အခန်း (၄-၆)
Vol. 1 Ch. 4-6
အပိုင်း ( 4 )
ကျွန်တော်က စာနာနာဖတ်တယ်လေ
မိန်းမပျိုလေးတစ်ဦးသည် အလွန်တရာ စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ရောက်ရှိလာခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ယဲ့တျန်ရီမှာလည်း စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူဇဝေဇဝါ ဖြစ်သွားခဲ့သည်။ တကယ်လို့ ပြဿနာ တစ်ခုခု ရှိတယ်ဆိုရင်၊ အကြီးအကဲတွေ ဒါမှမဟုတ် ဂိုဏ်းခေါင်းဆောင်ဆီကို မသွားဘဲ၊ ဘာလို့ လုချန်ရှန်းဆီ လာနေရတာလဲဟ
သို့ရာတွင် လုချန်ရှန်းကမူ အေးအေးဆေးဆေးဖြစ်နေခဲ့ပြီး၊ မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည် “ ဘာကြီး၊ ပြဿနာ ထပ်ပေါ်လာပြန်ပြီလား။ သူက ငါ့ကို နားခွင့် မပေးတော့ဘူးလား “
“ ??? “ ယဲ့တျန်ရီ အံ့ဩမှင်သက်သွားခဲ့သည်။
အခြေအနေကို ရှင်းပြခဲ့ပြီးသည့်နောက်တွင်၊ အဆိုပါ မိန်းမပျိုလေးသည် ရွှန်းလဲ့တောက်ပနေသော မျက်လုံးများဖြင့် လုချန်ရှန်းကို တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။
အဆိုပါ မိန်းမပျိုလေး၏ အမည်မှာ လော့ရှန်လင်းဖြစ်ပြီး၊ သူမသည် ဂိုဏ်းခေါင်းဆောင်၏ သမီးလည်းဖြစ်သည်။ သူမသည် လုချန်ရှန်းနှင့် အချိန်ဖြုန်းရန်အတွက် ဤနေရာသို့ မကြာခဏ လာလေ့ရှိသည်။
လုချန်ရှန်းမှာလည်း သူမ၏ အကြည့်ကို မြင်တွေ့သွားကာ၊ ကူရာကယ်မဲ့ရာစွာဖြင့် စကားပြန်ပြောလိုက်သည် “ ဂျူနီယာ ညီမလေး၊ စီနီယာအစ်ကိုဆီမှာ ပြဿနာရှိနေတယ်လို့ ပြောခဲ့တယ်မလား “
“ ဟုတ် “
“ ဒါဆိုရင်လည်း၊ သူ့ကို မြန်မြန်လာခိုင်းလိုက်လေ “
“ သူက လမ်းမှာရောက်နေပြီ၊ ကျွန်မက အရင်ဦးဆုံး လာပြောပြတာ “
“ အို့၊ ငါသိပြီ “
လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူ့ထံတွင် ဤဂျူနီယာညီမလေးကို ကိုင်တွယ်နိုင်မည့် မည်သည့်နည်းလမ်းမှ ရှိမနေခဲ့ပေ။
သူမက ဂိုဏ်းခေါင်းဆောင်၏ သမီးဖြစ်နေသောကြောင့်၊ သူမ၏ ဤနေရာသို့ မကြာခဏ လာရောက်လည်ပတ်ခြင်းမှာ လူတော်တော်များများ၏ အာရုံများကို ဆွဲဆောင်နေခဲ့ပြီး၊ သိုသိုသိပ်သိပ် နေချင်သည့် သူ၏သဘောထားနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေခဲ့သည်။
နာမည်ဆိုးထွက်သည်က သူ့အတွက် မထူးဆန်းလှပေ၊ အများဆုံးအနေဖြင့် လူများသည် သူ့အား ဘာမှမဟုတ်တဲ့လူ(သို့) အမှိုက်စသည်ဖြင့် သမုတ်လာကြမည်သာ ဖြစ်သည်။
သူကသာ မကောင်းမှု မကျူးလွန်သေးသရွေ့၊ မည်သူကမှ သူ့ကို အာရုံစိုက်ကြမည် မဟုတ်ပေ။
သို့သော် သူကသာ ဂိုဏ်းခေါင်းဆောင်၏ သမီးဖြစ်သူနှင့် ပတ်သတ်မိမည်ဆိုပါက၊ အခြေအနေမှာ ကွဲပြားသွားမည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားသွားရတော့သည်။
တစ်ခဏအကြာတွင် တပည့်အများအပြားသည် ပုံရိပ်တစ်ခုကို တွဲကာ သူ့ဆီသို့ လျှောက်လှမ်းလာခဲ့သည်။
အကူအညီပေးခံနေရသည့် လူသည် ချင်းယွင်တောင်ထွဋ်၏ စီနီယာအစ်ကိုဖြစ်သူ ကျိုးချင်ယုပင် ဖြစ်သည်။
သူသည် အရပ်ရှည်ကာ၊ ချောမောနေခဲ့ပြီး၊ အကူအညီ ယူနေရသည့် အချိန်မှာပင် ခမ်းနားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။
“ စီနီယာအစ်ကို “
ယဲ့တျန်ရီသည် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် အလောတကြီး ရှေ့တက်သွားကာ၊ သူ့ကို စစ်ဆေးကြည့်ရှုရန် လက်လှမ်းလိုက်သည်။
သို့ရာတွင် ကျိုးချင်ယုသည် သူ့ကို တွန်းဖယ်ကာ လုချန်ရှန်းဆီသို့သာ တန်းတန်းမတ်မတ် ရောက်ရှိလာခဲ့သည်။
“ ဂျူနီယာညီလေး၊ ငါ့ဆီမှာ ပြဿနာတစ်ခု ထပ်ဖြစ်နေပြန်ပြီ “
“ စိတ်မပူပါနဲ့ “
လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်ကာ၊ ကျိုးချင်ယုကို သူ၏အိမ်အတွင်းသို့ ခေါ်သွားတော့သည်၊ ယဲ့တျန်ရီကမူ နေရာမှာပင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
“ အဲ့တာက ဘာကိုဆိုလိုတာလဲဟ “ သူသည် လော့ရှန်လင်းကို ကြည့်ကာ မေးမြန်းလိုက်သည်။
လော့ရှန်လင်းမှ ပြောပြလာခဲ့သည် “ စီနီယာအစ်ကို ချန်ရှန်းက သူ့ရဲ့ ပြဿနာကို အဖြေရှာပေးပြီးတော့၊ ကုခွင့်ပေးလိုက်ပါ “
“ သူကလား။ ပြဿနာကို အဖြေရှာတာလား။ ကုသတာလား “ ယဲ့တျန်ရီသည် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည် “ အဲ့တာကြီးက ရယ်စရာမကောင်းဘူးလား။ စီနီယာအစ်ကိုက ရူးသွားပြီနဲ့တူတယ် “
ထိုစကားကို ပြောကာ၊ သူသည် အိမ်အတွင်းသို့ ပြေးဝင်သွားရန် ပြင်လိုက်သည်။ မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို သူမသိသော်လည်း၊ အဆိုပါ ဂျူနီယာညီငယ် အကြောင်းတွေးမိသွားသောအခါတွင် သူသည် သူက မယုံကြည်ရဘူးဟုသာ ခံစားနေခဲ့ရသည်။
သို့ရာတွင် လော့ရှန်လင်းသည် မကျေမနပ်ဖြစ်သွားသော လေသံမျိုးဖြင့် ပြန်ပြောလာခဲ့သည် “ စီနီယာအစ်ကို ချန်ရှန်းက အကြိမ်တိုင်းကိုင်တွယ်နိုင်ခဲ့တာချည်းပဲ၊ ပြဿနာဖြစ်လာတာကို တစ်ခါမှ မတွေ့ဖူးပါဘူး “
“ အကြိမ်တိုင်းဆိုတဲ့ စကားက ဘာကိုဆိုလိုတာလဲ “
ယဲ့တျန်ရီ အတွေးနက်သွားခဲ့သည်၊ ငါက ငါ့ရဲ့ ဂျူနီယာ ညီလေးကို တကယ်ကြီး အထင်လွဲနေတာများလား
အလုပ်မလုပ်ဘဲ ပျင်းရိနေတတ်တဲ့ ငါ့ရဲ့ ဂျူနီယာ ညီလေးက ဆေးပညာမှာ တော်တော်ကြီးကို ထူးချွန်နေတာများလား
သူတွေးတောစဥ်းစားနေသည့် အချိန်မှာပင်၊ လုချန်ရှန်းသည် အိမ်ထဲမှ ထွက်လာခဲ့ပြီး၊ အဝေးသို့ ကြည့်ကာ သက်ပြင်းချနေတော့သည်။
