← Chapters

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အပိုင်း ၅၅၆ - နိုင်ငံခြားငကြွား လေယာဉ်ဖြင့် ဆင်းသက်လာခြင်း

အကြီးအကဲဝေ့က ရယ်မောရင်း ပြောလိုက်သည်။

"ပုံကြမ်းတစ်ခုတည်းမဟုတ်ဘူး။ ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့ကိုပါ မင်းကို ပေးလိုက်မယ်"

"ဘာ။ ဆောက်လုပ်ရေးအဖွဲ့ ဟုတ်လား"

လုသုန်းခမျာ ခဏမျှ ကြက်သေသေသွားသည်။

အကြီးအကဲဝေ့က ခေါင်းညိတ်ပြလိုက်သည်။

"သူတို့တွေက စတားတက္ကသိုလ် ဗိသုကာဌာနကလေ"

"စတားတက္ကသိုလ် ဗိသုကာဌာန ဟုတ်လား"

လုသုန်း နောက်တစ်ကြိမ် အံ့သြသွားပြန်သည်။

"သူတို့က ကောလိပ်ကျောင်းသားတွေမဟုတ်ဘူးလား"

လုသုန်းခမျာ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

အကြီးအကဲဝေ့ကလည်း ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

"ဒီကောလိပ်ကျောင်းသားတွေကို မင်း အထင်မသေးသင့်ဘူးနော်။ ဒီစီမံကိန်းကို စတားတက္ကသိုလ်မှာ သူတို့ကိုယ်တိုင် ရေးဆွဲခဲ့တာကွ"

အကြီးအကဲဝေ့၏ စကားကို ကြားသောအခါ လုသုန်း၏ မျက်နှာထက်တွင် အံ့သြသွားလေဟန် အမူအရာတစ်ခု ပေါ်လာခဲ့သည်။

"စတားတက္ကသိုလ်... စတားတက္ကသိုလ်ဖြစ်နေပြန်ပြီ။ ဒါက ဘယ်လိုကျောင်းမျိုးပါလိမ့်"

နောက်တစ်နေ့ မနက်စောစောတွင် ယဲ့ချန်း ရိုက်ကွင်းသို့ ရောက်လာခဲ့သည်။

"ဝပ်တွားနေသောကျား ပုန်းအောင်းနေသောနဂါး" ရုပ်ရှင်ရိုက်ကူးရေးကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

လဝက်ခန့် ရိုက်ကူးပြီးနောက် ဤရုပ်ရှင်မှာ ပြီးဆုံးလုနီးပါး ဖြစ်နေချေပြီ။

ယဲ့ချန်းသည် နတ်ဘုရားအဆင့် ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ကြိုးစားအားထုတ်ကြသော သရုပ်ဆောင်များနှင့် ပေါင်းလိုက်သောအခါ ရိုက်ကူးရေးလုပ်ငန်းစဉ်ကား အလွန်မြန်ဆန်သွားခြင်းပင်။

နောက်ဆုံးအပိုင်းမှာမူ အထူးပြုလုပ်ချက်များ ဖန်တီးရန်ပင်။

ယဲ့ချန်းလည်း ဤအလုပ်ကို စတားတက္ကသိုလ်ကျောင်းသားများကို ထပ်မံလွှဲအပ်ခဲ့သည်။

ရွှီချန်းသည် စတားတက္ကသိုလ် ရုပ်ရှင်ဒီဇိုင်းဘာသာရပ်မှ ကျောင်းသားတစ်ယောက်ဖြစ်၏။

သူသည် ငယ်စဉ်ကတည်းက ရုပ်ရှင်များကို နှစ်သက်သဘောကျခဲ့ပြီး အထူးပြုလုပ်ချက်ဖန်တီးခြင်းကို ပို၍ပင် ဝါသနာထုံသည်။

သို့သော် သူကျောင်းတက်နေစဉ် ရုပ်ရှင်ကြည့်ခြင်းနှင့် အထူးပြုလုပ်ချက်ဆော့ဖ်ဝဲလ်များ ဖန်တီးခြင်းတို့ လုပ်ဆောင်ခဲ့ပါသည့်တိုင် မိဘများနှင့် ဆရာများက သူသည် အဓိကလုပ်ရမည့်အလုပ်ကို အာရုံမစိုက်ဘူးဟု ဆိုခဲ့ကြသည်။

သူ စာမေးပွဲပင် ကျခဲ့ဖူးသည်။ ထိုစဉ်က သူ့အဖေမှာ ဒေါသထွက်ပြီး သူ့ကွန်ပျူတာများအားလုံးကို ရိုက်ခွဲပစ်ခဲ့သည်။ယယယယယယ

နောက်ပိုင်းတွင် ထင်ထားသည့်အတိုင်း သူ့စာမေးပွဲအမှတ်များမှာ အသက်မွေးဝမ်းကျောင်းကောလိပ်တစ်ခု၌ နေရာတစ်ခုရရန်ပင် မလုံလောက်ခဲ့ပေ။

အစပိုင်းတွင် သူ့အဖေက သူ့ကို ဦးလေးဖြစ်သူ၏ စားသောက်ဆိုင်၌ စားပွဲထိုးအဖြစ် အလုပ်လုပ်ရန် စီစဉ်ပေးထားသည်။

အကယ်၍ ဘဝက ထိုလမ်းကြောင်းအတိုင်းသာ ဆက်သွားခဲ့မည်ဆိုလျှင် ရွှီချန်းတစ်ယောက် ယခုအချိန်တွင် စားသောက်ဆိုင်၌ စားပွဲထိုးဖြစ်နေချေပြီ။

ကံကောင်းထောက်မ၍ သူ တက္ကသိုလ်ဝင်ခွင့်ရခဲ့သည်။

သူသည် ရုပ်ရှင်နှင့် အန်နီမေးရှင်း အထူးပြုလုပ်ချက်များကို အဆက်မပြတ် လေ့လာဆည်းပူးခဲ့ပြီး နောက်ဆုံးတွင် ရုပ်ရှင်ဒီဇိုင်းဘာသာရပ်၏ အတန်းခေါင်းဆောင် ဖြစ်လာခဲ့သည်။

သူ့ဦးဆောင်မှုအောက်တွင် သူတို့ဖန်တီးထားသော "ဆောင်းဖရဲသီးကြီးကို ရိုက်ခွဲခြင်း" အန်နီမေးရှင်းကားက ဝင်နီရုပ်ရှင်ပွဲတော်တွင် ပထမဆုပင် ရခဲ့သေးသည်။

ယဲ့ချန်းက "ဝပ်တွားနေသောကျား ပုန်းကွယ်နေသောနဂါး" ဒီဇိုင်းကို ရွှီချန်း၏အဖွဲ့ထံသို့ တာဝန်ပေးလိုက်သောအခါ ရွှီချန်းခမျာ အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။

အကြောင်းမှာ ရုပ်ရှင်ကြည့်ပြီးနောက် ဤဇာတ်လမ်းသည် ဟွားနိုင်ငံ၏ သိုင်းရုပ်ရှင်များအတွက် ခေတ်သစ်တစ်ခုကို လမ်းဖွင့်ပေးနိုင်လိမ့်မည်ဟု ခံစားလိုက်ရသောကြောင့်ပင်။

"ဝပ်တွားနေသောကျား ပုန်းကွယ်နေသောနဂါး"ဒီဇိုင်းကို ရွှီချန်းထံသို့ တာဝန်လွှဲပြီးနောက် ယဲ့ချန်းလည်း ကျောင်းထဲက ထွက်လာခဲ့လိုက်သည်။

စုဝမ်ယိသည် နိုင်ငံတကာစီးပွားရေးပွဲတော်တစ်ခုသို့ တက်ရောက်ပြီးနောက် ယနေ့ မိုတုမြို့သို့ လေယာဉ်ဖြင့် ပြန်လာနေပေသည်။

လေယာဉ်ပေါ်တွင် စုဝမ်ယိ၏စိတ်ထဲဝယ် ယဲ့ချန်း၏ ပုံရိပ်များဖြင့်သာ ပြည့်နှက်နေသည်။

ယဲ့ချန်းနှင့် မခွဲနိုင်မခွာရက် ဖြစ်နေကြောင်း သူ(မ)ကိုယ်သူ(မ) သတိထားလိုက်မိသည်။

တစ်ချိန်တည်းမှာပင် ထိုလေယာဉ်ပေါ်၌ ဆံပင်ရွှေရောင်နှင့် အမျိုးသားတစ်ယောက်လည်း ရှိနေချေသည်။

