အခန်း (၃၆၄-၃၆၆)
Vol. 25 Ch. 364-366
အခန်း ၃၆၄
သေမင်းနတ်ဘုရား၏လက်ထဲရှိလေးမှ မြားတစ်ချောင်း ပျံသန်းထွက်လာပြီးနောက် ဒေသခံများဘက်တွင် ချက်ချင်းပင် လူတစ်ယောက် လဲကျသွားခဲ့သည်။
“လောင်တရဲ့ လေးအတတ်က တကယ့်ကို အံ့သြစရာပဲ!”
ထိုလူနှစ်ယောက်က သေမင်းနတ်ဘုရားကို လက်မထောင်ပြလိုက်၏။ ထိုအချိန်တွင် သူတို့နှစ်ယောက်၏နောက်ကျောပေါ်ရှိ ဒိုင်းများမှ တိုက်ခိုက်မှုတစ်ခုခိုက်လိုက်ရသော်လည်း ထို့ထက်မပိုခဲ့ပေ။
“ဒီသေနတ်ရဲ့တိုက်ခိုက်မှုစွမ်းအားက ယီရန်ပင်းသူဌေးပြောသလိုပဲ စွမ်းအားက အကန့်အသတ်ရှိတယ်!”
ညီငယ်တစ်ယောက်က ပြောလိုက်သည်။
“ဟုတ်တယ်!”
အခြားတစ်ယောက်က တုံ့ပြန်ခဲ့လိုက်သည်။
“ဒီလိပ်ခွံနဲ့သာဆိုရင် လုံးဝနာကျင်မှုမရှိတဲ့အပြင် အယားယံတောင်ပြေမှာမဟုတ်ဘူး။”
“ဒီလိုဆိုရင် ပထမဆုံး သူတို့နဲ့ ပြောက်ကျားစနစ်နဲ့ တိုက်ပွဲဝင်လိုက်ကြရအောင်။”
သေမင်းနတ်ဘုရားက ပြုံးရယ်ကာ ပြောလိုက်သည်။
“ဆက်ဆုတ်မယ်။”
သေမင်းနတ်ဘရားသည် သူတို့နှစ်ဦးကို နောက်ထပ်ဆုတ်ခွာစေခဲ့သည်။
“ဟားဟား!! သူတို့ ငါတို့ကို ကြောက်သွားပြီး တိုက်ကြ။!”
“မှော်တရာထုတ်လိုက်တဲ့ လက်နက်တွေက တကယ်ကို စွမ်းအားကြီးတယ်။”
“ဒီအပြင်ပလူတွေက တကယ့်ကို အားနည်းလွန်းတယ်!”
ဒေသခံများသည် ချက်ချင်းပင် စိတ်အားထက်သန်သွားခဲ့ကြလေသည်။ လှေပေါ်တွင်ရှိနေသေးသော မှော်တယဆရာသည် မျက်မှောင်ကြုံ့ကာ အော်ဟစ်လိုက်၏။
“အားလုံးရပ်ကြစမ်း!”
ပြေးထွက်တော့မည့် ဒေသခံများသည် ချက်ချင်းပင်ရပ်တန့်သွားကြပြီး လှေပေါ်ရှိ မှော်ဆရာကိုကြည့်ကာ စိတ်ရှုပ်ထွေးသွားကြသည်။
မှော်ဆရာသည် စောစောကတိုက်ခိုက်မှုမှာ ပြိုင်ဘက်ကို လုံးဝမထိခိုက်စေဘဲ ၎င်းတို့၏နောက်ကျောရှိ ဒိုင်းများဖြင့် ပိတ်ဆို့ခံလိုက်ရသည်ကို တွေ့မြင်ခဲ့ရသည်။
“ဒါက သံဒိုင်းတစ်ခုလား။”
မော်ဆရာက ကိုယ့်ဘာကိုယ် တွေးမိလိုက်သည်။
“ငါသံအရင်းအမြစ်တွေ ထပ်ပြီးစုဆောင်းဖို့လိုနေသေးပုံပဲ။”
သူသည် အသက်ရှင်သန်ကျန်ရစ်သူတစ်ဦး၏ ကျွန်းအထိမ်းအမှတ်ကျောင်တိုင်ကို သိမ်းပိုက်ထားသော်လည်း ထိုအသက်ရှင်သန်ကျန်ရစ်သူ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ အလွန်ညံ့ဖျင်းပြီး ကျွန်းပေါ်ရှိ အရင်းအမြစ်များသည်လည်း အလွန်နည်းပါးလှသည်။ သူသည် ၎င်း၏အရင်းအမြစ်အားလုံးကို အခြားအသက်ရှင်သန်ကျန်ရစ်သူများထံ ပေးအပ်ခဲ့မည့်အကြောင်းအရင်းကိုလည်း ဖယ်ရှား၍မရပေ။
နှစ်ရက် သို့မဟုတ် သုံးရက်အတွင်း သံယူနစ်သုံးခုသာ ထုတ်လုပ်နိုင်ခဲ့ပြီး ၎င်းမှာ လုံလောက်မှုမရှိပေ။
“မှော်ဆရာကြီး ဒီလူသုံးယောက်ကို သွားသတ်လိုက်ရင်ရော။”
ဒေသခံတစ်ဦးက မေးလိုက်သည်။
“သတ်ပစ်ရမှာလား။”
မှော်ဆရာက အေးစက်စွာနှာခေါင်းရှုံ့လိုက်၏။
“မင်းတို့ရဲ့ ခုနကတိုက်ခိုက်မှုက အဲ့ဒီအပြင်ကလူတွေကို လုံးဝမထိခိုက်စေဘူး။ ဒီတိုင်း ဝင်ရောက်တိုက်ခိုက်မယ်ဆိုရင် မင်းတို့ရဲ့အသက်တွေ ဆုံးရှုံးသွားနိုင်တယ်။”
မှော်ဆရာ၏စကားကိုကြားလိုက်ရသော ဒေသခံများသည် ချက်ချင်းပင် နောက်သို့ဆုတ်လိုက်မိကြသည်။
“မီးကျောက်တွေကို ပြန်ဖြည့်လိုက်။ ဖြည်းဖြည်းချင်းရှေ့ဆက်သွား။ ကိုယ့်ကိုယ်ကိုကာကွယ်ကြ။”
မှော်ဆရာက အမိန့်ပေးခဲ့သည်။
“ဟုတ်ကဲ့!”
ဒေသခံများသည် ချက်ချင်းပင် ၎င်းတို့၏သေနတ်များထဲသို့ ယမ်းမှုန့်များ စတင်ဖြည့်လိုက်ကြ၏။
(A/N: ဒီနေရာမှ သူတို့သုံးနေတဲ့သေနတ်တွေက ကျည်ဆံသေနတ်မဟုတ်ဘဲ ယမ်းမှုန့်ဖြည့်ပြီးသုံးရတဲ့ သေနတ်ပုံစံမျိုးပါ။ ခရူဆိုးတို့ ဇာတ်ကားထဲကဟာလိုမျိုးပါ။)
သူတို့သည် ယမ်းမှုန့်များမပြန်ဖြည့်လျှင် ရှေ့သို့ပြေးသွားချင်နေကြသည်။ ထိုအရာသည် လူအများကို ပြောစရာစကားများ ကင်းမဲ့သွားစေခဲ့၏။
နောက်ဆုံးအနေနှင့် သူတို့ ဤလက်နက်ကို ထိတွေ့ပြီးပြီနောက် မီးညှိတတ်နေခြင်းမှာပင် အလွန်အံ့သြစရာကောင်းနေပြီဖြစ်သည်။
ဆုတ်ခွာနေသော သေမင်းနတ်ဘုရားသည် ထိုအသေးစိတ်အချက်များကို သတိပြုမိသွားပြီးနောက် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
“ငါတို့တက်ပြီး နောက်ဆုတ်နေဖို့ မလိုတော့ဘူး။ ဒီဒေသခံတွေကို ဘာမှမကြောက်စရာမလိုဘူး။”
“အင်း သူတို့အတွက် သေနတ်တွေက စမ်းသက်သက်ဖြစ်နေတုန်းပဲ။ အဲ့ဒါကို ဘယ်လိုမျိုး အကျိုးရှိရှိအသုံးချရမယ်ဆိုတာ မသိကြဘူး။”
သူ၏ညီငယ်တစ်ယောက်က တုံ့ပြန်ကာ ပြောကြားလိုက်သည်။
“ဒါပေမယ့် သင်္ဘောပေါ်က မှော်ဆရာက ပြဿနာတစ်ခုပဲ။”
ညီငယ်၏စကားကိုကြားလိုက်ရပြီးနောက် သေမင်းနတ်ဘုရားသည်လည်း လှေပေါ်ရှိ ထူးခြားနေသောဒေသခံတစ်ယောက်ကို စိုက်ကြည့်လိုက်သည်။
“ယီရန်ပင်းဆီကနားထောင်ခဲ့တာက ဒေသခံမှော်ဆရာတွေမှာ အထူးစွမ်းရည်တွေရှိတယ်တဲ့။ သူနဲ့ အကွာအဝေးတစ်ခုကိုထားပြီး သူ့အနားက်ု အရမ်းမကပ်သွားဖို့လိုတယ်။”
သေမင်းနတ်ဘုရားက ပြောလိုက်သည်။
“ဟုတ်ကဲ့ နားလည်ပါပြီး!”
