အခန်း (၃၇၀-၃၇၂)
Vol. 25 Ch. 370-372
အခန်း ၃၇၀
“ငါတို့ရဲ့ ရှားနိုင်ငံကို နဂါးမျိုးနွယ်ဝင်တွေလို့ခေါ်ဆိုကြတယ်။ သူဌေးက ကျွန်းကိုကာကွယ်ဖို့ နဂါးတစ်ကောင်ကိုတောင် ရှာတွေ့သွားပြီ။ သူဆဌးဆီမှာ ခိုလှုံလိုက်တာက တကယ့်ကို မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ!”
အခြားညီငယ်တစ်ဦးက ပြောလိုက်သည်။ ပိုင်ချီသည်လည်း ခေါင်းညိတ်လိုက်ပြီး သူ့ကိုယ်သူလှောင်ပြောင်လိုက်မိ၏။
“အမှန်အတိုင်းပြောရင် ကျုပ်ခိုလှုံမယ်လို့ အရင်ကပြောခဲ့ပေမယ့် နည်းနည်းမကျေမနပ်ဖြစ်နေခဲ့သေးတယ်။ ခင်ဗျားသာ ကျုပ်ကို အဖွဲ့တစ်ဖွဲ့ပေးရင် ခင်ဗျားနောက်ကို အမီလိုက်နိုင်လိမ့်မယ်လို့ အမြဲခံစားခဲ့ရတယ်။ ဒါပေမယ့် အခုတော့ ကျုပ်မှားနေတာကို သိလိုက်ရပြီး။ အရမ်းကို မှားယွင်းနေခဲ့တာပဲ။”
ထိုအခါ ရှောင်းယီက သူ့ပခုံးကိုပုတ်ပြီး ပြောလိုက်သည်။
“ငါက ကံကောင်းရုံပါပဲ။ မင်းသား အနာဂတ်မှာ သေချာကြိုးစားမယ်ဆိုရင် ကျွန်းက ကောင်းကောင်းဖွံ့ဖြိုးလာပြီး မင်းရဲ့ဘဝကလည်း မကြာခင်မှာ ပြန်ပြီးကောင်းမွန်လာလိမ့်မယ်။”
“အင်း ကျုပ် ခင်ဗျားကိုယုံပါတယ်။”
ပိုင်ချီက ပြန်ဖြေလိုက်၏။
ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် သူတို့နားသို့ ရောက်လာပြီး ရှောင်းယီကို ပြောလိုက်သည်။
“ရှောင်းယီ အပျော်စီးသင်္ဘောအားပြည့်သွားပြီ။ ဘယ်တော့ထွက်မလဲ။”
“အဲ့လောက်တောင်မြန်တယ်လား။”
ပိုင်ချီ တုန်လှုပ်သွားခဲ့သည်။
ငါ ယီထျန်းဂရုထဲမှာ ခရီးသည်တင်လုပ်ငန်းလုပ်တုန်းက အပျော်စီးသင်္ဘောကို တစ်ညလုံး အားသွင်းဖို့လိုတယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ အခုတော့ တစ်နာရီအတွင်းမှာတင် အားပြည့်သွားပြီလား။
ရှောင်းယီသည် သူ၏သံသယများကို မြင်သွားပုံရပြီး ပြုံးရယ်ကာပြောလိုက်သည်။
“လူတိုင်းက ညဘက်မှာ အနားယူဖို့ လိုအပ်တယ်လေ။ ခရီးသည်တင်လုပ်ငန်းကို စောင့်ကြည့်ရတာက ပျင်းစရာကောင်းတယ်။”
ပိုင်ချီ လုံးဝဆွံ့အသွား၏။ လူများအား အနားယူခွင့်ပေးရန်အတွက် တစ်ညလုံးစာအတွက် စီးပွားရေးကို စွန့်လွှတ်လိုက်၏။
ဒါက အရမ်းတစ်ဇွတ်ထိုးနိုင်လွန်းတယ်။
တစ်ချိန်တည်းမှာပင် ရှောင်းယီနောက်ဟို့ လိုက်ရန်ရွေးချယ်ခဲ့ခြင်းမှာ အင်မတန်မှန်ကန်သည့်ရွေးချယ်မှုဖြစ်သည်ဟု သူခံစားမိလိုက်သည်။
မင်းရဲ့လက်အောက်ငယ်သားတွေကို ဘာဘက်မှာ အနားယူဖို့ ခွင့်မပြုပေးဘူးတိုရင် အခြားအခြေအနေတွေလည်း ဆိုးရွားသွားနိုင်တယ်မဟုတ်ဘူးလား။
ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
“ဖူရှီကိုလည်း ဒေသခံအယောက် ၅၀ ခေါ်ပြီး ငါတို့နဲ့အတူ ထွက်ခွာခိုင်းလိုက်ပါ။”
ဖူရှီသည် မြောက်ဘက်မှ စီးနင်းဝင်ရောက်လာမည်ဖြစ်သည်။ သူ၏ဖော်ပြချက်အရ သူ၏ကျွန်းသည် ရှောင်းယီ၏ အနောက်မြောက်ဘက်တွင် ရှိသင့်သည်။
ဤတစ်ကြိမ်တွင် သူသည် ဖူရှီကို အနောက်ဘက်သို့ ခေါ်ဆောင်သွားပြီး သူ၏ကိုယ်ပိုင်ကျွန်းသို့ ပြန်သွားရန် လမ်းညွှန်ကျောက်ကို အသုံးပြု၍ အကွာအဝေးအနည်းငယ် ရယူနိုင်မည်ဟု မျှော်လင့်နေခဲ့သည်။
“ဝမ်ချိုင် တပိုင်နဲ့ခွန်ယီဆီကိုသွားပြီး ငါတို့နဲ့အတူလိုက်လာဖို့ပြောလိုက်။”
ရှောင်းယီက ပြောလိုက်သည်။
“ဝု! ဝု!”
ဝမ်ချိုင်က နှစ်ခါဟောင်ကာ တုန့်ပြန်ပြီး တောအုပ်ဆီပြေးသွားခဲ့သည်။
‘ဒီဟာရဲ့စိတ်ဝိဉာည်က အရမ်းအားကောင်းတာပဲ။’
ပိုင်ချီ သူ့ဘာသာတွေးလိုက်မိသည်။
ခဏအကြာတွင် ဝမ်ချိုင်သည် တပိုင်၊ခွန်းယွီတို့နှင့်အတူ တောအုပ်ထဲမှ ပြန်ထွက်လာခဲ့သည်။
ပိုင်ချီသည် ပိုလာဝက်ဝံဖြူနှင့် ဧရာမဂဠုန်ငှက်ကြီးကို မြင်လိုက်ရသောအခါ သူ၏လက်ထဲရှိ ဒူးလေးကိုပင် ပစ်ခတ်မိလုနီးပါးဖြစ်သွားခဲ့လေသည်။
“ဒါတွေက ငါအရင်ကပြောခဲ့တဲ့ သားရဲတွေပဲ၊ ကျွန်းပေါ်မှာဆိုရင် သူတို့မထိပါ။ သူတို့အားလုံးက ငါတို့ရဲ့ အစောင့်အရှောက်သားရဲတွေပဲ။”
ရှောင်းယီက မိတ်ဆက်ပေးလိုက်သည်။
ပိုင်ချီသည် ဝက်ဝံနှင့် ရွှေဂဠုန်ကို ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ကြည့်ရှုနေခဲ့ပြီး လှုပ်ရှားရန်ပင် ဝန်လေးနေခဲ့သည်။
“ကောင်းပြီ အခြတော့ ဒီအတိုင်းပဲ လုပ်ရမယ်။ ထွက်ခွာဖို့ပြင်ဆင်ကြရအောင်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့!”
လူတိုင်းက တုန့်ပြန်လိုက်ကြ၏။
“လက်နက်တွေလိုတဲ့အခါ ပို့ပေးဖို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာ လူတစ်ယောက်ကို တာဝန်ပေးထားလိုက်!”
ရှောင်းယီက ဝေါ်ကီတော်ကီဖြင့် ပြောလိုက်သည်။
“ကောင်းပြီ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာ ငါစောင့်ကြည့်နေမယ်။”
ဆုဝမ်က တုန့်ပြန်လိုက်၏။
ရှောင်းယီတို့အဖွဲ့သည် စုစုပေါင်း ၅၆ ယောက်ရှိပြီး အပျော်စီးရွက်သင်္ဘောတစ်စီးလုံးနီးပါး ပြည့်သွားခဲ့လေသည်။
“အားလုံးပဲ အရင်ဆုံးတော့ သည်းခံထားကြပါဦး။ နေရာကိုရောက်ရင် လှေကြီးတစ်စီးနဲ့ ချိန်းပေးမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့!”
