← Chapters

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း (၃၆၁-၃၆၃)

Vol. 25 Ch. 361-363

အခန်း ၃၆၁

ကျူးချန်းကလန်၏ သင်္ဘောသားများသည် တစ်ဦးပြီးတစ်ဦး မိမိတို့၏ထင်မြင်ချက်များကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

“တောင်းပန်ပါတယ် ကလန်ခေါင်းဆောင် ကျွန်တော် လှိုင်းမူးတတ်တာကို ခေါင်းဆောင်လည်းသိပါတယ်။ ကမ်းခြေမှာ ဆက်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ပဲ ရွေးချယ်ပါတယ်။ တောင်းပန်ပါတယ်။”

“ပင်လယ်ပြင်မှာ မျောနေရတာကို နည်းနည်းခံစားမိပါတယ်။ ဒါပေမယ့် ကမ်းခြေမှာဆိုရင်တော့ စိတ်ချရတယ်လို့ခံစားနေရတုန်းန်းပဲ။ ကျွန်တော်လည်း ကမ်းခြေမှာပဲ ဖွံ့ဖြိုးတိုးတက်ဖို့ ရွေးချယ်ပါတယ်။ တောင်းပန်ပါတယ်!။”

“ရပ်လိုက်တော့!”

ချူရှန်းသည် ချက်ချင်းပင် ထိုလူများအားလုံး၏ စကားများကို ရပ်တန့်လိုက်သည်။ လူတိုင်း သူ့ကိုကြည့်ကာ စိတ်ရှုပ်သွားကြ၏။

ကမ်းခြေမှာ ဖွံ့ဖြိုးတိုးတက်ဖို့ ရွေးချယ်တဲ့လူတွေ များလွန်းလို့ ချူရှန်းက နောင်တရနေတာလား။

ချူရှန်းက ဆက်ပြောလိုက်သည်။

“မင်းတို့ တောင်းပန်စရာမလိုပါဘူး။ မင်းတို့ ကမ်းခြေမှာ ဖွံ့ဖြိုးတိုးတင်အောင်လုပ်နေတယ်ဆိုပေမယ့် ကျူးချန်းကလန်သားတွေပါပဲ။ တောင်းပန်စရာမလိုပါဘူး။ ကျုပ်ကလည်း မင်းအားလုံးကို သတိပေးချင်တယ်။ သင်္ဘောသားအဖြစ် ရွေးချယ်တဲ့သူတွေရဲ့ လစာဟာ ကမ်းခြေကထက် ဆယ်ဆပိုများလိမ့်မယ်။!”

ချူရှန်း ထိုစကားပြောပြီးနောက် ကမ်းခြေတွင် နေထိုင်ရန် ရွေးချယ်ခဲ့သော ထိုသင်္ဘောသားမှာ နောက်ဆုံးတွင် အပြစ်ရှိသည်ဟု မခံစားရတော့ပေ။

“ကျွန်တော်က ကလန်ခေါင်းဆောင်နောက်ကို လိုက်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်တန်ရင် ကျွန်းကိုပြန်ရောက်လာမှာပဲ။ လှေပေါ်မှာ မြင်ကွင်းကျယ်ကျယ် ပိုမြင်ရလိမ့်မယ်!။”

လူတစ်ယောက်ကပြောလိုက်သညါ။

“ငါရောပဲ ကမ်းခြေမှာအချိန်တိုင်းနေရတာက တကယ်ကိုစိတ်ပျက်စရာပဲ။!”

“ငါက လေဟုန်စီးပြီး လှိုင်းတွေကိုကျော်ဖြတ်နေတဲ့ ကောင်လေးပါ! ငါလည်း လှေပေါ်တက်မယ်။!”

လူတိုင်း၏ရွေးချယ်မှုများ ပြီးဆုံးသွားသည့်အခါ သင်္ဘောတက်ရန် ရွေးချယ်ခဲ့သည့်လူပေါင်း ဆယ့်နှစ်ယောက်ရှိခဲ့လေသည်။

ရှောင်းယီသည်လည်း သူတို့ဆီသို့ အမြန်ရောက်ရှိလာခဲ့ပြီး ထိုလူဦးရေကိုကြည့်ကာ ပြောလိုက်သည်။

“လူဦးရေက နည်းနေသေးတယ်။ မင်းတို့ကိုကူညီဖို့ ဒေသခံနည်းနည်းလောက် ထည့်ပေးလိုက်ရမလား။”

ချူရှန်းင ခေါင်းညိတ်လိုက်သည်။

“အင်း ဒါပေမယ့် ပင်လယ်ထဲမှာ တစ်ပတ်လောက်ခရီးထွက်ပြီးရင် ပြန်လာပြီး အနားယူဖို့ စီစဉ်ထားတယ်။ လမ်းညွှန်ကျောက်ရဲ့ အခြေအနေကရော ဘယ်လိုလဲဆိုတာ သိချင်မိတယ်။”

“ဒါက ပြဿနာမရှိပါဘူး။ ရှီမျိုးနွယ်စုဝင်တွေ ရောက်လာရင် လမ်းညွှန်ကျောက်နှစ်ခုရလိမ့်မယ်!”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“မင်းသုံးဖို့ တစ်ခုချန်ထားပေးမယ်!”

“ကျေးဇူးတင်ပါတယ် သူဌေး!”

ချူရှန်းက ဝမ်းသာသွားခဲ့သည်။

“ငါတို့အားလုံးက ကိုယ့်အချင်းချင်းတွေပဲ။ ဒီလောက်ထိ ယဉ်ကျေးနေစရာမလိုပါဘူး။ ဒါ့အပြင် ငါ မင်းနဲ့တိုင်ပင်ဖို့လိုသေးတယ်။ အခုက လမ်းကြောင်းတွေရှိပြီဆိုတော့ လမ်းကြောင်းတွေနားက ခရီးသည်တင်လုပ်ငန်းကို အရင်ဆုံးပြီးအောင်လုပ်ဖို့ အကြံပေးချင်တယ်!။”

ချူရှန်းက ခေါင်းညိတ်လိုက်၏။

“ဒီလမ်းကြောင်းသုံးခုကို ကျုပ်ကြည့်ပြီးပြီ။ ဒီထဲမှာ ခရီးသည်ပို့ဆောင်ရမယ့်အလုပ်တွေ တကယ်ရှိတယ်။ လမ်းကြောင်းရဲ့မြန်နှုန်းနဲ့ ခရီးသည်တင်လုပ်ငန်းရဲ့ထိရောက်မှုကိုပေါင်းစပ်လိုက်ရင် ပိုပြီးမြန်မြန်လုပ်နိုင်လိမ့်မယ်။”

ရှောင်းယီ ခေါင်းညိတ်လိုက်သည်။

“ဒါဆို မင်းရဲ့အစီအစဉ်ကို ချိန်ညှိလိုက်တော့။ အကြီးစားရွက်လှေကြီးကိုလည်း သုံးလို့ရတယ်။ ဒါက ကျွန်းက မင်းကိုပေးတဲ့ဆုလာဘ်ပဲ။”

ချူရှန်း ချက်ချင်းပင် ဝမ်းသာသွား၏။

“ကောင်းလိုက်တာ! ဒါဆို အကြီးစားရွက်လှေကိုသုံးမယ်။”

အဘယ်ကြောင့်ဆိုသော် သူသည် အကြီးစားလှေများ၏ ဒေတာများကို မြင်ဖူးသည်။ ၎င်းသည် အလတ်စားရွက်လှေများထက် သုံးပုံတစ်ပုံ ပိုမိုမြန်လျင်ပြီး တစ်နာရီကို ၂၀ ကီလိုမီတာအထိ သွားနိုင်ပေသည်။

“ကောင်းပြီ မင်းကိုင်တိုင်ကို အစ်ကိုကျန်းဆီမှာ သွားတောင်းလိုက်ပါ!”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့!”

