← Chapters

အခန်း (၁၉၀)

Vol. 19 Ch. 190

အခန်း (၁၉၀)

Vol. 19 Ch. 190

" ဒီတစ်ခေါက် ဟန်တန်ကိုသွားတာ ကျွန်တော်မျိုးရဲ့ တပည့်ကို ပြန်တွေ့ဖို့ အခွင့်ကောင်းပဲ။ ဟန်ကိုတိုက်ခိုက်ကတည်းက သူနဲ့မတွေ့ရတာ အတော်ကြာပြီ။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။

" ဆရာချန်က လန်ထျန်းစခန်းမှာ စစ်ဘက်ဆိုင်ရာ သမားတော်ချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတာဆိုတော့ ကျောက်ကို သိမ်းပိုက်ပြီးရင် သူ့ကို နန်းတွင်းသမားတော်အဖြစ် ရာထူးတိုးပေးလို့ရတယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" ကျွန်တော်မျိုးက တပည့်ကိုယ်စား အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ရှဝူချယ်က ချက်ချင်း ပြန်ပြောလိုက်သည်။

" ယောက္ခမကြီးက အားနာစရာတွေ ပြောနေပြန်ပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ကျုပ်က မျက်နှာလိုက်တာမဟုတ်ပါဘူး။ ဒါတွေက ဆရာချန် ရသင့်ရထိုက်တာတွေပါ။ သူက ဒီနှစ်တွေတစ်လျှောက် သမားတော်အဖြစ် လုပ်ခဲ့တဲ့ စွမ်းဆောင်မှုတွေက တကယ်ကြီးမားတယ်။ "

" စွမ်းဆောင်မှုအကြောင်း ပြောရရင် ကျွန်တော်မျိုးက ကျောက်ဖုန်းကို ပိုစိတ်ဝင်စားမိတယ်။ "ရှဝူချယ်က ပြုံးပြီး ပြောလိုက်သည်။ " သူဖန်တီးခဲ့တဲ့ ဆေးပညာတွေက ဒဏ်ရာရစစ်သည်အများကြီးကို ကယ်တင်နိုင်ခဲ့တယ်။ ပြီးတော့ သူက အရမ်းလည်း ငယ်သေးတယ်။ ဒီတစ်ခေါက် ကျောက်နိုင်ငံကို သွားတဲ့အခါ သူ့ကို ကိုယ်တိုင်တွေ့ရမယ်။ "

" အဲ့ဒီလူငယ်အကြောင်းကို ယောက္ခမကြီးတစ်ယောက်တည်း စိတ်ဝင်စားတာမဟုတ်ဘူး။ ကျုပ်လည်း စိတ်ဝင်စားတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အသက်၁၈နှစ်အရွယ်မှာ ဝေဝူကျိကို အနိုင်ယူပြီး လျန်ပိုကို ကွပ်မျက်နိုင်ခဲ့တယ်။ သူက တစ်လောကလုံးကို ထိတ်လန့်သွားအောင် လုပ်နိုင်ခဲ့တယ်။ အရင်တုန်းက ပိုင်ချီတောင် သူ့လောက် စွမ်းဆောင်နိုင်မှာမဟုတ်ဘူး။ "

" ဒါက ကောင်းကင်ဘုံရဲ့ အလိုတော်ဖြစ်နိုင်ပါတယ်။ အနာဂတ်မှာ အရှင်မင်းကြီးကို ကူညီဖို့ ပိုင်ချီလို လူတစ်ယောက် ပေါ်ဘာဦးမယ်လို့ ဆိုလိုတာပဲ။ " ရှဝူချယ်က ပြောလိုက်သည်။

" အရင်တုန်းက ကျောက်ရှန်းဘုရင်က အရှင်ဝူအန်းကို သူ့ရဲ့ စစ်သူကြီးအဖြစ် သတ်မှတ်ခဲ့ပေမယ့် နောက်ဆုံးမှာ သူ့ကို ကွပ်မျက်ခဲ့တယ်။ တကယ်လို့ ကျောက်ဖုန်းက ကျုပ်ရဲ့ အရှင်ဝူအန်းဖြစ်လာရင် အဲ့လိုအမှားမျိုး သေချာပေါက်လုပ်မှာ မဟုတ်ဘူး။ "

ဟန်တန်သို့ သွားရာလမ်းတွင် အလောင်းများက နေရာအနှံ့ ပြန့်ကျဲနေသည်။ ကျောက်ဖုန်းက အလောင်းများအလယ်တွင် ထိုင်နေပြီး လက်တစ်ဖက်က ရိက္ခာခြောက်များကိုင်ကာ ကျန်လက်တစ်ဖက်က ရေဘူးကို ကိုင်ထားသည်။

