← Chapters

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း ၃၄၆

ဖူရှီက ခေါင်းခါလိုက်၏။

“ဒါက အရှင်က ငါတို့ကို ဆုချီးမြှင့်တဲ့အနေနဲ့ ပေးထားတာပဲ။”

“ဘာ! အရှင်က တကယ်ပဲ ကျောက်တုံးအိမ်တွေကို လေထဲကနေ ဖန်တီးနိုင်တာလား။ ဒါက နတ်ဘုရားနဲ့ တူနေပြီမဟုတ်ဘူးလား။”

“ဟုတ်တယ်..ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။”

လူတိုင်း ထိုအကြောင်း ဆွေးနွေးလိုက်ကြသည်။

ဖူရှီက ဆက်ပြော၏။

“ဒီနေ့ ငါ အရှင့်ဆီသွားပြီး ငါတို့အတွက် ကျောက်တုံးအိမ်တွေ ထပ်ဆောက်ပေးဖို့ တောင်းဆိုခဲ့တယ်။ မဟုတ်ရင် ငါတို့မျိုးနွယ်စုက လူတွေအားလုံး လာပြီးစုဝေးတဲ့အခါကျ အရင်ကကျောက်တုံးအိမ်တွေနဲ့ နေဖို့ မလုံလောက်ဘူး။”

“တနည်းအားဖြင့်ဆိုရင် မှော်...ခေါင်းဆောင် သွားတောင်းဆိုပြီးတဲ့နောက်မှာ အရှင်က ကျုပ်တို့အတွက် ဒီလောက်များတဲ့ ကျောက်တုံးအိမ်တွေကို ဆောက်ပေးခဲ့တာလား။”

“အရှင်က ငါတို့အပေါ်မှာ အရမ်းကြင်နာတာပဲ!”

“အရှင့်ရဲ့တပ်ဖွဲ့က အရင်က အရမ်းကြောက်စရာကောင်းတယ်ဆိုတာ ငါမြင်ဖူးတယ်။ အရှင်လည်း သူတို့လိုပဲ ကြောက်စရာကောင်းရမယ်လို့ ငါထင်ခဲ့တယ်။”

“ဒါကောင်းပါတယ်။ ဒါပေမယ့် ငါတို့မျိုးနွယ်စုဝင်တွေအားလုံး ဒီကိုရောက်လာရင် ဒီကျွန်းပေါ်က အစားအစာတွေနဲ့ မလုံလောက်လောက်ဘူးမဟုတ်လား။”

ထိုစကားကိုကြားသောအခါ ဖူရှီက ပြုံးကာ ထပ်ပြောလိုက်သည်။

“အားလုံးပဲ စိတ်မပူပါနဲ့။ ဒီကျွန်းက ငါတို့ကျွန်းနဲ့မတူဘူး။ ဒါ့အပြင် အရှင်တို့ဆီမှာ စိုက်ပျိုးရေးနည်းပညာအကူအညီတွေရှိတယ်။ အနည်းဆုံးတော့ အစားအစာက ချို့တဲ့မှာမဟုတ်ဘူး။”

လူတိုင်းက ဖူရှီကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။ ဤစကားကိုပြောရန် သူသည် မည်သည့်နေရာမှ ယုံကြည်မှုများ ရရှိခဲ့သည်ကို အံ့အားသင့်နေခဲ့ကြသည်။

ဖူရှီက သူ၏လက်ဝါးကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ တာ့သည် ချက်ချင်းပင် အိတ်တစ်လုံးထဲမှာ အရာဝတ္ထုတစ်ခုကို ထုတ်ယူလိုက်သည်။ မီးပုံ၏အလင်းရောင်ကတစ်ဆင့် လူတိုင်းသည် အိတ်ထဲတွင် အညိုရောင်အလုံးများ ရှိနေသည်ကို မြင်လိုက်ကြရလေသည်။

တာ့က ထိုအလုံးများထဲမှတစ်ခုကိုဖွင့်ပြီး မီးပုံတွင် ခဏကြာအောင် ကင်လိုက်၏။ ထို့နောက် ပေါင်မုန့်ကဲ့သို့ မွှေးရနံ့များ ထွက်ပေါ်လာလေတော့သည်။

လူတိုင်းသာ် ထိုကဲ့သို့အနံ့မျိုးကို တစ်ခါမှ မရှူရှိုက်ဖူးခဲ့ကြပေ။ ထို့ကြောင့် အားလုံး ရှေ့တိုးလာခဲ့ကြသည်။

“ဒီဟုက ဆရာကြီးတွေရှာတွေ့ထားတဲ့ အစားအစာတစ်မျိုးပဲ။ ပေါင်မုန့်ပင်ကထွက်တဲ့ အသီးကို မီးအေးအေးနဲ့ ကင်လိုက်ရုံနဲ့ စားလို့ရတယ်။”

ဖူရှီက ဆိုသည်။

“ဒီကျွန်းပေါ်မှာ ပေါင်မုန့်ပင်တွေ အများကြီးရှိတယ်။ ဒါက အစားအစာတစ်မျိုးတည်းပဲရှိသေးတယ်။ သီးနှံအမျိုးမျိုးလည်း ရှိသေးတယ်။ သူတို့ကို ရိတ်သိမ်းရတဲ့ချိန်ကာလကလည်း အရမ်းတိုတယ်။ ဆောင်းရာသီမရောက်ခင်မှာ အစားအစာတွေကို သိုလှောင်ထားနိုင်မှာသေချာတယ်။”

တာ့င ပေါင်မုန့်သီးကို မီးကင်ပြီးတဲ့နောက် လူတိုင်းကို အနည်းငယ်စီ ဝေငှပေးလိုက်သည်။

“အနံ့ကမွှေးလိုက်တာ။”

လူတိုင်းက စားရင်းနှင့် အော်ဟစ်မိလိုက်ကြသည်။

ဤအရာများကို ဘူးက ဖူရှီကို ပြောပြခဲ့ခြင်းဖြစ်ပေသည်။

ဒေသခံများကို ဒေသခံများက ပြန်လည်သင်ကြားပေးခြင်းဖြင့် ရှောင်းယီနှင့် အခြားသူများအပေါ် ဒုက္ခအများကြီးကို သက်သာသွားစေနိုင်ပေသည်။

ယခင်က ထောက်ပံ့ပို့ဆောင်ရေးသေတ္တာထဲမှ ရရှခဲ့ိပြီး စိုက်ပျိုးထားသော ပေါင်မုန့်ပင်သည် ယခုအခါ အရွယ်အစားတစ်ခုအထိ ကြီးထွားလာခဲ့ပြီဖြစ်သည်။

ရှောင်းယီ၏ ညွှန်ကြားချက်အရ ယွမ်နွန်သည် ပေါင်မုန့်ပင်ကြီးတစ်ပင်ကို စိုက်ပျိုးထားခဲ့သည်။

ထိုနည်းတူစွာပင် သူသည် ပေါင်မုန့်သီးအစေ့အချို့အား ပဏ္ဍိတငယ်လေးကိုပေးကာ တောအုပ်အတွင်းပိုင်းသို့ ယူဆောင်သွားပြီး စိတ်ကြိုက်ဖြန့်ဝေရန် တောင်းဆိုခဲ့သည်။

ယခုအခါ တောအုပ်တွင်း၌ ပေါင်မုန့်ပင်များကို နေရာတိုင်းတွင် တွေ့မြင်နိုင်ပြီဖြစ်သည်။

“အရှင့်ရဲ့ခြေရာအနိုင်း တိတိကျကျလိုက်နာသမျှကာလပတ်လုံး ငါတို့မျိုးနွယ်စုက ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံးမျိုးနွယ်စုဖြစ်လာလိမ့်မယ်။”

ဖူရှီက ပြောလိုက်သည်။ ဒေသခံများအားလုံးလည်း စတင်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