အခြားနှစ်ယောက်က တုံ့ပြန်လိုက်ကြ၏။
ဒေသခံများသည် ကျောက်တုံးနောက်တွင် ယမ်းမှုန့်များဖြည့်ရန်အတွက် ငါးမိနစ် သို့မဟုတ် ခြောက်မိနစ်ခန့်ကြာခဲ့ပြီးနောက် သတိထားကာ ရှေ့သို့ချီတက်လာခဲ့ကြသည်။
သေမင်းနတ်ဘုရား၏ကျွန်းသည် သိပ်မကြီးသော်လည်း ယခုအခါ သစ်ပင်နှင့် ကျောက်တုံးများ အများအပြားရှိနေခဲ့သည်။
ဤအရာများအားလုံးသည် သဘာဝပုန်းအောင်းရာနေရာများဖြစ်ပြီး သေမင်းနတ်ဘုရားတို့သုံးယောက်သည် ၎င်းတို့၏ခန္ဓာကိုယ်များကို နေရာတိုင်းတွင် ကွယ်ဝှက်ထားနိုင်ခဲ့ပေသည်။
“သတိထား သူတို့လာနေပြီ!”
သေမင်းနတ်ဘုရားက ပြောလိုက်သည်။
“စိတ်မပူပါနဲ့ လောင်တ ကျုပ်တို့ သူတို့ကို ပြန်မသွားနိုင်အောင် သေချာပေါက်လုပ်ပစ်မှာပါ။”
သေမင်းနတ်ဘုရားက ခေါင်းညိတ်လိုက်၏။
“မင်းတို့နှစ်ယောက် အတူတူဘေးကင်းရေးကို သေချာအောင် ဂရုစိုက်ထား။ ငါ တစ်ချက်လောက် လမ်းလျှောက်ထွက်လိုက်ဦးမယ်။”
“ပြဿနာမရှိပါဘူး!”
သူတို့နှစ်ယောက် တုံ့ပြန်လိုက်ကြသည်။
သေမင်းနတ်ဘုရားသည် ချက်ချင်းပင် ဘေးတစ်ဖက်သို့ လျှောက်သွားခဲ့သည်။
“လောင်တ မင်းအရမ်းကြမ်းနေတာပဲ။ မင်းမှာ ဒိုင်းတောင် ယူမသွားဘူး။”
ညီငယ်တစ်ယောက်က သေမင်းနတ်ဘုရား၏ပုံရိပ် ပျောက်ကွယ်သွားသည်ကိုကြည့်ကာ ပြောလိုက်သည်။
“လောင်တရဲ့ကျွမ်းကျင်မှုနဲ့သာဆိုရင် ဒီဒေသခံတွေလက်ထဲက သေနတ်တွေက တကယ်ပဲအသုံးမဝင်ဘူး။ မှော်ဆရာကိုပဲ ဂရုစိုက်ရမယ်။”
အခြားညီငယ်တစ်ဦးက ပြန်ပြောလိုက်သည်။
“ဒါ့အပြင် သံဒိုင်းကို ဆောင်ထားရတာက သူ့ရဲ့ကျွမ်းကျင်မှုကိုတောင် ထိခိုက်စေဦးမယ်။”
“အမှန်ပဲ! သူတို့လာနေပြီ စတိုက်ကြရအောင်!။”
“ကောင်းပြီ လုပ်လိုက်ကြတာပေါ့!”
အသက်ရှင်သန်ကျန်ရစ်သူများသည် လေးအတတ်တွင် အလွန်ကျွမ်းကျင်ကြောင်း သိရှိထားသောကြောင့် သေနတ်တပ်ဖွဲ့ကို သစ်သားဒိုင်းများ ကိုင်ဆောင်ထားသည့် ဒေသခံအနည်းငယ်က လိုက်ပါလာပြီး အချို့သောလားရာများကို ပိတ်ဆို့ရန် ကူညီပေးခဲ့သည်။ သို့သော်လည်း ခရီးတစ်လျှောက်တွင် အမြဲတမ်း ချို့ယွင်းချက်များ ပေါ်ပေါက်လာမည်သာဖြစ်၏။
ဝှစ်ရှ်!
သစ်သားမြားတစ်ချောင်း ပျံထွက်သွားပြီး ဒေသခံတစ်ဦး၏ လည်ပင်းကို ထိမှန်သွားလေသည်။ ထိုဒေသခံသည် သူ၏လည်ပင်းကို အုပ်ကိုင်ကာ ရုန်းကန်နေခဲ့ရသည်။
အခြားဒေသခံများသည် ချက်ချင်းပင် စိုးရိမ်ပူပန်သွားပြီး သစ်သားမြား၏ ဦးတည်ရာဘက်သို့ ဒိုင်းများကို မြှောက်ကာ ကာကွယ်လိုက်ပြီး မြားဖြင့်ထိမှန်သော ဒေသခံ၏ ဒဏ်ရာများကို စတင်စစ်ဆေးလိုက်ကြသည်။
ဝှစ်ရှ်!
ထိုစဉ် သံမြားတစ်ချောင်းသည် သူတို့၏ဆန့်ကျင်ဘက်လားရာမှ ပျံထွက်လာပြီး ဒေသခံတစ်ဦးကို ထပ်မံသတ်ဖြတ်လိုက်၏။ ယခုအခါ ဒေသခံများ ထိတ်လန့်သွားကြပြီဖြစ်သည်။
“သူတို့က သုံးယောက်ပဲရှိတာမဟုတ်ဘူးလား။ သူတို့ လူစုခွဲထားကြတုန်းပဲလား။”
“ငါတို့ မြန်မြန် ထွက်သွားတာကောင်းမယ်။ ဒီတိုင်းသာဆက်သွားရင် သူတို့ကိုမတွေ့ရသေးခင်မှာတင် သူတို့သတ်တာခံရလိမ့်မယ်။”
“ဒါပေမယ့် မှော်ဆရာက နောက်ဆုတ်ဖို့ မပြောသေးဘူး။ ငါတို့ဆုတ်ခွာရင် သေရလိမ့်မယ်။”
“ဒါဆို နေရာတစ်ခုရှာပြီး အဲ့မှာနေကြတာပေါ့။”
ဒေသခံများသည် ချက်ချင်းပင် သဘောတူညီလိုက်ကြပြီး ကျောက်တုံးကြီးတစ်ခုကိုရှာဖွေကာ ထိုကျောက်တုံးကြီး၏နောက်တွင် ပုန်းအောင်းလိုက်ကြသည်။ သူတို့သည် ဒိုင်းကိုင်ထားသော ဒေသခံများအား စက်ဝိုင်းပုံစံတစ်ခုဖွဲ့စည်းရန် တောင်းဆိုလိုက်ကြသည်။ လူတိုင်းသည် စက်ဝိုင်းထဲတွင် ဝင်နေကြပြီး ဘာလှုပ်ရှားမှုမှ မလုပ်ရဲခဲ့ကြပေ။
ဒေသခံများက အပြည့်အဝကာကွယ်ပေးထားသည့်အခါ သေမင်းနတ်ဘုရားအတွက် သူတို့ကိုသတ်ဖြတ်ရန်အတွက် ကောင်းမွန်သောနည်းလမ်းများ မရှိတော့ပေ။ သူနားသို့လည်း အရမ်းမကပ်ရဲကြပေ။ နောက်ဆုံး၌ သူတို့လက်ထဲတွင် သေနတ်များရှိပြီး ကျပန်းပစ်ခတ်မည်ဖြစ်သည်။ ထိုပစ်ချက်များသာ သူတို့ကိုထိမှန်သွားပါက လောကကြီးကို ဂွတ်ဘိုင်လုပ်လိုက်ရမည်ဖြစ်သည်။
သူတို့ အချိန်တစ်ခုအထိလှုပ်ရှားရန် ရည်ရွယ်ချက်မရှိကြောင်း မြင်လိုက်ရသောအခါ သေမင်းနတ်ဘုရားသည် သူ၏ညီအစ်ကိုနှစ်ယောက်နှင့် ထပ်မံတွေ့ဆုံခဲ့သည်။
“လောင်တ အခု ငါတို့ဘာလုပ်ရကြမလဲ။”
သူ၏ညီငယ်တစ်ယောက်က မေးလိုက်သည်။
“ပထမဆုံး ထောင်ချောက်နည်းနည်းလောက် တူးကြတာပေါ့။ ဒါတွေက အသုံးဝင်လာနိုင်တယ်။ လောက်လေးခွနဲ့ တိုက်ခိုက်ကြည့်လိုက်။”
သေမင်းနတ်ဘုရားက ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့!”
