← Chapters

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 568-570

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 568-570

အပိုင်း ၅၆၈ : ဒီဟင်းက တော်တော်အရသာဆိုးတာပဲ

ပိုင်ထန်က အေးစက်စက်နှာခေါင်းရှုံ့လိုက်လေသည်။

"ငါတို့နိုင်ငံထဲမှာ ငါတို့ ဟွားနိုင်ငံသားတွေကို ဆဲပြီးတော့မှ ငါတို့နဲ့ အပေးအယူလာလုပ်ချင်သေးတာလား။ ဘယ်သူရှိလဲ... သူ့ကို အပြင်ဆွဲထုတ်ပစ်လိုက်ကြ"

ထိုစကားကို ကြားသောအခါ ရော်ဘင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့အကြည့်များမှာ အေးစက်သွားပြီး ကိုယ်နေဟန်ထားတစ်ခုကို ပြင်လိုက်၏။

"ငါက တိုက်ကွမ်ဒိုခါးပတ်နက်ရထားတာကွ"

သို့သော် လုံခြုံရေးဝန်ထမ်းများက သူ့ဆီသို့ တန်းတန်းမတ်မတ်သွားပြီး လက်သီးဖြင့်ထိုး၊ ခြေဖြင့်ကန်ကျောက်ပြီး ရော်ဘင်ကို အပြင်သို့ ပစ်ထုတ်လိုက်ကြသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ပတ်ပတ်လည်ရှိ လူများက လက်ခုပ်သြဘာပေးကြလေသည်။

ထိုအချိန်တွင် ရော်ဘင်သည် ယဲ့ချန်းက အစ်ကိုထန်ကို တစ်ခုခုပြောနေကြောင်း မြင်လိုက်ရသည်။

"ယဲ့ချန်း... တကယ် ယဲ့ချန်းပဲ။ ဒီကောင် နောက်ကွယ်ကနေ ပြဿနာရှာနေတာသေချာတယ်"

ယဲ့ချန်းကတော့ လုံးဝကြောင်အသွားလေသည်။

"ငါ ဘာလုပ်လို့လဲ။ ငါတော့ မတရားအစွပ်စွဲခံနေရပြီ"

နောက်တစ်နေ့တွင် ယဲ့ချန်း တက္ကစီမောင်းနေစဉ် စုဝမ်ယိထံမှ ဖုန်းဝင်လာသည်။

"ယဲ့ချန်း... ဒီနေ့ ကျွန်မကို အိပ်ရာခင်းတွေ လိုက်ဝယ်ပေးမယ်လို့ ကတိပေးထားတယ် မဟုတ်လား"

"သြော်... မေ့တော့မလို့။ ရပါတယ်။ အခုချက်ချင်းသွားဝယ်ကြတာပေါ့"

သူတို့နှစ်ယောက်သား ပင်းကျန်းကုန်တိုက်သို့ သွားခဲ့ကြသည်။

ယဲ့ချန်းက စုဝမ်ယိကို အိပ်ရာခင်းအရောင်းဆိုင်သို့ ခေါ်သွားသည်။

စုဝမ်ယိအတွက် ဝယ်ပေးခြင်းဖြစ်လေရာ အကောင်းဆုံးနှင့် ဈေးအကြီးဆုံးကိုသာ ရွေးရပေမည်။

ထိုအချိန်တွင် အရောင်းစာရေးမတစ်ယောက်က သူတို့ကို မြင်သွားပြီး ပြုံးစစဖြင့် ဆိုလာချေသည်။

"လူကြီးမင်းတို့က အိပ်ရာခင်းဝယ်မလို့လား"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ်။ ဒီမှာရှိသမျှထဲက အကောင်းဆုံးတွေကို ပြပေးပါ"

"ဟုတ်ကဲ့။ ရပါတယ်ရှင့်"

ထိုသို့ပြောရင်း အရောင်းစာရေးမလေးက အိပ်ရာခင်းအစုံတချို့ကို ထုတ်ပြပြီး ရယ်မောလိုက်သည်။

"လူကြီးမင်းတို့က အိမ်ထောင်အသစ် ထူထောင်ကြမလို့ထင်တယ်။ ဒီ 'နဂါးနဲ့ ဖီးနစ်' မင်္ဂလာအစုံကို ကြည့်ကြည့်ပါလား။ လူကြီးမင်းတို့လို ဇနီးမောင်နှံအသစ်တွေနဲ့ အရမ်းလိုက်ဖက်တယ်"

အရောင်းစာရေးမလေး၏ စကားကို ကြားသောအခါ စုဝမ်ယိ၏မျက်နှာကား ချက်ချင်းဆိုသလို ရဲတက်သွားသည်။

စုဝမ်ယိက နေရခက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

"ကျွန်မတို့က ညားခါစလင်မယားတွေ မဟုတ်ပါဘူး"

အရောင်းစာရေးမလေးခမျာ ခဏမျှ မှင်တက်သွားသည်။

"အာ... အိမ်ထောင်သက်တမ်း တော်တော်ကြာနေပြီပေါ့။ ပုံစံကြည့်ရတာ အရမ်းငယ်သေးလို့လေ။ တောင်းပန်ပါတယ်နော်။ ဇနီးမောင်နှံအသစ်တွေလို့ ထင်သွားလို့ပါ"

ယဲ့ချန်း : "..."

စုဝမ်ယိ : "..."

ထိုအချိန်တွင် စုဝမ်ယိ၏မျက်နှာမှာ ပန်းသီးမှည့်ကြီးတစ်လုံးနှယ် ရဲတွတ်သွားလေသည်။

"မဝယ်တော့ဘူး"

ထိုသို့ပြောပြီးနောက် စုဝမ်ယိက ယဲ့ချန်းကို ဆွဲ၍ ထွက်ပြေးသွားလေတော့သည်။

အရောင်းစာရေးမလေးခမျာ ကြောင်အသွားသည်။

"ငါ ဘာမှတောင် မပြောရသေးဘူး။ ဒီကောင်မလေးက ဘာလို့ မျက်နှာကြီးရဲတက်ပြီး သူ့ယောကျ်ားကိုဆွဲပြီးပြေးသွားရတာလဲ"

စုဝမ်ယိ၏အမူအရာကို ကြည့်ပြီး ယဲ့ချန်း မရယ်ဘဲ မနေနိုင်တော့ပေ။

အဆုံးတွင်မူ ယဲ့ချန်းလည်း စုဝမ်ယိကို ပြန်ဆွဲခေါ်လာပြီး အိပ်ရာခင်းအစုံအချို့ကို ဝယ်ယူခဲ့သည်။ ယဲ့ချန်းကတော့ ထုံးစံအတိုင်း စုဝမ်ယိအတွက် အကောင်းဆုံးနှင့် ဈေးအကြီးဆုံးများကိုသာ ရက်ရက်ရောရော ဝယ်ပေးခဲ့သည်။

မွေ့ရာစွပ်အနည်းငယ်ကိုပင် ငွေနှစ်သောင်းကျော် ကုန်ကျခဲ့သည်။

စုဝမ်ယိက ရယ်ကာမောကာဖြင့် ပြောလိုက်သည်။

"ကျေးဇူးပဲနော်"

"ရပါတယ် အချစ်ရဲ့"

ယဲ့ချန်း ပြုံးလိုက်မိသည်။

"လာပြန်ပြီ... ဒီစကားတွေ"

စုဝမ်ယိ၏မျက်နှာကား ရဲတက်သွားပြန်သည်။

သူတို့နှစ်ယောက်သား အိပ်ရာခင်းဝယ်နေသည်ကို ကြည့်ရင်း အရောင်းစာရေးမလေးက ဇနီးမောင်နှံဟု ထင်သွားခဲ့ခြင်းပင်။