“ ဟူးး၊ ငါ့ကို အမြဲစိတ်ပူရအောင်လုပ်တယ်။ ကျင့်ကြံရေးကို အလျင်စလို လုပ်စရာလိုလို့လား။ တကယ်လို့ ငါသာ မရှိဘူးဆိုရင်၊ ဒီတောင်ထွဋ်က အနှေးနဲ့အမြန်ဆိုသလို ကျဆုံးသွားရမှာပဲ “
သူသည် တစ်ခြားအခန်းတစ်ခုဆီသို့ လျှောက်လှမ်းနေရင်းဖြင့် ရေရွတ်ပြောဆိုနေခဲ့သည်။
ယဲ့တျန်ရီမှ အလောတကြီး လှမ်းကြည့်လိုက်ရာ၊ ကျိုးချင်ယုက အိပ်ရာပေါ်တွင် ထိုင်နေလျက်ရှိပြီး၊ ယခင်က ဖြူဖျော့နေခဲ့သည့် သူ၏ အသားအရည်ကလည်း အနည်းငယ် စိုပြေလာသည်ကို မြင်တွေ့သွားခဲ့သည်။
“ စီနီယာအစ်ကို၊ ဘာတွေ ဖြစ်သွားတာလဲဗျ “
“ ဘာမှမဟုတ်ပါဘူး။ ငါက ဓားရည်ရွယ်ချက်ကို ကျင့်ကြံနေတုန်း ကိုယ့်ကိုကိုယ် ဒဏ်ရာရသွားအောင် လုပ်မိသွားတာလေ၊ အဲ့တာကြောင့် ဂျူနီယာညီလေးကို ကြည့်ခိုင်းလိုက်တာ။ သူပြောတာတွေကို လိုက်လုပ်လိုက်တော့ ပြန်ကောင်းလုနီးပါး ဖြစ်နေပြီလေ “
ယဲ့တျန်ရီ အံ့ဩသွားခဲ့သည် “ သူက ဓားတာအိုကို နားလည်တာလား “
မနေ့ကကျတော့ စီနီယာအစ်မရဲ့ အစီအရင်ကို ကူညီပေးတယ်၊ အခုတော့ စီနီယာအစ်ကို့ကို ဓားတာအိုနဲ့ ပတ်သက်ပြီးတော့ အကြံပေးနေတယ်ပေါ့၊ သူက အဲ့တာတွေကို တကယ်ကြီး သိနေတာလားဟ
ကျိုးချင်ယုသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ စကားထပ်ပြောလာခဲ့သည် “ အများကြီး မဟုတ်ပင်မဲ့ သူက တစ်ချို့အရာလေးတွေကိုတော့ နားလည်ထားတယ်လေ “
“ အဲ့လိုဆိုရင်တောင်မှ သူ့ကို ကုသခွင့်ပေးရဲတယ်ပေါ့ “
“ သူက အများကြီး နားမလည်ပင်မဲ့၊ ဂန္တဝင်စာပေတော်တော်များများကို ဖတ်ခဲ့ဖူးတယ်လေ။ ပြဿနာတစ်ခုခု ပေါ်လာတဲ့အချိန်တိုင်းမှာ သူက အဖြေကို စာအုပ်တွေထဲမှာ အမြဲလိုလို ရှာနိုင်ခဲ့တယ် “
ယဲ့တျန်ရီသည် အနည်းငယ် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
တစ်ခဏအကြာတွင် လုချန်ရှန်းသည် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ကာ ရောက်ရှိလာခဲ့သည်။
“ စီနီယာအစ်ကို၊ မင်းကြုံနေရတဲ့ ပြဿနာနဲ့ဆင်တူတဲ့ ဟာကို ငါဒီစာအုပ်ထဲမှာ တွေ့ခဲ့တယ် “
ကျိုးချင်ယု မလှုပ်ရသေးသည့်အချိန်မှာပင်၊ ယဲ့တျန်ရီသည် ၎င်းကို ယူကာ ဂရုတစိုက် စူးစမ်းလေ့လာနေတော့သည်၊ ထို့နောက်တွင် သူသည် မည်သည့်ပြဿနာမှ မရှိဘူးဆိုသည်ကိုသာ မြင်တွေ့လိုက်ရသည်။
“ အဲ့တာက ဒီစာအုပ်ထဲမှာ ရှိနေတယ်ဆိုတာကို မင်းဘယ်လိုသိတာလဲ “ ဟုယဲ့တျန်ရီမှ မေးမြန်းလိုက်သည်။
လုချန်ရှန်းမှ ပြန်ဖြေလာခဲ့သည် “ ဘာမှ လုပ်စရာမရှိတဲ့ အချိန်တွေမှာ စာဖတ်တယ်။ အခါအခွင့်သင့်လို့ အဲ့တာကို တွေ့ခဲ့တာပါဗျာ။ စီနီယာအစ်ကိုက အဲ့အကြောင်းကို ပြောလာခဲ့တော့ မှတ်မိသွားတာလေ “
ကျိုးချင်ယုကမူ စကားမပြောဘဲ၊ စာအုပ်ကို ယူလိုက်ကာ၊ လှန်လျောကြည့်ရှုရင်းဖြင့် ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားခဲ့သည်။ ကျိုးကြောင်းဆီလျော်ကာ၊ သူ့ပြဿနာအတွက် ပြီးပြည့်စုံသော အဖြေကို ရှာတွေ့ပြီဟု ခံစားသွားခဲ့ရသည်။
သို့ရာ၌ ထပ်မံ၍ ကြည့်ရှုလိုက်သောအခါတွင် ဗလာဖြစ်နေသော စာမျက်နှာများကိုသာ မြင်တွေ့သွားခဲ့သည်။
“ ကျန်တဲ့ဟာတွေကရော “
“ မသိဘူးလေ၊ အဲ့တာကို ရှာတွေ့ခဲ့တဲ့အချိန်တုန်းက၊ အဲ့စာမျက်နှာ နည်းနည်းလေးပဲ ရှိနေတာ “ ဟု လုချန်ရှန်းမှ ပြန်ပြောလိုက်သည်။
ထိုအချိန်၌ ယဲ့တျန်ရီသည် သူ၏လက်ချောင်းများက မှင်များနှင့် ပေကျံနေသကဲ့သို့ မည်းနက်နေသည်ကို သတိပြုမိသွားသည်။
“ အဲ့တာက ….. “
“ ရာသီဥတုက စိုထိုင်းလာတော့ မှင်တွေ ပေနေတာ နေမှာပါဗျာ “ ဟုလုချန်ရှန်းမှ ရှင်းပြလာခဲ့သည်။
တစ်ခြားလူများကမူ ထိုအတိုင်းသာ ယုံကြည်သွားကြသည်၊ ယဲ့တျန်ရီတစ်ဦးတည်းကသာလျှင် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေခဲ့ရသည်။
မကြာခင်မှာပင် သူတို့၏ အာရုံများမှာ ကျိုးချင်ယုအပေါ်သို့ ရောက်ရှိသွားခဲ့သည်။
ချင်းယွင်တောင်ထွဋ်၏ စီနီယာတစ်ဦးဖြစ်သည့်အလျောက် သူသည် အလွန်တရာ ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ထားခဲ့သည်။ အသက်သုံးဆယ်မပြည့်ခင် အချိန်မှာပင်၊ သူသည် ချီစုစည်းခြင်း အဆင့်သို့ ရောက်ရှိနေပြီး၊ အူတိုင်ဖွဲ့စည်းခြင်းနှင့် သိပ်မဝေးတော့ပေ။
ဂိုဏ်းမှာလည်း သူ့ကို အလွန်တရာ တန်ဖိုးထားနေခဲ့သည်။
ထို့အပြင် သူသည် ဓားတာအိုကို နားလည်တတ်ကျွမ်းထားပြီး၊ ဓားရည်ရွယ်ချက်၏ အဆင့်၆သို့ ရောက်ရှိနေခဲ့ကာ၊ ရာစုနှစ်တစ်ခုတွင် မြင်တွေ့ရခဲသည့် ဓားတာအို ပါရမီရှင်ဆိုသည့် ဂုဏ်သတင်းကိုပင် ရယူထားနိုင်ခဲ့သည်။
သူသည် မိုးပြာတိမ်တိုက်၏ ဓားသမားလေးအဖြစ်ပင် ကျော်ကြားနေခဲ့သည်။
ဓားတာအိုသည် ကျွမ်းကျင်တတ်မြောက်ရန် အလွန်တရာ ခက်ခဲပြီး၊ သာမန်ကျင့်ကြံသူများသည် စတင်လေ့ကျင့်ရန်ပင် အခက်တွေ့နေခဲ့ပြီး၊ လူတော်တော်များများသည် သူတို့၏ ဘဝသက်တမ်းတစ်လျှောက်လုံးတွင် အမြင့်ဆုံးအနေဖြင့် အဆင့်နှစ်အထိသာ ရောက်ရှိခဲ့ကြသည်။
အကယ်၍ လူတစ်ဦးက ဓားရည်ရွယ်ချက်၏ အဆင့်၉ကို နားလည်ထားမည်ဆိုပါက၊ ဒဏ္ဍာရီလာ ဓားနှလုံးသား သန့်စင်မှုကို ရရှိရန် လမ်းပွင့်သွားမည် ဖြစ်သည်။
၎င်းမှာ ဓားကျင့်ကြံသူတိုင်း၏ တစ်သက်တာ အိမ်မက်ဖြစ်သည်။
ယွဲ့ပြည်ထောင်တစ်ခုလုံးကပင် ထိုကဲ့သို့သော ပါရမီရှင်မျိုးကို မွေးမထုတ်ပေးနိုင်ခဲ့ပေ။
ကျိုးချင်ယုမှာလည်း ချွင်းချက်ဟုတ်မနေခဲ့ပေ၊ ကျင့်ကြံရေးအပြင် သူသည် ဓားနည်းစနစ်ကို နားလည်ရန်အတွက် မည်သို့မျှ အနားမယူဘဲ၊ ကြိုးစားအားထုတ်နေလေ့ရှိသည်။
