← Chapters

ပင်လယ်ကိုဆူပွက်စေခြင်း

Vol. 11 Ch. 1019

ပင်လယ်ကိုဆူပွက်စေခြင်း

Vol. 11 Ch. 1019

သမိုင်းမတိုင်မီ ခေတ်ဦးကာလ…

လူသားများ မွေးဖွားခြင်း မရှိသေးသည့် ခေတ်ဦးကာလ ကျယ်ပြန့်သည့် ကုန်းမြေများထက်တွင် တောင်တန်းကြီးများက ကြယ်စင်များအလား ကြီးမားကြလေသည်။

သာမန်တောင်ကုန်းငယ်များပင်လျှင် အတော်လေး ကြီးမားကြလေ၏။

ထိုခေတ်ထိုအခါက ငှက်များနှင့်သားရဲများက မိုးကောင်းကင်နတ်ဘုရားများထက်ပင် တန်ခိုးစွမ်းအားမြင့်မားကြသည်။

အဆုံးမရှိသည့် တောင်တန်းများပေါ်တွင် မူလနတ်မိစ္ဆာများနှင့် မူလနတ်ဘုရားများက သူတစ်လူငါတစ်မင်း အုပ်ဆိုးလျှက် ရှိကြလေသည်။

ထိုခေတ်ကာလကို နဂါးနှင့် ဇာမဏီတို့ အုပ်ဆိုးသည့်ကာလဟု ခေါ်ဆိုနိုင်လေသည်။

နဂါးနှင့် ဇာမဏီတို့သည် စကြာဝဠာစတင်ဖြစ်တည်ခါစ ခေတ်ဦးကာလကတည်းက တည်ရှိခဲ့ကြသည့် သတ္တဝါများဖြစ်ကြသည်။

သူတို့သည် လောက၏ ကံကောင်းခြင်း ၊ အချိန်၏ ချစ်ခြင်းတရားများကို ဆောင်ယူလာသူများ ဖြစ်လေသည်။

သူတို့၏ တန်ခိုးစွမ်းအားများက တာ့လော်အဆင့်ထက်ပင် ကျော်လွန်ကြလေသည်။ မယုံကြည်နိုင်စရာကောင်းပြီး စိတ်ကူးနှင့်ပင် ခန့်မှန်းနိုင်မည် မဟုတ်ပေ။

ဆန်းလျန်က လက်တစ်ဖက်ကို အသာဆန့်တန်းလိုက်လေရာ ဇာမဏီငှက်တစ်ကောင်က သူ့လက်မောင်းထက်တွင် လာရောက်နားခိုလေသည်။

ထို့နောက် ဇာမဏီငှက်က ဆန်းလျန်၏ ခြေထောက်အောင်သို့ ဝပ်တွားဆင်းသက်သွားပြီး ဆန်းလျန်၏ စီးတော် ဖြစ်လာခဲ့လေသည်။

စန့်ချင်တာအိုဆရာသခင်၏ အင်္ကျီလက် တစ်ချက်လှုပ်ရှားသွားပြီး ဓားဝိညာဉ်တစ်ခု လက်ခနဲထွက်ပေါ်လာကာ နဂါးသွေးများ စွန်းပေသွားလေသည်။

နတ်နဂါးတစ်ကောင်ကို သတ်ဖြတ်ပြီးသည့်နောက် စန့်ချင်တာအိုဆရာသခင်ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက် အနည်းငယ်ထွက်ပေါ်လာပြီး သူက မျက်တောင်တစ်ချက် ခတ်လိုက်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ကျုပ်ကြားဖူးတဲ့ ဒဏ္ဍာရီအရဆိုလျှင် သမိုင်းမတိုင်မီ ခေတ်ဦးကာလမှာ တည်ရှိခဲ့ကြတဲ့ နဂါးနဲ့ ဇာမဏီမျိုးနွယ် (၂)ခုလုံး ပျက်စီးသွားကြတယ်တဲ့… ၊ ကြည့်ရတာ ကျုပ်တို့လက်ချက်ဖြစ်မယ်ထင်တယ်…"

