← Chapters

အခန်း (၄၈၁-၄၈၂)

Vol. 46 Ch. 481-482

အခန်း (၄၈၁-၄၈၂)

Vol. 46 Ch. 481-482

အခန်း (၄၈၁)။

“ကောင်းကင်မိစ္ဆာမျောက်ဝံ အဖိုးကြီး၊ ခင်ဗျားက လောကကြီးကို အုပ်စိုးချင်တယ်၊ အာဏာစက်ကို တည်ထောင်ပြီး သက်ရှိအားလုံးကို ထိန်းချုပ်ချင်တယ်ဆိုတာ ကျုပ် သိတာပေါ့။ အထူးသဖြင့် အလယ်ပိုင်း ကောင်းကင်နိုင်ငံက သန်းပေါင်းများစွာသော သက်ရှိတွေ၊ တာအိုဂိုဏ်းပေါင်းရာချီရဲ့ အတိုင်းအဆမဲ့ ကောင်းချီးမင်္ဂလာတွေကို ရယူပြီး ခင်ဗျားရဲ့ ရှေးဦးဘိုးဘေးတွေရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးချင်နေတာ မဟုတ်လား။ အဲဒါကြောင့်လည်း ခင်ဗျားက ဝမ်မျိုးနွယ်စုလိုမျိုး အထက်တန်းစား မိသားစုကြီးတွေနဲ့ ပူးပေါင်းခဲ့တာပဲ။ ခင်ဗျားရဲ့ တပည့်တွေကိုတောင် သူတို့ဆီမှာ အစေခံတွေအဖြစ် စေလွှတ် ပြီး သူတို့ရဲ့ အင်အားကို မြှင့်တင်ပေးခဲ့တယ်။ သူတို့ကလည်း ခင်ဗျားနဲ့ လက်တွဲရတာကို အလွန် ဝမ်းသာနေကြမှာပဲ။”

ထန်ဟိုင်လုံ၏ အသံသည် အနက်ရောင် မြူမှိုင်းများအတွင်းမှ ဟိန်းထွက်လာသည်။

ထိုသို့ ပြောဆိုနေစဉ်အတွင်း ထန်ဟိုင်လုံ၏ ခန္ဓာကိုယ်ကို ရွှေရောင်ဓားအလင်းတန်းများ နှင့် မရေမတွက်နိုင်သော ကြယ်တာရာများအသွင် ဖော်ဆောင်ထားသည့် အတွေးစများက ဝန်းရံထားလေသည်။ ၎င်းမှာ ‘ကြယ်တာရာအသွင်ပြောင်းခြင်း’ ဟူသော ကြီးမြတ်လှသည့် ထူးခြားဆန်းကြယ်သော ပညာရပ်ပင် ဖြစ်သည်။

လူသားတာအို ရွှေဒင်္ဂါးဓားနှင့် ကြယ်တာရာကိုးဆင့်ပြောင်းလဲခြင်း ပညာရပ်တို့က သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားပြီး မိစ္ဆာတိမ်တိုက်များ၏ တိုက်စားမှုကို ခုခံနေကြသည်။

ခဏအတွင်းမှာပင် ကြောက်မက်ဖွယ် မှော်စွမ်းအားများနှင့် ‘ကောင်းကင်မိစ္ဆာ နတ်ဘုရား သတ်ပညာ’ကို ပိုင်ဆိုင်ထားသည့် ဤလျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်မိစ္ဆာ ဘိုးဘေး အိုကြီးသည် ထန်ဟိုင်လုံ၊ ဖန်းယွမ်နှင့် လီဖေးယွီတို့၏ ခုခံမှုကို ဖောက်ထွင်းနိုင်ခြင်း မရှိသေးသလို ထိခိုက်အောင်လည်း မလုပ်နိုင်သေးပေ။

“မှန်တယ်... ဒီအဘိုးကြီးမှာ ဒီလောကကြီးကို အုပ်စိုးချင်တဲ့ ရည်ရွယ်ချက် ရှိတာပေါ့။ သန်းပေါင်းများစွာသော လူသားတွေရှိတဲ့ ဒီလောကကြီးတစ်ခုလုံးကို သိမ်းပိုက်ပြီး နိုင်ငံ အများပြားကို စုစည်းကာ၊ ဒီလောကမှာရှိတဲ့ တာအိုဂိုဏ်းအားလုံးနဲ့ တစ္ဆေအင်မော်တယ် တွေ အားလုံး ငါ့ခြေဖဝါးအောက်မှာ ဒူးထောက်ခိုင်းရတာက ဒီယွန်ဝူတောင်တန်းထဲမှာ ပုန်းအောင်းနေတာထက် အများကြီး ပိုကောင်းတာပေါ့။ ဒါဟာ ငါတို့ရဲ့ ရှေးဦးဘိုးဘေးကြီး ‘ခုံ’ နှစ်ရှည်လများ တောင့်တခဲ့တဲ့ ဆန္ဒပဲလေ။ မင်းတို့အားလုံးက ကောင်းကင်ဘုံက ပေးတဲ့ ပါရမီရှင်တွေပဲ၊ မင်းတို့လည်း ငါ့ရဲ့ အတွေးနဲ့ ဆုံးဖြတ်ချက်ကို သိထားပြီးသားဆိုတော့ အချည်းနှီး ခုခံပြီး ပိုပြီး နာကျင်စရာကောင်းတဲ့ ဒုက္ခတွေကို မရှာသင့်ဘူး။”

လူတစ်ကိုယ်ထက် ဆယ်ဆခန့် ပိုမိုမြင့်မားကာ၊ တုတ်တစ်ချောင်းကဲ့သို့ ထူထဲသော ရွှေအို ရောင် အမွေးအမျှင်များကို ပိုင်ဆိုင်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်မိစ္ဆာ မျောက်ဝံကြီးသည် နားကွဲလုမတတ် ပြင်းထန်သော လှောင်ရယ်သံကြီးကို တရစပ် ထုတ်ဖော်လျှက် ရယ်မောလိုက်လေသည်။

ထိုလှောင်ရယ်သံများအတွင်းမှ အသံလှိုင်းများမှာ တုန်ခါလျက် ထွက်ပေါ်လာရာ၊ လိုဏ်ဂူတစ်ခုလုံး၏ ကြမ်းပြင်ပေါ်ရှိ မာကျောသော ကျောက်တုံးများပင် ကွဲအက်ကုန် တော့သည်။

“ဒါက ‘ကောင်းကင်မိစ္ဆာ ဝိညာဉ်နှုတ် ရယ်သံ’ ပဲ၊ သတိထားကြ။”

ထန်ဟိုင်လုံက အော်ဟစ်သတိပေးလိုက်သည်။ လူသားတာအို ရွှေဒင်္ဂါးဓားအလင်းတန်းမှာ ပိုမိုတောက်ပလာပြီး အသံလှိုင်းများနှင့် ထိတွေ့မိသည့်အခါ မရေမတွက်နိုင်သော မီးပန်း မီးပွင့်များ လွင့်စင် ထွက်ပေါ်လာတော့သည်။

“အစ်ကိုထန်... စိတ်မပူပါနဲ့။ ဒီမိစ္ဆာမျောက်ဝံက ငါတို့ကို ဘာမှမလုပ်နိုင်ပါဘူး။ အသံလှိုင်းနဲ့ ပတ်သက်ရင် ကျွန်တော်က သူ့ရဲ့အဖိုးအဆင့်ပဲ။ ပေါက်ကွဲစမ်း... ပေါက်ကွဲစမ်း...” ဖန်းယွမ်၏အသံက ထွက်ပေါ်လာသည်။ ကြည်လင်ပြတ်သားသော အသံတစ်ခုက လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးအိုကြီး၏ အသံနှင့် ထိပ်တိုက်တွေ့ဆုံသွားပြီး လေထုထဲ တွင် ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်စေသည်။

လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်မိစ္ဆာကြီးသည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး သူတို့ကို အေးစက်စွာ ကြည့်လိုက်သည်။ သူ၏လက်ဖြင့် လှမ်း၍ ဖမ်းဆုပ်လိုက်ရာ လက်ချောင်းများကြားမှ ထူထဲသော အနက်ရောင် မြူခိုးများ ထွက်ပေါ်လာပြီး ဖန်းယွမ်၏ အသံအားလုံးကို ခြေမှုန်းလိုက်လေသည်။

“အဆုံးမဲ့ ကောင်းကင်သံစဉ်... အဆုံးသတ်ဓမ္မမိုးခြိမ်းသံ၊”

ကောင်းကင်မိစ္ဆာ နတ်ဘုရားမျောက်ဝံကြီးသည် စကားလုံးအချို့ကို ရွတ်ဆိုလိုက်ပြီး နောက် လှောင်ပြုံး ပြုံးလိုက်သည်။ “ဖန်းယွမ်... မင်း မိုးကြိုးကပ်ဘေး နှစ်ကြိမ်လောက်ပဲ ဖြတ်ကျော်ထားနိုင်တာ နှမြောစရာပဲ။ တကယ်လို့ မင်းသာ မိုးကြိုးကပ်ဘေး လေးကြိမ် ဖြတ်ကျော်ပြီး အတွေးတစ်ခုနဲ့ ကမ္ဘာတစ်ခုကို ဖန်တီးနိုင်မယ်ဆိုရင် ငါတောင် မင်းကို တစ်ယောက်ချင်း တိုက်ပွဲမှာ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ မင်း ထန်ဟိုင်လုံ... မင်းက ပိုတောင် အစွမ်းထက်သေးတယ်။ မင်းရဲ့ အတွေးစတွေက ‘ဝမ်ယွမ်’ ကိန်းဂဏန်း အထိ ရှိနေတာပဲ။ အခု မင်းက မိုးကြိုးကပ်ဘေး လေးကြိမ် ဖြတ်ကျော်ပြီးပြီဆိုတော့ ငါတောင် မင်းကို ကိုင်တွယ်ဖို့ မပြောနဲ့၊ ထွက်ပြေးရမယ့် အခြေအနေ ရောက်နေမှာပဲ။ လီဖေးယွီ... မင်းလည်း မဆိုးပါဘူး။ ဒါပေမဲ့ မင်းရဲ့ ‘“မဟာမြေနတ်ဘုရား ငါးရောင်ခြယ် အလံ’ ကို ဟုန်ယွိဆိုတဲ့ကောင် လုသွားတာ နှမြောစရာပဲ။”

