← Chapters

အခန်း (၃၅၈-၃၆၀)

Vol. 24 Ch. 358-360

အခန်း (၃၅၈-၃၆၀)

Vol. 24 Ch. 358-360

အခန်း ၃၅၈

“သူဌေးက ဆာလဖာကို ဘာအတွက်လိုချင်တာလဲ။ ပိုးမွှားတွေသတ်ဖို့လား။”

“သူဌေး ရောင်းချဖို့အတွက် သီးနှံတွေအများကြီး ထုတ်လုပ်နိုင်တယ်ဆိုတော့ စိုက်ခင်းတွေလည်း အများကြီး စိုက်ပျိုးထားမှာသေချာတယ်။ ပိုးမွှားတွေရှိတာကိုတော့ နားလည်ပေးနိုင်ပါတယ်။”

“ဟုတ်တယ်။ ဆာလဖာက စွမ်းဆောင်ရည်မျိုးစုံရှိတဲ့ ဆေးတစ်မျိုးပဲ။ ပေါင်ဒရာမှိုနဲ့ ရွက်ခြောက်တွေကို ကာကွယ်ကုသနိုင်တဲ့ ပစ္စည်းကောင်းတစ်ခုပဲ။”

“အထက်ကလူ မင်းက အရမ်းပရော်ဖက်ရှင်နယ်ကျတာပဲ။ ငါ့ကျွန်းကိုလာခဲ့ပါ။ ငါတို့ကျွန်းက မင်းလိုမျိုးပါရမီရှင်တွေကို လိုအပ်နေတယ်။”

လူအများ၏ ဆွေးနွေးများမှုကိုကြည့်ပြီး ရှောင်းယီ ခဏတာ အငိုက်မိသွားခဲ့သည်။ သူသည် အရာများစွာ စိုက်ပျိုးထားပြီး ပိုးမွှားများနှင့် တွေ့ရသေးပုံမရပေ။

ဤနေရာ၏ ကမ္ဘာ့စည်းမျဉ်းတွင် ပိုးမွှားရောဂါများ မရှိဟု သူအမြဲထင်နေခဲ့ခြင်းဖြစ်သည်။

‘အခွင့်အရေးရရင် စိုက်ပျိုးရေးလုပ်တဲ့ အခြားအသက်ရှင်ကျန်ရစ်သူတွေကို သူတို့မှာ ပိုးမွှားတွေ တွေ့ဖူးလားဆိုတာကို မေးကြည့်ရမယ်။’

ရှောင်းယိ လျှို့ဝှက်စွာ တွေးလိုက်မိသည်။

“သူဌေးက အဲ့ဒါကို ပိုးသတ်ဆေးအတွက် သုံးဖို့မဟုတ်ဘူးလို့ ငါခံစားမိတယ်။ သူက ယမ်းမှုန့်လုပ်ဖို့သုံးတာပဲနိုင်တယ်။ ဆယလဖာက ယမ်းမှုန့်လုပ်တဲ့ အဓိကကုန်ကြမ်းတွေထဲက တစ်ခုဆိုတာ သိထားရမယ်။”

“ဆာလဖာက ယမ်းမှုန့်လုပ်တဲ့ အဓိကကုန်ကြမ်းတွေထဲက တစ်ခုဆိုရင် ဘာလို့ သူဌေးက အခြားကုန်ကြမ်းတွေကို မစုဘဲ ဒီတစ်ခုတည်းကိုပဲ စုတာလဲ။”

“ယမ်းမှုန့်ရဲ့ အဓိကကုန်ကြမ်းသုံးမျိုးက ယမ်းစိမ်း၊ ဆာလဖာနဲ့ မီးသွေးမှုန့်ပဲ။ မီးသွေးမှုန့်ဆိုတာက ကိုယ်တိုင်လုပ်လို့ရတယ်ဆိုတာ ပြောပြစရာမလိုဘူး။ ယမ်းစိမ်းလုပ်တတ်တဲ့လူတွေကလည်း အခုကိုယ်တိုင်လုပ်လို့ရနေပြီ။ ဒါပေမယ့် ဆာလဖာကတော့ ပြောရခက်တယ်။ မင်း နားလည်လား!?”

“ဝိုး! မင်း အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ဒီလိုမျိုး အသိပညာတွေအားလုံးကို နားလည်တယ်။ ငါ့ကျွန်းကိုလာခဲ့ပါ။ ငါတို့ကျွန်းက မင်းလိုပါရမီရှင်တွေကို အရမ်းလိုအပ်နေတယ်။!”

“ငါ့ကျွန်းမှာ လူလေးယောက်ရှိတယ်။ အခုချိန်ထိ အခြားသူတွေကို မလိုအပ်သေးဘူး။ အခြားသူတွေဆီမှာ ခိုလှုံဖို့လည်း စိတ်ကူးမရှိဘူး။!”

ယမ်းမှုန့်အကြောင်းရှင်းပြခဲ့သည့်လူက ပြန်ဖြေလိုက်၏။

“ဒါက အရမ်းနှမြောစရာကောင်းတာပဲ။ ငါ့မှာ မေးခွန်းတစ်ခုရှိတယ်။ မင်းမှာရော ယမ်းမှုန့်ရှိပြီလား။”

“မရှိဘူး။ ဆာလဖာလည်း ခုထိမတွေ့ဖူးသေးဘူး!”

ထိုလူက ပြန်ဖြေသည်။

သူတို့၏ စကားဝိုင်းကို ကြည့်ရင်း ရှောင်းယီ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်မိသည်။

“ဒီကိုရောက်လာတဲ့အခါ ပါရမီရှင်တွေလည်း အနည်းဘူးပဲ။!”

ရှောင်းယီ တစ်နေ့လုံးစောင့်နေသော်လည်း မည်သူမျှ သီးသန့်မက်ဆေ့ချ်များကို ဘယ်သူမှမပို့ခဲ့ကြပေ။ ဤကုန်ကြမ်းကို မည်သူမျှ မတွေ့ရှိရသေးဟုပင် ထင်ရသည်။

ဟုတ်ပါသည်၊ အချို့လူများတွင် ဆာလဖာများရှိနိုင်သော်လည်း အပြင်ဘက်သို့ ရောင်းချမည်မဟုတ်သည့် အကြောင်းရင်းကိုလည်း ဖယ်ရှား၍မရနိုင်ပေ။ ရှောင်းယှ ခေါင်းခါလိုက်ပြီး အပန်းဖြေစခန်းဆီသို့ လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် ကမ်းခြေပေါ်ရှိ လူအားလုံးသည်လည်း စတင်ပြင်ဆင်နေကြပြီဖြစ်သည်။ လူတိုင်းသည် အသားများကို အတူတကွ ဝိုင်းဝန်းလှီးဖြတ်ကာ ရယ်မောသံများနှင့် ပျော်ရွှင်မှုများ ရောထွေးနေခဲ့သည်။

ချူရှန်းက ရှောင်းယီရောက်လာသည်ကိုမြင်သောအခါ ချက်ချင်းပင် ထလာပြီး ပြောလိုက်သည်။

“အစ်ကို မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။ မင်းက အစားအစာတွေ အများကြီးပြင်ဆင်ပေးထားတာပဲ။”

“ဒါက သားရဲဘုရင်ကို ကျေးဇူးတင်ရမယ်။ သူက အများစုကို အမဲလိုက်ဖို့ ကူညီပေးထားတာ!”

ရှောင်းယီက ပြုံးရယ်ကာဖြင့် ပြန်ဖြေလိုက်သည်။

“အံ့သြစရာပဲ! သားရဲဘုရင်က ဘယ်အဆင့်လဲဆိုတာ မေးလို့ရမလား။”

ချူရှန်းက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“S အဆင့်”

ရှောင်းယီက အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ဖြေသည်။

“S အဆင့်?!”