ကျောက်ဖုန်းနှင့် သူ၏ စစ်သည်များက ထိုကဲ့သို့ သွေးချောင်းစီးနေသော စစ်မြေပြင်တွင် အားရပါးရ စားသောက်နေကြသည်။ စစ်မြေပြင်ကို ရှင်းလင်းပြီး ဒဏ်ရာရနေသော ကျောက်စသ်သည်များကို အဆုံးသတ်နေသူ အနည်းငယ်မှ လွဲ၍ စစ်သည်အများစုက အနားယူနေကြသည်။

ဝူအန်းမြို့ကို တိုက်ခိုက်ကတည်းက ကျောက်ဖုန်းက စစ်သည်တိုင်းအတွက် အနည်းဆုံး ခြောက်ရက်စာ ရိက္ခာခြောက်များကို ပြင်ဆင်ထားရန် အမိန့်ပေးခဲ့သည်။ ထို့ကြာင့် မြို့ကျဆုံးပြီး အခြားပင်မစစ်တပ်နှစ်ခုက ဝူအန်းမြို့ကို ထိန်းချုပ်ရန်နှင့် စစ်မြေပြင်ကို ရှင်းလင်းရန် လုပ်ဆောင်နေစဉ် ကျောက်ဖုန်းက သူ၏ တပ်များကို ဦးဆောင်ပြီး လိုက်လံတိုက်ခိုက်ခဲ့သည်။

" စစ်သူကြီး ဒီတိုက်ပွဲမှာ ကျွန်တော်တို့ ရန်သူနှစ်ထောင်ကျော်ကို ချေမှုန်းနိုင်ခဲ့ပါတယ်။ " တုဆွေက ကျောက်ဖုန်းကို အစီရင်ခံလိုက်သည်။ " ဒီကျောက်စစ်သည်တွေက ထွက်ပြေးတဲ့နေရာမှာ ကျွမ်းကျင်တာကိုတော့ တကယ်ဝန်ခံရလိမ့်မယ်။ "

" အခြားသူတွေကိုလည်း အစွမ်းကုန်လိုက်ဖို့ တိုက်တွန်းလိုက်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။ " ငါတို့ လဝက်အတွင်း ဟန်တန်မှာ ပြန်စုရမယ်။ ငါတို့စစ်တပ်က ဟန်တန်ကို တိုက်ခိုက်တဲ့ ပထမဆုံး စစ်တပ်ဖြစ်ရမယ်။ "

" နားလည်ပါပြီ။ " တုဆွေက ပြန်ပြောလိုက်သည်။

" သွားပြီးအနားယူတော့။ " ကျောက်ဖုန်းက ပြောလက်ပြီး တုဆွေကလည်း ထွက်ခွာသွားသည်။

ထိုသို့လိုက်လံတိုက်ခိုက်နေစဉ်အတွင်း ကျောက်ဖုန်းက သူ၏ တပ်ဖွဲ့များကို အပြည့်အဝ ပြန်မစုစည်းခဲ့ပေ။ ထိုအစား သူက တပ်ဖွဲ့ဆယ်ခုကို ခွဲထုတ်ပြီး ကျောက်စစ်သည်များကို တတ်နိုင်သမျှ လိုက်လံသတ်ဖြတ်စေခဲ့သည်။ ဤတိုက်ပွဲတွင် ကျောက်ဖုန်းက စစ်သုံ့ပန်းများကို ဖမ်းထားရန် ရည်ရွယ်ချက်မရှိပေ။

ကျောက်ဖုန်း၏ စစ်သည်များ လိုက်လံခြင်းခံရသော မည်သည့်စစ်သည်မဆို သေခြင်းတရားနှင့် သေချာပေါက် ရင်ဆိုင်ရမည်ဖြစ်သည်။

ထိုအချိန်တွင် ကျောက်ဖုန်း သတ်ဖြတ်မှုမှ ရရှိသော စွမ်းရည်များကို သိမ်းဆည်းရန် စိတ်ထဲမှ အမိန့်ပေးလိုက်သည်။ လွန်ခဲ့သော သုံးရက်တာ တိုက်ပွဲများတွင် သိသာထင်ရှားသော အကျိုးအမြတ်များ ရရှိခဲ့သည်။ ရန်သူများက သူနှင့် သူ၏ စစ်သည်များ၏ လက်ထဲတွင် ကျဆုံးခဲ့ရသည်။

