အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
အခန်း (၁၇၉) အလှအပဆိုတာ အရိုးဆွေးတွေပဲ။
အရာအားလုံးမှာ လီကျင်းယောင်နှင့် သူ ယခင်က ခန့်မှန်းခဲ့သည့်အတိုင်းပင် ဖြစ်နေ၏။ ဤနောက်ဆုံးအဆင့်မှာ ယခင် စမ်းသပ်မှုများအားလုံးနှင့် လုံးဝ မတူညီပေ။
ခန္ဓာငါးပါး၏ ဆင်းရဲခြင်း ဆိုသည်မှာ ဆင်းရဲဒုက္ခငါးပါးဟုလည်း လူသိများလေသည်။ ခန္ဓာငါးပါးဆိုသည်မှာ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရနှင့် ဝိညာဉ်ဟူသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေငါးရပ်တို့ ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ဗုဒ္ဓဘာသာအယူအဆအရ လူတစ်ယောက်သည် ဤလောကတွင် အသက်ရှင်နေထိုင်သောအခါ သူကြားရ၊ မြင်ရ၊ တွေးတော၊ ကြုံတွေ့ရခြင်းနှင့် ခံစားရသမျှ အရာအားလုံးသည် လူတိုင်းထံသို့ ဆင်းရဲဒုက္ခများကို ယူဆောင်လာမည်ဖြစ်သည်။ ဤလောကတွင် အသက်ရှင်နေထိုင်ကြပြီးထိုတည်ရှိမှုကိုယ်နှိုက်ကပင် ဆင်းရဲဒုက္ခဖြစ်လေ၏။
သို့သော် ထိုသည်မှာ ဗုဒ္ဓဘာသာ၏ အမြင်တစ်ခုသာဖြစ်ပြီး မြေကမ္ဘာအင်မော်တယ်များကမူ သဘောတူ လက်ခံကြမည် မဟုတ်သည်မှာ သေချာသည်။ မြေကမ္ဘာအင်မော်တယ်များကို ထားလိုက်လျှင်ပင် ပိုင်ချူးရန်မှာ ဤအမြင်ကို သဘောတူလိမ့်မည် မဟုတ်ချေ။
ဘဝဆိုသည်မှာ အမှန်ပင် နာကျင်မှုများဖြင့် ပြည့်နှက်နေလေသည်။ ဥပမာအားဖြင့် ပိုင်ချူးရန်သည် နှစ်ပေါင်းသုံးထောင်ကြာသည်အထိ အခြေခံအုတ်မြစ် မတည်တည်ဆောက်နိုင်ခဲ့ပေ။ ဤအကြောင်းကို တွေးမိတိုင်း သူ့ရင်ထဲတွင် နာကျင်မှုကို ခံစားရလေ၏။ ထန်ရော်ဝေသည် မွေးရာပါ ရင်သားပြားချပ်သူ ဖြစ်သည်။ သူမသည် အခြားသော ရင်သားထွားကြိုင်းသည့် မိန်းကလေးများကို မြင်သောအခါ အလွန်ပင် နာကျင်ရ၏။ သို့သော် ဘဝတွင် နာကျင်မှုသာရှိပြီး အခြားမည်သည့်အရာမျှ မရှိဘူးဆိုလျှင် ဤလောကတွင် အသက်ရှင်နေထိုင်ရခြင်းက အဓိပ္ပါယ်မဲ့သွားမည်ဖြစ်ပြီး သေလိုက်သည်ကမှ ပိုကောင်းဦးမည်ပင်။
အရာအားလုံးသည် ဆင်းရဲဒုက္ခဖြစ်သည်ဟု ဗုဒ္ဓက ဟောကြားခဲ့သော်လည်း ဆင်းရဲဒုက္ခထဲမှ ပျော်ရွှင်မှုဟူသော အခြားဝေါဟာရတစ်ခုလည်း ရှိသေးသည်။
ဤ ခန္ဓာငါးပါး၏ ဆင်းရဲခြင်း စမ်းသပ်မှုနှင့်ပတ်သက်၍ ပြောရလျှင် အင်မော်တယ်များ၊ ဗုဒ္ဓဘာသာ၊ ပိုင်ချူးရန်၊ ကျင့်ကြံသူများနှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများအကြား တစ်ခုတည်းသော တူညီသည့်အမြင်မှာ ကျင့်ကြံခြင်းမှတစ်ဆင့် သူတို့ဘဝများကို ပြောင်းလဲနိုင်သည်ဟူသော အချက်ပင်ဖြစ်မည်။
