← Chapters

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အပိုင်း ၅၅၉ : ပါးနပ်သော မဟာဗျူဟာ

စုဝမ်ယိက သူ့ကို လျစ်လျူရှုလိုက်ပြန်လေရာ ရော်ဘင် အလွန်ဒေါသထွက်သွားသည်။

သူ့မျက်လုံးများက ယဲ့ချန်းဆီသို့ ရောက်သွားသည်။

"ကောင်လေး... မိုတုမြို့ရဲ့ ဟိုအထင်ကရ အဆောက်အအုံကို မြင်လား။ ငါ့ရုံးခန်းက အဲဒီမှာကွ။ ဟွမ်ဖူမြစ်တစ်ပြင်လုံးကို မြင်နေရတဲ့နေရာမှာပေါ့"

ယဲ့ချန်းလည်း ခံ့ညားထည်ဝါလှသော ထိုမိုးမျှော်တိုက်ကြီးကို လှမ်းကြည့်ပြီး ခပ်ဟဟရယ်လိုက်သည်။

"ခင်ဗျားက မိုတုအဆောက်အအုံကို ပြောတာလား"

ရော်ဘင်ကလည်း ခေါင်းညိတ်ပြလိုက်၏။

"ဟားဟား... ဟုတ်တယ်။ မိုတုအဆောက်အအုံလေ။ ကောင်လေး... မင်းနဲ့ငါ့ကြားက ကွာဟချက်ကို အခု သဘောပေါက်ပြီလား။ မင်းကို ပြောရဦးမယ်။ မိုတုအဆောက်အအုံရဲ့ ငှားရမ်းခက တစ်နေ့ကို တစ်စတုရန်းမီတာအတွက် ၃၀ယွမ်ရှိတယ်။ တစ်နှစ်ကို သန်းခုနစ်ဆယ် ရှစ်ဆယ်လောက် ကျမှာ။ အဲဒါကို မင်း တတ်နိုင်ပါ့မလား"

ထိုသို့ပြောရင်း ရော်ဘင်က မာနတကြီးဖြင့် ရယ်မောလိုက်သည်။

ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်သောကြောင့် တစ်လလျှင် ယွမ်ထောင်ဂဏန်းလောက်သာ ဝင်ငွေရှိလိမ့်မည်။

သူ့တစ်နှစ်စာဝင်ငွေကတော့ သန်းဆယ်ဂဏန်း ရှိပေသည်။

"ကောင်လေး... မိန်းမတစ်ယောက်အတွက် ငါနဲ့ယှဉ်ဖို့ မင်းမှာ အရည်အချင်းရော ရှိရဲ့လား"

"ကိုယ့်ကိုယ်ကိုယ်ချစ်ရင် မိန်းကလေးဝမ်ယိအနားက အခုချက်ချင်းထွက်သွား"

ယဲ့ချန်း ဆွံ့အသွားလေသည်။

အဲဒီမိုတုအဆောက်အအုံက ငါ့ဟာပါကွာ။ ဟုတ်ပြီလား...

ငှားရမ်းခလား။ ဘယ်တော့မှ ပေးစရာမလိုဘူး။ ဘာလို့လဲဆိုတော့ အဆောက်အအုံတစ်ခုလုံးက ငါ့အပိုင်မို့လို့ပဲ။

စုဝမ်ယိမှာ ရော်ဘင်ကို သည်းမခံနိုင်တော့သဖြင့် ယဲ့ချန်းကိုဆွဲ၍ ပြောလိုက်သည်။

"ယဲ့ချန်း... သွားရအောင်။ ဒီလူက အရမ်း စိတ်ရှုပ်ဖို့ကောင်းတယ်"

ယဲ့ချန်းက ပြုံးရုံသာပြုံးပြီး ပြောလိုက်၏။

"ခင်ဗျားတို့ စာချုပ်ချုပ်ပြီးပြီလား။ ဘယ်တော့ ပြောင်းလာမှာလဲ"

"ငါတို့ ကနဦးသဘောတူစာချုပ် ချုပ်ပြီးသွားပြီ။ မနက်ဖြန် ပြောင်းမှာ"

ယဲ့ချန်းက ရယ်မောလိုက်လေသည်။

"ကြွားမနေပါနဲ့။ ဘဏ္ဍာရေးအဆောက်အအုံက မိုတုရဲ့ အထင်ကရအဆောက်အအုံလေ။ အဲဒီကို ခင်ဗျားတို့က ပြောင်းနိုင်မှာတဲ့လား"

ရော်ဘင်က လှောင်ပြုံးပြုံးလိုက်၏။

"ကောင်လေး... မင်းက တော်တော်နုံတာပဲ။ ငါက တာ့မိုင်လုပ်ငန်းစုရဲ့ ဟွားနိုင်ငံရုံးခွဲ ဥက္ကဋ္ဌကွ။ ယွမ်သုံးဆယ်ကို မေ့ထားလိုက်။ တစ်နေ့ကို တစ်စတုရန်းမီတာအတွက် ယွမ်ငါးဆယ်ဆိုရင်တောင် ငါ တတ်နိုင်သေးတယ်"

ယဲ့ချန်း ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

"ကောင်းပြီလေ... အံ့သြစရာကောင်းလိုက်တာ။ တော်တော်ချမ်းသာတာပဲ"

ရော်ဘင်၏ပုံစံမှာ ဂုဏ်ယူဝင့်ကြွားနေဟန်ပင်။

"ငါ ဘယ်လောက်အင်အားကြီးလဲဆိုတာ အခု မင်းသိပြီမလား"

ယဲ့ချန်းက ရယ်မောလိုက်လေသည်။

"ဟုတ်ပါပြီ။ ခင်ဗျားတို့ ပြောင်းတဲ့အခါ ခင်ဗျားကိုဂုဏ်ပြုဖို့ ခင်ဗျားတို့ကုမ္ပဏီကို ကျွန်တော်ကိုယ်တိုင် လာခဲ့ပါ့မယ်"

ယဲ့ချန်း၏စကားကြောင့် ရော်ဘင် ဝမ်းသာသွားသည်။ ယဲ့ချန်းကို ဖိနှိပ်ခွင့်မရသည့်အတွက် သူ စိတ်ရှုပ်နေခဲ့သည်မဟုတ်ပါလော။

ပြောင်းရွှေ့ခြင်းကား စင်စစ်ရှားပါးလှသော အခွင့်အရေးတစ်ခုပင်။

"မိန်းကလေးဝမ်ယိလည်း အတူလိုက်လာသင့်တယ်နော်"

ခမ်းနားထည်ဝါသော သူ့ရုံးခန်းကို စုဝမ်ယိ မြင်သွားသည်နှင့်တစ်ပြိုင်နက် ယဲ့ချန်းကို သေချာပေါက် စွန့်ခွာလိမ့်မည်ဟု ရော်ဘင် ယုံကြည်သည်။

အစတုန်းက စုဝမ်ယိ ငြင်းချင်ခဲ့သော်လည်း ယဲ့ချန်းက သူ(မ)အား မျက်စိမှိတ်ပြသဖြင့် ခေါင်းညိတ်လိုက်ရသည်။

"ကောင်းပြီလေ"

သို့သော် စုဝမ်ယိမှာမူ သိချင်စိတ်ပြင်းပြနေခဲ့သည်။

ယဲ့ချန်း ဘာတွေ ကြံစည်နေတာလဲ။

တစ်ဖက်လူက ကြွားလုံးထုတ်ချင်နေမှန်းသိသိလျက်နှင့် သွားဦးမတဲ့လား။

သို့သော် ယဲ့ချန်းက ဘယ်တော့မှ အရှုံးခံတတ်သူမဟုတ်ကြောင်း စုဝမ်ယိ ကောင်းကောင်းသိထားလေရာ ယခုတစ်ခေါက်တွင်လည်း အကြောင်းပြချက်တစ်ခုခုတော့ ရှိပေလိမ့်မည်။

အထူးသဖြင့် ယဲ့ချန်း၏ ကောက်ကျစ်လေဟန်အပြုံးကို မြင်လိုက်ရချိန်တွင် ယဲ့ချန်း၌ အကြံအစည်တစ်ခုခုရှိထားသည်မှာ သေချာကြောင်း စုဝမ်ယိ သိလိုက်သည်။