စန့်ချင်တာအိုဆရာသခင်က ဆန်းလျန်ကို စကားပြန်မပြောပေ။

ဓားဝိညာဉ်တစ်ချက် လက်ခနဲ တောက်ပသွားပြီး ဆန်းလျန်ကို စတင် တိုက်ခိုက်လိုက်လေသည်။

ဤသည်မှာ စကြာဝဠာအသစ်ပွင့်ပွဲတွင် ပထမဆုံး ထွက်ပေါ်လာသည့် ဓားဝိညာဉ်ပင် ဖြစ်လေတော့သည်။

သမိုင်းမတိုင်မီ ခေတ်ဦးကာလက အလွန်မှ စွမ်းအားကြီးမားလွန်းသည်။ အဆုံးမဲ့ အောင်နိုင်မှုများနှင့်အတူ ဒေါသတရားများကလည်း ပြည့်နက်လျှက်ရှိသည်။ အစွမ်းထက် သားရဲများလည်း များစွာ ရှိလေသည်။

ထို သမိုင်းမတိုင်မီ ခေတ်ဦးကာလဖြစ်သည့် ပရမ်းပတာကာလ ပျက်စီးသွားပြီးနောက် လူသားများ ဖြစ်တည်လာပြီး လူ့ယဉ်ကျေးမှု စတင်ထွန်းကားလာခဲ့ခြင်း ဖြစ်လေသည်။

လူသားများဖြစ်တည်လာပြီးမှ သမိုင်းစတင်ခဲ့ခြင်း ဖြစ်သည်။

ယခုတော့ ဆန်းလျန်နှင့် စန့်ချင်တာအိုဆရာသခင်၏ တိုက်ပွဲက သမိုင်းမတိုင်မီ ခေတ်ဦးကာလကို ဖျက်စီးပစ်ပြီး လောကအသစ်တစ်ခုကို မွေးဖွားစေတော့မည်ဖြစ်လေသည်။

စန့်ချင်တာအိုဆရာသခင်၏ ဓားဝိညာဉ်က ထက်ရှနေပြီး မပေါ့ဆသင့်ကြောင်း ဆန်းလျန် သိလိုက်သည်။

ဆန်းလျန်က လက်ညှိုးနှင့်လက်ခလယ် အသုံးပြုကာ ဓားဝိညာဉ်ကို ညှပ်ကိုင်ထားလိုက်လေသည်။

စန့်ချင်တာအိုဆရာသခင်၏ မျက်နှာက မပြောင်းလဲဘဲ တည်ကြည်နေဆဲ ဖြစ်သည်။ သူ၏ ဝတ်ရုံက လေထဲတွင် လွင့်ပျံနေလေ၏။

ဆန်းလျန်၏ အပေါ် ၊ အောက် ၊ ဝဲ ၊ ယာ တွင် မရဏဓား (၄)လက် ထွက်ပေါ်လာပြီး ထိုမရဏဓား (၄)လက်ကို မည်သည့်နတ်ဘုရားမှခုခံတွန်းလှန်နိုင်မည် မဟုတ်ပေ။

စန့်ချင်တာအိုဆရာသခင်က သူ၏ ဗီဇဝိညာဉ်မရဏဓား (၄)လက်ကို အသုံးပြုကာ ဓားထောင်ချောက်တစ်ခု ပြုလုပ်လိုက်ခြင်း ဖြစ်လေသည်။

ဓားထောင်ချောက်၏ ကြောက်မက်ဖွယ်ရာကောင်းပုံမှာ စာဖွဲ့၍ပင် မရနိုင်ပေ။

လေထုထဲတွင် လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာပြီး နတ်ဘုရားသုတ်သင်ဓားက ဆန်းလျန်ရှိရာသို့ ဝင်ရောက်လာလေသည်။

စကြာဝဠာတစ်ခုလုံးကိုပင် ဓားအလင်းတန်းက ဖုံးအုပ်သွားသည်။

နတ်ဘုရားသုတ်သင်ဓားကို ခုခံရန်မှာ မဖြစ်နိုင်ပေ။ သေဖို့သာ စောင့်ဆိုင်းရပေလိမ့်မည်။

ဆန်းလျန်က လက်ဗလာနှင့် ဖြစ်လေသည်။

ယခင် စန့်ချင်တာအိုဆရာသခင်၏ ကိုယ်ခွဲများနှင့် တိုက်ခိုက်စဉ်ကထက်ပင် ဆန်းလျန်၏ ပုံစံက ပိုပြီး အားနည်းနေဟန် ရှိလေသည်။