သို့သော် ကျီရှန်းဂူဗိမာန်က ဤအမြင်ကို မည်သို့ ဖော်ပြမည်ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်သေးပေ။
ထိုမေးခွန်းများကို စိတ်ထဲတွင်သာ သိမ်းထားလျက် ပိုင်ချူးရန်သည် ဤကောင်းကင်တံခါးကို ဖြတ်သန်းကာ ကျောက်စိမ်းဖြူများဖြင့် ထွင်းထုထားသော တိမ်တိုက်စင်္ကြံလမ်းအတွင်းသို့ ခြေဝင်ရောက်သွားတော့၏။
ခြေနှစ်လှမ်းခန့် လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက ကောင်းကင်ယံကြီးကား ရုတ်ချည်း မှောင်မိုက်သွားခဲ့လေ၏။
ပိုင်ချူးရန် လျှောက်လှမ်းနေသော ကျောက်စိမ်းဖြူစင်္ကြံလမ်းမှာ အနိမ့်မှအမြင့်သို့ မတ်စောက်စွာ ပုံပြောင်းသွားသည်။ ထိုအရာသည် တိမ်တိုက်လွှာများကြား၌ တည်ရှိနေသဖြင့် သူ၏အထက်ကောင်းကင်ယံတွင်လည်း ပိုမိုထူထပ်မြင့်မားသော တိမ်တိုက်တန်းများ ရှိနေပေသည်။ ထိုခဏ၌ပင် တိမ်တိုက်ကြီးများသည် သူရှိရာဆီသို့ စုရုံးလာကြပြီး ကျောက်စိမ်းဖြူစင်္ကြံလမ်းကို တိမ်သားများကြား၌ ညှပ်ပိတ်ပစ်ကြ၏။ ထို့နောက် တိမ်တိုက်များ တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိရာမှ ကြောက်မက်ဖွယ် မိုးခြိမ်းသံများ တဝုန်းဝုန်း ထွက်ပေါ်လာတော့သည်။
ပိုင်ချူးရန် ရှေ့သို့ ဆက်လျှောက်လှမ်းသွားစဉ် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာကာ သူ့ဘယ်ညာရှိ တိမ်တိုက်နှစ်ခုကြားမှ လျှပ်စီးမိုးကြိုးတစ်စင်းသည် ခေါင်းပေါ်သို့ ဖြတ်သန်းပစ်ခတ်လာ၏။
ပိုင်ချူးရန်သည် ထိုလျှပ်စီးမိုးကြိုးကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ထိုအရာ၏ စွမ်းအားကို အကဲခတ် တွက်ချက်လိုက်ပြီးဖြစိသည်။ ထိုအရာမှာ သာမန် သဘာဝလျှပ်စီးမိုးကြိုးမျိုး လုံးဝမဟုတ်ဘဲ ထိုထက် များစွာအဆင့်မြင့်မားနေပေသည်။ ထိုထဲတွငိ ကောင်းကင်ဘုံ၏ စည်းမျဉ်းနိယာမများဖြင့် ပြည့်နှက်နေပြီး မာနထောင်လွှားသော ကျင့်ကြံသူများအား အထူးဒဏ်ခတ်လေ့ရှိသည့် ကောင်းကင်မိုးကြိုးကပ်ဘေးဒဏ် အမျိုးအစားများထဲမှ တစ်ခုပင် ဖြစ်လေသည်။
ဤမိုးကြိုးဘေးဒဏ်မှာ အစပြုခြင်း၏ အချက်ပေးခေါင်းလောင်းသံတစ်ခုနှင့်ပင် တူနေတော့သည်။ ထိုနောက်တွင်ကား ပိုင်ချူးရန် ဦးခေါင်းထက်၌ မိုးကြိုးကပ်ဘေးဒဏ်များစွာ အဆက်မပြတ် ပစ်ခတ်မြည်ဟည်းလာ၏။ အနီးကပ်ဆုံး မိုးကြိုးမှာ သူ၏ခေါင်းပေါ်မှ ဆယ်မီတာခန့်သာ ကွာဝေးပြီး လျှပ်စစ်ဓာတ်ပြိုကွဲသွားပြီးနောက် ထွက်ပေါ်လာသော လေထု၏ ပြင်းရှရှ အထိအတွေးကိုပင် သူ ခံစားမိနေသည်။