ရော်ဘင် ထွက်သွားပြီးနောက် ယဲ့ချန်းသည် မိုတုအဆောက်အအုံ ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးမှ မန်နေဂျာချန်းထံသို့ ဖုန်းခေါ်လိုက်သည်။

"မန်နေဂျာချန်း... ဒီနေ့ ရုံးခန်းငှားဖို့အတွက်ဆိုပြီး ငါတို့ဆီက အထပ်တစ်ထပ်လုံးကို ငှားချင်နေတဲ့ ရော်ဘင်ဆိုတဲ့လူရှိလား"

မန်နေဂျာချန်းကလည်း ပြန်ဖြေသည်။

"ဟုတ်ကဲ့ ရှိပါတယ်။ သူဌေးမရှိတာနဲ့ ကျွန်တော်တို့ ကနဦးသဘောတူစာချုပ်ပဲ ချုပ်လိုက်ရတယ်။ သူဌေးဆီကိုတောင် အစီရင်ခံမလို့ပါ"

"အစက ကျွန်တော်တို့ရဲ့ ငှားရမ်းခက ၁၂ယွမ်ပါ။ ဒါပေမဲ့ အဲဒီလူက ငွေ​သုံးနိုင်တဲ့လူမှန်း သိလို့ ကျွန်တော် နှစ်ဆတိုးယူလိုက်တယ်"

ယဲ့ချန်း ရယ်မောလိုက်ချေသည်။

"အင်း... မဆိုးပါဘူး။ ဒါပေမဲ့ နှစ်ဆတိုးတာက နည်းလွန်းတယ်။ ဘာပဲဖြစ်ဖြစ် သူတို့က နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုလေ။ အနည်းဆုံး နောက်ထပ်နှစ်ဆလောက် ထပ်တိုးသင့်တာပေါ့။ ဒီတော့ တစ်စတုရန်းမီတာအတွက် ၃၆ယွမ် သတ်မှတ်လိုက်ကြရအောင်"

"အာ သူဌေး... ၃၆ယွမ်က အရမ်းများလွန်းတယ်။ ဒီလူ လန့်ပြေးသွားအောင် လုပ်သလိုများ ဖြစ်မနေဘူးလား"

ယဲ့ချန်းကမူ နှုတ်ခမ်းကို တွန့်ချိုးလိုက်ချေသည်။

"စိတ်အေးအေးထား။ ၃၆ယွမ် ဖြစ်နေရင်တောင် သူ ​ငှားမှာပါ။ ရုံးခန်းကို မိုတုအဆောက်အအုံမှာ သေချာပေါက်ဖွင့်ရမယ်ဆိုတာက သူတို့သူဌေးရဲ့ တင်းကျပ်တဲ့အမိန့်လေ။ သူ သဘောကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ဒီလိုလုပ်ရမှာပဲ"

စောစောကပင် ယဲ့ချန်းသည် ဟက်ကာဆော့ဖ်ဝဲလ်ကို အသုံးပြု၍ ရော်ဘင်၏ အီးမေးလ်ထဲသို့ ဝင်ရောက်ပြီး သူတို့၏ အစီအစဉ်များကို ကြည့်ခဲ့ရသည်။

မိုတုအဆောက်အအုံသို့ ပြောင်းရွှေ့ခြင်းမှာ သူတို့အစီအစဉ်ထဲရှိ အလွန်အရေးပါသော အစိတ်အပိုင်းတစ်ခုပင်။

"ဟုတ်ကဲ့ပါ သူဌေး... သူဌေးပြောတဲ့အတိုင်း လုပ်လိုက်ပါ့မယ်"

သို့သော် ချန်းဝေ့ကတော့ အနည်းငယ် စိုးရိမ်နေမိသည်။

တစ်ဖက်လူက ရူးနေလို့လား။

ဒီလောက်ဈေးကြီးတာကို သူတို့ တကယ်ကြီး ငှားမှာတဲ့လား။

ချန်းဝေ့မှာ သံသယအနည်းငယ်ရှိနေသေးသော်လည်း ယဲ့ချန်းက သူ့သူဌေးဖြစ်နေသည်မဟုတ်လော။

ရော်ဘင်၏ ဖုန်းနံပါတ်ကို သူ ဆက်လိုက်သည်။

"ဥက္ကဋ္ဌလော့... အခြေအနေသစ်တစ်ခု ပေါ်လာလို့ပါ။ အခုလေးတင် ကျွန်တော်တို့သူဌေးက ဒီဈေးနှုန်းကို လက်မခံဘဲ တစ်စတုရန်းမီတာအတွက် ၃၆ယွမ် သတ်မှတ်လိုက်လို့ပါ"

"ဘာ။ ၃၆ယွမ် ဟုတ်လား။ မင်းတို့ ငါ့ကို ဓားပြတိုက်နေတာလား"

ဤဈေးနှုန်းမှာ Mနိုင်ငံ၏ ဘဏ္ဍာရေးအဆောက်အအုံငှားရမ်းခနှင့်ပင် နှိုင်းယှဉ်၍ရနေချေပြီ။

ချန်းဝေ့က ပြုံးလိုက်၏။

"တောင်းပန်ပါတယ်။ ကျွန်တော်လည်း မတတ်နိုင်လို့ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဝန်ထမ်းတစ်ယောက်လေ။။ သူဌေးက အဲဒီလိုပြောတော့လည်း ကျွန်တော်က လိုက်နာရမှာပဲပေါ့"

"ငါတို့ စာချုပ်ချုပ်ထားပြီးပြီလေ"

"တောင်းပန်ပါတယ်။ ဥပဒေကြောင်းအရ အကျုံးမဝင်တဲ့ ကနဦးစာချုပ်ကိုပဲ ကျွန်တော်တို့ ချုပ်ထားရသေးတာပါ။ ကျွန်တော်တို့သူဌေး လက်မှတ်ရေးထိုးထားတဲ့ စာချုပ်မှသာ ဥပဒေအရ အကျုံးဝင်မှာပါ။ ပြီးတော့ ငှားရမ်းခကိုလည်း ကြိုပေးရမယ်လို့ သူဌေးက ညွှန်ကြားထားပါတယ်။ မဟုတ်ရင်တော့ တခြားနေရာမှာပဲ သွားငှားလိုက်ပါတဲ့"

"မင်း... မင်းတို့..."

ရော်ဘင်မှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မတတ်ပင်။

"ဟမ့်... မင်းတို့က လွန်လွန်းတာပေါ့။ ဒီလောက်ဈေးကြီးတာကို ငှားရအောင် ငါ့ကို ငတုံးများမှတ်နေလား။ မိုတုမှာ ရုံးခန်းဖွင့်လို့ရတဲ့နေရာတွေ အများကြီးရှိတယ်။ မိုတုအဆောက်အအုံမှ မဟုတ်ဘူး"

ထိုသို့ပြောပြီးသည်နှင့် ရော်ဘင်က ဒေါသတကြီး ဖုန်းချပစ်လိုက်သည်။

ချန်းဝေ့ သက်ပြင်းချလိုက်မိသည်။

သူဌေးက အရမ်းလောဘကြီးတော့ ဒီလူ လန့်ပြေးသွားပြီလေ...

ချန်းဝေ့က ထိုသတင်းကို ယဲ့ချန်းထံသို့ ချက်ချင်း အစီရင်ခံလိုက်သည်။

ယဲ့ချန်းကမူ ခပ်ဟဟရယ်မောပြီး ဖုန်းကောက်ကိုင်ကာ ရော်ဘင်၏ လိပ်စာကတ်ထဲရှိ နံပါတ်ကို ခေါ်ဆိုလိုက်သည်။

"မစ္စတာရော်ဘင်... ခင်ဗျား မိုတုအဆောက်အအုံမှာ ရုံးခန်းမငှားနိုင်ဘူးလို့ သူငယ်ချင်းတစ်ယောက်ဆီက အခုလေးတင် သတင်းကြားတယ်နော်။ သြော်... ဒါက မိုတုရဲ့ အထင်ကရ အဆောက်အအုံကြီးလေ။ သာမန်ကုမ္ပဏီလေးတစ်ခုက ဘယ်လိုလုပ်ပြီး တတ်နိုင်ပါ့မလဲ။ အစကတော့ ခင်ဗျားကို ဟုတ်လှပြီလို့ ထင်ထားတာ။ အခုတော့ ခင်ဗျားက ကြွားလုံးထုတ်နေရုံသက်သက်ပဲကိုး။ စိတ်ပျက်စရာကောင်းလိုက်တာ။ ဒါနဲ့... မိုတုမြို့စွန်ဘက်မှာ ငှားရမ်းခတွေ အရမ်းဈေးပေါတယ်လို့ ကြားတယ်ဗျ။ အဲဒီဘက်တွေမှာ သွားစုံစမ်းကြည့်သင့်တယ်နော်။ အဲဒီနေရာတွေက ခင်ဗျားတို့ကုမ္ပဏီနဲ့ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်လို့ ခံစားမိတယ်"

ဒေါသထွက်နေရသည့်အထဲ ယဲ့ချန်း၏ ဖုန်းခေါ်ဆိုမှုကြောင့် ရော်ဘင်မှာ ပို၍ပင် ဒေါသထွက်သွားရသည်။

သေစမ်း...

