← Chapters

အခန်း (၁၈၁)

Vol. 19 Ch. 181

အခန်း (၁၈၁)

Vol. 19 Ch. 181

" စစ်သူကြီးကျောက်ပြောတာ ကျိုးကြောင်းဆီလျော်တယ်။ " ယန်တွမ်ဟီက ချက်ချင်း သဘောတူလိုက်သည်။

" သူတို့ကို အသက်ရှင်ဖို့ မျှော်လင့်ချက်ပေးထားတာက ကျောက်စစ်တပ်ရဲ့ စိတ်ဓာတ်ကို ပျက်ပြားစေလိမ့်မယ်။ ဒီနည်းဗျူဟာက တကယ်ပဲ အလုပ်ဖြစ်နိုင်တယ်။ ဒီတိုက်ပွဲရဲ့ အောင်မြင်မှုက မြို့ကို ထိုးဖောက်နိုင်မှုအပေါ် မူတည်တယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" မြို့ကို ထိုးဖောက်နိုင်တဲ့သူက အကြီးမားဆုံး စွမ်းဆောင်မှုကို ရလိမ့်မယ်။ ဝူအန်းကျဆုံးသွားရင် ကျွန်တော်တို့ စစ်တပ်က ဟန်တန်ကို တန်းတန်းမတ်မတ် ချီတက်သွားနိုင်ပြီ။ ကျောက်နိုင်ငံအနေနဲ့ ဟန်တန်မြို့ကို ခုခံဖို့ပဲ ကျန်တော့မယ်။ အဆုံးအဖြတ်တိုက်ပွဲက သိမ်မလိုတော့ဘူး။ ကျွန်တော်က ဝူအန်းမြို့ရဲ့ ပင်မတံခါးကို တိုက်ခိုက်ဖို့ တောင်းဆိုပါတယ်။ " ဝမ်ပင်းက ကျယ်လောင်စွာ ပြောလိုက်သည်။

" ကျွန်တော်က အနောက်တံခါးကို တိုက်မယ်။ " ကျောက်ဖုန်းက ရွေးချယ်သရာမရှိဘဲ ပြောလိုက်သည်။

မြို့ကို ထိုးဖောက်ခြင်းက အဓိကဖြစ်သည်။ ကံကြမ္မာအရာရှိတံဆိပ်၏ အားဖြည့်မှုနှင့် သူက ယုံကြည်မှုရှိသည်။ သူ၏ တပ်ဖွဲ့များက ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့ထက် သာလွန်နေသည်မှာ သံသယဝင်စရာမလိုပေ။

" ကောင်းပြီ။ " ဝမ်ကျန့်က ပြောလိုက်သည်။

" ဆုံးဖြတ်ပြီးပြီဆိုတော့ မင်းတို့သုံးယောက် သဘောတူထားတဲ့အတိုင်း ဆက်လုပ်ကြတာပေါ့။ ငါက ဘာမှထပ်မပြောတော့ဘူး။ ဒီမြို့ကို အရင်ဆုံး ထိုးဖောက်နိုင်တဲ့သူက အကြီးမားဆုံး စွမ်းဆောင်မှု ရရှိလိမ့်မယ်။ ငါကိုယ်တိုင် သူ့အတွက် ဆုလာဘ်တောင်းဆိုပေးမယ်။ ဒီတိုက်ပွဲအတွက် စစ်သည်တွေရဲ့ စိတ်ဓာတ်မြှင့်တင်ပေးဖို့ ငါကိုယ်တိုင် စစ်ဗုံတီးပေးမယ်။ "

" ကျွန်တော်တို့ တာဝန်ကို သေတဲ့အထိ ထမ်းဆောင်ဖို့ သစ္စာပြုပါတယ်။ " ကျောက်ဖုန်းနှင့် အခြားစစ်သူကြီးနှစ်ယောက်က ချက်ချင်း ထရပ်လိုက်သည်။

" မင်းတို့သွားနိုင်ပြီ။ " ဝမ်ကျန့်က အမိန့်ပေးလိုက်သည်။ " စစ်တပ်က ဒီညအနားယူမယ်။ မနက်ဖြန် ငါတို့ တိုက်ခိုက်မယ်။ "

