အခန်း (၃၆၇-၃၆၉)
Vol. 25 Ch. 367-369
အခန်း ၃၆၇
လူတိုင်း၏ဆွေးနွေးမှုများကို ကြည့်ရှုရင်း ရှောင်းယီသည် စိတ်ထဲတွင် အနည်းငယ်သက်ပြင်းချလိုက်မိသည်။ ဤဒေသခံများသည် လက်ရှိတွင် သူ၏ကျွန်းသို့ ချိုးဖောက်ဝင်ရောက်ရန် နည်းလမ်းမရှိသေးသော်လည်း အခြားအသက်ရှင်သန်ကျန်ရစ်သူများ၏ကျွန်းများကို ချိုးဖောက်ဝင်ရောက်သည်ကို ကြည့်ရှုရသည်မှာ စိတ်မကောင်းစရာပင်။
“ငါတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ဖို့ လိုနေသေးတယ်!”
ရှောင်းယီ သက်ပြင်းချလိုက်ပြီး စိတ်ထဲမှ ဆက်ပြောလိုက်သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်!”
“လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- အများသုံးသန့်စင်ခန်း ပုံစံကွက် ၁။”
ရှောင်းယီ မျက်မှောင်ကြုံ့လိုက်မိ၏။
လက်ရှိအချိန်မှာ စနစ်က ငါ့ကို လက်နက်ဆုတွေ ပေးသင့်တယ် မဟုတ်ဘူးလား။ ဥပမာ သေနတ် ဒါမှမဟုတ် အလားတူအရာမျိုးပေါ့။ မင်းက ငါ့ကို ဒီလိုအရာမျိူကို ဘယ်လိုတောင် ထပ်ပေးနိုင်ရတာလဲ။
“အများသုံးသန့်စင်ခန်း ပုံစံကွက်- ဤ ပုံစံကွက်ဖြင့် ကုန်ကြမ်းပစ္စည်းများ လုံလောက်စွာထောက်ပံ့ပေးနိုင်သရွေ့ အများသုံးသန့်စင်ခန်းများကို အတိုင်းအတာမရှိ တည်ဆောက်နိုင်ပါသည်!”
ရှောင်းယီသည် ကျွန်းပေါ်တွင် လူများ ပိုမိုများပြားလာသောကြောင့် ဤအရာကို လိုအပ်ပေသည်။
ဖူရှီသည် သူ၏မျိုးနွယ်စုရှိ လူအားလုံးကို ပြန်ခေါ်လာသောအခါ ကျွန်းပေါ်တွင် လူဦးရေ ပိုမိုများပြားလာခဲ့သည်။
ဤနည်းဖြင့် လူထုကျန်းမာရေးကို ပိုမိုဂရုစိုက်ရန် လိုအပ်ပြီး မဟုတ်ပါက ရောဂါပိုးမွှားများနှင့် ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ခြေများသည်။
ရှောင်းယီ သက်ပြင်းချကာ အများသုံးသန့်စင်ခန်းပုံစံကွက်ကို အသုံးပြုကာ ကျောက်တုံးအိမ်အုပ်စုလေးခုအနီးတွင် အများသုံးသန့်စင်ခန်းများ ဆောက်လုပ်လိုက်လေသည်။
သို့သော် ဤအများသုံးအိမ်သာသည် သာမန်အဆင့်သာရှိပြီး ထုတ်လုပ်လိုက်သော မစင်များကို တံတိုင်းအတွင်းရှိ ဇီဝဓာတ်ငွေ့ထုတ်စက်သို့ တိုက်ရိုက်လွှဲပြောင်းနိုင်ရန် နည်းလမ်းမရှိပေ။ နောင်တွင် ဤအလုပ်ကို လက်ဖြင့်လုပ်ဆောင်ရန် လိုအပ်ဦးမည်ဖြစ်သည်။
ထို့နောက် ရှောင်းယီသည် အန်းယွဲ့ကိုရှာဖွေကာ လိုအပ်သည်များကို ညွှန်ကြားလိုက်၏။
“ကျောက်တုံးအိမ်အုပ်စုလေးခုနားမှာ အိမ်သာတွေ ဆောက်ပေးထားပေမယ့် အဆင့်ကနိမ့်လွန်းတယ်။ အဲ့ဒါကြောင့် မစင်တွေကို လက်နဲ့ပဲ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်။”
အန်းယွဲ့က ခေါင်းညိတ်လိုက်သည်။
“အင်း ငါနားလည်ပြီ။ ဒီကိစ္စကို ဒေသခံတွေကို ရှင်းပြပြီး ဝန်ထမ်းတွေ စီစဉ်ခိုင်းလိုက်မယ်။”
ယခုအခါ ကျွန်းပေါ်တွင် လူများပိုမိုများပြားလာပြီဖြစ်ရာ အန်းယွဲ့သည် မန်နေဂျာတစ်ယောက်အနေဖြင့် သူ့အတွက် သာမန်အသိပညာမျှသာဖြစ်သည့် အရာများကို နေ့စဉ်နီးပါး ဟောပြောပို့ချနေရပေသည်။
ဒေသခံများသည် ယဉ်ကျေးမှုအပြည့်အဝမရှိသေးဘဲ အရာများစွာကို နားမလည်သေးသောကြောင့် ထပ်ခါတလဲလဲ သင်ကြားပေးခြင်းကိုသာ အားကိုးနေရသည်။
ထိုဒေသခံများသည်လည်း သင်ယူရသည်ကို အလွန်နှစ်သက်ပြီး ဤခေတ်မီလူ့ယဉ်ကျေးမှုများကို အလွန်စိတ်ဝင်စားကြ၏။ သူတို့သည် စွမ်းရည်အသစ်တစ်ခုကို သင်ယူသည့်အခါတိုင်း အလွန်စိတ်လှုပ်ရှားနေတတ်ကြသည်။
ရှောင်းယီသည် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်သို့ပြန်သွားပြီးနောက် အခြားအသက်ရှင်သန်ကျန်ရစ်သူများ သေနတ်ကိုင်ဒေသခံများနှင့် ရင်ဆိုင်နေရသည်ကို ကြည့်ရှုရန် ဂရုကို ဆက်လက်စောင့်ကြည့်နေလိုက်သည်။
“မနေ့က ဒေသခံတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ အသက်ရှင်သန်ကျန်ရစ်သူရဲ့ တည်နေရာက ဘယ်နားမှာလဲ။ သူမျှဝေခဲ့သေးလား။”
ရှောင်းယီက ဂရုထဲတွင် မေးမြန်းလိုက်၏။
“ဟိုင်း သူဌေး သူမျှဝေခဲ့ပါတယ်။ ကျုပ်တို့စကားပြောခန်းထဲမှာ ကြော်ငြာခဲ့တာဖြစ်သင့်တယ်။ ကျုပ်ရှာကြည့်လိုက်မယ်။”
“ဟယ်လို သူဌေး။ ကျုပ်တို့ ရှင်သန်နိုင်ပါ့မလား။ ဒေသခံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အရမ်းမြန်နေပြီး ကျုပ်တို့ လုံးဝလိုက်မမီနိုင်တော့ဘူးလို့ ခံစားနေရတယ်။”