ထို့နောက် ချူရှန်းသည် ချက်ချင်းပင် ပြေးထွက်သွားတော့သည်။ ချူဖုန်းသည်လည်း ပင်လယ်ပြင်သို့သွားရန် ပြင်ဆင်နေသော ထိုသူများနှင့်အတူ လိုက်သွားခဲ့သည်။

ရှောင်းယီ သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး ကျန်ခဲ့သောလူများကို ကြည့်ကာ ပြောလိုက်၏။

“ငါ့ကိုပဲ ကြည့်မနေနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ကြတော့။ ဆိပ်ကမ်းမှာရှိတဲ့လှေတွေကို ခဏလောက်တော့ မင်းတို့ကို အခမဲ့ငှားရမ်းခွင့်ပြုထားပေးတယ်။!”

“ဟုတ်ကဲ့ သူဌေး!”

ထိုလူများသည် ချက်ချင်းပင် အုပ်စုလိုက် ထွက်ခွာသွားခဲ့ကြတော့သည်။

ရှောင်းယီသည်လည်း သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားလိုက်၏။ သူရောက်လာသောအခါ ယောင်ဆီမှ စာပို့ထားသည်ကို တွေ့လိုက်ရလေသည်။

“အရှင် သူတို့သေနတ်တွေရဲ့ မူလအစကို ကျုပ်စုံစမ်းကြည့်ပြီးပြီး။ သူတို့က ရတနာမြေပုံကနေ ရခဲ့ကြတာပါ!”

ယောင်က စာပို့ထားခဲ့သည်။

“သူတို့က သေနတ်ကို တစ်ခါတည်းရခဲ့တာလား။ ထုတ်လုပ်မှုပုံစံကွက်တစ်ခု မဟုတ်ဘူးလား။”

ရှောင်းယီသည် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှတစ်ဆင့် မေးလိုက်ခဲ့သည်။

“ဒါကလည်း ပုံစံကွက်တစ်ခုပါပဲ။ ဒါပေမယ့် ကျုကွန်းမျိုးနွယ်စုရဲ့ မှော်ဆရာက သေနတ်ထုတ်လုပ်မှုပုံစံအတွက် ပုံစံကွက်ကိုရပြီးပြီးချင်းမှာပဲ အထက်ကဆုလာဘ်ကိုရရှိခဲ့ပြီး သေနတ်အတွက် ကုန်ကြမ်းပစ္စည်းအားလုံးကို ချက်ချင်းစုဆောင်းနိုင်ခဲ့တယ်။”

ယောင်က ပြန်ဖြေလိုက်သည်။

“ဒါက ဘယ်လိုတောက်သောက်ကျိုးနည်းတဲ့ ဘက်လိုက်မှုမျိုးလဲ။”

ရှောင်းယီ မကျိန်ဆဲဘဲ မနေနိုင်ခဲ့ပေ။

ဤကမ္ဘာ၏စည်းမျဉ်းများကို ဤနည်းဖြင့်ကစားပါက အသက်ရှင်သန်ကျန်ရစ်သူများသည် အမှန်တကယ်ပင် သေဆုံးသွားကြရပေလိမ့်မည်။

အသက်ရှင်သန်ကျန်ရစ်သူများသည် ဤကုန်ကြမ်းများကို ကိုယ်တိုင်စုဆောင်းရန် လိုအပ်ပြီး ကမ္ဘာ့စည်းမျဉ်းများသည် ဒေသခံများအတွက်မူ အနောက်တံခါးကို ဖွင့်ပေးထားသည်။

ဘယ်လိုတောင် လုပ်နိုင်ရတာလဲ။!

“ဒါကအမှန်တကယ့်ပါပဲ။ ဒါပေမယ့် သူက စာချုပ်ကဒ်သုံးဖို့တောင်းဆိုခဲ့တယ်။ အရှင် ကျုပ်ကို လာကယ်မယ့်အချိန်ကို စောင့်နေမယ်!။”

ယောင်က ပြောလိုက်သည်။

“ကောင်းပြီး လမ်းညွှန်ကျောက် စွမ်းအင်ပြည့်သွားတာနဲ့ မင်းဆီကို ငါချက်ချင်းလာခဲ့မယ်။”

“ဟုတ်ကဲ့ ကျုပ်စောင့်နေပါ့မယ်။!”

ထို့နောက် နှစ်ယောက်သား စကားပြောဆိုမှုကို အဆုံးသတ်လိုက်သည်။ နေ့လယ်စာစားချိန်တွင်မူ ရှောင်းယီသည် ထိုအခြေအနေကို လူတိုင်းအား ပြောပြလိုင်သည်။

“ဒါက ငါတို့အတွက် ကြီးမားတဲ့ အားနည်းချက်ပဲ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“အနာဂတ်မှာ ရတနာနယ်မြေကနေ လေယာဉ်ပျံနဲ့ အမြှောက်တွေ ရခဲ့ရင် သူတို့က ပြီးပြည့်စုံတဲ့ထုတ်ကုန်ကို တိုက်ရိုက်ထုတ်လုပ်နိုင်ပြီး ငါတို့ကတော့ ကုန်ကြမ်းတွေ ဆက်စုဆောင်းနေရဦးမှာပဲ။ ဒါက လုံးဝကစားဖို့ မဖြစ်နိုင်ဘူး။!”

အန်းယွဲ့က ခေါင်းညိတ်လိုက်၏။

“အဲဒီအဆင့်ကိုရောက်သွားရင် ကိန်းဂ‌ဏန်းအားသာချက်တွေနဲ့ မဖြေရှင်းနိုင်တော့တဲ့ အရာတွေရှိလာလိမ့်မယ်။ ငါတို့မှာ ကိန်းဂဏန်းအရ အားသာချက်တောင် မရှိတော့ဘူးပဲ!။”

“ဒါဆို ဒေသခံတွေရဲ့ အရင်းအမြစ်ရိတ်သိမ်းမှုကို အမြစ်ကနေ ဖြတ်တောက်သင့်တယ်မလား။”

ယွမ်နွန်က ပြောလိုက်သည်။

“အရင်းအမြစ်ကိုဖြတ်တောက်ရမှာလား။?”

လူတိုင်းက ယွမ်နွန်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်လိုက်ကြသည်။ ယွမ်နွန်က ဆက်ပြောသည်။

“ဒေသခံတွေက ရတနာသေတ္တာထဲက ပစ္စည်းတွေအတွက် အပိုဂရုစိုက်မှုတွေ ရလိမ့်မယ်လို့ မင်းမပြောခဲ့ဘူးလား။ ဒါဆို သူတို့ရတနာသေတ္တာထဲက ပစ္စည်းတွေမရအောင် တားဆီးလိုက်မယ်ဆိုရင် မလုံလောက်ဘူးလား။”

“ဒီနည်းလမ်းက တကယ်အလုပ်ဖြစ်နိုင်တယ်။!”

ရှောင်းယီ ချက်ချင်းပင် သဘောတူလိုက်သည်။

လက်ရှိအချိန်တွင် ဒေသခံများသည် ထောက်ပံ့ရေးသေတ္တာများမှ ရရှိသော ထုတ်လုပ်မှုပုံစံများကိုလည်း ဂရုစိုက်ခြင်းရှိ၊မရှိ မသိရသေးသော်လည်း ထောက်ပံ့ရေးသေတ္တာများတွင် အခြေခံအားဖြင့် ထုတ်လုပ်မှုပုံစံတစ်ခုတည်းသာ ပါဝင်ပေသည်။ ၎င်းသည် ပြဿနာကြီးတစ်ခုမဟုတ်ပေ။ အများဆုံးမှာ ၎င်းတို့တွင် ခေတ်မီလက်နက်တစ်ခု သို့မဟုတ် နှစ်ခုသာရှိမည်ဖြစ်ပြီး ထိုအရာကို နားလည်ပေးနိုင်သည်။

သို့သော် ရတနာ‌နယ်‌မြေများတွင်မူ ပုံစံများနှင့် ပုံစံကွက်အမျိုးမျိုး ပါဝင်ပေသည်။

ပုံစံကွက်ဆိုသည်မှာ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်သည်ဟု ဆိုလိုပြီး တစ်ခု၊ နှစ်ခုသာမကဘဲ စနစ်ရှိ လက်နက်အရေအတွက်ကို ဆိုလိုပေသည်။