သို့သော်… ဆန်းလျန်က ထိတ်လန့်ခြင်း မရှိပေ။

ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်လေရာ မိုးနှင့်မြေတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် မိစ္ဆာကြီးတစ်ကောင် ထွက်ပေါ်လာလေသည်။

ထိုမိစ္ဆာကြီးတွင် ဦးခေါင်း (၃)လုံးနှင့် ရှည်လျားသည့် အမြီးကြီး ပါရှိလေသည်။

ဦးခေါင်း (၃)လုံးမှာ အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်ကို ကိုယ်စားပြုပြီး ရှည်လျားသည့် အမြီးကြီးမှာ အချိန်ရေစီးကြောင်းကို ကိုယ်စားပြုလေသည်။

ဆန်းလျန် ဖန်ဆင်းလိုက်သည့် မိစ္ဆာကြီးသည် သမိုင်းမတိုင်မီ ခေတ်ဦးကာလ နတ်မိစ္ဆာအားလုံးထက် တန်ခိုးစွမ်းအား မြင့်မားလေသည်။

ဆန်းလျန်၏ ဖန်ဆင်းခြင်းက ယွမ်စီထျန်းကျွင်း၏ ဖန်ဆင်းခြင်းထက်ပင် သာလွန်သည်ဟု ဆိုနိုင်လေသည်။

နတ်ဘုရားသုတ်သင်ဓား၏ ဓားဝိညာဉ်က ကြောက်မက်ဖွယ်ရာ ကောင်းသည်ထက် ကောင်းလာလေသည်။ လောကကြီးတစ်ခုလုံးကို စက္ကူဖြူလေးတစ်စအလား ပိုင်းဖြတ်ပစ်တော့မည်ကဲ့သို့ ထင်မှတ်ရသည်။

အတန်ကြာသည့်အခါ ဓားဝိညာဉ်များသည် မိုးများရွာသွန်းသည့်အလား ဆန်းလျန်ဖန်ဆင်းထားသည့် မိစ္ဆာကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာလေသည်။

မိစ္ဆာကြီးပျောက်ကွယ်သွားပြီး ဓားဝိညာဉ်များက ဆန်းလျန်ရှိရာသို့ ရောက်ရှိလာလေသည်။

ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ပြီး ဓားဝိညာဉ်များကို ခတ်ထုတ်လိုက်လေသည်။

ရွှေနှင့်သံ ရိုက်ခတ်မိသည့်အလား အသံများထွက်ပေါ်လာပြီး ဆန်းလျန် နောက်သို့အသာဆုတ်လိုက်သည့်အချိန်တွင် ဆန်းလျန်၏ ဆံပင်အချို့ ဓားဝိညာဉ်နှင့်ထိမိကာ ကြမ်းတမ်းသည့် မြေပြင်ထက်သို့ ပြတ်ကျသွားကြလေသည်။

နေရာတိုင်းတွင် အလင်းရောင်များ တောက်ပလာပြီး ပုန်းအောင်းနေကြသည့် ငှက်များနှင့် သားရဲများကိုပင် တွေ့မြင်ရလေသည်။

သူတို့မှာ တကယ့်ကပ်ဘေးအန္တရယ်ကြီးကို ခံစားနေကြရပြီး တုန်လှုပ်ကြောက်ရွံ့လျှက် ရှိကြလေသည်။

ဆန်းလျန်ကတော့ တစ်ချက်ပင် စိတ်လှုပ်ရှားခြင်း မရှိပေ။

ဤ သမိုင်းမတိုင်မီ ခေတ်ဦးကာလ သတ္တဝါများသည် ဝမ်းနည်းဖွယ်အဆုံးသတ်သွားကြရမည်မှာ ကြိုတင်သတ်မှတ်ထားသည့် ကံတရားအတိုင်းပင် ဖြစ်လေသည်။

