← Chapters

အခန်း (၁၆၅၄-၁၆၅၆)

Vol. 111 Ch. 1654-1656

အခန်း (၁၆၅၄-၁၆၅၆)

Vol. 111 Ch. 1654-1656

အခန်း (၁၆၅၄ )

အပြစ်ကင်းစင်သည့် တပည့်တစ်ဦး

သူမ၏ ဂိုဏ်းတူ မောင်လေး တကယ်ပဲ လုချန်း ဖြစ်နေနိုင်သည်ဟု တွေးမိတိုင်း လုချန်း တစ်စုံတစ်ခု ဖြစ်သွားပါစေဟု ယဲ့ချူယောင်၏ စိတ်ထဲ ဆုတောင်းနေမိသည်။

သူမ လူမှားသတ်မိလျှင်ပင် ပြဿနာ မရှိပေ။ တကယ်လို့ ချန်းလုသာ သူမ၏ ဂိုဏ်းတူ မောင်လေး မဟုတ်ခဲ့ပါက သူမ သူ့ကို အရေးယူပြီးလောက်ပြီ ဖြစ်သည်။

သူမ ကိုယ်တိုင် အရေးယူစရာ မလိုပဲ အခြားတစ်ယောက်ယောက်က ချန်းလုကို ရှင်းလင်းပေးမည်ဆိုလျှင်လည်း အဆင်ပြေသည်။ သူမ၏ ဂုဏ်ဒြပ်ကြောင့် ချန်းလုကို တိုက်ရိုက် အန္တရာယ် မပြုနိုင်သော်လည်း သူ့ထံ အန္တရာယ် တစ်စုံတစ်ခု ကျရောက်လာပါစေဟု ယဲ့ချူယောင်စိတ်ထဲ မျှော်လင့်နေဆဲပင်။

ထိုအခိုက်အတန့်တွင် ယွမ်ယုတိက တည်ငြိမ်စွာဖြင့်

“သူ ဘာမှမဖြစ်ပါဘူး။ သူ အခု ပြန်လာနေပြီ။”

ထိုအရာကို ကြားလျှင် ယဲ့ချူယောင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။

သူ ပြန်လာနေပြီဆိုလျှင် ဆရာက အဘယ်ကြောင့် ဤမျှအထိ ဒေါသထွက်နေရသနည်း။

ယဲ့ချူယောင်က ဆက်လက်၍

“မောင်လေးက ဆရာ စိတ်ဆိုးအောင် တစ်ခုခု လုပ်လိုက်လို့လား။”

ယွမ်ယုတိက သူမ၏ ဒေါသကို ထိန်းချုပ်လိုက်ပြီးနောက်

“ဘာမှမဟုတ်ပါဘူး။ ယောင်ယောင်... မင်းမှာ တခြားပြောစရာ ရှိသေးလား။”

ယွမ်ယုတိ၏ စကားကို ကြားသောအခါ ချန်း လု ယွမ်ယုတိ စိတ်ဆိုးအောင် တစ်ခုခု လုပ်ခဲ့ကြောင်း ယဲ့ချူယောင် အသေအချာ သိလိုက်သော်လည်း ယွမ်ယုတိက ပြောပြရန် ဆန္ဒမရှိသဖြင့် သူမလည်း ဆက်၍ မမေးတော့ပေ။

ယဲ့ချူယောင်က

“ဘာမှ မရှိတော့ပါဘူး”

“တပည့်ကို သွားခွင့်ပြုပါဦး”

ထို့နောက် ယဲ့ချူယောင် ခန်းမကြီးထဲမှ ထွက်ခွာသွားသည်။

မကြာမီမှာပင် လုချန်း ပါလာသည့် နတ်လှေသည် လျှို့ဝှက်လဝန်းနန်းတော်၏ အထက်တွင် ပေါ်လာတော့သည်။ လုချန်းကို အာရုံခံမိသည်နှင့် တစ်ပြိုင်နက် လျှို့ဝှက်လဝန်းနန်းတော်၏ ဝင်ပေါက်တွင် ယွမ်ယုတိ၏ ပုံရိပ် ချက်ချင်း ပေါ်လာ၏။

ထိုအချိန်တွင် လုချန်းသည် ကောက်ရှီယွမ်၊ ရှောင်ရွှီရင် တို့နှင့်အတူ နတ်လှေပေါ်မှ ဆင်းလာနေသည်။

ယွမ်ယုတိက သူ့ကို ကိုယ်တိုင် လာကြိုသည်ကို မြင်သောအခါ လုချန်းက အလျင်အမြန်ပင်

“ဆရာ့ကို ဂါရဝပြုပါတယ်”

ယွမ်ယုတိက အေးစက်စွာဖြင့်

“မင်း ပြန်လာဖို့ သတိရသေးတာပဲလား”

ဝင်ပေါက်မှ ဆူညံသံသည် ယဲ့ချူယောင်၏ အာရုံကိုလည်း ဆွဲဆောင်သွားခဲ့သည်။ ယခုရက်ပိုင်းအတွင်း လုချန်း ပြန်ရောက်လာ တော့မည်ကို သိထားသဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ ဝင်ပေါက်ကို သူမ အနီးကပ် စောင့်ကြည့်နေခဲ့သည်။

ယွမ်ယုတိကို ဤမျှအထိ အမျက်ထွက်စေရန် လုချန်း ဘာတွေ လုပ်ခဲ့သလဲ ဆိုတာကို သူမ အလွန် သိချင်နေမိသည်။

ယွမ်ယုတိ လျှို့ဝှက်လဝန်းနန်းတော် ဝင်ပေါက်သို့ ရောက်ရှိသွားကို ခံစားမိသည်နှင့် ယဲ့ချူယောင်လည်း သူမ၏ ကျင့်စဉ်ဂူထဲမှ အမြန်ထွက်လာခဲ့ပြီး နန်းတော်ဝင်ပေါက်သို့ သွားလိုက်၏။

ထိုအခိုက်တွင် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ နှစ်ဦးလုံး စစ်မှန်သောနတ်အဆင့်သို့ တက်လှမ်းသွားကြသည်ကို ယဲ့ချူယောင် တွေ့ရှိသွားပြီး ယုံကြည်နိုင်ရန် ခက်ခဲသွား၏။

သူမ၏ မြင့်မားသော ပါရမီနှင့် နန်းတော်သခင်၏ တပည့်ရင်း ဖြစ်မှုတို့ကြောင့် သူမနှင့် မျိုးဆက်တူ ပါရမီရှင်များထက် စစ်မှန်သောနတ် အဆင့်သို့ အရင်တက်လှမ်းနိုင်လိမ့်မည်ဟု ယဲ့ချူယောင် ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်ဟူသော ညီမနှစ်ယောက်က သူမကို ဤသို့ ကျော်တက်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

သို့သော် ယဲ့ချူယောင် အလွန် စိတ်ပျက်အားငယ်သွားခြင်းမျိုး မရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူမကိုယ်တိုင်လည်း စစ်မှန်သောနတ်အဆင့်သို့ ရောက်ရန် မဝေးတော့ သောကြောင့်ပင်။

ယဲ့ချူယောင် ထိုသို့ တွေးနေစဉ်မှာပင် ယွမ်ယုတိ၏ ကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ရုတ်တရက် ပေါက်ကွဲထွက်လာရာ ယဲ့ချူယောင် အပါအဝင် ပတ်ဝန်းကျင်ရှိ လူအားလုံး ခေါင်းမဖော်နိုင် ဖြစ်သွားကြသည်။ လုချန်းနှင့် အခြားနှစ်ဦးအပေါ် ကျရောက်နေသည့် ဖိအားသည် ပို၍ပင် ပြင်းထန်၏။ လုချန်းကို ဒူးထောက်ကျသွားစေလုနီးပါးပင် ဖြစ်စေ၏။