“ဒါပေမဲ့ အခုလောလောဆယ်မှာတော့ မင်းတို့ထဲက တစ်ယောက်မှ ဒီဘိုးဘေးအိုကြီးကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ တကယ်လို့ မင်းတို့ အညံ့မခံဘူးဆိုရင်၊ ငါ့ရဲ့ အဖိုးတန် မှော်ရတနာ ခုနစ်ခုနဲ့ စိတ်ဝိညာဉ် အတွေးစ တစ်သောင်းလောက်ကို အသုံးခံပြီး ငါ့ရဲ့ ‘ကောင်းကင်မိစ္ဆာ နတ်ဘုရားသတ် အစီအရင်’ ကို တည်ဆောက်ရမှာပဲ။ အရှေ့ပင်လယ် အောက်ခြေက မြေကမ္ဘာသံလိုက်စွမ်းအားတွေကို ငှားရမ်းပြီး မင်းတို့အားလုံးကို အရှင်လတ်လတ် သန့်စင် ပစ်မယ်။ အဲဒီအချိန်ကျရင် မင်းတို့ဟာ နာကျင်လွန်းလို့ သေချင်ရင်တောင် သေလို့ရမှာ မဟုတ်တော့ဘူး။”

“မိစ္ဆာမျောက်ဝံကြီး ‘ပါ့’၊ ခင်ဗျားကိုယ်ခင်ဗျား သိပ်လည်း အထင်ကြီးမနေနဲ့ဦး။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာတုန်းက ခင်ဗျားလည်း ကမ္ဘာလောကကြီး ရှုပ်ထွေးနေတာကို အခွင့်ကောင်းယူပြီး ပြဿနာရှာချင်ခဲ့တာပဲ။ ဒါပေမဲ့ ကျုပ်တို့ ထန်မျိုးနွယ်စုရဲ့ ရှေးဦးဘိုးဘေးကြီးက ခင်ဗျားကို အနိုင်ယူခဲ့တယ်။ အခု ခင်ဗျားက ကျုပ်ရဲ့ စိတ်ဝိညာဉ်ကို သန့်စင်ချင်တာလား။ အိပ်မက်တောင် မမက်နဲ့။”

ထန်ဟိုင်လုံ၏ အသံမှာ လှောင်ပြုံးသံနှင့်အတူ ထွက်ပေါ်လာပြီး ဤလျှို့ဝှက်ဆန်းကြယ် သော ဘိုးဘေးအိုကြီး၏ အမည်ကို ခေါ်လိုက်လေသည်။

ဤကောင်းကင်မိစ္ဆာ မျောက်ဝံကြီးတွင် ရှေးဟောင်းအမည်တစ်ခု ရှိသည်။ သူ၏အမည်မှာ ‘ပါ့’ ဟူသော စကားလုံး တစ်လုံးတည်းသာ ဖြစ်သည်။

“ထန်ဟိုင်လုံ….၊ မင်းက ဒီဘိုးဘေးအိုကြီးရဲ့ နာမည်ကို သိနေတာလား၊ ဟား… ဟား…၊ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာတုန်းက မင်းတို့ ထန်မျိုးနွယ်စုက ‘ထန်ချွမ်း’ နဲ့ ငါ တိုက်ခိုက်ခဲ့ ဖူးတယ်။ သူ့စိတ်ဝိညာဉ်ဟာ ငါ့ရဲ့ ‘ကောင်းကင်မိစ္ဆာ နတ်ဘုရားသတ်ပညာ’ ရဲ့ ဒဏ်ကို ခံခဲ့ရပြီး သေလုမြောပါး ဖြစ်ပြီးမှ သေသွားခဲ့တာ။”

‘ပါ့’ သည် ထန်ဟိုင်လုံ၏ စကားကို ကြားလိုက်ရသည့်အခါ မျက်ခုံးများ တုန်ခါသွားပြီး မျက်နှာအမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ အဆုံးတွင် သူက ယုတ်မာ စွာ ရယ်မောလိုက်ပြီး “ထန်ချွမ်းက မှင်သွေးကျောက်ပြင်တွေနဲ့ ကစားဖို့ပဲ တန်တဲ့ကောင် ပါ။ တာအိုပညာရပ်ပိုင်းမှာတော့ သူ ငါ့ကို မယှဉ်နိုင်ပါဘူး။” သူက ဆိုလိုက်လေသည်။

လွန်ခဲ့သော နှစ်ပေါင်း သုံးရာခန့်က ‘မဟာရှင်း’ မင်းဆက် ပြိုလဲပြီး ‘မဟာကျိုး’ မင်းဆက် ထွန်းကားလာခဲ့သည်။

မဟာကျိုးမင်းဆက်ကို တည်ထောင်သူ ဘိုးဘေးကြီး၊ မုန့်ရှန်းကျီနှင့် ယွမ်ရှန်းရှန်း၏ ဆရာဖြစ်သူ သူတော်စင်မိန်းမပျိုတို့မှာ အလွန်ကျော်ကြားသူများ ဖြစ်ကြသည်။ သူတို့သည် နဂါးနှင့် ဖီးနစ်များကဲ့သို့ ကောင်းကင်ဘုံကိုးဆင့်အထိ လှောင်ရယ်နိုင်သူများဖြစ်ပြီး သမိုင်းစာမျက်နှာများ၏ အဓိက ဇာတ်ဆောင်များ ဖြစ်ခဲ့ကြသည်။

ထိုသုံးဦးအပြင် အခြားသော ထူးချွန်ထက်မြက်သူများစွာလည်း ရှိခဲ့ကြသေးသည်။

ထန်ကျိုးပြည်နယ်မှ ထန်မျိုးနွယ်စုဝင် ‘ထန်ချွမ်း’ မှာလည်း တစ်ဦးအပါအဝင် ဖြစ်သည်။

ဟုန်ယွိသည် ကျောက်စိမ်းမြို့တော်၌ ရှိနေစဉ် ကျွမ့်ယွမ်ပညာရှင်တစ်ဦး ဖြစ်လာပြီးနောက် ကွန်ဖြူးရှပ် ဆရာကြီးများစွာကို လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။ သူ ပေးအပ်ခဲ့ သော လက်ဆောင်များထဲတွင် ကွန်ဖြူးရှပ် ဆရာကြီးများပင် စိတ်ဝင်တစား ရှိကြသည့် ရှေးဟောင်း မှင်သွေးကျောက်ပြင် အချို့လည်း ပါဝင်သည်။

ထိုမှင်သွေးကျောက်ပြင်များမှာ မဟာရှင်းမင်းဆက်၏ မှင်သွေးကျောက်ဖန်တီးသူ ပညာရှင်ကြီး ထန်ချွမ်း ပြုလုပ်ခဲ့သော မှင်သွေးကျောက်ပြင်များ ဖြစ်ကြသည်။

...

“မိစ္ဆာမျောက်ဝံကြီးပါ့…၊ အဲဒီလိုဆိုရင်လည်း ခင်ဗျားမှာ ရှိသမျှ အစွမ်းတွေကို အကုန် ထုတ်ပြလိုက်ပါ။ ကျုပ်တို့ သုံးယောက်က ခင်ဗျားကို ကြောက်နေမလား ကြည့်ကြတာပေါ့။ ခေတ်တိုင်းမှာ ပါရမီရှင်တွေ ထွက်ပေါ်တတ်စမြဲပဲ၊ တစ်ဦးချင်းစီကလည်း လောကကြီးကို နှစ်ပေါင်း ရာချီပြီး စိုးမိုးခဲ့ကြတာ။ အခုခေတ်က ကျုပ်တို့ပိုင်တဲ့ ခေတ်ပဲ။ ခင်ဗျားတို့လို လူအိုကြီးတွေ ကျုပ်တို့ရဲ့ ခြေဖဝါးအောက်မှာ နင်းခြေခံရမယ့် အချိန်ရောက်ပြီ။”

ဖန်းယွမ်၏ ခက်ထန်သောအသံ ထွက်ပေါ်လာသည်။

“ကောင်းပြီ၊ ဒီအဘိုးကြီးက မင်းတို့အားလုံးကို တကယ်ပဲ အရှင်လတ်လတ် သန့်စင်ပစ် မယ်။” ရှေးဦးမျောက်ဝံကြီး ပါ့၏ မျက်နှာတွင် နောက်ဆုံး၌ ရက်စက်ကြမ်းကြုတ်သော အမူအရာ ပေါ်လာသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ မျက်ခုံးနှစ်ခုကြားမှ အမည်းရောင်နှင့် အဖြူရောင် ရောယှက်နေသော ကြွေပုလင်းကြီးတစ်လုံး ပျံထွက်လာ သည်။

တစ်ချိန်တည်းမှာပင် သူ၏စိတ်ဝိညာဉ် အတွေးစများ အားလုံးလည်း ပျံထွက်လာကြသည်။

ဤကောင်းကင်မိစ္ဆာ မျောက်ဝံကြီး၏ အတွေးစ တစ်ခုချင်းစီမှာ ပတ်ပတ်လည် ဆယ်ပေ ကျော်မျှကြီးမားသည်။ ၎င်းတို့မှာ ဟုန်ယွိ၏ အတွေးစများကဲ့သို့ပင် ကြီးမားလှပြီး စုစုပေါင်း ၆၃,၀၀၀ ရှိလေသည်။

၎င်းမှာ ဟုန်ယွိ၏ ၆၆,၆၆၆ ခုလောက် မများသော်လည်း အတူတူနီးပါးမျှ ရှိနေပေသည်။ နှစ်ပေါင်းထောင်ချီ၍ ကျင့်ကြံထားသော ရှေးဦးနတ်ဘုရား သားရဲတစ်ကောင်၏ သွေးမျိုး ဆက်ကို ပိုင်ဆိုင်ထားသူအဖြစ် တကယ်ကို ထိုက်တန်လှပေသည်။

ခွန်အားကြီးစိန်မျောက်ဝံဆိုသည်မှာ ရှေးဦးနတ်ဘုရား သားရဲတစ်မျိုး ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်မှာ လူသားနှင့် ဆင်တူသော်လည်း သက်တမ်းမှာမူ အလွန်ရှည်ကြာလှသည်။ မျောက်ဝံအများစုမှာ နှစ်ပေါင်း နှစ်ရာခန့် ရှင်သန်နိုင်ကြပြီး ‘ယွမ်ကုန်းမင်’ ကဲ့သို့သော မျောက်ဝံမျိုးဆိုလျှင် နှစ်ပေါင်း ငါးရာအထိ နေနိုင်ကြသည်။ ကောင်းကင်မိစ္ဆာပါ့ကဲ့သို့ မျောက်ဝံမျိုးမှာမူ သူတို့၏ခန္ဓာကိုယ် မပျက်စီးမီအထိ နှစ်ပေါင်း တစ်ထောင်ခန့် ရှင်သန်နိုင်ကြသည်။

