← Chapters

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အခန်း ၃၅၅

“ဟုတ်ကဲ့”

ဝေပေါ်က ပြန်ပြောလိုက်သည်။

“သူဌေးက ဘာပြောတွေပြောနေတာပါလဲ။ သူဌေးကို ယမ်းစိမ်းတွေအထူးပို့ဆောင်ပေးနိုင်တာက ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ။ ကျုပ်အတွက် မနစ်နာနိုင်ပါဘူး။”

“အပန်းဖြေစခန်းကိုသွားပြီး ပျော်လိုက်ကြပါဦး။”

ရှောင်းယီက ပြောလိုက်သည်။

“အဲဒီမှာရှိတဲ့ စားသုံးမှုစျေးနှုန်းတွေအတွက် ဦးလေးအန်းနဲ့ တိုင်ပင်လို့ရတယ်။”

“ကောင်းပါပြီ သူဌေး ကျုပ် နောက်ထပ်မေးလို့ရမလား”

ဝေပေါ်က ပြောလိုက်သည်။

“မေးစရာရှိရင်မေးပါ။”

“သူဌေး ယမ်းစိမ်းလိုချင်တာက ယမ်းမှုန့်လုပ်ဖို့အတွက်များလား။”

ဝေပေါ်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။ ရှောင်းယီက ခေါင်းညိမ့်လိုက်၏။

“အင်း၊ ငါမှာဖော်မြူလာရှိတယ်။ ဒါပေမယ့် ပါဝင်ပစ္စည်းတွေကိုတော့ မစုဆောင်းရသေးဘူး။”

“တကယ်လား။ စုဆောင်းပြီးလို့ ယမ်းမှုန့်ရမယ်ဆိုရင် ကျွန်တော့်ကို နည်းနည်းလောက်ရောင်းပေးလို့ရမလား။ ဒီအေးစက်တဲ့လက်နက်တွေထက် ယမ်းမှုန့်က ပိုပြီးထိရောက်တယ်မဟုတ်လား”

ဝေပေါ်က မေးလိုက်သည်။

“ဒါပေါ့ ယမ်းမှုန့်ရှိရင် ငါတို့ကိုယ်တိုင်ပဲ အရင်သုံးရမယ်။”

ရှောင်းယီက လိုက်လိုက်၏။

“အရမ်းကောင်းတယ်။ ကျေးဇူးတင်ပါတယ် သူဌေး။”

ဝေပေါ်က ပျော်ရွှင်စွာပြောလိုက်သည်။

ဝေပေါ်၏သင်္ဘောပေါ်တွင် စုစုပေါင်း လူဦးရေ ၁၂ ယောက်ရှိ၏။ သူ့အဆိုအရ သူတို့သည် အစကတည်းက အခွင့်အရေးကို အသုံးချပြီး ကျူးချန်းကလန်မှ ပထမဆုံးခရီးသည်များအဖြစ် သယ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

လူတိုင်းကမ်းခြေသို့ ရောက်လာသောအခါ ချူရှန်းသည် ရင်းနှီးနေသည့် မျက်နှာများစွာကို မြင်လိုက်ရလေသည်။ တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်လိုက်ကြပြီးနောက် ဝေပေါ်ခေါ်လာသည့် လူများသည် ချက်ချင်းပင် ဘားထဲသို့ ဝင်သွားကြလေတော့သည်။

ဝေပေါ်၏သင်္ဘောပေါ်တွင် အမျိုးသားများသာရှိပြီး သူ့ကျွန်းပေါ်ရှိ အိမ်ကို စောင့်ကြည့်ရန် အမျိုးသမီးသုံးယောက်သာ ကျန်ခဲ့ပေသည်။ ထို့ကြောင့် သူတို့အားလုံး ချက်ချင်းပင် ဘားထဲသို့ ဝင်သွားခဲ့ကြဖြစ်ပေသည်။ အဖွဲ့နှစ်ဖွဲ့ အချင်းချင်း တွေ့ဆုံကြသောအခါ ဆွေးနွေးစရာခေါင်းစဉ်များ ပို၍ပင် များပြားလာခဲ့ကြလေသည်။

သူတို့အားလုံးသည် သင်္ဘောတစ်စီးတည်းပေါ်တွင် နေ့ညမပြတ်အတူရှိနေကြခဲ့ပြီး ဆွေးနွေးရန်လိုအပ်သည့် ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြပြီးပြီဖြစ်လေသည်။

ချူဖုန်းသည် ရှေ့တွင်ရှိသောအရာအားလုံးကို ကြည့်ရှုကာ ချူရှန်းအား‌ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျွန်တော့်မှာ စိတ်ကူးတစ်ခုရှိတယ်။”

“ညီလေး ပြောပါဦး!”

“ငါတို့ရေတပ်က ရှောင်းယီရဲ့လက်အောက်ကို ဘာလို့မဝင်ရောက်ရမှာလဲ။”

ထိုစကားကိုကြားသောအခါ ချူရှန်းသည် ခဏကြာအောင် တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိမ့်လိုက်၏။

“ကောင်းပြီ ဒါပေမယ့် သူဌေးက ငါတို့ကို လက်မခံနိုင်မှာကိုပဲ ကြောက်မိတယ်။”

“စမ်းကြည့်ကြရအောင်။ ဒါက ငါတို့ရေတပ်အတွက် အခွင့်အရေးပဲ”

ချူဖုန်းက နက်ရှိုင်းသည့်လေသံဖြင့် ပြောလိုက်သည်။

ချူရှန်းတို့အဖွဲ့သည် ရှောင်းယီ၏ကျွန်းပေါ်တွင် သုံးလေးနာရီသာကြာမြင့်ခဲ့ပြီး ဤတိုတောင်းသောအချိန်အတွင်း ရှောင်းယီ၏စွမ်းအားကို ခံစားမိခဲ့ကြပေသည်။

အဆင့်မြင့်အဆောက်အအုံများဖြစ်စေ၊ အဆုံးမရှိသည့် စာချုပ်ချုပ်ဆိုထားသည့် အဆင့်မြင့်သားရဲများဖြစ်စေ သူတို့ထဲက ဘယ်တစ်ခုကိုမဆို ချူရှန်းတို့အဖွဲ့အား အလွန်အမင်း ထိတ်လန့်စေခဲ့ပေသည်။

ထိုအပြင် ထိုအရာများသညခ သူတို့မြင်နေရဟည့် အရာများသာဖြစ်သည်။ သူတို့မမြင်ရသည့်နေရာများတွင် ပို၍စွမ်းအားကြီးသည့် အဆောက်အအုံများနှင့် စာချုပ်ချုပ်ဆိုထားသော သားရဲများ ရှိနေနိုင်သေးပေသည်။

ချူရှန်း၏ရေတပ်သည် လက်ရှိအချိန်တွင် အတန်အသင့်ကောင်းမွန်နေသော်လည်း ဤနေရာတွင် အနာဂတ်၌ မည်သို့ဖြစ်လာမည်ကို မည်သူမျှ ကြိုတင်ခန့်မှန်းနိုင်မည်မဟုတ်ပေ။

အနာဂတ်တွင် အန္တရာယ်နှင့်ကြုံတွေ့ရသည့်အခါ နှစ်ဖက်က ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့်သာ ရှိနေဦးမည်ဆိုလျှင် ရှောင်းယီက သူတို့ကို ကူညီဦးပါမည်လော။