ယဲ့ချူယောင် ခဏခန့် မှင်တက်သွားသည်။ ဆရာမ ရုတ်တရက် ဒေါသထွက်သွား ရအောင် ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။

ယွမ်ယုတိက အေးစက်သော မျက်လုံးများဖြင့် ကောက်ရှီယွမ်ကို ကြည့်ကာ

“မင်း ဗိုက်ထဲက ကလေးက ဘယ်သူ့ကလေးလဲ”

ယွမ်ယုတိသည် နတ်ဘုရင် တစ်ဦးဖြစ်သဖြင့် ကောက်ရှီယွမ် ကိုယ်ဝန်ရှိနေသည်ကို သူမအား ဖုံးကွယ်ထား၍ မရနိုင်ပေ။

ကောက်ရှီယွမ် နတ်လှေပေါ်မှ ဆင်းလာစဉ်မှာပင် သူမထံမှ အခြားသော သက်ရှိအငွေ့အသက်တစ်ခုကို ယွမ်ယုတိ အာရုံခံမိလိုက်ခြင်းဖြစ်သည်။ အနည်းငယ် စမ်းစစ်ကြည့်လိုက်သောအခါ ကောက်ရှီယွမ်၏ ဝမ်းဗိုက်ထဲတွင် သက်ရှိငယ်လေးတစ်ခု တကယ်ပင် ကိန်းအောင်းနေကြောင်း သူမ သိသွား၏။

သူမ၏ နတ်အာရုံ လုချန်းထံသို့ ရောက်ရှိစဉ်က လုချန်းနှင့် ရှောင်ရွှီရင်တို့၏ ပတ်သက်မှုကိုသာ သတိပြုမိခဲ့၏။ လုချန်းနှင့် ကောက်ရှီယွမ်တို့လည်း ပတ်သက်မှုရှိကာ ကောက်ရှီယွမ်က လုချန်း၏ ကလေးကိုပင် ကိုယ်ဝန်ဆောင်ထားကြောင်း သူမ မသိခဲ့ပေ။

ယွမ်ယုတိ၏ မေးခွန်းကို ကြားလျှင် ယဲ့ချူယောင် မှင်တက်သွား၏။

ကောက်ရှီယွမ်မှာ ကိုယ်ဝန်ရှိနေတာလား။

သူမမှာ အဖော်မရှိပဲနှင့် ဘယ်လို ကိုယ်ဝန်ရှိနိုင်မည်နည်း။

ခဏ...

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကောက်ရှီယွမ်သည် ချန်းလု အနားမှာပင် ရှိနေခဲ့သည်။

ထိုသို့ဆိုလျှင် သူမ ဗိုက်ထဲက ကလေးက...

ထိုသို့ ဖြစ်နိုင်ခြေရှိသည်ဟု တွေးမိသည်နှင့် ယဲ့ချူယောင်၏ မျက်နှာ ညိုမည်းသွားတော့သည်။

ကောက်ရှီယွမ်ကို ချန်းလုအား စောင့်ကြည့်ရန် စေလွှတ်ခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင် သူမသည် သူ၏ ကလေးကို ကိုယ်ဝန်ဆောင်ထားရလေပြီ။

သူမက ကောက်ရှီယွမ်ကို မီးပုံထဲသို့ တွန်းပို့လိုက်သလို ဖြစ်မသွားပေဘူးလား။

ထိုအခိုက်အတန့်တွင် ကောက်ရှီယွမ်က ချက်ချင်း ဒူးထောက်လိုက်ပြီး

“နန်းတော်သခင်... ကျွန်မကို ခွင့်လွှတ်ပါ။ ဒါတွေအားလုံးက ကျွန်မရဲ့ ဆန္ဒအလျောက်ပါ”

ယွမ်ယုတိ၏ အကြည့်က ကောက်ရှီယွမ်ထံမှ လုချန်းထံသို့ ပြောင်းသွားပြီး

“ဆန္ဒအလျောက် နောက်တစ်ယောက်ပေါ့။ လူတိုင်းက မင်းရဲ့ အဖော်ဖြစ်ဖို့ လိုလိုလားလား ရှိကြရအောင်၊ ဒီအတွက် တာဝန်ကိုတောင် ကိုယ်တိုင်ယူကြရတဲ့အထိ မင်းမှာ ဆွဲဆောင်မှုတွေ ရှိနေမှန်း ငါ ဘာလို့ သတိမထားမိခဲ့တာလဲ။”

ထိုစကားများကို ကြားသောအခါ ယဲ့ချူယောင် အံ့အားသင့်သွားပြန်၏။

နောက်တစ်ယောက် ဟုတ်လား။

ဒါက ရှောင်ရွှီရင်လည်း ချန်းလု၏ ပြုစားခြင်းကို ခံလိုက်ရပြီဟု ဆိုလိုခြင်း ဖြစ်သည်။

ဘုရားရေ...

သူမက သူ့ကို စောင့်ကြည့်ဖို့ လူလွှတ်လိုက်ခြင်းဖြစ်သည်။ သူ့ဆီ မိန်းမတွေ ဆက်သဖို့ မဟုတ်‌ပေ။

သူမ ပို၍ တွေးလေလေ ဤလူ ထိုလူယုတ်မာ ဖြစ်ကြောင်း ပို၍ သေချာလာလေလေပင်။ သူ၏ လုပ်ရပ်များသည် လုချန်းနှင့် အလွန် ဆင်တူလှသည်။

လုချန်းသည် ရောက်လေရာတွင် ချစ်သူရည်စားတစ်ယောက် အမြဲရှိနေသည် မဟုတ်ပါလား။

အရင်က ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့သည် ကျင့်စဉ်ကျင့်ရန်သာ အာရုံစိုက်ခဲ့ကြပြီး နှစ်သန်းထောင်ပေါင်းများစွာအတွင်း အဖော်မရှာခဲ့ကြပေ။

ယခု ဤလူနှင့်အတူ ရှိနေတာ နှစ်တစ်ရာပင် မပြည့်သေးပဲ သူ၏ မိန်းမများ ဖြစ်သွားကြရုံသာမက သူ၏ ကလေးကိုပင် လိုလိုလားလား မွေးဖွားပေးရန် ဆန္ဒရှိနေကြပြီ။

ဝူကျန်းဝမ်သည် သူမ၏ အတိတ်က အိပ်မက်များကို စွန့်လွှတ်ကာ လုချန်း၏ မိန်းမအဖြစ် ဘယ်လို ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်ကို ပြန်လည် သတိရမိသောအခါ ချန်းလုသည် လုချန်း ဖြစ်ကြောင်း သူမ ပို၍ သေချာသွားတော့သည်။

ထိုသို့ တွေးမိသည်နှင့် ယဲ့ချူယောင်၏ ရင်ထဲရှိ ဒေါသများ ထိန်းချုပ်၍ မရနိုင်လောက်အောင် ဖြစ်လာတော့သည်။ သူမ၏ စိတ်ထဲတွင် အသံတစ်ခုက အထပ်ထပ် အခါခါ မြည်ဟီးနေ၏။

“ဒါ သူပဲ။ ဒါ အသေအချာ သူပဲ”

“ဒီကောင်စုတ်ကို သတ်ပစ်”