‘ပါ့’ ၏ ခန္ဓာကိုယ်မှာ ယိုယွင်းပျက်စီးစ ပြုနေပြီ ဖြစ်သော်လည်း သူ၏ သက်တမ်းမှာ နှစ်ပေါင်း ဆယ်ဂဏန်းခန့် ကျန်ရှိနေသေးရာ သာမန်လူသားများအတွက်မူ အလွန်ပင် ရှည်ကြာလှသည်ဟု ဆိုရမည်။

ထို့အပြင် ‘ပါ့’ သည် အချိန်မရွေး လူဝင်စားနိုင်ပြီး အသစ်မွေးဖွားလာသော ခွန်အားကြီး စိန်မျောက်ဝံ တစ်ကောင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်ပေသည်။

“သတိထားကြ၊ ဒါက ‘ဝင်ရိုးစွန်းနှစ်ခု သံလိုက်နတ်ဘုရားပုလင်း’ ပဲ၊ ရှေးဦးရတနာ တစ်ခုပဲ။ နတ်ဘုရားမျောက်ဝံ မျိုးနွယ်စုရဲ့ ရတနာပေါ့။”

‘ပါ့’ က အမည်းရောင်နှင့် အဖြူရောင် သံလိုက်ပုလင်းကို ထုတ်ယူလိုက်သည်ကို မြင်သော အခါ ထန်ဟိုင်လုံ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး၊ ထိုပုလင်း၏ ဇစ်မြစ်ကို ချက်ချင်း သိရှိလိုက်သည်။ ၎င်းသည် အလွန်အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်သည်။

“ဝင်ရိုးစွန်းနှစ်ခု သံလိုက်နတ်ဘုရားသားရဲ၊ နတ်ဘုရားသတ် ကောင်းကင်မိစ္ဆာ၊ ဖောက်ထွက်စမ်း။”

ဒိုင်း... ဒိုင်း... ဒိုင်း….

စုစုပေါင်း အတွေးစ ၃၆၀ ကို အမည်းရောင်နှင့် အဖြူရောင် သံလိုက်ပုလင်းအတွင်းသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ပေါက်ကွဲသံတစ်ခုနှင့်အတူ လှုပ်ခါသွားပြီး ရေစီးသံများ ထွက်ပေါ်လာသည်။ ပုလင်းအတွင်းရှိ အတွေးစများမှာ ရည်ပျော်သွားပြီး ရေအဖြစ် ပြောင်းလဲသွားပုံရသည်။

မိုးကြိုးကပ်ဘေး ခြောက်ကြိမ် ဖြတ်ကျော်ထားသော ပညာရှင်တစ်ဦး၏ အတွေးစ ၃၆၀ မှာ ပေါက်ကွဲမှုအပြီး၌ ပုလင်းအတွင်းဝယ် အရည်အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

၎င်းမှာ မည်သို့သော ရေမျိုးနည်း၊ ၎င်းတွင် ကောင်းကင်နှင့် မြေကြီးကို ခွဲထုတ်နိုင်သော စွမ်းအားများ ရှိနေသည်မှာ ထင်ရှားလှသည်။

သူ၏မျက်နှာတွင် လောဘဇောများ ပေါ်ထွက်လာပြီး ပုလင်းကို လှုပ်ခါလိုက်ကာ ရုတ်တရက် မှောက်ချလိုက်လေသည်။ ဂလု... ဂလု... ဂလု... ထူထဲသော အမည်းရောင် အခိုးအငွေ့များမှာ ပုလင်းအတွင်းမှ ထွက်ပေါ်လာသည်။ ဤအမည်းရောင် အခိုးအငွေ့များ မှာ ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမ’ ၏ ‘ရွှမ်ထျန်းတာအိုသခင်’ အသုံးပြုသော အမှောင်ထုနှင့် ဆင်တူသော်လည်း ဆယ်ဆခန့် ပိုမိုပြင်းထန်ကာ အလွန်လေးလံလှသည်။ ၎င်းတို့မှာ လှိုင်းလုံးကြီးများကဲ့သို့ ထန်ဟိုင်လုံနှင့် ဖန်းယွမ်တို့ဆီသို့ ပြင်းထန်စွာ တိုးဝင်လာ တော့သည်။

ဝေါ... ဝေါ... ဝေါ...

ဖျစ်…...

အနက်ရောင် အခိုးငွေ့များ ကျူးကျော်လာသည်နှင့်အမျှ ထန်ဟိုင်လုံသည် တောင်ကြီး တစ်လုံးကဲ့သို့ ဖိအားကို ချက်ချင်း ခခံစားလိုက်ရသည်။ ‘လူသားတာအို ရွှေဒင်္ဂါးဓား’ ၏ အလင်းတန်းမှာ ချက်ချင်းပင် အက်ကွဲသွားတော့သည်။

“မကောင်းတော့ဘူး”

သူတို့ သုံးဦးစလုံး တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။

‘ပါ့’ ကမူ သူ၏ သွားများကို ဖြဲပြလျက် အေးစက်စွာ လှောင်ပြောင် ရယ်မောလိုက်သည်။ အစွယ်နှစ်ချောင်းမှာ ပေါ်ထွက်နေသော်လည်း သူ၏လေသံမှာမူ အေးစက် တည်ငြိမ်နေ သည်။ “ငါ့ရဲ့ ‘ကောင်းကင်မိစ္ဆာ နတ်ဘုရားသတ်ပညာ’ က အတွေးစတွေကို ခြေမှုန်းနိုင်ပြီး ‘မူလသံလိုက်စွမ်းအင်’ ကို အသက်သွင်းကာ အစီအရင်ကြီးတစ်ခုကို ဖန်တီးနိုင်တယ်။ နှစ်နာရီအတွင်းမှာတင် မင်းတို့အားလုံးကို လုံးဝ သန့်စင်ပစ်နိုင်တယ်။ အဲဒီအချိန်အတွင်း မှာ မင်းတို့ဟာ အသက်ဘေးကနေ ချမ်းသာပေးဖို့ တောင်းပန်ဖို့တောင် အချိန်ရမှာ မဟုတ်ဘူး။”

...

ထိုအချိန်မှာပင်…

ရုတ်တရက် ကောင်းကင်ယံ အထက်မှ အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး၊ လူတစ်ယောက် ပေါ်ထွက်လာသည်။ ထိုသူသည် ‘ကောင်းကင်တာအို နတ်ဆိုးချိတ်ပိတ် ဓား’ ကို ကိုင်ဆောင်ထားပြီး သူ၏ခန္ဓာကိုယ်ကို အပြာရောင် အလင်းတန်းများဖြင့် ရစ်ပတ် ထားသည်။

သူမမှာ ‘တိုင်ရှန်တာအိုဂိုဏ်း’ ၏ သူတော်စင်မိန်းမပျို ဆုမူပင် ဖြစ်သည်။

ယခုအခါ ဆုမူသည် လက်တစ်ဖက်တွင် ဓားကို ကိုင်ဆောင်ထားပြီး အခြားလက်တစ်ဖက် တွင် အလွန်လေးလံသော လက်နက်တစ်ခုကို ကိုင်ဆောင်ထားသည်။ ထိုလက်နက်မှာ စက်ဝိုင်းခြမ်းပုံသဏ္ဌာန် ရှိပြီး ၎င်းကို တိမ်တိုက်များက ရစ်ပတ်ထားသည်။ အပေါ်ဘက်မှာ အနက်ရောင်ဖြစ်ပြီး အောက်ဘက်မှာမူ အဝါရောင် ဖြစ်သည်။ အပေါ်ဘက်မှာ ဝိုင်းနေပြီး အောက်ဘက်မှာမူ လေးထောင့်ပုံသဏ္ဌာန် ရှိသည်။

ကောင်းကင်က မှောင်မိုက်ပြီး မြေကြီးက ဝါထိန်နေသည်။ ကောင်းကင်က ဝိုင်းနေပြီး မြေကြီးကမူ လေးထောင့် ဖြစ်သည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် ဤလက်နက်၏ စွမ်းအားနှင့် ၎င်းကိုကိုယ်စားပြုသည့် နက်နဲလှ သည့် နိယာမများကို မြင်တွေ့နိုင်ပေသည်။

“လက်နက်ကို ဆင့်ခေါ်ပါတယ်။ ဂိုဏ်းချုပ်ရဲ့ အမိန့်။ ထာဝရနိုင်ငံတော် ကျွန်မကို ကူညီပါ။”

လက်နက်ကို ပစ်လွှတ်လိုက်ပြီးနောက် ၎င်းမှာ လေထဲတွင် လွင့်မျောနေသည်။ ဆုမူသည် ထိုလက်နက်ကို အလွန်ပင် ရိုသေလေးစားစွာဖြင့် အနည်းငယ် ဦးညွှတ်လိုက်သည်။ ထိုလက်နက်မှာ တိုင်ရှန်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ် မုန့်ရှန်းကျီ ကိုယ်တိုင် ရှိနေသကဲ့သို့ပင် ဖြစ်သည်။

ဝုန်... ဝုန်... ဝုန်...

မှော်ရတနာထံမှ မြည်သံများ ထွက်ပေါ်လာသည်။ ၎င်းမှာ စကားပြောနေသကဲ့သို့ သို့မဟုတ်၊ ဂါထာမန္တန်များ ရွတ်ဆိုနေသကဲ့သို့ ခံစားရသည်။ အနည်းငယ် လှုပ်ရှားလိုက်ရုံ ဖြင့် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဟင်းလင်းပြင်အတွင်းသို့ ပျော်ဝင်သွားပြီး ကမ္ဘာလောကကြီးနှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

“မူ…၊ ငါ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ခဲ့ပြီးပြီ။ အဲဒါက အရမ်းကို အန္တရာယ်များပြီး ငါ့ရဲ့ အသက်စွမ်းအင်တွေလည်း အားနည်းနေတယ်။ အခုလောလော ဆယ်မှာတော့ ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းတွေထဲက ကမ္ဘာတစ်ခုမှာ ငါ ကျင့်ကြံ နေတယ်။ အပြည့်အဝ ပြန်လည်ကျန်းမာလာဖို့ အနည်းဆုံး တစ်နှစ်ကနေ သုံးနှစ်လောက် ကြာလိမ့်မယ်။ အဲဒီအချိန်အတွင်းမှာ မင်းက ဒီလောကကြီးရဲ့ အခြေအနေကို ထိန်းသိမ်းရ မယ်။ ဘယ်ဘက်ကိုမှ ယိုင်လဲမသွားစေနဲ့။ အဲဒီအတွက် တိုင်ရှန်တာအိုဂိုဏ်း ဂိုဏ်းချုပ်ရဲ့ လက်နက်ဖြစ်တဲ့ ထာဝရနိုင်ငံတော်ကို ငါ မင်းကို ပေးအပ်လိုက်တယ်။ ဒီလက်နက်ဟာ အခြေအနေတွေကို ပြောင်းပြန်လှန်နိုင်ပြီး စကြဝဠာရဲ့ နိယာမတွေကို ထိန်းချုပ်နိုင်တဲ့ အနှိုင်းမဲ့ လက်နက်တစ်ခုပဲ။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရှေးဟောင်း ရာရှိုမွန်နဲ့ စကြာဝဠာ အိတ်တွေဟာ ဒီလက်နက်ကို မယှဉ်နိုင်ဘူး။ ‘ဖန်ဆင်းခြင်းသင်္ဘော’ တစ်ခုတည်းကပဲ ဒီလက်နက်ကို ခုခံနိုင်ကောင်း ခုခံနိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းအနေနဲ့ အခုလောလောဆယ် မှာ ဒီလက်နက်ရဲ့ စွမ်းအားအပြည့်ကို ထုတ်ဖော်နိုင်ဖို့ အားနည်းလွန်းသေးတယ်။ ဒါပေမဲ့ မင်းကိုယ်မင်း ကာကွယ်ဖို့အတွက် အသုံးပြုမယ်ဆိုရင်တော့ ‘မူလဝိညာဉ်နတ်ဘုရား’ တောင်မှ မင်းကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး...”