သူတို့နှစ်ယောက်က တုံ့ပြန်လိုက်ကြသည်။
တစ်ယောက်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ထုတ်လုပ်ထားသော အင်ဂျင်နီယာဂေါ်ပြားတစ်လက်ကိုယူကာ ချက်ချင်းပင် ထောင်ချောက်များကို စတင်တူးဖော်လိုက်ကြသည်။ သေမင်းနတ်ဘုရားနှင့် အခြားတစ်ယောက်သည် လောင်လေးခွများကို အသုံးပြုကာ စတင်ပစ်ခတ်လိုက်ကြ၏။
ဤလက်နက်သည် ယခင်က ရှောင်းယီဆီမှ ဝယ်ထားခဲ့သော လက်နက်ပက်ကေ့တစ်ခုဖြစ်သော်လည်း အသုံးပြုရန်မှာမူ ကျွမ်းကျင်မှုများစွာ လိုအပ်ပေသည်။
သေမင်းနတ်ဘုရားသည် ၎င်းတို့အနက်မှ အနည်းငယ်ကို ပစ်လွှတ်လိုက်ပြီး ကျောက်တုံးများ မည်သည့်နေရာသို့ ပျံသန်းသွားသည်ကိုပင် မသိရှိခဲ့ပေ။
သူသည် ရိုးရိုးရှင်းရှင်းပင် ပစ်ခတ်နေခြင်းစွန့်လွှတ်ကာ အခြားနေရာများတွင် ထောင်ချောက်များကိုသာ စတင်တူးဖော်လိုက်ကြပြီး လှေနားရောက်သည်အထိ ဆက်လက်တူးဖောက်သွားခဲ့ကြသည်။ ဤလမ်းသည် ထောင်ချောက်များဖြင့် ပြည့်နှက်နေခဲ့သည်။
လှေနားသို့ရောက်သည်အထိ တူးပြီးနောက် သေမင်းနတ်ဘုရားသည် လှေပေါ်တက်ကာ ရှောင်းယီနှင့် စကားပြောလိုက်သည်။
“သူဌေး ဒီဒေသခံတွေက သေနတ်တွေနဲ့ လုံးဝမရင်းနှီးဘူး။ သူတို့မှာ သေနတ်တွေရှိပေမယ့် ကျုပ်တို့သုံးယောက်ရဲ့ ဒူးလေးနဲ့ မြားတွေကို ကြောက်ပြီး ရှေ့ဆက်မတက်ရဲကြဘူး။ သူတို့တွေက မှော်ဆရာတစ်ခုခုလုပ်မှာကို စိုးရိမ်နေလို့သာ နေရာတကျရှိနေကြတာ။ မှော်ဆရာသာမရှိရင် ဒီကျွန်းကာကွယ်ရေးတိုက်ပွဲက တကယ်ကိုလွယ်ကူမှာပဲ။”
သေမင်းနတ်ဘုရားက ပြောလိုက်၏။
သေမင်းနတ်ဘုရား၏မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက် ရှောင်းယီသည် အနည်းငယ် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
“သူတို့က လူသားလှိုင်းပုံစံစစ်ရေးနည်းဗျူဟာကို စတင်ပြီး ဘာမှဂရုမစိုက်လဲ မင်းတို့ငို ဝိုင်းရံလာမှာကို သတိထားရမယ်။”
ရှောင်းယီ၏ သတိပေးချက်ကိုကြားလိုက်ရသောအခါ သေမင်းနတ်ဘုရား၏နှလုံးသားတစ်ခုလုံး တင်းကျပ်သွားခဲ့သည်။
လက်ရှိ ဒေသခံများ၏ကစားပုံမှာ ၎င်းတို့လက်နက်များ၏စွမ်းအားပေါ် အခြေခံထားဆဲဖြစ်သည်။ မှော်ဆရာသည် သူတို့လက်နက်၏အားသာချက်များကို လုံးတမမြင်တော့ပါက ကျွန်းကို ဖျက်ဆီးရန် လူသားများကို အသုံးပြုမည်မှာ သေချာပေသည်။
အကယ်၍ သူတို့သာ ဝိုင်းရံခံလိုက်ရရပါက သူတို့သုံးယောက်လုံး ထွက်ပြေးရန်ပင် အခွင့်အရေးရှိတော့မည်မဟုတ်ပေ။
အခန်း ၄၆၅
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
သေမင်းနတ်ဘုရားသည် ချက်ချင်းပင် ခုန်ထွက်လာပြီး သူ၏ညီအစ်ကိုနှစ်ယောက်ထံသို့ ပြေးသွားခဲ့သည်။
“ဒေသခံတွေဘက်မှာ လှုပ်ရှားမှုတွေရှိသေးလား။”
သေမင်းနတ်ဘုရားက မေးလိုက်သည်။
“မရှိဘူး၊း။ ထောင်ချောက်တူးလို့ရတဲ့နေရာတွေ အကုန်လုံးနီးပါး တူးပြီးပြီ။ သူတို့က လုံးဝမလှုပ်ရှားဖို့ ပြင်ဆင်ထားတာလားပဲ။”
သူ၏ညီငယ်တစ်ယောက်က ပြန်ဖြေလိုက်သည်။
“မင်းတို့ ဒီမှာဒေသခံတွေရဲ့ လှုပ်ရှားမှုကို သေချာစောင့်ကြည့်ထား။ ငါက ကမ်းခြေကိုသွားပြီး သင်္ဘောကြီးကို စောင့်ကြည့်မယ်။”
သေမင်းနက်ဘုရားက နက်ရှိုင်းသည့်လေသံဖြင့် ပြောလိုက်သည်။
“သင်္ဘောကြီးကို စောင့်ကြည့်စရာမလိုပါဘူး။ သူတို့ကို လာခွင့်ပြုလိုက်ပါ။ သူတို့သာ ကမ်းပေါ်တက်လာရဲရင် ဘယ်တော့မှပြန်လို့မရအောင် လုပ်ပစ်လိုက်မယ်။”
ထောင်ချောက်များတူးထားပြီးနောက် အမျိုးသားနှစ်ယောက်မှာ ယုံကြည်မှုရှိလာခဲ့ကြသည်။
“သူတို့က ဘုကိုမှဂရုမစိုက်ဘဲ ငါတို့ကိုဝိုင်းလာခဲ့ရင်ရော။”
သေမင်းနတ်ဘုရားက မေးလိုက်၏။ ထိုအခါ ညီအစ်ကိုနှစ်ယောက်၏မျက်နှာများမှာ ဆိုးဆိုးရွားရွား ပြောင်းလဲသွားခဲ့သည်။ သူတို့သည် ဝိုင်းရံခံရပြီးနောက် ဒေသခံများ အများကြီးကို သတ်နိုင်မည်ဖြစ်သော်လည်း သူတို့၏ရည်ရွယ်ချက်မှာ အသက်ရှင်ရန်ဖြစ်ပေသည်။
“ဒါဆို ကျုပ်တို့ ဘာလုပ်ကြမလဲ။”
“အဲ့ဒါကြောင့် ငါဒေသခံသင်္ဘောကို စောင့်ကြည့်ဖို့သွားတာပဲ။ မှော်ဆရာက လူသားလှိုင်းလုံးနည်းဗျူဟာကိုသာ စတင်လိုက်ရင် လက္ခဏာတွေရှိလိမ့်မယ်။ လက္ခဏာတွေကိုတွေ့တာနဲ့ ချက်ချင်းဆုတ်ခွာကြမယ်။ ငါ့သတင်းကိုစောင့်နေ။”
မှော်ဆရာက ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့!”