လူတိုင်းက တုန့်ပြန်လိုက်ကြ၏။
“သွားမယ်!”
ရှောင်းယီ အမိန့်ပေးလိုက်သည်။ ထို့နောက် အပျော်စီးရွက်သင်္ဘောသည် နောက်တစ်ဖန် အရှိန်မြှင့်တင်ကာ ထွက်ခွာသွားတော့သည်။
“ချူရှန်း ဂရုထဲက သတင်းတွေကို မင်းမြင်လား။”
ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာ ချူရှန်းနှင့် သီးသန့်ဆက်သွယ်လိုက်သည်။
“ငါတို့ ပန်းတိုင်ကိုရောက်ရင် လှေကြီးတစ်စီး လိုအပ်လိမ့်မယ်။”
“နားလည်ပြီ ခင်ဗျားအခု အလတ်စားရွက်သင်္ဘောနဲ့ ချိန်းလို့ရတယ်။”
ချူရှန်းက တုန့်ပြန်လိုက်သည်။
“မင်းတို့ကောင်တွေ အရင်ပြေးထားနှင့်လိုက်ပါ။ ငါတို့ ဒါဟာနဲ့ ၁၀ နာရီကျော်လောက်သုံးရဦးမယ်။ အခု အလျင်မလိုသေးဘူး။”
ရှောင်းယီက ပြန်ဖြေသည်။
“ကောင်းပြီ လိုအပ်ရင် ကျုပ်ဆီလာခဲ့ပါ!”
ချူရှန်းက ပြောလိုက်၏။ လူတိုင်းသည် နေ့လယ်စာနှင့် ညစာကို သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေလျက်ဖြင့် စားသုံးခဲ့ကြရသည်။ ဤကာလအတွင်း ဒေသခံများသည် အသက်ရှင်သန်ကျန်ရစ်သူများ၏ကျွန်းကို တိုက်ခိုက်သည့်သတင်းအား မည်သူမျှ မစောင့်ဆိုင်းခဲ့ရပေ။
“ဒီနောက်ပိုင်းမှာ ဒေသခံတွေ မတိုက်ခိုက်တော့ဘူးမဟုတ်လား”
ပိုင်ချီက မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။ ရှောင်းယီ ခေါင်းခါကု ပြောလိုက်သည်။
“ဒီကမ္ဘာရဲ့စည်းမျဉ်းတွေအရ ဒေသခံတွေက ငါတို့ကို တစ်နေ့လုံးတိုက်ခိုက်နေကြတယ်။ အခုဆိုရင် သူတို့အတွက် အကျိုးရှိတယ်ဆိုကို သိလာပြီဆိုတော့ ဘယ်လိုလုပ်လက်လျှော့နိုင်မှာလဲ။”
ပိုင်ချီက ခေါင်းညိတ်လိုက်သည်။
“သူတို့လာနေပြီ!”
ကျန်းယွင်ချန်းက ရုတ်တရက်ပြောလိုက်၏။ ရှောင်းယီတို့နှစ်ယောက်သည်လည်း ယီထျန်းဂရုထဲကို ကြည့်လိုက်ကြသည်။
“သင်္ဘောကြီးတစ်စီးကို ငါမြင်နေရတယ်။ သူတို့ ငါ့ဆီကိုလာနေကြပြီး။ ဒီကနေ ၁၀ ကီလိုမီတာလောက်ဝေးတယ်။”
တစ်စုံတစ်ယောက်က ပြောလိုက်၏။
“အဲ့ဒါက မင်းနဲ့ဒီလောက်နီးနေတာကို မင်းဘာလို့သတိမထားမိရတာလဲ။”
“မင်းဘာတွေစားနေတာလဲကွ!”
“ဒီလိုဆိုရင် မင်းထွက်ပြေးလို့မလွတ်မှာကိုတောင် ငါကြောက်မိတယ်။”
ထိုအကြောင်းကိုတွေ့သောအခါ ရှောင်းယီက ချက်ချင်းပင် ဝင်ပြောလိုက်သည်။
“ယခုညနေရောက်နေပြီဆိုတော့ အမှောင်ထုက မြင်ကွင်းကို ပိတ်ဆို့ထားတယ်။ စောင့်ကြည့်ပြီး ခွဲခြားနိုင်ဖို့ဆိုတာ ခက်ခဲတယ်။ ၁၀ ကီလိုမီတာလောက် ကြိုတင်သိထားတာကတင် ကောင်းနေပါပြီ။ မင်းရဲ့ကိုဩဒိနိတ်များကို မျှဝေပေးပါ။ ပြီးရင် ကျွန်းကိုစွန့်ခွာပြီး အရှေ့ဘက်ကို ထွက်ပြေးတော့။”
“ဟုတ်တယ်...သူဌေးပြောတာအမှန်ပဲ။ သူဌေးပြောတဲ့အတိုင်း အမြန်လုပ်တော့။”
ထိုအခါ ထိုလူသည် ချက်ချင်းပင် သူ၏တည်နေရာကို မျှဝေလိုက်၏။
ရှောင်းယီသည် ထိုလူ၏တည်နေရာကို ကြည့်ရှုပြီးနောက် သူသည် အနောက်ဘက်ဒေသတွင်ရှိနေဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအရာသည် သူ၏ယခင်က ကောက်ချက်မှာ ၉၉ ရာခိုင်နှုန်း မှန်ကန်ကြောင်း ဖော်ပြနေပေသည်။
“လူတိုင်းပဲ အဲ့ဒီတည်နေရာကို မောင်းကြ။ အဲ့ဒီမှာပဲ စုကြမယ်။ တိုက်ခိုက်ခံရတဲ့ အသက်ရှင်သန်ကျန်ရစ်သူကလည်း အဲ့ဒီကိုထွက်ပြေးပါ။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
ပန်းတိုင်ရှိသွားသောအခါ ဒေသခံများကို ရပ်တန့်ရန် အဆင်သင့်ဖြစ်နေသော အသက်ရှင်သန်ကျန်ရစ်သူအားလုံးသည် ၎င်းတို့၏ရွက်သင်္ဘောများကို စတင်မောင်းနှင်ကာ ၎င်းတို့၏ပန်းတိုင်ဆီသို့ ဦးတည်သွားကြတော့သည်။
ရှောင်းယီသည် တိုက်ခိုက်ခံရသောကျွန်းနှင့် အနီးဆုံးလမ်းကြောင်းကို စီစဉ်ပေးခဲ့ပြီး မလှုပ်ရှားခင် ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုမှ လူတိုင်းကို လုံခြုံမှုရှိစေရန် သေချာစေခဲ့သည်။
အပျော်စီးရွက်သင်္ဘောသည် အမြန်ဆုံးဖြစ်ပြီး ရှောင်းယီတို့အဖွဲ့သည် ၎င်းတို့၏ပန်းတိုင်သို့ မြန်မြန်ဆန်ဆန်ပင် ရောက်ရှိလာခဲ့ကြသည်။
“ဆုဝမ် အလတ်စားရွက်သင်္ဘောကို ချူရှန်းဆီကို အရင်ပေးလိုက်။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့!”