ချူဖုန်း၏အမြင်တွင် သူတို့၏ရေတပ်ကို သူဌေး၏သင်္ဘောနှင့် ခိုင်ခိုင်မာမာချိတ်ဆက်ထားမှသာ အန္တရာယ်ကျရောက်သည့်အခါ သူဌေး၏အကူအညီကို ရရှိနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ချူဖုန်းသည် သူတို့၏ရေတပ်တစ်ခုလုံးအား သူဌေး၏လက်အောက်သို့ ဝင်ရောက်ရန် အကြံပြုခဲ့ခြင်းဖြစ်ပေသည်။

ယခုဆုံးဖြတ်ပြီးသောအခါ ချူရှန်းသည် ရှောင်းယီဆီသို့ ချက်ချင်းပင် ရောက်ရှိလာခဲ့လေတော့သည်။

“သူဌေး ကျုပ် ခင်ဗျားနဲ့ ဆွေးနွေးချင်တာရှိပါတယ်။”

ရှောင်းယီက သူ့ကိုကြည့်လိုက်၏။

“ကောင်းပြီ ဘားဆီသွားကြတာပေါ့။”

ဘားသည် သိပ်မကြီးသော်လည်း သေတ္တာအသေးလေးသုံးခုရှိပေသည်။

ရှောင်းယီသည် ချူရှန်းတို့နှစ်ယောက်ကို ခေါ်ဆောင်သွားပြီး ဒူခန်းက ဘီယာသုံးခွက် ချပေးလိုက်သည်။

“ဘာကိစ္စလဲ!”

ရှောင်းယီက ဘီယာကို နှစ်သက်စွာဖြင့် နည်းနည်းချင်းစီး အရသာခံသောက်ရင်း မေးလိုက်သည်။

“သူဌေး ကျုပ်တို့ ခင်ဗျားရဲ့လက်အောက်ကို ဝင်ချင်ပါတယ်။”

ချူရှန်းက တည့်တည့်ပင် ပြောလိုက်၏။

ရှောင်းယီသည် ထိုစကားကြောင့် အံ့အားသင့်သွားဟန်မရှိပေ။

“မင်းက တစ်ယောင်ချင်းစီအတွက် ကိုယ်စားပြုတာလား ဒါမှမဟုတ် ကျူးချန်းကလန်ကို ကိုယ်စားပြုတာလား။”

“ကျူးချန်းကလန်!”

ချူရှန်းက ဆုံးဖြတ်ချက်ချပြီးဟန်ဖြင့် ပြန်ဖြေလိုက်သည်။

“ကန့်ကွက်တဲ့လူရှိလား။”

“ကျူးချန်းကလန်ကို စတင်တည်ထောင်စဉ်အချိန်ကကတည်းက ကျူးချန်းကလန်နဲ့ပတ်သက်တဲ့ အရာအားလုံးကို ကျုပ်တို့နှစ်ဦးက ဆုံးဖြတ်နိုင်တဲ့အကြောင်း လူတိုင်းက ရှင်းရှင်းလင်းလင်းသိထားကြပြီးသားပါ။”

ချူဖုန်းက ဆိုသည်။ ရှောင်းယီ ခေါင်းညိမ့်လိုက်၏။

“ကောင်းပြီ။ ငါ မင်းတို့ရဲ့အညံ့ခံမှုကို လက်ခံတယ်။ မင်းတို့ရဲ့အုတ်မြစ်ကျောက်တွေအားလုံးကိုတော့ ငြါဆီကိုလက်လွှဲရမယ်။”

ချူရှန်းက ခေါင်းညိမ့်လိုက်ပြီး ချက်ချင်းပင် သူ့လက်ထဲရှိ အုတ်မြစ်ကျောက်အားလုံးကို ထုတ်ယူလိုက်သည်။

စုစုပေါင်း အုတ်မြစ်ကျောက် ၁၅၃၇ ခု။

၎င်းတို့ထဲမှ အများစုသည် စတင်ချိန်ကတည်းက သူတို့၏ကိုယ်ပိုင်ကျွန်းမှ အုတ်မြစ်ကျောက်များဖြစ်ပေသည်။ မကြာသေးမီက ခရီးသည်တင်ဝန်ဆောင်မှုမှ ဝင်ငွေများစွာမရခဲ့ပေ။ စုစုပေါင်း ၃၀၀ ကျော်သာ ရရှိခဲ့သည်။ ဤမျှပင်ရှိသော်လည်း ချူရှန်းသည် ဤဝင်ငွေများကို ဂရုတစိုက်တွက်ချက်ပြီး ဂရုတစိုက်စီစဉ်ခြင်းဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

ရှောင်းယီသည် သူတို့၏သဘောထားကို သိချင်သောကြောင့် သူတို့၏အုတ်မြစ်ကျောက်များအားလုံးကို လက်လွှဲအပ်ရန် တိုက်ရိုက်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူတို့သာ တွေဝေတုန့်ဆိုင်းနေခဲ့လျှင် ရှောင်းယီသည် ၎င်းတို့၏အညံ့ခံမှုကို ချက်ချင်းငြင်းဆိုခဲ့မည်ဖြစ်သည်။

သူတို့၏ဆုံးဖြတ်ချက်ခိုင်မာမှုကို မြင်သောအခါ ရှောင်းယီ အနည်းငယ်မျက်ခုံးပင့်လိုက်မိ၏။

“ကောင်းပြီ ဒီအုတ်မြစ်ကျောက်တွေကို ငါတို့ကျွန်းရဲ့ ငွေကြေးအဖြစ် ပြောင်းလဲပြီး မင်းတို့ကို ဖြန့်ဝေပေးမယ်။ နောက်ပိုင်းမှာ လစာစနစ်ပါဝင်လာလိမ့်မယ်။”

“ဒါပေမယ့် ကျုပ်တို့မှာ ကိုယ်ပိုင်ငွေကြေးရှိလို့လား။”

ချူရှန်းက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

“အခုတော့ မရှိသေးဘူး။ ဒါပေမယ့် အနာဂတ်မှာ ရှိလာလိမ့်မယ်။ ဖြည်းဖြည်းချင်းစီ တစ်ဆင့်ချင်းလုပ်ရမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ”

“နောက်ဆုံးအခြေအနေတစ်ခုရှိသေးတယ်။ အဲ့ဒါက မင်း ငါနဲ့ စာချုပ်ချုပ်ရမယ်။”

ရှောင်းယီက ချူရှန်းကိုကြည့်ပြီး ပြောလိုက်၏။

“ပြဿနာမရှိပါဘူး”

ချူရှန်းက တုံ့ပြန်လိုက်သည်။

ချူရှန်းနှင့် စာချုပ်ချုပ်ပြီးနောက် ကျူးချန်းကလန်သည် သူတို့၏ စစ်မှန်သည့် မိသားစုဝင်များဖြစ်လာခဲ့လေတော့သည်။

“သူဌေး ကျုပ်တို့ရဲ့ ပထမဆုံးအကြိမ်အနေနဲ့ သူဌေးရဲ့ကျွန်းကို ပြသင့်တယ်လို့ထင်လား။”

ချူရှန်းက ပြုံးရယ်ကာ ပြောလိုက်၏။ ထိုစကားကိုကြားသောအခါ ရှောင်းယီက သူ၏နှုတ်ခမ်းထောင့်စွန်းကို တွန့်ကွေးရင်း ပြောလိုက်သည်။

“မင်းတို့ကို လက်ခံလိုက်ပြီးနောက် ငါ မင်းတို့ထောင်ချောက်ထဲကျသွားသလို ဘာလို့ ခံစားလိုက်ရတာပါလိမ့်။”