ငါတို့ကိုများ ကုမ္ပဏီသေးသေးလေးတဲ့လား။ ငါတို့က Mနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေထဲမှာ ထိပ်တန်းဆယ်ခုစာရင်းဝင်ကွ။

အစတုန်းက သူသည် မိုတုဘဏ္ဍာရေးအဆောက်အအုံက ဈေးမတန်တဆတောင်းနေကြောင်း သူဌေးထံသို့ အစီရင်ခံတင်ပြ၍ အခြားနေရာသို့ ပြောင်းရွှေ့ရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် ယဲ့ချန်း၏ရန်စမှုကြောင့် ရော်ဘင်မှာ အကြီးအကျယ် ဒေါသထွက်သွားသည်။

ငါ မငှားနိုင်ဘူးလို့ မင်း ပြောနေတာမဟုတ်လား။ အေး... အဲဒီတော့ ငါက အရွဲ့တိုက်ပြီးကို ငှားပြမယ်။

ထို့ပြင် သူ့အနေနှင့် စုဝမ်ယိကိုပါ ဖိတ်ထားသေးသည်။

သူ့ကုမ္ပဏီက မိုတုအဆောက်အအုံရှိ အိမ်လခကိုပင် မတတ်နိုင်ကြောင်း စုဝမ်ယိ သိသွားပါက သူ့ကုမ္ပဏီအပေါ် အထင်သေးသွားပေလိမ့်မည်။

ထို့ပြင် သူတို့၏ရည်ရွယ်ချက်က ကုမ္ပဏီ၏ အင်အားကို ပြသရန်ဖြစ်သောကြောင့် ဤကိစ္စကို သူဌေးကိုယ်တိုင် ဆုံးဖြတ်ချက်ချထားခြင်းပင်။ နေရာပြောင်းလဲခြင်းမှာ ပထမအချက်အနေနှင့် သူဌေး၏ ဆုံးဖြတ်ချက်ကို မလေးစားရာရောက်ပြီး ဒုတိယအချက်အနေနှင့် သူတို့ကုမ္ပဏီ၏ အင်အားကိုပြသမည့် ကိစ္စအတွက် အဟန့်အတား ဖြစ်စေလိမ့်မည်။

ကုမ္ပဏီက ငွေကြေးအကုန်အကျခံပြီး အင်အားပြသချင်မှတော့ ထိုသို့မလုပ်လျှင် မိုက်မဲရာကျပေလိမ့်မည်။

အရှေ့တိုင်းနတ်ဘုရားမလေး စုဝမ်ယိကိုတော့ သေချာပေါက် အရယူရမည်။ သူ(မ)ကို သူ အလွန်သဘောကျသဖြင့် ဟိတ်ဟန်ကို ဆက်ထိန်းထားရပေမည်။

စဉ်းစားတွေးတောပြီးနောက် အဆုံးတွင်မူ ရော်ဘင်လည်း အံတင်းတင်းကြိတ်၍ ချန်းဝေ့၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

"မန်နေဂျာချန်း... ၃၆ယွမ်ဆိုတော့လည်း ၃၆ယွမ်ပေါ့။ ကျွန်တော်တို့ သဘောတူတယ်"

ရော်ဘင်၏ သဘောတူညီမှုကို ကြားလိုက်ရသောအခါ ချန်းဝေ့ပင် အံ့အားသင့်သွားခဲ့သည်။

ဒီလူက အရမ်းချမ်းသာတာပဲ။

အစကမူ ယခုတစ်ခေါက် ယဲ့ချန်း၏တွက်ကိန်း လွဲသွားပြီဟု သူ ထင်ခဲ့သော်လည်း မထင်မှတ်ထားပါဘဲ တစ်ဖက်လူက တစ်စတုရန်းမီတာအတွက် ငှားရမ်းခ၃၆ယွမ်ကို တကယ်သဘောတူခဲ့သည်။

အံ့သြစရာကောင်းလိုက်တာ... ဒီဈေးနှုန်းက တော်တော်များတယ်လေ

ဒီတစ်ခါတော့ ငါတို့ အကြီးအကျယ်အမြတ်ထွက်သွားပြီ။

တာ့မိုင်ရဲ့ ဥက္ကဋ္ဌက ရူးများရူးနေတာလား။

ထိုအချိန်တွင် ယဲ့ချန်းအပေါ်ထားသော ချန်းဝေ့၏ လေးစားအားကျမှုမှာ နောက်တစ်ဆင့်သို့ မြင့်တက်သွားခဲ့သည်။

သူဌေးဟူသည့် ဂုဏ်ပုဒ်နှင့် စင်စစ်ထိုက်တန်ပါပေသည်။

ပါရမီထူးသော မဟာဗျူဟာရှင်တစ်ယောက်ပင်တည်း။

•••••••••••••••••••••••

အပိုင်း ၅၆၀ : ဟန်ဆောင်မှုအတွက် ပေးဆပ်ရမည့် တန်ဖိုး

ချန်းဝေ့မှာ စိတ်ထဲတွင် စိတ်လှုပ်ရှားနေသော်လည်း ဝန်လေးနေဟန်ဆောင်လိုက်သည်။

"အာ... တကယ်တော့လေ ကျွန်တော်က မငှားချင်ဘူးဗျ"

"ကျွန်တော်တို့ကိုပဲ ငှားလိုက်ပါ။ ခင်ဗျားရဲ့ သတ်မှတ်ချက်တွေအားလုံးကို ကျွန်တော်တို့ သဘောတူပါတယ်"

ဖုန်းချပြီးနောက် သတင်းကောင်းကို ပြောပြရန် ချန်းဝေ့က ယဲ့ချန်းထံသို့ ချက်ချင်း ဖုန်းခေါ်လိုက်သည်။

"သူဌေး... အဲဒီငတုံးက ကျွန်တော်တို့ မိုတုအဆောက်အအုံရဲ့ အထပ်တစ်ထပ်ကို တစ်စတုရန်းမီတာ ၃၆ယွမ်နဲ့ တကယ်ငှားသွားပြီ"

တစ်ဖက်လူကို ငတုံးဟု သူခေါ်လိုက်ရသည့်အကြောင်းအရင်းမှာ မူလဈေးနှုန်းက တစ်စတုရန်းမီတာလျှင် ၁၂ယွမ်သာဖြစ်သော်လည်း ထိုလူက သုံးဆပိုပေးခဲ့သောကြောင့်ပင်။ ချန်းဝေ့မှာ "တုံးအသည်" ဟူသော နာမဝိသေသနထက် ပိုကောင်းသော စကားလုံးကို ရှာမတွေ့ပေ။

ယဲ့ချန်းက ရယ်မောလိုက်၏။

"ဒီလိုလူမျိုးတွေက အလိမ်ခံရတာနဲ့ တန်တယ်။ သူတို့နဲ့ အမြန်သွားပြီး စာချုပ်ချုပ်ချေ"