" အမိန့်အတိုင်းပါ။ " စစ်သူကြီးသုံးယောက်က ပြန်ပြောလိုက်ကြသည်။

ကျောက်ဖုန်းက သူ၏ စခန်းသို့ ပြန်လာခဲ့သည်။

" မနက်ဖြန် ငါတို့တပ်ဖွဲ့တွေ ဝူအန်းမြို့ရဲ့ အနောက်တံခါးကို တိုက်ခိုက်မယ်။ " ကျောက်ဖုန်းက သူ၏ စစ်သည်များကို ပြုံး၍ ပြောလိုက်သည်။

" ပင်မစစ်တပ်သုံးခုမှာ မြို့ကို အရင်ဆုံး ထိုးဖောက်နိုင်တဲ့ စစ်တပ်က အကြီးမားဆုံး အောင်မြင်မှုကို ရရှိလိမ့်မယ်။ ငါတို့ ဒီစွမ်းဆောင်မှုကို ရနိုင်မလားဆိုတာ မင်းတို့ရဲ့ ရဲစွမ်းသတ္တိအပေါ်မှာ မူတည်တယ်။ "

" စစ်သူကြီးနောက်ကို သေတဲ့အထိ လိုက်ဖို့ သစ္စာပြုပါတယ်။ " တုဆွေ၊ ကျန်းဟန်နှင့် တပ်မှူးများက တပြိုင်နက် ပြောလိုက်သည်။

" သွားကြတော့။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ဒီတိုက်ပွဲပြီးရင် ငါ့ရဲ့ စွမ်းရည်တွေ ဘယ်လောက်ထိ တိုးတက်လာမလဲ ငါသိချင်မိတယ်။ ဒီမြို့ ကျဆုံးသွားတာနဲ့ ဟန်တန်ကို တိုက်ရိုက်ချီတက်နိုင်ပြီ။ ကျောက်နိုင်ငံက ချင်နိုင်ငံရဲ့ လက်အောက်မှာ ကျဆုံးဖို့ သိပ်မကြာတော့ပါဘူး။ "

နောက်တစ်နေ့တွင် ချင်စစ်သည်သုံးသိန်းနီးပါးက ဝူအန်းမြို့၏ အရှေ့၊ အနောက်နှင့် တောင်ဘက်တံခါးများဆီသို့ ချဉ်းကပ်လာကြသည်။ လန်ထျန်းစခန်းက ကျောက်နိုင်ငံကို ထိုးစစ်ဆက်ကတည်းက လမ်းခရီးတစ်လျှောက်တွင် သူတို့ဖး စစ်သည်များ ကျဆုံးခဲ့သော်လည်း သူတို့၏ အကျအဆုံးက ကျောက်နိုင်ငံထက် များစွာ လျော့နည်းသည်။

ယခုအချိန်တွငိ ချင်စစ်တပ်က ဝူအန်းမြို့ကို စစ်သည်အင်းအား ၂၄၀၀၀၀ ဖြင့် ဝန်းရံထားသည်။ အင်အားအပြည့်ရှိသော တစ်ခုတည်းသော စစ်တပ်က ကျောက်ဖုန်းကွပ်ကဲနေသော စစ်သည်တစ်သိန်း တပ်ဖွဲ့ဖြစ်သည်။

သို့သော် သူတို့ထဲမှ စစ်သည်ငါးသောင်းမှာ အသစ်စုဆောင်းထားသော စစ်သည်များ ဖြစ်ပြီး သူတို့က တိုက်ပွဲအတွေ့အကြုံမရှိကြပေ။ အခြားပင်မစစ်တပ်နှစ်ခုက စစ်သည်ခုနှစ်သောင်းစီ ရှိကြသည်။

ကျောက်စစ်တပ်က ဝူအန်းမြို့ကို ခုခံကာကွယ်ခြင်းဖြင့် အားသာချက်အချို့ ရှိနေသည်။ ထိုအခြေအနေတွင် ချင်စစ်တပ်က တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

