အခန်း (၃၅၂-၃၅၄)
Vol. 24 Ch. 352-354
အခန်း ၃၅၂
“သူဌေး ဒီသင်္ဘောကြီးကို ဘယ်တုန်းက ရခဲ့တာလဲ”
ချူရှန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“ဒေသခံတစ်ယောက်ဆီကနေ သိမ်းယူလိုက်တာ။ ထောက်ပံ့ပို့ဆောင်ရေးသေတ္တာထဲမှာ သင်္ဘောထုတ်လုပ်မှုပုံကြမ်းကိုမတွေ့ရတာ ကြာပြီ။”
ရှောင်းယီက ပြန်ပြောလိုက်သည်။ ချူဖုန်းက သူ့ကို လက်မထောင်ပြလိုက်၏။
“အရမ်းမိုက်တယ်! သူဌေး ကျွန်တော်တို့ပြန်ပြီး သူတို့ကို အရင်ညွှန်ကြားလိုက်ပါဦး။ ကမ်းခြေပေါ်ဆင်းပြီးရင် သူဌေးရဲ့အမိန့်ကို စောင့်နေပါ့မယ်။”
ရှောင်းယီ ခေါင်းညိမ့်ပြလိုက်သည်။
“ဒါဆိုရင် ကမ်းခြေက အပန်းဖြေစခန်းဝင်ပေါက်မှာ မင်းကိုစောင့်နေမယ်။”
“ကောင်းပါပြီ”
ချူရှန်းတို့နှစ်ယောက်သည် သူတို့သင်္ဘောဆီသို့ ပြန်သွားခဲ့ပြီး သင်္ဘောပေါ်ရှိ သင်္ဘောသားများသည်လည်း စိတ်လှုပ်ရှားစွာဖြင့် သူတို့ကို ကြည့်နေခဲ့ကြသည်။
“ငါတို့ သူဌေးရဲ့ကျွန်းကို ရောက်ပြီ။ ငါအရင်ကပြောခဲ့တဲ့စကားကို လူတိုင်းမှတ်မိစေချင်တယ်။ ဟိုဟိုဒီဒီမပြေးပါနဲ့။ နားလည်ပြီလား။”
ချူရှန်းက လူတိုင်းကိုကြည့်ကာ ပြောလိုက်၏။
“နားလည်ပါပြီ”
လူတိုင်းက အသံကျယ်ကျယ်ဖြင့် တုံ့ပြန်ကြသည်။
“မင်းတို့အားလုံး ကမ်းခြေက အပန်းဖြေစခန်းကို မြင်ပြီးပြီလို့ ငါထင်တယ်။ ငါတို့ဆင်းပြီးရင် အဓိကအားဖြင့် အပန်းဖြေစခန်းမှာနေမယ်။ လူတိုင်း ပျော်ပါးပြီးရင် ကုန်ကျစရိတ်အားလုံးကို ပြန်ပေးရမယ်။ ညနေပိုင်းမှာ အပန်းဖြေစခန်းမှာ ဘာဘီကျူးပွဲလုပ်မယ်။ လူတိုင်းလုပ်ရမယ်။ မလုပ်ရင် ညစာစားခွင့်မရှိဘူး။”
ချူရှန်းက ဆက်ပြောလိုက်သည်။ ချူရှန်း၏စကားကို ကြားရသောအခါ လူတိုင်း ပို၍စိတ်လှုပ်ရှားသွားကြသည်။
“အရမ်းကောင်းတယ်။ တကယ့်ကို အပန်းဖြေစခန်းပဲ။ ကလန်ခေါင်းဆောင် ဒေဝါလီခံတဲ့အထိတောင် ကစားပစ်ချင်သေးတယ်။”
“ဟားဟားဟား!!! မလုပ်တဲ့သူတွေက မစားရဘူး။ ဘယ်သူမလုပ်ဘူးလဲဆိုတာ ငါစောင့်ကြည့်ဦးမယ်။”
“အချိန်သတ်မှတ်ကြရအောင်။ ဥပမာ- နေ့လယ် ၂:၃၀ မှာစပြီး လူတိုင်းက ပါဝင်ပစ္စည်းတွေကို အတူတကွလုပ်ဆောင်ကြမယ်။”
“အိုင်ဒီယာကောင်းတယ်။ နေ့လယ် ၂:၃၀ မှာ ချိန်းကြရအောင်။ အတူတူကမ်းခြေကိုသွားပြီး ပါဝင်ပစ္စည်းတွေကို ကိုင်တွယ်ကြမယ်။”
ချူရှန်း ဆိုသည်။
“လူတိုင်း သင်္ဘောပေါ်ကဆင်းပြီးတာနဲ့ ကမ်းခြေပေါ်မှာပဲ အမိန့်ကိုစောင့်နေပါ။ လျှောက်မသွားနဲ့။”
“ဟုတ်ကဲ့”
ထို့နောက် လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ကမ်းခြေဆီသို့ လျှောက်သွားခဲ့ကြသည်။
ရက်သတ္တပတ် တစ်ဝက်ကျော်အောင် လှည့်လည်သွားလာပြီးနောက် နောက်ဆုံး၌ ယနေ့အချိန်တွင် ကမ်းခြေပေါ်သို့ ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။ ခြေဖဝါးအောက်ရှိ ကုန်းမြေကို ခံစားရသောအခါ သူတို့အားလုံး အလွန်ပျော်ရွှင်သွားခဲ့ကြ၏။ ချူရှန်းတို့ခြောက်ယောက်က သင်္ဘောပေါ်တွင် ရှိနေဆဲဖြစ်သည်။
“ငါတို့သင်္ဘောပေါ်မှာနေခဲ့ဖို့ တစ်ယောက်ယောက်ကို စီစဉ်ထားသင့်လား။”
ချူရှန်းက ဆို၏။ ချူဖုန်းက ခေါင်းခါကာ ပြတ်သားစွာ ပြောလိုက်သည်။
“မလိုအပ်ပါဘူး။ သူဌေးကသာ ငါတို့သင်္ဘောကို လိုချင်တယ်ဆိုရင် ငါတို့ ဘယ်လိုခုခံနိုင်မှာလဲ။ ဒါ့အပြင် သူဌေးရဲ့ဆိပ်ကမ်းမှာ သင်္ဘောဘယ်နှစ်စီးရှိလဲဆိုတာ ကြည့်လိုက်ဦး။ ငါတို့သင်္ဘောသေးသေးလေးကို သူဂရုစိုက်မှာလား။”
“ကောင်းပြီ အားလုံးပဲ ဆင်းပြီးအနားယူကြရအောင်”
ချူရှန်းက ပြောလိုက်သည်။
“ငါကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို နောက်ဆုံးအတစ်ခေါက်လောက်ကြည့်လိုက်ဦးမယ်။”
“အင်း ငါတို့မင်းကိုစောင့်နေမယ်။”
ချူဖုန်းက ပြန်ပြောလိုက်သည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!”
သင်္ဘောအတွင်းခန်းသို့ ပြန်ရောက်သော ချူရှန်း ရုတ်တရက်အော်ဟစ်လိုက်မိ၏။ ချူဖုန်းနှင့် အခြားသူများသည် ချက်ချင်းပင် အထဲသို့ပြေးဝင်လာခဲ့ကြသည်။
“ဘာဖြစ်တာလဲ?”
“ငါတို့သင်္ဘောကိုယ်ထည်က ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေပြီ။ သေးငယ်တဲ့ပျက်စီးမှုနဲ့ ပွန်းပဲ့မှုတွေကို ငါးနာရီအတွင်း မူလအတိုင်းပြန်ဖြစ်အောင် ပြုပြင်ပေးနိုင်တယ်။”
ချူရှန်းက ပြူးကျယ်နေသောမျက်လုံးများဖြင့် ပြောလိုက်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ သူတို့၏သင်္ဘောများ၏ အခြေအနေကို ကြည့်ရှုရင်း အခြားသူများသည်လည်း တူညီစွာပင် အံ့အားသင့်သွားခဲ့ကြသည်။
“ခုနကသူဌေးက အပန်းဖြေစခန်းက ပင်ပန်းနွမ်းနယ်မှုကို အမြန်ဆုံးပြန်ကောင်းစေပြီး စိုးရိမ်ပူပန်မှုကို သက်သာစေနိုင်တယ်လို့ပြောတာကို ငါကြားတယ်။ ငါက ကြော်ငြာအတွက် စကားလုံးတွေပြောနေတယ်လို့ထင်ထားခဲ့တာ။ အခုကြည့်ရတော့ တချို့အဆောက်အအုံတွေမှာလည်း အပိုအထူးသက်ရောက်မှုတွေရှိနေတဲ့ပုံပဲ...”