ခေတ်ဦးကာလ ပျက်စီးပြီးမှသာ လောကအသစ်တစ်ခုကို မွေးဖွားနိုင်မည် မဟုတ်ပါလား။

တိုက်ပွဲအခြေအနေမှာတော့ စန့်ချင်တာအိုဆရာသခင်က အဆက်မပြတ် တိုက်စစ်ဆင်နေပြီး ဆန်းလျန်က ခံစစ်ကစားနေရလေသည်။

ဆန်းလျန်က အဝေးတစ်နေရာမှ ကြီးမားလှသည့် တောင်ကြီးတစ်လုံးကို ဆွဲနှုတ်ယူငင်လိုက်ပြီး တောင်ကြီးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလေသည်။

ထို့နောက် တောင်ကြီးသည် ဆန်းလျန်၏ လက်ထဲတွင် ချွန်ထက်သည့် ဥက္ကာပျံကြီးတစ်ခုအလား အသွင်ပြောင်းသွားပြီး စန့်ချင်တာအိုဆရာသခင်ကို ရိုက်ချလိုက်လေတော့သည်။

လေထုတစ်ခုလုံး ကြောက်မက်ဖွယ်ရာ တုန်ခါသွားလေသည်။

ဗီဇဝိညာဉ်မရဏဓား (၄)လက်သည်ပင် တစ်ချက်တုန်ခါသွားပြီး အနောက်သို့ အနည်းငယ် ဆုတ်သွားကြလေသည်။

သို့သော်… နတ်ဘုရားထောင်ချောက်ဓားက ရုတ်တရက်ဝင်ရောက်လာပြီး ထိုးခုတ်တိုက်ခိုက်လိုက်လေရာ ဆန်းလျန် ယူဆောင်လိုက်သည့် တောင်မြင့်ကြီးမှာ မော်လီကျူးအမှုန်လေးများအဖြစ် ပြောင်းလဲသွားလေတော့သည်။

ဆန်းလျန် သက်ပြင်းတစ်ချက် ချလိုက်လေသည်။

တောင်ကို ဖျက်စီးလိုက်သည့် နတ်ဘုရားထောင်ချောက်ဓား၏ တန်ခိုစွမ်းအားများက အတောမသတ် ထွက်ပေါ်လျှက် ရှိသည်။

ဆန်းလျန်က သူ၏ အသက်ရှူသံကို ထုတ်ဖော်လိုက်ပြီး ရှည်လျားသည့် ရွှေရောင်ကြိုးတစ်ချောင်းဖန်ဆင်းကာ နတ်ဘုရားထောင်ချောက်ထားကို ချည်နှောက် ပိတ်ဆို့ထားလိုက်လေသည်။

ရွှေရောင်ကြိုးရှည်သည် စန့်ချင်တာအိုဆရာသခင်၏ ဗီဇဝိညာဉ် မရဏဓား (၄)လက်လုံးကို စုစည်းချည်နှောင်လိုက်ပြီး ရပ်တန့်သွားစေလေသည်။

ဗီဇဝိညာဉ် မရဏဓား (၄)လက် အလုပ်မဖြစ်တော့သောအခါ စန့်ချင်တာအိုဆရာသခင်က သူ၏ အင်္ကျီလက်ထဲမှ လျှပ်စီးတူကြီးတစ်ချောင်းကို ထုတ်ယူလိုက်လေသည်။

ခရမ်းရောင်လျှပ်စီးများ တောက်ပလင်းလက်လာပြီး ဆန်းလျန်၏ ရွှေကြိုးကို မိုးကြိုးဖြင့် ပစ်ချလိုက်လေသည်။

မိုးကြိုးသံကြီးတစ်ချက် ထွက်ပေါ်လာကာ ဆန်းလျန်၏ ရွှေးကြိုးမှာ တစ်စစီ ပျက်စီးသွားပြီး အစိမ်းရောင်ကြာပန်းများအဖြစ် ပြောင်းလဲကာ လေထဲမှ မြေပြင်ထက်သို့ ကျဆင်းသွားလေသည်။

အစိမ်းရောင်ကြာပန်းများဖြင့် ထိမိသည်နှင့် ကြမ်းတမ်းသည့် မြေပြင်ထက်တွင် ကြီးမားသည့် အပေါက်ကြီးများအဖြစ် ပေါက်ကွဲထွက်ပေါ်သွားသည်။

