← Chapters

အခန်း (၄၈၃-၄၈၄)

Vol. 46 Ch. 483-484

အခန်း (၄၈၃-၄၈၄)

Vol. 46 Ch. 483-484

အခန်း (၄၈၃)။

“ဘာ... မဟူရာဝံပုလွေဘုရင် ဘီရှီဟွာက ချန်ပီယံမြို့စားဆီမှာ အလင်းဝင်သွားပြီ ဟုတ်လား။ ဒီသတင်းက အစစ်မှန်လား၊ ဒါမှမဟုတ် ကောလာဟလလား။”

မုကလေးသည် ‘မတည်မြဲခြင်းဓား’ ကို ကိုင်ဆောင်လျက် ဤတုန်လှုပ်ဖွယ်ရာ သတင်းကို ပြောရင်း ဝင်လာသည်ကို မြင်သောအခါ၊ ဟုန်ယွိသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး မုကလေးထံမှ ထောက်လှမ်းရေး သတင်းအချက်အလက် စာရွတ်စာတမ်း အထပ်လိုက်ကို လက်ခံရယူလိုက်သည်။

ဤသတင်းများကို သန့်ရှင်းသော သိုးသားရေစက္ကူပေါ်တွင် ရေးသားထားသည်။ လက်ရေး မှာ ရှင်းလင်းပြတ်သားပြီး စာရွက်၏ ကျောဘက်တွင်ပင် ကလောင်ချက်၏ အားမာန်ပြည့် ဝမူကို မြင်တွေ့နိုင်ပေသည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် ဤစာကို ရေးသားသူသည် အနည်းဆုံး မဟာဆရာသခင်အဆင့်ရှိသည့် နက်နဲသော ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။

“ကြည့်ရတာ, ဒီသတင်းက အမှန်ဖြစ်ပုံရမယ်၊ ဒါက စစ်ဘက်ရေးရာဝန်ကြီးဌာနရဲ့ တရားဝင် ထုတ်ပြန်ချက် မိတ္တူပဲ။ ဘီရှီဟွာဆိုတာက အရမ်းကို ရက်စက်ကြမ်းကြုတ်ပြီး ဂုဏ်သတင်းကြီးမားသူ။ သူဟာ မြက်ခင်းလွင်ပြင်တွေကို လွှမ်းမိုးထားတဲ့ ဝံပုလွေဘုရင် ခေါင်းဆောင်ပဲ။ ‘ယန်အန်း’ ရှိနေတုန်းကတောင် သူဟာ အညံ့ခံခဲ့တာ မဟုတ်ဘူး။ အခု ဒီလူက ဘယ်သူမို့လို့လဲ။ ချန်ပီယံမြို့စားရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးတဲ့နောက် ဘီရှီဟွာက တကယ်ပဲ အညံ့ခံသွားတာလား။ စစ်ဘက်ရေးရာ ဝန်ကြီးဌာနချုပ်ရဲ့ တရားဝင် စာရွက်စာတမ်းကို ကြည့်ရတာတော့ စစ်သည်တစ်ယောက်မှ မဆုံးရှုံးဘဲ၊ တိုက်ပွဲတောင် မတိုက်လိုက်ရဘဲ လုံးဝ အညံ့ခံသွားတာပဲ။ ဘယ်သူလဲ။ သူက ယန်အန်း ထက်တောင် ပိုပြီး ကြောက်စရာကောင်းနေတာလား။”

ဟုန်ယွိသည် လက်ထဲမှ သတင်းအချက်အလက်များကို ဖတ်ရင်း၊ ဖတ်လေ ပို၍ အံ့အားသင့် လေ ဖြစ်လာတော့သည်။

“အစ်ကိုယွိ... အောက်မှာပါတာကတော့ ချန်ပီယံမြို့စား ကိုယ်တိုင် နန်းတော်ကို ရေးသား ပေးပို့လိုက်တဲ့ စစ်ထွက်ကြောင်း လျှောက်လဲချက်’ စာပဲ။ ယွန်မင်နိုင်ငံကို တိုက်ခိုက်ပြီး အရိုင်းအစိုင်းတွေကို အမြစ်ပြတ် ချေမှုန်းမယ်ဆိုတဲ့ သူရဲ့ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ဖော်ပြထားတာ။ အရေးအသားက ခန့်ညားထည်ဝါပြီး စိတ်ဓာတ်တက်ကြွစရာ ကောင်းလှ တယ်။ အရင်တုန်းက သူ့ရဲ့ မောက်မာစော်ကားပြီး အနိုင်ကျင့်တတ်တဲ့ အမူအရာမျိုး လုံးဝ မဟုတ်တော့ဘူး။ သူ့ရဲ့စကားလုံးတွေက အရမ်းကို ရိုးသားဖြောင့်မတ်နေတာကြောင့်၊ ချန်ပီယံမြို့စားဟာ တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီလားလို့တောင် ကျွန်မ သံသယဝင်မိတယ်...”

မုကလေးက ထပ်မံ ပြောကြားလိုက်သည်။ သူမ၏ မျက်ခုံးများမှာ ပညာအလင်းရောင်ဖြင့် တောက်ပနေပြီး သူ၏ တောက်ပသော သူငယ်အိမ်များက လူတို့ကို အမြဲတမ်း ပညာဖြင့် တွေးတောနေသည်ဟူသော ခံစားချက်ကို ပေးစွမ်းနေသည်။

ဧကရာဇ် အကြံပေး ယုဝမ်မူ၏ စိတ်ဝိညာဉ်အတွေးစကို ဖယ်ရှားပြီးကတည်းက မုကလေး၏ တာအိုပညာနှင့် သိုင်းပညာမှာ အံ့မခန်း အရှိန်ဟုန်ဖြင့် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

“စစ်ထွက်ကြောင်း လျှောက်လဲချက်စာလား…။ ငါ ကြည့်ပါရစေဦး။”

ဟုန်ယွိသည် ထောက်လှမ်းရေး သတင်းများ၏ အောက်ဆုံးမှ ဆောင်းပါးမိတ္တူကို ထုတ်ယူ လိုက်သည်။ ထင်ထားသည့်အတိုင်းပင် ၎င်းမှာ စစ်ထွက်ရန် တောင်းဆိုစာ၊ နန်းတော်သို့ တင်ပြထားသည့် ပြတ်သားသော ဆုံးဖြတ်ချက်နှင့် ဧကရာဇ်အပေါ် သစ္စာစောင့်သိမှု ကြေညာချက်တို့ပင် ဖြစ်သည်။

ဤဆောင်းပါး၏ အစတွင် သူ၏ ဧကရာဇ်အပေါ် သစ္စာရှိမှုကို ဖော်ပြထားသည်။ သူ၏ စကားလုံးများမှာ လေးနက်ပြီး လေသံမှာလည်း ရိုးသားလှသည်။ ထို့နောက်တွင်မူ လေသံ မှာ ပြောင်းလဲသွားပြီး၊ လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီအတွင်း မြက်ခင်းလွင်ပြင်မှ လူရိုင်း နွယ်ဝင်များက ‘အလယ်ပိုင်း ကောင်းကင်နိုင်ငံ’ အပေါ် ကျူးလွန်ခဲ့သည့် ဆိုးကျိုးများနှင့် နှိပ်စက်ညှဉ်းပန်းမှု အမျိုးမျိုးကို ဖော်ပြထားသည်။ ရေးသားဟန်က ဖတ်ရှုသူကို သမိုင်းဝင် တေးကဗျာများ၏ ကြီးမားလေးလံမှုနှင့် ပြည်သူတို့၏ ဆင်းရဲဒုက္ခကို ခံစားရစေသည်။

မကြာမီမှာပင် သူ၏လေသံမှာ ထပ်မံပြောင်းလဲသွားပြီး ကျူးကျော်သူများကို ခြေမှုန်းရန် အတွက် သူကိုယ်တိုင် စစ်တပ်ကို ဦးဆောင်လိုကြောင်း ရေးသားထားသည်။ သူ၏ စိတ်ဓာတ်မှာ နွေဦးလေညင်းကဲ့သို့ တက်ကြွလှ၏။ သူ၏ စကားလုံးများမှာ စိတ်အား ထက်သန်လွန်းလှသဖြင့် ဖတ်ရှုသူတိုင်းမှာ သွေးဆူလာရသည်။ သူတို့သည် ဓားများကို ဆွဲထုတ်ပြီး အရိုင်းအစိုင်းများကို သတ်ဖြတ်ရန် အတူတကွ ထွက်ခွာသွားချင်စိတ်များ ပေါက်လာကြတော့သည်။

နောက်ဆုံးပိုဒ်တွင်မူ သစ္စာရှိကြောင်း လေးနက်သော စကားလုံးများဖြင့် ပြန်လည် နိဂုံးချုပ်ထားသလို ယွန်မင်နိုင်ငံကို မချေမှုန်းနိုင်မချင်း ပြန်မလာတော့ဟု ပြတ်သားသော စိတ်ပိုင်းဖြတ်မူ သန္နိဋ္ဌာန်ကိုလည်း ဖော်ပြထားသည်။ ထိုစစ်ထွက်ကြောင်း လျှောက်လဲ ချက်ကို စိတ်ဓာတ်တက်ကြွဖွယ်ရာနှင့် ဝမ်းနည်းဖွယ်ရာ တေးသီချင်းတစ်ပုဒ်ကဲ့သို့ ရေးသားထားခြင်း ဖြစ်ပြီး၊ ဖတ်ရှုသူ၏ စိတ်ထဲတွင် ဆောင်းလေအေးကဲ့သို့ စိမ့်တက်သွား စေပြီး ဖြောင့်မတ်မှန်ကန်သော စိတ်ဓာတ်များကို နှလုံးသားထဲတွင် ကိန်းအောင်းသွားစေ သည်။