“ဒီလိုတော့ ပြောလို့မရဘူးလေ။ ကျုပ်တို့က သူဌေးရဲ့လက်အောက်ငယ်သားတွေပဲ။ ပြီးတော့ ဒီကနေ့က ကျုပ်တို့ပထမဆုံးအကြိမ်ရောက်တာဖြစ်တဲ့အတွက် သူဌေးက ပြပေးရမှာပေါ့။”

ချူရှန်းက ပြောလိုက်သည်။

“ကောင်းပြီ။ ညနေ ဘာဘီကျူးက ငါ့ဟာပဲ။ တခြားကုန်ကျစရိတ်တွေကိုတော့ မင်းရဲ့အုတ်မြစ်ကျောက်တွေထဲကနေ နုတ်ယူရမယ်။”

ရှောင်းယီက မျှော်လင့်ချက်မဲ့စွာဖြင့် ပြောလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။”

ချူရှန်းက ပျော်ရွှင်စွာပြောလိုက်သည်။ ထို့နောက် ရှောင်းယီက အနည်းငယ်စဉ်းစားပြီး ထပ်ပြောလိုက်သည်။

“ဒီညနေ ဘာဘီကျူးပွဲမှာ ဒီကိစ္စကို ကြေညာမယ်။”

“နားလည်ပါပြီ။ ကျုပ်တို့လည်း ထွက်ပြီး ကစားလိုက်ပါဦးမယ်။”

ချူရှန်းတို့ နှစ်ယောက်သည် သူတို့ခွက်ထဲရှိ ဘီယာကို တစ်ကျိုက်တည်းမော့သောက်လိုက်ပြီး အတူတကွ ထွက်ခွာသွားခဲ့ကြသည်။

ရှောင်းယီသည် အခန်းထဲတွင် ခဏထိုင်ကာ စဉ်းစားပြီး ဗီလာဆီသို့ ပြန်လျှောက်သွားခဲ့သည်။

ယခုအခါ ကျူးချန်းကလန်ကို အောင်နိုင်ပြီးနောက် ကမ်းခြေပေါ်တွင် ၎င်းတို့အတွက် နေရာထိုင်ခင်းများကို စီစဉ်ပေးရမည်ဖြစ်သည်။

လက်ဝါးတစ်ချက် လှုပ်ခတ်လိုက်ရုံဖြင့် ရှောင်းယီသည် ဆိပ်ကမ်းအနီးတွင် ကျောက်တုံးအိမ်အလုံး ၄၀ ကို တည်ဆောက်ခဲ့ပြီး ချူရှန်းတို့အဖွဲ့သားများအတွက် ချန်ထားပေးခဲ့သည်။

ယခုမှစ၍ ကျူးချန်းကလန်သည် အမြစ်မဲ့သောပဲစေ့များမဟုတ်တော့ဘဲ ကျွန်းပေါ်တွင် အမြဲတမ်းအတွက် အိမ်ရှိလိမ့်မည်ဖြစ်သည်။

အိမ်များတည်ဆောက်ပြီးနောက် ရှောင်းယီ ယီထျန်းဂရုထဲသို့ ပြောင်းကြည့်လိုက်လေသည်။

“အများသုံးချန်နယ်မှာရှိတဲ့ အဲ့ဒီလူက ဘာလို့ဒီလောက်တောင် စွမ်းအားကြီးရတာလဲ။ ရတနာမြေပုံတူးဖော်ခြင်းကိစ္စကို ငါလုံးဝနားလည်သွားသလိုတောင် ခံစားလိုက်ရတယ်။”

“ဟုတ်တယ်။ အဆင့်တစ်ခုစီအတွက် ဖြတ်သန်းနည်းအမျိုးမျိုးလည်း ရှိသေးတယ်။ ဒီဖြတ်သန်းနည်းတွေကို သူဘယ်လိုစမ်းသပ်ခဲ့တာလဲဆိုတာ ငါတကယ်မသိဘူး။”

“သူပြောတာကို မင်းတကယ်ပဲယုံတာလား။”

“ဘာလို့မယုံရမှာလဲ။ သူပြောတာမှားနေလို့လား။”

“ကျစ်! သူဘာကြောင့် ဒီရတနာမြေပုံလမ်းညွှန်ကို အခမဲ့ထုတ်ပြန်တာလဲဆိုတာ သေချာမစဉ်းစားမိဘူးလား။”

“ဒီကမ္ဘာမှာ အသင်ရှင်ကျန်ရစ်သူတွေကို ပိုပြီးကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့အတွက်ပဲဖြစ်နိုင်တယ်။”

“ငနုံ! ဒါက သူ့ရည်ရွယ်ချက်လို့တော့ ငါမထင်ဘူး။ ငါတို့ကို ရတနာမြေပုံတူးဖို့ သူင တမင်တကာဆွဲဆောင်နေတာ ဖြစ်နိုင်တယ်။”

“လူအချင်းချင်းအကြား အခြေခံယုံကြည်မှုရော။”

“ဒီကမ္ဘာမှာ ယုံကြည်မှုဆိုတာ ခွေးစားပြီးသွားပြီ!”

“ငြင်းခုန်မနေနဲ့တော့။ အများသုံးချန်နယ်မှာ ရတနာမြေပုံလမ်းညွှန်တင်ထားတဲ့လူကို ငါမြင်ဖူးတယ်။ ဒါက အမှန်ဖြစ်သင့်တယ်။”

“မင်းသူ့ကိုမြင်ဖူးတာလား။ သူက ဘယ်သူလဲ။”

“အရင်က ကမ္ဘာ့နံပါတ်တစ် ဂိမ်းအစည်းအရုံး JB ရဲ့ မြေပြင်အဖွဲ့ခေါင်းဆောင်ဟောင်းပဲ။”

အခန်း ၃၅၆

ထိုစကားလုံးများထွက်လာသည်နှင့်တပြိုင်နက် လူတိုင်းအံ့အားသင့်သွားပြီး ပြန်လည်ကာ ဆွေးနွေးပြောဆိုကြပြန်သည်။

“အပေါ်ထပ်ကလူ မင်းရူးနေတာလား။ ဂိမ်း သမဂ္ဂလား။ မင်းက ဒါကို ဂိမ်းလို့ထင်နေတာလား။”

“ဒါက ဂိမ်းဆော့နေတာဆိုရင်တောင် မင်းကိုယုံမိမယ်ဆိုရင် ငါမူးပြီးမှောက်သွားလိမ့်မယ်။”

“သူက အင်တာနက်စွဲလမ်းတဲ့ ကောင်လေးတစ်ယောက်ပဲဖြစ်ရမယ်။”

စောစောကလူသည် ထိုလူများ၏စကားများကြောင့် စိတ်ဆိုးဟန်ရှိပြီး ဂရုထဲတွင် ဒေါသတကြီး အော်ဟစ်လိုက်၏။

“ဂိမ်းဆော့တာက ဘာမှားလို့လဲ။ ပရော်ဖက်ရှင်နယ်ကစားသမားတွေအတွက် ဂိမ်းဆော့တာက သူတို့ရဲ့အလုပ်ဖြစ်ပြီး အခြားအလုပ်တွေနဲ့မတူဘူး။ အထူးသဖြင့် ဂိမ်းဖွံ့ဖြိုးတိုးတက်ရေးက စမ်းသပ်မှုပေါင်းများစွာလိုအပ်တယ်။ လက်တွေ့ညွှန်ကြားမှုနဲ့ အချိန်နှင့်တပြေးညီတုံ့ပြန်မှုတွေလည်းလိုအပ်တယ်။ မင်းတို့ရဲ့အဆင့်ဆင့်လုပ်ဆောင်မှုတွေထက် ပိုပြီးခက်ခဲတယ်ကွ။! မင်းတို့က ဂိမ်းဆော့တာကို အင်တာနက်စွဲလမ်းနေတဲ့ လူငယ်တစ်ယောက်လိုမျိုးပဲ သိကြတယ်။ ဂိမ်းတွေအကြောင််းကို လုံးဝနားမလည်ဘူး။”