ကုန်တိုက်တွင် ဈေးဝယ်ပြီးနောက် ထမင်းစားရမည့်အချိန်သို့ ရောက်လာသည်။

ယဲ့ချန်း ပြုံးလိုက်ချေသည်။

"ကိုယ် နေ့တစ်ဝက်လောက် အဖော်လိုက်ပေးပြီးပြီဆိုတော့ မင်း ကိုယ့်ကို တစ်နပ်လောက် ကျွေးသင့်တယ် မဟုတ်လား"

စုဝမ်ယိက ပြန်ပြောလိုက်၏။

"ကောင်းပါပြီ။ ဘာစားချင်လဲ"

ယဲ့ချန်းက အနီးအနားရှိ စားသောက်ဆိုင်တစ်ဆိုင်ကို လှမ်းကြည့်လိုက်၏။

"ဆရာယွီရဲ့ စားသောက်ဆိုင်က တော်တော်နာမည်ကြီးတယ်လို့ ကြားတယ်။ အဲဒီကို သွားကြမလား"

ယဲ့ချန်း၏အကြံပြုချက်ကို ကြားသောအခါ စုဝမ်ယိ ခေါင်းညိတ်လိုက်သည်။

တကယ်တော့ စုဝမ်ယိမှာ အိမ်ပြန်ပြီးမှသာ စားချင်သည်။

အကြောင်းမှာမူ ယဲ့ချန်းချက်ပေးသည့် ခေါက်ဆွဲကို သူ(မ) စွဲလမ်းနေဆဲပင်။

သို့သော် ယဲ့ချန်းက သူ(မ)အတွက် အိပ်ရာခင်းအများကြီး ဝယ်ပေးထားသဖြင့် အိမ်ရောက်မှ ထပ်ချက်ခိုင်းရန်မှာ မသင့်တော်ဘူးဟု တွေးမိသည်။

သူတို့နှစ်ယောက်သား ဆရာယွီ၏ စားသောက်ဆိုင်သို့ ရောက်လာပြီးနောက် သီးသန့်ခန်းတစ်ခန်း တောင်းလိုက်ကြသည်။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် စားပွဲထိုးမလေးတစ်ယောက် ဝင်လာသည်။

စုဝမ်ယိသည် ဤစားသောက်ဆိုင်သို့ မကြာခဏလာဖူးသဖြင့် ဟင်းလျာစာရင်းကို ကျွမ်းကျင်ပြီးသားဖြစ်လေရာ နာမည်ကြီးဟင်းလျာနှစ်မျိုးကို ချက်ချင်းမှာလိုက်သည်။

ယဲ့ချန်းကလည်း ဟင်းနှစ်ပွဲ ထပ်မှာလိုက်သဖြင့် စုစုပေါင်း ဟင်းလေးပွဲနှင့် စွပ်ပြုတ်တစ်ခွက် ဖြစ်သွားချေသည်။

ခဏအကြာဝယ် စားပွဲထိုးမလေးက ဟင်းပွဲများကို ယူလာသည်။

စားပွဲထိုးမလေးက ပြုံးလျက် ပြောလေသည်။

"လူကြီးမင်းတို့ အရမ်းကံကောင်းတာပဲ။ ဒီနေ့ ကျွန်မတို့ဆိုင်ရဲ့တည်ထောင်သူ ဆရာယွီကိုယ်တိုင် ချက်ပေးထားတာပါ။ အရသာကတော့ အရမ်းကောင်းမှာသေချာတယ်"

ထိုစကားကို ကြားလိုက်ရသော် စုဝမ်ယိလည်း အလွန်ဝမ်းသာသွားသည်။

ယွီစံအိမ်တော်ကို တည်ထောင်သူ ဆရာယွီသည် မိုတုမြို့၏ နာမည်ကျော်စားဖိုမှူးကြီးတစ်ဦးဖြစ်သည်ဟု သိရသည်။

သူ့လက်ရာများမှာ တစ်ခေတ်တစ်ခါက အလွန်နာမည်ကြီးခဲ့သည်။

ကံမကောင်းစွာဖြင့် သူ အနားယူသွားပြီးနောက်ပိုင်း သူ့လက်ရာကို မြည်းစမ်းခွင့်ရရန် အလွန်ခဲယဉ်းသွားသည်။

စုဝမ်ယိက တူကို ကောက်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် တစ်လုတ်မြည်းကြည့်လိုက်သည်။

သို့သော် ခဏအကြာဝယ် စုဝမ်ယိ၏ မျက်နှာထက်တွင် စိတ်ပျက်လေဟန် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

ယဲ့ချန်းကလည်း သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

စုဝမ်ယိမှာမူ မကျေမနပ်ဖြစ်နေပေသည်။

"ကျွန်မအဖေပြောတာတော့ ဆရာယွီက မိုတုရဲ့ နံပါတ်တစ်စားဖိုမှူးကြီးတဲ့။ အခု သူက အိုသွားလို့ပဲလားမသိဘူး။ ဟင်းတွေက သိပ်မကောင်းသလိုပဲ"

ထိုစကားကို ကြားသောအခါ ယဲ့ချန်းလည်း အံ့အားသင့်သွားသည်။

သူလည်း တစ်လုတ်မြည်းကြည့်လိုက်လေရာ အရသာက အလွန်ကောင်းမွန်သည်ဟု ခံစားရသည်။

သူ၏ နတ်ဘုရားအဆင့် အချက်အပြုတ်စွမ်းရည်နှင့်မူ မယှဉ်နိုင်သော်ငြား စားဖိုမှူးလောကတွင်တော့ ဤလက်ရာမှာ ချီးကျူးစရာပင်။

ယဲ့ချန်း ချက်ချင်းနားလည်လိုက်သည်။

မနေ့က သူချက်ပေးသည့် ခေါက်ဆွဲကို စားပြီးနောက် စုဝမ်ယိ၏ အစားအသောက်စံနှုန်းက အဆင့်မြင့်သွားခြင်း ဖြစ်ပေလိမ့်မည်။

စုဝမ်ယိက ပြုံးလျက် ဆိုလေသည်။

"ဆရာယွီ အသက်ကြီးသွားလို့ဖြစ်မှာပါ။ သူ့တပည့်တွေရဲ့လက်ရာက ဘယ်လိုနေလဲဆိုတာသိရအောင် ရှင်ကြိုက်တဲ့ဟင်းတချို့ ထပ်မှာကြည့်ပါလား"

ယဲ့ချန်းက စားပွဲထိုးမလေးကို ပြောလိုက်သည်။

"စားပွဲထိုး... မင်းတို့ဆိုင်က မူလစားဖိုမှူးကို ဒီဟင်းနှစ်ပွဲ ပြန်ချက်ခိုင်းပေးပါ"

စားပွဲထိုးမလေးခမျာ ခဏမျှ တုံ့ဆိုင်းသွားသည်။

"ရှင်... ဆရာယွီချက်တဲ့ဟင်းကို သဘောမကျလို့လား"

စုဝမ်ယိက ဆို၏။

"အင်း... တပည့်တွေချက်တာက ပိုကောင်းမယ်ထင်လို့ပါ"

"အာ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါတွေက ဆရာယွီကိုယ်တိုင် ချက်ပေးထားတာပါ။ စားချင်တဲ့လူတွေ အများကြီးရှိပေမဲ့ အခွင့်အရေး မရကြဘူးလေ"

စားပွဲထိုးမလေးခမျာ နားမလည်နိုင်တော့ပေ။

စုဝမ်ယိကမူ မကျေမနပ်ဖြင့် ပြောလိုက်ပြန်သည်။

"ဟွန်း... သူ့က အရင်တုန်းက မိုတုရဲ့ နာမည်ကျော် စားဖိုမှူးကြီးလို့ ပြောနေကြတာ။ ကျွန်မအတွက်တော့ သူ့ဟင်းတွေက ကျွန်မချစ်သူချက်ပေးတဲ့ ခေါက်ဆွဲပြုတ်လောက်တောင် အရသာမရှိဘူး"

ယဲ့ချန်းကတော့ ကူကယ်ရာမဲ့စွာ ပြုံးလိုက်လေသည်။

"ကဲ... ညီမလေး .. ငါ့ကောင်မလေး ပြောသလိုပဲ လုပ်ပေးလိုက်ပါ"

သို့သော် ခဏအကြာတွင် အဘိုးကြီးတစ်ယောက်က သီးသန့်ခန်းထဲသို့ ဒေါသတကြီး ဝင်လာချေသည်။

"ဟွန်း... ဘယ်ဟွမ်းမောက်ကောင်မလေးက ငါ့လက်ရာကို ခေါက်ဆွဲပြုတ်လောက်တောင် အရသာမရှိဘူးလို့ ပြောနေတာလဲ"

ထိုအချိန်တွင် စားပွဲထိုးမလေးကလည်း အနောက်က လိုက်လာရှာသည်။

"ဆရာယွီ... စိတ်မဆိုးပါနဲ့..."