“အားလုံးပဲ မထိတ်လန့်ကြပါနဲ့။ ဒေသခံတွေက အခုအချိန်မှာ ငါတို့ထက်သာလွန်နေတယ်ဆိုပေမယ့် ငါတို့အနေနဲ့ ရှုပ်ထွေးသွားလို့မရဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“မင်းတို့အရင်ဆွေးနွေးခဲ့တွေတာက အရမ်းမှန်တယ်။ ဖြစ်နိုင်ရင် အသက်ရှင်သန်ကျန်ရစ်သူတွေကို ပွေ့ဖက်ပြီး နွေးထွေးအောင်လုပ်ပေးနိုင်ဖို့ ကြိုးစားကြည့်ကြပါ။”
“သူဌေးပြောတာမှန်တယ်။ ဒါပေမယ့် ကျုပ်နားမှာပေါင်းစည်းလို့ရတဲ့ အဖော်တွေရှာလို့မရဘူး။ အရမ်းစိတ်မကောင်းဖြစ်ရတယ်။”
“ကျုပ်နားမှာတော့ ငါးယောက်၊ ခြောက်ယောက်လောက်ရှိတယ်။”
“အပေါ်က လူတွေကတော့ အရမ်းပျော်နေမှာပဲ။ အများကြီးရှိတယ်ဆိုတော့။ မြန်မြန်ပေါင်းစည်းလိုက်တော့လေ ဒါဆို ဒေသခံတွေနဲ့ တန်ပြန်တိုက်ခိုက်နိုင်လိမ့်မယ်။”
“အဲ့ဒါကို ငါပြောတာ။ ဒါပေမယ့် ဘယ်သူ့ကျွန်းကိုသွားရမလဲဆိုတာ ငါတို့သဘောမတူရသေးဘူး။ စာချုပ်ကိစ္စကလည်း ပြဿနာတစ်ခုဖြစ်နေတယ်။ တစ်နေ့လုံးငြင်းခုံနေရတာ ရူးချင်နေပြီ။”
“ဒီအချိန်တောင်ရောက်နေပြီ မင်းတို့က ဒီအကြောင်းကို ဆက်ပြီးငြင်းခုန်နေကြသေးတာလား။”
“ဟုတ်တယ်။ မင်းတို့ အသက်ရှင်ချင်သေးလား။ ဒါဆိုရင် အဲ့ဒီအတွေးတွေကိုလွင့်ပစ်လိုက်ပြီး စာချုပ်ကဒ်တွေလုပ်မနေဘဲ အသက်ရှင်နိုင်ဖို့ အတူတူပေါင်းစည်းလိုက်ကြတော့။”
“ဒါပေမယ့် လူတိုင်းက တစ်ယောက်ကိုတစ်ယောက် မယုံကြည်ဘူးဆိုရင် ဘာလုပ်ရမှာလဲ။”
“ဒါဆိုလည်း မပေါင်းစည်းနဲ့ပေါ့။ ဒေသခံတွေက မင်းတို့ကို တစ်ယောက်ပြီးတစ်ယောက် ရိုက်နှက်မှာကို စောင့်နေလိုက်။”
ရှောင်းယီသည်လည်း အကူအညီမဲ့နေခဲ့သည်။ စာချုပ်ကဒ်မရှိဘဲ သူသည် အခြားသူများကို သူ၏ကျွန်းသို့လာရန် ခွင့်မပြုနိုင်ပေ။ သူတို့အချင်းချင်း ညှိနှိုင်းရန်သာ အားကိုးရမည်ဖြစ်သည်။
မကြာမီ မနေ့က ဖမ်းဆီးခံခဲ့ရသော အသက်ရှင်သန်ကျန်ရစ်သူ၏တည်နေရာကို ရှာဖွေပေးသူက ရှောင်းယီအား တည်နေရာတစ်ခုကို ပေးပို့ခဲ့သည်။
ရှောင်းယီ ထိုတည်နေရာကို အမြန်ကြည့်ရှုလိုက်ပြီးနောက် စိတ်ထဲတွင်တွေးလိုက်မိသည်။
“ဒါက ယေဘုယျအားဖြင့် အနောက်ဘက်မှာရှိနေဆဲပဲ။ မျိုးနွယ်စုတစ်ခုတည်းကများ ဖြစ်နိုင်မလား။”
ထိုအကြောင်းကို စဉ်းစားမိသောအခါ ရှောင်းယီသည် ချက်ချင်းပင် ဂရုထဲတွင် ပြောလိုက်၏။
“မနေ့ညက တိုက်ခိုက်ခံခဲ့ရတဲ့ အသက်ရှင်သန်ကျန်ရစ်သူကျွန်းရဲ့ တည်နေရာကို ကြည့်လိုက်တော့ သေမင်းနတ်ဘုရားတိုက်ခိုက်ခံရတဲ့နေရာနဲ့ ကိုက်ညီနေတာကို တွေ့ရတယ်။”
ဤစကားပြောပြီးနောက် ရှောင်းယီသည် သေမင်းနတ်ဘုရား၏တည်နေရာနှင့် လတ်တလောဖမ်းဆီးခံရသောကျွန်းကို အမှတ်အသားပြုကာ စခရင်ရှော့တစ်ပုံယူလိုက်သည်။
“မင်းတို့ကြည့်လိုက် ဒီနေရာနှစ်ခုက အရမ်းနီးနေတယ်။”
“ဒါက တူညီတဲ့ဒေသခံမျိုးနွယ်စုတစ်ခုတည်း ဖြစ်သင့်တယ်။”
“ဆိုလိုတာက အခုအရှေ့ဘက်မှာရှိတဲ့လူတွေက စိတ်ချလို့ရပြီလား။”
“ဒေါသထွက်လိုက်တာ! ငါဒီနေရာနှစ်ခုနားမှာရှိတယ်။ သူတို့ ငါ့ကိုရှာမတွေ့နိုင်ဘူးလား။”
“ငါလည်း အဲ့နားမှာပဲ။ ငါအရမ်းတုန်လှုပ်နေမိပြီ။”
“သူဌေး သေမင်းနတ်ဘုရားလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ မင်းပြောခဲ့တယ်နော်။ သေမင်းနတ်ဘုရားက ခုခံနိုင်ခဲ့တာလား။”
“မဟုတ်ဘူး သူထွက်ပြေးသွားပြီး ပင်လယ်ထဲမှာ ဆက်မျောနေတုန်းပဲ။”
“ချီး! သေမင်းက ဖွံ့ဖြိုးတိုးတက်မှုအရမ်းကောင်းတယ်ဆိုတာ ငါမှတ်မိတယ်။ သူက ဘာလို့မခံရဲခဲ့တာလဲ။”
“ငါတို့တကယ်သေတော့မယ်ထင်တယ်။ သေမင်းနတ်ဘုရားတောင်မခံနိုင်ဘူးဆိုရင် မြေကြီးပေါ်လှဲနေလိုက်တာက အကောင်းဆုံးပဲ။”
“ငါ့အမြင်မှာတော့ ဒါက ဖွံ့ဖြိုးတိုးတက်မှုနဲ့ မဆိုင်ဘူး။ ဒေသခံတွေမှာရှိတဲ့ သင်္ဘောတွေက ငါတို့ထက်နည်းနည်းပိုကောင်းပြီး သူတို့လက်ထဲက လက်နက်တွေက အရမ်းခေတ်နောက်ကျနေသ၍ လုံလောက်တဲ့အရွယ်အစားမရှိတဲ့ ကျွန်းတွေကို သိမ်းပိုက်ဖို့ လူသားလှိုင်းလုံးနည်းဗျူဟာကို သူတို့အသုံးပြုနိုင်တယ်။”
လူအချို့သည် ပိုမိုရှင်းလင်းစွာမြင်နေဆဲဖြစ်ဟန်ရှိ၏။
ဤမှတ်ချက်သည် ဂရုတစ်ခုလုံးကို ခဏတာတိတ်ဆိတ်သွားစေခဲ့ပြီးနောက် ထပ်မံ၍ ဆွေးနွေးကြတော့သည်။
“ဟမ်! ဒါက ဖွဲ့ဖြိုးတိုးတက်မှုနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဒါဆိုရင်တောင် ငါ အပြားလိုက်လှဲနေရဦးမှာပဲ။ ငါ ဘယ်လောက်ပဲကောင်းကောင်း ဖွံ့ဖြိုးတိုးတက်ပါစေ ဒေသခံတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိဘူး!”
