အခန်း (၃၄၉-၃၅၁)
Vol. 24 Ch. 349-351
အခန်း ၃၄၉
“လက်ရှိမှာ ကောင်းမွန်တဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ မရှိသေးပေမယ့် မင်း ဘာဘီကျူးကိုရော မခံစားချင်ဘူးလား။”
ရှောင်းယီက မေးလိုက်သည်။
“ဒါကိုတော့ သေချာပေါက် ခံစားရမှာပေါ့။”
ချူရှန်းက ပြန်ပြောလိုက်သည်။
တစ်နေကုန် ပင်လယ်ပြင်တွင် ရွက်လွှင့်နေခဲ့ရပြီး ပင်လယ်သတ္တဝါများ၊ ရေကြောင်းရာသီဥတုနှင့် အကြီးမားဆုံးသော မသေချာမရေရာသည့်အချက်များကြောင့် သင်္ဘောသားများ၏ အာရုံကြောများမှာ တင်းမာနေကြပြီဖြစ်သည်။
လုံခြုံစိတ်ချရသည့် ကျွန်းတစ်ကျွန်းကို ရှာတွေ့နိုင်မည်ဆိုလျှင် သဘာဝအတိုင်း ပျော်ရွှင်ရမည်ဖြစ်သည်။
“ကောင်းပြီ။ ငါဒီမှာ ပြင်ဆင်မှုတချို့လုပ်ထားမယ်။ မင်းဘက်က အုတ်မြစ်ကျောက်တွေကိုသာ ပြင်ဆင်ထားလိုက်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ကောင်းပြီ။ မနက်ဖြန်တွေ့မယ်။”
ချူရှန်းက ပြန်ဖြေ၏။
စကားပြောဆိုမှုပြီးဆုံးသွားသောအခါ ချူရှန်းသည် ချက်ချင်းပင် စကားပြောဂရုများနှင့် အများသုံးချန်နယ်များတွင် အသိပေးချက်တစ်ခုကို ကြေညာခဲ့လေသည်။
“မင်္ဂလာပါ အသက်ရှင်ကျန်ရစ်သူညီအစ်ကိုတို့! ကျူချန်းကလန်သားများက ပင်လယ်ပြင်မှာ ရွက်လွှင့်နေခဲ့နာ ရက်သတ္တပတ်ဝက်ကျော် ကြာနေပါပြီ။ အဲ့ဒါကြောင့် ကမ်းခြေကိုဆိုက်ကပ်ရန် လိုအပ်နေပါတယ်။ ခရီးသည်တင်ဝန်ဆောင်မှုကို နောက်ထပ်အသိပေးချက်မရှိမချင်း ယာယီရပ်ဆိုင်းထားပါမယ်။”
“ဒီအခြေအနေက ဘာလဲ။ ခရီးသည်တင်ဝန်ဆောင်မှု ရပ်ဆိုင်းလိုက်တာလား။ငါအလှည့်ရောက်ခါနေပြီလေ။ မင်း ရပ်လိုက်ပြီးပေါ့။ မင်းနဲ့ငါကြားမှာ ဘာပြဿနာများရှိလို့လဲ။”
“အပေါ်ကလူ! အရမ်းတွေဟိတ်ဟန်ထုတ်မနေနဲ့။ သူတို့က လုပ်ငန်းတွေ အရမ်းများနေတာ မင်းကို ကန့်ကွက်ဖို့ အချိန်မရှိဘူး။”
“အမှန်ပဲ။ သူတို့က လူတိုင်း ကမ်းခြေကိုဆင်းပြီး အနားယူဖို့လိုတယ်လို့ ပြောထားတာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ငါက ကျွမ်းကျင်တဲ့ ရေကြောင်းသွားလိုသူမဟုတ်ပေမယ့် ပင်လယ်ပြင်မှာ ဒီလောက်အကြာကြီးခံနိုင်တာကတင် အရမ်းအံ့သြစရာကောင်းနေပြီ။”
“မဖြစ်ဘူး။ ငါက ငါ့ရဲ့ခယ်မလေးနဲ့ ပေါင်းစည်းဖို့ စောင့်နေတာ။ သေစမ်း! ငါက ပေါင်းစည်းရမှာဟ။”
“ဟားဟား! မတော်တဆ အမှန်တရားကို ပြောမိသွားပြီး။ မင်းနဲ့ မင်းရဲ့ဒုတိယညီလေးတို့တော့ ဆက်ပြီးစောင့်နေရဦးမယ်။ အခုက အရမ်းစောနေသေးတယ်။ ဘာ်အချန်ပြန်ဖွင့်မလဲဆိုတာ မသိရသေးဘူး။ သူတို့က နောက်မှကြေညာမှာ။ သူတို့ ပင်ပန်းတယ်လို့ခံစားရရင် ဒီအလုပ်ကို ဆက်မလုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်”
“ငါအရမ်းသိချင်မိတယ်။ ကျူးချန်းကလန်သားတွေက ဒေသခံကျွန်းတစ်ကျွန်းကို တွေ့ခဲ့တာလား ဒါမှမဟုတ် အနားယူပြီး အားပြန်ဖြည့်ဖို့ ငါတို့လို အသက်ရှင်ကျန်ရစ်သူကျွန်းကို တွေ့ခဲ့တာလား။”
“ဒေသခံကျွန်းတော့ မဖြစ်သင့်ဘူး။ အဲ့ဒါက အန္တရာယ်အရမ်းများတယ်။”
“ဒါဆိုရင် အသက်ရှင်ကျန်ရစ်သူတွေအတွက် ကျွန်းဆိုရင် ဘယ်သူ့ကျွန်းဖြစ်နိုင်လဲ။”
“မျက်စိမှိတ်ပြီး ခန့်မှန်းလို့တောင်ရတယ်။ အဲ့ဒါက ယီရန်ပင်းသူဌေးရဲ့ကျွန်းပဲ။”
“ငါသာပြောရေးဆိုခွင့်ရှိသူဆိုရင် ယီရန်ပင်းသူဌေးကိုပဲ ရွေးချယ်မယ်။ မင်းရဲ့ပင်ကိုယ်စရိုက်က မင်းရဲ့လူမှုဆက်ဆံရေးပေါ်မှာပဲ ထင်ဟပ်နေတာ။ ယီရန်ပင်းသူဌေးရဲ့ပင်ကိုယ်စရိုက်ကလည်း မဆိုးဘူး။”
“ဒါက အဓိပ္ပာယ်ရှိတယ်။ ငါ သီးသန့်စကားသွားပြောပြီး သူဌေးတည်နေရာကဘယ်မှာလဲဆိုတာ သွားမေးကြည့်ဦးမယ်။”
“ငါလည်းလိုက်မယ်။”
ချူရှန်း၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ချက်ချင်းပင် မရေမတွက်နိုင်သော သီးသန့်စာတိုများဖြင့် ပစ်ခတ်ခံခဲ့ရသည်။
ချူရှန်း သည် အင်တင်တင်ဖြင့် သူစိမ်းများဆီမှ သီးသန့်စာတိုအားလုံးကို ပိတ်ပင်ပြီး ဂရုထဲတွင် ကြေညာလိုက်ရတော့သည်။
“ပထမဦးစွာ သူဌေးရဲ့တည်နေရာက သဘာဝအတိုင်းလျှို့ဝှက်ချက်ဖြစ်ပြီး ကျုပ်လည်း လုံးဝအသေအချာမထုတ်ဖော်နိုင်ဘူး။ ဒုတိယအနေနဲ့ သူဌေးရဲ့တည်နေရာအသေးစိတ်ကို ကျုပ်လည်းမသိဘူး။ နောက်ဆုံးအနေနဲ့ လူတိုင်းက ယုတ္တိတန်စွာပြုမူပြီး ကျုပ်ကို သီးသန့်စာတာပို့တာတွေကို ရပ်တန့်စေချင်ပါတယ်။”
“သူတောင် အကြီးအကဲရဲ့တည်နေရာကို မသိဘူးလား။ သူက သူဌေးရဲ့ကျွန်းမှာ မရပ်နားခဲ့တာများလား။”