ချူဖုန်းက နက်ရှိုင်းသည့်လေသံဖြင့် ပြောလိုက်သည်။
“ဒါပေမယ့် အရင်က ကျွန်းတွေပေါ်မှာ အဆောက်အအုံတချို့ကို တည်ဆောက်ခဲ့ပေမယ့် ဒီလိုအထူးသက်ရောက်မှုမျိုးကိုတော့ မတွေ့ခဲ့ဖူးဘူးမဟုတ်လား။”
တစ်စုံတစ်ဦးက မေးခွန်းထုတ်လိုက်၏။
“ဒါကဘာလို့လဲဆိုတော့ ငါတို့အဆောက်အအုံတွေက သာမန်အဆောက်အအုံတွေမို့လို့ပဲ”
ချူရှန်း ပြန်ဖြေလိုက်သည်။
“ဆိုလိုတာက သူဌေးရဲ့ ဒီမှာရှိတဲ့ အဆောက်အအုံတွေအားလုံးက အဆင့်တွေရှိတယ်လို့လား”
ထိုလူက အံ့အားသင့်သွားခဲ့သည်။
ချူဖုန်းနှင့် ချူရှန်းတို့ အတူတကွ ခေါင်းညိမ့်လိုက်ကြသည်။
“ကောင်းပြ၊ အံ့အားသင့်မနေကြနဲ့တော့။ သူဌေးရဲ့ကျွန်းက အခြားသူတွေနဲ့ ဘယ်လိုတူနေနိုင်မှာလဲ။”
ချူရှန်းက ဆိုသည်။
“ဆင်းကြရအောင်။ ဒီအုတ်မြစ်ကျောက် ၁၀ ခုက တကယ်ထိုက်တန်တယ်လို့ ငါခံစားရတယ်။”
အခြားသူများလည်း ခေါင်းညိမ့်လိုက်ကြသည်။
အုတ်မြစ်ကျောက် ၁၀ ခုဖြင့် သူဌေး၏ကျွန်းပေါ်သို့ တက်ရောက်နိုင်သည့်အပြင် မိမိသင်္ဘော၏ ပွန်းပဲ့ထိခိုက်မှုများကို ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်စေပြီး မိမိသင်္ဘော၏ ဝန်ဆောင်မှုသက်တမ်းကိုလည်း ရှည်ကြာစေနိုင်သည်။
ယခုအချိန်တွင် အပန်းဖြေစခန်းကို သွားရောက်လေ့လာနိုင်ဆဲဖြစ်ပြီး အပန်းဖြေစခန်းသုံးစွဲမှုအတွက် အပိုကြေးပေးရမည်ဆိုသော်လည်း ထိုက်တန်ပေသည်။
ချူရှန်းနှင့် အဖွဲ့သားများ သင်္ဘောမှဆင်းသွားပြီးနောက် အခြားသူများသည် ဆိပ်ကမ်းနားရှိ အပန်းဖြေစခန်းဝင်ပေါက်တွင် စောင့်ဆိုင်းနေကြပြီဖြစ်သည်။ သူတို့အားလုံးသည် အပန်းဖြေစခန်းအတွင်းသို့ အံ့အားသင့်စွာဖြင့် ကြည့်ရှုနေခဲ့ကြသည်။
ချူရှန်းတို့အဖွဲ့ လာနေသည်ကို မြင်သောအခါ ရှောင်းယီကပြောလိုက်သည်။
“ဒီကျွန်းပေါ်က ဒေသခံတချို့က ငါ့ရဲ့လက်အောက်ငယ်သားတွေပဲ။ သူတို့နဲ့တွေ့တဲ့အခါ ပဋိပက္ခမဖြစ်ပါစေနဲ့။”
လူတိုင်းက သဘောတူညီလိုက်ကြသည်။
“ကျွန်းရဲ့အတွင်းပိုင်းကို ဘယ်သူမှ ဝင်ခွင့်မရှိဘူး။ လောလောဆယ်အတွက် လူတိုင်း မီတာ ၁၀၀ ပတ်လည်အတွင်းမှာပဲ သွားလာလှုပ်ရှားနိုင်တယ်။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“သားရိုင်းတိရစ္ဆာန်တွေနဲ့ ရင်ဆိုင်ရရင် အမဲလိုက်လို့ရပေမယ့် ကိုယ့်စွမ်းရည်အတွင်းမှာပဲ လုပ်ဆောင်ရမယ်။ ကျွန်းပေါ်မှာ အဆင့်မြင့်သားကောင်တွေ အများကြီးရှိတယ်။”
“နားလည်ပါပြီ!”
လူတိုင်းက တုံ့ပြန်လိုက်ကြ၏။
“ဒီအပန်းဖြေစခန်းရဲ့ စားသုံးမှုစျေးနှုန်းတွေနဲ့ပတ်သက်ရင် လူတိုင်းက ဦးလေးအန်းယွဲ့နဲ့ ဆက်သွယ်ပြောဆိုလို့ရပါတယ်။ သူ့ကို မစ္စတာအန်းလို့ခေါ်လို့ရတယ်။”
ရှောင်းယီက အန်းယွဲ့ကိုညွှန်ပြပြီး ပြောလိုက်သည်။
“ကောင်းပြီ။”
ချူရှန်းက ခေါင်းညိမ့်လိုက်သည်။
“ကောင်းပြီ။ မင်းတို့အရင်ဝင်သွားပြီး အထဲက ပစ္စည်းကိရိယာတွေကို ကြည့်လိုက်ပါဦး။ ကစားချင်ရင် မစ္စတာအန်းနဲ့ပြောလိုက်ပါ။ ဒူခန်းက ဘားကို အဓိကတာဝန်ယူထားတယ်။ အခုဆိုရင် မပြည့်စုံသေးတဲ့ ဘီယာပဲရှိသေးတယ်။ ဒါပေမယ့် အဲ့ဒါ C-အဆင့် ဖြစ်ပြီး သစ်သီးဝိုင်တချို့ရှိသေးတယ်။ မင်းတို့သွားပြီး အရသာစမ်းကြည့်လို့ရတယ်။”
ရှောင်းယီက ပြောသည်။
“တစ်ခုခုလိုအပ်ရင် သူတို့ဆီကနေတစ်ဆင့် ငါ့ကိုရှာနိုင်တယ်။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး!”