“ငါတို့မှာရှိတဲ့ ကျွန်းဧရိယာသာလုံလောက်မယ်ဆိုရင် ဒီလောက်တော့လည်း မဆိုးရွားနိုင်ပါဘူး။”
“ငါမှာရှိတဲ့ သောက်စတုရန်းမီတာက ၁၀၀ တောင်မရှိဘူး။ အဲ့တော့ လေယာဉ်တစ်စီးရဖို့ပဲလိုတယ်။”
“အားလုံးပဲ တိတ်တိတ်နေပေးကြပါဦး။ ငါ့မှာ စိတ်ကူးတစ်ခုရှိတယ်။ ဒါပေမယ့် နည်းနည်းတော့ စွန့်စားရမယ်။ မင်းတို့ စမ်းကြည့်ချင်လား။”
ရှောင်းယီက ပြောလိုက်သည်။
“အစ်ကိုကြီး ပြောသာပြောလိုက်ပါ။ ဘာနည်းလမ်းကောင်းမှဘမရှိတော့ဘူးဆိုရင် မြေကြီးပေါ်လှဲပြီး ကိုယ့်ကိုယ်သတ်သေလိုက်ဖို့ပဲရှိတော့တယ်။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ရန်သူက ငါတို့ကို တိုက်ခိုက်နေတဲ့ တူညီတဲ့မျိုးနွယ်စုဖြစ်နိုင်တာကြောင့် ငါတို့ပေါင်းစည်းနိုင်တယ်။ အထူးသဖြင့် အနီးအနားက အသက်ရှင်သန်ကျန်ရစ်သူတွေ ရေတပ်တစ်ခုဖွဲ့ပြီး လက်ဦးမှုရရယူရမယ်။”
“ဒါက စိတ်ကူးကောင်းတစ်ခုပဲ။ ဒီနည်းနဲ့ဆိုရင် ငါတို့စာချုပ်အကြောင်း ငြင်းခုန်နေစရာမလိုတော့ဘူး။ ဒေသခံတွေကို အတူတူ တိုက်ခိုက်လို့ရတယ်။ ငါတို့အနိုင်ရရင် သူတို့ဆီကနေ ပစ္စည်းတွေလုယက်ရမယ်။”
“ဟုတ်တယ်။ ငါတို့လက်ဦးမှုယူရမယ်။ ဒီမှာပဲထိုင်နေမယ်ဆိုရင် သေဖို့စောင့်နေတာနဲ့ အတူတူပဲ။”
“ငါသဘောတူတယ်။ ငါအနားမှာရှိတဲ့လူတွေနဲ့ နေရာတစ်ခုကိုမှာ သဘောတူညီချက်ယူပြီး အတူတူထွက်ခွာလိုက်ကြတာပေါ့။”
“ဟုတ်တယ် ကြောက်မနေကြတော့နဲ့။ မင်းတို့ ကြောင်ချီးပါပြီး ထွက်မတိုက်ရဲဘူးဆိုရင် ကိုယ့်ကျွန်းပေါ်မှာကိုယ်နေပြီး သေရမှာသေချာတယ်။”
လူတိုင်း၏ တက်ကြွစွာ တုံ့ပြန်မှုကို မြင်ရသော ရှောင်းယီက ချက်ချင်းထပ်ပြောလိုက်၏။
“ခဏနေကြပါဦး ပူးပေါင်းတဲ့နေရာမှာလည်း မရှိမဖြစ်လိုအပ်တဲ့အချက်တွေရှိသေးတယ်။”
“ပထမဦးဆုံး လူတိုင်းရဲ့လှေတွေက အလတ်စားရွက်သင်္ဘော ဒါမဟုတ် အဲ့ထက်အဆင့်မြင့်မရမယ်။ လှေငယ်တွေနဲ့ မသွားကြနဲ့။ အဲ့ဒါက အသုံးမဝင်ဘူး။ ရန်သူက ရွက်သင်္ဘောကြီးတွေရှိတာလည်းဖြစ်နေနိုင်တယ်။”
“ရွက်သင်္ဘောကြီးလား။ အဲ့ဒါက အလတ်စားရွက်သင်္ဘောထက် ပိုမြန်တယ်မဟုတ်လား။ ဒါဆိုရင် သူ့တို့ရဲ့ပစ်မှတ်ထားတာသာခံရမယ်ဆိုရင် မလွတ်မြောက်နိုင်တော့ဘူးမဟုတ်လား။”
အခန်း ၃၆၈
“အမှန်ပဲ!”
ရှောင်းယီက ပြောလိုက်သည်။
“ဒါပေမယ့် ရွက်သင်္ဘောကြီးတွေက တည်နေရာမကူးပြောင်းနိုင်ဘူး။ မင်းတို့ကိုလိုက်ဖမ်းနိုင်တယ်ဆိုရင်တောင် အချိန်ယူရမယ်။ ဒီအချိန်က အခြားသင်္ဘောတွေ တိုက်ခိုက်ဖို့အတွက် အခွင့်ကောင်းပဲ။”
“သူဌေးပြောတာမှန်တယ်။ သူတို့က တစ်ခုတည်းကိုပဲကြည့်ပြီးလိုက်ဖမ်းလို့ရမယ်။ ငါတို့မှာတော့ လူအများကြီးရှိသေးတယ်။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ဒုတိယအနေနဲ့ ရေတပ်နဲ့ သင်္ဘောပေါ်က လူဦးရေက မနည်းရဘူး။ ငါ့အမြင်အရ သင်္ဘောငါးစီးမှာ အနည်းဆုံးဆယ်ယောက်ရှိရမယ်။”
“နောက်ဆုံးအနေနဲ့ လူတိုင်းရဲ့လက်နက်တွေက လုံလုံလောက်လောက် စွမ်းအားကြီးမားဖို့လိုတယ်။ ဒါမှ သူတို့က ငါတို့ကို ထိခိုက်နာကျင်အောင် မလုပ်နိုင်မှာဖြစ်တယ်။ ဒါပေမယ့် သူတို့က မင်းတို့ကို တစ်ယောက်ပြီးတစ်ယောက် စိမ်ပြေနပြေ စားသောက်နိုင်တယ်။”
“သးဌေး မင်းပြောတဲ့အခြေအနေတွေက နည်းနည်းတင်းမာနေပုံရတယ်။”
“ဟုတ်တယ် အလတ်စား ဒါမဟုတ် အဲ့ထက်မြင့်တဲ့ ရွက်သင်္ဘောငါးစီး၊ လူဆယ်ယောက်ကျော်နဲ့ဆိုရင် အတူတကွပေါင်းစည်းဖို့ဆိုတာ အရမ်းခက်ခဲတယ်။”
“လူတိုင်းရဲ့လက်ထဲမှာရှိတဲ့လက်နက်တွေက သူဌေးပေးတဲ့ တစ်ကိုယ်ရေတိုက်ခိုက်ရေးလက်နက်တွေချည်းပဲ။ အဲ့ဒါတွေနဲ့ ပြိုင်ဘက်ရဲ့သင်္ဘောကြီးကို ခြိမ်းခြောက်နိုင်ပုံမရဘူး။”
ထိုစကားများကို မြင်လိုက်ရသောအခါ ရှောင်းယီက အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။
“အဖွဲ့ထဲမှာ အခြားအင်အားကြီးအဖွဲ့တွေရဲ့ လူတွေအများကြီးရှိသင့်တယ်။ မင်းတို့ရဲ့အင်အားစုခေါင်းဆောင်တွေကို ဒီကိစ္စပြောပြပြီး ဒီတိုက်ပွဲကို ထောက်ပံ့ဖို့တောင်းဆိုလိုက်ပါ။ မဟုတ်ရင် လူတိုင်းက ဒေသခံတွေရဲ့ ဝါးမျိုစားသောက်တာကို ခံရလိမ့်မယ်။”
“ဟုတ်တယ် ဟုတ်တယ် အင်အားကြီးအဖွဲ့ဝင်တွေ ဒီကိစ္စကို ပြန်သွားပြီးအစီရင်ခံလိုက်ကြတော့!။”
“ယီရန်ပင်းသူဌေးက မင်းတို့ရှိတယ်ဆိုတာသိပြီးသားဆိုပေမယ့် အဖွဲ့ထဲမှာ အကျိုးခံစားခွင့်တွေ အများကြီးပေးထားခဲ့တယ်။ အခုအချိန်က မင်းတို့ဘက်ကနေပြန်ပြီး တစ်စုံတစ်ရာ ပံ့ပိုးပေးဖို့အချိန်တန်ပြီ။”
“ဟုတ်တယ် အထူးသဖြင့် လင်းအင်ပါယာနဲ့ ရွှမ်းယွမ်မိသားစု မင်းတို့အင်အားစုနှစ်ခု၊ မြန်မြန်ဆန်ဆန်လုပ်ကြ။ ဒီအချိန်မှာ အနောက်မှာပဲ ပုန်းမနေကြနဲ့။”
ဂရုထဲရှိ လူများ တစ်ယောက်ပြီးတစ်ယောက် ပြောကြတော့လေသည်။
ထိုအချိန်တွင် သေမင်းနတ်ဘုရားက ရှောင်းယီဆီသို့ စာပို့လိုက်၏။
“သူဌေး ကျုပ် အဲ့ဒီဒေသခံတွေကို ရပ်တန့်ချင်တယ်။”
သူ့စာကိုမြင်သောအခါ ရှောင်းယီက အချိန်ကိုကြည့်ကာ မေးလိုက်သည်။
“မင်းငါ့ကျွန်းကို ရောက်ခါနီးနေပြီလား။”
“အင်း ကျုပ်တစ်နာရီအတွင်းရောက်မယ်။”
သေမင်းနတ်ဘုရားက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ မင်းရောက်မှ ပြောကြတာပေါ့။”
ရှောင်းယီက ပြန်ပြောလိုက်၏။
“ဟုတ်ကဲ့!”