ချက်ချင်းပင် မြေကြီးအောက်မှ မှော်စွမ်းအားများထွက်လာပြီး မြေပြင်တစ်ခုလုံး အနီရောင်သမ်းလျှက် ရှိလေတော့သည်။

ဆန်းလျန်က သူ့ခြေထောက်အောက်မှ ဇာမဏီငှက်လေးကို ကြည့်ပြီး တစ်ချက်ပြုံးလိုက်ရင်း…

"ဇာမဏီငှက်လေး… ကျုပ်ကို ထိုက်ယန်ကြယ်စင်ကြီးဆီ ခေါ်သွားပေးပါ…"

သမိုင်းမတိုင်မီ ခေတ်ဦးကာလတွင် ကောင်းကင်ထက်မှနေမင်းသည် စကြာဝဠာ အစပိုင်းကာလတွင် ပထမဆုံးဖြစ်တည်သည့် ထိုက်ယန်ကြယ်စင်ကြီး ဖြစ်လေသည်။

ဇာမဏီငှက်ငယ်သည် သတိလက်လွတ်ဖြစ်နေလေသည်။

ဆန်းလျန်က သူ၏ တန်ခိုးစွမ်းအားများကို ဇာမဏီငှက်ငယ်ထံသို့ ထည့်သွင်းပေးလိုက်သည်နှင့် ဇာမဏီငှက်ငယ်သည် အတောင်များကို လှပစွာ ဖြန့်ကားပြီး နေမင်းကြီးရှိရာသို့ ပျံသန်းထွက်ခွာသွားလေတော့သည်။

ဆန်းလျန်က အဝေးသို့ ပျံသန်းသွားပြီး ကမ္ဘာဦးနေမင်းဆီသို့ ရောက်ရှိသွားလေတော့သည်။

နေမင်းသည် ဒေါသကြီးသည့် နတ်ဘုရားတစ်ပါးအလား အဟုန်းဟုန်တောက်လောင်လျှက် ရှိသည်။

သို့သော်… ဇမဏီငှက်ကလည်း ထိုမီးတောက်များကို ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ မီးတောက်များအလယ်တွင် ပျံသန်းနေလေသည်။

အပူရှိန်ကြောင့် ဇာမဏီအမွှေးအတောင်များက အနည်းငယ် မှေးမှိန်သွားသည်။

ဇာမဏီငှက်ပျံသန်းထွက်ခွာသွားသည်နှင့် ဗီဇဝိညာဉ် မရဏဓား (၄)လက်က ဆန်းလျန်နောက်မှ ထပ်ကြပ်မကွာ လိုက်လာလေသည်။

ဆန်းလျန်က ကမ္ဘာဦးနေမင်း၏ အတွင်းထဲသို့ လက်တစ်ဖက် ထိုးစိုက်လိုက်လေရာ သိပ်မကြာမီ သူ၏ လက်ထဲတွင် မီးဖိုကြီးတစ်လုံး ပါလာလေသည်။

ဆန်းလျန်သည် ကမ္ဘာဦးနေမင်းဖြစ်သည့် ထိုက်ယန်ကြယ်စင်ကြီး၏ ဗဟိုမဏ္ဍိုင်ဖြင့် နတ်မီးဖိုတစ်ခု ပြုလုပ်ထားခဲ့လေသည်။ ထိုနတ်မီးဖိုသည် ထိုက်စန့်လောင်ကျွင်း၏ စကြာဝဠာသုံးမြှောင့်ဆေးအိုးကဲ့သို့ နောက်ပိုင်းတွင် မှော်ဝင်ရတနာတစ်ပါး ဖြစ်လေသည်။

ထိုနတ်မီးဖိုကို ထိုက်ယန်ကြယ်စင်ကြီးထဲတွင် ဆန်းလျန် သိမ်းဆည်းထားခဲ့လေသည်။

ယခု ဆန်းလျန်က စန့်ချင်တာအိုဆရာသခင်နှင့် တိုက်ခိုက်ရန်အတွက် ထိုနတ်မီးဖိုကြီးကို ထုတ်ယူအသုံးပြုလိုက်ခြင်း ဖြစ်လေသည်။

မြင့်မြတ်သည့် နတ်မီးဖိုကြီးက အလွန်မှ ကြီးမားလေသည်။ သို့သော်… ဆန်းလျန်ကတော့ မီးဖိုကြီးကို အသာလေး ကိုင်မြှောက်ထားလေ၏။