ချူရှန်းက ပြန်ဖြေလိုက်သည်။ ရှောင်းယီက အမှုမထားဟန်ဖြင့် လက်ကိုဝှေ့ယမ်းလိုက်ကာ ဗီလာဆီသို့ ပြန်လျှောက်သွားခဲ့သည်။ နံနက်စာစားချိန်ရောက်နေပြီသည်။
ကျူချန်းကလန်သားများ ရောက်ရှိလာမည်ကို သိထားသောကြောင့် ရှောင်းယီက ကြိုတင်အသိပေးထားပြီး ယခုအခါ အန်းရန်တို့သည် ဒေသခံအမျိုးသမီးများကို ခေါ်ဆောင်ကာ ပါဝင်ပစ္စည်းများကို အကြမ်းဖျင်း ပြုပြင်နေကြလေသည်။
၎င်းတို့အနက်မှ အများအပြားကို ကျူးချနခးကလန်သို့ ရောင်းချရန် ရည်ရွယ်ထားသည်။ ဟုတ်ပါသည်၊ အများစုက သာမန်အစားအစာတွေပင်။
ရှောင်းယဌ ထွက်ခွာသွားပြီးနောက် ချူရှန်းသည် အန်းယွဲ့ကို ချက်ချင်းပင် ရှာဖွေလိုက်သည်။
“မစ္စတာအန်း အခု အစားအစာအနည်းငယ်လောက် ရနိုင်မလားလို့ ကြည့်ပေးပါဦး။ ကျုပ်တို့နံနက်စာတောင် မစားရသေးဘူး။ ခဏနေလို့ သူတို့အရက်သောက်ပြီးရင် ဗိုက်နာနေလိမ့်မယ်။”
ချူဖုန်းက ပြုံးကာ ပြောလိုက်သည်။ အန်းယွဲ့က ခေါင်းညိမ့်ကာ ပြန်ပြောလိုက်၏။
“ကျုပ်တို့ကျွန်းမှာ အခုမှရိတ်သိမ်းထားတဲ့ ပေါင်မုန့်သီးကို စမ်းကြည့်ချင်လား။”
“ဒါက သစ်ပင်ပေါ်မှာကြီးထွားပြီး ကင်လိုက်ရင် ပေါင်မုန့်ဖြစ်သွားတဲ့ အသီးမျိုးလား။”
ချူရှန်းက အံ့အားသင့်စွာမေးလိုက်၏။
“မင်းဒီဟာကိုသိနေမယ်လို့ ငါမျှော်လင့်မထားဘူး။”
အန်းယွဲ့သည်လည်း အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
“ဟုတ်တယ် အဲ့ဒါပဲ!”
“အရင်ဆုံး နှစ်ခုယူမယ်”
ချူရှန်းက ဆိုသည်။
“ဒါက သူဌေးနဲ့ကျွန်တော် ရောင်းဝယ်ဖောက်ကားတာ ပထမဆုံးအကြိမ်မဟုတ်ဘူး။ ဒီနေ့ ဒီမှာရှိတဲ့ပစ္စည်းတွေနဲ့ သူတို့ကိုကစားခွင့်ပေးလိုက်ပါ၊။ ပြီးရင်မှ အတူတူစာရင်းရှင်းလုပ်လို့ရပါတယ်။”
“အရင်ဆုံးစျေးနှုန်းကို မစစ်ဆေးတော့ဘူးလား။”
အန်းယွဲ့ ရယ်မောကာဖြင့် မေးလိုက်သည်။
“ငါမင်းကိုသတ်လိုက်မှာကို မကြောက်ဘူးလား။”
“မကြောက်ပါဘူး။ အစ်ကိုကြီးရဲ့အဖွဲ့က အစ်ကိုကြီးနဲ့တူရမယ်။ အကျင့်စရိုက်က လုံးဝခိုင်မာတယ်။”
ချူရှန်းက ပြန်ပြောလိုက်သည်။
“ကောင်းပြီ။ အားလုံးကို အရင်မှတ်တမ်းတင်ထားလိုက်ပါ့မယ်။ အားလုံးပြီးလို့ ပြန်ထွက်ခွာတဲ့အခါမှ စာရင်းရှင်းကြတာပေါ့။”
အန်းယွဲ့က ပြန်ပြောလိုက်၏။
တကယ်တမ်းတွင် ထိုသို့ပြုလုပ်လျှင်လည်း အဆင်ပြေပေသည်။ ဤနည်းဖြင့် စာရင်းကိုင်ခြင်းသည် ပိုမိုရှုပ်ထွေးသော်လည်း ဒါက အန်းယွဲ့ကို ဒုက္ခရောက်စေမည်မဟုတ်ပေ။
ရှောင်းယီ၏ ကျွန်းပေါ်တွင် စက္ကူဖြူများနှင့် ခဲတံများရှိသည်။ ဇယားကွက်တစ်ခုရေးဆွဲရုံဖြင့် ရပြီဖြစ်သည်။
အန်းယွဲ့သည် ပေါင်မုန့်သီးများအား သယ်ယူပို့ဆောင်ရန် အမိန့်ပေးလိုက်သည်။ ခဏအကြာတွင် ဒေသခံနှစ်ဦးသည် ပေါင်မုန့်သီးများဖြင့် ပြည့်နေသော လှည်တစ်စီးကို တွန်းကာဆွဲကာဖြင့် ရောက်ရှိလာခဲ့ကြသည်။
ကမ်းခြေပေါ်တွင် မီးဖိုပြီးနောက် ပေါင်မုန့်သီးကို အလျင်အမြန် ကင်လိုက်ပြီးနောက် ပေါင်မုန့်ရနံ့များ ပွင့်ထွက်လာခဲ့လေသည်။
“ဒါဘာလဲ ပေါင်မုန့်နံ့လား။”
“ဒါက ဒဏ္ဍာရီလာ ပေါင်မုန့်ပင်ရဲ့ အသီးပဲဖြစ်ရမယ်။”
“ပေါင်မုန့်ကို သစ်ပင်ပေါ်မှာလည်း စိုက်လို့ရသေးတယ်ပေါ့။ ကျေးဇူးပြီး ငါရဲ့ အသိပညာနည်းတာကို ခွင့်လွှတ်ကြပါ။”
“ဒီလိုအပင်မျိုးသာရှိရင် ငတ်မွတ်ခေါင်းပါးမှုကို စိုးရိမ်စရာမလိုတော့ဘူးမဟုတ်လား။”
“သူဌေးက ဒီပြဿနာကို ဘယ်တုန်းကမှ စိုးရိမ်မနေဘူးကွ။”
လူတိုင်း ရယ်မောလိုက်ကြသည်။
အခန်း ၃၅၃
လူတိုင်း ပေါင်မုန့်သီးအနည်းငယ်စားပြီးသည်နှင့် ချက်ချင်းပင် ဘားနှင့် အခြားဖျော်ဖြေရေးနေရာများဆီ ပြေးသွားခဲ့ကြသည်။
အမျိုးသားများမှာမူ အခြေခံအားဖြင့် ဘားသို့သွားပြီး ဘီယာတစ်ခွက်တော့ သောက်ကြရမည်ဖြစ်သည်။ လက်ရှိဘီယာသည် မပြည့်စုံသေးသော်လည်း ဘီယာကို မမြင်ခဲ့ရသည်မှာ တစ်လကျော်ကြာဖြစ်သောကြောင့် သောက်၍ရသည်ကိုပင် အလွန်ကျေနပ်နေပြီဖြစ်သည်။
“သူဌေးကျွန်းမှာပဲ ဘဝဟောင်းကို ပြန်ပြီးတွေ့ကြုံခံစားနိုင်တယ်ယ”
“ဒီလိုအန္တရာယ်များတဲ့ကမ္ဘာကြီးမှာ ဒီလိုသုခဘုံမျိုးရှိတယ်ဆိုတဲ့ ခံစားချက်က တကယ်ကိုမယုံနိုင်စရာပဲ။”
“တကယ်ပဲ ဒီမှာတစ်သက်လုံးနေချင်တယ်။”
“ဒါတော့ မဖြစ်နိုင်ဘူး။ ကလန်ခေါင်းဆောင်ရဲ့အိတ်ထဲမှာ အုတ်မြစ်ကျောက်တွေက အကန့်အသတ်ရှိတယ်။”
“ဟားဟားဟား!!! ရယ်စရာပြောတာပါကွာ။”
သင်္ဘောပေါ်ရှိ အမျိုးသမီးများသည် ကစားကွင်း၊ KTV အစရှိသည်ဖြင့် ဝင်ရောက်သွားကြသည်။ အန်းယွဲ့သည် သူတစ်ယောက်တည်းဖြင့် မကြည့်နိုင်တော့သောကြောင့် ဒေသခံအနည်းငယ်ကို ခေါ်ပြီး ကြည့်ရှုစေခဲ့သည်။
