟုသာ သူမ သတ်မှတ်လိမ့်မည်။
ကာမဂုဏ်၌ နစ်မျောရုံမျှဆိုလျှင် လက်ခံနိုင်သေးသော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် သူမကို လှမ်းခေါ်လိုက်ခြင်းက သူမကို စော်ကားလိုက်သလို ခံစားရသဖြင့် စိတ်ဆိုးသွားခြင်း ဖြစ်၏။
ယွမ်ယုတိ တစ်စုံတစ်ခုကို နားလည်မှု လွဲသွားကြောင်း လုချန်း သတိပြုမိလိုက်သဖြင့်
“ဆရာ... ကျုပ် မှားသွားပါတယ်”
ရှောင်ရွှီရင် ကလည်း အလျင်အမြန်ပင်
“နန်းတော်သခင်... ဒါတွေအားလုံးက ကျွန်မအမှားတွေပါ။ အပြစ်ပေးချင်ရင် ကျွန်မကိုပဲ အပြစ်ပေးပါ။”
ရှောင်ရွှီရင် လုချန်းအပေါ် ဤမျှအထိ သစ္စာရှိလိမ့်မည်ဟု ယွမ်ယုတိ မမျှော်လင့်ထားပေ။ သူမ နှာခေါင်းတစ်ချက် ရှုံ့လိုက်မိ၏။
သူမ ရောက်လာသည့် အကြိမ်တိုင်းတွင် ရှောင်ရွှီရင်က အပြစ်ကို သူမကိုယ်တိုင် ခံယူလေ့ရှိသည်။
ရှောင်ရွှီရင်က သူ့ကို တကယ်ချစ်မြတ်နိုးပုံရ၏။
ခဏခန့် စဉ်းစားပြီးနောက် လုချန်း ပြန်ရောက်လာသည့်အခါမှသာ ထိုကိစ္စကို ဆက်လက်ဖြေရှင်းရန် ယွမ်ယုတိ ဆုံးဖြတ်လိုက်သည်။ ယခု ဖြေရှင်းလိုက်ပါက သူ့ကို ခြောက်လှန့်မိပြီး မောင်းထုတ်သလို ဖြစ်သွားနိုင်သောကြောင့်ဖြစ်သည်။
ထို့နောက် ယွမ်ယုတိ က
“မင်းကို အမြန်ပြန်လာဖို့ ငါ အမိန့်ပေးထားတယ်။ အပြင်မှာ ဘာတွေ လုပ်နေတာလဲ။”
လုချန်းက ကြိုတင်ပြင်ဆင်ထားသည့် ဆင်ခြေကို ချက်ချင်း ပြောလိုက်၏။
“ကျုပ် မကြာခင်မှာ အဆင့်တက်တော့မယ့် လက္ခဏာတွေ ရှိနေလို့ ချက်ချင်း ပြန်မလာနိုင်ခဲ့တာပါ။”
သူ၏ လက်ထဲတွင် သက်စောင့်ဝိညာဉ်ဆေးလုံး ရှိနေသဖြင့် တကယ်ပင် အဆင့်တက်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်ရောက်ပြီး နတ်အငွေ့အသက်များ ကြွယ်ဝသည့် နေရာတွင် သက်စောင့်ဝိညာဉ်ဆေးလုံးကို သုံးစွဲလိုက်ပါက ကောင်းကင်နတ် အဆင့်သို့ သူ တက်လှမ်းနိုင်စရာ ရှိသည်။
လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိ၏ ရင်ထဲ တုန်လှုပ်သွား၏။
ဤတပည့်သည် မြေနတ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့တာ နှစ်တစ်ရာပင် မပြည့်သေးပဲ ယခု အဆင့်ထပ်တက်ရန် လက္ခဏာများ ပြနေပြီလား။
သူ၏ ကံစွမ်းအား အလွန်တရာ ကြီးမားကြောင်း သူမ သိသော်လည်း ထိုအရာက နည်းနည်းများလွန်း မနေဘူးလား။
မျက်မှောင် ကြုတ်လိုက်ရင်း ယွမ်ယုတိက
“မင်း လိမ်မပြောဘူးဆိုတာ သေချာလား”