ချူရှန်း၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ဆိုလိုတာက မင်းလည်း အဲဒီလိုပဲလား။”

ရှောင်းယီသည် ပြုံးသာပြုံးလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။ ချူရှန်းသည်လည်း လမ္မာပါးနပ်စွာဖြင့် ထိုခေါင်းစဉ်ကို ဆက်မပြောတော့ဘဲ တခြားအကြောင်းအရာတစ်ခုသို့ ပြောင်းလဲလိုက်သည်။

“သူဌေး ကျုပ်တို့ မင်းဆီမှာ ခိုလှုံပြီးကတည်းက ရေတပ်ထဲက လူတချို့က ဆက်မလုပ်ချင်ကြတော့ဘူး။ သူတို့အများစုက သင်္ဘောသားတွေမဟုတ်ဘူးလေ။ သူတို့အနေနဲ့ ပင်လယ်ပြင်မှာ တစ်နေ့လုံးမျောနေလို့မရဘူး။”

“အင်း ငါနားလည်ပါတယ်။ ပြင်ပက ကျောက်တုံးအိမ်တွေကို မင်းလည်းမြင်မှာပေါ့။ မင်းတို့ဘာသာ ခွဲဝေလိုက်ကြပါ။”

ရှောင်းယီက ‌ပြန်ဖြေလိုက်သည်။

“တကယ်တော့ ဒီကိစ္စက မင်းသူတို့ကို အကျိုးကျေးဇူးတွေနဲ့ ဆွဲဆောင်နိုင်ပါ့မလားဆိုတဲ့အပေါ်မှာလည်း မူတည်သေးတယ်။”

ချူရှန်းက ခေါင်းညိမ့်လိုက်သည်။

“ကျုပ် ဒါကိုနားလည်ပါပြီ။ ကျုပ် အကောင်းဆုံး ကြိုးစားမှာပါ။ ဒါပေမယ့် ကျုပ်တို့ဆိုလိုတာက သူတို့ကို အလုပ်ပြောင်းပေးလို့ရမလား။ ကျောက်တုံးအိမ်တွေကို ဆိပ်ကမ်းဘေးမှာ တည်ဆောက်ထားထားတယဆိုတော့ သူတို့အများစုကို ငါးဖမ်းသမားတွေအဖြစ် သတ်မှတ်ထားလို့ရပါတယ်။ ငါးဖမ်းသမားဖြစ်ပြီဆိုတာနဲ့ သူတို့ကို နေ့တိုင်းပင်လယ်ထဲငါးတွေကထာ ဖမ်းခိုင်းလို့ရတယ်။ ဒါကလည်း သူတို့ရဲ့အသက်မွေးဝမ်းကြောင်းတစ်ခုပါပဲ။”

ရှောင်းယီ ခေါင်းညိမ့်လိုက်သည်။

“ဒါကမှန်တယ်ဆိုပေမယ့် ပင်လယ်ထဲကိုထွက်တာက မရေရာတဲ့အချက်တွေ အရမ်းများတယ်။”

“လမ်းကြောင်း!”

ချူရှန်းက ပြုံးကာပြောလိုက်သည်။ ရှောင်းယီ ချက်ချင်းပင် နားလည်သွားခဲ့၏။ ချူရှန်းက ဆက်ပြောသည်။

“ဒီလမ်းကြောင်းကို မြင်တုန်းက ကျုပ်ရဲ့ပထမဆုံးတုံ့ပြန်မှုက ခရီးသည်တင် သယ်ယူပို့ဆောင်ရေးအကြောင်း မဟုတ်ဘူး။ ငါးဖမ်းတဲ့အကြောင်းပဲ။!”

“ဒါကိုတော့ ငါတကယ်မတွေးမိခဲ့ဘူး။”

ရှောင်းယီက ပြောလိုက်သည်။

“အမှန်ပဲ။ ကမ်းခြေမှာရှိတဲ့ ပင်လယ်အရင်းအမြစ်တွေက ကန့်သတ်ချက်ရှိနေသေးတယ်။ ပင်လယ်ပြင်ကိုသာထွက်ပြီး ငါးဖမ်းနိုင်မယ်ဆိုရင် ရလာဒ်က အရမ်းကြီးမားလိမ့်မယ်။”

“ကျုပ်ဆိုလိုချင်တာကလည်း အဲ့လိုပါပဲ။ ဒီလိုဆိုရင် သူဌေးရဲ့ လမ်းကြောင်းတွေကို မျှဝေပေးဖို့ လိုအပ်တယ်လေ။”

ချူရှန်းက သူ၏ခေါင်းကိုကုတ်ကာ ပြောလိုက်သည်။ ရှောင်းယီ သူ့ကိုကြည့်လိုက်၏။

“ဒါမင်းရဲ့ တကယ့်ရည်ရွယ်ချက်လား။”

“သူဌေး ဒီလိုမျိုးတော့ မပြောပါနဲ့။ ကျုပ်လမ်းကြောင်းကို မျှဝေချင်တယ်ဆိုတာ မှန်ပေမယ့်လည်း ခုနကကျုပ်ပြောတာတွေက အမှန်တရားတွေပါ။”

ချူရှန်းက ပြန်ဖြေလိုက်၏။

“အေးပါ ငါနားလည်ပါတယ်။ စိတ်မပူပါနဲ့...လမ်းကြောင်းအားလုံးကို ငါတို့လူတွေနဲ့အတူ မျှဝေပေးမှာပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ဒါပေမယ့် ပြဿနာတစ်ခုတော့ရှိတယ်။ ငါကမျှဝေလိုက်မယ်ဆိုရင်တောင် သူတို့အသုံးမပြုနိုင်ဘူး။ ကျွန်းအထိမ်းအမှတ်ကျောကခတိုင်အရေအတွက်က အကန့်အသတ်ရှိတယ်။”

ထိုစကားကိုကြားသောအခါ ချူရှန်း မျက်မှောင်ကြုံ့လိုက်မိသည်။

ဒါကတကယ်ကို ပြဿနာတစ်ခုပဲ။

“အခုခဏတော့ ဒီတိုင်းပဲလုပ်ကြည့်ကြတာပေါ့။”

ရှောင်းယီက ပြောလိုက်သည်။

“ငါ နေ့တိုင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါတဲ့ လှေတစ်စီး စီစဉ်ပေးပြီး သူတို့ကို ဘေးကင်းတဲ့လမ်းကြောင်းအတိုင်း ငါးဖမ်းခိုင်းမယ်။ ဒါပေမယ့် သူတို့ရဲ့ငါးဖမ်းတဲ့ရလာဒ်အချို့ကို ခေါ်သွားတဲ့သူကို ပေးရမယ်။”

“အခုချိန်မှာတော့ ဒီလိုပဲလုပ်ရမယ်။”

ချူရှန်းက ပြန်ဖြေလိုက်သည်။

မိုးကောင်းကင်သည် နက်မှောင်စပြုလာ၏။ ကမ်းခြေပေါ်တွင် မီးပုံများ ထွန်းညှိထားပြီး အကင်စက်များမှ ဆူညံသံများကို စတင်ကြားလာခဲ့ရသည်။

လေထဲတွင် အကင်နံ့များလည်း ပျံ့နှံ့လို့နေသည်။

ကျန်းယွင်းထျန်းသည် အပန်းဖြေစခန်းထဲသို့ လျှောက်ဝင်လာပြီး ရှောင်းယီဆီသို့ ရောက်လာခဲ့သည်။

“ရှောင်းယီ အပျော်စီးရွက်သင်္ဘောကို ငှားပေးပြီးပြီ။ ဝေပေါ် ဆယ်မိနစ်လောက်နေရင် ရောက်လာလိမ့်မယ်။”