ဟုတ်ပါသည်။ ရှောင်းယီသည် ရှီမျိုးနွယ်စုထဲတွင် ဖူရှီ၏ အလုပ်ရပ်များအကြောင်းကို မသိခဲ့ပေ။ ထိုအချိန်တွင် သူသည် ဂရုထဲမှာ တဆေးနွယ်ပင်(hops)အကြောင်းကို မေးမြန်းစုံစမ်းနေခဲ့သည်။

“မင်းတို့ထဲက ဘယ်သူ့ကျွန်းပေါ်မှာ တဆေးနွယ်ပင်တွေရှိလဲ။”

ရှောင်းယီက မေးလိုက်သည်။

“တဆေးနွယ်ပင်ကဘာလဲ။”

“ငါမကြားဖူးဘူး။ ဒါပေမယ့် အမည်ကိုကြားရုံနဲ့ ရိုးရှင်းမှာမဟုတ်ဘူးဆိုတာ သိသာတယ်။”

“သူဌေးက ပစ္စည်းတွေစုဆောင်းတော့မယ်။ မြန်မြန်ဆန်ဆန်ရှာကြ။ ဒါက သူဌေးနဲ့ မိတ်ဆွေဖွဲ့ဖို့ အချိန်ကောင်းပဲ။”

“ငါက အဲ့ဒါကို ဘာလဲတောင်မသိဘူး...တကယ်ပဲ ဘာကြီးလဲ!”

“မင်းကိုဆေးရောင်းတဲ့သူတစ်ယောက်အနေနဲ့ ကြည့်ရမယ်။ တဆေးနွယ်ပင်အကြောင်း မင်းမကြားဖူးဘူးဆိုရင် သူ့ရဲ့နောက်အမည်တစ်ခုကိုတော့ ကြားဖူးမှာပဲ။ အဲ့ဒါက ဟော့စ်ပဲ”

“Hops? ဘီယာချက်ဖို့သုံးတဲ့ဟာလား။”

“ဟုတ်တယ်။ ဒါပေမယ့် ဒါက တရုတ်ရိုးရာဆေးပညာမှာတော့ ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးပဲ။”

ဆေးရောင်းသူက ပြန်ပြောလိုက်သည်။

“လခွမ်း! မင်းက ဆေးအတုတွေရောင်းတဲ့သူတစ်ယောက်ပဲ။”

“ငါအတုဆေးရောင်းတယ်လို့ ဘယ်သူပြောတာလဲ။ ငါ့ လျူ‌ဝေ့တိဟွမ်းဆေးလုံးတွေက အကုန်အစစ်တွေပဲ။”

“တကယ်လား။ ငါ့ကိုနည်းနည်းပေးကြည့်။”

“အပေါ်ထပ်ကလူ ဘာတွေဖြစ်နေတာလဲ။ တကယ်ပဲ ဘာမှားနေတာလဲ။”

“အဟမ်း! ငါမကြာသေးခင်က ကောင်မလေးတစ်ယောက်နဲ့ ပေါင်းစပ်ခဲ့တယ်...မင်းသိလား။”

“လူငယ်လေး ထိန်းထိန်းသိမ်းသိမ်းလုပ်ပါ”

“ဆေးလုံးဆယ်လုံးက အုတ်မြစ်ကျောက်တစ်ခု၊ တစ်ခါသောက်ရင် ငါးလုံး၊ မင်း ဘယ်နှစ်လုံးလိုချင်လဲ။”

ဆေးရောင်းသူက မေးလိုက်သည်။

“ချီး! မင်းမှာတကယ်ရှိတာလား။”

လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

“ဒါပေါ့ကွ! မင်းက ငါအဓိပ္ပာယ်မရှိတွေ လျှောက်ပြောနေတယ်လို့ ထင်နေတာလား။”

ဆေးရောင်းသူက ပြန်ပြော၏။

“မင်း ဒါကိုဘယ်လိုလုပ်ခဲ့တာလဲ”

“ဒါက လက်နဲ့လုပ်ထားတာပဲ။ သိပ်မခက်ခဲပါဘူး။ မင်းရော ဆေးလုံးနည်းနည်းလောက် ယူဦးမလား။”

ဆေးရောင်းသူက မေးလိုက်သည်။

“သွားစမ်းပါ! ငါ့ခန္ဓာကိုယ်က ကျန်းမာပြီး စွမ်းအားမလျော့သေးဘူး။ လျူဝေ့တိဟွမ်းဆေးလုံးတွေကို ဘာလို့လိုအပ်ရမှာလဲ။”

ထိုလူက ပြန်ပြောသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာပင် သူသည် ချက်ချင်းပင် ဆေးရောင်းသူနှင့် တိုးတိုးတိတ်တိတ် ဆက်သွယ်လိုက်၏။

“ညီအစ်ကို! ငါ့ကို ဆေးလုံးတစ်ရာလောက်ရောင်းပေးပါဦး။”

ဆေးရောင်းသူက စကားမပြောတတ်အောင်ဖြစ်သွားပြီး ပြန်ပြောလိုက်၏။

“မင်းစားမှာလား။ ငါမင်းကို အရင်ဆုံး ဆေးလုံးနှစ်ဆယ်ပေးမယ်။ ထိရောက်မှုရှိ၊မရှိကို အရင်ကြည့်လိုက်ပေါ့။”

“ကောင်းပြီ... ကျေးဇူးတင်ပါတယ် ညီအစ်ကို။”

ထိုလူက ချက်ချင်းပင် အုတ်မြစ်ကျောက်နှစ်ခု ပို့လိုက်သည်။

ရှောင်းယီသည် ဂရု၏ဦးတည်ချက် ထပ်မံပြောင်းလဲသွားသည်ကို မြင်သောအခါရွေးချယ်စရာမရှိတော့ဘဲ ရေရွတ်လိုက်မိသည်။

“ငါ တော်တော်ရူးတာပဲ။”

“ဒီဒီ!! ဆေးရောင်းသူက သီးသန့်ဆက်သွယ်ရန် တောင်းဆိုနေပါတယ်။ သဘောတူပါမည်လား။”

“သဘောတူတယ်”

ရှောင်းယီက ပြန်ပြောလိုက်၏။

“သူဌေး လိူဝေ့တိဟွမ်းဆေးလုံးလိုချင်လား။”

ဆေးရောင်းသူ၏ ပထမဆုံးစကားက ရှောင်းယီအား ရွှမ်းယွမ်ဓားကို ဆွဲထုတ်မိလုနီးပါးပင် ဖြစ်သွားစေခဲ့သည်။

“သွားစမ်းပါ! ငါဘာမှမစားချင်ဘူး။”

ရှောင်းယီက ရယ်မောရင်း ကြိမ်းမောင်းလိုက်သည်။

“သူဌေး ဘာမှမစိုးရိမ်ပါနဲ့။ ဒါက သီးသန့်ဆက်သွယ်ထားနာပါပဲ။ ခုနတုန်းက ညီအစ်ကိုတစ်ယောက်ရှိတယ်။ သူ့ဂုဏ်သတင်းမကျသေးဘူးလို့တောင် အုပ်စုထဲမှာ သူ့ကိုယ်သူ ချီးကျူးနေသေးတာ။ ပြီးတော့ လှည့်လာပြီး သီးသန့်စကားပြောခွင့်တောင်းတယ်လေ။ ပြီးလည်းပြီးရော ဆေးလုံးတစ်ရာ ဝယ်သွားရော။”

ဆေးရောင်းသူက ပြန်ပြောလိုက်သည်။

“ကျွန်တော်က လူနာရဲ့ ကိုယ်ရေးကိုယ်တာကို ကာကွယ်ပေးမှာပါ။”

