အခန်း (၃၇၃-၃၇၅)
Vol. 25 Ch. 373-375
အခန်း ၃၇၃
ရှောင်းယီသည် ထိုဦးတည်ချက်ကျောက်၏ တည်နေရာကူးပြောင်းနိုင်သည့် အကွာအဝေးမည်မျှကျယ်ပြန့်သည်ကို မသိပေ။ ၎င်းတို့၏သင်္ဘောများထဲမှ တစ်စင်းစင်းသာ သူ၏အပိုင်းအစတစ်ခုအနေနှင့် တည်နေရာကူပြောင်းခြင်းခံလိုက်ရပါက ရှက်စရာကောင်းမည်ဖြစ်သည်။
တစ်ဦးနှင့်တစ်ဦး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရာတွင် ဒဏ်ရာမရဘဲ လွတ်မြောက်နိုင်သည့် ရှောင်းယီမှလွဲ၍ အခြားသူများသည် သေဆုံးမည်မှာ အသေချာပင်ဖြစ်သည်။
လူတိုင်း ရှောင်းယီ၏ အသိပေးချက်ကို ကြားလိုက်ရပြီးနောက် ချက်ချင်းပင် ဒေသခံသင်္ဘောနှင့် ဝေးရာသို့ ဆုတ်ခွာလိုက်ကြ၏။
မိနစ်အနည်းငယ်အကြာတွင် သူတို့ရှေ့ရှိ ထူးခြားဖြစ်စဉ်၏မြင်ကွင်းမှာ ပျောက်ကွယ်သွားပြီး ဒေသခံသင်္ဘောသည်လည်း ပျောက်ကွယ်သွားခဲ့လေသည်။
ရှောင်းယီသည် ချက်ချင်းပင် ရွှေဂဠုန်ကို ခေါ်ယူကာ စောစောက တည်နေရာကူးပြောင်းသွားသော ဒေသခံရွက်သင်္ဘောကြီးကို ရှာဖွေရန်အတွက် အနောက်ဘက်သို့ လိုက်သွားခိုင်းလိုက်၏။
အကယ်၍ ရန်သူ၏ ဦးတည်ချက်ကျောက် စွမ်းအင်သည် နည်းပါးနေပါက တည်နေရာကူးပြောင်းနိုင်သည့်နေရာသည် သဘာဝအားဖြင့် အလွန်ဝေးကွာမည်မဟုတ်ပေ။
“သူတို့ထွက်ပြေးသွားတာ တကယ်ကို စိတ်မကောင်းစရာပဲ!။”
“ဟုတ်တယ်၊ ခုနက သင်္ဘောကို စုတ်ပြတ်သက်သွားအောင် လုပ်နိုင်လုနီးပါးပဲ။ ငါတို့ အဲ့ဒါကို အင်အားသုံးပြီး သိမ်းပိုက်လို့ရနိုင်တယ်မဟုတ်ဘူးလား။”
“ဒါကိုတော့ ယီရန်ပင်းသူဌေးတို့အဖွဲ့ကို မေးရမယ်။”
ထိုစကားများကိုကြားသောအခါ ရှောင်းယီက ဂရုထဲတွင် ပြောလိုက်၏။
“ခုနကသင်္ဘောပေါ်မှာ S-အဆင့် မှော်ဆရာတစ်ယောက်ရှိတယ်။ မင်းတို့စမ်းကြည့်ချင်တယ်ဆိုရင် လိုက်ပြီး စမ်းကြည့်ကြပါ။”
“S-အဆင့် မှော်ဆရာလား။ ဒီအဆင့်က မြင့်လွန်းမနေဘူးလား။”
“ငါမလုပ်ခဲ့မိတာ ကံကောင်းတယ်။ မှော်ဆရာတွေရဲ့ စိတ်ဝိဉာည်တိုက်ခိုက်မှုက အရမ်းပြင်းထန်တယ်လို့ ငါကြားဖူးတယ်။”
“ခုနကသင်္ဘောပေါ်တက်ချင်တယ်လို့ ဘယ်သူပြောတာလဲ။ မြန်မြန်ထွက်လာပြီး မင်းအဆင့်ဘယ်လောက်ရှိလဲဆိုတာ ကြည့်လိုက်စမ်းပါဦး။”
“ငါက တွေ့ကရာလျှောက်ပြောလိုက်တာပါ။ ငါအီးပေါက်တာလို့ မှတ်လိုက်ကြပါကွာ။”
“ညီအစ်ကို မင်းက တကယ်အရသာအရမ်းပြင်းတာပဲ။ အဲ့ဒါကို မင်းရဲ့ပါးစပ်နဲ့တောင် ထိချင်တာလား။”
“ငါတို့အားလုံးက ယောင်္ကျားတွေပဲ ပြီးအောင်လုပ်ရမှာကို လူတိုင်းသိတယ်။”
“ထွက်သွားစမ်း! မင်းက အဖွဲ့ထဲက စတီယာရင်ကိုင်တဲ့သူတွေထဲကပဲဖြစ်ရမယ်။ အမြဲတမ်းကားပဲမောင်းနေတယ်။”
“သူဌေး ကျုပ်တို့ အခုဘာလုပ်ရမှာလဲ။ ဆုတ်ကြရတော့မှာလား။”
တစ်စုံတစ်ယောက်က မေးလိုက်သည်။
ရှောင်းယီ အဖြေမပေးနိုင်မှာပင် သူ၏လှေသည် တစ်ခုခုနှင့်တိုက်မိခြင်းကြောင့် ခါရမ်းသွားလေတော့သည်။
“ပင်လယ်သတ္တဝါတွေက ကျုပကိုတိုက်ခိုက်နေတယ်။”
ရှောင်းယီက ချက်ချင်းပြောလိုက်၏။
“ချီး! ဒီမှာလည်းရှိတယ်ဟ။!”
“ဒီမှာလည်းရှိတယ်!”
ထိုအကြောင်းကို တွေ့လိုက်ရသောအခါ ရှောင်းယီသည် အနည်းငယခစဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။
“ဖြစ်နိုင်တာက ခုနက သစ်သားလှေငယ်ပေါ်ကလူ ပင်လယ်ထဲကျသွားပြီး အသားစားရေနေသတ္တဝါတချို့ကို ဆွဲဆောင်မိတာဖြစ်နိုင်တယ်။ ကျုပ်တို့ စုဝေးရာလမ်းကြောင်းဆီကို ပြန်ဆုတ်ကြမယ်။”
“ဟုတ်ကဲ့!”
လူအားလုံးက တစ်ပြိုင်တည်း ပြန်ဖြေလိုက်ကြ၏။ ထို့နောက် ရွက်သင်္ဘောများကို စတင်မောင်းနှင်ကာ သူတို့၏ဆုံရပ်ဆီသို့ ရွက်လွှင့်သွားတော့ကြသည်။
သို့သော် ထိုပင်လယ်သတ္တဝါများသည် သွေးများကြောက့် စိတ်လှုပ်ရှားနေကြဟန်ရပြီး ရှောင်းယီနှင့် သူ၏သင်္ဘောကို လိုက်လံတိုက်ခိုက်နေကြသည်။
သင်္ဘောအားလုံးကို လူတစ်ဦးတည်းက မောင်းနှင်နေခြင်းဖြစ်ပြီး ကျန်လူများသည် သင်္ဘောဘေးတွင် ရပ်ကာ ၎င်းတို့၏သင်္ဘောကို တိုက်ခိုက်နေသော ပင်လယ်သတ္တဝါအမျိုးအစားကို ရှာဖွေနေခဲ့ကြသည်။
ရုတ်တရက် ရေထဲမှ လက်တံတစ်ချောင်း ထွက်ပေါ်လာပြီး အသက်ရှင်ကျန်ရစ်သူတစ်ဦးကို ရစ်ပတ်ကာ ရေထဲသို့ ဆွဲချသွား၏။
“ကယ်ကြ...”