“ဟုတ်တယ်။ သူဌေးကလွဲရင် ယုံကြည်စိတ်ချရတဲ့သူတွေရှိသေးလို့လား။ ဘေးကင်းရေးပြဿနာတွေကို မစိုးရိမ်ရဘူးလား။”
ချူရှန်းက ဝန်ခံခြင်းလည်းမရှိ၊ ငြင်းဆိုခြင်းလည်းမရှိဘဲ မရေရာသော စကားသုံးခွန်းကိုသာပြောကာ အခြားသူများကို သူတို့ကိုယ်တိုင် မှန်းဆစေခဲ့သည်။
ထိုအချိန်တွင် ယီထျန်းဂရုထဲတွင် တစ်စုံတစ်ဦးက စာတင်လိုက်၏။
“ချစ်ရပါသော အသက်ရှင်ကျန်ရစ်သူညီအစ်ကိုတို့! တိလင်းအင်ပါယာက ခရီးသည်တင်ဝန်ဆောင်မှုကို စတင်ခဲ့ပြီး လမ်းကြောင်းအနားမှာရှိတဲ့သူတွေကို ဦးစားပေးပါမယ်။ သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်ပါက တိလင်းချင်းလုံနှင့် သီးသန့်စကားပြောနိုင်ပါတယ်။ [နတ်သမီးရုပ်တု] ( A အဆင့် ) ၁”
လူတိုင်းသည် ထိုသတင်းကိုမြင်သောအခါ ချက်ချင်းပင် တက်ကြွသွားခဲ့ကြသည်။
“အရင်က ထိလင်းထျန်းရှားက သင်္ဘောဦးပိုင်းရုပ်တုတစ်ခုရခဲ့တယ်လို့ ကြားဖူးတယ်။ ငါက ကောလာဟလလို့ထင်ခဲ့တာ အမှန်တကယ်ဖြစ်နေမယ်မထင်ထားခဲ့မိဘူး။”
“လင်းအင်ပါယာရဲ့ သူလျှိုက မျက်နှာပြရဲတယ်ပေါ့။ သူ့ကို သတ်ပစ်လိုက်ကြစမ်းပါ။”
“ဒီလိုမပြောပါနဲ့။ ဘာလို့လဲဆိုတော့ ငါတို့က သူတို့ရဲ့ ခရီးသည်တင်ဝန်ဆောင်မှုကို အသုံးပြုဖို့ လိုအပ်နေသေးတယ်။”
ထိုသတင်းကိုမြင်သောအခါ ရှောင်းယီသည်လည်း အနည်းငယ်အံ့အားသင့်သွားပြီး တစ်ချိန်တည်းမှာပင် မကျေမနပ်ဖြစ်သွားခဲ့မိသည်။
“သူများတွေကျ သင်္ဘောဦးပိုင်းရုပ်တုလိုမျိုးစွမ်းအားကြီးတဲ့ ရေကြောင်းလမ်းညွှန်လက်နက်တွေကို အသုံးပြုနိုင်ပြီး ငါကျတော့ ဘာလို့ အသုံးမပြုနိုင်ရတာလဲ။”
ထို့နောက် ရှောင်ယီသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ခေါင်းယမ်းလိုက်ပြီး အုပ်စုထဲတွင် ကြေညာလိုက်သည်။
“ယီထျန်းဂရုက အခြားသူတွေကို ရည်ရွယ်ချက်ရှိရှိ အလွဲသုံးစားလုပ်ခြင်း၊ တိုက်ခိုက်ခြင်း ဒါမဟုတ် စွပ်စွဲခြင်းမျိုး မပြုလုပ်သရွေ့ လူတိုင်းအတွက် အကျိုးရှိတဲ့ ဒီလိုကြော်ငြာစာမျိုးကို ကျုပ်ကိုယ်တိုင် ကန့်ကွက်မှာမဟုတ်ပါဘူး။”
“ကြည့်လိုက်! ဒါကမှ သူဌေးတွေမှာရှိသင့်တဲ့ စိတ်နေစိတ်ထားပဲ။ မင်းလိုချင်ရင် သုံးလို့ရတယ်။ ဘာလို့လဲဆိုတော့ ခရီးသည်တင်ဝန်ဆောင်မှုလုပ်နိုင်တဲ့သူတွေ အရမ်းနည်းနေလို့ပဲ။”
“သူဌေး မင်းအရမ်းသဘောထားကြီးတာပဲ။ တိလင်းထျန်းရှားက အရမ်းအရှက်မဲ့တယ်။”
“ဒါဆိုရင် ကျွန်တော်လည်း ကြော်ငြာလိုက်မယ်။ ကျောက်ကပ်အားနည်းနေရင် ကျွန်တော့်ကိုချက်ချင်းဆက်သွယ်ကြပါ။ လျူဝေ့တိဟွမ်းဆေးလုံးတွေ လုံးဝအဖိုးထိုက်တန်တယ်။”
“ငလူး! ဒီအတုဆေးရောင်းတဲ့သူ ထပ်ရောက်လာပြန်ပြီ။”
“အပေါ်ထပ်ကလူ။ သူ့ဆေးက တကယ်ကို အစစ်ပဲ။ အသုံးဝင်တယ်ာ”
“ဘော! မင်းမသုံးရသေးဘူးမဟုတ်ဘူးလား။ မင်းသုံးခဲ့တာလား။ မနေ့လေးတင် မင်းရဲ့စွမ်းအားတွေ မလျော့သေးဘူးလို့ မင်းမပြောခဲ့ဘူးလား။”
“အင်း! မင်း ဒီကနေ ဘယ်လိုရုန်းထွက်မှာလဲ။”
“ဟားဟားဟား! ကြီးကျယ်တဲ့လူမှုအဖွဲ့အစည်းတစ်ခုရဲ့ အသုဘအခမ်းအနားကြီးလိုပဲ။ ကိုယ့်ပေါင်ကိုယ်လှန်မိသွားပြီ။”
“မင်းက ဆေးအတုရောင်းနေတာဆိုတော့ တကယ့်ဆေးလုံးတွေကိုရောလုပ်တတ်လား။”
“ဒါပေါ့! ငါတို့မိသားစုက ရိုးရာတရုတ်ဆေးပညာမိသားစုပဲ။”
“ဖျားနာခြင်းနဲ့ ဒဏ်ရာတွေအတွက်ရော ကုသမှုဆေးဝါးတွေရှိလား။”
“ငါ့ကျွန်းပေါ်မှာ ပေါက်နိုင်တဲ့ ဆေးဖက်ဝင်အပင်တွေက ကန့်သတ်ချက်ရှိတယ်။ လက်ရှိမှာ လျူဝေ့တိဟွမ်းဆေးလုံးတွေပဲရှိတယ်။ ညီအစ်ကို နည်းနည်းလောက် ယူမလား။”
“သွားစမ်းပါ။ ငါက သေသေချာချာလေး သီးသန့်စကားပြောချင်တာ။ ဒီမှာ ဘယ်သူက ဆူညံနေတာလဲ။”
ဂရုထဲတွင် ပျော်ရွှင်နေသည်ကို မြင်သောအခါ ရှောင်းယီ ပြုံးလိုက်ရင်း ခေါင်းခါကာ အိပ်ရာထဲသို့ ပြန်လဲချလိုက်သည်။
နောက်တစ်နေ့တွင် ရှောင်းယီ အိပ်ရာနိုးလာသည်နှင့် ချက်ချင်း လက်မှတ်ထိုးဝင်ရန် ရွေးချယ်လိုက်သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- ကမ်းခြေအနားက အပန်းဖြေစခန်းငယ် (SSS အဆင့်)”
“ကမ်းခြေအနားက အပန်းဖြေစခန်းငယ် (SSS အဆင့်)- အရွယ်အစားသေးငယ်သော်လည်း လိုအပ်သောပစ္စည်းကိရိယာများ ပြည့်စုံစွာပါဝင်ပြီး ဘားများ၊ KTV၊ ရေချိုးခြင်းနှင့် အခြားအနားယူဖျော်ဖြေရေးပစ္စည်းများပါဝင်သည်။ ပင်ပန်းနွမ်းနယ်မှုကို အမြန်သက်သာစေပြီး စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်သည်။ သတိပြုရန်- တည်နေရာသည် ကမ်းခြေနှင့် နီးကပ်ရမည်။”