" ပိုင်ရှင်၏ တပ်ဖွဲ့များက ရန်သူ ၃၂၅၄၂ ယောက်ကို သတ်ဖြတ်ခဲ့ပြီး စွမ်းရည်အမှတ် ၁၀၈၄၈ ရရှိပါတယ်။ "

" အစစ်အမှန်ချီ ၁၁၂၀မှတ် ရရှိပါတယ်။ "

" ခွန်အား ၁၅၁၂မှတ် ရရှိပါတယ်။ "

" အမြန်နှုန်း ၁၂၅၆မှတ် ရရှိပါတယ်။ "

" ရုပ်ခန္ဓာ ၁၆၀၂မှတ် ရရှိပါတယ်။ "

" စိတ်ဝိညာဉ် ၁၅၀၀မှတ် ရရှိပါတယ်။ "

" သက်တမ်း ၃၆၅၀ရက် ရရှိပါတယ်။ "

" နောက်ထပ် သက်တမ်းဆယ်နှစ်။ ငါ့ရဲ့ ထာဝရရှင်သန်ခြင်းလမ်းစဉ်ကို ရန်သူတွေရဲ့ သွေးနဲ့ ငါဖောက်လုပ်မယ်။ " ကျောက်ဖုန်းက တွေလိုက်သည်။

သူက သူ့ကိုသူ အပြစ်ရှိသည်ဟု မခံစားရပေ။ ၎င်းက ရှောင်လွှဲ၍မရသော စစ်ပွဲတစ်ခုဖြစ်ပြီး မူလကတည်းက ဖြစ်ပျက်ရန် ကံပါလာခဲ့သော သမိုင်းဝင်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကျောက်ဖုန်းက ပါဝင်သူတစ်ယောက်သာ ဖြစ်ပြီး သူက ချင်နိုင်ငံ၏ စစ်ပွဲများကို အသုံးချကာ သူ၏ ကိုယ်ပိုင်အင်အားကို တည်ထောင်ပြီး ထာဝရရှင်သန်ရန် ကြိုးစားနေခြင်းဖြစ်သည်။

စွမ်းရည်များ ဝင်ရောက်လာသည်နှင့် သူ၏ ဒန်တျန်ထဲမှ အစစ်အမှန်ချီများက ဆူပွက်လာသည်။ ၎င်းက သူ၏ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားပြီး သွေးကြောများ တစ်ခုပြီးတစ်ခုကို ဖွင့်လှစ်ကာ သူ၏ ချီစွမ်းအားများကို လျင်မြန်စွာ လည်ပတ်စေပြီး ပိုမိုသိပ်သည်းသွားစေခဲ့သည်။ သူ၏ ရုပ်ခွန်အားနှင့် စိတ်ဝိညာဉ်စွမ်းအားများကလည်း တိုးတက်လာခဲ့သည်။

" ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆို ဆရာသခင်အဆင့် အထွတ်အထိပ်တစ်ယောက်ကိုတောင် သတ်နိုင်လောက်ပြီ။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။ " ငါ့ရဲ့ စွမ်းအားကို ကောင်းကောင်းနားလည်ဖို့အတွက် အစွမ်းကုန်ထုတ်သုံးနိုင်မယ့် အခွင့်အရေးတစ်ရှာရမယ်။ "

စစ်မြေပြင်တွင် ကျောက်ဖုန်းက အစွမ်းကုန်အသုံးပြုရန် တုန့်ဆိုင်းနေသည်။ သူက သိုင်းပညာကို ပထမဆုံး အသုံးပြုခဲ့သည်မှာ ဝူအန်းမြို့တွင်ဖြစ်ပြီး သက်သေများမရှိနိုင်သည့် ရှုပ်ထွေးသော တိုက်ပွဲတွင် စမ်းသပ်သည့်အနေဖြင့် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ သူက နောက်ထပ် အသုံးမပြုဖြစ်တော့ပေ။

နာမည် - ကျောက်ဖုန်း

အစစ်အမှန်ချီ - ၄၁၀၀

ခွန်အား - ၉၂၀၀

အမြန်နှုန်း - ၈၈၅၆

ရုပ်ခန္ဓာ - ၈၂၃၆

စိတ်ဝိညာဉ် - ၈၀၄၆

သက်တမ်း - ၁၅၅နှစ် ၈၁၀၀ရက်

စွမ်းဆောင်မှုရမှတ် - ၅၆၃

သိုလှောင်နေရာ - ၅၉ ကုဗမီတာ

ကျင့်စဉ် - နဂါးဆင်ကျမ်း

သိုင်းပညာ - နဂါးနိုင်လက်ဝါး၊ ပေါက်ကွဲလက်သီး။

သူ၏ အချက်အလက်များကို မြင်သောအခါ ကျောက်ဖုန်းက နားမလည်နိုင်ဖြစ်သွားသည်။

" တစ်ခုခုတော့ မှားနေတယ်။ သိုင်းပညာအဆင့်တွေအရဆို ငါရဲ့ အစစ်အမှန်ချီလေးထောင်ကျော်က ဆရာသခင်အဆင့်ကို တရာက်နေသင့်ပြီ။ ဒါဆို ငါ့ရဲ့ သက်တမ်းက ဘာလို့တိုးမလာတာလဲ။ ၁၅၅နှစ်မှာ ရှိနေတုန်းပဲ။ "

