← Chapters

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အပိုင်း ( 16 )

ပုံရိပ်ယောင် နတ်ဘုရားပန်း

ခုနစ်ရက်မြောက်နေ့ ရောက်ရှိလာခဲ့သည်၊ ဆုံးရှုံးမှုများ ရှိခဲ့သော်လည်း၊ ၎င်းတို့မှာ သူတို့၏ မျှော်မှန်းချက်အတွင်းတွင် ရှိနေသေးသည်။

ချင်းယွင်တောင်ထွဋ်တွင် တောင်ထွဋ်သခင် မရှိသော်လည်း၊ တစ်ခြားသော တောင်ထွဋ်များထပ် ပိုမိုရက်စက်သည့် ကျိုးချင်ယု ရှိနေခဲ့သည်။

သူသည် သူ၏ဓားကို ကိုင်ဆောင်၍ ရန်သူများကို တစ်ဦးပြီးတစ်ဦး အားပါပြင်းထန်စွာ ခုတ်ပိုင်းနေခဲ့ပြီး၊ သူ၏ဓားစွမ်းအင်မှာ ပိုမိုအားကောင်းပြင်းထန်လာခဲ့ပြီး၊ အနိုင်ယူမခံလိုသော စိတ်ဓာတ်ကို ပြသလာခဲ့သည်။

အားလုံးသည် အံ့ဩတကြီး ဖြစ်သွားကြသည်၊ တိုက်ပွဲကို ကြားသိလိုက်ရသော တစ်ခြားလူများမှာလည်း တပြုံးပြုံး ဖြစ်သွားကြသည်။

ဤမျိုးဆက်သည် ဂိုဏ်း၏ စည်ပင်ဝပြောမှုကို အနည်းဆုံးအနေဖြင့် နှစ်တစ်ထောင်အထိ တည်တံ့စေနိုင်မည့် ကျိုးချင်ယုကို မွေးထုတ်ပေးနိုင်ခဲ့သည်။

လုချန်ရှန်းကပင် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

“ လူငယ်တွေက အဲ့လိုပဲဖြစ်သင့်တာ “

အဆိုပါ မှတ်ချက်သည် သဟဇာတဖြစ်နေသည့် လေထုကို ရုတ်တရက် ဖြိုခွင်းသွားခဲ့သည်။

မည်သူမဆို ထိုစကားကို ပြောနိုင်သော်လည်း၊ သူ၏ပါးစပ်မှ ထိုစကားပေါ်ထွက်လာခြင်းသည် လူများကို သက်ပြင်းတချချဖြင့် မျက်မှောင်ကြုတ်သွားစေခဲ့သည်။

မင်းကအဲ့လိုစကားမျိုးကို ဘယ်လိုလုပ်ပြောရဲနေရတာလဲဟ

လူတစ်စုသည် အပြာရောင် ကျောက်တုံးပေါ်တွင် ထိုင်နေကာ၊ ကျိုးချင်ယု သတ်ထားသည့် ငှက်နှစ်ကောင်ကို မီးကင်နေသည့် လုချန်ရှန်းကို စောင့်ကြည့်နေကြသည်။

အပေါ်ယံအလွှာသည် ရွှေညိုရောင်အဖြစ် ပြောင်းလဲသွားပြီဖြစ်ပြီး၊ ဆီဖြင့် ပူပူနွေးနွေး ကင်ထားခဲ့သည်။

သူသည် သူ၏လက်ကို ဆန့်တန်း၍ တောင်ပံတစ်ဖက်ကို ဖြုတ်ယူလိုက်ပြီး၊ ဆီကျနေသည့် အဆိုပါ အတောင်ပံကို ကိုက်ဝါးနေတော့သည်၊ ထို့နောက်တွင် အားလုံးကို လာစားရန် အော်ခေါ်လိုက်သည်။

“ ကျက်ပြီဟေ့။ လာကြလာကြ၊ အားလုံးပဲ၊ အဲ့မှာ ရပ်မနေကြနဲ့ “

ထိုစကားကို ကြားလိုက်ရလိုက်သောအခါတွင် လူတိုင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

သူနှင့်ရင်းနှီးသည့် တပည့်များသည် သူ့အနားသို့ ရောက်ရှိလာခဲ့ပြီး၊ စားသောက်ရန်အတွက် အပိုင်းအစများကို ဖဲ့ယူနေကြတော့သည်။

အကြီးအကဲတစ်ဦးသည် အသာအယာ သက်ပြင်းချ၍ ခေါင်းခါရမ်းနေတော့သည် “ သက်တော်ရာကျော်ရှည်ပါစေ “

“ ဘာဖြစ်လို့လဲ “

“ အစပ်နည်းနည်းလောက် ပိုထည့်လိုက်၊ ဒီအဘိုးကြီးက စပ်တဲ့ အစားအသောက်တွေကို ကြိုက်တာ “

“ အိုကေ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ယဲ့တျန်ရီသည် တစ်ခဏခန့် ဆွံ့အသွားပြီး၊ သူ့ဂျူနီယာညီလေး၏ အသားကင်က အရသာတော်တော်ကောင်းသည်ဆိုသည်ကို နားလည်သွားခဲ့သည်။

ကျိုးချင်ယုသည် ဘာစကားမှ မပြောလာခဲ့ပေ။ သူသည် သူ၏ဓားကို ကိုင်ဆောင်ကာ၊ တောင်ထိပ်ပေါ်တွင် ရပ်၍ အဝေးသို့ ငေးကြည့်နေခဲ့သည်။ သူသည် သူ၏မျက်လုံးများကို မှိတ်ကာ၊ လွန်ခဲ့သော ရက်ပိုင်းအတွင်းက ရရှိခဲ့သည့် အတွေးအမြင်များကို တွေးတောဆင်ခြင်ကာ၊ အကျိုးအမြတ်များစွာ ရရှိခဲ့သည်ဟု ခံစားသွားခဲ့ရသည်။

သူသည် သူ၏အူတိုင်ကို ဖွဲ့စည်းရန် ခြေတစ်လှမ်း ပိုနီးလာခဲ့ပြီဖြစ်သည်၊ သို့သော် သူ၏ဓားပညာကမူ ရပ်တန့်သွားခဲ့ပြီဖြစ်သည်၊ သူသည် မည်သည့်အရာများ ဆက်လုပ်ရမလဲဆိုသည်ကို တွေးတောစဥ်းစားနေခဲ့သည်။

လူတိုင်းစားသောက်နေကြသောကြောင့်၊ ပေပေါင်းများစွာ ရှည်လျားသည့် ငှက်သားရဲနှစ်ကောင်၏ အသားမှာ လုံးဝကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့သည်။

လုချန်ရှန်းမှာလည်း ဘေးတစောင်း လှဲလျောင်းနေတော့သည်။ သူ၏ဘဝမှာ အတော်လေး သက်တောင့်သက်တာရှိလွန်းနေခဲ့သည်။ သူသည် သားရဲများကို လိုက်ကောက်ခြင်း၊ အသားကင်ခြင်းနှင့် ထောက်ပံ့ပို့ဆောင်မှုတို့ ပြုလုပ်နေခဲ့သည်။ သူသည် မည်သည့်အလုပ်မှ မလုပ်ဘဲ၊ အလကား ပျင်းရိနေခြင်း မဟုတ်ပေ။

သို့ရာတွင် လူတိုင်းအနားယူတော့မည့် အချိန်၌ အဝေးတစ်နေရာရှိ ကောင်းကင်ယံတွင် မူမမှန်သော ဖြစ်ရပ်တစ်ခု ပေါ်လာခဲ့သည်။

အပြာရောင်ငှက်ကြီးတစ်ကောင်သည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်၊ ၎င်း၏ တွန်မြည်သံသည် ကောင်းကင်ပြင်တွင် ပဲ့တင်ထပ်ပျံ့လွင့်သွားကာ၊ ဤနေရာတွင် ရှိနေသည့် လူများ၏ စိတ်နှလုံးသားကို လှုပ်ခတ်သွားခဲ့သည်။

၎င်း၏ အတောင်ပံများသည် ၁၀မီတာနီးပါး ကျယ်ဝန်းနေပြီး၊ ၎င်း၏ခြေသည်းများက ဓားသွားများသဖွယ် ဖြစ်နေကာ၊ ၎င်း၏ စူးရှရှမျက်လုံးတို့မှာလည်း သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တောက်ပနေခဲ့သည်။

“ မိုးပြာရောင် လေငှက် “

လုချန်ရှန်းသည် ကောင်းကင်ပြင်ကို စိုက်ကြည့်နေခဲ့သည်။ ၎င်းသည် လူ့အသွေးအသားများ စားသောက်ရခြင်းကို ကြိုက်နှစ်သက်သည့် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်သည်။ ၎င်းသည် လျှပ်စီးကဲ့သို့ မြန်ဆန်ကာ၊ အံ့ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည့် အူတိုင်ဖွဲ့စည်းခြင်းအဆင့် သားရဲတစ်ကောင် ဖြစ်နေခဲ့သည်။

၎င်း၏ တောင်ပံများကို ခတ်လိုက်ရာ၊ လေပြင်းများ တိုးဝင်လာခဲ့သည်။

၎င်း၏ ရောက်ရှိလာမှုသည် ကျိုးချင်ယုကို စိတ်လှုပ်ရှားသွားစေခဲ့သည်။ သူ၏မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်၊ သူသည် အရှေ့သို့ ခုန်တက်ကာ၊ ၎င်းထံသို့ ဦးတည်သွားတော့သည်။

နှစ်ဖက်စလုံး ထိပ်တိုက်ရင်ဆိုင်နေကြသောကြောင့် စောင့်ကြည့်နေသူများကို အံ့ဩတကြီး ဖြစ်သွားစေခဲ့သည်။ မိုးပြာရောင် လေငှက်၏ အတောင်ပံများသည် သတ္ထုများသဖွယ် ဖြစ်နေခဲ့ပြီး၊ ဓားရှည်၏ ခုတ်ပိုင်းချက်များကို ပိတ်ဆို့တားဆီးနေနိုင်ခဲ့သည်။