“ပစ္စည်းကောင်းပဲ။”
ရှောင်းယီက စနစ်၏အကြံပြုချက်ကို ကြည့်ကာ “ဘားမှာ အရက်ရှိလား” ဟု မေးလိုက်သည်။
“သင်ကိုယ်တိုင်ထောက်ပံ့ဖို့လိုပါတယ်။ အပန်းဖြေစခန်းက အိမ်တွေနဲ့ ပစ္စည်းကိရိယာတွေကိုပဲ ထောက်ပံ့ပေးပါတယ်။”
“ကောင်းပြီ။ ကိုယ့်ဘာသာကိုယ်ပဲ ဆက်လုပ်ရမှာပေါ့။”
ရှောင်းယီ ပြောလိုက်သည်။
“ဒါပေမယ့် ပစ္စည်းကိရိယာတွေရှိတာ ကောင်းတယ်။ အဲ့တွေနဲ့ဆိုရင် ချူရှန်းကို ကောင်းကောင်းသတ်နိုင်လိမ့်မယ်။”
စနစ်၏အာကာသမှ ကမ်းခြေအနားက အပန်းဖြေစခန်းငယ်ကို ထုတ်ယူလိုက်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ချက်ချင်းပင် တည်နေရာရွေးချယ်ရန် အကြံပြုလာခဲ့သည်။
ရှောင်းယီသည် ဆိပ်ကမ်းအနီးတွင် ကမ်းခြေအနားက အပန်းဖြေစခန်းငယ်ကို ထားရှိခဲ့သည်။
ကမ်းခြေတစ်လျှောက် ပြေးလွှားနေသော ကျန်းယွင်ထျန်းတို့အဖွဲ့သားများသည်လည်း ရုတ်တရက် အဆောက်အဦးတစ်ခုပေါ်လာသည်ကို မြင်ရသောအခါ အံ့အားသင့်သွားခဲ့ကြသည်။
‘ဒါလည်း ရှောင်းယီရဲ့နောက်ထပ်ပစ္စည်းပဲ ဖြစ်ရမယ်။ လေ့ကျင့်ရေးပြီးရင် သွားကြည့်ရမယ်။’
ကျန်းယွင်ထျန်းက တစ်ကိုယ်တည်း တွေးလိုက်မိသည်။
ရှောင်းယီသည် အပန်းဖြေစခန်းကို နေရာချပြီးနောက် ချက်ချင်းပင် အပြင်ထွက်လာခဲ့သည်။ သူသည် အပန်းဖြေစခန်းတစ်ခုလုံးကို ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင်ကြည့်ရှုလိုနေခဲ့သည်။
အပန်းဖြေစခန်းတစ်ခုလုံးကို သံမဏိခြံတံတိုင်းဖြင့် ကာရံထားပြီး တံခါးတစ်ချပ်သာ ချန်ထားသည်။
အထဲသို့ဝင်သွားပြီးနောက် ဘား၊ KTV၊ ဘီလိယက်၊ ကစားကွင်းစသည့် သုံးထပ်အိမ်တန်းရှိသည်။ ရှောင်းယီသည် ကစားကွင်းထဲတွင် ဂိမ်းစက်ရုံတစ်ခုကိုပင် မြင်ခဲ့ရသည်။
“တကယ်ကို ပြီးပြည့်စုံတယ်!”
ရှောင်းယီ သက်ပြင်းချလိုက်မိပြီး ကမ်းခြေဘက်ကို လှမ်းကြည့်လိုက်သည်။
ကမ်းခြေပေါ်တွင် ထီးခြောက်လက်ရှိပြီး ထီးတစ်လက်စီတွင် ထိုင်ခုံနှစ်လုံးစီရှိသည်။
ရှောင်းယီ ထိုနေရာသို့ လျှောက်သွားလိုက်၏။ ကမ်းခြေပေါ်က သဲများကို ခြေဗလာဖြင့် နင်းလိုက်သောအခါ အထူးကုသမှုခံယူနေသကဲ့သို့ အလွန်သက်တောင့်သက်သာရှိလှပေသည်။
ဘေးတစ်ဖက်တွင် ဘာဘီကျူးအတွက် အထူးနေရာတစ်ခုလည်းရှိပြီး ဘာဘီကျူးမီးဖိုတစ်ဆယ့်နှစ်လုံးရှိပေသည်။
“မိုက်လိုက်တာ!”
ရှောင်းယီ ထိုင်ခုံပေါ်တွင် လဲလျောင်းလိုက်ပြီး ပင်လယ်လေများ တိုက်ခတ်လာကို ခံစားနေလိုက်သည်။
“နောင်တစ်ချိန်မှာ အပန်းဖြေစခန်းပိုင်ရှင်ဖြစ်ရရင်လည်း သိပ်မဆိုးပါဘူး။”
ရှောင်းယီ ပျော်ရွှင်ဖွယ်နံနက်ခင်းအချိန်ကို ခံစားနေစဉ် ကျန်းယွင်ထျန်းတို့တပ်ဖွဲ့သည်လည်း အထဲသို့ဝင်ရောက်လာခဲ့သည်။
“ရှောင်းယီ ဒါကဘာလဲ။ အပန်းဖြေစခန်းလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
“ဟုတ်တယ်...နေရာကောင်းတစ်ခုပဲ”
ရှောင်းယီက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“ဒီလိုအဆောက်အဦမျိုးကိုတောင် ရနိုင်တာလား”
ဒူခန်းသည် အနောက်မှနေ၍ အံ့ဩထိတ်လန့်စွာ ပြောလိုက်မိ၏။ သို့သော်လည်း သူဌေးတွင် ဗီလာရှိပြီးသားဖြစ်သည်ကို ထည့်သွင်းစဉ်းစားလိုက်လျှင် ၎င်းသည် သိပ်အရေးမကြီးတော့ဟုပင် ထင်ရပေသည်။
အခန်း ၃၅၀
ကျန်းယွင်ထျန်းနှင့် သူ၏အဖွဲ့သားများသည် ပတ်ပတ်လည်ကို လှည့်လည်ကြည့်ရှုပြီးနောက် ချီးကျူးဂုဏ်တင်မဆုံးနိုင်အောင် ဖြစ်ခဲ့ကြရသည်။
“ဒီလိုအပန်းဖြေစခန်းမျိုးက အရင်ကမ္ဘာမှာဆိုရင် ပိုက်ဆံတွေအများကြီးကုန်ကျမှာပဲာ”
ဒူခန်းက မသေချာမရေရာဟန်ဖြင့် ပြောလိုက်သည်။ အန်းယွဲ့က ခေါင်းညိမ့်လိုက်သည်။
“ဟုတ်တယ်...ဒီအရွယ်အစားနဲ့ ဒီလိုအဆောက်အအုံတွေထဲက ပစ္စည်းကိရိယာတွေကို အခြေခံပြီး တွက်ချက်ကြည့်မယ်ဆိုရင် သန်းဂဏန်းလောက်တော့ ကုန်ကျလိမ့်မယ်။”
“အဲ့လောက်တောင် များတာလား။”
ဒူခန်းက အံ့အားသင့်စွာပြောလိုက်သည်။
“ဆင်းရဲမှုက ငါ့ရဲ့အတွေးတွေကို လုံးဝကို ကန့်သတ်ထားတာပဲ။”
“အန်းရန် အသားတွေ ပိုပြီးပြင်ဆင်ထားပါဦး။ ကျူးချန်းကလန်သားတွေက ဒီနေ့မနက် ငါတို့ကျွန်းကို အနားယူဖို့လာကြလိမ့်မယ်။ ဒီမှာ အစားအစာအချို့ပြင်ဆင်ထားပြီး ရောင်းလို့ရတယ်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ကောင်းပြီ!”