နေ့ရောညပါ မနားမနေ ကြိုးစားနေသောကြောင့် တောင်ပေါ်တွင် တစ်ချိန်လုံးရှိနေသည့် လုချန်ရှန်းကပင် သူ့ကို တစ်လလျှင် နှစ်ကြိမ်ခန့်သာ မြင်တွေ့ရလေ့ရှိသည်။
ထို့အပြင် သူ့ကို ဆက်သွယ်လာသည့် အကြိမ်တိုင်းတွင်လည်း၊ သူဖတ်ခဲ့ဖူးသော စာအုပ်များထဲတွင် သူကြုံတွေ့နေရသည့် ပြဿနာများနှင့် တူညီသော ကိစ္စရပ်များ ရှိ၊ မရှိဆိုသည်ကို မေးမြန်းလေ့ရှိသောကြောင့် သူသည် နေရာမှာပင် အဖြေများကို လုပ်ကြံဖန်တီးခဲ့ရသည်။
မည်သည့်ပြဿနာမှ မရှိတော့ဘူးဆိုသည်ကို မြင်လိုက်ရသောအချိန်၌ လုချန်ရှန်းသည် အခန်းအတွင်းမှ ထွက်သွားရန် ပြင်လိုက်သည်။
ကျိုးချင်ယုမှ အလောတကြီး အော်ပြောလာခဲ့သည် “ ဂျူနီယာညီလေး “
“ ဘာလဲ “
“ နင့် မိသားစုရောက်လာပြီ၊ ကိစ္စတွေကို သွားပြီးတော့ ဖြေရှင်းလိုက်ပါဦး “
“ အိုကေလေ “ လုချန်ရှန်းသည် အေးအေးလူလူ ပြန်ပြောလိုက်ကာ၊ အခန်းအတွင်းမှ ထွက်သွားတော့သည်။
သို့ရာ၌ ကျိုးချင်ယု၏ လေးလေးနက်နက် ဖြစ်နေသော အမူအရာကို မြင်လိုက်ရသောအခါတွင်၊ သူသည် သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည်။
“ ဓားတိုက်ခိုက်ရေးက လက်ပါတဲ့ လူတိုင်း လုပ်နိုင်တဲ့ အရာမဟုတ်ဘူးလား။ အဲ့လောက်တောင် ခက်ခဲနေတာလား “
သူသည် နားမလည်နိုင်ဖြစ်နေခဲ့သည်။
အနောက်တွင် ကျန်နေခဲ့သည့် ယဲ့တျန်ရီကမူ သူတို့၏ဂျူနီယာညီလေးကိစ္စအကြောင်းကို ကျိုးချင်ယုနှင့် ဆွေးနွေးပြောဆိုနေခဲ့သည်။
စာကောင်းကောင်းဖတ်ထားကာ၊ အမြင်ကျယ်နေမည်ဆိုလျှင်တောင် ကျင့်ကြံသူတစ်ဦး၏ ပင်မအလုပ်မှာ ကျင့်ကြံခြင်းသာလျှင် ဖြစ်သည်။ ကျင့်ကြံခြင်းသာ မရှိဘူးဆိုပါက၊ မည်ကဲ့သို့ လူအလေးစားခံရတော့မည်နည်း
လော့ရှန်လင်းကမူ လုချန်ရှန်း၏ အနောက်သို့ ပြေးလိုက်သွားခဲ့သည်။
“ စီနီယာအစ်ကို ချန်ရှန်း၊ ဘယ်ကို သွားမလို့လဲ။ ကျွန်မကို စောင့်ပါဦး “
လူများလိုက်မှီလာသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းမှ လျင်မြန်စွာ ပြန်ပြောလိုက်သည် “ ကိစ္စတစ်ခုခု ရှိလို့လား၊ ဂျူနီယာညီမလေးလော့ “
“ အဆင်ပြေပါတယ်၊ စကားနည်းနည်းလောက် ပြောချင်လို့ပါ “
စကားပြောဆိုနေရင်းဖြင့် လော့ရှန်လင်း၏ မျက်လုံးများထဲတွင် ရှက်ရွံ့မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ အို့၊ အချိန်ရမှ ပြောကြတာပေါ့ “
“ အခုကတော့ စီနီယာအစ်ကို ပြောထားလို့ ကန်းယွင်မြို့ကို သွားရဦးမယ် “
“ ဘာသွားလုပ်မှာလဲ “
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ လုပ်စရာတွေ အများကြီး ရှိတယ်လေ။ နင့်ယုရှင်းက ကန်းယွင်မြို့ကို ရောက်လာတယ်လေ။ သူမကို သွားတွေ့ရမယ် “
“ နင့်ယုရှင်းလား။ ကန်းပြည်နယ်က အချမ်းသာဆုံး သူဌေးကြီးရဲ့ သမီးလား “
“ ဟုတ်တယ် “
လော့ရှန်လင်း၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။
နင့်ယုရှင်းသည် ကန်းပြည်နယ်ရှိ အချမ်းသာဆုံး သူဌေးကြီး၏ သမီးဖြစ်ပြီး၊ သူ၏အဖေသည် ချင်းယွင်တောင်ထွဋ်၏ တောင်ထွဋ်သခင်နှင့် အလွန်ရင်းနှီးကာ၊ တပည့်တစ်ဦးနှင့် နင့်ယုရှင်းတို့ကြားတွင် လက်ထက်ပွဲတစ်ခု စီစဥ်ထားခဲ့သည်။
သူက ဒီကို ဘာလာလုပ်တာလဲ။ လက်ထက်ပွဲကိစ္စ ဆွေးနွေးမလို့လား
လော့ရှန်လင်းသည် အကြပ်အတည်းတစ်ခုကို ခံစားလိုက်ရပြီး၊ တစ်ဖက်လူက လုချန်ရှန်းအား သဘောကျသွားမည်ကို စိုးရိမ်ပူပန်သွားကာ၊ စကားထပ်ပြောလိုက်သည်။
“ မဟုတ်ဘူး၊ စီနီယာအစ်ကို ချန်ရှန်း၊ နင်သွားလို့မရဘူး ………. “
သူမ၏ စကားပြောဆိုမှု မပြီးဆုံးသေးခင် အချိန်မှာပင် လုချန်ရှန်းသည် မိုးပြာတိမ်တိုက်ဂိုဏ်း၏ အပြင်ဘက်သို့ ရောက်ရှိနေကာ၊ ကန်းယွင်မြို့ဆီသို့ ဦးတည်သွားနေခဲ့ပြီ ဖြစ်သည်။
…………………………………………………………………………………………………………………………………..
အပိုင်း ( 5 )
ပြည့်တန်ဆာတစ်ဦး၏ ဆွဲဆောင်မှု
တစ်ခဏအကြာတွင် လုချန်ရှန်းမှာ ကန်းယွင်မြို့သို့ ရောက်ရှိလာခဲ့သည်။
လမ်းမများသည် လူအုပ်ကြီးနှင့် စည်ကားနေလျက်ရှိသည်။ လမ်းဘေးဈေးသည်များသည် သူတို့၏ ကုန်ပစ္စည်းများကို ရောင်းချနေကြပြီး၊ ကလေးတစ်ချို့ကမူ ဟိုဟိုဒီဒီ ပြေးလွှားဆော့ကစားနေကြသည်။ မိန်းမပျိုလေးများမှာလည်း အလှကုန်ပစ္စည်းများနှင့် မိတ်ကပ်များကို ရွေးချယ်နေကြကာ၊ မိန်းမကြီးများကမူ အတင်းပြောနေလျက်ရှိပြီး၊ လူအိုကြီးများက အတိတ်မှ ဖြစ်ရပ်များကို ကြွားဝါပြောဆိုနေကြသည်။
မီးရှူးမီးပန်းများကိုလည်း နေရာအနှံ့မြင်တွေ့နေခဲ့ရသည်။
လုချန်ရှန်းသည် အလျင်လိုမနေဘဲ၊ အေးအေးဆေးဆေး လမ်းလျှောက်ကာ၊ လမ်းတစ်လျှောက်လုံးတွင် ရှိနေသည့် ရှုခင်းများကို အရသာခံ ကြည့်ရှုနေခဲ့သည်။
လွန်ခဲ့သော တစ်လက နင့်မိသားစုသည် လေ့ကျင့်ရေးအတွက် နင့်ယုရှင်းကို ချင်းယွင်တောင်ထွဋ်သို့ ပို့လွှတ်မည်ဟု စာပေးပို့လာခဲ့သည်။
ကျိုးချင်ယုကမူ ထိုကဲ့သို့သော ကိစ္စများကို စိတ်မဝင်စားသောကြောင့် လုချန်ရှန်းကိုသာ ကိုင်တွယ်ခွင့်ပေးထားခဲ့သည်။
သို့ရာတွင် သူသည် ကိစ္စများကို ရှင်းရှင်းလင်းလင်း သိမြင်နေခဲ့ကာ၊ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။
“ ဒီရက်တွေအတွင်းမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးရဲ့ သမီးကတောင်မှ လက်ထက်ဖို့ အခက်အခဲရှိနေရတယ်လို့ကွာ “
“ ခဏလောက် ကျင့်ကြံကြမယ်လို့ ပြောလိုက်တာက၊ မင်းတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ပိုသိသွားနိုင်မဲ့ နည်းလမ်းတစ်ခုပဲလေ “