ယဲ့ချန်း နားလည်သွားသည်။ စုဝမ်ယိက သူ့လက်ရာကို မကြိုက်ကြောင်း ဝန်ထမ်းမလေးက ဆရာယွီ့ကို သွားပြောလိုက်သဖြင့် အဘိုးကြီး ဒေါသထွက်နေခြင်း ဖြစ်ပေလိမ့်မည်။

စုဝမ်ယိလည်း အနည်းငယ် နေရခက်သွားသည်။

တစ်ဖက်လူက အသက်၇၀ကျော်နေပြီဖြစ်သလို သူ(မ)ကလည်း အမှတ်မထင် ပြောလိုက်မိခြင်းပင်။ စားပွဲထိုးမလေးက အဘိုးကြီးကို သွားပြောလိမ့်မည်ဟု သူ(မ) မထင်ထားပေ။

ထိုအဘိုးကြီးကိုကြည့်ပြီး စုဝမ်ယိ အပြစ်မကင်းသလို ခံစားလိုက်ရသည်။

မည်သို့ပင်ဖြစ်စေ သူသည် အသက်၈၀ကျော်နေပြီမဟုတ်လော။ သူ့နောက်ကွယ်မှာ သူ့လက်ရာ မကောင်းဘူးဟု ပြောမိခြင်းမှာ သူ့ဂုဏ်သိက္ခာကို ထိခိုက်အောင်လုပ်သလို ဖြစ်သွားခဲ့သည်။

ထို့ကြောင့် စုဝမ်ယိလည်း အားတုံ့အားနာဖြင့် ပြန်ပြောလိုက်သည်။

"ဆရာယွီ... ကျွန်မက ခါတိုင်းစားနေကျ စားဖိုမှူးရဲ့ လက်ရာကိုပဲ အသားကျနေလို့ပါ။ ဆရာချက်တာ မကောင်းလို့ မဟုတ်ပါဘူး။ ကျွန်မရဲ့အကြိုက်နဲ့ မကိုက်လို့ ဖြစ်မှာပါ"

အစတုန်းက စုဝမ်ယိသည် ဆရာယွီ့ကို လွတ်လမ်းတစ်လမ်း ချန်ပေးချင်ခဲ့သည်။

သို့သော် မထင်မှတ်ထားပါဘဲ ဆရာယွီက လုံးဝလက်မခံခဲ့ပေ။

သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

"အရင်တုန်းက ယွီစံအိမ်ဆိုတာ နိုင်ငံတော်အဆင့် ဧည့်ခံပွဲတွေကိုတောင် တာဝန်ယူခဲ့ရတာ။ ငါ့လက်ရာကို မကောင်းဘူးလို့ ဘယ်သူမှ မပြောဖူးဘူး။ အခု မင်းက မင်းအကြိုက်နဲ့ မကိုက်ဘူးလို့ ပြောလိုက်တာလား။ မိန်းကလေး... ငါ့ဟင်းကို မကောင်းဘူးလို့ ပြောရအောင် မင်းမှာ ဘာအရည်အချင်းရှိလို့လဲ"

စုဝမ်ယိခမျာ တစ်ဖက်လူမှာ အသက်၈၀ကျော်နေပြီဖြစ်၍ လွတ်လမ်းတစ်လမ်း ဖောက်ပေးချင်ခဲ့သော်လည်း...

မထင်မှတ်ထားပါဘဲ သူက လုံးဝအလျှော့မပေးဘဲ ပြန်ပက်လိုက်သဖြင့် သူ(မ)၏မျက်နှာအမူအရာကား အနည်းငယ်ပျက်ယွင်းသွားသည်။

ဘေးနားရှိ ယဲ့ချန်းကမူ သူ့ချစ်သူ အပြောအဆိုခံနေရသည်ကို မြင်သောအခါ အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။

"အဘိုး... ခင်ဗျားပြောတာ မမှန်ဘူးဗျ။ ခင်ဗျားက စားဖိုမှူးပဲ။ လူတိုင်းရဲ့အကြိုက်က တူမှာ မဟုတ်ဘူးလေ။ ခင်ဗျားဟင်းကို လူတိုင်း ကြိုက်ရမယ်လို့ ဘယ်ရှိမလဲ။ ခင်ဗျားဟင်းက ကောင်းတယ်ဆိုရင်တောင်မှ ဧည့်သည်ကတော့ သူ့အမြင်သူ ပြောခွင့်ရှိတာပဲ မဟုတ်လား။ လူတိုင်းက ခင်ဗျားဟင်းကို ကောင်းပါတယ်လို့ပဲ အတင်းပြောနေရမှာလား"

••••••••••••••••••••••

အခန်း ၅၆၉ - ခင်ဗျားထက် ကျုပ်က လက်ရာပိုကောင်းတယ်

ဆရာယွီက အေးစက်စက် နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။

"သူက ဖောက်သည်ဆိုတာနဲ့ပဲ ငါ့ဟင်းတွေကို အရသာမရှိဘူးဆိုပြီး ပေါက်ကရပြောခွင့်ရှိတယ်လို့ မဆိုလိုဘူးလေ။ ဒါက ငါ့ဂုဏ်သိက္ခာကို လုံးဝထိခိုက်စေတယ်။ သူ ငါ့ကို တောင်းပန်ရမယ်"

တကယ်တော့ ဆရာယွီက ပုံမှန်ဆိုလျှင် အလွန်သဘောကောင်းသူဖြစ်သော်လည်း ယနေ့တော့ သူ အလွန်ဒေါသထွက်နေပေသည်။

အစတုန်းက သူသည် စိတ်ကူးပေါက်သဖြင့် ဟိုတယ်သို့လာပြီး ကိုယ်တိုင်ကိုယ်ကျ ဟင်းလျာတချို့ ဝင်ချက်ခဲ့ခြင်းပင်။ တစ်စုံတစ်ယောက်က အရသာမရှိဘူးဟု ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ စားဖိုမှူးလုပ်လာခဲ့သည့် နှစ်များတစ်လျှောက် လူတိုင်းက သူ့လက်ရာကို ကောင်းသည်ဟုသာ ချီးကျူးခဲ့ကြသည်။ သူ့ဟင်းကို အရသာမရှိဘူးဟု လူတစ်ယောက်က ညည်းညူခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သောကြောင့် သူ စိတ်တိုသွားရသည်။

အထူးသဖြင့် အစောတုန်းက စားပွဲထိုးလေး လာပြောသည့်အချိန်တွင် သူ့တပည့်အားလုံး ကြားလိုက်ရသဖြင့် သူ့မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ဖြစ်သွားချေသည်။

ယဲ့ချန်းလည်း ဆရာယွီ၏ ခံစားချက်ကို နားလည်သည်။ အကျော်အမော်တစ်ယောက်လို လူတစ်ယောက်မှာ အချက်အပြုတ်စွမ်းရည် ညံ့သည်ဟု ရုတ်တရက်အပြောခံလိုက်ရခြင်းမှာ အထူးသဖြင့် တပည့်များရှေ့တွင်ဖြစ်လေရာ သည်းခံရခက်မည်မှာ သေချာသည်။