သူတို့နှစ်ယောက်လုံး တစ်သွေးတစ်သံတည်း တုန့်ပြန်လိုက်ကြ၏။
သေမင်းနတ်ဘုရား ထွက်ခွာသွားပြီးနောက် သူတို့နှစ်ယောက်သည် ပတ်ဝန်းကျင်အခြေအနေကို စိုးရိမ်ပူပန်စွာဖြင့် စောင့်ကြည့်လျက် စိတ်မသက်သာဖြစ်နေခဲ့ကြသည်။
မှော်ဆရာသည် ကျွန်းပေါ်ရှိ သစ်ပင်များကို မျက်မှောင်ကြုံကာ ကြည့်ရှုနေခဲ့သည်။ သစ်တောသည် သိပ်မကြီးသော်လည်း သစ်ပင်များမှာ အလဣ်သန်စွမ်းပေသည်။ သူသည် အတွင်းပိုင်းရှိ အခြေအနေများကို ကြည့်လိုက်၏။
“ဘာတွေဖြစ်နေတာလဲဆိုနာ သွားကြည့်လိုက်။ ဒီလောက်ကြာကြာနေပြီး လူလေးသုံးယောက်ထဲကိုတောင် မင်းတို့ မဖမ်းနိုင်ကြသေးဘူးလား။”
မှော်ဆရာက ပြောလိုက်သည်။
“ဟုတ်ကဲ့!”
ဒေသခံတစ်ဦးသည် သူ၏ဘေးမှထွက်လာပြီး ကျွန်းပေါ်သို့ခုန်တက်ကာ အတွင်းပိုင်းသို့ လမ်းလျှောက်သွားခဲ့သည်။
ထိုလူ တောအုပ်ထဲသို့ ဝင်ရောက်လာသည်နှင့် သေမင်းနတ်ဘုရားသည် သူ့ကိုသတိပြုမိသွားပြီး သံမြားဖြင့် ထိုလူကိုသတ်ပစ်လိုက်သည်။
မှော်ဆရာသည် ခဏကြာအောင် စောင့်နေပြီးနောက် သူစေလွှတ်လိုက်သောလူ ပြန်မရောက်လာသေးကြောင်း တွေ့လိုက်ရလေသည်။
“ဒီလောက်အချိန်ကြာကြီးနဲ့ဆိုရင် ကျွန်းကိုသုံးပတ်လောက်လည်အောင်တောင် ပြေးနိုင်တယ်။ အခုထိ ဘာလို့ပြန်မရောက်သေးတာလဲ။”
မှော်ဆရာက ရေရွတ်လိုက်၏။
နောက်ထပ် အနည်းငယ်ထပ်စောင့်ပြီးနောက် မှော်ဆရာသည် ထိုလူအန္တရာယ်တွေ့နေရမည်မှာ သေချာကြောင်း နားလည်သွားခဲ့တော့လေသည်။
“ဒီသေနတ်တွေက သိပ်မကောင်းပုံပဲ!”
မှော်ဆရာက ကိုယ့်ကိုယ်သူတွေးမိလိုက်ပြီး လက်ဟန်ပြကို အမိန့်ပေးလိုက်၏။
“လူတိုင်း အခုချက်ချင်း မတူညီတဲ့လားရာကနေ ကျွန်းပေါ်ကိုဆင်းပြီး သူတို့ကိုဝိုင်းကြစမ်း!။ ကျွန်းပေါ်ကို မဆင်းရဲတဲ့သူရှိရင် သေရမယ်။”
“ဟုတ်ကဲ့!”
လှေပေါ်တွင်ရှိနေကြသော ဒေသခံများက တစ်သွေးတစ်သံတည်း တုန့်ပြန်လိုက်ကြသည်။ ထိုအသံမိားကိုကြားလိုက်ရသောအခါ သေမင်းနတ်ဘုရားသည် အနည်းငယ်တင်းမာသွားခဲ့သည်။ သူသည် သူတို့ပြောနေသောစကားများကို နားမလည်နိုင်သော်လည်း လူများစွာက တစ်ပြိုင်နက်ပြောဆိုလိုက်ခြင်းသည် မှော်ဆရာက အမိန့်ပေးလိုက်ခြင်းဖြစ်ရမည်ဟု သူယုံကြည်ပေသည်။
ထို့နောက် ချက်ချင်းပင် လှေငယ်များစွာသည် သင်္ဘောကြီးပေါ်မှ ဆင်းလာကြပြီး ဘေးနှစ်ဖက်သို့ လှော်ခတ်သွားကြတော့သည်။
ထိုအရာများကိုမြင်လိုက်ရရသော သေမင်းနတ်ဘုရားသည် ၎င်းတို့လုပ်လိုသည်များကိုပင် သိသွားပြီး ချက်ချင်းပင် ခုန်ထွက်ကာ သူ၏ညီအစ်ကိုနှစ်ယောက်ဆီသို့ ဦးတည်ကာ ပြေးထွက်သွားခဲ့လေသည်။ သေမင်းနတ်ဘုရားသည် သူတို့နားသို့မရောက်မီကတည်းက အော်ပြောလိုက်၏။
“ဆုတ်မယ်!”
သူ၏ညီအစ်ကိုနှစ်ယောက်သည် ဖြစ်ပျက်နေသည့်အရာများကို ချက်ချင်းပင် နားလည်သွားပြီး ထရပ်ကာ ချက်ချင်းပင် ကမ်းခြေသို့ ပြေးသွားကြတော့သည်။
သူတို့လှေပေါ်ရောက်သည့်အခါ ပတ်ပတ်လည်ရှိ လှေများသည် ထိုနေရာကို မရောက်သေးပေ။
“သူဌေး ကျေးဇူးပြုပြီး အပျော်စီးသင်္ဘောကို ငှားပေးပါ!”
သေမင်းနတိဘုရားက ချက်ချင်းပြောလိုက်၏။
“[အပျော်စီးရွက်သင်္ဘော] (SSS အဆင့်) နှစ်နာရီ အသုံးပြုခွင့် - ငှားရမ်းခ မရှိပါ။”
ရှောင်းယီသည် ဘာစကားမှပြောမနေတော့ဘဲ အပျော်စီးရွက်သင်္ဘောကို ငှားရမ်းပေးလိုက်သည်။
သေမင်းနတ်ဘုရားသည် လဲလှယ်မှုကို သဘောတူပြီးနောက် သူတို့လှေဘေးတွင် ကောင်းကင်ပြာရောင် ဇိမ်ခံရွက်သင်္ဘောတစ်စင်း ထွက်ပေါ်လာခဲ့လေသည်။
“ကျစ်! ကျစ်! ကျစ်! သူဌေးကတော့ သူဌေးပါပဲ။ ဒီလိုအရာမျိုးကို ဘယ်လိုတောင်ရနိုင်ရတာလဲ။”
“ညည်းညူနေတာကိုရပ်ပြီး မြန်မြန်တက်တော့!”
သေမင်းနတ်ဘုရားက တိုက်တွန်းလိုက်၏။
ထို့နောက် ယောက်ျားနှစ်ယောက်သည် ချက်ချင်းပင် ရွက်သင်္ဘောပေါ်သို့တက်လိုက်ကြသည်။ သေမင်းနတ်ဘုရားသည် သူ၏လှေကို အပျော်စီးရွက်သင်္ဘော၏နောက်ဘက်တွင် တွဲ၍ချည်နှောင်ကာ လှေပေါ်ရှိကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အုတ်မြစ်ကျောက်များကို ပြန်ယူပြီး ရွက်သင်္ဘောပေါ်သို့ တက်လိုက်တော့သည်။
ထိုအချိန်တွင် သူတို့ကို ဝိုင်းရံရန်လုပ်ဆောင်နေသော လှေငယ်များသည်လည်း နောက်ဆုံး၌ သေမင်းနတ်ဘုရားနှင့် အခြားသူများ၏ လှုပ်ရှားမှုများကို မြင်တွေ့သွားပြီး ချက်ချင်းပင် အော်ဟစ်ကြလေတော့သည်။
မှော်ဆရာသည် ဒေသလံများ၏ အော်သံများကို ကြားလိုက်ရပြီးနောက် အေးစက်စွာ ပြောလိုက်၏။
“ထွက်ပြေးချင်တာလား မဖြစ်နိုင်ဘူး။!”