အန်းယွဲ့က ဌာနေတိုင်းရင်းသားများနှင့် အတားအဆီးမရှိ ဆက်သွယ်ပြောဆိုနေသည်ကို မြင်ရသောအခါ ချူရှန်း တုန်လှုပ်သွားခဲ့မိသည်။
“ဦးလေးအန်း ခင်ဗျားသူတို့ကို ကျုပ်တို့ဘာသာစကားကို ဘယ်လိုသင်ပေးခဲ့တာလဲ။”
ချူရှန်းက အံ့အားသင့်စွာမေးမြန်းလိုက်သည်။ အန်းယွဲ့က လျှို့ဝှက်ဆန်းကြယ်စွာပြုံးလိုက်၏။
“မင်းဒါကိုတော့ ရှောင်းယီကိုမေးရမယ်။ သူသာမရှိရင် ငါတို့လည်းဆက်သွယ်ပြောဆိုနိုင်မှာမဟုတ်ဘူး။”
ချူရှန်း ခေါင်းညိမ့်လိုက်ကာ နက်နက်ရှိုင်းရှိုင်း စတင်စဉ်းစားလိုက်သည်။
ကျူချန်းကလန်သားများ ပျော်ပွဲဆင်နွှဲနေစဉ်တွင် မနေ့က ဖမ်းဆီးခံခဲ့ရသော ဖူရှီနှင့် အခြားဒေသခံများသည် ရှားဘာသာစကားကို စိတ်အားထက်သန်စွာဖြင့် စတင်သင်ယူနေခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ဒေသခံအချို့သည် ယွမ်နွန်နောက်သို့လိုက်ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးအကြောင်း လေ့လာခဲ့ကြသည်။
လီယန်နှင့် လုပင်းအာတို့သည်လည်း ညအချိန်တွင် အဝတ်အစားအချို့ကို လျင်မြန်စွာပြုလုပ်ခဲ့ပြီး နံနက်စာစားပြီးနောက် လီနင်ဖြင့် ရေကူးဝတ်စုံနှင့် ဘောင်းဘီတိုများကို ပြုလုပ်ခဲ့ကြသည်။
အလုပ်အားလုံး မနက် ၁၀ နာရီခန့်တွင် ပြီးစီးခဲ့ပြီး လီယန်တို့အဖွဲ့သားများသည် ထိုပစ္စည်းများကို အပန်းဖြေစခန်း၏ ကမ်းခြေအနီးရှိ ခန်းမတွင် တိုက်ရိုက်ပင် ထားရှိခဲ့ကြသည်။
ချူရှန်းသည် လီယန်တို့ ပြသထားသော ရေကူးဝတ်စုံများနှင့် ဘောင်းဘီတိုများကို မြင်သောအခါ အံ့အားသင့်စွာ ပြောလိုက်ကြ၏။
“ငါတို့ကျွန်းရဲ့အစွန်းကလည်း အောင်ခြေမရှိဘူး။ ရေမကူးတတ်တဲ့သူတွေက ရေတင်းမကူးရဲကြဘူး။ ခင်ဗျားတို့ရဲ့ရေကူးဝတ်စုံနဲ့ ဘောင်းဘီတိုတွေက အသုံးမဝင်ဘူး။”
အန်းယွဲ့ ပြုံးကာ ပြောလိုက်သည်။
“မင်းကမ်းခြေကိုသွားပြီးပြီလား။ ကမ်းခြေကလည်း အပန်းဖြေစခန်းတည်ဆောက်မှုရဲ့အစိတ်အပိုင်းပဲ။ မီတာ ၃၀ အတွင်းက ရေတိမ်ပြီး နောက်ပိုင်းမှာ ရေနက်ဧရိယာရှိတယ်။”
ချူရှန်း ရုတ်တရက်နားလည်သွားခဲ့သည်။ အပန်းဖြေစခန်း၏ကမ်းခြေသည် အပြင်ဘက်ကမ်းခြေထက် ပိုမိုခေါက်ဝင်နေသည်ဟု သူခံစားမိခဲ့သည်။ အစတွင် ရှောင်းယီက ကျွန်းပုံစံကို ဤကဲ့သို့ဒီဇိုင်းဆွဲထားသည်ဟုသာ ထင်ထားခဲ့ခြင်းဖြစ်သည်။
ကျွန်းကိုတိုးချဲ့ရန် အုတ်မြစ်ကျောက်များကို အသုံးပြနေရသောကြောင့် ကျွန်း၏ပုံစံသည် လုံးဝကိုကိုယ်ပိုင်နယ်မြေဖြစ်ပြီး နောက်ဆုံးစကားကိုမူ မိမိကိုယ်တိုင်သာ ပြောရမည်ဖြစ်သည်။
မင်းလိုချင်တဲ့ပုံစံအတိုင်း တိုးချဲ့လို့ရတယ်။
“ဒီလိုဆိုရင် အနီးအနားက အုတ်မြစ်ကျောက်ကို တိုက်ခိုက်နေတဲ့ ပင်လယ်သတ္တဝါတွေကိုကျ ဘယ်လိုကိုင်တွယ်မလဲ။ ပင်လယ်သတ္တဝါတွေက ရေတိမ်ပိုင်းထဲကို ဝင်ရောက်လာရင်ကော။ အရမ်းအန္တရာယ်များတယ်မဟုတ်ဘူးလား။”
ချူရှန်းက ရုတ်တရက် အခြားမေးခွန်းတစ်ခုကို စဉ်းစားမိသွားခဲ့ပြီး မေးလိုက်သည်။ ထိုမေးခွန်းကိုကြားသောအခါ အန်းယွဲ့က လျှို့ဝှက်ဆန်းကြယ်စွာပြုံးလိုက်ပြီး ပင်လယ်ကိုကြည့်ကာ ပြောလိုက်သည်။
“ဘေးကင်းရေးကိစ္စကို စိတ်ချထားလို့ရပါတယ်။”
ထိုစဉ် ရုတ်တရက်ပင် အန်းယွဲ့၏မျက်နှာအရောင်ပြောင်းသွားပြီး ဝေါ်ကီတော်ကီကိုကောက်ယူကာ ချက်ချင်းပင် ရှောင်းယီကို ဆက်သွယ်လိုက်သည်။
“ရှောင်းယီ သင်္ဘောတစ်စီးလာနေတယ်။”
ပင်လယ်ပြင်ပေါ်တွင် သင်္ဘောတစ်စီးသည် ၎င်းတို့ဘက်သို့ ဦးတည်လာနေသည်ကို သူမြင်လိုက်ရသည်။
“အစ်ကိုကျန်းက ခုနကပဲ ကျွန်တော့်ကို အသိပေးပြီးပြီ။ ကျွန်တော် ကမ်းခြေကို ရောက်နေပြီ။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
မကြာမီ ရှောင်းယီသည် အပန်းဖြေစခန်း၏ကမ်းခြေသို့ရောက်ရှိလာပြီး ပင်လယ်ပြင်ပေါ်ရှိ ရွက်သင်္ဘောများသည်လည်း ပိုမိုရှင်းလင်းလာခဲ့သည်။
ရှောင်းယီသည် ထီးတန်းနှင့် ထိုင်ခုံအလွတ်တစ်ခုကို ရှာဖွေကာ ထိုအပေါ်တွင် တိုက်ရိုက်လဲချလိုက်ပြီး ချဉ်းကပ်လာသော ရွက်သင်္ဘောကို မျက်ဝန်းထောင့်မှ ကြည့်နေခဲ့သည်။ ထိုစဉ် ကျန်းယွင်ထျန်းသည်လည်း သူ့နားသို့ ရောက်ရှိလာခဲ့သည်။
“ရေဒါပုံရိပ်အရ အသက်ရှင်ကျန်ရစ်သူတစ်ဦးရဲ့သင်္ဘောဖြစ်သင့်တယ်။”
ရှောင်းယီက ခေါင်းညိမ့်လိုက်သည်။
“ငါမှာရှိတဲ့ လမ်းကြောင်းလား ဒါမှမဟုတ် အခြားလမ်းကြောင်းတစ်ခုလားဆိုတာ ငါမသိဘူး။”
“ငါသွားပြီး သူ့ကိုမောင်းထုတ်လိုက်ရမလား။”
ကျန်းယွင်ချန်းက မေးလိုက်သည်။
“သူတို့ကို ပိုပြီး နီးကပ်လာခွင့်ပေးလိုက်ပါ။ ပြီးရင် ကမ်းခြေကနေ အော်ပြောလိုက်။”