ဓားသွားက ၎င်းတို့ကို ခုတ်ပိုင်းမိသွားသည့် အချိန်တွင် မီးပွားလေးများ လွင့်စင်သွားစေခဲ့သည်။

မှော်စွမ်းအား မြင့်တက်လာခဲ့ပြီး၊ ပတ်ပတ်လည်ရှိ တောင်များကို လဲပြိုသွားစေခဲ့သည်။

၎င်းကို မြင်လိုက်ရသောအချိန်တွင် အကြီးအကဲတစ်ဦးက ကြားဝင်စွက်ဖက်ရန် ပြင်လိုက်သည်။

သို့သော် နောက်လူတစ်ဦးက သူ့ကို တားဆီးလာခဲ့သည်။

“ အရင်ဦးဆုံး စောင့်ကြည့်လိုက်ကြတာပေါ့။ ချင်ယုက ချီသိပ်သည်းခြင်းနယ်ပယ်ရဲ့ အဆင့်၉ကို ရောက်နေတာလေ၊ ပြီးတော့ သူ့အဆင့်ထိုးဖောက်မှုရဲ့ အရေးအကြီးဆုံး အခိုက်အတန့်ကို ရောက်နေပြီ။ အတွေ့အကြုံတစ်ချို့ ရသွားတာက သူ့အတွက် ကောင်းပါတယ်။ ပြီးတော့ သူကျင့်ကြံတာက ဓားလမ်းစဥ်လေ၊ အဲ့သားရဲက သူ့ကို ဘာမှမလုပ်နိုင်ပါဘူး “

( ပထမဦးဆုံး တစ်အုပ်မှာတုန်းက ကျိုးချင်ယုနဲ့ ယဲ့တျန်ရီတို့ကို ချီစုစည်းခြင်းလို့ ရေးခဲ့ပါတယ်၊ တကယ်တော့ သူက ချီသိပ်သည်းခြင်း နယ်ပယ်မှာပါ၊ ကျိုးချင်ယုက အဆင့်၉၊ ယဲ့တျန်ရီက အဆင့်၆၊ ကျိုးချင်ယုနဲ့ တိုက်ခိုက်ခဲ့တဲ့ လီချန်ဖုန်းက အဆင့်၇ပါ၊ ကျွန်တော့်ရဲ့ လိုအပ်ချက်အတွက် ဆောရီးပါ )

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတစ်စုမှာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့ကြသည်။ အကယ်၍ တစ်ခုခု လွဲချော်သွားမည်ဆိုပါက၊ သူတို့သည် အချိန်မှီ ကြားဝင်စွက်ဖက် နိုင်နေသေးသည်။

လုချန်ရှန်းကမူ တစ်ချက်မျှ ငေးကြည့်ကာ၊ အာရုံစိုက်မနေတော့ပေ။ မိုးပြာရောင် လေငှက်က ကျိုးချင်ယု၏ ပြိုင်ဘက်မဖြစ်နိုင်ဘူးဆိုသည်ကို သူသိနေခဲ့သည်။

စီနီယာအစ်ကိုကြီးကို ငါကိုယ်တိုင် လေ့ကျင့်ပေးထားတာလေ၊ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၁က အဆင့်နိမ့် ငှက်လေးတစ်ကောင်ကို အနိုင်ယူတာက သူ့အတွက် လွယ်လွယ်လေးလေးပါကွာ

ယခုလက်ရှိအချိန်တွင် နှစ်ဖက်စလုံးက လက်ရည်ညီသယောင် ဖြစ်နေကြသော်လည်း၊ ကျိုးချင်ယုက ဓားရည်ရွယ်ချက်ကို အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက်၊ ရလဒ်က လယ်ပြင်တွင် ဆင်သွားနေသကဲ့သို့ ရှင်းလင်းပြတ်သားသွားလိမ့်မည် ဖြစ်သည်။

ချင်းယွင်တောင်ထွဋ်၏ အကြီးအကဲများမှာလည်း အပျော်လွန်သွားကြသည်။

ကန်းယွင်ဂိုဏ်းရဲ့ နံပါတ်၁ ပါရမီရှင်ကတော့၊ တကယ်ကြီးကို ထူးခြားလွန်းပါပေတယ်

တစ်ခဏအကြာ၌ အဝေးတစ်နေရာတွင် နောက်ထပ်လှုပ်ရှားမှုတစ်ခု ပေါ်ထွက်လာခဲ့သည်။ ကမ္ဘာမြေ လှုပ်ခါသွားပြီး၊ သဲနှင့် ကျောက်တုံးကျောက်ခဲများ တုန်ခါသွားကာ၊ တိုးညှင်းသော ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့သည်။

ခရုကြီးတစ်ကောင်သည် အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် အဝေးမှ ချဥ်းကပ်လာနေလျက်ရှိသည်။

၎င်းဖြတ်သန်းလာရာ လမ်းကြောင်းတစ်လျှောက်ရှိ တောင်များ တောအုပ်များ ပျက်စီးသွားခဲ့သည်။

လူတိုင်း အံ့ဩသွားကြသည်။ အဆိုပါ ခရုသည် မီတာ ၂၀(သို့) ၂၃မီတာမျှ ရှည်လျားကာ၊ အလွန်တရာ မြန်ဆန်နေခဲ့သည်။ ၎င်းသည် တဟုန်ထိုး ပြေးတက်လာနေခဲ့သည်၊ ၎င်းက မိုးပြာရောင် လေငှက်လောက် မမြန်သော်လည်း၊ များစွာနှေးကွေးမနေခဲ့ပေ။

၎င်းက တွားသွားသွားလာခဲ့သည့်‌ နေရာတိုင်းတွင်၊ ၎င်း၏ အကျိအချွဲများက အရာအားလုံးကို တိုက်စားသွားပြီး၊ သစ်ပင်ပန်းမန်များကို ညှိုးနွမ်းခြောက်သွေ့သွားစေကာ၊ ကျောက်တုံးများကို အရည်ပျော်သွားစေခဲ့သည်၊ ၎င်းသည် သေစေနိုင်သည့် အဆိပ်ကို သယ်ဆောင်ထားခဲ့သည်။

အကြီးအကဲတစ်ဦးသည် ချက်ချင်းရှေ့တက်သွားပြီး၊ ၎င်း၏ လမ်းကြောင်းကို ပိတ်ဆို့ကာ၊ ၎င်းက ကျိုးချင်ယုနှင့် နီးကပ်သွားမည်ကို တားဆီးလိုက်သည်။

စောင့်ကြည့်နေသူများက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေသည့် အချိန်တွင်၊ သူတို့သည် အနက်ရောင် ဧရာမ ကျားသားရဲကြီးတစ်ကောင်က တောအုပ်အတွင်းမှ ပြေးလွှားလာနေသည်ကို မြင်တွေ့သွားကြသည်။ ၎င်းမှာလည်း အူတိုင်ဖွဲ့စည်းခြင်းအဆင့် သားရဲတစ်ကောင် ဖြစ်နေခဲ့သည်။

လူတိုင်း မတုံ့ပြန်နိုင်ခင် အချိန်မှာပင်၊ များပြားလွန်းလှသော သားရဲများစွာ ရောက်ရှိလာခဲ့သည်၊ ၎င်းတို့အားလုံးမှာ အူတိုင်ဖွဲ့စည်းခြင်းအဆင့် သားရဲကောင်များသာ ဖြစ်နေခဲ့သည်။

“ ဘာတွေဖြစ်နေတာလဲဟ “

“ အူတိုင်ဖွဲ့စည်းခြင်းအဆင့် သားရဲကောင်တွေက ဘယ်ကနေ ရောက်လာတာလဲ “

အကြီးအကဲအားလုံး လှုပ်ရှားနေကြပြီဖြစ်သည်၊ သို့သော် သူတို့သည် သားရဲကောင်များက အဝေးမှ ချဥ်းကပ်လာနေသေးသည်ဆိုသည်ကို အာရုံခံမိနေသေးသည်။

“ တစ်ခြားလူတွေကို မြန်မြန်လာကူညီဖို့ အကြောင်းကြားလိုက် “ ဟုတစ်စုံတစ်ဦးမှ အော်ပြောလာခဲ့သည်။

ယဲ့တျန်ရီသည် လုချန်ရှန်းကို လှည့်ကြည့်ကာ၊ စကားပြောလိုက်သည် “ ကိစ္စတွေ ပြောင်းလဲသွားပြီ။ မင်းက ကျန်တဲ့ တပည့်တွေကို ဦးဆောင်ပြီးတော့ ပြန်ဆုတ်တော့ “

လုချန်ရှန်းမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သို့သော် သူသည် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေခဲ့ရသည်။ သူနောက်ဆုတ်သွားသည့် အချိန်တွင် ထူးဆန်းသော မွှေးရနံ့တစ်ခုကို ထပ်မံ၍ အနံ့ခံမိသွားပြီး၊ ကြက်သွေးရောင် ပန်းများ ပွင့်လန်းလာသည်ကို မြင်တွေ့သွားခဲ့သည်။

၎င်းတို့သည် ထူးဆန်းသော မွှေးရနံ့ကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့သည်။

“ ပုံရိပ်‌ယောင် နတ်ဘုရားပန်း “

လုချန်ရှန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူရောက်လာခဲ့သည့် အချိန်တွင် ထိုပန်းများ မရှိဘူးဆိုသည်ကို သူမှတ်မိနေခဲ့သည်။

ထို့အပြင် အဆိုပါပန်းများသည် ရှင်သန်ကြီးထွား၊ ပွင့်လန်းလာရန်အတွက် လတ်ဆတ်သော သွေးများကို လိုအပ်သည်၊ ထို့ကြောင့် အသိစိတ်(လူသားတွေမျိုုးဉာဏ်ဉာဏ်သွေးပေါ့) မရသေးသည့် မွေးရာပါ ဝိညာဥ်အဆင့်အောက်မှ သားရဲကောင်များကို ဆွဲဆောင်နိုင်သည့် ထူးခြားသော မွှေးရနံ့တစ်ခုကို ထုတ်လုပ်နိုင်စွမ်းရှိသည်။