သူသည် စုဝမ်ယိ၏ နံဘေးတွင် ထိုင်နေပြီး သူ့ရွှေရောင်မျက်လုံးများက သူ(မ)ထံသို့ ကျရောက်နေသည်။

စုဝမ်ယိကို ပထမဆုံး မြင်လိုက်ရချိန်ကတည်းက ဤအရှေ့တိုင်းအလှပဂေးလေးကို စွဲလန်းသွားခဲ့ရသည်။

ထိုအမျိုးသားမှာ Mနိုင်ငံမှ ရော်ဘင်ဖြစ်၏။ တာ့မိုင်ရန်ပုံငွေအဖွဲ့၏ ဟွားနိုင်ငံရုံးခွဲကို တည်ထောင်ရန်အတွက် ရုံးချုပ်က သူ့ကို ဟွားနိုင်ငံသို့ စေလွှတ်လိုက်ခြင်းပင်။

တာ့မိုင်ရန်ပုံငွေအဖွဲ့သည် Mနိုင်ငံရှိ ထိပ်တန်းရန်ပုံငွေကုမ္ပဏီဆယ်ခုအနက် တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးလုပ်ငန်းများကို ဖြန့်ကြက်ထားသည်။

သို့သော် ဟွားနိုင်ငံကတော့ လစ်လပ်နေဆဲသာ။

ဤတစ်ခေါက်တွင် ရော်ဘင်ကလည်း အောင်မြင်ချင်သည့် ဆန္ဒထက်ပိုသော အကြောင်းပြချက်များကြောင့် သူကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်ခဲ့ခြင်းပင်။ အရေးကြီးအကြောင်းအရင်းတစ်ခုမှာ စုဝမ်ယိကြောင့်ပင်။

Mနိုင်ငံရှိ စီးပွားရေးပွဲတော်တွင် ရော်ဘင်သည် စုဝမ်ယိ၏ ရုပ်ရည်ကြောင့် ပထမဆုံးတွေ့ဆုံမှုမှာပင် ညှို့ယူဖမ်းစားခံခဲ့ရသည်။

ဤအရှေ့တိုင်းအလှလေး၏ အပြုံးနှင့် လှုပ်ရှားမှုတိုင်းက နတ်ဘုရားမတစ်ပါးနှင့်ပင် တူနေချေသည်။

ထိုအချိန်မှစ၍ ရော်ဘင်သည် ဟွားနိုင်ငံအလှလေးကို အပိုင်ရယူရန် ဆုံးဖြတ်ချက်ချခဲ့သည်။

ဟွားနိုင်ငံရှိ တာ့မိုင်လုပ်ငန်းစု၏ စီအီးအိုတစ်ယောက်အနေနှင့် သူသည် တစ်နှစ်လျှင် ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရှိပြီး ဘီလီယံချီသော ပိုင်ဆိုင်မှုများကိုလည်း ထိန်းချုပ်ထားသည်။

ယခုအချိန်တွင် သူ့ဘဝက သာယာပြည့်စုံနေသောကြောင့် ဤအရှေ့တိုင်းအလှလေးကို လိုက်ပိုးရခြင်းမှာ လွယ်ကူလိမ့်မည်ဟု ထင်ထားသည်။

Mနိုင်ငံကတည်းက ရော်ဘင်သည် စုဝမ်ယိကို စတင်ပိုးပန်းနေပြီဖြစ်သော်လည်း သူ(မ)ဘက်က ငြင်းပယ်ခဲ့သည်။

စုဝမ်ယိက သူ(မ)တွင် ချစ်သူရှိနေပြီဖြစ်ကြောင်း ရော်ဘင်အား ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။

သူ(မ)က သူ(မ)၏ချစ်သူကို အလွန်ချစ်ကြောင်းနှင့် သူ(မ)ကို ထပ်မနှောင့်ယှက်ရန်ပင် ရော်ဘင်ကို ပြောခဲ့သေးသည်။

သို့သော် ရော်ဘင်ကမူ စိုးစဉ်းမျှ ဂရုမစိုက်ပေ။ သူ့အမြင်တွင် ပိုက်ဆံရှိလျှင် မဖြစ်နိုင်တာ ဘာမှမရှိဘူးဟု ခံယူထားသည်။

ထို့ပြင် စုဝမ်ယိ၏ချစ်သူဆိုသည်မှာလည်း ဟွားနိုင်ငံမှ သာမန်လူတစ်ယောက်သာ။

ဟွားနိုင်ငံသားတစ်ယောက်က သူနှင့် မိန်းမတစ်ယောက်ကို ယှဉ်လုနိုင်စွမ်းရှိမည်တဲ့လား။

တာ့မိုင်လုပ်ငန်းစု၏ စီအီးအိုတစ်ယောက်အနေနှင့် သူသည် အခြားသူများထက် သာလွန်သည်ဟု ယုံကြည်ထားသဖြင့် အမြဲမောက်မာနေတတ်သည်။

သူသဘောကျသည့် မိန်းမများဆိုလျှင် သူ့အနေနှင့် အရယူနိုင်သည်ဟု ခံစားမိသည်။

ထိုအရှေ့တိုင်းသားချစ်သူကတော့ ပိုက်ဆံနည်းနည်းပေးလိုက်ရုံဖြင့် ဖယ်ရှားပစ်၍ရနိုင်သည်။

သူ့အမြင်တွင် စုဝမ်ယိသည် အရှေ့တိုင်းနတ်ဘုရားမတစ်ပါးဖြစ်ပြီး သူ မဖြစ်မနေပိုင်ဆိုင်ရမည့်သူ ဖြစ်၏။

သူတို့၏ သူဌေးကိုယ်တိုင်က အရှေ့တိုင်းသူတစ်ဦးကို လက်ထပ်ခဲ့သည်ဖြစ်ရာ သူ အိမ်ပြန်သောအခါ အရှေ့တိုင်းအလှလေးတစ်ယောက်ကို ခေါ်သွားနိုင်မည်ဆိုလျှင် အလွန်ဂုဏ်ယူစရာကောင်းပေလိမ့်မည်။

ရော်ဘင်က ဘေးတွင်ရှိသော စုဝမ်ယိကို လှည့်ကြည့်လိုက်သည်။

"မိန်းကလေးဝမ်ယိ.... ဟွားနိုင်ငံကိုရောက်ရင် ကျွန်တော့်ကို သေချာဂရုစိုက်ပေးပါဦး"

စုဝမ်ယိ၏ တုံ့ပြန်မှုမှာမူ အေးစက်စက်ပင်။

"ကိစ္စသေးသေးမွှားမွှားလေးဆိုရင်တော့ ကျွန်မ ကူညီပေးနိုင်ပါတယ်"

ရော်ဘင်က ပြုံးလိုက်ပြီးနောက် လေလုံးထွားသည့် သူ့ဟန်ပန်ကို လှစ်ဟပြလိုက်သည်။

"ကုမ္ပဏီက ကျွန်တော့်ကို တော်တော်အလေးထားတယ်။ ကျွန်တော်တို့ရဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ မိုတုမြို့က ဘဏ္ဍာရေးအဆောက်အအုံမှာ အထပ်တစ်ထပ်လုံးကို ငှားရမ်းမှာလေ"

ထိုသို့ပြောပြီးနောက် ရော်ဘင်က စုဝမ်ယိကို တမင်တကာ လှမ်းကြည့်လိုက်သည်။

အစပိုင်းတွင် စုဝမ်ယိ၏ မျက်နှာထက်၌ အံ့သြသွားသည့် အမူအရာကို မြင်ရလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။

သို့သော် သူ အလွန်စိတ်ပျက်သွားရသည်မှာ စုဝမ်ယိ၏ မျက်နှာထားက အံ့သြလေဟန် အရိပ်အယောင် အနည်းငယ်မျှပင်မရှိဘဲ အလွန်တည်ငြိမ်နေချေသည်။

"ဒီတစ်ခေါက် ကျွန်တော်တို့အနေနဲ့ ဟွားနိုင်ငံမှာ စီးပွားရေးအင်ပါယာတစ်ခု တည်ထောင်ဖို့ ရည်ရွယ်ထားပါတယ် မိန်းကလေးစု။ ခင်ဗျားရဲ့ကုမ္ပဏီကသာ ကျွန်တော်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် ခင်ဗျားရဲ့နှစ်စဉ်အမြတ်ငွေကို နှစ်ဆလောက်တိုးလာအောင် လုပ်ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်"

စုဝမ်ယိက သူ့ကြွားလုံးများကို အလွန်ရွံရှာစွာ နားထောင်နေခဲ့ပြီး ယဉ်ကျေးသော အပြုံးတစ်ပွင့်ဖြင့်သာ တုံ့ပြန်ခဲ့သည်။

သို့သော် ရော်ဘင်ကမူ တစ်စက်လေးမှ ဂရုမစိုက်ပေ။

ငါ ဟွားနိုင်ငံကိုရောက်လို့ စီးပွားရေးလောကထဲမှာ အံ့မခန်းစွမ်းဆောင်နိုင်တဲ့အခါ မင်းဘာသာ နတ်ဘုရားမတစ်ပါး ဖြစ်နေရင်တောင် ငါ့ကို အညံ့ခံရမှာပဲ...