ထို့နောက် ရှောင်းယီသည် ယီထျန်းဂရုဘက်သို့ ပြန်လှည့်လိုက်၏။ ဂရုထဲတွင် ရှောင်းယီ၏ အကြံပြုချက်များအကြောင်း ဆွေးနွေးနေကြဆဲပင်။
ထိုအချိန်တွင် ရွှမ်းယွမ်ဝူဝေ့သည် သူ၏လက်အောက်ငယ်သားထံမှ အစီရင်ခံစာကို လက်ခံရရှိခဲ့သည်။
“ဟမ့်! ဒါက ယီရန်ပင်း စီစဉ်ထားတာဆိုတော့ ငါမသွားတော့ဘူး။ ဂရုမစိုက်နဲ့။ ဘာပဲပြောပြော အဲ့ဒါက ငါတို့ဆီကနေ အတော်လေးဝေးသေးတယ်။”
ရွှမ်းယွမ်ဝူဝေ့က ပြုံးရယ်ကာပြန်ဖြေလိုက်ပြီး အခြားလူတစ်ဦးကို ကြည့်ကာ မေးလိုက်၏။
“လယ်ကွင်းတွေရဲ့ အခြေအနေရော ဘယ်လိုရှိလဲ။”
“သခင်လေးကို ကိုပြန်ဖြေပါတယ်။ လယ်ကွင်းတွေမှာ သီးနှံဖျက်ပိုးမွှားတွေ ပြင်းထန်တာကြောင့် ဒီတစ်ခေါက် ထုတ်လုပ်မှု လျော့နည်းသွားနိုင်ပါတယ်။”
ရိုးသားသော လယ်သမားတစ်ဦးက ပြန်ပြောလိုက်၏။
“မင်းက စိုက်ပျိုးရေးမှာ ကျွမ်းကျင်တယ်မဟုတ်ဘူးလား။ ပြဿနာရှိရင် အမြန်ဖြေရှင်းလိုက်။ မဟုတ်ရင် မင်းကို ငါဘာအတွက်အသုံးပြုရမှာလဲ။”
ရွှမ်းယွမ်ဝူဝေ့က အနည်းငယ် မကျေမနပ်ဖြစ်သွားခဲ့သည်။
“ဒါပေမယ့် အခုချိန်မှာ ပိုးသတ်ဆေးတွေမရှိသးတော့...”
“မင်းဘယ်လိုနည်းနဲ့ပဲဖြေရှင်းဖြေရှင်း ငါဂရုမစိုက်ဘူး။ ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းလိုက်။ မဟုတ်ရင် ထုတ်လုပ်မှုလျော့ကျသလောက် မင်းရဲ့အစားအစာကိုလည်း လျှော့ချပစ်မယ်။ ဒီကနေ ထွက်သွားစမ်း!။”
လယ်သမား စကားမဆုံးမီမှာပင် ရွှမ်းယွမ်ဝူဝေ့က ကြမ်းတမ်းစွာ ကြားဖြတ်ပြောလိုက်၏။
လယ်သမားသည် စကားဆက်ပြောလိုသေးသော်လည်း သူ့ဘေးနားတွင်ရှိနေသော တစ်စုံတစ်ဦးက သူ့ကိုဆွဲထုတ်သွားခဲ့သည်။
“ဘယ်လိုအမှိုက်တစ်သိုက်လဲ မြေကြီးမှာတောင် ကောင်းကောင်းမစိုက်ပျိုးနိုင်ဘူး။”
ရွှမ်းယွမ်ဝူဝေ့က လေသံနိမ့်နိမ့်ဖြင့် ကျိန်ဆဲလိုက်သည်။
“ဦးလေးချန်း ဘယ်တော့ပြန်လာမှာလဲ။ ဒီလိုကိစ္စသေးသေးလေးတွေက တကယ်ကို စိတ်ရှုပ်စရာပဲ။”
တိလင်းထျန်းရှားသည်မူ အနောက်ဘက်တွင်ရှိနေသော သူ၏အဖွဲ့ဝင်များအား ယီရန်ပင်း၏ တိုက်ခိုက်ရေးနည်းဗျူဟာကို အပြည့်အဝပူးပေါင်းဆောင်ရွက်ရန် ချက်ချင်းပင် အမိန့်ပေးခဲ့၏။
သူနှင့် ရှောင်းယီတို့သည် ပြိုင်ဘက်များဖြစ်ကြသော်လည်း နိုင်ငံခြားသားများ ကျူးကျော်ဝင်ရောက်လာသည့်အခါတွင် မည်သူ့ဘက်တွင် ရပ်တည်ရမည်ကို သူသိထားပြီးသားဖြစ်သည်။
“ဥက္ကဋ္ဌ အားလုံး စီစဉ်ပြီးပါပြီ။”
ချင်ချင်းလုံ တိလင်းထျန်းရှားထံသို့ အစီရင်ခံတင်ပြလိုက်၏။ တိလင်းထျန်းရှား ခေါင်းညိတ်ပြလိုက်သည်။
“ငါတို့တွေ တကယ်ပဲ ဒေသခံတွေကို နှင်ထုတ်နိုင်မယ်လို့ မျှော်လင့်မိတယ်။”
“ဥက္ကဋ္ဌ ကျုပ်တို့ ယီရန်ပင်းနဲ့ နည်းနည်းပူးပေါင်းနေတာလား...”