ရှောင်းယီ သူ့ကို ခေါင်းညိမ့်ပြလိုက်သည်။

ကျွန်းပေါ်ရှိ မျိုးနွယ်စုသုံးစု၏ခေါင်းဆောင်များသည်လည်း ဒေသခံတစ်ဒါဇင်စီကို ခေါ်ဆောင်လာကာ မီးပုံပွဲတွင် ပါဝင်ခဲ့သည်။

မကြာမီ ဝေပေါ်သည်လည်း အပြေးရောက်လာခဲ့လေသည်။

လူအားလုံး စုရုံးရောက်ရှိနေသည်ကိုမြင်ရသောအခါ ရှောင်းယီ ထရပ်လိုက်ပြီး လေသံမြင့်မြင့်ဖြင့် ပြောလိုက်သည်။

“အားလုံးပဲ ဒီမီးပုံပွဲကနေ ကြိုဆိုပါတယ်။ ဒီတစ်ခါ ပါဝင်ပစ္စည်းအားလုံးကို ကျုပ်ထောက်ပံ့မှာမို့လို့ စိတ်ချလက်ချစားသောက်နိုင်ပါတယ်။”

“ယေး! အရမ်းကောင်းတယ်! သူဌေး သက်တော်ရာကျောက်ရှည်ပါစေ!”

လူတိုင်းက ချက်ချင်းပင် ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

“မစတင်ခင်မှာ အချက်အနည်းငယ် ကြေညာချင်ပါတယ်။”

ရှောင်းယီက ဆက်ပြောလိုက်၏။ ထိုအခါ လူတိုင်း ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ကြသည်။

“ပထမဆုံးအချက်ကတော့ တရင်းတနှီး စေ့စပ်ဆွေးနွေးပြီးတဲ့နောက်မှာ ကျူးချန်းကလန်ကို ကျွန်တော့်ရဲ့ကျွန်းထဲ ပေါင်းစည်းလိုက်ပါပြီ။ ဒီနေ့ကစပြီး ကျူးချန်းကလန်ဟာ ယီရန်ပင်းရဲ့ရေတပ်ဖြစ်လာပါပြီ!။”

ကျူးချန်းကလန်သားများ တဒင်္ဂအငိုက်မိသွားပြီးနောင် ချက်ချင်းပင် အော်ဟစ်လိုက်ကြ၏။

“ကလန်ခေါင်းဆောင်က အရမ်းအံ့ဩစရာကောင်းတာပဲ။ ငါတို့တွေ ယီရန်ပင်းသူဌေးရဲ့လက်အောက်ကို ရောက်သွားပြီ!။”

“ငါသိနေတယ်လေ ဒီလိုပဲဖြစ်မယ်ဆိုတာ!”

“ကျူးချန်းက အဒွန့်ရှည်တည်တန့်ပါစေ!

ယီရန်ပင်းသူဌေး သက်တော်ကာကျော်ရှည်ပါစေ!”

ဝေပေါ်သည် အတွေးများပြည့်နှက်နေဟန်ဖြင့် ကျူးချန်းကလန်ကို ကြည့်နေခဲ့သည်။ ဤဖြစ်ရပ်ကို သူမျှော်လင့်မထားခဲ့ခြင်းတော့ မဟုတ်ပေ။

ရှောင်းယီ၏ မတူကွဲပြားသော စွမ်းရည်များကို မြင်လိုက်ရပြီးနောက် သူနှင့်အတူပူးပေါင်းခြင်းမှာ သဘာဝကျပေသည်။

“ဒါပေါ့...ဒီကိစ္စကို နေရာတကာမှာ ကြေညာနေလို့တော့မရဘူး။ တိုးတိုးတိတ်တိတ်လေးနေပြီး ကြွယ်ဝချမ်းသာအောင် လုပ်ကြရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့! သူဌေးရဲ့ အမိန့်ကို နာခံပါ့မယ်!”

လူတိုင်းက တစ်သွေးတစ်သံတည်း တုန့်ပြန်လိုက်ကြသည်။

“ဒုတိယအချက်အနေနဲ့ ကျုပ်တို့လူတွေအတွက် လမ်းကြောင်းတွေကို ကန့်သတ်ချက်မရှိ မျှဝေပေးမှာဖြစ်ပါတယ်။”

ဤသတင်းအတွက်မူ မည်သူ့ကိုမျှ တုံ့ပြန်ခဲ့ခြင်းမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် ခေါင်းဆောင်များနှင့်သာ သက်ဆိုင်ပြီး ၎င်းတို့ကဲ့သို့သော သာမန်တပ်သားများနှင့် မသက်ဆိုင်သောကြောင့်ဖြစ်သည်။

အခန်း ၃၅၉

ရှောင်းယီ သူ၏မျက်ခုံးများကို ပင့်တင်ကာပြောလိုက်သည်။

“ဒီသတင်းကောင်းကို ဘာမှမခံစားကြရဘူးလား။”

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် သူဌေး!”

တစ်စုံတစ်ယောက်က ဝတ်ကျေတမ်းကျေ ပြန်လိုက်ပြော၏။ ရှောင်းယီ ပြုံးကာ ခေါင်းခါလိုက်မိသည်။

“အားလုံးလည်း အပန်းဖြေစခန်းရဲ့ဘေးနားက ကျောက်တုံးအိမ်တွေကို မြင်ပြီးကြပြီလို့ ငါထင်တယ်။”

“မြင်ပြီးပါပြီ!”

အားလုံးက တုန့်ပြန်လိုက်ကြသည်။

သူတို့သည် အချိန်အများစုကို အပန်းဖြေစခန်းထဲတွင် ကုန်ဆုံးခဲ့ကြသော်လည်း လမ်းလျှောက်ထွက်သူများစွာလည်း ရှိနေကြဆဲဖြစ်သည်။

“ဒီကျောက်အိမ်တွေက မင်းတို့အတွက် ပြင်ဆင်ထားတာပဲ။ သူတို့ကို ကမ်းခြေမှာ မင်းတို့အတွက် အိမ်တစ်လုံးရှိသလိုမျိုး သက်မှတ်လို့ရတယ်။”

“ကျေးဇူးတင်ပါတယ် သူဌေး!”

ထိုစကားကိုကြားသောအခါ လူအများအပြား မျက်ရည်များပင် စီးကျကြလာခဲ့သည်။ သူတို့ ပင်လယ်ပြင်တွင် အချိန်ကြာမြင့်စွာ လှည့်လည်သွားလာနေထိုင်ပြီးနောက် ပထမဆုံးအကြိမ် ဆိုက်ကပ်ချိန်တွင် သူဌေးက သူတို့အတွက် အိမ်တစ်လုံးပေးခဲ့သည်။

“မင်းတို့ရဲ့ လက်ထောက်ကလန်ခေါင်းဆောင် ချူရှန်းက ဒီမတိုင်ခင်က ငါနဲ့ စကားပြောခဲ့တယ်။ သူက မင်းတို့ဟာ ပရော်ဖက်ရှင်နယ် ငါးဖမ်းသမားတွေ ဒါမှမဟုတ် သင်္ဘောသားတွေ မဟုတ်လို့ ပင်လယ်ပြင်မှာ ကြာရှည်လှည့်လည်နေတာကို ကျင့်သားမရဘူးဆိုတာ သိတယ်။ အဲ့ဒါကြောင့် သူက မင်းတို့ကို ကိုယ်တိုင်ရွေးချယ်ခွင့်ပေးခဲ့တယ်။ ချူရှန်းတို့နဲ့အတူ ဆက်လိုက်ပြီး ပင်လယ်ပြင်မှာ ခရီးထွက်မလား ဒါမှမဟုတ် ကမ်းခြေမှာပဲ အခြေချဖို့ ပြင်ဆင်မလားဆိုတာ မင်းတို့ကိုယ်တိုင် ဆုံးဖြတ်ကြရမယ်။!”

