အခန်း (၁၈၇)
Vol. 19 Ch. 187
ဖန်ရွှမ်က စစ်သည်သုံးသိန်းကို ဦးဆောင်ပြီး ယန်နိုင်ငံကို တိုက်ခိုက်ကာ နယ်မြေတစ်ဝက်လောက်ကို သိမ်းယူခဲ့သည်။ ယခုပြန်ရောက်လာပြီး မြို့ကိုခုခံချိန်တွင် တစ်ရက်တည်းနှင့် ရှုံးနိမ့်သွားခဲ့သည်။
" စစ်သေနာပတိချုပ်။ " ကျောက်တပ်မှူးများက စစ်သေနာပတိချုပ် ဖန်ရွှမ်ကို စိုးရိမ်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
" ဝူအန်းဆိုတာ ဟန်တန်မြို့တော်ရဲ့ တံခါးပေါက်ပဲ။ တကယ်လို့ ငါတို့ဆုတ်ခွာသွားရင် ဟန်တန်က ချင်စစ်တပ်နဲ့ တိုက်ရိုက်ရင်ဆိုင်ပြီး ကျောက်နိုင်ငံက ကြီးမားတဲ့ အန္တရာယ်နဲ့ ကြုံတွေ့ရလိမ့်မယ်။ဒါပေမယ့် ငါတို့မဆုတ်ရင်လည်း ဟန်တန်မှာ နန်းတွင်းကိုယ်ရံတော်ငါးသောင်းပဲရှိတယ်။ တကယ်လို့ ဒီမှာအသေခံတိုက်ရင်တောင် အများဆုံး ချင်စစ်တပ်ကို ပင်ပန်းသွားအောင်ပဲ လုပ်ရလိမ့်မယ်။ နောက်ဆုံးမှာ ကျောက်က စစ်အင်အား လုံးဝမကျန်ဘဲ ခုခံကာကွယ်ဖို့ စစ်တပ်တောင် ရှိမှာမဟုတ်တော့ဘူး။ ငါသေလို့ရတယ်။ ဒါပေမယ့် ကျောက်ကတော့ ပျက်စီးလို့မရဘူး။ "
ထိုအချိန်တွင် ဖန်ရွှမ်က ကောင်းကျိုးဆိုးကျိုးများကို တွက်ဆနေခဲ့ပြီး နောက်ဆုံးတွင် သူက လက်တွေ့ဘဝကို ခေါင်းငုံ့လက်ခံလိုက်သည်။
" မြောက်ဘက်တံခါးကို ဖွင့်လိုက်။ ယန်ကျူးကို နောက်တန်းကို ဦးဆောင်ဖို့ အမိန့်ပေးလိုက်။ ပင်မစစ်တပ်က ဟန်တန်ကို ကာကွယ်ဖို့ ဆုတ်ခွာမယ်။ ပြီးတော့ တိုက်နယ်မြေက စစ်တပ်တွေကို စစ်ကူအဖြစ် ချက်ချင်း လွှတ်ပေးဖို့ အရှင်မင်းကြီးဆီ တောင်းဆိုလိုက်ပါ။ " ဖန်ရွှမ်က လေးနက်စွာ ပြောလိုက်သည်။ ထိုအမိန့်ကို ထုတ်ပြန်ပြီးနောက် သူလည်း အားအင်ကုန်ခမ်းသွားပုံရလေသည်။
ဟန်တန်မြို့ လုံထိုင်နန်းတော်အတွင်း ဖန်ရွှမ်က စစ်ကူအဖြစ် ပြန်ရောက်လာသဖြင့် ကျောက်ယန်၏ စိုးရိမ်ပူပန်များက လျော့နည်းသွားခဲ့သည်။ သို့သော် ချင်က မဆုတ်ခွာသေးသဖြင့် သူကအလွန်စိတ်မအေးဖြစ်နေရသည်။
" ဝူအန်းမြို့က တိုက်ပွဲအခြေအနေ ဘယ်လိုရှိလဲ။ " ကျောက်ယန်က ကောခိုင်ကို မေးလိုက်သည်။