အရာအားလုံး၏ မူလအစကဲ့သို့ ထိုနတ်မီးဖိုကြီးက တာအိုမဟာလမ်းစဉ်၏ မူလအစကို ဖွင့်ပြလျှက် ရှိလေသည်။

ဆန်းလျန်က လက်ချောင်းများကို အသာလှုပ်ရှားလိုက်လေရာ နတ်မီးဖိုကြီးသည် ဆန်းလျန်၏ လက်ချောင်းများထက်တွင် မွတ်နေအောင် လည်ပတ်လျှက် မရေမတွက်နိုင်သော တာအိုသင်္ကေတများ ထွက်ပေါ်လာလေသည်။

ထိုတာအိုသင်္ကေတများက နဂါးငွေ့တန်းထက်ပင် ထွန်းလင်းနေလေသည်။

ထို့နောက် နတ်မီးဖိုကြီးသည် လေထဲတွင် လွင့်ပျံသွားပြီး ဗီဇဝိညာဉ် မရဏဓား (၄)လက်ကို ရိုက်ချလိုက်လေတော့သည်။

ကြီးမားသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လေထုတစ်ခုလုံး တုန်ခါသွားလေသည်။

နတ်မီးဖိုကြီးမှ မီးတောက်များ ငြိမ်းသတ်သွားပြီး နေဝင်ဆည်းဆာချိန်အလား နတ်မီးဖိုကြီးမှာ ရဲရဲနီလျှက် ရှိလေ၏။

ကမ္ဘာဦးသားရဲမှ ကြောက်ရွံ့တုန်လှုပ်နေကြပြီး တန်ခိုးစွမ်းအားမြင့်မားသူများရော ၊ တန်ခိုးစွမ်းအားနိမ့်ပါးသူများရော တစ်ယောက်မှ အပြင်သို့ မထွက်ဝံ့ကြပေ။

မြင့်မြတ်သည့် နတ်မီးဖိုကြီးတွင် ဗီဇဝိညာဉ်မရဏဓား (၄)လက်၏ ဓားရာများဖြင့် ပြည့်နက်နေလေသည်။ သို့သော်… လုံးဝပျက်စီးသွားခြင်း မရှိပေ။

သို့သော်… ပြင်းထန်လှသည့် ရိုက်ခတ်မှုကြောင့် ဆန်းလျန်၏ နတ်မီးဖိုကြီးက အရှေ့ပင်လယ်ရှိရာသို့ လွင့်စင်ထွက်သွားပြီး စန့်ချင်တာအိုဆရာသခင်၏ ဗီဇဝိညာဉ်မရဏဓား (၄)လက်ကတော့ ဇာမဏီနတ်ဘုရားနန်းတော်တည်ရှိရာ အနောက်ဘက်တောင်တန်းများဆီသို့ လွင့်စင်ထွက်သွားလေသည်။

ဆန်းလျန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဇာမဏီငှက်ငယ်ကို စီးနှင်ကာ အရှေ့ပင်လယ်ဆီသို့ ထွက်ခွာသွားလေတော့သည်။

ဆန်းလျန်သည် ကျယ်ပြန့်သည့် အရှေ့ပင်လယ်ထက်တွင် ရှိနေလေသည်။

ပင်လယ်ရေများက ကြမ်းတမ်းစွာ လှုပ်ခတ်လျှက် ရှိသည်။

သေးငယ်သည့် လှိုင်းလုံးများကပင် မြေကြီးများကို ရိုက်ချိုး တိုက်စားပစ်နိုင်စွမ်းရှိလေသည်။ ထို့ကြောင့် မည်သည့် ငှက်နှင့်သားရဲများမဆို ပင်လယ်ပြင်ထက်မှ ဖြတ်သန်းပြီး မပျံရဲကြပေ။

ဤပင်လယ်ကြီးမှာ သမိုင်းမတိုင်မီ ခေတ်ဦးကာလတွင် နဂါးများနေထိုင်ရာ အရှေ့ပင်လယ်ဒေသ ဖြစ်လေ၏။