ချင်ချင်းလုံက သူ၏စကားကို ပြီးဆုံးအောင် မပြောခဲ့ပေ။ သို့သော်လည်း တိလင်းထျန်းရှားက သူ၏ဆိုလိုရင်းကို သဘောပေါက်ပေသည်။
“ငါတို့အားလုံးက ရှားလူမျိုးတွေပဲ။ အတွင်းပိုင်းမှာ ခေါင်းကွဲသွားရင်တောင် ပြဿနာမရှိပေမယ့် ပြင်ပရန်သူတစ်ယောက်ပေါ်လာရင် အတူတကွရပ်တည်ရလိမ့်မယ်။ မင်းနားလည်လား။”
“ဟုတ်ကဲ့ နားလည်ပါပြီ။”
ချင်ချင်းလုံက တုန့်ပြန်လိုက်သည်။
ထို့နောက် ယီထျန်းဂရုတွင် ပုန်းနေကြသော တလင်းထျန်းရှား၏အဖွဲ့ဝင်များသည် ၎င်းတို့၏အထောက်အထားများကို တိုက်ရိုက်ပင်ထုတ်ဖော်လိုက်ကြပြီး ပြောလိုက်ကြ၏။
“ကျုပ်တို့ လင်းအင်ပါယာက ယီရန်ပင်းသူဌေးရဲ့အစီအစဉ်မှာ အပြည့်အဝပူးပေါင်းဆောင်ရွက်ပြီး အနောက်ဘက်အရပ်မှာ အလတ်စားရွက်သင်္ဘောသုံးစင်းကို စီစဉ်ထားပြီးဖြစ်ပါတယ်။”
“တိလင်းထျန်းရှားက တကယ်ကို အလုပ်လုပ်ကောင်းလုပ်လုပ်ခဲ့တာပဲ။”
“တိလင်းထျန်းရှား ငါမင်းကို အရင်က နည်းနည်းအထင်သေးခဲ့ပေမယ့် ဒီကိစ္စမှာတော့ မင်းက ယောက်ျားပီသစွာ လုပ်ဆောင်ခဲ့တာပဲ။”
“လင်းအင်ပါယာက အရမ်းအစွမ်းထက်တယ်။ ရွှမ်းယွမ်ကလူတွေရော ဘယ်မှာလဲ။”
ရွှမ်းယွမ်ဝူဝေ့ကိုယ်တိုင်က ရှောင်းယီ၏အစီအစဉ်နှင့် မညှိနှိုင်းရန် အမိန့်ပေးထားသောကြောင့် သူ၏သူလျှိုများသည်လည်း သူ့တို့ကိုယ်သူတို့ဖော်ထုတ်ကာ လူအများ၏ကဲ့ရဲ့ခြင်းကိုခံရရန် ဖိတ်ခေါ်မည်မဟုတ်ပေ။
လူတိုင်းသည် အချိန်အကြာကြီး စောင့်ဆိုင်းနေသော်လည်း ရွှမ်းယွမ်၏အင်အားစုမှ မည်သူမျှ ထွက်ပေါ်လာပြီး ၎င်းတို့၏သဘောထားကို ထုတ်ဖော်ပြောဆိုခြင်းမရှိသဖြင့် သူတို့အားလုံး စတင်ကာ ကျိန်ဆဲကြတော့လေသည်။
“ယီးပဲ! ငါ ဒီနေ့မှပဲ ရွှမ်းယွမ်ကလူတွေက ရှုံ့တွနေတဲ့ လိပ်အိုကြီးတွေစုစည်းထားတယ်ဆိုတာ သိလိုက်ရတော့တယ်။”
“မင်းတို့ အခုမှ သေချင်ယောင်ဆောင်နေကြတာလား။ သူဌေးက ဂရုထဲမှာ ပစ္စည်းကောင်းတွေကို မျှဝေတဲ့အခါတုန်းကကျ မင်းတို့ ဘာလို့သေချင်ယောင်မဆောင်ခဲ့ကြတာလဲ။”
“ခွေးသားရွှမ်းယွမ်ဝူဝေ့! ငါ မင်းကို တစ်သက်လုံး အထင်သေးပြီး ကျိန်ဆဲမယ်ကွ!”
ရှောင်းယီ ခေါင်းခါလိုက်မိသည်။ ရွှမ်းယွမ်ဝူဝေ့သည် အမြင်ကျဉ်းလွန်းလှပြီး သူ့ကိုကယ်တင်ရန် နည်းလမ်းမရှိတော့ပေ။
“အနောက်ဘက်မှာရှိတဲ့ ဒေသခံတွေနားမှာ နေထိုင်ကြတဲ့ ချစ်ရတဲ့ကျေးဇူးရှင်များခင်ဗျား! ကျုပ်ရဲ့လက်ထဲတွင် အလတ်စားရွက်သင်္ဘောသုံးစီးရှိပါသေးတယ်။ အားလုံးကို ငှားရမ်းနိုင်ပြီး လူဦးရေများတဲ့ကျွန်းပေါ်က အသက်ရှင်သန်ကျန်ရစ်သူတွေကို ဦးစားပေးမှာပဲဖြစ်ပါတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“အစ်ကိုကြီး မင်းကအရမ်းကောင်းတာပဲ။ အစ်ကိုကြီးရဲ့သင်္ဘောသုံးစီးနဲ့ လင်းအင်ပါယာရဲ့သင်္ဘောသုံးစီးကိုပေါင်းလိုက်ရင် သင်္ဘောခြောက်စီးရှိသွားပြီ။”
“ဟုတ်တယ်...ငါက အနောက်ဘက်မှာရှိနေတာ။ မနေ့ကတိုက်ခိုက်ခံရတဲ့ကျွန်းကနေ သိပ်မဝေးဘူး။ ငါ့ကိုငှားလို့ရတယ်။ ငါ့ကျွန်းမှာ လူနှစ်ယောက်ရှိတယ်။ ငါ့ထက်ပိုများရင် သူ့အတွက် လက်လွှတ်ပေးလို့ရပါတယ်။”
“ကျုပ်ရဲ့ကျွန်းမှာ လူလေးယောက်ရှိတယ်။ ကျုပ်ကိုငှားပေးပါ။ ကျုပ်တို့က နည်းနည်းဝေးသေးတယ်ဆိုတော့ အခုပဲ စထွက်လိုက်ကြရအောင်။”
တစ်ချိန်တည်းမှာပင် လူများစွာသည် အလတ်စားရွက်သင်္ဘောကို ငှားရမ်းလိုသောဆန္ဒဖြင့် ရှောင်းယီနှင့် သီးသန့်ဆက်သွယ်လာခဲ့ကြ၏။
ရှောင်းယီသည် လူဦးရေပိုမိုများပြားသော ကျွန်းသုံးကျွန်းကို ရွေးချယ်ကာ ၎င်းတို့ကို ငှားရမ်းခဲ့သည်။
“အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ ဒေသခံတွေ နောက်ကျွန်းတစ်ကျွန်းကို ရောက်ဖို့ဆိုရင် အချိန်အနည်းငယ်တော့ကြာလိမ့်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“သူ့ရဲ့လမ်းကြောင်းကို အရင်ဆုံး လေ့လာပြီးမှ ဘယ်မှာဆုံကြမလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့။”
“အင်း မှန်တယ်...ငါတို့က ခေါင်းမရှိတဲ့ယင်ကောင်တွေလို ဟိုဟိုဒီဒီ ပြေးနေလို့မရဘူး။”
“နောက်ထပ်တိုက်ခိုက်ခံရမယ့်ကျွန်းက ကံဆိုးမိုးမှောင်ကျသွားမှာလား။”
“ငါတို့ ဘာမှမလုပ်နိုင်ဘူး။ ဘုရားသခင့်အလိုတော်အတိုင်းပဲ။”
“လူတိုင်း ပင်လယ်ထဲကို အမြဲဂရုစိုက်သင့်တယ်။ ဒေသခံသင်္ဘောလာနေတာကိုမြင်ရင် အစကတည်းကထွက်ပြေးပါ။ မှန်ပြောင်းရှိရင် ကျုပ်တို့ရဲ့ အနောက်ဘက်က ကျေးဇူးတင်ရှင်တွေကို ငှားရမ်းပေးလိုက်ကြပါဦး။”
ရှောင်းယီက ထပ်မံ၍သတိပေးလိုက်သည်။
“ဟုတ်တယ် ဒါကစိတ်ကူးကောင်းတစ်ခုပဲ။ မှန်ပြောင်းကိုသုံးပြီး အန္တရာယ်ကိုကြိုတင်ရှာဖွေပြီး ကြိုတင်သတိပေးကြ ကြိုတင်ထွက်ပြေးကြပါ။ သင်္ဘောက မြန်နေတယ်ဆိုရင်တောင် ခဏလောက်တော့ ဆိုင်းထားနိုင်သေးတယ်။”
“တိုက်ခိုက်ခံရမယ့် နောက်ထပ်ပစ်မှတ်ကို သိရင် ပြိုင်ဘက်ရဲ့ခရီးဆက်မယ့်လမ်းကို အကြမ်းဖျင်းဆုံးဖြတ်လို့ရတယ်။”
“မှန်ပြောင်းရှိရင် အမြန်ထုတ်ကြပါ။ ငါတို့ အားလုံးကို ကျေးဇူးတင်မှာပါ။”
တစ်ချိန်တည်းမှာပင် ဂရုထဲတွင် ငှားရမ်းထားသော မှန်ပြောင်းဆယ်ခုကျော် ပေါ်လာခဲ့လေသည်။
“မှန်ပြောင်းကို လက်ထဲမှာ အမြဲမကိုင်ထားပါနဲ့။ ၁၅ မိနစ်တစ်ကြိမ် စောင့်ကြည့်ပါ! တခြားလူတွေကိုလည်း မှန်ပြောင်းသုံးလို့ရအောင် လုပ်ပေးကြပါ။”
ရှောင်းယီက သတိပေးလိုက်၏။
“ဟုတ်ကဲ့!”