ဟွားနိုင်ငံသားချစ်သူဆိုတဲ့ကောင်ကရော ငါ့ကို ဘယ်ယှဉ်နိုင်မှာလဲ...

စုဝမ်ယိက သူ(မ)၏ချစ်သူကို စွန့်ပစ်ပြီး သူ့ရင်ခွင်ထဲသို့ ရောက်လာမည့်မြင်ကွင်းကို စိတ်ကူးယဉ်ရင်း ရော်ဘင်၏ မျက်နှာထက်တွင် ကျေနပ်ဂုဏ်ယူနေသော အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

လေယာဉ်ဆင်းသက်ချိန်တွင် ရော်ဘင်က စုဝမ်ယိထံသို့ လျှောက်သွားချေသည်။

"ဝမ်ယိ... မင်းမှာ ချစ်သူရှိတယ်လို့ ပြောခဲ့တယ်နော်။ ဒါပေမဲ့ မင်းရဲ့ချစ်သူက ကျွန်တော်နဲ့ယှဉ်ရင် အမှိုက်တစ်စလောက်ပဲ အဆင့်ရှိတာပါ"

ရော်ဘင်က ယုံကြည်မှုအပြည့်ရှိလေဟန် မျက်နှာထားဖြင့် ပြောလိုက်သည်။

"သူ ဘယ်သူပဲဖြစ်ဖြစ် ဘာအလုပ်ပဲလုပ်လုပ် ကျွန်တော်က သူ့ထက်ပိုသာတယ်ဆိုတာ မင်းသိအောင် သက်သေပြမှာပါ။ ကျွန်တော့်ကိုရွေးချယ်တာကသာ အမှန်ကန်ဆုံးရွေးချယ်မှုနော်"

ရော်ဘင်၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသောဟန်ပန်ကို ကြည့်၍ စုဝမ်ယိခမျာ ဘာပြောရမှန်းပင် မသိတော့ပေ။

သို့သော် သူ(မ) နည်းနည်းတော့ စိုးရိမ်မိသည်။

မည်သို့ပင်ဆိုစေကာမူ ရော်ဘင်သည် သြဇာအာဏာရှိသူတစ်ဦးဖြစ်လေရာ ဟွားနိုင်ငံရှိ သူ့လွှမ်းမိုးမှုကို အသုံးချပြီး ယဲ့ချန်းကို ဖိနှိပ်ကာ ပြဿနာရှာမည်ကိုမူ သူ(မ) စိုးရိမ်မိသည်။

ယဲ့ချန်းက ကျီလီကားတစ်စီးကို မောင်းနှင်လာပြီး ဝင်ပေါက်တွင် စုဝမ်ယိကို စောင့်ဆိုင်းနေခဲ့သည်။

မကြာခင် စုဝမ်ယိကို တွေ့ရတော့မည်ဟု တွေးမိသဖြင့် ယဲ့ချန်း၏ နှုတ်ခမ်းထောင့်စွန်းများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက မြည်လာခဲ့သည်။

"အချစ်... ကျွန်မ လေယာဉ်ပေါ်က ဆင်းတော့မယ်နော်။ မွ"

"ကိုယ်လည်း ရောက်နေပြီ။ မင်းကို စောင့်နေတာ"

ထိုအချိန်တွင် ရော်ဘင်လည်း ချိုမြိန်လှသော ဤစကား​များကို ကြားသွားခဲ့သည်။

သူသည် စုဝမ်ယိ၏ချစ်သူကို မြင်ချင်လှပြီဖြစ်၏။

ရော်ဘင်သည် ထိုဟွားနိုင်ငံသားချစ်သူကို သူတို့နှစ်ယောက်ကြားရှိ ကွာဟချက်ကို ပြသချင်သည်။ ပထမဆုံးတွေ့ဆုံမှုမှာတင် သူ့ကို အပြတ်အသတ်ချေမှုန်းကာ အရှုံး၏ အရသာကို မြည်းစမ်းခိုင်းချင်နေချေသည်။

ဤမြင်ကွင်းကို စိတ်ကူးယဉ်ရင်း ရော်ဘင်၏ နှုတ်ခမ်းထက်တွင် ကောက်ကျစ်သော အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

•••••••••••••••••••••

အပိုင်း ၅၅၇ : စုဝမ်ယိ၏ ရွေးချယ်မှု

ရော်ဘင်သည် လက်ထောက်များခြံရံလျက် ဗီအိုင်ပီထွက်ပေါက်မှ ထွက်လာခဲ့သည်။

ဗီအိုင်ပီထွက်ပေါက်ဆိုသည်မှာ နာမည်ကျော် အနုပညာရှင်များနှင့် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များအတွက်သာဖြစ်ပြီး အဆင့်အတန်းနှင့် ဂုဏ်ကျက်သရေကို ကိုယ်စားပြုပေသည်။

ရော်ဘင်က ထိုဗီအိုင်ပီထွက်ပေါက်မှ ဩဇာတိက္ကမအပြည့်ဖြင့် လျှောက်လှမ်းလာသည်။

နိုင်ငံခြားတော်ဝင်မင်းသားတစ်ပါး ဆင်းသက်လာသည့်အလားပင်။

ထိုအချိန်တွင် ဇိမ်ခံလင်ကွန်းကားရှည်ကြီးတစ်စီးက လေဆိပ်အဝင်ဝ၌ ထိုးရပ်လိုက်လေသည်။

ဤကားက နိုင်ငံပေါင်းများစွာရှိ ခေါင်းဆောင်များစီးနင်းရန် သတ်မှတ်ထားသော ကားအမျိုးအစားပင်။

လင်ကွန်းကားကို ကြည့်ရင်း ရော်ဘင်က သူ့အနောက်ရှိ စုဝမ်ယိကို ဂုဏ်ယူဝင့်ကြွားစွာ လှမ်းကြည့်လိုက်သည်။

"ဒီကားထဲမှာ ဇိမ်ခံရုံးခန်းအသေးလေးတစ်ခုပါတယ်။ အစည်းအဝေးစားပွဲ၊ ဖျော်ဖြေရေးပစ္စည်းတွေအပြင် အထဲမှာ အစည်းအဝေးတောင် လုပ်လို့ရတယ်။ အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်တန်​လေ။ ကုမ္ပဏီက စီစဉ်ပေးထားတာ"

ဤသို့ပြောလိုက်လျှင် စုဝမ်ယိ၏ မျက်နှာပေါ်တွင် အံ့သြမှု၊ အားကျမှု သို့မဟုတ် ကိုးကွယ်ချင်လောက်အောင် အထင်ကြီးသွားခြင်းမျိုးကို မြင်ရလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။

သို့သော် စုဝမ်ယိကမူ သူ့ကားကို တစ်ချက်လေးပင် လှည့်မကြည့်ခဲ့ပေ။ ထို့အစား လူအုပ်ကြီးထဲကိုသာ မျှော်ကြည့်နေသည်။

မကြာခင်မှာပင် သူ(မ)သည် ယဲ့ချန်းကို တွေ့သွားပြီး စိတ်လှုပ်ရှားစွာ ပြေးသွားချေသည်။

စုဝမ်ယိခမျာ ယဲ့ချန်း၏ ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

"အချစ်... လွမ်းလွန်းလို့သေတော့မယ်"

ရော်ဘင် : "..."