“မင်းက ညီအစ်ကိုတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို ဖော်ထုတ်လိုက်တာပဲ။ ဒါက ဘယ်လိုကာကွယ်မှုမျိုးလဲ။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ကျွန်တော်က ညီအစ်ကိုတစ်ယောက်ကိုပဲပြောတာလေ။ ဘယ်သူလဲဆိုတာ သူဌေးကိုမပြောရသေးပါဘူး။ သူဌေးရဲ့ကိုယ်ရေးကိုယ်တာကိုလည်း ကာကွယ်ပေးမှာပါ။”

ဆေးရောင်းသူက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ခုနတုန်းက သူ့စွမ်းဆောင်ရည်မကျသေးဘူးလို့ပြောတဲ့သူက တစ်ယောက်ပဲရှိတာလေ။ မင်းက သူ့အိုင်ဒီကို စခရင်ပေါ်မှာတင်လိုက်တာပဲ။ ဒါကိုတောင် ကိုယ်ရေးကိုယ်တာကို ဆက်ပြီး ကာကွယ်နေသေးတယ်လို့ ပြောနေတာလား။”

ရှောင်းယီ ဆွံ့အသွားခဲ့သည်။

“ဒါက အရေးမကြီးပါဘူး။ ခုနက သူဌေး hops အကြောင်း‌မေးတာလား။ ဘာအတွက်လဲ။”

ဆေးရောင်းသူက ချက်ချင်းပင် အကြောင်းအရာပြောင်းလိုက်သည်။ ရှောင်းယီက ခေါင်းခါကာ မေးလိုက်၏။

“မင်းမှာ hops ရှိလား။ ငါက ဝိုင်ချက်ဖို့သုံးချင်တာ။”

“သူဌေးလည်း ဝိုင်ချက်တတ်တာလား။”

ဆေးရောင်းသူက အံ့အားသင့်စွာပြောလိုက်သည်။

“ငါတို့အဖွဲ့မှာ သိတဲ့လူရှိတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်၏။

“မင်းမှာရှိလား။”

“ရှိတယ်။ ဒါပေမယ့် ဒီလိုမျိုး တန်ဖိုးကြီးဆေးဖက်ဝင်ပစ္စည်းတွေကို အလွယ်တကူမပေးလိုက်နိုင်ဘူး။”

ဆေးရောင်းသူက ဆိုသည်။

“ပြောပါ...မင်းဘာလိုချင်လဲ”

ရှောင်းယီက မေးလိုက်သည်။

“ကျွန်တော့်ကို A အဆင့် သီးနှံတစ်မျိုးပေးရင် လဲလှယ်မယ်။”

ဆေးရောင်းသူက ဆို၏။ ထိုစကားကိုကြားသောအခါ ရှောင်းယီက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။

“မင်ူကအရမ်းတော်တာပဲ။ မင်းကြီးက ခြင်္သေ့တစ်ကောင်လိုပဲ အချိုးမျိုးရှိနေတယ်။”

ငါက hops ကိုလိုအပ်တယ်။ ဒါပေမယ့် A အဆင့် သီးနှံနဲ့တော့ မလဲလှယ်နိုင်ဘူး။

“အခုထိ ကောက်ချက်မချသေးပါနဲ့ဦး။”

ဆေးရောင်းသူက ထိုသို့ပြောပြီးနောက် သူ၏ hops ကို ပြလိုက်သည်။

“[Hops] (A-အဆင့်) ၁”

ရှောင်းယီ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ဆေးရောင်းသူတွင် A-အဆင့် hops အမှန်တကယ်ရှိနေလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

“ငါ မဆင်မခြင် ပြောလိုက်မိတာပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ဒီလိုဆိုရင်ရော ရမလား။”

“[ပဲပိစပ်] (A-အဆင့်) ၅”

ဆေးရောင်းသူသည် A-အဆင့် ပဲပိစပ်ကိုမြင်သောအခါ သူ၏မျက်လုံးများ တောက်ပသွားပြီး ချက်ချင်း ပြန်ဖြေလိုက်၏။

“ရတယ်...ရတယ်။”

“ဒါဆို ငါတို့ လဲလှယ်ကြတာပေါ့။”

ရှောင်းယီက ပြောလိုက်သည်။

ရှောင်းယီ၏စာရင်းထဲတွင် A-အဆင့် ပဲပိစပ်အမြောက်အမြားရှိပြီးသားဖြစ်ပြီး ငါးခုကို ထုတ်ပစ်လိုက်ရသည့်အတွက် မည်သည့်ဖိအားမျှမရှိပေ။

သူနှစ်ဦးသည် ချက်ချင်းပင် လဲလှယ်မှုကို ပြီးမြောက်စေခဲ့သည်။ ရှောင်းယီသည် hops ကိုရရှီခဲ့ပြီးနောက် ချက်ချင်းပင် စိုက်ပျိုးရေးလက်ထောက်ကိုခေါ်ကာ ပထမဆုံး hops ကိုစိုက်ပျိုးရန် ပြောလိုက်ပြီး ရေသွင်းစက်ကို SS-အဆင့် ရေအနည်းငယ်လောင်းရန် ပြောလိုက်သည်။

“သူဌေးကို ကျွန်တော်သတိပေးချင်တာက ဒါကိုစိုက်ချင်ရင် A-အဆင့် မြေဆီလွှာထဲမှာ မြန်မြန်စိုက်လိုက်ပါ။ ဒီလိုမှမဟုတ်ရင် အဆင့်ကျသွားလိမ့်မယ်။”

ဆေးရောင်းသူက သတိပေးလိုက်သည်။

အခန်း၃၄၇

“အင်း မင်းမှာလည်း A-အဆင့် မြေဆီလွှာရှိတာလား။”

ရှောင်းယီက မေးမြန်းလိုက်သည်။

“အမှန်ပဲ။ ဟော့ပ်စ်ပန်းက ကျွန်တော့်ကျွန်းပေါ်မှာ ပေါ်လာတုန်းက သူ့ရဲ့အဆင့်ကိုကြည့်ဖို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီ ယူသွားခဲ့တယ်။ အံ့သြစရာကောင်းတာက ဒါက A အဆင့်ဖြစ်နေတာပဲ။”

ဆေးရောင်းသူက ပြန်ပြောလိုက်သည်။

“ကံကောင်းတာက အဲ့အချိန်မှာ ကျွန်တော်ကလည်း A-အဆင့် မြေဆီလွှာ နှစ်ယူနစ်ရထားခဲ့တယ်လေ။ ဒါပေမယ့် နှစ်ပင်ပဲ ပြောင်းရွှေ့စိုက်ပျိုးခဲ့ရတာ ဝမ်းနည်းစရာပဲ။ ကျန်တာတွေကို စွန့်ပစ်ခဲ့ရတယ်။”

ဆေးရောင်းသူ၏စကားကို ကြားပြီးနောက် ရှောင်းယီသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး အနည်းငယ် နောင်တရသွားခဲ့သည်။

“မင်းဆိုလိုတာက အစကတည်းက A-အဆင့်ဟော့ပ်စ် တွေ နှစ်ပင်ထက်ပိုပြီး ပေါက်နေခဲ့တာလား။”

ရှောင်းယီက မေးလိုက်သည်။

“ဟုတ်ပါတယ်။ စုစုပေါင်း ခြောက်ပင်ရှိတယ်။ ကျန်တဲ့ လေးပင်က သာမန် ဟော့ပ်စ်အဖြစ် အဆင့်ပြန်ကျသွားခဲ့တယ်။ သူဌေးရော ဘယ်လိုထင်လဲ။ သူဌေး စိတ်ဝင်စားတယ်ဆိုလို့ A-အဆင့်တွေတွေ့ရင် သူဌေးကို တိုက်ရိုက်ပေးလိုက်မယ်။”

“ကျေးဇူးတင်ပါတယ်”

ရှောင်းယီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

“ရပါတယ် သူဌေး။ အနာဂတ်မှာ ကျွန်တော့်ကို ပစ္စည်းကောင်းတချို့ပေးရုံပါပဲ။”

ဆေးရောင်းသူက ပြုံးရင်းပြောလိုက်သည်။

“မင်းများများပေးနိုင်ရင် ငါလည်းများများပေးမယ်။”

ရှောင်းယီက အပြုံးဖြင့် ပြောလိုက်သည်။

“[လျူဝေ့တိဟွမ်းဆေးပြား] ၁၀ - လဲလှယ်မှုမရှိပါ။ ဒါ သူဌေးကိုပေးလိုက်မယ်။”

ဆေးရောင်းသူက ချက်ချင်းပင် လဲလှယ်မှုတစ်ခု ပို့ပေးလိုက်သည်။

“ထွက်သွားစမ်း!”