“ဒီကိစ္စကို လူတိုင်းနဲ့ ပြောဖို့လိုပုံရတယ်။ အနာဂတ်မှာ ရတနာနယ်မြေတွေမှာ အမဲလိုက်ရင်း တစ်ယောက်နဲ့တစ်ယောက်တွေ့ခဲ့ရင် ဒေသခံတွေကို အရင်ဆုံးထုတ်ပစ်ပြီးမှ အတွင်းပိုင်းပြိုင်ဆိုင်မှုတွေ လုပ်ဖို့လိုတယ်။ မဟုတ်ရင် ငါတို့အသက်ရှင်သန်ကျန်ရစ်သူတွေအတွက် အန္တရာယ်များလိမ့်မယ်။”

ရှောင်းယီက ပြောလိုက်သည်။ အခြားသူများလည်း ခေါင်းညိတ်လိုက်ကြသည်။

နေ့လယ်စာကို မြန်မြန်ဆန်ဆန်စားသုံးပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားပြီး ယီထျန်းဂရုထဲတွင် ထိုကိစ္စကို ပြောပြလိုက်သည်။

တစ်ချိန်တည်းမှာပင် ဆုဝမ်ကို ဘာသာပြန်ခိုင်းပြီး အများသုံးချန်နယ်ပေါ်တွင်လည်း တင်ခိုင်းခဲ့သည်။

“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော့်က ယီရန်ပင်းပါ။ အရမ်းအရေးကြီးပြီး အရေးတကြီးအကြောင်းကြားစရာရှိပါတယ်။ ဒေသခံအချို့မှာ ပြီးပြည့်စုံတဲ့သေနတ်တွေရှိနေပါပြီ။ လူတိုင်းဘေးကင်းရေးကို သတိထားရပါမယ်။ လက်ရှိသတင်းအချက်အလက်အရ ဒေသခံတွေက ရတနာသေတ္တာထဲက ပုံစံကွက်တွေကိုရရှိခဲ့ပြီးတဲ့နောက်မှာ အပိုကူညီမှုတွေကို ရရှိခဲ့ပြီး...”

ဤသတင်းကို တင်လိုက်လိုက်ပြီးနောက် ယီထျန်းဂရုနှင့် အများသုံးချန်နယ်ရှိ အသက်ရှင်သန်ကျန်ရစ်သူများသည် အလုံးအရင်းဖြင့် ချောက်ချားသွားကြတော့လေသည်။

“ဒေသခံတွေမှာ သေနတ်တွေတောင် ရှိနေပြီလား။ ငါမြင်းစီးပြီး လေးနဲ့မြားကို ကိုင်ထားတုန်းပဲရှိသေးတယ်လေ။!”

“ဘာတွေဖြစ်နေတာလဲ။ ဒီနေ့ကစပြီး ငါတို့ဘယ်လိုတိုက်ခိုက်ရတော့မှာလဲ။”

“သေနတ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ မီးမွှေးလို့ရတဲ့ ဟာလား။”

“ဒီအချိန်မှာ ပြန်ပက်နေတာတွေကို ရပ်လိုက်တော့။ သေနတ်ဆိုတာ ရိုးရိုးရှင်းရှင်းပဲ သေနတ်ကို ဆိုလိုတာပေါ့!”

“ဘာလဲ သေနတ်! သေစမ်း မိမစစ်ဖမစစ်ကောင်! မင်း ငါ့ကိုသတ်ချင်ရင် သတ်လိုက်...ဒီလိုတော့ လာမကစားနဲ့ကွ။”

“ဒါက ဟာသတစ်ခုမဟုတ်ဘူး။ ချက်ချင်း ဂိသွားမယ့်ဟာကွ!”

ဂရုထဲတွင် ထိတ်လန့်မှုများ ပျံ့နှံ့နေသည်ကိုမြင်ရသော ရှောင်းယီသည် ချက်ချင်းပင် အားလုံးကို အသံပိတ်ရန် ရွေးချယ်လိုက်သည်။

“အားလုံးပဲ မကြောက်လန့်ကြပါနဲ့။ လက်ရှိအချိန်မှာ ဒေသခံအနည်းငယ်ကပဲ ဒီလိုသေနတ်မျိုးတွေ ရထားတာပါ။ သေနတ်ရဲ့စွမ်းအားက အစပိုင်းမှာ တကယ်ကို ကန့်သတ်ချက်ရှိတယ်။ အဓိကလက်နက်ကတော့ အေးစက်တဲ့လက်နက်တွေပဲ။ ကိုယ့်ကိုယ်ကို မခြောက်လှန့်ပါနဲ့။ ဒီသတင်းကို မျှဝေတာက မင်းတို့ကို ထိတ်လန့်စေဖို့နဲ့ မျှော်လင့်ချက်ကင်းမဲ့စေဖို့ မဟုတ်ဘူး။”

အခန်း ၃၆၂

ရှောင်းယီ အဖွဲ့ထဲသို့ ဆက်လက်၍ စာပို့လိုက်သည်။

“ဒီသတင်းကို မျှဝေတာက နောက်ပိုင်းမှာ လူတိုင်း ရတနာမြေပုံရကြတဲ့အခါ ဒေသခံတွေနဲ့တွေ့ရင် အချင်းချင်း စည်းလုံးညီညွတ်ဖို့ပဲ။ ဒေသခံတွေ ပုံစံကွက်ကိုမရနိုင်သရွေ့ ငါတို့မှာ အခွင့်အလမ်းရှိတယ်။ သာမန်ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ထုတ်လုပ်မှုပုံစံတွေက ငါတို့အတွက် ခြိမ်းခြောက်မှုနည်းနည်းပဲရှိတယ်။ မင်းတို့ ဒါကို နားလည်လား။”

စာနှစ်စောင်ပို့ပြီးနောက် ရှောင်းယီသည် သူ၏ပိတ်ပင်တားဆီးထားမှုကို ရုပ်သိမ်းမီ နောက်ထပ်သုံးမိနစ်စောင့်ဆိုင်းခဲ့သည်။

“သူဌေးပြောတာမှန်တယ်။ ငါတို့ ဒီလောက်အကြာကြီး ခုခံနေခဲ့ပြီးပြီ။ ဒီလိုမျိုး ခေတ်နောက်ကျနေတဲ့ သေနတ်တစ်ခုလောက်နဲ့ ခြိမ်းခြောက်ခံရမှာလား။”

“မှန်တယ်။ ဒီသေနတ်တွေ ပေါက်ကွဲရင် ပေါက်ကွဲနိုင်လိမ့်မယ်။ မကြောက်ကြနဲ့...သူတို့နဲ့အတူတူသွားလိုက်ရုံပဲ။!”

“အင်း နောက်ပိုင်းမှာ မင်းတို့ ရတနာတွေကို အမဲလိုက်လို့ မရနိုင်ဘူးဆိုရင်တောင် ဒေသခံတွေ မရသွားအောင် တားဆီးရမယ်။”

“အထက်ကလူရဲ့ စိတ်ကူးက အရမ်းကောင်းတယ်။ ငါ့မှာ ရတနာရှာနိုင်တဲ့အစွမ်းအစမရှိပေမယ့် အနှောင့်အယှက်ပေးလို့တော့ ရပါသေးတယ်။”

“ဆရာ သတင်းအချက်အလက်တွေ မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှင်းပြပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အခုတော့ ကျုပ်တို့စဉ်းစားမိပါပြီ။”

“သူဌေး ဒီသတင်းကို ဘယ်ကရတာလဲလို့ မေးလို့ရမလား။”

တစ်စုံတစ်ယောက်က မေးလိုက်သည်။

“သူဌေးရဲ့သတင်းအချက်အလက်ရဲ့ စစ်မှန်မှုကို သံသယရှိနေတာလား။ ကောင်လေး မင်းက အရမ်းသတ္တိရှိနေတာပဲ။”

“မင်းအဲ့ဒါကို မယုံလို့ရတယ်။”

“မဟုတ်ဘူး...ကျုပ် သူဌေးကို အရမ်းယုံကြည်တယ်။ ကျုပ်က စပ်စုချင်ရုံပါပဲ။”