သို့သော် ယဲ့ချန်းမောင်းလာသည့် ကားကို မြင်လိုက်ရချိန်ဝယ် သူ့မျက်လုံးထဲတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ထိုကားမှာ ပြည်တွင်းဖြစ်ကားတစ်စီးဖြစ်ဟန်တူပြီး အဆင့်အတန်း အလွန်နိမ့်ကျပုံရသည်။

"ဒါက ဘာကားလဲ"

ရော်ဘင်က အနားရှိ ဟွားနိုင်ငံသား ဝန်ထမ်းတစ်ယောက်ကို မေးလိုက်သည်။

"အဲဒါက ကျီလီကားပါ။ ဟွားနိုင်ငံက အဆင့်နိမ့်ကားတစ်မျိုးပါပဲ။ တန်ကြေးကတော့ တစ်သိန်းပါ"

တစ်သိန်း ဟုတ်လား။

ဤစကားကို ကြားသောအခါ ရော်ဘင်၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက်အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

ထိုအချိန်တွင် ရော်ဘင်၏ လင်ကွန်းကားနားသို့ လူတော်တော်များများ စုရုံးရောက်ရှိနေကြပြီဖြစ်၏။

"ဝိုး.. ဒီကားက အမိုက်စားပဲ"

"တီဗီထဲမှာ ငါ မြင်ဖူးတယ်။ နိုင်ငံ့ခေါင်းဆောင်တွေပဲ ဒီလိုကားမျိုး စီးကြတာ"

"ဒါက ဒိတ်ဒိတ်ကြဲတစ်ယောက်ပဲ ဖြစ်ရမယ်"

ရော်ဘင်မှာမူ ဂုဏ်ယူဝင့်ကြွားနေဟန်ပင်။

'ဟွားနိုင်ငံသားတွေ ငါ့ရှေ့မှာ တုန်လှုပ်ကြစမ်း'

စုဝမ်ယိက ယဲ့ချန်း၏ ရင်ခွင်ထဲသို့ တိုးဝင်ရင်း ချစ်ခင်မြတ်နိုးစွာ ပြောလိုက်သည်။

"အချစ် အရမ်းလွမ်းနေတာ"

"ကိုယ်လည်း လွမ်းနေတာပါ။ သွားကြစို့"

သူတို့နှစ်ယောက် ထွက်ခွာတော့မည့်ဆဲဆဲ ရော်ဘင်က သူတို့၏လမ်းကို ရုတ်တရက်ပိတ်ရပ်လိုက်သည်။

ရော်ဘင်က မောက်မာလှသော လေသံဖြင့် ပြောလိုက်၏။

"မင်းက စုဝမ်ယိရဲ့ချစ်သူပေါ့"

ကံမကောင်းစွာဖြင့် ရော်ဘင်သည် တရုတ်စကားပြောချင်သော်ငြား သူ့တရုတ်စကားပြောစွမ်းရည်မှာ မဆိုးလှပေ။

တစ်ဖက်လူ၏ လေလုံးထွားလေဟန် အမူအရာကို မြင်လိုက်ရသောအခါ ဤနေရာတွင် နောက်ထပ်လေကြွားတစ်ယောက် ရောက်နေပြန်ပြီဖြစ်ကြောင်း ယဲ့ချန်း ချက်ချင်းသိလိုက်သည်။

ထိုလူမှာ ကောင်းကင်ထက်က ဆင်းသက်လာသော နိုင်ငံခြားလေကြွားတစ်ယောက် ဖြစ်နေပေသည်။

အထူးသဖြင့် တစ်ဖက်လူ စုဝမ်ယိကိုကြည့်နေသည့် အကြည့်များကို မြင်လိုက်ရသောအခါ ယဲ့ချန်း အခြေအနေကို ရိပ်မိလိုက်သည်။

ဟူး... မိန်းမချောလေးတွေက တကယ်ပြဿနာရှာတာပဲ။

စုဝမ်ယိ၏ ဆွဲဆောင်မှုအရှိန်အဝါက စင်စစ်အံ့မခန်းပင်။ သူ(မ) သွားလေရာတိုင်း ယောက်ျားများ၏ အာရုံစိုက်မှုကို ရရှိနေတတ်သည်။

ထို့ကြောင့် ယောက်ျားများကို ဆွဲဆောင်နိုင်ခြင်းမှာ အလွန်ပုံမှန်ဆန်သော ကိစ္စတစ်ခု ဖြစ်နေပေသည်။

အခြားယောက်ျားများအတွက်မူ ဖိအားဖြစ်စေနိုင်သော်လည်း ယဲ့ချန်းအတွက်မူ ဘာဖိအားမှ မခံစားရပေ။

တစ်စုံတစ်ယောက်ကသာ သူ့မိန်းမအပေါ် ရည်ရွယ်ချက်ထားရဲမည်ဆိုလျှင် သူ့ဘက်က ခပ်နာနာလေး ရိုက်ချပေးလိုက်မည်သာ။

ယောက်ျားအများစုက သူတို့၏မိန်းမကို အခြားသူများက ပစ်မှတ်ထားလာမည်ကို စိုးရိမ်တတ်ကြသည်။

ထိုသို့ဖြစ်ရခြင်းမှာ သူတို့၏ စွမ်းဆောင်ရည် မလုံလောက်သောကြောင့်ပင်။

စွမ်းဆောင်ရည် လုံလောက်နေလျှင် ထိုသို့သော စိုးရိမ်ပူပန်မှုမျိုး ရှိလာမည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ဤကမ္ဘာပေါ်တွင် မိန်းမချောဆိုသည်မှာ ရှားပါးလှလေရာ တစ်ယောက်ကိုသာ ပိုင်ဆိုင်ထားရမည်ဆိုလျှင် သူ(မ)ကို ကာကွယ်ပေးနိုင်သည့် ခွန်အားမျိုးရှိဖို့ လိုအပ်ပေသည်။

အကယ်၍ မိမိတွင် ထိုသို့သော စွမ်းဆောင်ရည်မရှိလျှင် မိန်းမဖြစ်သူ ဖောက်ပြန်လျှင်လည်း အပြစ်တင်မရချေ။ ဤကမ္ဘာကြီးက ဤမျှပင် လက်တွေ့ကျလွန်းလှသည်။

ထို့ကြောင့် မိန်းမလှလေးတစ်ယောက်ကို ထိန်းသိမ်းထားနိုင်မည့် အခွင့်အရေးရရန် မိမိကိုယ်တိုင်က အလွန်တရာ စွမ်းအားကြီးမားနေရန် လိုအပ်လေသည်။

ယဲ့ချန်းကတော့ သူ့ဘေးရှိ မိန်းကလေးက အလှပဂေးတစ်ယောက်ဖြစ်သော်လည်း သူတော့ ဘာဖိအားကိုမှ မခံစားရပေ။

စနစ်တစ်ခု ပိုင်ဆိုင်ထားသူဖြစ်ရာ မည်သူကများ သူ့မိန်းမအပေါ် စိတ်ကူးယဉ်ရဲမည်နည်း။

ငါ့ကိုလာယှဉ်ဖို့ ကြိုးစားနေတာလား။ မင်းက အလွန်ဆုံးရှိလှ လေကြွားအဆင့်ပါပဲ။

ယဲ့ချန်း၏စွမ်းအားက နတ်ဘုရားအဆင့်ဖြစ်နေချေပြီ။

မင်းဘာသာ နိုင်ငံခြားလေကြွားဖြစ်နေရင်တောင် ဒီနေရာမှာတော့ ဖိနှိပ်ခံရမှာပဲ...