ဂရုထဲရှိ လူတိုင်းက တုန့်ပြန်လိုက်ကြသည်။
“ကျုပ် ဒီကနေ တပ်ဖွဲ့တစ်ဖွဲ့ကို ထောက်ပံ့ပေးမယ်။ အပျော်စီးရွက်သင်္ဘောရဲ့ ခရီးသည်တင်လုပ်ငန်းကိုလည်း ခေတ္တရပ်နားမယ်။”
ရှောင်းယီက နောက်ဆုံးအနေနှင့် ပြောလိုက်လေသည်။
အခန်း ၃၆၉
ရှောင်းယီ၏စကားကိုကြားလိုက်ရသော ဂရုသည် ပျော်ရွှင်သောအားမာန်များဖြင့် ပြန်လည်ရှင်သန်လာခဲ့သည်။
“သူဌေးက ဒီကိုကိုယ်တိုင်လာမှာလား။”
“ဒါ အရမ်းကောင်းတယ်။”
“သူဌေးက သူကိုယ်တိုင်လာမယ်လို့ မပြောခဲ့ပါဘူး။ တပ်ဖွဲ့တစ်ဖွဲ့ကို ထောက်ပံ့ပေးမယ်လို့ပဲ ပြောတာ။”
“ဟုတ်တယ် သူဌေးမှာ အခြားအရာတွေ အများကြီးရှိသင့်တယ်။”
“သူဌေးက အနောက်ဘက်မှာ လက်အောက်ငယ်သားတွေ မရှိဘူးဆိုတာ သိသာနေတာပဲ။ အခုဆိုရင် သူက လက်တွေ့ကူညီနေပြီ။ အနောက်ဘက်ကို အမြန်ဆုံးရောက်လာနိုင်အောင် အပျော်စီးရွက်သင်္ဘောရဲ့ ခရီးသည်တင်လုပ်ငန်းကိုတောင် ရပ်လိုက်တာ။ ဒါက အရမ်းကောင်းတဲ့အရာပဲ။ ရွှမ်းယွမ်လိပ်တွေ မင်းတို့မြန်မြန်ကြည့်လိုက်ကြစမ်းပါ။”
“အပေါလကလူ မင်းဖျားနေတာလား။ ဘာလို့ ရွှမ်းယွမ်လိပ်ကို သူဌေးနဲ့လာယှဉ်နေတာလဲ။ သူက မတန်ဘူးကွ။”
“ဟုတ်တယ် နှိုင်းယှဉ်စရာကိုမရှိဘူး။”
“ငါမှားပါတယ်။ ဒီလိပ်ကို သူဌေးနဲ့ နှိုင်းယှဉ်တာမဟုတ်ပါဘူး။”
ဂရုထဲရှိ လူများက ရွှမ်းယွမ်ဝူဝေ့၏ လုပ်ရပ်များကို စတင်ရှုတ်ချပြန်၏။
ရှောင်းယီ အချိန်ကိုကြည့်လိုက်ပြီးနောက် ထရပ်ကာ ကမ်းခြေဆီသို့ လမ်းလျှောက်သွားလိုက်သည်။
သေမင်းနတ်ဘုရားက ကျွန်းဆီသို့ ရောက်လာနေပြီဖြစ်သည်။
ခဏအကြာတွင် အပျော်စီးရွက်သင်္ဘောသည် ရှောင်းယီ၏မျက်စိအတွင်း၌ ထွက်ပေါ်လာခဲ့သည်။
အပျော်စီးရွက်သင်္ဘောသည် အလိုအလျောက်ထိန်းချုပ်ထားသောကြောင့် ၎င်းသည် ဆိပ်ကမ်းသို့ရွက်လွှင့်လာပြီးနောက် အလိုအလျောက်ရပ်တန့်သွားခဲ့လေသည်။
သင်္ဘောပေါ်တွင်ရှိနေကြသော သေမင်းနတ်ဘုရားတို့သုံးယောက်မှာမူ လုံးဝအံ့အားသင့်သွားခဲ့ကြပေသည်။
ပထမဦးစွာ ရှောင်းယီ၏ကျွန်းသည် အဓိပ္ပါယ်မရှိလောက်အောင်ပင် ကြီးမားလှသည်။
သေမင်းနတ်ဘုရားသည် သူ၏ကျွန်းမှာ လုံလောက်ပြီဟု ထင်ထားခဲ့သော်လည်း ရှောင်းယီနှင့်ယှဉ်လိုက်လျှင်မူ ဘာမှမဟုတ်တော့ပေ။
ရှောင်းယီသည် ရောင်းဋယ်ဖောက်ကားမှုများကို အုတ်မြစ်ကျောက်များနှင့် လဲလှယ်သည်ကို လူတိုင်းသိထားကြသော်လည်း ကျွန်း၏အစစ်အမှန်ဧရိယာကို မြင်လိုက်ရသည့်အခါ သူတို့၏မျက်လုံးများမှာ ထိတ်လန့်အံ့အားသင့်နေရဆဲပင်။
ယွမ်နွန်လူအနည်းငယ်မှလွဲ၍ အခြားမည်သူမျှ နှစ်ဆအကျိုးသက်ရောက်မှုကို မသိရှိထားကြပေ။
ယွမ်နွန်တို့သည် ဤကိစ္စ၏အရေးပါမှုကို သဘောပေါက်ထားကြပြီးဖြစ်၏။ သူတို့သည် ဤလျှို့ဝှက်ချက်ကို စွဲကိုင်ထားကာ ၎င်းတို့၏ဝမ်းထဲတွင်သာ ပုပ်သိုးသွားစေမည်ဖြစ်သည်။
ဒုတိယအနေဖြင့် ကမ်းခြေပေါ်ရှိ အဆောက်အဦများဖြစ်ပေသည်။ အပျော်စီးရွက်သင်္ဘောသည် ဆိပ်ကမ်းသို့ တိုက်ရိုက်ရွက်လွှင့်သွားသောကြောင့် အနီးအနားရှိ အပန်းဖြေစခန်းများကိုလည်း သူတို့မြင်တွေ့ခဲ့ကြရ၏။
“လောင်တ ဒါက အသက်ရှင်သန်ကျန်ရစ်သူတွေအတွက် ကျွန်းတစ်ကျွန်းဆိုတာ သေချာရဲ့လား။”
“ဒီကမ္ဘာက ယခင်ကလိုပဲလို့ ခံစားရတယ်။”
သေမင်းနတ်ဘုရားက ခေါင်းခါလိုက်သည်။
“ငါ့ကိုမမေးနဲ့။ ငါလည်း ခုမှရောက်တာ။ သူဌေးက ငါတို့မျှော်လင့်ထားတာထက် ပိုပြီးအံ့ဩဖို့ကောင်းတယ်။”
ကျန်နှစ်ယောက်သည်လည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်မိလိုက်ကြသည်။
ရှောင်းယီသည် ခရီးသည်များဆင်းသည့်ဆိပ်ကမ်းတွင် ရပ်နေပြီး ပြုံးကာ ပြောလိုက်၏။
“ငါတို့ရဲ့ကျွန်းကနေ ကြိုဆိုပါတယ်။”
“သူဌေးက အရမ်းငယ်သေးတာပဲ!”