ထိုလူက ချက်ချင်းပင် ခုခံကာကွယ်လိုက်သည်။

ရှောင်းယီသည် ထိုလူများမှာ အခြားအင်အားစုများမှ စေလွှတ်လိုက်သော သူလျှိုများဖြစ်နိုင်ကြောင်း သိသော်လည်း မဖုံးကွယ်ဘဲ ရင်းရင်းနှီးနှီးပင် ပြန်လည်ဖြေကြားလိုက်သည်။

“ကျုပ် ဒေသခံမျိုးနွယ်စုတစ်ခုက မှော်ဆရာတစ်ဦးနဲ့ စာချုပ်ချုပ်ဆိုခဲ့တယ်။ သူက သူ့ရဲ့ကျွန်းကို ပြန်ရောက်သွားပြီးနောက်မှာ အခြားမျိုးနွယ်စုတွေစုရဲ့ သိမ်းပိုက်ခြင်းကို ကြုံခဲ့ရတယ်။ သိမ်းပိုက်ခံရခင် ကျုပ်ကို သတင်းပို့ခဲ့တာပဲ။”

“သူဌေး တကယ်ကိုအံ့သြဖို့ကောင်းတယ်! သူက တကယ်ပဲ မှော်ဆရာနဲ့တောင် စာချုပ်ချုပ်နိုင်တယ်။ ငါ့မှာသာ ဒီလိုစွမ်းရည်မျိုးရှိရင်တောင် မျိုးနွယ်စုတစ်ခုကို ဦးဆောင်နိုင်မှာမဟုတ်ဘူး။”

“ဒီကမ္ဘာရဲ့မျိုးနွယ်စုတွေမှာ အရေးအကြီးဆုံးက မှော်ဆရာပဲ။ မှော်ဆရာနဲ့ စာချုပ်ချုပ်ဆိုလိုက်တာက မျိုးနွယ်စုတစ်ခုကို ပိုင်ဆိုင်လိုက်တာနဲ့ အတူတူပဲ။”

“ဒါပေမယ့် သူဌေးက တကယ်ပဲ မှော်ဆရာကို ပြန်ပို့လိုက်တယ်။ ဒါက ဘယ်လိုလုပ်ဆောင်မှုမျိုးလဲ။”

ရှောင်းယီသည် ဂရုအတွင်းရှိ မေးခွန်းများကို ဆက်၍ အရေးမစိုက်တော့ပေ။ သူ့စိတ်ထဲတွင် သူ့၏ထင်မြင်ချက်များ ရှိနေပေသည်။

ထိုအချိန်က သူသည် ဒေသခံများနှင့် ရင်ဆိုင်ရန် ယောင်၏သတိပေးချက်ကို အသုံးပြုလိုသောကြောင့် သူ့ကို လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုပင် ပေးအပ်ခဲ့သည်။

ယောင်နှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နှစ်ခုလုံးကို ကိုကွန်းမျိုးနွယ်စုမှ ယူဆောင်သွားခဲ့သော်လည်း ရှောင်းယီသည် ဤလှိုင်းလုံးတွင် သူ့အတွက် ဆုံးရှုံးမှုမရှိဟု ထင်နေတုန်းပင်။ အနည်းဆုံးတော့ သူသည် ဤကဲ့သို့ အရေးကြီးသော သတင်းအချက်အလက်များကို ရရှိခဲ့ပေသည်။

ရှောင်းယီနှင့် အခြားသူများသည် ဒေသခံများအား ထုတ်လုပ်မှုပုံစံကွက်များ ထုတ်ပေးခြင်းသည် ပြီးပြည့်စုံသောထုတ်ကုန်များကို ထုတ်ပေးခြင်းနှင့် ညီမျှသည်ကိုသာ မသိရှိခဲ့ပါက သူတို့သည်လည်း ဤကဲ့သို့ အရေးတကြီး ခံစားကြလိမ့်မည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ဒေသခံများသည် ထုတ်လုပ်မှုပုံစံများကို ရရှိခဲ့ပါက ၎င်းတို့ကဲ့သို့ ထိုအရာများကို မဖန်တီးနိုင်မီ ကုန်ကြမ်းများကို ဖြည်းဖြည်းချင်းစုဆောင်းရမည်ဖြစ်သည်။

သို့သော် ယခုအခြေအနေမှာ လုံးဝကွဲပြားနေပြီး လူတိုင်း စိုးရိမ်နေကြသည်။

လွန်ခဲ့သောနှစ်ရက်အတွင်း ဖူရှီနှင့် သူ၏မျိုးနွယ်စုသည် ရှားဘာသာစကားနှင့် ယဉ်ကျေးမှုကို အရူးအမူးသင်ယူခဲ့ကြသည်။

သူ၏လေ့လာမှု နက်ရှိုင်းလာသည်နှင့်အမျှ ဖူရှီသည် ရှားနိုင်ငံ၏ယဉ်ကျေးမှုသည် နက်နဲစွာရှိသည်ဟု ပိုမိုခံစားခဲ့ရသည်။

ဖူရှီ၏ခန္ဓာကိုယ်ကို အထက်မှ ပြုပြင်မွမ်းမံထားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် သူသည် အခြားသူများထက် အရာများကို ပိုမိုမြန်ဆန်စွာ သင်ယူနိုင်ခဲ့သည်။

နှစ်ရက်ကြာ လေ့လာပြီးနောက် သူသည် ယွမ်နွန်အနည်းငယ် ရိုးရှင်းစွာ ဆက်သွယ်နိုင်ခဲ့သည်။

“အရှင် ကျုပ်တို့မျိုးနွယ်စုနဲ့ အရှင့်ကြားမှာ လမ်းတစ်ခု တည်ဆောက်ချင်ပါတယ်။!”

ဖူရှီက ရှောင်းယီကိုရှာကာ ပြောလိုက်သည်။

သူ၏စကားအစီအစဉ်များမှာ ပြဿနာအနည်းငယ်ရှိနေသေးသော်လည်း ရှောင်းယီသည် သူ့ဆိုလိုရင်းကို အတားအဆီးမရှိ နားလည်ဆဲပင်။

ရှောင်းယီ ခေါင်းညိမ့်လိုက်သည်။

“ကောင်းပြီ ကိရိယာသေတ္တာ သွားယူပြီး မင်းကိုယ်တိုင်လုပ်လို့ရတယ်။”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အရှင်!”

ဖူရှီက တုန့်ပြန်လိုက်၏။ ပြန်ရောက်သွားပြီးနောက် သူသည် အဖွဲ့ဝင်အားလုံးကို စုစည်းကာ တောင်ကုန်းအနီးတစ်လျှောက်တွင် ငါးမီတာခန့်ကျယ်သော လမ်းတစ်ခုကို စတင်ဖောက်လုပ်လိုက်သည်။

လမ်း၏မျက်နှာပြင်ကို ကျောက်စရစ်ခဲများဖြင့် ခင်းပြီး သိပ်သည်းအောင်လုပ်ကာ ရိုးရှင်းသောလမ်းတစ်ခုကို မြန်မြန်ဆန်ဆန်ပြင်ဆင်ခဲ့သည်။ ထိုလမ်းသည် လှည်းနှစ်စီး ဘေးချင်းယှဥ်၍ တွဲသွားလျှင်ပင် ကျပ်တည်းနေမည်မဟုတ်ပေ။

ရှီမျိုးနွယ်စု လမ်းဖောက်လုပ်သည်နှင့်အမျှ အခြားမျိုးနွယ်စုနှစ်ခုကလည်း သူတို့ကိုနမူနာယူကာ တစ်ခုပြီးတစ်ခု လမ်းများ ဆောက်လုပ်ခဲ့ကြသည်။

ဆိုရိုးစကားရှိသည်မှာ- ချမ်းသာကြွယ်ဝချင်လျှင် လမ်းကိုအရင်ဖောက်ပါ။

တစ်ချိန်တည်းမှာပင် လမ်းဖောက်လုပ်ခြင်းသည် မျိုးနွယ်စုများအကြား ဆက်သွယ်မှု၊ ဖလှယ်မှုနှင့် ပေါင်းစည်းမှုကို မြှင့်တင်ပေးနိုင်သည်။

သဘာဝအားဖြင့် ရှောင်းယီသည် ၎င်းတို့ကို ကန့်ကွက်မည်မဟုတ်ပေ။

သူသည် မြို့ရိုးပေါ်တွင်ရပ်ပြီး ရှီမျိုးနွယ်စု ဆောက်လုပ်ထားသည့် ဗလာဖြစ်‌နေသောလမ်းကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။