အချိန်ကြာလာသည်နှင့်အမျှ အပြောင်းအလဲများ ရှိနိုင်သည်။

ရော်ဘင်ဆိုတဲ့လူ အသိစိတ်ဝင်သွားရင် ဘယ်လိုလုပ်မလဲ။

မကြာခင်မှာပင် စာချုပ်ချုပ်ဆိုပြီးစီးကြောင်း ချန်းဝေ့ထံမှ သတင်းရောက်လာခဲ့သည်။

ဤသတ်မှတ်ချက်များက မိုတုအဆောက်အအုံအတွက် အမြတ်အစွန်း ကြီးကြီးမားမား ရစေခဲ့သည်။

ချန်းဝေ့ခမျာ ဝမ်းသာလွန်း၍ မြူးတူးနေတော့သည်။

နောက်တစ်နေ့တွင် တာ့မိုင်လုပ်ငန်းစုသည် မိုတုဘဏ္ဍာရေးအဆောက်အအုံသို့ တရားဝင် ပြောင်းရွှေ့လာခဲ့သည်။

လေလုံးထွားတတ်သော ရော်ဘင်သည် အလွန်ဂုဏ်ယူဝင့်ကြွားနေဟန်ရှိသည်။

သူ့ရုံးခန်းမှာ ကျယ်ဝန်းပြီး ခမ်းနားထည်ဝါကာ စတုရန်းမီတာ ငါးရာအပြည့်ရှိသည်။

တာ့မိုင်လုပ်ငန်းစုသည် အထပ်တစ်ထပ်လုံးကို ငှားရမ်းခဲ့သဖြင့် တစ်နှစ်စာငှားရမ်းခမှာ သန်းရှစ်ဆယ်ကျော် ကုန်ကျခဲ့သည်။

ကြွားလုံးထုတ်ရန်အတွက် ရော်ဘင်သည် ယဲ့ချန်းနှင့် စုဝမ်ယိတို့ကို အထူးတလည် ဖုန်းဆက်၍ ဖိတ်ခေါ်ခဲ့သည်။

သူတို့နှစ်ယောက်သား ဘဏ္ဍာရေးအဆောက်အအုံသို့ ရောက်လာချိန်တွင် စုဝမ်ယိက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်မိသည်။

"ဒီလူက ကျွန်မတို့ကို ကြွားချင်နေမှန်း သိသိကြီးနဲ့ ဘာလို့ သူ့ကိုခွင့်ပြုလိုက်ရတာလဲ"

စုဝမ်ယိမှာ ရော်ဘင်၏ ကြွားလုံးထုတ်ချင်သော သဘောထားကို တကယ်မနှစ်မြို့ပေ။

ယဲ့ချန်းက အနည်းငယ် ပြုံးလိုက်သည်။

"ကိုယ်လာရတဲ့ အကြောင်းအရင်းရှိတယ်။ ခဏနေရင် မင်း အဖြေသိရပါလိမ့်မယ်"

သူတို့နှစ်ယောက် တာ့မိုင်လုပ်ငန်းစု၏ အဝင်ဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဝတ်စုံပြည့်ဖြင့် ဆောင့်ကြွားဆောင့်ကြွားလုပ်နေသော ရော်ဘင်ကို တွေ့လိုက်ရသည်။

ရော်ဘင်က ကျေနပ်နေဟန်ပင်။

"မိန်းကလေးစု... ကျွန်တော်တို့ ကုမ္ပဏီကို အလည်လာတဲ့အတွက် ကြိုဆိုပါတယ်။ ကြွပါ... ကြွပါ"

စုဝမ်ယိမှာ စိတ်မပါလှပေ။ ယဲ့ချန်းကြောင့်သာမဟုတ်လျှင် သူ(မ) တကယ်လာမည်မဟုတ်ပေ။

ရော်ဘင်က အခွင့်အရေးကို အရယူ၍ ဆက်ကြွားလုံးထုတ်တော့သည်။

"မိန်းကလေးစု... ကျွန်တော့်ရဲ့ ရုံးခန်းပတ်ဝန်းကျင်က တော်တော်ကောင်းတယ် မဟုတ်လား။ ဒီနေရာကနေဆို ဟွမ်ဖူမြစ်တစ်ပြင်လုံးကို မြင်နေရတယ်လေ"

"ဒီမှာ တစ်စတုရန်းမီတာကို ငှားရမ်းခ ဘယ်လောက်ရှိမယ်လို့ ခန့်မှန်းမိလဲ။ ဒါကို ငှားဖို့အတွက် ကျွန်တော် တစ်နှစ်ကို သန်းရှစ်ဆယ်ကျော် ပေးခဲ့ရတာ"

ထိုသို့ပြောရင်း ရော်ဘင်က ယဲ့ချန်းကို ဂုဏ်ယူဝင့်ကြွားလေဟန်ဖြင့် လှမ်းကြည့်လိုက်သည်။

ဤဈေးနှုန်းကို ကြားလိုက်ရချိန်ဝယ် စုဝမ်ယိမှာ အံ့အားသင့်သွားသည်။

သူတို့ကုမ္ပဏီကလည်း အချက်အချာကျသော နေရာတွင် တည်ရှိသော်ငြား ငှားရမ်းခမှာ ငါးယွမ်သာ ရှိသည်။

ထို့ပြင် သူ(မ)သိထားသလောက်ဆိုလျှင် ဘဏ္ဍာရေးအဆောက်အအုံ၏ ငှားရမ်းခမှာ ဤမျှအထိ ဈေးမကြီးပေ။

ရော်ဘင်၏ ဂုဏ်ယူနေဟန် အမူအရာကို မြင်လိုက်ရသောအခါ စုဝမ်ယိမှာ ရယ်ချင်စိတ်ပေါက်သွားသည်။

ဒီငတုံးက အလိမ်ခံလိုက်ရတာတောင် ကျေနပ်နေတုန်းပဲကိုး။

တစ်နှစ်စာငှားရမ်းခ သုံးသန်းမျှဖြင့်ပင် အလွန်တုံးအသူများအနေနှင့် ထိုကဲ့သို့ အခြေအနေဆိုးမျိုးနှင့် ထိုက်တန်ပေသည်။

စုဝမ်ယိက ရော်ဘင့်ကို ငတုံးတစ်ယောက်ကို ကြည့်သလို ကြည့်လိုက်သည်။

သို့သော် ရော်ဘင်ကမူ စုဝမ်ယိ၏ အထင်သေးလေဟန် အကြည့်ကို အံ့သြသွားသည်ဟု အထင်လွဲသွားချေသည်။

ဤဟန်ရေးပြမှုက လုံးဝကျေနပ်စရာကောင်းလှသည်။

စုဝမ်ယိဘေးရှိ ယဲ့ချန်းကို လှမ်းကြည့်ကာ သူ မှတ်ချက်ပြုလိုက်၏။

"ကဲ... အခု ငါတို့နှစ်ယောက်ကြားက ကွာဟချက်ကို မင်း သဘောပေါက်ပြီလား။ ဒီလိုအဆင့်မြင့်ရုံးခန်းမျိုးဆိုတာ တက္ကစီမောင်းရင်း မင်းတစ်သက် ပိုက်ဆံရှာလည်း ရမှာမဟုတ်ဘူး"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... ငတုံးသူဌေး... တကယ်အထင်ကြီးသွားပြီ"

"ဘာ"

ယဲ့ချန်းလည်း ခပ်ဖွဖွရယ်လိုက်သည်။

"ခင်ဗျားက တကယ့်သူဌေးကြီးတစ်ယောက်ပါလို့ ပြောတာပါ"

"ဟားဟား"

ရော်ဘင်ကတော့ ဂုဏ်ယူနေသော မျက်နှာထားဖြင့် ပြုံးလိုက်သည်။

ထိုအချိန်တွင် ချန်းဝေ့က ပိုင်ဆိုင်မှုစီမံခန့်ခွဲရေး အရာရှိများနှင့်အတူ ချဉ်းကပ်လာသည်။

ရော်ဘင်က ပြုံးလျက် ပြောလိုက်၏။

"မြင်လား။ သူတို့က ပိုင်ဆိုင်မှုစီမံခန့်ခွဲရေး အရာရှိတွေလေ။ ငါက စာချုပ်မှာ လက်မှတ်ထိုးပြီးသွားပြီ။ ဘဏ္ဍာရေးအဆောက်အအုံပိုင်ရှင်က လက်မှတ်ထိုးလိုက်တာနဲ့ ဥပဒေအရ အကျုံးဝင်သွားပြီ။ ငါတို့က ဒီနေရာရဲ့ တရားဝင်ပိုင်ရှင်တွေ ဖြစ်သွားပြီ"