သို့သော် စုဝမ်ယိလည်း မမှားပေ။ သူ(မ)က ခံစားချက်အစစ်အမှန်ကိုသာ ထုတ်ပြောခဲ့ခြင်းပင်။

အဓိကပြဿနာမှာ စုဝမ်ယိ၏စကားကို ဆရာယွီထံ သွားပြောခဲ့သော စားပွဲထိုးလေးသာ။

မည်သို့ပင်ဖြစ်​စေ စုဝမ်ယိက သူ့မိန်းကလေးပင်။ သူ(မ) အပြောအဆိုခံနေရသည့် အဖြစ်မျိုးကို သူ မည်သို့ခွင့်ပြုနိုင်ပါမည်နည်း။

ယဲ့ချန်းလည်း တည်ငြိမ်စွာ ရှင်းပြလိုက်၏။

"တောင်းပန်ရမယ်... ဟုတ်လား။ ကျွန်တော့်ကောင်မလေးက သူ့အမြင်သူ ရိုးရိုးသားသား ပြောခဲ့တာပါ။ ဘာအမှားမှ မလုပ်ခဲ့ဘူး။ သူက ဘာလို့ တောင်းပန်ရမှာလဲ"

"ဟွန်း... မင်းကောင်မလေး ဘာပြောခဲ့လဲ။ ငါချက်တာက မင်းရဲ့ခေါက်ဆွဲပြုတ်လောက်တောင် အရသာမရှိဘူးဆိုပဲ။ ငါတော့ မယုံပါဘူး။ မင်းရဲ့ခေါက်ဆွဲပြုတ်က ဘယ်လောက်တောင် ဆန်းကြယ်နေလို့လဲ။ ငါ့ဟင်းထက် ပိုကောင်းတယ်ဆိုတာတော့ လုံးဝယုတ္တိမရှိဘူး"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။

"ကျွန်တော့်ကောင်မလေးက အမှန်အတိုင်း ပြောနေတာပါ။ ခင်ဗျားရဲ့လက်ရာက တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့် ခေါက်ဆွဲပြုတ်နဲ့ ယှဉ်လို့ရတဲ့အဆင့်မှာတော့ မရှိပါဘူး"

သူ့စကားကြောင့် ထိုနေရာတစ်ဝိုက် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

ထို့နောက် အော်ဟစ်ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။

ဆရာယွီကလည်း လှောင်ပြုံးပြုံး၍ ပြောလိုက်၏။

"ကောင်လေး... မင်း လာနောက်နေတာလား။ ငါ ဟင်းချက်လာတာ နှစ်တွေအများကြီးရှိနေပြီ။ ငါ့ဟင်းတွေက မင်းရဲ့ခေါက်ဆွဲပြုတ်ထက် မကောင်းဘူးဆိုရင် ငါ စားဖိုမှူးလုပ်လာခဲ့တဲ့ နှစ်တွေအကုန်လုံး အလကားဖြစ်ကုန်မှာပေါ့"

ထိုစဉ် အခြားလူတစ်ယောက်က အထဲဝင်လာပြီး ပြောလိုက်သည်။

"ကောင်လေး... မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော်မောက်မာပါလား။ ငါ့ဆရာရဲ့ လက်ရာက နိုင်ငံတော်အဆင့်ဧည့်ခံပွဲမှာတောင် နိုင်ငံခြားဧည့်သည်တွေရဲ့ တစ်ခဲနက်ချီးကျူးမှုကို ခံခဲ့ရတာကွ။ မင်းရဲ့ခေါက်ဆွဲပြုတ်က ငါ့ဆရာရဲ့ဟင်းတွေနဲ့ ယှဉ်လို့ရနိုင်ပါ့မလား"

ယဲ့ချန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ချေသည်။

"သူ အရင်က ဘာတွေလုပ်ခဲ့လဲဆိုတာ ကျွန်တော် ဂရုမစိုက်ဘူး။ ကောင်းရင် ကောင်းတယ်ပေါ့။ မကောင်းရင် မကောင်းဘူးပေါ့။ သူ့ဟင်းတွေက ကျွန်တော့်ခေါက်ဆွဲပြုတ်လောက် မကောင်းတာတော့ အမှန်တရားပဲ။ ကျွန်တော့်ကောင်မလေး ပြောတာလည်း မမှားတဲ့အတွက် ဆရာယွီ့ကို တောင်းပန်စရာ လုံးဝမလိုဘူး"

ဆရာယွီခမျာ မှင်တက်သွားသော်လည်း ရုတ်တရက် ရယ်မောလိုက်၏။

"ကောင်းပြီလေ ကောင်လေး... မင်းက ဒီလောက်တောင် ယုံကြည်မှုရှိနေမှတော့ မင်းရဲ့ ခေါက်ဆွဲပြုတ်က ငါ့စွမ်းရည်ကို ဘယ်လောက်အထိ ယှဉ်နိုင်မလဲဆိုတာသိရအောင် ငါနဲ့ ဟင်းချက်ပြိုင်ပွဲ လုပ်ကြည့်ရအောင်"

တပည့်များကလည်း ထောက်ခံကြသည်။

"ဟုတ်တယ်။ ကောင်းမကောင်းဆိုတာ မင်းဆုံးဖြတ်ရမှာ မဟုတ်ဘူး။ မင်းမှာ ဘာအရည်အချင်းရှိလဲဆိုတာ ငါတို့ကို ပြစမ်းပါ"

ထိုအချိန်တွင်မူ စုဝမ်ယိလည်း နောင်တရသွားလေသည်။

သူ(မ)အနေနှင့် ယဲ့ချန်း၏ အချက်အပြုတ်စွမ်းရည်ကို တကယ်နှစ်သက်သော်လည်း တစ်ဖက်လူမှာ မိုတုမြို့ရှိ နာမည်ကြီးစားဖိုမှူးတစ်ယောက် ဖြစ်နေချေသည်။ ယဲ့ချန်း ယှဉ်နိုင်ပါ့မလား။

စုဝမ်ယိလည်း ယဲ့ချန်းကို ဆွဲကာ ပြောလိုက်၏။

"ယဲ့ချန်း... ထားလိုက်ပါတော့။ ကျွန်မတို့ သွားကြရအောင်။ ဘာလို့ သူတို့နဲ့ ဟင်းချက်ပြိုင်နေမှာလဲ"

ယဲ့ချန်းကမူ ပြုံးရုံသာပြုံး၏​။

"စိတ်မပူပါနဲ့ ဝမ်ယိရယ်။ သူတို့က ကိုယ့်ရဲ့ အချက်အပြုတ်စွမ်းရည်ကို ကြည့်ချင်နေမှတော့လည်း ပြလိုက်တာပေါ့"

ယဲ့ချန်းက တကယ်ပြိုင်ချင်နေလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် စုဝမ်ယိ အံ့အားသင့်သွားသည်။

ယဲ့ချန်းက ပြုံးလျက် စကားဆိုလေသည်။

"ပြိုင်မယ်ဆိုတာကတော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ လောင်းကြေးတစ်ခုခု တော့ ရှိသင့်တယ်မဟုတ်ဘူးလား"

ဆရာယွီက အေးစက်စက်နှာခေါင်းရှုံ့လိုက်လေသည်။

"ကောင်းပြီလေ။ မင်းရှုံးရင် အဲဒီကောင်မလေး ငါ့ကို ဒူးထောက်ပြီး တောင်းပန်ရမယ်"

ထိုစကားကို ကြားသောအခါ ယဲ့ချန်း မျက်မှောင်ကြုတ်မိသည်။

"ဒါက ခင်ဗျားနဲ့ ကျွန်တော့်ကြားက အလောင်းအစားပဲ။ တခြားသူတွေကို ပါဝင်ပတ်သက်ခိုင်းစရာ မလိုဘူး။ ကျွန်တော် ရှုံးရင် ကျွန်တော် ခင်ဗျားကို ဒူးထောက်ပြီး တောင်းပန်မယ်"