ရော်ဘင်က အေးစက်စက်ပြောလိုက်လေသည်။

"တစ်သိန်းတန်ကားကိုမောင်းပြီး စုဝမ်ယိကို ပိုးပန်းဖို့ ကြိုးစားနေတဲ့ မင်းကရော မင်းကိုယ်မင်း ထိုက်တန်တယ်လို့ ထင်နေတာလား။ ဒီတော့ အသိတရားရှိရှိနဲ့ သူ့ကို စွန့်လွှတ်လိုက်တော့"

ရော်ဘင်၏အမြင်တွင် ယဲ့ချန်းသည် အမှိုက်တစ်စမျှသာဖြစ်လေရာ သူ့ကို အလွယ်တကူ ချေမှုန်းပစ်နိုင်သည်ဟု ထင်နေပေသည်။

စုဝမ်ယိကမူ မကျေနပ်ချေ။

"ရော်ဘင်.. ရှင် စကားပြောတာ ဆင်ခြင်ပါ။ ယဲ့ချန်းက ကျွန်မရဲ့ချစ်သူ။ ရှင် ဝေဖန်စရာမလိုဘူး"

ယဲ့ချန်းက ပြုံးစစဖြင့် သူ ဖြေရှင်းလိုက်မည်ဟု အချက်ပြသည့်အနေနှင့် စုဝမ်ယိ၏ ပခုံးလေးကို ပုတ်ပေးလိုက်သည်။

"မင်းက ငါ့ကို ဝမ်ယိနဲ့လမ်းခွဲစေချင်တာ ဘာအကြောင်းပြချက်များ ရှိလို့လဲ"

ယဲ့ချန်း၏ မျက်နှာထားက ရေပြင်နှယ် တည်ငြိမ်နေပြီး စော်ကားခံရ၍ ဒေါသထွက်သွားတတ်သော သာမန်လူများနှင့် မတူပေ။

ရော်ဘင်က ခပ်ဟဟ ရယ်မောလိုက်၏။

"အကြောင်းပြချက် လိုသေးလို့လား။ ဘာလို့လဲဆိုတော့ မင်းရဲ့အရည်အချင်းက အရမ်းအဆင့်နိမ့်လွန်းနေလို့ပဲ"

ထိုသို့ပြောပြီး သူ့ကားကို အေးစက်စက်အမူအရာဖြင့် လက်ညှိုးထိုးပြချေသည်။

"ငါ့ကားကို မြင်လား။ သန်းနှစ်ဆယ်တောင် တန်တယ်။ အမေရိကန်ဒေါ်လာနဲ့နော်"

ရော်ဘင် လက်ညှိုးထိုးပြသော ကားကို မြင်လိုက်ရသောအခါ ယဲ့ချန်းမှာ အော်ရယ်မိမတတ်ပင်။

အစကတော့ နိုင်ငံခြားလေကြွားက အဆင့်အတန်းရှိရှိ ကြွားလုံးထုတ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း တကယ်တမ်းတွင်တော့ ဟွားနိုင်ငံရှိ လေကြွားများနှယ် ရိုင်းစိုင်းကြမ်းတမ်းနေသည်။

ရော်ဘင်၏ မျက်နှာထက်တွင် မောက်မာမှုအပြည့်ရှိနေဆဲပင်။

"ငါက တာ့မိုင်လုပ်ငန်းစုရဲ့ ဟွားနိုင်ငံရုံးခွဲ ဥက္ကဋ္ဌပဲ။ အခု မင်းနဲ့ငါ့ကြားက ကွာဟချက်ကို မင်း သိလောက်ရောပေါ့။ ဒါနဲ့ နေပါဦး... မင်းက ဘာအလုပ်လုပ်တာလဲ"

ယဲ့ချန်းက သူ့ကားကို လက်ညှိုးထိုးပြပြီး ခွန်းတုံ့ပြန်လိုက်သည်။

"ငါလား။ ငါက တက္ကစီမောင်းတယ်လေ"

ရော်ဘင်ခမျာ ခဏမျှ ကြက်သေသေသွားသည်။ သူသင်ယူထားသော တရုတ်ဝေါဟာရများတွင် တက္ကစီဟူသည့်စကားလုံး မပါဝင်လေဟန်ပင်။

သူ့ဘေးရှိ ဟွားနိုင်ငံသား ဝန်ထမ်းတစ်ယောက်က သူ့ကို ချက်ချင်းရှင်းပြလိုက်ရသည်။

ထိုအခါမှသာ ရော်ဘင် သဘောပေါက်သွားလေတော့သည်။

ထိုအချိန်၌ သူ့မျက်လုံးထဲတွင် အံ့သြတုန်လှုပ်မှုတို့ ပြည့်နှက်သွားခဲ့သည်။

ဘုရားရေ... စုဝမ်ယိလို အရှေ့တိုင်းနတ်ဘုရားမတစ်ပါးမှာ တက္ကစီမောင်းတဲ့ ချစ်သူတစ်ယောက် ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။

ထိုအချိန်တွင် လက်ထောက်များကလည်း မောက်မောက်မာမာ ရယ်မောလိုက်ကြသည်။

သူတို့နိုင်ငံတွင် တက္ကစီဒရိုင်ဘာဆိုသည်မှာ လူတန်းစားအဆင့် နိမ့်ကျသူများ ဖြစ်ကြသည်။

ရော်ဘင်က ရယ်ချင်စိတ်ကို ထိန်းချုပ်၍ ပြောလိုက်၏။

"ဝမ်ယိ... မင်းက မင်းချစ်သူကို အရမ်းချစ်တယ်ဆိုလို့ သူက တော်တော်အထင်ကြီးစရာကောင်းမယ်လို့ ထင်ထားတာ။ တကယ်တမ်းကျတော့ အမှိုက်တစ်စဖြစ်နေပါလား။ ဝမ်ယိ... ဒီလိုလူစားမျိုးက မင်းနဲ့ ဘယ်လိုလုပ်ပြီးတန်မှာလဲ"

စုဝမ်ယိခမျာ ဒေါသူပုန်ထလုမတတ် ဖြစ်သွားလေသည်။

ဤနိုင်ငံခြားသားက စိတ်ရောမှန်ရဲ့လား...

ငါ ဘယ်လိုယောက်ျားမျိုးကိုရှာရှာ နင့်အပူပါလို့လား။

အရေးကြီးဆုံးအချက်မှာ သူ့ဘက်က ယဲ့ချန်းကို လှောင်ပြောင်လိုက်ခြင်းပင်။ ထိုအဖြစ်ကို သူ(မ) လုံးဝသည်းမခံနိုင်ပေ။

သို့သော် ယဲ့ချန်းက သူ(မ)ကို တားလိုက်သည်။

"ထားလိုက်ပါ။ ဒီလိုဦးနှောက်မရှိတဲ့ကောင်ကို ဒေါသထွက်နေစရာ မလိုပါဘူး"

ရော်ဘင်က မောက်မာထောင်လွှားဟန်ဖြင့် ကားတံခါးကို ဖွင့်လိုက်သည်။

"ကျွန်တော့်ရဲ့ နတ်ဘုရားမလေး... ဒီကားကမှ မင်းစီးရမယ့်ကားပါ။ ဟိုကျီလီကားက မင်းနဲ့ နည်းနည်းလေးမှ မလိုက်ဖက်ဘူး"

သူ့အမြင်တွင် ယဲ့ချန်းသည် သူနှင့်ယှဉ်ပြိုင်ရန် ဘာအရည်အချင်းမှ မရှိပေ။

ဘယ်မိန်းမမဆို သူ့ကိုသာ ရွေးချယ်ကြပေမည်။

ထိုအချိန်တွင် ဘေးနားရှိ လူများကလည်း ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို နားလည်သွားကြသည်။

"ဝိုး... ဟိုနိုင်ငံခြားသားက တက္ကစီဒရိုင်ဘာရဲ့ ချစ်သူကို လုချင်နေတာပဲ"

"ဒါကတော့ သက်သက်အနိုင်ကျင့်တာပဲ။ ဟွားနိုင်ငံရဲ့ အလှလေးတွေကို နိုင်ငံခြားသားတွေ ခေါ်သွားတာ ငါတို့ ဘယ်လိုလုပ်ပြီး ခွင့်ပြုပေးနိုင်မှာလဲ"

"ဒီလူ့အတွက် စိတ်မကောင်းလိုက်တာ။ သူ့ချစ်သူက နိုင်ငံခြားသားနောက် ပါသွားလောက်တယ်"

"ဟူး... မတတ်နိုင်ဘူးလေ။ အင်အားကပဲ အရာအားလုံးကို ဆုံးဖြတ်ပေးသွားတာ"

ငွေမက်သည့် မိန်းကလေးတချို့က ပြောလိုက်၏။

"အခုအချိန်က နိုင်ငံတကာနဲ့ ရင်ပေါင်တန်းရမယ့်ခေတ်လေ။ ဟိုလူ့ကို ကြည့်လိုက်ဦး။ လုပ်ငန်းစုကြီးတစ်ခုရဲ့ ဥက္ကဋ္ဌတဲ့။ ဟိုတက္ကစီဒရိုင်ဘာက ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"