“ကောင်းလိုက်တဲ့ ဆောင်းပါး... ဒီဆောင်းပါး မိတ္တူကို ဖတ်ရုံနဲ့တင် စွဲမက်စရာ ခံစားချက် ကို ပေးနိုင်နေပြီ။ တကယ်လို့ မူရင်းလက်ရာသာဆိုရင် ဘယ်လောက်အထိ အစွမ်းထက် မလဲ မသိဘူး” ဟုန်ယွိသည် ‘စစ်ထွက်စာ’ ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ယခုအချိန်တွင် သူ ကောက်ချက်ချနိုင်သည်မှာ ဤချန်ပီယံမြို့စားသည် မောက်မာ စော်ကားလိုသူ၊ ဤလောကရှိ မိန်းမလှအားလုံးကို သူ၏ ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက် ထားလိုသည့် မိစ္ဆာတစ်ကောင် မဟုတ်တော့ဘဲ ခန့်မှန်းရခက်သော တည်ရှိမှုတစ်ခု ဖြစ်နေပြီဆိုသည်ကိုပင်။

“ရှေးခေတ်ကတည်းက စစ်သူကြီးတွေဟာ စစ်ထွက်ခါနီးမှာ နန်းတော်ကို အစီရင်ခံစာ တင်ပြရစမြဲပဲ။ ဒါပေမဲ့ ဒီ ‘စစ်ထွက်ကြောင်း လျှောက်လဲစာ’ ကတော့ ပထမဆုံးပဲ။ အသစ်တစ်ဖန် မွေးဖွားလာတဲ့ ချန်ပီယံမြို့စားမှာ ဘယ်လို စိတ်ဓာတ်မျိုး ရှိနေမလဲဆိုတာ ငါ တကယ်ပဲ မြင်ချင်မိတယ်။”

ဟုန်ယွိသည် သတင်းမှတ်တမ်းကို ချလိုက်ပြီးနောက် သူ၏ မျက်လုံးများက လက်ခနဲ တောက်ပသွားကာ ပြောလိုက်သည်။

...

“အော်... ဒါနဲ့ မုကလေး၊ မင်း တစ္ဆေအင်မော်တယ် နယ်ပယ်ကို တက်လှမ်းနိုင်ခဲ့ပြီလား။” ချန်ပီယံမြို့စား အကြောင်းကို မေးမြန်းပြီးနောက် ဟုန်ယွိက မုကလေး၏ ကျင့်ကြံမှု အခြေအနေကို မေးလိုက်သည်။

“ကျွန်မ သေခြင်းနဲ့ ရှင်ခြင်း အတားအဆီးဆီကို အကြိမ်ကြိမ် ချဉ်းကပ်ခဲ့ပေမဲ့ အဲဒီတံခါးကို မဖွင့်နိုင်သေးဘူး။ အဲဒီ ပါးလွှာတဲ့ ပြတင်းပေါက် စက္ကူလွှာလေးကို မဖောက်ထွက်နိုင်သေး ဘူး။” မုကလေးက ခေါင်းခါပြသည်။ သူမလက်ထဲမှ ‘မတည်မြဲခြင်းဓား’ မှာ ပြင်းထန်စွာ တုန်ခါနေပြီး ၎င်းမှာ အမှန်တကယ်ပင် သန့်စင်ပြီးသား ဖြစ်ပုံရသည်။

“သေခြင်းနဲ့ ရှင်ခြင်း အတားအဆီး တံခါးဆိုတာ...” ဟုန်ယွိက ခေါင်းညိတ်ကာ သက်ပြင်း ချကာ ပြောလိုက်သည်။ “အဲဒါကို ဖြတ်ကျော်ဖို့က မလွယ်ကူဘူး။ အရာအားလုံးဟာ မင်းရဲ့ ကိုယ်ပိုင် ထိုးထွင်းနားလည်မှုအပေါ်မှာပဲ မူတည်တယ်။ အမှန်တော့ မင်းရဲ့ အခုရှိနေတဲ့ တာအိုမှော်ပညာ စွမ်းအားနဲ့ဆိုရင် မိုးကြိုးကပ်ဘေး ပညာရှင်တစ်ယောက်နဲ့ ရင်ဆိုင်ရရင် တောင် ထိခိုက်မှုမရှိဘဲ လွတ်မြောက်နိုင်မှာပါ။ ဒါပေမဲ့ တစ္ဆေအင်မော်တယ် နယ်ပယ်ဆို တာ ထာဝရရှင်သန်ခြင်း လမ်းစဉ်ရဲ့ အခြေခံပဲ။ မကြာသေးခင်က ငါ မှော်ရတနာ တစ်ခုကို ရခဲ့ပြီး တာအိုပညာရပ်ရဲ့ စစ်မှန်တဲ့ အနှစ်သာရအချို့ကို နားလည်ခဲ့တယ်။ ဒီအခွင့်အရေး ကို သုံးပြီး ငါ မင်းကို အဲဒီအနှစ်သာရတွေကို လက်ဆင့်ကမ်းပေးမယ်၊ မင်း တစ္ဆေအင်မော် တယ်နယ်ပယ်ကို ဖြတ်ကျော်နိုင်မလား ကြည့်ကြတာပေါ့။”

ထိုသို့ ပြောလိုက်ပြီးနောက် ဟုန်ယွိက လက်ကို မြှောက်လိုက်ရာ တောက်ပသော အရောင် ငါးပါး အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး နတ်ဘုရားအလံတစ်ခုအဖြစ် ပြောင်းလဲသွား သည်။

၎င်းမှာ ဟုန်ယွိသည် လီဖေးယွီထံမှ သိမ်းယူခဲ့သော မဟာမြေနတ်ဘုရား ငါးရောင်ခြယ် အလံပင် ဖြစ်သည်။

နတ်ဘုရားအလံကို ထွက်ပေါ်လာသည်နှင့် ငါးရောင်ခြယ် မြေသားဖြင့် ပြုလုပ်ထားသော ပလ္လင်ထံမှ လေးလံပြီး ခိုင်မာလှသော သဘောတရားတစ်ခု ထွက်ပေါ်လာပြီး ခန်းမတစ်ခု လုံးကို လွှမ်းခြုံသွားတော့သည်။

“ရှဲကျီ… ရှဲဆိုတာမြေကြီး၊ ကျီဆိုတာ ကောက်ပဲသီးနှံ... မြေကြီးက လူ့အဖွဲ့အစည်းဖြစ်ပြီး၊ ကောက်ပဲသီးနှံဆိုတာ နိုင်ငံတော်ပဲ။ မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံရဲ့ အနှစ်သာရကတော့ ငါးရောင်ခြယ် မြေသားတွေနဲ့ ပြုလုပ်ထားတဲ့ ပလ္လင်ပဲ။ ဒီပလ္လင်ကို ‘ဘိုးဘေးလယ်သမားပလ္လင်’ လို့ ခေါ်တယ်။ ရှေးခေတ် သူတော်စင် ဧကရာဇ်တွေတောင်မှ သက်ရှိအားလုံးကို ကျွေးမွေးပြုစုတဲ့ မြင့်မြတ်တဲ့ စိတ်ထားကို ခံယူပြီး ဒီပလ္လင်မှာ ယဇ် ပူဇော်ခဲ့ကြရတယ်။ ဒါဟာ ဒီနတ်ဘုရားအလံရဲ့ တာအိုပဲ။”

ဟုန်ယွိသည် နတ်ဘုရားအလံကို ထုတ်ယူပြီးနောက် မုကလေးကို ချက်ချင်း မပေးသေးဘဲ၊ ဤရှေးဟောင်း ရတနာ၏ နိယာမများ၊ မြစ်ဖျားခံမှုနှင့် နက်နဲသော အဓိပ္ပာယ်များ၊ ‘ဘိုးဘေးလယ်သမားပလ္လင်’ ၏ စိတ်ဓာတ်များကို ရှင်းပြနေလေသည်။

သူက ဖြည်းညှင်းစွာ ပြောဆိုနေစဉ်မှာပင် သမိုင်းမြစ်ကြောင်းကို ကျော်လွန်သော ကမ္ဘာ့ အပြောင်းအလဲများ၏ ခံစားချက်မှာ သူ၏ စကားလုံးများမှတစ်ဆင့် ထွက်ပေါ်လာသည်။

ဟုန်ယွိ၏ နောက်ကျောတွင် တာအိုပညာဖြင့် ဖွဲ့စည်းထားသော မဟာကျိနတ်ဘုရား ဆေဘာ ပေါ်ထွက်လာသည်။ ၎င်းသည် နတ်ဘုရားအလံနှင့် ပဲ့တင်ထပ်နေပြီး၊ ကောက်ပဲ သီးနှံငါးမျိုးဖြင့် ဖုံးလွှမ်းနေသည်။

လေးလံပြီး နက်နဲလှသော ‘ရှဲကျီ’၏ အရှိန်အဝါသည် အချိန်နှင့် ဟင်းလင်းပြင်ကို လွှမ်းမိုး သွားသည်။

နက်နဲသော အခြေခံသဘောတရား လှိုင်းလုံးများက မုကလေး၏ စိတ်ထဲသို့ စီးဝင်သွား သည်။

မုကလေးသည်လည်း ဤအမြင့်မြတ်ဆုံးနှင့် နက်ရှိုင်းဆုံး နိယာမများကို သေသေချာချာ နားလည်ခံစားလိုက်ပြီး သူမ၏ စိတ်ဝိညာဉ် အတွေးစများ အားလုံး ထွက်ပေါ်လာကာ အဆက်မပြတ် ဆေးကြောခြင်း၊ လည်ပတ်ခြင်း၊ သန့်စင်ခြင်းနှင့် ကျင့်ကြံခြင်းများကို ပြုလုပ်တော့သည်။

ဝုန်း….