“ ဒါပင်မဲ့ နေစမ်းပါဦး၊ စီနီယာအစ်ကိုကြီး မင်းက် faကောင်ဖြစ်နေတဲ့ပုံပဲ၊ မိန်းမတွေကို မကြိုက်ဘူးလားဟ “
သူသည် ပြောရင်းဆိုရင်းဖြင့် စားသောက်ဆိုင်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ဤနေရာကို ကွေ့ရှန်းလော့ဟုခေါ်ဆိုပြီး၊ ၎င်းသည် အနီးအနားတစ်ဝိုက်တွင် အတော်လေး နာမည်ကြီးနေခဲ့ပြီး၊ နင့်မိသားစုသည် ဤနေရာတစ်ခုလုံးကို ငှားရမ်းထားခဲ့သည်။
“ အင်မော်တယ် ဆရာသခင်၊ ခင်ဗျားရောက်လာပြီပေါ့ “
စားသောက်ဆိုင်အတွင်းတွင် မန်နေဂျာမှ သူ့ကို လာနှုတ်ဆက်နေခဲ့သည်။
ဤနေရာတွင် အစောင့်အကြပ်ထူထဲနေခဲ့ပြီး၊ ၎င်းတို့အားလုံးမှာ နင့်မိသားစု၏ လူများသာ ဖြစ်နေခဲ့သည်။
လုချန်ရှန်းသည် အပေါ်ထပ်တွင် ရှိနေသည့် သီးသန့်အခန်းတစ်ခုဆီသို့ မန်နေဂျာအနောက်မှ လိုက်သွားခဲ့သည်။
လုချန်ရှန်းက တံခါးကို တွန်းဖွင့်လိုက်သည့် အချိန်၌ အခန်းအတွင်းတွင် အသက် ဆယ့်ခြောက်(သို့) ဆယ့်ခုနစ်အရွယ် လူငယ်လေးတစ်ဦး ထိုင်နေလျက်ရှိပြီး၊ သူ့အနောက်တွင် အိမ်စေများစွာ ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။
လုချန်ရှန်းကို မြင်လိုက်ရသောအချိန်တွင် ထိုလူငယ်လေးသည် ချက်ချင်း မတ်တပ်ထရပ်ကာ၊ စကားပြောလာခဲ့သည် “ ဒါက စီနီယာအစ်ကို ချန်ရှန်းပဲဖြစ်ရမယ် “
“ မင်းက ဘယ်သူလဲ “
“ ကျွန်တော်က နင့်ယုချန်၊ နင့်ယုရှင်းရဲ့ မောင်ပါ။ ကျွန်တော်က အစ်မနဲ့အတူ ဒီကို လာခဲ့တာ။ အရင်က ခင်ဗျားကို ဆက်သွယ်ခဲ့တဲ့လူကလည်း ကျွန်တော်ပါပဲ “
“ အို့၊ မင်းကိုး “
လုချန်ရှန်းသည် တွေဝေတုံ့ဆိုင်းမနေဘဲ၊ အထဲသို့ဝင်ကာ ထိုင်ချလိုက်သည်။
သူတို့သည် ယခင်က အကြိမ်ပေါင်းများစွာ စာပို့ခဲ့ဖူးသောကြောင့်၊ တစ်ဦးနှင့်တစ်ဦး အတော်လေးရင်းနှီးနေခဲ့ပြီ ဖြစ်သည်။
နင့်ယုချန်သည် သူ့အရှေ့တွင် သိမ်မွေ့စွာ ထိုင်ချလိုက်သည်၊ သူသည် စည်းကမ်းတင်းကြပ်သော မိသားစုတစ်ခုထံမှ ဆင်းသက်လာကာ၊ အလိုလိုက်ခံထားရသည့် ကလေးဆိုးတစ်ဦး ဟုတ်ပုံမရပေ။
လုချန်ရှန်းမှ စကားစပြောလိုက်သည် “ ဂျူနီယာညီလေးနင့်၊ အရမ်းကြီး ယဥ်ကျေးနေဖို့ မလိုပါဘူးကွာ။ ချင်းယွင်တောင်ထွဋ်ဆီ လာလို့ရနေတဲ့ဟာကို၊ ဘာလို့ ဒီကို ခေါ်လိုက်ရတာလဲဟ “
နင့်ယုချန်သည် အပြုံးဖြင့် သူ့ကို စုံချည်ဆန်ချည် ကြည့်ရှုလာခဲ့သည်။
အကယ်၍ သူ၏ဂုဏ်သတင်းကိုသာ မကြားထားဘူးဆိုပါက၊ လူတစ်ဦးသည် သူ၏သဘောထားနှင့် အသွင်အပြင်ကို မြင်သွားရုံဖြင့် သူက ဒဏ္ဍာရီလာ ဓားအင်မော်တယ်လေး ကျိုးချင်ယုဟု ထင်သွားကြမည် ဖြစ်သည်။
“ ထမင်းကျွေးပြီးတော့ အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ “ ဟု နင့်ယုချန်မှ ပြန်ပြောလာခဲ့သည်။
လုချန်ရှန်းသည် သူတို့ကို ငေးကြည့်ကာ၊ မည်သည့်စကားမှ ပြောမနေတော့ပေ။
နင့်ယုချန်က သူ့ကို အဖော်ပြုပေးနေသည့် အချိန်တွင်၊ ဟင်းပွဲများ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် စကားထပ်ပြောလိုက်သည် “ ဂျူနီယာညီလေးနင့်၊ ပြောချင်တာ ရှိရင် ပြောလိုက်လေ။ အခုဆိုရင် ငါတို့က မိသားစုတွေ ဖြစ်နေကြပြီပဲကို၊ ချုံပုတ်ကို ပတ်ရိုက်နေဖို့ မလိုပါဘူးကွာ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် နင့်ယုချန်သည် သူ့အနားသို့ တိုးလာခဲ့သည်။
“ စီနီယာအစ်ကိုချန်ရှန်း၊ ခင်ဗျားက ချင်ယုကို အသိဆုံးပဲလို့ ကျွန်တော်ကြားထားရတယ်။ ဆိုတော့ ကျွန်တော်က တစ်ခုခုကို မေးချင်လို့ပါ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် သူ့ဘေးနားတွင် ရှိနေသည့် လူကို ငေးကြည့်ကာ၊ မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို မှန်းဆမိသွားခဲ့သည်။
နှစ်ဦးနှစ်ဖက်စလုံး စေ့စပ်ပြီးခဲ့ပြီဖြစ်သောကြောင့် နင့်မိသားစုသည် လူငယ်နှစ်ဦးကို ရင်းနှီးသွားစေချင်ပုံရသည်။
သူ၏ စီနီယာအစ်ကိုမှာ ကန်းပြည်နယ်၏ ရှားပါးလူငယ် ပါရမီရှင်တစ်ဦးဖြစ်ပြီး၊ ငယ်ငယ်ရွယ်ရွယ်ဖြင့် အူတိုင်ဖွဲ့စည်းခြင်းအဆင့်နှင့် နီးကပ်သောကြောင့်၊ သူ့ကို မလိုချင်သည့် လူဟူ၍ရှိနေမည် မဟုတ်ပေ။
တစ်ခြားနယ်ပယ်များတွင်လည်း ထိုကဲ့သို့သော ပါရမီရှင်များ ရှိနေတတ်သည်၊ သို့သော် ဓားရည်ရွယ်ချက်ကို အဆင့်၆အထိ နားလည်ထားသည့် လူကမူ သူတစ်ဦးတည်းသာလျှင် ရှိနေခဲ့သည်။
ကျိုးချင်ယုသည် ကန်းပြည်နယ် လူငယ်မျိုးဆက်များက မော်ကြည့်ရသည့် လူတစ်ဦးဖြစ်ပြီး၊ ထင်ပေါ်ကျော်ကြားလာသည့် အချိန်ကတည်းက တစ်ကြိမ်တစ်ခါမှ မရှုံးနိမ့်ခဲ့ဘူးချေ။
လုချန်ရှန်း၏ အမြင်တွင်မူ ကျိုးချင်ယုက ထူးချွန်မှုတွင် သူ၏အနောက်၊ ဒုတိယနေရာတွင် ရပ်တည်နေခဲ့သည်။
တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင်၊ သူသည် နင့်ယုချန်၏ အမေးကို တုံ့ပြန်လိုက်သည် “ ဂျူနီယာ ညီလေး၊ မေးချင်တာ မေးလေ၊ ငါနားလည်ပါတယ် “
နင့်ယုချန်မှာ ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားခဲ့သည် “ ချင်ယုက သူ့ရဲ့ နေ့စဥ်ဘဝမှာ ဘာတွေ လုပ်ရတာကို ကြိုက်တတ်လဲ “
“ ဝိညာဥ်ကျောက်တုံး “ ဟုလုချန်ရှန်းမှ ပြန်ပြောလိုက်သည်၊ သူ၏လေသံမှာ ခိုင်မာပြတ်သားနေခဲ့သည်။
“ ဝိညာဥ်ကျောက်တုံးလား “ နင့်ယုချန်သည် တအံ့တဩဖြစ်သွားခဲ့သည်။
လုချန်ရှန်းသည် ယုံကြည်မှုရှိရှိ ပြန်ပြောလိုက်သည် “ ဝိညာဥ်ကျောက်တုံးကိုမှ အများကြီးပဲ၊ တန်နဲ့ချီတယ် “
နင့်ယုချန်သည် အတွေးယာဥ်ကြောအတွင်းသို့ ကျရောက်သွားခဲ့သည်။ မိုးပြာတိမ်တိုက်ရဲ့ ဓားအင်မော်တယ်လေးက ဓားကြိုက်ရမှာ မဟုတ်ဘူးလားဟ