ထိုလူသည် အလွန်ဒေါသထွက်နေပြီး သူ့စကားများမှာ ဗလုံးဗထွေးဖြစ်နေသော်လည်း သူ့ရဲ့ရည်ရွယ်ချက်မှာ အတော်လေးရှင်းနေသည်မှာ ထင်ရှားပေသည်။

“ဟမ်! မင်းပြောတဲ့ ပိုထျန်း ဂိမ်းဆော့တယ်ဆိုတာက ဂိမ်းဆော့တာသက်သက်ပဲ။ မင်းက အလဲ့ဂျန့်(elegance)ခန်းမထဲကို ရောက်မှာမဟုတ်ဘူး။”

“မှန်တယ်။ ဒီကမ္ဘာမှာ စမ်းသပ်ဖို့အတွက်နဲ့ ဘယ်သူမှ မြေရိုင်းကို ဖွင့်ရဲမှာမဟုတ်ဘူး။ အဲ့ဒါက သတ်ခံရလိမ့်မယ်။”

“ဒါဆို J/B က ရတနာမြေပုံလမ်းညွှန်ကို ဘာလို့ရေးနိုင်ခဲ့တာလဲ။”

ထိုလူက မေးမြန်းလိုက်သည်။

“သူကမျက်စိကန်းသွားလို့နေမှာပေါ့ သူ့နာမည်ကိုကြည့်လိုက်လေ J/B တဲ့။”

“နားကိုမလည်နိုင်ဘူး!”

ဂရုထဲရှိ စကားဝိုင်းကို ကြည့်ရင်း ရှောင်းယီသည် သူတစ်စုံတစ်ခုကို လွဲချော်သွားသကဲ့သို့ ကြောင်အနေမိသည်။

“ဆုဝမ် ဂရုထဲမှာပြောနေတဲ့ ရတနာမြေပုံလမ်းညွှန်ကဘာလဲ။”

ရှောင်းယီက မေးလိုက်သည်။

“ဒါက နိုင်ငံခြားသားတစ်ယောက်ရေးထားတဲ့ ရတနာတူးဖော်ရေးလမ်းညွှန်ပဲ။ ငါဘာသာပြန်ပြီးပြီ။ အခုပို့ပေးလိုက်မယ်။”

ဆုဝမ်က ချက်ချင်းပြန်ဖြေသည်။

“ကောင်းပြီ”

မကြာမီ ဆုဝမ်က လမ်းညွှန်တစ်ခုကို ပို့ပေးလာခဲ့သည်။

“ရတနာမြေပုံလမ်းညွှန်- ရတနာမြေပုံကို အပြီးအပိုင်ရှင်းလင်းခဲ့တဲ့အတွက် လမ်းညွှန်တစ်ခုလုံးကို အောက်ပါအတိုင်း စုစည်းထားပါတယ်။ လူတိုင်းကို အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ပထမဆုံးက ရတနာမြေပုံရယူခြင်းဖြစ်ပါတယ်။ ဒါကို ထောက်ပံ့ပို့ဆောင်ရေးသေတ္တာထဲကနေ ကျပန်းဖွင့်ထားတာဖြစ်ပြီး ဘယ်သူမှ မထိန်းချုပ်နိုင်ပါဘူး။”

“ဒုတိယအချက်အနေနဲ့ တူညီတဲ့နေရာမှာ ရတနာမြေပုံ ၈ စောင်ပဲရှိပါတယ်။ ရတနာမြေပုံ ၈ စောင်လုံးဖွင့်ပြီးရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသိပေးစာပို့မှာဖြစ်ပြီး ရတနာမြေပုံပိုင်ရှင်ကို တစ်ရက်အကြာမှာ ရတနာနေရာဆီကို တိုက်ရိုက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။”

“ဒီမှာ သတိထားရမယ့်အချက် နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က ရတနာမြေပုံ ၈ စောင်စုဆောင်းပြီးရင် ၂၄ နာရီကြိုတင်ပြင်ဆင်ချိန်ရမယ်။ ဒီအချိန်အတွင်းမှာ လူတိုင်းက လိုအပ်တဲ့ပစ္စည်းတွေ၊ အဓိကအားဖြင့် လက်နက်တွေကို ပြင်ဆင်ထားရမယ်။ ဒုတိယအချက်က ပို့ဆောင်တဲ့အခါ လှေတစ်စီးကို ယူဆောင်သွားရမယ်။ ဒီရတနာမြေပုံရဲ့ ပိုမိုခက်ခဲတဲ့အပိုင်းက လှေမပါဘဲသွားရင် ပြန်လာတဲ့အခါ ပြဿနာကြီးတစ်ခုဖြစ်လာလိမ့်မယ်။ ဒါပေမယ့် အခြားသူတွေဆီကနေ သိမ်းယူနိုင်မယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။”

“ပြီးရင် ရတနာနေရာကိုရောက်ရင် အဖွဲ့ ၈ ဖွဲ့က တောင်ထိပ်ဆီကို ဦးတည်ချိတ်ဆက်ထားတဲ့ လမ်းကြောင်း ၈ သွယ်ကနေ ထွက်လာကြရမယ်။ တောထဲမှာ C-အဆင့် သားရဲ ၃ ကောင်နဲ့ ရင်ဆိုင်ရမယ်။

ကံကောင်းတာက သူတို့က တစ်ကောင်ပြီးတစ်ကောင် တိုက်ခိုက်လာကြတယ်။ ဒီမှာ အားလုံးကိုသတ်ဖို့ အကြံပြုချင်တယ်။ အဆင့်မြင့်အသားတွေနဲ့ အင်အားဖြည့်တင်းဖို့အတွက်ပါ။ ဒါပေမယ့် လွတ်အောင်ပြေးပြီး ဒီသားရဲတွေကို ရှောင်ရှားလို့လည်းရတယ်။”

“လွတ်အောင်ပြေးဖို့ဆိုရင် လူတိုင်းရဲ့မြန်နှုန်းနဲ့ ပုန်းအောင်းနိုင်စွမ်းကို လိုအပ်တယ်။ မြန်နှုန်း ဒါမှမဟုတ် အခြားအထူးစွမ်းရည်တွေမရှိရင် သူတို့ကိုသတ်တာက အကောင်းဆုံးပဲ။ ထွက်မပြေးခဲ့ဘဲ ဒုတိယသားရဲနဲ့ ရင်ဆိုင်ရတဲ့အခါ အားအပြည့်မရှိနေရင် လက်လျှော့ဖို့ပြင်ဆင်ထားပါ။”

“ပထမဆုံးသားရဲ ၃ ကောင်ကို ဖြေရှင်းပြီးရင် တောင်ခြေကိုရောက်လာလိမ့်မယ်။ တောင်ခြေမှာ ရတနာသေတ္တာတစ်လုံးရှိတယ်။ ဒါက ပထမအဆင့်ဆုလက်ဆောင်လို့ သတ်မှတ်နိုင်ပေမယ့် ရတနာသေတ္တာဘေးမှာ ပိုစွမ်းအားကြီးတဲ့ C-အဆင့် သားရဲရှိတယ်။”

“အဲ့ဒီမှာ ဖြေရှင်းပြီး သေတ္တာကိုဖွင့်ပြီး ရတနာကိုရယူနိုင်တယ်။ ဒါမှမဟုတ် သူ့ကိုဆွဲဆောင်ပြီး သေတ္တာကိုဖွင့်ပြီး ရတနာကိုရယူနိုင်တယ်။”