ရှောင်းယီက ဆက်ပြောလိုက်သည်။ ဤစကားများ ထွက်ပေါ်လာသောအခါ ကျူးချန်းကလန်သားများတုန့်ဆိုင်းသွားခဲ့ကြသည်။

“အခုချက်ချင်း ဆုံးဖြတ်စရာမလိုသေးပါဘူး။ ဒီနေ့က စားသောက်ပျော်ပါးဖို့ပဲ။”

ချူရှန်းက ဖြတ်ပြောလိုက်သည်။

“ဟုတ်ပါတယ်။ ငါပြောချင်တာက ကမ်းခြေမှာ အခြေချဖို့ ရွေးချယ်ခဲ့တယ်ဆိုရင်တောင် ပင်လယ်ပြင်မှာ ငါးဖမ်းသွားရမယ်။ ဒါပေမယ့် ညဘက်ကျရင်တော့ ကမ်းခြေမှာပြန်ပြီး အနားယူရမှာပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ပင်လယ်ထဲမှာ ငါးဖမ်းတာက ငါအခုနကပြောခဲ့တဲ့ မျှဝေအသုံးပြုတဲ့လမ်းကြောင်းကိစ္စနဲ့ မင်းတို့ရဲ့အနာဂတ်ဘဝတွေနဲ့ ဆက်စပ်နေတယ်။”

“သူဌေးက အသေးစိတ်ကအစ အများကြီးစဉ်းစားထားတာပဲ။ လမ်းကြောင်းမှာ ဘယ်လိုအန္တရာယ်မျိုးမှမရှိဘူး။ စိတ်ချလက်ချငါးဖမ်းလို့ရတယ်။”

“ဟုတ်တယ်။ လမ်းကြောင်းကို မျှဝေပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်သူဌေး။”

ရှောင်းယီက သူ၏လက်နှစ်ဖက်ကို ဖိချကာလန်ဟန်ပြလိုက်ပြီး အားလုံး တိတ်ဆိတ်သွားသောအခါ ဆက်ပြောလိုက်သည်။

“နောက်ဆုံးတစ်ခုကတော့ C-အဆင့် အစားအစာအားလုံးနဲ့ B-အဆင့် အာလူးတွေကို ဖွင့်လှစ်လိုက်ပြီဆိုတာကို ကြေညာလိုက်ပါတယ်။ မင်းတို့မှာ ပိုက်ဆံရှိရင် ငါ့ဆီကဝယ်လို့ရတယ်...”

အားလုံးက အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။ ဆိုလိုသည်မှာ သူတို့သည် နေ့စဉ်နီးပါး အဆင့်မြင့်အစားအစာများကို စားသုံးနိုင်ကြောင်းပင်ဖြစ်၏။

ဤစကားသည် အလွန်ခမ်းနားကြီးကျယ်ဟန်ရှိသော်လည်း ချူရှန်းနှင့် အခြားသူများ မသိသည်မှာ ရှောင်းယီတွင် C-အဆင့် သီးနှံများ လုံးဝမရှိဘဲ C-အဆင့် ငါးအချို့နှင့် သစ်တောအတွင်း ပေါက်ဖွားလာသော C-အဆင့် တိရစ္ဆာန်များသာ ရှိကြောင်းကိုပင်။

B-အဆင့် အာလူးများကို ဖွင့်လှစ်ရသည့် အကြောင်းရင်းမှာ အာလူးထွက်နှုန်းမှာ အလွန်များပြားနေသောကြောင့်ဖြစ်သည်။ အခြားအသက်ရှင်သန်ကျန်ရစ်သူများအား ရောင်းချခြင်းထက် မိမိကိုယ်ပိုင်အဖွဲ့၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ပေးခြင်းကသာ ပို၍ကောင်းပေသည်။

“ယီရန်ပင်းသူဌေးကို သက်တော်ရာကျော်ရှည်ပါစေ!”

အားလုံးက တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

သူတို့ စိတ်ငြိမ်သက်သွားသောအခါ တစ်စုံတစ်ဦးက ချက်ချင်းပင် တုံ့ပြန်လိုက်၏။

“သူဌေး ခုနက ပိုင်ဆံရှိရင်လို့ ပြောခဲ့တာမဟုတ်လား။ အခု ပိုက်ဆံဘယ်လိုရှာမှာလဲ။ ပြီးတော့ ကမ္ဘာကြီးမပျက်သုဉ်းခင်က ပိုက်ဆံတွေက အခုဆိုရင် စက္ကူအပိုင်းအစတွေပဲ မဟုတ်လား။”

ရှောင်းယီ ပြုံးလိုက်သည်။

“ဟုတ်ပါတယ်။ ယခင်ကလို ငွေကြေးမျိုးမဟုတ်ဘူး။ ကျုပ်တို့ကျွန်းပေါ်က ငွေကြေးကို မကြာမီထုတ်ပြန်နိုင်တော့မယ်။ အဲဒီအချိန်မှာ ကျုပ်တို့ကျွန်းပေါ်က ငွေကြေးနဲ့ လဲလှယ်ဖို့ အုတ်မြစ်ကျောက်တွေကို အသုံးပြုနိုင်တယ်။ ဒါဆို လူတိုင်းမှာ ပိုက်ဆံရှိလာလိမ့်မယ်။”

“ဒါပေမယ့် ကျုပ်တို့မှာ အုတ်မြစ်ကျောက်မရှိဘူးလေ။”

ထိုလူက ချူရှန်းကို အကူအညီမဲ့စွာ ကြည့်ကာ ပြောလိုက်သည်။

သူတို့သည် ယခင်က အိုးကြီးအုတ်ကြီးနေထိုင်ခဲ့ကြပြီး ရသမျှအုတ်မြစ်ကျောက်များအားလုံးကို ချူရှန်းက သိမ်းဆည်းထားကာ လိုအပ်သည်များရှိပါက ချူရှန်းထံ တင်ပြရသည်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုအရာကို အများသုံးကုန်ကျစရိတ်အဖြစ် သတ်မှတ်မည်ဖြစ်သည်။

ချူရှန်းဘာမှမပြောရသေးမီမှာပင် ရှောင်းယီက ဆက်ပြောလိုက်၏။

“သူ့ကိုမကြည့်ကြနဲ့တော့။ သူရဲ့အုတ်မြစ်ကျောက်တွေအားလုံးကို ကျုပ်ဆီလွှဲပြောင်းပေးပြီးသွားပြီ။ ကျုပ်ကဒီအုတ်မြစ်ကျောက်တွေကို မင်းတို့ရဲ့ပံ့ပိုးမှုအလိုက် ခွဲဝေပေးမယ်။ ကျုပ်မှာ ကျုပ်နည်းကျုပ်ဟန်နဲ့ စဉ်းစားဖို့နည်းလမ်းရှိတယ်။ ကျေးဇူးပြုပြီး ဘာကန့်ကွက်စရာမှ မရှိကြပါနဲ့။!”

“မရှိပါဘူး! မရှိပါဘူး!”

အားလုံးက တုန့်ပြန်လိုက်ကြသည်။

သူဌေးက အုတ်မြစ်ကျောက်များကို ပြန်လည်သိမ်းတည်းသွားပြီး သူတို့ထဲကအချို့ကို သူတို့အား ခွဲဝေပေးမည်ကိုပင် သူတို့ အလွန်ကျေးဇူးတင်နေကြပြီဖြစ်သည်။

ရှောင်းယီသည် အုတ်မြစ်ကျောက်အားလုံးကို သူ့ဟာသူယူသွားလျှင်တောင် သူတို့အနေဖြင့် ဘာမှပြောနိုင်မည်မဟုတ်ပေ။ အားကြီးသူများက အားနည်းသူများကို အမဲလိုက်နေသည့် ဤကမ္ဘာတွင် ရှောင်းယီက သူတို့ကို လက်ခံရန် ဆန္ဒရှိသည်ကိုပင် သူတို့ အလွန်ကျေနပ်ခဲ့ကြပြီးဖြစ်သည်။

“ကောင်းပြီ ကျုပ်ပြောစရာရှိတာတွေအားလုံး ပြောပြီးပြီ။ စလိုက်ကြစို့!”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့!”