လုချန်ရှန်းမှ ရှင်းပြပြောဆိုပေးလာခဲ့သည် “ အဲ့တာက တစ်ခြားလူတွေ မသိနိုင်တဲ့ လျှို့ဝှက်ချက်လေးပဲ။ တကယ်လို့ နာမည်ကျော်တဲ့ဓားတွေ ဒါမှမဟုတ် ဓားနည်းစနစ်တွေဆိုရင်လည်း လက်ခံပေးလို့ရပါတယ် “
“ ကျွန်တော်သိပြီ “
နင့်ယုချန်သည် ဂရုတစိုက် တွေးတောချိန်ဆနေခဲ့ပြီး၊ ၎င်းက ယုတ္တိရှိသည်ဟု ထင်သွားခဲ့သည်။ ကျင့်ကြံသူများသည် ဝိညာဥ်ချီ ပမာဏ အမြောက်အများ လိုအပ်လေ့ရှိသည်။
အကယ်၍ သဘာဝပတ်ဝန်းကျင်ထံမှ လုံလုံလောက်လောက် မစုပ်ယူနိုင်ခဲ့ဘူးဆိုပါက၊ သူတို့သည် ဝိညာဥ်ကျောက်တုံးများကို မှီခိုကြရသည်။ ထို့ကြောင့် ဝိညာဥ်ကျောက်တုံးကို ကြိုက်နှစ်သက်သည်ဆိုသည်မှာ ပုံမှန်သာ ဖြစ်သည်။
သူသည် လုချန်ရှန်းကို ချက်ချင်းကြည့်လာခဲ့သည် “ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာအစ်ကို “
လုချန်ရှန်းသည် ကောင်းကင်ယံကို မော့ကြည့်ကာ စကားထပ်ပြောလာခဲ့သည် “ ဘာကိစ္စမှ မရှိတော့ဘူးဆိုရင်၊ ငါပြန်တော့မယ်နော်။ ငါက တောင်ပေါ်မှာပဲ အနေများတယ်၊ အဲ့တာကြောင့် အဲ့ကို တန်းလာခဲ့လို့ရတယ် “
“ အစောကြီး ရှိပါသေးတယ်၊ စီနီယာအစ်ကိုရ၊ ဘယ်သွားမလို့လဲ “
“ ကွေ့ရှန်ယွမ် “
“ ပြည့်တန်ဆာအိမ်လား “
“ ဟုတ်တယ် “
လုချန်ရှန်းသည် မည်သို့မျှ မဖုံးကွယ်ထားခဲ့ပေ၊ သူသည် ပြည့်တန်ဆာအိမ်၏ ထိပ်တန်း ပြည့်တန်ဆာတစ်ဦးနှင့် ချိန်းဆိုထားခဲ့ပြီးပြီ ဖြစ်သည်။
သူ၏ဂုဏ်သတင်းက သာမန်မျှသာ ဖြစ်နေသောကြောင့် သူသည် ထိုကဲ့သို့သော အရာမျိုးကို ဂရုစိုက်မနေခဲ့ပေ။
နင့်ယုချန် စိတ်ပြောင်းလဲသွားခဲ့သည်၊ သူစကားထပ်ပြောတော့မည့် အချိန်တွင်မူ လုချန်ရှန်းက ထွက်ခွာသွားခဲ့ပြီးပြီ ဖြစ်သည်။
သူသည် ပျောက်ကွယ်သွားသူ၏ ပုံရိပ်ကို ကြည့်နေရင်းဖြင့် နောင်တရသွားခဲ့သည်။
ထိုစဥ် စားသောက်ဆိုင်အတွင်းရှိ မိန်းမပျိုတစ်ဦးမှာလည်း ထွက်ခွာသွားသော လုချန်ရှန်းကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
သူမသည် လှပသော မျက်နှာနှင့် ကြော့ရှင်းသော အသွင်အပြင်ကို ပိုင်ဆိုင်ထားသည့် အသက်ဆယ့်ခုနစ်(သို့) ဆယ့်ရှစ်နှစ်အရွယ် မိန်းမငယ်လေးတစ်ဦးဖြစ်သည်။
သူမသည် နင့်ယုရှင်းပင် ဖြစ်သည်။
သူမသည် ယခင်က စကားဝိုင်းတစ်ခုလုံးကို အစအဆုံး ကြားသိခဲ့ရပြီး၊ မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည်။
“ ချင်းယွင်တောင်ထွဋ်က အင်မော်တယ် တောင်တန်းလေ၊ ချင်ယုဆီမှာ ဘယ်လိုလုပ် ဒီလိုဂျူနီယာညီမျိုး ရှိနေရတာလဲ “
ကန်းယွင်မြို့သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် သူမတို့သည် ပတ်ဝန်းကျင်တွင် လှည်ပတ်မေးမြန်းခဲ့ပြီး၊ လုချန်ရှန်းဆိုသည့် အမည်ကိုသာ ထပ်ခါတလဲလဲ ကြားသိခဲ့ရသည်။
အားလုံးသည် ထိုအကြောင်းကို ကြားလိုက်ရရုံဖြင့် ခေါင်းတခါခါ ဖြစ်သွားကြသည်။
အစေခံ အိုကြီးတစ်ဦးမှ စကားဝင်ပြောလာခဲ့သည် “ မမလေးက ဒါကို ချင်ယုအတွက် လုပ်ပေးနေတာပဲ “ “ သခင်လေး ရောက်လာမယ်ဆိုရင် လုချန်ရှန်းရဲ့ လုပ်ရပ်တွေက အကျိုးရှိမှာ မဟုတ်ပါဘူး “
နင့်ယုရှင်းသည် ၎င်းက ယုတ္တိရှိသည်ဟု ထင်သွားခဲ့သည်၊ ထို့ကြောင့် သူမသည် စကားထပ်မပြောတော့ဘဲ၊ နောက်တစ်နေ့ ချင်းယွင်တောင်ထွဋ်သို့ သွားရာတွင် ယူဆောင်သွားမည့် သူမ၏ ပစ္စည်းများကိုသာ စီစဥ်ပြင်ဆင်နေတော့သည်။
ထိုစဥ် လုချန်ရှန်းကမူ ပြည့်တန်ဆာအိမ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
မြင်တွေ့ရသမျှ အရာအားလုံးသည် လှပသော အမျိုးသမီးများနှင့် သီချင်းများသာ ဖြစ်နေခဲ့ပြီး၊ လူကြိတ်ကြိတ်တိုး စည်းကားနေလျက်ရှိသည်။
သူအထဲသို့ မဝင်ခင် အချိန်မှာပင်၊ တစ်စုံတစ်ဦးက သူ့ကို လာရောက်နှုတ်ဆက်လာခဲ့သည်။
“ အင်မော်တယ် ဆရာသခင်၊ မမလေး မူယွဲ့က ခင်ဗျားကို စောင့်နေပါတယ် “
“ ကောင်းတယ် “
လုချန်ရှန်းသည် ထိုလူ့နောက်သို့ လိုက်ကာ အထဲသို့ ဝင်သွားတော့သည်။
ရေစပ်မှ ပွဲကြည့်စင်နှင့် လသာဆောင်များကို ကျော်ဖြတ်ခဲ့ပြီးသည့်နောက်တွင်၊ သူတို့သည် ပွဲကြည့်စင်တစ်ခုပေါ်သို့ ရောက်ရှိလာခဲ့သည်။
လုချန်ရှန်းမှ လှမ်းကြည့်လိုက်ရာ၊ လက်ရန်းကို မှီထားသည့် အမျိုးသမီးတစ်ဦးကို မြင်တွေ့သွားခဲ့သည်၊ သူမက သူ့ကိုကြည့်လာခဲ့သည့် အချိန်တွင်၊ သူမ၏ နှုတ်ခမ်းများမှာ အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
“ ဆရာလု၊ မတွေ့ရတာကြာပြီနော်။ ရှင်ကျွန်မကို မေ့သွားပြီလား “
အမျိုးသမီး၏ အမည်မှာ စုမူယွဲ့ဖြစ်ပြီး၊ သူမသည် လုချန်ရှန်းကို ကြည့်ကာ နောင်ပြောင်ကျီစယ်လာခဲ့သည်။
လုချန်ရှန်းသည် သူမထံသို့ လမ်းလျှောက်သွားကာ၊ ပြန်ပြောလိုက်သည် “ အဲ့တာနဲ့ ပတ်သက်ပြီးတော့ ငါလည်း ဘာမှမတတ်နိုင်ဘူး။ ငါက ဒီရက်တွေအတွင်းမှာ ကျင့်ကြံရေးကို စွဲလမ်းနေခဲ့တာ၊ မင်းကို အမြန်ဆုံး တွေ့နိုင်ဖို့အတွက် တက်လှမ်းခြင်းကို အောင်နိုင်ဖို့ မျှော်လင့်နေတာ “
သူသည် ပြောရင်းဆိုရင်းဖြင့် ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။
စုမူယွဲ့သည် ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ ဆရာလု၊ ဘာလို့ နောင်ပြောင်ကျီစယ်နေရတာလဲ။ ရှင့်လို လွတ်လပ်ပေါ့ပါးတဲ့ လူတစ်ယောက်က ကျင့်ကြံရေးကို ဘယ်လိုလုပ် စွဲလမ်းသွားနိုင်မှာလဲ “
“ မင်းက ငါ့ကို ကောင်းကောင်းသိတာပဲ၊ ငါပိုက်ဆံပြတ်နေပြန်ပြီ “
“ ခစ်ခစ် “
စုမူယွဲ့သည် တခစ်ခစ် ရယ်မောကာ သူ၏အရှေ့တွင် ထိုင်ချလိုက်သည်။