" စိတ်အေးအေးထားပါ အရှင်မင်းကြီး။ " ကောခိုင်က ပြုံး၍ ပြန်ဖြေလိုက်သည်။ " ဝူအန်းမြို့ကို စစ်သေနာပတိချုပ်ဖန်ရွှမ်ကိုယ်တိုင် ကွပ်ကဲနေပြီး ကျောက်စစ်သည်သုံးသိန်းနဲ့ ခုခံနေတာပါ။ ချင်စစ်တပ်က ဘယ်လောက်ပဲ အင်အားကြီးကြီး စစ်သေနာပတိချုပ် ဖန်ရွှမ်ရဲ့ ခံစစ်ကို ထိုးဖောက်နိုင်မှာမဟုတ်ပါဘူး။ "
" စစ်သေနာပတိချုပ် ဖန်ရွှမ်ကို ငါယုံကြည်ပါတယ်။ " ကျောက်ယန်က ပြောလိုက်သည်။ " ဒါပေမယ့် ငါက ခုခံဖို့ သက်သက်ပဲ စဉ်းစားနေတာမဟုတ်ဘူး။ ငါ့ရင်ထဲက အမုန်းတွေကို ဖြေဖျောက်ဖို့ ကျုးကျော်လာတဲ့ ချင်စစ်သည် တစ်ယောက်မကျန်ကို အမြစ်ဖြတ်ချင်တာပဲ။ "
" တစ်နေ့ကျရင် ..... " ကျောက်ယန်က ဒေါသတကြီး ပြောလိုက်သည်။ " ရင်ကျန့် ငါ့ခြေရင်းမှာ ဒူးထောက်နေတာကို ငါမြင်ချင်တယ်။ ဒါတွေအားလုံးက ရင်ကျန့်ရဲ့ အမှားပဲ။ ချင်ရဲ့အမှားပဲ။ "
သူက နယ်မြေချဲ့ထွင်သော ဘုရင်တစ်ပါးဖြစ်လာရန် နိုင်ငံအင်အားကို စုစည်းပြီး အချိန်အတော်ကြာ ပြင်ဆင်ခဲ့သည်။ ယန်နိုင်ငံကို သိမ်းပိုက်ရန်အတွက် သူက ရင်ကျန့်နှင့် မဟာမိတ်စာချုပ်ချုပ်ဆိုရန်ပင် ချင်နိုင်ငံသို့ အပြေးအလွှား သွားခဲ့သည်။
ထိုစဉ်က ရင်ကျန့်မှာ ကျောက်က ချင်ကို တိုက်ခိုက်မည်ကို ကြောက်ရွံ့သဖြင့် မဟာမိတ်ဖွဲ့ရန် အမှန်တကယ်အလိုရှိသည်ဟု သူက မောက်မာစွာ ယုံကြည်ခဲ့သည်။ သို့သော် ယခု ၎င်းတို့အားလုံးက လှည့်စားမှုတစ်ခုသာ ဖြစ်သည်။
ရင်ကျန့်၏ စစ်မှန်သော ရည်ရွယ်ချက်မှာ သူ့ကို ဘာမှမစိုးရိမ်ဘဲ ယန်နိုင်ငံကို တိုက်ခိုက်ရန် ဖြစ်သည်။ ထို့နောက် ကျောက်၏ အင်အားများ ပြိုကွဲနေချိန်တွင် ချင်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းကို တွေးမိလေ ကျောက်ယန်က ပို၍ ဒေါသထွက်လေဖြစ်သည်။
" စစ်သေနာပတိချုပ် ဖန်ရွှမ်က ချင်စစ်တပ်ကို သေချာပေါက် ချေမှုန်းနိုင်ပါလိမ့်မယ်။ " ကောခိုင်က ဝင်ပြောလိုက်သည်။
" တိုက်နယ်မြေက အခြေအနေ ဘယ်လိုရှိလဲ။ " ကျောက်ယန်က ကျောက်ယိကို ကြည့်ပြီး မေးလိုက်သည်။