မုကလေး၏ စိတ်ဝိညာဉ်ထဲတွင် အတွေးစ ၉၀၀ ကျော် ရှိနေသည်။ ၎င်းမှာ သာမန် တစ္ဆေအင်မော်တယ်များထက် များစွာ ပိုများပြီး အထူးသဖြင့် အလယ်ဗဟိုရှိ အတွေးစ ၃၆ ခုမှာ လူ့ဦးခေါင်းခွံခန့် ကြီးမားကာ တောက်ပကြည်လင်နေ၏။ ၎င်းတို့မှာ ဧကရာဇ် အကြံပေး ယုဝမ်မူ၏ အဆင့်ငါး မိုးကြိုးကပ်ဘေး အထွက်အထိပ် နတ်ဘုရား စိတ်ဝိညာဉ် အတွေးစများ ဖြစ်ကြသည်။

ဤပြင်းထန်သော လည်ပတ်မှုအတွင်း တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ မုကလေး၏ အတွေးစ ၉၀၀ ကျော်စလုံး တုန်ခါသွားကြသည်။ ထို့နောက် ၎င်းတို့မှာ ပြင်းထန်စွာ လှုပ်ခါသွားပြီး ၎င်းတို့ထံမှ မှိန်ဖျော့သော အလင်းတန်းများ အဆက်မပြတ် စီးထွက်လာသည်။

“သေခြင်းနဲ့ ရှင်ခြင်း တံခါးကြီးဟာ နောက်ဆုံးတော့ ငါ့အတွက် ပွင့်သွားခဲ့ပြီ။” မုကလေး၏ အတွေးစများက သက်ပြင်းချလိုက်သည်။ ထို့နောက် နေမင်းကို ဖောက်ထွင်းသော သက်တန့်ကဲ့သို့ မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံ ပေါ်ရှိ ‘ဘိုးဘေးလယ်သမား ပလ္လင်’ အတွင်းသို့ ဝင်ရောက်သွားကြသည်။

အလံသည် ချက်ချင်းပင် ငါးရောင်ခြယ် တိမ်တိုက်အဖြစ် ပြောင်းလဲသွားပြီး မုကလေး၏ အတွေးစများနှင့် ပေါင်းစပ်သွားကာ၊ မုကလေး၏ စိတ်ဝိညာဉ်ကို လုံးဝ လွှမ်းခြုံလိုက်လေ သည်။ ၎င်းမှာ ‘ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်’ ကို ဝတ်ဆင်ထားသကဲ့သို့ ပင်။ ယခုမှစ၍ သူမ၏ စိတ်ဝိညာဉ်သည် မည်သည့် အန္တရာယ်ရှိသော မိစ္ဆာကပ်ဘေးများကို မျှ ကြောက်စရာ မလိုတော့ပေ။

“ဂုဏ်ယူပါတယ် မုကလေး။ မင်းက တစ္ဆေအင်မော်တယ် တစ်ယောက် ဖြစ်လာပြီး သေခြင်းနဲ့ ရှင်ခြင်း အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့ပြီ။ မင်းဟာ ကျင့်ကြံခြင်းလမ်းစဉ်ရဲ့ နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းနိုင်ခဲ့ပြီ။ မင်းဟာ ‘မသေမျိုး’ အဆင့်ကို ဝင်ရောက် သွားခဲ့ပြီ” ဟုန်ယွိက ဝမ်းသာအားရ ပြောလိုက်သည်။

မုကလေး၏ လက်ရှိအခြေအနေမှာ ဟုန်ယွိ သင်္ဘောပေါ်တွင် ရှိစဉ်ကနှင့် အလွန်တူညီနေ သည်။ သူမသည် အမှန်တကယ်ပင် တစ္ဆေအင်မော်တယ် တစ်ဦး ဖြစ်လာခဲ့ပြီ။ သေခြင်းနှင့် ရှင်ခြင်း အတားအဆီးကို ဖြတ်ကျော်ပြီးနောက် သူမ၏အတွေးစများသည် အချိန်မရွေး ခွဲထုတ်နိုင်ခြင်း၊ လူဝင်စားနိုင်ခြင်းနှင့် အခြားခန္ဓာကိုယ်တစ်ခုအတွင်းသို့ ဝင်ရောက်ကာ သိမ်းပိုင်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ သူမ၏ သက်တမ်းမှာလည်း အများကြီး ပိုရှည်လာ တော့မည်။

၎င်းမှာ အသစ်စက်စက် အဆင့်ကျော်ဖြတ်မူတစ်ခု ဖြစ်သည်။

“ကျန်းရွှမ်အာ၊ ရှောင်ရှု၊ ရှောင်ဖေးနဲ့ ရှောင်ဆန်း တို့ကတော့ ဒီအရေးကြီးတဲ့ အခြေအနေ မှာ ပိတ်မိနေတုန်းပဲ။ သူတို့ မဖြတ်ကျော်နိုင်သေးဘူး” မုကလေးက ဆိုသည်။

“သူတို့လည်း ဖြည်းဖြည်းချင်း နားလည်လာမှာပါ။ ရှေ့မှာ သွားရမယ့်လမ်းက အဝေးကြီး ကျန်သေးတယ်။ ငါ ပညာရှင်တွေကို စုစည်းပြီး ‘ပြောင်းလဲခြင်းကျမ်း’ ကို ရေးသားတဲ့အခါ၊ မင်းတို့အားလုံး အတူတူ လေ့လာပြီး ကျင့်ကြံလို့ ရပါပြီ။ ဗဟုသုတတွေ အများကြီး စုဆောင်းမိသွားရင် တစ္ဆေအင်မော်တယ် နယ်ပယ်ကို ဖောက်ထွက်ဖို့ဆိုတာ မခက်ခဲတော့ ပါဘူး။ ရှေးခေတ်ကတော့ တစ္ဆေအင်မော်တယ်အဆင့်ကို ရောက်မှပဲ ကျင့်ကြံခြင်းလမ်းစဉ် ရဲ့ စစ်မှန်တဲ့အဆင့်ထဲ ရောက်သွားပြီလို့ သတ်မှတ်ကြတာ။”

ဟုန်ယွိက ပြုံးလျက် ပြောလိုက်သည်။

“တကယ့်ကို ကောင်းမွန်တဲ့ အလံပဲ... မင်း တစ္ဆေအင်မော်တယ် နယ်ပယ်ကို ကျော်ဖြတ်နိုင် ခဲ့တာ တကယ်ကို ဂုဏ်ယူစရာပဲ။ မင်းက ‘ဆန်းကြယ်ကောင်းကင်ဘုံခန်းမ’ ရဲ့ တပည့် တစ်ယောက် ဖြစ်နေရင်တောင် တစ္ဆေအင်မော်တယ် ဖြစ်သွားပြီဆိုရင် မင်းရဲ့ အဆင့်အတန်းက အများကြီး မြင့်မားသွားပြီ။ ‘အကြီးအကဲ’ တစ်ယောက် ဖြစ်လာနိုင် တယ်။ ယွန်မင်နိုင်ငံရဲ့ ဧကရာဇ် နာလန်ယိဟုန်တောင်မှ မင်းကို ‘မြို့စား’ ဘွဲ့ နှင်းအပ်နှင်း လိမ့်မယ်။”

အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင် ကျီရှန်းထျန်းသည် သူမ၏ အတောင်ပံများကို ခတ်ကာ ပျံသန်းဝင်ရောက်လာသည်။

“ဟုန်ယွိ၊ ငါ အဆင်သင့်ဖြစ်ပြီ။ ရှေးဟောင်းနဂါးသင်္ချိုင်းက ဘယ်လိုပုံစံလဲဆိုတာ ငါ တကယ် မြင်ချင်နေပြီ။ အဲဒီမှာ အရမ်းအန္တရာယ်များတယ်လို့ ငါကြားဖူးတယ်။ ရှေးဟောင်း သတ္တဝါဆန်းတွေနဲ့ အစီအရင်တွေ အများကြီး ရှိတယ်တဲ့။ အဲဒါတွေကို ရှေးဟောင်း ကောင်းကင်နဂါး မျိုးနွယ်စုရဲ့ နတ်ဘုရားသားရဲတွေက သူတို့ရဲ့ ရုပ်အလောင်းတွေကို အင်အားကြီးသူတွေ လာပြီး မကျူးကျော်နိုင်အောင် တည်ဆောက်ခဲ့ကြတာ။ ဟုန်ယွိ... မင်း ဘယ်တော့ သွားမှာလဲ။”

ကျီရှန်းထျန်းသည် ရှေးဟောင်းနဂါးသင်္ချိုင်းသို့ သွားဖို့ မစောင့်နိုင်လောက်အောင် ဖြစ်နေလေပြီ။

“စစ်တပ်နှစ်ခုလုံးက သဲကန္တာရပြည်နယ် နယ်စပ်မှာ ရင်ဆိုင်နေကြပေမဲ့၊ အခြေအနေက တော့ စတင်နေတုန်းပဲ။ ငါတို့ ရှေးဟောင်းနဂါးသင်္ချိုင်းကို အမြန်ဆုံး သွားပြီး နတ်ဘုရား ချပ်ဝတ်ကို သန့်စင်ရမယ်။” မုကလေးက ဆိုသည်။

“အပြင်ထွက်ပြီး စကားပြောကြရအောင်။” ဟုန်ယွိက ခေါင်းညိတ်ပြကာ အပြင်သို့ ထွက်လာခဲ့သည်။

...