ရှောင်းယီက ချက်ချင်းပင် ငြင်းပယ်လိုက်၏။

နှစ်ယောက်သား စကားပြောပြီးသွားသောအခါ ရှောင်းယီ လေးလေးနက်နက် စတင်တွေးတောလိုက်သည်။ တောထဲတွင် ပေါ်ပေါက်လာနေသော အဆင့်မြင့်အစားအစာများကို အိမ်ယာခြံဝင်းများဆီသို့ တော်တော်များများ ပြောင်းရွှေ့မထားခဲ့ရပေ။ ထိုအဆင့်မြင့် အစားအစာများအားလုံးက ဖြုန်းတီးခံလိုက်ရ၏။

တောထဲရှိ မြေဆီလွှာသည် ထိုအပင်များ၏ အဆင့်ကို လိုက်မမီနိုင်သောကြောင့် အဆင့်မြင့်အပင်များသည် ဖြည်းဖြည်းချင်း သာမန်အဆင့်သို့ ပြန်ကျသွားပေလိမ့်မည်။

ဆေးရောင်းသူနှင့် ဤကဲ့သို့ ရောင်းဝယ်ဖောက်ကားမှုမျိုး မလုပ်ခဲ့လျှင် ရှောင်းယီသည် ဤပြဿနာကို သိချင်မှသာ သိပေလိမ့်မည်။

တောထဲတွင် အပင်သစ်များပေါ်ပေါက်လာပြီး ၎င်းတို့၏အဆင့်မှာ ကျပန်းဖြစ်ပေသည်။

သို့သော် နေရာအားလုံး အစားထိုးဝင်ရောက်သွားသောအခါ အပင်သစ်များ ဖန်တီးရန် နည်းလမ်းမရှိတော့ပေ။

ထို့ကြောင့် အဆင့်မြင့်အပင်တစ်ပင်ပေါ်လာသည်နှင့် ၎င်းကို အချိန်မီကာကွယ်ရမည်ဖြစ်သည်။

တစ်ခုကို လွဲချော်သွားခဲ့လျှင် နောက်တစ်ခါ ဘယ်အချိန်မှ ပြန်ရလာမည်ဆိုသည်ကို မသိနိုင်ပေ။

ကံကောင်းသည်က ကျွန်း၏ဧရိယာကို မနေ့ကလေးတင် ချဲ့ထွင်ခဲ့ပြီး အပင်သစ်များကြီးထွားရန် ဧရိယာအများကြီး စောင့်ဆိုင်းနေခြင်းပင်။ ဤတစ်ကြိမ်တွင်မယ ပိုရဂရုစိုက်ရပေမည်။ အဆင့်မြင့်အပင်များကို အချိန်မီ အိမ်ယာခြံဝင်းဆီသို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။

ပြောင်းရွှေ့ရန် နေရာမလုံလောက်ပါက အနည်းဆုံးအနေဖြင့် အနာဂတ်တွင် အဆင့်မြင့်မျိုးစေ့များကို လိုအပ်သည့်အခါ စိုက်ပျိုးနိုင်ရန် ချန်ထားသင့်ပေသည်။

“နောက်ပိုင်းမှာ တောထဲကို ပိုပြီးလမ်းလျှောက်ထွက်ရမယ်ထင်တယ်။”

ရှောင်းယီက ရေရွတ်လိုက်သည်။ အခြားသူများတွင် စနစ်၏အသိပေးချက်မရှိသောကြောင့် မည်သည့်အရာများတွင် အဆင့်များရှိသည်ကို မပြောနိုင်ပေ။

“ဒါမှမဟုတ် ပဏ္ဍိတငယ်လေးကို နည်းနည်ကူပြီး ရှာဖွေခိုင်းလို့ရတယ်။”

မနေ့က နှစ်ဆအခြေအနေဖြစ်ပေါ်နေစဉ်က ပဏ္ဍိတငယ်လေး တောထဲမှ ထုတ်ယူလာခဲ့သော အသီးအနှံများမှာ အခြေခံအားဖြင့် အဆင့်များရှိပေသည်။

ပဏ္ဍိတငယ်လေးသည် သားရဲဗီဇ၏ အလိုလိုသိစိတ်ဖြင့် အဆင့်ရှိသော အစားအစာအချို့ကို ခွဲခြားသိမြင်နိုင်သင့်ပေသည်။

ရှောင်းယီ ဤပြဿနာအကြောင်း စဉ်းစားနေစဉ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က သီးသန့်စာတိုရောက်ရှိလာကြောင်း အသိပေးလာခဲ့၏။

“ဒီဒီ!! ကုထောင်ချွေ့ရှန်းက သင့်ကို သီးသန့်စာပို့ထားပါတယ်။ စစ်ဆေးချင်ပါသလား။”

ရှောင်းယီ ချက်ချင်းပင် စစ်ဆေးရန် ရွေးချယ်လိုက်သည်။

“သူဌေး ဒီနေ့ ထောက်ပံ့ပို့ဆောင်ရေးသေတ္တာထဲက ဒီဟုကိုရခဲ့တယ်။ [မြေပုံလမ်းကြောင်း] ၁”

ကုထောင်ချွေ့ရှန်းက ပြောထားသည်။

ရှောင်းယီ ထိုအရာကိုမြင်သောအခါ အနည်းငယ်ကြောင်အသွားပြီး ရေရွတ်လိုက်မိသည်။

“နောက်ထပ်ရတနာမြေပုံတစ်မျိုးလား။”

ထိုမြေပုံလမ်းကြောင်းနှင့်ပတ်သက်၍ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ရှင်းလင်းချက်ကို ကြည့်လိုက်သည်။

“[မြေပုံလမ်းကြောင်း]: အသုံးပြုပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မြေပုံပေါ်တွင် ဘေးကင်းသောလမ်းကြောင်းတစ်ခု ဖြစ်ပေါ်စေနိုင်သည်”

“အရမ်းမိုက်တယ်!”