ယဲ့ချူယောင်၏ ကိုယ်ပေါ်မှ နတ်အငွေ့အသက်များ တလိမ့်လိမ့် တက်လာပြီး သူမ၏ မျက်လုံးများ တဖြည်းဖြည်း နီရဲလာကာ ကျင့်စဉ်လမ်း သွေဖယ်လုနီးပါး အခြေအနေသို့ပင် ရောက်လုနီးပါး ဖြစ်လာသည်။

ထိုစဉ် ရုတ်တရက် အေးစက်သော စွမ်းအားတစ်ခု သူမ၏ ကိုယ်ထဲသို့ စီးဝင်လာပြီး သူမကို ချက်ချင်းပင် တည်ငြိမ်သွားစေခဲ့သည်။

ယွမ်ယုတိသည် အစက လုချန်းကို ဆူပူရန် ရည်ရွယ်ထားသော်လည်း ယဲ့ချူယောင်၏ အငွေ့အသက် တစ်ခုခု မှားယွင်းနေပြီး ကျင့်စဉ်ဖောက်ပြန်တော့မည့်ပုံ ပေါ်နေသဖြင့် ပြတ်ပြတ်သားသား ဝင်ရောက် တားဆီးကာ ယဲ့ချူယောင်ကို စိတ်တည်ငြိမ်စေခဲ့ခြင်း ဖြစ်သည်။

ယဲ့ချူယောင် သတိပြန်ဝင်လာပြီးနောက်တွင်လည်း သူမ၏ အကြည့်များသည် လုချန်းထံ၌သာ စွဲမြဲနေပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေဆဲပင်။

ယဲ့ချူယောင်က ယွမ်ယုတိကို

“ကျေးဇူးတင်ပါတယ် ဆရာ”

ယွမ်ယုတိက တည်ငြိမ်စွာဖြင့်

“မင်း ပြန်သွားပြီး ကျင့်စဉ် ဆက်ကျင့်တော့”

ယဲ့ချူယောင်က

“ဟုတ်ကဲ့ပါ ဆရာ”

ယဲ့ချူယောင်၏ စိတ်ထဲ တွေးနေမိသည်က ချန်းလုသည် လုချန်း ဖြစ်ကြောင်း သူမ သေချာနေသည့်တိုင် ဆရာ ရှိနေသမျှ ကာလပတ်လုံး လုချန်းကို အရေးယူနိုင်မည် မဟုတ်ဟူ‌သော အချက်ပင်။ သူမ နည်းလမ်းတစ်ခုခု စဉ်းစားရန် လိုအပ်သည်။

ထို့ပြင် ယခု ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့သည် လုချန်း၏ မိန်းမများ ဖြစ်သွားကြပြီ ဖြစ်ပြီး သူတို့ နှစ်ဦးလုံးမှာလည်း စစ်မှန်သောနတ်အဆင့်သို့ ရောက်ရှိနေသဖြင့် လုချန်းကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားကြပေလိမ့်မည်။ ဝူကျန်းဝမ်၏ စံနမူနာရှိနေသဖြင့် လုချန်း၏ မိန်းမများ သူ့အပေါ် မည်မျှအထိ သစ္စာရှိသည်ကို ယဲ့ချူယောင် ကောင်းစွာ သိထားသည်။

ဤလူဆိုးကို ဖယ်ရှားရန်အတွက် သူမ အနေနှင့် အလျင်မလိုပဲ ဖြည်းဖြည်းချင်း ဆောင်ရွက်ရပေမည်။ ထိုသို့တွေးတောရင်း ယဲ့ချူယောင် လှည့်ထွက်သွားတော့သည်။

ယဲ့ချူယောင် ထွက်သွားပြီးနောက် ယွမ်ယုတိ၏ အကြည့်က လုချန်းထံသို့ ပြန်ရောက်လာပြီး

“မင်းမှာ ဘာမှပြောစရာ မရှိဘူးလား”

ဟု အေးစက်စွာ မေးလိုက်သည်။

လုချန်းက ပြတ်သားသော မျက်နှာထားဖြင့်

“တပည့်နဲ့ စီနီယာအစ်မ ရှောင်၊ စီနီယာအစ်မ ကောက် တို့က တကယ် ချစ်မြတ်နိုးကြတာပါ။ တပည့်မှာ အပြစ်ကင်းတဲ့ အချစ်စိတ်ပဲ ရှိပါတယ်။”

ယွမ်ယုတိက အေးစက်စွာ တုံ့ပြန်လိုက်သည်။

“အပြစ်ကင်းတဲ့ အချစ်စိတ် ဟုတ်လား... မင်းရဲ့ အချစ်က တစ်ချိန်တည်းမှာ လူနှစ်ယောက်ကို ချစ်နိုင်လောက်တဲ့အထိ တကယ် ဈေးပေါတာပဲ။”

………….

အခန်း (၁၆၅၅ )

ကလေးမှာ အပြစ်မရှိ

အမှန်စင်စစ် နတ်တစ်ပါးအနေနှင့် မယားသုံး လေးယောက် ရှိခြင်းက ပုံမှန် အခြေအနေသာ ဖြစ်၏။ နတ်အမြောက်အမြားသည် လူ့လောက၌ အမျိုးသမီးကျင့်ကြံသူများကို ရှာဖွေကာ သိမ်းပိုက်ထားတတ်ကြတာ ထုံးစံပင်ဖြစ်၏။

အစွမ်း ကြီးမားလှသလို သက်တမ်းမှာလည်း ရှည်လျားလှသဖြင့် နတ်တိုင်းတွင် လမ်းစဉ်ကို လိုက်စားရန် ပြင်းထန်သော ဆန္ဒရှိကြသည်တော့ မဟုတ်ပေ။ နတ်အများစုသည် အဆင့်အတန်းတစ်ခုသို့ ရောက်ရှိပြီးနောက် ရှေ့ဆက်တိုးတက်ရန် ခက်ခဲမှန်း သိသွားကြကာ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းရန်သာ အာရုံစိုက်လာကြ၏။ သို့သော်လည်း နတ်အများစုသည် သူတို့ထက် စွမ်းအားနည်းပါးသော ဇနီးမယားများကိုသာ ရွေးချယ်လေ့ရှိကြသည်။

ထိုမနာခံသော တပည့် လုချန်းကတော့ သူ၏ အစ်မများကို လိုက်လံပိုးပန်းခဲ့သည်။ အရေးကြီးဆုံးအချက်က အစ်မ နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း ပိုးပန်းခဲ့ခြင်းပင်။

လျှို့ဝှက်လဝန်းနန်းတော်မှ နတ်မိမယ်များတွင် အဖော်ရှိခဲ့လျှင်ပင် ထိုအဖော်တွင် သူတို့တစ်ဦးတည်းသာ ရှိရမြဲဖြစ်၏။ ယခုတော့ ထိုမနာခံသော တပည့်က တစ်ပြိုင်နက်တည်း အဖော်နှစ်ဦးကို ရှာဖွေနေပြီဖြစ်သည်။

လျှို့ဝှက်လဝန်းနန်းတော်မှ နတ်မိမယ်များကို ဘယ်လိုလူစားများဟု သူ မှတ်ယူထားသနည်း။

လျှို့ဝှက်လဝန်းနန်းတော်သည် ထိုမနာခံသော တပည့်၏ မိဖုရားဆောင် မဟုတ်ပေ။

ယွမ်ယုတိကို အမျက်အထွက်ဆုံး ဖြစ်စေသည့်အချက်က ထိုသူသည် သူမ၏ တပည့်ရင်း ဖြစ်နေခြင်းပင်။