ဆုဝမ်သည် ရှောင်းယီ၏တောင်းဆိုချက်အတိုင်း လဲလှယ်မှုပြီးဆုံးသွားပြီးနောက် ရှောင်းယီသည် ချူရှန်းအား ရွက်သင်္ဘောကြီးတစ်စီး ပို့ပေးရန် ချက်ချင်းပင် တောင်းဆိုလိုက်သည်။
ရွက်သင်္ဘောကြီးရရှိပြီးနောက် ရှောင်းယီသည် ၎င်းပေါ်ရှိ ပူပြင်းသည့်စွမ်းအားများကို စတင်စီစဉ်လိုက်သည်။ ထို့နောက် လောက်လေးခွစင်များ၊ ဒူးလေးကြီးများနှင့် အခြားလက်နက်များကို သယ်ဆောင်ကာ သင်္ဘောကုန်းပတ်ပေါ်တွင် နေရာချလိုက်သည်။
ဖူရှီမှတစ်ဆင့် ခေါ်ဆောင်လာသော ဒေသခံများသည်လည်း ရှောင်းယီပေးထားသော သန်မာသောလေးများကိုလည်း ယူဆောင်လာကာ B-အဆင့် ဝါးမြားများဖြင့် တပ်ဆင်ထားခဲ့သည်။
သန်မာသောလေး၏စွမ်းအားကို ဝါးမြားများနှင့် ပေါင်းစပ်လိုက်သောအခါ သိသိသာသာပင် တိုးမြင့်လာခဲ့သည်။
“အားလုံးပဲ ဒီနားမှာရပ်နားကြမယ်။”
ရှောင်းယီက ပြောလိုက်၏။
သူတို့သည် ဤနေရာသို့ ပထမဆုံးရောက်ရှိလာခဲ့ပြီး ဤမတိုင်ခင်ကတည်းက တစ်လမ်းလုံး မတ်တပ်ရပ်လာခဲ့ကြရသည်။ ယခုအခါ သူသည် လူတိုင်းအား ထိုင်ချကာ အနားယူရန် တောင်းဆိုခဲ့သည်။
“ရှောင်းယီ လှေဘယ်နှစ်စီး ရောက်လာနိုင်မယ်လို့ မင်းထင်လဲ။”
ကျန်းယွင်ချန်းက မေးလိုက်၏။
“လင်းအင်ပါယာရဲ့ သင်္ဘောကသုံးစီး၊ ငါငှားထားတဲ့ သင်္ဘောကသုံးစီး၊ အခုငါတို့ရဲ့ ရွက်သင်္ဘောကြီးတစ်စီးနဲ့ အပျော်စီးရွက်သင်္ဘောတစ်စီးရှိတယ်။ ရွက်သင်္ဘောတွေ ထွက်ခွာလာနိုင်ခြေနဲ့ ဒီတည်နေရာအနီးတစ်ဝိုက်မှာရှိတဲ့ ရွက်သင်္ဘောတွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ၁၀ စီးလောက်တော့ ရှိသင့်တယ်။”
ရှောင်းယီက ခန့်မှန်းလိုက်သည်။
“ကျုပ်တို့အဖွဲ့က အဲ့ဒီဒေသခံတွေနဲ့ တိုက်ခိုက်နိုင်တယ်လို့ ခံစားရတယ်။”
ပိုင်ချီက ပြောလိုက်သည်။
သင်္ဘောပေါ်ရှိ အဆင့်မြင့်စစ်ရေးပစ္စည်းကိရိယာများ၊ ၎င်းတို့လက်ထဲတွင်ကိုင်ဆောင်ထားသော အဆင့်မြင့်ဒူးလေးနှင့် မြားများ၊ တပိုင်နှင့် ခွန်းယွီတို့နှင့်အတူ ပိုင်ချီ၏ယုံကြည်ချက်သည်လည်း သိသိသာသာမြင့်တက်လာခဲ့သည်။
ရှောင်းယီက ခေါင်းခါလိုက်၏။
“မဟုတ်သေးဘူး။ အခြားအရာတွေကို မပြောနဲ့။ သင်္ဘောပေါ်က မှော်ဆရာကို ပြောရမယ်ဆိုရင် သူသာ A အဆင့်ကို ဖြတ်ကျော်သွားခဲ့ရင် လူတိုင်း အတွက် အန္တရာယ်ရှိလာလိမ့်မယ်။ မှော်ဆရာရဲ့ ထူးဆန်းတဲ့တိုက်ခိုက်မှုကို ကာကွယ်ဖို့က အရမ်းခက်ခဲတယ်။”
“ဒါက မဖြစ်သင့်ဘူး မဟုတ်ဘူးလား။”
ပိုင်ချီက ပြောလိုက်၏။
“မှော်ဆရာကသာ S အဆင့်မှာရှိနေမယ်ရင် ကျုပ်တို့ထွက်ပြေးနိုင်ခဲ့ရင်တောင် တော်တော်ကံကောင်းလို့ပဲ။”
“အမှန်ပဲ မင်းသာ နည်းနည်းပိုနှေးသွားရင် မင်းရဲ့ကျွန်းပေါ်မှာပဲ တစ်သက်လုံးနေသွားရလိမ့်မယ်။”
ကျန်းယွင်ချန်းက ပြန်ဖြေလိုက်သည်။ မှော်တရာ၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုက သူ့အပေါ် နက်ရှိုင်းစွာ သက်ရောက်မှုရှိခဲ့သည်။ သူ၏စိတ်တစ်ခုလုံး ဗလာဖြစ်နေသည့် ထိုကာလအတွင်း သူသည် အခြားသူများမှ သတ်ဖြတ်ရန်စောင့်စားနေရသည့် အသားတုံးတစ်ခုကဲ့သို့ ဖြစ်နေပေလိမ့်မည်။
အခန်း ၃၇၁
ပိုင်ချီသည် ကျန်းယွင်ထျန်းကို အံ့အားသင့်စွာကြည့်လိုက်မိသည်။ ကျန်းယွင်ထျန်းက ဒေသခံမှော်ဆရာနှင့် တိုက်ခိုက်ခဲ့ရသော သူ၏တိုက်ပွဲအတွေ့အကြုံမိားကို ပြန်ပြောင်းပြောပြခဲ့သည်။
“မှော်ဆရာရဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုက အဲ့လောက်တောင် အားကောင်းတာလား။”
ပိုင်ချီက မေးလိုက်၏။ ကျန်းယွင်ထျန်းက သူ့ကို ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။
“ငါက ပြိုင်ဘက်ထက် တစ်ဆင့်ပိုမြင့်တယ်။ ရှောင်းယီက ကြိုတင်သတိပေးထားခဲ့ပြီး ငါသာမပြင်ဆင်ထားခဲ့ရင် သူ့ရဲ့တိုက်ခိုက်မှုကို ခံရပြီး သတ်ခံခဲ့ရမှာပဲ။”
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်က တကယ်ကို ရေတွင်းထဲက ဖားတစ်ကောင်ပါပဲ။”
ပိုင်ချီက မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။ သူတို့စကားပြောနေစဉ်အတွင်း အလတ်စားရွက်သင်္ဘောတစ်စီး သူတို့ရှိရာသို့ ရွက်လွှင့်လာခဲ့သည်။
ကျန်းယွင်ထျန်းသည် ရှေ့သို့တက်သွားပြီး တစ်ဖက်လူနှင့် စကားဝှက်ကို ဖလှယ်ကာ ၎င်းသည် မိမိတို့လူဖြစ်ကြောင်း အတည်ပြုပြီးနောက် အနီးသို့ ကပ်လာစေခဲ့သည်။
“မင်္ဂလာပါ၊ ကျုပ်က တလင်းကူချီကီဖြစ်ပြီး လူသုံးယောက်ခေါ်လာခဲ့ပါတယ်။”
ထိုလူက ပြောလိုက်သည်။
“အင်း မင်းရဲ့ကြိုးစားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး နေရာမှာနေပေးပါ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“အိုကေ!”