ရှောင်းယီ၏ မျက်လုံးများ ပြူစကျယ်သွားခဲ့သည်။ ယနေ့ သူသည်လည်း ထောက်ပံ့ပို့ဆောင်ရေးသေတ္တာ ၅၅ လုံး ဖွင့်ခဲ့ပေသည်။ အုတ်မြစ်ကျောက်များကလွဲလျှင် အခြေခံထောက်ပံ့ရေးပစ္စည်းတချို့သာရှိပြီး အထူးပစ္စည်းများ မရှိခဲ့ပေ။

“ဒီဟာက ကျွန်တော့်လက်ထဲမှာထားလို့ အခြေခံအားဖြင့် အသုံးမဝင်ဘူး။ အဲ့ဒါကြောင့် သူဌေးကိုပေးလိုက်မယ်။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။ ပြောပြီးသည်နှင့် လဲလှယ်မှုတစ်ခုကို စတင်ခဲ့၏။

“[မြေပုံလမ်းကြောင်း] ၁ လဲလှယ်မှုမရှိပါ။”

“ဒါက တန်ဖိုးအရမ်းကြီးတယ်။ မင်း ဘာလိုချင်လဲ။”

ရှောင်းယီက မေးလိုက်သည်။

“သူဌေး... သူဌေးက ကျွန်တော်တို့ကို နေ့တိုင်း အစားအစာတွေ အများကြီးနဲ့ အဆင့်မြင့်အစားအစာတွေကို ထောက်ပံ့ပေးနေတာပဲ။ ဒီဟာကို သူဌေးကိုပေးတာပါ။ သူဌေးနေ့တိုင်းပို့ပေးနေတဲ့ပစ္စည်းတွေလောက် တန်ဖိုးမရှိပေမယ့် ကျွန်တော့်ရဲ့စိတ်ရင်း အနည်းငယ်ပါပဲ။”

ကုထောင်ချွေ့ရှန်းက ပြန်ပြောလိုက်သည်။ ရှောင်းယီ ခေါင်းညိမ့်လိုက်၏။

“ကောင်းပြီ...ငါ ဒါကိုယူလိုက်မယ်။”

လဲလှယ်မှုကိုသဘောတူပြီးနောက် ရှောင်းယီသည် နောက်ထပ်လဲလှယ်မှုတစ်ခုကို ပို့ပေးလိုက်သည်။

“[ကော်တွန်ရှပ်] ၁၊ [ကော်တွန်ဘောင်းဘီ] ၃ - လဲလှယ်မှုမရှိပါ။”

“ဒီပစ္စည်းတွေက အခုအချိန်မှာ သိပ်မများသေးဘူး။ တစ်ယောက်ကို တစ်ခုစီယူလိုက်ကြပါ။ ဒါကိုပဲ အရင်သုံးထားနှင့်။ အများအပြားထုတ်လုပ်ပြီးရင် နှစ်စုံထပ်ပေးမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် သူဌေး ကျေးဇူးတင်ပါတယ်။”

ကုထောင်ချွေ့ရှန်းက ချက်ချင်းပင် ပြောလိုက်၏။ ထို့နောက် ရှောင်းယီသည် မြေပုံလမ်းကြောင်းကိုရရှိပြီးနောက် ချက်ချင်းပင် အသုံးပြုလိုက်တော့သည်။

အစက်ချမျဉ်းကြောင်းများဖြင့် မှတ်သားထားသော လမ်းကြောင်းတစ်ခုသည် မြေပုံစာမျက်နှာပေါ်၌ ချက်ချင်းပင် ပေါ်ထွက်လာခဲ့သည်။

“လမ်းကြောင်း- လမ်းကြောင်းပေါ်တွင် ခရီးသွားသောအခါ ရေပြင်သတ္တဝါများ၏ တိုက်ခိုက်မှုကို တွေ့ကြုံရမည်မဟုတ်ပါ။ တစ်ချိန်တည်းတွင် ၎င်း၏ဘေးကင်းမှုကြောင့် သင်္ဘော၏မြန်နှုန်းသည် ၂၀% တိုးလာမည်ဖြစ်သည်။ ၎င်းကို အခြားသူများနှင့် မျှဝေနိုင်သည်။”

စနစ်၏အကြံပြုချက်များက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များ၏အကြံပြုချက်များထက် ပိုမိုအသေးစိတ်ကျပေသည်။

“အရမ်းအစွမ်းထက်တယ်!”

ရှောင်းယီသည် ဤအရာမှာ သင်္ဘောဦးပိုင်းရုပ်တုများထက်ပင် ပို၍အသုံးဝင်သည်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း ဤအရာသည် လမ်းကြောင်းအတိုင်းသာ အသုံးပြုနိုင်သည့်အတွက် ကန့်သတ်ချက်များမှာ အလွန်များပြားပေသည်။

လမ်းကြောင်းကို ကြည့်လိုက်ပြီးနောက် ၎င်းသည် သူ့ကျွန်း၏အရှေ့ဘက် ကီလိုမီတာ ၁၀ အကွာတွင် ဖြတ်သန်းသွားပြီး ယခင်အတည်ပြုထားသော ရှားနိုင်ငံအသက်ရှင်ကျန်းရစ်သူများ၏ ဧရိယာတစ်ခုလုံးအား ဖြတ်သန်းသွားသည်ကို မြင်လိုက်ရလေသည်။ ရှားနိုင်ငံဧရိယာမှ ထွက်ခွာပြီးနောက် လမ်းကြောင်းမှာ ပျောက်ကွယ်သွားခဲ့သည်။

“ဒါက ကိုယ့်အချင်းချင်း ဆက်ပြီးယှဉ်ပြိုင်ခွင့်ပေးလိုက်တာလား။”

ရှောင်းယီ ရေရွတ်လိုက်မိသည်။

သင်၏ကျွန်းသည် လမ်းကြောင်းနားတွင်ရှိနေလျှင် ထိုလမ်းကြောင်းအတိုင်းလိုက်ပြီး လမ်းကြောင်းနှစ်ဖက်စလုံးရှိ ရှင်ကျန်သူကျွန်းများအားလုံးကို သိမ်းယူကာ ကိုယ့်ကိုယ်ကိုအားကောင်းအောင် လုပ်ဆောင်၍ရပေသည်။

“ဒီလိုဆိုရင် အခြားလူတွေလည်း ဒီလမ်းကြောင်းဖွင့်ပြီးရင် ငါ့ကျွန်းနားကနေ ဖြတ်သွားနိုင်တယ်။ ဆိုလိုတာက အခြားရှင်ကျန်သူတွေက ငါ့ကျွန်းနားကိုရောက်လာနိုင်တယ်။”

ရှောင်းယီက ခန့်မှန်းလိုက်သည်။

“အခြေအနေတွေက ပိုပြီးရှုပ်ထွေးလာတော့မယ်ထင်တယ်။ ပိုပြီးရှုပ်ထွေးလာပြီ။”

ယီထျန်းဂရုထဲတွင်လည်း မြေပုံလမ်းကြောင်းကို ရရှိခဲ့ကြောင်း အုပ်စုထဲတွင် ထုတ်ဖော်ပြောဆိုခဲ့သူတစ်ဦးရှိပေသည်။

“ဟားဟားဟား!!! ငါဘယ်လိုပစ္စည်းကောင်းတွေရလာသလဲဆိုတာ ကြည့်ကြဦး။ [မြေပုံလမ်းကြောင်း] ၁”

“ဒါက ဘာလဲ။ ဘေးကင်းတဲ့ လမ်းကြောင်းလား။ ဆိုလိုတာက ဒီလမ်းကြောင်းရှိရင် ငါတို့က ပင်လယ်ထဲမှာ ဘာမှစိုးရိမ်စရာမလိုဘဲ သွားလာနိုင်တယ်လို့ ဆိုလိုတာလား။”

“ဟုတ်တယ်။ ငါဒီလောက်ရှင်းရှင်းလင်းလင်းရှင်းပြထားတာတောက် မင်းက မနားလည်သေးဘူး။ မင်းရဲ့ဦးနှောက်က ဖွံ့ဖြိုးမှုနောက်ကျနေတာလား။”

“ထွက်သွားစမ်း! မင်းရဲ့ဦးနှောက်ပဲ ဖွံ့ဖြိုးမှုနောက်ကျနေတာကွ။ ငါ မယုံနိုင်အောင်ဖြစ်နေရုံပဲ။ ဒါဆိုရင် ဒီဟုက သင်္ဘောဦးပိုင်းရုပ်တုထက်တောင် ပိုပြီးအစွမ်းထက်သေးတယ်။”

“ငါသုံးကြည့်ပြီးပြီ။ ဒါပေမယ့် အသုံးမဝင်ဘူး။ ဘာလို့လဲဆိုတော့ လမ်းကြောင်းက ငါ့ကျွန်းကနေ အရမ်းဝေးနေလို့ပဲ။ လမ်းကြောင်းမရောက်သေးခင်မှာတင် အန္တရာယ်တွေ့နိုင်တယ်။”