သူမ၏ ညီမဖြစ်သူကြောင့် ချစ်မှုရေးရာ ပတ်သက်မှုများကို ယွမ်ယုတိ အလွန် ရွံရှာမုန်းတီး၏။ လျှို့ဝှက်လဝန်းနန်းတော်မှ နတ်မိမယ်များ အဖော်ရှာခြင်းအား သူမ မတားမြစ်သော်လည်း သူမ၏ တပည့်ရင်းများအပေါ်တွင်တော့ မျှော်လင့်ချက် တစ်မျိုးထားရှိသည်။

သူမ၏ တပည့်ရင်းများကို ချစ်မှုရေးရာများထဲတွင် နစ်မြောမနေစေလိုပဲ ကျင့်စဉ်လမ်းပေါ်တွင်သာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကာ လမ်းစဉ်ကိုသာ အာရုံစိုက်စေလိုခြင်း ဖြစ်၏။ ထို့ကြောင့် လုချန်း၏ လုပ်ရပ်များက ယွမ်ယုတိကို အမျက်ချောင်းချောင်း ထွက်စေခဲ့သည်။

ကြီးမားလှသော ဖိအားများအောက်တွင် ရှိနေသော်လည်း လုချန်းက ယွမ်ယုတိကို

“ဆရာ အပြစ်ပေးချင်တယ်ဆိုရင် ဒီတပည့်ကိုပဲ ပေးပါ။ အစ်မ နှစ်ယောက်နဲ့ ဘာမှမဆိုင်ပါဘူး။ သူတို့ကို ပိုးပန်းခဲ့တာလည်း ကျုပ်ပဲ။ အစ်မကောက်ကို ကိုယ်ဝန်ရအောင် လုပ်ခဲ့တာလည်း ကျုပ်ပါပဲ။”

ထိုအရာကို ကြားလျှင် ယွမ်ယုတိ၏ အမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွားကာ

“အနည်းဆုံးတော့ မင်းက တာဝန်ယူရဲသေးတာပဲ။ သူတို့ကို ပစ်မထားဘူးပေါ့။”

“ဒီနေ့ကစပြီး ငါ့ရဲ့ ကျင့်စဉ်ဆောင်မှာ မင်းတံခါးပိတ်ကျင့်စဉ်စခန်း ဝင်ရမယ်။ ကောင်းကင်နတ် အဆင့်ကို မရောက်မချင်း အပြင်ထွက်ခွင့် မရှိဘူး။”

ပြောပြီးသည်နှင့် ယွမ်ယုတိသည် လုချန်းကို စကားပြောခွင့်ပင် မပေးတော့ပဲ အာကာသ တည်နေရာရွှေ့ပြောင်းခြင်းဖြင့် သူမ၏ ကျင့်စဉ်ဆောင်တစ်ခုသို့ တိုက်ရိုက် ပို့ဆောင်လိုက်ကာ ပတ်ပတ်လည်တွင် အတားအဆီးတစ်ခုကိုလည်း ချထားလိုက်၏။

ထိုအရာအားလုံး ပြီးဆုံးသွားသည့်လျှင် ယွမ်ယုတိ၏ အကြည့်က ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ထံသို့ ရောက်ရှိသွားသည်။ သူမ၏ အကြည့်ကို မြင်လျှင် ထိုအမျိုးသမီးနှစ်ဦးက ဒူးထောက်လိုက်ကြပြီး

“နန်းတော်သခင်... ဒါက ကျွန်မတို့...”

သူတို့၏ စကား မဆုံးခင်မှာပင် ယွမ်ယုတိက ကြားဖြတ်ပြောလိုက်သည်။

“မင်းတို့ရဲ့ ပါရမီအရဆိုရင် ကောင်းကင်နတ်အဆင့်ကို ကျော်ဖြတ်ဖို့ အချိန်အတော်ယူရဦးမှာပဲ။ ဒါပေမဲ့ အခုတော့ စစ်မှန်တဲ့နတ်အဆင့်ကို အခုလို မြန်မြန်ဆန်ဆန် ရောက်သွားကြတယ်။ ဒါဟာ သူ့ကြောင့်လား။”

ယွမ်ယုတိသည် လူအ မဟုတ်ပေ။ တစ်ယောက်တည်း အဆင့်တက်သွားခြင်းဆိုလျှင် တိုက်ဆိုင်မှုဟု ယူဆနိုင်သော်လည်း နှစ်ယောက်လုံး ဖြစ်နေခြင်းက ထိုမနာခံသော တပည့်နှင့် ပတ်သက်နေနိုင်ကြောင်း သူမ သိလိုက်၏။

ထိုနှစ်ဦး၏ ပါရမီကို သူမ ကောင်းကောင်းသိသည်။ သူတို့၏ ပါရမီသည် သာမန်မျှသာ ဖြစ်ပြီး အလွန် ထူးချွန်ခြင်းလည်း မရှိသလို ညံ့ဖျင်းခြင်းလည်း မရှိပေ။

လမ်းစဉ်အပေါ်မှာသာ စိတ်နှစ်ထားမည်ဆိုလျှင် အချိန်တန်လျှင် နတ်ဘုရင်များ ဖြစ်လာနိုင်ကြမည် ဖြစ်သော်လည်း သူတို့၏ ပါရမီနှင့်ဆိုလျှင် နတ်ဘုရင် ဖြစ်လာဖို့က ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။

စစ်မှန်သော နတ်အဆင့်သို့ တက်လှမ်းခြင်းမှာလည်း ထိုနည်းတူပင်။

သူတို့၏ ပါရမီနှင့်ဆိုလျှင် နှစ်ပေါင်းသန်းချီ မစောင့်ရပဲ စစ်မှန်သောနတ်အဆင့်သို့ မရောက်နိုင်ပေ။ သို့သော် ယခုတော့ သူတို့သည် အချိန်မတိုင်မီပင် အဆင့်တက်နိုင်ခဲ့ကြပြီ ဖြစ်၏။

ယွမ်ယုတိ၏ မေးခွန်းကို ကြားလျှင် ထိုနှစ်ဦးလည်း ဖုံးကွယ်ထား၍ မရတော့မှန်း သိလိုက်ကြသည်။

ထို့ကြောင့် ကောက်ရှီယွမ်က

“မှန်ပါတယ်... မောင်လေးရဲ့ အကူအညီကြောင့်ပဲ ကျွန်မတို့ အခုလို အဆင့်တက်နိုင်ခဲ့တာပါ။”

ယွမ်ယုတိက စူးစမ်းသော အကြည့်ဖြင့်

“သူက မင်းတို့ကို ဘယ်လိုများ ကူညီပေးခဲ့လို့လဲ။”

ထိုအရာကို ကြားလျှင် အမျိုးသမီးနှစ်ဦး နှုတ်ဆိတ်သွားကြသည်။

လုချန်းက သူတို့ကို မည်သို့ ကူညီခဲ့ကြောင်း ထင်ရှားနေသည် မဟုတ်ပါလား။

သူတို့ တွေဝေနေသည်ကို မြင်လျှင် ယွမ်ယုတိက နားလည်သွားဟန်ဖြင့် မျက်ခုံးအနည်းငယ် တွန့်လိုက်သည်။

ရှောင်ရွှီရင်က

“ဒါက... ဒါက စုံတွဲကျင့်စဉ်ကြောင့်ပါ”

“မောင်လေးက... စုံတွဲကျင့်စဉ်ကို သုံးပြီး ကျွန်မတို့ကို အဆင့်တက်အောင် ကူညီပေးခဲ့တာပါ။”

ရှောင်ရွှီရင်၏ စကားကို ကြားလျှင် ယွမ်ယုတိ တွေးတောမိသွား၏။

ထင်ထားသည့်အတိုင်းပင်...။

သူတို့ ပြောရ ခက်နေသည်ကို မြင်ကတည်းက စုံတွဲကျင့်စဉ်ကြောင့် ဖြစ်နိုင်ကြောင်း သူမ ခန့်မှန်းမိပြီးသား ဖြစ်သည်။ ထိုသို့သော ကိစ္စများသည် နတ်ဘုရားနယ်မြေတွင် သာမန်ပင် ဖြစ်၏။