ဤလက်နက်မှာ တိုင်ရှန်တာအိုဂိုဏ်း၏ စစ်မှန်သော ဂိုဏ်းဂုဏ်ဆောင် ရတနာပင် ဖြစ်တော့သည်။

၎င်းမှာ ဟုန်ယွိက သူ၏ သူတော်စင်ပေါင်းစုံခန်းမကို သန့်စင်ပြီးနောက် မုန့်ရှန်းကျီတွင် ရှိနေနိုင်သည်ဟု ခန့်မှန်းခဲ့သော လက်နက်မျိုးလည်း ဖြစ်သည်။

ထာဝရနိုင်ငံတော်...

စကြဝဠာ၏ ဟင်းလင်းပြင် အတွင်းသို့ လုံးဝ ပျော်ဝင်သွားသော ဤလက်နက်ကို ကြည့်ရင်း ဆုမူသည် လွန်ခဲ့သော ရက်အနည်းငယ်က တိုင်ရှန်တာအိုဂိုဏ်း ဂိုဏ်းချုပ် မုန့်ရှန်းကျီထံမှ ရရှိခဲ့သော စိတ်ချင်းဆက်သွယ်မှု အမှာစကားကို ပြန်လည် အမှတ်ရနေမိ တော့သည်။

“ဂိုဏ်းချုပ်ကတော့ သူ့ရဲ့ ထူးခြားဆန်းကြယ်တဲ့ နတ်ဘုရားပညာရပ်တွေမှာ တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုတွေ ရတော့မယ့်ပုံပဲ။ ဒီနတ်ဘုရားလက်နက်ကိုတောင် ငါ့လက်ထဲ ကို ထည့်ပေးခဲ့တာပဲ။ နှမြောစရာကောင်းတာက ‘မီးလျှံနဂါးကိုးကောင်’ ကတော့ ‘နဂါးအသွင်ပြောင်းရေကန်’ထဲမှာ အားဖြည့်နေရတုန်းပဲ။ ဟုန်ယွိရဲ့ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲသွားပြီးနောက်မှာ သူတို့ ပြန်ရှင်သန်ဖို့က အရမ်းနှေးနေပုံရတယ်။ ငါလည်း အခုချိန်မှာ အထူးသတိထားရမယ်။ ဒီမိစ္ဆာမျောက်ဝံကြီး ပါ့ရဲ့ တာအိုပညာရပ်တွေက အလွန်နက်နဲတယ်။ အခု ငါ့မှာ ထာဝရနိုင်ငံတော်ဆိုတဲ့ ရတနာရှိနေရင်တောင် သူ့ကို အကြီးအကျယ် အထိနာအောင်ပဲ လုပ်နိုင်ဦးမှာပဲ။”

ဆုမူက တွေးတောနေရင်း သူမ၏ ခန္ဓာကိုယ်မှာလည်း ဟင်းလင်းပြင်အတွင်းသို့ ပျော်ဝင် သွားလေသည်။ ဤသည်မှာ ထာဝရနိုင်ငံတော်၏ နတ်ဘုရားစွမ်းအားပင် ဖြစ်ပုံရသည်။

ဟင်းလင်းပြင်နှင့် တစ်သားတည်းဖြစ်သွားသော ဆုမူက လေးနက်သောအသံဖြင့် ရွတ်ဆို လိုက်လေသည်။ “ကောင်းကင်ကြီးက မှောင်မိုက်တယ်။ မြေကြီးက ဝါထိန်နေတယ်၊ ကောင်းကင်က အဝိုင်း၊ မြေကြီးက လေးထောင့်၊ သက်ရှိတို့၏ နိုင်ငံတော်၊ အချိန်နှင့် ဟင်းလင်းပြင်၊ တစ်ဖက်ကမ်းသည် ကမ်းမဟုတ်၊ ကမ်းမရှိနေသာ နေရာသည်သာလျှင် အခြား တဖက်ကမ်း ဖြစ်ပေသည်။”

ဝုန်း

ရုတ်တရက်ဆိုသလို မိုင်ပေါင်းရာချီ ကျယ်ဝန်းသော ထူထဲသည့် အလင်းတန်းကြီး တစ်ခု သည် ကောင်းကင်ယံမှ ထိုးဆင်းလာသည်။ ထိုအလင်းတန်း၏ ဗဟိုချက်မှာ မိစ္ဆာ နတ်ဘုရားဂူရှိရာ မြင့်မားသော တောင်ထိပ်ပင် ဖြစ်သည်။ ထိုနေရာမှာ မိစ္ဆာမျောက်ကြီးဝံ ပါ့က ထန်ဟိုင်လုံ၊ ဖန်းယွမ် နှင့် လီဖေးယွီတို့ကို သန့်စင်နေသည့် နေရာဖြစ်သည်။

...

“ဒါ ဘာကြီးလဲ။”

ခွန်အားကြီးစိန်မျောက်ဝံ မျိုးနွယ်စု၏ အကြီးအကဲ ‘ပါ့’ သည် ယုတ်မာစွာ ပြုံးနေရင်းမှ ရုတ်တရက် စိတ်ထဲ၌ တစ်ခုခုကို ခံစားလိုက်ရသည်။ ၎င်းမှာ ‘အလိုလိုခံစားမူ’ ဟူသော ကြိုတင်သိမြင်မှုပင် ဖြစ်သည်။ သူက ကောင်းကင်သို့ မော့ကြည့်လိုက်ရာ သူ၏ မျက်လုံး များမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ သူက ဂူအတွင်းရှိ ထူထဲသော ကျောက်ဆောင်များကို ဖောက်ထွင်း၍ ကြည့်လိုက်သောအခါ ကောင်းကင်ယံ၌ ပြင်းထန် လှသော ပုံဆောင်ခဲအလင်းတန်းကြီးကို မြင်လိုက်ရလေသည်။

“ဒါက ကြိုတင်နိမိတ်ပဲ။ ဒါက ကြီးမားတဲ့ အန္တရာယ်ပဲ။ မကောင်းတော့ ဘူး။”

သူ၏ အတွေးများ ပြင်းထန်စွာ လှုပ်ရှားလိုက်စဉ်မှာပင် ထိုအလင်းတန်းကြီးသည် ကျောက်ဆောင်များကို ဖောက်ထွင်း၍ ကျဆင်းလာခဲ့ပြီ ဖြစ်သည်။ ချက်ချင်းပင် တစ်လော ကလုံး ချာချာလည်သွားပြီး အချိန်များ ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရကာ ကမ္ဘာကြီး တစ်ခုလုံးသည်လည်း အခြားကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားရသည်။

မိုးကြိုးကပ်ဘေးကို ခြောက်ကြိမ်မြောက် ဖြတ်ကျော်ထားပြီး၊ ထူးခြားဆန်းကြယ်သော မှော်ပညာရပ်များ ရှိနေသည့်တိုင်အောင် သူသည် ထိုအလင်းတန်း၏ ဆွဲငင်မှုကို မခုခံနိုင် လုနီးပါး ဖြစ်သွားရသည်။

“ဒါ... ဒါဟာ အလွန်တရာ အစွမ်းထက်လွန်းတဲ့ ကမ္ဘာငယ်လေးတစ်ခုပဲ။ မဟုတ်သေးဘူး... ဒါဟာ ကမ္ဘာငယ်လေးရဲ့ နယ်ပယ်ကိုတောင် ကျော်လွန်နေပြီ၊ ကံကောင်းလို့ ငါ့မှာ ကြိုတင် ခံစားနိုင်တဲ့ စွမ်းအားရှိနေလို့၊ မဟုတ်ရင် ငါတော့ အသတ်ခံရတော့မှာပဲ။ ကောင်းကင်မိစ္ဆာ နတ်ဘုရားသတ်ပညာရပ်၊ ဝင်ရိုးစွန်းနှစ်ခု သံလိုက်ဓာတ်၊ ငါ့ရဲ့ စိန်ကိုယ်ထည်ကို ကာကွယ် စမ်း။”

အတွေးစ စုစုပေါင်း သုံးထောင်ကို ‘ဝင်ရိုးစွန်းနှစ်ခု သံလိုက်နတ်ဘုရားပုလင်း’ အတွင်းသို့ ပစ်ထည့်လိုက်သည်။ ၎င်းတို့မှာ အရည်အဖြစ် ခြေမှုန်းခံလိုက်ရပြီး အနက်ရောင် မြူခိုးများ ထွက်ပေါ်လာကာ သူ၏ အတွေးစတစ်ခုချင်းစီကို အပြည့်အဝ ကာကွယ်လိုက်လေသည်။

သူ၏ အတွေးစများက သူ၏ ကိုယ်ထည်စစ်စစ်ဆီသို့ ပြန်လည်ရောက်ရှိသွားချိန်မှာပင် ပိတ်မိနေသော ထန်ဟိုင်လုံ၊ ဖန်းယွမ်နှင့် လီဖေးယွီတို့သည်လည်း နောက်ဆုံးတွင် အစွမ်းကုန် ရုန်းကန်လိုက်ကြတော့သည်။

ဝုန်း!