“လမ်းကြောင်းတွေက အသုံးပြုဖို့ ကန့်သတ်ချက်တွေအရမ်းများတယ်။”

“အသုံးမဝင်ဘူးလို့ ဘယ်သူကပြောတာလဲ။ ဒါပေမယ့် လမ်းကြောင်းဖွင့်ခဲ့တဲ့ ညီအစ်ကို ငါ့ကို မျှဝေပေးနိုင်မလား။ အဲ့ဒါက ငါ့ကျွန်းနဲ့နီးနေတာလည်း ဖြစ်နိုင်တာပဲလေ။”

“ဟုတ်တယ် မျှဝေကြရအောင်။ ငါလည်း မြေပုံလမ်းကြောင်းဖန်တီးပြီးရင် မျှဝေပေးမယ်။ ဒါဆို လူတိုင်းက ကိုယ့်ကျွန်းနဲ့နီးတဲ့ လမ်းကြောင်းကို ရွေးချယ်နိုင်လိမ့်မယ်။”

“မဖြစ်နိုင်ဘူး။ မျှဝေပြီးလို့ မင်းက ငါ့ကျွန်းကိုရောက်လာပြီး ငါ့ကိုတိုက်ခိုက်မယ်ဆိုရင်ရော။ ငါမျှဝေပေးမှာမဟုတ်ဘူး။”

“ဒီလမ်းကြောင်းက မင်းကျွန်းနဲ့ ဝေးတယ်လို့ မပြောခဲ့ဘူးလား။”

“ဟုတ်တယ်။ အဲ့ဒါကြောင့် ဒီကိစ္စကို ပြောတာပါဟ။”

“ညီအစ်ကို...မင်းရဲ့လမ်းကြောင်းကို အုတ်မြစ်ကျောက် ၂၀ နဲ့ဝယ်လို့ရမလား။”

တစ်စုံတစ်ယောက်က ရုတ်တရက် စျေးကြီးပေးပြီး ထိုလူ၏လမ်းကြောင်းကို မျှဝေချင်သည်ဟု ပြောဆိုလာခဲ့သည်။

အခန်း ၃၄၈

“ဘယ်သူက မင်းညီအစ်ကိုက။ ငါကမိန်းကလေးဟဲ့!”

လမ်းကြောင်းပိုင်ရှင်က ချက်ချင်းပင် ပြန်ပြောလိုက်၏။

“အုတ်မြစ်ကျောက် ၂၀ နဲ့ဆိုရင်တော့ စဉ်းစားပေးလို့ရတယ်။”

“မစ္စစ် မင်းမှာရှိတဲ့ လမ်းကြောင်းကို စိတ်ရင်းမှန်နဲ့ဝယ်ချင်တာပါ။ မင်း လဲလှယ်ဖို့ ဆန္ဒရှိရဲ့လား။”

“ငါရောပဲ။ ငါလည်း လိုချင်တယ် ဒါပေမယ့် ငါ့လက်ထဲမှာရှိတဲ့ အုတ်မြစ်ကျောက်တွေက မလုံလောက်ဘူး။”

“မင်းတို့ ဘာဖြစ်နေကြတာလဲ။ အသုံးဝင်မဝင် မသိရတဲ့ လမ်းကြောင်းတစ်ခုကို မျှဝေဖို့အတွက် ဒီလောက်တောင် ငွေကုန်ကြေးကျခံနေကြတာလား။”

“ဟုတ်တယ်။ လမ်းကြောင်းက မင်းရဲ့ကျွန်းနဲ့ အရမ်းဝေးနေရင် မင်းဝယ်လိုက်ရင်လည်း အသုံးမဝင်ဘူးမဟုတ်ဘူးလား။”

“မင်းလည်း ဒီကိစ္စကို ဒီတိုင်းလေး ပြောခဲ့တာပဲ။ တကယ်လို့ ဒီလမ်းကြောင်းက ကိုယ့်ကျွန်းနားမှာ ရှိနေတယ်ဆိုရင်ကော။”

“ဒါဆိုဘာလဲ။ လမ်းကြောင်းတစ်လျှောက် လုယက်သွားလို့ရသေးလို့လား။”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ။”

“ဒါဆိုရင် မင်းမှာ အဲ့လိုစွမ်းအားမျိုးရှိရမယ်။ မင်း ယီရန်ပင်းရဲ့ကျွန်းကို လုယက်မယ်ဆိုရင် မင်းလုနိုင်မယ်ဆိုတာ သေချာလား။”

“အဲ့လိုဆို ပိုတောင်ကောင်းသေးတယ်။ ယီရန်ပင်းသူဌေးရဲ့ကျွန်းကို ငါတို့လုယက်မယ်ဆိုရင် ငါတို့တစ်ခါတည်းအညံ့ခံပြီး သူ့တပည့်တောင်ဖြစ်သွားဦးမယ်။”

“အဲ့အိုင်ဒီယာကောင်းတယ်။ လမ်းကြောင်းတစ်လျှောက် လူတွေကိုလုယက်မယ်။ နိုင်တဲ့သူတွေကို တိုက်မယ်။ မနိုင်ရင် လက်နက်ချမယ်။ အများဆုံးမှ စာချုပ်ချုပ်ရရုံပေါ့။”

“အပေါ်ထပ်လူက အတော်လေးသဘောကောင်းတာပဲ။ ဒါပေမယ့် မင်းငါ့ကိုမနိုင်ဘူးဆိုရင် မင်းသတ်ခံရမယ်ဆိုတာမျိုးကို မင်းတွေးဖူးရဲ့လား။”

“အင်း...လူတိုင်းက အဲ့ဒီလောက်ထိ အကြမ်းဖက်တာမျိုးတော့ မလုပ်သင့်ဘူးမလား။ ငါတို့အားလုံးက ယဉ်ကျေးမှုရှိတဲ့လူတွေပဲလေ။ အော်ဟစ်သတ်ဖြတ်တာမျိုးက မကောင်းပါဘူး။”

ထိုအချိန်တွင် ကုထောင်ချွေ့ရှန်းသည်လည်း ယီထျန်းဂရုထဲရှိ စာတိုများကို ကြည့်ရှုနေခဲ့သည်။ သူ၏ဘေးနားတွင် ဟွားလန်လည်း ရှိနေခဲ့ပြီး သူကစူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“အစ်ကိုကြီး ဒီလမ်းကြောင်းကို မျှဝေလို့ရတယ်ဆိုရင် ဘာလို့မင်းကိုယ်တိုင်သုံးပြီးမှ သူဌေးကို မမျှဝေလိုက်ရတာလဲ။”

ထိုစကားကိုကြားသောအခါ ကုထောင်ချွေ့ရှန်းက သူ့ကိုတစ်ချက်ငဲ့ကြည့်ပြီး ပြန်ဖြေလိုက်၏။

“သူဌေးနဲ့ ချိတ်ဆက်ချင််တယ်ဆိုရင် ရွေးချယ်မှုတစ်ခုလုပ်ရမယ်။ စဉ်းစားကြည့်...သူဌေးကို တိုက်ရိုက်လမ်းကြောင်းပေးမလား။ ဒါမှမဟုတ် သူဌေးနဲ့ လမ်းကြောင်းကိုမျှဝေမလား။ ဘယ်ဟာက ပိုကောင်းမလဲ။”

“ဒါဆိုရင်တော့ လက်ဆောင်ပေးလိုက်တာက ပိုကောင်းလိမ့်မယ်။”

ဟွားလန်က ပြန်ပြောလိုက်သည်။

“ဒါက မလုံလောက်ဘူးလား။ ဒါ့အပြင် ဒီလမ်းကြောင်းကို ငါတို့သုံးမယ်ဆိုရင်တောင် ငါတို့သုံးနိုင်မယ်ဆိုတာ မင်းသေချာလား။”