အချို့သူများသည် သူတို့၏ ပါရမီ တစ်နေရာတွင် တစ်ဆို့နေသည်ဟု ခံစားလာရလျှင် ရှေ့ဆက်တိုးနိုင်တော့မည် မဟုတ်ဟု ယူဆကာ ပျော်ပါးခြင်းဘက်သို့ လှည့်သွားတတ်ကြသည်။ သို့သော်လည်း အဖော်တစ်ဦးရှာကာ စုံတွဲကျင့်စဉ် ကျင့်ကြံပြီးနောက်တွင်တော့ တစ်ခါတစ်ရံ၌ သူတို့၏ အဆီးအတားများကို ကျော်ဖြတ်သွားနိုင်တတ်ကြ၏။

ဟုတ်ပါသည်။ ထိုနည်းလမ်းက အမြဲတမ်း အောင်မြင်သည်တော့ မဟုတ်ပေ။

အများအားဖြင့် ပထမဆုံးအကြိမ် စုံတွဲကျင့်စဉ် ကျင့်ကြံသော နတ်များတွင်သာ တိုက်ဆိုင်စွာဖြင့် ထိရောက်တတ်ခြင်း ဖြစ်သည်။ စုံတွဲကျင့်စဉ်ကိုသာ အားကိုးပြီး အဆင့်တက်ရန် ကြိုးစားသူများကတော့ တိုးတက်မှုမရှိပဲ ဖြစ်နေတတ်သည်က များ၏။

အမျိုးသမီးနှစ်ဦးကို ယွမ်ယုတိ တစ်ချက်ကြည့်လိုက်ပြီးနောက်

“မင်းတို့က သူ့ရဲ့ အဖော်တွေ ဖြစ်သွားပြီဆိုတော့ ငါလည်း အခက်တွေ့အောင် မလုပ်တော့ပါဘူး။ ကျင့်စဉ်ကိုပဲ အာရုံ စိုက်ကြတော့။”

သူမသည် ချစ်မှုရေးရာများကို မုန်းတီးသူဖြစ်သော်လည်း ဤအရာသည် ဖြစ်ပျက်ပြီးသား ကိစ္စတစ်ခု ဖြစ်နေသည့်အပြင် ကောက်ရှီယွမ်တွင်လည်း ရင်သွေး ရှိနေပြီဖြစ်ရာ ယွမ်ယုတိအနေနှင့် လူဆိုးတစ်ယောက် မဖြစ်လိုပေ။

ယွမ်ယုတိ၏ စကားကို ကြားလျှင် အမျိုးသမီးနှစ်ဦး အလွန် ဝမ်းသာသွားကြပြီး

“ကျေးဇူးတင်ပါတယ် နန်းတော်သခင်”

ဟု ဆိုကာ ဂါရဝပြုလိုက်ကြသည်။

ယွမ်ယုတိလည်း ဘာမှထပ်မပြောတော့ပဲ သူမ၏ အိပ်ဆောင်သို့ ချက်ချင်းပင် တည်နေရာရွှေ့ပြောင်း သွားလေတော့သည်။

ယွမ်ယုတိ၏ အငွေ့အသက်များ ပျောက်ကွယ်သွားသည်ကို ခံစားမိမှသာ ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ မြေပြင်မှ ဖြည်းညှင်းစွာ ထလာကြ၏။ ထိုစဉ် ယဲ့ချူယောင်၏ အသံ ထွက်ပေါ်လာသည်။

“အစ်မကြောင့် မင်းတို့ ဒုက္ခရောက်ရတာပါ”

ထိုအခါ အမျိုးသမီးနှစ်ဦး လန့်ဖျပ်သွားကြ၏။ သူတို့သည် လုချန်းကို စောင့်ကြည့်ရန် ယဲ့ချူယောင်က စေလွှတ်ခဲ့သူများ ဖြစ်သော်လည်း နောက်ဆုံးတွင်တော့ လုချန်းနှင့်ပင် ပတ်သက်သွားခဲ့ကြသည်။

ယဲ့ချူယောင်က သူတို့ကို အပြစ်တင်မည်ကိုလည်း သူတို့ စိုးရိမ်မိကြ၏။ ထို့နောက် သူတို့၏ အကြည့်များ အသံလာရာဆီသို့ ရောက်သွားကြသည်။

ရှောင်ရွှီရင်က

“အစ်မနဲ့ ဘာမှမဆိုင်ပါဘူး။ ဒါက ကျွန်မတို့ဘာသာ ဆုံးဖြတ်ခဲ့တာပါ။”

ယဲ့ချူယောင်က

“အဲ့ဒီလူက ကောက်ကျစ်စဉ်းလဲမှန်း သိရက်နဲ့ အဖော်မရှိသေးတဲ့ မင်းတို့နှစ်ယောက်ကို စောင့်ကြည့်ဖို့ အစ်မ လွှတ်ခဲ့မိတယ်။ နောက်ဆုံးတော့ မင်းတို့တွေ သူ ကစားတာကို ခံလိုက်ရပြီ။ ဒါအတွက် မင်းတို့ကို တောင်းပန်ပါတယ်။”

“ညီမလေးကောက်... ညီမလေးရှောင်... စိတ်မပူကြနဲ့။ အစ်မ မင်းတို့အတွက် ကလဲ့စားချေပေးမယ်။”

ဒါက...

ကောက်ရှီယွမ်က

“အစ်မ... ကျေးဇူးပြုပြီး စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ကျွန်မမှာ မောင်လေးရဲ့ ရင်သွေး ရှိနေပြီ။ ကလေးမှာ အဖေမရှိလို့ မဖြစ်ဘူးလေ။”

ထိုအရာကို ကြားလျှင် ယဲ့ချူယောင်၏ စိတ် နှလုံး တုန်လှုပ်သွား၏။

သူမသာ စိတ်ထင်တိုင်းလုပ်ပြီး လုချန်းကို သတ်လိုက်မည်ဆိုပါက ကောက်ရှီယွမ်သည် ဖခင်မဲ့ ကလေးတစ်ဦး၏ မိခင် ဖြစ်သွားရမည် မဟုတ်ပါလား။

ထိုအန္တရာယ်ကောင်ကို သူမ တကယ် ဖယ်ရှားပစ်လိုသော်လည်း ကောက်ရှီယွမ်ကိုတော့ နာကျင်အောင် မလုပ်လိုပေ။

ယဲ့ချူယောင်က ကောက်ရှီယွမ်၏ ဝမ်းဗိုက်ကို တစ်ချက်ကြည့်လိုက်ပြီး

“ညီမလေးကောက်... သူက အန္တရာယ်ရှိတဲ့လူ။ ဒီကလေးကို...”