" စစ်သေနာပတိချုပ် " ကိုယ်ရံတော်တစ်ယောက်က ဖန်ရွှမ်ကို အစီရင်ခံလိုက်သည်။ " ချင်စစ်တပ်က သူတို့ ပင်မစစ်တပ်သုံးခုကို သုံးဖွဲ့ခွဲလိုက်ပါပြီ။ သူတို့က အခု အရှေ့၊ အနောက်န့ တောင်ဘက်တံခါးတွေမှာ ရောက်နေပါတယ်။ သူတို့ရဲ့ တပ်ဖြန့်ပုံအရဆိုရင် အချိန်မရွေး တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ "

" တံခါးသုံးပေါက်ကို တိုက်ပြီး တစ်ပေါက်ကို ဖွင့်ထားတယ်။ ငါတို့ရဲ့ ဆုတ်လမ်းကို မဖြတ်တောက်ထားဘူးပေါ့။ သူတို့ မြို့ရိုးကို ထိုးဖောက်နိုင်ရင် ငါတို့ရဲ့ စိတ်ဓာတ်တွေ ပျက်ပြားသွားလိမ့်မယ်။ " ဖန်ရွှမ်က ပြောလိုက်သည်။

" ဝမ်ကျန့် မင်းရဲ့ တွက်ချက်မှုတွေက တကယ်ထက်မြက်ပါတယ်။ ဒါပေမယ့် ငါဖန်ရွှမ်က မင်းကို မကြောက်ဘူး။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ " ဖန်ရွှမ်က အမိန့်ပေးလိုက်သည်။ " ကျောက်ချုံးက အနောက်တံခါး၊ ယန်ကျူးက အရှေ့တံခါး၊ ကျောက်လီက တောင်ဘက်တံခါးကို ကာကွယ်ရမယ်။ စစ်သူကြီးတစ်ယောက်စီက ခုခံဖို့အတွက် စစ်သည်ရှစ်သောင်းစီ ကွပ်ကဲရမယ်။ ငါကိုယ်တိုင်က ကြီးကြပ်ရေးတပ်အနေနဲ့ စစ်သည်ခြောက်သောင်းကို ဦးဆောင်ပြီး မြောက်ဘက်တံခါးကို ကာကွယ်မယ်။ "

" ဒါက သေတဲ့အထိ တိုက်ခိုက်ရမယ့် တိုက်ပွဲပဲ။ ငါ့အမိန့်မရှိဘဲ ဘယ်သူမှမဆုတ်ရဘူး။ အမိန့်မနာခံတဲ့သူ ကွပ်မျက်ခံရမယ်။ " ဖန်ရွှမ်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

" နားလည်ပါပြီ။ " ကိုယ်ရံတော်က ချက်ချင်း ပြန်ပြောလိုက်သည်။

" ဝမ်ကျန့် လျန်ပိုက သေဆုံးသွားပြီဆိုပေမယ့် ငါ ဖန်ရွှမ်က သူ့ထက် မညံ့ပါဘူး။ ငါ ဝူအန်းကို ထိန်းထားပြီး မင်းတို့ရဲ့ ချင်စစ်တပ်ကို ဒီနေမှာတင် ရပ်တန့်ပစ်မယ်။ "

ထိုအချိန်တွင် ဝူအန်းမြို့၏ တံခါးသုံးပေါက်မှ ကျယ်လောက်သော ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

" ချင်စစ်သည်တော်တွေ...."

" ဟေ့ ဟေ့ ဟေ့ " မိုးခြိမ်းသံကဲ့သို့ ကြွေးကြော်သံများ ထွက်ပေါ်လာသည်။

ဝုန်း ဝုန်း ဝုန်း....