ထိုစကားကိုကြားသော် စုဝမ်ယိ စိုးရိမ်သွားသည်။

ပြဿနာကို သူ(မ)က စတင်ခဲ့ခြင်းဖြစ်သောကြောင့် အလျင်စလို ဝင်ပြောလိုက်သည်။

"ယဲ့ချန်း... မလုပ်ပါနဲ့"

ယဲ့ချန်းကမူ ခေါင်းယမ်းလိုက်သည်။

"စိတ်မပူပါနဲ့။ ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်ကောင်းကောင်းသိပါတယ်"

ဆရာယွီက ခက်ထန်မာကျောစွာ နှာခေါင်းရှုံ့လိုက်သည်။

"ကောင်းပြီ။ မင်းက ဒီကောင်မလေးအတွက် ဝင်ပါပေးချင်တယ်ဆိုရင်တော့ ငါ သဘောတူပါတယ်"

ယဲ့ချန်းက ဆရာယွီ့ကို ကြည့်လိုက်သည်။

"ခင်ဗျားရှုံးရင်ရော"

ဆရာယွီက နှာခေါင်းရှုံ့လိုက်လေသည်။

"ငါရှုံးရင် မင်းကို ဒူးထောက်တောင်းပန်ပြီး ငါ့ဆရာအဖြစ် သတ်မှတ်မယ်"

ဆရာယွီ၏အမြင်တွင် ရှုံးမည့်လူမှာ ယဲ့ချန်းသာ ဖြစ်၏။

သူက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။

ယဲ့ချန်းက ခေါင်းယမ်းပြလိုက်သည်။

"ကျွန်တော့်ဆရာလုပ်ဖို့ရော ဒူးထောက်ဖို့ပါ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက အသက်အရမ်းကြီးနေပြီလေ။ ခင်ဗျားရှုံးရင် ကျွန်တော့်သူငယ်ချင်းကို တောင်းပန်ရင်ရပါပြီ"

ဆရာယွီက ခေါင်းညိတ်ပြသည်။

"ကောင်းပြီ။ ဒါပေမဲ့ မင်းသာ ငါ့ကို တကယ်နိုင်ခဲ့ရင် မင်းကို ငါ့ဆရာအဖြစ် အသိအမှတ်ပြုမယ်"

ဟွားနိုင်ငံတွင် ဆရာယွီ၏ လေးစားမှုကို ရနိုင်လောက်အောင် အချက်အပြုတ်စွမ်းရည်ရှိသူ များများစားစားမရှိပေ။

လူငယ်တစ်ယောက်တွင် ယခုလိုစွမ်းရည်မျိုး ရှိနိုင်လိမ့်မည်ဟုလည်း သူ မယုံကြည်ပေ။

ဆရာယွီက ဆိုလေသည်။

"ဒါဆိုလည်း အချိန်မဖြုန်းတော့ဘူး။ စလိုက်ကြရအောင်"

ထိုသို့ပြောပြီးနောက် သူသည် သူ့တပည့်များကို ဦးဆောင်၍ မီးဖိုချောင်ဘက်သို့ ထွက်သွားသည်။

စုဝမ်ယိကမူ ယဲ့ချန်း၏ အင်္ကျီလက်ကို ဆွဲထားလိုက်သည်။

"ယဲ့ချန်း... တောင်းပန်ပါတယ်။ ကျွန်မကြောင့် အခုလိုဖြစ်ရတာ"

ယဲ့ချန်းက စုဝမ်ယိ၏ ခေါင်းလေးကို ပုတ်လိုက်၏။

"အရူးမလေး... ဘယ်လိုလုပ်ပြီး မင်းအမှားဖြစ်ရမှာလဲ။ ပြီးတော့ ကိုယ် မရှုံးပါဘူး"

စုဝမ်ယိခမျာ အံတင်းတင်းကြိတ်လိုက်မိသည်။

"ရှင်တကယ်ရှုံးခဲ့ရင် ကျွန်မပါ ရှင့်ဘေးမှာ အတူတူဒူးထောက်မယ်"

ယဲ့ချန်းက ဆွံ့အသွားလေသည်။

"ကိုယ် ရှုံးမယ်ဆိုတာ မင်းက အဲဒီလောက်တောင် သေချာနေတာလား"

စုဝမ်ယိက ပြန်ဖြေလိုက်၏။

"အစ်ကိုကြီးရယ်... ရှင်က ခေါက်ဆွဲလုပ်မှာလေ။ ဆရာယွီက ဟွားနိုင်ငံဟင်းချက်အသင်းရဲ့ ဥက္ကဋ္ဌဟောင်းနော်"

ယဲ့ချန်းက ပြုံးရုံသာပြုံး၏။

"ကိုယ့်ရှေ့မှာတော့ သူ့ဘာသာ ဥက္ကဋ္ဌဖြစ်နေရင်တောင် ဒူးထောက်အရိုအသေပေးရမှာပဲ"

စုဝမ်ယိခမျာ ဆွံ့အသွားရလေသည်။ ယဲ့ချန်း၏ ယုံကြည်မှုမှာ ဘယ်ကရောက်လာကြောင်း သူ(မ) နားမလည်နိုင်ပေ။

မကြာခင်မှာပင် ထိုလူစုလည်း မီးဖိုချောင်သို့ ရောက်သွားကြသည်။

ဆရာယွီက မီးဖိုတစ်ခုနားသို့သွားပြီး ပြောလိုက်သည်။

"ကောင်လေး... မင်းက ဘယ်ဟင်းချက်ရတာ ကျွမ်းကျင်လဲ။ ငါတို့ အခု စလို့ရပြီ"

ယဲ့ချန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"ကျွန်တော်ကတော့ ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်။ ခင်ဗျားပဲ ဟင်းရွေးလိုက်ပါ"

ဆရာယွီက လှောင်ပြုံးပြုံးလိုက်သည်။

"ထားလိုက်ပါ။ ငါက လူငယ်တစ်ယောက်ကို အနိုင်ကျင့်တယ်လို့ အပြောမခံချင်ဘူး။ မင်းပဲ ရွေးလိုက်"

ယဲ့ချန်းလည်း ရွေးချယ်စရာမရှိသဖြင့် ခေါင်းညိတ်လိုက်ရသည်။

"ဒါဆိုလည်း ခင်ဗျားရဲ့ နာမည်ကြီးဟင်းလျာဖြစ်တဲ့ ငါးကြင်းပေါင်းနဲ့ပဲ ပြိုင်ကြတာပေါ့"

ယဲ့ချန်း၏စကားကို ကြားသောအခါ ဆရာယွီ မှင်တက်သွားသည်။

ငါးကြင်းပေါင်းမှာ သူ၏ အကောင်းဆုံးလက်ရာ ဖြစ်သည်။ ဤကောင်လေးက ထိုဟင်းနှင့် အလောင်းအစားလုပ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဤသည်မှာ ပြဿနာကို ကိုယ်တိုင်ရှာနေခြင်းပင် မဟုတ်လော။

ဆရာယွီက ခေါင်းယမ်းလိုက်၏။

"မင်း တခြားဟင်းကို ရွေးသင့်တယ်။ ဒီဟင်းနဲ့ဆိုရင် သိပ်အနိုင်ကျင့်ရာကျနေလိမ့်မယ်"

ယဲ့ချန်းကမူ ခေါင်းယမ်းပြသည်။

"မလိုပါဘူး။ ခင်ဗျားရဲ့ နာမည်ကြီးဟင်းနဲ့ပဲ ပြိုင်မယ်။ ဒါမှ ခင်ဗျားရှုံးသွားတဲ့အခါ ကျေကျေနပ်နပ်နဲ့ လက်ခံနိုင်မှာလေ"