အနက်ရောင် မြူခိုးများအားလုံး ပေါက်ကွဲထွက်သွားသည်။ သူတို့သုံးဦးမှာ မြူခိုးများကြားမှ တိုးထွက်လာပြီး လက်များကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော မှော်ရတနာများ ပျံထွက်လာသည်။ ထိုရတနာများသည် လူဆယ်ယောက်စာမျှ မြင့်မားသော မိစ္ဆာမျောက်ဝံ ကြီး ပါ့၏ အတွေးစများဖြင့် ဖွဲ့စည်းထားသော ကိုယ်ထည်ကြီးကို တိုက်ရိုက် အပြင်းအထန် တိုက်ခိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ထန်ဟိုင်လုံသည် သူ၏ အတွေးစ ၁၂၉,၆၀၀ စလုံးကို ထုတ်လွှတ် လိုက်ရာ ၎င်းတို့မှာ ကြယ်တာရာကိုးဆင့်ပြောင်းလဲခြင်း နတ်ဘုရားစွမ်းရည်အဖြစ် ပြောင်းလဲသွားပြီး ပညာဖြင့် ရှေးဦးခေတ်က ကြယ်တာရာကောင်းကင်ကြီး လူ့လောကသို့ ဆင်းသက်လာသကဲ့သို့ ခံစားရလေသည်။

“မင်းတို့ကများ ဒီဘိုးဘေးအိုကြီး တစ်ခုခု လုပ်နိုင်မယ် ထင်နေတာလား။”

‘ပါ့’ က ဟိန်းဟောက်လိုက်ပြီး သူ၏ နတ်ဘုရားစွမ်းရည်ကို အသုံးပြုရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် ဆုမူသည် ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသည်။ သူမက လက်ငါးချောင်းဖြင့် လှမ်း၍ ဖမ်းဆုပ်လိုက်ရာ သူမ၏လက်မှ အလင်းတန်းငါးခု ထွက်ပေါ်လာသည်။ ထိုအခါ ထန်ဟိုင်လုံ၊ ဖန်းယွမ်နှင့် လီဖေးယွီတို့သည် ဟင်းလင်းပြင်လုံး ပြိုလဲပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

ဘုန်း…. ကြီးမားသော အတွေးစတစ်ခုသည် လွတ်မြောက်သွားပြီး ဝေးရာသို့ ထွက်ပြေး သွားသည်။ သို့သော် အတွေးစ၏ အစိတ်အပိုင်း အနည်းငယ်မှာမူ အပေါ်ဘက်တွင် ဝိုင်း၍ အောက်ဘက်တွင် လေးထောင့်ရှိသော ရတနာအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။

“ဆုမူ”

“မှန်တယ်... ဒါ ငါပဲ။ မင်းတို့ကို ကယ်ဖို့ လာတာ။ ကံမကောင်းစွာပဲ မိစ္ဆာမျောက်ဝံကြီးရဲ့ စိတ်ဝိညာဉ်အတွေးစ တစ်ဝက်ကျော်ကတော့ လွတ်သွားပြီ။ ငါ အတွေးစ တစ်သောင်း လောက်ကိုပဲ ဖမ်းဆီးပြီး ဒီရတနာထဲမှာ ပိတ်လှောင်ထားနိုင်ခဲ့တယ်။ ဒီမိစ္ဆာမျောက်ဝံကြီး က အစွမ်းထက်သလို သူ့နတ်ဘုရားစွမ်းရည်ကလည်း အကန့်အသတ်မရှိဘူး။ တကယ်လို့ ဒီလို ချောင်းမြောင်း တိုက်ခိုက်တာမျိုး မဟုတ်ရင် ငါလည်း သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ သူက အရမ်းမြန်မြန် ထွက်ပြေးသွားတာ နှမြောစရာပဲ။” ဆုမူက ဆိုလိုက် သည်။

“ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိန်းကလေး ဆုမူ။ ဒီတစ်ခါတော့ သူ ထွက်ပြေးသွားတာ အရမ်းမြန်တယ်။ မဟုတ်ရင် ကျွန်တော်တို့ လေးယောက်ပေါင်းပြီး သူ့ကို သတ်နိုင်ခဲ့မှာပဲ။” ဖန်းယွမ်က နာကျည်းစွာ ပြောလိုက်သည်။

အမှန်စင်စစ် ထန်ဟိုင်လုံ တစ်ယောက်တည်း၏ အတွေးစ တစ်သိန်းကျော်နှင့် ‘လူသား တာအို ရွှေဒင်္ဂါးဓား’ အစွမ်းမှာပင် မိုးကြိုးကပ်ဘေး ငါးကြိမ်၊ ခြောက်ကြိမ် ဖြတ်ကျော်ထား သူများကို ယှဉ်နိုင်ပေသည်။ တကယ်လို့ သူတို့ လေးယောက်သာ ပူးပေါင်းမည်ဆိုပါက ကျိုးထိုက်ကျူပင်လျှင် သူတို့ကို ယှဉ်နိုင်မည် မဟုတ်ပေ။ မိစ္ဆာမျောက်ဝံကြီးလည်း သူတို့ကို ရှောင်ရှားသွားမည်သာ ဖြစ်သည်။

“မိန်းကလေးဆု အခုနက သုံးလိုက်တာ ဘယ်လို ပညာမျိုးလဲ။ ဒီလို စွမ်းအားမျိုးက... တွေးကြည့်ရုံနဲ့တင် ကြက်သီးထစရာပဲ။ ဒါက ရှေးဟောင်း နတ်ဘုရားလက်နက်တွေထက် တောင် အများကြီး ပိုပြီး အစွမ်းထက်နေတာပဲ။” လီဖေးယွီက တည်ငြိမ်စွာ မေးလိုက်သည်။

“ဟင်..၊ ဒီလူက အရမ်းကို ကောက်ကျစ်တာပဲ” ဆုမူက စိတ်ထဲမှ တွေးလိုက်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိဘဲ “အခုက စကားပြောနေရမယ့် အချိန်မဟုတ်ဘူး။ ငါနဲ့ လိုက်ခဲ့ကြ။” ဆိုလိုက်လေသည်။

“ဘယ်ကို သွားမှာလဲ” ထန်ဟိုင်လုံက မေးလိုက်သည်။

“ဒိုင်ဇင်ဘုရားကျောင်းကို၊ ဟုန်ယွိ ‘ဗုဒ္ဓသင်္ကန်းတော်’ ကို ရမသွားအောင် သွားတားရမယ်။”

ဆုမူသည် ပျံသန်းထွက်ခွာသွားပြီး ဟင်းလင်းပြင်အတွင်း ကွယ်ပျောက်သွားတော့သည်။

အခန်း (၄၈၂)။

“ဘာ... ဒိုင်ဇင်ဘုရားကျောင်းနဲ့ ဗုဒ္ဓသင်္ကန်းတော် ဟုတ်လား။”

သူတို့ရှေ့မှာပင် ဆုမူသည် ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်ထွက်လာပြီး ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။ သူမသည် အမှန်တကယ်ပင် လာချင်သလိုလာ၊ သွားချင်သလိုသွားပြီး မည်သည့်ခြေရာလက်ရာမျှ ကျန်ရစ်ခဲ့ခြင်း မရှိပေ။

ထန်ဟိုင်လုံနှင့် ဖန်းယွမ်တို့သည် သူမနောက်သို့ လိုက်ရန် ကြိုးစားသော်လည်း ခြေရာခံ နိုင်ခြင်း မရှိကြပေ။ သူတို့နှစ်ဦးသည် သူတို့၏ လျှို့ဝှက်ပညာရပ်များကို အသုံးပြု၍ ရှာဖွေ ကြည့်သော်လည်း မည်သည့်အရိပ်အယောင်မျှ မခံစားရသဖြင့် မျက်နှာအမူအရာများ အနည်းငယ် ပျက်ယွင်းသွားကြသည်။

လီဖေးယွီ၏ မျက်နှာတွင်မူ အပြုံးတစ်ခု ပေါ်လာသည်။ ထိုသူသုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း ဆုမူနောက်သို့ ချက်ချင်းလိုက်မသွားဘဲ မိစ္ဆာနတ်ဘုရားဂူ အတွင်း၌ပင် ဆက်၍ နေနေကြသည်။

“သူမပြောသွားတဲ့ ဒိုင်ဇင်ဘုရားကျောင်းနဲ့ ဗုဒ္ဓသင်္ကန်းတော်ဆိုတာ ဘာကို ဆိုလိုတာလဲ။” လီဖေးယွီက မေးလိုက်သည်။

“ဒိုင်ဇင်ဘုရားကျောင်းရဲ့ ဗုဒ္ဓသင်္ကန်းတော်ဆိုတာ သာမန်အရာတွေ မဟုတ်ဘူး...” ဖန်းယွမ်နှင့် ထန်ဟိုင်လုံတို့က ပြိုင်တူ ပြောလိုက်ကြသည်။ “ဒဏ္ဍာရီတွေအရ ဗုဒ္ဓဘာသာ ကို စတင်တည်ထောင်သူဟာ ‘သူတော်စင် ဧကရာဇ် ယွမ်’ပဲ။ သူတော်စင် ဧကရာဇ်ယွမ်ရဲ့ ပထမဆုံး တပည့်ဖြစ်တဲ့ ‘ကျန်း’ က ဒိုင်ဇင်ဘုရားကျောင်းကို တည်ထောင်ပြီး ဗုဒ္ဓဘာသာရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တာ။ ‘ဗုဒ္ဓသင်္ကန်းတော်’ ဆိုတာကတော့ သူတော်စင် ဧကရာဇ်ယွမ် နန်းစွန့်ပြီးတဲ့နောက်မှာ ဖန်တီးခဲ့တာပဲ။ သူဟာ ပြည်သူတွေကို ဦးဆောင်ဖို့နဲ့ လောကကြီး ကို အုပ်ချုပ်ဖို့အတွက် သူ့ရဲ့ နတ်ဘုရားစွမ်းရည်တွေနဲ့ မှော်အစွမ်းတွေကို အသုံးပြုခဲ့တယ်။ အဲဒီအုပ်ချုပ်မှု နိယာမတွေ အားလုံးကို အဲဒီသင်္ကန်းပေါ်မှာ မှတ်တမ်းတင်ထားပြီး မဟာ ဝဇိရပညာပါရမီလို့ ခေါ်တဲ့ ဒဏ္ဍာရီလာ ကျမ်းစာကို ဖြစ်ပေါ်စေခဲ့တယ်။ အဲဒီကျမ်းက အထွက်အထိပ် တာအိုပညာရပ်ပဲ။ အဲဒီသင်္ကန်းကို ဝတ်ဆင်ထားရင် ဘယ်လို မိစ္ဆာအစွမ်းမှ မထိုးဖောက်နိုင်သလို၊ ဘယ်လို မှော်ပညာနဲ့မှလည်း မဖျက်ဆီးနိုင်ဘူး။ အဲဒါက အနှိုင်းမဲ့ အစွမ်းထက်တဲ့ အရာလို့ ဆိုနိုင်တယ်။”