ယနေ့က နဂါးမင်းကြီး၏ အသက် (၁၀၀၀၀)ပြည့် မွေးနေ့ဖြစ်လေသည်။

ကမ္ဘာတစ်ဝှမ်းမှ နဂါး သားသမီးမြေးမြစ်များအားလုံးက နဂါးမင်းကြီး၏ မွေးနေ့ကိုကျင်းပဆင်နွှဲရင် အရှေ့ပင်လယ်သို့ ရောက်ရှိနေကြလေသည်။

သမိုင်းမတိုင်မီခေတ်ဦးကာလ နဂါးမျိုးနွယ်စု၏ ကြီးကျယ်ခမ်းနားသည့် နဂါးနန်းတော်ကြီးသည် ကောင်းကင်ဘုံနန်းတော်အလား ခမ်းနားကြီးကျယ်လှလေသည်။

နောက်ပိုင်း လူသားများ အုပ်ဆိုးသည့် ခေတ်ကာလသို့ ရောက်ရှိသည့်အချိန်တွင် နဂါးမျိုးနွယ်များ ကျန်ရှိနေကြသေးသော်လည်း တကယ်တမ်းတွင် နဂါးများသည် သမိုင်းမတိုင်မီ ခေတ်ဦးတွင် အုပ်ဆိုးခဲ့သည့် ရှေးဟောင်းမျိုးနွယ်များ ဖြစ်ကြလေသည်။

ဘိုးဘေးနဂါးမင်းကြီးသည် ဟွင့်ယွမ်ဝူကျီအဆင့်တက်ရောက်ရန် အနည်းငယ်သာ လိုတော့သည့် နတ်နဂါးကြီး ဖြစ်လေသည်။

ယွမ်စီထျန်းကျွင်း၏ ဖန်ဆင်းခြင်းကြောင့် လူသားများ ဖြစ်ပေါ်လာပြီးသည့်နောက်ပိုင်း နဂါးမျိုးနွယ်များထဲမှ ဟွင့်ယွမ်ဝူကျီအဆင့်သို့ တက်ရောက်နိုင်သူများ ရှားပါးသွားကြလေသည်။

နောက်ပိုင်းတွင် တာအိုဝါဒ ၊ ဗုဒ္ဓဘာသာများ ထွက်ပေါ်လာပြီး လူသားများအုပ်ဆိုးသည့်ခေတ်ကာလသို့ ရောက်လာသည့်အခါ ဟွင့်ယွမ်ဝူကျီအဆင့် တက်ရောက်နိုင်ကြသူ အများစုမှာ လူသားများသာ ဖြစ်လာကြတော့သည်။

သို့သော်… ဘိုးဘေးနဂါးမင်းကြီးနှင့် ဘိုးဘေးဇာမဏီငှက်တို့ကတော့ သမိုင်းမတိုင်မီ ခေတ်ဦးကာလတွင် ထိပ်တန်းအဆင့် တည်ရှိမှုများဖြစ်ကြလေသည်။

ဘိုးဘေးနဂါးမင်းနှင့် ဘိုးဘေးဇာမဏီငှက်တို့ ဒေါသအမျက်ထွက်ပါက လောကတစ်ခုလုံး သွေးချောင်းစီးသည်ဟု ဒဏ္ဍာရီများထဲတွင် ဖော်ပြသည်မှာ မှားယွင်းခြင်း မရှိပေ။

သို့သော်… လက်ရှိအချိန်တွင် ဘိုးဘေးဇာမဏီငှက်ကလည်း နဂါးမျိုးနွယ်များကို ပြဿနာမရှာဘဲ အေးအေးဆေးဆေး နေထိုင်ကြသည့်အတွက် ဘိုးဘေးနဂါးမင်းကြီးမှာလည်း အေးအေးဆေးဆေးဖြင့် ဇိမ်ကျကျ နေနိုင်ခဲ့သည်။

အရှေ့ပင်လယ်ရှိ ဘိုးဘေးနဂါးမင်းကြီးနေထိုင်သည့်နန်းတော်ကို "သလင်းနန်းတော်" ဟု ခေါ်ဆိုလေသည်။

ဘိုးဘေးနဂါးမင်းကြီးသည် နဂါးဘုရင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏မျက်လုံးမှ နတ်ဘုရားအလင်းရောင်များ တောက်ပနေလေသည်။