ယဲ့ချန်း၏စကားကို ကြားသောအခါ ဆရာယွီက လှောင်ပြုံးပြုံးလိုက်သည်။

"မင်းက မောက်မာလွန်းတယ်။ ဒီနေ့ မင်းကို သေချာလေး ပညာပေးရသေးတာပေါ့"

ပြိုင်ပွဲစတင်သည်နှင့် သူတို့နှစ်ဦးသား ငါးကန်ဆီသို့ သွား၍ ငါးရွေးကြသည်။

ငါးဟင်းချက်ရာတွင် ပါဝင်ပစ္စည်းရွေးချယ်ခြင်းမှာ အလွန်အရေးကြီးသည်။

ထို့ကြောင့် ဆရာယွီသည် ငါးကန်ရှေ့တွင်ရပ်ကာ အနည်းငယ်တွေဝေနေခဲ့သည်။

ထိုအချိန်မှာပင် ယဲ့ချန်း ရောက်လာပြီး ငါးဖမ်းပိုက်ကွန်ကိုယူ၍ ငါးတစ်ကောင်ကို ဖမ်းယူလိုက်သည်။

ဆရာယွီ အံ့သြမှင်တက်သွားသည်။

အကြောင်းကား ယဲ့ချန်းဖမ်းလိုက်သော ငါးမှာ သူရွေးချယ်ရန် စိတ်ကူးထားသည့်ငါး ဖြစ်နေသောကြောင့်ပင်။

သို့သော် ဤကောင်လေးက သေချာမကြည့်ဘဲ ကျပန်းရွေးလိုက်ဟန်တူသည်။

တိုက်ဆိုင်၍ ကံကောင်းသွားလေသလား။ သို့တည်းမဟုတ် ဤကောင်လေးတွင် အံ့မခန်းအမြင်အာရုံစွမ်းရည် ရှိနေလေသလား။

ယဲ့ချန်းလည်း ငါးကိုယူ၍ စတင်ပြင်ဆင်တော့သည်။

ငါးအကြေးခွံခွာခြင်းနှင့် ကလီစာများထုတ်ရာတွင် ယဲ့ချန်း၏ မြန်ဆန်မှုက ဆရာယွီ့ကိုပင် အံ့အားသင့်စေခဲ့သည်။

ယဲ့ချန်း၏ လှုပ်ရှားမှုများကို ကြည့်ပြီး သူသည် ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း ဆရာယွီ သဘောပေါက်သွားသည်။

ထိုအချိန်တွင် သူလည်း အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ သူ့အနေနှင့် ပေါ့ပေါ့ဆဆ မနေရဲတော့ဘဲ ယဲ့ချန်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်လိုက်တော့သည်။

••••••••••••••••••••••

အပိုင်း ၅၇၀ : ဆရာ့ကို ဂါရဝပြုခြင်း

ယဲ့ချန်း၏ ကျွမ်းကျင်လှသော ငါးကိုင်တွယ်ပုံကို မြင်လိုက်ရသောအခါ ယဲ့ချန်းကလည်း အဆင့်မြင့်စားဖိုမှူးတစ်ဦးဖြစ်ကြောင်း ဆရာယွီ သဘောပေါက်သွားသည်။

ထို့ကြောင့် သူသည် ယဲ့ချန်းကို စိတ်ထဲတွင် ပိုအလေးအနက်ထားလာသည်။

သို့သော် ဆရာယွီကလည်း ငါးတစ်ကောင်ကို ရွေးချယ်ပြီး စတင်ပြင်ဆင်တော့သည်။

ဆရာယွီ၏ လှုပ်ရှားမှုများကလည်း မြန်ဆန်သပ်ရပ်လှသဖြင့် လက်ခုပ်သံများ ချက်ချင်းထွက်ပေါ်လာသည်။

တပည့်များထံမှ လက်ခုပ်သံများကို ကြားရသောအခါ ဆရာယွီ၏ ယုံကြည်မှုများ ပြန်လည်ဝင်ရောက်လာသည်။

နာရီဝက်ခန့်အကြာတွင် ယဲ့ချန်း၏ငါးဟင်းက ပထမဆုံး ကျက်သွားခဲ့သည်။

ယဲ့ချန်း အဖုံးဖွင့်လိုက်သည်နှင့် မွှေးကြိုင်လှသော ရနံ့တစ်ခုက ရုတ်တရက် ပျံ့လွင့်လာသည်။

စုဝမ်ယိခမျာ ထိုအနံ့ကိုရှူရှိုက်မိပြီးနောက် သွားရည်ကျမတတ်ပင် ဖြစ်သွားရသည်။

စုဝမ်ယိ တစ်ယောက်တည်းသာမက အခြားသူအားလုံးလည်း ငါးဟင်း၏ မွှေးရနံ့ကို သတိထားမိလိုက်ကြသည်။

ထိုအချိန်တွင် ဆရာယွီသည် သူ့ဒယ်အိုးအဖုံးကို ဖွင့်တော့မည့်ဆဲဆဲ ထိုမွှေးရနံ့ကို ရလိုက်သဖြင့် မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။

သူ့ဘေးရှိ တပည့်အကြီးဆုံးဖြစ်သူ ယွီမင်က ဆရာယွီ၏ ထူးဆန်းနေသော မျက်နှာအမူအရာကို သတိထားမိသွားပြီး အဖုံးဖွင့်ရာတွင် အမြန်ကူညီပေးလိုက်သည်။

သို့သော် ဆရာယွီက သူ့ဟင်းပွဲကို မကြည့်ဘဲ ယဲ့ချန်း၏ ပန်းကန်ထဲရှိ ငါးကိုသာ စိုက်ကြည့်နေခဲ့သည်။

ရနံ့ပင်ဖြစ်စေ၊ အပြင်အဆင်ပင်ဖြစ်စေ ယဲ့ချန်း၏ ငါးဟင်းက ဆရာယွီ၏ဟင်းလျာထက် လုံးဝသာလွန်နေခဲ့သည်။

ဆရာယွီခမျာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် မျက်လုံးထဲတွင် အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။

ဆရာယွီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို ယွီမင် မြင်လိုက်ရသည်။

"ဆရာ... အရောင်အဆင်းနဲ့ အနံ့ဆိုတာက အစိတ်အပိုင်းတစ်ခုပါပဲ။ ဟင်းကောင်းတစ်ပွဲမှာ အရေးအကြီးဆုံးက တကယ့်အရသာပါ"

သို့သော် ဆရာယွီကတော့ ယွီမင်ကို ပြန်မဖြေဘဲ ယဲ့ချန်းပြင်ဆင်ထားသည့် ငါးပန်းကန်ဆီသို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။

ယဲ့ချန်းက ပြုံးလျက် ဆိုချေသည်။

"ဆရာယွီ... ကျွန်တော်တို့ရဲ့ ငါးဟင်းအရသာကို အကဲဖြတ်ပေးဖို့ တစ်ယောက်ယောက်ကို ဖိတ်ခေါ်လိုက်ကြမလား"

ဆရာယွီက ခေါင်းယမ်းပြလေသည်။

"မလိုပါဘူး၊ ငါ့ဘာသာငါ မြည်းကြည့်လို့ရပါတယ်"

သူက တူကိုယူ၍ ငါးတစ်ဖတ်ကိုညှပ်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

ဆရာယွီခမျာ လတ်ဆတ်မှုက သူ့ရသာဖူးများကို လာရောက်ရိုက်ခတ်သွားသလို ခံစားလိုက်ရသည်။

ဤဟင်းပွဲ၏ အမြင့်ဆုံးအဆင့်မှာ ငါး၏ လတ်ဆတ်သော အရသာပင်။

ယဲ့ချန်းလည်း ငါးကြင်း၏ လတ်ဆတ်တက်ကြွသော အရသာကို အပြည့်အဝနီးပါး ထိန်းသိမ်းထားနိုင်ခဲ့သည်။