“လှည်းတွေတော့ရှိတယ်။ ဒါပေမယ့် ဆွဲဖို့ တိရစ္ဆာန်တွေ မရှိသေးဘူး။”

လှည်းအားလုံးကို ဆွဲရန် ချော်လီမာ(BMW)ကို သုံး‌၍မရပေ။ ချော်လီမာက တစ်ကောင်တည်းသာ ရှိပေသည်။

ထိုအကြောင်းကို စဉ်းစားမိသောအခါ ရှောင်းယီသည် မြို့ရိုးပေါ်မှဆင်းကာ တောထဲသို့ လမ်းလျှောက်သွားခဲ့သည်။ သူ၏ဘေးနားတွင်ရှိနေသော ဝမ်ချိုင်သည်လည်း ချက်ချင်းပင် ထရပ်ကာ သူ့နောက်ကိုလိုက်သွားခဲ့သည်။

ရှောင်းယီ တောထဲသို့ရောက်ခဲ့သည်မှာ သိပ်မကြာသေးပေ။ ဤနှစ်ရက်အတွင်း ပြန်လည်ဆန်းသစ်ပြီးနောက် ရှောင်းယီ၏ကျွန်းရှိ တောအုပ်ဧရိယာသည် အဆပေါင်းများစွာ တိုးလာခဲ့ပြီး သဘာဝအတိုင်း တိရစ္ဆာန်အသစ်များစွာလည်း ပေါ်ပေါက်လာခဲ့သည်။

ရှောင်းယီ တောထဲသို့ ခြေချလိုက်သည်နှင့် ရှောင်ရှန်းသည် သစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီး ရှောင်းယီ၏ ပခုံးပေါ်တွင် တက်ထိုင်လိုက်၏။

“မင်းက ဘာလို့ စားပဲစားပြီး အရပ်ထွက်မလာဘူးလို့ ခံစားရတာလဲ။”

ရှောင်းယီက ရှောင်ရှန်းကိုကြည့်ကာ ပြောလိုက်သည်။ ရှောင်းယီ၏စကားကိုကြားသောအခါ ရှောင်ရှန်းသည် ရှောင်းယီ၏ပခုံးပေါ်တွင် စူးရှစွာအော်ဟစ်လိုက်၏။ သူကြီးထွားနေသည်ဟု ပြောနေသည့်ပုံပင်။

“တောထဲမှာ မြင်းပုံသဏ္ဍာန်သတ္တဝါတွေကို မင်းတွေ့မိလား။”

ရှောင်းယီက မေးလိုက်သည်။ ထိုအခါ ရှောင်ရှန်းသည် ချက်ချင်းပင် ခေါင်းခါပြီး ပြန်ဖြေလိုက်၏။

“ကျိကျိကျိ! (ဒီကိစ္စနဲ့ပတ်သက်ပြီး သားရဲဘုရင်ကို မေးသင့်တယ်။ ဒါက သူ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတာ။)”

“ကောင်းပြီ သူ့ကိုရှာလိုက်!”

ရှောင်းယီက ပြောလိုက်သည်။ ရှောင်းရှန်သည် ခေါင်းညိတ်ကာ ထသွားပြီး သူ၏စူးရှသည့်အသံဖြင့် ကောင်းကင်ပေါ်သို့မော့ကာ အကြိမ်အနည်းငယ် အော်ဟစ်လိုက်ပြီး ရှောင်းယီ၏ပခုံးပေါ်တွင် ပြန်ထိုင်နေလိုက်သည်။

“မင်း ဘယ်လိုတောင် အပျင်းထူနေတတ်တာလဲ။ ငါက မင်းကိုခေါ်ခိုင်းတာလေ။ မင်းက မင်းရဲ့လက်အောက်ငယ်သားတွေကို အမိန့်ပေးလိုက်တယ်ပေါ့။”

ရှောင်းယီ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“ငါက ခွန်အားကြီးမားတဲ့ မျောက်ဘုရင်ပဲ။ အဲ့တော့ အခြားမျောက်တွေက ဒီလိုမျိးကိစ္စသေးသေးလေးတွေကို သဘာဝအတိုင်းလုပ်ဆောင်ကြရမှာပေါ့။”

ပဏ္ဍိတငယ်လေးက သူ၏ခေါင်းကိုမော့ကာ ပြန်ဖြေလိုက်၏။ ခဏအကြာတွင် ကျားတစ်ကောင်၏ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး သားရဲသည် သူတို့ဘေးမှ ခုန်ထွက်လာခဲ့သည်။

“တောထဲက မြင်းသဏ္ဍာန်သတ္တဝါအသစ်တွေ ဘယ်နားမှာလဲ။”

ရှောင်းယီက မေးလိုက်သည်။

သားရဲဘုရင်သည် ခဏကြာအောင် တွေးတော့ပြီး ဟန်းသံပေးလိုက်၏။ ထို့နောက် ရှောင်းယီသည် သားရဲဘုရင်၏ကျောပေါ်သို့ တိုက်ရိုက်ပင် တက်ထိုင်လိုက်သည်။ သားရဲသည် ရှောင်းယီကို သယ်ဆောင်ပြီး မြောက်ဘက်သို့ ချက်ချင်းပင် ပြေးထွက်သွားခဲ့သည်။

သူတို့သည် ရှီမျိုးနွယ်စု ဆောက်လုပ်ထားသော လမ်းကိုလည်း ဖြတ်သန်းသွားခဲ့သည်။ ရှိမျိုးနွယ်စုမှ ဒေသခံများသည် သားရဲဘုရင်၏ကျောပေါ်တွင်ထိုင်ပြီး တောထဲမှထွက်လာသော ရှောင်းယီကိုမြင်လိုက်ရသောအခါ အားလုံးဒူးထောက်ကာ အရိုအသေပေးလိုက်ကြ၏။

သို့သော် ရှောင်းယီသည် လုံးဝမရပ်တန့်ဘဲ လမ်းကိုဖြတ်ကျော်ကာ တစ်ဖက်ရှိတောအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

မကြာမီ သားရဲသည် ရှောင်းယီကို ချုံနွယ်ပင်များရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။ ဤနေရာတွင် အပင်မြင့်များမရှိဘဲ ချုံနွယ်ပင်များနှင့် စိမ်းလန်းသောမြက်ခင်းများသာရှိနေသည်။

မြင်းရိုင်းအနည်းငယ်သည် အေးဆေးတည်ငြိမ်စွာဖြင့် မြက်များကို စားသောက်နေကြ၏။ သို့သော်လည်း သူတို့သည် သားရဲဘုရင်၏ ရုတ်တရက်ဝင်ရောက်စီးနင်းမှုကြောင့် ထိတ်လန့်သွားပြီး ချက်ချင်းပင် ထွက်ပြေးကြတော့သည်။

ရှောင်းယီသည် ဝဖြိုးသန်မာသော မြင်းရိုင်းကို ကြည့်ကာ ကျေနပ်စွာခေါင်းညိတ်လိုက်၏။

“မဆိုးဘူး။”

ထို့နောက် သူသည် ခြေကျင်ဖြင့် မြင်းရိုင်းတစ်ကောင်နောက်သို့လိုက်သွားပြီး ကျွမ်းထိုးကာ ထိုမြင်း၏ကျောပေါ်သို့ တက်လိုက်သည်။

မြင်းရိုင်းသည် ရူးသွပ်စွာ ခုန်ပေါက်ပြီး ရှောင်းယီကို သူ၏ကျောပေါ်မှ ခါချရန် ကြိုးစားတော့၏။ သို့သော်လည်း ရှောင်းယီသည် ကျောက်ဆောင်တစ်ခုကဲ့သို့ မြင်း၏ကျောပေါ်တွင် ခိုင်မြဲစွာထိုင်နေခဲ့သည်။ ရှောင်းယီသည် ၎င်း ပင်ပန်းနွမ်းနယ်သွားသည်အထိ ကြိုးဖြင့် ချည်နှောင်ခြင်းမပြုခဲ့ပေ။