လူတိုင်းက တုန့်ပြန်လိုက်ကြသည်။

ထိုလူများသည် ဒူခန်း ချက်ထားသော ဘီယာကို သောက်သုံးပြီးသည်မှာ ကြာပြီဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ဤအချိန်တွင် သူသည် ရှောင်းယီအတွက် အထူးသီးသန့်အချို့ကိုချန်ထားခဲ့ပြီးဖြစ်သည်။

ဘာဘီကျုးပွဲတော်ကို ည ၁၀ နာရီခန့်အထိ ကျင်းပခဲ့ပေသည်။ လူတိုင်း စားသောက်ပြီးနောက် ဗိုက်လေးသွားကြပြီး ကမ်းခြေပေါ်တွင် လဲနေခဲ့ကြသည်။

နေ့ခင်းဘက်၏ နေရောင်ခြည်ကြောင့် ကမ်းခြေသည် နွေးနေဆဲဖြစ်သည်။

“အားလုံးပဲ ရေချိုးပြီး အနားယူလိုက်ကြပါဦး!”

ထိုသို့ပြောပြီးနောက် ရှောင်းယီ ထရပ်လိုက်ပြီး ဗီလာဆီသို့ လျှောက်သွားခဲ့သည်။

အန်းယွဲ့သည် ရောက်ရှိလာသူလူအသစ်များကို ကြိုဆိုပြီး ခရီးသွားစခန်းရှိ ရေချိုးခန်းတွင် ရေချိုးနိုင်ကြောင်း သို့မဟုတ် အများသုံးသန့်စင်ခန်းသို့သွားနိုင်ကြောင်း ပြောကြားခဲ့သည်။

“သတိရပါ။ အများသုံးသန့်စင်ခန်းက ကျွန်းထဲမှာ မင်းတို့သွားလာနိုင်တဲ့ အနက်ရှိုင်းဆုံးနေရာပဲ။!”

အန်းယွဲ့က သတိပေးလိုက်သည်။

“နားလည်ပါပြီ!”

ချူရှန်းက တုန့်ပြန်လိုက်သည်။

“ဝေပေါ် ဒီညတော့ ဒီမှာပဲနေလိုက်ပါ။ မနက်ဖြန်မှပြန်ပေါ့!”

အန်းယွဲ့က ပြောလိုက်သည်။

“အပန်းဖြေစခန်းထဲမှာနေလို့ရတယ်။”

အပန်းဖြေစခန်းတွင် အခန်းငယ် ၁၀ ခန်းပါရှိသော အသေးစားဟိုတယ်တစ်ခုလည်း ပါရှိပေသည်။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။”

ဝေပေါ်က တုန့်ပြန်လိုက်သည်။

ဤအရာအားလုံးကို စီစဉ်ပြီးနောက် အန်းယွဲ့သည်လည်း ပြန်သွားခဲ့လေသည်။ ကမ်းခြေပေါ်တွင် လဲနေကြသောလူများသည်မူ စကားစမြည်ပြောဆိုနေခဲ့ကြသည်။

“ရေချိုးကြတော့မလား။”

“နေပါဦး။ ဘာလို့ဒီလောက်စိတ်မမရှည်ဖြစ်နေရတာလဲ။ အခုဆိုရင် ဗိုက်ထောက်နေလို့ ကုန်းလို့တောင် မရတော့ဘူး။”

“ဟုတ်တယ်...ခဏလောက်လဲနေပါဦး။ ဒီကမ်းခြေက အရမ်းသက်တောင့်သက်သာရှိတယ်။”

ခဏအကြာတွင်။

“သွားကြတော့မလား။”

“မင်းဘာလို့ ဒီနေ့ ရေအရမ်းချိုးချင်နေရတာလဲ။ မနက်ဖြန်မှ ထပ်လုပ်လို့မရဘူးလား။”

“ဟုတ်တယ်... ဒီမှာပဲအိပ်လိုက်တော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရာသီဥတုက ပိုပူလာနေပြီ။”

“အကြံကောင်းပဲ!”

“ဒီအပတ်က ပူနေတာ မှန်ပေမယ့် သိပ်မသိသာဘူးမဟုတ်ဘူးလား။”

“ဟုတ်တယ်...ငါတို့စစရောက်ချင်း ဒုတိယပတ်လိုသာဆိုရင် အရမ်းပူလွန်းလို့ နေနိုင်မှာတောင်မဟုတ်ဘူး။”

“အဲ့လိုပူပြင်းတဲ့ ရာသီဥတုမျိုး ထပ်ဖြစ်မယ်လို့ ထင်လား။”

“မဖြစ်သင့်ပါဘူး။ ကြည့်ကြည့်လေ ‌ဒီအပတ် သိပ်မပူပါဘူး။”

“အဲ့လိုဖြစ်ဖို့ပဲမျှော်လင့်ပါတယ်။ ဒီမှာပဲ အိပ်ကြမှာလား။”

“ဒီမှာပဲအိပ်မယ်။”

ချူဖုန်းတို့ညီအစ်ကိုနှင့် ဝေပေါ်တို့သည် တိုက်ရိုက်ပင် အသေးစားဟိုတယ်သို့သွားကာ အနားယူကြလိုက်သည်။

၎င်းသည် အသေးစားဟိုတယ်တစ်ခုသာဖြစ်သော်လည်း အခန်းအတွင်းရှိပစ္စည်းများမှာ အလွန်ပြည့်စုံသည်။

“ညီလေး ဒီဟိုတယ်အခန်းကိုကြည့်လိုက်ဦး။ ငါထွက်သွားချင်စိတ်တောင်မရှိတော့ဘူး။”

ချူရှန်းက အိပ်ယာပေါ် လဲချကာ ပြောလိုက်သည်။

“အရင်ကမူ ကမ္ဘာပေါ်မှာဆိုရင် ဒါကအခြေခံအကျဆုံးဟိုတယ်တစ်ခုဖြစ်တယ်ဆိုပေမယ့် ဒီနေရာမှာတော့ အရမ်းကိုခန်းနားထည်ဝါလွန်းတယ်။!”

ချူရှန်းက လေအေးပေးစက်၊ တီဗီနှင့် အခြားအိမ်သုံးပစ္စည်းများကို ကြည့်ရှုရင်း ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

“သူဌေးက လျှပ်စစ်ဓာတ်အားကို ဘယ်လိုရတယ်လို့ထင်လဲ။”

ချူရှန်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။

“သူဌေးက လေအားပေးစက် ဒါမှမဟုတ် ရေအားလျှပ်စစ်ထုတ်စက် ရခဲ့တယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။”

ချူဖုန်းက ပြန်ပြောလိုက်သည်။

“ဒါပေမယ့် ဒီအဲ့စက်က ဒီပစ္စည်းတွေအများကြီးကို လုံးဝသယ်နိုင်မှာမဟုတ်ဘူး။ ငါမမှားဘူးဆိုရင် ဒီနေ့ငါတို့ခရီးစဉ်က လျှပ်စစ်ဓာတ်အားအများကြီးသုံးရလိမ့်မယ်။ ဒါပေမယ့် သူဌေးက လျှပ်စစ်ဓာတ်အားကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပူနေပုံမရဘူး။”

ချူရှန်းက ပြောသည်။ ချူဖုန်းက ခေါင်းခါလိုက်၏။

“ငါဒီလိုမျိုး ဒုက္ခများတဲ့ အလုပ်မျိုး မလုပ်ချင်ဘူး။ သူဌေးရဲ့ကိစ္စတွေကို ငါ ရှင်းရှင်းလင်းလင်း မစဉ်းစားနိုင်ဘူး။ ကောင်းကောင်းအိပ်တာက ပိုကောင်းတယ်။ အိပ်ယာပေါ်မှာ မအိပ်ဖြစ်တာကြာပြီ။”

ချူရှန်းက ခေါင်းညိမ့်လိုက်သည်။

“ဟုတ်တယ် အိပ်ကြတာပေါ့။”

ရှောင်းယီသည် သူ၏အိပ်ခန်းသို့ပြန်သွားပြီးနောက် ယောင်က သူ့ဆီသို့ စာပို့ထားသည်ကို တွေ့ရှိလိုက်ရလေသည်။

“အရှင် ကိုကွန်းမျိုးနွယ်စုက လူတွေလွှတ်လိုက်ပြီး ကျုပ်ကို လက်နက်ချပြီး သူတို့နဲ့ပူးပေါင်းဖို့ တောင်းဆိုနေတယ်။ စဉ်းစားချိန်ပေးဖို့ ကျွန်တော်တောင်းဆိုခဲ့တယ်။ ဒါပေမယ့် သူတို့က အချိန်တစ်ရက်ပဲပေးတယ်။ ပြီးတော့ သူတို့လက်ထဲမှာ သေနတ်တွေလည်းရှိနေတယ်။”

အခန်း ၃၆၀

ဤစာကြောင်းသည် ရှောင်းယီကို အလွန်အမင်းချောက်ချားသွားစေခဲ့သည်။ သင်မှတ်မိရမည်မှာ သူသည် ယခုထိ ယမ်းမှုန့်ဖော်မြူလာအတွက် ကုန်ကြမ်းပစ္စည်းများ စုဆောင်းနေဆဲဖြစ်ပြီး ဤနေရာရှိ ဒေသခံများသည် သေနတ်များကိုပင် ပိုင်ဆိုင်ထားကြပြီဖြစ်သည်။

ဒေသခံများ၏ တိုးတက်မှုသည် အသက်ရှင်သန်ကျန်ရစ်သူများထက် မည်သည့်အချိန်က ကျော်လွန်သွားသနည်း။

ရှောင်းယီ ခဏစဉ်းစားပြီးနောက် ဤသို့ပြန်ပြောလိုက်သည်။

“အရင်ဆု အညိမ်ခံချင်ဟန်ဆောင်ပြီး ကိုကွန်းမျိုးနွယ်စုရဲ့ သေနတ်တွေရဲ့ မူလအစကို ရှာဖွေတွေ့ရှိနိုင်မလားဆိုတာ စောင့်ကြည့်ထား။”

“ဟုတ်ကဲ့ ဒါပေမယ့် အခြားတစ်ဖက်က ကျုပ်ကို စာချုပ်ကဒ်သုံးရင် ဘာလုပ်ရမလဲ။”

ယောင်က ချက်ချင်းပင် ပြန်ပြောလိုက်သည်။ ရှောင်းယီ မျက်မှောင်ကြုံ့လိုက်မိသည်။

“အရင်ဆုံး အချိန်ဆွဲထား။ မင်းလက်ထဲက လမ်းညွှန်ကျောက်မှာ စွမ်းအင်အပြည့်ရှိလား။”

“ဒါက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ဖြစ်နိုင်မှာလဲ။ ကျုပ်ပြန်ရောက်တာ နှစ်ရက်၊ သုံးရက်ပဲရှိသေးတယ်။”

ယောင်က မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“ဒါဆို လမ်းညွှန်ကျောက်ကို အရင်ငါ့ဆီ လဲလှယ်ပေးလိုက်။ သူက မင်းကို စာချုပ်ကဒ်သုံးမယ်ဆိုရင် နာခံလိုက်ပါ။ လမ်းညွှန်ကျောက် စွမ်းအားပြန်ပြည့်သွားရင် ငါလာခဲ့မယ်။”

“ဟုတ်ကဲ့!”

ယောင်က ချက်ချင်းတုန့်ပြန်လိုက်သည်။ သူ့အမြင်တွင် သေခြင်းတရားမှ ရှောင်ရှားနိုင်သရွေ့ ဘာမဆိုလုပ်နိုင်ပေသည်။

ယောင် နှင့် စကားပြောပြီးနောက် ရှောင်းယီ မျက်မှောင်ကြုံ့ကာ လေးလေးနက်နက် စဉ်းစားလိုက်သည်။

သေနတ်များ ပိုင်ဆိုင်ထားသော ဒေသခံများ ရှိနှင့်ပြီဖြစ်သည်။ အကယ်၍ သူတို့သည် အသက်ရှင်သန်ကျန်ရစ်သူများ၏ ကျွန်းများကို သေနတ်များဖြင့် တိုက်ခိုက်ပါက အကျိုးဆက်များသည် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

အသက်ရှင်သန်ကျန်ရစ်သူများသည် ကိန်းဂဏာန်းအားဖြင့် အားနည်းနေပြီး လက်နက်များသည်လည်း ပြိုင်ဘက်များထက် ပိုမသာပါက တိုက်ခိုက်ရန်ပင် မလိုအပ်တော့ပေ။ သူတို့သည် အညံ့ခံပြီး ဒေသခံများက သူတို့အပေါ် သက်သက်ညှာညှာ ဆက်ဆံနိုင်မလားဆိုသည်ကိုသာ ကြည့်ရတော့မည်ဖြစ်သည်။

ဤအကြောင်းကို စဉ်းစားမိသောအခါ ရှောင်းယီသည် အသက်ပြင်းပြင်းရှုလိုက်ပြီး ယီထျန်းဂရုထဲတွင် မေးလိုက်သည်။

“မကြာသေးမီက ဒေသခံတွေရဲ့ တိုက်ခိုက်မှုတွေမှာ ပြောင်းလဲမှုတွေ ရှိလား။”

ယခုအချိန်သည် ညဉ့်နက်သန်းခေါင်နီးပါးဖြစ်နေသော်လည်း ဂရုအတွင်းတွင် ညဉ့်နက်ချိန်အထိ နိုးနိုးကြားကြားရှိနေသူများ ရှိနေဆဲဖြစ်သည်။

“သူဌေး မအိပ်သေးဘူးလား!”

“မင်းပြောသလိုပဲ သူဌေးက အခုလေးတင် လေ့ကျင့်ခန်းလုပ်ပြီးသွားပြီပဲဖြစ်ရမယ်။ ဆိုတော့ ဘာလို့အစောကြီးအိပ်မှာလဲ။”

“ဟမ်! ညဘက်မှာ ဘယ်လိုလေ့ကျင့်ခန်းလုပ်ကြတာလဲ။”

“ဒီလိုညမျိုးမှာ လူသားတစ်ဦးဖန်တီးတာကလွဲရင် သူဌေးအတွက် ဘာလုပ်ဖို့လိုနေသေးလို့လဲ။”

“မင်းတို့ကားမောင်းနေတာကို ရပ်တန့်လို့ရမလား။ သူဌေးက မေးခွန်းတွေမေးနေတယ်။ လေးလေးနက်နက်ထားကြစမ်းပါ။”

“ဟုတ်တယ်...ဒေသခံတွေရဲ့ တိုက်ခိုက်မှုတွေက အရင်ကလိုပဲ။ တစ်ခုတည်းသော ကွာခြားချက်က ဒီကြီးမားတဲ့ ဒူးလေးကြီးတွေက ထိရောက်မှုရှိပေမယ့် သင်္ဘောတွေက ပိုပြီးခက်ခဲလာတာပဲ။”

“ကံကောင်းတာက ဒီဒူးလေးတွေက ပြိုင်ဘက်သင်္ဘောတွေကို ဖျက်ဆီးနိုင်တုန်းပဲ!”