“ ငါက ဒီကို စီနီယာအစ်ကို့အစား ရောက်လာခဲ့တာ၊ မကြာသေးခင် အချိန်က လျှို့ဝှက်နယ်မြေတစ်ခုခုများ ပေါ်လာခဲ့သေးလား “
“ ရှင်က ကိစ္စမရှိဘဲ၊ တကယ်မလာဘူးပဲ “ စုမူယွဲ့မှ ခေါင်းခါပြလာခဲ့သည် “ ဒါပင်မဲ့ ရှင့်ရဲ့ စီနီယာအစ်ကို လျှို့ဝှက်နယ်မြေကို သွားတာက တော်တော်လေးကို စိပ်နေတယ်နော် “
“ သူက ကျင့်ကြံရေး ဂျပိုးဆိုတာ လူတိုင်း သိကြတယ်လေ၊ အတွေ့အကြုံတွေ လိုအပ်တာပေါ့ “
လုချန်ရှန်းမှာလည်း ကူရာကယ်ရာမဲ့နေခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သူသည် ဤနေရာမှ ဖြတ်သွားခဲ့ပြီး၊ ထို့နောက်တွင် အထဲသို့ ဆွဲခေါ်ခံလိုက်ရကာ၊ ဤပြည့်တန်ဆာနှင့် ဆုံတွေ့ခဲ့ရသည်။
ထို့နောက်တွင် သူသည် ဤလူ့၏ အထောက်အထားက မရိုးရှင်းဘူးဆိုသည်ကို တွေ့ရှိလိုက်ရသည်။
သူတို့သည် အလွန်ရင်းနှီးခဲ့ကြပြီး၊ သူသည် သူမကို ကူညီကာ လျှို့ဝှက်နယ်မြေ အများအပြားကို ရှာဖွေပေးခဲ့သည်။
သူသည် စိတ်ဝိညာဥ်ချီများစွာ လိုနေခဲ့ပြီး၊ ပြင်ပကမ္ဘာကြီးက ၎င်းကို လုံလုံလောက်လောက် မထောက်ပံ့ပေးနိုင်သည့်အပြင်၊ ဝိညာဥ်ကျောက်တုံးများကပါ ရှာဖွေရမလွယ်ကူသောကြောင့်၊ သူသည် လျှို့ဝှက်နယ်မြေများအတွင်းသို့ လှည့်လည်သွားလာခြင်းဖြင့် သူ၏နေ့ရက်များကို ကုန်ဆုံးနေခဲ့ရသည်။
သူတို့နှစ်ဦး စကားကောင်းနေသည့် အချိန်၌၊ အပြင်ဘက်မှ ဆူညံသံတစ်သံ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ဤနေရာသို့ ပုံရိပ်အများအပြား ရောက်ရှိလာခဲ့သည်။
…………………………………………………………………………………………………………………………………………
အပိုင်း ( 6 )
နယ်ခံလူမိုက်က ဘာလဲဆိုတာကို မင်းသိလား
လူနှစ်ဦးသည် လ၊ လေတို့နှင့် သက်ဆိုင်သော ကဗျာစပ်ဆိုခြင်းနှင့် စာကြောင်းဆက်ခြင်းတို့ကို ပြုလုပ်ကာ၊ ကြည်နူးဖွယ်ကောင်းသည့် စကားဝိုင်းတစ်ခုကို ပိုင်ဆိုင်ထားကြသည်။
သို့သော် တိတ်ဆိတ်မှုကို တစ်စုံတစ်ဦးက ဖြိုခွင်းလာခဲ့သည်။
“ သခင်လေး၊ မမလေး မူယွဲ့က ဒီနေ့မှာ လုပ်စရာ အလုပ်လေးတွေ ရှိနေပါတယ်။ ကျေးဇူးပြုပြီးတော့ နောက်နေ့မှ ထပ်လာပေးပါဗျ “ တစ်စုံတစ်ဦးသည် သူတို့နှစ်ဦး၏ အရှေ့သို့ ရောက်လာခဲ့ပြီး၊ ဖျောင်းဖျရန် ကြိုးပမ်းလာခဲ့သည်။
ထိုလူသည် ခေါင်းမော့ကြည့်လာခဲ့ပြီး၊ ပွဲကြည့်စင် အတွင်းတွင် ရှိနေသည့် လူနှစ်ဦးကို မြင်တွေ့သွားခဲ့သည်။
သူသည် ချက်ချင်းလှောင်ပြောင်ပြောဆိုလာခဲ့သည် “ မင်းတို့ပြောတဲ့ ကိစ္စဆိုတာက အဲ့ကောင်ချောလေးကို အဖော်ပြုပေးရတာကို ပြောတာလား “
“ သခင်လေး၊ ပေါက်ကရတွေ လျှောက်မပြောပါနဲ့ “
အစောင့်သည် ၎င်းက လုချန်ရှန်းဆိုသည်ကို သိနေသည့်အတွက် စိတ်မသက်မသာဖြစ်သွားပြီး၊ သူ့ကို ဖျောင်းဖျရန် ကြိုးပမ်းနေတော့သည်။
အသစ်ရောက်ရှိလာသူသည် သာမန်ရုပ်ရည်နှင့် တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အသက် ၂၀အရွယ် လူငယ်တစ်ဦးဖြစ်ပြီး၊ သူ၏မျက်လုံးများထဲတွင် မောက်မာမှုများ ရှိနေခဲ့သည်။
“ ကျွန်တော်က ဒါကို ခင်ဗျားတို့ ကောင်းကျိုးအတွက် လုပ်နေတာပါ၊ ခင်ဗျားတို့ ပြည့်တန်ဆာက လူချောလေးကြောင့် လှည့်စားခံလိုက်ရမှာကို ကျုပ်ကြောက်မိတယ်။ အဲ့လိုလူတွေက အပြောချိုတဲ့နေရာမှာ အတော်ဆုံးပဲဆိုတာကို ခင်ဗျားတို့ မသိကြဘူးမလား “
“ သခင်လေး၊ ကျေးဇူးပြုပြီးတော့ နောက်ဆုတ်လိုက်ပါ။ အဲ့လူကို ပေါ့ပေါ့တန်တန် မဆက်ဆံသင့်ဘူး “
ထိုနေရာတွင် ထိုင်နေသည့် လုချန်ရှန်းက မည်သူမည်ဝါဖြစ်လဲဆိုသည်ကို ကောင်းစွာသိရှိထားသည့် အစောင့်သည် လေးလေးနက်နက် ပြောဆိုလိုက်သည်။
လူငယ်သည် ရယ်ရယ်မောမောဖြင့် စကားထပ်ပြောလာခဲ့သည် “ ငါက ရွှမ်ထျန်းဂိုဏ်းရဲ့ ကိုယ်ပိုင်တပည့်၊ ရှီဖုန်းပဲ။ သူက ကောင်ချောလေး တစ်ယောက်ပါပဲ၊ ဘာကို ကြောက်နေရမှာလဲ “
“ သူက …………….. “
သူစကားထပ်မပြောနိုင်ခင် အချိန်မှာပင် ရှီဖုန်းသည် တားဆီးမှုကို လျစ်လျူရှုကာ၊ အရှေ့သို့ လျှောက်လှမ်းသွားတော့သည်။
ရွှမ်ထျန်းဂိုဏ်းသည် ကန်းပြည်နယ်၏ အဓိကဂိုဏ်းကြီးသုံးခုအနက်မှ တစ်ခုဖြစ်ပြီး၊ ၎င်း၏အဆင့်အတန်းမှာ ကန်းယွင်ဂိုဏ်းထပ် မည်သို့မျှ နိမ့်ကျမနေခဲ့ပေ။
လုချန်ရှန်းသည် သူ့ကို လှည့်ကြည့်လိုက်သော်လည်း၊ မလှုပ်မယှက်တည်ငြိမ်နေပြီး၊ သူ၏ဝိုင်ကိုသာ အေးအေးလူလူ ဇိမ်ခံသောက်နေခဲ့သည်။
စုမူယွဲ့ကမူ အနည်းငယ် အံ့ဩသွားခဲ့သည်၊ လူငယ်တစ်ဦးက စိတ်လိုက်မာန်ပါ ပြုလုပ်၍ သွေးဆူတတ်သည်မှာ ပုံမှန်သာလျှင် ဖြစ်သည်။
သူ့ကို အဲ့လိုပြောနေတာတောင် ဘာမှ ပြန်မတုံ့လိုက်ဘူး၊ သူက တော်တော်လေးကို တည်ငြိမ်တာပဲ
စုမူယွဲ့မှ စကားထပ်ပြောလာခဲ့သည် “ သူကရှင့်ကို အဲ့လိုမျိုး ပြောနေတယ်လေ၊ ရှင်ဒေါသမထွက်ဘူးလား “
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ လူတိုင်းမှာ မနာလိုစိတ်ရှိတယ်။ ငါက သူ့ထပ်ပိုချောနေတယ်ဆိုတာ အမှန်ပဲ၊ ဘာလို့ ဒေါသထွက်နေရမှာလဲ။ လူတွေရဲ့ မနာလိုစိတ်ကို မင်းတားဆီးနိုင်လို့လား “
စုမူယွဲ့မှင်သက်သွားခဲ့သည်။
ထိုအချိန်တွင် ရှီဖုန်းရောက်ရှိလာခဲ့ပြီး၊ စားပွဲအရှေ့တွင် မတ်တပ်ရပ်နေခဲ့သည်။ သူသည် ဖုံးဖိထား၍ မရသော လေးစားမှုတို့ဖြင့် စုမူယွဲ့ကို ငေးကြည့်လာခဲ့သည်။
“ သခင်လေး၊ ကျွန်မက ဒီနေ့မအားပါဘူး။ သခင်လေးလုက ဒီကိုအရင်ရောက်လာတာပါ။ ဆိုတော့ ရှင့်ကို ဖျော်ဖြေပေးလို့ မရပါဘူး “ ဟူစုမူယွဲ့မှ ယဥ်ယဥ်ကျေးကျေး စကားပြောလိုက်သည်။