သဲကန္တာရပြည်နယ်၏ ခိုင်ခံ့လှသော နယ်စပ်မြို့ရိုးပေါ်တွင် ဟုန်ယွိ၊ ချန်ယင်းရှာ၊ ချီလင်၊ နဂါးသမီးတော်၊ ယွမ်ရှန်းရှန်း၊ ရှဲ့ဝန်ယွမ်၊ ကျီရှန်းထျန်းနှင့် အခြားသူများ အတူတကွ ရပ်နေ ကြပြီး၊ သူတို့၏ အရှိန်အဝါများကို ဖုံးကွယ်ထားခြင်းမရှိဘဲ ထုတ်လွှတ်လိုက်ကြသည်။

ဤသူများအားလုံးမှာ ပြိုင်ဘက်ကင်းသော ပညာရှင်များဖြစ်ကြပြီး ဤလောကတွင် အစွမ်းဆုံးပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။

အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီး၏ အရောင်အသွေးမှာ ပြောင်းလဲသွားပြီး လေနှင့် တိမ်တိုက်များမှာလည်း လှုပ်ခါသွားတော့ သည်။ မိုင်ပေါင်း ရာချီသော ဂိုဘီသဲကန္တာရ နယ်မြေအတွင်း တပ်စွဲထားသည့် စစ်သည် သန်းပေါင်းများစွာ၊ ကျွန်များနှင့် ပညာရှင်များ ပါဝင်သော အနောက်ဘက်ဒေသ စစ်တပ်ကြီးမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ မရေမတွက်နိုင်သော ခရာသံများ ထွက်ပေါ်လာပြီး စစ်သည်များသည် တဲများ၊ မြို့ရိုးများနှင့် အိမ်များအတွင်းမှ ထိတ်လန့်တုန်လှုပ်စွာ ထွက်လာကြတော့သည်။

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်များ၏ အငွေ့အသက်များ လည်း ထွက်ပေါ်လာသည်။ မဟာဆရာသခင်အဆင့်၊ သိုင်းသူတော်စင်၊ တစ္ဆေ အင်မော်တယ်များနှင့် မိုးကြိုးကပ်ဘေးအဆင့် တစ္ဆေအင်မော်တယ်များ၏ ‘သိမ်မွေ့သော ယန်လေညင်း’ နှင့် နတ်ဘုရားများ၏တန်ခိုး စွမ်းအားများပင် ပါဝင်လေသည်။

ဟုန်ယွိနှင့် အခြားသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက်၊ သူတို့၏ အငွေ့အသက်များကို ပြန်လည် ရုပ်သိမ်းကာ ငြိမ်သက်သွားကြသည်။ ချက်ချင်းပင် လေနှင့် လှိုင်းလုံးများ ငြိမ်ကျသွားတော့သည်။

အချိန်အတန်ကြာပြီးနောက်၊ ဂိုဘီသဲကန္တာရတွင် တပ်စွဲထားသော အနောက်ဘက်ဒေသ၏ ပညာရှင်များနှင့် နတ်ဘုရားများစွာတို့သည် တောင်ကြီးကဲ့သို့၊ ငရဲဘုံကဲ့သို့ အငွေ့အသက် များ ငြိမ်သက်သွားသည်ကို ခံစားလိုက်ရသည်။ သူတို့အားလုံး သက်ပြင်းချလိုက်ကြပြီး ဖြည်းဖြည်းချင်း တည်ငြိမ်သွားကြသည်။ သို့သော် လေထုထဲတွင်မူ အလွန်ပင် တင်းမာလှ သော ခံစားချက်များက ပြည့်နှက်နေဆဲ ဖြစ်သည်။

“အနောက်ဘက်ဒေသရဲ့ စခန်းထဲမှာ ပညာရှင်တွေ တကယ်ကို ပိုပြီးများလာနေတာပဲ။ ငါ ခုနက ခံစားလိုက်ရတဲ့ အရှိန်အဝါတွေအရဆိုရင် သိုင်းသူတော်စင်အဆင့် ပညာရှင် အနည်းဆုံး အယောက် ၃၀ ကနေ ၄၀ လောက် ရှိနေတယ်။ ဒါ့အပြင် တစ္ဆေအင်မော်တယ်တွေက ပိုတောင် များသေးတယ်၊ မိုးကြိုးကပ်ဘေးအဆင့် ပညာရှင် ငါးယောက်၊ ခြောက်ယောက်လောက်လည်း ရှိတယ်။ ခွန်အားနတ်ဘုရား၊ သွေးနတ်ဘုရား နဲ့ မှော်နတ်ဘုရားတို့ရဲ့ အငွေ့အသက်တွေကိုလည်း ငါ ခံစားမိတယ်။ ခန့်မှန်းရခက်တဲ့ ‘ရှေးဟောင်းရာရှိုမွန်’၊ ‘ပုံရိပ်ယောင်တံခါး’ ရဲ့ နတ်ဘုရားစွမ်းအားလည်း ရှိနေသေးတယ်...” ရှဲ့ဝန်ယွမ်က ဆိုသည်။

“ငါတို့ရဲ့ အငွေ့အသက်တွေကလည်း သူတို့ကို ခြိမ်းခြောက်လိုက်နိုင်ပြီပဲ” ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။ “သူတို့လည်း အလျင်စလို လုပ်ရှားရဲမှာ မဟုတ်ဘူး။ အခု ငါတို့ ရှေးဟောင်းနဂါးသင်္ချိုင်းကို သွားဖို့ အချိန်နည်းနည်း ရပြီ။”

“ဘယ်လောက်ကြာမလဲ” ယွမ်ရှန်းရှန်းက နဂါးသမီးတော်ကို ကြည့်ကာ မေးလိုက်သည်။

“ငါတို့အားလုံးရဲ့ တာအိုပညာရပ်တွေကို ပေါင်းစပ်လိုက်မယ်ဆိုရင် ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းဝဲဂယက်တွေထဲ ဝင်ပြီး ရှေးဟောင်းနဂါးသင်္ချိုင်းကို ချဉ်းကပ်ဖို့ သိပ်မကြာပါဘူး။ တစ်ရက်ဆိုရင် လုံလောက်ပါတယ်။ ဒါပေမဲ့ နဂါးသင်္ချိုင်းရဲ့ အတားအဆီး ကို ထိုးဖောက်ဖို့ကတော့ အင်အားအများကြီး လိုလိမ့်မယ်။ ဒါပေမဲ့ ဟုန်ယွိရဲ့ ဗုဒ္ဓဓမ္မခန္ဓာနဲ့ ဖန်ဟွမ်အသက်ဝိညာဉ်ဓားကို သုံးမယ်ဆိုရင်တော့ လုံလောက်မှာပါ။ အထဲမှာ ဘာတွေ ရှိနေမလဲဆိုတာကိုတော့ ငါလည်း မသိဘူး။”

နဂါးသမီးတော်က ခဏမျှ တွေးတောပြီး ပြောလိုက်သည်။

“အဲဒီလိုဆိုရင်လည်း အချိန်မဖြုန်းကြနဲ့တော့။ သွားကြစို့၊ ပြီးရင် မြန်မြန်ပြန်လာကြမယ်။”

ဟုန်ယွိက ထပ်ပြီး မပြောတော့ဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ၊ ပညာရှင်များ အားလုံး ပူးပေါင်း၍ တာအိုပညာရပ်များဖြင့် သူတို့၏ ခြေရာများကို ဖုံးကွယ်လိုက်ကြသည်။ သူတို့သည် ဟင်းလင်းပြင်ကို ခွဲထုတ်ပြီး ပျောက်ကွယ်သွားကြတော့သည်။

နောက်တစ်ခဏတွင်မူ သူတို့သည် ပေပေါင်း ၃၀၀,၀၀၀ ကျော် မြင့်သော ဟင်းလင်းပြင် ဝဲဂယက်အတွင်းမှာ ပေါ်လာကြသည်။

“ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းတွေဟာ အဆုံးမရှိသလို အဲဒီထဲမှာ ပုန်းအောင်းနေ တဲ့ ကမ္ဘာတွေလည်း မရေမတွက်နိုင်အောင် ရှိတယ်။ ဟင်းလင်းပြင် မုန်တိုင်းတွေရဲ့ အဆုံး ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်းကင်အပြင်ဘက်နယ်မြေ ဖြစ်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အဲဒါ ဘယ်မှာလဲဆိုတာတော့ ဘယ်သူမှ မသိကြဘူး။” နဂါးသမီးတော်က ဆိုသည်။ “ရှေးဟောင်းနဂါးသင်္ချိုင်းက ဘယ်မှာလဲဆိုတာတော့ ငါ သိပါတယ်။”

ပြောရင်းနှင့် နဂါးသမီးတော်သည် အလင်းတန်းများ လက်ခနဲ ဖြစ်နေသော အလွန် ရှည်လျားသည့် သံလိုက်အပ်တစ်ခုကို ထုတ်ယူလိုက်သည်။ သံလိုက်အပ်၏ အပေါ်တွင် နေရာပေါင်းစုံ ပါဝင်သော ချပ်ပြားတစ်ခု ရှိသည်။

ချပ်ပြားနှင့် အပ်ကို ထုတ်ယူပြီးနောက် နဂါးသမီးတော်သည် သူမ၏ သွေးတစ်စက်ကို အပ်ပေါ်သို့ ချလိုက်သည်။ ချက်ချင်းပင် အပ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ဒစ်ပြားပေါ်တွင် စတင်၍ လည်ပတ်တော့သည်။

ဝုန်... ဝုန်... ဝုန်... ခဏမျှ လည်ပတ်ပြီးနောက်၊ အပ်သည် လမ်းကြောင်းတစ်ခုသို့ ဦးတည်၍ ရပ်တန့်သွားသည်။

“သွားကြစို့၊ အဲဒီဘက်ပဲ”

ဟုန်ယွိနှင့် အခြားသူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် သူတို့၏ စိတ်ဝိညာဉ် စွမ်းအားများကို အသုံးပြု၍ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းအတွင်းသို့ ပျံသန်းဝင်ရောက်သွားကြတော့သည်။

ဤဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းမှာ တောရိုင်း မြေရိုင်းထက်ပင် အဆပေါင်းများစွာ ပိုမိုကျယ်ဝန်းပြီး အဆုံးမရှိပေ။ တစ်ခါတစ်ရံတွင် ဥက္ကာခဲများကို တွေ့ရပြီး၊ နောက်တခဏတွင်မူ ကြယ်တာရာ အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော အလင်း ပင်လယ်ကြီးကို တွေ့ရပြန်သည်။ နောက်တစ်ခါတွင်မူ ပြင်းထန်သော ဆွဲအားရှိသည့် ကြီးမားသော ‘တွင်းနက်’ လိုဏ်ခေါင်းကြီးကို တွေ့ရတတ်သည်။ အာကာသထဲတွင် လွင့်မျောနေသော ကြီးမားသော သမုဒ္ဒရာကြီးများနှင့် ကီလိုမီတာ ရာချီကျယ်ဝန်းသော ကုန်းမြေများကိုလည်း တွေ့ရသည်။ သို့သော် ထိုနေရာများမှာ လုံးဝ ဆိတ်သုဉ်းနေပြီး အပင်နှင့် သတ္တဝါ တစ်ဦးတစ်လေမျှ မရှိကြပေ။

ဟုန်ယွိနှင့် အခြားသူများမှာ အလွန်အစွမ်းထက်သော ထိပ်သီးပညာရှင်များ ဖြစ်ကြသည်။ သူတို့သည် သံလိုက်အပ် ပြသသည့် လမ်းကြောင်းအတိုင်း ကီလိုမီတာ သိန်းချီ၍ ပြင်းထန် စွာ ပျံသန်းခဲ့ကြသည်။

တစ်ရက်အပြည့် ကြာပြီးနောက်၊ နဂါးသမီးတော် ‘အောင်းလွမ်’ ၏ လက်ထဲမှ အပ်မှာ ရုတ်တရက် လှုပ်ရှားမှု ရပ်တန့်သွားသည်။ တစ်ချိန်တည်းမှာပင် အပ်မှာ မှိန်ဖျော့သော အလင်းရောင်ဖြင့် တောက်ပလာသည်။

လူတိုင်းမှာ သူတို့၏ ခရီးကို ရပ်တန့်လိုက်ပြီး ရှေ့သို့ မော့ကြည့်လိုက်ကြသည်။

ချက်ချင်းပင် ဝေးကွာသော ကြယ်စင်ပင်လယ်အတွင်း၌ ကီလိုမီတာ ရာချီ၍ ကျယ်ဝန်း သော အကြေးခွံပုံစံ တိမ်တိုက်ကြီးများ ပေါ်လာသည်။ တိမ်တိုက်များ၏ အလယ်ဗဟိုတွင် ကီလိုမီတာ တစ်ရာခန့် ကျယ်ဝန်းသော မည်းမှောင်နေသော လိုဏ်ခေါင်းကြီးတစ်ခု ရှိနေ သည်။ ၎င်းမှာ ပင်လယ်ထဲရှိ ဝဲဂယက်ကြီးတစ်ခုကဲ့သို့ အဆက်မပြတ် လည်ပတ်နေလေ သည်။

“အဲဒါ ရှေးဟောင်းနဂါးသင်္ချိုင်းပဲ။” နဂါးသမီးတော်က ဆိုလိုက်လေတော့သည်။

အခန်း (၄၈၄)။

“ဒါက ရှေးဟောင်းနဂါးသင်္ချိုင်းလား၊ ဒီလောက်တောင် နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေနိုင် တာလား၊ အဲဒီဝဲဂယက်က ပုံမှန်ထက်ကို ပိုပြီး အစွမ်းထက်နေတယ်။ အထဲမှာရှိတဲ့ အဖျက်စွမ်းအားက အဆင့်လေး, အဆင့်ငါး မိုးကြိုးကပ်ဘေး ဖြတ်ကျော်ထားတဲ့ ပညာရှင် တစ်ယောက်ရဲ့ အတွေးစတွေကိုတောင် အမှုန့်ကြိတ်ပစ်နိုင်တယ်။”

ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း၏ အဆုံးမရှိသော အနက်ရှိုင်းဆုံးနေရာ၌...

ဟုန်ယွိနှင့် အခြားသူများသည် နောက်ဆုံးတွင် ရှေးဟောင်းနဂါးသင်္ချိုင်း၏ အစွန်းသို့ ရောက်ရှိလာခဲ့ကြပြီ။

သူတို့လေးဦး၏ အစွမ်းထက်လှသော ပျံသန်းမှုအရှိန်ဖြင့်ပင် ဤနေရာသို့ ရောက်ရန် တစ်နေ့နှင့် တစ်ညအပြည့် ကြာမြင့်ခဲ့သည်။ ဤအချက်ကပင် ဤနေရာသည် မည်မျှ နက်နဲစွာ ပုန်းကွယ်နေသည်ကို သက်သေပြနေသည်။ အကယ်၍ နဂါးသမီးတော်၏ ဆန်းကြယ်သော သံလိုက်အပ် လမ်းညွှန်မှုသာ မရှိပါက မည်သူမျှ ဤနေရာကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းအတွင်း၌ အရပ်မျက်နှာဟူ၍ မရှိကြောင်း သိထားရ မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဟူ၍ မရှိသလို မိမိသွားလိုရာ ပန်းတိုင်ကို တိတိကျကျ သတ်မှတ်ရန်လည်း မည်သည့်နည်းလမ်းမျှ မရှိပေ။

ရှဲ့ဝန်ယွမ်သည် အဝေးရှိ အကြေးခွံပုံစံ တိမ်တိုက်ကြီး၏ အလယ်ဗဟိုမှ မည်းမှောင်နေ သော ဝဲဂယက်ကြီးကို ကြည့်ရင်း ထိုဝဲဂယက်၏ ကြီးမားလှသော စွမ်းအားကို ခံစားလိုက်ရ သည်။ တဝုန်းဝုန်း တိုက်ခတ်နေသော လေပြင်းများမှာ သူ၏ စိတ်ဝိညာဉ် အတွေးစများကို သူ၏ခန္ဓာကိုယ်မှ ဆွဲထုတ်ရန် ကြိုးစားနေသကဲ့သို့ ခံစားရသည်။ ထိုခံစားချက်မှာ မိစ္ဆာတာအိုမှ ပညာရှင်တစ်ဦး၏ ‘ဝိညာဉ်စုပ်မိစ္ဆာအသံ’ ထက်ပင် မလျော့သော စွမ်းအားမျိုး ဖြစ်သည်။ သူ၏တာအိုပညာရပ်များဖြင့်ပင် သူသည် အလျင်စလို အတင်းတိုးဝင်ရန် မဝံ့ရဲပေ။

“ဒါက အင်မတန်ကြီးမားတဲ့ အစီအရင်ကြီးတစ်ခုပဲ။ ရှေးဟောင်း နတ်ဘုရားအစီအရင် တစ်ခုဖြစ်တဲ့ ‘ဇမ္ဗူအစီအရင်’လို့ ခေါ်တယ်။ ဒီအစီအရင်က မိုင်ပေါင်း တစ်ရာပတ်လည်ကို လွှမ်းခြုံထားတာ။ အဆင့်ခြောက် မိုးကြိုးကပ်ဘေး ဖြတ်ကျော်ထားတဲ့ ပညာရှင် တစ်ယောက်တောင်မှ အလယ်ဗဟိုကို ရောက်ဖို့ ခက်ခဲလိမ့်မယ်။ ငါတို့သာ ဒီအစီအရင်ကို ဖြတ်ကျော်ပြီး အထဲဝင်နိုင်မယ်ဆိုရင် စစ်မှန်တဲ့ ရှေးဟောင်းနဂါးသင်္ချိုင်း ကို ရောက်မှာပါ” ဟု နဂါးသမီးတော် အောင်းလွမ်က ဆိုသည်။ “ငါ ဒီကို အကြိမ်ကြိမ် လာခဲ့ဖူးပြီး နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားခဲ့ပေမဲ့ အထဲကို မဝင်နိုင်ခဲ့ဘူး။ နက်ရှိုင်းတဲ့အရပ်ထိ ဝင်ရောက်နိုင်ဖို့ဆို ဝေးရောပေါ့။”

“ဇမ္ဗူအစီအရင် ဟုတ်လား။ ငါ ရှေးဟောင်းကျမ်းစာတွေထဲမှာ ဒီအစီအရင်အကြောင်း ဖတ်ဖူးတယ်။ ဒါဟာ ‘ဖန်ဆင်းရှင်’ သခင်တွေကိုတောင် သတ်ဖြတ်နိုင်တဲ့ မဟာအစီအရင် ကြီးတစ်ခုပဲ။ ရှေးဦးကာလတုန်းက သူတော်စင် ဧကရာဇ်‘ဖန်’ ဟာ အလယ်ပိုင်း ကောင်းကင်နိုင်ငံကို စုစည်း ညီညွတ်အောင် လုပ်ဆောင်နေတဲ့အချိန်မှာ ဦးချိုပါနဂါးတွေရဲ့ ပြင်းထန်တဲ့ ပြန်လည် တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ ဦးချိုပါ နဂါးပညာရှင်တွေဟာ ပူးပေါင်း ပြီး ဇမ္ဗူအစီအရင်ကို တည်ဆောက်ကာ ဧကရာဇ်ဖန်ရဲ့ စစ်တပ်ကို ခုခံခဲ့ကြသလို၊ ဧကရာဇ် ဖန်ရဲ့ လက်အောက်က စစ်သူကြီး သုံးဦးကိုလည်း တစ်ပြိုင်နက်တည်း သတ်ဖြတ်ခဲ့ကြ တယ်။ နောက်ပိုင်းမှာ ဧကရာဇ်ဖန်က ဒေါသထွက်ပြီး ဒီအစီအရင်ကို ကိုယ်တိုင် ဖျက်ဆီးခဲ့ ကာ နဂါးခေါင်းဆောင်ကို ဖမ်းဆီးပြီး ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’ အဖြစ် သန့်စင်ပစ်ခဲ့တာ။ ဒီသမိုင်းကြောင်းကို ဒဏ္ဍာရီနဲ့ ရာဇဝင်ကြားက ရှေးဟောင်း သမိုင်း စာအုပ်တွေမှာ မှတ်တမ်းတင်ထားတာ။ ဒီနေ့တော့ အဲဒီတုန်းက ဧကရာဇ်ဖန်ကိုတောင် တားဆီးခဲ့ဖူးတဲ့ ဇမ္ဗူအစီအရင်ကို ငါ တကယ် မြင်လိုက်ရပြီ။ ဒီခရီးကတော့ တကယ့်ကို အလဟဿ မဖြစ်တော့ဘူး။”