ထိုအရသာက သူ့လက်ရာထက် အပြတ်အသတ် သာလွန်ကောင်းမွန်နေပေသည်။

ဆရာယွီသည် မျက်လုံးမှိတ်၍ ကောင်းမွန်လှသော ထိုအရသာကို ခံစားနေပေသည်။

ထိုအချိန်တွင် ဆရာယွီ၏ နှစ်ခြိုက်နေသော အမူအရာကို မြင်လိုက်ရသဖြင့် ယွီမင်သည် ဆရာယွီအနေနှင့် စင်စစ်ကောင်းမွန်လှသော အစားအစာများနှင့် ကြုံရချိန်မှသာ ဤသို့သောတုံ့ပြန်မှုမျိုး ပြုလုပ်တတ်ကြောင်း သိလိုက်သည်။

ဆရာယွီက မျက်လုံးပြန်ဖွင့်ပြီး တူကို ချလိုက်သည်။

"ငါ ရှုံးသွားပြီ"

ဆရာယွီက သူ့သဘောဆန္ဒအလျောက် အရှုံးပေးလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ

မီးဖိုချောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

အခြားစားဖိုမှူးများအားလုံးနှင့် ဆရာယွီ၏ တပည့်များလည်း ဆွံ့အသွားကြသည်။

ဆရာယွီ အရှုံးပေးလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

စုဝမ်ယိပင် အလွန်အံ့အားသင့်သွားသည်။

အမြဲဂုဏ်ယူဝင့်ကြွားနေတတ်သည့် ဆရာယွီက ကိုယ်တိုင် အရှုံးပေးခဲ့သည်။

စုဝမ်ယိက စိတ်လှုပ်ရှားစွာ ဆိုလေသည်။

"တွေ့လား။ ကျွန်မ ပြောသားပဲ။ ရှင်တို့ရဲ့ အချက်အပြုတ်စွမ်းရည်က ကျွန်မချစ်သူလောက် မကောင်းပါဘူးလို့"

ယဲ့ချန်းသည် ဆရာယွီ၏ စိတ်ဓာတ်ကျနေလေဟန် အမူအရာကို မြင်သောအခါ သူ့အတွက် အနည်းငယ် အားနာသွားရသည်။

သူသည် နတ်ဘုရားအဆင့် အချက်အပြုတ်စွမ်းရည်ကို ပိုင်ဆိုင်ထားသောကြောင့် ဤသို့ ထူးခြားပြောင်မြောက်သော လက်ရာများကို ရရှိနေခြင်းပင်။

ဆရာယွီကတော့ သူ့စွမ်းရည်များကို ကြိုးကြိုးစားစား လေ့ကျင့်မှုများမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်လေရာ ယဲ့ချန်း သူ့ကို နှစ်သိမ့်ပေးချင်စိတ် ပေါ်လာသည်။

သို့သော် ထိုအချိန်မှာပင် ရုတ်တရက် 'ဒုန်း' ခနဲ အသံတစ်သံ ထွက်ပေါ်လာသည်။

အံ့အားသင့်နေသော လူအုပ်ကြီး၏ အကြည့်အောက်မှာပင် ဆရာယွီသည် မမျှော်လင့်ဘဲ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။

လူတိုင်းကို ပိုတုန်လှုပ်သွားစေသည်မှာ ဆရာယွီက ယဲ့ချန်းကို ကြမ်းပြင်ပေါ်တွင် သုံးကြိမ်တိုင်တိုင် ဦးချကန်တော့လိုက်ခြင်းပင်။

"တပည့်ယွီမှ ဆရာ့ကို ဂါရဝပြုပါတယ်"

ယဲ့ချန်းမှာ ချက်ချင်းပင် ကြောင်အသွားပြီး ဆရာယွီကို အမြန်ဆွဲထူလိုက်သည်။

"ဆရာယွီ... တောင်းပန်ရုံနဲ့ လုံလောက်ပြီလို့ ကျွန်တော် ခုနက ပြောခဲ့တယ်လေ။ ဒီလိုလုပ်စရာမလိုပါဘူး"

ဆရာယွီက ခေါင်းခါယမ်းလိုက်၏။

"မစ္စတာယဲ့... ခင်ဗျား ကျွန်တော့်ကို တပည့်အဖြစ် လက်မခံရင် ကျွန်တော် မထဘူး"

ယဲ့ချန်းမှာ စကားပင် မပြောနိုင်တော့ပေ။

တကယ်တမ်းတွင် ဆရာယွီသည် ယဲ့ချန်း၏ ဟင်းချက်လက်ရာကို စိတ်ရင်းမှန်ဖြင့် သဘောကျလေးစားသွားသောကြောင့် တပည့်ခံချင်နေခြင်းပင်။

ဆရာယွီသည် အချက်အပြုတ်ပညာရပ်အပေါ် ရူးသွပ်မတတ် မြတ်နိုးသူတစ်ဦးပင်။

ပါရမီကို အသိအမှတ်ပြုတတ်သူပီပီ သူသည် ပိုကျွမ်းကျင်သော ယဲ့ချန်းကို အခွင့်အရေးတစ်ရပ်အဖြစ် ရှုမြင်ခဲ့ပြီး မည်သို့ပင်ဖြစ်စေ သူ့တပည့်အဖြစ် ခံယူရန် ဆုံးဖြတ်ချက်ချထားလိုက်သည်။

ယဲ့ချန်းလည်း ခေါင်းမာလှသော ထိုအဘိုးကြီးကို ကြည့်ရင်း ခေါင်းကိုက်လာသလို ခံစားရသည်။

တကယ်တော့ သူ့အနေနှင့် တပည့်လက်ခံရန် ရည်ရွယ်ချက် လုံးဝမရှိပေ။ သို့သော် ဆရာယွီကလည်း မထရန် အခိုင်အမာ ဆုံးဖြတ်ထားသည်။

ယဲ့ချန်းခမျာ ဘေးနားရှိ စားဖိုမှူးယွီမင်ထံသို့ အားကိုးတကြီး လှည့်ကြည့်လိုက်သည်။

"စားဖိုမှူးယွီ... ခင်ဗျားရဲ့ဆရာကို နားချကြည့်ပါဦးဗျာ"

ထိုအခါမှသာ ယွီမင်လည်း သတိဝင်လာလေသည်။

"ဆရာ... ထပါတော့..."

သို့သော် သူ့စကား မဆုံးသေးခင်မှာပင် ဆရာယွီက ဒေါသတကြီး ပြောလိုက်သည်။

"မင်းတို့ကောင်စုတ်လေးတွေ... ငါတောင် ဒူးထောက်နေရတာ။ မင်းတို့က မတ်တပ်ရပ်နေရဲတယ်ပေါ့။ အခုချက်ချင်း ဒူးထောက်ပြီး မင်းတို့ရဲ့ဆရာဘိုးဘေးကို ဂါရဝပြုကြစမ်း"

ယဲ့ချန်း : "..."