"ငါသာဆိုရင်လည်း ဟိုနိုင်ငံခြားသားအချောလေးကိုပဲ ရွေးမှာ"

"ဒါပေါ့။ ဟိုနိုင်ငံခြားသားအချောလေးကို ကြည့်လိုက်စမ်းပါဦး။ လူကြီးလူကောင်းဆန်လိုက်တာ။ တက္ကစီဒရိုင်ဘာထက် အများကြီးသာတယ်"

ငွေမက်သည့် မိန်းမတစ်သိုက်၏ မှတ်ချက်များကို ကြားလိုက်ရသောအခါ ဟွားနိုင်ငံသား ယောက်ျားများမှာ နာကျင်သွားရသည်။

ဘုရားရေ... အလုပ်ကြိုးစားရမယ်ထင်ပါရဲ့။ ဟိုတက္ကစီဒရိုင်ဘာကိုပဲ ကြည့်လေ။ မိန်းမချောလေးတစ်ယောက်ကို မနည်းရှာတွေ့ထားတာတောင် သူများလုယူတာကို ခံနေရတယ်မဟုတ်လား။

စုဝမ်ယိက အေးတိအေးစက် ရယ်မောလိုက်ပြီးနောက် ရော်ဘင်နှင့် အခြားလူများအားလုံး မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေသည့်ကြားကပင် လှည့်ထွက်သွားပြီး ယဲ့ချန်း၏ ကားထဲသို့ ဝင်ထိုင်လိုက်သည်။

ကားတံခါး ပိတ်သွားချိန်တွင် ရော်ဘင်တစ်ယောက် ဆွံ့အမှင်တက်လျက် ကျန်ရစ်ခဲ့သည်။

သူသည် လူကြီးလူကောင်းဆန်ဆန် ခါးညွှတ်ထားသည့် ကိုယ်နေဟန်ထားဖြင့် ရှိနေဆဲဖြစ်သော်ငြား နောက်ဆုံးတွင်မူ ကားအိတ်ဇောငွေ့များကိုသာ ရှူရှိုက်လိုက်ရလေသည်။

ထိုကားလေး အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ရော်ဘင်၏ မျက်နှာကား တောင့်ခဲသွားသည်။

စုဝမ်ယိက သူ့ကို အမှန်တကယ် ငြင်းပယ်သွားပြီး အမှိုက်ကောင်တက္ကစီဒရိုင်ဘာကို ရွေးချယ်သွားခဲ့သည်။ ဤသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

••••••••••••••••••••••••••

အပိုင်း ၅၅၈ : ရော်ဘင်၏မာန

ငွေကိုသာ ပထမဦးစားပေး ကိုးကွယ်ကြသော ဟန်ဆောင်ကောင်းသည့် ထိုမိန်းမများမှာ အံ့သြမှင်တက်သွားကြသည်။

ငွေနောက်လိုက်ကြတဲ့ ကမ္ဘာကြီးက ဘာဖြစ်သွားတာလဲ။

"ဟိုနိုင်ငံခြားသားရဲ့ ငွေကြေးအင်အားက တက္ကစီဒရိုင်ဘာကို အပြတ်အသတ် အနိုင်ယူနိုင်တာတောင်မှ ဒီမိန်းကလေးက ဘာလို့ ဟွားရှားနိုင်ငံသားကို ရွေးရတာလဲ"

ဟန်ဆောင်ကောင်းသည့် မိန်းမတစ်ယောက်က မျက်လုံးလှန်ပြလိုက်၏။

"ဒီခေတ်ကြီးမှာ သက်သောင့်သက်သာ နေရမယ့်ဘဝကို စွန့်ပြီး တက္ကစီဒရိုင်ဘာနဲ့အတူ ပင်ပန်းတဲ့ဘဝကို ရွေးချယ်တဲ့ ဒီလိုငတုံးမမျိုးလည်း ရှိနေသေးတာလား"

ထိုအချိန်တွင် အစောက စိတ်ပျက်အားငယ်နေခဲ့သော ယောက်ျားများက ပြန်လည်ချေပကြလေတော့သည်။

"မြင်လား။ ဒီလောကမှာ အချစ်စစ်ဆိုတာ ရှိနေသေးတယ်ကွ"

"နိုင်ငံခြားက လမင်းကိုမှ ပိုသာတယ်လို့ထင်ပြီး အမြဲဖားယားနေတတ်တဲ့ မင်းတို့လိုမိန်းမတွေနဲ့ မတူဘူး။ ငါတို့ဟွားနိုင်ငံက အမျိုးသမီးတွေက မင်းတို့လောက် အောက်တန်းမကျတာ တော်သေးတယ်"

ရော်ဘင်လည်း တွေဝေအံ့သြနေဆဲပင်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ တကယ်ရှုံးသွားတာလား။ တက္ကစီဒရိုင်ဘာတစ်ယောက်ကိုလေ။

ကျီလိဆီဒင်ကားလေး၏ နောက်မီးကို ကြည့်ရင်း ရော်ဘင်ခမျာ အံတင်းတင်းကြိတ်၍ ဆုံးဖြတ်ချက်ချလိုက်သည်။

"ငါ လက်လျှော့မှာမဟုတ်ဘူး။ ငါ့ရဲ့ အရှေ့တိုင်းနတ်ဘုရားမလေးကို ပြန်လုယူပြမယ်"

"စုဝမ်ယိ... ဒီကမ္ဘာပေါ်မှာ မင်းနဲ့ထိုက်တန်တာ ငါတစ်ယောက်တည်းဆိုတာ မင်းသိစေရမယ်"

"ကျစ်.. ပိုက်ဆံနည်းနည်းရှိတာနဲ့ပဲ သူ့ကိုယ်သူ ဟုတ်လှပြီထင်နေတာ။ ငါတို့ ဟွားရှားအမျိုးသမီးတွေကို ဖြတ်လုဖို့တောင် အိပ်မက်မက်နေတယ်"

"ဟားဟား.. ငါတို့ဟွားနိုင်ငံက အမျိုးသမီးတွေကို အလွယ်တကူ သိမ်းသွင်းလို့မရဘူးလေ။ အခုတော့ သူပဲ အရှက်ကွဲသွားတယ် မဟုတ်လား"

"မင်းတို့နိုင်ငံခြားသားတွေက ဟန်ဆောင်ကောင်းတဲ့ ဟိုမိန်းမတွေကိုတော့ လှည့်စားနိုင်မှာပေါ့။ ဒါပေမဲ့ ငါတို့ဟွားနိုင်ငံက အမျိုးသမီးကောင်းလေးတွေကတော့ မင်းတို့ဆီမှာ အလိမ်ခံပါ့မလား"

ယဲ့ချန်း ကားမောင်းနေစဉ် စုဝမ်ယိက အနည်းငယ် အားနာနေဟန်ဖြင့် ပြောလိုက်၏။

"တောင်းပန်ပါတယ်... အဲဒီလူက နိုင်ငံခြားမှာကတည်းက ကျွန်မကို လိုက်နှောင့်ယှက်နေတာ။ ဟွားနိုင်ငံအထိ လိုက်လာလိမ့်မယ်လို့ မထင်ထားဘူး"

"ကိစ္စမရှိပါဘူး။ ဒါနဲ့ နေပါဦး အဲဒီလူရဲ့ နောက်ခံက ဘာလဲ"

ဤလူက အလွယ်တကူ လက်လျှော့မည်မဟုတ်ကြောင်း ယဲ့ချန်း နားလည်ထားသောကြောင့် ပြိုင်ဘက်၏အကြောင်းကို ပိုသိထားရန် လိုအပ်ချေသည်။

သူ့အကြောင်းကိုယ့်အကြောင်း ကောင်းကောင်းသိထားမှ စစ်ပွဲတစ်ရာမှာ အကြိမ်တစ်ရာ အနိုင်ရမည်မဟုတ်လော။

စုဝမ်ယိက ဆို၏။

"အဲဒီလူကို Mနိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီဆယ်ခုစာရင်းဝင် တာ့မိုင်လုပ်ငန်းစုက ဟွားနိုင်ငံရုံးခွဲ ဥက္ကဋ္ဌအဖြစ် လွှတ်လိုက်တာ။ တော်တော်လေးတော့ အင်အားကြီးတယ်"