ရှောင်းယီက စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“ကောင်းပြီ”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်၏။
ထိုစဉ် ချူရှန်းသည်လည်း သူတို့ဘေးနားသို့ ရောက်လာခဲ့သည်။
“သူဌေး အကူအညီလိုသေးလား။”
“ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မလိုအပ်ပါဘူး။ မင်းတို့ စိတ်ကြိုက်ကစားလို့ရပါတယ်။”
ရှောင်းယီက ပြုံးကာပြောလိုက်သည်။ ချူရှန်းက ခေါင်းညိမ့်ပြီး ဘေးတဖက်သို့ သွားလိုက်သည်။ သူသည် ကစားရန် မသွားခဲ့ပေ။ ရှောင်းယီကဲ့သို့ပင် ထိုင်ခုံတစ်လုံးကိုရွေးချယ်ကာ ထိုင်လိုက်၏။
အဝေးရှိ ရွက်သင်္ဘောပေါ်တွင်ရှိနေသော လူများသည်လည်း ဤကျွန်းကို ကြည့်ရှုနေခဲ့ကြသည်။
“ကပ္ပတိန်။ ဒါက ဒေသခံကျွန်းတစ်ခုဖြစ်သင့်တယ်။”
မျက်ခုံးများကားထွက်နေသော လူတစ်ဦးက ပြောလိုက်သည်။
ကပ္ပတိန်ဟုခေါ်သောလူသည် အရပ်မြင့်ပြီး အရေပြားထူထဲကာ အလွန်အမင်း သန်မာပေသည်။ သူသည် ရှောင်းယီ၏ကျွန်းကို ခဏကြည့်ပြီးနောက် ပြန်ဖြေလိုက်၏။
“ဟုတ်လောက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါတို့အသက်ရှင်ကျန်ရစ်သူတွေရဲ့ကျွန်းပေါ်မှာ တောင်တွေမရှိသင့်ဘူး။ ဒါပေမယ့် ဒါက ယုတ္တိမရှိဘူး။”
“ယုတ္တိမရှိဘူးလား”
မျက်ခုံးများ ကားထွက်နေသောသူက မေးလိုက်သည်။
“ဘာကိုဆိုလိုတာလဲ။”
ကပ္ပတိန်က သူ့ကိုကြည့်လိုက်၏။
“အရင်က ငါတို့ရဲ့ ရှားနိုင်ငံကို တားမြစ်ချက်တစ်ခုနဲ့ လွှမ်းခြုံထားခဲ့တယ်။ ဒီနားမြစ်ချက်က ငါတို့ကို ပြင်ပက ဒေသခံတွေနဲ့ ခွဲထားခဲ့နာပဲ။ အခုအတားအဆီးပျောက်ကွယ်သွားပေမယ့် ငါတို့က ဆက်ရှိနေသင့်တယ်။ ဒီတားမြစ်ချက်အတွင်းမှာ ဒေသခံကျွန်းတွေပေါ်လာနိုင်တယ်လို့ မင်းထင်လား။”
သူက မျှော်လင့်ချက်မဲ့စွာ ပြန်ဖြေလိုက်သည်။ မျက်ခုံးများကားထွက်နေသူက ရုတ်တရက်နားလည်သွား၏။
“ကပ္ပတိန်က ဂရုစိုက်စဥ်းစားနေတုန်းပဲ။ ဆိုလိုတာက ဒါက အသက်ရှင်ကျန်ရစ်သူတစ်ယောက်ရဲ့ကျွန်းဖြစ်နိုင်တယ်ပေါ့။”
ကပ္ပတိန်ခေါင်းညိမ့်ပြလိုက်သည်။
“တောင်တစ်တောင်ရှိရင် အထူးထုတ်ကုန်တွေလညါး ရှိသင့်တယ်။ သူနဲ့ ရင်ဆိုင်ကြတာပေါ့။ ငါရေးဆွဲထားတဲ့ မြေပုံလမ်းကြောင်းကို မဖြုန်းတီးပစ်နိုင်ဘူး။”
“ကောင်းပြီ။ ညီအစ်ကိုတွေကို အဆင်သင့်ဖြစ်အောင် ပြောထားလိုက်ပါ့မယါး်။”
မျက်ခုံးများကားထွက်နေသူက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
ကျွန်းနှင့် ၅ ကီလိုမီတာ အကွာအဝေးအတွင်း ရောက်ရှိသောအခါ ကမ်းခြေရှိ အဆောက်အအုံများကို အခြေခံအားဖြင့် မြင်နိုင်လာခဲ့သည်။
“သောက်ကျိုးနည်း! ဘာတွေဖြစ်နေတာလဲ။ သူတို့မှာ အထပ်မြင့်အဆောက်အအုံတွေ အများကြီးရှိနေတယ်။!”
သင်္ဘောပေါ်က လူတိုင်း တုန်လှုပ်သွားခဲ့ကြသည်။
“ကပ္ပတိန်။ ဒီကျွန်းပေါ်က အဆောက်အအုံတွေက ဘာလို့ဒီလောက်တောင် ဇိမ်ကျနေရတာလဲ။”
မျက်ခုံးများကားထွက်နေသောသူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
“ငါဘယ်လိုသိမှာလဲ။ ဒါပေမယ့် ငါ ဒါကိုမြင်လိုက်တဲ့အချိန်ကတည်းက ဒါကငါ့ဟာပဲ။”
ကပ္ပတိန်က ရယ်မောလိုက်၏။ ထိုအခါ မျက်ခုံးများကားထွက်နေသောသူက အလျင်အမြန်ပြောလိုက်သည်။
“အဆောက်အအုံတွေက ဒီလောက်ဇိမ်ကျနေတာဆိုတော့ ကျွန်းပေါ်က ရှင်ကျန်သူတွေက အရမ်းအားကောင်းနိုင်တယ်မဟုတ်လား။”
ကပ္ပတိန်သည် ခဏလောက်တိတ်ဆိတ်သွားပြီးနောက် စဉ်းစားကာပြောလိုက်၏။
“ဂန်း! ငါ C-အဆင့် အစားအစာတွေကို တစ်လကြာအောင်စားလာခဲ့တာ။ ငါ့ကိုတားဆီးနိုင်တဲ့သူတွေ အများကြီးမရှိသင့်ဘူး။ သာမန်လူတွေကို ကြည့်ရှုဖို့ပဲ ငါ့ကိုကူညီပေး။”
“ဟုတ်ကဲ့”
သူတို့ကပ္ပတိန်၏ စွမ်းအားပြင်းထန်မှုကို တွေးမိသောအခါ မျက်ခုံးများကားထွက်နေသောသူက ချက်ချင်းပင် တုံ့ပြန်လိုက်၏။
သူတို့ကျွန်းနှင့်ပိုနီးကပ်လာသောအခါ လူအချို့ ကမ်းခြေပေါ်ရှိ ထိုင်ခုံမျပေါ်တွင် သက်တောင့်သက်သာရှိစွာဖြင့် လဲလျောင်းနေသည်ကို မြင်လိုက်ကြရလေသည်။
ထိုအခါ ကျန်းယွင်ထျန်းက စတင်၍ အော်ပြောလိုက်၏။
“မင်းတို့င ါတို့ကျွန်းရဲ့နယ်နိမိတ်ထဲကို ရောက်နေပြီ။ အခုချက်ချင်းထွက်သွားကြ! မဟုတ်ရင် ငါတို့အင်အားသုံးပြီးမောင်းထုတ်ရလိမ့်မယ်။”
ဖျော်ဖြေရေးနှင့် အနားယူရန် ကြိုးစားနေသော အခြားအသက်ရှင်ကျန်ရစ်သူများသည် အခန်းထဲတွင်ရှိနေသောကြောင့် ကမ်းခြေပေါ်တွင် လူလေး၊ငါးယောက်ကိုသာ မြင်တွေ့နိုင်ပေသည်။
ကပ္ပတိန်သည် သူ၏သွားများကိုကြိတ်ခဲကာ ပြောလိုက်၏။
“အရှိန်အပြည့်နဲ့သွား!”