ထိုလူသည် အကူအညီတောင်းခံခြင်းကိုပင် ပြီးဆုံးအောင်မပြုလုပ်နိုင်ခဲ့လဲ ရေထဲသို့ ပါသွားခဲ့သည်။
“သူဌေး ဒီမှာ ရေဘဝဲတစ်ကောင်ရှိတယ်။ သူက အခုလေးတင် ကျုပ်အဖော်ကိုဆွဲချလိုက်ပြီ။”
တစ်ယောက်က ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်သည်။
“မစိုးရိမ်နဲ့...ကျုပ်လာပြီးအကူအညီပေးမယ်။”
ရှောင်းယီက နက်ရှိုင်းသည့်လေသံဖြင့် ပြောလိုက်သည်။
“မင်းတို့ဆက်သွားနှင့်။ သင်္ဘောခန်းထဲမှာပုန်းနေ။ အပြင် မထွက်လာနဲ့။”
“ကျေးဇူးတင်ပါတယ် သူဌေး!”
ထိုလူက စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေ၏။
“အဲဒီသင်္ဘောဆီသွားကြမယ် အားလုံးပဲ သင်္ဘောနဲ့ သိပ်မကပ်ကြနဲ့။”
ရှောင်းယီက ချက်ချင်းပြောလိုက်သည်။
“ဟုတ်ကဲ့!”
လူအားလုံးက တစ်စိတ်တစ်သံတည်း ပြန်ဖြေလိုက်ကြ၏။ မကြာမီမှာပင် ရှောင်းယီသည် ထိုသင်္ဘောကို လိုက်မိသွားပြီး ရေပြင်ကို ဂရုတစိုက် ကြည့်ရှုလေ့လာလိုက်သည်။
“ဘမ်း!”
ထိုစဉ် သူ၏သင်္ဘောပဲ့ပိုင်းသည် ရေထဲရှိ တစ်စုံတစ်ခုနှင့် ထပ်မံတိုက်မိသွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည်လည်း ပျက်စီးမှုကို သတိပေးနေခဲ့သည်။
ပိုင်ချီသည် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ရှေ့တွင် စောင့်ကြပ်ကြည့်ရှုကာ တစ်ခါတည်းပြင်ဆင်ပေးလိုက်သည်။
ရုတ်တရက် ရေထဲမှ လက်တံနှစ်ချောင်း ထွက်ပေါ်လာပြီး အလတ်စားရွက်သင်္ဘော၏ လက်ရန်းတစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
“ရေဘဝဲကြီး (B အဆင့်): ဧရာမရေဘဝဲ။ ပျမ်းမျှအားဖြင့် အန္တရာယ်ရှိသည်။ ရေဘဝဲသားကို ကင်ပြီးစားလျှင်လည်း အလွန်အရသာရှိသည်။”
“ဒါက B-အဆင့် ရေဘဝဲပဲ။ သူ့ကိုကိုင်တွယ်ဖြေရှင်းဖို့ သွားကူညီလိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ!”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်ပြီး ချက်ချင်းပင် အလတ်စားရွက်သင်္ဘောပေါ်သို့ ခုန်တက်လိုက်သည်။
ထိုအချိန်တွင် အလတ်စားရွက်သင်္ဘောသည် လက်တံနှစ်ချောင်းကြောင့် မှောက်လှန်လုနီးအခြေအနေဖြစ်နေခဲ့သည်။
ကျန်းယွင်ထျန်းသည် ထိုသင်္ဘော၏ကုန်ပတ်ပေါ်သို့ ဆင်းသက်လိုက်ပြီးနောက် လက်တံဆီသို့ လျှောဆင်းသွားကာ သူ့လက်ထဲရှိ B-အဆင့် ဓားမြှောင်ကို လွှဲယမ်းလိုက်၏။
ဖျစ်...!
ရေဘဝဲ၏လက်တံအပိုင်းကြီးတစ်ခုသည် ကျန်းယွင်ထျန်း၏လှီးဖြတ်ခြင်းကို ခံလိုက်ရပြီး သင်္ဘောကုန်းပတ်ပေါ်သို့ ပြုတ်ကျသွားကာ အကြောဆွဲနေခဲ့သည်။
လက်တံတစ်ချောင်းပျောက်ဆုံးသွားသောအခါ တိမ်းစောင်းနေသော အလတ်စားရွက်သင်္ဘောသည် ချက်ချင်းပင် ပင်လယ်မျက်နှာပြင်ပေါ်သို့ ညီညာစွာ ပြန်ရောက်သွားခဲ့၏။
ရေထဲရှိ ရေဘဝဲသည်လည်း ချက်ချင်းပင် ပြန်လည်တိုက်ခိုက်ကာ ကျန်းယွင်ထျန်းကို ရိုက်ချရန်အတွက် နောက်ထပ်လက်တံတစ်ချောင်းကို ထုတ်လွှတ်လိုက်လေသည်။
ကျန်းယွင်ထျန်းသည် သူ့ဆီသို့ ပစ်ဝင်လာသောလက်တံကို အလွယ်တကူရှောင်တိမ်းလိုက်၏။ ထို့နောက် သူ၏လက်ကိုနောက်တစ်ကြိမ်လှုပ်ရှားကာ နောက်ထပ်လက်တံတစ်ချောင်းကို ချန်ထားရစ်စေခဲ့သည်။
ယခုအခါ ရေဘဝဲသည် အလွန်ကြောက်လန့်သွားပြီဖြစ်၏။ သူသည် လှေကိုဆုပ်ကိုင်ထားသော သူ၏အခြားလက်တံကို အလျင်အမြန်ပြန်လည်ဆွဲယူလိုက်တော့သည်။ သို့သော်လည်း နောက်ကျသွားပြီဖြစ်၏။
ကျန်းယွင်ချန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လျင်မြန်စွာဖြင့် ခြေနှစ်လှမ်းလှမ်းကာ ၎င်းပြန်လည်မဆုတ်ခွာနိုင်မီမှာပင် ၎င်း၏လက်တံအပိုင်းတစ်ခုကို ဖြတ်တောက်ပစ်လိုက်လေသည်။
ရေဘဝဲ၏လက်တံသုံးချောင်းသည် ကျန်းယွင်ထျန်း၏ လှီးဖြတ်ခြင်းကို ခံလိုက်ရပြီး ရေထဲသို့ အလျင်အမြန်ဆုတ်ခွာသွားကာ နောက်ထပ်ပေါ်လာရဲခြင်းမရှိတော့ပေ။
ကျန်းယွင်ထျန်းသည် ဖြတ်တောက်ခံထားရသော လက်တံများကို ကောက်ယူပြီး သူ၏ရွက်သင်္ဘောကြီးပေါ်သို့ ပြန်လည်ခုန်တက်သွားခဲ့သည်။
“ငါလက်တံသုံးချောင်းရခဲ့တယ်။ ညစာစားဖို့တော့ လုံလောက်ရုံပဲရှိတယ်။”
ကျန်းယွင်ထျန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်၏။
လက်ရှိအချိန်တွင် လှေအောက်တွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မည်သူမျှ မသိကြပေ။ ကျန်းယွင်ထျန်းသည်လည်း ရေဘဝဲလက်တံအားလုံးကို သိမ်းထားနိုင်ရန်အတွက်နှင့် ရေထဲသို့တိုက်ရိုက်မဆင်းဝံ့ပေ။
“ညစာကျရင် သွားရည်စာအနေနဲ့တော့ စားလို့ရပါတယ်။”
ရှောင်းယီက ပြုံးရယ်ကာ ပြန်ဖြေပြီး သင်္ဘော၏ပဲ့ဘက်သို့ လျှောက်သွားလိုက်၏။ ထိုနေရာတွင် ပင်လယ်သတ္တဝါတစ်ကောင်သည် သူ၏သင်္ဘောကို ဆက်တိုက် တိုက်ခိုက်နေလေသည်။
ထို့နောက် တောက်ပသည့်လရောင်အောက်တွင် ရှောင်းယီသည် ရေပြင်ပေါ်တွင်ထွက်ပေါ်နေသော ငါးဆူးတောင်တစ်ခုကို မြင်လိုက်ရ၏။
“ဧရာမငါးမန်းဖြူကြီး (A အဆင့်): ပင်လယ်ထဲရှိ အသားစားသတ္တဝါ။ အနည်းငယ်အန္တရာယ်ရှိသော်လည်း ရေထဲမဆင်းသရွေ့ သင့်ကိုဘာမှမလုပ်နိုင်ပါ။”
ရှောင်းယီသည် စနစ်၏သတိပေးချက်ကို ကြည့်ရှုရင်း တပိုင်ကို ပြောလိုက်သည်ာ
“တပိုင် ဆင်းပြီး ဖြေရှင်းမလား။ အဲ့ဒါက A-အဆင့် ငါးမန်းဖြူကြီးပဲ။ မင်းနဲ့နာမည်တူတယ်။”
တပိုင်က ခေါင်းညိတ်ကာ မည်သည့်အသံမပေးဘဲ သင်္ဘော၏ပဲ့ဘက်သို့ ချဉ်းကပ်သွားခဲ့သည်။ ငါးမန်းဖြူကြီးသည် ရှောင်းယီ၏လှေကို ထပ်မံတိုက်မိတော့မည့်အချိန်တွင် တပိုင်သည် လှေပေါ်မှ တိုက်ရိုက်ခုန်ဆင်းလိုက်၏။
ဝုန်း...!