တိလင်းရွှမ်းမုက ပြန်ဖြေ၏။ ထို့နောက် သူတို့နှစ်ယောက်လုံး သူတို့၏ လှေအတွင်းခန်းထဲသို့ ပြန်ဝင်သွားခဲ့ကြလေသည်။
“ခေါင်းတောင် ခုနကစကားပြောတဲ့လူက ယီရန်ပင်း လား”
လင်းအင်ပါယာ၏ ပုပ်သိုးဆွေးမြေ့နေသည့်သစ်သားသင်္ဘောပေါ်ရှိ လူတစ်ယောက်က မေးလိုက်၏။ တိလင်းရွှမ်းမုက ခေါင်းခါလိုကါသည်။
“သူက ယီရန်ပင်းဟုတ်မယ်မထင်ဘူး။ မင်းသာ ယီရန်ပင်းဆိုရင် ဒီကို မင်းကိုယ်တိုင်လာမှာလား။”
“မလာဘူး။ ကိုယ့်ရဲ့ကျွန်းက အရမ်းကောင်းကောင်းဖွံ့ဖြိုးတိုးတက်နေတာပဲ။ ဒီလိုမျိုး ရှုပ်ထွေးနေတဲ့အခြေအနေထဲကို ဘာလို့လာရမှာလဲ။”
ထိုလူက ချက်ချင်းပြန်ဖြေလိုက်သည်။
“ဒါဆို ရပြီ။ အားဖြည့်တပ်တွေစေလွှတ်ဖို့စီစဉ်ထားတယ်ဆိုတာနဲ့တင် ဂုဏ်သတင်းကောင်းတွေရပြီးနေပြီ။ ဒီကိုလိုလာဖို့ လုံးဝမလိုအပ်ဘူး။”
တိလင်းရွှမ်းမုက ပြန်ဖြေသည်။
“ဆိုလိုတာက ဒီတစ်ခါ ယီရန်ပင်းရဲ့ လက်အောက်ငယ်သားတွေပဲလာတာပေါ့။ ကြည့်ရတာ သိပ်ပြီးရိုးရှင်းပုံမပေါ်ဘူး။”
ထိုလူက ဆက်ပြောသည်။
“ဒါပေါ့ သေချာပေါက်မရိုးရှင်းဘူး။ အဲ့လူက သေချာပေါက် စစ်သားဟောင်းတစ်ယောက်ပဲ။ သူက သွေးတွေအများကြီး မြင်ဖူးမှာပဲ။”
တိလင်းရွှမ်းမုက ပြန်ဖြေ၏။
“သူတို့ရဲ့သင်္ဘောတွေကလည်း ငါတို့ဟာထက်ကြီးတယ်။”
တိလင်းရွှမ်းမုက ခေါင်းညိတ်လိုက်သည်။
“ဒါက အကြီးစားရွက်သင်္ဘောကြီးတစ်စီးဖြစ်သင့်တယ်။ ယီရန်ပင်းက တကယ်ကို ကောင်းကောင်းလျှို့ဝှက်ထားတာပဲ။”
ထို့အပြင် လင်းအင်ပါယာက ဤတစ်ကြိမ်လာရောက်သည့် ရွက်သင်္ဘောသုံးစင်းသည် ဒေသခံများကို ရပ်တန့်ရန် အမှန်တကယ်လိုလားခြင်းအပြင် အခြားသောအရေးကြီးသည့်ရည်ရွယ်ချက်တစ်ခုလည်းရှိသေးသည်။ ထိုအရာမှာ ယီရန်ပင်း၏တပ်ဖွဲ့၏စွမ်းအားကို ပိုမိုနီးကပ်စွာ ကြည့်ရှုရန်ဖြစ်သည်။
ဤသည်မှာ တိလင်းထျန်းရှားသည် ရှောင်းယီ၏ပဏာမခြေလှမ်းကို ချက်ချင်းတုံ့ပြန်ခဲ့သည့် နောက်ထပ်အရေးကြီးသောအကြောင်းရင်းလည်းဖြစ်ပေသည်။
နောက်ထပ်သုံးနာရီအတွင်း သင်္ဘောများ ဆက်လက်ရောက်ရှိလာခဲ့သည်။
မကြာမီ ဤနေရာတွင် အလတ်စားရွက်သင်္ဘော ၁၃ စီး၊ ရွက်သင်္ဘောကြီးတစ်စင်းနှင့် လှေတစ်စင်း ရောက်ရှိလာခဲ့သည်။
“အခုထိ မရောက်သေးတဲ့သူရှိသေးလား။”
ရှောင်းယီက ဂရုထဲတွက် မေးလိုက်သည်။
“မရှိတော့ဘူးဆိုရင် နာရီဝက်အတွင်း ငါတို့ ဒေသခံတွေကို စပြီးဝိုင်းရံတော့မယ်။”
“သူဌေး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။”
“မင်းက ဆုတောင်းချင်သေးတာလား။ သူဌေးရဲ့တပ်ဖွဲ့က လှုပ်ရှားလိုက်ပြီဆိုတာနဲ့ အဲ့ဒီဒေသခံတွေ ချက်ချင်းတုန်လှုပ်သွားစေရမယ်။”
“အားလုံးပဲ ဘေးကင်းရေးကို ဂရုစိုက်ကြပါ။ ဒီတစ်ခါ ဒေသခံတွေမှာ သေနတ်တွေရှိနေသေးတယ်။”
“ဟုတ်တယ် မပေါ့ဆကြနဲ့။ ဘေးကင်းရေးက အရေးအကြီးဆုံးပဲ။”
ရှောင်းယီသည် ဂရုထဲရှိ ဆွေးနွေးမှုများကို လျစ်လျူရှုလိုက်ပြီး ဤအကြိမ်ရောက်ရှိလာသူအားလုံးကို ဂရုတစ်ခုထဲသို့ ခေါ်ယူလိုက်သည်။
“အားလုံးပဲမင်္ဂလာပါ၊ ဒီတစ်ခါမှာ ငါတို့ရဲ့ ရည်မှန်းချက်က ဒေသခံတွေကို တားဆီးပြီး နှိမ်နင်းဖို့ပဲယ ဒါပေမယ့် ဒေသခံသင်္ဘောတွေနားကို အရမ်းမကပ်ဖို့ မှတ်ထားကြရမယ်။ လက်ရှိသတင်းအချက်အလက်တွေအရ သင်္ဘောပေါ်မှာ မှော်ဆရာတစ်ယောက်ရှိသင့်တယ်။ မှော်ဆရာရဲ့ စိတ်ဝိဉာည်တိုက်ခိုက်မှုက အလွန်ထူးဆန်းပြီး ကာကွယ်ဖို့ ခက်ခဲတယ်။”
ရှောင်းယီက ပြောလိုက်၏။
“ဟုတ်ကဲ့။ ကျုပ်တို့ ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ ပြောပြပါ။ ကျုပ်တို့က ယီရန်ပင်းသူဌေးတို့အဖွဲ့ရဲ့စီစဉ်မှုကို အပြည့်အဝလိုက်နာမှာပါ။”
တစ်စုံတစ်ဦးက တုံ့ပြန်လိုက်သည်။ အခြားသူများကလည်း သဘောတူညီလိုက်ကြ၏။
“တစ်ယောက်နဲ့တစ်ယောက် အကွာအဝေးတစ်ခုထားပြီး အဝေးကနေ တိုက်ခိုက်မယ်။ သံဒိုင်းတွေသုံးပြီး ရန်သူရဲ့ သေနတ်ကို ဂရုတစိုက်ကာကွယ်ရမယ်။ လှေက်ုမောင်းဖို့ လူတစ်ယောက်ကို ခန့်ထားပါ။ ဒေသခံလှေတွေကို ကျုပ်တို့နားကပ်မလာစေနဲ့။”
ရှောင်းယီက ဆက်ပြောသည်။
“အားလုံးပဲ နားလည်ကြလား။”
“နားလည်ပါပြီ!”
လူတိုင်းက တစ်ဆက်တည်း တုန့်ပြန်လိုက်ကြ၏။
“ရှေးဟောင်းသားရဲတွေကို သိထားမိခြင်းနေ ကာကွယ်ဖို့အတွက် အပျော်စီးရွက်သင်္ဘောကို လမ်းကြောင်းပေါ်မှာပဲ ရပ်ထားပြီး အရေးပေါ်ကယ်ဆယ်ရေးအတွက်ပဲ အသုံးပြုပါမယ်။ ဒီရွက်သင်္ဘောကို မလိုအပ်ပါစေလို့ပဲ ကျုပ်မျှော်လင့်မိတယ်။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“ပြီးတော့ ဒီမှာ ကျုပ်တို့ရဲ့ အကြီးစားရွက်သင်္ဘောကြီးတစ်စီးပဲရှိတယ်။ ကျုပ်တို့က အဓိက တိုက်ခိုက်မယ့်သူတွေပဲ။ ခင်ဗျားတို့က သူတို့ကို ဝိုင်းပြီး နှောက်ယှက်နေရမယ်။ ကျုပ်တို့ဘက်ကတိုက်ခိုက်မှုတွေကို သူတို့လျစ်လျူမရှုရဲဘူးရင် ခင်ဗျားတို့ဘက်က အတော်လေး ဘေးကင်းလိမ့်မယ်။ ဒါပေမယ့် ထပ်ပြောရရင် အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားရမယ်။ နားလည်ကြလား။”
“နားလည်ပါတယ်!”
လူတိုင်းက ထပ်ပြောလိုက်ကြသည်။
“နောက်ထပ်မေးစရာရှိသေးလား။”
ရှောင်းယီက မေးလိုက်၏။
“ဟုတ်ကဲ့!”