ရလဒ်အနေဖြင့် သူတို့သည် သေရမည်ဆိုလျှင်တောင်မှ ၎င်း၏ အနားသို့ အဆက်မပြတ် ချဥ်းကပ်လာချင်ကြမည် ဖြစ်သည်။

အဆိုပါ ပန်းများ ရှိနေပါက၊ သားရဲများကို အဆက်မပြတ် ဆွဲဆောင်မိနေလိမ့်မည် ဖြစ်သည်။

“ ရွှမ်ထျန်းဂိုဏ်းက အဲ့ဒီခွေးမသားတွေက တကယ်ကို အဆိပ်ပြင်းတာပဲ “

ထိုကဲ့သို့သော နည်းလမ်းများကို အသုံးပြုကာ၊ အငှားလက်ဖြင့် လူသတ်ခြင်းသည် သူတို့၏ အားသာချက်များကို လုံးဝပျောက်ကွယ်သွားစေခဲ့သည်။ စိတ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်ရာ၊ ဤနေရာတွင် မည်သည့်ပုံရိပ်ယောင် နတ်ဘုရားပန်းမှ မရှိဘူးဆိုသည်ကိုသာ သိရှိလိုက်ရသည်၊ သူတို့သည် ကျိုးချင်ယုကို ပစ်မှတ်ထားနေခြင်းပင် ဖြစ်သည်။

သူတို့သည် မျိုးစေ့များကို ကြဲချကာ၊ ကျိုးချင်ယုနှင့် သူ၏အပေါင်းအပါများက သားရဲများကို သတ်ဖြတ်ရန်နှင့် သွေးများလွင့်စင်သွားစေခြင်းတို့ကို စောင့်ဆိုင်းရန်သာ ပြုလုပ်ရမည် ဖြစ်သည်။ ထို့နောက်တွင် မျိုးစေ့များက အမြစ်တွယ်ကာ၊ အညှောက်ထွက်လာပြီး၊ သားရဲများကို ပိုမိုဆွဲဆောင်လာမည် ဖြစ်သည်။

အစတွင် သူတို့၏ အခြေအနေမှာ လွန်စွာကောင်းမွန်နေခဲ့သည်၊ သို့သော် အူတိုင်ဖွဲ့စည်းခြင်း သားရဲကောင်များ ရောက်ရှိလာခြင်းသည် ချင်းယွင်တောင်ထွဋ်ကို ဒုက္ခရောက်သွားစေခဲ့သည်။ အကြီးအကဲများက နတ်ဆိုးသားရဲတစ်ကောင်ကို တိုက်ခိုက်နေပြီး၊ ကျိုးချင်ယုမှာလည်း မိုးပြာရောင် လေငှက်နှင့် တိုက်ခိုက်နေသောကြောင့် တစ်ခြားသော အရာများကို အာရုံမစိုက်နိုင်ကြပေ။

တစ်ခြားလူများ ရောက်လာသော်လည်း၊ ပန်းများအဆက်မပြတ် ပွင့်လန်းနေပြီး၊ အသစ်အသစ်များကို ဆက်တိုက်ထုတ်လုပ်ပေးနေခဲ့သည်။ အရေအတွက်က အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားချိန်တွင်၊ သားရဲများ ရူးသွပ်သွားကာ၊ အထိန်းအချုပ်မဲ့သွားမည် ဖြစ်သည်။

“ ရက်စက်တဲ့ နည်းဗျူဟာတစ်ခုပဲ၊ ဒါပင်မဲ့ လူတိုင်းကို အရူးလို့ ထင်နေကြတာလား “

လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ ပိတ်ဆို့မှုကို ဖြိုဖွဲဖို့က လွယ်ပါတယ်ကွာ “

သူသည် မီးမန္တာန်တစ်ခုကို ရွတ်ဆိုလိုက်သည်၊ သူ၏လက်ထဲတွင် မီးတောက်တစ်ခု ပေါ်လာခဲ့ပြီး၊ မီးပွားတစ်ခု ကျဆင်းသွားသည်နှင့် တောအုပ်တစ်ခုလုံး ချက်ချင်း လောင်ကျွမ်းသွားခဲ့သည်။ မီးတောက်များ လျင်မြန်စွာ ပျံ့နှံ့သွားကာ၊ အရှေ့ဘက်ကို လောင်ကျွမ်းသွားစေခဲ့သည်။

ထူးဆန်းသော အဆိုပါ အနီရောင်ပန်းများသည် မီးလောင်ဒဏ်သင့်ကာ၊ ပြာအဖြစ်ပြောင်းလဲသွားခဲ့သည်။

မီးများပျံ့နှံ့လာသောကြောင့် သားရဲတစ်ချို့သည် သတိပြန်ဝင်သွားပုံရပြီး၊ ချဥ်းကပ်လာနေသည့် အရှိန်အဝါများမှာလည်း ရပ်တန့်သွားခဲ့သည်။

အဆိုပါ မီးပင်လယ်က မည်သည့်နေရာမှ ပေါ်ထွက်လာလဲဆိုသည်ကို မည်သူမှ မသိကြပေ။

လုချန်ရှန်းသည် စိတ်အေးလက်အေး မဖြစ်သေးဘဲ၊ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေရသေးသည်။

ချက်ချင်းဆိုသလိုပင်၊ အနက်ရောင်ပုံရိပ်တစ်ခုသည် မီးပင်လယ်ကို ကျော်ဖြတ်ပြေးလွှားကာ တောင်ထိပ်ပေါ်သို့ တက်သွားသည်ကို မည်သူမှ သတိမပြုမိကြပေ၊ ၎င်း၏ မျက်လုံးများသည် လေထဲတွင် ရှိနေသည့် ကျိုးချင်ယုကို စိုက်ကြည့်နေခဲ့သည်။

လုချန်ရှန်းမှာလည်း တအံ့တဩဖြစ်သွားခဲ့သည်၊ သူသည် အဆိုပါ ပုံရိပ်ထံမှ မည်သည့်အသက်စွမ်းအားကိုမှ အာရုံမခံမိခဲ့ပေ၊ ၎င်း၏ ကျင့်ကြံရေးသည် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၃တွင် ရှိနေခဲ့သည်။

……………………………………………………………………………………………………………………………………..

အပိုင်း ( 17 )

ချန်းလော့မျှော်စင်

ဤနေရာတွင် ရှိနေသည့် အရာအားလုံးကို လုချန်ရှန်း၏ စိတ်စွမ်းအားက ဖုံးလွှမ်းထားခဲ့သည်။

သူသည် အနက်ရောင် ပုံရိပ်ကို စိုက်ကြည့်နေပြီး၊ ၎င်းက ကန်းယွင်ဂိုဏ်းမှ မဟုတ်ဘဲ၊ ကျိုးချင်ယုအား ပစ်မှတ်ထားနေကြောင်းကို သေချာသွားခဲ့သည်။

ထိုအချိန်တွင် တပည့်အုပ်စုမှာ အနောက်သို့ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည်။

အကြီးအကဲ အနည်းငယ်သာ ကျန်နေခဲ့ပြီး၊ ကျိုးချင်ယုနှင့်အတူ သားရဲတစ်ကောင်ကို တိုက်ခိုက်နေခဲ့သည်။

သို့သော် ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင် အနက်ရောင်ပုံရိပ် လှုပ်ရှားလာခဲ့သည်။ သူ၏ခန္ဓာကိုယ်ထံမှ မှော်စွမ်းအား ပေါက်ထွက်လာခဲ့ပြီး၊ သူ၏လက်ဝါးအတွင်းတွင် မျှော်စင်ငယ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

၎င်းသည် လက်မအနည်းငယ်မျှသာ ရှည်လျားကာ၊ အလွှာခုနစ်ခု ပါဝင်နေခဲ့သည်၊ သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ၎င်းကို ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်သည်။

မီးပင်လယ်ပေါ်တွင် ဧရာမ အရိပ်မဲတစ်ခု ပေါ်လာခဲ့သည်။

ကျိုးချင်ယု၏ အထက်တွင် မျှော်စင်ငယ်သည် လေကို ဝါးမြိုသွားပြီး၊ ဆယ်ပေမြင့်မားသည့် မျှော်စင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ ကောင်းကင်ထက်မှ ဆင်းသက်လာ၍၊ ရန်သူကို ချေမှုန်းလာခဲ့သည်။

( တရုတ်ရိုးရာ မျှော်စင်လို စေတီငယ်ပါ၊ ဝူခုန်း နတ်ပြည်မှာ သောင်းကျန်းနေတုန်းက သူ့ကို ဖိနှိပ်ဖို့အတွက် နတ်တစ်ပါးလား၊ ဒါမှမဟုတ် နီကျားကလားမသိ ထုတ်သုံးခဲ့တဲ့ ပြဿဒ်လိုဟာပေါ့ဗျာ )

“ စီနီယာအစ်ကိုကြီး၊ သတိထား “

အဆိုပါ မျှော်စင်ငယ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါတွင် ယဲ့တျန်ရီသည် အလောတကြီး ပြေးတက်သွားကာ၊ အော်ပြောလိုက်သည်။

ကျိုးချင်ယုသည် အချိန်မလောက်သောကြောင့် တိုက်ခိုက်မှုကို ယာယီသာ တားဆီးလိုက်ရသည်။

သို့ရာတွင် အနက်ရောင် ပုံရိပ်က ၎င်း၏ မှော်စွမ်းအားကို မျှော်စင်ငယ်ဆီသို့ ပို့လွှတ်လိုက်သည့် အချိန်တွင်၊ မျှော်စင်၏ စွမ်းအားမှာ ထပ်မံ၍ မြင့်တက်လာခဲ့ပြီး၊ ပိုမိုလေးလံလာခဲ့ကာ၊ ရန်သူကို ဖိနှိပ်ရန် အောက်သို့ ဆက်လက်၍ ဆင်းသက်လာခဲ့သည်။