ယဲ့ချူယောင် စကားမဆုံးခင်မှာပင် ကောက်ရှီယွမ်က

“အစ်မ... ကလေးက အပြစ်မရှိပါဘူး။ ပြီးတော့ ဒါက ကျွန်မကိုယ်တိုင် ရွေးချယ်ခဲ့တာပါ”

ယဲ့ချူယောင် ဘာပြောချင်သည်ကို ကောက်ရှီယွမ် ကောင်းကောင်းသိသည်။ ကလေးကို ဖျက်ချခိုင်းလိမ့်မည်ဟု သူမ ခန့်မှန်းမိပြီးဖြစ်သည်။ သို့သော် သူမ သဘောမတူနိုင်ပေ။

ဒါက သူမနဲ့ လုချန်းတို့၏ ချစ်သက်သေ ရင်သွေး ဖြစ်၏။

သူမက ဘယ်လိုလုပ်ပြီး စွန့်လွှတ်နိုင်မည်နည်း။

ထို့ပြင် နတ်များအဖို့ ကိုယ်ဝန်ရရန် အလွန်တရာမှ ခက်ခဲလှသည်။ အထူးသဖြင့် စစ်မှန်သောနတ်အဆင့်တွင်ဆိုလျှင် အချို့သော နတ်များသည် နှစ်ပေါင်း သန်းချီ သို့မဟုတ် သန်းထောင်ပေါင်းများစွာ ကြာမြင့်သည်အထိ ရင်သွေး မရရှိနိုင်ကြပေ။

သူမက ဘယ်လိုလုပ်ပြီး ဖျက်ချဖို့ ဆုံးဖြတ်နိုင်မည်နည်း။

ယဲ့ချူယောင်လည်း ထိုအရာကို နားလည်သည်။ ကောက်ရှီယွမ်သည် လုချန်းကို မနှစ်သက်ခဲ့လျှင်ပင် ကလေးကိုတော့ ဖျက်ချလိမ့်မည် မဟုတ်ပေ။

ကောက်ရှီယွမ်နှင့် သူမ၏ ရင်သွေးကြောင့်ပင် ထိုအန္တရာယ်ကောင်ကို သူမ တကယ်ပဲ လွှတ်ပေးရတော့မှာလား။ သူက ဝူကျန်းဝမ် သေဆုံးရမှုအတွက် အဓိက တာဝန်ရှိသူ မဟုတ်ပါလား။

ထိုအခိုက်အတန့်တွင် ယဲ့ချူယောင်က

“တစ်နေ့ကျရင် သူက ဘယ်လိုလူစားမျိုးလဲဆိုတာ မင်း သိလာမှာပါ။”

ထိုသို့ပြောပြီးနောက် ယဲ့ချူယောင် လှည့်ထွက်သွားလေတော့သည်။

………….

အခန်း (၁၆၅၆ )

မူမမှန်သော မြို့တစ်မြို့

သူမ ဘာပြောပြော ထူးခြားလာမည်မဟုတ်ကြောင်း ယဲ့ချူယောင် သိနေ၏။ ထိုစဉ်က ဝူကျန်းဝမ်သည်လည်း ဝိညာဉ်စစ်သည် နိုင်ငံတော် သခင် ရာထူးနေရာကို အလွန် စွဲလမ်းခဲ့သော်လည်း နောက်ဆုံးတွင်တော့ ထိုအန္တရာယ်ကောင်အတွက်နှင့် အရာအားလုံးကို စွန့်လွှတ်ခဲ့သည်။

သေမင်းထံသို့ ဦးတည်နေသည့် ကစဉ့်ကလျား ပင်လယ်ထဲသို့ပင် သူနှင့်အတူ လိုက်ပါသွားဖို့ သူမ ဆုံးဖြတ်ခဲ့သည်။

ဝူကျန်းဝမ်တစ်ယောက်တည်း မဟုတ်ပေ။ ထိုလူယုတ်မာကောင်နှင့် ပတ်သက်သမျှ အမျိုးသမီးတိုင်းလည်း ထိုနည်းတူပင် ဖြစ်၏။

သူပိုင်ဆိုင်သော အမျိုးသမီးများ အမြောက်အမြားရှိပြီး ထိုသူများထဲတွင် အင်အားကြီးအဖွဲ့အစည်းများမှ သူတော်စင်မများနှင့် မင်းသမီးများကဲ့သို့ အဆင့်အတန်းရှိသူများစွာ ပါဝင်နေသည်။

ထိုစဉ်က လုချန်း ရှုံးနိမ့်သွားချိန်တွင်ပင် ထိုအမျိုးသမီးများအနေနှင့် သူတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပြန်ရန် ရွေးချယ်နိုင်သေး၏။ လုချန်းကို ဝိုင်းရံထားသည့် အင်အားကြီးအဖွဲ့အစည်းများကလည်း သူ၏ အမျိုးသမီးများကို အခက်တွေ့အောင် လုပ်ကြမည် မဟုတ်ပေ။

သို့သော် အများထင်ထားသလို မဟုတ်ပဲ ထိုအမျိုးသမီးများသည် လုချန်းကို စွန့်ခွာရန် မရွေးချယ်ခဲ့ကြပေ။ သူတို့သည် တွန့်ဆုတ်နေခြင်းမရှိပဲ ကစဉ့်ကလျား ပင်လယ်ထဲသို့သာ သူနှင့်အတူ လိုက်ပါသွားခဲ့ကြသည်။

ထို့ကြောင့် ထိုလူယုတ်မာကောင်တွင် အမျိုးသမီးများကို ထိန်းချုပ်နိုင်သည့် မိစ္ဆာပညာ တစ်ခုခုရှိရမည်ဟု ယဲ့ချူယောင် အသေအချာ သိနေ၏။ ကောက်ရှီယွမ်နှင့် ရှောင်ရွှီရင်တို့ကို သူမ ကယ်တင်ချင်ပါက လုချန်းထံမှသာ စတင်ရပေမည်။

ကောက်ရှီယွမ်နှင့် ရှောင်ရွှီရင်တို့ကို လုချန်း မည်သို့ ထိန်းချုပ်ထားသည်ကို သိနိုင်မည့် နည်းလမ်းကို သူမ အရင် ရှာဖွေရမည် ဖြစ်သည်။ ထိုသို့သိမှသာ သူတို့ကို ကယ်တင်နိုင်ပြီး သတိပြန်ဝင်လာအောင် လုပ်နိုင်ပေလိမ့်မည်။ သူတို့ကို နိုးထလာစေမည့် နည်းလမ်းကို သူမ တွေ့ရှိသည့်အခါမှသာ ထိုအန္တရာယ်ကောင် လုချန်းကို ရှင်းပစ်ရပေမည်။

ယဲ့ချူယောင် ထွက်ခွာသွားသည်ကို ကြည့်ရင်း ကောက်ရှီယွမ်က စိုးရိမ်တကြီးဖြင့်

“အစ်မယဲ့က မောင်လေးရဲ့ သရုပ်မှန်ကို အတည်ပြုလိုက်ပြီထင်တယ်။”

ချန်းလု၏ အပြုအမူကို ကြည့်ကာ လုချန်း ဟုတ် မဟုတ် ဆုံးဖြတ်ရန် သူတို့နှစ်ဦးကို ယဲ့ချူယောင်က စောင့်ကြည့်ခိုင်းခဲ့ခြင်း ဖြစ်၏။

ယခုတော့ လုချန်းကို စောင့်ကြည့်ရမည့်သူ နှစ်ဦးစလုံး သူ၏ အမျိုးသမီးများ ဖြစ်သွားခဲ့ကြပြီ။

ယဲ့ချူယောင်၏ အမြင်တွင် လုချန်း၏ ကြောက်မက်ဖွယ်ကောင်းသော ဆွဲဆောင်မှုက အဖြေကို ဖော်ပြနေပြီးဖြစ်ရာ ချန်းလု လုချန်းဖြစ်ကြောင်း ရိပ်မိသွားလောက်ပြီဖြစ်သည်။