အန်းရန်က တုံ့ပြန်လိုက်ပြီး ဆုဝမ်နှင့်အတူ နံနက်စာနှင့် အသားအချို့ပြင်ဆင်ရန် ပြန်သွားခဲ့သည်။
ဒူခန်းက ရှောင်းယီ၏စကားကိုကြားသောအခါ ချက်ချင်းပင် မေးလိုက်၏။
“ဘားမှာ သောက်စရာတစ်ခုခုရှိလား။”
“မရှိဘူး။ ဒါကတော့ မင်းအပေါ်မှာပဲ မူတည်သွားပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“နောက်ကျသွားမှာကို စိုးရိမ်မိတယ်။ မနေ့က ချက်ထားတဲ့ ဘီယာမျိုးကိုပဲ သောက်လို့ရလိမ့်မယ်။ ပြီးတော့ အဲ့ဒါက ပြီးပြည့်စုံတဲ့ထုတ်ကုန်မဟုတ်သေးဘူး။”
ဒူခန်းက မျှော်လင့်ချက်မဲ့စွာဖြင့် ပြောလိုက်သည်။
“ရှောင်ရှန်းတို့လုပ်ထားတဲ့ သစ်သီးဝိုင်တချို့ ယူလာခဲ့။ အဲ့ဒါက သိပ်တော့မများလှဘူး။ အဲ့ဒါကြောင့် သူတို့ နည်းနည်းပဲသောက်လို့ရလိမ့်မယ်။”
ရှောင်းယီက ပြောလိုက်၏။
“ကောင်းပြီ!”
ဒူခန်းက တုံ့ပြန်လိုက်ပြီးနောက် ထွက်သွားခဲ့သည်။ ထိုစဉ် အန်းယွဲ့က မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
“ရှောင်းယီ မင်းငွေကြေးပြဿနာအကြောင်း စဉ်းစားဖူးလား။”
“ဟမ်!”
ရှောင်းယီ အနည်းငယ် ကြောင်အသွားပြီးနောက် ခေါင်းခါကာ ပြန်ဖြေလိုက်သည်။
“အခုအချိန်မှာ ကုန်ပစ္စည်းချင်းလဲလှယ်တာက ပြဿနာကြီးတစ်ခုဖြစ်နေတာလား။”
“လောလောဆယ်အတွက်တော့ ပြဿနာမရှိသေးပါဘူး။ ဒါပေမယ့် ငါတို့ကျွန်းပေါ်မှာ လူတွေပိုများလာတာနဲ့အမျှ ငွေကြေးစနစ်တစ်ခုရှိဖို့ လိုအပ်လာပြီ။”
အန်းယွဲ့က ပြောလိုက်သည်။
“ပြီးတော့ အခုဆိုရင် ငါတို့က အုတ်မြစ်ကျောက်တွေပဲ ကောက်ခံနေတာ။ ဘားထဲက ဖန်ခွက်တစ်ခွက်ကရော အုတ်မြစ်ကျောက်တွေပဲလား။ အုတ်မြစ်ကျောက်ကို အတုံးကြီးတုံးပြီး အသုံးပြုလို့မရဘူး။ ညီမျှတဲ့ငွေကြေးစနစ်တစ်ခုရှိခြင်းက ဒီပြဿနာကို ဖြေရှင်းပေးနိုင်တယ်။”
ရှောင်းယီက ခေါင်းညိမ့်ကာ ခေါင်းကိုပွတ်သပ်ရင်း ပြောလိုက်၏။
“ငွေကြေးအရစ်ကျထုတ်ဝေခြင်းက အရမ်းရှုပ်ထွေးတယ်။ တိုက်ရိုက်ဒီဂျစ်တယ်ငွေကြေးထုတ်ဝေနိုင်ရင် ကောင်းမှာပဲ။”
“ဒါက သိပ်ပြီးလက်တွေ့မကျမှာကိုပဲ ငါစိုးရိမ်မိတယ်။”
အန်းယွဲ့က ခေါင်းယမ်းလိုက်သည်။ ရှောင်းယီ ပခုံးတွန့်လိုက်၏။ ၎င်းသည် လက်တွေ့မကျကြောင်း သူသိသော်လည်း ရုတ်တရက် အဖြေတစ်ခုကို စဉ်းစားမိသွားခဲ့သည်။
“ငါတို့မန်ဘာကဒ်ကို အသုံးပြုပြီး လည်ပတ်လို့ရတယ်။”
ရှောင်းယီက ပြောလိုက်သည်။
ပုံမှန်အားဖြင့် ကစားကွင်းသို့သွားသောအခါ အသင်းဝင်ကတ် သို့မဟုတ် ယာယီကတ်ရှိမည်ဖြစ်သည်။ မည်သည့်ဂိမ်းကိုမဆို ကတ်ဖြင့်ပွတ်ဆွဲ၍ ကစားနိုင်သည်။
ယခုအခါ ရှောင်းယီတွင် ဘဏ်ကတ်ပြုလုပ်ရန် နည်းလမ်းမရှိသော်လည်း ဤအသင်းဝင်ကတ်သည် တူညီသည့်ရည်ရွယ်ချက်ကို လုံးဝပြည့်မီနိုင်သည်။
ဘားထဲမှာ ကတ်ဖြတ်စက်ကိုထားလိုက်မယ်။
ဥပမာအားဖြင့် အုတ်မြစ်ကျောက်တစ်ခုကို အသင်းဝင်ကတ်ထဲတွင် စားသုံးမှုအမှတ် ၁၀၀ ဖြည့်ရန် အသုံးပြုနိုင်ပြီး C-အဆင့် ဘီယာတစ်ခွက်ကို အမှတ် ၁၀ ဖြင့် ဖြည့်ဆည်းနိုင်သည်။
“ဒါက အိုင်ဒီယာကောင်းပဲ။ ဒါပေမယ့် ဒီကစားကွင်းမှာ အသင်းဝင်ကတ်ရှိလို့လား။”
အန်းယွဲ့က ပြောလိုက်သည်။
“အသင်းဝင်ကတ်မှာ ချစ်ပ်တစ်ခုလိုအပ်တယ်မဟုတ်ဘူးလား”
“သွားကြည့်လိုက်ရင် သိရလိမ့်မယ်။”
ရှောင်းယီ ထိုင်ရာမှ ထရပ်လိုက်ပြီး ကစားကွင်းဆီသို့ လျှောက်သွားလိုက်သည်။ ကောင်တာထဲသို့ ဝင်လိုက်သောအခါ အသင်းဝင်ကတ်တစ်ထောင်နှင့် ယာယီအသင်းဝင်ကတ်တစ်ထောင်ရှိသည်ကို တွေ့ရှိလိုက်ရသည်။
ဤအသင်းဝင်ကတ်နှစ်ထောင်သည် လောလောဆယ်အတွက် လုံလောက်သင့်သည်။
“ဦးလေးအန်း ဒီကိစ္စကို ဦးလေးကိုင်တွယ်ဖြေရှင်းပေးပါဦး။”
ရှောင်းယီက ပြောလိုက်သည်။
“လောလောဆယ်အတွက်တော့ အုတ်မြစ်ကျောက်တစ်ခုစီအလိုက် စားသုံးမှုရန်ပုံငွေကို ၁၀၀ ဖြည့်လိုက်ပါ။ ဒါက အချိုးအစားပဲ။”
“ကောင်းပြီ။”
အန်းယွဲ့က တုံ့ပြန်လိုက်၏။
ထို့နောက် ရှောင်ယီသည် ဗီလာဆီသို့ ပြန်လျှောက်သွားခဲ့သည်။ ချူရှန်းက သူဆီသို့ ဆက်သွယ်ထားသင့်ပေသည်။
အိပ်ခန်းထဲရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်ရောက်သောအခါ ချူရှန်းသည် အမှန်တကယ်ပင် စာပို့ထားခဲ့သည်။