စုဝမ်ယိက ဆက်ရှင်းပြသည်။

"ဒီရော်ဘင်က တော်တော်မောက်မာတယ်။ လေယာဉ်ပေါ်မှာတောင် ရှင့်ကို ဖိနှိပ်ပြမယ်လို့ ပြောနေသေးတယ်"

ယဲ့ချန်းက ခပ်ဟဟရယ်မောလိုက်၏။

"ကိုယ့်ကို ဘယ်လိုဖိနှိပ်ဖို့ သူက စီစဉ်ထားတာလဲ။ သူ့ပိုက်ဆံတွေနဲ့လား"

ယဲ့ချန်းကို ငွေနှင့်ချေမှုန်းရန် ကြိုးစားနေသတဲ့လား။

ဟားဟား...မိုတုမြို့က မိစ္ဆာအကြောင်း သေချာစုံစမ်းကြည့်သင့်တယ်။

သို့သော် စုဝမ်ယိကမူ အနည်းငယ် စိုးရိမ်နေမိသည်။

မည်သို့ပင်ဆိုစေကာမူ တာ့မိုင်လုပ်ငန်းစုမှာ အလွန်အင်အားကြီးမားပြီး ရော်ဘင်ကလည်း တာ့မိုင်လုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်နေလေရာ သူသာ ယဲ့ချန်းကို ပစ်မှတ်ထားပါက ယဲ့ချန်းအနေနှင့် သေချာပေါက် ဒုက္ခရောက်နိုင်ပေသည်။

ယဲ့ချန်းက အမြဲသိုသိုသိပ်သိပ်သာ နေထိုင်တတ်ပြီး သူ့စွမ်းဆောင်ရည်အစစ်ကို စုဝမ်ယိအား အပြည့်အဝထုတ်ပြခြင်း မရှိပေ။

ထို့ကြောင့် စုဝမ်ယိသည် ယဲ့ချန်းတွင် စွမ်းဆောင်ရည်ရှိကြောင်း သိထားသော်လည်း ယဲ့ချန်း၏ ပိုင်ဆိုင်မှုများမှာ ဘီလျံရာပေါင်းများစွာအထိ ရှိနေပြီဖြစ်ကြောင်းကိုမူ တွေးမိမည် မဟုတ်ပေ။

ရော်ဘင်နှင့်ပတ်သက်၍ စုဝမ်ယိအနေနှင့် ရွံရှာမှုတစ်ခုတည်းကိုသာ ခံစားရသည်။

အထူးသဖြင့် လူဖြူတစ်ယောက်၏ မိမိကိုယ်ကိုယ် မြင့်မြတ်သာလွန်သည်ဟု ယူဆထားသည့် အကြည့်မျိုးကို စုဝမ်ယိ အလွန်ရွံရှာမိသည်။

ယဲ့ချန်းက ရယ်မောရင်း ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ ဘာပဲဖြစ်ဖြစ် ဟွားနိုင်ငံက ကိုယ်တို့ရဲ့နယ်မြေလေ။ ဒီမှာလာပြီး ကြွားလုံးထုတ်ဖို့ ကြိုးစားတာကတော့ သူ လုံးဝမှားသွားပြီ"

စုဝမ်ယိခမျာ ခရီးပန်းလာသောကြောင့် ယဲ့ချန်းကလည်း သူ(မ)ကို အိမ်ပြန်ပို့ပေးပြီးနောက် ထွက်လာခဲ့လိုက်သည်။

"ယဲ့ချန်း... မနက်ဖြန် စီးပွားရေးလမ်းမကို ဈေးဝယ်ထွက်ဖို့ ကျွန်မကို လာခေါ်နော်"

"ပြဿနာမရှိပါဘူး"

ယဲ့ချန်းက လက်ပြနှုတ်ဆက်လိုက်သည်။

စုဝမ်ယိက ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးလိုက်သည်။

"တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်။ ပထမဆုံးကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် စနစ်ရဲ့ စတော့ရှယ်ယာရောင်းဝယ်ရေးကျွမ်းကျင်သူဆုလာဘ်ကို ရရှိပါတယ်"

စတော့ရှယ်ယာရောင်းဝယ်ရေးကျွမ်းကျင်သူစွမ်းရည်ဆိုသည်မှာ နတ်ဘုရားအဆင့် စတော့ရှယ်ယာအရောင်းအဝယ်စွမ်းရည်များကို ပိုင်ဆိုင်လိုက်ခြင်းပင်။

တစ်နည်းဆိုရလျှင် ယဲ့ချန်းသည် စတော့ရှယ်ယာများ ဝယ်ယူရာတွင် အလားအလာအကောင်းဆုံး စတော့ရှယ်ယာကို အမြဲ ဦးစွာရှာတွေ့နိုင်စွမ်းရှိသည်။

နောက်တစ်နေ့တွင် ရော်ဘင်သည် ကုမ္ပဏီတည်ထောင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လေတော့သည်။

ပထမအဆင့်မှာ နေရာရွေးချယ်ခြင်းပင်။

ကုမ္ပဏီ၏ သတ်မှတ်ချက်များအရ တာ့မိုင်လုပ်ငန်းစု၏ ဟွားနိုင်ငံရုံးချုပ်သည် မိုတုမြို့၏ အလယ်ဗဟိုပင်တည်း။ တိတိကျကျဆိုရလျှင် ဘဏ္ဍာရေးအဆောက်အအုံ၌ ရှိရမည်ဖြစ်၏။

သူ့အမြင်တွင် ဟွားနိုင်ငံမှာ ခေတ်နောက်ကျကျန်ရစ်နေသော နိုင်ငံတစ်နိုင်ငံမျှသာ။

သို့သော် ထိုဘဏ္ဍာရေးအဆောက်အအုံကို မြင်လိုက်ရသောအခါ အံ့သြသွားသည်။

ဤဘဏ္ဍာရေးအဆောက်အအုံ၏ ခမ်းနားထည်ဝါမှုမှာ သူတို့နိုင်ငံရှိ ရုံးချုပ်ထက်ပင် မနိမ့်ကျပေ။

သူဌေးက ကုမ္ပဏီရုံးချုပ်ကို ဤနေရာတွင်ထားရန် တောင်းဆိုသည်မှာ မထူးဆန်းပါချေ။

ရော်ဘင်ကို နာကျင်စေသည့် တစ်ခုတည်းသောအရာကား ငှားရမ်းခမှာ အလွန်ဈေးကြီးလွန်းနေခြင်းပင်။

"တစ်နေ့ကို တစ်စတုရန်းမီတာအတွက် ငှားရမ်းခ ၂၄ယွမ်တဲ့။ သူက အထပ်တစ်ထပ်လုံးကို ငှားချင်တာဆိုတော့ အရမ်းဈေးကြီးလွန်းတယ်"

သို့သော် ရွေးချယ်စရာ မရှိပေ။ မိုတုမြို့ရှိ ဤနေရာမှာ အလွန်တန်ဖိုးကြီးမားလှသည်။

တစ်နှစ်စာငှားရမ်းခချည်းသက်သက်ပင် သန်းလေးဆယ်ကျော် ရှိမည်ဖြစ်၏။

သို့သော် ယခုတစ်ခေါက် တာ့မိုင် ဟွားနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းမှာ သေချာပေါက်အောင်မြင်ရန် သန္နိဋ္ဌာန်ချထားသည်ဖြစ်ရာ တာ့မိုင်လုပ်ငန်းစု၏ အင်အားကို ပြသနိုင်ရန်အတွက် ရုံးချုပ်မှာ ဘဏ္ဍာရေးအဆောက်အအုံတွင်သာ ရှိရပေမည်။

မနက်စောစောတွင် ရော်ဘင်တစ်ယောက် ဘဏ္ဍာရေးအဆောက်အအုံသို့ ရောက်လာခဲ့သည်။

ထို့နောက် မန်နေဂျာချန်းဝေ့၏ ရုံးခန်းသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

ချန်းဝေ့က ရော်ဘင်ကို မြင်လိုက်သည်နှင့် ကုပ်သွေးစုပ်၍ရနိုင်သူတစ်ယောက်မှန်း နားလည်လိုက်သည်။

နိုင်ငံခြားသားများကို ခေါင်းပုံမဖြတ်ခြင်းမှာ နှမြောစရာကောင်းလှသည်။

ထို့ကြောင့် ဆွေးနွေးလိုက်သည်နှင့် ချန်းဝေ့က ငှားရမ်းခကို နှစ်ဆတိုးပစ်လိုက်သည်။

တစ်စတုရန်းမီတာအတွက် ၂၄ယွမ်ဟုပင် သတ်မှတ်လိုက်၏။

"မန်နေဂျာချန်း... ဒါက အရမ်းဈေးကြီးလွန်းပါတယ်ဗျာ"