ထို့နောက်တွင်မူ မုန်တိုင်းလေရိုင်းများနှင့်အတူ မိုးသီးများ ကောင်းကင်အနှံ့ ရွာသွန်းလာကာ မိုးကြိုးဘေးဒဏ်ကို အဖော်ပြုပေးသည့်အလား မိုးသီးများလည်း တိမ်တိုက်နှစ်ခုကြားတွင် လေပြင်းများ အကြိတ်အနယ် တိုက်ခတ်နေလေ၏။
ပြင်းထန်လှသော မုန်တိုင်း၊ လျှပ်စီးနှင့် မိုးကြိုးများကြားတွင်၊ ဤစမ်းသပ်မှု၏ ပထမအဆင့်သည် နောက်ဆုံး၌ ကြောက်မက်ဖွယ် အစွယ်နှင့် လက်သည်းများကို ထုတ်ဖော်ပြသလာ၏။
မိုးကြိုးလျှပ်စီးများကြားမှ လျှပ်စစ်အလင်းတန်းတစ်ခုသည် ပိုင်ချူးရန် မျက်နှာဆီသို့ ရုတ်တရက် ပစ်ဝင်လာ၏။ သူသည် လက်ကိုဆန့်ထုတ်ကာ ထိုလျှပ်စစ်အလင်းတန်းအား ပေါ့ပေါ့ပါးပါး ရိုက်ဖယ်ပစ်လိုက်ပြီး အလင်းတန်း ပျံသန်းလာရာ အရပ်သို့ လှမ်းကြည့်လိုက်ရာ တိမ်တိုက်များကြားတွင် ပျံသန်းနေသော အရိပ်မည်းကြီးတစ်ခုကို မြင် လိုက်ရ၏။ ထိုအရာသည် သူ၏ပတ်ဝန်းကျင်၌ အဆက်မပြတ် လှည့်ပတ်နေပြီးနောက် သူ့ရှေ့ရှိ တိမ်တိုက်များထဲမှ ခေါင်းကြီးကို ထုတ်ပြလာလေသည်။
ထိုအရာမှာ ဧရာမ မြွေခေါင်းကြီးတစ်ခု ဖြစ်ပေသည်။ ခေါင်းတစ်ခုတည်းပင်လျှင် ဆယ်ပေခန့် ရှည်လျားမည်ဖြစ်ကာ ၎င်း၏ ကျန်ရှိနေသော ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ တိမ်တိုက်များထဲတွင် ပုန်းကွယ်နေလေရာ မှုန်ဝါးဝါးသာ မြင်ရသဖြင့် အတိအကျ အရွယ်အစားကို မခန့်မှန်းနိုင်ပေ။ ထိုအရာ၏ မျက်လုံးအိမ်အထက်တွင် အဖုနှစ်ခု ထွက်ပေါ်နေလေရာ ဤသည်မှာ နဂါးအဖြစ်သို့ မကြာမီ ကူးပြောင်းတော့မည့် လက္ခဏာတစ်ရပ်ပင် ဖြစ်၏။
တိမ်တိုက်များထဲမှ ကောင်းကင်ယံကို ဖုံးလွှမ်းသွားစေနိုင်သော ဧရာမ အတောင်ပံတစ်စုံ ဆန့်ထွက်လာပြီး ပင်လယ်ပြာရောင် အကြေးခွံများထက်တွင် ရေတွက်၍မရနိုင်သော လျှပ်စစ်အလင်းတန်းများ ခုန်ပေါက်နေကာ အလွန်ထူးကဲခမ်းနားသော အသွင်အပြင်ကို ဆောင်နေလေသည်။
အခန်း (၁၈၀) အလှအပဆိုတာ အရိုးဆွေးတွေပဲ။ [၁]
ဤသည်မှာ ပိုင်ချူးရန်ပင်လျှင် ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သော ထူးဆန်းသည့် သားရဲကြီးတစ်ကောင် ဖြစ်လေ၏။ သူ့ ခန္ဓာကိုယ်တွင် နတ်သားရဲ တစ်မျိုးမျိုး၏ သွေးများ စီးဆင်းနေနိုင်သော်ငြား မျက်လုံးများမှာ အနည်းငယ် မှိုင်းဝေနေပုံရပြီး သက်ရှိသတ္တဝါတစ်ကောင်နှင့် မတူချေ။