“သူဌေး နောက်ဆုံးခရီးစဉ်က မနေ့က ဝယ်ထားတဲ့ လမ်းကြောင်းနဲ့ ထပ်တူကျနေလို့ ကျွန်တော်တို့ စောစောရောက်သွားတယ်။”
ချူရှန်းက ပြောထားသည်။
“ဦးတည်ချက်ကျောက်ကို ဘယ်အချိန်ငှားပေးနိုင်မလဲ။”
ထိုအခါ ရှောင်ယီသည် နက်မျိုးနွယ်စုမှရရှိခဲ့သော ဦးတည်ချက်ကျောက်ကို ချက်ချင်းပင် ငှားရမ်းပေးလိုက်သည်။
“[ဦးတည်ချက်ကျောက်] တစ်နာရီအသုံးပြုခွင့် ၁ - လဲလှယ်မှု [အုတ်မြစ်ကျောက်] ၁၀။”
ချူရှန်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် သူ့ကို စောင့်ဆိုင်းနေသည့်ပုံရ၏ည်။ ရှောင်းယီ ပထမဆုံးလဲလှယ်မှုကို စတင်လိုက်သည်နှင့် ချက်ချင်းပင် သဘောတူညီခဲ့သည်။
“ဦးတည်ချက်ကျောက်ကိုအသုံးပြုတဲ့အခါမှာ မင်းရဲ့ရေတပ်က သင်္ဘောတွေအကုန်လုံးကို သင်္ဘောကြီးနဲ့ ချိတ်ဆက်ထားလိုက်။ ဒါဆို အားလုံးကို တစ်ခါတည်း တည်နေရာကူးပြောင်းလို့ရလိမ့်မယ်”
ရှောင်းယီ သတိပေးလိုက်၏။
“ကောင်းပါပြီ”
ချူရှန်းက တုံ့ပြန်လိုက်သည်။
“ဒီကိုရောက်ပြီးရင် နေရာတိုင်းမှာရပ်ပြီး ငါတို့ရဲ့ညွှန်ကြားချက်တွေကို လိုက်နာရမယ်။ မင်း နားလည်တယ်မဟုတ်လား။”
ရှောင်းယီက မေးလိုက်၏။
“ဟုတ်ကဲ့”
ချူရှန်းက တုံ့ပြန်လိုက်သည်။
ထို့နောက် ချူရှနသည် လူအားလုံးကို အလတ်စားသင်္ဘောပေါ်သို့ ခေါ်ဆောင်ထားပြီး လှေငယ်အားလုံးကို အလတ်စားသင်္ဘောနှင့် ချည်နှောင်လိုက်သည်။
“အားလုံးသတိထားပါ။ ငါတို့က ယီရန်ပင်းရဲ့ကျွန်းကို မကြာခင်မှာ ရောက်ရှိသွားမှာဖြစ်ပါတယ်။ သူဌေးကို နားလည်လွဲစေနိုင်တဲ့ လှုပ်ရှားမှုမျိုးတွေ မလုပ်ပါနဲ့။ အဲဒီဘက်ကညွှန်ကြားချက်တွေကို လိုက်နာရမယ်။ သူဌေးရဲ့ကျွန်းပေါ်မှာ တစ်ရက်လုံး အနားယူဖို့ အစီအစဉ်ဆွဲထားတယ်။ လူတိုင်းပဲ စိတ်ငြိမ်ငြိမ်ထားကြပါ။ ဒါပေါ့ ကျွန်းပေါ်ရောက်ပြီးတဲ့နောက်မှာလည်း သူဌေးရဲ့လိုအပ်ချက်တွေအတိုင်း လုပ်ဆောင်ရမယ်။ နားလည်ပြီလား။”
ချူရှန်းက ပြောလိုက်သည်။
“နားလည်ပါပြီ။”
လူတိုင်းက တုံ့ပြန်လိုက်ကြပြီး သူတို့၏ မူလစိတ်ဓာတ်ကျနေသော စိတ်ခံစားမှုများမှာ ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့ကြသည်။
ရေကြောင်းခရီးရှည်ကြီးစည် သူတို့၏စိတ်ဝိဉာည်ကို ပြိုလဲမတတ်ဖြစ်စေခဲ့သည်။ ယခုဆိုရင် ကမ်းခြေကိုဆင်းပြီး အနားယူရတော့မည်ဖြစ်သည်။ အထူးသဖြင့် သူဌေး၏ကျွန်းကို ရောက်တော့မည့်အကြောင်း ကြားလိုက်ရတဲ့အခါ လူတိုင်းက ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့ကြသည်။
“ဒုခေါင်းဆောင်...သူဌကျွန်းကနေ ဘယ်လောက်ဝေးသေးလဲ။ အဲ့ဒါက ဘယ်လောက်ကြာမှာလဲ။”
“ဟုတ်တယ်။ ငါမစောင့်နိုင်တော့ဘူး။”
“သူဌေးက သူ့ကျွန်းကို တိုက်ခိုက်ခဲ့တဲ့ ဒေသခံတွေရဲ့ ဦးတည်ချက်ကျောက်ကို ငါ့ကိုငှားထားပေးပြီးပြီ။”
ချူရှန်းက ပြန်ဖြေလိုက်၏။
ထိုစကားကိုကြားသောအခါ လူတိုင်းသည် ခဏကြာအောင် တိတ်ဆိတ်သွားပြီးနောက် ချက်ချင်းပင် ပျော်ရွှင်သွားခဲ့ကြသည်။
“ဆိုလိုတာက ငါတို့ မကြာခင်မှာ သူဌေးရဲ့ကျွန်းကို ရောက်တော့မှာပေါ့။”
ချူရှန်းက ခေါင်းညိမ့်ကာ ဖြေလိုက်သည်။
“အဲ့ဒါကြောင့် မင်းတို့သတိထားရမယ့်အရာတွေကို သတိပေးတာပေါ့။”
“ကောင်းတယ်။ စိတ်မပူပါနဲ့ ကလန်ခေါင်းဆောင်။ ကျွန်တော်တို့က သူဌေးရဲ့ တောင်းဆိုချက်တွေကို ကျိန်းသေလိုက်နာကြမှာပါ။”
“အမှန်ပဲ။ ကျွန်တော်တို့ မရူးမိုက်ပါဘူး။ ကျွန်တော်တို့ သဘာဝအတိုင်းပဲ သူဌေးရဲ့ပိုင်နက်မှာ နာခံရမှာပါ။ ကျွန်တော်တို့ရဲ့အတိုင်းအတာကို ကျွန်တော်တို့သိပါသေးတယ်။”
“သူဌေးက ငါတို့ရေတပ်ကို ဝါးမြိုပစ်လိုက်လိမ့်မယ်လို့ထင်လား။”
“စိတ်မပူပါနဲ့”
ချူရှန်းက ပြောလိုက်သည်။
“ငါ သူဌေးနဲ့ ဆက်သွယ်ပြီးသွားပြီ။ ပြီးတော့ သူဌေးက ငါတို့ရေတပ်ကို မျိုချတယ်ဆိုရင်တောင် ငါတို့အတွက် မနစ်နာဘူး။ သူဌေးက အကြမ်းဖက်တတ်တဲ့လူမျိုးလည်း မဟုတ်ပါဘူး။ သူဌေးလက်အောက်မှာနေရဖို့ လူအများကြီးက အိပ်မက်မက်နေကြတာပဲမဟုတ်ဘူးလား။”
“မင်းဒီလိုတော့ ပြောလို့မရဘူး။ ဘာပဲဖြစ်ဖြစ် ငါအမြဲတမ်း ကျူးချန်းကလန်သားတစ်ယောက်ပဲ။”
“ဟုတ်တယ်...ကလန်ခေါင်းဆောင်က ငါတို့ကို အရမ်းကြင်နာတယ်။ ကလန်ခေါင်းဆောင်ကို ငါတို့ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး။”