" အရှင်မင်းကြီး တိုက်နယ်မြေက တိုက်ပွဲက ရှေ့မတိုးသာမဆုတ်သာ အခြေအနေမှာ ရှိနေပါတယ်။ " ကျောက်ယိက ပြောလိုက်သည်။ " စစ်သေနာပတိချုပ် လီမုက သူ့ရဲ့ မြင်းတပ်ကို သုံးပြီး ချင်စစ်တပ်ကို တိုက်ဖို့ မြို့ပြင်ကို ထွက်ခဲ့ပါတယ်။ ကျောက်က မြင်းစီးမြားပစ်ပညာမှာ တစ်လောကလုံး နာမည်ကြီးပေမယ့် စစ်သေနာပတိချုပ် မုန့်ဝူက စစ်သေနာပတိချုပ် လီမုနဲ့ ရင်ဆိုင်ဖို့ ငြင်းဆန်ပြီး ဆက်တိုက်ဆုတ်ခွာနေပါတယ်။ အခု စစ်သေနာပတိချုပ် လီမုက ချင်နယ်စပ်ထိတောင် ရောက်နေပါပြီ။ "
" ရင်ကျန့်က ကျောက်ကို တိုက်ရင် ငါကလည်း ချင်ကို ပြန်တိုက်လို့ရတာပဲ။ " ကျောက်ယန်က ဒေါသတကြီး ပြောလိုက်သည်။ " ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ လီမုကို ချင်ရဲ့ မြောက်ဘက်နယ်စပ်မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ဖို့ အမိန့်ပေးလိုက်။ "
" အရှင်မင်းကြီး ဒါက လုံးဝ မလုပ်သင့်ပါဘူး။ " ကျောက်ယိက ချက်ချင်း ပြောလိုက်သည်။ " တိုက်နယ်မြေက နယ်စောင့်တပ်ဖွဲ့တွေက မြင်းတပ်တွေ အများဆုံးပါပဲ။ သူတို့က မြင်းစီးတိုက်ပွဲတွေမှာ ကျွမ်းကျင်ပေမယ့် မြို့ကို တိုက်ခိုက်သိမ်းပိုက်တဲ့ နေရာမှာ မကျွမ်းကျင်ကြပါဘူး။ "
" ဒါ့အပြင် ချင်စစ်တပ်ရဲ့ ရည်ရွယ်ချက်က စစ်သေနာပတိချုပ်လီမုနဲ့ စစ်သည်နှစ်သိန်းရှိတဲ့ နယ်စပ်စောင့်တပ်ဖွဲ့ကို ခြေချုပ်မိအောင် လုပ်ဖို့ပါပဲ။ တကယ်လို့ ကျွန်တော်မျိုးတို့က ချင်နယ်မြေထဲတိုးဝင်သွားရင် ထောက်ချောက်ထဲကို ကျသွားပါလိမ့်မယ်။ "
" ဟမ့်..." ကျောက်ယန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။
" သတင်းပို့ပါတယ်။ ဝူအန်းမြို့က အရေးပေါ် အစီရင်ခံစာ ရောက်လာပါတယ်။ " သတင်းပို့သူက ခန်းမထဲသို့ အလောတကြီး ဝင်ရောက်လာသည်။
" ဘာဖြစ်တာလဲ။ " ကျောက်ယန်က စိတ်ထဲတွင် ထိတ်လန့်စွာဖြင့် မေးလိုက်သည်။