တပိုင် ရေထဲသို့ကျသွားပြီးနောက် ငါးမန်းဖြူကြီး၏ကိုယ်ပေါ်တွင် ထိုင်လိုက်ကာ သူ၏သံမဏိချောင်းကဲ့သို့ခြေသည်းများဖြင့် ငါးမန်းဖြူကြီး၏အသားထဲသို့ ထိုးစိုက်လိုက်လေသည်။
ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သည့်နာကျင်မှုကြောင့် ငါးမန်းဖြူကြီးသည် အပြင်းအထန်ရုန်းကန်လိုက်ပြီး မကြာမီမှာပင် ပတ်ပတ်လည်ရှိပင်လယ်ပြင်မှာ နီရဲလာခဲ့သည်။
တပိုင်သည် ငါးမန်းဖြူကြီးကို လက်တစ်ဖက်ဖြင့် ခိုင်မြဲစွာကုပ်တွယ်ထားပြီး အခြားလက်တစ်ဖက်ဖြင့် ငါးမန်းဖြူကြီး၏ဦးခေါင်းကို ဆက်တိုက်ရိုက်နှက်တော့လေသည်။
သို့သော် ရေထဲတွင်ခုခံမှုမှာ အလွန်ကြီးမားပြီး ငါးမန်းဖြူကြီး၏ဦးခေါင်းကို ရိုက်နှက်ခြင်းသည် နာကျင်မှုသို့မဟုတ် ယားယံမှုကိုပင် မဖြစ်စေခဲ့ပေ။
တပိုင်သည် ချက်ချင်းပင် သူ၏နည်းဗျူဟာပြောင်းလဲကာ သူ၏သံမဏိခြေသည်းများဖြင့် ဆက်တိုက်ကုတ်ခြစ်တော့၏။
ဤလုပ်ငန်းစဉ်အတွင်း ငါးမန်းဖြူကြီးသည် ညှဉ်းပန်းနှိပ်စက်ခြင်းခံနေရသည်နှင့်ပင် တူနေခဲ့လေသည်။
၎င်းသည် ဆက်လက်ရုန်းကန်နေသော်လည်း မည်သို့ပင်ကြိုးစားစေကာမူ တပိုင်၏လက်ချက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
သုံးမိနစ်အကြာတွင် တပိုင်သည် ရေထဲမှပေါ်ထွက်လာပြီး လှေဆီသို့ ဟိန်းသံနှစ်ချက်ပေးလိုက်၏။
ထိုအခါ ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ကြည့်စမ်း! တပိုင်က အံ့ဩစရာကောင်းနေတုန်းပဲ။”
ထို့နောက် သူသည် ကျန်းယွင်ထျန်းကို ခေါ်ကာ တပိုင်သတ်ဖြတ်ထားသော ငါးမန်းဖြူကြီးကို ငါးဖမ်းပိုက်ဖြင့် ဆွဲတင်ရန် ပြောလိုက်သည်။
“ပိုလာဝက်ဝံဖြူတစ်ကောင်က ရေထဲမှာ ငါးမန်းဖြူကြီးတစ်ကောင်ကိုသတ်တယ်ဆိုတာကို ဘယ်သူမှယုံကြည်နိုင်မှာမဟုတ်ဘူး။”
ကျန်းယွင်ထျန်းက အကူညီမဲ့နေသည့်အမူအရာဖြင့် ဆွဲတင်ထားသော ငါးမန်းဖြူကြီးကို ကြည့်ရှုရင်း ပြောလိုက်မိသည်။
“ရွက်သင်္ဘောကြီးဖြစ်နေတာကောင်းတယ်။ မဟုတ်ရင် အဲ့ဒါကို အောက်ချထားလို့ရမှာမဟုတ်ဘူး။”
ရှောင်းယီက ငါးမန်းဖြူကြီး၏ ဧရာမအလောင်းကိုကြည့်ရှုကာ ပြောလိုက်၏။
“ဖူရှီ လူနည်းနည်းလောက်စီစဉ်ပြီး အဲ့ဒါကို တုံးပစ်လိုက်ဦး။”
“ဟုတ်ကဲ့!”
ဖူရှီသည် သူ၏အံ့အားသင့်နေမှုများကို လျစ်လျူရှုကာ လူအချို့ကိုစီစဉ်လိုက်ပြီး ကိရိယာသေတ္တာထဲရှိ လွှစက်ကို ကောက်ယူကာ ၎င်းကို ချက်ချင်းပင် စတင်၍ အပိုင်းပိုင်းဖြတ်တောက်တော့လေသည်။
ရှောင်းယီနှင့် အခြားသူများသည် အခြားအလတ်စားရွက်သင်္ဘောကို ကယ်တင်ရန် နောက်ဆုံးတွင်ရှိနေခဲ့သည်။ တိုက်ပွဲသည် သင်္ဘော၏ပဲ့ဘက်တွင်ဖြစ်ပွားခဲ့သောကြောင့် အခြားသင်္ဘောများသည် တပိုင်၏ငါးမန်းဖြူကြီးအား သတ်ဖြတ်မှုဖြစ်စဉ်ကို မမြင်ခဲ့ကြရပေ။
သို့သော် ရှောင်းယီတို့ဘက်ရှိအခြေအနေကို အမြဲဂရုစိုက်နေခဲ့သော တိလင်ကုချီကီသည် ကျန်းယွင်ထျန်း၏ ရေဘဝဲအား ဖြေရှင်းလိုက်သည့်ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရလေသည်။
“ဒီလူက ဘယ်လိုများ ဒီလောက်စွမ်းအားကြီးနိုင်ရတာလဲ။”
တိလင်ကုချီကီ ထိတ်လန့်တုန်လှုပ်စွာ တွေးလိုက်မိလေသည်။
အခန်း ၃၇၄
တိလင်းကုချီကီသည် ခုနက ရေဘဝဲ၏ အဆင့်အတိအကျကို မသိရသော်လည်း လက်တံများ၏ထူထဲမှုကို ကြည့်ခြင်းဖြင့် ၎င်း၏အဆင့်သည် B အဆင့်ထက်မနိမ့်သင့်ကြောင်း အကြမ်းဖျင်းခန့်မှန်းနိုင်ပေသည်။
ထိုသူသည် အနည်းဆုံး B အဆင့်ရှိသော ပင်လယ်သတ္တဝါတစ်ကောင်ကို ဤမျှပေါ့ပါးစွာ သတ်ဖြတ်ပစ်ခဲ့သည်။
“သူက A အဆင့်များလား။”
တိလင်းကုချီကီသည် သူကိုယ်တိုင်ပင် မယုံနိုင်လောက်သော ကောက်ချက်တစ်ခုကို ချမှတ်မိလိုက်လေသည်။
သို့သော် ယီရန်ပင်း၏လက်ထဲရှိ အဆင့်မြင့်အစားအစာများကို တွေးမိသောအခါ သူသည် နောက်တဖန် စိတ်သက်သာရာရသွားခဲ့သည်။
ထိုကဲ့သို့ အလွန်များပြားသော အဆင့်အစားအစာများဖြင့် A-အဆင့် အသက်ရှင်ကျန်ရစ်သူတစ်ဦးကို ပျိုငးထောင်ရန်မှာ ခက်ခဲမည်မဟုတ်ဟု ထင်ရပေသည်။
တိလင်းကုချီကီသည် ဤနေရာတွင် ဖြစ်ပျက်ခဲ့သည်များကို တိလင်းထျန်းရှားထံသို့ အသေးစိတ်သတင်းပေးပို့လိုက်ပြီး သူ၏ကိုယ်ပိုင်ခန့်မှန်းချက်ကိုလည်း ဖော်ပြခဲ့ပေသည်။
တိလင်းထျန်းရှားသည် လုံးဝမအံ့သြခဲ့ပေ။
“ငါက ယီရန်ပင်းရဲ့အဆင့်အစားအစာတွေကို ဝယ်ယူပြီးတော့ B အဆင့်ကို အလျင်အမြန်ရောက်လာရှိခဲ့တာ။ သူ့ဆီမှာ A အဆင့်လူတွေရှိတာက ပုံမှန်ပါပဲ။ သူတို့အဖွဲ့ကို ဆက်ပြီးအာရုံစိုက်ထားပါ။”
“ဟုတ်ကဲ့!”