သူလည်း ချန်းဝေ့ကို ပြုံးကြည့်ရင်း ပြောလိုက်သည်။

"ခင်ဗျားတို့သူဌေး လက်မှတ်ထိုးပြီးပြီလား"

ချန်းဝေ့ကလည်း ပြုံးလိုက်လေသည်။

"ဥက္ကဋ္ဌလော့... သူ အခုချက်ချင်း လက်မှတ်ထိုးပါလိမ့်မယ်"

ထို့နောက် ချန်းဝေ့က စာချုပ်ကို ယဲ့ချန်းထံသို့ တလေးတစား ကမ်းပေးလိုက်သည်။

"သူဌေး... တစ်ဖက်လူက လက်မှတ်ထိုးပြီးပါပြီ။ ငွေတွေလည်း ကျွန်တော်တို့ စာရင်းထဲကို ရောက်လာပါပြီ။ သူဌေး လက်မှတ်ထိုးလိုက်တာနဲ့ ဥပဒေအရ အကျုံးဝင်သွားပါပြီ"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြပြီးနောက် ဘောပင်ကောက်ကိုင်ပြီး အမြန်လက်မှတ်ထိုးလိုက်သည်။

ရော်ဘင်ခမျာ ချက်ချင်းဆိုသလို ကြက်သေသေသွားသည်။

ဘာတွေဖြစ်နေတာလဲ။ သူက ဘာလို့ လက်မှတ်ထိုးနေတာလဲ။

သူက တက္ကစီမောင်းတာ မဟုတ်ဘူးလား။

ပြီးတော့ ချန်းဝေ့က ယဲ့ချန်းကို ခုနက ဘယ်လိုခေါ်လိုက်တာလဲ။

သူဌေးတဲ့လား။

ထို့ပြင် ချန်းဝေ့၏ တလေးတစားအမူအရာကို မြင်လိုက်ရသောအခါ ရော်ဘင်၏ မျက်နှာအမူအရာကား ချက်ချင်းပြောင်းလဲသွားပြီး တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။

ရော်ဘင်မှာ လုံးဝကြောင်အသွားတော့သည်။

ယဲ့ချန်းသည် မိုတုဘဏ္ဍာရေးအဆောက်အအုံ၏ ပိုင်ရှင်ဖြစ်ကြောင်း နောက်ဆုံးတော့ သူ သဘောပေါက်သွားသည်။

စုဝမ်ယိလည်း လုံးဝအံ့အားသင့်သွားခဲ့သည်။

ယဲ့ချန်းက ဤဘဏ္ဍာရေးအဆောက်အအုံကို ပိုင်ဆိုင်လိမ့်မည်ဟု သူ(မ) ထင်မှတ်မထားခဲ့ပေ။

ရော်ဘင်မှာမူ ဒေါသထွက်သွားသည်။

"မဖြစ်နိုင်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။ သူက တက္ကစီဒရိုင်ဘာတစ်ယောက်လေ။ ဘယ်လိုလုပ်ပြီး ဒီဘဏ္ဍာရေးအဆောက်အအုံရဲ့ ပိုင်ရှင်ဖြစ်နေရတာလဲ"

ယဲ့ချန်းကမူ အားရပါးရပြုံးလေသည်။

"မစ္စတာရော်ဘင်... ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးအဆောက်အအုံမှာ လာရောက်အခြေချတဲ့အတွက် ကြိုဆိုပါတယ်။ အခုကစပြီး ခင်ဗျားအနေနဲ့ ဒီအထပ်ကို တစ်နှစ်စာအသုံးပြုခွင့် ရသွားပါပြီ"

တောက်တောက်ပပပြုံးနေသော ယဲ့ချန်း၏ မျက်နှာကို ကြည့်ရင်း ရော်ဘင်ခမျာ သွေးအန်မတတ် ဖြစ်သွားရသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

အရေးမပါဘူးဟု သူ သတ်မှတ်ထားခဲ့သူက ဤဘဏ္ဍာရေးအဆောက်အအုံ၏ ပိုင်ရှင် ဖြစ်နေသတဲ့လား။

သေစမ်း... မနေ့က ဖုန်းထဲမှာ သူ့ကို ရန်လာစနေတာ မဆန်းပါဘူး။ တကယ်တော့ သူ့ကို ထောင်ချောက်ဆင်နေခဲ့တာကိုး။

ဒေါသထွက်စရာအကောင်းဆုံးကတော့ သူကိုယ်တိုင်က ထိုထောင်ချောက်ထဲသို့ ငတုံးတစ်ယောက်လို ခုန်ဆင်းခဲ့မိခြင်းပင်။

စုဝမ်ယိလည်း အံ့အားသင့်သွားသည်။

ယဲ့ချန်းတွင် ပိုင်ဆိုင်မှုအချို့ရှိကြောင်း သူ(မ)သိထားသော်လည်း မိုတု၏ ဤအထင်ကရ အဆောက်အအုံကြီးက သူ့ပိုင်ဆိုင်မှုဖြစ်နေလိမ့်မည်ဟု သူ(မ) လုံးဝမတွေးမိခဲ့ပေ။

ပိုရယ်စရာကောင်းသည်မှာ ယဲ့ချန်းသည် ရော်ဘင်အား မိုက်မိုက်ကန်းကန်းဖြင့် အထပ်တစ်ထပ်ကို သုံးဆပေး၍ ငှားရမ်းစေခဲ့ခြင်းပင်။

တစ်နှစ်လျှင် ငှားရမ်းခသန်းရှစ်ဆယ် ကောက်ခံရရှိမည်ဖြစ်၏။

ရော်ဘင် မည်မျှပင် အောင်မြင်နေပါစေ။ အဆုံးတွင်မူ သူသည် ဝန်ထမ်းတစ်ယောက်မျှသာ။

ယဲ့ချန်းကရော။ မိုတုဘဏ္ဍာရေးအဆောက်အအုံ တစ်ခုတည်းနှင့်ပင် ရော်ဘင်ကို အပြတ်အသတ်ဖိနှိပ်နိုင်နေပြီ မဟုတ်ပါလော။

ယဲ့ချန်းသည် ရော်ဘင်ကို အစကတည်းက ထောင်ချောက်ဆင်နေခဲ့ခြင်းဖြစ်ကြောင်း စုဝမ်ယိ အဆုံးတွင် နားလည်သွားသည်။

ကြောင်အမ်းအမ်းဖြစ်နေသော ရော်ဘင်၏ အမူအရာကိုကြည့်၍ စုဝမ်ယိခမျာ အသံတိတ်ရယ်မောရင်း မပြုံးဘဲ မနေနိုင်တော့ပေ။

"ယဲ့ချန်း... ရှင် တကယ်ဆိုးတာပဲ"

ရော်ဘင်မှာမူ ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မတတ်ပင်။

သူ လုံးဝလှည့်စားခံလိုက်ရပြီဖြစ်ကြောင်း ယခုမှသာ သိလိုက်ရသည်။

"မင်း ငါ့ကို လှည့်စားခဲ့တယ်။ ငါ ဒီမှာ ရုံးခန်းမငှားချင်တော့ဘူး။ စာချုပ်ကို ဖျက်သိမ်းချင်တယ်"

ဘဏ္ဍာရေးအဆောက်အအုံတွင် ရော်ဘင် အထပ်တစ်ထပ် ငှားခဲ့ရသည့် အကြောင်းအရင်းမှာ စုဝမ်ယိကို ကြွားလုံးထုတ်ရန်အတွက်ပင်။

သို့သော် ယခုမူ ဤဘဏ္ဍာရေးအဆောက်အအုံတစ်ခုလုံးမှာ သူ(မ)၏ချစ်သူပိုင်ဆိုင်သောအရာဖြစ်နေလေရာ ကြွားလုံးထုတ်၍ ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။

ဤအဖြစ်အပျက်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။

ယဲ့ချန်းက ဘာမှမပြောသော်လည်း အနီးရှိ ချန်းဝေ့ကမူ လှောင်ပြုံးပြုံးလိုက်သည်။

"ငှားရမ်းတာကို ဖျက်သိမ်းချင်လည်း ပြဿနာမရှိပါဘူး။ ဒါပေမဲ့ စာချုပ်အရ စရန်ကြိုပေးထားတဲ့ တစ်နှစ်စာငှားရမ်းခ သန်းရှစ်ဆယ်ကို ကျွန်တော်တို့ဘက်က ပြန်ပေးမှာမဟုတ်ပါဘူး။ ခင်ဗျား အချိန်မရွေး ​ထွက်သွားလို့ရပါတယ်"

"ငါ..."