တိလင်းကူချီကီက ပြောလိုက်သည်။
“အခုလိုပြောရတာ မသင့်တော်ဘူးဆိုရင်တောင် ရှင်းရှင်းလင်းလင်းပြောထားတာက ပိုကောင်းမယ်လို့ ကျုပ်ထင်တယ်။”
“ပြဿနာက ဘာလဲ။”
ရှောင်းယီက မေးလိုက်သည်။
“ကျုပ်တို့ ဒေသခံတွေကို အမှန်တကယ် အနိုင်ရသွားရင် ဝေစုတွေကို ဘယ်လိုခွဲဝေမှာလဲ။”
တိလင်းကူချီကီက ပြောလိုက်သည်။
“ကျုပ်တို့ ဒေသခံတွေကို အနိုင်ရပြီးရင် ကျူးကျော်ဝင်ရောက်လာသူတွေကို ထပ်ပြီးမဖြေရှင်းချင်ဘူး။”
“ဒါပေါ့...ကျုပ်တို့က အဓိကတိုက်ခိုက်သူတွေဖြစ်တဲ့အတွက် ငါတို့က အကြီးဆုံးအပိုင်းကိုယူမယ်။ ခင်ဗျားတို့ရဲ့သင်္ဘောတစ်စီးချင်းစီက အောင်ပွဲဆုလာဘ်တွေထဲက နှစ်ခုကို ရွေးပြီးယူလို့ရတယ်။ ပြဿနာရှိလား။”
ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် မေးလိုက်သည်။
“သူဌေးတို့က အဓိကတိုက်ခိုက်သူတွေဆိုတော့ အကြီးဆုံးအပိုင်းကို ယူလို့ရပါတယ်။ ကျုပ်မကန့်ကွက်ဘူး။”
“ကျွန်တော်လည်းမကန့်ကွက်ဘူး။ ဒီတစ်ခါလာတယ်ဆိုတာကလည်း သူဌေးရဲ့အကြံဉာဏ်ကြောင့်ပဲ။ မဟုတ်ရင် အနောက်ဘက်မှာရှိတဲ့ငါတို့လည်း အေးအေးဆေးဆေးနေလို့ရမှာမဟုတ်ဘူး။”
တိလင်းကူချီကီ မျက်မှောင်ကြုံ့သွားသော်လည်း နောက်ဆုံးတွင် သဘောတူလိုက်၏။
“ဒါဆို ကျုပ်လည်း မကန့်ကွက်တော့ပါဘူး။”
“ကောင်းပြီ လူတိုင်းက ကန့်ကွက်မစရာမရှိတော့ဘူးဆိုမှတော့ သွားကြတာပေါ့။”
ရှောင်းယီက ပြောလိုက်သည်။
ထို့နောက် ရွက်သင်္ဘော ၁၄ စီးပါသော အဖွဲ့တစ်ဖွဲ့သည် တိုက်ခိုက်ခံထားရသော ကျွန်းဆီသို့ ရွက်လွှင့်သွားကြတော့သည်။
ထိုအချိန်တွင် ကျွန်းပိုင်ရှင်သည် ကျွန်းကို စွန့်ခွာကာ ရှောင်းယီနှင့် အခြားသူများ စုဝေးရာနေရာသို့ လှေဖြင့် ခက်ခက်ခဲခဲ လှော်ခတ်နေခဲ့သည်။
ယနေ့မနက်စောစောက သေမင်းနတ်ဘုရားကို တိုက်ခိုက်ခဲ့သော ဒေသခံတပ်ဖွဲ့က ကျွန်းတစ်ကျွန်းကို သိမ်းပိုက်လိုက်ပြီးပြီဖြစ်၏။
မှော်ဆရာသည် အလွန်ကျေနပ်နေပြီး အောင်ပွဲများ ဆက်ရှာဖွေရန် အဆင်သင့်ဖြစ်နေခဲ့လေ။
သို့သော် တစ်နေ့လုံး ရွက်လွှင့်ပြီးနောက် သူသည် အသက်ရှင်သန်ကျန်ရစ်သူများ၏ကျွန်းကို မတွေ့ရှိခဲ့ရပေ။ ထို့ကြောင့် သူ့ကို အနည်းငယ် စိတ်ဓာတ်ကျစေခဲ့သည်။
ခဏအကြာတွင် သူ၏လက်အောက်ငယ်သားများက သူ့အား ရှေ့တွင် ကျွန်းတစ်ခုကို တွေ့ရှိကြောင်း အစီရင်ခံခဲ့သည်။ မှော်ဆရာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့သည်။
“အရှိန်အပြည့်နဲ့ စထွက်မယ်။!”
သူအမိန့်ပေးသည်နှင့်တပြိုင်နက် သူ၏လက်အောက်ငယ်သားများက ကျွန်းမှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ထပ်မံအစီရင်ခံခဲ့ပြန်သည်။
မှော်ဆရာသည် ချက်ချင်းပင် ကုန်ပတ်ပေါ်သို့သွားပြီး ကျွန်းပျောက်ကွယ်သွားသောနေရာသို့ ကြည့်ရှုလိုက်၏။ ထိုအခါ သူသည် လှေငယ်၏အရိပ်မည်းမည်းကိုသာ မြင်တွေ့လိုက်ရလေသည်။
“သူ့နောက်ကိုလိုက်ဖမ်းစမ်း!”
မှော်ဆရာက အော်ဟစ်လိုက်၏။
“ဟမ့်! အရင်ကထွက်ပြေးသွားတဲ့လူ လွတ်သွားတယ်ဆိုတာက အဆင့်မြင့်သင်္ဘောတစ်စီးဖြစ်နေလို့ပဲ။ အခု ဒီလှေငယ်လေးနဲ့ ထွက်ပြေးသွားတဲ့သူသာ လွတ်သွားဦးမယ်ဆိုရင် ငါ ကျွန်းအထိမ်းအမှတ်ကျောက်လက်စွပ်ကို တိုက်ရိုက်စားပစ်လိုက်မယ်။”
ဤနည်းဖြင့် အကြီးစားရွက်သင်္ဘောကြီးတစ်စင်းသည် လှေငယ်လေးတစ်စင်းကို လိုက်ဖမ်းကာ ပင်လယ်ထဲတွင် လှေပြိုင်ပွဲ ကျင်းပတော့လေသည်။
အကြီးစားရွက်သင်္ဘောကြီးများသည် လှေငယ်များထက် များစွာပိုမြန်ပေသည်။
အကြီးစားရွက်သင်္ဘောကြီး နီးကပ်လာသည်ကို မြင်လိုက်ရသော လှေငယ်ပေါ်ရှိ အသက်ရှင်သန်ကျန်ရစ်သူသည် ယခုအခါ၌ မျှော်လင့်ချက်ကင်းမဲ့နေခဲ့ပြီဖြစ်သည်။ သူ၏လက်များသည် အလွန်နာကျင်နေပြီဖြစ်ပြီး အကြာကြီး မြှောက်မထားနိုင်တော့ပေ။ သူနှင့်တဖြည်းဖြည်းနီးကပ်လာသော သင်္ဘောကို ကြည့်ရုံသာကြည့်နေနိုင်တော့၏။
“ဟားဟားဟား!!! မင်းအခုဘယ်ကိုသွားမလဲဆိုတာ ကြည့်ရအောင်။”
မှော်ဆရာက ဝမ်းသာအားရဖြင့် ဟက်ဟက်ပက်ပက် အော်ရယ်လိုက်သည်။
ထိုအချိန်တွင် ရှောင်းယီနှင့် အခြားသူများသည်လည်း အဝေးတစ်နေရာမှ ထိုဒေသခံသင်္ဘောကို မြင်လိုက်ကြရပြီဖြစ်သည်။
“အားလုံးပဲ အခုချက်ချင်း လူစုခွဲပြီး အဲ့ဒီသင်္ဘောကြီးကို ဝိုင်းနိုင်အောင် အကောင်းဆုံးကြိုးစားကြ!”
ရှောင်းယီသည် တိုက်ပွဲဝင်အဖွဲ့ထဲတွင် ပြောလိုက်သည်။
“ဟုတ်ကဲ့!”
လူတိုင်းက တုန့်ပြန်လိုက်ကြပြီး သူတို့၏သင်္ဘောများကို ဘေးတစ်ဖက်တစ်ချက်ဆီသို့ မောင်းနှင်သွားကြတော့သည်။
လှေပေါ်တွင် စိတ်ဓာတ်ကျနေသည့် အသက်ရှင်သန်ကျန်ရစ်သူသည် အဝေးရှိ ရှောင်းယီ၏ အပျော်စီးရွက်သင်္ဘောကို ရုတ်တရက်မြင်လိုက်ရပြီး လှေပေါ်တွင်ပင် ဝမ်းသာအားရ အော်ဟစ်မိလိုက်၏။
“သူဌေး ကျုပ်ဒီမှာပါ! ကျုပ်ကိုကယ်ပါဦး!”