မြင်းရိုင်းလေးကောင်ကို ဆက်တိုက် အနိုင်ယူပြီးနောက် ရှောင်းယီနှင့် ဝမ်ချိုင်သည် ထိုမြင်းအထီးနှစ်ကောင်နှင့် အမနှစ်ကောင်ကို ဗီလာသို့ခေါ်ဆောင်သွားခဲ့သည်။

ပထမဦးစွာ ဤမြင်းလေးကောင်ကို ခြံဝန်းထဲသို့ပို့ပြီး ယွမ်နွန့်အား ၎င်းတို့ကို S-အဆင့် စားကျက်အချို့ ကျွေးခိုင်းလိုက်၏။ ၎င်းကို ကျားကိုရိုက်ပြီး သကြားလုံးပေးသည့် နည်းဗျူဟာအဖြစ် မှတ်ယူနိုင်ပေသည်။

မြင်းလေးကောင်သည် အစတွင် အနည်းငယ် စိတ်ဆပ်နေသေးသော်လည်း အဆင့်မြင့်စားကျက်များကို စားသောက်ပြီးနောက် ၎င်းတို့သည် ဒေါသထွက်နေခြင်းမရှိတော့ဘဲ ပိုမိုကာ နှိမ့်ချလာကြသည်။

ထိုမြင်းများကို မွေးမြူရေးနေရာတွင် ထားလိုက်ပြီး ခြံဝင်း၏ဘောနပ်စ်များကို အသုံးပြုကာ အလျင်မြန်ဆုံး ကြီးထွားလာစေရန် မွေးမြူလိုက်သည်။

ဤနည်းအားဖြင့် ရှောင်းယီတွင် မြင်းများ ပြတ်တောက်တော့မည်မဟုတ်ပေ။ အချိန်ကျလာသည့်အခါ ထိုမြင်းများဖြင့် မျိုးစပ်ကာ ပိုမိုကောင်းမွန်သောအရည်အသွေးရှိသည့် မျိုးဆက်များကိုပင် ရရှိလာနိုင်ပေသည်။

အိပ်ခန်းသို့ပြန်ရောက်သောအခါ ရှောင်းယီသည် သေမင်းနတ်ဘုရားထံမှ တစ်စောင်ပို့ထားသည်ကို တွေ့လိုက်ရလေတော့သည်။

“ခင်ဗျားပြောတဲ့ သေနတ်တွေနဲ့ ဒေသခံတွေကို ကျုပ်တွေ့ပြီ။”

အခန်း ၃၆၃

သေမင်းနတ်ဘုရား၏သတင်းကို မြင်လိုက်ရပြီးနောက် ရှောင်းယီက ချက်ချင်းပြန်ဖြေလိုက်သည်။

“အခု ဘာတွေဖြစ်နေပြီလဲ။ သူတို့ရောက်နေပြီလား။”

သေမင်းနတ်ဘုရားသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဘေးတွင် ရှိနေဟန်ရှိပြီး ချက်ချင်းပင် ပြန်ဖြေလာခဲ့သည်။

“အဲ့ဒါက ၁၀ ကီလိုမီတာ လောက်အဝေးမှာပဲ။”

“ဒီလောက်ဝေးတဲ့နေရာကနေတောင် မင်းက သူတို့လက်ထဲမှာ သေနတ်တွေရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ရတာလား”

ရှောင်းယီက သံသယဖြင့် မေးမြန်းလိုက်သည်။ ထိုအခါ သေမင်းနတ်ဘုရားက ပြုံးရယ်လိုက်၏။

“ငါမှာဒီဟာရှိတယ် [မှန်ပြောင်း] ၁”

ရှောင်းယီသည် သူထုတ်ယူလိုက်သောအရာကို မြင်သည့်အခါ ချက်ချင်းပင် နားလည်သွားခဲ့သည်။

“မင်းက ဒီလိုအရာမျိုးကို ရနိုင်တယ်ဆိုတော့ တကယ်ကံကောင်းတာပဲ။ အဲ့ဒီဒေသခံတွေမှာ သေနတ်တွေအများကြီးရှိလား။”

“အတော်များများရှိသင့်တယ်။ သေနတ်တွေကိုင်ထားတဲ့ ဒေသခံ ငါးယောက်၊ခြောက်ယောက်လောက် ပါတယ်။ အတွင်းထဲမှာလည်း ဘယ်နှစ်ယောက်ရှိမှန်းမသိရသေးဘူး။”

သေမင်းနတ်ဘုရားက ပြန်ဖြေလိုက်သည်။ ထို့နောက် ရှောင်းယီ အနည်းငယ်စဉ်းစားကြည့်လိုက်၏။

“ငါ့မှာ ဒူးလေးနဲ့ လောက်လေးခွစင်တစ်ခုရှိသေးတယ်။ အရေးပေါ်အခြေအနေအတွက် ငါမင်းကို ငှားပေးလိုက်မယ်!”

“ကျေးဇူးတင်ပါတယ်!”

သေမင်းနတ်ဘုရားက ပြန်ဖြေ၏။

“ဒါပေမယ့် ကျုပ်မှာ တောင်းဆိုစရာတစ်ခု ရှိသေးတယ်။”

“ဘာကိစ္စလဲ။”

ရှောင်းယီက သံသယဖြင့် မေးလိုက်သည်။

“တိရစ္ဆာန်အရွတ် ဒါမှမဟုတ် လျှော်ကြိုးတွေကို ကိုပ်ကိုရောင်းပေးပါ။”

သေမင်းနတ်ဘုရားက ပြန်ဖြေသည်။

“ကျုပ် လက်ပစ်ဒူးလေးလုပ်တဲ့နေရာ အဲ့ဒါကို အသုံးပြုဖို့လိုတယ်။”

သေမင်းနတ်ဘုရားသည် ရှောင်းယီထံသို့ သေနတ်ကိုင်ဒေသခံများနှင့် တွေ့ဆုံကြောင်း အစီရင်ခံခဲ့ပြီး သူ၏အဓိကရည်ရွယ်ချက်မှာ တိရိစ္ဆာန်အရွတ် သို့မဟုတ် လျှော်ကြိုးများ ဝယ်ယူရန်ဖြစ်သည်။ သူ့လက်ထဲတွင် လက်ပစ်ဒူးလေးအတွက် သစ်သားပြားများရှိသော်လည်း ကုန်ကြမ်းပစ္စည်းများမှာ မလုံလောက်ပေ။

“ပြဿနာမရှိပါဘူး!”

ရှောင်းယီက ချက်ချင်းတုန့်ပြန်လိုက်၏။။ ဤအရာများသည် ရှောင်းယီအတွက် သာမန်ပစ္စည်းများသာ ဖြစ်ပေသည်။ တောထဲကိုသွားရုံဖြင့် တိရစ္ဆာန်အရွတ်များကို အမြောက်အမြား ရရှိနိုင်လေသည်။

သေမင်းနတ်ဘုရားသည် မွန်းလွဲပိုင်းတွင်မှ ရရှိခဲ့သော အုတ်မြစ်ကျောက်လေးခုကို တိရိစ္ဆာန်အရွတ် ဆယ့်နှစ်ခုနှင့် လဲလှယ်ခဲ့သည်။

ထို့နောက် သူသည် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်တိုင်၏ ထုတ်လုပ်မှုစာမျက်နှာတွင် လက်ကိုင်သုံးခုပါသော ဒူးလေးတစ်ခုကိုပြုလုပ်ပြီး ရှောင်းယီ ငှားထားသောပစ္စည်းအားလုံးကို ဒေသခံသင်္ဘောလာရာဘက်သို့ နေရာချလိုက်သည်။

ထို့နောက် သံဒိုင်းနှစ်ခုထပ်လုပ်လိုက်သည်။ ရှောင်းယီသည် အစောပိုင်းသေနတ်၏စွမ်းအားသည် ကန့်သတ်ချက်ရှိပြီး မည်သည့်သံချပ်ကာမဆို ၎င်းကိုပိတ်ဆို့နိုင်ကြောင်း ဂရုထဲတွင် ပြောထားပြီးဖြစ်လေသည်။ ဤသံဒိုင်းနှစ်ခုကို သေနတ်များအတွက် ပြင်ဆင်ထားခြင်းဖြစ်ပေသည်။