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။
“မင်းတို့ရဲ့ သစ္စာစောင့်သိမှုကို ငါသိပါတယ်။ ငါတို့ညီအစ်ကိုတွေအားလုံး ကျေးဇူးတင်ပါတယ်။”
ချူရှန်းက ပြောလိုက်၏။
ထို့နောက် ဦးတည်ချက်ကျောက်ကို အသက်သွင်းလိုက်ပြီး မကြာမှာပင် ကျူးချန်းကလန်၏ အလတ်စားရွက်သင်္ဘောပေါ်တွင် တိမ်မည်းများစုဝေးလာပြီး လျှပ်စီးနှင့် မိုးကြိုးများ ဖြစ်ပေါ်လာခဲ့သည်။
လူတိုင်းသည် ချွေးအေးများ စိမ့်ထွက်လာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤအခြေအနေသည် ပင်လယ်ပြင်ရှိ ဆိုးရွားသောရာသီဥတုနှင့် အလွန်ဆင်တူသောနေကြောင့်ပင်။
“အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ ဒါက ဦးတည်ချက်ကျောက်ကြောင့်ဖြစ်တဲ့ ထူးခြားဖြစ်စဉ်ပါ။”
ချူရှန်းက အသံကျယ်ကျယ် အော်ပြောလိုက်သည်။
ထိုနည်းတူစွာပင် ရှောင်းယီ၏ကျွန်းမှ ၁၀ ကီလိုမီတာအကွာရှိ ပင်လယ်မျက်နှာပြင်တွင် တိမ်မည်းများ၊ လျှပ်စီးနှင့် မိုးကြိုးများဖြင့် ဖုံးလွှမ်းလာခဲ့သည်။
ရှောင်းယီက ကျန်းယွင်ထျန်းကို အချိန်မီသတိပေးထားသောကြောင့် ကျန်းယွင်ထျန်းသည် ပင်လယ်ပြင်ရှိအခြေအနေကို မကြာခဏစောင့်ကြည့်နေမည်ဖြစ်သည်။
“ဒါက လာနေကြပြီလား။”
ထိုမြင်ကွင်းကိုမြင်လိုက်ရပြီးနောက် ကျန်းယွင်ထျန်းသည် ဝေါ်ကီတော်ကီမှတစ်ဆင့် ရှောင်းယီကို ဆက်သွယ်လိုက်သည်။
“ရှောင်းယီ ဦးတည်ချက်ကျောက်ကို ကျူးချန်းကလန်ဆီ ပေးပြီးသွားပြီလား။”
“အင်း!”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“သူတို့က အဲ့ဒါကို အသုံးပြုပြီးသွားပြီ။ မကြာခင်ရောက်လာလိမ့်မယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်၏။
“ဦးတည်ချက်ကျောက်ကြောင့်ဖြစ်ပေါ်လာတဲ့ ထူးခြားဖြစ်စဉ်ကို ငါမြင်ခဲ့တယ်။”
“ကောင်းပြီ။ ငါ အခုချက်ချင်း လာခဲ့မယ်။ လှေတစ်စီး ပြင်ထား။ ငါတို့သွားကြိုကြရမယ်။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
အခန်း ၃၅၁
ရှောင်းယီ ဆိပ်ကမ်းသို့ရောက်သောအခါ ကျန်းယွင်ထျန်းသည် အလတ်စားရွက်သင်္ဘောတစ်စီးကို ပြင်ဆင်ထားပြီးဖြစ်လေသည်။
“သွားကြရအောင်။”
ရှောင်းယီ အမိန့်ပေးလိုက်ပြီးနောက် သင်္ဘောပေါ်သို့ သားရဲဘုရင်နှင့်အတူ တက်သွားခဲ့သည်။ ကျန်းယွင်ထျန်းသည် ချက်ချင်းပင် ထူးဆန်းသောမြင်ကွင်း ဖြစ်ပေါ်နေသောနေရာသို့ ရွက်လွှင့်လိုက်၏။
သူတို့ ထိုအနားသို့ မရောက်မီမှာပင် ထိုထူးဆန်းသောမြင်ကွင်းသည် ပျောက်ကွယ်သွားခဲ့ပြီး အလတ်စားရွက်သင်္ဘောတစ်စီး ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ ပတ်ပတ်လည်တွင်လည်း လှေငယ်ငါးစီးကို ချည်နှောင်ထားလေသည်။
ချူရှန်းနှင့် သူ၏အဖွဲ့သားများသည် ချက်ချင်းပင် ဤနေရာသို့ ပို့ဆောင်ခြင်းခံခဲ့ရပေသည်။ ရှောင်းယီ၏ တောင်းဆိုချက်အရ သူတို့သည် ဆက်လက်ရွေ့လျားခြင်းမရှိဘဲ ရောက်ရာနေရာတွင်ပင် ရပ်တန့်လိုက်ကြသည်။
“ဒီကျွန်းက ယီရန်ပင်းသူဌေးရဲ့ကျွန်းလား။”
“ဒါက သိပ်မကြီးသလိုပဲ။”
“အခုငါတို့က သူဌေးရဲ့ကျွန်းနဲ့ နည်းနည်းဝေးနေသေးတယ်။ ဒါကတင် တော်တော်လေးကြီးနေပြီ။”
“ဒီကျွန်းပေါ်မှာ တောင်တွေရှိနေသလိုပဲ။ ငါ အခြားလူတွေရဲ့ကျွန်းတွေမှာ တောင်တွေ တစ်ခါမှမမြင်ဖူးဘူး။”
“ကမ်းခြေမှာလည်း အဆောက်အအုံတွေအများကြီးရှိသလိုပဲ။”
“အဓိပ္ပါယ်မရှိတာ! သူဌေးရဲ့ကျွန်းပေါ်မှာ သေချာပေါက် အဆောက်အအုံတွေအများကြီးရှိတာပေါ့ကွ။ သူက အခြားသူတွေကိုတောင် အိမ တွေရောင်းနေပြီတာပဲဟာ!။”
“ဟေ့! သင်္ဘောတစ်စီး ငါတို့ဆီလာနေတယ်။ အားလုံး တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားကြ။”
တစ်စုံတစ်ဦးက ရှောင်းယီစီးလာသော အလတ်စားသင်္ဘောကို ညွှန်ပြကာ အော်ဟစ်လိုက်၏။
“အားလုံးပဲ မထိတ်လန့်ကြပါနဲ့။ အဲ့ဒါက ယီရန်ပင်းသူဌေးရဲ့သင်္ဘောပါ။”
ချူရှန်းက ရှောင်းယီသင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေသည်ကို တွေ့ထားပြီးပြီဖြစ်သည်။ များမကြာမီတွင် သင်္ဘောနှစ်စီး တွေ့ဆုံသွားခဲ့ကြသည်။ ကျန်းယွင်ထျန်းသည်လည်း သင်္ဘောအတွင်းခန်းမှ ထွက်လာခဲ့သည်။
“သူဌေး!”