သူသည် ချက်ချင်းပင် ရွက်သင်္ဘောကို သေမင်းနတ်ဘုရားအား လိုက်ဖမ်းရန် အမိန့်ပေးလိုက်၏။
သေမင်းနတ်ဘုရား၏ကျွန်းအနီးတွင် ရွက်သင်္ဘောကြီးများကို မတွေ့ရသေးပေ။ အလတ်စားရွက်သင်္ဘောတစ်စီးတည်းဖြင့် သေမင်းနတ်ဘုရားသည် သူ၏လက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဤသည်မှာ မှော်ဆရာ အလွန်အေးဆေးတည်ငြိမ်နေရခြင်း၏ အကြောင်းရင်းဖြစ်ပေသည်။ သူ့အမြင်တွင် ဤကျွန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် သူ့အပိုင်ဖြစ်နှင့်ပြီးလေပြီ။
မှော်ဆရာ၏သင်္ဘော သေမင်းနတ်ဘုရား၏တည်နေရာသို့ မရောက်မီမှာပင် သူတို့ရှေ့ရှိကျွန်းမှာ ရုတ်တရက် ပျောက်ကွယ်သွားလေတော့သည်။ ထိုအခါ ကျွန်းပေါ်ရှိ ဒေသခံများအားလုံး ရေထဲသို့ ပြုတ်ကျသွားကြတော့သည်။
ကျွန်း၏အတားအဆီးမရှိတော့သောအခါ မှော်ဆရာသည် နောက်ဆုံးတွင် သေမင်းနတ်ဘုရားရှိရာသင်္ဘောကို မြင်တွေ့လိုက်ရ၏။ ယင်းသည် သူမမြင်ခဲ့ဖူးသော သင်္ဘောတစ်စင်းဖြစ် ယပေသည်။
“ဒီဒေသခံမှော်ဆရာက မင်းတို့နောက်လိုက်မလာဘူးဆိုရင် မင်းရဲ့ရွက်သင်္ဘောကို သုံးပြီး သူတို့ရဲ့လှေကို မြှုပ်ပစ်လိုက်လို့ရတယ်။ ဒါပေမယ့် မှော်ဆရာရှိနေရင်တော့ မစွန့်စားနဲ့။ အနားကပ်သွားရင် မှော်ဆရာရဲ့တိုက်ခိုက်မှုကို ခံရနိုင်တယ်။”
ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် သတိပေးလိုက်၏။ အဆုံးတွင် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများမှာ အလွန်ဆန်းကြယ်လွန်းပေသည်။ သေမင်းနတ်ဘုရားသည် ၎င်းကို မခံနိုင်လျှင် အကျိုးဆက်မှာ သေခြင်းတရားပင်ဖြစ်သည်။
သေမင်းနတ်ဘုရားသည် အပျော်စီးရွက်သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှ ပြန်ဖြေလိုက်၏။
“မှော်ဆရာရှိတယ်...ကျုပ်တို့ အရင်ဆုံး ဘေးကင်းရာကို ဆုတ်ခွာသင့်တယ်။”
“အင်း သင်္ဘောပေါ်မှာ လမ်းကြောင်းရှိတယ်။ အနီးဆုံးလမ်းကြောင်းကိုရှာပြီး အရင်မောင်းသွားလိုက်ပါ။ မဟုတ်ရင် ရွက်သင်္ဘောက စွမ်းအားကြီးမားတဲ့ ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်ခြင်းကို ခံရနိုင်တယ်။”
ရှောင်းယီက သတိပေးလိုက်၏။
“နားလည်ပါပြီး ကျေးဇူးတင်ပါတယ်!။”
သေမင်းနတ်ဘုရားက ပြန်ဖြေလိုက်သည်။
“လောင်တ ဒေသခံသင်္ဘော လိုက်လာနေတယ်!”
သူ၏ညီငယ်တစ်ယောက်က အော်ဟစ်လိုက်သည်။ ထိုအခါ သေမင်းက ပြုံးလိုက်၏။
“မစိုးရိမ်ပါနဲ့ ရှောင်ယောက် အနီးဆုံးလမ်းကြောင်းဆီကို မောင်းသွားလိုက်ပါ။”
“သင့်သဘောအတိုင်းပါပဲ။”
ရှောင်ယောက်က ပြန်ဖြေလိုက်သည်။
“အနီးဆုံးလမ်းကြောင်းက ကီလိုမီတာ ၂၀ ခန့်အကွာမှာရှိပြီး နှစ်မိနစ်ခန့်ကြာပါမယ်။ ခရီးစဉ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။”
ရှောင်းယီ ရရှိခဲ့သော လမ်းကြောင်းများထဲမှ တစ်ခုသည် အရှေ့အနောက်သို့ဆန့်တန်းထားခြင်းဖြစ်ပြီး သေမင်းနတ်ဘုရား၏ကျွန်းနှင့် ဝေးကွာခြင်းမရှိပေ။
သေမင်းနတ်ဘုရားသည် ဤအပျော်စီးရွက်သင်္ဘော၏မြန်နှုန်းကို သိရှိထားပြီးဖြစ်သောကြောင့် နှစ်မိနစ်ကြာမည်ဟု ကြားရသောအခါ အံ့အားသင့်သွားခဲ့ခြင်းမရှိပေ။ သူသည် မနက်ပိုင်းတွင် သူ၏ကျွန်းသို့ အမြန်ဆုံးပြန်ရောက်ရန်အတွက် ၎င်းကို တစ်ကြိမ်အသုံးပြုခဲ့ပြီးဖြစ်သည်။
သို့သော်လည်း အခြားလူနှစ်ဦးသည်မူ လုံးဝကြောင်အ,သွားခဲ့ကြသည်။ သူတို့သည် သင်္ဘော၏မြန်နှုန်းကို သိထားကြသော်လည်း ကီလိုမီတာ ၂၀ သွားရန် နှစ်မိနစ်သာကြာမည်ဟု ရုတ်တရက်ပြောလိုက်သောအခါ တုန်လှုပ်သွားခဲ့ကြပေသည်။
မှော်ဆရာသည်လည်း သူ၏သင်္ဘောကြီးကို ရွက်သင်္ဘောဆီသို့ ပိုမိုနီးကပ်စေရန် တိုက်တွန်းနေခဲ့သည်။ သို့သော် ရုတ်တရက် ရွက်သင်္ဘောသည် ရွေ့လျားနေသည် တွေ့လိုက်ရ၏။ ထို့နောက် ၎င်းသည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သင်္ဘော၏အနောက်ဘက်တွင် ရှည်လျားသော အဖြူရောင်လှိုင်းလုံးကြီးတစ်ခုကိုသာ မြင်တွေ့နိုင်ခဲ့လေသည်။
မှော်ဆရာ၏မျက်နှာသည် အလွန်မှောင်မည်းသွားပြီး သူ၏ခေါင်းပေါ်မှာ ကျီးကန်းတစ်ကောင် ဖြတ်ပျံသွားခဲ့လေသည်။
“ဒါက ဘယ်လိုသင်္ဘောမျိုးလဲ။ ဘာလို့ ဒီလောက်တောင်မြန်ရတာလဲ။”
မှော်ဆရာ အလွန်ရှုပ်ထွေးသွားခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ အသံများကလည်း သူ့ကို ပိုပြီး ဒေါသထွက်စေခဲ့သည်။
လှေငယ်များသည် ရေထဲပြုတ်ကျသွားသူများကို ကယ်ဆယ်နေကြ၏။ ပင်လယ်ထဲတွင် ရွက်သင်္ဘော၏ မည်သည့်အရိပ်အယောင်ကိုမျှ မမြင်ရတော့ပေ။ မှော်ဆရာသည် ဤကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို မရနိုင်တော့ကြောင်း သိသွားခဲ့လေသည်။
ဤအသက်ရှင်သန်ကျန်ရစ်သူအား တိုက်ခိုက်မှုသည် မှော်ဆရာကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့သော ပစ်မှတ်ဖြစ်ပြီး နတ်ဘုရားမှ သတ်မှတ်ပေးခဲ့ခြင်းမဟုတ်သောကြောင့် လမ်းညွှန်ကျောက်လည်း မရှိပေ။