တိလင်းကုချီကီက ပြန်လည်ဖြေကြားလိုက်၏။
အခြားသင်္ဘောများသည် စွမ်းအားကြီးမားသော ပငါလယ်သတ္တဝါများနှင့် မကြုံတွေ့ခဲ့ရဘဲ လေးများဖြင့်ပင် ၎င်းတို့ကို မောင်းထုတ်နိုင်ခဲ့သည်။
လူတိုင်းသည် သူတို့၏ဆုံမှတ်သို့ ချောမောစွာဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြ၏။
“သူဌေး ခုနကကိစ္စအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။”
ကျန်းယွင်ထျန်း၏ ကယ်တင်ခြင်းကို ခံခဲ့ရသော လှေပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများက ကျေးဇူးတင်ကြောင်း ပြောလိုက်ကြသည်။
ကျန်းယွင်ထျန်းက သူ၏လက်ဝါးကို ဝှေ့ယမ်းကာ ပြောလိုက်၏။
“ကျုပ်တို့က အတူတကွ တိုက်ပွဲဝင်နေကြတာပဲ။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ကူညီတာက ကျုပ်တို့အတွက် အခြေခံအကျဆုံးမူတစ်ခုပါ။”
“အင်း ယီရန်ပင်းသူဌေးရဲ့အဖွဲ့က အမှန်တကယ်ကို ကြီးကျယ်မြင့်မြတ်တယ်။ ခုနက ငါခံစားမိတာက လှေက အဲဒီရေဘဝဲရဲ့ဖိအားကြောင့် မှောက်လှန်တော့မတက်ဖြစ်နေခဲ့တာ။!”
“ဟုတ်တယ် ဒီလိုမျိုး ကြီးမားတဲ့စွမ်းအားရှိတယ်ဆိုတော့ သူ့ရဲ့အဆင့်ကလည်း အတော်မြင့်မှာပဲ။”
“ဒါဆို ဒီအကြီးအကဲက အဲ့ဟာထက် အဆင့်ပိုမြင့်ရမယ်။”
“သူဌေးရဲ့သင်္ဘောမှာ အဆင့်မြင့်အဖွဲ့ဝင်တွေရှိရုံတင်မကဘူး လူအရေအတွက်လည်းများတယ်။ စောစောက ငါက အကြီးအကဲနဲ့အရမ်းနီးတယ်။ ဒေသခံတွေကိုတိုက်ခိုက်တုန်းက သူဌေးရဲ့သင်္ဘောပေါ်မှာ လူအနည်းဆုံး အယောက်လေးဆယ်လောက်က တစ်ချိန်တည်း လေးတင်လိုက်တာတွေ့ခဲ့ရတယ်။ တကယ်ကိုကြည့်ကောင်းတာပဲ။”
“လူအယောက်လေးဆယ်ကျော်! သူဌေး ဒီလောက်လူအများကြီးကို ဘယ်လိုစုခဲ့တာလဲ။”
“သူဌေးမှာ အကြီးစားရွက်သင်္ဘောကြီးရှိတယ်လေ။ ဒီတော့ လူအရမ်းများတာကို နားလည်ပေးနိုင်ပါတယ်။”
“ဟုတ်တယ်။”
လရောင်သည် ပို၍အားကောင်းလာသော်လည်း အချိန်မှာ ညဉ့်နက်လာပြီဖြစ်၏။ ထို့အပြင် ဖူရှီနှင့် အခြားသူများသည် ရှောင်းယီ၏ကျွန်းပေါ်တွင် ရက်ပေါင်းများစွာနေထိုင်ပြီးနောက် ၎င်းတို့၏အမူအကျင့်များစွာအပါအဝင် ၎င်းတို့၏အဝတ်အစားများကိုလည်း ပြောင်းလဲခဲ့ကြသည်။
ထို့ကြောင့် သေချာသာမစူးစမ်းပါက ၎င်းတို့သည် အမှန်တကယ် ဤနေရာ၏ဒေသခံများဖြစ်ကြောင်း ပြောနိုင်မည််မဟုတ်ပေ။
ဤလူဦးရေကိုကြားလိုက်ရသောအခါ တိလင်းကုချီကီသည် အနည်းငယ်သာ အံ့အားသင့်သွားခဲ့၏။
သူသည် လူဦးရေကြောင့် အံ့အားသင့်ခြင်းမဟုတ်ဘဲ ယီရန်ပင်းသည် တိုင်းရင်းသားများကို တားဆီးရန်အတွက် ဤကဲ့သို့ အလွန်များပြားသော လူများကို စေလွှတ်ခဲ့ခြင်းကြောင့် အံ့အားသင့်သွားခဲ့ခြင်းဖြစ်ပေသည်။
ယီရန်ပင်းတို့ အဖွဲ့တွင် လူဦးရေမည်မျှရှိသည်ကို တလင်းအင်ပါယာ၏တပ်ဖွဲ့များအတွင်း၌ အငြင်းပွားမှုတစ်ခုပင် ရှိခဲ့ဖူးသည်။
ဆွေးနွေးမှု၏ရလဒ်မှာ လူဦးရေ နှစ်ရာထက် မနည်းသင့်ဟူ၍ဖြစ်ပြီး မဟုတ်ပါက ဤကဲ့သို့ အလွန်များပြားသော အဆင့်မြင့်အစားအစာများကို ရရှိရန်မှာ မဖြစ်နိုင်ဟူ၍ဖြစ်သည်။
လူဦးရေ ၂၀၀ ကို အခြေခံ၍ တွက်ချက်ပါက ယီရန်ပင်းသည် သူ့လူများ၏ လေးပုံတစ်ပုံနီးပါးကို စေလွှတ်ခဲ့ခြင်းဖြစ်ပေသည်။ ဤတိုက်ခိုက်မှုအတွက် ဤကဲ့သို့ အလေးအနက်ထားခြင်းမှာ အလွန်အမင်းပြင်းထန်လှပေသည်။
“ယီရန်ပင်းသူဌေးရဲ့ကျွန်းက အနောက်ဘက်နားမှာ ရှိနေလောက်မလား။”
တိလင်းကုချဌကီက ခန့်မှန်းလိုက်၏။
ထိုသို့မဟုတ်ပါက ဤတိုက်ခိုက်မှုအတွက် ဤကဲ့သို့ အလွန်အလေးအနက်ထားနေခြင်းအတွက် အခြားအကြောင်းပြချက်များကို သူမတွေးနိုင်တော့ပေ။
သူတို့၏ဆွေးနွေးမှုများကို ကြည့်ရှုရင်း ရှောင်းယီသည် ဘာမှရှင်းပြခြင်းမပြုဘဲ သူတို့အား ခန့်မှန်းခွင့်ပေးလိုက်သည်။
“သူဌေး ကျုပ်တို့ နောက်ထပ် ဘာဆက်လုပ်ရမလဲ။”
တစ်စုံတစ်ယောက်က မေးလိုက်၏။
“ငါတို့ နောက်ထပ်ဘာလုပ်နိုင်သေးလို့လဲ။ သူတို့က တည်နေရာတောင်ကူးပြောင်းသွားပြီ။ အမေ့အိမ်ကို ပြန်ဖို့ပဲရှိတော့တာပေါ့။”