“ဒါပေမယ့် ရတနာယူပြီးရင် သူကမင်းကိုလိုက်ဖမ်းမယ်ဆိုရင် system setting ဖြစ်သင့်တယ်။”

“အဲ့ဒီမှာ လွတ်အောင်ပြေးနည်းအမျိုးမျိုးကို စမ်းကြည့်မယ်ဆိုရင်တောင် သူ့ရဲ့လိုက်ဖမ်းမှုကို ရှောင်လွှဲလို့မရဘူး။ ဒါပေမယ့် တစ်ခုရှိတာက လူတစ်ယောက်နဲ့ သူ့ကို ဆွဲဆောင်ထားတာ ဒါမှမဟုတ် ထောင်ချောက်နဲ့ထောင်ဖမ်းထားဖို့ စီစဉ်နိုင်တယ်။ ရတနာကိုလိုက်ဖမ်းတာဖြစ်တဲ့အတွက် ကြိုတင်ထောင်ချောက်ချထားရင် သူ့ကိုခေါ်သွားဖို့က လွယ်ကူတယ်။”

ဤစာကြောင်းအထိတွေ့လိုက်ရပြီးနောက် ရှောင်းယီ အလွန်အံ့အားသင့်သွားပြီဖြစ်၏။ အနည်းဆုံး ယခုထိ ဤလူပြောသမျှစကားများက မှန်နေသေးသည်။

ဆက်ကြည့်တာပေါ့။

“နောက်တစ်ဆင့်က တောင်ပေါ်တက်ဖို့ပဲ။ တောင်ပေါ်တက်တဲ့လမ်းမှာ သားရဲတွေမရှိပေမယ့် အလယ်မှာ ရတနာသေတ္တာတစ်လုံးကို C-အဆင့် သားကောင် ၂ ကောင်က စောင့်ကြပ်နေလိမ့်မယ်။ ဖြေရှင်းနည်းက ပထမရတနာသေတ္တာစောင့်ကြပ်တဲ့သားရဲနဲ့တူပေမယ့် ဒီမှာ နှစ်ကောင်ရှိတယ်ဆိုတာ သတိထားပါ။”

“တောင်ထိပ်နားရောက်တဲ့အခါ နောက်ထပ်ရတနာသေတ္တာတစ်လုံးရှိသေးတယ်။ ဒီရတနာသေတ္တာကို C-အဆင့် သားကောင် အနည်းဆုံး ၄ ကောင်က စောင့်ကြပ်နေလိမ့်မယ်။ အရင်နည်းလမ်းတွေက ဒီနေရာမှာအလုပ်မဖြစ်နိုင်တော့ဘူး။ C-အဆင့် အဖွဲ့ဝင် ၂ ယောက်ထက်ပိုပြီးရှိဖို့ အကြံပြုချင်တယ်။ ဒါမှ သူတို့ကို လူခွဲပြီး ဆွဲဆောင်ထားလို့ရမယ်။ အဆင့်မြင့်အဖွဲ့ဝင်တွေက တစ်ယောက်ကို ၂ ကောင် ဒါမှမဟုတ် ၃ ကောင်ကို ရှုပ်ထွေးစေပြီး ကျန်တဲ့သူတွေက မီးနဲ့တိုက်ခိုက်တာ ဒါမှမဟုတ် ထောင်ချောက်ထဲဆွဲသွင်းပြီး သတ်ဖြတ်တာမျိုးလုပ်မယ်ဆိုရင် ပိုပြီးလွယ်ကူလိမ့်မယ်။”

“တောင်ထိပ်မှာ ယဇ်ပလ္လင်နဲ့တူတဲ့အရာတစ်ခုရှိတယ်။ ရှေ့ကစမ်းသပ်မှုကိုဖြတ်သန်းပြီးသားအဖွဲ့တွေ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ်လက်လျှော့လိုက်တဲ့အဖွဲ့ဖြစ်ဖြစ် သူတို့လက်ထဲကရတနာမြေပုံကို သတ္တဝါလေးတွေက ယဇ်ပလ္လင်ဆီကို ယူဆောင်သွားလိမ့်မယ်။”

“နောက်ဆုံးမှာ ယဇ်ပလ္လင်ပွင့်လာပြီး B-အဆင့် သားကောင်ဖြစ်လာလိမ့်မယ်။ ဒီနေရာမှာ ပြောစရာဘာမှမရှိဘူး။ စွမ်းအားပြင်းထန်မှုပဲလိုတယ်။ B-အဆင့် ကစားသမားမရှိရင် လက်လျှော့လိုက်ဖို့ အကြံပြုချင်တယ်။ ဒီလိုမှမဟုတ်ရင်တော့ ညစာပဲဖြစ်သွားလိမ့်။”

“ဒီရတနာသေတ္တာတွေထဲကရတနာတွေက အုတ်မြစ်ကျောက်တွေနဲ့ လက်တွေ့ပုံစံကွက်တွေပဲ။ ယေဘုယျအားဖြင့် ရတနာမြေပုံထဲကရတနာတွေက သိပ်မဆိုးဘူး။”

“နောက်ထပ်တစ်ခုက ရတနာမြေပုံမှာဖော်ပြထားတဲ့လမ်းကြောင်းပေါ်မှာမဟုတ်တဲ့ ရတနာသေတ္တာတွေကနေ ဘာမှမရနိုင်ဘူး။ တနည်းအားဖြင့် အခြားဦးတည်ချက်တွေမှာ ရတနာသေတ္တာတွေဖွင့်ရင် ဘာမှမရနိုင်ဘူး။ ဒါကြောင့် ဒီကိစ္စမှာ အချိန်ကုန်မခံကြပါနဲ့။ တကယ်လို့ မုတ်ဆိတ်ကိုဖြတ်ချင်တယ်ဆိုရင် သူတို့ထွက်လာတဲ့အချိန်ကိုပဲ စောင့်ပါ။”

ထိုလမ်းညွှန်ကို ဖတ်ပြီးသောအခါ ရှောင်းယီသည် သူ့၏မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး တွေးလိုက်မိသည်။

‘သူက ဒီအရာတွေကို ဘယ်လိုစမ်းသပ်ခဲ့တာလဲ။’

အခွင့်အရေးသည် တစ်ကြိမ်သာရှိပြီး ဤလူ၏အဖွဲ့သည် ရတနာမြေပုံ ၈ ချပ်ကို စုဆောင်းထားသည်မှလွဲ၍ ဤအရာများအားလုံးကို လက်တွေ့စမ်းသပ်ရန်မှာ မဖြစ်နိုင်ပေ။

ဒီအဖွဲ့ ၈ ဖွဲ့က တကယ်တော့ အဖွဲ့တစ်ဖွဲ့တည်းပဲ။

သင်သည် အခွင့်အရေး ၈ ကြိမ်နှင့် ထပ်ခါထပ်ခါစမ်းသပ်ပြီးမှသာ ဤလမ်းညွှန်ကိုရနိုင်မည်ဖြစ်သည်။

ထိုအရာသည် ကျဲဘီဟုခေါ်သည့် ဤလူသည် ရတနာမြေပုံ ၈ ခုကို စုဆောင်းနိုင်သည်အထိ စွမ်းအားကြီးမားကြောင်း ဖော်ပြနေခဲ့လေသည်။

‘ဒီကမ္ဘာမှာ ဆရာကြီးတွေ အများကြီးရှိသေးတာပဲ။’