သင်္ဘောအောက်ခြေရှိ စွမ်းအင်ခန်းမရှိ လူများသည်လည်း ချက်ချင်းပင် ပရိုပဲလာ(propeller)ကို အားအပြည့်ဖြင့် နင်းကာ သင်္ဘောကို ကမ်းခြေဆီသို့ အမြန်မောင်းနှင်လိုက်ကြသည်။
“ရှောင်းယီ သူတို့က ငါပြောတာတာကို လုံးဝနားမထောင်ဘူးနဲ့တူတယ်။”
ကျန်းယွင်ထျန်းက မျှော်လင့်ချက်မဲ့စွာပြောလိုက်သည်။
“ဒါဆိုရင် သူတို့ကို လာခွင့်ပေးလိုက်ပါ။”
ရှောင်းယီက အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်၏။ ထိုအခါ ဘေးနားတွင်ရှိနေက ချူရှန်းသည် ထိုင်မနေနိုင်တော့ဘဲ အလျင်အမြန်ပြောလိုက်သည်။
“သင်္ဘောပေါ်မှာ လူတွေအများကြီးရှိတယ်။ သူဆင်းလာရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ကြရအောင်။”
ရှောင်းယီ၊ ကျန်းယွင်ထျန်း၊ အန်းယွဲ့နှင့် အခြားသူများသည် လှုပ်ရှားရန်ပင် ရည်ရွယ်ချက်မရှိကြဘဲ သက်တောင့်သက်သာပင် ထိုင်နေကြသည်။ အရေးအကြီးဆုံးမှာ သူတို့လက်ထဲတွင် လက်နက်ပင် မရှိခြင်းဖြစ်သည်။
“မစိုးရိမ်ပါနဲ့။ မင်းက ကမ်းခြေကိုဆင်းပြီး အနားယူဖို့လာခဲ့တာပဲ။ ရှိုးပွဲကိုပဲ စောင့်ကြည့်နေလိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ ငါတို့လည်း တစ်နေ့လောက်တော့ အနားယူပြီး ရှိုးပွဲကြည့်ရမယ်။”
အခန်း ၃၅၄
ချူရှန်းသည် စိုးရိမ်နေသော်လည်း နောက်ဆုံးတွင် သူဌေး၏ဂုဏ်သတင်းကို ယုံကြည်မှုဖြင့် ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်သည်။
သင်္ဘောသည်လည်း ပိုမိုကာ နီးကပ်လာခဲ့သည်။ ၎င်းတို့ ကျွန်းမှ မီတာ ၅၀၀ ခန့်အကွာတွင် ဘမ်းခနဲ ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရပြီး အပြာရောင်အရိပ်တစ်ခုသည် သင်္ဘော၏ဦးပိုင်းကို ရိုက်ချလိုက်သည်။
“ခရက်!”
သင်္ဘော၏ဦးပိုင်းသည် ချက်ချင်းပင် ပဲ့ထွက်သွားပြီး ကျိုးသွားခဲ့သည်။ ရှေ့သို့ရွေ့လျားလာသောအရှိန်သည်လည်း ရုတ်တရက်ရပ်တန့်သွားခဲ့လေသည်။
သင်္ဘောပေါ်တွင်ရပ်နေသောလူများသည် လွှင့်ပစ်ချင်းခံလိုက်ရလုနီးပါး ဖြစ်သွားခဲ့ပြီး ထိတ်လန့်တုန်လှုပ်သွားကြကာ သူတို့ဘေးရှိ မကျိုးပဲ့သော လက်ရန်းကို ဆုပ်ကိုင်ထားလိုက်ကြရသည်။ ထိုစဥ်ကပ္ပတိန်သည် ပင်လယ်ထဲကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်ရှုနေပြီး ချွေးအေးများ ထွက်နေခဲ့သည်။
“ခုနကဘာတွေဖြစ်တာလဲ။”
မျက်ခုံးများကားထွက်နေသောသူက ထိတ်လန့်တုန်လှုပ်သောအသံဖြင့် ပြောလိုက်သည်။ ကပ္ပတိန်က ခေါင်းခါလိုက်၏။ သူ ထိုအရာကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။ သူ၏သင်္ဘောတစ်ဝက် ပျက်စီးသွားသည်ကိုသာ မြင်ခဲ့ရသည်။
“ချက်ချင်း ပြန်ပြင်ကြ!”
ကပ္ပတိန်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
သင်္ဘောအတွင်းခန်းထဲတွင်ရှိနေသ သင်္ဘောသားများသည် ချက်ချင်းပင် သူတို့အနီးရှိကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် သင်္ဘော၏ပျက်စီးသွားသည့်အပိုင်းကို ပြန်လည်ပြင်ဆင်လိုက်ကြသည်။ ပျက်စီးသွားသော သင်္ဘောဦးပိုင်းသည် ချက်ချင်းပင် မူလအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ထိုင်ခုံပေါ်တွင်ထိုင်နေသော ချူရှန်းတို့ညီအစ်ကိုနှစ်ယောက်သည်လည်း ချက်ချင်းပင် ထထိုင်လိုက်ကြကာ ပင်လယ်ကို ထိတ်လန့်စွာကြည့်မိလိုက်ကြ၏။
ခုနက အစိမ်းရောင်အရိပ်သည် အလွန်လျင်မြန်လွန်းနေပြီး ဘာလဲဆိုတာကို သူတို့မမြင်ခဲ့ကြရပေ။
“ဒါက ငါတို့ကျွန်းရဲ့ နောက်ထပ် ပါတနာတစ်ယောက်ပါ “
ရှောင်းယီက ပြောလိုက်သည်။
“ချင်းလုံ”
ဤနာမည်ကိုကြားလိုက်ရသောအခါ ချူရှန်းတို့နှစ်ယောက်သည် ထိန်လန့်ရန်ပင် အချိန်မရှိခဲ့ကြပေ။ ချက်ချင်းပင် ပင်လယ်ထဲမှ နဂါး၏ဦးခေါင်းတစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်သို့ ဖြည်းဖြည်းချင်း မြင့်တက်လာသည်ကို မြင်လိုက်ကြရ၏။ ချင်းလုံသည် သင်္ဘောပေါ်ရှိလူများကို အဆုံးမရှိသော ဘုန်းတန်ခိုးအာနုဘော်များနှင့် စိုက်ကြည့်လိုက်သည်။
သင်္ဘောပေါ်က လူတိုင်း ကျောက်ဖြစ်ရုပ်ကြွင်းများကဲ့သို့ ဖြစ်သွားခဲ့သည်။
ဒဏ္ဍာရီလာပုံပြင်တွေထဲမှာပဲရှိတဲ့ နဂါးတစ်ကောင် ဘာလို့ အခုသူတို့ရှေ့မှာ ပေါ်လာရတာလဲ။
ရှားနိုင်ငံသားအားလုံးသည် နဂါး၏သားစဉ်မြေးဆက်များဖြစ်သည်ဟု ဆိုခဲ့ကြသည်။ ယခု အစစ်အမှန်နဂါးပေါ်လာသောအခါ သူတို့အားလုံး သေလုမျောပါးဖြစ်ကုန်ကြတော့သည်။
ကမ်းခြေပေါ်ရှိ ချူရှန်းနှစ်ယောက်သည်လည်း ပါးစပ်ဟောင်းလောင်းဖြစ်နေကြပြ သူတို့မျက်စိရှေ့မှောက်တွင် မြင်နေရသည့်အရာကို လုံးဝမယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။
ဗုံး!
လူတစ်ဦး၏လက်ထဲရှိ လှံတံသည် သင်္ဘောပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ချင်းလုံးသည် ဟိန်းဟောက်ကာ ချက်ချင်းပင် ထိုလူကို ဖမ်းဆီးလိုက်၏။
“ကယ်ကြပါ! ငါ့ကိုမစားပါနဲ့ ငါလက်နက်ချပါတယ်။ ကပ္ပတိန် ကျုပ်ကိုကယ်ပါဦး။!”