ညီငယ်တစ်ယောက်က ပြောလိုက်ပြီးနောက် မတတ်သာ သက်ပြင်းချလိုက်မိသည်။
ရှောင်းယီက ပြုံးရယ်ကာ ၎င်းတို့အား အနောက်မှလိုက်လာရန် အချက်ပြလိုက်ပြီး ပပန်းဖြေစခန်းဆီသို့ လမ်းလျှောက်သွားလိုက်သည်။
ဘားအလွတ်ထဲသို့ရောက်လာသောအခါ ရှောင်းယီက ဒူခန်းကို ပြောလိုက်၏။
“ဒူခန်း ဘီယာသုံးဘူးယူခဲ့။”
“အိုကေ!”
ဒူခန်းက ပြန်ဖြေလိုက်သည်။
“ဘီယာအသစ်ထွက်ထားတယ်။ စမ်းကြည့်ချင်လား။”
“ဒါပေါ့ကွ! ဒီဘီယာက မပြည့်စုံသေးဘူးလို့ မင်းကိုယ်တိုင်ပြောခဲ့တာပဲလေ။ ဆိုတော့ ဒါက ပြီးပြည့်စုံတဲ့ဘီယာလို့ ဆိုရမှာပဲ။”
ရှောင်းယီက ပြုံးရယ်ကာ ပြန်ဖြေလိုက်သည်။
“ခဏစောင့်ဦး။”
ဒူခန်းက တုန့်ပြန်လိုက်၏။
ထို့နောက် သူသည် ခွက်တစ်ခုကို C-အဆင့် ဘီယာပုံးထဲထည့်ကာ ရှောင်းယီထံပို့လိုက်၏။ သာမန်ဘီယာပုံးထဲသို့ ခွက်သုံးခုထည့်ကာ သေမင်းနတ်ဘုရားနှင့် အခြားသူများထံ ပေးလိုက်သည်။
ယွမ်နွန်သည် သာမန်ဂျုံအချို့ကိုလည်း စိုက်ပျိုးထားခဲ့ပြီး ကုန်ပစ္စည်းများလက်ခံရရှိပြီးနောက် ဒူခန်းထံသို့ ပေးအပ်ခဲ့ကာ လူအများသောက်သုံးရန်အတွက် သာမန်ဘီယာများကို ချက်လုပ်စေခဲ့သည်။
“မင်းကိုကူညီဖို့ တစ်ယောက်လောက်ရှာလိုက်။ အရာရာတိုင်းကို မင်းကိုယ်တိုင်လုပ်နေရရင် နည်းနည်းအလုပ်ရှုပ်တယ်။”
ရှောင်းယီက ဒူခန်း ဟိုဟိုဒီဒီပြေးလွှားနေသည်ကို ကြည့်ပြီး ပြောလိုက်သည်။ ဒူခန်းက ပြုံးရယ်လိုက်၏။
“အခုလည်း အဆင်ပြေပါတယ်။ ပုံမှန်အတိုင်းဆိုရင် လူအများကြီးမရှိဘူးဆိုတော့ ကျုပ်ကိုယ်တိုင်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အနာဂတ်မှာ ကျုပ်တို့ရဲ့နေရာကို အမှန်တကယ် ဖွင့်လှစ်လိုက်ပြီးဆိုရင်တော့ ကျုပ်တို့ လူတွေငှားရတော့မှာပေါ့။ တစ်ယောက်၊ နှစ်ယောက်ဆိုရင်တောင် မလုံလောက်နိုင်တော့ဘူး။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“အင်း ဖူရှီလည်း မကြာခင်မှာ ပြန်ရောက်လာလိမ့်မယ်။ သူပြန်လာရင် ဒေသခံတွေ အများကြီးခေါ်လာဦးမှာ။ သူတို့ကို လေ့ကျင့်ပေးပြီးရင် သူတို့ထဲက ဉာဏ်ကောင်းတဲ့သူတွေကို ရွေးချယ်နိုင်တယ်။”
“ဟုတ်ကဲ့!”
ဒူခန်းက တုန့်ပြန်လိုက်ပြီး ဘားကောင်တာဆီသို့ ပြန်သွားလိုက်သည်။
ယခုသူသည် ဘားကို တစ်ယောက်တည်းကြည့်ရှုရန် လိုအပ်ပြီး ဝိုင်ချက်နည်းကို လေ့လာရန် လိုအပ်နေသည်။ ဤအရာသည် အမှန်တကယ်ပင် ရှုပ်ထွေးလှ၏။
သေမင်းနတ်ဘုရားတို့သုံးယောက်သည် သူတို့ရှေ့ကဖန်ခွက်ထဲရှိ ဘီယာများကို ကြည့်ရင်း အချိန်ခဏကြာအောင် စိတ်ရှုပ်ထွေးသွားခဲ့သည်။
ရှောင်းယီ ခွက်ကိုကောက်ယူကာ အနည်းငယ်သောက်လိုက်ပြီးနောက် သူတို့ကိုပြောလိုက်၏။
“စမ်းကြည့်ကြည့်! ဒါကအသစ်ထပ်ချက်ထားတာ။ ခွက်ကိုလည်း သန့်စင်ပြီး ပိုးသတ်ထားတယ်။ စိတ်မပူပါနဲ့။”
“ကျုပ်တို့ ခွက်မသန့်ရှင်းမှာကို စိတ်ပူနေတာမဟုတ်ပါဘူး။ ဒီဟာကို မမြင်ရတော့တာ တစ်လကျော်ကြာနေပြီဆိုတော့ လုံးဝမမှတ်မိချင်တော့ဘူး။”
သေမင်းနတ်ဘုရားက ခါးသက်သက်ပြုံးကာ ပြန်ဖြေလိုက်သည်။ ပြောပြီးသည်နှင့် သူတို့သုံးယောက်စလုံး အနည်းငယ်သောက်ကြပြီး စိတ်ကျေနပ်သွားခဲ့ကြသည်။
“မင်းတို့အကုန်လုံး မူးယစ်ဆေးစွဲနေတဲ့သူတွေကျနေတာပဲ။”
ရှောင်းယီက သူတို့၏အမူအရာကို ကြည့်ပြီးပြောလိုက်သည်။
“ဒီဘီယာက အရမ်းစစ်မှန်တယ်။ ဘီယာချက်သူကလည်း ပရော်ဖက်ရှင်နယ်ပဲ။”
“ဟုတ်တယ်...အရင်က ကျုပ်တို့ညီအစ်ကိုတွေနဲ့ ခဏခဏသောက်ဖူးတယ်။ အခုတော့ ညီအစ်ကိုတွေလည်း မရှိကြတော့ပါဘူး။”
သူ၏ညီငယ်နှစ်ဦး အနည်းငယ်စိတ်ဓာတ်ကျနေသည်ကိုမြင်သော သေမင်းနတ်ဘုရားက ပြောလိုက်၏။
“ဒါတို မင်းတို့ကောင်းကောင်းအသက်ရှင်ပြီး ငါတို့ရဲ့ညီအစ်ကိုမောင်နှမတွေအတွက် ကလဲ့စားချေရမယ်။”
သူတို့နှစ်ယောက်လုံး ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်ကြသည်။
“သူဌေး ကျုပ်တို့ဘယ်တော့စထွက်မှာလဲ။”
သေမင်းနတ်ဘုရားက မေးလိုက်သည်။
“မင်း ပြန်သွားပြီး ဒေသခံတွေကို ရပ်တန့်ချင်တာ သေချာပြီလား။”
သေမင်းနတ်ဘုရားက ခေါင်းညိတ်လိုက်၏။
“သူတို့ကို မတားဆီးရင် ကျုပ်ရင်ထဲမှာ အသက်ရှုကြပ်သလို ခံစားရတယ်။”
“ကောင်းပြီလေ အပျော်စီးသင်္ဘောက စွမ်းအင်ပြည့်သွားရင် ငါလည်း လူတစ်ချို့ကိုတာဝန်ခွဲပေးပြီး မင်းနဲ့အတူထည့်ပေးလိုက်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“အရင်ဆုံး စာချုပ်ချုပ်ကြတာပေါ့။”
“ကောင်းပြီ!”