" ဝူအန်းမြို့ ကျဆုံးသွားပါပြီ။ " သတင်းပို့သူက ဒူးထောက်ပြီး ပြောလိုက်သည်။ " စစ်သေနာပတိချုပ် ဖန်ရွှမ်က ဟန်တန်မြို့ကို ခုခံဖို့ စစ်အင်အားစုစည်းပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်။ စစ်သေနာပတိချုပ်က အခုအချိန်မှာ ဆုတ်ခွာရင်း တိုက်ခိုက်နေပြီး ချင်စစ်တပ်ကို အချိန်ဆွဲဖို့နဲ့ ဟန်တန်ကို ခုခံဖို့အတွက် သူရဲ့ အင်အားတွေကို ထိန်းသိမ်းဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ "
၎င်းကို ကြားသောအခါ ကျောက်ယန်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ပလ္လင်ပေါ်မှ ရုတ်တရက် ထရပ်လိုက်သည်။
" ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါ ဘယ်နှစ်ရက်တောင် ရှိသေးလို့လဲ။ ချင်စစ်တပ်က ဘယ်လိုလုပ် ဒီလောက် အင်အားကြီးနေရတာလဲ။ စစ်သေနာပတိချုပ်ဖန်ရွှမ်က ဘာလို့ သူတို့ကို မတားနိုင်ခဲ့တာလဲ။ သူက ယန်နိုင်ငံကို တိုက်ခိုက်တုန်းက တစ်ကြိမ်မှ မရှုံးဖူးဘူးလေ။ ချင်စစ်တပ်ရဲ့ လက်ထဲမှာ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရှုံးနိမ့်သွားတာလဲ။ " ကျောက်ယန်၏ အသံက တုန်ယင်သွားသည်။
သူက မည်မျှပင် အသိဉာဏ်နည်းသည်ဖြစ်စေ ဟန်တန်မြို့နှင့် ဝူအန်းမြို့က လီတစ်ရာပင် မဝေးသည်ကို သူသိနေသည်။ ၎င်းက ဟန်တန်၏ နောက်ဆုံးခံစစ်စည်းဖြစ်သည်။
" စစ်သည်သုံးသိန်းတောင်ရှိတာ.... ချင်က မနေ့ကမှ စတိုက်တာပဲ။ ဒါဆို စစ်သူကြီးဖန်က တစ်ရက်တောင်မပြည့်ဘဲ မြို့ကို အဖောက်ခံလိုက်ရတာပေါ့။ " ကျောက်ယိကလည်း အလားတူ တုန်လှုပ်သွားခဲ့သည်။
" အရှင်မင်းကြီး " ဝန်ကြီးတစ်ယောက်က ချက်ချင်း ထရပ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
" ဝူအန်းမြို့က ဟန်တန်မြို့ကို ကာကွယ်ထားတဲ့ နောက်ဆုံးခံတပ်ပါ။ အခု ဝူအန်းမြို့က ကျဆုံးသွားပြီဆိုတော့ ဟန်တန်မြို့က အန္တရာယ်ရှိနေပါပြီ။ ချင်စစ်တပ်ရောက်မလာခင် ကျွန်တော်မျိုးတို့ တိုက်နယ်မြေထဲကို ဆုတ်ခွာပြီး အဲ့ဒီနေရာကို ကျွန်တော်မျိုးတို့ရဲ့ ခံစစ်အခြေစိုက်စခန်းအဖြစ် သုံးသင့်ပါတယ်။ "
" ကျွန်တော်မျိုးလည်း သဘောတူပါတယ်။ " ဝန်ကြီးများကလည်း သဘောတူလိုက်ကြသည်။