အတောင်ပံပါသော ဧရာမမြွေကြီးသည် ပါးစပ်ကြီးကို ဟလိုက်ပြီး ရေပုံးတစ်ပုံးစာခန့် တုတ်ခိုင်သော မိုးကြိုးတန်းတစ်ခုကို ပါးစပ်မှ မှုတ်ထုတ်လိုက်လေသည်။ ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အားကုန်ထုတ် တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်နိုင်သော ကြောက်မက်ဖွယ်စွမ်းအားဖြင့် ပိုင်ချူးရန်ထံသို့ ပစ်ခတ်လိုက်ာ၏။
ဓားမြည်သံတစ်ခု ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုမိုးကြိုးအလင်းတန်းမှာ အလယ်တည့်တည့်မှနေ၍ နှစ်ပိုင်း ကွဲထွက်သွားလေ၏။ မိုးကြိုးအလင်းတန်းကို မှုတ်ထုတ်ခဲ့သော ဧရာမမြွေကြီးမှာလည်း ၎င်း၏ဦးခေါင်းကို မမြင်ရသော ဓားချဌဖြင့် ခုတ်ဖြတ်ခံလိုက်ရသည်။ ပြတ်ထွက်သွားသော ဦးခေါင်းမှာ ကျောက်စိမ်းဖြူစင်္ကြံလမ်းပေါ်သို့ ပြုတ်ကျလာကာ ရှည်လျားသော ကျောက်လက်ရန်းတစ်ခုကို ဖျက်ဆီးပစ်လိုက်ပြီး ဧရာမ ခန္ဓာကိုယ်ကြီးမှာမူ တိမ်တိုက်များထဲသို့ ထိုးကျပျောက်ကွယ်သွားတော့၏။
ပိုင်ချူးရန်သည် သူ၏လက်ထဲမှ ဓားရိုးကို လွှင့်ပစ်လိုက်ပြီး ရှေ့သို့ လျှောက်လာသည်။ ၎င်းသေဆုံးသွားပြီးနောက် ဧရာမမြွေကြီး၏ ဦးခေါင်းမှာ တဖြည်းဖြည်းချင်း အလင်းစက်လေးများအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် ဤတစ်ကြိမ်တွင် ဦးခေါင်း ပျောက်ကွယ်သွားချိန်၌ ကြီးမားသော အရာဝတ္ထုအချို့ မြေပြင်ပေါ်သို့ ကျဆင်းလာသလို တောက်ပနေစ။
ပိုင်ချူးရန်က ကောက်ယူကြည့်လိုက်ရာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးအနည်းငယ်ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
"မကောင်းဆိုးဝါးကို သတ်လိုက်ရင် ရတနာတွေ ကျလာတယ်ဆိုပါတော့။ မိုက်တယ်ကွ"
ပိုင်ချူးရန်က အံ့သြတကြီးဖြင့် ရေရွတ်လာ၏။ "မြေကမ္ဘာအင်မော်တယ်တွေရဲ့ ဂူဗိမာန်ဆိုတဲ့နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ။ ဒီလောက် ခေတ်မီတဲ့ နည်းပညာတွေနဲ့ဆိုတော့ နောက်ပိုင်းဆက်ပြီး ပစ္စည်းတွေ ကျလာဦးမလား မသိဘူး"
သူ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးလေးများကို သိမ်းဆည်းလိုက်ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားသည်။
မိုင်အနည်းငယ်ခန့် ထပ်မံလျှောက်လှမ်းပြီးနောက်တွင်မူ ကျောက်စိမ်းဖြူစင်္ကြံလမ်း၏ အမြင့်မှာ တဖြည်းဖြည်း မြင့်တက်လာပြီး မုန်တိုင်းထန်နေသော တိမ်တိုက်များမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ အလှဆင်ထားသော အခြားကောင်းကင်တံခါးတစ်ခုကို ဖြတ်သန်းလိုက်ပြီးနောက် ပိုင်ချူးရန်သည် ကျောက်စိမ်းဖြူစင်္ကြံလမ်းပေါ်တွင် အလွန်ရင်းနှီးနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။