သေမင်းနတ်ဘုရားက တုန့်ပြန်လိုက်သည်။
ဘီယာသောက်ပြီးနောက် သူတို့လေးယောက်သည် ဆိပ်ကမ်းဆီသို့ ပြန်လျှောက်သွားခဲ့ကြ၏။ ရှောင်းယီသည် လှေပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုပြီး သေမင်းနတ်ဘုရားနှင့် အောင်မြင်စွာ စာချုပ်ချုပ်ဆိုခဲ့သည်။
“မင်းနာမည်က တကယ်ကို ပိုင်ချီပဲ။”
ရှောင်းယီက အံ့အားသင့်စွာပြောလိုက်သည်။ သေမင်းနတ်ဘုရားက ခေါင်းညိတ်လိုက်၏။
“ကျုပ်ရဲ့နာမည်အမှန်က ပိုင်ချီပဲ။ အဲ့ဒါကြောင့် ဒီ အိုင်ဒီကိုရခဲ့တာ။”
သေမင်းနတ်ဘုရားက ပြန်ဖြေလိုက်သည်။
“ဒီမတိုင်ခင်က မင်းဘာလုပ်ခဲ့တာလဲ။”
ရှောင်းယီက မေးလိုက်၏။
“ရွာထဲမှာ မုဆိုးလုပ်တယ်။”
ပိုင်ချီက ပြန်ဖြေလိုက်သည်။
“အင်း မင်း သူတို့နှစ်ယောက်ကို ကျွန်းရဲ့အနောက်ဘက်ကို ခေါ်သွားလိုက်။ အဲ့ဒီမှာ ကျောက်တုံးအိမ်အလုံးသုံးဆယ်ရှိတယ်။ မင်းတို့ကိုယ်တိုင် ခွဲဝေလို့ရတယ်။ အနာဂတ်မှာ မင်းတို့ဆီကို အခြားလူတွေချိတ်ဆက်လာနိုင်သေးတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“တခြားလားရာတွေမှာလည်း ဒီလိုရွာလေးတွေရှိသေးတာလား။”
ပိုင်ချီက မေးလိုက်၏။
“ဟုတ်တယ်... အရှေ့၊ အနောက်၊ တောင်၊ မြောက်မှာ တစ်ခုစီရှိတယ်။ ဒီဆိပ်ကမ်းကို အပိုရွာတစ်ရွာအဖြစ် မှတ်ယူနိုင်တယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကျွန်းပေါ်မှာ ဒေသခံတွေရှိတယ်။ သူတို့ကို ကိုယ့်လူတွေလို့ မှတ်ယူနိုင်တယ်။ မင်းတို့ မထိသင့်တဲ့ သားရဲအနည်းငယ်လည်းရှိသေးတယ်။ အဲ့ဒါက ကျေးလက်ခွေး၊ ကျား၊ ဝက်ဝံ၊ ရွှေဂဠုန်နှစ်ကောင်နဲ့ နဂါးတစ်ကောင်ပဲ။”
ဤနေရာတွင် ကျေးလက်ခွေးများကို လူများက ကျွေးမွေးထားနိုင်ပေသည်။ သို့သော် ကျားနှင့် ဝက်ဝံများသည် ယခုအချိန်တွက် သူတို့၏ခုခံမှုကို မခံနိုင်သေးသည့် အရာများဖြစ်ပေသည်။ ကောင်းကင်ထက်က ရွှေဂဠုန်ကိုလည်း လိုက်မမီနိုင်ပေ။
နောက်ဆုံးနဂါးကသာ သူတို့ကို ရှုပ်ထွေးစေခဲ့သည်။
“သူဌေး ခင်ဗျားပြောတဲ့နဂါးဆိုတာက ဖွတ်ပုတက်ကိုပြောတာလား။”
ပိုင်ချီက မသေချာမရေရာဟန်ဖြင့် မေးလိုက်သည်။
သူ့စကားကြားသောအခါ ရှောင်းယီက ပြုံးရယ်ကာ လက်ခုပ်တီးကာ ပင်လယ်ထဲသို့ အော်ခေါ်လိုက်၏။
“ချင်းလုံ ထွက်လာပြီး မင်းရဲ့လူတွေနဲ့တွေ့ဆုံလိုက်ပါဦး။”
ခဏအကြာတွင် ဗွမ်းခနဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
နဂါးတစ်ကောင်၏ဦးခေါင်းသည် ပင်လယ်ထဲမှ ထွက်ပေါ်လာပြီး ပိုင်ချီ အခြားသူများကို မထူးမခြားနားစွာ စိုက်ကြည့်နေခဲ့၏။
ပိုင်ချီတို့သည် ချက်ချင်းပင် ကျောက်ဖြစ်ရုပ်ကြွင်းများဖြစ်သွားခဲ့ကြသည်။
သူတို့ကို တစ်ချက်ကြည့်ပြီးနောက် ချင်းလုံသည် ရေထဲသို့ ပြန်လည်ငုပ်လျှိုးသွားခဲ့လေသည်။ ယခုအခါ ရှောင်းယီ၏ကျွန်းပေါ်ရှိ လူဦးရေမှာ တိုးပွားလာနေခဲ့သည်။
အရင်က ကျူးချန်းကလန်သားများထဲမှ တစ်ဝက်ကျော်သည် ကမ်းခြေတွင်နေထိုင်ခဲ့၏။ ထို့ကြောင့် အခုအခါ ကျွန်း၏အုတ်မြစ်ကျောက်ကို မကြာခဏတိုက်ခိုက်ခြင်းခံနေရပြီး ချင်းလုံသည်လည်း အလုပ်ရှုပ်နေခဲ့သည်။
“သူဌေး ခုနကဟာက အစစ်အမှန်နဂါးလား။”
လူတစ်ယောက်က ထိတ်လန့်တုန်လှုပ်နေပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ ရှောင်းယီ ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တယ် အခုငါတို့ကျွန်းပေါ်က လူတွေအားလုံးက ပင်လယ်သတ္တဝါတွေရဲ့တိုက်ခိုက်မှုတွေကို ခုခံဖို့ သူ့ကိုအားကိုးနေရတယ်။ သူ့ကို ငါတို့ရဲ့အစောင့်အရှောက်သားရဲလို့ မှတ်ယူနိုင်တယ်။”