“ စိတ်ဝိညာဥ်အဆင့် မှော်ပစ္စည်း “

လုချန်ရှန်းသည် တအံ့တဩဖြစ်သွားခဲ့သည်၊ ဤလောကအတွင်းရှိ မှော်ပစ္စည်းများကို အဆင့်မျိုးမျိုး ခွဲခြားထားခဲ့သည်။

အဆင့်အနိမ့်ဆုံးမှာ သေမျိုးအဆင့်ဖြစ်သည်၊ ၎င်း၏အထက်တွင် ဆန်းကြယ်၊ စိတ်ဝိညာဥ်၊ ဘုရင်နှင့် နတ်ဘုရားအဆင့်ဟူ၍ အသီးအသီး ရှိနေခဲ့သည်။

ထို့အပြင် မှော်ပစ္စည်းများသည် အလွန်တရာ အဖိုးတန်းကာ သန့်စင်ရ ခက်ခဲလွန်းလှသည်။ ၎င်းတို့၏ တန်ဖိုးများမှာ ကြောက်ခမမ်းလိလိ မြင့်မားနေခဲ့ပြီး၊ အဆင့်တစ်ဆင့်ချင်းစီတိုင်းကိုလည်း အဆင့်သေးသုံးခုဖြင့် ထပ်မံ၍ ခွဲခြားထားခဲ့လေသည်။ ဈေးအပေါဆုံး အဆင့်နိမ့် ရွှမ်အဆင့်(အနက်ရောင်အဆင့်) မှော်ပစ္စည်းကပင် ဝိညာဥ်ကျောက်တုံး ထောင်နှင့်ချီ၍ တန်ကြေးရှိနေခဲ့သည်။

စိတ်ဝိညာဥ်အဆင့် ပစ္စည်းကမူ ဝိညာဥ်ကျောက်တုံး သောင်းနှင့်ချီ၍ တန်နေခဲ့ကာ၊ ထိပ်တန်းအဆင့် ပစ္စည်းမှာ သိန်းဂဏန်းအဖြစ် ဈေးပေါက်နေခဲ့သည်။ ဘုရင်အဆင့် ပစ္စည်းကမူ မွေးရာပါ ဝိညာဥ်အဆင့် လက်နက်သန့်စင်သူကပင် အလွယ်တကူ မသန့်စင်နိုင်သော ရတနာတစ်ခုဖြစ်သည်၊ သူတို့သည် ဆယ်စုနှစ်ပေါင်းများစွာ(သို့) ရာစုနှစ်တစ်ခုကြာသည့် အချိန်တွင် တစ်ကြိမ်မျှသာ သန့်စင်နိုင်ကြသည်။

မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်များကပင် အဆင့်မြင့် စိတ်ဝိညာဥ်အဆင့် မှော်လက်နက်ကို မပိုင်ဆိုင်ကြပေ။

ကန်းယွင်ဂိုဏ်းကပင် အဆင့်နိမ့် စိတ်ဝိညာဥ်အဆင့် မှော်လက်နက်နှင့် အဆင့်မြင့် စိတ်ဝိညာဥ်အဆင့် မှော်လက်နက်ကို ပိုင်ဆိုင်ထားကြသည်။

( လက်နက်နဲ့ မှော်လက်နက် မတူပါဘူး၊ လက်နက်ကျတော့ ဓားတို့ လှံတို့ပါ၊ မှော်လက်နက်ကျ ပစ္စည်းမျိုးစုံဖြစ်နိုင်ပါတယ်၊ ဦးထုပ်၊ ဖိနပ်၊ သစ်ရွက်၊ ဝတ်ရုံ၊ လက်ပတ်စသည်ဖြင့်ပေါ့ )

ကန်းပြည်နယ်တစ်ခုလုံးမှာပင် စိတ်ဝိညာဥ်အဆင့် မှော်ရတနာများမှာ အတော်လေး ရှားပါးလွန်းနေခဲ့သည်။

မျှော်စင်ငယ် ကျဆင်းလာသည်နှင့်တစ်ပြိုင်နက်၊ ၎င်း၏ စွမ်းအား ပျံ့လွင့်လာခဲ့ပြီး၊ အူတိုင်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်လုနီးပါးဖြစ်နေသည့် ကျိုးချင်ယုကပင် အံ့ဩတကြီး ဖြစ်သွားခဲ့ရသည်။

ချီသိပ်သည်းခြင်း အဆင့်၇တွင်သာ ရှိနေသည့် ယဲ့တျန်ရီကမူ သူ၏ကိုယ်ပိုင် ဘေးကင်းလုံခြုံရေးအတွက်ပင် အသည်းအသန် ခုခံနေခဲ့ရပြီး၊ သူ၏ဓားရှည်မှာ ချက်ချင်းပျက်စီးသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်ကာ၊ သူ့ကိုသတ်ရန် ပြင်လာခဲ့သည်။

“ တျန်ရီ “

ချင်းယွင်တောင်ထွဋ်မှ အကြီးအကဲ၏ အမူအရာ မည်းမှောင်သွားခဲ့သည်။

ကျိုးချင်ယုသည် မိုးပြာရောင် လေငှက်ကို တစ်ခဏခန့် တွန်းလှန်လိုက်ပြီး၊ သူ၏ဓားရည်ရွယ်ချက်ကို အသက်သွင်းကာ၊ ဓားစွမ်းအင်ကို မြှင့်တင်၍ ဖိနှိပ်ချုပ်နှောင်မှုကို ချိုးဖျက်ရန် ကြိုးပမ်းလိုက်သည်။

မိုးပြာရောင် လေငှက်က ပြန်၍ထိုးသုတ်လာသည့် အချိန်တွင် မျှော်စင်ငယ်က ကျဆင်းသွားခဲ့ပြီးပြီ ဖြစ်သည်။

ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။ သူတို့သည် တစ်စုံတစ်ဦးက တိတ်တဆိတ် လှုပ်ရှားနေကြောင်းကို သိကြသော်လည်း၊ ယခုလက်ရှိ အချိန်မှာ စုံစမ်းစစ်ဆေးနေရမည့် အချိန် မဟုတ်ပေ။

မျှော်စင်ငယ်က ယဲ့တျန်ရီကို ထိုးဖောက်သွားတော့မည့် အချိန်တွင် မြေပြင်မှ အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့သည်။

ရွှေရောင် စိတ်စွမ်းအား လှိုင်းတစ်ခု ပျံ့လွင့်လာခဲ့ပြီး၊ မျှော်စင်ငယ်၏စွမ်းအားကို တားဆီးပိတ်ဆို့သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် မှော်စွမ်းအားတစ်ခုသည် မျှော်စင်ကို ဖုံးလွှမ်းသွားပြီး၊ ၎င်းကို ချုပ်နှောင်ကာ အကျဥ်းချရန် ကြိုးပမ်းနေတော့သည်။

ဆယ်ပေမြင့်မားသည့် မျှော်စင်ငယ်သည် အဆက်မပြတ် တုန်ခါနေပြီး၊ ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ကြိုးပမ်းနေခဲ့သည်။ သို့သော် ၎င်းသည် မှော်စွမ်းအား၏ လွှမ်းမိုးမှုအောက်သို့ နစ်မြုပ်သွားပြီး၊ တစ်ခဏအကြာတွင် မူလအရွယ်အစားအတိုင်း ပြန်ဖြစ်သွားကာ၊ မြေပြင်ပေါ်သို့ ကျသွားခဲ့သည်။

“ အဲ့တာက …… “

ယဲ့တျန်ရီ၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။ သူသည် သူသေရတော့မည်ဟု တွေးထားလိုက်ပြီဖြစ်သော်လည်း၊ အန္တရာယ်မှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။

အကြီးအကဲတစ်စုမှာလည်း မည်သည့်အရာများ ဖြစ်ပျက်သွားလဲဆိုသည်ကို သတိမပြုမိကြပေ။

သူတို့သည် မြေပြင်ပေါ်သို့ ငုံ့ကြည့်လိုက်ကြသော်လည်း၊ မီးတောက်ကြီးတစ်ခုမှတစ်ပါး အခြားသော အရာများကို မမြင်တွေ့ခဲ့ရပေ။

လုချန်ရှန်းသည် မီးတောက်အလယ်တွင် မတ်တပ်ရပ်နေလျက်ရှိပြီး၊ စေတီငယ်တစ်ဆူကို ကိုင်ဆောင်ထားခဲ့သည်။ လက်ရာသေသပ်ကာ၊ ခမ်းနားထည်ဝါသည့် စေတီငယ်တွင် ပုံစံကွက်များစွာ ပါဝင်နေပြီး၊ ရှေးဟောင်းအငွေ့အသက် အနည်းငယ်ကို သယ်ဆောင်ထားခဲ့သည်။

သူသည် မျှော်စင်တွင် အက်ကွဲကြောင်းတစ်ခုရှိနေသည်ကို သတိပြုမိနေခဲ့သည် “ ချန်းလော့မျှော်စင် “

လုချန်ရှန်းသည် အဆိုပါ ပစ္စည်းက ချန်းလော့ဂိုဏ်း၏ မှော်ရတနာဆိုသည်ကို မှတ်မိနေခဲ့သည်။

ကန်းယွင်နှင့် ရွှမ်ထျန်းဂိုဏ်းတို့ကဲ့သို့ပင် ချန်းလော့ဂိုဏ်းသည် ကန်းပြည်နယ်၏ ဂိုဏ်းကြီးသုံးခုအနက်မှ တစ်ခုဖြစ်သည်။ မျှော်စင်ပေါ်တွင် ချန်းလော့ဂိုဏ်း၏ အမှတ်အသား ရှိနေပြီး၊ အတွင်းပိုင်းတွင်လည်း အမှတ်အသားများစွာ တည်ရှိနေခဲ့သည်။

၎င်းသည် တစ်ချိန်က အဆင့်မြင့် စိတ်ဝိညာဥ်အဆင့် မှော်လက်နက်တစ်ခုဖြစ်ခဲ့ဖူးသည်၊ သို့သော် မဟာတိုက်ပွဲကြီးတွင် ထိခိုက်သွားခဲ့သောကြောင့်၊ အဆင့်နိမ့် စိတ်ဝိညာဥ်အဆင့် လက်နက်အဖြစ်သို့ ကျဆင်းသွားခဲ့သည်။