ဟုန်ယွိက အံ့ဩစွာပြောရင်း သက်ပြင်းချလိုက်သည်။

ရှေးဦးကာလမှ ရှေးခေတ်ကာလသို့ ကူးပြောင်းခြင်းမှာ သူတော်စင် ဧကရာဇ်ဖန်က အလယ်ပိုင်း ကောင်းကင်နိုင်ငံကို စုစည်းမူဖြင့် ခွဲခြားသတ်မှတ်ထားခြင်း ဖြစ်သည်။

ရှေးဦးခေတ်တွင် ဤလောကကြီးမှာ စုစည်းညီညွတ်မှု မရှိခဲ့ပေ။ သာမန်ပြည်သူများ၊ ရှေးဦးနတ်ဘုရားများနှင့် မိစ္ဆာကြီးများမှာ အတူတကွ ရောနှောနေထိုင်ခဲ့ကြသည်။ လူသား၊ နတ်ဘုရား၊ အင်မော်တယ်နှင့် မိစ္ဆာများ အတူတကွ ကခုန်စားသောက်နေကြသော ခေတ်ကာလဟုပင် ဆိုနိုင်သည်။ ထိုအချိန်တွင် ယဉ်ကျေးမှုဟူ၍ မရှိပေ။ အရာအားလုံး သည် ခွန်အားပေါ်တွင်သာ မူတည်သည်။ နတ်ဘုရားတန်ခိုး မရှိသော သာမန်လူသားများ သည် ရှေးဦးမိစ္ဆာများနှင့် ဧရာမနတ်ဆိုးကြီးများအတွက် အစာသာသာ ဖြစ်ခဲ့ကြသည်။ လူသားများမှာ သူတို့ မွေးမြူထားသော ဝက်များနှင့်ပင် တူလှသည်။

သူတော်စင် ဧကရာဇ် ဖန်သည် ထိုရှေးဦးခေတ်ကာလ၌ပင် ပြိုင်ဘက်ကင်း ပညာရှင်တစ်ဦး ဖြစ်ခဲ့ပြီး လူသားများထဲမှ ထွက်ပေါ်လာသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သို့သော် ရှေးဦးခေတ်ကာလ၏ အင်အားအကြီးဆုံးသူများမှာ ကျင့်ကြံသူများမဟုတ်ဘဲ နဂါးများ ဖြစ်ကြသည်။ နဂါးများသည် အမြင့်ဆုံးတွင် တည်ရှိနေပြီး ကျယ်ပြန့်သော နယ်မြေများကို အုပ်ချုပ်ခဲ့ကြသည်။ ဧကရာဇ်ဖန်သည် သာမန်ပြည်သူများ ဆင်းရဲဒုက္ခ ရောက်နေသည်ကို မြင်သောအခါ သူတို့ကို တာအိုပညာရပ်များနှင့် သိုင်းပညာရပ်များ သင်ကြားပေးကာ ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် လုပ်ပေးခဲ့သည်။ နောက်ဆုံးတွင် လူသားများသည် အားကောင်းလာပြီး မရေမတွက်နိုင်သော မိစ္ဆာများနှင့် နတ်ဘုရားများကို သတ်ဖြတ်နိုင်ခဲ့ ကြသည်။ အဆုံးတွင် နဂါးများကိုပင် အနိုင်ယူခဲ့ကြပြီး လူသားများသည်သာ လောကကြီး ၏ အရှင်သခင်များဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။

သို့သော် နဂါးများ၏ ခွန်အား၊ သက်တမ်း၊ ခန့်ညားထည်ဝါမှုနှင့် လွှမ်းမိုးနိုင်မှုများသည် ရှေးခေတ်လူတို့၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်ခဲ့သည်။ ၎င်းသည် မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းလာခဲ့သည်။ ဥပမာအားဖြင့် လူသားများသည် နဂါးကဲ့သို့ ခွန်အားကြီးရမည်ဟူသော ဆိုရိုးမျိုး ဖြစ်သည်။ ဤသည်မှာ ‘နဂါးကဲ့သို့ လူကြီးလူကောင်း’ ဟူသော ဇာတ်လမ်းပင် ဖြစ်သည်။ (၎င်းမှာ ဒဏ္ဍာရီတစ်ခုနှင့် တူသည်။ ‘ချီယို’သည် ရှုံးနိမ့်သွားသော်လည်း နောင်လာနောက်သားများ ကိုးကွယ်ကြသည့် စစ်နတ်ဘုရားသည် ‘ချီယို’ ဖြစ်နေသလိုပင်။ ကြယ်တံခွန်ကိုတောင် ‘ချီယိုအလံ’ ဟု ခေါ်ကြပြီး လောကကို အောင်နိုင်သည့် ဘုရင်တစ်ပါး၏ အထိမ်းအမှတ် ဖြစ်နေသလိုပင်။) (ချီယိုကို တရုတ်ယဉ်ကျေးမှုတွင် စစ်နတ်ဘုရား အဖြစ် တင်စားကြ သည်။ သူသည် လက်နက်ကိရိယာများကို ဦးစွာ တီထွင်သူဟု ယုံကြည်ကြပြီး ကြေးပြား များ၊ ပုဆိန်များ၊ လေးနှင့်မြှားများကို စတင်အသုံးပြုခဲ့သူဖြစ်သည်။ ၎င်း၏ တိုက်ခိုက်ရေး စွမ်းရည်မှာ အလွန်ပြင်းထန်လှသဖြင့် နောင်လာနောက်သား စစ်သူကြီးများက စစ်မထွက် မီ သူ့ကို ပူဇော်ပသလေ့ရှိကြသည်။)။ (ချီယိုနှင့်ပတ်သက်၍ ထပ်မံရှာဖွေ ဖတ်ရူနိုင်ပါ သည်)။

ဟုန်ယွိသည် ရှေးခေတ် သမိုင်းကျမ်းများကို နှံ့စပ်ကျွမ်းကျင်သူ ဖြစ်သည်။ ယခုအကြိမ် ဤနဂါးသင်္ချိုင်းသို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ နဂါးဝိညာဉ်၊ နဂါးအရိုး သို့မဟုတ် နဂါး အကြေးခွံများအတွက်ကြောင့်သာ မဟုတ်ပေ။ ထိုထက်မက ရှေးဦးခေတ်နှင့် ရှေးဟောင်း ခေတ်အကြားရှိ ဒဏ္ဍာရီများနှင့် သမိုင်းမှတ်တမ်းများကို နားလည်ရန်နှင့် ထိုခေတ်ကာလ ၏ လေးနက်သော အငွေ့အသက်ကို ခံစားရန်အတွက် ဖြစ်သည်။

ဤအချိန်တွင် ဟုန်ယွိသည် ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းအတွင်းရှိ ဇမ္ဗူအစီအရင် ကို ကြည့်ရင်း သူဖတ်ခဲ့ဖူးသော ရှေးဟောင်း သမိုင်းစာအုပ်များကို ပြန်လည် အမှတ်ရလာ ကာ ချက်ချင်းပင် ခံစားချက်ပြင်းထန်သော ရာဇဝင်ပုံပြင်ကြီးတစ်ခုက သူ၏စိတ်ထဲတွင် လှိုင်းထလာတော့သည်။...

“ဟုန်ယွိ၊ ဖန်ဟွမ်ရဲ့ ဖန်ဟွမ်အသက်ဝိညာဉ်ဓားရဲ့ ဓားစွမ်းအင်နဲ့ ငါတို့ကို လွှမ်းခြုံထား လိုက်ပါ။ ငါတို့ အတူတူ ဝင်ကြရအောင်။ ဒီဇမ္ဗူမဟာအစီအရင်က အစွမ်းထက်တယ်ဆိုပေ မဲ့၊ အစွမ်းထက်တဲ့ နဂါးမျိုးနွယ်စုဝင် တစ်ယောက်ယောက်က ကြီးကြပ်နေတာ မဟုတ်ရင် ငါတို့ကို အန္တရာယ် မပေးနိုင်ပါဘူး။” အောင်းလွမ်က ဆိုသည်။

“အလျင်စလို မလုပ်ပါနဲ့ဦး။ ဒီဇမ္ဗူမဟာအစီအရင်က တကယ့်ကို ရှေးဦးခေတ်က သတ်ဖြတ်ခြင်း အစီအရင်တစ်ခုပဲ။ ငါတို့ ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပဲ။ ဒါ့အပြင် အခုက လောကကြီး ရှုပ်ထွေးနေတဲ့ အချိန်။ ဒီရှေးဟောင်းနဂါးသင်္ချိုင်း အကြောင်း ကို အထက်တန်းလွှာ မိသားစုကြီးများစွာရဲ့ လျှို့ဝှက်ကျမ်းစာတွေနဲ့ ‘ရှေးဟောင်းပညာရှင်’ တွေရဲ့ လက်ရေးစာမူတွေမှာလည်း မှတ်တမ်းတင်ထားတာ ဖြစ်လို့ လောဘသားတွေကို အများကြီးကို ဆွဲဆောင်နိုင်လိမ့်မယ်။ တကယ်လို့ ငါတို့ ဇမ္ဗူအစီအရင်ထဲဝင်တုန်း တစ်ခုခု အမှားအယွင်း ဖြစ်မယ်ဆိုရင် တခြားလူတွေက အခွင့်ကောင်းယူသွားနိုင်တယ်။”