ချူရှန်းက ရှောင်းယီကို လက်ဝှေ့ယမ်းပြလိုက်၏။
လူတိုင်းအံ့အားသင့်သွားကြသည်။ ကျူးချန်းကလန်တွင် ချူရှန်းတစ်ဦးတည်းသာ ဗီဒီယိုချက်တင်တွင် ရှောင်းယီကိုမြင်ဖူးပြီး အခြားသူများမှာ မမြင်ဖူးကြပေ။
သူတို့အားလုံးသည် ယီရန်ပင်းကို ကြွက်သားများနှင့် တောင့်တောင့်တင်းတင်းလူကြီးတစ်ယောက်ဟု ထင်ထားခဲ့ကြခြင်းဖြစ်သည်။
“သူဌေးအရမ်းငယ်လွန်းမနေဘူးလား။”
တစ်စုံတစ်ဦးက စိတ်ပျက်အားလျော့စွာ မေးခွန်းထုတ်လိုက်၏။ အခြားသူများလည်း ခေါင်းညိမ့်လိုက်ကြသည်။
“အမှန်ပဲ။ သူ့ရဲ့အသက်အရွယ်ကြောင့် သူဌေးကို လျှော့မတွက်ကြနဲ့။”
ချူရှန်းက လေးသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဘယ်လိုလျော့တွက်နိုင်မှာလဲ”
ချူရှန်းက ခါးခါးသက်သက်ဖြင့်ပြုံးကာ ပြောလိုက်သည်။
“ငါတို့က မိုက်မဲတဲ့သူတွေမဟုတ်ဘူး။”
ရှောင်းယီက ချူရှန်းကို ခေါင်းညိမ့်ပြကာ ပြောလိုက်၏။
“မင်းနဲ့ချူဖုန်း အရင်ဒီကိုလာခဲ့။”
“ဟုတ်ကဲ့”
ချူရှန်းက တုံ့ပြန်လိုက်သည်။ သင်္ဘောနှစ်စီးသည် အတော်လေးနီးကပ်နေသောကြောင့် ချူရှန်းတို့နှစ်ယောက်သည် ရှောင်းယီဘက်သို့ အလွယ်တကူ ခုန်တက်နိုင်ခဲ့သည်။
ရှောင်းယီသည် သူတို့နှစ်ယောက်ကို သင်္ဘောအတွင်းခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ကျန်းယွင်ထျန်းသည် ကျန်ရှိနေသေးသော ကျူချန်းကလန်သားများကို စောင့်ကြည့်ရန် သင်္ဘောကုန်းပတ်ပေါ်တွင် နေခဲ့သည်။
ကျန်းယွင်ထျန်းက သူတို့ကိုကြည့်နေသည်ဖြစ်စေ၊ မကြည့်နေသည်ဖြစ်စေ ကျူးချန်းကလန်၏ ကျန်ရှိနေသေးသော အဖွဲ့ဝင်များသည် ရဲတင်းစွာလုပ်ဆောင်ရန် မဝံ့ရဲကြပေ။ သင်္ဘောနှစ်စီးသည် လုံလောက်စွာနီးကပ်နေသောကြောင့် သူတို့သည် ရှောင်းယီ၏သင်္ဘောပေါ်တွင် လဲလျောင်းနေသော ကျားကြီးကို မြင်တွေ့ပြီးဖြစ်ကာ မသိစိတ်ဖြင့် နောက်သို့ပင် ဆုတ်မိသွားခဲ့ကြ၏။
“ဒီကျားက အရမ်းကြီးတယ်။ သာမန်ကျားတစ်ကောင်မဟုတ်ဘူး။ ဟုတ်တယ်မလား။”
“သာမန်ကျားမဟုတ်တာသေချာတယ်။ B-အဆင့် ကျားဖြစ်လောက်တယ်။”
“သူဌေးက အရမ်းစွမ်းအားကြီးတယ်။ သူက ဒီလိုမျိုး မြင့်မားတဲ့အဆင့်ရှိတဲ့ ကျားကြီးကိုတောင် အနိုင်ယူနိုင်တယ်။”
“ဒီကျားက တကယ်ကို စွမ်းအားကြီးတယ်။ ဒါပေမယ့် သူ့ဘေးနားမှာရပ်နေတဲ့လူကလည်း ရိုးရိုးရှင်းရှင်းတော့မဟုတ်ဘူး။”
တစ်စုံတစ်ဦးက ကျန်းယွင်ထျန်းကိုကြည့်ကာ ပြောလိုက်သည်။
“မင်း သူ့အဆင့်ကို ပြောနိုင်လား။”
ထိုလူက ခေါင်းခါလိုက်သည်။
“လူတစ်ယောက်ရဲ့ လမ်းလျှောက်တဲ့ဟန်ပန်နဲ့ မတ်တပ်ရပ်နေတဲ့ဟန်ပန်ကို ကြည့်ရင်သိနိုင်တယ်။ မငသတိထားမိလား။ အဲ့လူရဲ့ ခြေလှမ်းအလျားနှင့် အကြိမ်ရေက တစ်ချက်ချင်းစီတိုင်းက တူညီနေတယ်။ ရေရှည်လေ့ကျင့်မှုပြီးမှသာ အဲ့လိုအဆင့်မျိုးကို ရောက်နိုင်တာ။ သူ့ရပ်နေတဲ့ဟန်ကို ကြည့်ကြည့်... အရမ်းဖြောင့်မတ်ရပ်နေတယ်။ ဒီလိုဟန်ပန်မျိုးကို စစ်ရေးချီတက်ပွဲတွေမှာပဲ မြင်ဖူးတယ်။”
“မင်းဆိုလိုတာက သူကအရင်က စစ်သားတစ်ယောက်လို့လား။”
တစ်စုံတစ်ယောက်က မေးလိုက်သည်။
ထိုလူက “ဖြစ်နိုင်တယ်” ဟု ပြောလိုက်သည်။
လေအတွင်းခန်းသို့ရောက်သောအခါ ရှောင်းယီက ပြောလိုက်၏။
“အရင်ကသဘောတူညီချက်ကို ဆုံးဖြတ်ပြီးပြီလား။”
“ကောင်းပြီ။ ကျုပ် ခင်ဗျားနဲ့ စာချုပ်ချုပ်မယ်။”
ချူဖုန်းက ရှေ့ကိုတစ်လှမ်းတိုးပြီး ပြောလိုက်သည်။ ချူရှန်းက ခေါင်းညိမ့်လိုက်၏။
“ကျွန်တော့်ညီကို တရားလွန်တဲ့ အမိန့်မျိုးတွေမပေးဖို့ မျှော်လင့်ပါတယ်။”
ထိုစကားကိုကြားသောအခါ ရှောင်းယီက ပြုံးလိုက်သည်။
“ငါ မင်းတို့ကြောင်ြ ဒုက္ခမရောက်ရမှာကို သေချာချင်ရုံပါပဲ။”
“စိတ်မပူပါနဲ့။ ကျွန်တော်တို့ ဆိုက်ကပ်ဖို့ သူဌေးရဲ့ပိုင်ုနက်ကိုရွေးချယ်တဲ့အတွက် သူဌရဲ့ပင်ကိုယ်စရိုက်ကို ယုံကြည်ပြီးသားပါ။ ကျွန်တော်တို့လည်း ကြာရှည်အနားယူနိုင်တဲ့ ကျွန်းတစ်ကျွန်းကို ရှာချင်တယ်။ ဒုက္ခရောက်အောင် လုပ်တာက ကျွန်တော်တို့အတွက် အကျိုးမရှိဘူး။”
ချူဖုန်းက ပြောလိုက်သည်။ ရှောင်းယီ ခေါင်းညိမ့်ပြကာ အလတ်စားသင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုကာ ချူဖုန်းနှင့် စာချုပ်ချုပ်ဆိုလိုက်သည်။
စာချုပ်ချုပ်ဆိုခြင်း ပြီးဆုံးသွားသောအခါ ရှောင်းယီသည် သူ၏လက်ကိုဆန့်တန်းကာ ချူဖုန်းနှင့် လက်ဆွဲနှတ်ဆက်လိုက်၏။
“ကျုပ်တို့ကျွန်းကနေ ကြိုဆိုပါတယ်။ မင်းအတွက် အချိန်ကောင်းတစ်ခုပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။”
“ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တက်လို့ရတဲ့တောင်တစ်လုံးကလွဲရင် သူဌေးရဲ့ကျွန်းပေါ်မှာ တခြားဘာမှမရှိသလိုပဲ။”
ချူဖုန်းက ပြုံးကာ ပြောလိုက်သည်။
သူစကားကိုကြားသောအခါ ရှောင်းယီ မျက်ခုံးပင့်လိုက်၏။
“ဒီတောင်ကို မင်းတက်လို့မကဘူး။ ပိုပြီးတိတိကျကျပြောရရင် မင်းက ကျွန်းရဲ့အပြင်ဘက်မှာပဲ ကစားလို့ရတယ်။”
ထိုအခါ ချူရှန်းက မျက်မှောင်ကြုံ့လိုက်ပြီး အကူညီမဲ့စွာဖြင့် ပြောလိုက်သည်။
“ကြည့်ရတာ ကျွန်တော်တို့ ကမ်းခြေပေါ်မှာပဲ လမ်းလျှောက်လို့ရမယ်ထင်တယ်။”
အခြားသူ၏ကျွန်းပေါ်ရောက်နေခြင်းဖြစ်သောကြောင့် တစ်ဖက်လူ၏စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သည်။
“ဒါက သေချာပေါက်တော့မဟုတ်ဘူး။”
ရှောင်းယီက လျှို့ဝှက်ဆန်းကြယ်စွာပြုံးပြီး ပြောလိုက်၏။
“ဒါက မင်းတို့ အုတ်မြစ်ကျောက် သုံးချင်လား မသုံးချင်ဘူးလားဆိုတဲ့ပေါ်မှာပဲ မူတည်တယ်။”
“ဘာကိုဆိုလိုတာလဲ!”