ကုထောင်ချွေ့ရှန်းက မေးလိုက်သည်။ ဟွားလန်က ခေါင်းခါလိုက်၏။

“သူဌေးနဲ့ ဒီကြာချိန်အတူရှိခဲ့ပြီးတဲ့နောက် သူဌေးရဲ့အလုပ်လုပ်တဲ့ပုံစံတွေကို မင်းခန့်မှန်းလို့ရနိုင်သင့်တယ်။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

“တကယ်လို့ ဒီလမ်းကြောင်း ငါတို့လိုအပ်လာခဲ့ရင် သူဌေးက ငါတို့ကို မျှဝေမှာမဟုတ်ဘူးလို့ မင်းထင်လား။”

ထိုအခါ ဟွားလန်၏မျက်လုံးများ တောက်ပလာပြီး သူ့ကိုမြှောက်ပင့်လိုက်၏။

“အစ်ကိုကြီးကတော့ အစ်ကိုကြီးပါပဲ၊ ကျွန်တော်လေးစားမိပါတယ်။”

“အချို့အရာတွေက မင်းလက်ထဲမှာ ထားတာထက် လက်ဆောင်ပေးလိုက်တာက ပိုပြီးအသုံးဝင်တယ်။”

ကုထောင်ချွေ့ရှန်းက ရှင်းရှင်းလင်းလင်းမြင်ပေသည်။

“ဟုတ်တယ်။ သူဌေးကလည်း ငါတို့ကို ဝတ်စုံသုံးစုံပေးခဲ့တယ်။ အဲ့ဒါကြောင့် နောက်ဆုံးတော့ ဒီအစုတ်တွေကို ဝတ်စရာမလိုတော့ဘူး။”

ဘေးတစ်ဖက်တွင်ရှိနေသော မဂတ္တမကလည်း သက်ပြင်းချလိုက်မိသည်။

ကုထောင်ချွေ့ရှန်းက ခေါင်းညိတ်ကာ မေးလိုက်သည်။

“ကျွန်းပေါ်က ဒေသခံတွေ အေးအေးဆေးဆေးနေနေကြရဲ့လား။”

“စိတ်မပူပါနဲ့ အစ်ကိုကြီး။ သူတို့က ငါတို့ရဲ့အစားအစာတွေနဲ့ ဖမ်းစားခံနေရပါပြီ။”

ဟွားလန်ကက ပြန်ပြောလိုက်သည်။

“သူတို့အားလုံးက နာနာခံခံရှိကြတယ်။”

“ဒီနှစ်ရက်က မုန်တိုင်းမကျခင် လေငြိမ်နေသလိုခံစားရတယ်။ ဒေသခံတွေ ထပ်ပြီးတိုက်ခိုက်လာရင် သူတို့လည်း အတူတူကာကွယ်ဖို့လိုတယ်။”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။ မဂတ္တမက ခေါင်းညိမ့်လိုက်၏။

“ကျွန်တော်သူတို့ကို စိတ်ဓာတ်ရေးရာပညာပေးပြီးပြီ။ ပြဿနာကြီးကြီးမားမားဖြစ်မှာမဟုတ်ပါဘူး။”

ထိုစကားကိုကြားတဲ့အခါ ဟွားလန်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

“တာ့ပေါ်ကျွန်းက ဒေသခံတွေက အရမ်းအံ့သြဖို့ကောင်းတယ်။ သူတို့က ရှားဘာသာစကားကို တကယ်သင်ယူနိုင်တယ်။ ဒီနေ့ခေတ်မှာ သူတို့ကို လိုက်နာဖို့ သင်ပေးခဲ့တာမဟုတ်ရင် အခြေခံအတွေးအခေါ်တွေကိုတောင် ဆက်သွယ်ပြောဆိုလို့ ရမှာမဟုတ်ဘူး။ စိတ်ဓာတ်ရေးရာပညာပေးတာဆိုရင် ပြောမနေနဲ့တော့။”

“သူဌေးက အရာရာတိုင်းကို စွမ်းဆောင်နိုင်တယ်လို့တောင် ခံစားရတယ်။”

မဂတ္တမကလည်း ထောက်ခံလိုက်သည်။ ကုထောင်ချွေ့ရှန်းက ခေါင်းညိမ့်လိုက်၏။

“အဲ့လိုမှမဟုတ်ရင် ငါက ဘာလို့ ဒီလိုမျိုး မျက်နှာပြောင်တိုက်ပြီး တွယ်ကပ်နေမှာလဲ။”

ရှောင်းယီသည် ဂရုထဲရှိ စကားပြောဆိုမှုများကို ကြည့်ရှုကာ လမ်းကြောင်းပိုင်ရှင်ဖြစ်သော အသက်ရှင်ကျန်ရစ်သူကို ရှာဖွေလိုက်ပြီး စာ‌တိုပေးပို့လိုက်သည်။

“မင်္ဂလာပါ။ ငါလည်း မင်းလက်ထဲက လမ်းကြောင်းကိုလည်း ဝယ်ချင်ပါတယ်။ ငါ့လက်ထဲမှာ အုတ်မြစ်ကျောက်တွေတော့ မရှိဘူး။ S အဆင့်ပြောင်းဖူး ငါးခုပေးမယ်ဆိုရင် ရနိုင်မလား။”

မူလက ရှောင်းယီသည် လမ်းကြောင်းကို တစ်ဖက်လူနှင့်လဲလှယ်ရန် ပြင်ဆင်ထားခဲ့သော်လည်း ဤလမ်းကြောင်းသည် သူ့ကျွန်းနဲ့ အတော်လေးနီးသည်ကို တွေးမိလိုက်သောအခါ စိတ်ပျက်သွားခဲ့သည်။

နောက်ပိုင်းတွင် သူ့ရှာတွေ့နိုင်ခဲ့မည်ဆိုလျှင် ထိုနောက်ပိုင်းတွင် သူ့ကို အနှောက်အယှက်ပေးလာမည်ကို မချင်ပေ။

“သူဌေး! ဟုတ်ကဲ့ ရတာပေါ့။”

တစ်ဖက်လူက အလွန်အံ့အားသင့်သွားခဲ့သည်။

ရှောင်းယီသည် S-အဆင့်ပြောင်းဖူး ငါးခုကို ချက်ချင်းပင် လဲလှယ်ပေးလိုက်ပြီး တစ်ဖက်လူကလည်း လမ်းကြောင်းကို မျှဝေပေးခဲ့သည်။

“သူဌေး! သူဌေးရဲ့ အိပ်ရာကို နွေးအောင်လုပ်ပေးမယ့်သူရော လိုအပ်သေးလား။”

တစ်ဖက်လူက မေးလာခဲ့သည်။

“ကျေးဇူးတင်ပါတယ်။ ငါ့အိပ်ရာကလည်း အရမ်းနွေးထွေးပါတယ်။”

ရှောင်းယီက ပြန်ပြောပြီးနောက် စကားပြောဆိုမှုကို ရပ်တန့်လိုက်သည်။

“ဟမ့်! သူဌေးက တကယ်ကို စတိုင်မကျဘူး။”

ရှောင်းယီသည် သူ၏မြေပုံပေါ်တွင် ပေါ်လာသော လမ်းကြောင်းအသစ်ကို ကြည့်ရှုလိုက်သည်။ ထိုလမ်းကြောင်းသည် ယခင် ကုထောင်ချွေ့ရှန်းပေးခဲ့သော လမ်းကြောင်းနှင့် ထောင့်မှန်ကျလုနီးပါးဖြစ်နေခဲ့သည်။

ဤလမ်းကြောင်းနှစ်ခုသည် ယခုလက်ရှိသိရှိထားသော ရှားနိုင်ငံ အသက်ရှင်ကျန်ရစ်သူများ၏ နယ်မြေကို ဖြတ်သန်းသွားသော အလျားလိုက်မျဥ်းနှင့် ဒေါင်လိုက်မျဥ်းကဲ့သို့ ဖြစ်နေခဲ့သည်။