" အခု ချင်စစ်တပ်က ဝူအန်းမြို့ကို ထိုးဖောက်သွားပြီဆိုတော့ ဟန်တန်က အကာအကွယ်မရှိတော့ပါဘူး။ ကျွန်တော်မျိုးတို့အတွက် တစ်ခုတည်းသော ရွေးချယ်မှုက တိုက်နယ်မြေကို ဆုတ်ခွာဖို့ပါပဲ။ စစ်သေနာပတိချုပ် ဖန်ရွှမ်နဲ့ စစ်သေနာပတိချုပ်လီမုတို့ရဲ့ အင်အားနဲ့ဆိုရင် တိုက်နယ်မြေကို သေချာပေါက် ခုခံကာကွယ်နိုင်ပါလိမ့်မယ်။ ဒါမှပဲ ကျောက်နိုင်ငံရဲ့ အခြေခံအုတ်မြစ်ကို ထိန်းသိမ်းနိုင်လိမ့်မယ်။ "
ဝန်ကြီးအချို့ကလည်း သူတို့၏ အမြင်များကို တင်ပြလိုက်ကြသည်။ ထိုဝန်ကြီးများအတွက် သူတို့၏ ကိုယ်ပိုင်အကျိုးစီးပွားက အဓိကဖြစ်သည်။ သူတို့က ဆုံးရှုံးသွားသော နယ်မြေများနှင့် ကျဆုံးသွားသော မြို့များကို သိပ်ဂရုမစိုက်ကြပေ။ သူတို့၏ မိသားစု၊ အာဏာနှင့် စည်းစိမ်ဥစ္စာများ ဘေးကင်းလုံခြုံနေသရွေ့ အခြားဘာမှအရေးမကြီးပေ။
ထိုသို့သော လူမျိုးများက ခေတ်အဆက်ဆက်တွင် ရှိနေခဲ့ကြသည်။ ထိုအချိန်တွင် ကျောက်ယိပင်လျှင် ဟန်တန်မှ ထွက်ခွာခြင်းကို ကန့်ကွက်စကားမပြောခဲ့ပေ။ ကျောက်နိုင်ငံက ကျောက်နယ်မြေနှင့် တိုက်နယ်မြေတို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။
ယခင်ကျောက်ဘုရင်ဝူလင်းက တိုက်နယ်မြေကို သိမ်းပိုက်ပြီး ကျောက်နယ်မြေထဲသို့ သွတ်သွင်းခဲ့ခြင်းဖြစ်သည်။ တိုက်နယ်မြေက ကျောက်နယ်မြေနှင့် အရွယ်အစား တူညီပြီး နိုင်ငံ၏ စုစုပေါင်းနယ်မြေနှင့် ထက်ဝက်နီးပါးရှိသည်။
သို့သော် ကျောက်၏ အထက်တန်းလွှာများက တိုက်နယ်မြေကို သူတို့၏ ကျောက်နယ်မြေအဖြစ် အလေးမထားခဲ့ကြပေ။ သူတို့က ထိုနေရာမှလာသော အရာရှိများကိုပင် ဖယ်ကျဉ်ထားကြပြီး လီမူက အကောင်းဆုံး သာဓကပင်ဖြစ်သည်။
သူက ကျောက်နိုင်ငံ၏ စစ်သေနာပတိချုပ်ဖြစ်သော်လည်း အဓိကနိုင်ငံရေးအသိုင်းအဝိုင်းတွင် အမှန်တကယ် လက်ခံခဲ့ခြင်းမခံခဲ့ရပေ။
" ကျွန်တော်မျိုးတို့ ဟန်တန်ကို လုံးဝ အဆုံးရှုံးမခံနိုင်ပါဘူး။ " နောက်ထပ်ဝန်ကြီးတစ်ယောက်က ငြင်းပယ်လိုက်သည်။
" ဟန်တန်က ကျောက်နိုင်ငံရဲ့ မြို့တော်ပါ။ တကယ်လို့ ကျွန်တော်မျိုးတို့က မြို့တော်ကို စွန့်ခွာလိုက်ရင် ကျောက်နယ်မြေမှာရှိတဲ့ သန်းချီတဲ့ ပြည်သူတွေ ဘယ်လိုဖြစ်ကုန်မလဲ။ "