သူ ရှန်ထျန်းအဆင့်သို့ ရောက်ချိန်တွင် သူ၏ သက်တမ်းက ၁၅၅နှစ်အထိ တိုးလာခဲ့သည်။ ထိုအချိန်မှစ၍ တိုက်ပွဲများတွင် သက်တမ်းများ ထပ်မံရရှိခဲ့သည်။ ၈၁၀၀ရက်က ၂၂နှစ် ကျော်ဖြစ်ပြီး လာမည့်တိုက်ပွဲများတွင်လည်း ဆက်လက်ရရှိဦးမည်ဖြစ်သည်။

" ငါ ဆရာသခင်အဆင့်ကို ရောက်နေတာတောင် သက်တမ်းက တိုးမလာဘူး။ ဒါမှမဟုတ် တိုးဖို့အတွက် အစစ်အမှန်ချီ ငါးထောင်ကျော်လိုနေတာလား။ " ကျောက်ဖုန်းက ထိုအကြောင်းကို ဆက်မစဉ်းစားတော့ပေ။ သူ၏ အစစ်အမှန်ချီ ငါးထောင်ကျော်သွားလျှင် သက်တမ်းတိုးမတိုး စောင့်ကြည့်နေရုံသာဖြစ်သည်။

" အရှင် အရှင့်ရဲ့အမိန့်တွေကို ဆောင်ရွက်ပြီးပါပြီ။ " ကျန်းမင်က ကျောက်ဖုန်းဆီသို့ ရောက်လာပြီး အသံနိမ့်ကာ ပြောလိုက်သည်။

" ယန်ထင်က ဝူချန်းတွေကို မြောက်ဘက်နယ်စပ်ကို စေလွှတ်ပြီးပါပြီ။ "

" အားလုံးရှင်းလင်းရဲ့လား။ " ကျောက်ဖုန်းက မေးလိုက်သည်။

" အားလုံးရှင်းပါတယ်။ အရှင်ရဲ့ ညွှန်ကြားချက်တွေအတိုင်း အားလုံး ဆောင်ရွက်ပြီးပါပြီ။ " ကျန်းမင်က ခေါင်းညိမ့်လိုက်သည်။

" သူတို့ အဲ့ဒီလူကို ရှာတွေ့တာနဲ့ ဌာနချုပ်ကို ပြန်ခေါ်ပြီး အရှင်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပါလိမ့်မယ်။ "

" ကောင်းတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

နာရီအနည်းငယ် ကြာပြီးသောအခါ ကျောက်ဖုန်းက ထရပ်ပြီး အော်ဟစ်လိုက်သည်။

" ညီအကိုတို့ ဆက်တိုက်ကြမယ်။ ငါတို့စစ်တပ်က ဟန်တန်ကို အမြန်ဆုံး ချီတက်ရမယ်။ "

" ကျွန်တော်တို့ စစ်သူကြီးနောက်ကို သေတဲ့အထိ လိုက်ပါမယ်။ " စစ်သည်များအားလုံးက ကျယ်လောင်စွာ ကြွေးကြော်လိုက်ကြသည်။ သူတို့အတွက် ကျောက်ဖုန်းက စစ်နတ်ဘုရားပင် ဖြစ်သည်။

ကျောက်ဖုန်းက မြင်းပေါ်သို့တက်ပြီး လှ့ကို ကိုင်ကာ ဟန်တန်သို့ ဆက်လက်ထွက်ခွာခဲ့သည်။ လမ်းခရီးတွင် သူက ကျောက်စစ်သည်များနှင့် တွေ့ရမည်ဖြစ်ပြီး မြင်သမျှကို သတ်ဖြတ်သွားမည်ဖြစ်သည်။ ကျောက်ဖုန်းက သူ၏ တပ်ဖွဲ့ကို ဦးဆောင်ပြီး ထွက်ခွာသွားချိန်တွင် ထောက်ပို့တပ်ဖွဲ့က အလောင်းများကို ရှင်းလင်းရန် ကျန်နေခဲ့သည်။

All Chapters