ရော်ဘင်ခမျာ ရူးမတတ်ဖြစ်သွားသည်။

ထိုအချိန်က ဤအချက်ကို သူ ဂရုမစိုက်ခဲ့ပေ။ ယဲ့ချန်းက အစကတည်းက ဤသို့ စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း ယခုမှသာ သူ သဘောပေါက်တော့သည်။

သူသည် ကြွားလုံးထုတ်ရန်သာ စိတ်အားထက်သန်နေခဲ့ပြီး ယဲ့ချန်း၏ ထောင်ချောက်ထဲသို့ လုံးလုံးလျားလျား ကျဆင်းသွားမည်ဟု ထည့်မတွေးခဲ့မိပေ။

ဤကြွားလုံးထုတ်မှုနှင့် အရှက်ကွဲမှုက သည့်ထက်ပိုပြီး ရက်စက်နိုင်မည်မဟုတ်တော့ပေ။

ဒေါသထွက်နေသော ရော်ဘင်၏မျက်နှာကို မြင်လိုက်ရသောအခါ စုဝမ်ယိမှာ သူ့အတွက် အနည်းငယ်ပင် သနားသွားရသည်။

ရော်ဘင်တစ်ယောက် အပိုငွေသန်းရှစ်ဆယ်ကို သုံးစွဲလိုက်ရသည်။

ရော်ဘင်သည် ကြွားလုံးထုတ်ရန်အတွက်သက်သက် ဟွားနိုင်ငံသို့ လာခဲ့သော်လည်း သန်းရှစ်ဆယ်ဆုံးရှုံးရုံမှလွဲ၍ ဘာမှမလုပ်နိုင်ခဲ့ပေ။

အရေးအကြီးဆုံးအချက်မှာ ဤကိစ္စက ရုန်းထွက်စရာ လမ်းမရှိခြင်းပင်။ သူ သန်းရှစ်ဆယ် ဖြုန်းတီးပစ်လိုက်သည်ကိုသာ သူဌေးသိသွားပါက သူ သေချာပေါက် ဒုက္ခရောက်ပေတော့မည်။

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"မစ္စတာရော်ဘင်... ခင်ဗျားက ဟွားနိုင်ငံကိုရောက်နေတာ။ ဒီတော့ ဟန်ဆောင်မှုတိုင်းမှာ ပေးဆပ်ရမယ့် တန်ဖိုးရှိတယ်ဆိုတဲ့ သင်ခန်းစာကို ကျွန်တော် သင်ပေးလိုက်ပြီနော်"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက စုဝမ်ယိ၏လက်ကိုဆွဲ၍ လှည့်ထွက်လာခဲ့သည်။

တွေဝေကြောင်အမ်းနေသော ရော်ဘင်ကိုမူ ချန်ထားရစ်ခဲ့ချေသည်။

••••••••••••••••••••

အပိုင်း ၅၆၁ : သုံးရက်

ယဲ့ချန်းလည်း တစ်နေ့တာလုံးကို စုဝမ်ယိနှင့်အတူ ကုန်ဆုံးခဲ့ပြီး ညစာစားပြီးနောက် သူ(မ)ကို ကားဖြင့် အိမ်ပြန်ပို့ပေးခဲ့သည်။

စုဝမ်ယိ၏ ဗီလာသည် မြို့ပြ၏ ဆူညံပွက်လောရိုက်မှုများနှင့် ကင်းဝေးသည့် မိုတုမြို့ဆင်ခြေဖုံးရှိ ကျင်းနန်ပထမတန်းစားအိမ်ရာတွင် တည်ရှိပြီး အလွန်သာယာလှပသည်။

ဤနေရာရှိ အိမ်နီးချင်းများမှာ အလွန်ကောင်းမွန်ပြီး ပတ်ဝန်းကျင်အခြေအနေကလည်း အကောင်းဆုံးအဆင့်တွင်ရှိ၏။

ဤမျှကောင်းမွန်သော ပတ်ဝန်းကျင်မျိုး ရှိသည့်အတွက် ဤနေရာတွင် နေထိုင်သူများမှာ အလွန်ချမ်းသာကြွယ်ဝသူများ သို့မဟုတ် သြဇာတိက္ကမရှိသူများ ဖြစ်မည်မှာ သေချာပေသည်။

ယဲ့ချန်းက ဗီလာဧရိယာအတွင်းသို့ ကားမောင်းဝင်သွားခဲ့သော်လည်း လုံခြုံရေးအစောင့် တစ်ယောက်မှမရှိကြောင်း တွေ့လိုက်ရသည်။

"ဝမ်ယိ... မင်းတို့အိမ်ရာက လုံခြုံရေး သိပ်ညံ့တာပဲ။ ဂိတ်ပေါက်မှာတောင် လုံခြုံရေးအစောင့် တစ်ယောက်မှမရှိဘူး"

မည်သို့ပင်ဆိုစေကာမူ စုဝမ်ယိက မိန်းကလေးတစ်ယောက်ဖြစ်လေရာ သင့်တော်သော လုံခြုံရေးမျိုးမရှိသည့် ဤကဲ့သို့သောနေရာမျိုးတွင် သူ(မ)နေထိုင်နေရသည်ကို ယဲ့ချန်း စိတ်မချလှပေ။

စုဝမ်ယိလည်း အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။

"ပုံမှန်ဆိုရင်တော့ ဂိတ်ပေါက်မှာ လုံခြုံရေးအစောင့်တွေ ရှိပါတယ်။ ဘာတွေဖြစ်နေမှန်း ကျွန်မလည်း မသိတော့ဘူး"

"ထားလိုက်တော့... နောက်တစ်ခါကျရင် မင်းအတွက် ပိုလုံခြုံတဲ့နေရာတစ်ခု ရှာပေးမယ်။ ဒီနေရာက ဆိုးဝါးလွန်းတယ်"

ယဲ့ချန်းက ကားမောင်းရင်း မေးလိုက်သည်။

"မင်းရဲ့ဗီလာက ဘယ်ဟာလဲ"

စုဝမ်ယိကလည်း အရှေ့ရှိ ဗီလာတစ်လုံးကို လက်ညှိုးထိုးပြလိုက်လေသည်။

"ဗီလာနံပါတ်တစ်"

ယဲ့ချန်းက ဗီလာနံပါတ်တစ်ဆီသို့ ကားမောင်းသွားခဲ့သော်လည်း အဝင်ဝသို့ရောက်ချိန်တွင် မျက်မှောင်ကြုတ်လိုက်မိသည်။

တစ်လမ်းလုံးကို ကားများဖြင့် ပိတ်ဆို့ထားချေသည်။

ဤအိမ်ရာပတ်ဝန်းကျင်ကို ကောင်းမွန်သည်ဟု ယဲ့ချန်း ထင်ထားခဲ့သော်လည်း ယခုမူ အကောင်းမြင်စိတ် အလျဉ်းမရှိတော့ပေ။

သေစမ်း... သူတို့က လမ်းကို ကားပါကင်အဖြစ် ပြောင်းလိုက်ကြတာလား။

လုံခြုံရေးနဲ့ ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးက ဘာတွေလုပ်နေကြတာလဲ။

ယဲ့ချန်းက ဘေးဘီဝဲယာကို ကြည့်လိုက်လေရာ စုဝမ်ယိ၏ အိမ်နီးချင်းအသစ် ပြောင်းရွှေ့လာကြောင်း သဘောပေါက်လိုက်သည်။

အိမ်တက်ပွဲကျင်းပရန်အတွက် သူငယ်ချင်းအမြောက်အများ ရောက်နေကြခြင်းပင်။

ဤလူတစ်သိုက်က သူတို့၏ကားများကို စုဝမ်ယိ၏ အိမ်ရှေ့တည့်တည့်တွင် ရပ်ထားကြသည်။

ယဲ့ချန်းမှာ ဆွံ့အသွားရသည်။ အိမ်တက်ပွဲလုပ်ရုံသက်သက်ဖြင့် တစ်လမ်းလုံးကို ပိတ်ထား၍မရနိုင်ပေ။