လမ်းညွှန်ကျောက်သာရှိပါက သေမင်းနတ်ဘြရား၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိနေသရွေ့ သူသည် လမ်းညွှန်ကျောက်၏ တည်နေရာကူးပြောင်းခြင်းလုပ်ဆောင်ချက်ကို အသုံးပြု၍ သေမင်းနတ်ဘုရား၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
“မိုက်လိုက်တာ ဒီရွက်သင်္ဘောရဲ့မြန်နှုန်းက တကယ်ကို စိတ်လှုပ်ရှားစရာပဲ။”
“ဟုတ်တယ် အခုစဉ်းစားကြည့်ရင် ကျူးချန်းကလန်ရဲ့လှေကို စီးရတာက လှေအစုတ်ကြီးကို စီးနေရသလိုပါပဲ နှေးကွေးလွန်းတယ်။”
သူတို့၏စကားများကို ကြားလိုက်ရသောအခါ သေမင်းနတ်ဘုရားက ပြုံးလိုက်၏။
“ခေတ်ကာလမတူတဲ့အရာတွေကို အတူတူနှိုင်းယှဉ်ကြည့်လို့မရဘူး။”
သူပြောနေစဉ်အတွင်း သေမင်းနတ်ဘုရားသည် ရွက်သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှတစ်ဆင့် ရှောင်းယီအား ပြောလိုက်သည်။
“ကျုပ်တို့ ဒေသခံတွေကို ပထုတ်လိုက်ပြီ။”
“အင်း ဒါပေမယ့် မင်း သတိထားရဦးမယ်။ သူတို့မှာ လမ်းညွှန်ကျောက်ဆိုတဲ့ပစ္စည်းရှိတာမို့လို့ ထပ်ပြီးလိုက်လာနိုင်သေးတယ်။”
ရှောင်းယီက ထပ်မံသတိပေးလိုက်သည်။ သေမင်းနတ်ဘုရား၏စိတ်သည် အနည်းငယ်တင်းမာလာပြီး ခေါင်းညိမ့်လိုက်၏။
“ဟုတ်ကဲ့၊ နားလည်ပါပြီ။”
အခြားလူနှစ်ဦးသည် ထိုစကားများကို ကြားလိုက်ရသောအခါ တုန်လှုပ်သွားခဲ့ကြသည်။
“လောင်တ ကျုပ်တို့ နောက်ထပ် ဘာဆက်လုပ်ရမှာလဲ။ ပင်လယ်ထဲမှာပဲ အမြဲတမ်း မျောနေရတော့မှာလား။”
အခန်း ၃၆၆
သေမင်းနတ်ဘုရားသည် သူ့ညီငယ်၏မေးခွန်းကို ကြားရသောအခါ မျောက်မှောင်ကြုံ့သွားခဲ့သည်။
ယခု သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သင်္ဘောပေါ်သို့ ပြောင်းရွှေ့ပြီးဖြစ်ရာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို နောက်တစ်ကြိမ်ပြန်လည်ပြောင်းရွှေ့ရန်မှာ အနည်းဆုံး တစ်နှစ်ကြာမည်ဖြစ်သည်။
ဆိုလိုသည်မှာ ကုန်းမြေသို့ ပြန်မရောက်မီ ပင်လယ်ထဲတွင် နှစ်တစ်နှစ်ကြာ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပေသည်။ သူတို့သုံးယောက်အတွက် ဤအချိန်ကာလမှာ နည်းနည်းကြာလွန်းပေသည်။
ယခင်ကမ္ဘာတွင် သေမင်းနတ်ဘုရားတို့ ညီအစ်ကိုသုံးယောက်သည် ကုန်းတွင်းပိုင်းတွင် နေထိုင်ခဲ့ကြသူများဖြစ်သည်။ ပင်လယ်ထဲတွင် ခဏတာမျောနေခြင်းသည် အဆင်ပြေသော်လည်း အမြဲတမ်းမျောနေရမည်ဆိုပါက သည်းခံနိုင်နိုင်မည်မဟုတ်ပေ။
ဟုတ်ပါသည်။ ဤကမ္ဘာတွင် အသက်ရှင်ကျန်ရစ်နိုင်ခြင်းသည်ပင် ကြီးမားသည့် ကံကောင်းခြင်းတစ်ခုပင် ဖြစ်၏။ မည်သူမျှ ဂျီးများနေခွင့်မရှိပေ။
သို့သော် သေမင်းနတ်ဘုရားတွင် အခြားရွေးချယ်စရာတစ်ခုရှိသေးသည်။ ထိုအရာမှာ ကုန်းမြေပေါ်တွင် ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်နိုင်ရန် အသက်ရှင်သန်ကျန်ရစ်သူများ၏ ကျွန်းတစ်ခုကို ရွေးချယ်ရန် ဖြစ်သည်။
ဤနည်းလမ်းကို ရွေးချယ်ပါက သေမင်းနတ်ဘုရားသည် သူ၏လက်ထဲရှိ အုတ်မြစ်ကျောက်များကို အသုံးပြု၍ ကျွန်းကို ချဲ့ထွင်နိုင်မည်မဟုတ်ပေ။
အုတ်မြစ်ကျောက်ကို သူခိုလှုံထားသည့်ကျွန်း၏ ပိုင်ရှင်ထံသို့ ပေးအပ်ရမည်ဖြစ်ပြီး သူ့၏နယ်မြေကို ချဲ့ထွင်ရန်အတွက် အခြားသူကို ကူညီခိုင်းရန် လိုအပ်ပေသည်။
လက်ရှိအချိန်တွင် အုတ်မြစ်ကျောက်များကို အသုံးပြု၍ ကျွန်းတစ်ခုကို ချဲ့ထွင်ရန်အတွက် ကြိုတင်သတ်မှတ်ချက်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ကျွန်းပေါ်တွင်ရှိနေရမည်ဖြစ်သည်။
ကျွန်းအထထိမ်းအမှတ်ကျောက်တိုင်သည် ကျွန်းတစ်ခုလုံး၏ အခြေခံအုတ်မြစ်နှင့်တူပြီး ဤအုတ်မြစ်မရှိပါက အုတ်မြစ်ကျောက်မည်မျှပင်ရှိနေပါစေ ပင်လယ်ပြင် သို့မဟုတ် သင်္ဘောဘေးရှိ ကုန်းမြေကို ချဲ့ထွင်ရန် နည်းလမ်းရှိမည်မဟုတ်ပေ။
ပင်လယ်ထဲတွင် ဖွံ့ဖြိုးတိုးတက်ရန် ရွေးချယ်ထားသော အသက်ရှင်သန်ကျန်ရစ်သူများစွာသည်လည်း ဤအချက်ကို အတည်ပြုထားပြီးဖြစ်လေသည်။
စဉ်းစားပြီးနောက် သေမင်းနတ်ဘုရားသည် သက်ပြင်းချကာ ပြောလိုက်၏။
“တစ်နှစ်ဆိုတယ အရမ်းကြာလွန်းတယ်။ ပင်လယ်ထဲမှာပဲ ဖွံ့ဖြိုးတိုးတင်အောင်လုပ်မယ်ဆိုရင်တော့ ကျန်တဲ့လူတွေကို လိုက်မီနိုင်မှာမဟုတ်ဘူး။ သူဌေးကို ငါတို့ကို လက်ခံဖို့ ဆန္ဒရှိမရှိပဲ သွားမေးရတော့မယ်။”
သေမင်းနတိဘုရား၏စကားကို ကြားလိုက်ရသော ညီအစ်ကိုနှစ်ယောက်သည် အလွန်ဝမ်းသာသွား၏။ ယီရန်ပင်းသည် ညီငယ်များကို လုံးဝမခေါ်ယူခြင်းကြောင့်သာ မဟုတ်ပါက ၎င်းတို့သည် ယီရန်ပင်းသူဌေး၏လက်အောက်သို့ ဝင်ရောက်ခဲ့ကြပြီးဖြစ်ပေ လိမ့်မည်။
သေမင်းနတ်ဘုရားသည် ခဏကြာအောင်စဉ်းစားပြီးနောက် အပျော်စီးရွက်သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှတစ်ဆင့် ရှောင်းယီထံသို့ စာပို့လိုက်လေသည်။
“သူဌေး ကျုပ်မှာ စိတ်ကူးတစ်ခုရှိပါတယ်။ ဒါကအလုပ်ဖြစ်မယ်လို့ ခင်ဗျားထင်လား။”