“ဟုတ်တယ်။ တကယ်ပဲ ငါတို့ ဘာမှလုပ်လို့မရတော့ဘူး။ ဒီလိုနဲ့ပဲ ပြိုကွဲသွားမယ်ဆိုရင်ကော။”
ထိုစကားကိုတွေ့သောအခါ ရှောင်းယီက ပြောလိုက်သည်။
“ကျုပ် အနောက်ဘက်ကို စစ်တမ်းကောက်ယူဖို့ ကျုပ်ရဲ့စာချုပ်သားရဲကို စီစဉ်ထားတယ်။ သူ့ရဲ့သတင်းကို စောင့်ကြည့်ကြရအောင်။ ဒေသခံတွေရဲ့ ဦးတည်ချက်ကျောက်ရဲ့ စွမ်းအင်ကအားနည်းပြီး တည်နေရာကူးပြောင်းမှုအကွာအဝေးက သိပ်မဝေးဘူးဆိုရင် ကျုပ်တို့ ဆက်လိုက်နိုင်သေးတယ်။”
“သူဌေးက စာချုပ်သာရဲလည်းလည်း ယူလာခဲ့သေးတာလား။ ငါဘာလို့မမြင်မိတာလဲ။”
“ငါလည်းမမြင်မိဘူး။ ရေထဲမှာများလား။”
“မဟုတ်ဘူး။ ငါသိမ်းငှက်လိုမျိုး ငှက်ကြီးတစ်ကောင်ပျံသွားတာကိုမြင်လိုက်တယ်။”
“သူဌေးက သိမ်းငှက်နဲ့တောင် စာချုပ်ချုပ်ထားတာပဲ။ ဒါက အချိန်အတော်ကြာပြီပဲဖြစ်ရမယ်။”
ရှောင်းယီ အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“သိမ်းငှက်မဟုတ်ဘူး အဲ့ဒါက ပင်းတျောင်းပါ။”
တစ်စုံတစ်ယောက်က ထိုအရာကို မြင်တွေ့လိုက်ရပြီးနောက် ရှောင်းယီက ရက်ရက်ရောရောဖြင့် ပြောပြလိုက်သည်။
“ပင်းတျောင်းကဘာလဲ။ ငါမကြားဖူးဘူး။”
“မင်းမကြားဖူးတာတွေအများကြီးရှိတာပဲ။ ပင်းက ဒဏ္ဍာရီထဲက သတ္တဝါတစ်မျိုးပဲ။ ဒီစကားလုံးကိုသုံးထားတာကြောင့် ဒဏ္ဍာရီနဲ့ဆိုင်တဲ့အရာတစ်ခုခုဖြစ်သင့်တယ်။”
“ဒဏ္ဍာရီလာသတ္တဝါတွေလား။ နောက်ပိုင်းမှာ နဂါးတွေပါ တွေ့ရတော့မှာလား။”
“ဒါက မဖြစ်နိုင်လောက်ပါဘူး။”
လူတိုင်းက မသေချာကြပေ။
“ပြောလို့မရဘူး။ ငါတို့ဒီကိုရောက်လာတုန်း ကျွန်းတွေ၊ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ၊ ဘယ်ဟာက စိတ်ကူးယဉ်ဆန်တဲ့ဟာတွေ မဟုတ်လို့လဲ။ ကောင်းကင်မှာ နတ်ဘုရားတွေရှိတယ်။ မျောက်နတ်ဘုရားစွန်းဝူခွန်ကလည်း အမှန်တကယ်ရှိတယ်လို့ မင်းငါ့ကိုပြောရင် ငါအားလုံးကို ယုံလိုက်မယ်။”
ကျန်းယွင်ထျန်းသည် လူတိုင်း၏စကားပြောဆိုမှုများကို ကြည့်ရှုကာ အပြုံးတစ်ခုဖြင့် ပြောလိုက်မိသည်။
“ငါတို့မှာ အစစ်အမှန်နဂါးရှိတယ်ဆိုတာ သာသူတို့သိသွားရင် သူတို့ရဲ့မျက်နှာအမူအရာတွေ ဘယ်လိုဖြစ်သွားမလဲမသိဘူး။”
သူတို့စောင့်ဆိုင်းနေစဉ်အတွင်း ရှောင်းယီသည် ဆုဝမ်အား အကင်စက် ပို့ပေးရန် ပြောလိုက်၏။ ထို့နောက် သင်္ဘော၏ကုန်းပတ်ပေါ်တွင် အသားများကို စတင်ကင်လိုက်တော့သည်။
တိုက်ပွဲအပြီးတွင် စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန် အမြဲလိုအပ်ပေသည်။
မကြာမီ အကင်နံ့များ လွင့်ပျံလာကာ အခြားသင်္ဘောများပေါ်ရှိ လူအားလုံးသည် ၎င်းတို့၏နှာခေါင်းများကို အပြင်းအထန် လှုပ်ရှားမိလိုက်ကြသည်။
ဤမျှလောက်မွှေးကြိုင်သောအရသာရှိသည့် အစားအစာကို ၎င်းတို့တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။ အချို့သောလူများတွင် လက်ညှစ်စက်များရှိသော်လည်း သူတို့တွင် ဆီထုတ်လုပ်နိုင်သည့် သီးနှံများ မရှိပေ။
ရှောင်းယီကဲ့သို့ ဆီ၊ ဆားနှင့် ဟင်းခတ်အမွှေးအကြိုင်မျိုးစုံ ပြည့်စုံသော ကျွန်းများမှာ ရှားပါးလှပေသည်။
“အနံ့က အရမ်းကောင်းတာပဲ။ ယီရန်ပင်းသူဌေးနောက်ကို လိုက်ရတာက တကယ်ကောင်းတာပဲ။ သူတို့ တိုက်ခိုက်ဖို့ထွက်လာတဲ့အခါမှာတောင် အစားအစာတွေက အရမ်းကောင်းနေတုန်းပဲ။”
“ဟုတ်တယ် ငါအစကတော့ ဗိုက်သိပ်မဆာဘူး။ အခုတော့ အကင်နံ့ရှုလိုက်ရတာနဲ့တင် ဗိုက်ထဲဗလာဖြစ်သွားပြီ။”
“သူဌေးနဲ့တိုင်ပင်ပြီး နည်းနည်းလောက် ဝယ်ကြမယ်ဆိုရင်ကော။”
“ဒါက အတွေးကောင်းတစ်ခုပဲ။ အကြီးအကဲ ကျုပ်တို့ကိုလည်း ရောင်းပေးပါ။ အကြီးအကဲလုပ်နေတာက အရမ်းကောင်းတယ်။”
ထိုအခါ ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးကျေးဇူးအနေနဲ့ လူတစ်ဦးချင်းစီအတွက် အုတ်မြစ်တစ်ခုဖြစ်ပြီး ဒီနေ့ကျုပ်တို့က ဒီအကင်တွေကို လူတိုင်းနဲ့ မျှဝေပေးမယ်။!”
“အား! ဒီဈေးက အရမ်းချိုတာပဲ။ ကျုပ်တို့သင်္ဘောပေါ်မှာ လူနှစ်ယောက်ရှိတယ်၊ [အုတ်မြစ်ကျောက်] ၂၊ လဲလှယ်မှုမရှိပါ။!”