ကျောက်လုံးပစ်စက်များက ဝူအန်းမြို့ဆီသို့ ပစ်လွှတ်လိုက်ကြသည်။ ကောင်းကင်ယံမှ ကျောက်တုံးရာချီက ဥက္ကာခဲများသဖွယ် မြို့ထဲသို့ ပြင်းထန်စွာ ကျရောက်လာသည်။

ထိုကျောက်တုံးများနှင့်အတူ အဆုံးမရှိသော မြားမိုးများကလည်း ဝူအန်းမြို့ဆီသို့ ဆင်းသက်လာကြသည်။ ချင်စစ်တပ်၏ နည်းဗျူဟာက မြားမိုးများရွာချပြီး ရမ်သူများ၏ တိုက်ခိုက်ရေးစွမ်းအားကို အတတ်နိုင်ဆုံး အားနည်းသွားအောင် လုပ်ဆောင်ခြင်းဖြစ်သည်။

တံခါးသုံးပေါက်လုံးတွင် လေးသည်တော်များက ကျောက်စစ်တပ်၏ မြားပစ်ကွင်းပြင်ပ၌ ရပ်၍ မြားများကို မနားတမ်းပစ်ခတ်နေကြသည်။ အနောက်တံခါးတွင် ကျောက်ဖုန်းက စစ်ရထားပေါ်တွင် တည်ငြိမ်စွာ ရပ်ပြီး မြားများကို တစ်ပြိုင်နက် တိုက်ခိုက်နေသော လေးသည်တော်သုံးသောင်းကို စောင့်ကြည့်နေသည်။

" မွန်းလွဲပြီးရင် စစ်တပ်က တိုက်ခိုက်မယ်။ တုဆွေ၊ ကျန်းဟန်။ "

" ကျွန်တော်တို့ ရှိပါတယ်။ " လက်ထောက်စစ်သူကြီးနှစ်ယောက်က ချက်ချင်း ပြန်ထူးလိုက်သည်။

" တုဆွေ မင်းက စစ်သည်ငါးသောင်းကို ဦးဆောင်ပြီး ငါနဲ့အတူ ထိုးစစ်ဆင်ရမယ်။ ကျန်းဟန် မင်းက စစ်သည်ငါးသောင်းကို ဦးဆောင်ပြီး နောက်ကနေ ကပ်လိုက်ခဲ့ရမယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" မြို့သိမ်းတိုက်ပွဲအတွင်းမှာ စစ်တပ်ဖွဲ့စည်းပုံကို မပျက်ရဘူး။ မြို့သိမ်းစက်ယန္တရားတွေအားလုံး အဆင်သင့်ဖြစ်ပြီလား။ "

" အဆင်သင့်ဖြစ်ပါပြီ စစ်သူကြီး။ " တုဆွေက ချက်ချင်း ပြန်ဖြေလိုက်သည်။ " လှေကားသုံးရာနဲ့ မြို့သိမ်းတူသုံးဆယ်ကို ပြင်ဆင်ထားပါပြီ။ "

" ကျွန်တော်တို့ မြားတွေလည်း အများကြီးရှိပါတယ်။ မွန်းလွဲပိုင်းအထိ ပစ်ခတ်ဖို့ လုံလောက်ပါတယ်။ " ကျန်းဟန်က ပြောလိုက်သည်။

" ကောင်းတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး အဝေးမှ ဝူအန်းမြို့ကို စိုက်ကြည့်လိုက်သည်။

" လန်ထျန်းက ပင်မစစ်တပ်သုံးခုထဲမှာ မြို့ကို အရင်ဆုံးထိုးဖောက်နိုင်တဲ့ စွမ်းဆောင်နိုင်တဲ့ စွမ်းဆောင်မှုကို ငါတို့စစ်တပ်ကပဲ ရရှိလိမ့်မယ်။ "

" ကျွန်တော်တို့က စစ်သူကြီးနောက်ကို သေတဲ့အထိ လိုက်ဖို့ သစ္စာပြုပါတယ်။ " တုဆွေနှင့် ကျန်းဟန်တို့၏ အကြည့်များက ခိုင်မာနေသည်။

ကျောက်ဖုန်းက ဤတိုက်ပွဲတွင် ရန်သူများကို သတ်ဖြတ်ပြီး သူ၏ စွမ်းရည်များကို စုဆောင်းရမည်ဖြစ်သည်။ သူက စစ်ရေးစွမ်းဆောင်မှုများကိုလည်း လိုချင်သည်။ စစ်မြေပြင်တွင် အင်အားကသာ အရာရာကို ဆုံးဖြတ်ပေးသည်။