“အခု သူမက ဟုန်ယွိက အဲဒီသင်္ကန်းကို ရယူဖို့ ကြိုးစားနေတယ်လို့ ပြောသွားတာလား။ အဲဒါဆိုရင်တော့ ငါတို့လည်း မြန်မြန်သွားမှ ဖြစ်မယ်။ ဟုန်ယွိရဲ့ နည်းလမ်းတွေက ကြောက်စရာကောင်းလွန်းတယ်။ သူက ငါတို့ရဲ့ အနန္တရွှေဆေးလုံးကို ခိုးယူသွားရုံတင်မက ဘူး ငါရဲ့ မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံကိုပါ အတင်းအဓမ္မ လုယူသွားခဲ့တာ။ ဒီရန်ငြိုးကတော့ ဘယ်လိုမှ မပြေနိုင်တော့ဘူး။ တကယ်လို့ သူသာ အဲဒီသင်္ကန်းကိုပါ ရသွားမယ်ဆိုရင် ငါတို့တော့ အသက်ရှူကျပ်တဲ့အထိ ဖိနှိပ်ခံရတော့မှာပဲ။” လီဖေးယွီက အလျင်အမြန် ပြောလိုက်သည်။

“မှန်တယ်။ အဲဒီသင်္ကန်းကို ရယူနိုင်တဲ့လူက ငါတို့ပဲဖြစ်ရမယ်။ တကယ်လို့ ငါတို့သာ အဲဒီ သင်္ကန်းကို ရထားမယ်ဆိုရင် ဟုန်ယွိကို ကြောက်နေစရာ မလိုတော့ဘူး။ ချန်ပီယံမြို့စား တောင်မှ ပြဿနာ မဟုတ်တော့ဘူး။ ဗုဒ္ဓသင်္ကန်းတော်ဟာ ဖန်ဟွမ်အသက်ဝိညာဉ်ဓားရဲ့ တိုက်ခိုက်မှုကိုတောင် ခုခံနိုင်တယ်လို့ ငါကြားဖူးတယ်။” ဖန်းယွမ်က ပြုံး၍ ဆိုသည်။

ချန်ပီယံမြို့စားမှာ ဟုန်ယွိလက်ချက်ဖြင့် သေဆုံးသွားပြီဖြစ်ကြောင်းနှင့် ဖန်ဟွမ် အသက် ဝိညာဉ်ဓားမှာလည်း ဟုန်ယွိလက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို ထိုသုံးဦးမှာ မသိကြသေးပေ။

ဟုန်ယွိသည် ကောင်းကင်နဂါးဂိုဏ်းမှ ထွက်လာချိန်တွင် ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို အသုံးမပြုခဲ့ဘဲ သူ၏ ဗုဒ္ဓဓမ္မခန္ဓာနှင့် ဓမ္မတံဆိပ်တော်ဆယ်ခုကိုသာ အသုံးပြု၍ ထိုနေရာ တစ်ခုလုံးကို ခြေမှုန်းခဲ့ခြင်း ဖြစ်သည်။

“ဒါပေမဲ့ ငါတို့ အလျင်စလို သွားစရာ မလိုသေးပါဘူး။ အခုလေးတင် ဆုမူက ငါတို့ကို ကယ်လိုက်တာဟာ အင်အားစုတွေကြားမှာ ညီမျှခြေတစ်ခု ဖန်တီးချင်လို့ပဲ ဖြစ်မယ်။ ဟုန်ယွိရဲ့ ဩဇာအရှိန်အဝါက တဖြည်းဖြည်း မြင့်တက်လာနေပြီး၊ သူက တိုင်ရှန်တာအို ဂိုဏ်းကို ဖိနှိပ်ဖို့အတွက် ဂိုဏ်းအသစ်တစ်ခုခု တည်ထောင်တော့မယ်ဆိုတာ သူမ သိနေပုံရ တယ်။ အဲဒါကြောင့် ဗုဒ္ဓသင်္ကန်းတော်လိုမျိုး ဒီလောက် အရေးကြီးတဲ့ သတင်းကို ငါတို့ကို ပေးပြီး အမြန်သွားဖို့ပဲ ပြောခဲ့တာပေါ့။ ဒါပေမဲ့ ငါတို့အနေနဲ့ အလျင်လိုစရာ မလိုပါဘူး။ သူမနဲ့ ဟုန်ယွိတို့ အပြန်အလှန် တိုက်ခိုက်လို့ နှစ်ဦးနှစ်ဖက် အားအင်ကုန်ခမ်းသွားတဲ့ အချိန်ကျမှ ငါတို့က ကြားကနေ အမြတ်ထုတ်ရမယ်။” ထန်ဟိုင်လုံက တည်ငြိမ်စွာ ပြောလိုက်သည်။

“လှပကျော့ရှင်းတဲ့ မိန်းကလေးဟာ လူကြီးလူကောင်းတွေအတွက် အဖော်မွန်ကောင်းပါပဲ။ ဒီဆုမူဟာ ကျောက်စိမ်းမြို့တော်ရဲ့ နံပါတ်တစ် ပါရမီရှင်ဖြစ်သလို တိုင်ရှန်တာအိုဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုလည်း ဖြစ်တယ်။ အစ်ကိုထန်က ဒီလို မိန်းကလေးမျိုးအပေါ်မှာတောင် ဘာကြင်နာမှုမှ မပြဘဲ အခွင့်ကောင်း စောင့်ချင်နေတာလား။” လီဖေးယွီက ရယ်မော၍ မေးသည်။

“ဆုမူက လှပကျော့ရှင်းတဲ့ မိန်းကလေး ဖြစ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူမက အေးစက်ပြီး ခံစားချက်ကင်းမဲ့သူပဲ။ သူမသာ မင်းကို သတ်ချင်ပြီဆိုရင် မျက်တောင် တစ်ချက်တောင် ခတ်မှာမဟုတ်ဘူး။ အဲဒီလိုအမျိုးသမီးမျိုးကို အောက်ကျို့ခိုင်းလို့ပဲ ရမယ်၊ ဒါပေမဲ့ သေတူရှင်ဘက် တာအိုလက်တွဲဖော်တော့ လုပ်လို့မရဘူး။ ဒီအချက်မှာတော့ ဟုန်ရွှန်ကျိ လုပ်သွားတာ တကယ့်ကို မှန်ကန်တယ်။” ထန်ဟိုင်လုံက ဆက်လက်၍ အေးစက်စွာ ပြောလိုက်သည်။ “ဒီနေ့ ငါတို့ရှေ့မှာ ရတနာတောင်ကြီး ရှိနေတာပဲ၊ လက်ဗလာနဲ့တော့ မပြန်နိုင်ပါဘူး။ ဒီမိစ္ဆာ နတ်ဘုရားဂူထဲမှာ ဆေးဝါးတွေ၊ မှော်ရတနာ တွေ၊ ပစ္စည်းကိရိယာတွေ အများကြီး ရှိသလို၊ အပြင်ဘက်မှာလည်း ပါရမီထူးတဲ့ ခွန်အား ကြီး စိန်မျောက်ဝံတွေ အများကြီး ရှိနေတာပဲ။ ဒီအခွင့်အရေးကို သုံးပြီးတော့ ရိတ်သိမ်းကြ ရအောင်။ ပထမတစ်ချက်ကတော့ လုယူဖို့ပဲ။ ဒုတိယအချက်ကတော့ မိစ္ဆာမျောက်ဝံကြီး ပါ့ရဲ့ ငါတို့အပေါ် အကြံစည်ရဲတဲ့ ဒေါသကို ဖြေဖျောက်ဖို့ပဲ။”

“ကောင်းပြီ၊ အစ်ကိုထန်ရဲ့ အတွေးတွေကတော့ တကယ့်ကို အပေါက်အလမ်းမရှိအောင် စေ့စပ်လှတယ်။ ငါလည်း အဲဒီလိုပဲ တွေးနေတာ။ အခုမှ မရိတ်သိမ်းရင် ဘယ်အချိန်မှာ ရိတ်သိမ်းတော့မလဲ။ ဒီခွန်အားကြီးစိန်မျောက်ဝံ တစ်ကောင်ကို ယဉ်ပါးအောင် လုပ်နိုင်တာ ဟာ သိုင်းသခင် အယောက်တစ်ရာကို ပိုင်ဆိုင်ရသလိုပဲ။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ဘာနဲ့မှ ထိုးလို့မဖောက်နိုင်ဘူး။ သူတို့ရဲ့ ‘ရွှေရောင်မီးမျက်လုံး’ တွေကလည်း နတ်ဆိုးတွေနဲ့ နတ်ဘုရားတွေကိုပါ မြင်နိုင်တယ်။ တကယ်လို့ အကောင်တစ်ရာလောက် ယဉ်ပါးအောင် လုပ်ပြီး သိုင်းပညာတွေ သင်ပေးလိုက်မယ်ဆိုရင် အရင်တုန်းက ဒိုင်ဇင်ဘုရားကျောင်းမှာ ရှိခဲ့တဲ့ ရှန်တင်သိုင်းသခင် အထွက်အထိပ် ရဟန္တာပညာရှင် အယောက်ငါးရာအောက် မနိမ့်ကျတဲ့ အင်အားစုမျိုးကို ရလာလိမ့်မယ်။ ဒါက နောင်တစ်ချိန် လောကကြီးကို စိုးမိုးဖို့ အတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်။” ဖန်းယွမ်က ဂုဏ်ယူစွာ ပြုံးလျက် လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။

“အဆုံးသတ်ဓမ္မမိုးခြိမ်းသံ၊... ပေါက်ကွဲစမ်း”

တိုးညှင်းသော အသံအချို့ ထွက်ပေါ်လာပြီး အနက်ရောင် အခိုးအငွေ့များ ဖုံးလွှမ်းနေသော ကျောက်ဆောင်ကြီးတစ်ခုလုံး ပေါက်ကွဲသွားကာ ကြည်လင်တောက်ပသော နေရာတစ်ခု ပေါ်လာသည်။ ထိုနေရာမှ ဆေးဝါးရနံ့များ ပြင်းထန်စွာ ပျံ့လွင့်လာလေသည်။

“ဒါ ဆေးဖော်စပ်တဲ့ အခန်းပဲ။ ဆေးလုံးတွေ အများကြီး ရှိနေတာပဲ။”

ဝုန်း….