မီးဖိုချောင်တစ်ခုလုံး ဒူးထောက်ချလိုက်သည့် အသံများဖြင့် ပြည့်နှက်သွားသည်။

ယဲ့ချန်းလည်း ဆရာယွီ့ကိုကြည့်၍ လုံးဝဆွံ့အသွားတော့သည်။

သူသာ သဘောမတူပါက ခေါင်းမာလှသော ဤအဘိုးကြီးက အမှန်တကယ် ထမည်မဟုတ်ကြောင်း သူ သိလိုက်သည်။

ထို့ကြောင့် ယဲ့ချန်းလည်း သက်ပြင်းချပြီး ပြောလိုက်၏။

"ဆရာယွီ... ကောင်းပါပြီဗျာ။ ထပါတော့"

ထိုစကားကို ကြားသောအခါ ဆရာယွီလည်း အလွန်ဝမ်းသာသွားသည်။

"ကျေးဇူးတင်ပါတယ် ဆရာ"

ထို့နောက် တပည့်များအားလုံး ယဲ့ချန်းကို ထပ်မံဦးချကန်တော့ပြီးမှ မတ်တတ်ထရပ်ကြသည်။

စုဝမ်ယိလည်း ဤမြင်ကွင်းကြောင့် မှင်တက်သွားသည်။

သို့သော် ယဲ့ချန်း၏ ကူကယ်ရာမဲ့နေလေဟန် အမူအရာကို ကြည့်ပြီး သူ(မ) သဘောကျသွားသည်။

ယဲ့ချန်းက စုဝမ်ယိကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။

ထိုအခါမှသာ အဘိုးကြီး၏ အသက်အရွယ်ဖြင့် ယဲ့ချန်းရှေ့တွင် ဒူးထောက်လိုက်ရခြင်းမှာ အလွန်အနေခက်စရာကောင်းပြီး သူ(မ)အနေနှင့် ရယ်မောနေရန် အမှန်တကယ် မသင့်တော်ကြောင်း စုဝမ်ယိ သတိထားမိသွားသည်။

သို့သော် ထိုအချိန်မှာပင် ဆရာယွီက 'ဒုန်း'ခနဲ ဒူးထောက်ချလိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်တော့ စုဝမ်ယိပါ လန့်သွားရသည်။

ဒီအဘိုးကြီးက ဘာလို့ ငါ့ရှေ့မှာ ဒူးထောက်နေရပြန်တာလဲ။

ဆရာယွီက တည်ကြည်သော မျက်နှာထားဖြင့် ဆိုလိုက်၏။

"တပည့်ယွီ ဆရာကတော်ကို ဂါရဝပြုပါတယ်။ ခုနတုန်းက တပည့် ဆရာကတော်ရဲ့ အဆင့်အတန်းကို မသိဘဲ ပြစ်မှားမိတဲ့အတွက် ခွင့်လွှတ်ပေးပါ ဆရာကတော်"

ထိုသို့ပြောပြီးနောက် သူက စုဝမ်ယိကိုပါ ဦးညွှတ်ကန်တော့လိုက်သည်။

ထိုအချိန်တွင် စုဝမ်ယိ၏ ပါးပြင်များမှာ နီရဲသွားခဲ့သည်။

အထူးသဖြင့် "ဆရာကတော်" ဟူသော အခေါ်အဝေါ်ကြောင့် စုဝမ်ယိ အနည်းငယ်ပျာယာခတ်သွားသည်။

"ဆရာ... ဒီလိုလုပ်စရာ မလိုပါဘူး။ ခုနက ကျွန်မဘက်ကလည်း မှားပါတယ်။ ထပါတော့ရှင်"

စုဝမ်ယိ၏အမူအရာကို ကြည့်ပြီး ယဲ့ချန်းလည်း ရယ်ချင်စိတ်ပေါက်သွားသည်။

သူ(မ)၏ဘေးရှိ ယဲ့ချန်းက အလျင်အမြန် ကြားဝင်လိုက်သည်။

"ဆရာယွီ... ဝမ်ယိနဲ့ ကျွန်တော်က လက်တောင် မထပ်ရသေးဘူးဗျ"

ထိုစကားကို ကြားသောအခါ ဆရာယွီလည်း ခပ်ဖွဖွပြုံးလိုက်၏။

"ဒါက အချိန်ကာလတစ်ခုပဲ လိုတော့တာပါ။ ကြိုခေါ်ထားတော့လည်း ဘာဖြစ်လဲ"

ယဲ့ချန်းခမျာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့သည့်အဆုံး ရယ်ချလိုက်လေသည်။ စုဝမ်ယိ၏ ပါးပြင်နှစ်ဖက်မှာမူ ပန်းသီးတစ်လုံးနှယ် နီရဲနေတော့သည်။

စုဝမ်ယိလည်း သူ(မ)ကို လှောင်ပြောင်နေသော ယဲ့ချန်းကို မျက်စောင်းထိုးလိုက်သည်။

"ယဲ့ချန်း... ပြိုင်ပွဲလည်း ပြီးပြီဆိုတော့ ကျွန်မတို့ ထမင်းဆက်စားရအောင်"

ထိုသို့ပြောရင်း စုဝမ်ယိက ငါးပန်းကန်ကို သီးသန့်အခန်းဆီသို့ ပြန်ယူသွားရန် ကြိုးစားလိုက်သည်။

ဆရာယွီက ထိုပန်းကန်ကို အမြန်လုယူလိုက်၏။

"ဆရာကတော်... ပန်းကန်သယ်တဲ့အလုပ်ကို တပည့်တွေကိုပဲ လုပ်ခိုင်းလိုက်ပါ။ ဆရာကတော် ဒုက္ခခံစရာ မလိုပါဘူး"

ဤမြင်ကွင်းကို ကြည့်ရင်း ယဲ့ချန်း သဘောလည်းကျသလို စိတ်လည်းညစ်သွားသည်။

သီးသန့်ခန်းသို့ ရောက်သောအခါ သူတို့သုံးယောက်သား အတူထိုင်ပြီး ငါးဟင်းကို စားကြသည်။

"ဆရာ... ဆရာ့ဟင်းက ကျွန်တော်နဲ့ ချက်ပြုတ်နည်း တော်တော်ဆင်တူပါတယ်။ ဘာလို့ ဒီလောက်တောင် ပိုနူးညံ့နေရတာလဲ"

ယဲ့ချန်းက အသာပြုံးလေသည်။

"ကျွန်တော်က ငါးထဲကို သံပရာရည်နည်းနည်း ထည့်လိုက်လို့ ပိုလတ်ဆတ်သွားတာပါ။ ခင်ဗျားရဲ့ငါးက ဆားနဲ့ တခြားပါဝင်ပစ္စည်းတွေ အချိုးအစားမညီမျှလို့ မြေကြီးနံ့နည်းနည်း ထွက်နေတယ်။ အဲဒါက နည်းနည်းလေးပဲဆိုပေမဲ့ ငါးရဲ့လတ်ဆတ်မှုကိုတော့ ထိခိုက်စေတယ်လေ"

ထိုစကားကို ကြားသောအခါ ဆရာယွီ ချက်ချင်း သဘောပေါက်သွားသည်။

ယဲ့ချန်းက စက္ကူနှင့် ဘောပင်ကိုထုတ်၍ ပါဝင်ပစ္စည်းများ၏ အစီအစဉ်နှင့် အချိုးအစားကို ရေးချပေးလိုက်သည်။

ပါဝင်ပစ္စည်းများ ထည့်ရမည့် အချိုးအစားနှင့် အစီအစဉ်ကို မြင်လိုက်ရသောအခါ ဆရာယွီလည်း ရုတ်ခြည်း အလင်းရသွားသလို ခံစားလိုက်ရသည်။

ဤဟင်းတစ်ပွဲအတွက် ဟင်းချက်နည်းကို သိလိုက်ရခြင်းကပင် သူ့အချက်အပြုတ်စွမ်းရည်များ အကြီးအကျယ် တိုးတက်သွားသလို ခံစားရသည်။

ဆရာ့ထံမှ ပညာကို စိတ်ရင်းမှန်ဖြင့် တောင်းခံနေသော ကျောင်းသားတစ်ယောက်နှယ် ဆရာယွီသည် ယဲ့ချန်းကို အချက်အပြုတ်နှင့် ပတ်သက်သည့် မေးခွန်းပေါင်းများစွာကို မေးမြန်းခဲ့ပြီး ယဲ့ချန်းကလည်း အကုန်ပြန်ဖြေပေးခဲ့သည်။

ထိုအခိုက်အတန့်တွင် ဆရာယွီသည် သူ့ကိုယ်သူ အလွန်ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

သူသာ ယဲ့ချန်းနှင့် မတွေ့ခဲ့ပါက သူ့အချက်အပြုတ်စွမ်းရည်မှာ ထိုအဆင့်တွင်သာ ရပ်တန့်နေမည်ဖြစ်၏။ သို့သော် ယဲ့ချန်းကြောင့် သူ့စွမ်းရည်များမှာ အဆင့်သစ်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်၏။

All Chapters