ထိုလူသည် ယခင်က ရေဘဝဲ၏တိုက်ခိုက်ခြင်းကို ခံခဲ့ရသော လှေပေါ်ရှိ အသက်ရှင်ကျန်ရစ်သူဖြစ်သည်။ ရှောင်းယီ၏ မျှဝေခြင်းဆိုသည်မှာ သူသည် အရသာရှိစွာကင်ထားသော ရေဘဝဲသားကို စားနိုင်သည်ဟု ဆိုလိုပေသည်။
ဤရေဘဝဲသည် အမှန်တကယ်ပင် အဆင့်မြင့်အစားအစာဖြစ်သည်။
အဆင့်မြင့်အစားအစာများ စားသုံးခြင်းသည် တွေ့ရှိနိုင်ရန် ရှားပါးလှပြီး တောင်းဆိုရန်မှာ မလွယ်ကူလှပေ။
အုတ်မြစ်ကျောက်တစ်ခုသည် အမှန်တကယ်ပင် စျေးမကြီးပေ။ လူတိုင်းဝယ်ယူနိုင်ပြီး မကြာမီပင် အားလုံး ရောင်းချခြင်းခံလိုက်ကြရသည်။
ရှောင်းယီသည် ကင်ထားသော ဧရာမငါးမန်းဖြူကြီး၏အသားကို ပြန်လည်ရောင်းချပေးခဲ့သည်။
“[ကင်ထားသောငါးမန်းအသား] (A အဆင့်) ၁ကီလိုဂရမ် လှဲလှယ်မှုမရှိပါ။”
“ဒီအသားက သိပ်ပြီးအရသာမရှိဘူးဆိုပေမယ့် စွမ်းအင်တွေ အများအပြားပါဝင်တယ်။ တစ်ဦးကို တစ်ကီလိုဂရမ်ရမယ်။ အရင်ဆုံး စားကြရအောင်။”
ရှောင်းယီက ပြောလိုက်သည်။
“ဘာတွေဖြစ်နေတာလဲ။ ဘာလို့ A-အဆင့် ငါးမန်းအသားက ရှိနေရတာလဲ။”
“ဟုတ်တယ် ခုနကရေဘဝဲပဲဆိုတာကို ငါရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။”
“ငါတို့မမြင်လိုက်ရခင် သူဌေး A-အဆင့်ငါးမန်းကိုသတ်မိလိုက်တာများလား။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“ဟုတ်တယ် စောစောက ငါတို့ကိုလိုက်ကိုက်နေတဲ့ ငါးမန်းတစ်ကောင်ရှိတယ်။ အဲ့ဒါကြောင့်ငါတို့ဖြေရှင်းလိုက်ရတယ်။ မင်းတို့ငါးမန်းအသား မကြိုက်ဘူးလား။ ဒါဆို ငါ မင်းတို့ကို B-အဆင့်ရေဘဝဲအသားပေးမယ်။ ငါ့ကို ငါးမန်းအသားပြန်ပေးပါ။”
“မဟုတ်ဘူး မဟုတ်ဘူး ငါငါးမန်းအသားကြိုက်ပါတယ်။”
“ဟုတ်တယ် ဟုတ်တယ် ငါလည်း ငါးမန်းအသားတစ်ကိုက်လောက်စားချင်တယ်။”
“မင်းက ငါးမန်းဆူးတောင်စားချင်တာလား။”
“ငါးမန်းဆူးတောင်ဖြစ်ဖြစ် ငါးမန်းကဖြစ်နေရင်ကို ငါစားချင်တယ်ကွာ။”
ရှောင်းယီသည် စကားအဖြစ် ပြောနေခြင်းသာဖြစ်ပြီး ဤလူများသည် ရေဘဝဲသာနှင့် မလဲနိုင်ကြောင်း သိရှိထားပြီးဖြစ်ပေသည်။
ရေဘဝဲသားသည် အရသာရှိသော်လည်း အရည်အသွေးမှာ နိမ့်ကျလှပေသည်။
အခန်း ၃၇၅
တိလင်းကုချီကီသည် သူ၏လက်ထဲရှိ A-အဆင့် ငါးမန်းအသားကို ကြည့်ရှုကာ နက်ရှိုင်းစွာ တွေးတောလိုက်မိသည်။
“သူတို့ စောစောက ပင်လယ်ထဲမှာ ငါးမန်းတစ်ကောင်ကို သတ်ဖို့ ဘယ်လောက်ကြာခဲ့လဲ။ လူတစ်ယောက်က ပင်လယ်ထဲကိုဝင်မယ်ဆိုရင် သူ့ရဲ့တိုက်ခိုက်နိုင်မှုစွမ်းအားက အများကြီးလျော့ကျသွားလိမ့်မယ်။ ယီရန်ပင်းရဲ့အဖွဲ့ထဲမှာ ဆရာကြီးတွေ ရှိသေးပုံပဲ။”
တိလင်းကုချီကီက လျှို့ဝှက်စွာပြောလိုက်၏။
အသား၏အရည်အသွေးသည် အမှန်တကယ်ပင် အနည်းငယ်ညံ့ဖျင်းသော်လည်း ရှောင်းယီတွင် အကင်အတွက် ဟင်းခတ်အမွှေးအကြိုင်များ မျိုးစုံရှိသောကြောင့် ကင်ထားသောအသား၏အရာသာသည် လက်ခံနိုင်ပြီး လူတိုင်း စိတ်ပါလက်ပါဖြင့် စားသုံးလိုက်ကြသည်။
“ခရစ်...!”
ထိုစဉ် ညဉ့်ကောင်းကင်ယံတွင် ငှက်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ လူတိုင်းသည် ငှက်ကြီးတစ်ကောင် ယီရန်ပင်း၏သင်္ဘောကြီးပေါ်သို့ ဆင်းသက်သွားသည်ကို မြင်တွေ့လိုက်ကြရ၏။
“တကယ်တွေ့ခဲ့တာလား။”
ရှောင်းယီက အံ့အားသင့်စွာပြောလိုက်သည်။
ခွန်းယွီ ဆင်းသက်လာသောအချိန်တွင် သူသည် ဒေသခံသင်္ဘောကို တွေ့ရှိခဲ့ပြီး ထိုသင်္ဘောပေါ်ရှိလူများသည် မီးများကိုငြိမ်းသတ်ရန် အပြင်းအထန်ကြိုးစားနေကြောင်း ရှောင်းယီအား ပြောပြခဲ့လေသည်။
ဒေသခံသင်္ဘောပေါ်တွင် S-အဆင့် မှော်ဆရာတစ်ဦးရှိကြောင်း သိရှိထားသောကြောင့် ရှောင်းယီသည် ခွန်းယွီအား သင်္ဘောကြီးနှင့် အရမ်းမကပ်မိစေရန် အထူးတလည်ပြောဆိုထားခဲ့သည်။
ထိုအခါ သူတို့ဘေးနားတွင်ရပ်နေသော ကျန်းယွင်ထျန်းက မေးလိုက်၏။
“ဒေသခံတွေက ဘယ်နားမှာလဲ။”
“ဒီကနေ ကီလိုမီတာတစ်ရာလောက်အကွာမှာ မီးလောင်နေတယ်။ သူတို့က သင်္ဘောကိုယ်ထည်ရဲ့ အစိတ်အပိုင်းတချို့ကို ပြင်ဆင်ဖို့လိုနေတယ်လို့ ခန့်မှန်းရတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒီလိုဆိုရင် မြန်မြန်ထွက်ကြရအောင်။ သူတို့ရဲ့ကိုယ်ထည်နဲ့ရွက်တွေ ပျက်စီးနေတာကြောင့် အမြန်နှုန်းကို မြှင့်တင်နိုင်မှာမဟုတ်ဘူး။ ကျုပ်တို့ လိုက်မီနိုင်လောက်တယ်။”
ပိုင်ချီက ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ် အကယ်၍ သူတို့ အချိန်မီ မပြင်ဆင်နိုင်ဘူးဆိုရင်... ဟုတ်သားပဲ!”