ရှောင်ရွှီရင်က

“ရပါတယ်... မောင်လေးကို နန်းတော်သခင်က ဂူထဲမှာ ပိတ်ထားတာပဲ။ ကောင်းကင်နတ် အဆင့်ကို မရောက်မချင်း သူ အပြင်ထွက်ခွင့်ရမှာ မဟုတ်ဘူး။ အစ်မယဲ့က သူ့ရဲ့ သရုပ်မှန်ကို သံသယရှိနေရင်တောင် အခုလောလောဆယ် ဘာမှလုပ်လို့ရမှာ မဟုတ်ပါဘူး။”

ကောက်ရှီယွမ် ခဏခန့် စဉ်းစားကြည့်ရာ ထိုစကား အကျိုးအကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရသည်။ လောလောဆယ်တွင် လုချန်း၏ ဘေးကင်းလုံခြုံမှုအတွက် သူတို့ စိုးရိမ်နေရန် မလိုပေ။

ထို့ပြင် ဤခန္ဓာကိုယ် သေဆုံးသွားလျှင်ပင် သူ၏ နတ်အာရုံက အခြားခန္ဓာကိုယ်တစ်ခုတွင် ပေါ်လာလိမ့်မည်ဟု လုချန်းက ပြောခဲ့ဖူးသည်။

ကောက်ရှီယွမ် ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး သူမ၏ ဝမ်းဗိုက်ကို ကြည့်ကာ လက်ဖြင့် အသာအယာ ပွတ်သပ်လိုက်၏။ သူမသည် လမ်းစဉ်ကိုသာ စူးစူးစိုက်စိုက် လိုက်စားမည်ဖြစ်ပြီး တစ်သက်လုံး အဖော်ရှိလာလိမ့်မည် မဟုတ်ဟု လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်ကအထိပင် တွေးခဲ့ဖူးသည်။

မထင်မှတ်ပဲ နှစ်ပေါင်းတစ်ရာပင် မပြည့်သေးခင်မှာပင် လုချန်း၏ ရင်သွေးကို သူမ လွယ်ထားရပြီဖြစ်၏။ ယခုတော့ သူမ၌ သန္ဓေသားကို အသေအချာ ဂရုစိုက်ပြီး လုချန်း၏ ရင်သွေးကို ဘေးကင်းစွာ မွေးဖွားပေးချင်စိတ်သာ ရှိတော့သည်။

ကောက်ရှီယွမ်က

“ညီမလေး... အစ်မ ဒီမှာ ဆက်မနေတော့ဘူး။ ကျင့်စဉ်ဆောင်ကိုပဲ ပြန်တော့မယ်။”

ရှောင်ရွှီရင်က ပြုံးလျက်

“အစ်မ... ဒါဆိုရင် ကျွန်မလည်း လိုက်ခဲ့မယ်လေ”

လုချန်း၏ အမျိုးသမီးများ ဖြစ်လာပြီးနောက် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာလည်း ပို၍ ရင်းနှီးလာခဲ့သည်။

ကောက်ရှီယွမ်က

“ကောင်းပြီလေ”

ထို့နောက်တွင် ရှောင်ရွှီရင်နှင့် သူမတို့သည် အတွင်းစည်း တပည့်များ၏ ကျင့်စဉ်ဆောင်သို့ ပြန်သွားကြ‌တော့သည်။

ထိုအတောအတွင်း။

နှင်းမြင့်မြို့။

လုချန်း၏ ပင်မကိုယ် အမျိုးသမီးနှစ်ဦးနှင့်အတူ ထွက်ခွာသွားပြီးနောက် သူ၏ ကိုယ်ပွား ကတော့ အလယ်ပိုင်းနယ်မြေသို့ ဦးတည်သွားခဲ့သည်။ သို့သော်လည်း အလယ်ပိုင်းနယ်မြေသို့ သွားရာလမ်းတွင် နှင်းခဲမြို့နှင့် ဆင်တူသော မြို့တစ်မြို့ကို သူ ဖြတ်ကျော်ခဲ့ရ၏။

မြေအောက်၌ ရေခဲဓာတ် ဝိညာဉ် စွမ်းအားများ ကြွယ်ဝစွာ ရှိနေသဖြင့် အမြဲတမ်း အေးခဲနေသောကြောင့် ထိုမြို့ကို နှင်းမြင့်မြို့ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

အကြောင်းရင်း တစ်ခုခုကြောင့် နှင်းမြင့်မြို့၌ ထူးဆန်းသော အရာတစ်ခု ရှိနေသည်ဟု လုချန်း ခံစားမိလိုက်၏။ နှင်းခဲမြို့နှင့် မတူပဲ နှင်းမြင့်မြို့သည် သက်ဝင်လှုပ်ရှားမှု နည်းပါးနေသည်ကိုလည်း သူ သတိပြုမိလိုက်သည်။

ကျင့်ကြံသူ အမြောက်အမြား ရှိနေသော်လည်း ထိုသူများအားလုံးသည် အသက်မဲ့နေသကဲ့သို့ ဖြစ်နေကြ၏။ အကျိုးအကြောင်း ဆီလျော်စွာ စဉ်းစားကြည့်လျှင် နှင်းမြင့်မြို့ရှိ ဝိညာဉ် စွမ်းအားသည် နှင်းခဲမြို့ထက် မနည်းပေ။

ဤနေရာရှိ ကျင့်ကြံသူများသည် အလွန်တက်ကြွနေသင့်သော်လည်း အဘယ်ကြောင့် အားလုံးက စိတ်ဓာတ်ကျပုံ ပေါက်နေကြသနည်း။

ထိုအခိုက်အတန့်တွင် အရက်ဆိုင်တစ်ဆိုင်ထဲသို့ လုချန်း ဝင်လိုက်ရာ ဆိုင်၏ အခြေအနေမှာလည်း အလွန်ပင် ခြောက်ကပ်နေကြောင်း မြင်တွေ့လိုက်ရသည်။ ဆိုင်ရှင်နှင့် ဆိုင်အကူများသည် စားပွဲများပေါ်တွင် နွမ်းလျစွာ မှောက်အိပ်နေကြ၏။ လုချန်း ဆိုင်ထဲသို့ ဝင်လာသည့်တိုင်အောင် ကောင်တာတွင်ရှိသော ဆိုင်ရှင်က ဧည့်သည်ရောက်လာသည်ကိုပင် မသိပေ။

လုချန်းက

“ဆိုင်ရှင်... ဆိုင်ဖွင့်လား။ ဈေးမရောင်းဘူးလား”

ဆိုင်အဝင်ဝမှ အသံကို ကြားလျှင် ဆိုင်ရှင်နှင့် ဆိုင်အကူများ တံခါးဝဆီသို့ ပြိုင်တူ ကြည့်လိုက်ကြ၏။ ဆိုင်အဝင်ဝ၌ နတ်အငွေ့အသက်များ ရှိနေသော လူတစ်ဦးကို မြင်လိုက်ရသဖြင့် ထိုသူသည်လည်း ကျင့်ကြံသူတစ်ဦး ဖြစ်ရမည်ဟု သူတို့ ယူဆလိုက်ကြသည်။

ဆိုင်ရှင်လည်း ခဏခန့် မှင်တက်သွားပြီးနောက် ချက်ချင်းပင် ပြုံးလိုက်ကာ ကောင်တာနောက်မှ ထွက်လာပြီး

“ဖွင့်ပါတယ်ခင်ဗျာ။ ထိုင်ပါဦး နတ်ဆရာကြီး။ ဘာများ သုံးဆောင်မလဲ”

လုချန်းက

“ဟင်းလျာစာရင်း ရှိလား”

တုဝေက သူ၏ အာကာသ လက်စွပ်ထဲမှ ကျောက်စိမ်းစာလိပ်တစ်လိပ်ကို အမြန်ထုတ်ယူပြီး လုချန်းကို ပေးလိုက်ကာ