ရှောင်းယ္ စိတ်ထဲမှ တွေးလိုက်မိသည်။

ဂရုထဲတွင် နာ့ကျဲဘီရေးထားသည့်လမ်းညွှန်မှာ အမှန်လားဆိုသည်ကို ဆွေးနွေးနေကြဆဲပင်။

ခဏလောက် စဉ်းစားပြီးနောက် ရှောင်းယီသည် ထိုလူ၏ရည်ရွယ်ချက်ကို အတော်လေး နားလည်သွားခဲ့သည်။

ဤကမ္ဘာ၏သဘောသဘာဝအရ အနာဂတ်တွင် “ရတနာနယ်မြေများ” အများကြီးရှိလာနိုင်၏။

ဤ “ရတနာနယ်မြေများ” ၏ မြေပြင်လမ်းညွှန်များကို ငွေအမြောက်အမြားဖြင့် ရောင်းချနိုင်မည်ဖြစ်သည်။ ယခု ကျဲဘီသည် အခမဲ့လမ်းညွှန်တစ်ခုကို ရရှိခဲ့ပြီး ၎င်း၏စွမ်းအားကို သက်သေပြပေလိမ့်မည်။ အနာဂတ်တွင် လမ်းညွှန်တစ်ခုထုတ်ပြန်ပါက လူတိုင်းသည် ပိုမိုလက်ခံလာကြလိမ့်မည်ဖြစ်သည်။

“လူတိုင်းပဲ ငြင်းခုန်နေတာကို ရပ်လိုက်ကြပါတော့။ ဒီလူရဲ့နည်းဗျူဟာက အခြေခံအားဖြင့်တော့ မှန်ပါတယ်။ ဒီနည်းဗျူဟာအတိုင်း အဆင့်နိမ့်တဲ့ရတနာမြေပုံတွေကို စမ်းကြည့်လို့ရတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဒါပေမယ့် ဒီကမ္ဘာမှာရှိတဲ့ ရတနာမြေပုံက စည်းမျဉ်းတွေကို ပြောင်းလဲနိုင်တယ်ဆိုတာကိုတော့ ဖယ်ရှားလို့မရဘူး။ အရာအားလုံးမှာ သတိထားကြရမယ်။”

ရှောင်းယီ ထိုစကားများအား ပြောပြီးနောက် ယီထျန်းဂရုသည် စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့လေတော့သည်။

အခန်း ၃၅၇

သို့သော်လည်း နောက်တစ်စက္ကန့်မှာပင် ယီထျန်းဂရုသည် ချက်ချင်းပင် ပေါက်ကွဲသွားတော့လေသည်။

“ဘာ! ဒါက တကယ်ပဲလား။”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူဌေး အမှတ်မှားနေတာများလား။ ဂိမ်းသမားတစ်ယောက်က ဘဏ္ဍာမြေပုံကို တကယ်ပဲ ရှင်းလင်းနိုင်မှာမို့လို့လား။”

“ဟမ့်! ဆက်ပြီးရုန်းကန်မနေနဲ့တော့။ ဘော့စ် JB က ငါတို့ကို ဘယ်လိုလုပ်ပြီး လိမ်မှာလဲ! အခု ယီရန်ပင်းသူဌေးက လမ်းညွှန်ရဲ့စစ်မှန်မှုကို အတည်ပြုလိုက်ပြီ။ မင်းတို့မှာ ပြောစရာတွေ ဘာရှိသေးလဲ။”

“ဒါပေမယ့် JB က ဒီလမ်းညွှန်ကို အခမဲ့ငါတို့ကို ပြောပြမယ်ဆိုတာ ငါမယုံသေးဘူး။ မင်းဆိုရင် ဒီလိုခက်ခက်ခဲခဲရထားတဲ့ လမ်းညွှန်ကို လူသိရှင်ကြား ထုတ်ပြန်မှာလား။”

“သူ့စွမ်းရည်ကို သက်သေပြတယ ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်ပိုင်းမှာ သူက ဗျူဟာအမျိုးမျိုးကို ရောင်းသင့်တယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်တယ်...အဲဒါပဲဖြစ်ရမယ်။ သူဌေးကပဲ ပြဿနာကို ရှင်းရှင်းလင်းလင်း မြင်တယ်။!”

“ငါပြောသားပဲ။ သူက ဘယ်လိုလုပ်ပြီး အဲ့လောက်ထိ ကြင်နာနိုင်မှာလဲ။”

“ဒါပေမယ့် ဒီနည်းဗျူဟာကို မျှဝေနိုင်တာတင် ကောင်းနေပြီ။ ကိုယ့်ဦးနှောက်နဲ့ကိုယ် စီးပွားရေးလုပ်တာဆိုတော့ မဆိုးပါဘူး။”

“တစ်ယောက်ယောက်က ဒီကမ္ဘာကို တကယ့်ပဲ ဂိမ်းကြီးတစ်ခုလို့ တကယ်ထင်နေတာလား။”

“ဒါက လုံးဝလက်ခံနိုင်စရာမရှိဘူး။ ဂိမ်းထဲမှာ သေရင် ပြန်ရှင်နိုင်သေးတယ်။ ဒီမှာ သေရင်တော့ တကယ်သေသွားမှာပဲ။!”

“ရူးနေတဲ့လူတွေပဲ ဒီလိုလုပ်လိမ့်မယ်။”

“ဒါပေမယ့် ဂိမ်းတွေသာကစားတတ်မယ်ဆိုရင် ဒီကမ္ဘာမှာ ပိုပြီးကောင်းကောင်းမွန်မွန်နေနိုင်လိမ့်မယ်။ ဘာပဲပြောပြော ဒါက ဂိမ်းတစ်ခုနဲ့ အရမ်းတူလွန်းတယ်။!”

“ငါမှာ မေးခွန်းတစ်ခုရှိတယ်။ ငါမှာ ဘဏ္ဍာမြေပုံရှိရင် ဒီလမ်းညွှန်အတိုင်းလိုက်လုပ်တဲ့အခါ ဘေးကင်းနိုင်မှု တစ်ခုခုရနိုင်မှာလား။”

“အဲ့လိုတော့ဖြစ်သင့်တယ်။...ဒါပေမယ့် ဒီလမ်းညွှန်က အဖွဲ့ဝင်တွေရဲ့အဆင့်အတွက် တစ်ချို့လိုအပ်ချက်တွေရှိနေသေးတယ်။”

ရှောင်းယီသည်လည်း ဤအချိန်တွင် စဉ်းစားနေမိသည်။

‘ဒီ JB ရဲ့ရတနာမြေပုံက ဘာကိုဖော်ပြလဲဆိုတာ သိချင်မိတယ်။’

မတူညီသောရတနာမြေပုံများတွင် ဖော်ပြသည့်အရာများသည် တိကျသေချာသည့် ကွဲပြားခြားနားမှုများရှိသင့်ပြီး လက်ရှိကမ္ဘာ၏ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်နှင့် ကိုက်ညီသင့်ပေသည်။

“ဒါက သွေးအေးလက်နက်အချို့ရဲ့ ပုံစံကွက်တစ်ခုလည်း ဖြစ်သင့်တာပဲ။”

ထို့နောက် ရှောင်းယီသည် သူ၏ခေါင်းကို ခါယမ်းကာ နောက်ထပ်မစဉ်းစားတော့ဘဲ ထသွားတော့သည်။

“အန်းရန် နေ့လယ်စာတွေ ထပ်လုပ်ဖို့လိုသေးတယ်။ အခု နောက်ထပ်လူ ၁၂ ယောက်ထပ်ရှိလာပြီ။ ဒေသခံတွေကို ကူညီခိုင်းလိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ကောင်းပြီ ငါစပြီး ပြင်ဆင်နေပြီ။ နေ့လယ်စာကို ဘယ်မှာစားမှာလဲ။”

“ပန်းဖြေစခန်းကိုပဲ သွားကြရအောင်! အဲဒီမှာ စားသောက်ဆိုင်ငယ်လည်းရှိတယ်ဆိုတော့ အဲဒီစားသောက်ဆိုင်ထဲမှာပဲ စားကြမယ်။ အစားအစာတွေအားလုံးကို အဲဒီကိုပဲ ယူသွားလိုက်ပါ။ အဲဒီမှာတင် ချက်လို့ရတယ်။”

“အိုကေ!”