အကယ်၍ ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့က မြို့ကို အရင်ဖောက်နိုင်ခဲ့လျှင် ၎င်းက သူတို့၏ ကိုယ်ပိုင်အရည်အချင်းကို သက်သေပြလိုက်ခြင်း ဖြစ်သည်။ စစ်ရေးစွမ်းဆောင်မှုများက ကျောက်ဖုန်းအတွက် အလွန်အရေးကြီးနေပြီဖြစ်သည်။ ၎င်းက သူ စစ်သေနာပတိချုပ်ဖြစ်လာရန် လိုအပ်သော အရည်အချင်းများ ဖြစ်သည်။

မြို့ကို အရင်ထိုးဖောက်နိုင်ခြင်းက ကြီးမားသော စွမ်းဆောင်မှုတစ်ခု ဖြစ်သည်။ အကယ်၍ တစ်နေ့တွင် သူက ဟန်တန်ကို သိမ်းပိုက်ပြီး ကျောက်ဘုရင်ကို ဖမ်းဆီးနိုင်ခဲ့လျှင် ၎င်းက နောက်ထပ် အောင်မြင်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

ကျောက်ဖုန်းက ထိုစွမ်းဆောင်မှုများကို ရယူရန် ဆုံးဖြတ်ထားသည်။ ဝူအန်းမြို့၏ ကောင်းကင်ထက်တွင် ချင်စစ်တပ်၏ မြားမိုးများနှင့် ကျောက်တုံးများက အဆက်မပြတ် ကျဆင်းနေသည်။ ထိုလက်နက်များ၏ ဖိနှိပ်မှုအောက်တွင် ချင်စစ်တပ်က အကျအဆုံး မရှိသေးသော်လည်း မြို့ထဲရှိ ကျောက်စစ်တပ်များက အကြီးအကျယ် အထိနာနေကြပြီဖြစ်သည်။

" ရှောင်ကြ၊ မြန်မြန်ရှောင်ကြ။ "

" ဒိုင်းကိုင်တဲ့သူတွေ ရှေ့ထွက်။ ကျန်တဲ့လူတွေ ဒိုင်းနောက်မှာ နေကြ။ "

" မြန်မြန် "

ကျောက်တပ်ဖွဲ့များက ဖရိုဖရဲ ဖြစ်နေကြသည်။ သူတို့က မည်မျှပင် ပုန်းအောင်းရန် ကြိုးစားနေသည်ဖြစ်စေ ကျောက်စစ်သည်များက အချိန်တိုင်း လဲကျသေဆုံးနေကြသည်။ ဖန်ရွှမ်က ချင်၏ မြားမိုးများကို ကြိုတင်ခန့်မှန်းပြီး သူ၏ တပ်ဖွဲ့များကို ပြင်ဆင်ထားခဲ့သော်လည်း ပစ်ခတ်မှုများ စတင်သောအခါ သူတို့က ထိန်းမရသိမ်းမရဖြစ်သွားခဲ့သည်။

" စစ်သူကြီး " လက်ထောက်စစ်သူကြီးတစ်ယောက်က ကျောက်ချုံးကို ပြောလိုက်သည်။ " ချင်စစ်တပ်က ထိုးစစ်မဆင်သေးဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ "

" သတိမလွတ်စေနဲ့။ " ကျောက်ချုံးက လေးနက်စွာ ပြောလိုက်သည်။

" ရှိသမျှအင်အားနဲ့ ခုခံကြ။ ချင်စစ်တပ်က အချိန်မရွေး တိုက်ခိုက်လာနိုင်တယ်။ မြားမိုးတွေနဲ့ အရင်ဖိနှိပ်ပြီး မြို့ကို ထိုးစစ်ဆင်တာက သူတို့ရဲ့ ပုံမှန်နည်းဗျူဟာပဲ။ စစ်သေနာပတိချုပ်က အမိန့်ပေးပြီးပြီ။ ဒါက သေတဲ့အထိ တိုက်ခိုက်ရမယ့် တိုက်ပွဲပဲ။ ငါတို့စစ်တပ်က ဆုတ်မှာမဟုတ်ဘူး။ ဆုတ်တဲ့သူတွေ ခေါင်းဖြတ်ခံရမယ်။ "

All Chapters