ထိုလူသည် သူ၏နာကျင်နေသော လက်မောင်းများကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်လေသည်။
“ဒီလူက ငတုံးလား။ သူဒီလိုသာထရပ်နေရင် ဒေသခံတွေရဲ့ သက်ရှိပစ်မှတ်တစ်ခု ဖြစ်သွားတော့မှာပဲ။”
ကျန်းယွင်ထျန်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
ထိုစဉ် ပိုင်ချီသည် သင်္ဘော၏ဘေးမှနေ၍ ထိုလူဆီသို့ အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေပြီးဖြစ်သည်။
“မင်း မသေချင်သေးဘူးဆိုရင် မင်းရဲ့ သောက်ခေါင်းထဲကို ပြန်ဝင်နေစမ်း။”
အခန်း ၃၇၂
သစ်သားလှေငယ်ပေါ်တွင် ရပ်နေကြသော အသက်ရှင်ကျန်ရစ်သူသည် ပိုင်ချီ၏အော်ဟစ်သံကိုကြားလိုက်ရသည့်အခါ တဒင်္ဂတုန်လှုပ်သွားကာ ချက်ချင်းပင် သင်္ဘောခန်းအတွင်းသို့ ဆုတ်ခွာသွားခဲ့ကြသည်။
ဝှစ်ရှ်!
ဖောက်!
ထိုစဉ် သစ်သားမြားတစ်စင်းသည် သူ၏လည်ပင်းကို ထိုးဖောက်ဝင်ရောက်သွား၏။ သူသည် သူ၏လည်ပင်းကိုဆုပ်ကိုင်ကာ ပင်လယ်ထဲသို့ ပြုတ်ကျသွားလေတော့သည်။
ကျန်းယွင်ထျန်းသည် ဝမ်းနည်းစွာပင် ခေါင်းခါလိုက်မိ၏။ ဤအရာသည် လုံးဝအားဖြင့် သူ၏စိတ်ကြီးဝင်မှုကြောင့်သာဖြစ်သည်။
အခြားသင်္ဘောများပေါ်ရှိ လူများသည် ၎င်း၏သေဆုံးမှုကို သတိမပြုမိခဲ့ကြပေ။ လူတိုင်း၏အဓိကရည်ရွယ်ချက်မှာ ဒေသခံသင်္ဘောကို သိမ်းပိုက်ရန်ဖြစ်ပြီး သူတို့သည် အခြားအရာများကို အရေးမစိုက်အားပေ။
ထိုလူကိုသတ်ပြီးနောက် သင်္ဘောကြီးပေါ်ရှိ မှော်ဆရာသည် ချက်ချင်းပင် အမိန့်ပေးလိုက်သည်၏။
“အဲ့လှေငယ်ကို အခုချက်ချင်း အပိုင်သိမ်းလိုက်။!”
“မြန်မြန်လုပ်စမ်း!”
မှော်ဆရာသည် အလတ်စားရွက်သင်္ဘော ဆယ်စီးကျော်နှင့် ရွက်သင်္ဘောကြီးတစ်စင်းပါ ဝန်းရံလာသည်ကိုမြင်ရသောအခါ သူ့လူများကို အလျင်အမြန် ဆော်ဩလိုက်သည်။
သူသည် မောက်မာသူတစ်ယောက်ဖြစ်သော်လည်း ဤကဲ့သို့ အလွန်များပြားလှည့် သင်္ဘောများနှင့် ရင်ဆိုင်ရသည့်အခါ သူသည် ၎င်းတို့၏ ထက်ရှလှသည့်သောတိုက်ခိုက်နိုင်စွမ်းကို ရှောင်ရှားနိုင်ရုံမျှသာ တတ်နိုင်မည်ဖြစ်သည်။
သို့သော် သူ၏လောဘသည် ရှောင်ယီနှင့် အခြားသူများ၏ဝန်းရံမှုမှ လွတ်မြောက်နိုင်မည့် အကောင်းဆုံးအခွင့်အရေးကို ဖျက်ဆီးလိုက်မိပြီဖြစ်သည်။
မှော်ဆရာသည် လှေငယ်ကို သိမ်းပိုက်သည့်အချိန်တွင် ပတ်ပတ်လည်ရှိ အလတ်စားရွက်သင်္ဘောများသည်လည်း သူတို့ကို စတင်ဝိုင်းရံနေခဲ့ပြီဖြစ်၏။
ဤအချိန်တွင် ရှောင်းယီသည် သင်္ဘောပေါ်တွင် ရပ်နေသော မှော်ဆရာကို ကြည့်လိုက်သောအခါ စနစ်သတိပေးချက်သည်လည်း အလိုက်သင့်စွာပင် ရောက်ရှိလာခဲ့လေသည်။
“ကိုကွန်းမျိုးနွယ်စု မှော်ဆရာ (S အဆင့်): နှစ်ပေါင်းများစွာ အမဲလိုက်ခြင်းအတွေ့အကြုံများက သူ့ကို အလွန်လျင်မြန်သွက်လက်စေပြီး စိတ်ပိုင်းဆိုင်ရာ အထူးတိုက်ခိုက်မှုနည်းလမ်းကိုလည်း ပိုင်ဆိုင်ထားကာ အလွန်အန္တရာယ်ရှိသည်။ ကိုင်တွယ်ဖြေရှင်းရာတွင် သတိထားပါ။”
“ဒါက ကိုကွန်းမျိုးနွယ်စုပဲ! ပြီးတော့ S အဆင့်ရှိတယ်။ အဲ့ဒါကြောင့် ယောင်က ခုခံတိုက်ခိုက်ဖို့ မဝံ့ရဲတာကိုး!။”
ရှောင်းယီ အံ့အားသင့်သွားခဲ့သည်။
“ဒီတခါတော့ သူတို့ကို ဒီမှာခေါ်ထားဖို့ ခက်ခဲတော့မယ်။”
ရှောင်းယီသည် S အဆင့်မှော်ဆရာနားသို့ အနီးကပ်မချဉ်းကပ်ရဲပေ။ သူ၏စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ကာကွယ်ရန်မှာ အလွန်ခက်ခဲပြီး တစ်ချိန်တည်းတွင် တူညီသောအဆင့်၌ လက်စားချေရန်မှာ ခဲယဉ်းလှပေသည်။
ထို့အပြင် ဒေသခံသင်္ဘောများပေါ်တွင် ဦးတည်ချက်ကျောက်များလည်း အမှန်တကယ်တည်ရှိနေမည်ဖြစ်သည်။ အကယ်၍ ထိုလူများကို ထိခိုက်အောင်မလုပ်န်ိုင်ပါက သူတို့သည် ထွက်ပြေးလွတ်မြောက်နိုင်ဆဲဖြစ်သောကြောင့် ဤနေရာတွင် ထိန်းသိမ်းထားနိုင်ရန်မှာ ခက်ခဲလှ၏။
သူတို့၏ ဦးတည်ချက်ကျောက်၏ စွမ်းအင်သည် မလုံလောက်မှသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့သော်လည်း ဤဖြစ်နိုင်ခြေမှာ အလွန်နည်းပါးပေသည်။
“အားလုံးပဲ ရန်သူရဲ့သင်္ဘောနဲ့ အရမ်းမကပ်ကြနဲ့ အထူးသတိထားကြပါ။”
ရှောင်းယီက နောက်ထပ်တဖန် သတိပေးလိုက်သည်။
“ဟုတ်ကဲ့!”
လူအားလုံးက တစ်စိတ်တစ်သံတည်း ပြန်ဖြေကြလိုက်သည်။
“တိုက်!”
ကျန်းယွင်ထျန်းသည် တိုက်ခိုက်နိုင်သည့် အကွာအဝေးတစ်ခုအတွင်းသို့ ရောက်ရှိလာသော ဒေသခံရွက်သင်္ဘောကြီးကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ ရှောင်းယီ၏ ရွက်သင်္ဘောကြီးပေါ်ရှိ လောက်လေးခွစင်နှင့် ပြင်းထန်သောဒူးလေးကြီးများသည်လည်း ချက်ချင်းပင် ပစ်ခတ်လိုက်ကြတော့သည်။
ဝူးရှ်... ဝူးရှ်... ဝူးရှ်...!
ကျောက်တုံးများသည် ဒေသခံသင်္ဘောဆီသို့ ဆက်တိုက်ဆိုလိုပင် ပျံသန်းသွား၏။
ခရက်!... ခရက်!