ထိုလူက ကြောင်လန့်တကြား အော်ဟစ်တော့လေသည်။
“ဆူလွန်းတယ်။”
ရှောင်းယီက သူ၏နားကို ပွတ်သပ်လိုက်ရင်း ရေရွတ်လိုက်၏။ ချင်းလုံသည် ချက်ချင်းပင် ထိုလူကို ရေထဲသို့ပစ်ချလိုက်လေသည်။
ကမ္ဘာကြီးတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့လေသည်။
ရှောင်းယီက သူ၏လက်ဝါးကို လှုပ်ယမ်းလိုက်သောအခါ ချင်းလုံသည် ချက်ချင်းပင် သင်္ဘောကို ရစ်ပတ်ကာ ကမ်းခြေဆီသို့ ဆွဲယူသွားခဲ့သည်။ ကပ္ပတိန်သည် မည်သည့်အပြောင်းအလဲများကိုမျှ မပြုလုပ်ရဲခဲ့ပေ။
ကမ်းခြေသို့ရောက်လာသောအခါ ရှောင်းယီ ရှေ့တိုးပြီး ထိုလူများကို မေးလိုက်သည်။
“ကိုယ့်ကိုယ်ကိုမိတ်ဆက်စမ်း!”
ကပ္ပတိန်သည် သူ၏ဘေးနားတွင်ရှိနေသော ချင်းလုံကိုကြည့်ပြီး ပြန်ဖြေလိုက်၏။
“ကျွန်တော့်နာမည်က ဝေပေါ်ပါ။ မနေ့က မြေပုံလမ်းကြောင်းကို ဆွဲမိခဲ့ပါတယ်။ ဒီနေ့ အဲ့ဒီလမ်းကြောင်းအတိုင်း ဒီကိုရောက်လာခဲ့တာပါ။ ကျုပ် ခင်ဗျားကို မတော်တဆ နှောက်ယှက်မိခဲ့တာပါ။ ခွင့်လွှတ်ပေးပါ။!”
ရှောင်းယီက ခေါင်းညိမ့်ကာ ထပ်မေးလိုက်သည်။
“မင်းခုနကငါတို့အော်နေတာကို မကြားခဲ့ဘူးလား။”
ဝေပေါ်သည် သူ၏သွားများကြိတ်ခဲလိုက်ပြီး သူ့ကိုယ်သူ ကာကွယ်ပြောဆိုခြင်းမပြုတော့ဘဲ အမှန်တိုင်းရန်သာ ဆုံးဖြတ်လိုက်သည်။
“ကျွန်တော်ကြားပါတယ်။ အရင်က လောဘကြောင့် မျက်စိကန်းသွားပါတယ်။ ခင်ဗျားရဲ့ကျွန်းက ကောင်းကောင်းမွန်မွန်တည်ဆောက်ထားတာကိုမြင်တော့ လုယက်ချင်စိတ်ဖြစ်လာခဲ့ပါတယ်။ အခုတော့ အဲ့ဒါအတွက် ဘယ်သူဆီမှာမှ တာဝန်မရှိဘူးဆိုတာ ကျုပ်သိလိုက်ရပါပြီ။”
“မင်းက ငါ့ကိုလုယက်ချင်ခဲ့တယ်ဆိုတော့ မင်းကိုသတ်လိုက်ရင်လည်း မလွန်ဘူးမဟုတ်လား။”
ရှောင်းယီက ပြုံးကာ မေးလိုက်၏။
ဝေပေါ်၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ယင်သွားပြီး ချက်ချင်းပင် ပြောလိုက်၏။
“အရှင် အသက်ချမ်းသာပေးပါ။ ကျွန်တော် ခင်ဗျားနဲ့ စာချုပ်ချုပ်ဆိုပါမယ်။ ကျွန်တော်က ခင်ဗျားတို့အတွက် ဆားကျိုပေးနိုင်ပါတယ်။”
“ဆားကျိုပေးမယ်?”
ရှောင်းယီသည် ဤစကားကိုကြားသောအခါ ခဏကြာအောင် တိတ်ဆိတ်သွားပြီး မေးလိုက်သည်။
“ဆားကျိုတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။”
“ဆားကျိုတယ်ဆိုတာက ယမ်းစိမ်းကို သန့်စင်ခြင်းပါပဲ။”
ဝေပေါ်က ချက်ချင်းပင် ရှင်းပြလိုက်သည်။
ထိုစကားကိုကြားသောအခါ ရှောင်းယီ၏မျက်လုံးများ တောက်ပသွားခဲ့သည်။ သူ့၏လက်ထဲတွင် ယမ်းမှုန့်ဖော်မြူလာရှိသော်လည်း ကုန်ကြမ်းများမှာ လုံးဝကင်းမဲ့နေပြီး ယမ်းစိမ်းသည်လည်း ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။
“ဒါက အမှန်ပဲလား။”
ရှောင်းယီက ထပ်မေးလိုက်သည်။
“ဟုတ်ပါတယ်။ ကျွန်တော့်ကျွန်းမှာ ယမ်းစိမ်းနည်းနည်းရှိပါတယ်။ သက်သေပြဖို့ တိုက်ရိုက်ပို့ပေးလို့ရပါတယ်”
ဝေပေါ်သည် ရှောင်းယီစိတ်ဝင်စားနေတာကိုမြင်သောအခါ အလျင်အမြန်ပင် ပြောလိုက်လေသည်။
ရှောင်းယီသည် ယခုအခါ ပို၍ပင် အံ့အားသင့်သွားခဲ့သည်။
“မင်းရဲ့ကျွန်းမှာ ယမ်းစိမ်းတွင်းရှိတာလား။”
“မရှိပါဘူး။ သဘာဝယမ်းစိမ်းတွင်းတွေက အရမ်းရှားပါးတယ်။ လိုဏ်ဂူတချို့မှာပဲ ရှိနိုင်တယ်။ သန့်စင်မှုကလည်း သိပ်မမြင့်ဘူး။”
ဝေပေါ်က ပြန်ဖြေသည်။ ရှောင်းယီ မျက်မှောင်ကြုံ့လိုက်၏။
“ဒါဆိုရင် မင်းယမ်းစိမ်းကို ဘယ်လိုကျိုခဲ့တာလဲ။”
“တိုင်းရင်းနည်းနဲ့ပါ။ လူနဲ့တိရစ္ဆာန်မစင်ကနေ နိုက်ထရိတ်ကို ထုတ်လုပ်လို့ရပါတယ်။”
ဝေပေါ်က ရှင်းပြလိုက်သည်။
ထို့နောက်တွင် ဝေပေါ်သည် ၎င်း၏လုပ်ဆောင်ချက်ကို ရှောင်းယီထံသို့ အသေးစိတ်ရှင်းပြလိုက်သည်။ ရှောင်းယီတို့သည်လည်း အနည်းငယ် တုန်လှုပ်သွားခဲ့ကြသည်။
“အရင်က ကျေးရွာက အိမ်သာဟောင်းတွေရဲ့ နံရံမှာ အဖြူရောင်ပုံဆောင်ခဲတွေရှိတတ်တယ်။ အဲ့ဒါက မသန့်စင်တဲ့ယမ်းစိမ်းတွေပဲ။”
ဝေပေါ်က နောက်ဆုံးအနေနှင့် ပြောလိုက်သည်။
“ရိုးရှင်းစွာနားလည်အောင် ပြောရမယ်ဆိုရင် ယူရီးယားက လေနဲ့ မှိုပိုးမွှားတွေရဲ့ ဓာတ်ပြုခြင်းကြောင့် နိုက်ထရိတ်အဖြစ် ပြောင်းလဲသွားတာပါ။”
ရှောင်းယီက ရုတ်တရက် တုန်လှုပ်သွားပြီး မေးလိုက်၏။
“မင်းဒီလိုအသိပညာတွေကို ဘယ်လိုသိခဲ့တာလဲ။”
“ငါတို့ဘိုးဘွားတွေဆီကနေ ဓာတုဗေဒဆိုင်ရာ အခြေခံကျတဲ့စာအုပ်တစ်အုပ်ကနေ ဆင်းသက်လာတာပါ။ ဒါတွေအားလုံး အဲ့ဒီစာအုပ်ထဲမှာ ရေးသားထားတယ်။”