ရှီဖုန်းမှ ပြန်ပြောလာခဲ့သည် “ ဒါဆိုရင်လည်း သူ့ကို ထွက်သွားခိုင်းလိုက်။ တကယ်လို့ သူမသွားဘူးဆိုရင်၊ ငါသူ့ကို မောင်းထုတ်လိုက်မယ် “
စုမူယွဲ့သည် သူ့ကို ပြန်ကြည့်လာခဲ့သည်၊ ဒီလူက တကယ်ကို ကြီးစိုးလွန်းတာပဲ
“ လူငယ်လေး၊ သိပ်မောက်မာမနေနဲ့။ အဲ့တာက မင်းအတွက် မကောင်းဘူး “
လုချန်ရှန်းသည် လူအိုကြီးတစ်ဦးကဲ့သို့ စကားစပြောလာခဲ့သည်။
ဘမ်းးးးး
ရှီဖုန်းသည် စားပွဲခုံကို အားပါပြင်းထန်စွာ ရိုက်ချလာခဲ့ပြီး၊ ဝိုင်များကို နေရာအနှံ့ ဖိတ်စင်သွားစေခဲ့သည်။ သူ၏အရှိန်အဝါ မြင့်တက်လာခဲ့ပြီး၊ ချီစုစည်းခြင်း အဆင့်၆ ကျင့်ကြံရေးကို ထုတ်ဖော်ပြသလာခဲ့သည်။
စုမူယွဲ့သည် မည်သို့မျှ မစိုးရိမ်မပူပန်သွားခဲ့ပေ၊ သူမသည် လုချန်ရှန်းက မည်ကဲ့သို့ တုံ့ပြန်မလဲဆိုသည်ကိုသာ ပို၍သိချင်နေခဲ့သည်။
သူမက သူနှင့်သိနေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သော်လည်း၊ သူလှုပ်ရှားသည်ကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။
လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့သည် “ မင်းက ငါ့ကို ခြောက်ဖို့အတွက် စားပွဲခုံကို ရိုက်လိုက်တာလား “
“ ဘာကို စားပွဲခုံကို ရိုက်ချတာလဲ “ ရှီဖုန်းသည် လှောင်ပြောင်ပြောဆိုလာခဲ့ပြီး၊ သူ၏မျက်လုံးများထဲတွင် ဆော့ကစားလိုသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ငါက အဲ့တာကို လှန်လိုက်မယ်ဆိုရင်ကော “
“ ကြိုးစားကြည့်နိုင်တယ် “
ထို့နောက်တွင် ရှီဖုန်းသည် စားပွဲခုံကို တိုက်ရိုက်လှန်ချလိုက်သည်။
ပန်းကန်ပြားနှင့် ဖန်ခွက်ကွဲသံများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ရှီဖုန်း၏ မျက်လုံးများထဲတွင် အောင်နိုင်သူ၏ အရိပ်အငွေ့များ စွန်းထင်းနေခဲ့သည်၊ သူသည် လုချန်ရှန်းကို ကြည့်ကာ စကားထပ်ပြောလာခဲ့သည် “ မင်းက လုချန်ရှန်းဆိုတာကို ငါသိတယ်၊ ဒါပင်မဲ့ မင်းကဘာလုပ်နိုင်မှာမို့လို့လဲ “
လုချန်ရှန်းမှာလည်း မတ်တပ်ထရပ်လာခဲ့သည်။
“ မင်းက ငါ့ကို သိတာလား “
“ အဲ့ဒီတော့ “
“ ဒါဆိုရင် နယ်ခံလူမိုက်ဆိုတာက ဘာလဲဆိုတာကို မင်းသိလား “
“ ဟမ် “
ရှီဖုန်း၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည် “ ဘာလဲ၊ မင်းရဲ့ စီနီယာအစ်ကိုကို ခေါ်ချင်နေတာလား “
“ မင်းလို ငါးပေါက်လေးတစ်ကောင်ကို ကိုင်တွယ်ဖို့အတွက် စီနီယာအစ်ကိုကို ဘာလို့ ဒုက္ခပေးနေရမှာလဲဟ “
“ ဟက် “
ရှီဖုန်းမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ စကားထပ်ပြောရန် ပြင်လိုက်သည်၊ ထိုအချိန်၌ ကောင်းကင်ယံတွင် သက်တံ့ရှည်များစွာ ပေါ်ထွက်လာခဲ့သည်။
ပုံရိပ် အများအပြားသည် ဓားပျံကို စီးထားကြသည်။
“ စီနီယာအစ်ကို ချန်ရှန်း “
ပုံရိပ်များသည် လုချန်ရှန်းကို ဦးညွတ်၍ အရိုအသေပေးလာခဲ့သည်။
သူတို့က လုချန်ရှန်းထပ် များစွာအသက်ကြီးကြသော်လည်း၊ သူတို့မှာ အတွင်းဂိုဏ်း တပည့်များသာလျှင် ဖြစ်နေသောကြောင့်၊ သူ့အား စီနီယာအစ်ကိုဟု လေးလေးစားစား ခေါ်ဆိုနေကြစဲပင်။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှီဖုန်းသည် စုမူယွဲ့ကို လှည့်ကြည့်လာခဲ့ပြီး၊ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
စုမူယွဲ့မှာလည်း သိလိုစိတ်ဖြင့် ငေးကြည့်နေခဲ့သည်။
လုချန်ရှန်းသည် သူ၏လက်ကို မြှောက်ကာ၊ ရှီဖုန်းကို လက်ညှိုးထိုးလိုက်သည်။
“ သူက ငါ့ကို ခြိမ်းခြောက်ဖို့အတွက် စားပွဲခုံကို မှောက်ချလိုက်ပြီးတော့၊ ငါတို့ရဲ့ ကန်းယွင်ဂိုဏ်းကို အထင်သေးနေတယ် “
“ ဘာ “
သူ၏စကားပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ လူတိုင်း၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။
ရှီဖုန်း မျက်မှောင်ကြုတ်သွားခဲ့သည်၊ အားလုံး၏ အကြည့်များကို ခံစားလိုက်ရသော်လည်း၊ သူသည် အေးဆေးတည်ငြိမ်နေသေးသည် “ အဲ့တော့။ မင်းတို့က ငါ့ကို ရိုက်ရဲလို့လား “
ဖပ်
လူငယ်တစ်ဦး ရှေ့ထွက်လာခဲ့ကာ၊ သူ၏မျက်နှာကို ရိုက်ချလိုက်သည်။
အားပါပြင်းထန်သော အသံတစ်သံ ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့ပြီး၊ ရှီဖုန်းမှာလည်း မှင်သက်သွားခဲ့သည်။ သူ၏မျက်နှာသည် လျင်မြန်စွာ ရောင်ရမ်းလာခဲ့ပြီး၊ ထင်ရှားသော အနီရောင် လက်ဝါးရာတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ငါက ရွှမ်ထျန်းဂိုဏ်းရဲ့ ကိုယ်ပိုင်တပည့်ကွ၊ မင်း ……… “
ဘမ်းးး
သူစကားထပ်ပြောတော့မည့် အချိန်မှာပင်၊ သူသည် သူမှောက်ခုံလုပ်ခဲ့သည့် စားပွဲခုံဖြင့် အရိုက်ခံလိုက်ရကာ၊ ကျယ်လောင်သော အသံတစ်သံကို ပေါ်ထွက်သွားစေခဲ့သည်။
ထို့နောက်၌ လူအများအပြားသည် သူ့ကို ချက်ချင်း ဝိုင်းရံလာခဲ့သည်၊ နူးညံ့သိမ်မွေ့ပုံရသည့် လူများမှာ ယခုတွင် အလွန်တရာ ရက်စက်ကြမ်းကြုတ်နေခဲ့သည်။
ရှီဖုန်းသည် အော်ဟစ်နေရင်းဖြင့်၊ သူ၏ဝိညာဥ်စွမ်းအားကို လည်ပတ်ကာ ခုခံရန် ကြိုးပမ်းနေခဲ့သည်၊ သို့သော် သူသည် မြေပြင်ပေါ်မှာပင် အခိုင်အမာ အိပ်လှဲနေခဲ့ရသည်။
ထိုအချိန်မှသာလျှင် သူသည် ထိုလူအားလုံးက ချီစုစည်းခြင်း အဆင့်၆(သို့) အဆင့်၇ ကျင့်ကြံရေးအား ပိုင်ဆိုင်ထားသည်ဆိုသည်ကို နားလည်သွားခဲ့သည်။
သူ့အား အုပ်စုဖွဲ့၍ တိုက်ခိုက်နေသောကြောင့် သူမည်သို့မျှ မခုခံနိုင်ခဲ့ပေ။
သူနှင့် ပါလာသော လူများမှာလည်း ရိုက်နှက်ခြင်းကို ခံစားခဲ့ကြရသည်။