ချန်းဝေ့က ခပ်ဟဟပြုံးလေသည်။

"ဆောရီးပါ မစ္စတာရော်ဘင်.. ဒီနေရာမှာတော့ ဒီဈေးပါပဲ။ ခင်ဗျားမငှားရင် ငှားမယ့်သူတွေ အများကြီးပါ။ လူအတော်များများက ကျွန်တော့်ကို ဆက်သွယ်ထားပြီးပြီမို့ ခင်ဗျား တွေဝေနေရင် နောက်ပိုင်း ငှားခွင့်ရချင်မှရတော့မှာ"

"ဒါပေမဲ့ အရမ်းဈေးကြီးလွန်းတယ်။ ကျွန်တော် စုံစမ်းကြည့်တော့ တစ်စတုရန်းမီတာကို ၁၂ယွမ်ပဲရှိရမှာ"

ချန်းဝေ့က ခေါင်းယမ်းပြလိုက်သည်။

"တောင်းပန်ပါတယ်။ ဈေးနှုန်းနဲ့ပတ်သက်ပြီး ပြဿနာရှိတယ်ဆိုရင် ခင်ဗျား တခြားနေရာမှာ သွားငှားလို့ရပါတယ်"

ရော်ဘင်ခမျာ ဒေါသထွက်လွန်း၍ သွေးအန်လုမတတ်ဖြစ်သွားလေသည်။

သူ တကယ်ငှားမည်ဖြစ်ကြောင်း ဤလူတစ်သိုက် ကောင်းကောင်းရိပ်မိနေသဖြင့် ဈေးကို တမင်သက်သက် တင်လိုက်ခြင်းဖြစ်ကြောင်း ရော်ဘင် သိနေပေသည်။

သို့သော် ဘဏ္ဍာရေးအဆောက်အအုံကို ကုမ္ပဏီရုံးချုပ်အဖြစ် သတ်မှတ်ရန်မှာ သူဌေး၏ဆုံးဖြတ်ချက်ပင်။

မည်သို့ပင်ဆိုစေကာမူ မိုတုအဆောက်အအုံမှာ မိုတုမြို့၏ အထင်ကရအဆောက်အအုံဖြစ်ပြီး သူတို့ ဟွားနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းအတွက် အင်အားပြသရန် လိုအပ်သည်။

ထို့ပြင် မိုတုအဆောက်အအုံတွင် ရုံးချုပ်ထားရှိခြင်းဖြင့်သာ သူတို့၏အင်အားကို ပြသနိုင်မည်ဖြစ်၏။

ရော်ဘင်က ကြွားလုံးထုတ်ရသည်ကို အလွန်နှစ်သက်ပြီး လင်ကွန်းကားကြီးဖြင့် ထည်ထည်ဝါဝါ ရောက်လာခဲ့သည်ဖြစ်ရာ သူ့ကို ခေါင်းပုံမဖြတ်လျှင် မည်သူ့ကို သွားဖြတ်မည်နည်း။

ချန်းဝေ့ကလည်း အတွေ့အကြုံရင့်သန်သော စီးပွားရေးသမားတစ်ဦးဖြစ်လေရာ တစ်ဖက်လူက တကယ်ငှားမည်ဖြစ်ကြောင်း မြင်နေသောကြောင့် တစ်ပြားတစ်ချပ်မျှပင် ဈေးမလျှော့ပေးပေ။

ရော်ဘင်ခမျာ နာကျင်နေရသော်လည်း ရွေးချယ်စရာ မရှိပေ။ ကြွားလုံးထုတ်ချင်သည့် သူ့အပြစ်ပင် မဟုတ်ပါလော။

မလိုလားသော်ငြား နှစ်ဖက်စလုံး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြသည်။

လက်မှတ်ရေးထိုးပြီးနောက် ရော်ဘင်၏ ခံစားချက်မှာ အလွန်ကောင်းမွန်သွားပြီး မိုတုစီးပွားရေးလမ်းမအနီးသို့ လမ်းလျှောက်ထွက်လာခဲ့လိုက်သည်။

ဤနေရာ၌ နိုင်ငံတကာမှ ကုမ္ပဏီကြီးများကို သူ တွေ့လိုက်ရသည်။ နာမည်ကြီးကုမ္ပဏီအများစု၏ ရုံးချုပ်များမှာ ဤစီးပွားရေးလမ်းမပေါ်တွင် တည်ရှိနေကြသည်။

ထို့ပြင် ဤလမ်းမပေါ်တွင် ကမ္ဘာ့ဇိမ်ခံအမှတ်တံဆိပ် အမျိုးအစားပေါင်းစုံလည်း ရှိနေချေသည်။

ရော်ဘင်မှာ ဤရုံးခန်းနေရာနှင့်ပတ်သက်၍ အလွန်ကျေနပ်သွားခဲ့သည်။

သို့သော် သူ ဇိမ်ခံဈေးဝယ်စင်တာတစ်ခုထဲသို့ ဝင်သွားချိန်တွင် စုဝမ်ယိနှင့် ယဲ့ချန်းတို့ လက်ချင်းချိတ်၍ လမ်းလျှောက်နေသည်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာအမူအရာကား ရုတ်တရက် အနည်းငယ်တင်းမာသွားသည်။

အစကတော့ သူ စိတ်အခြေအနေကောင်းနေခဲ့သော်လည်း ထိုလူနှစ်ယောက်၏ ချစ်ခင်ကြင်နာနေသော ပုံစံကို မြင်လိုက်ရပြီးနောက် ကောင်းမွန်နေသော သူ့စိတ်အခြေအနေအားလုံး ပျက်စီးသွားသည်။

သောက်ကျိုးနည်း။

ရော်ဘင်လည်း ထိုနှစ်ယောက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။

ပြီးခဲ့သည့်အကြိမ်က ကြွားလုံးမထုတ်နိုင်ခဲ့သဖြင့် သူ တော်တော်အထိနာခဲ့ရသည်။ ယနေ့တွင်မူ သူ့သိက္ခာကို ပြန်အဖတ်ဆည်ရပေမည်။

ယနေ့ ဤနေရာမှာပင် သူ့ဂုဏ်သိက္ခာကို ပြန်လည်ရယူရန် ရော်ဘင် ဆုံးဖြတ်လိုက်သည်။

သူက ယဲ့ချန်းနှင့် စုဝမ်ယိတို့ရှေ့တွင် မတ်မတ်ရပ်ကာ အေးစက်စက် နှာမှုတ်လိုက်သည်။

"မင်းတို့ ဈေးဝယ်ထွက်နေကြတာလား"

ရော်ဘင်ကို မြင်လိုက်ရသဖြင့် စုဝမ်ယိလည်း အနည်းငယ် စိတ်ရှုပ်သွားသည်။

"ရော်ဘင်... ကျွန်မတို့နှစ်ယောက် လုံးဝမဖြစ်နိုင်ဘူးလို့ ပြောပြီးပြီလေ။ ကျေးဇူးပြုပြီး ကျွန်မကို လိုက်မနှောင့်ယှက်ပါနဲ့တော့"

ရော်ဘင်က လှောင်ပြုံးပြုံးလိုက်၏။

"မိန်းကလေးဝမ်ယိ... ခင်ဗျား အထင်လွဲနေပြီ။ ကျွန်တော်တို့ဆုံတာက တိုက်ဆိုင်မှုသက်သက်ပါ။ ကျွန်တော်က မိုတုအဆောက်အအုံမှာ အထပ်တစ်ထပ် ငှားလိုက်ပြီလေ။ အခုကစပြီး ကျွန်တော် အဲဒီမှာ အလုပ်လုပ်တော့မှာ"

ထိုသို့ပြောပြီးနောက် သူက စုဝမ်ယိကို ကြည့်လိုက်၏။

စုဝမ်ယိ၏ မျက်လုံးထဲတွင် အံ့သြမှုနှင့် အားကျမှုအရိပ်အယောင်တို့ကို မြင်ရရန် သူမျှော်လင့်မိသည်။

သို့သော် ခဏအကြာတွင်မူ သူ စိတ်ပျက်သွားရသည်။

All Chapters