ရှဲ့ဝန်ယွမ်က ပြုံးလျက် လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။ “ငါတို့အားလုံး ပူးပေါင်း လိုက်ရင် လောကကြီးကို ထိန်းချုပ်နိုင်တဲ့ အင်အားစုတစ်ခု ဖြစ်လာမှာပဲ။ တကယ်လို့ ငါတို့ သာ ဒီနေရာမှာ ခြေမှုန်းခံလိုက်ရရင် လောကကြီး ဘယ်လိုအခြေအနေမျိုး ဖြစ်သွားမယ်လို့ မင်းတို့ ထင်လဲ။”

“အို... ဆရာကြီးရဲ့ စကားတွေက ပိုပြီးနက်နဲတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေသလိုပါလား။” ဟုန်ယွိက ရှဲ့ဝန်ယွမ်ကို ကြည့်လိုက်သည်။

“ဟုန်ယွိ... မင်းဟာ အခုဆိုရင် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ မိသားစုကြီး အများအပြားနဲ့ နန်းတော်ရဲ့ တော်ဝင်မိသားစုအတွက် ‘မျက်စိစပါးမွှေး စူးစရာ’ ဖြစ်နေပြီ ဆိုတာ မင်း သိရဲ့လား။ နန်းတော်က မင်းလို ‘သူတော်စင်ငယ်’ တစ်ယောက် ပေါ်လာတာ ကို မမြင်ချင်ဘူး။ အဲဒီထောင်စုနှစ်ချီတဲ့ မိသားစုကြီးတွေနဲ့ ပညာရှင် သူတော်စင်တွေရဲ့ မျိုးနွယ်စုတွေကလည်း နောက်ထပ် ပညာရှင် သူတော်စင်တစ်ဦး ပေါ်ထွန်းလာမှာကို မလိုလားကြဘူး။ ‘ချန်ဧကရာဇ် ယန်ဖန်’ ကလည်း မိသားစုကြီးတွေရဲ့ အင်အားကို လျှော့ချ ဖို့ မူဝါဒအသစ်တွေ လုပ်ချင်နေတာ။ အဲဒီ မိသားစုကြီးတွေကလည်း ငြိမ်ငြိမ်မနေကြဘဲ လောကကြီး ရှုပ်ထွေးပြီး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာမှာကို စောင့်နေကြတာ။ အဲဒီအခါကျရင် သူတို့က ဧကရာဇ်နဲ့ မိသားစုကြီးတွေ ပူးပေါင်းအုပ်ချုပ်တဲ့ အခြေအနေကို ပြန်လုပ်ကြမှာပဲ။ အခု မင်းက ‘သူတောစင်ငယ်’ တစ်ဦးအနေနဲ့ ကြားထဲမှာ ရောက်နေပြီး သူတို့ဘက်ကိုလည်း ဆွဲမရတော့၊ ပြဿနာအားလုံးက မင်းဆီကိုပဲ ဦးတည်လာတော့မှာ။”

ရှဲ့ဝန်ယွမ်က ဤလောကကြီး၏ အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြနေသည်။ “တကယ်လို့ ငါတို့အားလုံးသာ ဒီမှာသေသွားပြီး မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူ တစ်ယောက်ယောက် က ငါတို့ရဲ့ ပစ္စည်းတွေ အားလုံးကို ရသွားမယ်ဆိုရင်၊ အဲဒီလူဟာ လောကကြီးကို ထိန်းချုပ် နိုင်ပြီး တကယ့် ‘တော်ဝင်ချန်’ တော်ဝင်မိသားစုနဲ့တောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာလိမ့်မယ်။ အမှန်တော့ ငါ ဒီကိုလာတုန်းက နိမိတ်ဖတ်ဖို့အတွက် လိပ်ခွံကို တိတ်တဆိတ် မီးရှို့ကြည့်ခဲ့ တယ်။ ဒီခရီးဟာ အရမ်းကို အန္တရာယ်များလိမ့်မယ်လို့ ငါ ခံစားမိတယ်၊ ‘ဝိညာဉ်လိပ်ရဲ့ စားတော်ပွဲ’ လိုမျိုးပဲ။”

ပြောရင်းနှင့် ရှဲ့ဝန်ယွမ်သည် လိပ်ခွံတစ်ခုကို ထုတ်ပြလိုက်သည်။ ၎င်းပေါ်တွင် ထင်ရှား သော မီးလောင်ရာများ ရှိနေသည်။ လိပ်ခွံပေါ်ရှိ အက်ကြောင်းများမှာ အမှန်တကယ်ပင် အစွယ်တစ်ခု၏ ပုံသဏ္ဌာန်အတိုင်း မီးလောင်ကျွမ်းနေခြင်း ဖြစ်သည်။

“ဒါက တကယ့်ကို အန္တရာယ်ရှိတဲ့ နိမိတ်ပဲ။ ရှေးခေတ် ပညာရှင် သူတော်စင်တွေရဲ့ ကဗျာ တစ်ပုဒ် ရှိတယ်၊ ‘ရှီးယားရဲ့ ဝိညာဉ်လိပ်ဟာ ငါ့ရဲ့စားတော်ပွဲကို ကြည့်နေတယ်၊ ဒါဟာ နိမိတ်ဆိုးပဲ။’ ဒါဟာ တကယ့်ကို နိမိတ်မကောင်းတာပဲ” (၎င်းမှာ ‘ပြောင်းလဲခြင်းကျမ်း’ ထဲ က စာသားဖြစ်ပါတယ်။ ဒါပေမဲ့ အခု ရေးသားထားတာကတော့ နောင်တစ်ချိန်မှာ ဟုန်ယွိ က ‘ပြောင်းလဲခြင်းကျမ်း’ ကို ပြုစုတဲ့အခါ ရှေးဟောင်း ပညာရှင် သူတော်စင်များရဲ့ အနှစ်သာရတွေကို စုစည်းမှာဖြစ်တယ်လို့ ဆိုလိုတာပါ။)

ဟုန်ယွိသည် ဤအရာကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။

သူသည် မူလက ဤခရီးမှာ ဘာအန္တရာယ်မှ မရှိဘဲ လည်ပတ်ခြင်းသက်သက်သာ ဖြစ်လိမ့် မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ရှဲ့ဝန်ယွမ်က မထွက်ခွာမီ လိပ်ခွံဖြင့် နိမိတ်ဖတ် ခဲ့ရာတွင် နိမိတ်ဆိုး ထွက်ပေါ်လာခြင်းက သူ့ကို သတိပြုမိသွားစေသည်။

ရှဲ့ဝန်ယွမ်ကဲ့သို့ ရှေးဟောင်း ယဉ်ကျေးမှုထုံးတမ်းစဉ်လာများကို လိုက်နာပြီး လိပ်ခွံဖြင့် နိမိတ်ဖတ်သော ကွန်ဖြူးရှပ် ပညာရှင်ကြီးတစ်ဦးသည် အကောင်းအဆိုး နိမိတ်များကို အခြေခံအားဖြင့် ကြိုတင်မြင်နိုင်ပေသည်။

ဆိုလိုသည်မှာ ဤခရီးသည် အလွန်ပင် အန္တရာယ်များပေလိမ့်မည်။

ဟုန်ယွိသည် မိုင်ပေါင်း တစ်ရာကျော် ကျယ်ဝန်းသော ဇမ္ဗူအစီအရင်ကို ကြည့်ရင်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။

...

“လူကြီးလူကောင်း တစ်ယောက်ဟာ ကံကြမ္မာကို မယုံကြည်ရဘူး။ အန္တရာယ် ရှိနေရင် လည်း ကျွန်တော်ကတော့ စမ်းကြည့်ရမှာပဲ” ဟုန်ယွိက တခဏမျှ တုံ့ဆိုင်းသွားသော် လည်း ပြုံးလိုက်သည်။ “အနာဂတ်ဆိုတာ အပြောင်းအလဲတွေနဲ့ ပြည့်နေတာပဲ။ ကျွနတော်တို့သာ ရှေ့ဆက်သွားမယ်ဆိုရင် တစ်ခုခုတော့ ရလာနိုင်တာပဲ။”

“ဟုန်ယွိ၊ မင်းမှာ ဒီလို အတွေးမျိုးရှိနေမှတော့ ကောင်းတာပေါ့။ အမှန်ပဲ၊ အနာဂတ်ဆိုတာ အပြောင်းအလဲတွေနဲ့ ပြည့်နေတာ။ တကယ်လို့, မင်းသာ အန္တရာယ်ကို ကြိုမြင်နိုင်ပြီး၊ အဲဒါ ကို ကျော်လွှားဖို့ သတ္တိ၊ ပညာနဲ့ ခွန်အားကို သုံးနိုင်မယ်ဆိုရင်, မင်းအနေနဲ့ ကံကောင်းခြင်း တွေ ရလာလိမ့်မယ်။ ဒါက အနာဂတ်ရဲ့ အစစ်မှန် အဓိပ္ပာယ်ဖြစ်သလို ကံကြမ္မာရဲ့ အဓိပ္ပာယ်လည်း ဖြစ်တယ်” ရှဲ့ဝန်ယွမ်က ဆိုသည်။ “အဲဒီလိုဆိုမှတော့ ငါတို့ စမ်းကြည့်ကြ တာပေါ့။”