ရှည်လျားသည့်ဆံနွယ်များကို ရွှေဦးရစ်ဖြင့် ချည်နှောက်ထားပြီး ဆံနွယ်တို့က ကျောထွက်တွင် ဝဲပျံကျလျှက် ရှိသည်။

ဘိုးဘေးနဂါးမင်းကြီးသည် ကြွက်သားအဖုအထစ်များဖြင့် အလွန်မှ ယောကျ်ားပီသလှသည်။ ဧကရာဇ်တစ်ပါး၏ ဟန်ပန်လည်း အပြည့်အ၀ ရှိသူဖြစ်သည်။

အထူးသဖြင့် နဖူးထက်မှ ခရမ်းရောင်ဦးချိုများက သူ၏ မြင့်မြတ်မှုကို ဖော်ပြနေလေသည်။

ဘိုးဘေးနဂါးမင်းကြီး၏ မွေးနေ့ဖြစ်သည့်အတွက် နဂါးနန်းတော်ထဲတွင် မရေမတွက်နိုင်သည့် နတ်သစ်သီးများ ၊ နတ်သြဇာများ ၊ နတ်အရက်များဖြင့် ပြည့်နက်လျှက် ရှိလေသည်။

ထိုအချိန်မှာပင်…

နဂါးနန်းတော်ထဲမှ ရေသတ္တဝါများ ၊ နဂါးမျိုးနွယ်များ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။

အကြောင်းမှာ ပင်လယ်ရေများ ရုတ်တရက် လှုပ်ခတ်သွားသောကြောင့် ဖြစ်လေသည်။

ရုတ်တရက်… ဘိုးဘေးနဂါးမင်းကြီးက နဂါးဟိန်းသံကြီးတစ်ချက်ကို ပြုလုပ်လိုက်လေသည်။

အရှေ့ပင်လယ် လှိုင်းများပြင်းထန်လာပြီး မိုးနှင့်လေများ ကြောက်မက်ဖွယ်ရာ တိုက်ခတ်လာလေ၏။

တစ်ခေတ်တစ်ခါ ကမ္ဘာကြီးကို လွှမ်းမိုးခဲ့သည့် ဘိုးဘေးနဂါးမင်းကြီး၏ မျက်ဝန်းများတွင် ဝမ်းနည်းမှုများနှင့် ပြည့်နက်နေလေသည်။

နဂါးနန်းတော်မှ ရေသတ္တဝါများ ၊ နဂါးမျိုးနွယ်များအားလုံး အံ့သြတုန်လှုပ်သွားကြလေသည်။

နဂါးတစ်ကောင်က…

"နဂါးမင်းကြီး… ဘာကိစ္စများ ဖြစ်တာလဲ…"

ဟု မေးမြန်းလိုက်သည်။

ဘိုးဘေးနဂါး၏ မျက်နှာထက်တွင် ဝမ်းနည်းကြေကွဲသည့် အမူအရာများ ထင်ဟပ်နေပြီး…

"မိုးကောင်းကင်လမ်းစဉ်က မတရားဘူး ၊ မိုးကောင်းကင်လမ်းစဉ်က မတရားဘူး ၊ မိုးကောင်းကင်လမ်းစဉ်က မတရားဘူး…"

ဘိုးဘေးနဂါးမင်းက (၃)ကြိမ်တိတိ ကြွေးကြော်လိုက်သော်လည်း အခြားသူများက ဘာဖြစ်မှန်း မသိကြပေ။

ရုတ်တရက်…

နဂါးနန်းတော်ကြီး ပြိုကျသွားလေသည်။

ကြီးမားသည့် နတ်မီးဖိုကြီးတစ်လုံး နဂါးနန်းတော်အတွင်းသို့ ကျရောက်လာသည်ကို အားလုံး တွေ့မြင်လိုက်ကြရလေသည်။

ထိုနတ်မီးဖိုကြီးကို မည်သည့် နဂါးမျိုးနွယ်မှ ရပ်တန့်တားဆီးနိုင်ခြင်း မရှိကြပေ။

ခဏအကြာတွင်တော့… အရှေ့ပင်လယ်ရေများ ဆူပွက်လာလေတော့သည်။

***

All Chapters