နောက်ဆုံးတွင် မြားများကို လုံလောက်အောင် ထုတ်လုပ်လိုက်သည်။

ပြင်ဆင်မှုအားလုံးပြီးစီးသွားပြီးနောက် သေမင်းနတ်ဘုရားသည် ရှောင်းယီထံသို့ နောက်ထပ်စာတိုတစ်စောင် ထပ်ပို့လိုက်သည်။

“သူဌေး ကျုပ် ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကို မခံနိုင်ရင် ခင်ဗျားရဲ့ အပျော်စီးရွက်သင်္ဘောကို ငှားလို့ရမယ်လို့မျှော်လင့်ပါတယ်။”

ဤသည်မှာ သေမင်းနတ်ဘုရားသည် ရှောင်းယီအား သူဌေးဟုခေါ်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ယခင်က သူသည် သူ့ကို အမည်ဖြင့်သာ ခေါ်ဝေါ်ခဲ့သည်။

“ပြဿနာမရှိပါဘူး။ ဒီမှာ ငါ မင်းနဲ့ ကိုဩဒိနိတ်ကို ချိန်ညှိထားလိုက်မယ်။ ဒါကအလုပ်မဖြစ်ဘူးဆိုရင် မင်းရဲ့လှေပေါ်ကို ပစ္စည်းအားလုံးရွှေ့ပြီး ပင်လယ်ပြင်မှာ ဖွံ့ဖြိုးတိုးတက်နိုင်အောင်လုပ်လိုက်ပါ။”

ရှောင်းယီက နှစ်သိမ့်လိုက်သည်။

“ငါ ပင်လယ်ကို ကျင့်သားမရသေးဘူး။”

သေမင်းနတ်ဘုရားက မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။ သူသည် ရတနာမြေမှ ပြန်လာပြီးနောက် ပင်လယ်ထဲတွင် နှစ်ရက်၊ သုံးရက်လောက်သာ မျောနေခဲ့ရခြင်းဖြစ်သော်လည်း သူသည် ရူးသွားတော့တော့မလိုပင် ဖြစ်နေခဲ့ပြီဖြစ်သည်။

“ဒါကို ထွက်ပေါက်တစ်ခုအနေနဲ့လည်း ယူဆလို့ရပါတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“အင်း ကျုပ် ကမ်းခြေကိုသွားကြည့်လိုက်ဦးမယ်။”

သေမင်းနတ်ဘုရားက ထိုသို့ပြောပြီးနောက် စကားပြောဆိုမှုကို အဆုံးသတ်လိုက်သည်။ သူကမ်းခြေကိုရောက်လာသောအခါ ဒေသခံသင်္ဘောသည် ကျွန်းကနေ ၃ ကီလိုမီတာသုံအကွာသို့ ရောက်ရှိနေပြီဖြစ်သည်။

“လောင်တ ဒီလှေက အလတ်စားရွက်သင်္ဘောထက် ပိုကြီးပုံရတယ်။”

သူ၏ ညီအစ်ကိုတစ်ယောက်က ပြောလိုက်သည်။ သေမင်းနတ်ဘုရားက ခေါင်းညိတ်လိုက်၏။

“တကယ်ပဲ ကိုကြီးတယ်။ ဒူးလေးကြီးက သူတို့ကိာ ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး။ မင်းနှစ်ယောက်က ကုန်းပတ်ပေါ်ကလူတွေကို တိုက်ခိုက်ဖို့ပဲ ဒူးလေးကြီးကိုသုံးရမယ်။ သင်္ဘောကို မတိုက်ခိုက်နဲ့။”

“ဟုတ်ကဲ့!”

သူ၏ညီအစ်ကိုနှစ်ယောက်က တုန့်ပြန်လိုက်ကြသည်။

သူပြောနေစဉ်အတွင်း သင်္ဘောသည် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီး ဒူးလေးကြီးနှင့် လောက်လေးခွစင်များ၏ တိုက်ခိုက်မှုအကွာအဝေးအတွင်းသို့ ရောက်ရှိလာခဲ့သည်။ သေမင်းနတ်ဘုရားသည် နောက်ထပ်တွန့်ဆုတ်မနေတော့ဘဲ လောက်လေးခွစင်ကို တိုက်ရိုက်ပင် စတင်လိုက်၏။

ဝှစ်ရှ်!

ကျောက်တုံးတစ်တုံး သင်္ဘောဆီသို့ ပျံသန်းသွားခဲ့သည်။

သင်္ဘောသည် အလွန်ကြီးမားပြီး သိပ်ပြီး ပြောင်းလွယ်ပြင်လွယ်မဖြစ်ပေ။ သင်္ဘောကွေးကောက်ရှောင်တိမ်းနိုင်ခြင်းမရှိသ၍ ပစ်လိုက်သည့် ကျောက်တုံးများသည် ပစ်မှတ်ကို ထိမှန်ရမည်ဖြစ်သည်။

ဘမ်း!

ကလစ်!

ကျောက်တုံးသည် ရွက်သင်္ဘောကြီးကို ပြင်းပြင်းထန်ထန်ထိမှန်သွားပြီး ကုန်းပတ်ပေါ်ရှိ သစ်သားပြားများကို ကွဲထွက်သွားစေခဲ့သည်။ သို့သော် ဤတိုက်ခိုက်မှု၏စွမ်းအားသည် သေမင်းနတ်ဘုရားကို မျက်မှောင်ကြုံ့သွားစေခဲ့သည်။

ဤကဲ့သို့ ဆက်၍ပစ်ခတ်နေပါက ပြိုင်ဘက်များ ကမ်းခြေကိုရောက်ရှိမလာခင် အကြိမ်ရေ ခြောက်ကြိမ်၊ ခုနစ်ကြိမ်လောက်သာ ပစ်လို့ရပေလိမ့်မည်။ တိုက်ခိုက်မှု ခြောက်ကြိမ်၊ ခုနစ်ကြိမ်က ဤသင်္ဘောကြီးကို သေစေနိုင်လောက်သည်အထိ ပျက်စီးစေနိုင်မည်မဟုတ်ပေ။

တနည်းအားဖြင့် သူသည် သူ၏ပြိုင်ဘက်များ ကျွန်းပေါ်သို့ ဆိုက်ကပ်လာခြင်းမှ လုံးဝတားဆီးနိုင်မည်မဟုတ်ပေ။

“မင်းတို့နှစ်ယောက် ကုန်းပတ်ပေါ်ကလူတွေကိ် ပစ်မှတ်ထားပြီး အားကုန်ပစ်ကြ။”

သေမင်းနတ်ဘုရားက အော်ဟစ်လိုက်၏။

“ငါထွက်ပေါက်တစ်ခု ပြင်ဆင်လိုက်မယ်။”

“ဟုတ်ကဲ့!”

သေမင်းနတ်ဘုရားက ထွက်ပေါက်ရှိသည်ဟု ပြောသည်ကိုကြားသောအခါ လူနှစ်ယောက်သည် ချက်ချင်းပင် စိတ်အားထက်သန်သွားခဲ့ကြသည်။

ဒေသခံများ၏ ဆိုက်ကပ်လာမှုကို တစ်ယောက်တည်း၏အင်အားဖြင့် လုံးဝမတားဆီးနိုင်ဘူးဆိုသည်ကိုလည်း သူတို့မြင်ခဲ့ကြပေသည်။

ထို့ပြင် ဒေသခံများမှာ နီးကပ်လာပြီဖြစ်ပြီး သူတို့၏လက်ထဲတွင်လည်း သေနတ်များရှိနေသေးသည်။ ထိုအရာများ သူတို့ကိုသာထိမှန်သွားခဲ့လျှင်...ထိုအရာမှာ ဟာသမဟုတ်ပေ။

သူတို့နှစ်ယောက်သည် ကုန်ပတ်ပေါ်ကိုပစ်ခတ်တိုက်ခိုက်ရန် အာရုံစိုက်လိုက်ကြတော့သည်။

ဒေသခံများသည် သစ်သားဒိုင်းအချို့ကို နေရာချထားသော်လည်း သူတို့၏ဒိုင်းများသည် ဒူးလေးကြီးမှ ပျံသန်းထွက်လာသော မြားများကို အပြည့်အဝမပိတ်ဆို့ထားနိုင်ပေ။

၎င်းသည် ဒိုင်းကို တိုက်ရိုက်ဖြတ်သန်းသွားပြီး ဒိုင်းအနောက်ဘက်ရှိ ဒေသခံများကို ဒဏ်ရာရသွားစေခဲ့သည်။ သူတို့သည် ချက်ချင်းပင် ‌သင်္ဘောအတွင်ခန်းထဲသို့ ရွှေ့ပြောင်းသွားခဲ့ကြလေသည်။

ဒေသခံများအားလုံး သင်္ဘောအတွင်းခန်းထဲသို့ ရွှေ့ပြောင်းပြီးနောက် ဒူးလေးကြီး၏အကျိုးသက်ရောက်မှုသည်လည်း လုံးဝပျောက်ကွယ်သွားခဲ့သည်။

သင်္ဘောကိုပစ်ခတ်ခြင်းမှာ လုံးဝအသုံးမဝင်ပေ။

“နောက်ပြန်ဆုတ်ကြရအောင်!”