လုချန်းက
“ဆရာ... ကျုပ် လိမ်မပြောပါဘူး။ ကျုပ် တကယ်ပဲ အဆင့်တက်တော့မယ်လို့ ခံစားနေရပါတယ်။”
လုချန်းက ရှင်းပြပြီး ဖြစ်သဖြင့် ယွမ်ယုတိ အနေနှင့် သူ့ကို ချက်ချင်း ဆူပူ၍ မရတော့ပေ။ ဝိညာဉ်နတ် အဆင့်မှ မြေနတ် အဆင့်သို့ နှစ်ပေါင်းနှစ်ရာပင် မပြည့်သေးခင် တက်လှမ်းနိုင်ခဲ့ပြီး ယခု ကောင်းကင်နတ် အဆင့်သို့ ထပ်မံ တက်လှမ်းနိုင်တော့မည်ဖြစ်သည်။
ထိုအရာ တကယ် ဖြစ်လာပါက သူသည် ထျန်းရန် နတ်ဘုရား နယ်မြေ သမိုင်းတစ်လျှောက်တွင် အကြောက်စရာအကောင်းဆုံး ပါရမီရှင် ဖြစ်လာလိမ့်မည်။ ယခင်က ချန်ဘုရင်၏ ပါရမီနှင့်ပင် နှိုင်းယှဉ်၍ ရမည် မဟုတ်ချေ။
လက်ရှိ ထျန်းရန် နတ်ဘုရား နယ်မြေ၏ အခြေအနေသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲနေပြီး ထိန်းချုပ်ရန် ခဲယဉ်းလာနေသဖြင့် လျှို့ဝှက်လဝန်းနန်းတော်တွင် လူစွမ်းကောင်းများ လိုအပ်နေသည်။ သူမ၏ တပည့်သာ အလျင်အမြန် ကြီးထွားလာပါက အပိုဆောင်း စွမ်းအားတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် ဤမျှအထိ မြန်ဆန်လှသည့် ကျင့်စဉ်တိုးတက်မှု အရှိန်အဟုန်က ချန်ဘုရင်၏ အဖြစ်အပျက်ကို အမှတ်ရစေသဖြင့် သူမအား စိုးရိမ်စိတ် ဝင်သွားစေ၏။
ဤအချက်ကို စဉ်းစားပြီးနောက် ယွမ်ယုတိ က လုချန်းကို အမိန့်ပေးလိုက်သည်။
“မင်း ပြန်ရောက်တာနဲ့ ငါ့ရဲ့ ကျင့်စဉ်ဂူထဲမှာ တံခါးပိတ် ကျင့်စဉ် ချက်ချင်းဝင်ရမယ်။”
“တကယ်လို့ ဒီတစ်ခါ ကျင့်စဉ်စခန်းဝင်ပြီး ကောင်းကင်နတ် အဆင့်ကို တကယ် တက်လှမ်းနိုင်ခဲ့ရင် အခု မင်းရဲ့ အမှားတွေကို ငါ ထပ်ပြီး အရေးယူမှာ မဟုတ်တော့ဘူး။”
လုချန်းက အမြန်ပင်
“ကျေးဇူးတင်ပါတယ် ဆရာ”
ထိုနေရာတွင် ယွမ်ယုတိ ရှိမနေတော့ပေ။ လုချန်းနှင့် ရှောင်ရွှီရင်တို့ ပတ်သက်နေကြသည်ကို မြင်ရခြင်းက သူမအတွက် မြင်မကောင်း စရာ ဖြစ်၏။
မကြာမီမှာပင် လျှို့ဝှက်လဝန်းနန်းတော်ရှိ ယွမ်ယုတိ မျက်လုံးများ ပြန်ပွင့်လာသည်။
သူမ မျက်လုံး ပွင့်လာသည်နှင့် တစ်ကိုယ်လုံးမှ အေးစက်လှသည့် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး အစည်းအဝေးခန်းမ တစ်ခုလုံးကို အေးခဲသွားစေ၏။
ယွမ်ယုတိ ရုတ်တရက် ဒေါသထွက်သွားသည်ကို မြင်လျှင် ယဲ့ချူယောင် က ချက်ချင်းပင်
“ဆရာ... ဘာဖြစ်လို့လဲ”
“မောင်လေး တကယ်ပဲ တစ်ခုခုဖြစ်သွားတာလား”