“ရှိပါတယ်ခင်ဗျာ”

ထိုမြင်ကွင်းကို မြင်လျှင် လုချန်း အနည်းငယ် အံ့အားသင့်သွား၏။ နှင်းမြင့်မြို့ရှိ သာမန်အရက်ဆိုင်ပိုင်ရှင် တစ်ဦးပင် အာကာသ လက်စွပ် ပိုင်ဆိုင်ထားသည်။

ထို့ပြင် ဟင်းလျာစာရင်း ပြသရန်အတွက် ပုံရိပ်ယောင် ကျောက်စိမ်းကိုပင် အသုံးပြုနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် နှင်းမြင့်မြို့သည် နှင်းခဲမြို့ထက် ပို၍စည်ကားသင့်ကြောင်း ထင်ရှားသည်။

ထိုသို့ဆိုလျှင် အဘယ်ကြောင့် နှင်းမြင့်မြို့က အခုလို အသက်မဲ့နေရသနည်း။

လုချန်းက တုဝေ၏ လက်ထဲမှ ကျောက်စိမ်းစာလိပ်ကို ယူလိုက်ပြီး ဈေးကြီးသော ဟင်းပွဲအချို့ကို ရွေးချယ်ကာ

“ဒါတွေပေးပါ။ ပြီးတော့ အရက် နှစ်အိုးလည်း ယူခဲ့ပါ”

“ဒါနဲ့... စိတ်ဝိညာဉ် အရက်ရော ရှိလား”

တုဝေက

“ရှိပါတယ်။ ဒါပေမဲ့ နှင်းမြင့်မြို့က စိတ်ဝိညာဉ် အရက်က အခုတလော ဈေးနည်းနည်း ကြီးနေနိုင်ပါတယ်။”

လုချန်းက တွန့်ဆုတ်နေခြင်းမရှိပဲ နတ်အငွေ့အသက်များ ထွက်ပေါ်နေသော နတ်ကျောက်တုံးတစ်တုံးကို ထုတ်လိုက်၏။ နတ်အရှိန်အဝါများ ထွက်ပေါ်နေသော နတ်ကျောက်တုံးကို မြင်လိုက်ရသဖြင့် တုဝေ ခဏခန့် မှင်တက်သွားသည်။

အတွေ့အကြုံရှိသူပီပီ ၎င်းက နတ်ကျောက်တုံး ဖြစ်ကြောင်း သူ သိလိုက်၏။

“နတ်... နတ်ကျောက်တုံး...”

တုဝေက ခါးသက်သက် ပြုံးလိုက်ရင်း

“နတ်ဆရာကြီး... ဒီနတ်ကျောက်တုံးကို ပြန်သိမ်းထားတာ ပိုကောင်းပါလိမ့်မယ်။ ကျုပ်က စွမ်းအားနည်းတဲ့သူဆိုတော့ ဒါကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။ စိတ်ဝိညာဉ် ကျောက်တုံးဆိုရင်ပဲ ရပါပြီ။”

နတ်ကျောက်တုံး၏ တန်ဖိုးသည် စိတ်ဝိညာဉ် ကျောက်တုံးထက် များစွာ သာလွန်သည်။ နတ်တစ်ပါးအတွက် နတ်ကျောက်တုံးသည် အရေးမပါလှသော်လည်း ကျင့်ကြံသူအားလုံးအတွက်မူ ၎င်းသည် ကြီးမားသော ဆွဲဆောင်မှုတစ်ခုပင် ဖြစ်သည်။

ရတနာရှိသူ၌ ဘေးရန်ရှိတတ်သည်ဟူသော စကားကို တုဝေ ကောင်းကောင်း နားလည်၏။

လုချန်း စိတ်ဝိညာဉ် ကျောက်တုံး မထုတ်ရသေးခင်မှာပင် တုဝေက ဆိုင်အကူများကို အမြန်ခိုင်းစေလိုက်ပြီး စိတ်ဝိညာဉ် အရက်အိုးများကို ကိုယ်တိုင် လာရောက် ချပေးတော့သည်။

အရက်အိုးကို ဖွင့်နေသည့် တုဝေ ကို ကြည့်ရင်း လုချန်းက

“ဆိုင်ရှင်... နှင်းမြင့်မြို့က ဘာလို့ အခုလို အသက်မဲ့နေရတာလဲ”

“ဒီလောက် စိတ်ဝိညာဉ် စွမ်းအားတွေ ထူထပ်နေတာပဲ။ ကျင့်ကြံဖို့အတွက် မြင့်မြတ်နယ်မြေတစ်ခု ဖြစ်နေသင့်တာပေါ့။ အရမ်းလည်း စည်ကားနေရမှာ မဟုတ်လား။ လမ်းပေါ်မှာ ကျင့်ကြံသူတွေ အများကြီး မြင်နေရပေမဲ့ ခင်ဗျားဆိုင်က ဘာလို့ အခုလို ခြောက်ကပ်နေရတာလဲ။”

လုချန်း၏ မေးခွန်းကို ကြားလျှင် တုဝေက သက်ပြင်းချလိုက်ပြီး

“နတ်ဆရာကြီးက သူစိမ်းဖြစ်မယ် ထင်တယ်”

လုချန်းက

“ဟုတ်တယ်။ ကျုပ် နှင်းခဲမြို့ကနေ ခုပဲ ရောက်လာတာ”

တုဝေက

“နတ်ဆရာကြီး အဲ့ဒီလို ထင်တာ မဆန်းပါဘူး။ ကျုပ်လည်း နှင်းခဲမြို့ကို ရောက်ဖူးပါတယ်။ တကယ်ကို စည်ကားတဲ့ မြို့ပါပဲ”

“အရင်ကတော့ နှင်းမြင့်မြို့ကလည်း နှင်းခဲမြို့လိုပါပဲ။ ဒါပေမဲ့...”

ဤနေရာတွင် တုဝေ စကားပြတ်သွား၏။ တုဝေ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအချို့ တွေ့လိုက်ရသဖြင့် လုချန်းက

“မပြောနိုင်တဲ့ လျှို့ဝှက်ချက် ရှိလို့လား”

“ဒါဆိုရင်လည်း ကျုပ် ဆက်မမေးတော့ပါဘူး”

လုချန်းသည် ထိုနေ့၏ ပထမဆုံးသော ဧည့်သည်ဖြစ်နေသဖြင့် တုဝေက

“နှင်းခဲမြို့ကို လျှို့ဝှက်လဝန်းနန်းတော်က တိုက်ရိုက် စီမံခန့်ခွဲတာပါ။ ဒါပေမဲ့ နှင်းမြင့်မြို့ကတော့ အခု အဲဒီလို မဟုတ်တော့ဘူး”

“နောက်ပြီး အကြောင်းရင်း တစ်ခုခုကြောင့် နှင်းမြင့်မြို့က ကျင့်ကြံသူ အမြောက်အမြားဟာ အခုတလော သူတို့ရဲ့ ကျင့်စဉ်တွေမှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်။ အရင်က တက်ကြွလှုပ်ရှားခဲ့တဲ့ ကျင့်ကြံသူတွေဟာ အခုတော့ စိတ်ဓာတ်ကျပြီး သူတို့ရဲ့ ကျင့်စဉ်တွေကိုတောင် လျစ်လျူရှုထားကြတယ်။”

“ကျင့်ကြံသူ အမြောက်အမြားလည်း နှင်းမြင့်မြို့ကနေ ထွက်ခွာသွားဖို့ ရွေးချယ်ခဲ့ကြပါပြီ” ဟု ရှည်လျားစွာ ရှင်းပြလိုက်သည်။

All Chapters