၎င်းတို့သည် အသက်သေစေနိုင်လောက်သည့် ပျက်စီးမှုကို မဖြစ်စေနိုင်သော်လည်း ကျောက်တုံးများသည် ဒေသခံသင်္ဘော၏ နေရာတိုင်းတွင် ချိုင့်ခွက်များဖြစ်အောင် ထုချေမွှေနှောက်လိုက်လေသည်။
သင်္ဘောကုန်းပတ်ပေါ်ရှိ ဒေသခံများ၏ သစ်သားဒိုင်းများသည် ပြင်းထန်သောဒူးလေးကြီး၏တိုက်ခိုက်မှုကို လုံးဝမကာကွယ်ထားနိုင်ခဲ့ပေ။
ပြင်းထန်သောဒူးလေးကြီးသည် ထိုဒိုင်းများကို တိုက်ရိုက်ပင်ဖောက်ထွင်းသွားပြီး အနောက်ဘက်ရှိ အခြားသူများကို ဖောက်ထွင်းနိုင်သည်။
တဒင်္ဂအတွင်း သင်္ဘောကုန်းပတ်ပေါ်တွင် ကြေကွဲဖွယ်အော်ဟစ်သံများ ထွက်ပေါ်လာခဲ့လေတော့သည်။
အသက်သေစေနိုင်သောနေရာကို ထိမှန်ခံလိုက်ရသူများမှာ ကံကောင်းသူများဖြစ်ကြပြီး အသက်သေစေနိုင်သည့်နေရာများကို လွဲချော်သွားသူများမှာမူ ချက်ချင်းမသေဆုံးနိုင်ကြဘဲ ဆက်လက်၍ နာကျင်စွာ အော်ဟစ်ညည်းညူနေကြရ၏။
တစ်စီးတည်းသော ရွက်သင်္ဘောကြီးပေါ်ရှိ ပြင်းထန်သော ပေါက်ကွဲထွက်ပေါ်လည်သည့် စွမ်းအားကိုမြင်လိုက်ရသောအခါ မှော်ဆရာသည် ဆုံးဖြတ်ချက်ချကာ အမိန့်ပေးလိုက်၏။
“အနောက်ဘက်ပိုင်း အားအပြည့်နဲ့ ထိုးဖောက်ကြ!”
လက်ရှိအကွာအဝေးတွင် သူတို့၏သေနတ်များသည် လုံးဝမရောက်ရှိနိုင်ပေ။ သာမန်လေးများသည်လည်း ရှောင်းယီ၏သင်္ဘောပေါ်ရှိ သံဒိုင်းကို ထိုးဖောက်၍မရနိုင်ပေ။
ဤအချိန်တွင် အကွာအဝေးသည် ပို၍နီးကပ်လာပြီဖြစ်ရာ ကျန်းယွင်ထျန်းက ထပ်မံအော်ဟစ်လိုက်၏။
“လေးသမားတွေ အသင့်ပြင်! သင်္ဘောကုန်းပတ်ကိုပစ်မှတ်ထားပြီး ကုန်းပတ်တစ်ခုလုံးကို ကာကွယ်ပြီး ပစ်ကြ!”
ဝူးရှ်... ဝူးရှ်...!
ဖူရှီဦးဆောင်သော အဖွဲ့ဝင်အားလုံးသည် သူတို့၏ဝါးမြားများဖြင့် ပစ်ခတ်လိုက်ကြသည်။
ဒုတ်!... ဒုတ်!... ဒုတ်...!
ဝါးမြားများအားလုံးသည် ဒေသခံလှေများဆီသို့ ပစ်ခတ်လိုက်ပြီး မြားခေါင်းများအားလုံးသည် သစ်သားချပ်များထဲသို့ လုံးဝနစ်ဝင်သွားခဲ့ကြ၏။
ဝါးမြားများသည် ထိုဒိုင်းများကို ဖောက်ထွင်းနိုင်ခဲ့သော်လည်း ဒိုင်း၏အနောက်ဘက်တွင်မူ ဝါးမြား၏သံမြားခေါင်းများသာ ထွက်ပေါ်နေခဲ့လေသည်။
ဤအချိန်တွင် ဒေသခံများသည်လည်း တုန်လှုပ်သွားကြပြီဖြစ်သည်။ ဤကဲ့သို့ အလွန်ပြင်းထန်သော ထိုးဖောက်အားရှိသည့် မြားများကို သူတို့ တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။
မှော်ဆရာသည် ထိုအရာကိုမြင်ရသောအခါ ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။
“အရှိန်အပြည့်နဲ့ ပြန်ဆုတ်မယ်!”
ဤအချိန်တွင် အခြားသင်္ဘောများသည် အခြေခံအားဖြင့် ၎င်းတို့ကို ဝိုင်းရံပြီးဆုံးသွားပြီဖြစ်ကာ ဒေသထံသင်္ဘောများကို တိုက်ခိုက်ရန် စတင်လိုက်ပြီဖြစ်သည်။
လင်းအင်ပါယာ၏ ပုပ်သိုးဆွေးမြေ့နေသောသစ်သားသင်္ဘောပေါ်တွင် ဒူးလေးကြီးတစ်ခု အမှန်တကယ်ရှိနေပြီး ယခုအခါ ဒေသခံများသည် လုံးဝကာကွယ်၍ မရနိုင်တော့ပေ။
သူတို့သည် ဤမျှလောက်များပြားသော သင်္ဘောများ၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုများကို ခံရလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြခြင်းမရှိပေ။ ထို့ကြောင့် ထိုတိုက်ခိုက်မှုများ ကျရောက်လာသည်နှင့် သင်္ဘောသားများအားလုံးသည် သင်္ဘောခန်းအတွင်းသို့ ပုန်းအောင်းလိုက်ကြရလေတော့သည်။
ရှောင်းယီသည် သူတို့၏လှုပ်ရှားမှုများကို ကြည့်နေခဲ့ကာ ချက်ချင်းပင် ပြောဆိုလိုက်၏။
“ဒူးလေးကြီးတွေကို သူတို့ရဲ့ရွက်တိုင်ကို ဦးတည်ပြီး ပစ်ကြ။ လောက်လေးခွစင်နဲ့ သူတို့ရဲ့ရွက်ထည်ကို ဦးတည်ပြီးပစ်။”
“ဟုတ်ကဲ့!”
လူအားလုံးက တစ်စိတ်တစ်သံတည်း ပြန်ဖြေလိုက်ကြသည်။ ထို့နောက် ကျန်းယွင်ထျန်းသည် ကိုယ်တိုင်ကိုယ်ကျ လောက်လေးခွစင်ကို အသက်သွင်းကာ ရွက်ထည်ဆီသို့ ဦးတည်ပြီး ချက်ချင်းပင် ပစ်လွှတ်လိုက်တော့လေသည်။
ဝူးရှ်...!
ဗြိ...!