သေမင်းနတ်ဘုရားကပြောလိုက်၏။
“ကျုက်တို့ ခင်ဗျားဆီခိုလှုံချင်တယ်။ ဒါပေမယ့် ခင်ဗျားရဲ့ကျွန်းပေါ်မှာ ကျုပ်မင်းဆီအပ်နှံလိုက်တဲ့ အုတ်မြစ်ကျောက်အရေအတွက်နဲ့ ညီမျှတဲ့ နေရာတစ်ခုတော့ ပေးအပ်ဖို့လိုတယ်။ ကျုပ်တို့ကို လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ခွင့်ပေးဖို့ပါ။”
ထိုသို့ပြောပြီးနောက် သေမင်းနတ်ဘုရားသည် ရှောင်းယီ၏တုံ့ပြန်မှုကို စိုးရိမ်စွာဖြင့် စောင့်ဆိုင်းနေခဲ့သည်။
“မဖြစ်နိုင်ဘူး။”
ရှောင်းယီက ပြတ်ပြတ်သားသားပင် ပြန်ဖြေလိုက်၏။
သင့်၏ကိုယ်ပိုင်ကျွန်းပေါ်တွင် အခြားသူများ၏နယ်မြေကို ထွင်းထုခြင်းခံရမည်လော။ ၎င်းသည် နယ်မြေကိုစွန့်လွှတ်လိုက်ခြင်းနှင့် တူညီပြီး သူ၏အာဏာများဆုံးရှုံးကာ နိုင်ငံတော်ကို အရှက်ရစေခြင်းအတွက် လျော်ကြေးပေးခြင်းနှင့် ကွဲပြားခြားနားမှုမရှိပေ။
သေမင်းနတ်ဘုရားနှင့် ဆက်သွယ်မှုသည် ပထမဆုံးအကြိမ်မဟုတ်သော်လည်း သူတို့သည် တစ်ဦးကိုတစ်ဦး ကောင်းမွန်သောအထင်အမြင်များ ရှိကြပေသည်။
သို့သော် သင့်ကိုယ်ပိုင်ကျွန်း၏ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်လာလျှင်မူ ဆွေးနွေးရန်မလိုအပ်ပေ။
“မင်း ငါကို အညံ့ခံမယ်ဆိုရင်တော့ ငါဘက်က ကြိုဆိုမှာပါ။ ဒါပေမယ့် ကြိုတင်သတ်မှတ်ချက်ကတော့ စာချုပ်ကဒ်ကိုသုံးဖို့ပဲ။ ဒီလိုမျိုး ကြိုတင်သတ်မှတ်ချက်မရှိဘူးဆိုရင် အခြားအရာတွေအကြောင်းကို ပြောစရာမလိုတော့ဘူး။”
ထို့နောက် ရှောင်းယီ အနည်းငယ်စဉ်းစားပြီး ထပ်ပြောလိုက်သည်။
“ဒါပေမယ့် စာချုပ်ချုပ်ပြီးရင်တော့ မင်းကို အကြီးမားဆုံးလွတ်လပ်ခွင့်ပေးမယ်လို့ ကတိပေးနိုင်တယ်။ မင်းရဲ့နယ်မြေကို တိုးတက်အောင်လုပ်လို့ရတယ်။ ဒါပေမယ့် ကြိုပြောထားချင်တာက နယ်မြေက ငါ့ဟာဖြစ်နေတုန်းပဲ။ မင်းရဲ့ဖွံ့ဖြိုးတိုးတက်မှုဦးတည်ချက်က ကျွန်းတစ်ခုလုံးရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေရင် မင်း ငါ့အမိန့်ကို လိုက်နာရမယ်။”
ထိုစကားများကို ပြောပြီးနောက် ရှောင်းယီက ထပ်လောင်းပြောကြားခဲ့သည်။
“မင်းသေချာစဉ်းစားသင့်တယ်။ အခြားအသက်ရှင်သန်ကျန်ရစ်သူတွေကိုရှာပြီး သူတို့က မင်းရဲ့အခြေအနေတွေကို လက်ခံနိုင်မလားဆိုတာ ကြည့်လိုက်ပေါ့။”
ရှောင်းယီ၏တုံ့ပြန်မှုကိုကြည့်ရင်း သေမင်းနတ်ဘုရားသည် ခါးသက်စွာပြုံးလိုက်မိ၏။ သူ၏တောင်းဆိုမှုသည် အနည်းငယ်လွန်ကဲနေသည်ကို သူသိသော်လည်း သူသည် ၎င်းအတွက် တိုက်ပွဲဝင်ရမည်ဖြစ်သည်။
သေမင်းနတ်ဘုရား အနည်းငယ်စိတ်ဓာတ်ကျနေခဲ့သည်။ သူသည် အလုပ်များကို ကောင်းစွာလုပ်ဆောင်နေသည်ဟု ထင်မြင်ယူဆခဲ့၏။ အနည်းဆုံးတော့ လူအများစုထက် ပို၍ကောင်းမွန်ပေသည်။
သို့သော် ယခုအခါတွင် သူသည် အခြားသူများထံ ၌ခိုလှုံရန် တွန်းအားပေးခံနေရသည်။ အဖြစ်အပျက်များမှာ ကြိုတင်မခန့်မှန်းနိုင်ပေ။
ဤကမ္ဘာတွင် တစ်လကျော်ကြာအောင် နေထိုင်လာပြီးတဲ့နောက် သူ၏ဆေးလိပ်သောက်ချင်စိတ်မှာ ပျောက်ကွယ်သွားသော်လည်း ယခုအချိန်တွင် သူ၏နှလုံးသားထဲက စိတ်ညစ်စရာများကို ဖြေဖျောက်ရန် ဆေးလိပ်တစ်လိပ်လောက် သောက်ချင်နေခဲ့သည်။
အပျော်စီးရွက်သင်္ဘော၏ ကုန်းပတ်ပေါ်တွင်ရပ်ပြီး မှောင်မိုက်စပြုလာသည့် မိုးကောင်းကင်ကိုကြည့်ကာ သေမင်းနတ်ဘုရား၏အနာဂတ်သည်လည်း ဤမှောင်မိုက်သည့်ညလိုမျိုး ရှေ့ဆက်လမ်းကို ရှင်းရီင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။
နာရီဝက်အကြာတွင် သေမင်းနတ်ဘုရားသည် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး စိတ်ဓာတ်ခိုင်မာသောအသွင်အပြင်ဖြင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လျှောက်သွားပြီး ရှောင်းယီထံသို့ စာပို့လိုက်တော့သည်။
“သူဌေး ခင်ဗျားရဲ့တောင်းဆိုချက်ကို ကျုပ်သဘောတူပါတယ်။ ကျုပ်တို့ ခင်ဗျားဆီမှာ ခိုလှုံချင်တယ်။”
ထိုအချိန်တွင် ရှောင်းယီသည်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင်ရှိနေခဲ့၏။ သူက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ မင်းတို့ အပျော်စီးသင်္ဘောနဲ့ မောင်းလို့ရတယ်။”
သေမင်းနတ်ဘုရားသည် နောက်ဆုံးတွင် ရှောင်းယီ၏လက်အောက်သို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့လေသည်။
“စုစုပေါင်းခရီးမှာ ၁၀,၀၀၀ ကီလိုမီတာခန့်ရှိပြီး ၁၄ နာရီခန့်ကြာမှာဖြစ်ပါတယ်။ လမ်းခရီးမှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။”
သေမင်းနတ်ဘုရားသည် ရှောင်းယီ၏ကျွန်းဆီသို့ မောင်းဟွားရန် အမိန့်ပေးပြီးနောက် ရှောင်ယောက်က ချက်ချင်းပင် ပြောလိုက်၏။
သေမင်းနတ်ဘုရား အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