သူလည်း ကားပေါ်မှဆင်းကာ ဗီလာနံပါတ်၁၉၏ တံခါးကို ခေါက်လိုက်သည်။

သို့သော် အထဲမှ ဆူညံသံများသာ ထွက်ပေါ်လာပြီး မည်သည့်တုံ့ပြန်မှုမှ မရှိပေ။

ယဲ့ချန်းလည်း ရွေးချယ်စရာမရှိတော့သဖြင့် စုဝမ်ယိနှင့်အတူ ခြံထဲသို့ ဝင်သွားရတော့သည်။

ခြံထဲသို့ရောက်သော် ယဲ့ချန်း လုံးဝဆွံ့အသွားရသည်။

လုံခြုံရေးအစောင့်တစ်ယောက်မှ မတွေ့ရသည်မှာ မဆန်းတော့ပေ။

သူတို့အားလုံး ဒီခြံထဲမှာ လာကူပေးနေကြတာကိုး။

ကျန်းမင်မှာ အလွန်ပျော်ရွှင်နေပေသည်။

အဆုံးတွင် သူအိပ်မက်မက်ခဲ့ရသော ဇိမ်ခံအိမ်ကြီးထဲသို့ ပြောင်းရွှေ့နိုင်ခဲ့ပြီဖြစ်၏။

ကြွားလုံးထုတ်ရန်အတွက် သူသည် ဗီလာတွင် ပါတီပွဲတစ်ခုကို တမင်တကာ ကျင်းပခဲ့သည်။

ကျန်းမင်တွင် ပျော်ရွှင်ရမည့် အကြောင်းအရင်းလည်း ရှိနေချေသည်။

ဤနေရာတွင် နေထိုင်သူများမှာ ချမ်းသာကြွယ်ဝသူများ သို့မဟုတ် သြဇာတိက္ကမရှိသူများပင်။

ဤနေရာတွင် နေထိုင်ခြင်းဖြင့် သူလည်း လူကုံထံများထဲမှ တစ်ဦးဖြစ်လာပြီဟု သက်သေပြနေသည်။

အနည်းဆုံးတော့ သူ ဤနေရာတွင် နေထိုင်ကြောင်း ပြောလိုက်သည့်အခါ အခြားသူများက သူ့ကို ပိုလေးစားလေဟန်ဖြင့် ကြည့်ကြလိမ့်မည်။

ကျန်းမင်မှာ ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးကုမ္ပဏီ၏ လက်ထောက်အထွေထွေမန်နေဂျာဖြစ်နေသဖြင့် လုံခြုံရေးအစောင့်များက မျက်နှာလိုမျက်နှာရလုပ်ရန် အခွင့်အရေးယူ၍ လာရောက်ကူညီပေးနေကြခြင်းပင်။

ထိုအချိန်တွင် ဝဖိုင့်ဖိုင့်လုံခြုံရေးအစောင့်တစ်ယောက်က သူ့ကို မြှောက်ပင့်ပြောဆိုလိုက်သည်။

"ဥက္ကဋ္ဌကျန်း... ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုဇိမ်ခံအိမ်ကြီး ပိုင်ထားတာ တကယ်အထင်ကြီးစရာပါပဲ"

ကျန်းမင်ကမူ ခပ်ဖွဖွပြုံး၏။

"ငါက သာမန်ပါပဲကွာ။ ငါ့ထက် ပိုချမ်းသာတဲ့လူတွေ အများကြီး ရှိပါသေးတယ်"

"မတူဘူးလေ။ သူတို့က သူတို့အဖေတွေကို အားကိုးကြတာ။ ဒါပေမဲ့ ဥက္ကဋ္ဌက ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်လာတာလေ"

ဝဖိုင့်ဖိုင့်လုံခြုံရေးအစောင့်၏ စကားကို ကြားသောအခါ ကျန်းမင်မှာ ပို၍ပင် ဘဝင်မြင့်သွားတော့သည်။

တကယ်တမ်းတွင် ဤဗီလာမှာ သူ့ပိုင်ဆိုင်မှုမဟုတ်ပါဘဲ သူငယ်ချင်းတစ်ယောက်၏ ပိုင်ဆိုင်မှုသာဖြစ်၏။

ထိုသူငယ်ချင်းက နိုင်ငံခြားသို့သွားနေသဖြင့် ကျန်းမင်က ယာယီတည်းခိုသည့်အနေနှင့် ဤနေရာတွင် ဝင်ရောက်နေထိုင်နေခြင်းသာ။

သို့သော် အခြားသူများကတော့ ထိုအချက်ကို မသိကြဘဲ သူ့ကို အိမ်ရှင်အစစ်ဟုသာ ထင်နေကြသည်။

ယခုမူ ကျန်းမင်သည် နည်းနည်းအမူးလွန်နေပြီး ဂုဏ်ယူဝင့်ကြွားနေသည်။

ထိုအချိန်တွင် ယဲ့ချန်းက ဝင်လာပြီး ပြောလိုက်၏။

"အပြင်မှာရပ်ထားတဲ့ ကားတွေက ဘယ်သူ့ကားတွေလဲ။ အိမ်နီးချင်းတွေရဲ့လမ်းကို ပိတ်နေလို့ ကျေးဇူးပြုပြီး နည်းနည်းလောက် ဖယ်ပေးလို့ရမလား"

သူ့စိတ်နေသဘောထားမှာ အလွန်ယဉ်ကျေးသည်ဟု ဆိုနိုင်ပေသည်။

သို့သော် ကြွားလုံးထုတ်ရန် အလုပ်များနေသော ကျန်းမင်မှာမူ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။

ကြွားလုံးထုတ်ရသည့် အခိုက်အတန့်လေးကို ပျော်မွေ့နေချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို ရဲတင်းစွာ နှောင့်ယှက်နေပေသည်။

ထိုစဉ် ကျန်းမင်၏ ကြွားလုံးများကို စိတ်အနှောင့်အယှက်ဖြစ်နေသော သူငယ်ချင်းတချို့က ဆူဆူညံညံလုပ်လာကြသည်။

"မန်နေဂျာကျန်း... ဒါတော့ အဆင်မပြေဘူးနော်။ ခုနကပြောတော့ ဒါက မင်းရဲ့နယ်မြေဆို။ ကားတွေကို ကြိုက်သလို ရပ်လို့ရတယ်ဆိုပြီး ကြွားနေတာ မဟုတ်ဘူးလား။ အခုတော့ အရှက်ကွဲပြီမဟုတ်လား"

ကျန်းမင်၏မျက်နှာကား ချက်ချင်းနီရဲသွားသည်။

ထိုစကားကြောင့် သူ အကြီးအကျယ်အရှက်ကွဲသွားရသည်။

"မင်းတို့က ဘယ်ကိုသွားမှာလဲ"

ကျန်းမင်က အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

"ကျွန်တော်တို့ ဗီလာနံပါတ်တစ်ကို သွားမှာပါ"

ယဲ့ချန်းကလည်း ပြန်ဖြေသည်။

ကျန်းမင်က လှောင်ပြုံးပြုံးလိုက်သည်။

"ဗီလာနံပါတ်တစ် ဟုတ်လား။ ကိုယ့်တန်ဖိုးကိုယ် အရင်စဉ်းစားသင့်တယ်။ အဲဒီမှာနေဖို့ မင်းမှာ အရည်အချင်းပြည့်မီတယ်လို့များ ထင်နေတာလား။ အဲဒီဗီလာက ငါတို့ရပ်ကွက်ရဲ့ ဂုဏ်ယူဖွယ်နေရာကွ။ မင်းရဲ့အဝတ်အစားကို ကြည့်ရတာတော့ အဲဒီဗီလာနဲ့ တကယ်တန်လို့လား"

စုဝမ်ယိမှာ ချက်ချင်းပင် ဒေါသထွက်သွားသည်။

"ရှင် ဘယ်လိုပြောလိုက်တာလဲ"

"ငါဘာပြောလိုက်လဲ ဟုတ်လား။ မင်းတို့က တစ်ခုခုကြံစည်ပြီး ခိုးဖို့အတွက် ခိုးကြောင်ခိုးဝှက် ဝင်လာတယ်လို့ သံသယဖြစ်နေတာ"