သို့သော် နောက်ဆုံးလမ်းကြောင်းသည် ရှောင်းယီကျွန်းနှင့် အတော်လေးဝေးကွာပြီး ရှောင်းယီတို့၏ မြောက်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာတွင် တည်ရှိသည်။

ရှောင်းယီ ထိုလမ်းကြောင်းနှစ်ခုကို စစ်ဆေးနေစဉ် ချူရှန်းက သူ့ဆီသို့ စာပို့လာခဲ့သည်။

“သူဌေး ကျွန်တော် ဒီမြေပုံလမ်းကြောင်းကို ဝယ်ပြီးပြီး သူဌေးမျှဝေပေးမယ်။”

ချူရှန်းက ပြောလိုက်၏။ သူ့စကားကိုကြားသောအခါ ရှောင်းယီ မျက်လုံးလှိမ့်လိုက်မိသည်။

“မင်း ငါ့ကိုစောစောပြောပါလား။ ငါလည်း ဝယ်လိုက်ပြီဟ။”

“အာ!”

ချူရှန်း ဆွံ့အသွားခဲ့သည်။

“ငါအရင်ကတည်းက သိခဲ့ရင် မဝယ်ခဲ့ပါဘူး။ သူဌရဲ့လမ်းကြောင်းကိုပဲ အမြတ်ထုတ်လိုက်မှာပေါ့။”

“မင်းဝယ်လိုက်တဲ့ဟာက ပိုပြီးအရသာရှိလိမ့်မယ်။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ဒီလမ်းကြောင်းက မင်းအတွက် အသုံးဝင်လား။”

“အသုံးဝင်တယ်။ ဘေးကင်းမှုက အခုအချိန်မှာ ပထမဆုံးဦးစားပေးပဲ။ အခြားဘာမှ အရေးမကြီးဘူး။”

ချူရှန်း ပြန်ပြောလိုက်သည်။

“ကျုပ်တို့ မနက်ဖြန်မှာ သူဌေးရဲ့ကျွန်းကိုလာမယ်။ ဒီလမ်းကြောင်းက သူဌေးရဲ့ကျွန်းကိုရောက်နိုင်မလားဆိုတာ သိချင်မိတယ်။”

“မရောက်နိုင်ဘူး။ နည်းနည်းအဝေးနေသေးတယ်။ ဒါပေမယ့် အရေးမကြီးပါဘူး။ မနက်ဖြန်ကျရင် လမ်းကြောင်းအတိုင်းရွက်လွှင့်စရာ မလိုတော့ဘူး။”

ရှောင်းယီက ပြောလိုက်သည်။

“သူဌေးက မနက်ဖြန် ကျုပ်တို့ဘယ်လိုရောက်လာနိုင်မလဲဆိုတာ နည်းနည်းလောက်ပြောပြနိုင်မလား။”

ချူရှန်းက မေးလိုက်သည်။

“ဦးတည်ချက်ကျောက်”

ရှောင်းယီက ပြန်ပြောလိုက်သည်။

ချူရှန်း ရုတ်တရက်နားလည်သွားခဲ့သည်။

သူဌေးသည် ဒေသခံများ၏ တိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းပြီး ဦးတည်ချက်ကျောက်ကို ရယူနိုင်ခဲ့သော ပထမဆုံးအင်အားစုဖြစ်ပေသည်။

ထိုစဉ်က သူဌေးက ဦးတည်ချက်ကျောက်သည် သီးသန့်ပစ်မှတ်သို့သာ ပို့ဆောင်နိုင်ပြီး အသုံးဝင်မှုနည်းပါးသည်ဟု ဆိုခဲ့ဖူးသည်။

သို့သော် ယခုအခါ သူဌေးက ဦးတည်ချက်ကျောက်၏ လုပ်ဆောင်ချက်အသစ်ကို ရှင်းရှင်းလင်းလင်းပင် ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။

“ဒါဆိုရင် ကျုပ်တို့ဘယ်ကိုပဲသွားသွား သူဌေးရဲ့ကျွန်းနားကို အချိန်မရွေး တည်‌နေရာကူးပြောင်းလို့ရမှာလား။”

ချူရှန်းက အံ့အားသင့်စွာမေးလိုက်သည်။ ရှောင်းယီက ခေါင်းညိမ့်လိုက်၏။

“ဒါက ဂိမ်းထဲက မြို့ကိုပြန်လို့ရတဲ့ စာရွက်လိုမျိုးပဲ။ ဒါပေမယ့် အယအေးခဲချိန်က အရမ်းကြာလွန်းတယ်။ အဲ့ဒါအားသွင်းဖို့ တစ်ပတ်လောက်ကြာတယ်။”

“ဒါလည်းကောင်းပါတယ်။ အဆုံးမှာ ကျုပ်တို့လည်း နေ့တိုင်း သူဌေးကို ဒုက္ခပေးနေလို့မရဘူးလေ။”

ချူရှန်းက ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော်တို့ရဲ့ခရီးစဥ်အတွက် ကုန်ချစရိတ်ကို လျှော့ဈေးပေးလို့ရမလား။”

ရှောင်းယီက ပြုံးလိုက်၏။

“ခရီးစဉ်တစ်ခုစီအတွက် အုတ်မြစ်ကျောက် ၁၀ ခု။ ဒါက ကမ်းခြေပေါ်က စားသုံးမှုတွေမပါဘူး။”

“တည်နေရာကူးပြောင်းခြင်းအတွက်ကရော။”

ချူရှန်းက မေးမြန်းလိုက်သည်။

“ဒီအုတ်မြစ်ကျောက် ၁၀ ခုထဲမှာ တည်နေရာကူးပြောင်းတာအတွက်လည်းပါတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်၏။

“ကောင်းပြီ”

ချူရှန်းက ပျော်ရွှင်စွာဖြင့် ပြန်ဖြေလိုက်သည်။ အုတ်မြစ်ကျောက် ၁၀ ခုက တကယ်ကို စျေးမကြီးပေ။ ထို့နောက် သူက ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ကမ်းခြေပေါ်က စားသုံးမှုဆိုတာကရော ဘာကိုဆိုလိုတာလဲ။”

“မင်းတို့ ကျွန်းပေါ်မှာရှိတဲ့ အစားအစာနဲ့ ထူးခြားတဲ့ပစ္စည်းတွေကို စိတ်ဝင်စားနိုင်တယ်။ ဒါပေမယ့် ဒါတွေကို အလကားတော့ ပေးလို့မရဘူး။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ကျုပ်က ဖျော်ဖြေရေးအစီအစဉ်တစ်ခုခုရှိတယ်လို့ ထင်မိသွားတာ။”

ချူရှန်းက ပြောလိုက်၏။

ဖျော်ဖြေရေးအစီအစဉ်များအကြောင်းပြောသောအခါ ရှောင်းယီသည် ဗီလာ၏မြေအောက်ခန်းထဲရှိ ရုပ်သံဖျော်ဖြေရေးခန်းကို အခကြေးငွေကောက်ခံနိုင်မည်လားဟု စဉ်းစားမိလိုက်သည်။

သို့သော် ခဏအတွင်းမှာပင် သူသည် ထိုစိတ်ကူးကို စွန့်လွှတ်လိုက်သည်။ ရှောင်းယီသည် ကျူးချန်းကလန်သားများကို ကျွန်းအတွင်းပိုင်းသို့ ဝင်ရောက်ခွင့်မပြုရန် ပြင်ဆင်ထားပြီး ဗီလာအတွင်းသို့ ဝင်ရောက်ခွင့်မပြုရန်လည်း ပြင်ဆင်ထားခဲ့ပေသည်။

All Chapters