အန်းရန်က တုန့်ပြန်လိုက်ပြီး ဆုဝမ်ကို ကုန်တင်လှည်းပေါ်သို့ ပါဝင်ပစ္စည်းများထည့်ရန် ပြောကာ ဒေသခံများအား ထိုနေရာသို့ ပို့ဆောင်ခိုင်းလိုက်သည်။

ကမ်းခြေပေါ်တွင် နေပူစာလှုံနေသော ချူရှန်းသည် ထိုပါဝင်ပစ္စည်းများကိုမြင်ရသည်နှင့် ၎င်းတို့ရေတပ်၏ အခြေခံဝန်ထမ်းများကို ချက်ချင်းပင် ခေါ်ယူလိုက်သည်။

“နေ့လယ်စာပြင်ဆင်တဲ့နေရာ ကူညီလိုက်ကြ!”

ချူရှန်းက ပြောလိုက်သည်။

“ဟုတ်ကဲ့!”

ထိုလူများသည် ကစားရခြင်းကြောင့် အနည်းငယ်ပင်ပန်းနေကြပြီဖြစ်သောကြောင့် ချက်ချင်းပင် တုန့်ပြန်လိုက်ကြသည်။ ထိုလူများ၏အကူအညီဖြင့် အန်းရန်တို့သည် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်ခဲ့ကြသည်။

ထိုစဉ် ချူဖုန်းသည် အပြင်ဘက်မှ လမ်းလျှောက်ဝင်လာပြီး တီးတိုးပြောလိုက်သည်။

“ငါအပြင်ဘင်ကို လမ်းလျှောက်ထွက်တုန်းက ဆိပ်ကမ်းဘေးမှာ ကျောက်တုံးအိမ်အချို့ကို မြင်လိုက်ရတယ်။ ဒါက သူဌေးကြီးက ငါတို့အတွက် ပြင်ဆင်ပေးထားတာလို့ မင်းထင်လား။”

“၉၀% လောက်ဖြစ်နိုင်တယ်!”

ချူရှန်းက ပြန်ဖြေလိုက်သည်။

“မစ္စတာရှောင်းယီက တကယ်စိတ်ဝင်စားစရာကောင်းတဲ့သူဆိုတာ ငါတွေ့ခဲ့ရတယ်။ တစ်ခါတလေမှာ သူက ဂရုမစိုက်ဘူးလို့ ခံစားရပြီး တစ်ခါတလေကျပြန်တော့လည်း သူက အရမ်းရက်ရောတယ်လို့ ခံစားရပြန်တယ်။”

“တနည်းအားဖြင့် သူက သူ့ရဲ့ကိုယ်ပိုင်လူတွေကို ဘယ်သောအခါမှ တွန့်တိုဖူးခြင်းမရှိဘူး။”

ချူဖုန်းက ပြုံးရယ်ကာပြောလိုက်သည်။ ချူရှန်းက ခေါင်းညိမ့်လိုက်သည်။

နေ့လယ်စာကို အလျင်အမြန် ပြင်ဆင်ပြီး ကူညီရန် ရောက်ရှိလာသော ကျူးချန်းကလန်၏ အခြေခံဝန်ထမ်းများမှာ သွားရေကိုသာ မျိုချနေကြရသည်။

သူတို့၏အစားအစာများကို ရှောင်းယီမှ ထောက်ပံ့ထားခြင်းဖြစ်သော်လည်း သူတို့သည် ကိုယ်တိုင်ချက်ပြုတ်ရန် လိုအပ်ပြီး ၎င်းတို့၏သင်္ဘောပေါ်ရှိ ဟင်းခတ်အမွှေးအကြိုင်များသည် ဤနေရာရှိ ဟင်းခတ်အမွှေးအကြိုင်များနှင့် နှိုင်းယှဉ်၍မရပေ။

“ငါဗိုက်ပြည့်သွားပြီ!”

လူတစ်ယောက်က ရုတ်တရက်ပြောလိုက်၏။ ကျန်သည့်လူများက ထိုလူကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

“ငါ သွားရည်ကျတာကို မရပ်နိုင်ဘူး။ ရေသောက်ပြီးတော့ ဗိုက်ပြည့်သွားပြီ။”

ထိုလူက ဆက်ပြောလိုက်သည်။

“မင်းကြည့်ရတာ ရွံစရာကောင်းကောင်းတယ်လို့ မထင်ဘူးလား။”

အခြားသူများက ရယ်မောကာ ကဲ့ရဲ့လိုက်ကြ၏။

“ဒီနေရာက ငါ့ကို ပြီးခဲ့တဲ့ဘဝကို ပြန်ရောက်သွားတယ်လို့ ခံစားရစေတယ်။”

“ဟုတ်တယ်။ အဲ့အကြောင်း မပြောတော့နဲ့။ ငါတကယ်ပဲ ဒီမှာတစ်သက်လုံးနေချင်မိတယ်။”

“ပင်လယ်ပြင်မှာ ကြာကြာလှည့်လည်ပြီးရင် ဒီမှာတစ်ရက်လောက်တော့ လာပြီးကစားချင်တယ်။ ဒါက အရမ်းတောင်းဆိုတာမျိုးတော့ မဟုတ်လောက်ပါဘူး!။”

“ငါလည်းအဲဒီလိုပဲ။!”

နေ့လည်ခင်းတွင် ရှောင်းယီသည် ယွမ်နွန်နှင့် အခြားသူများကို ခေါ်ယူခဲ့ပြီး ကျူးချန်းကလန်နှင့် ဝေပေါ်အပါအဝင် လူဦးရေ နှစ်ဆယ်နီးပါးရှိသည်။

ဤစားသောက်ဆိုင်ငယ်လေးတွင် စားပွဲကြီးသုံးလုံးသာရှိ၏။

ရှောင်းယီသည် စားသောက်ဆိုင်အတွင်းရှိ စားပွဲငယ်ကို အသုံးပြုပြီး အတူတကွစုစည်းထားလိုက်သည်။

“အားလုံးပဲ ကျပ်သိပ်နေတယ်ဆိုပေမယ့် အခုခဏတော့ သည်းခံပေးကြပါ။ နေ့လယ်စာကိုတော့ နည်းနည်းပဲ စားကြပေါ့။ ညနေကျရင် မီးပုံပွဲနဲ့ ဘာဘီကျူးပွဲတော်ကြီးကို ကျင်းပကြမယ်။”

ရှောင်းယီက ပြုံးရယ်ကာ ပြောလိုက်သည်။

“အဆင်ပြေပါတယ်။ မကျပ်ပါဘူး၊ မကျပ်ပါဘူး!”