အခြားသော တားမြစ်နယ်မြေတစ်ခုလည်း ပြင်းထန်စွာ ပေါက်ကွဲပြီး ပွင့်ထွက်သွားပြန် သည်။

“ဒါကတော့ မှော်ရတနာတွေကို သန့်စင်တဲ့ နေရာပဲ။ မှော်ရတနာတွေ ဒီလောက်တောင် များတာလား။ လက်နက်တွေနဲ့ ချပ်ဝတ်တန်ဆာတွေ။ ‘ကျားဝိညာဉ်မိစ္ဆာဆေဘာ’၊ ‘အစိမ်းရောင် နတ်ဘုရားချပ်ဝတ်’၊ ကောင်းလိုက်တာ... ဒီမိစ္ဆာမျောက်ဝံအိုကြီးကတော့ လောကကြီး ရှုပ်ထွေးနေချိန်ကို အခွင့်ကောင်းယူပြီး တကယ့်ကို အုပ်စိုးချင်နေတာပဲ။”

မိစ္ဆာနတ်ဘုရားဂူအတွင်းမှ ရူးသွပ်ဖွယ် ဟစ်ကြွေးသံကြီး ထွက်ပေါ်လာသည်။ ထို့နောက် ဖန်းယွမ်၊ ထန်ဟိုင်လုံနှင့် လီဖေးယွီတို့သည် ရူးသွပ်စွာဖြင့် တွေ့သမျှ အရာအားလုံးကို သိမ်းကျုံးယူငင်ကြတော့သည်။

အကယ်၍ သူတို့သုံးဦးသာ အမှန်တကယ် ပူးပေါင်းလိုက်မည်ဆိုပါက ဒဏ်ရာရထားသော မိစ္ဆာမျောက်ဝံကြီး ပါ့အတွက် သူတို့ကို ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့်လည်း သူသည် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

ယွန်ဝူတောင်တန်း တစ်ခုလုံးတွင် သိုင်းပညာ ထူးချွန်သော ခွန်အားကြီးစိန်မျောက်ဝံ များစွာ ရှိသော်လည်း ‘သိုင်းသူတော်စင်’ အဆင့် ရှိလျှင်ပင် ထိုသုံးဦးကို ယှဉ်နိုင်မည် မဟုတ်ပေ။

ထို့အပြင် ‘ပါ့’ ၏ တပည့်များမှာလည်း သူတို့၏ ကိုယ်ပိုင်ကိစ္စများဖြင့် အပြင်သို့ ထွက်သွား ပုံရသဖြင့် ထိုလူသုံးဦးကို ခုခံမည့်သူ မရှိသလောက် ဖြစ်နေသည်။

သူ့တပည့်များ ရှိနေလျှင်ပင် အများဆုံးမှာ အဆင့်တစ် မိုးကြိုးကပ်ဘေး ပညာရှင်များသာ ဖြစ်နိုင်ရာ၊ သူတို့ခုခံလျှင်ပင် သူတို့၏ စိတ်ဝိညာဉ်များကို အသေခံခိုင်းသလိုသာ ဖြစ်နေပေ လိမ့်မည်။

ထို့အပြင် ခွန်အားကြီး စိန်မျောက်ဝံများသည် သဘာဝအရ ပါရမီထူးပြီး ခွန်အားကြီးသော် လည်း၊ ဉာဏ်ပညာနှင့် ကျင့်ကြံမှုအပိုင်းတွင်မူ လူသားများထက် အများကြီး နိမ့်ကျသည်။ ကျင့်ကြံမှုနှင့် သိုင်းပညာ အတွေ့အကြုံအရ သူတို့ထဲမှ ‘သိုင်းသူတော်စင်’ အဆင့်သို့ ရောက်ရှိရန်မှာ အလွန်ခဲယဉ်းပြီး ‘လူသားအင်မော်တယ်’ အဆင့်သို့ ရောက်ရှိသူ တစ်ဦးမျှ မရှိပေ။

ချက်ချင်းပင် ခွန်အားကြီးစိန်မျောက်ဝံ အမြောက်အမြားမှာ တစ်ကောင်ပြီးတစ်ကောင် ဖမ်းဆီးခံလိုက်ရပြီး သူတို့၏ အသီးသီးသော မှော်အိတ်များအတွင်းသို့ ထည့်သွင်းခြင်း ခံလိုက်ရသည်။ အထူးသဖြင့် ဖန်းယွမ်၏ ‘အနန္တနဂါးလက်စွပ်’ အတွင်းရှိ ဟင်းလင်းပြင်မှာ ‘စကြာဝဠာအိတ်’ ထက်ပင် ပိုမိုကျယ်ဝန်းရာ၊ လူပေါင်း သိန်းချီ၍ ထည့်ထားနိုင်သဖြင့် သူသည် ပိုမိုပျော်ရွှင်စွာ သိမ်းဆည်းနေလေသည်။

အရှေ့ပင်လယ်၊ ယွန်ဝူတောင်တန်း၊ မိစ္ဆာနတ်ဘုရားဂူနှင့် ခွန်အားကြီးစိန်မျောက်ဝံများ နေထိုင်ရာ နေရာတစ်ခုလုံးသည် မကြုံစဖူးသော ကပ်ဘေးကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရ တော့သည်။

“ဟားဟားဟား…၊ ဟားဟားဟား”

နာရီအနည်းငယ် ကြာပြီးနောက်၊ ကျေနပ်အားရစွာ ရယ်မောသံများ ထွက်ပေါ်လာသည်။ ၎င်းမှာ လူငယ်ပါရမီရှင် သုံးဦး၏ ရယ်မောသံများပင် ဖြစ်သည်။

“မိစ္ဆာနတ်ဘုရားဂူရဲ့ စုဆောင်းသိုလှောင်မူတွေက ဒီလောက်အထိ ကြွယ်ဝ များပြားလိမ့် မယ်လို့ မထင်ထားဘူး။ ဒီတစ်ခါတော့ ကပ်ဘေးဒုက္ခကနေ ကံကောင်းခြင်းဆီ ပြောင်းသွား တယ်လို့ ပြောရမယ်။ ထင်တဲ့အတိုင်းပဲ ငါတို့မှာ ကံကြမ္မာကောင်းတွေ ရှိနေတာပဲ။” ထန်ဟိုင်လုံက ဆိုလိုက်သည်။ “ငါ့ရဲ့ အနန္တရွှေဆေးလုံးကို သန့်စင်တုန်းက ဆုံးရှုံးခဲ့သမျှ အားလုံး အခုတော့ ပြန်ကာမိသွားပြီ။”

“ဒါက ‘ရှေးဦးမိစ္ဆာကျမ်း’ ပဲ၊ မိစ္ဆာမျောက်ဝံပါ့ ထွက်ပြေးသွားတုန်းက ဒီ ‘ကောင်းကင်မိစ္ဆာ လျှို့ဝှက်ကျမ်း’ ကို ယူသွားဖို့ အချိန်မရလိုက်ဘူး။ ဒီရတနာကျမ်းစာက အရမ်းကို အစွမ်းထက်တယ်။ လူသားတာအိုနဲ့ လုံးဝ ဆန့်ကျင်နေတဲ့ မိစ္ဆာတာအို နိယာမတွေကို ဖော်ပြထားတာ။ ဒီကျမ်းထဲမှာ တာအိုပညာရပ်တွေနဲ့ ကျင့်စဉ်တွေ အများကြီး ပါဝင်တယ်။ တကယ်လို့ ငါတို့ အတူတူ လေ့လာမယ်ဆိုရင် အများကြီး အကျိုးရှိမှာပဲ။ ဗဟုသုတတွေ အများကြီး စုဆောင်းပြီးမှ နောက်တစ်ခါ မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရမယ်။ ဒီကမ္ဘာကြီး ဟာ ငါတို့ရဲ့ ကမ္ဘာကြီးပဲ။ ဟိုလူအိုကြီးတွေဟာ ငါတို့အတွက် လမ်းဖယ်ပေးရတော့မယ်။ ငါတို့ရဲ့ အကြီးမားဆုံး ရန်သူကတော့ ဟုန်ယွိပဲ။ ငါတို့ရဲ့ ကျင့်ကြံမှုတွေ ပြည့်စုံသွားတဲ့အခါ တာအိုဂိုဏ်းတစ်ခုကို တည်ထောင်မယ်။ ငါတို့က အဲဒီဂိုဏ်းရဲ့ ‘တာအိုဘိုးဘေးကြီး သုံးဦး’ ဖြစ်လာမှာပဲ။ ငါတို့တွေ ပူးပေါင်းပြီး ဟုန်ယွိကို သေတဲ့အထိ နင်းခြေကြရအောင်။”

ဖန်းယွမ်သည် သူ၏လက်ထဲတွင် အနက်ရောင် မိစ္ဆာကျမ်းစာတစ်အုပ်ကို ကိုင်ဆောင်ထား ရင်း ပြောလိုက်သည်။

ထိုမိစ္ဆာကျမ်းစာမှာ သုံးပေပတ်လည်ခန့် ရှိပြီး မျက်နှာဖုံးပေါ်တွင် ရှေးဦးခေတ် စာလုံး တစ်မျိုးကို ရေးသားထားသည်။ ထိုစာလုံးများမှာ ဖားလောင်းလေးများ သို့မဟုတ် ငှက်ခြေရာများကဲ့သို့ တွန့်လိမ်နေသော်လည်း ဖန်းယွမ်နှင့် ထန်ဟိုင်လုံတို့ကဲ့သို့ အသိပညာ ကြွယ်ဝသူများအတွက်မူ နားလည်နိုင်ရန် ပြဿနာမဟုတ်ပေ။

“ကောင်းပြီ၊ ငါလည်း မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံ ဆုံးရှုံးသွားတာကို အခု ပြန်ကာမိပြီ။ ‘အစိမ်းရောင် နတ်ဘုရားပုလဲ’ ရယ်၊ ‘အစိမ်းရောင် နတ်ဘုရားချပ်ဝတ်’ နဲ့ ‘ကျားဝိညာဉ် မိစ္ဆာဓား’ တို့ကို ရခဲ့ပြီ။” လီဖေးယွီက ဆိုသည်။

“သွားကြရအောင်၊ အရင်ဆုံး ဒိုင်ဇင်ဘုရားကျောင်းကို သွားပြီး တိုက်ပွဲတွေ ရှိမရှိ အရင် ကြည့်ရမယ်။ ရှိနေရင်လည်း အခြေအနေကို စောင့်ကြည့်ရမှာပေါ့။ မရှိဘူးဆိုရင်တော့ လျှို့ဝှက်တနေရာ ရှာပြီး ကျင့်ကြံကြမယ်၊ ဒီတစ်ခါရခဲ့သမျှ အားလုံးကို လုံးဝ ကြေညက် သွားအောင် လုပ်ရမယ်။”

ထန်ဟိုင်လုံက ပြုံးရယ်လျက် ပျံသန်းထွက်ခွာသွားသည်။

သူတို့သုံဦးစလုံးမှာ ယခုအခါ ယုံကြည်မှုများ အပြည့်အဝ ရှိနေကြပြီး၊ ဟုန်ယွိလက်ချက် ဖြင့် ရှုံးနိမ့်ခဲ့ရသော စိတ်ပျက်အားငယ်မှုများမှာလည်း ပျောက်ကွယ်သွားခဲ့လေပြီ။ မိစ္ဆာ မျောက်ဝံကြီးပါ့ နှစ်ပေါင်းထောင်ချီ စုဆောင်းထားသော ရတနာသိုက်ကြီးမှ ဆေးဝါးများ၊ မှော်ရတနာများ၊ လျှို့ဝှက်ကျမ်းစာများနှင့် ခွန်အားကြီးစိန်မျောက်ဝံများကို သိမ်းကျုံး ယူငင်လိုက်ရသဖြင့် ရရှိခဲ့သော အကျိုးအမြတ်မှာ မယုံနိုင်လောက်အောင် များပြားလှပြီး၊ သူတို့သုံးဦးအား ကြီးမားသော ယုံကြည်မှုကို ပေးစွမ်းလိုက်သည်။

...