“ငါ ဒေသခံတွေရဲ့ တိုက်ခိုက်မှုကို မကြုံရတာ နှစ်ရက်ရှိပြီ။ ပြောင်းလဲမှုရှိမရှိတော့ သေချာမသိဘူး။”

“သူဌေးက ဒါကိုဘာလို့မေးတာလဲ။ သူဌေးကိုတိုက်ခိုက်တဲ့ ဒေသခံတွေမှာ တွေ့ရှိချက်အသစ်တွေရှိလို့လား။”

“အိုးမိုင်ဂေါ့! ဒီပြောင်းလဲမှုက အရမ်းမြန်တယ်။ ကျွန်တော် အရင်တိုက်ခိုက်မှုတွေကိုတောင် လုံးဝအံဝင်ခွင်ကျမဖြစ်သေးဘူး။”

ရှောင်းယီ ခဏစဉ်းစားပြီးနောက် ဤကိစ္စကို လူအားလုံးအား မပြောပြရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူသည် ဤကိစ္စကို ယခုဖော်ပြလိုက်ပါက အသက်ရှင်သန်ကျန်ရစ်သူအားလုံး စိုးရိမ်ပူပန်သွားနိုင်သည်။

ထို့အပြင် သေနတ်များ စတင်ပေါ်ပေါက်လာချိန်တွင် ၎င်းတို့ကို အများအားဖြင့် အေးစက်သောလက်နက်များနှင့် တွဲဖက်၍အသုံးပြုကြသည်။ စစ်မှန်သောသေနတ်များသည် အေးစက်သောလက်နက်များလောက် သေစေနိုင်စွမ်းမရှိပေ။

“ငါတို့ ယောင် ဆီကသတင်းကိုပဲ စောင့်ရမယ်ထင်တယ်။”

ရှောင်းယီက လျှို့ဝှက်စွာပြောလိုက်သည်။ ထို့နောက် ရှောင်းယီသည် နက်ရှိုင်းသောအတွေးများဖြင့် အိပ်ပျော်သွားခဲ့လေသည်။

နောက်တစ်နေ့နံနက် ရှောင်းယီ စောစောထပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုကြည့်လိုက်သည်။ သို့သော်လည်း ယောင်ထံမှ မည်သည့်သတင်းမျှ မရှိခဲ့ပေ။

ရှောင်းယီ ခေါင်းခါပြီး လျှို့ဝှက်စွာပြောသည်။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- အသေးစားပင်လယ်ဆားစက်ရုံ (SSS အဆင့်)။”

“အသေးစားပင်လယ်ဆားစက်ရုံ (SSS အဆင့်)- လူတစ်သန်းအား ထောက်ပံ့ရန် လုံလောက်သောဆားကို ထုတ်လုပ်နိုင်သည်။ ပင်လယ်ဆား၏လုပ်ဆောင်ချက်များကို ကြွယ်ဝစေရန် အခြားပစ္စည်းများကို ရွေးချယ်ထည့်သွင်းနိုင်သည်။ အလိုအလျောက်ထုတ်လုပ်မှု: ကုန်ကြမ်းပစ္စည်းများ လိုအပ်သည်။”

“အခုအချိန်တိုအတွင်ူတော့ ဆားချို့တဲ့မှာကို စိုးရိမ်စရာမလိုတော့ဘူး။”

ရှောင်းယီ စိတ်ထဲမှပြောလိုက်ပြီးနောက် ပင်လယ်ဆားစက်ရုံကို အနောက်တောင်ကမ်းရိုးတန်းတွင် တပ်ဆင်လိုက်သည်။

တပ်ဆင်ပြီးနောက် ရှောင်းယီသည် ပင်လယ်ဆားစက်ရုံကို စစ်ဆေးရန် ထိုနေရာသို့ထွက်လာခဲ့သည်။

၎င်းသည် စတုရန်းမီတာ ၁၀၀ ခန့်သာ နေရာယူထားသည်။ ရှောင်းယီသည် ဗဟိုထိန်းချုပ်ရေးအခန်းသို့ရောက်ရှိလာပြီးနောက် အသက်သွင်းသည့်ခလုတ်တစ်ခုကို တွေ့လိုက်ရသည်။

ရိုးရှင်းစွာပြောရလျှင် အသုံးအများဆုံးပင်လယ်ဆားကို ထုတ်လုပ်ရန်အတွက် ပင်လယ်ရေကိုသာလိုအပ်ပြီး ကမ်းခြေပေါ်တွင် ပင်လယ်ရေကို အလွယ်တကူရရှိနိုင်ပေသည်။

ပိုမိုကောင်းမွန်သောစားပွဲတင်ဆားများ ထုတ်လုပ်လိုပါက အပိုဖြည့်စွက်စာများ ထပ်မံထည့်သွင်းရန် လိုအပ်ပေသည်။

ထို့အပြင် ထုပ်ပိုးမှုပစ္စည်းများလည်း ထောက်ပံ့ပေးရန် လိုအပ်သည်။ ဥပမာအားဖြင့် ရှောင်းယီသည် ပလပ်စတစ်အိတ်များဖြင့် ပင်လယ်ဆားကို ထုတ်လုပ်လိုပါက ပလပ်စတစ်ကို လိုအပ်မည်ဖြစ်သည်။

ဤပင်လယ်ဆားစက်ရုံသည် လူတစ်သန်းအား ဆားထောက်ပံ့နိုင်သည်။ လူကြီးတစ်ဦးသည် တစ်နေ့လျှင် ဆား ၅ ဂရမ်ခန့်လိုအပ်သည်။ ဆိုလိုသည်မှာ နေ့စဉ်ထုတ်လုပ်နိုင်စွမ်းသည် ၅တန်ခန့်ရှိပေသည်။ ရေရှည်အတွက် ရှောင်းယီသည် ဆားအတွက် စိုးရိမ်စရာမလိုတော့ပေ။

ဤသို့ဖြစ်လျှင် ရှောင်းယီသည် သေမင်းနတ်ဘုရားထံမှ ဆားဝယ်ယူခြင်းလုပ်ငန်းကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုစဉ် သေမင်းနတ်ဘုရားသည် ပင်လယ်ပြင်ပေါ်တွင် ရွက်လွှင့်နေဆဲသာဖြစ်ပြီး ရှောင်းယီ၏အကြောင်းကြားစာကို လက်ခံရရှိသောအခါ အံ့အားသင့်သွားခဲ့သည်။

“ခင်ဗျား ဆားထုတ်လုပ်နည်းကို ရှာတွေ့သွားပြီလား။”

ရှောင်းယီ ပြုံးလိုက်ပြီး ခေါင်းစဉ်ပြောင်းကာ မေးလိုက်သည်။

“မင်းရဲ့ကျွန်းကို ပြန်ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ။”

သေမင်းနတ်ဘုရားသည် ဤမေးခွန်း၏အဖြေအတွက် ဆက်ပြီးတွက်ကပ်မနေတော့ဘဲ ပြန်ဖြေလိုက်သည်။

“အစောပါသေးတယ်။ လက်ရှိအမြန်နှုန်းနဲ့ဆို အနည်းဆုံး ၁၂ ရက်လောက်တော့ ကြာဦးမယ်။”

ထိုအခါ ရှောင်းယီ အနည်းငယ်စဉ်းစားပြီး အကြံပြုလိုက်သည်။

“ငါ့ရဲ့အပျော်စီးရွက်သင်္ဘောကိုငှားလိုက်ပါ။ ဒါဆို မင်းရဲ့ကျွန်းကို မြန်မြန်ပြန်ရောက်နိုင်လိမ့်မယ်။”