“ကီလိုမီတာ ၁၀၀၀၀လား။ ဒါက ဘက်ထရီသည် မလုံလောက်ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလား။ အပျော်စီးရွက်သင်္ဘောရဲ့ အများဆုံးခရီးသွားလာနိုင်တဲ့ အကွာအဝေးက ၁၀၀၀၀ တည်းမဟုတ်ဘူးလား။”
“အချိန်က မှားယွင်းနေပုံပဲ။ တစ်နာရီကို ကီလိုမီတာ ၆၀၀ နှုန်းနဲ့ ၁၀၀၀၀ ကီလိုမီတာဆိုရင် ၁၆ ဒါမှမဟုတ် ၁၇ နာရီလောက် ကြာသင့်တယ်။”
သူ၏ဘေးနားတွင်ရှိနေသော ညီငယ်က ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
“ဘေးကင်းရေးအာမခံချက်အတွက် ကျွန်ုပ်တို့ဟာ လမ်းကြောင်းအတိုင်း မောင်းနှင်သွားမည်ဖြစ်ပြီး လမ်းကြောင်းတွင် 20% အရှိန်မြှင့်တင်မှုဆုလာဘ်ပါရှိပါတယ်။ ထိုဆုလာဘ်ကြောင့် မူလခရီးအကွာအဝေးသည် 20% တိုးသွားခြင်းဖြစ်ပါတယ်။”
ရှောင်ယောက်က ရှင်းပြလိုက်သည်။
ရိုးရိုးရှင်းရှင်းနားလည်ရမှာက အပျော်စီးရွက်သင်္ဘောကို တစ်နာရီမောင်းနှင်ရန် စွမ်းအင်သုံးစွဲရခြင်းမှာ ခက်ခဲသော်လည်း ယခု အရှိန် ၂၀% တိုးလာခြင်းကြောင့် စုစုပေါင်းခရီးအကွာအဝေးသည်လည်း တိုတောင်းသွားခြင်းဖြစ်ပေသည်။
“အံ့သြစရာမရှိတော့ပါဘူး။ ဒီလမ်းကြောင်းက တကယ်ကိုအံ့သြစရာကောင်းတယ်။”
သေမင်းနတ်ဘုရားတို့သုံးယောက် ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့ကြသည်။
သေမင်းနတ်ဘုရားနှင့် စကားပြောပြီးနောက်။ရှောင်းယီ အတွေးနက်နက်ထဲသို့ ကျရောက်သွားခဲ့လေသည်။
ဤသေမင်းနတ်ဘုရား၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကောင်းမွန်နေပြီဖြစ်သော်လည်း သေနတ်ကိုင်ထားသော ဒေသခံများ၏ ကျွန်းမှနှင်ထုတ်ခြင်းကို ခံခဲ့ရဆဲဖြစ်၏။
အခြားအသက်ရှင်သန်ကျန်ရစ်သူများဆိုလျှင်ရော...။
ဤအဆင့်ရှိဒေသခံတစ်ဦးနှင့် သင်တွေ့ဆုံရမည်ဆိုပါက သင်သည် တိုက်ရိုက်လက်နက်ချလိုက်ရန် လိုအပ်ပေမည်။
ထိုသေနတ်များသည် သိပ်အသုံးမဝင်သော်လည်း ကျွန်းကာကွယ်ရေးမျဉ်းကို တိုက်ခိုက်ရန် လက်နက်ကိုင်အဖွဲ့များအား စနစ်တကျဖွဲ့စည်းထားမည်ကို အသက်ရှင်သန်ကျန်ရစ်သူများက အနည်းငယ် စိုးရိမ်နေရဆဲပင်။
“ဒီဒေသခံတွေပဲ သေနတ်ရထားတာဖြစ်ဖို့ မျှော်လင့်ပါတယ်။”
ရှောင်းယီသည် အိပ်ရာပေါ်တွင် လဲလျောင်းရင်း ဆုတောင်းလိုက်မိသည်။
နောက်တစ်နေ့မနက်တွင် ရှောင်းယီသည် စောစောထပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ရောက်လာခဲ့သည်။ သေနတ်ကိုင်ထားသော ဒေသခံများ၏ တိုက်ခိုက်ခြင်းကို ခံနေရသော နောက်ထပ်ကျွန်းတစ်ခုရှိနေခဲ့သည်။
ဤအကြိမ်တွင် ထိုအသက်ရှင်သန်ကျန်ရစ်သူသည် ဒေသခံများ၏ လက်ချက်မှ မလွတ်မြောက်နိုင်ခဲ့ချေ။
သူသည် ဂရုထဲတွင် သနားညှာတာပေးရန် တောင်းခံခဲ့သော်လည်း မည်သူမျှ သူ့ကို ကူညီနိုင်ခဲ့ခြင်းမရှိပေ။ လူတိုင်းသည် ချက်ချင်းပင် ထိုနေရာသို့ ကူးပြောင်းနိုင်ခြင်းမရှိကြပေ။
သင်၏စွမ်းအားကြီးမားသောလက်နက်များကို ငှားရမ်းပေးလိုက်လျင်ပင် အသုံးဝင်မည်မဟုတ်ပေ။ ထိုလူသည် သူ၏ကျွန်းပေါ်တွင် သူ့ကိုယ်တိုင်သာ ရှိနေခဲ့ခြင်းဖြစ်၏။
လူတစ်ယောက်တည်းက ဒေသခံ ဆယ်ချီ၊ ရာချီကို မည်ကဲ့သြို အနိုင်ယူနိုင်မည်နည်း။ သူ့ဆီတွင် စက်သေနတ်ရှိလျှင်တော့ ကြိုးစားကြည့်၍ ရသေးပေသည်။
ယခုအခါ စက်သေနတ်များကို မပြောနှင့် ဒူးလေးများပင်လျှင် သိပ်မရှိသေးပေ။
ထိုလူသည် ဂရုအတွင်း၌ သူ့ကိုကူညီရန်အတွက် ငါးမိနစ် သို့မဟုတ် ခြောက်မိနစ်ခန့်သာ တောင်းဆိုခဲ့ပြီး ထို့နောက် ဘာမျှဖြစ်မလာတော့ပေ။ တစ်ချိန်တည်းမှာပင် ယီထျန်းဂရုထဲရှိနံပါတ်တွင် လူတစ်ယောက် ထပ်မံလျော့နည်းသွားခဲ့လေသည်။
“ဒါကအရမ်းကြောက်စရာကောင်းတယ်။ ငါအိမ်ပြန်ချင်တယ်။ ငါ့ကိုကူညီပေးနိုင်မယ့်သူမရှိတော့ဘူးလား။”
“မင်းမှာ ခုခံနိုင်စွမ်းလုံးဝမရှိဘူး။ ငါ့ကိုရိုက်ခွင့်ပေးပါ။”
“ငါ့ကျွန်းရဲ့တည်နေရာကို မျှဝေလိုက်တယ်။ ငါနဲ့ပိုနီးတဲ့သူရှိရင် မြန်မြန်ပြောပါ။ ငါချက်ချင်းပေါင်းစည်းဖို့ သွားမယ်။ လူများများနဲ့ဆိုရင် ပိုပြီးအားရှိတာပေါ့။ လူတစ်ယောက်တည်းနဲ့ဆိုရင် တကယ်ပြန်တိုက်လို့မရဘူး။”
“အမှန်ပဲ ငါလည်းမျှဝေလိုက်တယ်။ နီးစပ်ရာကျွန်းတွေကို မြန်မြန်ပေါင်းစည်းဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် ဒေသခံတွေကို တစ်ယောက်ပြီးတစ်ယောက် အမှန်တကယ် ရှုံးနိမ့်သွားလိမ့်မယ်။”
“ပေါင်းစည်းခြင်းက တကယ်ရော အသုံးဝင်မှာဟုတ်လို့လား။ ဒေသခံအရေအတွက် အတိုင်းအတာတစ်ခုထိ ရောက်ရှိနေပြီး မင်းရဲ့ကျွန်းက လုံလောက်အောင်မကြီးမားဘူးဆိုရင် တိုက်ခိုက်ဖို့ နည်းလမ်းမရှိဘူး။”
“ဟုတ်တယ်...ကျွန်းကသာ လုံလောက်တဲ့အရွယ်အစားရှိရင် ဒေသခံတွေနဲ့ ကွေ့ပတ်တိုက်ခိုက်ဖို့ နေရာလွတ်ရှိဦးမယ်။ မဟုတ်ရင်တော့ တကယ်ပြီးသွားပြီပဲ။”
“ဒီတော့ ဒီကမ္ဘာရဲ့စည်းမျဉ်းတွေက ငါတို့ကို ပိုပေါင်းစည်းသင့်တယ်လို့ ဆိုလိုနေတာလား။”
“လူဦးရေများလာပြီး ကျွန်းကြီးလာတာနဲ့အမျှ လူတိုင်း ပိုပြီးဘေးကင်းလာမယ်လို့ နားလည်ထားလို့ရတယ်။”