သို့ရာတွင် လုချန်ရှန်းကမူ ဘေးတစ်ဖက်သို့ ပေါ့ပေါ့ပါးပါး လမ်းလျှောက်သွားကာ၊ ထိုမြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး၊ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားခဲ့သည်။
ဤနေရာရှိ အခြေအနေကို မည်သူကမှ သူ့ထပ်ပိုမသိနိုင်ပေ။
ကန်းယွင်မြို့သည် ကန်းယွင်ဂိုဏ်း၏ ခြေရင်းတွင် ရှိနေခဲ့ပြီး၊ လစဥ်လတိုင်းတွင် အကြီးအကဲတစ်ဦးသည် တပည့်များကို ဦးဆောင်ကာ မြို့ကို ကာကွယ်စောင့်ကြပ်ပေးပြီး၊ ဤနေရာရှိ လှုပ်ရှားမှုများကို အဆက်မပြတ် စောင့်ကြည့်နေလေ့ရှိသည်။
ရှီဖုန်းက စားပွဲကို လှန်လိုက်သည့် အချိန်တွင်၊ ကင်းလှည့်နေသည့် အကြီးအကဲက အခြေအနေကို သိနေခဲ့ပြီးပြီ ဖြစ်သည်။
ယုတ္တိရှိရှိ ပြောရမည်ဆိုပါက၊ သူတို့သည် ဤကဲ့သို့သော အသေးအမွှားကိစ္စလေးများကို အာရုံစိုက်နေလိမ့်မည် မဟုတ်ပေ၊ သို့သော် လုချန်ရှန်း ပါဝင်ပတ်သက်နေသည်ဆိုပါက အရာအားလုံး ကွဲပြားသွားပြီ ဖြစ်သည်။
လုချန်ရှန်းက ကျိုးချင်ယု၏ ဂျူနီယာညီငယ်ဆိုသည်ကို မည်သူက မသိသနည်း။ အကယ်၍ သူတို့က လုချန်ရှန်းကို မျက်နှာသာ မပေးဘူးဆိုလျှင်တောင်မှ၊ ကျိုးချင်ယုကို မျက်နှာသာပေးရမည် ဖြစ်သည်။
ထို့အပြင် လုချန်ရှန်းသည် ကိစ္စများကို အလေးအနက်မထားသော်လည်း၊ သူသည် လူကောင်းတစ်ဦး ဖြစ်နေသေးသည်။
သူသည် သူတို့ကိုလည်း ကောင်းစွာဂရုစိုက်ပေးလေ့ရှိသည်။ သူတို့ နားမလည်သော ကိစ္စတစ်ခုခုကို ကြုံတွေ့ရသည့် အချိန်တွင်၊ သူ၏စီနီယာအစ်ကိုကို မေးပေးကာ၊ သူတို့၏ ပြဿနာများကို ကူညီဖြေရှင်းပေးလေ့ရှိသည်။
သို့ရာတွင် ရှီဖုန်းကမူ သူ၏အထောက်အထားကို အားကိုး၍ လုချန်ရှန်းကို စော်ကားရန် ကြံနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူတို့နှစ်ဦးက တိုက်ခိုက်ကြမည်ဆိုလျှင်တောင်မှ၊ မည်သူမှ မသေသွားသရွေ့၊ ကိစ္စကြီးကြီးမားမား ဖြစ်လာလိမ့်မည် မဟုတ်ပေ။
သို့သော် တစ်ဖက်လူသည် စည်းမျဥ်းများအတိုင်း မကစားဘဲ၊ အုပ်စုဖွဲ့၍ တိုက်ခိုက်လာခဲ့သည်။
သူတို့သည် သူက ကန်းယွင်ဂိုဏ်းကို အထင်သေးသည်ဟု တံဆိပ်ကပ်လိုက်ကြကာ၊ ကောင်းကောင်းကြီး ရိုက်နှက်လာခဲ့လေသည်။
“ လုချန်ရှန်း၊ မင်းး ……… “
ရှီဖုန်းမှ ဟိန်းဟောက်လာခဲ့သည်။
လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ သူ့ပါးစပ်ကို ပိတ်ထားပြီးတော့ ဆက်ရိုက်နေကြကွာ။ ဒါက ငါတို့ကန်းယွင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ပြရမဲ့ အချိန်ပဲ “
လူအနည်းငယ်မှာ ၎င်းကို လိုက်နာခဲ့ကြသည်။
တစ်ဖက်တွင် ရှိနေသည့် စုမူယွဲ့သည် အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။
သူမသည် သူက ဤပြဿနာကို မည်ကဲ့သို့ ဖြေရှင်းမလဲဆိုသည်ကို သိချင်နေခဲ့သော်လည်း၊ ဤကဲ့သို့ ဖြစ်ပေါ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
အစော်ကားခံခဲ့ရသည့် အချိန်တွင် စိတ်ခံစားချက် မရှိသကဲ့သို့ မည်သို့မျှ မတုံ့ပြန်ခဲ့ဘဲ၊ လှုပ်ရှားသည့် အချိန်တွင်မူ အုပ်စုဖွဲ့၍ ရိုက်နှက်နေခဲ့လေသည်။
အဲ့တာက ကန်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းသိက္ခာလား
လုချန်ရှန်းကမူ မည်သူမျှ မသေသွားသရွေ့ ထိုကိစ္စများကို ဂရုစိုက်နေလိမ့်မည် မဟုတ်ပေ။
ထို့အစား သူ၏ အကြည့်သည် အဝေးသို့ အမှတ်တမဲ့ ရောက်ရှိသွားခဲ့သည်။
ရှီဖုန်းက ဤနေရာသို့ ရောက်လာခဲ့သည့် အချိန်တွင်၊ လုချန်ရှန်းသည် သူ၏အလေ့အကျင့်အရ စိတ်စွမ်းအားကို ဖြန့်ကျက်ကာ၊ ပတ်ဝန်းကျင်တွင် ပုန်းအောင်းကြည့်ရှုနေသူ ရှိ၊ မရှိဆိုသည်ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ တစ်စုံတစ်ဦးရှိနေသည်ကို ရှာတွေ့သွားခဲ့သည်။
၎င်းမှာ လူတစ်ဦးတည်း မဟုတ်ဘဲ၊ အူတိုင် ဖွဲ့စည်းခြင်း ပညာရှင်များ ဖြစ်နေခဲ့သည်။
ကန်းယွင်ဂိုဏ်း၏ စည်းမျဥ်းများအရ၊ ကန်းယွင်ဂိုဏ်း၏ ပိုင်နက်အတွင်းသို့ ဝင်လာသည့် အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူများသည် ဂိုဏ်းကို သတင်းပို့ကြရမည်ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ သူတို့ကို ရန်သူများအဖြစ် သတ်မှတ်ကာ၊ တိုက်ခိုက်မည် ဖြစ်သည်။
ဤကာလအတွင်းတွင် မည်သူကမှ သတင်းမပို့လာခဲ့ကြပေ။
၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းသည် သူ၏အကြည့်ကို ရုတ်သိမ်းလိုက်သည်။ ရိုက်နှက်မှုက ပြီးဆုံးတော့မည်ဆိုသည်ကို မြင်လိုက်ရသောအခါတွင် သူသည် သူတို့ကို နှင်ထုတ်လိုက်ကာ၊ စုမူယွဲ့ကို နှုတ်ဆက်၍ ဤနေရာမှ ထွက်သွားခဲ့သည်။
သို့ရာ၌ သူထွက်သွားပြီးသည့်နောက်တွင် သူသည် တိတ်တဆိတ် ပျောက်ကွယ်သွားပြီး၊ အူတိုင်ဖွဲ့စည်းခြင်း ပညာရှင်များ ပုန်းအောင်းနေသည့် အနားသို့ ရောက်ရှိလာခဲ့သည်။
“ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၄ ပညာရှင်တစ်ယောက်နဲ့ အဆင့်၃ ပညာရှင်နှစ်ယောက်။ သူတို့က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ “
လုချန်ရှန်းသည် အဝေးမှ စောင့်ကြည့်နေရင်းဖြင့်၊ အရာအားလုံးကို စူးစမ်းလေ့လာနေခဲ့သည်။
သူသည် ဂိုဏ်းအား မည်သို့မျှ ထိခိုက်ခွင့်ပြုမည် မဟုတ်ပေ၊ ဂိုဏ်းအပေါ်တွင် ရှိနေသည့် သူ၏ခံစားချက်မှာ အလွန်တရာ နက်ရှိုင်းနေခဲ့သည်။
ကျင့်ကြံရေး လောက အန္တရာယ်တို့ဖြင့် ပြည့်နှက်နေသောကြောင့်၊ အကယ်၍ ဂိုဏ်းကသာ ကျဆုံးသွားခဲ့မည်ဆိုပါက၊ သူမည်သည့်နေရာတွင် အခြေချနေထိုင်မည်နည်း။ မည်သူက သူ့ကို ကာကွယ်ပေးမည်နည်း