ဤအခိုက်အတန့်တွင် ၎င်းမှာ ရုန်းကန်လှုပ်ရှားနေသေးသည်၊ တစ်စုံတစ်ဦးက ၎င်းကို ပြန်လည်ဆင့်ခေါ်ရန် ကြိုးပမ်းနေခဲ့သည်၊ ထိုလူသည် အနက်ရောင်ဝတ်စုံနှင့် လူပင်ဖြစ်သည်။ သို့ရာ၌ အချိန်အတော်ကြာ ကြိုးပမ်းနေခဲ့ပြီးသည့်နောက်မှာပင် မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပေ။

မကြာခင်မှာပင် တစ်ခြားတောင်ထွဋ်မှ လူများ အပြေးအလွှားရောက်ရှိလာကြသည်။

အနက်ရောင် ပုံရိပ်သည် ကန်းယွင်ဂိုဏ်းမှ လူများ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါတွင် မျှော်စင်ငယ်ကို လက်လျှော့လိုက်ကာ၊ တောအုပ်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

လုချန်ရှန်းသည် ထိုလူ့နောက်သို့ လိုက်ရန်အတွက် တောအုပ်အတွင်းသို့ ပြေးဝင်သွားခဲ့သည်။

မိုင်တစ်ရာအကွာတွင် သူသည် မှော်စွမ်းအားကို ထုတ်လွှတ်ကာ အဆိုပါ အနက်ရောင် ပုံရိပ်ကို တားဆီးပိတ်ဆို့လိုက်သည်။

အနက်ရောင် ပုံရိပ်သည် တောင်များဆီသို့ လွင့်ထွက်သွားခဲ့သည်။

သူသည် ချက်ချင်းမတ်တပ်ထရပ်လာပြီး၊ ထွက်သွားချင်နေခဲ့သည်၊ သို့သော် လုချန်ရှန်းသည် သူ့အရှေ့သို့ ရောက်ရှိလာခဲ့ပြီး၊ သူ၏လက်ကို ဝေ့ရမ်းကာ၊ အဆိုပါ ပုံရိပ်ကို ဖိနှိပ်လိုက်သည်။

လှုပ်ရှားမှုမှာ အလွန်တရာ ချောမွေ့ညက်ညောနေခဲ့သည်။ ပြိုင်ဘက်သည် မှော်စွမ်းအား၏ ဖိနှိပ်မှုကို ခံလိုက်ရကာ၊ မည်သို့မျှ မလှုပ်ရှားနိုင်တော့ပေ။

လုချန်ရှန်းကမူ သူ့အရှေ့တွင် ရှိနေသည့် လူကို ကြည့်ကာ အံ့ဩမှင်သက်သွားခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် အဆိုပါ ပုံရိပ်မှာ သက်ရှိလူသားတစ်ဦး မဟုတ်ဘဲ၊ လူသားပုံသဏ္ဍာန် ရုပ်သေးတစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။

အနက်ရောင် ဝတ်ရုံ၏ အောက်တွင် သာမန်မျက်နှာတစ်ခုသာ ရှိနေခဲ့သည်၊ သို့သော် ၎င်း၏ ခန္ဓာကိုယ်ထံမှ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၃ ပညာရှင်၏ စွမ်းအားလှိုင်းများ ထွက်ပေါ်နေခဲ့သည်။

“ အူတိုင်ဖွဲ့စည်းခြင်းအဆင့် ရုပ်သေးလား။ ဘယ်သူ့ဆီမှာ ဒီလိုရည်မှန်းချက်ကြီး ရှိနေတာလဲဟ “

လုချန်ရှန်းသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ များသောအားဖြင့် ရုပ်သေးများကို အမျိုးအစားနှစ်မျိုး ခွဲခြားထားခဲ့သည်။ ပထမတစ်မျိုးကို သက်ရှိသတ္တဝါတို့၏ ခန္ဓာကိုယ်များဖြင့် ပြုလုပ်လေ့ရှိပြီး၊ ၎င်းသည် အလွယ်ကူ အရိုးရှင်းဆုံးသော နည်းလမ်းဖြစ်သည်။ သို့ရာတွင် တစ်ကြိမ်တစ်ခါမျှ ပြုလုပ်လိုက်သည်နှင့်တစ်ပြိုင်နက်၊ ၎င်း၏ ကိုယ်ပိုင်ကျင့်ကြံရေးကို ဆုံးရှုံးသွားစေမည် ဖြစ်သည်။

လိုအပ်သော အရင်းအမြစ်မှာ အလွန်တရာ များပြားနေခဲ့ပြီး၊ အစွမ်းထက် ပညာရှင်တစ်ဦးကို ပြုစုပျိုးထောင်ပေးရသည့် ပမာဏထပ် မည်သို့မျှ လျော့နည်းမနေခဲ့ပေ။

ထို့အတူ ရုပ်သေးများသည် ကျင့်ကြံသူများ မလုပ်နိုင်သည့် အရာတော်တော်များများကို လုပ်နိုင်ကြသည်။ ဥပမာအားဖြင့် ယခုမြင်တွေ့လိုက်ရသည့် အသေခံစစ်သားပင် ဖြစ်သည်၊ သူတို့သည် ကျိုးချင်ယုကို လုပ်ကြံသတ်ဖြတ်ရန်အတွက် မျှော်စင်တစ်ခုကို ယူဆောင်လာခဲ့သည်။ အကယ်၍ သူတို့ကို ရှာတွေ့သွားမည်ဆိုလျှင်တောင်မှ၊ ၎င်းနှင့်အတူ ထွက်ပြေးနိုင်ကြသေးသည်။

တစ်ခြားသော အမျိုးအစား တစ်ခုကိုမူ အမျိုးမျိုးသော ရှားပါးပစ္စည်းများနှင့် အဖိုးတန် ပစ္စည်းတို့ဖြင့် ပြုလုပ်လေ့ရှိသည်။ ထို့အပြင် ပါဝင်ပစ္စည်းများကသာ လုံလုံလောက်လောက် အံ့ဖွယ်ကောင်းနေသရွေ့၊ သူတို့မှာ ဆက်လက်၍ ကြီးထွားတိုးတက်နိုင်သေးသည်။

“ ရွှမ်ထျန်းဂိုဏ်းက ငါတို့ စီနီယာအစ်ကိုကြီးကို သတ်ဖို့အတွက် တကယ်ကြီးကို အစွမ်းကုန်ကြိုးစားနေတာပဲဟ “

လုချန်ရှန်းသည် အကြံတစ်ခု ရသွားခဲ့သည်။ ချန်းလော့မျှော်စင်က ချန်းလော့ဂိုဏ်းနှင့်သာ သက်ဆိုင်သည်ဟု အားလုံးက သိထားကြသည်၊ ထို့ကြောင့် အကယ်၍ သူတို့က တစ်စုံတစ်ဦးကို လုပ်ကြံသတ်ဖြတ်ကြမည်ဆိုလျှင်တောင်မှ၊ ၎င်းကို အသုံးပြုလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ဤလုပ်ရပ်အားလုံးမှာ ရွှမ်ထျန်းဂိုဏ်း၏ လက်ချက်သာလျှင် ဖြစ်ရမည် ဖြစ်သည်။

အကယ်၍ သူတို့ ကျဆုံးသွားမည်ဆိုပါက၊ သူတို့သည် ဤကိစ္စနှင့် ဝေးဝေးနေကာ၊ ချန်းလော့ဂိုဏ်းကို အပြစ်ဖို့ရန် ကြံစည်ထားကြပုံရသည်။

သို့ရာတွင် လူတိုင်းက အရူးမဟုတ်ပေ။ ဤမျှ သိသာလွန်းလှသော လှုပ်ရှားမှုကို မည်သူမဆို တွက်ချက်မှန်းဆမိနိုင်ပေသည်။ အကယ်၍ ကန်းယွင်ဂိုဏ်းက ၎င်းကို တွေးမိသွားမည်ဆိုလျှင်တောင်မှ၊ သူသည် ချန်းလော့ဂိုဏ်းကို သတိကြီးကြီး ထားနေဦးမည် ဖြစ်သည်။ ယနေ့ခေတ်တွင် မည်သူ့ကိုမှ အလွယ်တကူ မယုံကြည်သင့်ပေ။

ထို့အပြင် တစ်ခြားသော ဖြစ်နိုင်ခြေတစ်ခုလည်း ရှိနေသေးသည်။ အကယ်၍ ချန်းလော့ဂိုဏ်းက သူတို့၏ မှော်လက်နက် ပျောက်ဆုံးသွားသည်ကို သတိမပြုမိဘဲ၊ ၎င်း၏ခြေရာလက်ရာများကို အာရုံခံနေရင်းဖြင့် ဤနေရာသို့ ရောက်လာခဲ့မည်ဆိုပါက၊ ကန်းယွင်ဂိုဏ်းက မည်ကဲ့သို့ တုံ့ပြန်ကြရမည်နည်း။

ကျိုးချင်ယုကို သတ်ဖြတ်ရန်အတွက် တစ်စုံတစ်ဦးက ချန်း‌လော့ဂိုဏ်း၏ မှော်ပစ္စည်းကို ခိုးယူခဲ့သည်ဟု ပြောလိုက်မည်ဆိုပါက ……. ထိုစကားကို မည်သူက ယုံကြည်ကြမည်နည်း

အကယ်၍ ချန်းလော့ဂိုဏ်းမှ မလှုပ်ရှားလာခဲ့ဘူးဆိုလျှင်တောင်မှ၊ သူတို့သည် ကန်းယွင်ဂိုဏ်းကို သတိကြီးကြီး ထားသွားကြမည်သာ ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ဦးကသာ မီးအတွင်းသို့ လောင်စာထည့်လာခဲ့မည်ဆိုပါက ……..