“ဒဏ္ဍာရီတွေအရ ဇမ္ဗူမဟာအစီအရင်ကို ရတနာကိုးမျိုးနဲ့ ဖွဲ့စည်းထားတာ။ ဟုန်ယွိ... မင်းဟာ တကယ်ပဲ ကြီးမားတဲ့ နတ်ဘုရားတန်ခိုးကို ပိုင်ဆိုင်ပြီး ဒီအစီအရင်ရဲ့ ပုံစံတွေကို နားလည်နိုင်မယ်၊ အစီအရင်မျက်လုံးကို ရှာတွေ့နိုင်မယ်ဆိုရင် ဒီမဟာအစီအရင် တစ်ခု လုံးကို မင်း သိမ်းယူနိုင်လိမ့်မယ်။ မင်းရဲ့ ဟင်းလင်းပြင် မှော်လက်နက်ထဲမှာ ဒီအစီအရင်ကို ထည့်သွင်းပြီး သန့်စင်လိုက်မယ်ဆိုရင် မင်းဟာ ‘စကြာဝဠာအိတ်’ ထက် သာလွန်တဲ့အရာ၊ အဆုံးစွန်အားဖြင့် ရှေးဟောင်းရာရှိုမွန်နဲ့တောင် ယှဉ်နိုင်တဲ့ အနှိုင်းမဲ့ မှော်လက်နက်တစ်ခု ကို ချက်ချင်း ပိုင်ဆိုင်သွားနိုင်တယ်။ တကယ်လို့ နောက်ပိုင်းမှာ မင်းသာ ဒီထက်ပိုပြီး သန့်စင်နိုင်ဦးမယ်ဆိုရင် ‘ထာဝရနိုင်ငံတော်’ နဲ့ ဖန်ဆင်းခြင်းသင်္ဘောတို့နဲ့တောင် တန်းတူ ဖြစ်လာနိုင်တယ်။” ယွမ်ရှန်းရှန်းက ခေါင်းမော့၍ ပြောလိုက်သည်။ “ရှေးဦးကောင်းကင် နဂါးမျိုးနွယ်စုရဲ့ နဂါးဝိညာဉ်၊ နဂါးပုံဆောင်ခဲနဲ့ နဂါးအကြေးခွံတွေဟာ ဒီဇမ္ဗူအစီအရင် လောက် အသုံးမဝင်ဘူး။ တန်ဖိုးရှိတဲ့ အနှစ်သာရကို ထားခဲ့ပြီး အပေါ်ယံတွေကိုပဲ မယူမိပါစေနဲ့။”

“အဲ... အဲဒီလိုအရာမျိုးလည်း ရှိသေးတာလား။ ‘ထာဝရနိုင်ငံတော်’ ဆိုတာက ဘာလဲ။” ယွမ်ရှန်းရှန်း၏ စကားကို ကြားသောအခါ ဟုန်ယွိမှာ မအံ့သြဘဲ မနေနိုင်ပေ။

“‘ထာဝရနိုင်ငံတော်’ ဆိုတာ ‘တိုင်ရှန်တာအိုဂိုဏ်း’ က ဖန်တီးထားတဲ့ အင်မော်တယ် ရတနာတစ်ခုပဲ။ အဲဒါက ‘လွတ်မြောက်ခြင်း’ လမ်းစဉ်ပဲ။ ဒဏ္ဍာရီတွေအရ ‘ထာဝရနိုင်ငံ တော်’ ထဲမှာဆိုရင် ထာဝရ ရှင်သန်နိုင်တယ်လို့ အဆိုရှိကြတယ်။ ဒီအင်မော်တယ် ရတနာ ဟာ မုန့်ရှန်းကျီရဲ့ လက်ထဲမှာ အမြဲ ရှိနေခဲ့တာ။ အရင်တုန်းက ‘မုန့်ရှန်းကျီ’က ငါ့ဆရာကို အဲဒီအကြောင်း ပြောပြဖူးတယ်။” ယွမ်ရှန်းရှန်းက ပြောပြီးနောက် အေးစက်စွာ ပြုံးလိုက် သည်။ “ဖန်ဆင်းခြင်းသင်္ဘောလိုမျိုးပဲ၊ ဒါက ‘ယန်နတ်ဘုရား’အဆင့် ပညာရှင်တွေ ‘ဝမ်ယွမ်’ အဆင့်ကို ဖောက်ထွက်ဖို့အတွက် ရှာဖွေကြတဲ့ အမြင့်ဆုံး အင်မော်တယ် ရတနာ တွေပဲ။ တစ်ခုက ဖန်ဆင်းခြင်းသင်္ဘော ဖြစ်ပြီး နောက်တစ်ခုက ‘ထာဝရနိုင်ငံတော်’ ပေါ့။ ဒီအင်မော်တယ် ရတနာနှစ်ခုဟာ ဖန်ဟွမ်အသက်ဝိညာဉ်ဓားနဲ့ ဗုဒ္ဓသင်္ကန်းတော်ထက် တောင် ပိုပြီး သာလွန်ကြတယ်။”

ဝုန်း… ၊ ဝုန်း…၊ ဝုန်း….၊ ဝုန်း….

ယွမ်ရှန်းရှန်း၏ စကားကို ကြားလိုက်ရသကဲ့သို့ပင် ဟုန်ယွိ ဝတ်ဆင်ထားသော ဗုဒ္ဓသင်္ကန်းတော်သည် တခဏမျှ ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ပြန်လည် ငြိမ်သက် သွားသည်။

“တိုင်ရှန်တာအိုဂိုဏ်းရဲ့ ‘ထာဝရနိုင်ငံတော်’လား၊ ဒီနာမည်က ဒီလောကမှာ နံပါတ်တစ် ဂိုဏ်းဖြစ်တဲ့ တိုင်ရှန်တာအိုဂိုဏ်းနဲ့ တကယ်ကို ထိုက်တန်တာပဲ။” ဟုန်ယွိက အနည်းငယ် ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ “ကောင်းပြီ၊ အားလုံး အဆင်သင့် ပြင်ထားကြ၊ ကျွန်တော် ဒီဇမ္ဗူမဟာအစီအရင်ကို သွားစမ်းကြည့်မယ်၊ တကယ်လို့ ကျွန်တော်သာ အဲဒီအစီအရင်ကို တကယ် သိမ်းယူနိုင်ပြီး သူတော်စင်ပေါင်းစုံခန်းမထဲမှာ ပေါင်းစပ်နိုင်မယ်ဆိုရင် ကျွန်တော့်ရဲ့ မဟာရည်မှန်းချက်က အများကြီး တိုးတက်လာမှာ ပဲ။”

ပြောရင်းနှင့် ဟုန်ယွိက ဖန်ဟွမ်အသက်ဝိညာဉ်ဓားနှင့် သူ၏ စိတ်ဝိညာဉ်အတွင်းမှ အတွေးစပေါင်း ၆၆,၆၆၆ ခုကို အတူတကွ ပေါင်းစပ်လိုက်ရာ၊ လူတိုင်းကို လုံးဝ လွှမ်းခြုံထားသော သက်တန့်ရောင် ဓားစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဖန်ဟွမ်အသက်ဝိညာဉ်ဓားသည် အလွန်ပင် စွမ်းအားကြီးမားလှပြီး ဟုန်ယွိ၏ အတွေးစ များနှင့် ပေါင်းစပ်လိုက်သောအခါ ၎င်း၏ စွမ်းအားမှာ ပို၍ပင် တိုးပွားလာသည်။ ၎င်းသည် အနက်ရောင် တိမ်တိုက်များကို ဖောက်ထွင်းပြီး ဇမ္ဗူမဟာအစီအရင်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသော အနှိုင်းမဲ့ ဓားစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေခဲ့လေသည်။

...

ဟုန်ယွိနှင့် အခြားသူများ ဇမ္ဗူမဟာအစီအရင်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် နောက်ထပ် ၁၄ နာရီမှ ၁၆ နာရီခန့် ကြာမြင့်သွားခဲ့သည်။

ရုတ်တရက်ဆိုသလိုပင် မည်သူမျှ မလာရောက်ဖူးသော ဟင်းလင်းပြင် ဝဲဂယက်အတွင်း၌ အလင်းရောင်များဖြင့် လုံးဝ လွှမ်းခြုံထားသော လူရိပ်အချို့ ပေါ်လာသည်။ ထိုလူရိပ်များကို ဘဲဥပုံစံအလင်းတန်းများဖြင့် လွှမ်းခြုံထားရာ နတ်ဘုရားများနှင့်ပင် တူညီနေသည်။ သူတို့ အားလုံးမှာ မြင့်မားသော ဦးထုပ်များကို ဆောင်းထားပြီး ထူးဆန်းသော ဝတ်ရုံများကို ဝတ်ဆင်ထားကြကာ အလယ်ခေတ် ပညာရှင် သူတော်စင်များ၏ ပုံစံအတိုင်း ဝတ်ဆင် ထားကြသည်။

“ဖန်းမိသားစုရဲ့ ခေါင်းဆောင်... ဒါက ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းထဲက ရှေးဟောင်းနဂါးသင်္ချိုင်းရဲ့ ဝင်ပေါက်လား” သူတို့ထဲမှ တစ်ဦးက ရုတ်တရက် မေးလိုက် သည်။

“ညီအစ်ကို ဆန်း၊ ညီအစ်ကို ဝမ်... မင်းတို့ ခန့်မှန်းတာ မှန်ပါတယ်။ ရှေးဟောင်းနဂါး သင်္ချိုင်းထဲမှာ ရှေးဟောင်း နဂါးဝိညာဉ်တွေ၊ နဂါးအရိုးတွေ၊ နဂါးအကြေးခွံတွေနဲ့ ‘နဂါးသွေး မြက်’၊ ‘နဂါးသွေးလင်ဇီး’ တို့လို တခြားသော ဝိညာဉ်ဆေးဝါးတွေ အများကြီး ရှိတယ်... ဒါပေမဲ့ အဲဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးဆုံးကတော့ ဒီ ‘ဇမ္ဗူမဟာအစီအရင်’ ပဲ။”

All Chapters