ရှည်လျားသောဆူးများပါရှိသည့် ကျောက်တုံးသည် ဒေသလံရွက်သင်္ဘောကြီး၏ရွက်ထည်ပေါ်တွင် အပေါက်ကြီးတစ်ခုကို ချက်ချင်းပင် ဖောက်ထွင်းလိုက်လေသည်။
ကျန်းယွင်ထျန်းသည် သူတစ်ချက်တည်းဖြင့် အောင်မြင်သွားသည်ကို မြင်လိုက်ရသောအခါ အလွန်ဝမ်းသာအားရ ဖြစ်သွား၏။
“ရွက်သင်္ဘာမှာ ရွက်ထည်မရှိဘဲနဲ့ မင်းတို့ ဘယ်လိုထွက်ပြေးမလဲဆိုတာ ကြည့်ရသေးတာပေါ့။”
ရွက်သင်္ဘောကြီးပေါ်ရှိ ရှောင်းယီ၏လှုပ်ရှားမှုကိုမြင်ရသောအခါ အခြားသင်္ဘောများပေါ်ရှိ လူများသည်လည်း ရှောင်းယီ၏ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သွားကြပြီး ဒေသခံရွက်သင်္ဘောကြီး၏ရွက်ထည်ကို ဦးတည်ကာ ပစ်ခတ်ကြတော့သည်။
သင်္ဘောတစ်စင်းသည် ၎င်းတို့၏လေးများတွင် မီးစွဲနေသောမြားများကို တပ်ဆင်ကာ ပစ်ခတ်လိုက်၏။
ရွက်ထည်ကို ထိမှန်သွားသောအခါ မြားရှိမီးများသည် ငြိမ်းသတ်မသွားဘဲ ဆက်လက်လောင်ကျွမ်းနိုင်သည်ကို မြင်လိုက်ရသောအခါ ရှောင်းယီ အံ့အားသင့်သွားမိခဲ့သည်။
“ဒီဟာကို ဘယ်လိုလုပ်ထားတာလဲ။”
“အဲ့ထဲမှာ ဘုဇပတ်ပင်ရဲ့အခေါက်ပါတယ်လို့ ငါထင်တယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ဘုဇပတ်ပင်ရဲ့အခေါက်က ဆီဓာတ်မြင့်မားပြီး မိုးရွာတဲ့နေ့တွေမှာတောင် လောင်ကျွမ်းနိုင်တယ်။ ရှေးခေတ်တုန်းက စောင့်ကြည့်ရေးမျှော်စင်က လှုပ်ရှားမှုတွေအတွက် အရေးကြီးတဲ့ပစ္စည်းတစ်ခုပဲ။”
“ငါသိပြီ။ ငါတို့ကျွန်းပေါ်မှာ ဒီလိုအပင်တွေရှိမလားမသိဘူး။ အခွင့်အရေးရရင် အဲ့သင်္ဘောပေါ်ကလူတွေနဲ့ဆက်သွယ်ပြီး ဘုဇပတ်ပင်တွေရောင်းနိုင်မလားလို့ မေးကြည့်ရမယ်။”
ရှောင်းယီ ရုတ်တရက်နားလည်သွားခဲ့သည်။
သင်္ဘောဆယ်စီးကျော်သည် ဒေသခံသင်္ဘော၏ရွက်ထည်ကို တိုက်ခိုက်လိုက်ကြပြီး မကြာမီမှာပင် ရွက်ထည်၌ အပေါက်များစွာဖြင့် ပြည့်နှက်သွားတော့လေသည်။
မှော်ဆရာသည် ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ သူ၏မျက်နှာသည် အလွန်ကြီးမားသောစိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။
“မှော်ဆရာကြီး ကျုပ်တို့ရဲ့အမြန်နှုန်းက လုံးဝနှေးကွေးသွားပြီ။ ကျုပ်တို့ ဘာလုပ်ရမလဲ။”
ဒေသခံတစ်ဦးက ထိတ်လန့်တုန်လှုပ်စွာဖြင့် သတင်းပို့လိုက်သည်။
မှော်ဆရာသည်လည်း ပြောစရာစကားများ ကင်းမဲ့နေခဲ့၏။ မြန်နှုန်းကျဆင်းသွားသောအခါ သူတို့သည် ထိုသင်္ဘောများနားသို့ ရောက်ရှိနိုင်တော့မည်မဟုတ်ပေ။ ထိုသင်္ဘောများအားလုံးတွင် အဝေးကွာပစ်လက်နက်များရှိ၏။ ဤသို့သာဆက်သွားပါက သူတို့အားလုံး ဖြည်းဖြည်းချင်း သေဆုံးသွားကြရပေလိမ့်မည်။
သူသည် ထိုသင်္ဘောများအနားသို့ ကပ်သွားနိုင်ပါက မှော်ဆရာသည် ထိုသင်္ဘောပေါ်ရှိလူများကို သိမ်းပိုက်နိုင်ရန် ယုံကြည်ချက်ရှိပေသည်။
ယခုအထိ သူသည် သူ၏စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကို ခုခံနိုင်သော အပြင်လူများကို မတွေ့ကြုံရသေးပေ။ သူသည် သူ၏ကိုယ်ပိုင်စွမ်းရည်အပေါ် အလွန်ယုံကြည်မှုရှိ၏။
မှော်ဆရာသည် အသက်ပြင်းပြင်းရှုကာ ပြောလိုက်တော့သည်။
“တည်နေရာကူးပြောင်းဖို့ ပြင်တော့။”
ထိုသို့ပြောပြီးနောက် မှော်ဆရာသည် ဦးတည်ချက်ကျောက်ကို စတင်အသုံးပြုလိုက်တော့လေသည်။
ချက်ချင်းပင် ဒေသခံသင်္ဘောအပေါ်တွင် မှောင်မိုက်သောမိုးတိမ်များ စုဝေးလာပြီး လျှပ်စီးကြောင်းများနှင့် မိုးချုန်းသံများ ဖြစ်ပေါ်လာခဲ့၏။
“ဦးတည်ချက်ကျောက်ကို အသက်သွင်းလိုက်ပြီလား။”
ရှောင်းယီသည် ထိုမြင်ကွင်းကိုကြည့်ရှုကာ သက်ပြင်းချလိုက်မိသည်။
စဉ်းစားပြီးနောက် ရှောင်းယီသည် အဖွဲ့အတွင်း၌ ပြောဆိုလိုက်သည်။
“အားလုံးပဲ သတိထားကြပါ။ ဒေသခံတွေက ဦးတည်ချက်ကျောက်ကို သုံးနေပြီ။ အဝေးကနေဆက်ပြီးပစ်ထားကြ အနားမကပ်နဲ့။”
“တိုက်ပွဲအတွင်းမှာလည်း သုံးလို့ရတာပဲလား။ ဒါက လွန်လွန်းသွားပြီ။ သူတို့တိုက်လို့မနိုင်ရင်တောင် ထွက်ပြေးလို့ရတယ်လေ။”
“ဟုတ်တယ်...ငါ နောက်ဆုံးတော့ သူ့ကိုဝိုင်းထားလိုက်နိုင်ပြီကို။ ဒီလိုဆုတ်ခွာသွားတာက တကယ်ကို ခံပြင်းဖို့ကောင်းတယ်။”
“ဦးတည်ချက်ကျောက်ရဲ့ စွမ်းအင်စုစည်းချိန်က နာရီဝက်လောက်ကြာတယ်။ အကယ်၍ ငါတို့သာ သူတို့ရဲ့သင်္ဘောကို မြုပ်ပစ်လိုက်နိုင်မယ်ဆိုရင် ဦးတည်ချက်ကျောက်ရဲ့ တည်နေရာကူးပြောင်းမှုကို နှောင့်ယှက်နိုင်လိမ့်မယ်။ ဒါပေမယ့် အခုတော့ မဖြစ်နိုင်တော့ပုံပဲ။”
ရှောင်းယီက ပြန်လည်ဖြေကြားလိုက်သည်။
“ဒါပေမယ့်လည်း စိတ်မပူကြပါနဲ့။ ဒီတစ်ကြိမ်က သူ့ကိုအထိနာသွားစေတယ်လို့ ယူဆလို့ရနယ်။ အနည်းဆုံးတော့ သူက ကျုပ်တို့ ရှားနိုင်ငံရဲ့နယ်မြေထဲကို အလွယ်တကူ ချိုးဖောက်ဝင်ရောက်လာခြင်းကနေ ကာကွယ်နိုင်လိုက်တယ်။!”
“ဒါက အဓိပ္ပါယ်ရှိတယ်။ ဒါတို ဆက်ပြီး ပစ်ခတ်ကြမယ်ဟေ့!။”
“ဒီနာရီဝက်အတွင်း ကောင်းမွန်တဲ့ရလဒ်တစ်ခု ထွက်ပေါ်လာစေဖို့ အခွင့်ကောင်းယူရမယ်။”
“ငါပြောချင်တာက မင်းတို့ရဲ့ လက်အမြန်နှုန်းကို တိုးမြှင့်ဖို့လိုတယ်!”
“လက်အမြန်နှုန်းနဲ့ပတ်သက်ရင် ငါဘယ်တော့မှမကြောက်ဘူးကွ။ ငါ အိမ်ထောင်မပြုဘဲ ၂၈ နှစ်ကြာအောင်နေခဲ့တာ အလကားမဟုတ်ဘူး။”
ရှောင်းယီနှင့် အခြားသူများသည် အနားမကပ်ရဲကြသောကြောင့် အကွာအဝေးကို ထိန်းသိမ်းထားပြီး ရူးသွပ်စွာတိုက်ခိုက်နေကြသော်လည်း မှော်ဆရာနှင့် အခြားသူများသည် သင်္ဘောခန်းအတွင်းတွင် ပုန်းအောင်းနေကာ တည်နေရာကူးပြောင်းရန်အတွက် စောင့်မျှော်နေခဲ့ကြသည်။
မိနစ်နှစ်ဆယ်ခန့်ကြာအောင် ပြင်းထန်စွာတိုက်ခိုက်ပြီးနောက် ရှောင်းယီက နောက်တဖန် ထပ်ပြောလိုက်သည်။
“တိုက်ခိုက်နေတာကို ရပ်လိုက်ကြတော့။ အားလုံးပဲ နောက်ဆုတ်ကြပါ။ ဒေသခံသင်္ဘောနဲ့ အရမ်းမကပ်ကြနဲ့။”