လုချန်ရှန်းသည် တွေးတောစဥ်းစားနေရင်းဖြင့်၊ မည်သည့်ရလဒ်ပင် ပေါ်ထွက်လာခဲ့ပါစေ၊ ရွှမ်ထျန်းဂိုဏ်းကသာလျှင် ကောင်းကျိုးရသွားလိမ့်မည်ဆိုသည့်အချက်ကို သိရှိသွားခဲ့သည်။

ကျိုးချင်ယုကို သတ်နိုင်ပါက၊ အကောင်းဆုံးဖြစ်သွားမည် ဖြစ်သည်။ သို့သော် ထိုကဲ့သို့ မလုပ်နိုင်ဘူးဆိုလျှင်တောင်မှ၊ ဂိုဏ်းနှစ်ဂိုဏ်းကြားတွင် သံသယနှင့် ပဋိပက္ခ မီးပွားများ တောက်လောင်သွားမည် ဖြစ်သည်။

“ ရွှမ်ထျန်းဂိုဏ်းက တကယ်ကြီးကို ဒီလောက်တောင် ရက်စက်တာလားဟ “

လုချန်ရှန်း၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။

ချန်းလော့ဂိုဏ်းက ထိုပစ္စည်းကို သန့်စင်ထားသည်မှာ နှစ်ပေါင်းထောင်နှင့်ချီ၍ ကြာရှည်နေပြီဖြစ်သည့်အတွက်၊ ၎င်းထံတွင် အချိန်တိုအတွင်း ဖယ်ရှား/ဖျောက်ဖျက်၍ မရသော အမှတ်အသားများ သေချာပေါက်ရှိနေမည်ဖြစ်သည်။ ချန်းလော့ဂိုဏ်းသည် ၎င်းကို အာရုံခံရင်းဖြင့် ဤနေရာကို ရှာတွေ့သွားနိုင်ပေသည်။

ပျောက်ဆုံးသွားခဲ့ခြင်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ သူတို့ကိုယ်ပိုင် ပစ္စည်းကို ကန်းယွင်ဂိုဏ်း၏ ပိုင်နက်အတွင်းတွင် ရှာဖွေတွေ့ရှိသွားပါက၊ မည်ကဲ့သို့ တွေးထင်သွားကြမည်နည်း။

လုချန်ရှန်းသည် သူ့လက်ထဲတွင် ရှိနေသည့် မျှော်စင်နှင့် သူ့အရှေ့တွင် ရှိနေသည့် ရုပ်သေးကို ကြည့်ကာ၊ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ သူသည် အဝေးရှိ တိုက်ပွဲမြေပြင်ကို လှမ်းကြည့်လိုက်သည်။

“ သူတို့က ကန်းယွင်ဂိုဏ်းကို ဘာလို့ ဒီလောက်တောင် အငြှိုးအတေးထားနေရတာလဲဟ။ ငါကြားတာတော့ ရွှမ်ထျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်က မိန်းမတစ်ယောက်တဲ့။ ငါတို့ဂိုဏ်းချုပ်က မဟုတ်တာ တစ်ခုခု လုပ်ထားလို့များလား “

တစ်ခဏအတွင်းမှာပင် လုချန်ရှန်း၏ အတွေးတို့မှာ ဟိုရောက်ဒီရောက် ဖြစ်သွားခဲ့သည်။ သူသည် အချိန်အတော်ကြာ ငိုင်နေခဲ့ပြီးမှ၊ လှည့်ပြန်သွားခဲ့သည်။

ပြန်ရောက်ရင်တော့ သေချာပေါက် အဖြေရှာမှ ဖြစ်မယ်

သို့ရာ၌ တစ်ဖက်လူသည် ဤတစ်ကြိမ်တွင် ကျိုးချင်ယုကို ပစ်မှတ်ထားနေခဲ့သည်။ သူတို့က သူ၏ မြင့်မားလွန်းလှသော အရည်အသွေးနှင့် ကြီးထွားမှုတို့ကို ကြောက်ရွံ့နေကြသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။

ဒါမှမဟုတ် ငါ့ရဲ့ စီနီယာ အရင်တစ်ခေါက်က ကန်းပြည်နယ် တက်လှမ်းခြင်း အစည်းအဝေးမှာ ငါမသိတဲ့ ကိစ္စတစ်ခုခုကို လုပ်ခဲ့လို့များလား

ရုတ်တရက်ဆိုသလိုပင် သူသည် ယခင်ဖြစ်ရပ်များကို မှတ်မိသွားခဲ့သည်။ ထိုနေ့တွင် ရွှမ်ထျန်းဂိုဏ်း၏ ဂိုဏ်းချုပ်က သူ၏စီနီယာအစ်ကိုအား များစွာ ချီးကျူးပြောဆိုခဲ့သည်ကို သူကြားခဲ့ရသည်၊ သို့သော် သူသည် ထိုနေ့ညက သူ့ကို မည်သို့မျှ ရှာမတွေ့ခဲ့ပေ။

“ စီနီယာအစ်ကိုက အဲ့တာများ ……….. “

……………………………………………………………………………………………………………………………………….

အပိုင်း ( 18 )

ရွှမ်ထျန်းဂိုဏ်းရေ၊ ကျေးဇူးပဲကွာ

တစ်ခဏ အကြာတွင် လုချန်ရှန်းသည် တိုက်ပွဲမြေပြင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

မီးပင်လယ် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး၊ လူတော်တော်များများသည် လှုပ်ခတ်မှုများကို သတိပြုမိသွားကာ၊ ဤနေရာသို့ အလောတကြီး ပြေးလာနေကြသည်။

သူတို့သည် အကြောင်းအရင်းကို လျင်မြန်စွာ သိရှိသွားကြသည်၊ မီးတောက်တွေ အချိန်မှီ ထွက်လာခဲ့ပြီးတော့ ပုံရိပ်ယောင် နတ်ဘုရားပန်းတွေကို ပြာချသွားတာပဲ

သူတို့သည် ဤကိစ္စနောက်တွင် မည်သူရှိနေလဲဆိုသည်ကို မသိဘဲ၊ မျှော်စင်တစ်ခုကိုသာ မြင်တွေ့ခဲ့ကြသည်။ သူတို့သည် အကြိမ်ပေါင်းများစွာ ရှာဖွေခဲ့ကြသော်လည်း၊ မျှော်စင်နှင့် ပတ်သက်သည့် မည်သည့် သဲလွန်စကိုမှ ရှာမတွေ့ခဲ့ပေ။ မျှော်စင်သည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရောက်လာခဲ့သော်လည်း၊ လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားခဲ့သည့်အတွက် လူတိုင်း ကြောက်အမ်းအမ်း ဖြစ်သွားကြရသည်။

လုချန်ရှန်းက တောအုပ်အတွင်းမှ ခေါင်းပြူထွက်လာခဲ့သော်လည်း၊ အကြီးအကဲများသည် သူ့ကို လျစ်လျူထားခဲ့သည်။

သူ၏စီနီယာအစ်ကို နှစ်ယောက်ကသာလျှင် သူအဆင်ပြေနေသည်ကို မြင်တွေ့လိုက်ရသောအခါတွင် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

လော့ရှန်လင်းသည် ထိုအကြောင်းကို ကြားခဲ့ရသောအချိန်တွင် ဤနေရာသို့ အလောတကြီး ပြေးလာခဲ့သည်။ သို့သော် သူမသည် လုချန်ရှန်းကို ရှာမတွေ့သောကြောင့် လွန်စွာစိုးရိမ်ပူပန်သွားကာ၊ မျက်ရည်ကျလုမတတ် ဖြစ်သွားခဲ့သည်။

သူထိခိုက်ဒဏ်ရာ မရရှိဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် သူမသည် သူ့အနားသို့ ပြေးလာခဲ့ကာ၊ မအောင့်ထားနိုင်တော့ဘဲ၊ မျက်ရည်တရွှဲရွှဲ ဖြစ်သွားခဲ့သည်။

“ စီနီယာအစ်ကို ချန်ရှန်း၊ ရှင်ဘယ်သွားနေတာလဲ။ ဒီမှာ ပြဿနာဖြစ်နေတယ်လို့ ကျွန်မကြားခဲ့ရတယ်၊ ကျွန်မ သေလောက်အောင် ကြောက်သွားခဲ့ရတာ “

လုချန်ရှန်းမှ ပြန်ပြောလိုက်သည် “ စီနီယာအစ်ကိုတွေနဲ့ အကြီးအကဲတွေ ရှိနေတဲ့ဟာကို ငါက ဘယ်လိုလုပ် ဒုက္ခရောက်နိုင်မှာလဲ “

“ အရမ်းစိုးရိမ်ဖို့ကောင်းတယ်။ ဒီလိုနေရာတွေကို ထပ်မလာနဲ့တော့ “

လော့ရှန်လင်းသည် ကြောက်ရွံ့ထိတ်လန့်မှု လှိုင်းလုံးကြီးတစ်ခုက သူမကို ဖုံးလွှမ်းသွားသည်ဟု ခံစားနေခဲ့ရသည်။

အကြီးအကဲများမှာလည်း သက်ပြင်းတချချ ဖြစ်သွားကြသည်။ မျက်နှာသာပေးတာကလည်း လွန်လွန်းပါတယ်ကွာ၊ ငါတို့က တပည့်တွေကို ဒီအတိုင်း မပစ်ထားပါဘူးဟ

ရွှမ်ထျန်းဂိုဏ်းမှ လူများလည်း ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

အဘိုးအိုသည် အားလုံးကို ငေးမောကြည့်ရှုလာခဲ့သော်လည်း၊ မည်သို့မျှ အမူအရာ မပြောင်းလဲသွားခဲ့ပေ။

လုချန်ရှန်းမှာလည်း တိတ်ဆိတ်ငြိမ်သက်စွာ နေနေခဲ့သည်။ တစ်ချို့သည် သားရဲများကို တိုက်ခိုက်နေရင်းဖြင့် ဒဏ်ရာတစ်ချို့ ရရှိသွားခဲ့သည်။

လူတိုင်း မထိမခိုက်ရှိနေသည်ကို မြင်လိုက်ရသောအခါတွင် ရှီဖုန်းတစ်ဦးတည်းကသာလျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် အရာအားလုံးကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီး၊ နောက်သုံးရက်အကြာတွင် သားရဲလှိုင်းကို အပြည့်အဝ မောင်းထုတ်နိုင်ခဲ့ပြီး၊ ကန်းယွင်ဂိုဏ်းသည် အိမ်ပြန်ခရီးစဥ်ကို စတင်နေကြတော့သည်။