လူတစ်ယောက်ကပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသည် ၎င်းတို့၏ဒူးလေးကြီးများကိုချကာ ဘေးနားရှိ သံဒိုင်းများကို ကောက်ယူပြီး နောက်ဘက်သို့ ပြေးသွားလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် သေမင်းနတ်ဘုရားကိုလည်း အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။

“ငါတို့ နောက်ပြန်ဆုတ်လာပြီ။ ဒူးလေးကြီးနဲ့ လောက်လေးခွစင်တွေကို ပြန်ပေးလို့ရပြီ။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင်ရှိနေသော သေမင်းနတ်ဘုရားက သူတို့၏အော်ဟစ်သံကိုကြားသောအခါ ချက်ချင်းပင် သူငှားရမ်းထားခဲ့သော ဒူးလေးကြီးနှင့် လောက်လေးခွစင်ကို ပြန်ပေးလိုက်၏။

ကျွန်းပေါ်ရှိ အခြေအနေများကို တိတ်တဆိတ် စောင့်ကြည့်နေသော ဒေသခံများသည် စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည့်အခါ မှော်ဆရာထံသို့ ကြောက်လန့်တကြား အစီရင်ခံလိုက်ကြလေသည်။

“မှော်ဆရာကြီး ကမ်းခြေက လက်နက်ကြီးတွေ ရုတ်တရက် ပျောက်ကွယ်သွားပါပြီ။”

ဒေသခံတစ်ဦးက ကြောက်ရွံ့တုန်လှုပ်နေဟန်ဖြင့် ပြောလိုက်သည်။ မှော်ဆရာက သူ့ကိုကြည့်လိုက်၏။

“ဘာတွေကြောက်နေတာလဲ။ သူတို့ရဲ့စွမ်းရည်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အခြေခံထားတာပဲ။ နတ်ဘုရားတန်ခိုးတော် လုံးဝမဟုတ်ဘူး။ ငါ့မှာ နတ်ဘုရားရဲ့တန်ခိုးတော်ရှိတယ်။”

မှော်ဆရာ၏စကားများကို ကြားသောအခါ ဒေသခံများသည် ချက်ချင်းပင် ဒူးထောက်ချကာ အော်ဟစ်လိုက်ကြပြန်သည်။

“ဟမ့်! အပြင်ပလူတွေ ငါမင်းတို့ကို တစ်ယောက်ပြီးတစ်ယောက် သိမ်းပိုက်မှာကို စောင့်နေကြစမ်း!”

မှော်ဆရာက အနီးအနားက ကျွန်းကိုကြည့်ရင်း တီးတိုးကြိမ်းဝါးလိုက်၏။

ကမ်းခြေမှ အတားအဆီးများ မရှိတော့သောအခါ သင်္ဘောကြီးသည် မြန်မြန်ဆန်ဆန်ပင် ဆိုက်ကပ်လာခဲ့ပြီး သေနတ်များကိုင်ဆောင်ထားသော ဒေသခံများများသည်လည်း သင်္ဘောပေါ်မှ ခုန်ဆင်းလာခဲ့ကြသည်။

သေမင်းနတ်ဘုရား၏ညီအစ်ကိုနှစ်ယောက်သည် ခုန်ချလာသော ဒေသခံများကို လေးမြားများနှင့် လက်ပစ်ဒူးလေးများဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့ကြသည်။

ပြောရမည်ဆိုလျှင် သူတို့၏လေးအတတ်ပညာသည် အမှန်တကယ်ပင် ကောင်းမွန်လှသည်။

ခုန်ချလိုက်သည့် ‌ဒေသခံများသည် သူတို့၏တိုက်ခိုက်မှုများကို မမျှော်လင့်ထားသောကြောင့် အလစ်အငိုက်ခံလိုက်ကြရပြီး ဘေးနားရှိ ကျောက်တုံးများနောက်တွင် မပုန်းအောင်းနိုင်လိုက်ခင်အချိန်တွင် သူတို့ထဲမှ ယလူလေးယောက် သေဆုံးခဲ့ရသည်။

“မင်းတို့ကိုင်ထားတာက မီးချောင်းမဟုတ်ဘူးလား။ ပြန်တိုက်စမ်း!”

မှော်ဆရာသည် သင်္ဘောပေါ်မှနေ၍ ထိုလူများ၏တုံ့ပြန်ပုံကို မြင်လိုက်ရသောအခါ ကျိန်ဆဲကြိမ်းမောင်းလိုက်၏။

ဒေသခံများသည် ၎င်းတို့လက်ထဲရှိ သေနတ်များဖြင့် တစ်ဖက်ကိုတစ်ဖက် ချက်ချင်းပင် ပစ်ခတ်လိုက်ကြသည်။ နောက်ဆုံးတွင် သူတို့သည် ဤသေနတ်များကို ရရှိခဲ့ပြီး ဤပစ္စည်းသည် အဝေးမှနေ၍ တိုက်ခိုက်နိုင်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။

သေမင်းနတ်ဘုရားသည် သူ၏ကျွန်းပေါ်ရှိ အရာရာတိုင်းကို ရှောင်းယီထံ ပို့ထားပြီးဖြစ်သည်။ သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုလည်း လှေငယ်တစ်စင်းထဲသို့ ပြောင်းရွှေ့ထားခဲ့သည်။ ဤလှေငယ်ကိုမူ ရှောင်းယီထံသို့ မပို့ဘဲ ကမ်းခြေတွင် ထိန်းသိမ်းထားခဲ့ထားခဲ့သည်။

“သံဒိုင်းကိုသုံးကြ!”

သေမင်းနတ်ဘုရားသည် သူတို့ထံသို့ ရောက်ရှိလာသောအခါ အခြားတစ်ဖက်မှ လက်ပစ်သေနတ်များကို အသုံးပြုကာ စတင်ပစ်ခတ်လိုက်သည်ကို တွေ့လိုက်ရသောကြောင့် ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။

ယောက်ျားနှစ်ယောက်သည် ချက်ချင်းပင် နောက်လှည့်၍ဒူးထောက်ထိုင်ချလိုက်ကာ သူတို့နောက်ကျောတွင်သယ်ဆောင်ထားသော သံဒိုင်းများဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်ကြ၏။ ထိုအခါ သေမင်းနတ်ဘုရားက သူတို့ကို လက်မထောင်ပြလိုက်သည်။

“ငါတို့က သန္ဓေပြောင်းလိပ်နင်ဂျာတွေနဲ့ တူမနေဘူးလား။”

သူတို့ထဲက တစ်ယောက်က ပြောလိုက်၏။

“တူတယ်...မင်းတို့ရဲ့စကေးတွေက အကောင်းဆုံးဖြစ်လာနေသ၍ အဲ့ဒါက တကယ်ဖြစ်လာလိမ့်မယ်။”

သေမင်းနတ်ဘုရားက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်၏။ ထို့နောက် သူ၏လက်ထဲရှိ အားကောင်းသည့်လေးဖြင့် မြားတစ်ချောင်း ပစ်လွှတ်လိုက်လေတော့သည်။

All Chapters