ချူရှန်းတို့နှစ်ယောက်က ရှောင်းယီကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ကြသည်။
ရှောင်းယီက ဘာမှရှင်းမတော့ဘဲ ပြောလိုက်၏။
“မင်းတို့ရဲ့သင်္ဘောကို ငါ့သင်္ဘောနောက်ကနေလိုက်ခိုင်းလိုက်ပါ။ အမိန့်တွေကိုလိုက်နာပါ။ ဟိုဟိုဒီဒီ လျှောက်မပြေးပါနဲ့။”
ထို့နောက် ချူရှန်းက နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။ ရှောင်းယီ၏သင်္ဘောက ရှေ့မှထွက်သွားခဲ့ပြီး ကျူးလျန်းကလန်၏သင်္ဘောက နောက်မှလိုက်သွားခဲ့သည်။
ကျွန်းနှင့်တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ သင်္ဘောပေါ်ရှိလူများသည် ကမ်းခြေရှိအခြေအနေများကို မြင်နိုင်လာကြ၏။
“ဒါက ဘာလဲ!”
“ဆိပ်ကမ်းတစ်ခုလို့ ငါထင်တယ်။”
“ဟူး! သူဌေးကတော့ သူဌေးပါပဲ။ သူ့ကျွန်းပေါ်မှာ ဆိပ်ကမ်းတစ်ခုတောင် တည်ဆောက်ထားတယ်။”
“ငါအရင်ကပြောခဲ့တဲ့စကားကို ပြန်ရုပ်သိမ်းလိုက်ပြီ။ သူဌေးရဲ့ကျွန်းက အရမ်းကြီးတယ်။”
“ကြည့်ကြည့်...ဆိပ်ကမ်းနားမှာ!”
လူတိုင်းက ထိုလူညွှန်ပြတဲ့နေရာကို ကြည့်လိုက်သောအခ့ ထီးတန်းများ၊ ထိုင်ခုံတန်းများ အများကြီးရှိနေသည်ကို တွေ့လိုက်ကြရလေသည်။ ထိုနေရာ၏အနောက်ဘက်တွင် မျက်နှာကျက်မှ ကြမ်းပြင်အထိ ဖန်သားပြတင်းပေါက်များရှိသော အဆောက်အဦးတစ်ခုရှိပြီး ဖန်သားပြင်ကနေ တစ်ဆင့် ထိုအရာမှာဘားတစ်ခုဖြစ်ကြောင်း မြင်နိုင်ပေသည်။
“ဒါက အပန်းဖြေစခန်းတစ်ခုလား။”
“ဟုတ်သလိုပဲ။”
Xiao Yi ၏သင်္ဘောပေါ်မှ မပြန်ရသေးသော ချူရှန်းသည်လည်း သူတို့ရှေ့ရှိ အရာအားလုံးကို အံ့အားသင့်စွာဖြင့် ကြည့်ရှုနေခဲ့သည်။
“သူဌေး ဒါတကယ်ပဲ အပန်းဖြေစခန်းလား။”
ချူရှန်းက တံ့တွေးမျိုချရင်း မေးလိုက်သည်။ ရှောင်းယီက ခေါင်းညိမ့်ပြလိုက်၏။
“ဒါက အသေးစားအပန်းဖြေစခန်းလေးတစ်ခုပါပဲ။ ဘားထဲမှာ သောက်စရာတွေ အများကြီးမရှိသေးပေမယ့် ဖျော်ဖြေရေးပစ္စည်းကိရိယာတွေတော့ အစုံရှိတယ်။ အပန်းဖြေစခန်းထဲမှာ လှည့်လည်ကြည့်ရှုဖို့အတွက်ဆိုရင်တော့ အပိုကြေးလေးတွေရှိတယ်။ ဒါပေမယ့် ဒီအဆောက်အဦးက ပင်ပန်းနွမ်းနယ်မှုကို မြန်မြန်ဆန်ဆန်ပြန်ကောင်းစေပြီး စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်တဲ့ အပိုလက္ခဏာတစ်ခုလည်း ရှိသေးတယ်။”
“ငါ လုံးဝယုံကြည်သွားပြီ။”
ချူဖုန်း၏ မျက်လုံးထဲတွင်လည်း အံ့ဩထိန့်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“ဒါက ဘယ်လောက်ကုန်ကုန် ငါတို့သုံးမယ်။”
ချူရှန်း ချက်ချင်းပြောလိုက်၏။ ထိုစကားကိုကြားသောအခါ ရှောင်းယီ ပြုံးလိုက်သည်။
“ငါတို့ ပူးပေါင်းဆောင်ရွက်နေတာ ကြာနေပြီပဲ။ ငါ မင်းကို လျှော့ဈေးပေးမှာပါ။ စိတ်မပူပါနဲ့...အပန်းဖြေစခန်းရဲ့ကမ်းခြေမှာ မင်းတို့အတွင် ဘာဘီကျူးမီးဖိုတွေ ပြင်ဆင်ပေးထားတယ်။ ဘာဘီကျူးပွဲတော်တစ်ခုလောက်တော့ လုပ်လို့ရတယ်။”
“ဒါကိုတော့ မဖြစ်မနေလုပ်ရမှာပေါ့။ ဒါပေမယ့် သူဌေးဘက်မှာရော ကန့်သတ်ချက်တွေရှိသေးလား။”
ချူရှန်းက သတိထားပြီးမေးလိုက်သည်။
“သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ကျွန်းရဲ့အတွင်းပိုင်းကို မဝင်ပါနဲ့။ အခြားကန့်သတ်ချက်တွေ သိပ်မရှိပါဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“မင်းမသေချာဘူးဆိုရင် အချိန်မီဆက်သွယ်လို့ရတယ်။”
“ကောင်းပြီ...ကျေးဇူးတင်ပါတယ် သူဌေး။ ဒီနေ့ ကျွန်တော့်အတွက် အစားအစာ နည်းနည်းလောက် ထပ်ပြီးပြင်ဆင်ပေးဖို့ လိုကောင်းလိုလိမ့်မယ်။”
ချူရှန်းက ပြောလိုက်သည်။
“ပြဿနာမရှိပါဘူး။ မင်းမှာ အုတ်မြစ်ကျောက်တွေရှိနေသရွေ့ ငါ့ဆီမှာလည်း အစားအစာတွေရှိစေရမယ်။”
“ကောင်းပြီ!”
ချူရှန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူတို့စကားပြောနေစဉ်အတွင်း သင်္ဘောနှစ်စီးသည် ဆိပ်ကမ်းသို့ ဆက်တိုက်ဝင်ရောက်လာခဲ့ကြသည်။ သူတို့သည် ဆိပ်ကမ်းရှိ ဧရာမသင်္ဘောကြီးကို မြင်လိုက်ရသောအခါ ထပ်မံ၍ အံ့အားသင့်သွားခဲ့ကြလေသည်။