ဝေပေါ်က တရိုတသေဖြင့် ပြန်ဖြေလိုက်သည်။
“အင်း ဒီသက်စောင့်ဆေးက ကြားရတာတော့ အရသာရှိမယ့်ပုံပဲ။”
ရှောင်းယီက ပြောလိုက်သည်။ ထိုစကားကိုကြားသောအခါ ဝေပေါ်က ခါးသီးစွာပြုံးရင် ပြန်ပြောလိုက်သည်။
“အကြိမ်ကြိမ်ကျိုချက်ပြီး စစ်ထားရင်ကိုတော့ အဲ့ဒါကို လက်ခံနိုင်ပါသေးတယ်။”
ရှောင်းယီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဒါဆိုရင် မင်းက ဓာတုဗေဒပညာရှင်ရဲ့ သားစဉ်မြေးဆက်လား။ မင်းချက်ထားတဲ့ဆေးက လူတွေကို ထာဝရအသက်ရှင်စေနိုင်လား။”
“အရှင်! မင်းက ကျုပ်ကို အခက်ခဲအောင်လုပ်နေတာပဲ။ ကျုပ် မသိဘူး။ တကယ်လို့ ကျုပ်သိခဲ့ရင် သက်စောင့်ဆေးတစ်သုတ်လောက်ချက်ပြီး စားခဲ့မှာပေါ့။ ဒီလိုမျိုး ဒုက္ခသုက္ခတွေကို ဘာလို့ခံစားနေမှာလဲ။”
ဝေပေါ်က ခါးသက်သက်အမူအယာဖြင့် ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းညိမ့်ကာ ပြောလိုက်၏။
“ကောင်းပြီ၊ ငါ မင်းကို စာချုပ်ချုပ်ဖို့လက်ခံပေးမယ်။ သင်္ဘောကို အရင်ဆုံးဆိပ်ကမ်းဆီ မောင်းသွားလိုက်။”
“ဟုတ်ကဲ့!”
ဝေပေါ်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ သူ၏ဘေးတွင် ချင်းလုံသည် သူ့ကိုစိုက်ကြည့်နေသောကြောင့် ငြင်းဆိုရဲသည့် သတ္တိမရှိပေ။
ဆိပ်ကမ်းတွင် ဝေပေါ်နှင့် သူ၏အဖွဲ့သားများသည် ရှောင်းယီ့ဆိပ်ကမ်း၏ ခန့်ညားမှု၊ ချမ်းသာကြွယ်ဝမှု၊ အလတ်စားသင်္ဘောများနှင့် သင်္ဘောကြီးများကိုကြည့်ကာ အံ့အားသင့်နေခဲ့ကြသည်။
ယခင်က ချင်းလုံ၏ ခြိမ်းခြောက်ထားမှုကြောင့် စာချုပ်ချုပ်ဆိုမှုမှာ အလွန်ချောမွေ့ခဲ့ပေသည်။
စာချုပ်ချုပ်ဆိုခြင်းအောင်မြင်ပြီးနောက် ဝေပေါ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပြောလိုက်သည်။
“ခင်ဗျားက ယီရန်ပင်းသူဌေးလား။”
“ဘာလဲ မတူလို့လား။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“မဟုတ်ဘူး မဟုတ်ဘူး။ ခင်ဗျားက ယီရန်ပင်းသူဌေးဆိုတာသာ ကျုပ်သိခဲ့ရင် ဒီလိုမကောင်းတဲ့အတွေးတွေရှိပြီး ခင်ဗျားဆီကိုလာပြီး ခိုလှုံဖို့ ဘယ်လိုလုပ်ပြီး ရဲရဲဝံ့ဝံ့လုပ်နိုင်မှာလဲ။”
တေပေါ်က ချက်ချင်းပင် ပြောလိုက်၏။ ထိုအခါ ရှောင်းယီက သူ့ကိုကြည့်ပြီး ပြောလိုက်သည်။
“ဒါက ငါမဟုတ်ဘူးဆိုရင်တောင် မင်းရဲ့စိတ်ကို သုံးလို့မရနိုင်ဘူး။ တစ်နေ့မှာ ငါ့ထက်ပိုပြီးစွမ်းအားကြီးတဲ့သူကို ကြုံရလိမ့်မယ်။ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်တာက ကောင်းတယ်မဟုတ်ဘူးလား။ အမြဲတမ်း တိုက်ခိုက်သတ်ဖြတ်ဖို့ကိုပဲ တွေးမနေနဲ့။”
“သင်ပြမှုအတွက် သူဌေးကို ကျေးဇူးတင်ပါတယ်။”
ဝေပေါ်က ချက်ချင်းပင် ပြောလိုက်သည်။
“ပထမဆုံးအနေနဲ့ မင်းရဲ့လမ်းကြောင်းကို ငါနဲ့မျှဝေပါ။ ငါ့ရဲ့လမ်းကြောင်းနဲ့တူလားဆိုတာ ကြည့်ရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့”
ဝေပေါ်သည် ချက်ချင်းပင် သူရရှိသော လမ်းကြောင်းကို ရှောင်းယီနှင့် မျှဝေလိုက်သည်။ ထိုအခါ ရှောင်းယီသည် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မြေပုံပေါ်တွင် လမ်းကြောင်းအသစ်တစ်ခု ချက်ချင်းပင်ပေါ်လာပြီး အနောက်တောင်-အရှေ့မြောက်သို့ ထောင့်ဖြတ်မျဉ်းကဲ့သို့ ဆန့်ထုတ်ထားသည်ကို တွေ့ရှိလိုက်ရလေသည်။
‘လမ်းကြောင်းဘယ်နှစ်ခုလောက်များ ထပ်ပေါ်လာပြီးပြီလဲ။’
ရှောင်းယီ မျက်မှောင်ကြုံ့ကာ စဉ်းစားမိလိုက်သည်။
မျက်မှောင်ကြုံ့နေသော ရှောင်းယီကို ကြည့်ကာ ဝေပေါ်က မေးလိုက်သည်။
“သူဌေး ဘာဖြစ်လို့လဲ။”
“ဘာမှမဖြစ်ပါဘူး။ မင်းကျွန်းက ဘယ်မှာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“ဒီမှာပါ...”
ဝေပေါ်က လမ်းကြောင်းပေါ်က နေရာတစ်ခုကို ညွှန်ပြပြီး ပြောလိုက်သည်။
“မျှော်လင့်မထားဘူး။ ငါနေရာနဲ့ အတော်နီးတာပဲ။ ကီလိုမီတာ ၁၀၀ အောက်ပဲရှိတယ်။”
ရှောင်းယီက ဝေပေါ်ညွှန်ပြသောနေရာကို ကြည့်ပြီး ပြောလိုက်သည်။
“ဟုတ်ပါတယ်။ သူဌေးရဲ့နားမှာရှိနေမယ်လို့ ကျွန်တော်လည်းမျှော်လင့်မထားခဲ့မိဘူး။”
ဝေပေါ်က ပြန်ပြောလိုက်၏။
“နေ့လည်စာကို အပန်းဖြေစခန်းမှာပဲစားလိုက်ပါ။ ညနေကျရင် ပြန်သွားပြီး မင်းမှာရှိနေတဲ့ယမ်းစိမ်းကို အရင်ဆုံး ငါနဲ့ လဲလှယ်ရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဒီကနေ့ကစပြီး မင်း ငါ့ကိုပဲ ယမ်းစိမ်းပို့ပေးရမယ်။ ငါမင်းကို ဒုက္ခရောက်အောင် မလုပ်ပါဘူး။”