ထိုအချိန်တွင် အခြားလုံခြုံရေးအစောင့် အများအပြားက သူတို့ကို ဝိုင်းလာကြသည်။

"မင်းတို့ ဘာလုပ်နေတာလဲ။ ဒါ ဘယ်သူလဲသိလား။ သူက အိမ်ရာစီမံခန့်ခွဲရေးမန်နေဂျာကျန်းပဲ"

ယဲ့ချန်းက စုဝမ်ယိ၏ရှေ့တွင် မတ်တတ်ရပ်ကာ ကျန်းမင်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

"ခင်ဗျားက အိမ်ရာမန်နေဂျာလား။ ဒါက ခင်ဗျားရဲ့ လုံခြုံရေးအစောင့်တွေလား။ ကိုယ့်တာဝန်ကိုယ် မေ့နေကြပြီလား။ လုံခြုံရေးအစောင့်တွေအားလုံးက ခင်ဗျားခြံထဲမှာ အရက်လာသောက်နေကြတာလေ။ အိမ်ရာထဲမှာ တစ်ခုခုဖြစ်ရင် ခင်ဗျား တာဝန်ယူနိုင်လို့လား"

ယဲ့ချန်း၏စကားကို ကြားသောအခါ ကျန်းမင်မှာ ချက်ချင်းဒေါသထွက်သွားသည်။

"သောက်ကျိုးနည်း... ငါ့ကို ဆရာလာလုပ်ရအောင် မင်းက ဘာကောင်မို့လို့လဲ။ ဗီလာနံပါတ်တစ်ရဲ့ပိုင်ရှင်လို့ ပြောလိုက်တာမလား။ အိမ်ဂရန်ပြနိုင်လို့လား"

ယဲ့ချန်းက လှောင်ပြုံးပြုံးလိုက်သည်။

"ဘယ်သူက နေ့တိုင်း အိမ်ဂရန်ကို သယ်သွားနေမှာလဲ"

"ဟားဟား... မင်းမှာ မရှိဘူးမလား။ ဒါနဲ့များ သုံးဘီလျံတန်တဲ့ ဗီလာနံပါတ်တစ်ကို ပိုင်တယ်ဆိုပြီး ပြောနေသေးတယ်။ မင်း ဝယ်နိုင်လို့လား"

ဤစကားကို ကြားလိုက်ရသောအခါ စုဝမ်ယိမှာ အံ့အားသင့်သွားသည်။

ယဲ့ချန်းက ဤဗီလာကို သူ(မ)အား ပေးခဲ့ခြင်းဖြစ်ပြီး ထိုအချိန်ကမူ ယဲ့ချန်းသည် သန်းသုံးဆယ်သာ တန်သည်ဟု ပြောခဲ့ပေသည်။

ဤလူက သူ(မ)အတွက် ဗီလာတစ်လုံးဝယ်ဖို့ သုံးဘီလျံအထိ သုံးခဲ့ချေသည်။ နှမြောစရာကောင်းလိုက်တာ။

ယဲ့ချန်းက အေးစက်စက် ပြန်ဖြေလိုက်သည်။

"ကျွန်တော် ဆက်မပြောတော့ဘူး။ ခင်ဗျားတို့ ကားတွေက လမ်းပိတ်နေတယ်။ တခြားနေထိုင်သူတွေအတွက်ကျတော့ ဘယ်လိုလုပ်မလဲ။ ခင်ဗျားက အိမ်ရာမန်နေဂျာလို့လည်း ပြောသေးတယ်။ စည်းကမ်းတွေကို လိုက်နာသင့်တာပေါ့။ အခုတော့ ခင်ဗျားကိုယ်တိုင်က စည်းကမ်းတွေကို ဖောက်ဖျက်ဖို့ ဦးဆောင်နေတယ်။ အိမ်ရာမန်နေဂျာရော ဆက်လုပ်ချင်သေးရဲ့လား"

ယဲ့ချန်း၏စကားကို ကြားသောအခါ ကျန်းမင် ရုတ်တရက် ရယ်မောလိုက်သည်။

"ကောင်လေး... ငါက စည်းကမ်းဖောက်တယ်ဆိုတော့ရော ဘာဖြစ်လဲ။ ငါပြောမယ်။ ဒီမှာ ငါက အကြီးဆုံးပဲကွ။ ကားတွေက ရပ်ချင်တဲ့နေရာ ရပ်လို့ရတယ်။ ကားဖယ်ခိုင်းချင်ရင် ငါ့သူငယ်ချင်းတွေ စားသောက်ပြီး ပြန်တဲ့အထိ စောင့်။ အဲဒီကျရင် သူတို့ဘာသာသူတို့ ကားတွေ ဖယ်သွားလိမ့်မယ်"

ကျန်းမင်၏စကားကို ကြားချိန်ဝယ် သူ့အပေါင်းအပါများက ထောက်ခံအားပေးလိုက်ကြသည်။

သို့သော် တစ်စုံတစ်ယောက်ကမူ အကြံပေးလေသည်။

"အားမင်... တော်လောက်ပြီ။ သူတို့ကို လမ်းဖယ်ပေးလိုက်ကြရအောင်။ အချိန်သိပ်ကြာမှာမှ မဟုတ်တာ"

အလွန်မူးနေပြီဖြစ်သော ကျန်းမင်က နှာခေါင်းရှုံ့လိုက်၏။

"ဟွန့်... ဒီနေ့တော့ ငါမဖယ်ပေးဘူး။ သူ ငါ့ကို ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်"

ထိုအချိန်တွင် ကျန်းမင်မှာ လုံးဝမူးရူးနေပြီး ဒိတ်ဒိတ်ကြဲတစ်ယောက်နှယ် အာဏာပြနေတော့သည်။

ကျန်းမင်က လှောင်ပြုံးပြုံးလိုက်၏။

"ကားဖယ်ပေးစေချင်တာလား။ အဲဒီအကြောင်းတော့ တွေးတောင်မတွေးနဲ့။ သတ္တိရှိရင် မင်းဘာသာမင်း ကားတွေအကုန်လုံးကို ဖယ်လိုက်။ ဒါနဲ့... ငါတို့ကားတွေက သိပ်ဈေးမကြီးပါဘူး။ သုံးလေးသန်းလောက်ပဲ တန်တာ"

လူအုပ်ထဲမှ လှောင်ပြောင်သံများ ထွက်ပေါ်လာသည်။

စုဝမ်ယိမှာ ဤမျှအထိ အကျိုးအကြောင်းမသင့်သော လူများနှင့် တစ်ခါမှမကြုံဖူးခဲ့လေရာ သူ(မ)၏မျက်နှာလှလှလေးမှာ ဒေါသကြောင့် နီမြန်းသွားသည်။

"ရှင်တို့ သိပ်လွန်လွန်းနေပြီနော်"

စုဝမ်ယိက ဒေါသတကြီး အော်ပြောလိုက်သည်။

ကျန်းမင်က လှောင်ပြုံးပြုံးလိုက်သည်။

"ငါတို့က လွန်တယ်ဆိုတော့ရော မင်းက ဘာလုပ်နိုင်မှာလဲ"

ယဲ့ချန်းက အေးစက်စက် ဆိုလေသည်။

"ဒါဆို ခင်ဗျားတို့က ကားတွေကိုဖယ်ပေးဖို့ အစီအစဉ်မရှိဘူးပေါ့"

ကျန်းမင်က နှာမှုတ်လိုက်သည်။

"ခုနကတင် ငါပြောတယ်မဟုတ်လား။ ဖယ်ချင်ရင် မင်းဘာသာဖယ်လိုက်"

ယဲ့ချန်းက ခေါင်းညိတ်ပြပြီးနောက် စုဝမ်ယိ၏ လက်မောင်းကိုဆွဲ၍ ထွက်သွားလေသည်။

ဒေါသထွက်နေသော စုဝမ်ယိက ဆိုလေသည်။

"ဒီလူတွေအကြောင်း အိမ်ရာစီမံခန့်ခွဲရေးဆီ ဖုန်းဆက်ပြီး တိုင်ပစ်မယ်"

ယဲ့ချန်းက ရယ်မောရင်း ပြောလိုက်လေသည်။

"သူက အိမ်ရာမန်နေဂျာလေ။ သွားတိုင်တော့ရော ဘာထူးမှာလဲ။ ဒီကိစ္စကို ကိုယ့်တာဝန်သာထားလိုက်"

All Chapters