အားလုံးက တစ်ဆက်တည်း တုန့်ပြန်လိုက်ကြသည်။

ရှောင်းယီ၏ကျွန်းတွင် ကိုးယောက်သာရှိပြီး ဝေပေါ်၊ ဖျူဖုန်းနှင့် ချူရှန်းတို့ကို ထည့်သွင်းလိုက်ပြီးနောက် လူဆယ့်နှစ်ယောက်တို့ဖြစ်သွားခဲ့ပြီး သူတို့က အကြီးဆုံးစားပွဲတွင် ထိုင်လိုက်ကြသည်။။ကျန်လူများမှာ အဆင်ပြေသလိုသာ ထိုင်လိုက်ကြလေသည်။

“ဒီနေ့ ငါ့ကျွန်းကို လာရောက်လည်ပတ်တဲ့အတွက် အားလုံးကို ကြိုဆိုပါတယ်၊ ကျေးဇူးပြုပြီး မင်းတို့ကိုယ်မင်းတို့ မိတ်ဆက်လိုက်ကြပါဦး! အစားအစာက လုံလောက်ပါတယ်။ မင်းတို့ရဲ့ တူတွေကို သုံးလို့ရပါပြီ။!”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် သူဌေး!”

အားလုံးက ဝမ်းမြောက်ဝမ်းသာနှင့် တုန့်ပြန်လိုက်ကြသည်။

ရှောင်းယီသည် ချူရှန်းတို့အား ယွမ်နွန်နှင့် အခြားသူများကို မိတ်ဆက်ပေးလိုက်သည်။

ရှောင်းယီတို့ စားပွဲပေါ်ရှိဟင်းလျာများသည် အဆင့်မြင့်အစားအစာများဖြစ်ပြီး အခြားစားပွဲသုံးလုံးသည်မူ အခြေခံအားဖြင့် သာမန်အစားအစာများသာ ဖြစ်ကြသည်။

သာမန်အစားအစာဖြစ်သော်လည်း သူတို့သည် ဝမ်းသာအားရ စားသုံးလိုက်ကြဆဲပင်။

ကျူးချန်းကလန်ဖြစ်စေ၊ ဝေပေါ်နှင့် သူ၏ညီငယ်လေးဖြစ်စေ၊ ဤကမ္ဘာသို့ရောက်ရှိလာပြီးနောက် ဟင်းခတ်အမွှေးအကြိုင်များဖြင့် ချက်ပြုတ်ကြော်လှော်ထားသော အစားအစာများကို မစားဖူးခဲ့ကြပေ။

ယခင်တုန်းက အသက်ရှင်သန်နိုင်သရွေ့ မည်သူက ဤကဲ့သို့အလိုဆန္ဒများအား လိုက်ရှာပါမည်နည်း။

နေ့လယ်စာစားပြီးနောက် ဝေပေါ်သည် သူ၏ညီငယ်အား ပန်းကန်ဆေးကြောခြင်းတာဝန်ကို လွှဲအပ်ခဲ့သည်။

“သူဌေး ကျုပ်တို့ပြန်ပြီး ယမ်းစိမ်းကို သူဌေးပို့ပေးလိုက်ပါ့မယ်။”

ဝေါ်ပိုတို့ညီအစ်ကိုသည် ပန်းကန်များကို ဆေးကြောပြီးနောက် ရှောင်းယီဆီသို့ ရောက်လာကာ ပြောလိုက်သည်။

“ကောင်းပြီ မင်းတို့ ပြန်ထွက်တဲ့အခါ အသားအချို့ယူသွားပြီး မင်းညီလေးကို ဒီည ဘာဘီကျူးစားခိုင်းလိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

“မင်းကတော့ ဒီည ဒီမှာညစာလာပြန်စား!”

“ဟမ်! ကျုပ်အချိန်မီ ရောက်မှာမဟုတ်လောက်ဘူးထင်တယ်။”

ဝေ‌ပေါ်က ပြန်ဖြေလိုက်သည်။

“ကျုပ်တို့ကျွန်းတွေကြားအကွာအဝေးက သိပ်မဝေးဘူးဆိုပေမယ့် ဒီကိုရောက်ဖို့ဆိုရင် လေးနာရီလောက်တော့ ကြာဦးမယ်။”

ထိုစကားကိုကြားသောအခါ ရှောင်းယီ ပြုံးလိုက်၏။

“အဲ့ဒါက မင်းရဲ့သင်္ဘောနဲ့လေ။ ညနေကျရင် ငါ့ရဲ့အပျော်စီးသင်္ဘောကို မင်းကိုငှားလိုက်မယ်။ လမ်းကြောင်းအတိုင်း ဒီကိုပြန်မောင်းလာခဲ့။”

ဝေပေါ်၏မျက်လုံးများ ချက်ချင်းပင် တောက်ပသွားခဲ့သည်။

“ဟုတ်ကဲ့ သူဌေးရဲ့အပျော်စီးရွက်သင်္ဘောကို ကျုပ် ဘာလို့မေ့သွားရတာပါလိမ့်!”

“ကောင်းပြီ ပြန်သွားတော့ လမ်းခရီးမှာ ဂရုစိုက်ပါ!”

ရှောင်းယီက ပြောလိုက်သည်။ ထို့နောက် ဝေပေါ်သည် သူ၏ညီအစ်ကိုများနှင့်အတူ ရှောင်းယီ၏ကျွန်းမှ ထွက်ခွာသွားခဲ့ကြလေသည်။

ထိုစဉ် ဝေပေါ်၏ဘေးနားတွင် ရပ်နေသော မျက်ခုံးကားကားနှင့်လူက လေသံကိုနှိမ့်ကာ မေးလိုက်သည်။

“ဘော့စ် ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ။”

ဝေပေါ်က သူ့ကိုတစ်ချက်ငဲ့ကြည့်ကာ ပြောလိုက်၏။

“ငါတို့ဘာလုပ်ရမှာလဲ။ သူဌေးကြီးကို အမိဖမ်းနိုင်ခဲ့တာက ငါတို့ ရှစ်ဘဝလောက်ကျင့်ကြံအားထုတ်ပြီးမှ ရရှိနိုင်တဲ့ ကောင်းချီးမျိုးပဲ။ ငါတို့ရဲ့ အကြံဉာဏ်သေးသေးလေးတွေက လုံးဋအဓိပ္ပါယ်မရှိဘူး။”

“ဟုတ်ကဲ့ပါ ဘော့စ်က ကျွန်တော့်ကို သင်ခန်းစာတစ်ခုသင်ပေးလိုက်တာပါပဲ။”

မျက်ခုံးမွှေးက ချက်ချင်းပြောလိုက်သည်။

ဝေပေါ်တို့အဖွဲ့ ၎င်းတို့၏ကျွန်းသို့ပြန်ရောက်သောအခါ ဝေပေါ်သည် သူထုတ်လုပ်ခဲ့သော ယမ်းစိမ်းကို ရှောင်းယီဆီသို့ ချက်ချင်းပင် ပို့ပေးလိုက်သည်။

“[ယမ်းစိမ်း] 20 လဲလှယ်မှုမရှိ။”

ရှောင်းယီသည် ဝေ့ပေါ်၏လဲလှယ်မှုကို ချက်ချင်းပင် သဘောတူလိုက်သည်။

‘ကျန်တာက ဆာလဖာပဲ! ဒီဆာလဖာ ဘယ်သူ့ဆီမှာရှိလောက်မလဲ’

ထိုအကြောင်းကို စဉ်းစားမိသောအခါ ရှောင်းယီသည် ယီထျန်းဂရုထဲတွင် စာတင်လိုက်သည်။

“ဆာလဖာဘယ်သူ့ဆီမှာရှိလဲ။ ရှိရင် ကျုပ်ကိုသီးသန့်ဆက်သွယ်ပေးပါ!”

သူ၏စကားတစ်ခွန်းက ယီထျန်းဂရုကို နောက်တစ်ကြိမ် လှုံ့ဆော်ပေးခဲ့ပြန်လေသည်။

All Chapters