ထိုသူသည် သူ့အား ကျောခိုင်းထားပြီး တိမ်တိုက်များကြားရှိ စင်မြင့်တစ်ခုပေါ်တွင် ရပ်နေလေသည်။ ဆီးနှင်းများထက်ပင် ဖြူစင်သော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောပြင်ကိုသာ မြင်ရသော်ငြား ပိုင်ချူးရန် သူမ မည်သူဖြစ်ကြောင်းကို ချက်ချင်း မှတ်မိ၏
ထိုလူသဘ် စုရှန်းရွှယ် သို့မဟုတ် ပို၍ တိကျစွာပြောရမည်ဆိုလျှင် သူ၏မှတ်ဉာဏ်ထဲရှိ စုရှန်းရွှယ်ါယးပုံတူကူးယူ ဖန်တီးထားသော ပုံရိပ်ယောင်တစ်ခုပင် ဖြစ်လေ၏။
သူ အနီးသို့ ချဉ်းကပ်သွားသောအခါ ထိုသူသည် ခေါင်းကိုလှည့်ကာ သူ့ကို လှမ်းကြည့်လာသည်။ ပန်းချီကားတစ်ချပ်ပမာ လှပချောမောမှုနှင့် သူမ မျက်လုံးထောင့်အောက်ရှိ ဆွဲဆောင်မှုရှိသော မှဲ့နက်ကလေးများသည် စုရှန်းရွှယ်၏ ဆွဲမက်ဖွယ် မျက်နှာလေး၏ လျှို့ဝှက်ချက်ပင်။
ချစ်ခင်သူများနှင့် ကွေကွင်းရခြင်း စမ်းသပ်မှုတွင် သူ၏ လူပျိုကြီး သမိုင်းကြောင်းကြောင့် ပြဿနာကြုံတွေ့ခဲ့ရသဖြင့် ဤတစ်ကြိမ်တွင် ကျီရှန်းဂူဗိမာန်သည် သူ၏မှတ်ဉာဏ်ထဲတွင် မြင်ဖူးသမျှ အလှပဆုံးနှင့် အနုပညာဆန်ဆန် အကိုက်ညီဆုံးသော ဆန့်ကျင်ဘက်လိင်၏ ပုံရိပ်ကို တိုက်ရိုက်ထုတ်ယူကာ ဤစမ်းသပ်မှု၏ ဖြတ်ကျော်စရာ ထောင်ချောက်တစ်ခုအဖြစ် အသုံးပြုထားခြင်း ဖြစ်ပုံရလေသည်။
ပိုင်ချူးရန်နှင့် သူမသည် ခေတ္တမျှ အချင်းချင်း စိုက်ကြည့်နေမိပြီးနောက် သူက နှုတ်ခမ်းတွန့်ချိုးကာ စပြောသည်။ "စုရှန်းရွှယ်က မင်းထက် အများကြီး ပိုလှတယ်။ သူက သဘာဝအတိုင်း ဆွဲဆောင်မှုရှိပြီးတော့ ချောမောလှပတဲ့သူမျိုးဟ၊ မင်းပုံစံက စက်ရုံထုတ် ပလတ်စတစ်ရုပ်လိုလို၊ ပလတ်စတစ်ဆာဂျရီ လုပ်ထားတဲ့ ကလေးမရုပ်နဲ့ တူနေတယ်။ bad reviewပဲ ပေးမှာ"
သူ ပေါ့ပေါ့တန်တန် ပြောလိုက်သော်ငြား စုရှန်းရွှယ်၏ အလှတရားတစ်ခုတည်းပင်လျှင် မရေမတွက်နိုင်သော ကျင့်ကြံသူများစွာကို စိတ်ရှုပ်ထွေး ယစ်မူးသွားစေရန် လုံလောက်၏။
သို့သော် ဤဂူဗိမာန်သည် ကျိုးဒေသဆယ်ခုရှိ နှစ်ပေါင်းသုံးထောင်ကြာ အထီးကျန်ဂန္ထဝင်ကြီးအား အမြဲတစေ လျှော့တွက်ထားခဲ့၏။ ပိုင်ချူးရန် လူပျိုသိုးကြီးမာနက စုရှန်းရွှယ်၏ ဆွဲဆောင်မှုအားကို တိုက်ရိုက်ပင် တွန်းလှန် ကာကွယ်ပေးထားလိုက်တော့သည်။