ရှောင်းယီသည် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြေးသွားကာ ဈေးကွက်စာမျက်နှာသို့ ပြောင်းလဲလိုက်သည်။
အမှန်တကယ်ပင် ဈေးကွက်တွင် တစ်စုံတစ်ဦးသည် လီနင်နှင့် သစ်သားပြားများ စုဆောင်းနေလေသည်။
ကျန်းယွင်ထျန်းနှင့် ပိုင်ချီတို့သည် သူ့နောက်သို့လိုက်ဝင်လာပြီး မေးလိုက်ကြသည်။
“ဘာဖြစ်လို့လဲ။”
“ဒေသခံတွေက ငါတို့ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းယူလိုက်တယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာရှိတဲ့ ဆက်သွယ်ရမယ့်အချက်အလက်တွေကို ရှင်းလင်းထားပေမယ့် သူတို့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေတစ်ဆင့် ဈေးကွက်ထဲမှာရှိတဲ့ ပစ္စည်းတွေကို ဝယ်ယူနိုင်တယ်။”
ရှောင်းယီက အလျင်အမြန် ပြောလိုက်သည်။
“ဒီတစ်ယောက်က လီနင်နဲ့ သစ်သားပြားတွေ ဝယ်ယူနေတယ်။ ကိုးရာခိုင်နှုန်းလောက်က ဒေသခံမှော်ဆရာပဲဖြစ်ရမယ်။”
“ဟုတ်တယ် ဒီပစ္စည်းနှစ်မျိုးက သာမန်မဟုတ်ဘူးဆိုပေမယ့် ထောက်ပံ့ရေးသေတ္တာကနေ ထုတ်ယူတဲ့ ပမာဏက နေ့စဉ်အသုံးပြုဖို့အတွက် လုံလောက်တယ်။ အခုရုတ်တရက်ကြီး ဒီလောက်အများကြီး ဝယ်ယူတာက တစ်ခုခုမှားနေတယ်လို့ ဆိုလိုတာပဲ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
ထို့နောက် ရှောင်းယီသည် ယီထျန်းဂရုသို့ ပြန်သွားပြီး ပြောလိုက်၏။
“အားလုံးပဲ သတိထားကြပါ။ ဈေးကွက်မှာ သစ်သားပြားတွေနဲ့ လီနင်တွေ ဝယ်နေတဲ့လူတွေကို လုံးဝမရောင်းချကြပါနဲ့။ အဲ့ဒါက ဒေသခံမှော်ဆရာက ချိတ်ဆွဲထားတာပဲ။ ကျုပ်တို့က သူတို့ရဲ့သင်္ဘောကြီးကို ဖျက်ဆီးခဲ့တယ်။ သူတို့က အဲ့ဒီပစ္စည်းတွေနဲ့ ပြန်ပြင်ဖို့ လိုနေတယ်။”
“ကျေးဇူးတင်ပါတယ် သူဌေး။ ခင်ဗျားတို့ တကယ်ပဲ ဒေသခံသင်္ဘောကို ဖျက်ဆီးလိုက်တာလား။”
“သူဌေး စိတ်မပူပါနဲ့။ ကျုပ်တို့ သေချာပေါက် ရန်သူတွေဖြစ်စေချင်တဲ့အတိုင်း မဖြစ်စေရပါဘူး။”
“ဟုတ်တယ် ဒီဒေသခံတွေက ကျုပ်တို့ရဲ့ညီအစ်ကိုတွေအများကြီးကိုသတ်ပြီး ဈေးကွက်မှာတောင် ပစ္စည်းတွေစုဆောင်းရဲသေးတယ်။ ကျုပ် သူတို့ကို အများသုံးချန်နယ်မှာ ထုတ်ဖော်ပြောဆိုမယ်။ သူတို့ ဘာပစ္စည်းတစ်ခုမှ မရစေရဘူး။”
“အဲ့လို မလုပ်နဲ့!”
ရှောင်းယီက ချက်ချင်းပင် တားမြစ်လိုက်၏။ ထိုစကားကိုတွေ့သောအခါ ဂရုထဲရှိ လူများသည် ရှုပ်ထွေးသွားပြီး မေးကြတော့သည်။
“ဘာလို့လဲ။”
“လူတိုင်းက အသက်ရှင်ကျန်ရစ်သူတွေဖြစ်တယ်ဆိုပေမယ့် မတူညီတဲ့နိုင်ငံတွေကလူတွေကို ကွဲပြားတဲ့နေရာတွေမှာ ခွဲဝေထားတယ်။ ဆိုလိုတာက သူတို့ကြားမှာလည်း ပြိုင်ဆိုင်မှုတွေရှိလိမ့်မယ်။ အကယ်၍ အခြားနေရာကလူတွေသာ ဒီသတင်းကို သိသွားမယ်ဆိုရင် သူတို့က ဒေသခံတွေကို ပိုပြီးမြန်မြန်ဆန်ဆန် ပံ့ပိုးကူညီကြလိမ့်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“သေစမ်း! ဟုတ်သားပဲ။ ငါအများသုံးချန်နယ်မှာ တင်မိလုနီးပါးဖြစ်သွားတယ်။”
“ဟူး! လူ့လောကရဲ့ အရှုပ်အထွေးတွေက စိတ်ကူးထက် ပိုပြီးပြင်းထန်နေတာပဲ။”
“ကျုပ်တို့မပြောဘူးဆိုရင်တောင် တစ်စုံတစ်ယောက်က အမြဲတမ်းရောင်းချဖို့ ရွေးချယ်ဦးမှာပဲ။ ရောင်းချခြင်းရဲ့စည်းကမ်းချက်တွေကလည်း အရမ်းရက်ရောတယ်ဟု ကျုပ်ထင်တယ်။”
“ခဏလောက်တော့ ကြာနိုင်သေးတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ငါတို့ အခုချက်ချင်းထွက်ပြီး အဲ့ဒီဒေသခံတွေနောက်ကို လိုက်ကြမယ်။”
ထိုအချိန်တွင် ရွှမ်းယွမ်ဝူဝေ့သည်လည်း ထိုသတင်းကို ရရှိခဲ့ပေသည်။ သူသည် ချက်ချင်းပင် ဈေးကွက်သို့သွားပြီး အမည်မဖော်ဘဲ တစ်ဖက်လူအတွက် လိုအပ်သော ပစ္စည်းများအားလုံးကို ထောက်ပံ့ပေးခဲ့သည်။
“ငလူးမ! ဘယ်တပ်ဖွဲ့က ဒီလောက်တောင် အရှက်မဲ့ရတာလဲ။”
“ဟုတ်တယ် ခဏအတွင်းမှာတင် တစ်ဖက်လူလိုအပ်တဲ့ ပစ္စည်းတွေအများကြီးကို ထုတ်လိုက်နိုင်တယ်။ ဒီလိုမျိုးကို အင်အားကြီးတပ်ဖွဲ့ကြီးပဲ လုပ်နိုင်တယ်။”
“ဒါက ရွှမ်းယွမ်လိပ်ပဲဖြစ်ရမယ်။”
“အဲ့ဒါက ရွှမ်းယွမ်ဝူဝေ့သာဖြစ်မယ်ဆိုရင် ငါ့ရဲ့ဘဝတစ်လျှောက်လုံး သူ့ကို ရွံလွန်းလို့ သူ့ကိုတွေ့တိုင်းရိုက်ပစ်မယ်ကွ။”
“အပေါ်ကလူ မင်းက သူ့ကိုရိုက်နိုင်မှာမလို့လား။ သူ့ရဲ့အဆင့်က သိပ်မနိမ့်တော့ဘူးလို့ ပြောလို့ရတယ်။”
“မရိုက်နိုင်ရင်တောက် ရိုက်ရမယ်ကွ။ ဒီလူက တိရိစ္ဆာန်တွေထက်တောင် ဆိုးသေးတယ်။ လုံးဝကို လူမဆန်တဲ့ ခွေးသား။!”
“တခြားသူတွေကို အလွယ်တကူ မသံသယဝင်နဲ့။ အနည်းဆုံးတော့ သက်သေအထောက်အထားရှိမှပြော။!”