ယောင်မျိုးနွယ်စုသည် ရှောင်းယီကျွန်း၏အနောက်ဘက်တွင်တည်ရှိပြီး ကိုကွန်းမျိုးနွယ်စုသည် ယောင်မျိုးမွယ်စုကို ရှာဖွေတွေ့ရှိနိုင်သည်ဆိုလျှင် သူတို့၏ယေဘုယျဦးတည်ချက်သည်လည်း အနောက်ဘက်ဖြစ်သင့်ပေသည်။

သေမင်းနတ်ဘုရား၏ကျွန်းသည် တရုတ်နိုင်ငံရှိ ရှင်သန်ကျန်ရစ်သူများအတွက် အနောက်ဘက်အကျဆုံးနေရာဖြစ်သည်။ အကယ်၍ ဒေသခံများသာ တိုက်ခိုက်ပါက သေမင်းနတ်ဘုရား၏ကျွန်းသည် ပထမဆုံးထိခိုက်မည်ဖြစ်သည်။

သို့ရာတွင် ဤတိုက်ခိုက်မှုသည် ကမ္ဘာ့စည်းမျဉ်းများဖြင့် စီစဉ်ထားခြင်းမဟုတ်ပေ။ အကယ်၍ ၎င်းသည် ကမ္ဘာ့စည်းမျဉ်းများဖြင့် စီစဉ်ထားသော ပြိုင်ဘက်ဖြစ်ပါက ဒေသခံများသည် လမ်းညွှန်ကျောက်ကို အသုံးပြု၍ တိုက်ရိုက်ပင်ရောက်ရှိလာနိုင်သည်။

ကိုကွန်းမျိုးနွယ်စုသည် သေနတ်များကို ရရှိနိုင်သည်ဆိုလျှင် ၎င်းတို့သည် အခြားရတနာနယ်မြေတစ်ခုမှ ရရှိလာခဲ့ခြင်းဖြစ်နိုင်သည်။

ရတနာနယ်မြေကိုရှာတွေ့နိုင်သည်ဆိုလျှင် ကိုငွန်းမျိုးနွယ်စုသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို သိမ်းပိုက်ထားပြီဖြစ်ကြောင်း ဆိုလိုပေသည်။ ဆိုလိုသည်မှာ ကိုကွန်းမျိုးနွယ်စုသည် ကမ္ဘာ့စည်းမျဉ်းများက သတ်မှတ်ပေးထားသော ပြိုင်ဘက်ကို အနိုင်ယူပြီးဖြစ်ပေသည်။

သူတို့သည် ချိုမြိန်မှုကို မြည်းစမ်းပြီးနောက် ကမ္ဘာ့စည်းမျဉ်းများက သူတို့အတွက်ပြိုင်ဘက်ကို မစီစဉ်ပေးလျှင်ပင် ၎င်းတို့သည် တိုက်ခိုက်မှုတစ်ခုကို စတင်နိုင်ပေသည်။ ထို့ပြင် ထိုတိုက်ခိုက်မှုအတွက် သူတို့၏အနီးတစ်ဝိုက်ကို ရွေးချယ်မည်ဖြစ်ကာ သေမင်းနတ်ဘုရား၏ကျွန်းသည် အနီးဆုံးပစ်မှတ်ဖြစ်လာပေလိမ့်သည်။

“ခင်ဗျားရဲ့အပျော်စီးရွက်သင်္ဘောက ခရီးသည်တင်ဖို့သုံးတာမဟုတ်ဘူးလား။”

သေမင်းနတ်ဘုရားသည် ခဏတာတုန်လှုပ်သွားပြီးနောက် ပြောလိုက်၏။

“ခင်ဗျား ကျုပ်ကိုငှားရမ်းပေးမယ်ဆိုရင်တော့ သိပ်ကောင်းတာပေါ့။”

ပင်လယ်ထဲတွင် နှစ်ပတ်ကြာအောင် ရွက်လွှင့်နေရမည်ကို တွေးမိသောအခါ သေမင်းနတ်ဘုရားသည် ထုံထိုင်းသွားသည်ဟုပင် ခံစားလိုက်ရပေသည်။

“အဆင်ပြေပါတယ်။ ခရီးသည်တင်လုပ်ငန်းကို ခဏရပ်ထားလို့ရတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်!”

သေမင်းနတ်ဘုရားက ပြန်ဖြေပြီးနောက် လဲလှယ်မှုတစ်ခုကို စတင်ပေးပို့လိုက်သည်။

“[အုတ်မြစ်ကျောက်] ၅၀ လဲလှယ်မှုမရှိ။”

“အခု ကျုပ်မှာ အုတ်မြစ်ကျောက် ၅၀ပဲရှိတယ်။ ကျန်တဲ့ ၁၁၀ ကိုတော့ နောက်မှဖြည့်ပေးပါ့မယ်”

သေမင်းနတ်ဘုရားက ဖြည့်စွက်ပြောလိုက်၏။

“ကောင်းပြီ!”

ရှောင်းယီသည် လဲလှယ်မှုကို သဘောတူညီလိုက်ပြီးနောက် အပျော်စီးရွက်သင်္ဘောကို ငှားပေးလိုက်သည်။

ထိုအရာသည် သေမင်းနတ်ဘုရားအတွက် သူ၏ကျွန်းသို့ပြန်ရန် အကျိုးပြုသော်လည်း သူသည် အုတ်မြစ်ကျောက်များကို ရယူရန် လိုအပ်နေဆဲပင်။

သင်္ဘောကိုလက်ခံရရှိပြီးနောက် သေမင်းနတ်ဘုရားသည် ရတနာမြေပုံ၏လမ်းကြောင်းပေါ်တွင်တပ်ဆင်လိုက်သည်။ ပထမဦးစွာ ရတနာမြေပုံ၏အစစ်အမှန်လမ်းကြောင်းကို အပျော်စီးသင်္ဘအပေါ်ရှိ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်နှင့်မျှဝေလိုက်ပြီး အလတ်စားရွက်သင်္ဘောကို သူ၏ကိုယ်ပိုင်ကျွန်းသို့ပြန်ပို့လိုက်သည်။

ကျွန်းပေါ်ရှိကောင်လေးမှ သဘောမတူခင် သုံးမိနစ်ကြာအောင် စောင့်ဆိုင်းခဲ့ရသည်။ ဤသုံးမိနစ်အတွင်း သေမင်းနတ်ဘုရားသည် သူ၏ရွက်လှေပေါ်မှ အပျော်စီးရွက်သင်္ဘောပေါ်သို့ ရောက်ရှိသွားပြီဖြစ်သည်။

“ဒီရွက်သင်္ဘောက အရမ်းဇိမ်ကျတာပဲ။”

သေမင်းနတ်ဘုရား ခံစားချက်အပြည့်ဖြင့်ပြောလိုက်ပြီး ချက်ချင်းပင် သူ့၏ကျွန်းဆီသို့ ထွက်ခွာသွားတော့သည်။

ထိုအချိန်တွင် ကျူးချန်းကလန်သည် အပန်းဖြေစခန်း၏ကမ်းခြေပေါ်တွင် လေဟာပြင်အစည်းအဝေးတစ်ခု ကျင်းပလျက်ရှိသည်။

“တစ်ညလုံး စဉ်းစားပြီးပြီးဆိုတော့ အားလုံးပဲ ရွေးချယ်မှုတစ်ခုတော့ လုပ်ပြီးပြီလို့ငါထင်တယ်။ အခု ငါ့ကိုပြောပြလို့ရပြီ။”

ချူရှန်းက လူတိုင်းကိုကြည့်ရင်း ပြောလိုက်သည်။

All Chapters