လုချန်ရှန်းသည် အေးအေးလူလူ ရှိနေစဲဖြစ်ပြီး၊ အားလုံးနှင့်အတူ ကန်းယွင်သို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင်၊ သားရဲအလောင်းများကို ချက်ချင်းရောင်းချလိုက်သည်။

၎င်းတို့က ဈေးသိပ်မရသော်လည်း၊ အရေအတွက် များပြားနေသောကြောင့်၊ ၎င်းတို့ကို ရောင်းချခဲ့ပြီးသည့်နောက်တွင် ဝိညာဥ်ကျောက်တုံး တစ်သောင်းနီးပါးအထိ ရရှိခဲ့သည်။

ထို့နောက်တွင် သူသည် အနက်ရောင် ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ကာ၊ ကွေ့ရှန်ယွမ်သို့ ထွက်လာခဲ့သည်။

သူသည် ဤနေရာက ပြည့်တန်ဆာအိမ်အဖြစ် ဗန်းပြလုပ်ကိုင်ကာ၊ အမျိုးမျိုးသော စီးပွားရေးများ၊ အရောင်းအဝယ်များနှင့် ငွေပေးငွေယူ ကိစ္စများ လုပ်ဆောင်နိုင်သည်ဆိုသည်ကို သိနေခဲ့သည်။

လုချန်ရှန်းသည် ချန်းလော့မျှော်စင်ကို ထုတ်ယူလိုက်သည်။ ယခုတွင် ၎င်းက ပူနွေးသော အာလူးတစ်လုံး ဖြစ်နေပြီး၊ သူသည် ၎င်းကို တတ်နိုင်သမျှ အမြန်ဆုံး ရောင်းထုတ်ရမည် ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘဲ၊ ၎င်းက သူ၏လက်ထဲတွင် ဆက်ရှိနေမည်ဆိုပါက၊ ၎င်းသည် ပြဿနာ အများအပြားကို သယ်ဆောင်လာမည် ဖြစ်သည်။

သို့သော် သူသည် အနည်းငယ် ထိခိုက်ပျက်စီးနေသည့် မျှော်စင်ကို ဝိညာဥ်ကျောက်တုံး ၄သောင်းနီးပါးဖြင့် ရောင်းချနိုင်ခဲ့လေသည်။

သူသည် ဝိညာဥ်ကျောက်တုံး အများအပြား ရရှိရုံတင် မဟုတ်ဘဲ၊ ဤပြဿနာကိုပါ ဖြေရှင်းနိုင်ခဲ့လေသည်။

ဤနေရာတွင် ပစ္စည်းများ ရောင်းချရခြင်း၏ အားသာချက်တစ်ခုမှာ မည်သည့်အရာပင် ဖြစ်နေပါစေ၊ ၎င်းက မည်သည့်နေရာမှ ရရှိလာလဲဆိုသည်ကို မည်သူကမှ မမေးကြခြင်းပင် ဖြစ်သည်။ ငွေနှင့် ပစ္စည်းကို တိုက်ရိုက်ဖလှယ်ကာ တစ်ဦးနှင့်တစ်ဦး မည်သို့မျှ မနှောင့်ယှက်ကြပေ။

လုချန်ရှန်းသည် ဤတစ်ကြိမ် ခရီးစဥ်တွင် အကျိုးအမြတ် ကြီးကြီးမားမား ရရှိခဲ့သည်။ ယခု၌ သူ၏လက်ထဲတွင် ဝိညာဥ်ကျောက်တုံး ရှစ်သောင်းနီးပါး ရှိနေပြီး၊ ၎င်းသည် သူ့အား အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉သို့ ပို့ဆောင်ပေးနိုင်လိမ့်မည်ဟု သူမှန်းဆမိနေခဲ့သည်။

လုချန်ရှန်းသည် စိတ်ခံစားချက်ကောင်းနေသောကြောင့်၊ သီချင်းညည်းကာ ဂိုဏ်းသို့ ပြန်သွားနေခဲ့သည်။

သူသည် ငွေများကို လာပို့ပေးသည့် ရွှမ်ထျန်းဂိုဏ်းကို ကျေးဇူးတင်နေခဲ့သည်။

အဲ့ဒီမျှော်စင်သာ မရှိဘူးဆိုရင်၊ ငွေကို ကုန်းရုန်းပြီးတော့ ရှာနေရမှာကွာ

သို့ရာတွင် သူသည် ထိုလူသုံးဦး၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသေးသည်၊ ယခုချက်ချင်း လှုပ်ရှားလိုက်မည်ဆိုပါက၊ ပြဿနာတက်သွားနိုင်သောကြောင့် သူသည် ထိုလူသုံးဦးက ဂိုဏ်းမှ ထွက်သွားသည့် အချိန်မှသာလျှင် စတင်၍ လှုပ်ရှားမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရွှမ်ထျန်းဂိုဏ်း၏ လူသုံးဦးသည် တအံ့တဩဖြစ်နေသော အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။

သူတို့သည် ဤကိစ္စနောက်တွင် ရှိနေခဲ့သည့် လူများဖြစ်သည်။

သို့သော် သူတို့သည် ကျိုးချင်ယုကိုသာလျှင် မဟုတ်ဘဲ၊ ကန်းယွင်ဂိုဏ်း၏ မည်သူ့ကိုမှ ထိခိုက်ဒဏ်ရာရရှိသွားအောင် မပြုလုပ်နိုင်ခဲ့ပေ။

သူတို့က မေးမြန်းချင်ကြသော်လည်း၊ ချင်းယွင်တောင်ထွဋ်တစ်ခုလုံးက နှုတ်ဆိတ်နေခဲ့ကြသည်။

“ ဘာတွေ ဖြစ်ခဲ့တာလဲ။ ကျွန်တော်တို့ကို မိသွားတာများလား “

လီချန်ဖုန်းမှ စကားစပြောလာခဲ့သည်။ သူသည် အဘယ့်ကြောင့် မည်သူမှ မထိခိုက်သွားရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။

ပုံရိပ်ယောင် နတ်ဘုရားပန်းများ မီးလောင်သွားခဲ့ကာ၊ ချန်းလော့မျှော်စင် ပျောက်ကွယ်သွားခဲ့ပြီး၊ ရုပ်သေးနှင့်ပင် အဆက်အသွယ် ပြတ်သွားခဲ့ပြီ ဖြစ်သည်။

“ တစ်ယောက်ယောက်က ကြားဝင်စွက်ဖက်လာပြီးတော့၊ အရာအားလုံးကို နှောင့်ယှက်သွားတာများလား “ လူအိုကြီးမှ မေးမြန်းလာခဲ့သည်၊ သူသည် ရန်လိုနေသော အမူအရာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။

ရှီဖုန်းမှ စကားဝင်ပြောလာခဲ့သည် “ လုချန်ရှန်းက သေချာပေါက် သိနေတယ်။ ကျွန်တော် သူ့ကို သွားဖမ်းလိုက်မယ်၊ သူ့ရဲ့ စိတ်ဝိညာဥ်ကို တိုက်ရိုက်ရှာကြတာပေါ့ “

“ မဟုတ်ဘူး “

“ သူက အထင်ကြီးဖို့ မကောင်းပင်မဲ့၊ ချင်းယွင်တောင်ထွဋ်က လူတိုင်းက သူ့ကို ကောင်းကောင်းဆက်ဆံကြတယ်။ တကယ်လို့ ငါတို့က သူ့ကို ထိလိုက်မယ်ဆိုရင်၊ ပြဿနာတက်သွားနိုင်တယ် “

“ အဲ့တာဆို ကျွန်တော်တို့က ဘာလုပ်ကြမလဲ “

လူအိုကြီးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ စကားထပ်ပြောလာခဲ့သည် “ ကိစ္စတွေက ဒီအခြေအနေအထိ ရောက်လာခဲ့ပြီဆိုတော့၊ ငါတို့က ရေလိုက်ငါးလိုက် နေဖို့ပဲ ရှိတော့တယ်။ တကယ်လို့ တစ်ယောက်ယောက်က အစီအစဥ်ကို ဖျက်စီးသွားပြီးတော့ ချန်းလော့မျှော်စင်ကို ယူသွားမယ်ဆိုရင်တောင်မှ၊ အဲ့တာက ချန်းလော့ဂိုဏ်းက နှစ်ထောင်နဲ့ချီပြီးတော့ သန့်စင်ထားတဲ့ မှော်ပစ္စည်းတစ်ခုပဲ။ အမှတ်အသားကို အချိန်တိုအတွင်း ဖျက်စီးနိုင်မှာ မဟုတ်ဘူး။ အချိန်နည်းနည်းလောက် ပေးလိုက်မယ်ဆိုရင်၊ သူတို့က လာရှာကြလိမ့်မယ် “

“ အဲ့အချိန်မှာ ချန်းလော့မျှော်စင်က ကန်းယွင်ဂိုဏ်းထဲမှာ ရှိနေသေးသရွေ့၊ သူတို့က အဲ့ကိစ္စကို ဖြေရှင်းရခက်သွားလိမ့်မယ်။ အဲ့တာက ငါတို့အတွက် အကျိုးရှိနေသေးတယ် “

လူအိုကြီး၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ခဲ့ရပြီးသည့်နောက်တွင်၊ ရှီဖုန်းသည် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

အခြေအနေက မည်ကဲ့သို့ ဖြစ်သွားခဲ့ပါစေ(သို့) အပြောင်းအလဲ မည်မျှပင် ဖြစ်ပေါ်လာခဲ့ပါစေ၊ ကန်းယွင်ဂိုဏ်းက ထိုကိစ္စကို မည်သို့မျှ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