အရှေ့ပင်လယ်အစွန်၊ ယွန်ဝူတောင်တန်းရှိ မိစ္ဆာနတ်ဘုရားဂူ၌ အဖြစ်အပျက်များ ဖြစ်ပျက် နေချိန်တွင် မိုင်ပေါင်းသိန်းချီ၊ သန်းချီဝေးကွာသော သဲကန္တာရပြည်နယ် နယ်စပ်တွင်မူ... ဟုန်ယွိသည် သူတော်စင်ပေါင်းစုံ ခန်းမကို သန့်စင်ပြီးနောက် အနန္တရွှေဆေးလုံး ကလေးငယ်အား ကျင့်ကြံရန်နှင့် သူ၏ခန္ဓာကိုယ်ကို ကြံ့ခိုင်စေရန်အတွက် နည်းလမ်းများ ကို ပေးအပ်ခဲ့သည်။ သူသည် ထိုဆေးလုံးကို အကောင်းဆုံး အသုံးချခဲ့ခြင်း ဖြစ်သည်။

ဤအနန္တရွှေဆေးလုံးမှာ အလွန်ပင် အစွမ်းထက်လှသည်။ ၎င်းမှာ ဆေးပေါင်းအိုးအတွင်းမှ ထွက်ပေါ်လာချိန်တွင် လူပေါင်းများစွာ လိုက်လံဖမ်းဆီးကြပြီး၊ အဖမ်းခံရခြင်းမှာ ၎င်း၏ ဆေးစွမ်းများ လျင်မြန်စွာ ပျံ့လွင့်နေပြီး သက်တမ်းကလည်း သိပ်မကြာသေးသောကြောင့် ဖြစ်သည်။ ယခုအခါ ၎င်းသည် ကျင့်ကြံနည်းကို သိရှိသွားပြီး ဗိုက်ဖြည့်ရန် ဆေးလုံးများပါ ရရှိထားသဖြင့်၊ သူ့ကျင့်ကြံမှု ပြီးမြောက်သွားသည့်အခါ သူ့စွမ်းအားမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းပေလိမ့်မည်။

“ဟုန်ယွိ၊ မင်း ငါ့ကို ဒီလိုဆက်ဆံရဲတယ်ပေါ့။ ငါတို့ အထွဋ်အထိပ် ကောင်းကင်နယ်မြေကို အဆုံးသတ်သွားပြီလို့ မထင်လိုက်နဲ့။ ငါတို့ အထွဋ်အထိပ် ကောင်းကင်နယ်မြေမှာ ဟုန်ရွှန်ကျိအပြင် ကောင်းကင်သခင်အကြွင်းမဲ့လည်း ရှိသေးတယ်။ ရွှန်ကျိက သူ့နဲ့ ပူးပေါင်းလိမ့်မယ်။”

ကျောက်ဖေးအာမှာ အကျဉ်းချခံထားရပြီး ဝမ်းနည်းပူဆွေးစွာ အော်ဟစ်နေရှာသည်။

“ကောင်းကင်သခင်အကြွင်းမဲ့လား…၊ အဲဒါက နတ်ဘုရားတစ်ပါး မဟုတ်လား။ ကံဆိုးတာ က ကျုပ်က ‘မူလဝိညာဉ်နတ်ဘုရား’ ကိုတောင် မကြောက်တာ။ သာမန်နတ်ဘုရား တစ်ပါး ကို ဘာလို့ ဂရုစိုက်နေရမှာလဲ။” ဟုန်ယွိက ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ “ကျောက်ဖေးအာ... ကျုပ် ခင်ဗျားကို အခု မသတ်သေးဘူး။ ကျုပ် ဟုန်ရွှန်ကျိနဲ့ တွေ့တဲ့ အခါ၊ သူ့ရှေ့မှာတင် ခင်ဗျားကို ကိုင်တွယ်ခိုင်းဖို့ သူ့ကို ဖိအားပေးရမယ်။ သူ လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲ ရလဒ်တွေကို သူ သိသွားအောင်ပေါ့။”

ထိုသို့ပြောပြီးနောက် ဟုန်ယွိသည် လက်ကို ဝှေ့ယမ်းလိုက်ကာ ကျောက်ဖေးအာကို သူတော်စင်ပေါင်းစုံခန်းမ အတွင်းသို့ ပစ်ထည့်၍ ချုပ်နှောင်ထားလိုက်သည်။

“ဟုန်ယွိ... မင်းကတော့ တကယ့်ကို အထင်ကြီးစရာပဲ။ အခုနကပြောတဲ့ ‘စကြာဝဠာကျမ်း နှစ်စောင်’ ဆိုတာ ထိုက်ချီရဲ့ အချိန်နဲ့ ဟင်းလင်းပြင်အပေါ် နားလည်မှုတွေပဲ။ ထိုက်ချီဟာ ဟိုအရင်တုန်းက သူတော်စင် ဧကရာဇ်ယွမ် ကြောက်ခဲ့ရတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ကြီး ပဲ။ မင်းက ဘာလို့ ငါ့ကို အဲဒီကျမ်းနှစ်ဆောင်ကို မဖတ်ခိုင်းဘဲ မင်းရဲ့ ကိုယ်ပိုင် စိတ်ဝိညာဉ် ပဲ ပေါင်းထည့်လိုက်တာလဲ။”

ထိုအချိန်တွင် ဟုန်ယွိ၏ ခန္ဓာကိုယ်မှ ရုတ်တရက် လှိုင်းတစ်ခု ထွက်ပေါ်လာသည်။

၎င်းမှာ ဗုဒ္ဓသင်္ကန်းတော်ထံမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ်ရေးရာ ဆက်သွယ်မူ ဖြစ်သည်။

“ဒါပေမဲ့ မင်းလည်း မဟာဝဇိရပညာပါရမီကျမ်းကို ဖုံးကွယ်ထားပြီး ငါ့ကို ပေးမကြည့်ဘူး လေ။ ဒီလိုလုပ်ရအောင်၊ ငါတို့ အပြန်အလှန် ဖလှယ်ကြမလား၊” ဟုန်ယွိက ပြုံးလျက် သူ၏ စိတ်ဝိညာဉ် အတွေးလှိုင်းများကို ပို့လွှတ်လိုက်သည်။

“မရဘူး... မင်းရဲ့အစွမ်းက ငါ့ဆီက ကျမ်းစာကို အပြည့်အဝ ဖွင့်နိုင်ဖို့ မလုံလောက်သေး ဘူး။ တကယ်လို့ မင်းသာ မဟာဝဇိရပညာပါရမီကျမ်းကို နားလည်သွားရင်၊ ဟို ဖန်ဟွမ် အသက်ဝိညာဉ်ဓား လုပ်သလိုမျိုး ငါ့ရဲ့ဝိညာဉ် အသိစိတ်ကို အပြီးတိုင် ဖျက်ဆီးကောင်း ဖျက်ဆီးပစ်နိုင်တယ်။”

ဗုဒ္ဓသင်္ကန်းတော်ထံမှ လှိုင်းတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။

ယခင်က ဗုဒ္ဓသင်္ကန်းတော်သည် ကျမ်းစာများကို ထုတ်ဖော်ပြသခဲ့စဉ် ဟုန်ယွိသည် စကားလုံး အနည်းငယ်ကိုသာ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် သင်္ကန်းတော်သည် ဖန်ဆင်းခြင်းသင်္ဘောဟူသော သွေးဆောင်မူကြောင့် ပြန်လိပ်သွားခဲ့သည်။

ဟုန်ယွိသည် ယခုအခါ ၎င်းကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့သော်လည်း ၎င်း၏ စိတ်ဝိညာဉ် ပိုင်းဆိုင်ရာမှာမူ အပြင်းအထန် ချိတ်ပိတ်ထားဆဲ ဖြစ်သည်။ ယခုအခါ ဟုန်ယွိ၏ ခန္ဓာကိုယ် ပေါ်တွင် ဝတ်ဆင်ထားသော်လည်း သာမန်အဝတ်အစားတစ်ခုနှင့်သာ တူညီပေသည်။

၎င်းမှာ ယခင်က ချန်ပီယံမြို့စားသည် ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို ရရှိထားသော်လည်း ၎င်းကို လုံးဝ အမိန့်ပေးနိုင်စွမ်း မရှိခြင်းနှင့် အတူတူပင် ဖြစ်သည်။

“အစ်ကိုယွိ၊ နတ်ဘုရားတန်ခိုးရှင်ဘုရင်ဆီက အရေးကြီးတဲ့ စစ်ရေးသတင်း ရောက်လာပါ တယ်။” ထိုအချိန်တွင် မုကလေးသည် စစ်ရေးသတင်းကို လက်မှကိုင်ဆောင်ကာ ဝင်လာခဲ့ သည်။ “နောက်ဆုံးသတင်းအရဆို ချန်ပီယံမြို့စားဟာ ယွန်မင်နိုင်ငံ စစ်သူကြီးဖြစ်တဲ့ မဟူရာဝံပုလွေဘုရင် ဘီရှီဟွာရဲ့ အညံ့ခံမှုကို လက်ခံလိုက်ပြီတဲ့။ အခုဆိုရင် သံမဏိဗုဒ္ဓ မြင်းတပ်လည်း ပြိုကွဲသွားပါပြီ။”

All Chapters