“အပေါ်က လူ၊ မင်းက ရွှမ်းယွမ်ရဲ့သူလျှိုလား။ ယီထျန်းဂရုထဲကနေ အမြန်ထွက်သွားစမ်း။”
“ဟုတ်တယ် ဒီကနေ ထွက်သွားစမ်း။”
လူအုပ်ကြီးသည် ခဏတာမျှ စိတ်လှုပ်ရှားသွားခဲ့ကြသည်။
ထိုအရာကို တွေ့လိုက်ရသောအခါ ရှောင်းယီသည် မျက်မှောင်အနည်းငယ်ကြုံ့ကာ ပြောလိုက်သည်။
“ငြင်းခုံမနေကြတော့နဲ့။ ကျုပ်တို့မှာ ဘာသက်သေအထောက်အထားမရှိဘူး။ တစ်ဖက်လူက အမည်မဖော်ဘဲ ရောင်းချခဲ့တာ။ ခုအချိန်မှာ ဘယ်သူလုပ်ခဲ့တယ်ဆိုတာကို သေသေချာချာမပြောနိုင်ပေမယ့် ကျုပ်တို့ရဲ့အတွင်းလူတွေပဲ ဖြစ်နိုင်ခြေမြင့်မားတယ်။ ဘာလို့လဲဆိုတော့ ကျုပ်ခုနကပြောခဲ့တဲ့အတိုင်း တစ်စုံတစ်ယောက်က ဒေသခံလိုအပ်တဲ့ ပစ္စည်းအားလုံးကို ထောက်ပံ့ပေးခဲ့တယ်။ ဒါက အရမ်းတိုက်ဆိုင်လွန်းနေတာပဲ။”
“ခွေးးသား! မင်းဘယ်သူလဲဆိုတာ ငါမသိစေနဲ့။ မဟုတ်ရင် ငါမင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်ကွ။!”
“ဘာပဲပြောပြော ငါကတော့ ရွှမ်းယွမ်လိပ်ကိုသံသယဖြစ်နေတုန်းပဲ။”
“သံသယရှိတယ် +10086။”
တစ်ချိန်တည်းမှာပင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည်လည်း အဖွဲ့ထဲရှိသတင်းကို မြင်တွေ့လိုက်ပြီး အလားတူစွာပင် အမျက်ထွက်နေခဲ့ကြသည်။
“ငါတို့ဒီလိုခက်ခက်ခဲခဲနဲ့ သူတို့ကို ဒီမှာထားထားရတာကို သူက ရုတ်တရက်ကြီး သူ့တို့ကို လွှတ်ပေးလိုက်တာပဲ။!”
“ငလူးထဲမှ ငါတို့က အခုဘာလုပ်ရတော့မှာလဲ။”
ရှောင်းယီက အကူညီမဲ့စွာဖြင့် ပြောလိုက်ရ၏။
“ဒီတစ်ခါတော့ ဒီလိုပဲဖြစ်သွားပြီ။”
အကြီးစားရွက်သင်္ဘောကြီးကို အသုံးပြု၍ ဒေသခ့သင်္ဘောကို အမီလိုက်ရန်မှာ ဖြစ်နိုင်သော်လည်း တစ်ဖက်လူသည် လမ်းကြောင်းပေါ်တွင်မရှိပေ။ ဆိုလိုသည်မှာ သူ့ကိုအမီလိုက်ရန်အတွက် လမ်းကြောင်းထဲမှ ထွက်ခွာရမည်ဖြစ်သည်။
သူသည် ရန်သူကို အလျင်အမြန်အနိုင်ယူနိုင်ပါက ကောင်းမွန်မည်ဖြစ်၏။ သို့သော် ရှောင်းယီသည် S-အဆင့် မှော်ဆရာကို အလျင်အမြန်အနိုင်ယူနိုင်မည်ဟု မသေချာပေ။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ အကြီးစားရွက်သင်္ဘောကြီးသည် ရှေးဟောင်းဧရာမသတ္တဝါများကို ဆွဲဆောင်လာမည်ဖြစ်ပြီး ထိုဧရာမသတ္တဝါများသည် ရှောင်းးယီဖြေရှင်းနိုင်သည့်အရာများမဟုတ်ပေ။
ရှောင်းးယီ၏စကားကိုကြားပြီးနောက် လူတိုင်းက ထပ်မံကျိန်ဆဲလိုက်ကြသည်။
“သေစမ်း! ငါလုံးဝမခံနိုင်ဘူး!။”
“ကောင်းပြီ ဒီတစ်ခါတော့ ဒီနေရာမှာတင် ရပ်လိုက်ကြရအောင်။ ကျုပ်တို့ရဲ့ ဆုံရပ်အတိုင်း အရှေ့အနောက်လမ်းကြောင်းတစ်ခုရှိတယ်။ မင်းတို့ကိုယ်တိုင် စောင့်ကြည့်ရေးအဖွဲ့ဖွဲ့ပြီး လမ်းကြောင်းကို စောင့်ကြည့်ထားနိုင်တယ်။ ဒီလိုဆိုရင် ဒေသခံတွေ ထပ်ရောက်လာတာကို တွေ့တဲ့အခါ တုံ့ပြန်နိုင်လိမ့်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“လမ်းကြောင်းကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီစောင့်ကြည့်ရေးခရီးစဉ်က သွားဖို့တော့ ခက်ခဲမယ်ထင်တယ်။”
တိလင်းကုချီကီက ပြောလိုက်သည်။
“ဘယ်သူမှ ဒီလိုအကျိုးအမြတ်မရှိတဲ့အလုပ်မျိုးကို မလုပ်ချင်ကြဘူး။ အိမ်မှာထိုင်ပြီး အောင်မြင်မှုအသီးပွင်းကို ခံစားချင်တဲ့သူတွေ အများကြီးရှိတယ်။”
ရှောင်းယီလည်း မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ခေါင်းညိတ်လိုက်မိ၏။
“ငါလုပ်နိုင်နာ ဘာမှမရှိတော့ဘူး။ အဖွဲ့ထဲမှာပဲ အယူခံဝင်ကြတာပေါ့။”
လူတိုင်းကို တာဝန်များကို ထမ်းဆောင်ရန် ဖိအားပေး၍မရနိုင်ပေ။ သတိရှိသူများမှာ အလွန်နည်းပါးလှပေသည်။
သူတို့၏ယာယီပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ပင်လျှင် ရှောင်းယီ၏ လုံးဝကြီးမြတ်သောစွမ်းအားသာ မရှိပါက ဒေသခံများကိုတိုက်ခိုက်သည့်အခါ လူတိုင်းသည် သူတို့၏စွမ်းအားကိုချွေတာကာ မည်သည့်အချိန်တွင်မဆို ထွက်ပြေးရန် အဆင်သင့်ဖြစ်နေမည်ကိုပင် ကြောက်ရွံ့မိပေသည်။
လူတိုင်းသည် သက်ပြင်းချကာ ပြန်လည်ထွက်ခွာပြီး မိမိတို့၏ကျွန်းများသို့ ပြန်သွားရန် ပြင်ဆင်လိုက်ကြသည်။
နောက်ဆုံးအချိန်တွင် အတွင်းပိုင်းသစ္စာဖောက်တစ်ဦး၏ နှောင့်ယှက်ခြင်းကို ခံလိုက်ရသောကြောင့် ရလဒ်သည် လုံးဝပြီးပြည့်စုံခြင်းမရှိတော့ပေ။ သို့သော်လည်း မည်သို့ပင်ဖြစ်စေ ဤပူးပေါင်းဆောင်ရွက်မှုသည် ဒေသခံများ၏ကျူးကျော်ဝင်ရောက်မှုကို အောင်မြင်စွာတွန်းလှန်နိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။
ရှောင်းယီသည် ဖူရှီထံသို့ရောက်လာပြီး မေးလိုက်သည်။
“ဒီနေရာကနေဆိုရင် မင်းတို့ရဲ့ မူလကျွန်းနဲ့ ပိုနီးသွားပြီလား။”
“ဒီနေရာမှာ ဦးတည်ချက်ကျောက်ကို အသုံးပြုမယ်ဆိုရင် လက်ရှိစွမ်းအင်သိုလှောင်မှုနဲ့ ကျုပ်တို့ရဲ့ကျွန်းနားကို ရောက်ရှိနိုင်လိမ့်မယ်။”
ဖူရှီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။