ထိုလူသုံးဦး၏ မျက်လုံးများအတွင်းတွင် အေးစက်စက် အလင်းတန်းတစ်ခု ထပ်မံ၍ ဖြစ်တည်လာခဲ့ပြန်သည်။ သို့သော် သူတို့သည် ချန်းလော့မျှော်စင်က ရောင်းစားခံလိုက်ရကာ၊ ကန်းယွင်မြို့၏ အဝေးသို့ ရောက်ရှိသွားပြီဆိုသည်ကို မသိကြပေ။

သူတို့သည် မည်သူက ကြားဝင်စွက်ဖက်သွားလဲဆိုသည်ကို သိချင်နေကြသည်။

ကန်းယွင်ပြည်နယ်တွင် အနည်းငယ်မျှသော လူတစ်စုကသာလျှင် အသံတစ်သံပင် မထွက်ဘဲ၊ ထိုရတနာကို အလွယ်တကူ ယူဆောင်သွားနိုင်ပေသည်။

ထို့အပြင် ထိုကဲ့သို့ ပြုလုပ်နိုင်သည့် လူများမှာ ထိုနေ့က ထိုနေရာတွင် ရှိမနေခဲ့ကြပေ၊ ထိုကဲ့သို့သော စွမ်းရည်မျိုးကို မည်သူက ပိုင်ဆိုင်ထားလဲဆိုသည်မှာ မှန်းဆရခက်ခဲနေခဲ့သည်။

“ ကန်းယွင်ဂိုဏ်းက အဲ့ဒီအဘိုးကြီးများလား “

ထိုလူသုံးဦးစလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။

လီချန်ဖုန်းမှ မေးမြန်းလိုက်သည် “ အဲ့တာဆိုရင် ကျွန်တော်တို့က ဘာလုပ်ကြမလဲ “

“ ငါ သတင်းပြန်ပို့ထားပြီးပြီ။ အခုလက်ရှိအချိန်မှာတော့ ဘာမှ မလုပ်နိုင်သေးဘူး။ ချန်းလော့ဂိုဏ်းက သူတို့ကို ပြဿနာရှာလိမ့်မယ်။ ပြီးတော့ ကန်းယွင်လျှို့ဝှက်နယ်မြေ ဖွင့်မဲ့အချိန်က နီးနေပြီ။ ငါတို့က အဲ့ဒီအချိန်အထိ အေးအေးဆေးဆေး စောင့်နေဖို့ပဲ လိုအပ်တယ် “

လီချန်ဖုန်းမှ ဆက်လက်၍ မေးမြန်းလာခဲ့သည် “ ကန်းယွင်လျှို့ဝှက်နယ်မြေထဲကို အသက်သုံးဆယ်အောက်က လူတွေပဲ ဝင်လို့ရတာလေဗျ။ ကျိုးချင်ယုကို ဘယ်သူက ထိန်းချုပ်နိုင်မှာလဲဗျ “

“ သူ့ကို ကိုင်တွယ်မဲ့လူတွေက လမ်းမှာ ရောက်နေပြီ။ တကယ်လို့ သူက အူတိုင်ဖွဲ့စည်းနိုင်ခဲ့မယ်ဆိုရင်၊ ငါတို့အတွက် ပိုခက်ခဲသွားလိမ့်မယ်။ ဒီတစ်ခေါက်မှာ ငါတို့ ရွှမ်ထျန်းဂိုဏ်းတစ်ခုပဲ လှုပ်ရှားနေတာ မဟုတ်ဘူး “

လူအိုကြီး၏ မျက်နှာပေါ်တွင် ခြောက်ခြားဖွယ်ကောင်းသော အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

ချန်းလော့ဂိုဏ်း၏ တိုက်ခိုက်မှုပါ ပါဝင်လာခဲ့မည်ဆိုပါက၊ ကန်းယွင်ဂိုဏ်းကို ချေမှုန်းရန်အတွက် အနည်းငယ်မျှသာ အားစိုက်ထုတ်ရမည် ဖြစ်သည်။

ထိုစဥ် လုချန်ရှန်းသည် ချင်းယွင်တောင်ထွဋ်သို့ ပြန်ရောက်လာခဲ့သည်။ အရာအားလုံး အဆင်ပြေနေသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင်၊ သူသည် တံခါးပိတ်ကျင့်ကြံရာ နေရာဆီသို့ သွားကာ၊ တင်ပျဥ်ခွေထိုင်နေတော့သည်။

သူအရှေ့တွင် ဝိညာဥ်ကျောက်တုံး အပုံကြီး ရှိနေခဲ့သည်၊ သို့သော် လက်တံဆိပ်များကို ဖွဲ့စည်းလိုက်သောအခါတွင်၊ ၎င်းတို့အားလုံးမှာ ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဝိညာဥ်စွမ်းအားများသည် စည်းတံဆိပ်အတွင်းသို့ စီးဝင်လာခဲ့သည်။ ၎င်းသည် သွေးနှင့် အရိုးများမှတစ်ဆင့် စီးဆင်းသွားခဲ့ပြီး၊ မှော်စွမ်းအားကြိုးများအဖြစ် တည်ငြိမ်သွားခဲ့သည်။

သူ၏မှော်စွမ်းအား မြင့်တက်လာမှုနှင့်အတူ၊ သူ၏အရှိန်အဝါမှာ ပိုမိုအားကောင်းလာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်တွင်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ သူ၏အသွေးအသားနှင့် အရိုးအားလုံး အနည်းငယ် တုန်ခါသွားခဲ့ပြီး၊ နာကျင်မှုတစ်ခုမှာ သူ့ကို ဖုံးလွှမ်းလာကာ၊ သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့ရောက်ရှိသွားပြီး၊ ထိုဖြစ်စဥ်အတိုင်း ထပ်ခါတလဲလဲ ဖြစ်ပေါ်နေခဲ့သည်။

သူ၏နဖူးပေါ်တွင် ချွေးသီးလုံးများ ဖြစ်ပေါ်လာပြီး၊ သူ၏ မျက်နှာပေါ်သို့ စီးကျလာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် တုန်ရင်နေလျက်ရှိသည်။

၎င်းမှာ အဆင့်တူတွင် ပြိုင်ဘက်ကင်း စွမ်းအားကို ပိုင်ဆိုင်ထားသည့် ကပ်ဘေးတစ်သောင်း အင်မော်တယ် ခန္ဓာကိုယ်ဖြစ်သည်။ သို့သော် ၎င်းသည် ဝိညာဥ်စွမ်းအား အမြောက်အများ လိုအပ်နေခဲ့သည်။

သူကျင့်ကြံလိုက်သည့် အချိန်တိုင်းတွင်၊ ဝိညာဥ်ကျောက်တုံး အလုံအလောက် စုဆောင်းရန်အတွက် သူ၏ဦးနှောက်ကို အပြင်းအထန် အသုံးချရပြီး၊ ပြင်းထန်သော နာကျင်မှုကိုလည်း ခံစားခဲ့ရသည်။ သူသည် အလွန်နာကျင်ခံစားရလွန်းသဖြင့် လက်လျှော့လိုက်မည်ဟု တွေးတောခဲ့သည့် အချိန်များ ရှိခဲ့ဖူးသည်။

သူ၏ရုပ်ခန္ဓာသည် အဆိုပါ နှိပ်စက်မှုအောက်တွင်၊ ပြောင်းလဲတိုးတက်လာခဲ့ပြီး၊ သီးသန့်ကျင့်ကြံမှု မပြုလုပ်ဘူးဆိုလျှင်တောင်မှ၊ ၎င်းက ရုပ်ခန္ဓာ ကျင့်ကြံသူများထပ် မည်သို့မျှ အားနည်းမနေခဲ့ပေ။

ဗွီ

တစ်ခဏ အကြာတွင် သူ၏ခန္ဓာကိုယ်မှ တိုးညှင်းသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။ ဝိညာဥ်ကျောက်တုံး ရှစ်သောင်းနီးပါး သုံးစွဲခဲ့ပြီးသည့်နောက်တွင်၊ သူသည် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ချက်ချင်းဆိုသလိုပင် သူ၏အသွေးအသားများ ဆုတ်ဖြဲခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး၊ သူသည် သူ၏ရုပ်ခန္ဓာကို ထင်းရှူးပင်အိုကြီးအောက်သို့ ဆွဲခေါ်သွားကာ၊ တိတ်တဆိတ် လှဲလျောင်းနေတော့သည်။

ဒီနေရာမှာ ရက်ပိုင်းလောက်နေဦးမယ်ကွာ

သို့ရာတွင် သူအားလပ်မနေခဲ့ပေ။ သူ၏နယ်ပယ်ကို ခိုင်မာအောင်ကို ပြုလုပ်နေသည့် အချိန်တွင် သူသည် ဤနယ်ပယ်နှင့် သက်ဆိုင်သည့် အတွေးအမြင် အသစ်များကို ဉာဏ်အလင်းရနေခဲ့သည်။

သူသည် နာကျင်မှုနှင့် ပျော်ရွှင်မှု နှစ်ခုစလုံးကို တစ်ပြိုင်နက် ခံစားနေခဲ့ရပြီး၊ မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ တက်လှမ်းရန်အတွက် ဝိညာဥ်ကျောက်တုံးများကို တတ်နိုင်သမျှ အမြန်ဆုံး စုစည်းမည်ဟု တွေးတောစဥ်းစားနေခဲ့သည်။

မွေးရာပါ ဝိညာဥ်အဆင့်သို့ ရောက်သွားမည်ဆိုလျှင်တောင်မှ၊ အဆင့်ထိုးဖောက်မှုတစ်ခုချင်းစီတိုင်းတွင် မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော် ကျင့်ကြံရာတွင် ခံစားရသည့် နာကျင်မှုက လုံးဝပျောက်ကွယ်သွားမည် ဖြစ်သည်။

သို့ရာတွင် ဝိညာဥ်စွမ်းအား လိုအပ်ချက်ကမူ အဆင့်ပိုမြင့်လာလေလေ၊ ပိုမိုများပြားလာလေလေ ဖြစ်နေခဲ့သည်။

“ ဘာလို့လဲကွာ “

အဆုံးတွင် အတွေးအားလုံးသည် သက်မကြီးနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။

All Chapters